အနောက်ပိုင်းဟုန်ကို တာဝန်ယူခြင်း ၂
Vol. 91 Ch. 909
နောက်တစ်ခဏတွင်၊ပတ်ဝန်းကျင်ရှိ သွေးမြူများအားလုံးကို သဏ္ဍာန်မဲ့သောစွမ်းအားတစ်ခုက နောက်ကျိနေသောလှိုင်းလုံးများထဲမှ ဆွဲထုတ်လိုက်ပြီး အနောက်ပိုင်းနဂါးဘုရင်၏ အသက်ကြီးရင့်နေပြီဖြစ်သောနဂါးအလောင်းနှင့်အတူ ဤအရှေ့ပိုင်းခန်းမသခင်၏ခန္ဓာကိုယ်ထဲသို့ အလုံးစုံ သွတ်သွင်းပေးလိုက်၏။
ဤတစ်ကြိမ်တွင်တော့ ရှန်းယီက မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ပေ။
လောဘဝံပုလွေကြယ်တာရာဖွဲ့စည်းပုံ၏အစွမ်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကာ၊အနောက်ပိုင်း နဂါးဘုရင်နှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်ခဲ့ရပြီးနောက်တွင် ကောင်းကင်ဘုံနယ်ပယ် နှင့် တာအိုနယ်ပယ်ကြားရှိ ကွာဟချက်ကို သူ ပိုမိုရှင်းလင်းစွာ နားလည်လာခဲ့သောကြောင့်ဖြစ်သည်။
အနောက်ပိုင်းနဂါးဘုရင်က ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင် နှစ်ပေါင်းမည်မျှကြာအောင် နေထိုင်ခဲ့ရသည်၊ ထို့အပြင် အနောက်ပိုင်းဟုန်သည် နဂါးသိုက်ထဲတွင် အခြေခံအုတ်မြစ်များကို မည်မျှတိုင်အောင်စုဆောင်းထားခဲ့သည်ကို ဆိုဖွယ်ရာမရှိတော့ပေ။
၎င်းတို့အားလုံးကိုပေါင်းစပ်လိုက်လျှင်ပင် ထိုနယ်ပယ်အတွင်းသို့ အပြည့်အဝဝင်ရောက်နိုင်ခဲ့ခြင်း မရှိသေးပေ။
ခယ်ရှစ်စန်းက နဂါးသိုက်ကို ကျော်လွန်နိုင်ပါ့မလား။
ဤတစ်ကြိမ်တာအိုနယ်ပယ်၏ ခြေလှမ်းတစ်ဝက်အဆင့်သို့ တက်လှမ်းနိုင်ခြင်းကပင် ကောင်းမွန်သောအမြတ်အစွန်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ လိုအပ်နေသေးသော ကျန်ရှိသည့်အရာများကို အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် သူ ဆက်လက် ရှာဖွေရဦးမည်။
[လက်ကျန် နတ်ဆိုးသက်တမ်း : ၄၉၂၀၀၀၀ နှစ် ]
နတ်ဆိုးသက်တမ်းပြောင်းလဲမှု ရပ်တန့်သွားသောအခါ ရှန်းယီက သူ၏ လက်ဝါးကို ပြန်ရုပ်လိုက်၏။ ရလဒ်မှာ သူ ခန့်မှန်းထားသည့်အတိုင်းပင်။
ဤအချိန်မှာ ခယ်ရှစ်စန်းက နဂါးသိုက်၏ အားဖြည့်မှုအောက်တွင်ရှိနေသော ချီရှန့်ထောင် နှင့် တူညီသည့်အဆင့်တစ်ခုသို့ ရောက်ရှိသွားလောက်ပြီ ဖြစ်သည်။
ဤအရှေ့ပိုင်းခန်းမသခင်သည် သူ၏ခန္ဓာကိုယ်တွင်းရှိ ကြီးမားလှသောအပြောင်းအလဲကို ခံစားလိုက်ရသော်လည်း၊ ပုံမှန်မဟုတ်စွာပင် မည်သည့် စိတ်လှုပ်ရှားမှုမျိုးကိုမျှမပြသဘဲ နှိမ့်ချသော အမူအရာကိုသာ ဆက်လက် ထိန်းသိမ်းထားပါသည်။
စစ်မှန်သော မသေမျိုးတစ်ပါးကို မြင်တွေ့ပြီးမှသာလျှင်၊မိမိဂုဏ်ယူနေခဲ့သော အရာများသည် တစ်ပါးသူ၏ရှေ့တွင် မည်မျှရယ်စရာကောင်းကြောင်း နားလည်နိုင်ပေလိမ့်မည်။
ယနေ့ည၏အနောက်ပိုင်းဟုန်မှာ ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေလေ၏။
မသေမျိုးဂိုဏ်းအသီးသီးဖြစ်စေ၊ နတ်ဆိုးမျိုးနွယ် အများအပြားဖြစ်စေလေထုထဲတွင် မှေးမှိန်သော သွေးနံ့များနှင့်အတူ ပြင်းထန်သောသတ်ဖြတ်လိုသည့် အငွေ့အသက်အနည်းငယ်ကို ခံစားနေကြရသည်။
အနောက်ပိုင်းဟုန်ရေပြင်နယ်မြေတစ်ခုလုံး၏ အထက်တွင်၊ပုံရိပ်သုံးခုသာ လွင့်မျောနေလေသည်။
လရောင် တဖြည်းဖြည်းမှေးမှိန်သွားသည်နှင့်အမျှ ဓားအလင်းတန်းမှာ ဓားအိမ်ထဲသို့ပြန်လည်ဝင်ရောက်သွားပြီး၊သွေးစွန်းနေသော ခရမ်းရွှေ ရတနာတောင်သည်လည်း ထိုအမျိုးသား၏လက်ဝါးထဲသို့ ကျဆင်းလာသည်။
သေဆုံးခြင်းကဲ့သို့ တိတ်ဆိတ်နေပြီး၊အနီရင့်ရောင် လှိုင်းလုံးများသာ တစ်လိမ့်လိမ့်တက်လာနေသည်။
လောဘဝံပုလွေကြယ်တာရာတိုက်ပွဲမသေမျိုးချိုးဖျက်အစီအရင်ပျက်ပြယ်သွားသောအခါ၊ ရေပြင်နယ်မြေသာမက ညကောင်းကင်ယံကြီးသည်ပင် သွေးစွန်းနေသည့်အလား အနီရင့်ရောင်အဖြစ်ပြောင်းလဲသွား၏။
အဝေးမှ ပုံရိပ်သုံးခုက အရပ်မျက်နှာတစ်ခုတည်းဆီသို့ တစ်ပြိုင်နက်တည်းနီးပါး လှမ်းကြည့်လိုက်ကြသည်။
"အိပ်မက်တစ်ခုလိုပဲ။"
ချီယန်ရှန်းက သူ၏မျက်နှာကို ပွတ်သပ်ရင်း အိပ်မက်မက်နေသည့်အလား တိုးတိုးလေး ရေရွတ်လိုက်၏။
သူ၏လက်ရှိ ခံစားချက်များကို ဖော်ပြရန် ခက်ခဲနေပါသည်။
စီနီယာအစ်ကို ချင်း ကျဆုံးသွားကတည်းက၊ သူသည် သူ၏တွန်းအားများကို ဆုံးရှုံးခဲ့ရပြီး တောင်ပိုင်းဟုန်၏အစွန်အဖျားအကျဆုံး ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာနေထိုင်ခဲ့၏။ နှစ်သိန်းပေါင်းများစွာကြာမြင့်ခဲ့ပြီးနောက်၊ သူ ဘာလုပ်နေသည်ကိုပင် သူ မသိတော့ချေ။
အရာအားလုံးက အိပ်မက်တစ်ခုလိုပါပဲ... အခုတော့ နိုးထရမယ့်အချိန်ရောက်လာပြီ။
မိုး နဲ့ မြေက အရင်အတိုင်းပဲဖြစ်နေပေမယ့်၊ အဲ့ဒီလူငယ်လေးရဲ့ဦးဆောင်မှုအောက်မှာတော့ အခု ပိုပြီးအသက်ဝင်အစစ်အမှန်ဆန်လာသလိုပဲ။
...
ယဲ့ကျိုးက တိတ်ဆိတ်စွာရှိနေပြီး သူ၏လက်ထဲရှိ အလင်းစီးဆင်းဓားရှည် ကိုသာ စိုက်ကြည့်နေမိသည်။
သူသည် ယခုချိန်တွင် နဂါးခန်းမထဲသို့ ရောက်သွားချင်မိသည်။ သို့သော် ဓားတစ်လက်အနေဖြင့် သူ လုပ်သင့်လုပ်ထိုက်သည်ကို အရင်ဆုံး လုပ်ရမည်။
သူတို့၏ ဂိုဏ်းချုပ်ရှန်းကဲ့သို့ပင် သူက မည်သူ့ကိုမျှစိတ်ပျက်အောင် မလုပ်ခဲ့ပေ။
သံချေးတက်နေသည့် ဓားတစ်လက်က အသစ်တစ်ဖန်ပြန်လည်အသက်ရှင်နိုင်ပါမည်လော။
"အနောက်ပိုင်း နဂါးနန်းတော်ဆီ သွားကြမယ်။"
ကျိ့ကျင်ရှီးက တာအိုချပ်ပြား တစ်ခုကို ထုတ်ယူလိုက်၏။ အပိုစကားတွေ မပြောတော့ဘဲ၊ ရှန်းယီ ယခု ဘယ်လိုအခြေအနေရှိနေလဲဆိုတာကိုသာ သူမ သိချင်နေမိသည်။
ထို့ပြင် နဂါးသိုက်အထက်ရှိ အရှေ့ပိုင်း နဂါးနန်းတော်မှ မောင်နှမနှစ်ဦး၏စိတ်ထဲတွင်လည်း အလားတူ မေးခွန်းမျိုး ပဲ့တင်ထပ်နေလေ၏။
မဟာအစီအရင်ကြီး ပျက်ပြယ်သွားသည်နောက် မင်းသားကျစ်ယန်က သူ၏ညီမဖြစ်သူကို တားဆီးလိုက်ရင်း အောက်ဘက်မြေပြင်ဆီသို့ ချက်ချင်း လှမ်းဆင်းသွားသည်။
သူ၏အမြင်အာရုံစွမ်းရည်ဖြင့် ရှန်းယီ၏ ရည်ရွယ်ချက်များကို အကြမ်းဖျင်းခန့်မှန်းမိသော်လည်း၊သူ၏ စိတ်ကို အပြည့်အဝတည်ငြိမ်သွားစေရန် ကိုယ်တိုင်မြင်တွေ့ဖို့ လိုအပ်နေဆဲပင်။
တကယ်ကို ကြောက်စရာကောင်းလွန်းလှပါသည်။
မင်းသားကျစ်ယန်က ဤကဲ့သို့သော ကျင့်ကြံသူမျိုးကို တစ်ခါမှမတွေ့ဖူးခဲ့ချေ။
ရှန်းယီက အနောက်ပိုင်နဂါးနန်းတော် ခန်းမအတွင်းသို့ ဝင်ရောက်လာစဉ်က မဆင်မခြင်ပြုမူနေပုံရသော်လည်း၊အမှန်တကယ်တွင် သူသည် အရာအားလုံးကို စိတ်ထဲတွင်ကြိုတင်စီစဉ်ထားပြီး ဖြစ်သည်။
အရေးကြီးဆုံးမှာ ချီရှန့်ထောင်ကို စိတ်ပိုင်းဆိုင်ရာအရထိန်းချုပ်နိုင်ခြင်းဖြစ်ပါသည်။
နဂါးအိုကြီးကို ဒေါသထွက်အောင်လုပ်ပြီး ခြောက်လှန့်ခြင်းမှစ၍၊ ချီရှန့်ထောင်ကို ရှုပ်ထွေးနေသောအခြေအနေထဲတွင် တိုက်ခိုက်လိုစိတ်များ ပြန်လည်ရှာဖွေတွေ့ရှိလာစေရန် ပြုလုပ်ကာ၊ သတ်ဖြတ်ရန်တစ်ခုတည်းကိုသာ သိသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲပစ်ခဲ့၏။
ကျစ်ယန်ကို ရင်တုန်စေသောအရာမှာ နဂါးအို နှင့် နဂါးသားတော်၊ နဂါးမျိုးဆက်များအပါအဝင် သူတို့ မည်သည့်အချိန်တွင် သေဆုံးရမည်၊ မည်သို့ သေဆုံးရမည်ဆိုသည်ကို ရှန်းယီက ကြာမြင့်စွာကတည်းက ရေးဆွဲထားသောပြဇာတ်တစ်ခုကဲ့သို့ ရှင်းလင်းစွာစီစဉ်ထားခြင်းဖြစ်သည်။
နဂါးမျိုးနွယ်ဝင်များ ကျဆုံးသွားမှုတိုင်းသည် ချီရှန့်ထောင်ကို ပျက်စီးခြင်းချောက်ကမ်းပါးထဲသို့ ပိုမို နက်ရှိုင်းစွာတွန်းပို့ပေးခဲ့၏။
ဤမျှသေချာစေ့စပ်စွာ တွေးတောတတ်သူက အခြားသူများကို လှည့်စားရန်မဆင်မခြင် ရမ်းကားသည့် ပုံစံမျိုးဟန်ဆောင်နိုင်စွမ်းရှိနေသေးသည်။
အကယ်၍ ရှန်းယီသာ သူ့အပေါ် ဤကဲ့သို့သော နည်းလမ်းများ အသုံးပြုခဲ့ပါက။
လောဘဝံပုလွေကြယ်တာရာဖွဲ့စည်းပုံ၏အားဖြည့်မှု မရှိလျှင်ပင်၊ထိုနေ့က သူသည် ပန်ရှန်းဂိုဏ်းမှ လွတ်မြောက်နိုင်ခဲ့မည်မဟုတ်ဟု ကျစ်ယန် ခံစားမိလိုက်၏။
"မင်း..."
သူ ခြေလှမ်းများရပ်တန့်သွားပြီး အရှေ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
အပျက်အစီးများ၏ရှေ့တွင်၊ လူငယ်လေးက စုတ်ပြဲနေသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့၏။ ရွှေရောင်မှော်အက္ခရာများမှာ မသိမသာ မှေးမှိန်သွားပြီး၊မှိန်ဖျော့ဖျော့ အရာများနှင့် ထိတ်လန့်ဖွယ်ရာကြီးမားလှသည့် ဓားခုတ်ရာ အနာတရတစ်ခုသာ ကျန်ရစ်တော့သည်။
ရှန်းယီက သူ၏လက်ဝါးကို ပေါ့ပေါ့ပါးပါးမြှောက်လိုက်ရာ၊ နဂါးချီများ စိမ့်ထွက်နေပြီးဖြည်းညှင်းစွာ လွင့်မျောနေသော တံဆိပ်တုံးကြီးတစ်ခု ပေါ်လာ၏။
နဂါးတံဆိပ်တုံးမှာ ဖြည်းညှင်းစွာပျံတက်သွားပြီး မင်းသားကျစ်ယန်၏ လက်ထဲသို့ ကျဆင်းသွားပါသည်။ တစ်ချိန်တည်းမှာပင် တစ်ဖက်လူ၏ အားနည်းပြီးပင်ပန်းနွမ်းနယ်နေသော အသံက သူ၏ နားထဲသို့ ဝင်ရောက်လာလေ၏။
"အခု ငါအတွက်အချိန်ပိုလိုတယ်။"
ရှန်းယီက သူ၏လက်ကို အောက်သို့ ချလိုက်ရာ သူ၏ကိုယ်ဟန်မှာ အနည်းငယ် ယိမ်းယိုင်သွားပါသည်။ ဤထိန်းချုပ်မရနိုင်သော ရက်စက်သည့်လူကိုသတ်ချင်ပါက ယခုအချိန်မှာ အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်ကြောင်း ထင်ရှားနေပေသည်။
...
မင်းသားကျစ်ယန်က ခဏမျှရပ်တန့်သွားပြီး၊ သစ်သားစီးကွက်တစ်ကောင်လို အံ့သြမှင်သက်နေသောသူ၏ညီမဖြစ်သူကို လှည့်ကြည့်ကာ ရုတ်တရက်ခါးသီးစွာ ရယ်မောလိုက်၏။
"စမ်းသပ်နေတာကို ရပ်လိုက်တော့၊ မင်းလို လူမျိုးကကိုယ့်အသက်ကို ငါ့လက်ထဲ ထည့်ပြီး ဆုံးဖြတ်ခိုင်းလိမ့်မယ်လို့ ငါမယုံဘူး။ တကယ်လို့ မင်းသာ တကယ်ပဲ ဒီလောက်အားနည်းနေခဲ့ရင် မဟာအစီအရင်ကြီးမပျက်ပြယ်ခင်ကတည်းက ထွက်သွားပြီးလောက်ပြီ။"
၎င်းကိုကြားသော်လည်း ရှန်းယီက မကြားချင်ယောင် ဆောင်နေပုံရသည်။
နဂါးတံဆိပ်တုံးနှစ်ခုကို လက်ဝယ်ရရှိထားပြီဖြစ်ရာ အရှေ့ပိုင်းနဂါးနန်းတော်၏ အစီအစဉ်မှာ အောင်မြင်သွားပြီဖြစ်ပြီး၊ သူ့ကို ဆက်လက် ကူညီပေးရမည့် အကြောင်းပြချက်မရှိတော့ပေ။
မည်သို့ပင်ဆိုစေ သူက လူများစွာကို စော်ကားခဲ့ပြီး များပြားလှသောသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကာပြန်လည်ပြေလည်၍မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အရှေ့ပိုင်း နဂါးနန်းတော်က ဟုန်ကျယ်ကို အုပ်ချုပ်နေသော မသေမျိုးကိုသာပြောင်းလဲလိုခြင်းဖြစ်ပြီး၊ ဟုန်ကျယ်အားသက်ရှိသတ္တဝါများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်းသို့ ဆွဲချရန်ရည်ရွယ်ချက် မရှိပေ။