← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း ၁၄၇ - ခွေး ပျံသန်းခြင်း

အခြေအနေကို နားလည်သော ကျောက်ချီယန်စွန်းသည် ပိုင်ယွီ၏ ဘက်တွင် ရပ်တည်ကာ ပိုင်ယွီ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့လေ၏။

ငယ်စဉ်ကတည်းက လေလွင့်ကျင့်ကြံသူများကြားတွင် လှည့်လည်သွားလာခဲ့ပြီး လူ့သဘာဝကို အများအပြား မြင်တွေ့ခဲ့ရသော ကျောက်ချီယန်စွန်းသည် 'အခြေအနေကို နားလည်သောသူသည် ပညာရှိ ဖြစ်သည်' ဟူသော စကားပုံကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားပေသည်။

ပိုင်ယွီ၏ ကျေနပ်နေသော အကြည့်ကို မြင်လိုက်ရသဖြင့် ကျောက်ချီယန်စွန်းသည် တိတ်တဆိတ် သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် စိတ်ထဲမှ ကျိန်ဆဲနေလေတော့၏။

သူသည် သူ့ကိုယ်သူအတွက် နိမိတ်ဖတ်ခြင်း ခြောက်ကြိမ် ပြုလုပ်ခဲ့ပြီး အကြိမ်တိုင်းတွင် သူ အင်မော်တယ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သရွေ့ ကြီးမားသော အခွင့်အရေး တစ်ခု ရရှိလိမ့်မည်ဟု ပြသနေခဲ့ပေသည်။

သောက်ကျိုးနည်း... ကျူးကျန့်မြို့၏ အဝင်ပေါက်ကတည်းက ယခုချိန်အထိ အခွင့်အရေး ဆိုသည်ကို ထားလိုက်ပါတော့... သူ ကိုယ်တိုင်ပင် အသက်သေလုနီးပါး ဖြစ်ခဲ့ပြီး ယခုတော့ ဤနေရာတွင် ပိတ်မိနေပြီး တခြားသူများ၏ သနားညှာတာမှု အောက်တွင် ရောက်နေပြီ ဖြစ်ပေသည်။

သူ၏ တစ်သက်တာ ကံကောင်းမှုများ ကုန်ခမ်းသွားပြီလော။

သူ၏ ကံကောင်းမှုသည် အမြဲတမ်း မယုံနိုင်လောက်အောင် ထူးဆန်းနေခဲ့သော်လည်း... အပြင်ထွက်ချိန်တွင် ကျင့်ကြံသူ တစ်ဦး၏ သိုလှောင်ရေးအိတ်ကို ကောက်ရခြင်း၊ တောင်တက်ချိန်တွင် ဝိညာဉ် အပင် တစ်ပင်ကို တူးဖော်ရရှိခြင်း နှင့် မတော်တဆ ချိုင့်ဝှမ်း တစ်ခုထဲသို့ ပြုတ်ကျသွားပြီး မဟာဆရာကြီး တစ်ဦး၏ အမွေအနှစ်ကို ရရှိခြင်း စသည်တို့ ပင် ဖြစ်လေ၏။

ဤကဲ့သို့သော အမျိုးမျိုးသော ကံကောင်းသည့် တွေ့ဆုံမှုများကြောင့်သာ သူသည် အသက် နှစ်ဆယ်ကျော် အရွယ်တွင် သာမန် လေလွင့်ကျင့်ကြံသူများ တစ်သက်လုံး မရောက်နိုင်သည့် ရွှေအမြုတေဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ဤမျှ ကောင်းကင်ကိုဆန့်ကျင်သော ကံကောင်းမှုမျိုးဖြင့် ကျောက်ချီယန်စွန်းသည် ပို၍ပင် သတိထားတတ်လာခဲ့လေ၏။ ကောင်းကင်ကိုဆန့်ကျင်သော နိမိတ်ဖတ်ခြင်း နည်းစနစ် ဖြစ်သည့် ရှေးဟောင်း လျှို့ဝှက် နည်းစနစ် 'ကောင်းကင် ဆင့်ကဲပြောင်းလဲခြင်း ယောင်ခြောက်ပါး' ကို ရရှိပြီးနောက်တွင်မူ ပို၍ သတိထားလာခဲ့ပေသည်။

ကျောက်ချီယန်စွန်းသည် 'လူက ကြံစည်သည်၊ ဘုရားသခင်က ဖန်တီးသည်' ဟူသော စကားပုံကို ပို၍ပင် ခိုင်မာစွာ ယုံကြည်လာခဲ့ပေသည်။ ဗေဒင်ဆရာများသည် ကံကြမ္မာကို အယုံကြည်ရဆုံးသူများ ပင် ဖြစ်လေသည်။

ထို့ကြောင့် အခြေအနေကို အကဲဖြတ်ပြီးနောက် ကျောက်ချီယန်စွန်းသည် ပိုင်ယွီထံသို့ သံလွင်ခက်ကို ပြတ်သားစွာ ကမ်းလှမ်းလိုက်လေ၏။

အာနိသင်မှာ အတော်လေး ကောင်းမွန်ပုံ ရပေသည်။ ဦးနှောက် တစ်ဝက်ကို မျှဝေသုံးစွဲနေသော ဓားကျင့်ကြံသူ၏ အကူအညီဖြင့် သူသည် ထို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော အဖြူရောင် ဝတ်ဆင်ထားသည့် ဓားကျင့်ကြံသူ၏ မျက်နှာသာပေးမှုကို အောင်မြင်စွာ ရရှိသွားခဲ့ပုံ ရလေ၏။

သူသည် သံပူခိုက် ဆက်ရိုက်ပြီး ဤ ဓားကျင့်ကြံသူများကို ဆက်လက်၍ 'ဆေးခတ်' ရန် ပြင်နေဆဲမှာပင် သူ စကားပင် မပြောရသေးမီ နန်းတော် အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပေသည်။

လူတိုင်း၏ အကြည့်အောက်တွင် အိုးယန်နှင့် ချန်ချန်ရှန်းတို့သည် လန်ချင်းဆုန်းကို အမြင့်သို့ မြှောက်ကိုင်ကာ နန်းတော် ထဲမှ ပြေးထွက်လာကြလေသည်။

အိုးယန်က ပြေးရင်း ပိုင်ယွီကို အော်ဟစ်လိုက်ပေသည်။

"ရှောင်ပိုင်... ပြေးတော့... ဒီနေရာက ပျောက်ကွယ်တော့မယ်..."

လက်တစ်ဖက်တွင် ဓားကို ကိုင်ထားသော ပိုင်ယွီသည် ခေါင်းလှည့်ကြည့်လိုက်ရာ အမြင့်သို့ မြှောက်ကိုင်ခံထားရသော လန်ချင်းဆုန်းသည် ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေကို စုပ်ယူနေကြောင်း ထိတ်လန့်တကြား တွေ့ရှိလိုက်ရပေသည်။

သူ၏ ယခင်ဘဝက အမွေအနှစ်သည် အမှန်တကယ်ပင် ဤ လျှို့ဝှက်နယ်မြေ တစ်ခုလုံး ဖြစ်နေသည်လော။

ပိုင်ယွီသည် စဉ်းစားပင် မနေတော့ချေ။ မြေပြင်ပေါ်တွင် သူ သတိလစ်အောင် လုပ်ထားသော ဓားကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဤ ဓားကျင့်ကြံသူများသည် မျက်နှာချင်းဆိုင်ရှိ ဝေခွဲမရ ဖြစ်နေသော လူအုပ်ကြားသို့ ပြုတ်ကျသွားလေ၏။

ပိုင်ယွီသည် သူ၏ တည်ငြိမ်မှုကို ဆက်လက် မထိန်းသိမ်းနိုင်တော့ဘဲ ဓားကျင့်ကြံသူများကို အော်ဟစ်လိုက်ပေသည်။

"ဒီမှာ ထာဝရ မနေချင်ဘူးဆိုရင် သူတို့ကို ခေါ်ပြီး ပြေးကြတော့... မြန်မြန်..."

အိုးယန် တစ်ခုခုကို သယ်ဆောင်ကာ အရူးအမူး ပြေးလာသည်ကို မြင်လိုက်ရချိန်တွင် ဓားကျင့်ကြံသူများသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြချေ။ ထို့ပြင် အိုးယန်၏ အနောက်ရှိ အာကာသသည် ကြီးမားသော စွမ်းအားတစ်ခုဖြင့် လိမ်ကောက်ခံနေရသည့်အလား အိုးယန် သယ်ဆောင်လာသောအရာ၏ အရူးအမူး စုပ်ယူခြင်းကို ခံနေရပေသည်။

"သောက်ကျိုးနည်း... အဲဒါ ဘာကြီးလဲ..."

"ဒီဘက်ကို မလာနဲ့နော်..."

"ပြေးလေ... ဘာလို့ အဲဒီမှာ ရပ်နေကြတာလဲ..."

အကယ်၍ အာကာသ ကိုယ်တိုင်ပင် စုပ်ယူခံရနိုင်သည်ဆိုလျှင် ထိုအရာမှာ မည်သို့သော မဟာဆရာကြီး မျိုး ဖြစ်မည်နည်း။

ကံကောင်းထောက်မစွာဖြင့် ပိုင်ယွီသည် အဝင်ပေါက်ကို ပိတ်ဆို့ထားခဲ့ပေသည်။ မဟုတ်လျှင် သူ မည်သို့ သေဆုံးသွားမည်ကိုပင် သိလိုက်မည် မဟုတ်ချေ။

ဤအခိုက်အတန့်တွင် ဓားကျင့်ကြံသူများသည် ပုံမှန်မဟုတ်အောင် စည်းလုံးညီညွတ်သွားကြပြီး သူတို့၏ ခြေရင်းရှိ သတိလစ်နေသော ကျင့်ကြံသူများကို မယူကာ ဖင်တွင် မြှားစိုက်ခံထားရသော မြင်းများကဲ့သို့ သူတို့၏ ဓားပျံများပေါ်တွင် ပြေးလွှားကြလေတော့သည်။

များပြားလှသော ဓားကျင့်ကြံသူ အုပ်စုကြီးသည် နန်းတော် အပြင်ဘက်ရှိ ရင်ပြင်မှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး လျှို့ဝှက်နယ်မြေ၏ မူလ ဝင်ပေါက်ဆီသို့ ဦးတည်သွားကြပေသည်။

လန်ချင်းဆုန်းကို ကိုင်ထားသော အိုးယန်သည် ချန်ချန်ရှန်း၏ အဆောင်လက်ဖွဲ့ မန္တန်၏ အရှိန်တင်ပေးမှုဖြင့်ပင် သူ၏ အမြန်နှုန်းမှာ လန်ချင်းဆုန်း၏ စုပ်ယူမှု အမြန်နှုန်းကို မမီသေးကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရလေ၏။

ဆွဲငင်အားမှာ ပို၍ပို၍ အားကောင်းလာပြီး သူ့ကို လန်ချင်းဆုန်း၏ မျက်ခုံးနှစ်ခုကြားရှိ ကြာစိမ်းထဲသို့ စုပ်ယူချင်နေပုံ ရပေသည်။

အာကာသထဲသို့ စုပ်ယူခံလိုက်ရပါက ဘာဖြစ်မည်ကို အိုးယန် မသိသော်လည်း စုပ်ယူမခံရခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သင့်ကြောင်းကိုမူ အိုးယန် နားလည်လေ၏။

သောက်ကျိုးနည်း…

အကယ်၍ သူသာ ဓားတစ်လက်ပေါ်တွင် ပျံသန်းနိုင်ခဲ့မည်ဆိုလျှင် သူ ဤမျှ သနားစရာကောင်းသော အခြေအနေမျိုး ရောက်နေမည် မဟုတ်ချေ။

"သခင်... ဓားပျံက အလုပ်ဖြစ်မှာ မဟုတ်ဘူး... ကျွန်တော့်ကို စီးရင်ကော ဘယ်လိုလဲ... ကျွန်တော် လုပ်ပေးမယ်..."

သူ၏ ခါးပတ်တွင် ချည်နှောင်ခံထားရသော လျန်ကျိုက်သည် ထိုအချိန်က သူ၏ စွမ်းရည်ပြသရမည့် အချိန် ရောက်လာပြီဖြစ်ကြောင်း ချက်ချင်း နားလည်သွားလေသည်။

လျန်ကျိုက်၏ စကားကို ကြားလိုက်ရသဖြင့် အိုးယန်၏ မျက်လုံးများ တောက်ပသွားပေသည်။ လျန်ကျိုက်သည် အင်မော်တယ် ဓားတစ်လက်၏ ဓားအိမ်မှ အသွင်ပြောင်းလာခြင်း ဖြစ်ရာ ပျံသန်းခြင်းမှာ သူ့အတွက် လွယ်ကူလှပေလိမ့်မည်။

အိုးယန်၏ စစ်မှန်သောချီများသည် သူ၏ ခါးရှိ လျန်ကျိုက်ထံသို့ စီးဝင်သွားလေ၏။ လျန်ကျိုက်သည် အိုးယန်၏ ခါးပတ်မှ ခုန်ဆင်းလိုက်ပြီး သူ၏ တိုတောင်းသော ခြေထောက်လေးချောင်းဖြင့် အရူးအမူး စတင် ပြေးလွှားလေတော့၏။

မှေးမှိန်သော ရွှေရောင် စစ်မှန်သောချီက ဝက်အူချောင်းခွေး လျန်ကျိုက်ကို လွှမ်းခြုံသွားပြီး လျန်ကျိုက်၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ပြောင်းလဲလာခဲ့ပေသည်။

အိုးယန်သည် သူ၏ အရှေ့ရှိ ရင်းနှီးသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်လေ၏။

"လာစမ်း... ဝက်အူချောင်းခွေးသားရဲကြီး အထူးဆင့်ကဲပြောင်းလဲခြင်း..."

မှေးမှိန်သော ရွှေရောင် အလင်းတန်း တစ်ချက် လက်သွားပြီးနောက် မူလက ဆိုဒါဘူး တစ်ဘူးကဲ့သို့ သေးသွယ်သော ဝက်အူချောင်းခွေးသည် အရွယ်အစား အလျင်အမြန် ကြီးမားလာကာ နှစ်မီတာကျော် ရှည်လျားသော ဧရာမ ဝက်အူချောင်းခွေးကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေ၏။

အရွယ်အစား ပိုမို ကြီးမားလာသော်လည်း ပုံပန်းသဏ္ဍာန်မှာ သိပ်မပြောင်းလဲချေ။

တိုတောင်းသော ခြေထောက်လေးချောင်းသည် ပုံရိပ်ယောင်များ အဖြစ်သို့ ဝါးတားတား ဖြစ်နေသော ဝက်အူချောင်းခွေးသည် အိုးယန်၏ အရှေ့တွင် ပြေးလွှားနေရင်း ရုတ်တရက် အကွေ့ကြမ်းတစ်ခု ကွေ့လိုက်ပြီး အိုးယန်ကို ပြောဆိုလိုက်ပေသည်။

"သခင်... ကျွန်တော့် ကျောပေါ်ကို ခုန်တက်လိုက်..."

သူ နောက်ဆုံးတော့ ပျံသန်းနိုင်ပြီလား။

အိုးယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး လန်ချင်းဆုန်းကို ကိုင်ထားသော သူနှင့် ချန်ချန်ရှန်းတို့သည် ဝက်အူချောင်းခွေး၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြ၏။

ဒုံးပျံ လွှတ်တင်စဉ်က ထွက်ပေါ်လာသော အိတ်ဇောငွေ့များကဲ့သို့ ကတော့ပုံသဏ္ဍာန် စစ်မှန်သောချီ တစ်ခုသည် ဝက်အူချောင်းခွေး၏ ပါးစပ်မှ ရုတ်တရက် ပန်းထွက်လာခဲ့ပေသည်။

ကတော့ပုံသဏ္ဍာန် စစ်မှန်သောချီ၏ တွန်းကန်မှုဖြင့် ဝက်အူချောင်းခွေးသည် ကောင်းကင်ယံသို့ ပျံတက်သွားလေတော့၏။

ဤအခိုက်အတန့်တွင် အိုးယန်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ သူ၏ ကာလရှည် မျှော်လင့်ချက်ကို နောက်ဆုံးတွင် အကောင်အထည်ဖော်နိုင်ခဲ့ပေသည်။ သူသည် နောက်ဆုံးတွင် ကောင်းကင်ယံ၌ ပျံသန်းနိုင်ပြီ ဖြစ်လေသည်။

အခြားသူများက ဓားများပေါ်တွင် ပျံသန်းကြသော်လည်း သူက ခွေးတစ်ကောင်ပေါ်တွင် ပျံသန်းခြင်း ဖြစ်လေ၏။ အားလုံး အတူတူလောက်ပင် ဖြစ်သည်။ လူတိုင်း တန်းတူညီမျှ ရှိကြပေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ဓားပေါ်တွင် ပျံတက်လာသော ပိုင်ယွီသည် စိတ်ဝိညာဉ် ဖျက်ဆီးရေး ဝင်္ကပါထဲတွင် ပိတ်မိနေပြီး ပူနေသော ဒယ်အိုးပေါ်ရှိ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အပြင်ထွက်မရဘဲ စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော ကျောက်ချီယန်စွန်းကို မြင်လိုက်ရလေ၏။

ကျောက်ချီယန်စွန်းကို သူ၏ လက်ချောင်းဖြင့် ဓားအဖြစ် ညွှန်ပြလိုက်ရာ ကျောက်ချီယန်စွန်း ပတ်လည်ရှိ စိတ်ဝိညာဉ် ဖျက်ဆီးရေး ဝင်္ကပါသည် ချက်ချင်း ကြေမွသွားပေသည်။ ပိုင်ယွီသည် ကျောက်ချီယန်စွန်း၏ ဘေးသို့ ပျံသန်းသွားပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။

"ဆုပ်ကိုင်ထား..."

ကျောက်ချီယန်စွန်းသည် ပိုင်ယွီကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး ဆန့်ထုတ်ထားသော ပိုင်ယွီ၏ လက်ကို ဆုပ်ကိုင်ကာ ပိုင်ယွီ၏ ဓားပျံပေါ်သို့ လေထဲတွင် လည်ပတ်၍ တက်လိုက်ပေသည်။

ထို့ပြင် ကျောက်ချီယန်စွန်းသည် ပိုင်ယွီ၏ ဓားပျံပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် ပစ္စည်း တစ်ခုသည် သူတို့၏ အနောက်ရှိ ပုံပျက်နေသော အာကာသထဲမှ ပျံထွက်လာပြီး ကျောက်ချီယန်စွန်း၏ လက်ကို ဝင်တိုက်မိသွားလေ၏။

အရှိန်ပြင်းလွန်းသဖြင့် ကျောက်ချီယန်စွန်းမှာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားပြီး သူ၏ လက်ကို ကြည့်လိုက်ပေသည်။ အနီရောင် ဓားပန်းဖွား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် တိတ်ဆိတ်စွာ ရှိနေလေ၏။

ဤအရာက မည်သည့်ပစ္စည်းနည်း... ကျောက်ချီယန်စွန်းသည် သူ၏ လက်ထဲရှိ ဓားပန်းဖွားကို ကြည့်ကာ လုံးဝ ဝေခွဲမရ ဖြစ်နေပေသည်။

"ဘာဖြစ်လို့လဲ..."

ဤအခိုက်အတန့်တွင် ပိုင်ယွီ၏ အသံက အရှေ့မှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

ကျောက်ချီယန်စွန်းသည် ဓားပန်းဖွားကို သူ၏ အင်္ကျီလက်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ပြီး ပြောဆိုလိုက်ပေသည်။

"ဘာမှမဖြစ်ပါဘူး တာအိုရောင်းရင်း... ခင်ဗျား အရမ်း စိုးရိမ်နေတာပါ... ကျွန်တော့်ရဲ့ စစ်မှန်သောချီတွေ နည်းနည်း ကမောက်ကမ ဖြစ်သွားလို့ပါ... အသက်ရှူ မှန်အောင် လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..."

သူ၏ လက်ထဲရှိ ဓားပန်းဖွားသည် မည်သည့်အရာ ဖြစ်သည်ကို သူ မသိသော်လည်း ရတနာများ ရှာဖွေရာတွင် သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ထိုအရာသည် ကောင်းမွန်သောအရာ တစ်ခု သေချာပေါက် ဖြစ်ရမည်။

သူ၏ နိမိတ်ဖတ်ခြင်း ခြောက်ကြိမ်က ဟောကိန်းထုတ်ထားသော သူ၏ ကြီးမားသည့် အခွင့်အရေးသည် ဤ ဓားပန်းဖွားပေါ်တွင်သာ ရှိနေနိုင်ပေသည်။

ခွေးပေါ်တွင် ပျံသန်းနေသော အိုးယန်၏ အတွေးများသည် ကျောက်ချီယန်စွန်း အပေါ်တွင် ရှိနေလေ၏။ ကျောက်ချီယန်စွန်း၏ လက်ထဲသို့ ဓားပန်းဖွား ပျံဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် သူ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေသို့ လာရောက်သော ခရီးစဉ်မှ လူတိုင်း တစ်ခုခုတော့ ရရှိသွားခဲ့ကြပေသည်။

လန်ချင်းဆုန်းသည် အင်မော်တယ် အမွေအနှစ်ကို ရရှိခဲ့သည်။ ရှောင်ပိုင်၏ ပစ္စည်းမှာမူ သူ၏ ရင်ခွင်ထဲတွင် ရှိနေဆဲ ဖြစ်လေ၏။ ကျောက်ချီယန်စွန်းသည် အမည်မသိ ဓားပန်းဖွား တစ်ခုကို ရရှိခဲ့ပေသည်။

ချန်ချန်ရှန်းသည် အမြတ်လည်း မရသလို အရှုံးလည်း မရှိခဲ့ချေ။ အလွန်ဆုံး ရုပ်သေးရုပ် အချို့ ဆုံးရှုံးသွားရုံသာ ဖြစ်လေ၏။

သူ တစ်ယောက်တည်းသာ ဝက်အူချောင်းခွေး တစ်ကောင်ကို ရရှိခဲ့သော်လည်း သူ၏ သက်တမ်း ငါးဆယ်ကို ဆုံးရှုံးလိုက်ရပေသည်။

ဤခရီးစဉ်တွင် သူသည် သူ၏ အသက် သုံးပုံတစ်ပုံကို ဆုံးရှုံးလိုက်ရလေသည်။

အိုးယန် သက်ပြင်းချတော့မည့်ဆဲဆဲတွင် သူ၏ အနောက်တွင် တိတ်ဆိတ်နေခဲ့သော ချန်ချန်ရှန်းက စကားပြောလာခဲ့ပေသည်...

"အကြီးဆုံး စီနီယာအစ်ကို... လင်းဖုန်း စီနီယာအစ်ကိုနဲ့ ကျွန်တော် ကျင့်ကြံတာ ပြီးသွားပြီ..."

---

အခန်း ၁၄၈ - ရှင်းပြချက်လော

ချန်ချန်ရှန်းနှင့် လင်းဖုန်းတို့သည် အင်မော်တယ် လျှို့ဝှက်နယ်မြေထဲတွင် ကျင့်ကြံနေခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်လေ၏။

မူလက သူတို့ ပြန်ရောက်ချိန်တွင် ချန်ချန်ရှန်းနှင့် လင်းဖုန်းတို့သည် ကျင့်ကြံနေဆဲ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ သူတို့သည် ကျင့်ကြံခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။

အိုးယန်သည် ချန်ချန်ရှန်းကို ကြည့်လိုက်ရာ သူ၏ တည်ငြိမ်သော မျက်လုံးများနှင့် ဆုံတွေ့သွားလေ၏။

တတိယ ညီလေး၏ တည်ငြိမ်သော မျက်နှာအမူအရာက သူ သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီ ဆိုသည့် အဓိပ္ပာယ်ပင်။

ပြီးခဲ့သည့် အကြိမ်က လင်းဖုန်းသည် ပင်မ ခန်းမဆောင်ကြီး အတွင်း တုန်းရွှီကျစ်နှင့် သူ့ကို ရင်ဆိုင်ခဲ့ပြီး ထိုကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သော်လည်း ရုတ်တရက် ကိုယ်ရည်ကိုယ်သွေး အလွန်အမင်း ပြောင်းလဲသွားသော ဤ သဘောကောင်းသည့် လူအပေါ် အိုးယန် သတိထားနေဆဲ ဖြစ်လေ၏။

သို့ရာတွင် လင်းဖုန်း၏ လုပ်ဆောင်ပုံမှာ အပြစ်အနာအဆာ တစ်ခုမျှ မရှိဘဲ အလွန် ပြီးပြည့်စုံလွန်းလှပေသည်။

သို့ရာတွင် ဤ အပြစ်အနာအဆာ မရှိမှုကြောင့်ပင် အိုးယန်သည် ပို၍ပင် နိုးကြားလာခဲ့ပြီး တုန်းရွှီကျစ်၏ သံသယကိုပင် နှိုးဆွပေးနိုင်ခဲ့လေ၏။

မဟုတ်လျှင် တုန်းရွှီကျစ်သည် အနာဂတ်တွင် လင်းဖုန်းကို ချမ်းသာပေးရန် သူ့ကို တောင်းဆိုမည် မဟုတ်ချေ။

ဤလောကသည် မစုံလင်ချေ။ အလွန် ပြီးပြည့်စုံလွန်းသော အရာများသည် သံသယကို ဖြစ်ပေါ်စေတတ်ပေသည်။

အိုးယန်သည် ချန်ချန်ရှန်း၏ စကားကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်ပြီး စကားအများကြီး မပြောခဲ့ချေ။

သူ လူ့လောကသို့ ဝင်ရောက်ကတည်းက ယခုအချိန်အထိ သူ၏ ဆရာ၏ အရိပ်သည် ဖြစ်ရပ်တိုင်း၏ နောက်ကွယ်တွင် ရှိနေခဲ့ပေသည်။

သူ၏ ဆရာက ကြိုးကိုင်ခြယ်လှယ်ခြင်း ခံရသည်မှာ ရှက်စရာ မဟုတ်သော်လည်း ဤစွမ်းရည်က အိုးယန်ကို အနည်းငယ် စိုးရိမ်မကင်း ဖြစ်စေခဲ့လေ၏။

သူ၏ ဆရာ လုပ်နိုင်သောအရာကို အခြားသူများ မလုပ်နိုင်ဟု မဆိုလိုချေ။

ဥပမာအားဖြင့် သူ့တွင် ယုံကြည်ရခက်သော စနစ် တစ်ခု ရှိနေသော်လည်း သူသည် ယခုလေးတင် အတိတ်ကို ကိုယ်တိုင် ပြန်လည် ရေးသားနိုင်ခဲ့လေ၏။

သို့ရာတွင် ထို ရှေးဟောင်း အင်မော်တယ်များသည်လည်း ထိုသို့ လုပ်နိုင်သည် မဟုတ်ပါလော။

သူတို့သည် ကျဆုံးသွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း သူတို့သည် သူတို့ လိုချင်သော ရလဒ်များကို ဖန်တီးရန် တိုက်ဆိုင်မှုများ ရေတွက်၍မရနိုင်အောင်ကို အသုံးပြုနေဆဲ ဖြစ်ပေသည်။

သူ၏ ဒုတိယ ညီလေးကို အင်မော်တယ် လမ်းကြောင်းကို ပြန်ဖွင့်ခွင့် ပေးရန် သူတို့သည် ယခုအချိန်အထိ အစီအစဉ် တစ်ခုကို ချမှတ်ထားခဲ့ကြလေသည်။

ထို့ကြောင့် လင်းဖုန်း၏ ရုတ်တရက် စိတ်နေစိတ်ထား ပြောင်းလဲသွားမှုကို စဉ်းစားသောအခါ အိုးယန်သည် လူ့လောကတွင် သူ တွေ့ဆုံခဲ့ဖူးသော လင်းဖုန်း ကို သဘာဝကျကျပင် တွေးမိလေ၏။

ထိုအချိန်က သူ၏ ဆရာ ဟူယန် ကို သူ မေးမြန်းခဲ့သော်လည်း လင်းဖုန်း၏ ပေါ်လာမှုသည် သူ၏ ဆရာ၏ တွက်ချက်မှုများ အတွင်းတွင် မရှိခဲ့ချေ။

လင်းဖုန်း၏ ပေါ်လာမှုသည် ကိန်းရှင် တစ်ခု ဖြစ်လာခဲ့ပေသည်။

ဤသည်က အိုးယန်ကို လက်ရှိ လင်းဖုန်းကို ပေါ့ပေါ့ဆဆ မတိုက်ခိုက်ရဲအောင် ဖြစ်စေခဲ့ပြီး အနည်းငယ် ကြောက်ရွံ့လာစေခဲ့၏။

အိုးယန်သည် ကောင်းကင်ကို မရည်ရွယ်ဘဲ မော့ကြည့်လိုက်ရာ အပြာရောင် ကောင်းကင်ကြီးသည် နက်ရှိုင်းပြီး ခန့်မှန်းရခက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဆရာ ပြန်လာလျှင် ဘာလုပ်ရမည်နည်း ဆိုသည်ကို ထို သက်ကြီးရွယ်အို နှာဘူးကြီးကို မေးရပေမည်။

သူ၏ နှာဘူးကျပြီး ယုံကြည်ရခက်သော ဆရာ အကြောင်းကို တွေးမိတိုင်း သူ့ကို ခေါင်းကိုက်စေသော်လည်း သူသည် အမြဲတမ်း အံ့သြဖွယ်ကောင်းလောက်အောင် ယုံကြည်စိတ်ချရသူ ဖြစ်လေ၏။

အိုးယန်၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေသော်လည်း အင်မော်တယ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို မျိုချနေသော လန်ချင်းဆုန်း၏ အမြန်နှုန်းမှာ အနည်းငယ်မျှ နှေးကွေးမသွားခဲ့ချေ။

သူသည် အင်မော်တယ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို သူ၏ မျက်ခုံးနှစ်ခုကြားရှိ ကြာစိမ်းထဲသို့ စုပ်ယူချင်နေပုံ ရပေသည်။

ထိုအရာမှာ ပူဖောင်း တစ်လုံး၏ အတွင်းဘက်မှ ကျပန်း အမှတ်တစ်ခုကို အတွင်းသို့ ဆွဲယူလိုက်သကဲ့သို့ ဖြစ်နေပြီး ပူဖောင်း တစ်လုံးလုံးသည် ထိုအမှတ်နှင့်အတူ ပုံပျက်လာတော့လေ၏။

ဓားကျင့်ကြံသူ အားလုံးသည် သူတို့၏ အနောက်ရှိ ဧရာမ ဝက်အူချောင်းခွေးပေါ်မှ လူငယ် နှစ်ဦး လူတစ်ယောက်ကို အထက်သို့ မြှောက်ကိုင်ထားသည်ကို ထိတ်လန့်တကြား ကြည့်နေကြပြီး ထိုလူသည် ဤနေရာရှိ အရာအားလုံးကို စုပ်ယူနေပေသည်။

အကယ်၍ သူတို့သာ အနည်းငယ် နှေးကွေးစွာ ပြေးမိပါက ထိုလူ၏ စုပ်ယူခြင်းကို ခံရမည်ဟု ထင်ရလေ၏။

ထိုအရာမှာ ရယ်စရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းလှပေသည်။

"သောက်ကျိုးနည်း... ခွေးနှင့်စစ်နတ်ဘုရား ပင်... ဒီဘက်ကို မလာနှင့်နော်..."

"မြန်မြန်... မြန်မြန်... နည်းနည်းလေး သွားရင် ဒီနေရာက ထွက်၍ရပြီ... ငါ့ကို အထင်မသေးနဲ့..."

"မေမေရေ... ဒီနေရာက အရမ်း ကြောက်စရာ ကောင်းတယ်... သား အိမ်ပြန်ချင်တယ်..."

ဓားကျင့်ကြံသူ အားလုံးသည် ကြည်လင်သော အလင်းတိုင် ရှိရာ အရပ်ဆီသို့ အရူးအမူး ပြေးလွှားနေကြပြီး တစ်ချိန်လုံး ငိုကြွေး အော်ဟစ်နေကြလေ၏။

ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံသူ အားလုံးထဲတွင် ဓားကျင့်ကြံသူများသည် သူတို့၏ အမြန်နှုန်းကြောင့် လူသိများကြပြီး လန်ချင်းဆုန်း၏ စုပ်ယူမှု အမြန်နှုန်းမှာ အလွန် မြန်ဆန်သော်လည်း ရွှေအမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ အမြန်ဆုံး ပျံသန်းမှုကိုမူ မမီနိုင်သေးချေ။

လန်ချင်းဆုန်းကို ကိုင်ထားသော အိုးယန်နှင့် ချန်ချန်ရှန်းတို့ အင်မော်တယ် လျှို့ဝှက်နယ်မြေထဲမှ ပျံသန်းထွက်လာချိန်တွင် ကျင့်ကြံသူ အားလုံး ထွက်ပြေးလွတ်မြောက်သွားကြပြီ ဖြစ်လေ၏။

သူတို့ အင်မော်တယ် လျှို့ဝှက်နယ်မြေထဲမှ ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် အင်မော်တယ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးသည် လန်ချင်းဆုန်း၏ မျက်ခုံးနှစ်ခုကြားရှိ ကြာစိမ်းထဲသို့ လုံးဝ စုပ်ယူခံလိုက်ရလေတော့၏။

လန်ချင်းဆုန်း ကိုယ်တိုင်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် သတိလစ်သွားခဲ့သည်။

ပိုင်ယွီသည် အိုးယန်၏ အရှေ့တွင် ဆင်းသက်လာပြီး လန်ချင်းဆုန်းကို စစ်ဆေးလိုက်ကာ လန်ချင်းဆုန်း အဆင်ပြေကြောင်း အချက်ပြရန် ခေါင်းမော့ကြည့်လိုက်လေ၏။

ထိုအချိန်ကျမှသာ အိုးယန်သည် သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လန်ချင်းဆုန်းကို ကြည့်ကာ ချက်ချင်းပင် ဒေါသ ထွက်လာခဲ့၏။ အင်မော်တယ် လျှို့ဝှက်နယ်မြေ အစကတည်းက သူ၏ ဒုတိယ ညီလေးသည် အချိန်တစ်လျှောက်လုံး သယ်ဆောင်ခံနေရပြီး သူ ကိုယ်တိုင်ကမူ အဖွဲ့ တစ်ခုလုံးကို သူ၏ အသက်နှင့် ရင်း၍ သယ်ဆောင်ခဲ့ရလေ၏။

ရလဒ်အနေဖြင့် သယ်ဆောင်ခံရသော လန်ချင်းဆုန်းသည် အကြီးမားဆုံး အောင်နိုင်သူ ဖြစ်လာခဲ့ပြီး သူ ကိုယ်တိုင်မှာမူ ခွေးတစ်ကောင်မှလွဲ၍ ဘာမှ မရခဲ့ချေ။

ဤအချက်ကို တွေးမိသဖြင့် အိုးယန်သည် သူ၏ ဒေါသကို ဖြေဖျောက်ရန် လက်ကို မြှောက်ကာ သူ၏ ဒုတိယ ညီလေးကို ပါးနှစ်ချက် ရိုက်ချင်စိတ် ပေါက်လာခဲ့ပေသည်။

ရုတ်တရက် အိုးယန်၏ မျက်နှာပေါ်သို့ ရေတစ်စက် ကျလာခဲ့လေ၏။ အိုးယန် မျက်မှောင်ကြုတ်လိုက်ပြီး ရေကို သုတ်ရန် လက်ကို မြှောက်လိုက်သော်လည်း ထိုရေမှာ ပုံမှန်မဟုတ်အောင် စေးကပ်နေကြောင်း တွေ့ရှိလိုက်ရပေသည်။

ငုံ့ကြည့်လိုက်ရာ သူ၏ လက်တွင် လတ်ဆတ်သော အနီရောင် အရိပ်အယောင်တစ်ခု စွန်းထင်းနေလေသည်။

မိုးစတင် ရွာသွန်းလာပြီး ဤမိုးသည် သာမန် မိုး မဟုတ်ဘဲ သွေးများနှင့် ရောနှောနေသော မိုးပေါက်များ ဖြစ်ကာ လေးလံသော အရာဝတ္ထုများ ရေတွက်၍မရနိုင်အောင် ပြုတ်ကျလာသည့် အသံများနှင့်အတူ ဖြစ်လေ၏။

ဘုတ်... ဘုတ်... ဘုတ်...

အိုးယန် မော့ကြည့်လိုက်ရာ သူလည်း အံ့အားသင့်သွားခဲ့ပေသည်။

လေးလံသော အရာဝတ္ထု တစ်ခု ပြုတ်ကျလာသည့် အသံတိုင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျလာသော အလောင်း တစ်လောင်းကို ကိုယ်စားပြုနေလေသည်။

ထို အလောင်းများသည် နန်းတော် အတွင်းရှိ အင်မော်တယ်၏ ညို့ယူဖမ်းစားမှုကို ခံခဲ့ရပြီး လန်ချင်းဆုန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အိုးယဲ့ကျီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မဟာကျင့်ကြံသူများ ပင် ဖြစ်လေသည်။

လူတိုင်းသည် သွေးမိုးများကြားတွင် ရပ်နေကြပြီး သွေးမိုးများကြောင့် သူတို့၏ အဝတ်အစားများ စိုရွှဲနေပေသည်။

လေထုမှာ လေးလံလာပြီး ဓားကျင့်ကြံသူ များသည် အိုးယန်နှင့် အခြားသူများကို ကြည့်နေကြလေ၏။ အထူးသဖြင့် သတိလစ်နေပြီး အိုးယန်တို့ သုံးယောက်၏ အလယ်တွင် ကာကွယ်ခံထားရသော လန်ချင်းဆုန်းကို ကြည့်နေကြပေသည်။

ပတ်ဝန်းကျင်ရှိ ဓားကျင့်ကြံသူများသည် တိတ်တဆိတ် စုရုံးလာကြပြီး အလယ်ဗဟို တည့်တည့်ရှိ အိုးယန်နှင့် အခြား သုံးယောက်၏ ပတ်လည်တွင် လူအလွှာများ ဖန်တီးလိုက်ကြလေ၏။

အခြေတည်စဝိညာဉ်အဆင့် အထက်ရှိ ဓားကျင့်ကြံသူ ရာပေါင်းများစွာသည် ဤမျှ ကြေကွဲဖွယ်ကောင်းအောင် သေဆုံးသွားခဲ့ကြရာ ဓားကျင့်ကြံသူများအနေဖြင့် သူတို့သည် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ရင်ဆိုင်ရချိန်တွင် ဘယ်သောအခါမျှ လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။

သူတို့၏ ကိုယ်ပိုင် ခွန်အား နိမ့်ကျနေပြီး ဦးနှောက် တစ်ဝက်စီသာ မျှဝေသုံးစွဲနေကြလျှင်တောင်မှ သူတို့၏ အမျိုးအနွယ်များကို သတ်ဖြတ်နေသော မကောင်းဆိုးဝါးကို ရင်ဆိုင်ရချိန်တွင် ပထမဆုံး ပြေးထွက်လာမည့်သူများမှာ သေချာပေါက် ဓားကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတို့ စကားမပြောရဲလျှင်တောင်မှ သူတို့ လက်ထဲရှိ ဓားများသည် သဘောတူမည် မဟုတ်သောကြောင့် ဖြစ်လေသည်။

ပိုင်ယွီ၏ အဖြူရောင် အဝတ်အစားများသည် သွေးရောင်များဖြင့် စွန်းထင်းနေပြီး သူ၏ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသော အမူအရာက ကြောက်မက်ဖွယ်ကောင်းမှု အရိပ်အယောင်တစ်ခုကို ပေါင်းထည့်ပေးနေပေသည်။

ချန်ချန်ရှန်း၏ ငွေဖြူရောင် မျက်နှာဖုံးသည် သွေးများဖြင့် နီရဲနေပြီး မရဏကမ္ဘာမှ မိစ္ဆာ တစ်ကောင်ကဲ့သို့ ဖြစ်နေလေ၏။

အဝတ်အစားများ သွေးများဖြင့် စိုရွှဲနေသော အိုးယန်သည် လျန်ကျိုက်ကို သူ၏ ပခုံးပေါ်တွင် လက်တစ်ဖက်ဖြင့် ထမ်းထားပေသည်။

သူတို့ သုံးယောက်တည်းသာ မဟုတ်ဘဲ တစ်မြို့လုံးရှိ ဓားကျင့်ကြံသူများသည် သွေးများကို ခါထုတ်ရန် သူတို့၏ ချီများကို အသုံးမပြုကြဘဲ သူတို့ အပေါ်သို့ ကျဆင်းခွင့် ပြုထားကြလေ၏။

ဆိုလိုသည်မှာ သူတို့သည် ဤ သွေးကြွေးကို လက်ခံသည် ဟူသော အဓိပ္ပာယ် ပင် ဖြစ်သည်။

ချွင်... ချွင်... ချွင်...

ဓားများ ဆွဲထုတ်လိုက်သည့် အသံ ရေတွက်၍မရနိုင်အောင် အဆက်မပြတ် ထွက်ပေါ်လာပြီး တစ်မြို့လုံးရှိ ဓားကျင့်ကြံသူများသည် သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြပေသည်။

လေထုသည် သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် စတင် ပြည့်နှက်လာပြီး ချမ်းစိမ့်စိမ့် အရှိန်အဝါ တစ်ခုက တစ်မြို့လုံးကို လွှမ်းခြုံသွားလေ၏။

ဓားကျင့်ကြံသူများသည် ရှင်းလင်းချက် တစ်ခု လိုအပ်နေပေသည်။

ပိုင်ယွီသည် သူ၏ ချင်းဖုန်းဓားကို ကိုင်ထားပြီး ချန်ချန်ရှန်းက သူ၏ လက်များကို အင်္ကျီလက်ထဲတွင် ထည့်ထားကာ အိုးယန်က လျန်ကျိုက်ကို လက်တစ်ဖက်ဖြင့် ထမ်းထားလေ၏။

ထိုသုံးဦးသည် လန်ချင်းဆုန်းကို ကျောခိုင်းလျက် ရပ်နေကြပြီး တစ်မြို့လုံးရှိ ဓားကျင့်ကြံသူများကို ရင်ဆိုင်ကာ သူ့ကို အလယ်ဗဟို တည့်တည့်တွင် ကာကွယ်ပေးထားကြပေသည်။

ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤလူများသည် သူတို့၏ ကိုယ်ပိုင် ဒုတိယ ညီလေး၏ သတ်ဖြတ်ခြင်းကို အမှန်တကယ် ခံခဲ့ရခြင်း ဖြစ်လေ၏။

ဤအခိုက်အတန့်တွင် ထိုအရာကို တိုက်ရိုက် ငြင်းဆိုခြင်းသည် သူတို့၏ မာနက ခွင့်ပြုမည့်အရာ မဟုတ်ချေ။

အဆိုးဆုံး အခြေအနေတွင် သူတို့သည် လန်ချင်းဆုန်းနှင့်အတူ ကျူးကျန့်မြို့မှ တိုက်ခိုက်ပြီး ထွက်သွားရုံသာ ရှိတော့သည်။

အိုးယန်သည် လျန်ကျိုက်ကို လက်တစ်ဖက်ဖြင့် ထမ်းထားပြီး သူ၏ မျက်နှာပေါ်မှ သွေးများသည် ပါးစပ်ထဲသို့ စီးကျနေပေသည်။

သူ တံတွေးထွေးလိုက်ပြီး သူ၏ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ကာ အိုးယန်သည် လျန်ကျိုက်၏ နောက်ခြေ တစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် အေးစက်သော ရယ်မောသံဖြင့် ပြောဆိုလိုက်လေသည်...

"ရှင်းလင်းချက်လား.. ငါ့ဆီကနေ ဘယ်သောက်ကောင်က ရှင်းလင်းချက် တောင်းမယ်ဆိုတာ ငါ ကြည့်ချင်တယ်..."

All Chapters