← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း ၂၉၉ - တင်တောင်းပစ္စည်းနှင့် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်

ဘဝတစ်ရာကျမ်းထဲမှ ထွက်ပေါ်လာပြီးနောက် ရှောင်မိုက ယခင်အကြိမ်များနည်းတူ အလျင်စလို အသက်ရှူသွင်းလိုက်လေ၏။

ရှောင်မိုက ဘဝတစ်ရာကျမ်းနှင့် လက်တွေ့ကမ္ဘာကြားရှိ အချိန်အချိုးအစားကို အလွန်မြင့်မားစွာ သတ်မှတ်ထားခဲ့သောကြောင့် သူ၏ စိတ်စွမ်းအင် ကုန်ဆုံးမှုက အတော်လေး များပြားနေခဲ့ပြီဖြစ်ကာ သူက အချိန်မြစ်ထဲသို့လည်း တွန့်ဆုတ်နေခြင်းမရှိဘဲ ဝင်ရောက်ခဲ့သောကြောင့်ပင်။

ထို့ကြောင့် ရှောင်မိုက ယခုအခါ ရေနစ်နေရသည့်အလား ခံစားချက်မျိုးဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနည်းငယ် သက်တောင့်သက်သာမရှိ ဖြစ်နေမှုကို ခံစားနေရပေသည်။

ကံကောင်းထောက်မစွာဖြင့် ဤကဲ့သို့ အကြိမ်အနည်းငယ် ကြုံတွေ့ခဲ့ဖူးသောကြောင့် ရှောင်မိုက ယင်းနှင့် အတော်လေး အကျွမ်းတဝင်ရှိနေပြီဖြစ်ကာ လျင်မြန်စွာပင် တည်ငြိမ်သွားခဲ့လေ၏။

တစ်ချိန်တည်းမှာပင် ဘဝတစ်ရာကျမ်း၏ အသံက ရှောင်မို၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့ပေသည်။

"ဘဝတစ်ရာကျမ်းထဲမှ စတုတ္ထမြောက်ဘဝ (ဝမ်ရှင်း) ၏ ဖြတ်သန်းမှု ပြီးမြောက်သွားပါပြီ။"

"တာဝန် (၁) - ပိုင်ရှင်က ဝမ်ရှင်းကို ဤဘဝတွင် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိအောင် ကူညီပေးရန်။ ဝမ်ရှင်း၏ ဗုဒ္ဓဘာသာ တာအိုအဆင့် မြင့်မားလေလေ ပိုင်ရှင် လက်ခံရရှိမည့် ဆုလာဘ်များက ပိုမို ကြီးမားလေလေ ဖြစ်မည်။ ဝမ်ရှင်းက ဗုဒ္ဓအဆင့်သို့ ရောက်ရှိသွားသောအခါ ပိုင်ရှင်က အမြင့်ဆုံး ဆုလာဘ်ကို လက်ခံရရှိမည် ဖြစ်သည်။"

"နောက်ဆုံး အကဲဖြတ်ချက် - ဝမ်ရှင်းက ဤဘဝတွင် ဗုဒ္ဓအဖြစ်သို့ မရောက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် မသေမျိုးအဆင့်သို့ ရောက်ရှိခဲ့သည်။ (ရှေးခေတ်ကာလများ အလွန်တွင် ဗုဒ္ဓအဆင့်က မည်မျှ ခက်ခဲသနည်း။ ပိုင်ရှင်က ဖန်ဆင်းခြင်း အားလုံးနှင့် ကောင်းကင်တာအို အားလုံးကို တွက်ချက်နိုင်လျှင်တောင်မှ ဝမ်ရှင်း၏ နှလုံးသားကိုတော့ ဘယ်တော့မှ တွက်ချက်နိုင်မည် မဟုတ်ပါ)။ ဆုလာဘ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။"

"ထုတ်ပေးမည့် ဆုလာဘ်များ -

၁။ ဗုဒ္ဓသီလရှင်၏ သန့်စင်သော ကြာပန်း။ အဆင့်တစ် အသက်ကာကွယ်ရေး မှော်ရတနာ ဖြစ်သည်။ ပိုင်ရှင်က အသက်အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ဗုဒ္ဓသီလရှင်၏ သန့်စင်သော ကြာပန်းက ပွင့်လန်းလာပြီး ပိုင်ရှင်အတွက် ဘေးအန္တရာယ်ကို ကာကွယ်ပေးမည် ဖြစ်သည်။ ၎င်းက ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုတစ်ရပ်ကို ခံနိုင်ရည်ရှိသည်။"

"တာဝန် (၂) - ပိုင်ရှင်က အနောက်ဘက်ဒေသတွင် ကျင့်ကြံနေစဉ်အတွင်း သူတို့၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ ရရှိမည့် ဆုလာဘ်များက ပိုမို များပြားလေလေ ဖြစ်မည်။ ပိုင်ရှင်က အနောက်ဘက်ဒေသတွင် အစွမ်းအထက်ဆုံး ဖြစ်လာသောအခါ ဆုလာဘ်များက ၎င်းတို့၏ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိမည် ဖြစ်သည်။"

"နောက်ဆုံး အကဲဖြတ်ချက် - ပိုင်ရှင်၏ နောက်ဆုံးအဆင့်က မသေမျိုးအဆင့် ၌ ရှိနေသော်လည်း သူတို့က အနောက်ဘက်ဒေသတွင် အစွမ်းအထက်ဆုံး ဖြစ်နေပြီဖြစ်ရာ အမြင့်ဆုံး ဆုလာဘ်ကို လက်ခံရရှိမည် ဖြစ်သည်။"

"ထုတ်ပေးမည့် ဆုလာဘ်များ -

၁။ သွေးမိစ္ဆာဓားဆန္ဒ။ ဤဓားဆန္ဒတွင် သွေးမိစ္ဆာဓားသိုင်းနှင့် ဘဝတစ်ရာကျမ်းအတွင်း သွေးမိစ္ဆာဓားသိုင်းကို သင်ယူရာတွင် ရရှိခဲ့သော ပိုင်ရှင်၏ အတွေ့အကြုံများ ပါဝင်သည်။ (သွေးမိစ္ဆာဓားသိုင်းမှာ ရှေးခေတ်ကာလတွင် သွေးလမင်းလေးမှ ဖန်တီးခဲ့သော အနောက်ဘက်ဒေသနှင့် လောကတစ်ခုလုံးတွင် အလွှမ်းမိုးနိုင်ဆုံး ဓားသိုင်းဖြစ်ပြီး ရှေးခေတ်ကာလများမှ ယနေ့ခေတ်တိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော ရှားပါး အမွေအနှစ် အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။)

၂။ ကောင်းကင်တာအို ခြင်ဆီသန့်စင်ဆေးရည်။ သင်၏ ပါရမီကို မြှင့်တင်ရန်အတွက် ခြင်ဆီနှင့် အဆီအနှစ် သန့်စင်ခြင်းကို ခံယူနိုင်သည်။ (အကျိုးသက်ရောက်မှုကို အတိအကျ မသိရသေးဘဲ သောက်သုံးပြီးနောက် အခြားသူများက ယင်းကို သတိမပြုမိနိုင်ပါ။)"

"တာဝန် (၃) - ပိုင်ရှင်က အနောက်ဘက်ဒေသရှိ မိစ္ဆာဂိုဏ်းများကို ပေါင်းစည်းကာ ကြီးမားကျယ်ပြန့်လှသော မိစ္ဆာဂိုဏ်းကြီး တစ်ခုကို ဖန်တီးရန်။ ပိုင်ရှင်က မိစ္ဆာဂိုဏ်း တစ်ခုကို သိမ်းပိုက်လိုက်တိုင်း ဆုလာဘ်များ စုဆောင်းမိသွားမည်။ ပိုင်ရှင်က အနောက်ဘက်ဒေသရှိ မိစ္ဆာဂိုဏ်းများ အားလုံးကို ပေါင်းစည်းလိုက်သောအခါ အမြင့်ဆုံး ဆုလာဘ်ကို လက်ခံရရှိမည် ဖြစ်သည်။"

"နောက်ဆုံး အကဲဖြတ်ချက် - ပိုင်ရှင်က မိစ္ဆာဂိုဏ်းများ အားလုံးကို ဖျက်ဆီးခဲ့ပြီး ဗုဒ္ဓကျောင်းတော်များ အားလုံးနီးပါးကိုပင် ဖျက်ဆီးခဲ့သဖြင့် အမြင့်ဆုံး ဆုလာဘ်ကို လက်ခံရရှိမည် ဖြစ်သည်။"

"ဆုလာဘ်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

၁။ သွေးလွှမ်းမိုးသူချီ။ ပိုင်ရှင်က သွေးလွှမ်းမိုးသူချီကို အသုံးပြုသောအခါ နှစ်မိုင် ပတ်လည်အတွင်းရှိ သာမန်ပြည်သူများနှင့် ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် စိတ်စွမ်းအင်အပေါ် မူတည်၍ သတိလစ်ခြင်း၊ ဒူးထောက်ကျခြင်း သို့မဟုတ် တုံ့ပြန်မှုများ နှေးကွေးသွားခြင်း ကဲ့သို့သော မတူညီသည့် အကျိုးသက်ရောက်မှုများကို ခံစားရမည် ဖြစ်သည်။ သွေးလွှမ်းမိုးသူချီ၏ ပြင်းထန်မှုက ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်နှင့်အတူ တိုးတက်လာနိုင်သည်။

၂။ အနောက်ဘက်ဒေသ၏ အရှင်သခင်။ ဤလောကကြီးတွင်လည်း အနောက်ဘက်ဒေသဟု ခေါ်သော နေရာတစ်ခု ရှိသည်။ ပိုင်ရှင်က အနောက်ဘက်ဒေသတွင် ပေါ်လာသောအခါ သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားက သုံးဆယ် ရာခိုင်နှုန်း တိုးတက်သွားနိုင်သည်။"

"ဘဝတစ်ရာကျမ်း၏ ဆုလာဘ်များကို ထုတ်ပေးပြီးပါပြီ။ ကျေးဇူးပြု၍ စစ်ဆေးပါ ပိုင်ရှင်။"

နောက်ဆုံးတွင် ဘဝတစ်ရာကျမ်း စကားပြောပြီးသွားပြီဟု ရှောင်မို တွေးလိုက်ပြီး ဤဘဝဖြတ်သန်းမှုမှ သူ ရရှိခဲ့သော ဆုလာဘ်များကို စီစဉ်ရန် ကြံရွယ်လိုက်စဉ်မှာပင် ဘဝတစ်ရာကျမ်း၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်ပေသည်။ "ဘဝတစ်ရာကျမ်း၏ ပဉ္စမမြောက်ဘဝ အဆင်သင့်ဖြစ်နေပါပြီ။ ဤဘဝဖြတ်သန်းမှုက ရွေးချယ်စရာများကို ပေးဆောင်ထားပါသည်။"

"ဘဝတစ်ရာကျမ်းက ပိုင်ရှင်အား မတူညီသော ရွေးချယ်စရာ နှစ်ခုပါဝင်သည့် စာလိပ်နှစ်ခုကို ထောက်ပံ့ပေးနိုင်သည်။"

"သင် ပထမဆုံး ရွေးချယ်သော ဇာတ်လမ်းက သင်၏ ပဉ္စမမြောက်ဘဝ ဖြစ်လာပါလိမ့်မည်။"

"အခြား ဇာတ်လမ်းက သင်၏ ဆဋ္ဌမမြောက်ဘဝ ဖြစ်လာပါလိမ့်မည်။"

"မှတ်ချက်။ ဤစာလိပ်များက ပိုင်ရှင်၏ ရွေးချယ်မှုအတွက်သာ ဖြစ်သည်။ ပိုင်ရှင်က ရွေးချယ်မှု ပြုလုပ်ပြီးသည်နှင့် သို့မဟုတ် ဘဝတစ်ရာကျမ်းထဲမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် စာလိပ်များ၏ မှတ်ဉာဏ်များက မှေးမှိန်ပျောက်ကွယ်သွားမည် ဖြစ်သည်။"

ဘဝတစ်ရာကျမ်း၏ အသံက တိတ်ဆိတ်သွားသည်နှင့်အမျှ စာလိပ်နှစ်ခုက ရှောင်မို၏ စိတ်ထဲတွင် တကယ်ပင် ပေါ်ထွက်လာခဲ့လေ၏။

ဘယ်ဘက်ရှိ စာလိပ်တွင် အရပ်ရှည်ပြီး သွယ်လျသော ဂါဝန်ဖြူနှင့် အမျိုးသမီးတစ်ဦးကို ပုံဖော်ထားပေသည်။

ထိုအမျိုးသမီးက ကြီးမားလှသော စစ်တပ်ကြီး၏ အလယ်ရှိ မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် ရပ်နေပြီး ဒရမ်တီးတံတစ်ချောင်းကို ကိုင်ဆောင်ထားကာ သူမ၏ အင်္ကျီလက်က လက်ကောက်ဝတ်မှ လျှောကျသွားပြီး နှင်းကဲ့သို့ ဖြူစင်သော လက်မောင်းလေးကို ပေါ်လွင်နေစေခဲ့လေ၏။

သူမ၏ လှုပ်ရှားမှုများအရ ထိုအမျိုးသမီးက စစ်တပ်အတွက် စစ်သံစည်ကို တီးခတ်ပေးနေခြင်း ဖြစ်ပေသည်။

ပန်းချီကားထဲတွင် စစ်သည်အများစုမှာ ဝေဝါးနေပြီး စစ်တပ်၏ အရှေ့ဆုံးတွင် သံချပ်ကာကို ဝတ်ဆင်ကာ ရှေ့သို့ ပြေးဝင်တိုက်ခိုက်နေသော၊ မျက်နှာကို ဝေဝါးစွာသာ မြင်ရသည့် ထင်ရှားသော စစ်သူကြီးတစ်ဦးသာ ရှိနေခဲ့လေ၏။

ပြီးတော့ သူ၏ အရှေ့တွင် တိမ်များကို စီးနှင်းလာသော ကျင့်ကြံသူများနှင့် သောင်းနှင့်ချီသော စစ်တပ်များ ရှိနေခဲ့ချေပြီ။

ညာဘက်ရှိ ပန်းချီကားတွင်မူ မြေခွေးနားရွက်များနှင့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ပုံဖော်ထားပြီး သူမ၏ ကိုယ်ဟန်အမူအရာက ကျက်သရေရှိလှကာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က နဂါးမင်းသမီးရုရွှယ်နှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်နေခဲ့ပေသည်။

သူမ၏ နှင်းကဲ့သို့ ဖြူစင်သော မြေခွေးအမြီး ကိုးချောင်းက ပိုးသားများအလား သူမ၏ အနောက်ဘက်ရှိ လေထဲတွင် ယိမ်းနွဲ့နေခဲ့လေ၏။

သူမက တောင်ထွတ်တစ်ခုပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေပြီး အောက်ဘက်တွင် တဖျပ်ဖျပ် တောက်ပနေသော အလင်းရောင် ထောင်သောင်းချီ ရှိသည့် မြို့တစ်မြို့ ရှိနေခဲ့ပေသည်။

ကြယ်များနှင့် အလင်းရောင်များက သူမ၏ မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေသော်လည်း ရှောင်မို မြင်တွေ့လိုက်ရသည်မှာ အဆုံးမဲ့ အထီးကျန်ဆန်မှုများ သက်သက်သာ ဖြစ်လေ၏။

ဤပန်းချီကား နှစ်ချပ်ကိုသာ အကဲဖြတ်ကြည့်ရလျှင် တစ်ခုက နန်းတွင်းဘဝ ဖြတ်သန်းမှုဘက်သို့ ယိမ်းယိုင်နေကြောင်း ရှောင်မို ခန့်မှန်းမိလိုက်ပေသည်။

အခြားတစ်ခုကတော့ မိစ္ဆာမျိုးနွယ် မိန်းမပျိုလေးတစ်ဦး အကြောင်းပင်။

ယင်းအပြင် အခြားမည်သည့် သတင်းအချက်အလက်ကိုမျှ ရှောင်မို မသိရှိနိုင်ခဲ့ချေ။

"ထားလိုက်တော့၊ ငါ အခု မရွေးသေးဘူး။"

ရှောင်မိုက ဘဝတစ်ရာကျမ်းထဲမှ အရင် ထွက်ခွာရန် ဆုံးဖြတ်လိုက်လေ၏။ နောက်ထပ် ဘဝဖြတ်သန်းမှုအတွက် အချိန်အနည်းငယ် စောင့်ဆိုင်းနိုင်သေးသည် မဟုတ်ပါလား။

ပထမအချက်မှာ မင်္ဂလာရက်က နီးကပ်လာပြီဖြစ်ပြီး သူ တကယ်ကို အချိန်မရှိတော့သောကြောင့်ပင်။ မိဖုရားခေါင် ယန်ရုရွှယ်ကို အရင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသေးလေ၏။

ဒုတိယအချက်မှာ သူ တကယ်ပဲ အနားယူရန် အနည်းငယ် လိုအပ်နေသောကြောင့်တည်း။

ဘဝတစ်ရာကျမ်းက သူ ထွက်ပေါ်လာချိန်တွင် သူ၏ စိတ်စွမ်းအင် အခြေအနေအတွက် အခြေခံစည်းမျဉ်းတစ်ခုကို အမြဲတမ်း ပံ့ပိုးပေးထားပြီး သူ့ကို လဲကျသွားခြင်း၊ ရူးသွပ်သွားခြင်းတို့မှ ကာကွယ်ပေးထားသည်မှာ မှန်ပေ၏။

သို့သော် ဤအခြေခံစည်းမျဉ်းက အကန့်အသတ် ရှိလေသည်။ လက်တွေ့တွင် သူ၏ ဝိညာဉ်က ဘဝတစ်ရာကျမ်းထဲတွင် အချိန်အကြာကြီးနှင့် မကြာခဏဆိုသလို ရှိနေခဲ့သဖြင့် သူ တကယ်ကို အရှိန်လျှော့ရန် လိုအပ်နေခဲ့ချေပြီ။

ထို့နောက် ရှောင်မို၏ အသိဝိညာဉ်က ဘဝတစ်ရာကျမ်းထဲမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်။

မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်မိုက ယခုလေးတင် သူ မြင်တွေ့ခဲ့ရသော စာလိပ်နှစ်ခုကို ဆက်လက် မှတ်မိနိုင်ခြင်း မရှိတော့ချေ။

ကောင်းကင်တာအို ခြင်ဆီသန့်စင်ဆေးရည်ကို ထုတ်ယူလိုက်ပြီးနောက် ရှောင်မိုက စကားတစ်ခွန်းမျှ မဆိုဘဲ ချက်ချင်းပင် သောက်သုံးလိုက်လေ၏။

နဂါးအဆီအနှစ်၏ လွှမ်းမိုးနိုင်စွမ်းရှိသော ချီစွမ်းအင်များနှင့် မတူဘဲ ကောင်းကင်တာအို ခြင်ဆီသန့်စင်ဆေးရည်က များစွာ ပိုမို နူးညံ့သိမ်မွေ့နေခဲ့ပေသည်။

နွေးထွေးသော စီးဆင်းမှုတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်လျှောက် ဖြည်းညှင်းစွာ စီးဆင်းသွားသည်ကို ရှောင်မို ခံစားလိုက်ရပြီး အလွန်အမင်း သက်တောင့်သက်သာ ရှိလှလေ၏။

ရှောင်မို သတိပြန်ဝင်လာချိန်တွင်မူ နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က အညစ်အကြေးများနှင့် မသန့်စင်မှုများကို ဖယ်ရှားထုတ်ပစ်လိုက်ချေပြီ။

ကံကောင်းထောက်မစွာဖြင့် ရှောင်မိုက ဝိညာဉ်စမ်းရေ နန်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ပြီး ဖြစ်လေ၏။ သူက ဝိညာဉ်စမ်းရေကန်ဆီသို့ အလျင်အမြန် သွားရောက်ကာ သက်တောင့်သက်သာ ရေချိုးလိုက်လေတော့သည်။

အညစ်အကြေးများကို ဆေးကြောဖယ်ရှားပြီးနောက် သူ၏ လက်ရှိ ပါရမီက လောကရှိ အခြားသော ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် မည်ကဲ့သို့ ရှိမည်ကို ရှောင်မို မသိရှိခဲ့ချေ။

သို့သော် ယုတ္တိတန်စွာ တွေးကြည့်မည်ဆိုလျှင် အလွန်ဆိုးရွားနေမည်တော့ မဟုတ်ပေ။

ရေချိုးနေစဉ်အတွင်း ရှောင်မိုက ဘဝတစ်ရာကျမ်းမှ အခြားသော ဆုလာဘ်များကို စစ်ဆေးရန် အခွင့်အရေး ယူလိုက်လေ၏။

ဆုလာဘ် အများစုကိုတော့ လတ်တလောတွင် ရှောင်မို အသုံးပြု၍ မရနိုင်သေးချေ။

ဥပမာအားဖြင့် သွေးမိစ္ဆာဓားသိုင်းပင်။

လက်ရှိတွင် ရှောင်မို၏ မြက်ပင်ဓားသိုင်း ကျင့်ကြံမှုက အဆင်ပြေချောမွေ့စွာ တိုးတက်နေပြီး ဓားတစ်သောင်းဂိုဏ်း၏ နိုင်ငံတော်ဆရာထံမှ လမ်းညွှန်မှုလည်း ရှိနေသောကြောင့် သွေးမိစ္ဆာဓားသိုင်းကို ကျင့်ကြံရန် ချက်ချင်း လိုအပ်ချက် မရှိသေးပေ။

ထို့အပြင် သူ့တွင် လုံလောက်သော စွမ်းအင်လည်း မရှိသေးသလို ယင်းက သူ့ကို အလွယ်တကူ ပေါ်လွင်သွားစေနိုင်လေ၏။

ထို့နောက် သွေးလွှမ်းမိုးသူချီ လည်း ရှိနေသေးရာ ယင်းကိုလည်း သူ အရင် ဖုံးကွယ်ထားရမည်ဖြစ်ပြီး အခြားသူများက ပုံမှန်မဟုတ်သောအရာ တစ်ခုခုကို သတိပြုမိသွားရန် ခွင့်ပြု၍ မဖြစ်ချေ။ ထိုသို့မဟုတ်ပါက ရှင်းပြရန် ခက်ခဲသွားလိမ့်မည် ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေကာမူ ရှောင်မိုက သူ၏ လက်ရှိ ရည်မှန်းချက်နှင့် ပတ်သက်၍ အတော်လေး ရှင်းလင်းစွာ သိရှိထားလေ၏။ ယင်းမှာ ကြိုးစားပမ်းစား ကျင့်ကြံရန်၊ နှင့် သူ၏ ကျင့်ကြံခြင်းအဆင့် လုံလောက်သွားသည်နှင့် တစ်ပြိုင်နက် ယန်ရှန်းအောက်၏ ခွေးခေါင်းကို ဖြတ်ပစ်ရန် အခွင့်အရေး ရှာဖွေရေးပင် ဖြစ်ပေသည်။

သူ နန်းတွင်းကို ထိန်းချုပ်ပြီးနောက် ကျန်းရိုကို အဝေးသို့ ပို့လွှတ်နိုင်မည်လား ဆိုသည်ကို သူ စောင့်ကြည့်ရမည် ဖြစ်လေ၏။ ထိုသို့မဟုတ်ပါက ဘဝတစ်ရာကျမ်း၏ ဆုလာဘ်များကို သူမ၏ အရှေ့တွင် ထုတ်ဖော်မိသွားမည်ကို သူ အမြဲတမ်း စိုးရိမ်ပူပန်နေရမည် ဖြစ်ပေသည်။

"အရှင်မင်းကြီး။"

မကြာမီမှာပင် ဝေ့ရွှန်း၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေ၏။

"အဝတ်လဲပေးကြ။"

ရှောင်မိုက ဝေ့ရွှန်း၏ အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ခုခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း သူ သိလိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ဤအဘိုးကြီးက အကြောင်းပြချက် မရှိဘဲ သူ၏ထံသို့ လာမည်မဟုတ်သောကြောင့်ပင်။

"မှန်လှပါ အရှင်မင်းကြီး။"

အစေခံမလေး အနည်းငယ်က ရှေ့သို့ ထွက်လာပြီး ရှောင်မိုကို ဂရုတစိုက် အဝတ်အစား လဲလှယ်ပေးလိုက်ကြပေသည်။

တာအိုဝတ်ရုံကို ဝတ်ဆင်ပြီးနောက် ရှောင်မိုက ဝိညာဉ်စမ်းရေ နန်းဆောင်ထဲမှ လျှောက်ထွက်လာခဲ့လေ၏။

"ဘာကိစ္စလဲ။" ဝိညာဉ်စမ်းရေ နန်းဆောင်၏ အဝင်ဝတွင် ရပ်ကာ ရှောင်မိုက ဝေ့ရွှန်းကို မေးလိုက်ပေသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ချင်တိုင်းပြည်က သံတမန်က မြို့တော်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။" ဝေ့ရွှန်းက ရိုသေလေးစားစွာဖြင့် ပြောလိုက်လေ၏။

"အဲဒီလောက်တောင် မြန်သလား။"

ရှောင်မို အံ့အားသင့်သွားခဲ့ပေသည်။

သူ၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာအခမ်းအနား ရောက်ရန် ငါးရက် လိုလိုသေးလေ၏။

ချင်တိုင်းပြည် သံတမန်က နောက်ထပ် ရက်အနည်းငယ် ကြာမှ ရောက်လာလိမ့်မည်ဟု ရှောင်မို ထင်မှတ်ထားခဲ့သော်လည်း သူတို့က ဤမျှလောက်အထိ မြန်ဆန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

"တကယ်တော့ နည်းနည်းလေး မြန်နေပါတယ်။" ဝေ့ရွှန်းက ခေါင်းညိတ်လိုက်ရာ သူ၏ မျက်နှာအမူအရာက အနည်းငယ် ရှုပ်ထွေးနေခဲ့ပေသည်။

သူက တစ်ခုခုကို ပြောချင်နေသော်လည်း သူ၏ အရှင်မင်းကြီးကို မည်သို့ ပြောပြရမည်ကို မသိသည့်အလား ပုံပေါက်နေခဲ့လေ၏။

ရှောင်မိုက ဝေ့ရွှန်း၏ မျက်နှာအမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပေသည်။ "မင်းမှာ ပြောစရာရှိရင် ပြောလေ။ ဘာလဲ၊ မင်းတောင်မှ ကိုယ်တော့်ကို ကိစ္စတွေ ဖုံးကွယ်ထားတော့မလို့လား။"

"ဒီအစေခံအိုကြီး မရဲဝံ့ပါဘူး။"

ဝေ့ရွှန်းက အလျင်စလို ဒူးထောက်ချလိုက်ပြီး ကြမ်းပြင်နှင့် နဖူးကို အကြိမ်အနည်းငယ် ထိကာ အရိုအသေပေးလိုက်လေ၏။

"ဒါဆိုရင်လည်း တိုက်ရိုက်ပြောလေ။" ရှောင်မိုက လက်ဝှေ့ယမ်းလိုက်ပေသည်။

"အရှင်မင်းကြီးကို လျှောက်... လျှောက်တင်ပါတယ်။ မူလက ချင်တိုင်းပြည်ရဲ့ဘုရင်က ကျွန်တော်မျိုးတို့ ကျိုးနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖြစ်ပေမဲ့ ချင်တိုင်းပြည် သံတမန်ဆီက စာတစ်စောင်မှာတော့ ချင်တိုင်းပြည် နန်းတွင်းမှာ ကိစ္စတချို့ ရှိနေလို့ ချင်တိုင်းပြည်ရဲ့ဘုရင်က ထွက်ခွာလို့ မရနိုင်ဘူးလို့ ပါရှိပါတယ်။ ဒါကြောင့် သူက သံတမန်အဖြစ် အစားထိုးဖို့အတွက် ချင်တိုင်းပြည်ရဲ့ဘုရင်ရဲ့ နှမတော် ချင်ယန်မင်းသမီးကို စေလွှတ်လိုက်တာပါ။" ဝေ့ရွှန်းက ပြောလိုက်လေ၏။

"ဒါပဲလား။ ကိုယ်တော်က အရေးကြီးတဲ့ ကိစ္စတစ်ခုခုများ ဖြစ်နေမလားလို့။ ချင်ယန်မင်းသမီး ရောက်လာတာကို မင်းက ဘာဖြစ်လို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။" ရှောင်မိုက မေးလိုက်ပေသည်။

"အဲဒါက..." ဝေ့ရွှန်း၏ မျက်လုံးများက ဘယ်ညာ ယိမ်းနွဲ့သွားခဲ့လေ၏။ "ချင်ယန်မင်းသမီးက ဒီတစ်ကြိမ်မှာ ပစ္စည်းတချို့ကို သူမနဲ့အတူ ယူဆောင်လာခဲ့ပါတယ်။"

"ဘာပစ္စည်းတွေလဲ။"

ဝေ့ရွှန်းက တံတွေးမြိုချလိုက်ပေသည်။ "တင်တောင်းပစ္စည်းနဲ့ ထိမ်းမြားလက်ထပ်ခြင်း စာချုပ်တစ်ခုပါ။"

"???"

ရှောင်မို အံ့အားသင့်သွားခဲ့လေ၏။

"မင်း ဘာပြောလိုက်တယ်။"

"အရှင်မင်းကြီး၊ ဒါက ချင်တိုင်းပြည်ရဲ့ဘုရင်ဆီက စာတစ်စောင်ပါ။ ချင်ယန်မင်းသမီးရဲ့ ကံကြမ္မာလက္ခဏာ ရှစ်ပါး ပါဝင်ပါတယ်။" ဝေ့ရွှန်းက သူ၏ နဖူးမှ ချွေးအေးများကို သုတ်ဖယ်လိုက်ပေသည်။

"ချင်တိုင်းပြည်ရဲ့ဘုရင်က နိုင်ငံနှစ်ခုကြားမှာ နှစ်တစ်ရာ ချစ်ကြည်ရေးကို တည်ဆောက်နိုင်ဖို့အတွက် အရှင်မင်းကြီးအနေနဲ့ ချင်ယန်မင်းသမီးကို လက်ထပ်ပေးဖို့ မျှော်လင့်နေပါတယ်။"

တစ်ချိန်တည်းမှာပင် ကျိုးမင်းဆက်၏ မြို့တော်ရှိ ရွှမ်ဝူလမ်းမကြီးပေါ်တွင် သာမန်ပြည်သူများက လမ်းတစ်ဖက်တစ်ချက်စီတွင် ရပ်နေခဲ့ကြလေ၏။

မြင်းဖြူကြီးများက နှာမှုတ်ကာ လမ်းမတစ်လျှောက် အေးအေးလူလူ လျှောက်လှမ်းလာခဲ့ကြပေသည်။

ဤမြင်းဖြူများကို နှင်းနင်းမြင်းများဟု ခေါ်ကြလေ၏။ သူတို့က ရှေးဟောင်း ဦးချိုတစ်ချောင်း နှင်းမြင်း၏ သွေးဆက်နွယ်မှုကို ပိုင်ဆိုင်ထားကြပြီး တစ်နေ့လျှင် လီတစ်သောင်းတိုင်အောင် ခရီးသွားနိုင်စွမ်း ရှိကာ တစ်ကိုယ်လုံး နှင်းကဲ့သို့ ဖြူစင်နေပြီး အလွန်တရာ မြင့်မြတ်လှသော အသွင်အပြင် ရှိသောကြောင့် မင်းဆက် အများစုက သူတို့ကို နှစ်သက်သဘောကျကြပေသည်။

သူတို့က ခေါင်းများကို ဂုဏ်ယူဝင့်ကြွားစွာ မော့ထားပြီး သူတို့၏ ခြေလှမ်းများက တည်ငြိမ်နေကာ မြို့တော်၏ သာမန်ပြည်သူများကိုပင် အနည်းငယ် အထင်အမြင်သေးသည့် အရိပ်အယောင်ဖြင့် ကြည့်ရှုနေခဲ့ကြလေ၏။

နှင်းနင်းမြင်းများပေါ်တွင် စီးနင်းလိုက်ပါလာသူများမှာ သန်စွမ်းတောင့်တင်းသော စစ်သည်တော်များ ဖြစ်ကြပြီး နှင်းကဲ့သို့ ဖြူစင်သော သံချပ်ကာများကို ဝတ်ဆင်ထားကာ ကြောက်မက်ဖွယ်ကောင်းသော ငွေရောင် တစ္ဆေမျက်နှာဖုံးများကို တပ်ဆင်ထားပြီး လှံရှည်များကို ကိုင်ဆောင်ထားကာ သူတို့၏ ခါးတွင် ဓားရှည်များကို ချိတ်ဆွဲထားပြီး ကျောဘက်တွင် လေးကြီးများကို လွယ်ထားကြပေသည်။

သူတို့၏ သံချပ်ကာများက သူတို့ကို လုံးဝ ဖုံးအုပ်ထားလေ၏။

သံမျက်နှာဖုံးများအောက်မှ ဖော်ပြနေသော တစ်ခုတည်းသော အရာမှာ သူတို့၏ မျက်လုံးများသာ ဖြစ်ပြီး အေးစက်လှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ပေသည်။

ဤမြင်ကွင်းကို စောင့်ကြည့်နေကြသော ကလေးငယ်များမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး အသံတစ်သံမျှပင် မထွက်ရဲကြချေ။

ဤသူများကား ပတ်ဝန်းကျင်ရှိ နိုင်ငံဆယ်ခုကို တံမြက်လှည်းချခဲ့သော ချင်တိုင်းပြည်၏ အစွမ်းအထက်ဆုံး အထူးတပ်ဖွဲ့ ဖြစ်သည့် နှင်းနင်းမြင်းသည်တော်တပ်ဖွဲ့ပင် ဖြစ်လေ၏။

နှင်းနင်းမြင်းသည်တော်တပ်ဖွဲ့ သုံးရာ၏ အလယ်တွင် အနီရောင် ရထားလုံးတစ်စီး ရှိနေခဲ့ပေသည်။

ရထားလုံး၏ တောက်ပလှသော အနီရောင်က နှင်းနင်းမြင်းသည်တော်တပ်ဖွဲ့ သုံးရာနှင့် နှိုင်းယှဉ်လိုက်ပါက နှင်းထဲတွင် ပွင့်လန်းနေသော ဆီးနှင်းပန်းလေး တစ်ပွင့်အလားပင်။

ရထားလုံးထဲတွင် အမျိုးသမီး နှစ်ဦး ထိုင်နေခဲ့လေ၏။

အမျိုးသမီးတစ်ဦးက အစေခံအဝတ်အစားကို ဝတ်ဆင်ထားပြီး အခြားအမျိုးသမီးက ချင်တိုင်းပြည်၏ အမြင့်ဆုံး ဓလေ့ထုံးတမ်းကို ရည်ညွှန်းသော မင်းသမီး ဝတ်စုံကို ဝတ်ဆင်ထားပေသည်။

အစေခံမလေး မင်ယွဲ့က သူမ၏ အရှင်မင်းကြီးကို ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းများက တင်းကျပ်စွာ စေ့ထားပြီး တစ်ခုခုကို ပြောချင်နေသော်လည်း တွန့်ဆုတ်နေသည့်အလား ပုံပေါက်နေခဲ့လေ၏။

ဤအခိုက်အတန့်တွင် မင်ယွဲ့၏ စိတ်ထဲ၌ တကယ်တမ်းတွင် ရှုပ်ထွေးနေခဲ့ချေပြီ။

ကျိုးမင်းဆက်နှင့် ချင်တိုင်းပြည်၏ ဘိုးဘေးများက တစ်ဦးအပေါ်တစ်ဦး သံယောဇဉ် အနည်းငယ် ရှိခဲ့ကြသည်မှာ မှန်ပေ၏။

သို့သော် အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ထိုသံယောဇဉ်ကလည်း ကြာမြင့်စွာကတည်းက မှေးမှိန်သွားခဲ့ချေပြီ။

ကျိုးဘုရင်၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာအခမ်းအနားအတွက် ချင်တိုင်းပြည်က ဂုဏ်ပြုရန် သံတမန်အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ခြင်းက လုံလောက်သော လေးစားမှုကို ပြသလိုက်ခြင်းပင် ဖြစ်လေ၏။

သို့သော် မမျှော်လင့်ဘဲ သူမ၏ ကိုယ်ပိုင် အရှင်မင်းကြီးက ဂုဏ်ပြုရန် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပေသည်။

အရှင်မင်းကြီးက ကိုယ်တိုင်ကိုယ်ကျ ရောက်လာရုံသက်သက်သာ ဆိုလျှင် ယင်းက ကိစ္စတစ်ခု ဖြစ်သော်လည်း မကြာသေးမီက အရှင်မင်းကြီးက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့လေ၏။

အရှင်မင်းကြီးက ကျိုးဘုရင်ထံသို့ စေ့စပ်ကြောင်းလမ်းခဲ့ပြီး ချင်ယန်မင်းသမီးက ကျိုးဘုရင်နှင့် လက်ထပ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပေသည်။

အခြားသူများက ချင်ယန်မင်းသမီး ဆိုသည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိနိုင်ကြသော်လည်း သူမက ဘယ်လိုလုပ်ပြီး မသိဘဲ နေမည်နည်း။

ချင်ယန်မင်းသမီး ဆိုသည်မှာ အရှင်မင်းကြီးက ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိသော အခြား အမည်ဝှက်တစ်ခု သက်သက်သာ ဖြစ်လေ၏။

တစ်နည်းဆိုရလျှင် အရှင်မင်းကြီးက သူမကိုယ်သူမ ဒီကျိုးဘုရင်နှင့် လက်ထပ်ပေးလိုက်ခြင်းပင်။

မင်ယွဲ့က ဤကိစ္စကို ပထမဆုံး သိရှိလိုက်ရသောအခါ သူမ အိပ်မက်မက်နေသလားဟုပင် သံသယဝင်ခဲ့မိပေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ အရှင်သခင်က အခြားနိုင်ငံတစ်ခု၏ အရှင်သခင်နှင့် လက်ထပ်ဖို့ ဆိုသည်မှာ ဘယ်လိုလုပ်ပြီး ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာနိုင်မည်နည်း။

ထို့အပြင် ဤကိစ္စက ကျိုးဘုရင် လက်ထပ်တော့မည့် အချိန်တွင် ဖြစ်ပျက်နေခြင်းပင်။

အရှင်မင်းကြီးက သတို့သားကို လုယူဖို့ စီစဉ်နေတာများလား။

ထို့အပြင် အရှင်မင်းကြီးနှင့် ကျိုးဘုရင်တို့ လက်ထပ်ခဲ့လျှင်တောင်မှ နောက်ပိုင်းတွင် အရှင်မင်းကြီးက ဘယ်မှာ နေထိုင်မည်နည်း။

ယခုမှစ၍ အရှင်မင်းကြီးက ချင်တိုင်းပြည်ကို ဆက်လက် ဂရုမစိုက်တော့ဘူးလို့ ဆိုလိုတာများလား။

သို့မဟုတ် အရှင်မင်းကြီးက ဒီကျိုးဘုရင်ကို ချင်တိုင်းပြည်ဆီသို့ ပြန်လည် ခေါ်ဆောင်သွားမှာလား။

အရေးကြီးဆုံး အချက်မှာ မင်ယွဲ့က ထိုကျိုးဘုရင်ကို တကယ်ပဲ အထင်အမြင်သေးနေခဲ့ခြင်းပင် ဖြစ်လေ၏။

ထိုကျိုးဘုရင်က အာဏာကို ဆုံးရှုံးထားပြီး သူ၏ ကိုယ်ပိုင် နန်းတွင်းကိုပင် မထိန်းချုပ်နိုင်ခဲ့ချေ။

ကျိုးဘုရင်က ဘေးဖယ်ခံထားရခြင်းမှာ သူ၏ အပြစ် လုံးလုံးလျားလျား မဟုတ်သည်ကတော့ မှန်ပေ၏။

သို့သော် သူက တိုက်ခိုက်ဖို့ လက်လျှော့လိုက်ပြီဖြစ်ပြီး ယခုအခါ တာအိုပညာရပ်များတွင်သာ နစ်မြုပ်နေကာ နန်းတွင်းကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ကြောင်း သူမ ကြားသိခဲ့ရပေသည်။

ဧကရာဇ်တစ်ပါး အနေဖြင့် ဤမျှလောက်အထိ မိမိကိုယ်ကို စွန့်ပစ်ထားခြင်းပင်။

ဒီလိုလူမျိုးက အရှင်မင်းကြီးနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်နိုင်မှာလဲ။

"မင်းသမီး၊ ကျွန်တော်မျိုးတို့ ချင်တိုင်းပြည် သံတမန် အိမ်တော်ကို ရောက်ပါပြီ။"

မင်ယွဲ့က အရှင်မင်းကြီးကို အကြံပေးတော့မည့် ဆဲဆဲမှာပင် ရထားလုံး၏ အပြင်ဘက်မှ နှင်းနင်းမြင်းသည်တော် စစ်သူကြီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့လေ၏။

"နားလည်ပြီ။" ချင်စီယောင်က သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပေသည်။

မင်ယွဲ့က အလျင်စလိုပင် သူမကိုယ်သူမ တည်ငြိမ်သွားအောင် ပြုလုပ်လိုက်ပြီး လိုက်ကာကို မတင်ကာ သူမ၏ အရှင်မင်းကြီးကို ရထားလုံးထဲမှ အပြင်သို့ ကူညီခေါ်ဆောင်ပေးလိုက်လေ၏။

"မင်ယွဲ့၊ မင်းကို ငါ လုပ်ခိုင်းစရာ တစ်ခု ရှိတယ်။"

သံတမန် အိမ်တော်ထဲသို့ မဝင်ခင်မှာပင် ချင်စီယောင်က သူမ၏ ဘေးရှိ ကိုယ်ပိုင် အစေခံမလေးကို ညွှန်ကြားလိုက်ပေသည်။

"မင်းသမီးက ဒီအစေခံကို ဘာများ ညွှန်ကြားချင်လို့ပါလဲ..." မင်ယွဲ့က မေးလိုက်လေ၏။

"ဝန်ကြီးယန်ရဲ့သမီး ယန်ရုရွှယ်ဆီကို ဖိတ်စာတစ်စောင် ပို့လိုက်စမ်းပါ။"

ချင်စီယောင်က သူမ၏ ခေါင်းကို လှည့်ကာ ဓလေ့ထုံးတမ်းဝန်ကြီး၏ အိမ်တော်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးယောင်လေးတစ်ခု ပေါ်ထွက်လာခဲ့လေ၏။

"ကျိုးမင်းဆက်ရဲ့ နံပါတ်တစ် ပါရမီရှင် အမျိုးသမီး ယန်ရုရွှယ်က အလွန်တရာ ပါရမီပါပြီး ရှေးခေတ်နဲ့ ခေတ်သစ် ကိစ္စရပ်တွေကို ကျွမ်းကျင်သိရှိတယ်လို့ ပြောကြတယ်။ ဒီမင်းသမီးက ဒီကျိုးမင်းဆက်ရဲ့ နံပါတ်တစ် ပါရမီရှင် အမျိုးသမီးကို သေချာလေး တွေ့ဆုံကြည့်ချင်သေးတယ်။"

အခန်း ၃၀၀ - ရုရွှယ်ကို မောင်းမလုပ်ခိုင်းပြီး ချင်ယန်မင်းသမီးကို မိဖုရားခေါင်ကြီး တင်မြှောက်ရမယ်ဆိုပါလား

လင်ရှင်းနန်းဆောင်အတွင်း၌ မယ်တော်ကြီးယန်က ထိုင်ခုံပေါ်တွင် ထိုင်နေလျက် ညာဘက်လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုတ်ကာ သူမ၏ မျက်နှာအမူအရာတွင် မရှည်နိုင်တော့သည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့လေ၏။

"လောင်လောင်၊ ငါ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်မနေစမ်းပါနဲ့။"

မယ်တော်ကြီးယန်က သူမ၏ မောင်တော်ဖြစ်သူကို စိတ်အိုက်စွာဖြင့် ပြောလိုက်ပေသည်။

"အစ်မတော်၊ ပြောပါဦး၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။"

ယန်ရှန်းအောက်က ရပ်တန့်သွားပြီး သက်ပြင်းချကာ သူ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ သူ၏ လေသံက သောကပရိဒေဝများဖြင့် ပြည့်နှက်နေခဲ့လေ၏။

"ဘာလုပ်ရမလဲ ဟုတ်လား။ ငါက ဘယ်လိုလုပ် သိမှာလဲ။ ချင်တိုင်းပြည်ရဲ့ဘုရင်က ဒီလောက် ပြဿနာတွေ အများကြီး ဖန်တီးလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။" မယ်တော်ကြီးယန်၏ လေသံကလည်း အလွန်အမင်း စိတ်ပျက်ဒေါသထွက်နေခဲ့ပေသည်။

မကြာသေးမီကပင် ယန်ရှန်းအောက်က သူ၏ အစ်မတော်ကို ရှာဖွေရန် လင်ရှင်းနန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ချင်တိုင်းပြည်ရဲ့ဘုရင်အကြောင်းကို ပြောပြခဲ့ခြင်း ဖြစ်လေ၏။

ထိုအချိန်ကျမှသာ မယ်တော်ကြီးယန်က ချင်တိုင်းပြည်ရဲ့ဘုရင်သည် ချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီးဖြစ်သော ချင်ယန်မင်းသမီးကို မဟာကျိုးဘုရင်၏ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရန်အတွက် မဟာကျိုးထံသို့ သံတမန်အဖြစ် စေလွှတ်လိုက်ကြောင်း သိရှိသွားခဲ့ရလေတော့သည်။

သို့သော် ဤကိစ္စသက်သက်သာဆိုလျှင် အဆင်ပြေပေမည်။ မယ်တော်ကြီးယန်အနေဖြင့် မည်သည့် ကန့်ကွက်မှုမျှ ရှိမည်မဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိမ့်မည် ဖြစ်လေ၏။

အဘယ်ကြောင့်ဆိုသော် အနည်းဆုံးတော့ ယင်းက လက်ရှိ ချင်တိုင်းပြည်ရဲ့ဘုရင်သည် ရှေးဟောင်း သံယောဇဉ်များကို မှတ်မိနေသေးကြောင်း ပြသနေသောကြောင့်ပင်။

ဤအရာက မဟာကျိုးအတွက် အလွန်ကောင်းမွန်သော ကိစ္စတစ်ရပ် ဖြစ်ပေသည်။

သို့သော် မမျှော်လင့်ဘဲ။

ချင်တိုင်းပြည်ရဲ့ဘုရင်က ထိုသက်တော်အကြီးဆုံးမင်းသမီးကို ရှောင်မိုနှင့် တကယ်ကြီး လက်ဆက်ပေးချင်နေခဲ့လေ၏။

ထိုအရာက အရှင်မင်းကြီးနှင့် ရုရွှယ်တို့ လက်ထပ်တော့မည့် အချိန်နှင့် ကွက်တိပင် ဖြစ်နေခဲ့ချေပြီ။

ဒါက တကယ်တော့ ဘာကို ဆိုလိုချင်တာလဲ။

ချင်တိုင်းပြည်ရဲ့ဘုရင်က တမင်ပြဿနာလာရှာတာများလား။

"အရှင်မင်းကြီး ဒီကိစ္စကို သိပြီးပြီလား။" မယ်တော်ကြီးယန်က သူမ၏ မောင်တော်ကို မေးလိုက်ပေသည်။

"သိပါပြီ။" ယန်ရှန်းအောက်က ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်လေ၏။ "ဝေ့ရွှန်းဆိုတဲ့ အဘိုးကြီးက အရှင်မင်းကြီးကို လျှောက်တင်ပြီးပြီလို့ မကြာသေးခင်ကပဲ ကျွန်တော့်ကို ပြောသွားပါတယ်။"

"ဒါဆို အခု အရှင်မင်းကြီးရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ။" မယ်တော်ကြီးယန်က မေးလိုက်ပေသည်။

ယန်ရှန်းအောက်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ရာ သူ၏ မျက်မှောင်များက ကြုတ်သွားခဲ့လေ၏။ "အရှင်မင်းကြီးက ဒီကိစ္စကို သိပြီးသွားတဲ့အခါ ဘာတုံ့ပြန်မှုမှ သိပ်မပြဘဲ ဝေ့ရွှန်းကိုတောင် ကျွန်တော်တို့ရဲ့ သဘောထားကို လာမေးခိုင်းလိုက်သေးတယ်လို့ ဝေ့ရွှန်းက ပြောပါတယ်။"

"ဟီးဟီးဟီး" မယ်တော်ကြီးယန်က မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပေသည်။ "အရှင်မင်းကြီးက တော်တော် သဘောထားကြီးတာပဲ။ သူ့ရဲ့ မင်္ဂလာပွဲဖြစ်နေတာတောင် သူနဲ့ ဘာမှမဆိုင်တဲ့အတိုင်း လုံးဝကို ကင်းကင်းရှင်းရှင်း နေနေတာပဲ။"

"အရှင်မင်းကြီးက အခု တာအိုကျင့်ကြံတဲ့နေရာမှာပဲ အာရုံစိုက်နေတော့ ဒီကိစ္စတွေကို သဘာဝကျကျပဲ ဂရုမစိုက်တာပါ။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ အရှင်မင်းကြီးကို ထိန်းချုပ်ထားနိုင်ဖို့ ကျွန်တော်တို့ကို အထောက်အကူ ဖြစ်စေတာပေါ့။"

ယန်ရှန်းအောက်က သူ၏ ပုံမှန်စရိုက်နှင့် မတူညီစွာပင် ရှောင်မိုဘက်မှ ဝင်ပြောပေးလိုက်လေ၏။

"ဟူး ချင်တိုင်းပြည်ဆီက ဝင်ရောက်စွက်ဖက်မှုသာ မရှိရင် ဒါက ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ အရှင်မင်းကြီးနဲ့ ချင်တိုင်းပြည်ရဲ့ သက်တော်အကြီးဆုံးမင်းသမီးတို့ ပူးပေါင်းကြံစည်ကြမှာကိုပဲ ငါ စိုးရိမ်နေတာ။"

မယ်တော်ကြီးယန်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး လက်တွေ့အခြေအနေကို ရင်ဆိုင်လိုက်ရသဖြင့် သူမ၏ ခံစားချက်များက တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပေသည်။

"ခြုံပြောရရင် လက်ရှိ အခြေအနေက တကယ်ကို မကောင်းပါဘူး။ ချင်တိုင်းပြည်က ဉာဏ်အလင်းပွင့်တဲ့ အုပ်စိုးရှင်တစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်နယ်ဆယ်ခုကို သိမ်းပိုက်နိုင်ခဲ့လို့ အခုဆိုရင် အင်အားကြီးနိုင်ငံ တစ်ခုလို့တောင် သတ်မှတ်လို့ ရနေပြီ။

အခု သက်တော်အကြီးဆုံးမင်းသမီးကို ငါတို့ မဟာကျိုးဆီ လက်ဆက်ပေးချင်တာက အဲဒီအုပ်စိုးရှင်အနေနဲ့ သူ့ဘိုးဘေးတွေရဲ့ သံယောဇဉ်ကို မှတ်မိနေတာကလွဲလို့ တခြား ဘာအဓိပ္ပာယ်ရှိနိုင်ဦးမလဲ ဆိုတာ ငါ စဉ်းစားလို့ကို မရဘူး။

အကယ်၍ ငါတို့က အခု ချက်ချင်းကြီး တိုက်ရိုက် ငြင်းပယ်လိုက်မယ်ဆိုရင် အဲဒါက ချင်တိုင်းပြည်ကို မလေးမစား လုပ်သလို ဖြစ်သွားလိမ့်မယ်။

ချင်တိုင်းပြည်က စစ်ရေးအရ အင်အားတောင့်တင်းတယ်။ ချင်တိုင်းပြည်ရဲ့ဘုရင်က ဒေါသတကြီးနဲ့ ငါတို့ ကျိုးနိုင်ငံကို တိုက်ခိုက်လာမယ်ဆိုရင် တော်တော်လေး ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ အခုအချိန်မှာ ဓားတစ်သောင်းဂိုဏ်းက အကြီးအကဲဟွမ်ကလည်း ငါတို့ဘက်မှာ မရှိနေဘူး။"

"ဒါဆို ငါတို့က ရုရွှယ်ကို မောင်းမလုပ်ခိုင်းပြီး ချင်ယန်မင်းသမီးကို မိဖုရားခေါင်ကြီး တင်မြှောက်ရမယ်လို့ ဆိုလိုတာများလား။" ယန်ရှန်းအောက်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း သူ့ဘာသာ ရေရွတ်လိုက်လေ၏။

"လုံးဝ မဖြစ်နိုင်ဘူး။"

မယ်တော်ကြီးယန်က စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြီး မတ်တပ်ရပ်လိုက်ရာ သူမ၏ မျက်နှာအမူအရာက ဒေါသတကြီး ဖြစ်နေခဲ့ပေသည်။

"ချင်ယန်မင်းသမီးက ချင်တိုင်းပြည်ရဲ့ သက်တော်အကြီးဆုံးမင်းသမီး ဖြစ်နေရင်ရော ဘာဖြစ်လဲ။ ငါတို့ ယန်မိသားစုရဲ့ ပါရမီရှင် အမျိုးသမီးလေးက သူမထက် နိမ့်ကျနေလို့လား။ ဒါ့အပြင် ရုရွှယ်က ရှောင်မိုနဲ့ အရင်လက်ထပ်ရမှာလေ။

ငါက ရုရွှယ်ကို နန်းတွင်းထဲ ဝင်ခိုင်းမိတဲ့အတွက်တောင် အပြစ်ရှိသလို ခံစားနေရတာ၊ အခု သူမကို မိဖုရားခေါင်ကြီး နေရာကနေပါ စွန့်လွှတ်ခိုင်းရဦးမလို့လား။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ။

အတိုချုပ်ပြောရရင် ချင်ယန်မင်းသမီးကို မိဖုရားခေါင်ကြီး တင်မြှောက်ပြီး ရုရွှယ်ကို မောင်းမလုပ်ခိုင်းဖို့ ငါ လုံးဝ သဘောမတူနိုင်ဘူး။"

ယန်ရှန်းအောက်မှာ အပြောရခက်သွားခဲ့လေ၏။

ယန်ရှန်းအောက်က စဉ်းစားနေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်မိခြင်း သက်သက်သာ ဖြစ်လေ၏။ သူ၏ မျိုးနွယ်စုမှ ပါရမီရှင် အမျိုးသမီးလေးကို မိဖုရားခေါင်ကြီး အဖြစ်မှ မောင်းမအဖြစ်သို့ ကျဆင်းသွားစေရန် သူ ဘယ်သောအခါမှ တကယ်တမ်း ရည်ရွယ်ထားခြင်း မရှိခဲ့ချေ။

သို့သော် ပြဿနာမှာ ယနေ့ ဤအကျပ်အတည်းကို သူတို့ မည်သို့ ဖြေရှင်းနိုင်မည်နည်း ဆိုသည်ပင်တည်း။

ယန်ရှန်းအောက်က အတွေးနယ်ကျွံနေစဉ်မှာပင် သူ၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားခဲ့ပေသည်။

"အစ်မတော်၊ ကျွန်တော့်မှာ နှစ်ဖက်စလုံးကို ကျေနပ်စေနိုင်မယ့် ဖြေရှင်းနည်းတစ်ခု ရှိတယ်။"

"ဟင်။" မယ်တော်ကြီးယန်၏ မျက်လုံးများက တောက်ပသွားခဲ့လေ၏။ "ပြောစမ်းပါဦး။"

ဓလေ့ထုံးတမ်းဝန်ကြီး၏ အိမ်တော်။

အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ယန်ရုရွှယ်က ခြံဝင်းအတွင်းရှိ ကျောက်တုံးထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး ကျောက်စိမ်းကဲ့သို့ သွယ်လျသော သူမ၏ လက်ချောင်းလေးများက ဖိတ်စာကို ညင်သာစွာ ကိုင်ဆောင်ထားခဲ့ပေသည်။

အမျိုးသမီး၏ ရှည်လျားသော မျက်တောင်များအောက်တွင်၊ မင်ရည်ကဲ့သို့ နက်မှောင်ပြီး ပယင်းကျောက်အလား ကြည်လင်နေသော သူမ၏ မျက်လုံးများက နွေဦးရာသီ၏ ကြည်လင်နေသော ရေကန်ပြင်အလား ညင်သာစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့လေ၏။

မင်ယွဲ့က သူမ၏ အရှေ့ရှိ အမျိုးသမီးကို ကြည့်ရင်း မသိမသာပင် အတွေးလွန်သွားခဲ့ပေသည်။

ယန်မျိုးနွယ်စုမှ ယန်ရုရွှယ်သည် ကျိုးနိုင်ငံ၏ ပါရမီအရှိဆုံး အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သူမ ကြားဖူးထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူမ၏ ရုပ်ရည်သွင်ပြင်ကပင် အလွန်တရာ ထူးချွန်ပြောင်မြောက်ကာ ကျိုးနိုင်ငံတွင် အလှပဆုံး အမျိုးသမီး ဖြစ်နေခဲ့လေ၏။

သို့သော်လည်း မင်ယွဲ့၏ ရင်ထဲတွင် ဤကဲ့သို့သော အမျိုးသမီးမျိုးကို တကယ်တမ်း အရေးတယူ မှတ်ယူထားခဲ့ခြင်း မရှိဘဲ သူမ၏ ကိုယ်ပိုင် အရှင်မင်းကြီးနှင့် နှိုင်းယှဉ်လိုက်ပါက အခြားတစ်ယောက်မှာ တောက်ပသော လမင်းကြီးကို ယှဉ်ပြိုင်နေသည့် ပိုးစုန်းကြူးလေး တစ်ကောင် သက်သက်သာ ဖြစ်သည်ဟု တွေးထင်ထားခဲ့ချေသည်။

သို့သော် မင်ယွဲ့က ယန်ရုရွှယ်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ဤမျှလောက် လှပသော အမျိုးသမီးမျိုး ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရသနည်းဟု တွေးကာ မသက်ပြင်းချဘဲ မနေနိုင်ခဲ့ချေ။

ရုပ်ရည်သွင်ပြင် သက်သက်ကိုသာ ကြည့်မည်ဆိုလျှင် သူမက အရှင်မင်းကြီးနှင့် လုံးဝကို ရင်ဘောင်တန်းနိုင်ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ပို၍ပင် ပြီးပြည့်စုံစွာ လှပသေသပ်နေခဲ့လေ၏။

သူမ၏ အရှေ့တွင် မင်ယွဲ့မှာ မနာလိုစိတ်ကိုပင် မခံစားရတော့ဘဲ အားကျရုံသာ တတ်နိုင်တော့ပေသည်။

ထို့အပြင် ယန်ရုရွှယ်ဟု အမည်ရသော ဤအမျိုးသမီးက ထူးကဲလှသော စိတ်နေသဘောထားကို ပိုင်ဆိုင်ထားခဲ့လေ၏။

သူမ ပြုလုပ်သော လှုပ်ရှားမှုတိုင်းက ကျက်သရေရှိမှုနှင့် ပြေပြစ်မှုများကို ထုတ်လွှတ်နေပြီး သူမ၏ အပြုံးတိုင်းက တည်ငြိမ်ကာ ခန့်ညားလှပေသည်။

ထိုနေရာတွင် ထိုင်နေရုံမျှဖြင့်ပင် သူမက ပညာတတ်ဆန်သော သန့်စင်မှု လေထုကို ထုတ်လွှတ်ပေးနေခဲ့ချေပြီ။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက် ယန်ရုရွှယ်က သူမ၏ လက်ထဲရှိ စာအိတ်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး မင်ယွဲ့ကို မော့ကြည့်လိုက်လေ၏။

မင်ယွဲ့၏ မျက်လုံးများက ယန်ရုရွှယ်၏ မျက်လုံးများနှင့် ဆုံတွေ့သွားပြီး သူမ၏ နှလုံးခုန်နှုန်းက မမြန်ဆန်လာဘဲ မနေနိုင်ခဲ့ချေ။

သူမ၏ မျက်လုံးများက ထိုမျှလောက် နူးညံ့သိမ်မွေ့နေပုံပေါ်သော်လည်း မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ မင်ယွဲ့က ဧကရာဇ်တစ်ပါးကဲ့သို့ ခမ်းနားကြီးကျယ်မှုကို ခံစားနေရပေသည်။

မင်ယွဲ့က အလျင်စလို ခေါင်းငုံ့လိုက်ပြီး ယန်ရုရွှယ်၏ အကြည့်ကို ရှောင်ဖယ်လိုက်ကာ သူမကို တိုက်ရိုက် မကြည့်ရဲတော့ချေ။

"ချင်ယန်မင်းသမီးက ဖိတ်ကြားထားမှတော့ ရုရွှယ်က သဘာဝကျကျ တက်ရောက်ရမှာပေါ့။"

ယန်ရုရွှယ်က အနည်းငယ် ပြုံးလိုက်လေ၏။

"ရုရွှယ်အနေနဲ့ ဒီညနေ မသေမျိုးယစ်မူးစံအိမ်ကို အချိန်မီ ရောက်လာပါ့မယ်လို့ မင်းသမီးကို ပြန်လည် လျှောက်တင်ပေးပါ။"

"ကောင်းပါပြီ... ကောင်းပါပြီ။"

မင်ယွဲ့က ရိုသေလေးစားစွာဖြင့် အရိုအသေပေးလိုက်ပြီး သူမ၏ အရှေ့ရှိ အမျိုးသမီး၏ အံ့မခန်း အလှတရားကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ဆုတ်ခွာသွားခဲ့လေတော့သည်။

မင်ယွဲ့ ထွက်သွားပြီးနောက် ရှောင်ချွန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။ "သခင်မလေး... သခင်မလေးက တကယ်ကြီး ဖိတ်ကြားချက်ကို လက်ခံလိုက်တာလား။"

"သေချာတာပေါ့။" ယန်ရုရွှယ်၏ နှုတ်ခမ်းများက ကွေးတက်သွားခဲ့ပေသည်။ "ဘာဖြစ်လို့လဲ၊ သူမက ငါ့ကို စားပစ်မှာမို့လို့လား။"

"အဲ... အဲဒီလိုတော့ မဟုတ်ပါဘူး... ဒါပေမဲ့... ဒါပေမဲ့ ချင်တိုင်းပြည်ရဲ့ဘုရင်က နိုင်ငံနှစ်ခုကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ခိုင်မာစေဖို့အတွက် ဒီသက်တော်အကြီးဆုံးမင်းသမီးကို အရှင်မင်းကြီးနဲ့ လက်ထပ်ပေးဖို့ ချင်ယန်မင်းသမီးကို ငါတို့ မဟာကျိုးဆီ စေလွှတ်လိုက်တယ်လို့ ကောလာဟလတွေ ကြားနေရလို့ပါ။"

ရှောင်ချွန်း၏ လေသံတွင် ကြောက်ရွံ့စိုးရိမ်မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေခဲ့လေ၏။

မည်သည့် အကြောင်းအရင်းကြောင့်မှန်း မသိရဘဲ ချင်ယန်မင်းသမီးနှင့် သူတို့၏ အရှင်မင်းကြီးတို့၏ ကိစ္စက မြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီဖြစ်ပြီး ယခုအခါ မြို့တော်ရှိ သာမန်ပြည်သူများ အားလုံးက ၎င်းအကြောင်းကို ဆွေးနွေးပြောဆိုနေကြချေပြီ။

ဒီလိုအချိန်မှာ ချင်ယန်မင်းသမီးက သူတို့ရဲ့ သခင်မလေးကို ဖိတ်ကြားတာက သခင်မလေးကို လွှမ်းမိုးနိုင်စွမ်း ပြသဖို့အတွက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

"အဲဒီလို ကောလာဟလတွေ ရှိနေတာလား။ ဒါ ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။"

ယန်ရုရွှယ်က ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး ရှောင်ချွန်း၏ နဖူးကို ခေါက်လိုက်ရာ သူမက မည်သည့် စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်အေးချမ်းနေပုံ ရလေ၏။

"ရထားလုံး ပြင်ထားလိုက်။ ငါလည်း ဒီချင်ယန်မင်းသမီးနဲ့ တကယ် တွေ့ဆုံကြည့်ချင်နေပြီ။"

All Chapters