← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း ၅၅ - ပျက်စီးနေသော နိယာမများကို ပြုပြင်ရန် လိုအပ်ချက်နှင့် နတ်ဘုရားမျှော်စင်မှ ပြန်လည်ထွက်ပေါ်လာခြင်း

ဟင်းလင်းပြင်ထဲတွင် ခန့်ညားထည်ဝါသော အသံမှာ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး လင်းချန်၏ နားထဲတွင် တဝဲလည်လည် ဖြစ်နေတော့သည်။

လင်းချန်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားရပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများနှင့်အတူ ဝမ်းသာအားရ ဖြစ်မှုများ ယှက်သန်းသွားခဲ့သည်။ ကောင်းကင်တာအိုက တာအိုပြည်နယ် သုံးထောင်၏ ပျက်စီးနေသော နိယာမတရားများကို ပြန်လည်ပြုပြင်နိုင်သည်ဟု ပြောလိုက်ခြင်းလော။

ဤသည်မှာ တာအိုပြည်နယ် သုံးထောင်၏ နိယာမများကိုသာ ပြုပြင်နိုင်ခဲ့လျှင် တစ်လောကလုံးသည် ရှေးဦး ခေတ်ကာလ၏ ခမ်းနားထည်ဝါသော မြင်ကွင်းများကို ပြန်လည်ပိုင်ဆိုင်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

ထိုအချိန်ကျလျှင် ရွှေခေတ်ကြီးဟူ၍ သီးသန့်ရှိတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အချိန်တိုင်းမှာ ရွှေခေတ်ဖြစ်နေတော့မည် ဖြစ်သောကြောင့်ပင်။ တာအိုပြည်နယ် သုံးထောင်၏ ကျွမ်းကျင်သူများသည်လည်း မပြည့်စုံသော နိယာမများကြောင့် မဟာဧကရာဇ်တစ်ပါး ပေါ်ထွန်းမလာနိုင်တော့သည့် အခြေအနေမျိုး မရှိတော့ဘဲ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်နယ်ပယ်တွင် သေသည်အထိ ပိတ်မိနေစရာ မလိုတော့ပေ။

မရေတွက်နိုင်သော ပါရမီရှင်များသည် မိမိတို့၏ ပါရမီကို အခြေခံ၍ မဟာဧကရာဇ်နယ်ပယ်အထိ တစ်ဆင့်ချင်း ကျင့်ကြံနိုင်ကြမည်ဖြစ်ပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ကောင်းကင်သို့ တက်လှမ်းနိုင်ကြမည် ဖြစ်သည်။ ဤကိစ္စသည် နောင်လာနောက်သား မျိုးဆက်များစွာအတွက် တာအိုပြည်နယ် သုံးထောင်၏ ကြီးမားလှသော ကောင်းချီးမင်္ဂလာတစ်ရပ် ဖြစ်ပေလိမ့်မည်။

“ဟူး...”

ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို အတင်းအကြပ် ထိန်းချုပ်ရင်း လင်းချန်က လေပူတစ်ချက် မှုတ်ထုတ်ကာ ကျယ်လောင်စွာ မေးလိုက်သည်။

“ဘယ်လိုနည်းနဲ့ ပြုပြင်လို့ ရမှာလဲ။”

တာအိုပြည်နယ် သုံးထောင်၏ ပျက်စီးနေသော ကောင်းကင်နိယာမများကို ပြုပြင်လိုခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက် ခက်ခဲလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။ သို့မဟုတ်ပါက ယခုခေတ်တိုင်အောင် မည်သူမျှ ပြုပြင်နိုင်ခဲ့ကြမည် မဟုတ်ပေ။ သို့သော် ပြုပြင်ရန် အခွင့်အရေး အနည်းငယ်မျှ ရှိနေသရွေ့ သူ ကြိုးစားကြည့်ရမည်သာ။

အဆင်ပြေသည်မှာ ဤအချက်သည် သူ၏ ယခင်အတွေးများနှင့် ထပ်တူကျနေခြင်းပင်။ သူ၏ ရှေးဟောင်းကန္တာရ လင်းမိသားစုမှ ပါရမီရှင်များနှင့် ကျွမ်းကျင်သူများ အားလုံးကို မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်အောင် သူ ကူညီပေးနိုင်ပေလိမ့်မည်။

လင်းချန်၏ အသံဆုံးသည်နှင့် ခန့်ညားထည်ဝါသော အသံမှာ တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် အဖြေပေးလိုက်သည်။

“တာအိုပြည်နယ် သုံးထောင်ရဲ့ ပျက်စီးနေတဲ့ ကောင်းကင်နိယာမတွေကို ပြုပြင်ဖို့ဆိုတာ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ မဟာဧကရာဇ်ထက် သာလွန်တဲ့ ကျွမ်းကျင်သူတွေတောင် မလုပ်နိုင်ကြဘူး။

“ဒါပေမဲ့... သင်ကတော့ လုပ်နိုင်တယ်။ ဖရိုဖရဲမိစ္ဆာနတ်ဘုရား ရုပ်ခန္ဓာနဲ့ အနှိုင်းမဲ့ နှစ်မွှာမျက်လုံး နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားတဲ့ သင်ကတော့... လုပ်နိုင်လိမ့်မယ်။”

ထိုစကားကြောင့် လင်းချန် မျက်ခုံးပင့်မိသွားကာ အံ့အားသင့်သွားခဲ့ရ၏။

အခြားသူတွေ မလုပ်နိုင်တာကို ငါက လုပ်နိုင်တယ်ပေါ့။ ငါက သာမန်လူမဟုတ်ဘဲ တကယ့်ပါရမီရှင်မှန်း သိပေမဲ့ အဲ့လောက်ကြီး ချီးမွမ်းနေရင် ငါ ရှက်မိတော့မှာပဲ။ မင်းက ကောင်းကင်တာအိုလေ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းဦးမှပေါ့။

“အဟမ်း...ကျုပ်က ဘာလို့ လုပ်နိုင်တာလဲ။”

ချောင်းတစ်ချက်ဟန့်ကာ လင်းချန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ အမှန်အတိုင်းပြောရလျှင် အကြောင်းရင်းကို သူ အလွန်ပင် စိတ်ဝင်စားမိသည်။ ထိုရုပ်ခန္ဓာနှင့် မျက်လုံးနှစ်မျိုးစလုံးတွင် မည်သည့် ထူးခြားသော အဓိပ္ပာယ်များ ရှိနေသနည်း။

“ဖရိုဖရဲမိစ္ဆာဦးနတ်ဘုရား ခန္ဓာဟာ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ လက္ခဏာရပ်တွေကို ပိုင်ဆိုင်ထားပြီး ကမ္ဘာဦးနိယာမတွေနဲ့ သန့်စင်တဲ့ ကမ္ဘာဦးစွမ်းအင်တွေကို မွေးမြူပေးနိုင်တယ်။ အဲ့ဒီနိယာမတွေနဲ့ စွမ်းအင်တွေဟာ အရာခပ်သိမ်းကို လွှမ်းခြုံထားနိုင်ပြီး တခြားနိယာမတွေနဲ့ ရုပ်ဝတ္ထုတွေကို ဆင့်ပွားဖြစ်ပေါ်စေနိုင်တယ်။

အနှိုင်းမဲ့ နှစ်မွှာမျက်ဝန်းကတော့ ကောင်းကင်နဲ့ မြေကြီးကို ဖွင့်ဟနိုင်ရုံတင်မကဘဲ အရာခပ်သိမ်းရဲ့ နိယာမစွမ်းအားတွေကို ယာယီအားဖြင့် အသွင်တူအောင် ဖန်တီးနိုင်တယ်။ အဲ့ဒါကို ဖရိုဖရဲမိစ္ဆာနတ်ဘုရား ခန္ဓာရဲ့ လက္ခဏာရပ်တွေနဲ့ ပေါင်းစပ်လိုက်ရင် မပြည့်စုံတဲ့ ကောင်းကင်နိယာမ စွမ်းအားတွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။

ဒါပေမဲ့ ဒီအရာအားလုံးအတွက် ကြိုတင်လိုအပ်ချက်ကတော့... စိန်ခေါ်သူ လင်းချန် မင်းကိုယ်တိုင် မဟာဧကရာဇ်နယ်ပယ်ကို ချိုးဖျက်ရောက်ရှိသွားရမယ်။ ပြီးတော့ ဖရိုဖရဲနိယာမတွေကို နားလည်သဘောပေါက်ရမယ်။ ဒီလိုမှမဟုတ်ရင်တော့ အားလုံးဟာ စကားအဖြစ်နဲ့ပဲ ကျန်နေလိမ့်မယ်။”

ထိုခန့်ညားထည်ဝါသော အသံမှာ အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာပြီး လင်းချန်အား အဖြေကို အသိပေးလိုက်သည်။

ကောင်းကင်တာအိုထံမှ ဤစကားများကို ကြားလိုက်ရသောအခါ လင်းချန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားမိ၏။ ဤစကားများသည် အနည်းငယ် ဝေဝါးနေပြီး အရာအားလုံးကို ရှင်းပြထားသလိုရှိသော်လည်း တစ်ဖက်တွင်လည်း ဘာမှရေရေရာရာ ပြောမသွားသကဲ့သို့ ခံစားရသည်။

ဖိရိုဖရဲမိစ္ဆာနတ်ဘုရားခန္ဓာ၊ ဖရိုဖရဲနိယာမ၊ ကမ္ဘာဦးစွမ်းအင်၊ အနှိုင်းမဲ့ နှစ်မွှာမျက်လုံး အရာခပ်သိမ်း၏ နိယာမစွမ်းအားကို အသွင်တူဖန်တီးခြင်း...။ အရေးအကြီးဆုံးအချက်မှာ သူသည် ဦးစွာပထမ မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ရောက်ရှိရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဤရွှေခေတ်ကြီးတွင် သူသည် မဟာဧကရာဇ်၏ အသီးအပွင့်နေရာကို အရယူကာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာရမည်ဖြစ်သည်။

ခဏမျှ အချိန်ယူစဉ်းစားပြီးနောက် လင်းချန်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားကာ မော့ကြည့်၍ လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ဆိုလိုတာက ကျုပ်က အရင်ဆုံး မဟာဧကရာဇ်နယ်ပယ်ကို ချိုးဖျက်ရောက်ရှိရမယ်။ ဖရိုဖရဲနိယာမတွေကို နားလည်သဘောပေါက်ရမယ်။ ပြီးတော့ အနှိုင်းမဲ့ နှစ်မွှာမျက်လုံးကို အရာခပ်သိမ်းရဲ့ နိယာမစွမ်းအားတွေကို ယာယီအသွင်တူ ဖန်တီးနိုင်တဲ့အထိ မြှင့်တင်ရမယ်ပေါ့။

အဲ့ဒီနောက် ကျုပ်ရဲ့ ဖရိုဖရဲမိစ္ဆာနတ်ဘုရား ခန္ဓာလက္ခဏာရပ်တွေကို အသုံးချပြီး ကမ္ဘာဦးစွမ်းအင်တွေ ထုတ်ဖော်မယ်။ အဲ့ဒါကို အနှိုင်းမဲ့ နှစ်မွှာမျက်လုံးရဲ့ အသွင်တူဖန်တီးနိုင်စွမ်းနဲ့ ပေါင်းစပ်ပြီး ဖရိုဖရဲနိယာမတွေကတစ်ဆင့် တာအိုပြည်နယ် သုံးထောင်ရဲ့ မပြည့်စုံတဲ့ နိယာမတွေကို ဖြည့်ဆည်းပေးရမယ်။

အဲ့ဒါတွေ အားလုံးကို ပေါင်းစပ်လိုက်ရင်... ကျုပ်ရဲ့ နိယာမတွေကို အသုံးချပြီး တာအိုပြည်နယ် သုံးထောင်ရဲ့ နိယာမတွေကို ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့ သဘောပဲ။”

သူ့စကားပင် မဆုံးသေးမီ ခန့်ညားထည်ဝါသော အသံမှာ ချက်ချင်းပင် တုံ့ပြန်လာခဲ့သည်။

“မှန်တယ်၊ အတိအကျပဲ။ ဖရိုဖရဲမိစ္ဆာနတ်ဘုရားခန္ဓာနဲ့ ကမ္ဘာဦးနိယာမတွေရဲ့ သီးခြားလက္ခဏာရပ်တွေချည်းပဲကတော့ မပြည့်စုံတဲ့ နိယာမစွမ်းအားတွေကို ဖြည့်ဆည်းပေးဖို့ အခြေအနေ မလုံလောက်ဘူး။

ပျက်စီးနေတဲ့ ကောင်းကင်နိယာမတွေကို အမှန်တကယ် ပြည့်စုံသွားစေဖို့အတွက် အနှိုင်းမဲ့ နှစ်မွှာမျက်လုံးရဲ့ အရာခပ်သိမ်းသော နိယာမတွေကို အသွင်တူဖန်တီးနိုင်တဲ့ စွမ်းအားနဲ့ ပေါင်းစပ်ဖို့ လိုအပ်တယ်။

ဒါကြောင့်လည်း အခုထက်ထိ ဘယ်သူမှ ဒါကို မအောင်မြင်နိုင်ခဲ့ကြတာပေါ့။

ဘာလို့လဲဆိုတော့ စိန်ခေါ်သူ လင်းချန်... သင်က တာအိုပြည်နယ် သုံးထောင်ရဲ့ အခုအချိန်အထိ သမိုင်းတစ်လျှောက်မှာ ဖရိုဖရဲမိစ္ဆာနတ်ဘုရားခန္ဓာနဲ့ အနှိုင်းမဲ့ နှသ်မွှာမျက်လုံး နှစ်မျိုးစလုံးကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသော တည်ရှိမှု ဖြစ်နေလို့ပဲ။”

ထိုအသံမှာ တုန်ခါနေပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်ပင် ပါဝင်နေပုံရသည်။

အမှန်စင်စစ် ကောင်းကင်တာအိုတွင် ခံစားချက်မရှိသင့်သော်လည်း ဤစကားများကြောင့် လင်းချန်၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားတော့သည်။

ဒါဆို စောစောက မင်း ငါ့ကို လှည့်စားနေတာပေါ့။

နတ်ဘုရား ပင်မမျှော်စင်ရဲ့ ထိပ်ဆုံးကို ရောက်လို့ ပြင်ပကမ္ဘာက မသိတဲ့ လျှို့ဝှက်ချက်ကို ဆုလာဘ်အဖြစ် ပေးတယ်ဆိုတာက...။

ငါသာ နတ်ဘုရားမျှော်စင်ရဲ့ ထိပ်ဆုံးကို မရောက်ခဲ့ရင်တောင် မင်းက တခြားအကြောင်းပြချက် တစ်ခုခုရှာပြီး ဒါတွေကို ငါ့ကို ပြောပြမှာပဲ မဟုတ်လား။

ဘယ်အချိန်ကစလို့ ကောင်းကင်တာအိုက ဒီလောက်အထိ လည်တတ်ပတ်တတ်သွားတာလဲ။ လူအချင်းချင်းကြားက အခြေခံအကျဆုံး ယုံကြည်မှုတွေ ဘယ်ပျောက်ကုန်ပြီလဲ။

အင်းလေ... ကောင်းကင်တာအိုက လူမှမဟုတ်တာပဲလေ... ရှူး... ဟူး...

အသက်ကို ပြင်းပြင်းရှူရင်း လင်းချန်သည် သူ၏ စိတ်ခံစားချက်အားလုံးကို ငြိမ်သက်အောင် လုပ်လိုက်၏။

ယခုအခါ တာအိုပြည်နယ် သုံးထောင်၏ မပြည့်စုံသော ကောင်းကင်နိယာမများကို မည်သို့ ပြန်လည်ပြုပြင်ရမည်ကို သိရှိသွားပြီဖြစ်ရာ သူသည် ထိုပန်းတိုင်သို့ရောက်ရန် ကြိုးစားရပေတော့မည်။

ပထမဦးဆုံးအနေနဲ့ ပန်းတိုင်အသေးစားလေး တစ်ခုအရင်ချမှတ်ရမည်။ ၎င်းမှာ မဟာဧကရာဇ်၏ အသီးအပွင့်နေရာကို အရယူပြီး မဟာဧကရာဇ် ဖြစ်လာဖို့ပင်။

သူသာ မဟာဧကရာဇ် ဖြစ်လာခဲ့လျှင် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။ တားမြစ်နယ်မြေများဆိုသည်မှာလည်း ရှိတော့မည်မဟုတ်ချေ။ အကယ်၍ ထိုအချိန်ရောက်နေတောင်မှ တစ်ယောက်ယောက်က နယ်ပယ်မချိုးဖျက်နိုင်သေးဘူးဆိုလျှင် ထိုလူကို အသုံးမကျသည့်လူအိုကြီးဟုသာ သတ်မှတ်လိုက်တော့မည်။

ထိုစဉ် ခန့်ညားထည်ဝါသော အသံမှာ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“စိန်ခေါ်သူ လင်းချန်... သင်ဟာ နတ်ဘုရား ပင်မမျှော်စင်ရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီဖြစ်လို့ ကောင်းကင်တာအိုရဲ့ ဆုလက်ဆောင် ၉၉ ခုနဲ့ မိုင်ပေါင်း ဆယ်သန်းစာ ကံတရားကောင်းချီးတွေကို စုဆောင်းရရှိပြီး ဖြစ်ပါတယ်။

အခု သင့်ကို နတ်ဘုရားမျှော်စင်ထဲကနေ အပြင်ကို ပြန်လည်ပို့ဆောင်တော့မှာ ဖြစ်ပြီး မျှော်စင်တက်ခဲ့တဲ့အတွက် ရရှိတဲ့ ဆုလာဘ်တွေကိုလည်း ခွဲဝေပေးတော့မှာ ဖြစ်ပါတယ်။

ကံကောင်းပါစေ စိန်ခေါ်သူ လင်းချန်။”

ထိုအသံပင် မဆုံးသေးမီ လင်းချန် တစ်စုံတစ်ရာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အလင်းတန်းတစ်ခု ဖြတ်ခနဲ ပေါ်လာပြီးနောက် ဟင်းလင်းပြင်ထဲတွင် မည်သူမျှ မရှိတော့ပေ။

နတ်ဘုရားမျှော်စင်၏ အပြင်ဘက်တွင်မူ...။

ပါရမီရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေကြသော လင်းရှန်ဟဲ၊ လင်းထင်ထောင်း၊ ယန်လျိုရှားနှင့် အခြားသော ကြောက်မက်ဖွယ် ပါရမီရှင် အများအပြားမှာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြ၏။

ပါရမီရှင် အားလုံး၏ အကြည့်တို့သည် ရွှေအိုရောင်အလင်းတန်းများ တောက်ပနေသည့် နတ်ဘုရားမျှော်စင်၏ တံခါးဝဆီသို့သာ စုပြုံရောက်ရှိနေကြသည်။

လင်းချန်သည် နတ်ဘုရား ပင်မမျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ...သူ အပြင်သို့ ထွက်လာမည့်အချိန် ရောက်လုနီးပြီ မဟုတ်ပါလော။

သူသည် တာအိုဘိုးဘေးအား အဆင့်တူတိုက်ပွဲ၌ အနိုင်ယူခဲ့သူဖြစ်ပြီး နတ်ဘုရားစာရင်း၏ နံပါတ်တစ် (၁) နေရာသစ်ကို ရယူထားသူ ဖြစ်သည်။ ယခုအခါ လင်းချန်ကို ရင်ဆိုင်ရာတွင် သူတို့အားလုံး၌ လုံးဝခြားနားသော စိတ်အခြေအနေမျိုး ရှိနေကြပြီး ဝေဝါးသော ကိုးကွယ်ဆည်းကပ်မှုမျိုးပင် ကိန်းအောင်းနေကြပြီ ဖြစ်သည်။

ဝုန်း

ရုတ်တရက် နတ်ဘုရားမျှော်စင်ကြီးမှာ တုန်ခါသွားပြီး ရွှေအိုရောင်အလင်းတန်းများ ဝင်းခနဲ လက်ခနဲ ဖြစ်သွားခဲ့လေသည်။

တောက်ပနေသော အလင်းတန်းများနှင့်အတူ အရပ်ရှည်ပြီး ဖြောင့်မတ်သော လူရိပ်တစ်ခုသည် နတ်ဘုရားစေတီတော်၏ တံခါးဝမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုလူရိပ်ကို မြင်လိုက်ရသည်နှင့် ပါရမီရှင်အားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ထွက်ပေါ်လာတော့၏။

လင်းချန် မျှော်စင်ထဲမှ ထွက်လာခဲ့ချေပြီ။

အခန်း ၅၆ - ကောင်းကင်တာအိုမှ အတိဒုက္ခကို ပြန်လည်ရုပ်သိမ်းခြင်း

နတ်ဘုရားမျှော်စင်၏ တံခါးဝမှ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လင်းချန်သည် အရပ်မျက်နှာအသီးသီးမှ တက်ကြွလှုပ်ရှားနေသော အကြည့်ပေါင်းများစွာကို အာရုံခံမိလိုက်၏။

မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း လင်းချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရင်းနှီးသူများရော၊ သူစိမ်းများပါ ပါဝင်သော ပါရမီရှင် ပုံရိပ်များစွာကို တွေ့လိုက်ရလေသည်။ လူသားမျိုးနွယ်မှ ပါရမီရှင်များရှိသလို မိစ္ဆာသားရဲမျိုးနွယ်မှ ပါရမီရှင်များလည်း ပါဝင်နေခဲ့သည်။

ထိုအထဲတွင် အရှိန်အဝါ အလွန်ပြင်းထန်ပြီး အဆင့်တူတိုက်ပွဲများ၌ ပြိုင်ဘက်ကင်းဟု ဆိုနိုင်လောက်သော ပုဂ္ဂိုလ်များစွာ ရှိနေကြရာ ၎င်းတို့မှာ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသူများ ဖြစ်ကြပေလိမ့်မည်။ သို့သော် သူတို့အားလုံးမှာ မျှော်စင်ထဲသို့ မဝင်ကြသေးဘဲ အပြင်မှာ ဘာကြောင့် ဒီလောက်အထိ စုဝေးနေကြတာသနည်း။

ထိုအကြောင်းကို အများကြီးမတွေးတော့ဘဲ လင်းချန်သည် ခေါင်းခါလိုက်ပြီး လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် အခြားသော ရှေးဟောင်းကန္တာရ လင်းမိသားစုမှ ပါရမီရှင်များကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ မျှော်စင်ပေါ် တက်နေစဉ်အတွင်း အပြင်၌ စောင့်ဆိုင်းနေရသည်မှာ သူတို့အတွက် ပင်ပန်းနေပေလိမ့်မည်။

လင်းရှန်ဟဲနှင့် လင်းထင်ထောင်းတို့ အပါအဝင် လင်းမိသားစု ပါရမီရှင်များမှာမူ စကားပင် မပြောနိုင်လောက်အောင် အလွန်အမင်း စိတ်လှုပ်ရှားနေကြလေသည်။ သူတို့ လင်းမိသားစုသည် တာအိုဘိုးဘေးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီ မဟုတ်ပါလော။ ၎င်းမှာ သူတို့ရှေ့တွင် ရှိနေသော လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်ပင် ဖြစ်သည်။

“နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်။”

နောက်တစ်ခဏတွင် နတ်ဘုရားစေတီတော် အပြင်ဘက်ရှိ ကြောက်မက်ဖွယ် ပါရမီရှင် အားလုံးသည် တစ်ဦးတစ်ယောက်က စေခိုင်းထားသကဲ့သို့ပင် လင်းချန်အား တညီတညွှတ်တည်း လက်ယှက်၍ ဂုဏ်ပြုလိုက်ကြ၏။

“ရှေးဟောင်းကန္တာရ လင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ နတ်ဘုရား ပင်မမျှော်စင်ရဲ့ ထိပ်ဆုံးကို ရောက်ရှိပြီး နတ်ဘုရားစာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ပါရမီရှင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။”

“နတ်ဘုရားသားတော် လင်းချန် စေတီတော်ထိပ်ဆုံးကို ရောက်ရှိတဲ့အတွက် ဂုဏ်ပြုပါတယ်...”

“ဂုဏ်ပြုပါတယ်...”

ထိုဂုဏ်ပြုသံများသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး ဖူကွမ်းမြို့တော် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့လေသည်။

ဖူကွမ်းမြို့တော်အတွင်းရှိ ကျွမ်းကျင်သူများနှင့် ကျင့်ကြံသူ အများအပြားသည် နတ်ဘုရားမျှော်စင်ဘက်မှ ထွက်ပေါ်လာသော ထိုဂုဏ်ပြုသံများကို ကြားလိုက်ရသောအခါ သူတို့၏ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြတော့လေသည်။

လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန် မျှော်စင်ထဲကနေ ထွက်လာပြီလား။

ဤပုဂ္ဂိုလ်သည် နတ်ဘုရားစာရင်း၏ နံပါတ်တစ်သစ်ဖြစ်ပြီး အဆင့်တူတိုက်ပွဲ၌ တာအိုဘိုးဘေးကိုပင် ဖိနှိပ်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။

ဖူကွမ်းမြို့တော်အတွင်းရှိ ကျွမ်းကျင်သူ အများအပြားသည် တွန့်ဆုတ်မနေတော့ဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ နတ်ဘုရားမျှော်စင်ရှိရာသို့ အပြေးအလွှား သွားကြတော့လေသည်။

ယခင်ကလည်း သူတို့သည် ပါရမီရှင်များကို လာရောက်လေ့လာခဲ့ကြဖူး၏။ သို့သော် လင်းချန်နှင့် အတိတ်၊ ပစ္စုပ္ပန် ပါရမီရှင်များ၏ တိုက်ပွဲကို ပြသနေသော အလင်းမျက်နှာပြင် ပေါ်ထွက်လာပြီးနောက်တွင် သူတို့ ပြန်သွားခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ လင်းချန်သည် မျှော်စင်မှ ထွက်လာပြီဖြစ်ကြောင်း သိလိုက်ရပြီဖြစ်ရာ နတ်ဘုရားစာရင်း၏ နံပါတ်တစ်အသစ်မှာ မည်သို့သော ခန့်ညားထည်ဝါမှုမျိုး ရှိနေသလဲဆိုသည်ကို သူတို့ သွားရောက်ကြည့်ရှုကြရမည်ပင်။ သူတို့သည် လင်းချန်ကို ယခင်က မြင်ဖူးခဲ့ကြသော်လည်း ယနေ့မှာမူ အရင်နှင့် မတူတော့ပေ။

ယခင်က လင်းချန်သည် လင်းမိသားစု၏ နတ်ဘုရားသားတော်မျှသာ ဖြစ်သော်လည်း ယခုမူ သူသည် လင်းမိသားစု၏ နတ်ဘုရားသားတော် ဖြစ်ရုံတင်မကဘဲ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးနှင့် နတ်ဘုရားစာရင်း၏ နံပါတ်တစ်လည်း ဖြစ်နေချေပြီ။

နတ်ဘုရားမျှော်စင် အပြင်ဘက်...။

နားထဲတွင် ဆူညံနေသော ဂုဏ်ပြုသံများကို ကြားလိုက်ရသောအခါ လင်းချန် မျက်ခုံးပင့်လိုက်မိ၏။

ငါက ဘယ်တုန်းက ဒီလောက်အထိ နာမည်ကြီးသွားတာလဲ။ တွေ့တွေ့ချင်းပဲ ဂုဏ်ပြုနေကြတာလား။

သူသည် ဤနေရာတွင်ရှိနေသော ပါရမီရှင် အများစုနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သည်ကို သူ သေချာမှတ်မိနေပါသည်။

“ဂျိန်း... ဝုန်း...”

လင်းချန် မည်သို့မျှ မတုံ့ပြန်ရသေးမီမှာပင် ကောင်းကင်ယံထက်မှ ပြင်းထန်သော မိုးခြိမ်းသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် ပါရမီရှင်အများအပြားသည် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော ကတ္တရာစေးကဲ့သို့ မည်းနက်နေသည့် အတိဒုက္ခတိမ်တိုက်များ ကောင်းကင်တွင် ဖုံးလွှမ်းနေသည်ကို သတိပြုမိလိုက်ကြတော့လေသည်။

မည်းနက်နေသော တိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာတွင် နက်မှောင်သော ခရမ်းရောင် လျှပ်စီးတန်းများမှာ အဆက်မပြတ် လူးလွန့်နေပြီး မိုးခြိမ်းသံများလည်း တရစပ် မြည်ဟိန်းနေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါများမှာ အတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေပြီး လူတို့၏ နှလုံးသားကို တုန်လှုပ်ချောက်ချားနေစေ၏။

မည်းနက်သော တိမ်တိုက်များကြားမှ ခရမ်းရောင်လျှပ်စီးတန်းများမှာ မိမိအား ပစ်မှတ်ထားထားသည်ကို အာရုံခံမိလိုက်သောအခါ လင်းချန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု ကောင်းကင်ဘုံအတိဒုက္ခ ရောက်ရှိလာပြီဖြစ်ပုံရသည်။ သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ချိုးဖျက်ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်ရမည် ဖြစ်သည်။ ထိုသို့ အောင်မြင်စွာ ကျော်ဖြတ်ပြီးမှသာ နယ်ပယ်ချိုးဖျက်ခြင်းသည် အမှန်တကယ် အောင်မြင်သည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

ယခင်က နတ်ဘုရားမျှော်းစင်အတွင်း ရှိနေစဉ်က ဤအတိဒုက္ခကို ယာယီအားဖြင့် ကွယ်ကာထားခဲ့ခြင်း ဖြစ်သည်။ ယခု မျှော်စင်ထဲမှ ထွက်လာခဲ့ပြီဖြစ်ရာ ဤအတိဒုက္ခကို မဖြစ်မနေ ပြန်လည်ရင်ဆိုင်ရမည်သာ။

ရွှစ်...

လင်းထင်ထောင်းသည် လင်းချန်အနားသို့ ချဉ်းကပ်လာပြီး သိလိုစိတ်ဖြင့် မေးလိုက်၏။

“နတ်ဘုရားသားတော်... ဒါက စီနီယာ ဆင့်ခေါ်လိုက်တဲ့ ကောင်းကင်ဘုံအတိဒုက္ခလား။”

ဤအတိဒုက္ခ၏ စွမ်းအားမှာ ကပ်ဘေးကိုးခုနယ်ပယ်ထက် များစွာသာလွန်နေသည်ကို သူ ခံစားနေရသည်။ ဤနေရာတွင်ရှိနေသည့် ပါရမီရှင်များထဲတွင် လင်းချန်တစ်ယောက်သာ ဤလောက်အထိ အစွမ်းထက်သည့် ဘေးဒုက္ခကို ဆင့်ခေါ်နိုင်စွမ်း ရှိပေလိမ့်မည်။ လင်းရှန်ဟဲနှင့် အခြားလင်းမိသားစု ပါရမီရှင်များလည်း အနားသို့ တိုးလာကြပြီး သူတို့၏မျက်နှာတွင်လည်း အလားတူ သိလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့တင်မကဘဲ အခြားသော ပါရမီရှင်များသည်လည်း ထိုနည်းတူပင်။ လင်းချန်သည် မျှော်စင်ထဲမှ ထွက်လာသည်နှင့် ချက်ချင်းဆိုသလို အတိဒုက္ခကို ရင်ဆိုင်ရတော့မည်လော။ ဤသည်မှာ လင်းချန်သည် မျှော်စင်အတွင်း၌ သူ၏ ခွန်အားကို တစ်ဆင့်တက်အောင် ချိုးဖျက်နိုင်ခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

ထိုသို့တွေးမိသောအခါ ပါရမီရှင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စုပ်သပ်မိလိုက်ကြလေသည်။ နတ်ဘုရားစာရင်း၏ နံပါတ်တစ်ပီပီ ခွန်အားတိုးတက်မှုနှုန်းမှာ အမှန်တကယ်ပင်... ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလှပေသည်။ သူ့ကို လိုက်မီရန် ခက်ခဲမှုမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားချေပြီ။

လင်းချန်က ပခုံးတွန့်လိုက်ပြီး ဖုံးကွယ်မထားဘဲ အသာအယာ ရယ်မောလိုက်၏။

“ဟုတ်တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်ကို ချိုးဖျက်သွားလို့ အတိဒုက္ခကို ရင်ဆိုင်ဖို့ လိုနေတယ်။”

ထိုသို့ပြောရင်း လင်းချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ဒီနေရာက ဖူကွမ်းမြို့တော်ရဲ့ မြေပြင်နဲ့ အရမ်းနီးကပ်လွန်းတယ်။ ဒီမှာ ခဏစောင့်နေကြ။ အတိဒုက္ခပြီးရင် ငါ ပြန်လာခဲ့မယ်။”

သူ့စကားပင် မဆုံးသေးမီမှာပင် သူသည် အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကောင်းကင်၏ အမြင့်ဆုံးနေရာဆီသို့ တိုက်ရိုက် ပျံတက်သွားတော့သည်။

လင်းချန်၏ စကားများနှင့် သူ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် အခြားသော လင်းမိသားစုဝင်များအပြင် ပါရမီရှင်အများအပြားမှာ မှင်တက်ကျန်ရစ်ခဲ့ကြ၏။ လင်းချန် ပြောသွားပုံမှာ အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလှသည်။

ဤသည်မှာ ရုပ်ခန္ဓာကို အထူးနှိမ်နင်းရန် ရည်ရွယ်ထားသော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၏ ခန္ဓာကိုယ်အတိဒုက္ခ ဖြစ်ပေသည်။

ဤကဲ့သို့သော အထူးအတိဒုက္ခကို ရုပ်ခန္ဓာဖြင့်သာ တုန့်ပြန်နိုင်ပြီး အခြားသော စွမ်းအားများကို အသုံးပြုပါက ဆိုးကျိုးကိုသာ ဖြစ်စေကာ အတိဒုက္ခ၏ စွမ်းအားကို ပိုမိုကြီးမားလာစေမည် ဖြစ်သည်။ အကယ်၍ သူတို့ကိုယ်တိုင် အနာဂတ်တွင် ဤနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့လျှင်ပင် ထိုအတိဒုက္ခကို အလွန်အမင်း သတိထားပြီး ရင်ဆိုင်ကြရမည် ဖြစ်သည်။

သို့သော် လင်းချန်ကတော့ တစ်မျိုးပင်။ သူသည် အတိဒုက္ခကို ရင်ဆိုင်ပြီးသည်နှင့် ချက်ချင်းပြန်လာခဲ့မည်ဟု ပေါ့ပေါ့ပါးပါးပင် ပြောသွားခဲ့၏။ ၎င်းမှာ ‘ဒီမှာ ခဏစောင့်ဦး၊ ငါ လိမ္မော်သီးသွားဝယ်ပြီးရင် ချက်ချင်းပြန်လာခဲ့မယ်’ ဟု ပြောနေသကဲ့သို့ပင်။

“ရှေးဟောင်းကန္တာရ လင်းမိသားစုမှ လင်းချန်သည် စုစုပေါင်း ကောင်းကင်တာအို၏ ဆုလက်ဆောင် ၉၉ ခုကို ရရှိထားသည်။ ယခု ထိုလက်ဆောင်များအတွက် ဆုလာဘ်များကို တစ်ပြိုင်နက်တည်း ခွဲဝေပေးတော့မည်။”

ရုတ်တရက် ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာမှ ကောင်းကင်တာအို၏ အထွတ်အထိပ် ခန့်ညားထည်ဝါလှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် လူတိုင်း၏ အာရုံကို ပြန်လည်ဖမ်းစားသွားခဲ့၏။

ကောင်းကင်ယံရှိ အတိဒုက္ခတိမ်တိုက်များနှင့် လျှပ်စီးတန်းများပင်လျှင် ခဏမျှ ငြိမ်သက်သွားပြီး သူတို့၏ ပြင်းထန်သော အရှိန်အဝါများမှာလည်း လုံးဝကွယ်ပျောက်သွားတော့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် မည်းနက်သော အတိဒုက္ခတိမ်တိုက်များသည် အလယ်မှနေ၍ အလိုအလျောက် ဘေးသို့ဖယ်ပေးလိုက်ကြပြီးနောက် ၎င်းတို့နောက်ကွယ်၌ ကြီးမားလှသော ရွှေရောင်မျက်နှာကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ထိုခန့်ညားလှသော မျက်နှာကြီးသည် ၎င်းထံမှ အနှိုင်းမဲ့အာဏာစက်နှင့် အဆုံးမဲ့စွမ်းအားတို့ကို ဖုံးကွယ်ထားခြင်းမရှိဘဲ တောက်ပလာရာ လောကတစ်ခုလုံးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။

လင်းချန်သည် မည်းနက်သော အတိဒုက္ခတိမ်တိုက်များအောက်တွင် မတ်မတ်ရပ်နေပြီး ထိုရွှေရောင်မျက်နှာကြီးကို စိုက်ကြည့်နေမိ၏။

ကောင်းကင်တာအို၏ ကိုယ်ပွားပေါ်လာရုံတင်မကဘဲ ကောင်းကင်ဘုံအတိဒုက္ခကိုပင် ခေတ္တရပ်တန့်စေခဲ့သည်။ ဤသည်မှာ သူ့ကို ဘေးဒုက္ခမရင်ဆိုင်မီ ဆုလာဘ်များကို အရင်ပေးမည်ဟု ဆိုလိုခြင်းလော။

သို့သော် တာအိုပြည်နယ် သုံးထောင်၏ အရာခပ်သိမ်းကို ထိန်းချုပ်ထားသော ကောင်းကင်တာအိုပီပီ ကောင်းကင်ဘုံအတိဒုက္ခကိုပင် ခေတ္တရပ်ဆိုင်းပစ်နိုင်ပေသည်။ ဤသည်ကို ဘယ်လိုခေါ်ရမည်နည်း...။ ကောင်းကင်တာအိုက အတိဒုက္ခတစ်ခုကို ယာယီပြန်လည်ရုပ်သိမ်းလိုက်သည်ဟု ပြောရမည်လော။

ဖူကွမ်းမြို့တော်အတွင်းရှိ ပါရမီရှင်များနှင့် နတ်ဘုရားမျှော်စင်ဆီသို့ အပြေးအလွှားလာနေကြသော ကျွမ်းကျင်သူများသည်လည်း တစ်ဦးပြီးတစ်ဦး ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်နေခဲ့ကြသည်။

ကောင်းကင်ဘုံအတိဒုက္ခက ခေတ္တရပ်တန့်သွားပြီး ကောင်းကင်တာအိုဆုလက်ဆောင် ၉၉ ခု ရောက်ရှိလာတော့မည် ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ထိုလက်ဆောင်များထဲ၌ မည်သို့သော ရတနာများ ပါဝင်လာမည်ကို လူတိုင်း သိချင်နေကြ၏။

လင်းချန်သည် ယခုတစ်ကြိမ်တွင်တော့ အကြီးအကျယ် ကံထူးတော့မည်ဟု သူတို့အားလုံး ကြိုတင်သိရှိမိနေကြသည်။

တစ်ချိန်တည်းမှာပင် တာအိုပြည်နယ် သုံးထောင်၏ နေရာအနှံ့အပြားမှ ကျွမ်းကျင်သူများစွာတို့သည် ကောင်းကင်တွင် ပေါ်ထွန်းလာသော ရွှေရောင်မျက်နှာကြီးကို မော့ကြည့်နေကြ၏။ ထိုမျက်နှာကြီးသည် ကောင်းကင်တာအို၏ ကိုယ်ပွားဖြစ်ပြီး ဖူကွမ်းမြို့တော်အထက်တွင် ပေါ်ထွက်လာခြင်း ဖြစ်သော်လည်း တာအိုပြည်နယ် သုံးထောင်၏ မည်သည့်နေရာမှမဆို မြင်တွေ့နိုင်ပေသည်။

ဖူကွမ်းမြို့တော်ရှိ ပါရမီရှင်များနှင့် ကျွမ်းကျင်သူများကဲ့သို့ပင် သူတို့သည်လည်း လင်းချန် ယခုတစ်ကြိမ်တွင် မည်သို့သော ဆုလာဘ်များ ရရှိမည်ကို အလွန်ပင် စိတ်ဝင်စားနေကြလေသည်။

ပြီးခဲ့သည့်အကြိမ် ပါရမီရှင်စာရင်းမှ ရရှိခဲ့သော ကောင်းကင်တာအို၏ ဆုလက်ဆောင်များထဲတွင် အကောင်းဆုံးမှာ မွေးရာပါ ဧကရာဇ်လက်နက်တစ်ခု ဖြစ်ပေသည်။

တိုက်ဆိုင်စွာပင် ထိုဧကရာဇ်လက်နက်ကို လင်းချန်က ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ စုစုပေါင်း ဆုလက်ဆောင် ၉၉ ခုအထိ ရှိနေရာ မည်မျှအထိ အံ့အားသင့်ဖွယ်ကောင်းသော ဆုလာဘ်များ ရရှိမည်ကို မည်သူမျှ မသိနိုင်တော့ပေ။

All Chapters