← Chapters

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အပိုင်း ၅၈၀ : ကုမ္ပဏီဝယ်ယူခြင်း

လင်းဝမ်ယိုက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ရှင်တို့ သဘောတူညီချက်ကို ချိုးဖောက်နေတာပဲ"

"မလိုတော့ဘူး။ ဒီနေ့ မလွှင့်နိုင်ဘူးဆိုရင် နောင်ဘယ်တော့မှ လွှင့်စရာ မလိုတော့ဘူး"

လင်းဝမ်ယိုက ဒေါသတကြီး ပြောလိုက်သည်။

လင်းဝမ်ယို ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းက မေးမြန်းလေသည်။

"ဘာဖြစ်လို့လဲ"

"ကျန်းကျယ်ရုပ်သံလိုင်းက အခုလေးတင် ဖုန်းဆက်လာတယ်။ ကျွန်မတို့ အစီအစဉ်ကို ထုတ်လွှင့်မှာ မဟုတ်တော့ဘူးတဲ့"

"ဘာ? ဘာဖြစ်လို့လဲ"

"ကျန်းကျယ်ရုပ်သံလိုင်းက ဒီည အများပြည်သူအကျိုးပြု ပွဲတစ်ခုကို လွှင့်ချင်လို့ ကျွန်မတို့အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ပြောတယ်"

ယဲ့ချန်း မျက်မှောင်ကြုတ်မိသည်။

ကျန်းကျယ်ရုပ်သံလိုင်းတွင် ထိုကဲ့သို့သော အစီအစဉ်များရှိနေပါက စာချုပ်ချုပ်ဆိုစဉ်က ဒီည ထုတ်လွှင့်မည်ဟု ယုံကြည်မှုရှိရှိ မပြောသင့်ပေ။

ပုံမှန်အားဖြင့် ရုပ်သံလိုင်းများသည် အစီအစဉ်ဇယားများကို ကြိုတင်ရေးဆွဲထားတတ်ကြသည်။

ထို့ကြောင့် တစ်ခုခု မှားယွင်းနေပြီး ကြီးမားသော ပြဿနာတစ်ခုဖြစ်နိုင်ကြောင်း ယဲ့ချန်း ချက်ချင်းရိပ်မိလိုက်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိတွင် "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနေသောနဂါး"ရုပ်ရှငိမှာ ရေပန်းစားနေသဖြင့် ဤရုပ်ရှင်အကြောင်း ထုတ်လွှင့်ခြင်းမှာ ကျန်းကျယ်ရုပ်သံလိုင်းအတွက် အဆင့်သတ်မှတ်ချက်များ သေချာပေါက် တက်လာစေမည်သာ။

သို့သော် ယခုမူ သူတို့ဘက်က စာချုပ်ကို ချိုးဖောက်ပစ်လိုက်​လေရာ တစ်ဖက်လူအနေနှင့် ဆယ်သန်းကျော် ဆုံးရှုံးသွားရပေမည်။

တစ်ဖက်လူက ဆယ်သန်းကျော်ကို သည်အတိုင်းလွှင့်ပစ်လိုက်ခြင်းမှာ ပရဟိတပွဲအတွက် သက်သက်ကြောင့်တော့ ဟုတ်နိုင်ပါ့မလား။

ယဲ့ချန်းကတော့ မယုံပေ။

"ဝမ်ယို.. ဘာဖြစ်တာလဲဆိုတာ စုံစမ်းကြည့်လိုက်"

ယခုအခါ လင်းဝမ်ယိုတွင်လည်း အဆက်အသွယ်တချို့ ရှိနေပြီဖြစ်၏။

လင်းဝမ်ယိုမှာ ဖုန်းဆက်ရန် ဘေးသို့ ထွက်သွားသည်။

ခန်းမထဲရှိ လေထုကား အနည်းငယ် အေးစက်နေသည်။

ဤကိစ္စက စင်စစ် ဒေါသထွက်စရာကောင်းလှသည်။

သူတို့မှာ တစ်နေ့လယ်ခင်းလုံး အစီအစဉ်ကို အသံသွင်းခဲ့ရပြီးမှ ရုတ်တရက်ကြ မထုတ်လွှင့်တော့ဘူးဟု ဆိုလာချေသည်။

ပိုက်ဆံက အဓိကမဟုတ်ပါဘဲ ဤကိစ္စအတွက် စိတ်ပျက်ဒေါသထွက်နေရခြင်းသာ။

တကယ်တော့ ဤဖြစ်ရပ်က ယဲ့ချန်းတို့ဘက်ကို သိပ်ထိခိုက်မှုမရှိလှပေ။

သူတို့ဘက်က အခကြေးငွေ ရပြီးသွားပြီဖြစ်ရာ မထုတ်လွှင့်လျှင်ပင် ပိုက်ဆံကတော့ ရထားပြီးသားပင်။

အကယ်၍ ပရဟိတအစီအစဉ်အတွက် တကယ် လမ်းဖယ်ပေးရခြင်းမျိုးဆိုလျှင် ယဲ့ချန်း ဘာမှပြောမည်မဟုတ်ပေ။

သို့သော် ဤကိစ္စတစ်ခုလုံးက ဤမျှရိုးရှင်းမည်မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထားနေကြောင်း ယဲ့ချန်း ခံစားမိသည်။

လင်းဝမ်ယိုက အမှန်တရားကို အမြန်ဆုံး စုံစမ်းခဲ့သည်။ အဆိုပါပရဟိတပွဲသည် မူလက မိုတုရုပ်သံလိုင်းတစ်ခုတည်းကသာ သီးသန့်ထုတ်လွှင့်ခွင့်ရထားခြင်းဖြစ်သော်လည်း ယခုမူ ကျန်းကျယ်ရုပ်သံလိုင်းကိုပါ ရုတ်တရက်ကြီး မူပိုင်ခွင့်ရောင်းချပေးခဲ့သဖြင့် နှစ်ဖက်စလုံးက ပူးတွဲထုတ်လွှင့်မည်ဖြစ်၏။

အရေးအကြီးဆုံးအပိုင်းမှာ တစ်စုံတစ်ယောက်က ကျန်းကျယ်ရုပ်သံလိုင်းကို ကြိုတင်ငွေပေးချေထားခြင်းပင်။

တစ်စုံတစ်ယောက်က နောက်ကွယ်မှ ညစ်ပတ်သည့်နည်းလမ်းများ သုံးနေကြောင်း သိသာနေလေပြီ။

ယဲ့ချန်း ဘာမှမစားတော့ဘဲ အိပ်ခန်းထဲပြန်ဝင်ကာ ကွန်ပျူတာကို ဖွင့်လိုက်သည်။

ယဲ့ချန်းသည် ကျန်းကျယ်ရုပ်သံလိုင်း အထွေထွေဒါရိုက်တာ၏ ဝေ့ရွှင်းအကောင့်ထဲသို့ လျင်မြန်စွာ ဟက်ခ်ဝင်လိုက်သည်။

ထို့နောက် ကိစ္စတစ်ခုလုံးကို ရှင်းလင်းသွားအောင် စုံစမ်းစစ်ဆေးလိုက်သည်။

ဤကိစ္စ၏ နောက်ကွယ်ရှိ လူမှာ ဝူကော၏ဖခင် ဝူထျန်းပင်တည်း။

သူ့သား ရိုက်နှက်ခံရပြီးနောက် ဖခင်ဖြစ်သူက ကူညီပေးရန် ရှေ့ထွက်လာခြင်းဖြစ်၏။

ယဲ့ချန်းကြောင့် ဝူကော၏ ကုမ္ပဏီမှာ ဒေဝါလီခံလိုက်ရပြီး သူကိုယ်တိုင်ပင် တရားမဝင်လုပ်ရပ်တချို့ကြောင့် ထောင်ကျသွားခဲ့ရသည်။

ဝူကော၏အဖေ ဝူထျန်းသည် ဟွားနိုင်ငံ၏ ဖျော်ဖြေရေးလောကတွင် နေရာတစ်ခုရထားသူဟု ဆိုကြသည်။

ဤတစ်ကြိမ်တွင် သူက ယဲ့ချန်းကို ပစ်မှတ်ထားလေတော့သည်။

ယဲ့ချန်းကို အကြီးအကျယ် ဒုက္ခရောက်စေရမည်ဟု ခြိမ်းခြောက်ကာ ဝူကောက ဖျော်ဖြေရေးလောကအတွင်း သတင်းဖြန့်ထားပြီးဖြစ်၏။

ရုပ်သံလိုင်း ဟုတ်လား။

ယဲ့ချန်း၏ မျက်လုံးများ အေးစက်သွားသည်။

ထို့နောက် သူသည် လင်းဝမ်ယိုကို သွားရှာပြီး ပြောလိုက်၏။

"ဝမ်ယို.. လက်ရှိ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ရေး ပလက်ဖောင်းက မောင့်ယာကွန်ရက်ပဲ။ မင်းကို ရန်ပုံငွေ တစ်ဆယ်ဘီလျံပေးမယ်။ ငါ ထိပ်တန်း ဗီဒီယိုပလက်ဖောင်းတစ်ခုကို ပိုင်ဆိုင်ချင်တယ်"

"ရှင်က ရုပ်သံလိုင်းတွေကို ဆန့်ကျင်ဖို့ အစီအစဉ်ဆွဲနေတာလား"

လင်းဝမ်ယိုကလည်း ယဲ့ချန်း၏ ရည်ရွယ်ချက်ကို နားလည်ဟန်တူသည်။

ယဲ့ချန်း ခေါင်းညိတ်လိုက်၏။

"ငါက တခြားလူတွေဆီက ထိန်းချုပ်ခံရတာကို လုံးဝမကြိုက်ဘူး။ သူတို့က သူတို့လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်လို့ ထင်နေမှတော့ သူတို့ ပျက်စီးသွားပါစေတော့လေ"

ယခင်ဘဝက အွန်လိုင်းဗီဒီယိုပလက်ဖောင်းများ ပေါ်ပေါက်လာသောကြောင့် ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့် အစားထိုးခံခဲ့ရသည်။

ယနေ့ခေတ် လူငယ်များမှာ တီဗီမှ ထုတ်လွှင့်မည့်အချိန်ကို စောင့်စရာမလိုတော့ဘဲ အွန်လိုင်းပလက်ဖောင်းများပေါ်တွင် ဇာတ်လမ်းတွဲများကို လွတ်လပ်စွာ ကြည့်ရှုနိုင်ကြသည်။

ဤကဲ့သို့ ကြီးမားလှသော အပြောင်းအလဲမှည နောက်နှစ်အနည်းငယ်ကြာမှ ပေါ်ပေါက်လာမည်ဟု မူလက ခန့်မှန်းထားခဲ့သည်။

သို့သော် ဤဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက် အခြားလူများ၏ ကြိုးကိုင်ခြယ်လှယ်မှုကို ခံနေရခြင်းထက် ပြုပြင်ပြောင်းလဲမှုကို ကိုယ်တိုင်စတင်လုပ်ဆောင်လိုက်ခြင်းက ပိုကောင်းကြောင်း ယဲ့ချန်း သဘောပေါက်သွားသည်။

ယဲ့ချန်း၏ ပထမခြေလှမ်းမှာ ဗီဒီယိုပလက်ဖောင်းတစ်ခုကို ဝယ်ယူရန်ပင်။

တကယ်တော့ ယဲ့ချန်းသည် အသေးစားဗီဒီယိုပလက်ဖောင်းတစ်ခုကို အပြည့်အဝဝယ်ယူပြီး ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်၍ ရသည်။

သို့သော် ယခုမူ ယဲ့ချန်းတွင် ထိုအတွက် အချိန်မရှိပေ။

ဤအင်တာနက်မုန်တိုင်းကို ပိုမိုမြန်ဆန်ပြီး ပိုမိုပြင်းထန်စေချင်သောကြောင့် အကောင်းဆုံးကိုသာ လိုချင်တော့သည်။

ယဲ့ချန်းအနေနှင့် ဗီဒီယိုပလက်ဖောင်းတစ်ခုကို ဝယ်ယူချင်ရသည့် အကြောင်းအရင်းမှာ သူ့တွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိသောကြောင့်ပင်။

ယခင်ဘဝက မှတ်ဉာဏ်များနှင့်ဇာတ်ညွှန်းရေးဆရာတစ်ဆူ ဖြစ်နေသောကြောင့် ယခင်ဘဝက အလွန်အောင်မြင်ခဲ့သော ဇာတ်ညွှန်းပေါင်းမြောက်မြားစွာကို သူ ရေးသားနိုင်ပေသည်။

ယခုအခါ သူ့လက်အောက်တွင် သရုပ်ဆောင် တစ်ရာကျော်ရှိနေပြီဖြစ်ရာ ထိုဇာတ်ညွှန်းများကို ထုတ်ပေးပြီး အွန်လိုင်းဇာတ်လမ်းတွဲများ စတင်ရိုက်ကူးရန် အဆင်သင့်ဖြစ်နေသည်။

အစတုန်းက ယဲ့ချန်းသည် ဤမူဘောင်ကို ပြောင်းလဲရန် အစီအစဉ်မရှိခဲ့သော်လည်း မကြာသေးခင်က အင်တာဗျူးကိစ္စမှာ သူ့ကို တကယ်ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် ဤအစီအစဉ်ကို စောစောစီးစီး စတင်လိုက်ခြင်းပင်။

နောက်တစ်နေ့တွင် အံ့ဖွယ်သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။

စတားမီဒီယာကို တရားဝင် တည်ထောင်လိုက်ခြင်းပင်။

အိုက်ယီလုပ်ငန်းစုရုံးချုပ်အစည်းအဝေးခန်းမတွင်...

ယဲ့ချန်း၊ စုဝမ်ယိနှင့် ကုမ္ပဏီအတွင်းရေးမှူးတို့က တစ်ဖက်တွင် ထိုင်နေကြပြီး အိုက်ယီလုပ်ငန်းစု၏ အမှုဆောင်အရာရှိများက အခြားတစ်ဖက်တွင် ရှိနေကြသည်။

ဤတစ်ကြိမ်တွင် ယဲ့ချန်းက အိုက်ယီလုပ်ငန်းစုကို ဝယ်ယူမည့် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာခြင်းပင်။

အိုက်ယီလုပ်ငန်းစုမှာ ဟွားနိုင်ငံ၏ နာမည်ကြီး ဗီဒီယိုပလက်ဖောင်းများထဲမှ တစ်ခုလည်းဖြစ်၏။

အစပိုင်းတွင် ကောင်းမွန်စွာ တိုးတက်လာခဲ့သော်လည်း ရုပ်သံလိုင်းများက ထုတ်လွှင့်ခွင့်များကို ပြန်လည်သိမ်းယူသွားသဖြင့် ယခုနောက်ပိုင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ယခုအခါတွင်မူ အိုက်ယီလုပ်ငန်းစုသည် အဆင့်သုံးနေရာမှ အဆင့်တစ်ဆယ်အထိ ကျဆင်းသွားခဲ့လေပြီ။

သို့သော် စွမ်းဆောင်ရည် ကျဆင်းသွားသော်ငြား အခြေခံတည်ဆောက်မှုအခြေအနေများကတော့ ရှိနေဆဲပင်။

လက်ရှိတွင် အိုက်ယီလုပ်ငန်းစုမှာ ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။

အမှတ်တံဆိပ်မှလွဲ၍ ကျန်တာသိပ်မရှိတော့ပေ။

အိုက်ယီလုပ်ငန်းစု၏ ဥက္ကဋ္ဌလီဟုန်းမှာ အသက်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး သူ့လက်အောက်တွင် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ရှိ၏။ အိုက်ယီလုပ်ငန်းစုမှာ ၎င်းတို့အနက် တစ်ခုပင်။

သူ့အဓိကလုပ်ငန်းများမှာ အိမ်ခြံမြေနှင့် ဘဏ္ဍာရေးတို့ဖြစ်ပြီး လတ်တလောနှစ်များအတွင်း ဗီဒီယိုပလက်ဖောင်းများအပေါ် ရုပ်သံလိုင်းများ၏ ဖိအားများကြောင့် ဤလုပ်ငန်းကို စွန့်လွှတ်လုနီးပါး ဖြစ်နေကြသည်။

ယခု ယဲ့ချန်းက ဤလုပ်ငန်းစုကို ဝယ်ယူချင်နေချိန်တွင် လီဟုန်းလည်း အိုက်ယီကို ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ရန် ပို၍ပင် စိတ်အားထက်သန်နေသည်။

အိုက်ယီလုပ်ငန်းစု၏ ဥက္ကဋ္ဌလီယင်းသည် လီဟုန်း၏ သမီးဖြစ်သည်။ အိုက်ယီလုပ်ငန်းစုကို လွှဲပြောင်းရယူပြီးနောက် အခြေအနေအရပ်ရပ်၏ လွှမ်းမိုးမှုကြောင့် ကုမ္ပဏီမှာ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ဒေဝါလီမခံရစေရန်အတွက် ဖခင်ဖြစ်သူ၏ အခြားလုပ်ငန်းများမှ ထောက်ပံ့မှုကိုပင် မှီခိုနေရသည်။

တကယ်တော့ အိုက်ယီလုပ်ငန်းစုကို ဝယ်ယူသူ တော်တော်များများ ချဉ်းကပ်ခဲ့သော်လည်း ဈေးနှုန်းတွင် သဘောထားကွဲလွဲမှုများ ရှိသောကြောင့် ဆွေးနွေးမှုပျက်ပြားခဲ့သည်။

လီဟုန်းသည် အတွေ့အကြုံရင့်သန်သူတစ်ဦးဖြစ်ပြီး ရိုးရှင်းလှသော သူ့ရည်ရွယ်ချက်မှာ ဈေးကောင်းကောင်းဖြင့် ရောင်းထုတ်ရန်ပင်။

ဗီဒီယိုပလက်ဖောင်းလုပ်ငန်းမှာ အနာဂတ်တွင် အောင်မြင်လာလိမ့်မည်ဟု ပင်ကိုသိစိတ်အရ အမြဲခံစားနေရသဖြင့် လီယင်းခမျာ ဤလုပ်ငန်းကို လက်လွှတ်ရန် ဝန်လေးနေပေသည်။

ထို့ကြောင့် သူ(မ)၏အကြံမှာ အများဆုံး ရှယ်ယာ၄၀ရာခိုင်နှုန်းကိုသာ လွှဲပြောင်းပေးရန်ပင်။ ဤသို့ဖြင့် ကုမ္ပဏီ၏ ထိန်းချုပ်ခွင့်က သူ(မ)၏လက်ထဲတွင် ရှိနေဦးမည်သာ။

နှစ်ဖက်စလုံး၏ ဆွေးနွေးမှုမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေချေသည်။

"ဥက္ကဋ္ဌလီ... အခု အိုက်ယီလုပ်ငန်းစုက အခြေအနေ ဆိုးဝါးနေတယ်ဆိုတာကို ကျွန်တော်တို့နှစ်ယောက်စလုံး ကောင်းကောင်းသိကြပါတယ်"

ယဲ့ချန်းက လီဟုန်းအား လေးလေးနက်နက် ပြောလိုက်သည်။

သို့သော် လီဟုန်းက မြေခွေးအိုကြီးတစ်ကောင်၏ အမူအရာဖြင့် ခပ်ဖွဖွပြုံးလိုက်၏။

"အဲ့ဒါ ဘာဖြစ်လဲ။ ဒီကုမ္ပဏီကို ရောင်းမယ်မရောင်းဘူးဆိုတာ ကျုပ် ရွေးချယ်ခွင့်ရှိတယ်လေ။ ဈေးကောင်းရရင် ရောင်းမယ်။ မရရင် ဒီတိုင်းပဲ ဆက်ထားလိုက်မယ်။ နောက်နောင် ဗီဒီယိုလုပ်ငန်းတွေ တိုးတက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ"

ယဲ့ချန်းကလည်း ခပ်ဖွဖွပြုံးလိုက်သည်။

"ကျွန်တော် သိထားသလောက်ဆိုရင် ခင်ဗျားတို့ရဲ့ လုပ်ငန်းစုက တလောတုန်းက ဖုသုန်းခရိုင်မှာ မြေတွေဝယ်နေတယ်ဆိုတော့.... အခု ခင်ဗျားတို့ ငွေအရမ်းပြတ်နေတယ်မဟုတ်လား"

ယဲ့ချန်း၏စကားကို ကြားသောအခါ လီဟုန်း အံ့သြမှင်တက်သွားသည်။

သူ့စီးပွားရေးလုပ်ငန်းအကြောင်း ယဲ့ချန်း ဤမျှအထိ သိနေလိမ့်မည်ဟု မထင်ထားပေ။

အမှန်တကယ်ပင် ထိုမြေနေရာကို သူ လေလံဆွဲရန် စီစဉ်နေသည်။ အိုက်ယီလုပ်ငန်းစုကို ရောင်းချရခြင်းကလည်း ထိုမြေနေရာကြောင့်ပင်။

"မစ္စတာယဲ့... ကျုပ် မြေဝယ်ချင်တယ်ဆိုရင်တောင် အိုက်ယီလုပ်ငန်းစုကို ဆက်ထိန်းသိမ်းထားနိုင်ပါသေးတယ်။ မြေဝယ်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အစမ်းသဘော ကြိုးစားကြည့်ရုံတင်ပါ"

တကယ်တော့ လီဟုန်းသည် အိုက်ယီလုပ်ငန်းစုအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးနေခဲ့သည်မှာ ကြာလှချေပြီ။ ယခုနောက်ပိုင်းလည်း သူ သိပ်ဝင်မပါတော့ပေ။

ထိုမြေနေရာမှာ လီဟုန်းပြောသလို အရေးမပါခြင်းမျိုး မဟုတ်ပေ။ အလွန်အရေးကြီးလှသည်။

••••••••••••••••••••••

အပိုင်း ၅၈၁ : ပြုပြင်ပြောင်းလဲခြင်း

မူဝါဒအသစ် ထွက်ပေါ်လာပြီးကတည်းက မူပိုင်ခွင့်ပြဿနာများကြောင့် အိုက်ယီလုပ်ငန်းစု၏ ဇာတ်ကားအများအပြားကို ထုတ်လွှင့်ခွင့်မရတော့ဘဲ ဝင်ရောက်ကြည့်ရှုသူအရေအတွက်ကလည်း ချောက်ကမ်းပါးမှ ထိုးကျသွားသကဲ့သို့ ရုတ်တရက် ထိုးဆင်းသွားခဲ့သည်။ ထိုအရေအတွက်ကို ဆက်လက်ထိန်းသိမ်းရန်အတွက် ရုပ်ရှင်နှင့် ရုပ်သံမူပိုင်ခွင့်များကို ဝယ်ယူရမည်ဖြစ်ရာ အနည်းဆုံး ရင်းနှီးမြှုပ်နှံငွေ ဘီလျံဆယ်ဂဏန်းလိုအပ်မည်ဖြစ်၏။ ဤမျှများပြားသော ရန်ပုံငွေကို သူ ဘယ်ကသွားရှာနိုင်မည်နည်း။

လက်ရှိတွင် အိုက်ယီလုပ်ငန်းစု၏ တစ်ခုတည်းသော အားသာချက်မှာ သူတို့၏အက်ပ်ကို ထည့်သွင်းအသုံးပြုသူ အရေအတွက်ပင်။

အောင်မြင်မှုအထွတ်အထိပ်ရောက်နေချိန်တွင် အိုက်ယီလုပ်ငန်းစုသည် ဟွားနိုင်ငံ၏ ထိပ်တန်းဗီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်ခဲ့ပြီး အက်ပ်ထည့်သွင်းမှုပမာဏမှာ ဟွားနိုင်ငံ၏ ဗီဒီယိုကဏ္ဍတွင် ထိပ်ဆုံးသုံးနေရာ၌ ပါဝင်ခဲ့သည်။

ဤသည်မှာ ယဲ့ချန်း အိုက်ယီကို သဘောကျရသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်၏။

လီဟုန်းက ဆိုလေသည်။

"ကျွန်တော်တို့ရဲ့ နောက်ဆုံးကမ်းလှမ်းချက်ကတော့ ရှယ်ယာ၄၀ရာခိုင်နှုန်းကို ရောင်းချပေးနိုင်ပါတယ်။ ၆၀ရာခိုင်နှုန်းကိုတော့ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ထားချင်ပါတယ်"

ယဲ့ချန်း ခေါင်းခါလိုက်၏။

"ဥက္ကဋ္ဌလီ.. ဒီလောက်ပိုက်ဆံတွေအများကြီးသုံးထားတာတောင် ကုမ္ပဏီထိန်းချုပ်ခွင့်က ကျွန်တော့်လက်ထဲမှာ မရှိဘူးဆိုတော့ ကျွန်တော့်ကိုများ ငတုံးများ ထင်နေတာလား"

"ကျွန်မတို့ ရှင့်ကို အရမ်းသက်သာတဲ့ဈေးနဲ့ ပေးထားပြီးသားပါ။ ဒီလိုဈေးမျိုးနဲ့ ဝယ်ယူတာ ရှင့်အတွက် သေချာပေါက် အရှုံးမရှိနိုင်ဘူးလို့ ကျွန်မတို့ ယုံကြည်ပါတယ်"

လီယင်းက နံဘေးက ဝင်ပြောလိုက်သည်။

ယဲ့ချန်းက ပြန်ပြောလိုက်၏။

"ဈေးနှုန်းက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီထိန်းချုပ်ခွင့် မရဘူးဆိုရင်တော့ ဒီကိစ္စကို ဆက်ဆွေးနွေးနေစရာ အကြောင်းမရှိတော့ဘူး"

"အိုက်ယီလုပ်ငန်းစုရဲ့ လက်ရှိအခြေအနေကို ခင်ဗျားတို့ ကောင်းကောင်းသိသင့်တယ်။ ဒီအတိုင်းဆက်သွားရင် ဒီအမှတ်တံဆိပ်က သေချာပေါက် ပျက်စီးသွားမှာ။ ကုမ္ပဏီကို ပြုပြင်ပြောင်းလဲဖို့နဲ့ ပြန်လည်အသက်ဝင်လာအောင် လုပ်ဖို့အတွက် ကျွန်တော့်မှာ ထိန်းချုပ်ခွင့်ရှိမှ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အရှုံးခံဖို့အတွက် ဒီကုမ္ပဏီကို လာဝယ်တာမှမဟုတ်တာ"

ထိုစကားကို ကြားသောအခါ လီယင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်း၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။

မင်းတို့ရဲ့ စွမ်းဆောင်ရည်က အိုက်ယီလုပ်ငန်းစုကို ပြန်လည်ဦးမော့လာစေဖို့ မလုံလောက်ဘူးဟုပင်။

လီယင်းကလည်း နိုင်ငံတကာမှ နာမည်ကြီး ဘဏ္ဍာရေးတက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့သူဖြစ်ပြီး အလွန်အရည်အချင်းရှိသည်။

အစတုန်းက သူ(မ)သည် အိုက်ယီလုပ်ငန်းစုကို လွှဲပြောင်းရယူစဉ်က ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။

သို့သော် ရန်ပုံငွေအခြေအနေများကြောင့် သူ(မ)မှာ ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။

လီဟုန်းလည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

"ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ခင်ဗျား ရှယ်ယာအားလုံးဝယ်တာကို ကျုပ် သဘောတူပါတယ်။ ဒါပေမဲ့ ဈေးကိုတော့ နှစ်ဆပေးရမယ်"

အရှုံးပေါ်နေသည့် ကုမ္ပဏီတစ်ခုအတွက် နှစ်ဆပေးရမည်ဆိုခြင်းမှာ သေချာပေါက် လောဘတက်နေခြင်းပင်။

အကယ်၍ ယခင်က အိုက်ယီသာဆိုလျှင် ထိုဈေးနှင့် တန်ကောင်းတန်နိုင်သည်။

သို့သော် ယခုမူ အိုက်ယီမှာ တန်ဖိုးကျဆင်းသွားပြီဟု ဆိုနိုင်သည်။

ဤသို့သောအခြေအနေမျိုးတွင် လီဟုန်းက ယဲ့ချန်းကို နှစ်ဆဈေးနှုန်းဖြင့်ရောင်းချရန် အဆိုပြုလာခြင်းမှာ လောဘကြီးလွန်းသည်ဟု ဆိုရပေမည်။

အခြားကုမ္ပဏီများ ဝယ်ယူရန် ကြိုးစားခဲ့သမျှ ဘာကြောင့် ကျရှုံးခဲ့ရသလဲဆိုသည်ကို ယဲ့ချန်း နောက်ဆုံးတွင် နားလည်လိုက်သည်။

မည်သူကမှ လီဟုန်းကမ်းလှမ်းသည့် ဈေးနှုန်းကို သဘောတူမည် မဟုတ်ပေ။

အရှုံးပေါ်နေသည့် ကုမ္ပဏီတစ်ခုအတွက် မည်သူကမှ နှစ်ဆပေးချင်မည်မဟုတ်ပေ။

ယဲ့ချန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက်ပြောလိုက်၏။

"ကောင်းပြီလေ။ ကျွန်တော် သဘောတူတယ်"

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယဲ့ချန်းက ဤမျှမိုက်မဲလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။

သူ့ဘေးတွင် ရပ်နေသော လင်းဝမ်ယိုလည်း မှင်တက်သွားပြီး အသာသတိပေးလိုက်သည်။

"သူဌေး.. အိုက်ယီလုပ်ငန်းစုက အဲဒီဈေးနဲ့ မတန်ဘူးနော်"

ယဲ့ချန်းကမူ ခပ်တိုးတိုးပြန်ဖြေချေသည်။

"ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်သိပါတယ်"

လီဟုန်းက ယဲ့ချန်းကို အံ့သြတကြီး ကြည့်လိုက်၏။

"ခင်ဗျား တကယ် သဘောတူတာလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ အိုက်ယီလုပ်ငန်းစုကို ဈေးနှစ်ဆပေးပြီးဝယ်ဖို့ ကျွန်တော် သဘောတူတယ်"

ယဲ့ချန်း သဘောတူလိုက်သည်ကို ကြားသောအခါ လီဟုန်း အလွန်ဝမ်းသာသွားသည်။

တကယ်တော့ လီဟုန်းအတွက်မူ အိုက်ယီလုပ်ငန်းစုမှာ ကိုင်ရခက်သည့် အာလူးပူပူကြီးတစ်လုံးနှင့် တူပေသည်။

ယခုလိုငတုံးတစ်ယောက်က နှစ်ဆဈေးပေးပြီး ဝယ်ချင်နေမှတော့ သူကလည်း ရောင်းချင်သည်သာ။

ထိုအချိန်တွင် စေ့စပ်ညှိနှိုင်းသူ အများအပြားလည်း အံ့သြမှင်တက်သွားကြသည်။

ဒီလူ ဦးနှောက်ချောင်နေတာလား။

အစတုန်းက ဤကုမ္ပဏီမှာ ဘီလျံဆယ်ဂဏန်းခန့်သာ တန်ကြေးရှိသည်။

ဈေးနှစ်ဆဆိုလျှင် နှစ်ဆယ်ဘီလျံ ဖြစ်သွားပေမည်။

နှစ်ဖက်စလုံး လက်ဆွဲနှုတ်ဆက်ကာ စာချုပ်တွင် လက်မှတ်ထိုးခဲ့ကြပြီး အဆုံးတွင်မူ ယဲ့ချန်းလည်း အိုက်ယီလုပ်ငန်းစုကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။

ယဲ့ချန်းလည်း ကုမ္ပဏီစီမံခန့်ခွဲမှုကိစ္စများကို လင်းဝမ်ယိုထံသို့ ယာယီလွှဲပြောင်းပေးခဲ့သည်။

ယဲ့ချန်းနှင့် လင်းဝမ်ယိုတို့ အိမ်သို့ ကားမောင်းပြန်လာခဲ့ကြသည်။

တံခါးဝသို့ ရောက်သောအခါ လင်းဝမ်ယိုက ပြုံးပြပြီးနောက် အကျင့်အတိုင်း ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။

"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွင် စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ နိုးကြားခြင်းလက်ဖက်ရည်ကို ရရှိပါတယ်"

ပစ္စည်းစာရင်းထဲတွင် နိုးကြားခြင်းလက်ဖက်ရည် အထုပ်တစ်ရာကို ယဲ့ချန်း တွေ့လိုက်ရသည်။

ဖော်ပြချက်ကို ကြည့်ပြီးနောက် ယဲ့ချန်း၏ မျက်လုံးများ အရောင်လက်သွားသည်။

နိုးကြားခြင်းလက်ဖက်ရည်မှာ လန်းဆန်းစေပြီး စိတ်ကြည်လင်စေသည်။ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စိတ်ကို ထက်မြက်အောင် ထိန်းထားပေးနိုင်သည်။

ဤသည်မှာ ယခုအချိန်တွင် ယဲ့ချန်း အသည်းအသန် လိုအပ်နေသော အရာပင်။

အိုက်ယီလုပ်ငန်းစုကို ဝယ်ယူပြီးနောက် ယဲ့ချန်း အလုပ်များလာခဲ့သည်။

အကြောင်းမှာ သီချင်းများနှင့် ဇာတ်ညွှန်းများ ရေးရမည် ဖြစ်သောကြောင့်ပင်တည်း။

အိုက်ယီလုပ်ငန်းစု လျင်မြန်စွာ တိုးတက်လာရန်အတွက် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်မည့် အထင်ကြီးလောက်စရာ တင်ဆက်မှုများ ရှိရပေမည်။

အနုပညာရှင်များမှာမူ ယဲ့ချန်းတွင် ချို့တဲ့မနေပေ။ သူ လိုအပ်နေသည်မှာ အနုပညာလက်ရာများသာ။

ယဲ့ချန်းရေးရန် စဉ်းစားထားသည့် ပထမဆုံး ဇာတ်ညွှန်းမှာ "အကျဉ်းချခံတော်ဝင်ကျောက်စိမ်းနှလုံးသား"ပင်။

ညနက်သည့်တိုင် ယဲ့ချန်းမှာ စာရိုက်နေဆဲပင်။

သူ့အနောက်တွင်မူ လင်းဝမ်ယိုက နွားနို့ပူပူတစ်ခွက်နှင့်အတူ အနားသို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိချေ။

"သခင်လေး ညဉ့်နက်နေပြီလေ။ စောစောအနားယူသင့်တယ်နော်"

ယဲ့ချန်းမှာမူ ခပ်ဖွဖွပြုံးပြလိုက်သည်။

"ရပါတယ်။ ကိုယ် မပင်ပန်းပါဘူး"

နိုးကြားခြင်းလက်ဖက်ရည်ကို သောက်ထားသဖြင့် မနက်နှစ်နာရီကျော်နေပြီဖြစ်သော်လည်း ယဲ့ချန်းမှာ အိပ်ချင်စိတ် နည်းနည်းမှမရှိပေ။

တကယ်တမ်းတွင် ယဲ့ချန်းမှာ ခွန်အားပြည့်ဝနေသလို ခံစားနေရသည်။

ညတွင်းချင်းပင် "အကျဉ်းချခံတော်ဝင်ကျောက်စိမ်းနှလုံးသား"၏ ဇာတ်ညွှန်းကို ယဲ့ချန်း အပြီးသတ်ရေးသားနိုင်ခဲ့သည်။

နောက်တစ်နေ့တွင် သတင်းတစ်ပုဒ်က ခေါင်းကြီးပိုင်း၌ ထပ်မံနေရာယူလိုက်သည်။

စတားမီဒီယာက အိုက်ယီလုပ်ငန်းစုကို နှစ်ဆယ်ဘီလျံဖြင့် ဝယ်ယူလိုက်ပြီး ယဲ့ချန်းမှာ အိုက်ယီလုပ်ငန်းစုကို ထိန်းချုပ်နိုင်သည့် ရှယ်ယာရှင် ဖြစ်လာခဲ့သည်။

အခြေခံအားဖြင့် "ဝပ်တွားနေသောကျား၊ ပုန်းအောင်းနဂါး"ရုပ်ရှင်ကို ရိုက်ကူးရာမှ ယဲ့ချန်းရရှိခဲ့သော ငွေများအားလုံး ဤလုပ်ငန်းထဲတွင် နစ်မြုပ်သွားခဲ့သည်။

လူအများစုက ယဲ့ချန်း၏လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေကြသည်။

ဒီလူ ရူးများရူးသွားပြီလား။

မည်သို့ပင်ဖြစ်စေ လက်ရှိတွင် အွန်လိုင်းဗီဒီယိုလောကမှာ ကျဆင်းနေသော အနေအထားပင်။

ပိုမိုသေးငယ်သော ဗီဒီယိုဝက်ဘ်ဆိုက်တချို့ဆိုလျှင် ပိတ်သိမ်းသွားခဲ့ရသည်အထိပင်။

သို့တိုင် ယဲ့ချန်းကတော့ ပိတ်သိမ်းရတော့မည့် ကုမ္ပဏီတစ်ခုကို ဝယ်ယူရန် ဈေးနှစ်ဆပေး၍ ငွေကြေးပမာဏအမြောက်အများကို အသုံးပြုခဲ့သည်။

လူအများ၏ အမြင်တွင် ဤသည်မှာ မိုက်မဲခြင်းသာ။

ဤလူက သုံးစရာနေရာမရှိလောက်အောင် ပိုက်ဆံ အရမ်းများနေလို့လား။

အိုက်ယီလုပ်ငန်းစုမှာ ဟွားနိုင်ငံတွင် နာမည်ကြီးခဲ့ဖူးသော်လည်း ၎င်း၏ ကျဆင်းမှုကို လူတိုင်း သတိထားမိကြသည်။

ဤနှစ်ထဲတွင် အိုက်ယီလုပ်ငန်းစုမှာ တစ်ဘီလျံပင် အရှုံးပေါ်ခဲ့သည်။

အိုက်ယီလုပ်ငန်းစုက လွှဲပြောင်းယူမည့်လူကို ရှာဖွေနေကြောင်း လူတိုင်း သိသည်။

အိုက်ယီလုပ်ငန်းစုကို ဝယ်ယူရန် ယဲ့ချန်းက ဈေးနှစ်ဆပေးလိုက်ခြင်းမှာ လုံးဝဦးနှောက်မရှိသည့် လုပ်ရပ်ပင်။

ယဲ့ချန်း၏ ရင်းနှီးမြှုပ်နှံမှုအပေါ် မည်သူကမှ မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ကြပေ။

သို့သော် အိုက်ယီလုပ်ငန်းစု၏ ပရိသတ်များကတော့ အရူးအမူး ဖြစ်သွားကြသည်။

မည်သို့ပင်ဆိုစေကာမူ အိုက်ယီလုပ်ငန်းစုသည် သူတို့၏ တန်ဖိုးထားရသော အချိန်ကာလများကို အတူဖြတ်သန်းပေးခဲ့သည်။

နောက်ပိုင်းတွင် ဗီဒီယိုမူပိုင်ခွင့်များကြောင့် ဗီဒီယိုမြောက်မြားစွာကို ဖြုတ်ချခဲ့ရလေရာ ပရိသတ်များ ရင်နာခဲ့ရသည်။

ယခုအခါ ပိုသြဇာကြီးမားသော ယဲ့ချန်းက အိုက်ယီလုပ်ငန်းစုကို ဈေးနှစ်ဆပေး၍ ဝယ်ယူလိုက်သဖြင့် အိုက်ယီဗီဒီယိုအတွက် မျှော်လင့်ချက်ရောင်ခြည်အသစ်များ ပေါ်လာလေသည်။

အွန်လိုင်းပေါ်ရှိ သံသယများနှင့် ပတ်သက်၍ ယဲ့ချန်းကတော့ ဘာမှတ်ချက်၊ ဘာတုံ့ပြန်မှုမှ မပေးခဲ့ပေ။

အခြားသူများက သူ့ကို ငတုံးငအဟု ခေါ်ခဲ့ကြသော်လည်း ယဲ့ချန်းကတော့ သူ အမြတ်ထွက်သည်ဟုသာ ခံစားရသည်။

တကယ်တမ်းတွင် အိုက်ယီလုပ်ငန်းစု၌ အလွန်ခိုင်မာသော အခြေခံအုတ်မြစ်၊ ကြီးမားလှသည့် ပရိသတ်အင်အားနှင့် ဒေါင်းလုတ်အရေအတွက်များရှိ၏။ ထိုအရာများမှာ ယဲ့ချန်း တန်ဖိုးအထားဆုံးအရာများပင်။

ယခု အိုက်ယီ လိုအပ်နေသည်မှာ အကြောင်းအရာများဖြစ်ပြီး ထိုအရာများကိုသာ ရရှိပါက အက်ပလီကေးရှင်းလည်း နာမည်ပြန်ကြီးလာရန် လွယ်ကူသွားပေလိမ့်မည်။

"အကျဉ်းကျခံတော်ဝင်ကျောက်စိမ်းနှလုံးသား"ဇာတ်လမ်းတွဲကို အသုံးချ၍ အိုက်ယီဆီသို့ ကြည့်ရှုသူများရောက်လာအောင် ဆွဲဆောင်ရန် ယဲ့ချန်း ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်း၏ စိတ်ထဲတွင် ဇာတ်ကားပေါင်းများစွာ ရှိသည်။

ယခင်ဘဝက အလွန်အောင်မြင်ခဲ့သည့် အွန်လိုင်းဇာတ်လမ်းတွဲများဖြစ်သော "ဟွာချန်းကု"၊ "ကျန့်ဟွမ်၏ ရာဇဝင်"နှင့် "ဂူဖောက်သူ"စီးရီးစသည့် ဇာတ်လမ်းများကို အိုက်ယီအက်ပလီကေးရှင်းပေါ်တွင် အားလုံး တင်ထားနိုင်သည်။

ယဲ့ချန်းက ပလက်ဖောင်းရရှိရန်အတွက်သာ အိုက်ယီကို ဝယ်ယူခဲ့ခြင်းဖြစ်၏။

အတိတ်တုန်းက လူငယ်များကို အရူးအမူးဖြစ်စေခဲ့သည့် ဤဇာတ်လမ်းတွဲများမှာ အိုက်ယီကို ပြန်လည်တစ်ခေတ်ဆန်းလာစေနိုင်မည်ဟု ယဲ့ချန်း ယုံကြည်မှုရှိသည်။

ဝယ်ယူပြီးနောက် ယဲ့ချန်း အိုက်ယီလုပ်ငန်းစုသို့ ရောက်လာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းဝမ်ယို၏ ပူးပေါင်းပါဝင်မှုဖြင့် ယဲ့ချန်းသည် ကုမ္ပဏီအတွင်း သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်ခဲ့သေးသည်။

အိုက်ယီလုပ်ငန်းစု အသစ်တစ်ခုသည် ယနေ့တွင် ကောင်းကင်ထက်သို့ ပျံသန်းကာ ဟွားနိုင်ငံ၏ သမိုင်းတွင် ဂန္တဝင်တစ်ရပ် ဖြစ်လာရန် အဆင်သင့်ဖြစ်နေချေပြီ။

ယနေ့ကား ရုပ်သံလိုင်းများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေတော့မည်။

••••••••••••••••••••••

အပိုင်း ၅၈၂ : အဖြစ်ဆိုးလှသော ရော်ဘင်

အိုက်ယီလုပ်ငန်းစု၏ ပြုပြင်ပြောင်းလဲမှုတွင် စီမံခန့်ခွဲမှုအဆင့်ကို ညှိနှိုင်းမှုများ ပါဝင်သည်။ လင်းဝမ်ယိုကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပြီးနောက် လုပ်ငန်းခွင် ပိုမိုတွင်ကျယ်စေရန်အတွက် အချို့ဌာနများကို လူလျှော့ချခဲ့သည်။

အိုက်ယီလုပ်ငန်းစုတွင် ဝန်ထမ်းစုစုပေါင်း ၅၁၈ဦးရှိပြီး အများစုမှာ အလုပ်မလုပ်ဘဲ အချိန်ဖြုန်းနေကြသူများသာ။

အကဲဖြတ်မှုများနှင့် အလုပ်ဖြုတ်မှုများ ပြုလုပ်ပြီးနောက် ကုမ္ပဏီတွင် ဝန်ထမ်း၃၁၈ ယောက်သာ ကျန်တော့သည်။

ထိုဝန်ထမ်းများမှာ ကုမ္ပဏီ၏ အစစ်အမှန်အရည်အချင်းရှိသော လူတော်များပင်။

ယဲ့ချန်းသည် ဝန်ထမ်းများအားလုံးအတွက် လစာဆယ်ရာခိုင်နှုန်း တိုးပေးကြောင်း ကြေညာရန် ဝန်ထမ်းအစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။

ဤဆုံးဖြတ်ချက်မှာ ယခင်က သက်ဝင်လှုပ်ရှားမှုမရှိဖြစ်နေသော ကုမ္ပဏီကို ပြန်လည်အသက်ဝင်လာစေခဲ့သည်။

ကုမ္ပဏီက လစာများ လျှော့ချနေသည်ဖြစ်ရာ သူဌေးအသစ်က ဤမျှအထိ ရက်ရက်ရောရော လစာတိုးပေးလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။

ထိုအချိန်တွင် မိုတုမြို့ရှိ ရော်ဘင်၏ ရုံးခန်းအတွင်း၌...

ရော်ဘင်၏ စားပွဲပေါ်ရှိ ပစ္စည်းများအားလုံး ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခံထားရသဖြင့် တစ်စစီ ကျိုးပဲ့ကြေမွနေသည်။

ဤတစ်ကြိမ်တွင်လည်း သူ ယဲ့ချန်း၏ လှည့်စားမှုကို ခံလိုက်ရပြန်သည်။

ဘဏ္ဍာရေးတက္ကသိုလ်မှ ဘွဲ့ရပြီးကတည်းက ရော်ဘင်သည် အဆင်ပြေချောမွေ့သော လုပ်ငန်းခွင်ဘဝကို ပိုင်ဆိုင်ခဲ့သည်။

သို့သော် ယဲ့ချန်းနှင့် စတင်ဆုံတွေ့ချိန်မှစ၍ ကံဆိုးမှုများက သူ့နောက်သို့ တောက်လျှောက် လိုက်နေတော့သည်။

ဤတစ်ကြိမ် အားလီလုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်မှုကလည်း အရှုံးကြီးရှုံးခဲ့ရသည်။

ထိုစဉ် အတွင်းရေးမှူး ဝင်လာချေသည်။

ကြမ်းပြင်ပေါ်ရှိ အရှုပ်အထွေးများကို မြင်သောအခါ အတွင်းရေးမှူးလည်း အလွန်လန့်ဖျပ်သွားသည်။

"တောက်.. ငါက ယဲ့လုတက္ကသိုလ် ဘဏ္ဍာရေးဌာနကနေ ဘွဲ့ရထားတဲ့လူ။ ဝေါစထရိက အနာဂတ်ထိပ်တန်းပညာရှင်တစ်ယောက်ကွ။ ဒီဟွားနိုင်ငံမှာ ငါ တကယ် ပိတ်မိနေတော့မှာလား။ ဟွားနိုင်ငံက ကုမ္ပဏီတွေအကုန်လုံး မင်းနဲ့ ပတ်သက်နေတယ်ဆိုတာကို ငါ မယုံနိုင်ဘူး ယဲ့ချန်း"

ရော်ဘင်ခမျာ အံတင်းတင်းကြိတ်၍ အတွင်းရေးမှူးကို ပြောလိုက်သည်။

"တတိယမြောက် ပူးပေါင်းဖို့ ရည်ရွယ်ထားတဲ့သူကို ဆက်သွယ်ပေးစမ်း"

"မစ္စတာရော်ဘင်.. ဒီတစ်ခါ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ပစ်မှတ်က ဟွားနိုင်ငံရဲ့ ရီတာ့လုပ်ငန်းစုပါ"

"ရီတာ့လုပ်ငန်းစုလား။ မဆိုးဘူးပဲ"

ရော်ဘင်တစ်ယောက် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"ဒီတစ်ခါ ကျွန်တော်တို့နဲ့ လာဆွေးနွေးမယ့်လူက ဝမ်ရှောင်ခုန်းပါ။ သူဌေးတို့က အမ်နိုင်ငံမှာတုန်းက ကျောင်းနေဖက်တွေလေ"

"ဟားဟား... ရှောင်ခုန်းလား။ ငါတို့က အချင်းချင်းရင်းနှီးပြီးသား"

ရော်ဘင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ယဲ့ချန်း.. ဟွားနိုင်ငံမှာ မင်းတစ်ယောက်တည်း ကြီးစိုးထားနိုင်တယ်ဆိုတာကို ငါ လုံးဝလက်မခံနိုင်ဘူး"

ရော်ဘင်ဦးဆောင်သော တာ့မိုင်လုပ်ငန်းစု၏ အထက်တန်းလွှာများမှာ ရီတာ့၏ ရှန်ဟိုင်းဌာနချုပ်သို့ ရောက်လာခဲ့ကြသည်။

ရီတာ့လုပ်ငန်းစုတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရှိ၏။ သူသည် ဝမ်ရှောင်ခုန်းနှင့် အတူထမင်းစားဖူးသည့်အတွက် အသိအကျွမ်းများဟု သတ်မှတ်နိုင်သည်။

ဤတစ်ကြိမ်တွင် ရော်ဘင်သည် ကြိုတင်ပြင်ဆင်မှုများကို သေချာပြုလုပ်ထားခဲ့သည်။

ယခင်က အကြိမ်ကြိမ်ကျရှုံးခဲ့ပြီးနောက် ရော်ဘင်လည်း ဟန်ရေးမပြဝံ့တော့ဘဲ အောက်ကျို့၍သာ နေချေသည်။

ရီတာ့လုပ်ငန်းစု၏ အစည်းအဝေးခန်းထဲသို့ ရောက်သောအခါ ရော်ဘင်တစ်ယောက် စိတ်အားထက်သန်နေသော မျက်နှာနှင့် ဝမ်ရှောင်ခုန်းကို မြင်လိုက်ရသည်။

"မစ္စတာဝမ်.. မတွေ့ရတာကြာပြီနော်။ ထပ်တွေ့ဖို့ အခွင့်အရေးရလိမ့်မယ်လို့လည်း မထင်ထားဘူး"

ဝမ်ရှောင်ခုန်း အံ့သြသွားလေသည်။ တစ်ဖက်လူကို ကြည့်လိုက်လေရာ တကယ်ပင် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

သူ့အဖေက စီးပွားရေးကိစ္စဖြင့် နိုင်ငံခြားသို့ ရောက်နေသောကြောင့် ဤတစ်ကြိမ်တွင် ဝမ်ရှောင်ခုန်းက သူ့အဖေကိုယ်စား စီးပွားရေးကိစ္စ လာရောက်ဆွေးနွေးခြင်းပင်။

ဤသည်မှာ သူ့အဖေဆီက သူ့အတွက် လေ့ကျင့်မှုတစ်ခုလည်း ဖြစ်၏။

နှစ်ဖက်စလုံး အလွန်ချောမွေ့စွာ ဆွေးနွေးနိုင်ခဲ့ကြသည်။

ရော်ဘင်က ဤလက်တွဲမှုကို အလွန်အမင်း အောင်မြင်ချင်နေပေသည်။

သို့မှသာ သူ ဌာနချုပ်ကို ပြန်လည်အစီရင်ခံနိုင်မည်ဖြစ်၏။

ဝမ်ရှောင်ခုန်းကလည်း သူ့အဖေကို သူ့ကိုယ်သူ သက်သေပြရန်အတွက် ဤသဘောတူညီမှုကို အပြီးသတ်ချင်နေပေသည်။

နှစ်ဖက်စလုံး အလွန်သာယာချောမွေ့စွာ စကားစမြည် ပြောဆိုခဲ့ကြသည်။

ခဏအကြာမှာပင် သူတို့ သဘောတူညီမှုတစ်ခု ရသွားခဲ့ကြသည်။

ဝမ်ရှောင်ခုန်းက အချိန်တစ်ချက်ကြည့်လိုက်သည်။

"မစ္စတာရော်ဘင်... ထမင်းစားချိန်ရောက်ပြီဆိုတော့ အရင်ထမင်းစားရအောင်။ ပြီးမှ သဘောတူစာချုပ်မှာ လက်မှတ်ထိုးကြတာပေါ့"

ထို့နောက် သူတို့နှစ်ယောက်သား စားသောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်။

ရော်ဘင်၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည်။

ရီတာ့လုပ်ငန်းစုနှင့်သာ လက်မှတ်ရေးထိုးနိုင်လျှင် ယခင်က အရှုံးများရှိခဲ့လျှင်ပင် ပြဿနာမရှိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ရီတာ့လုပ်ငန်းစုသည်လည်း ဟွားနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီတစ်ခုပင်။

အစားစားနေစဉ် ရော်ဘင်မှာ ကြွားဝါချင်စိတ်ကို မထိန်းနိုင်တော့ပေ။

ရော်ဘင်က ဝမ်ရှောင်ခုန်းကို ကြွားဝါလေတော့သည်။

"မစ္စတာဝမ် သိလား.. ဒီတစ်ခေါက် ကျွန်တော် ဟွားနိုင်ငံကိုလာတော့ အရမ်းယုတ်မာတဲ့ ရန်သူတစ်ယောက်နဲ့ ဆုံခဲ့ရတယ်"

ထိုစကားကိုကြားသောအခါ ဝမ်ရှောင်ခုန်းလည်း စိတ်ဝင်စားသွားသည်။

"တစ်ဖက်လူက ဘယ်သူလဲ"

ရော်ဘင်၏ မျက်နှာထက်တွင် မိမိကိုယ်ကို အထင်ကြီးနေဟန် အရိပ်အယောင်များ ပေါ်လာသည်။

"အဲဒီကောင်နာမည်က ယဲ့ချန်းတဲ့။ သူက ဘယ်လောက်ယုတ်မာပြီး ကောက်ကျစ်လဲဆိုတာ ခင်ဗျားသိလား။ ကျွန်တော်က ထက်မြက်နေလို့ တော်သေးတာပေါ့။ မဟုတ်ရင် သူ့လှည့်ကွက်တွေကို တစ်ခါပြီးတစ်ခါ ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်ပါ့မလဲ"

ဝမ်ရှောင်ခုန်းခမျာ ဝိုင်တစ်ငုံသောက်လိုက်ရုံရှိသေး။ ဖွီးခနဲ ပြန်ထွေးထုတ်လိုက်မိသည်။

"ဘာ.. ယဲ့ချန်း ဟုတ်လား"

ဝမ်ရှောင်ခုန်း၏ အမူအရာကို မြင်လိုက်ရသောအခါ ရော်ဘင်လည်း သူ့ကြွားဝါမှု အောင်မြင်သွားပြီဟု ထင်မှတ်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုချေသည်။

"ဟုတ်တယ်။ အဲဒီကောင်ပဲ။ သူက ဟွားနိုင်ငံမှာ သူရှိနေရင် ဘယ်သူမှ ကျွန်တော်နဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့ ထင်နေတာ။ အခု ကျွန်တော် ပူးပေါင်းမယ့်လူကို ရှာတွေ့ပြီ မဟုတ်လား"

ထိုအချိန်တွင် ဝမ်ရှောင်ခုန်း၏ မျက်နှာအမူအရာကား ချက်ချင်း အေးစက်သွားပြီး အပြုံးများလည်း ပျောက်ကွယ်သွားသည်။

"ဒါဆို ခင်ဗျားပြောနေတဲ့ ရန်သူဆိုတာက ယဲ့ချန်းပေါ့လေ"

ဝမ်ရှောင်ခုန်း၏ အမူအရာကိုမြင်ပြီး ရော်ဘင်လည်း ခဏမျှ ကြောင်အမ်းသွားသည်။

"ခင်ဗျားလည်း သူ့ကို သိတာလား"

ဝမ်ရှောင်ခုန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"သေချာပေါက် သိတာပေါ့။ သူက ကျွန်တော့်ဦးလေးလေ။ ပြီးတော့ ကျွန်တော်တို့ ရီတာ့ရဲ့ အဓိကရှယ်ယာရှင်တစ်ယောက်ဆိုလည်း ဟုတ်တယ်"

ဝမ်ရှောင်ခုန်း၏ စကားကို ကြားလိုက်ရချိန်ဝယ် ရော်ဘင် သတိလစ်မတတ်ဖြစ်သွားသည်။

သေစမ်း... ယဲ့ချန်းဆိုတဲ့ကောင်က ဘယ်လိုကောင်မို့လို့ နေရာတိုင်းမှာ ရှိနေရတာလဲ။

ဝမ်ရှောင်ခုန်းက ခပ်ပြတ်ပြတ် နှာခေါင်းရှုံ့လိုက်၏။

"ကျွန်တော်တို့ရဲ့ ပူးပေါင်းမှု ပျက်စီးသွားပြီ။ ဦးလေးယဲ့ရဲ့ရန်သူနဲ့ ကျွန်တော် စီးပွားရေးလုပ်မှာ မဟုတ်ဘူး။ သွားလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် ဝမ်ရှောင်ခုန်းသည် ကျောခိုင်း၍ ရီတာ့မှ အကြီးတန်းအမှုဆောင်များနှင့်အတူ ပြန်သွားချေသည်။

လူစည်ကားနေသော စားသောက်ဆိုင်မှာ ရုတ်တရက် ခြောက်ကပ်သွားသည်။

ရော်ဘင်မှာမူ ရူးတော့မတတ်ပင်။

ယဲ့ချန်း.. ယဲ့ချန်း.. ယဲ့ချန်း

နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ။

ထိုအချိန်တွင် ရော်ဘင်သည် နှလုံးထဲမှ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီးနောက် ကြမ်းပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားတော့သည်။

သူ့အတွင်းရေးမှူးနှင့် လက်အောက်ငယ်သားများက လူနာတင်ယာဉ်ကို ချက်ချင်း ဖုန်းခေါ်လိုက်ကြသည်။

တာ့မိုင်လုပ်ငန်းစု ဌာနချုပ်တွင်...

ဒါရိုက်တာအဖွဲ့ အစည်းအဝေးကို ကျင်းပနေပေသည်။

ရော်ဘင်ကို ဆေးရုံလူနာဝတ်စုံနှင့် မြင်လိုက်ရသောအခါ လူတိုင်း အံ့သြသွားကြသည်။

ဒီလူ ထွက်သွားတုန်းကတော့ တက်ကြွနေခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ရက်ပိုင်းအတွင်း ဖျားနာသွားရတာလဲ။

သူ အလုပ်တွေအရမ်းလုပ်လွန်းလို့ ပင်ပန်းပြီး ဖျားသွားတာများလား။

ဥက္ကဋ္ဌကြီးက ရော်ဘင်ကို ရွံရှာစက်ဆုပ်နေဟန် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ရော်ဘင်.. မင်း နေမကောင်းဖြစ်နေမှတော့ ဒီဗီဒီယိုအစည်းအဝေးကို တက်စရာမလိုတော့ဘူး"

"ကျွန်တော် အဆင်ပြေပါတယ်"

ရော်ဘင်က အနေခက်စွာ ပြုံး၍ ပြောလိုက်သည်။

"မင်းက အဆင်ပြေပေမဲ့ ငါက အဆင်မပြေဘူးကွ။ မင်း ဟွားနိုင်ငံထဲမှာ လုပ်ခဲ့တာတွေ အကုန်လုံးကို ငါသိတယ်။ မင်းကြောင့် ကုမ္ပဏီက ဘီလျံပေါင်းများစွာ အရှုံးပေါ်သွားပြီ။ ငါတို့တာ့မိုင်လုပ်ငန်းစုရဲ့ နာမည်ဂုဏ်သတင်းက ဟွားနိုင်ငံမှာ ငါးအပုပ်ထက်တောင် ပိုဆိုးသွားပြီကွ။ ရော်ဘင်.. ဒါတွေအားလုံးက မင်းရဲ့ ကြီးမြတ်လှတဲ့ လုပ်ရပ်တွေကြောင့်ပဲ"

ရော်ဘင် : "......"

"မင်းက ဟွားနိုင်ငံသားတွေကို လူရှေ့သူရှေ့မှာတင် ဆဲဆိုခဲ့လို့ ငါတို့တာ့မိုင်လုပ်ငန်းစုရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေခဲ့တယ်။ ပြီးတော့ မင်း ဟွားနိုင်ငံကို ရောက်ရောက်ချင်းမှာပဲ ဘီလျံနဲ့ချီပြီး အရှုံးပေါ်ခဲ့တယ်။ ရော်ဘင်.. အခုချက်ချင်း မင်းကို အလုပ်ဖြုတ်လိုက်ပြီလို့ ငါ တရားဝင်ကြေညာတယ်"

"ကျွန်တော် အလုပ်ဖြုတ်ခံရတာလား"

ဥက္ကဋ္ဌ၏ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ ရော်ဘင်၏မျက်နှာကား ချက်ချင်း ဖြူရော်သွားတော့သည်။

ဤဥက္ကဋ္ဌနေရာကို ရဖို့အတွက် သူ ဘယ်လောက် ကြိုးစားခဲ့ရသလဲဆိုသည်ကို သူသာ အသိဆုံးပင်။

ဟွားနိုင်ငံသို့ မလာခင်က သူ့ဘဝသည် အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်နေပြီဟု ရော်ဘင် ထင်မှတ်ခဲ့သည်။

သို့သော် ဤဟွားနိုင်ငံခရီးစဉ်က သူ့အတွက် ချောက်ကမ်းပါးတစ်ခု ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

သူ ဆိုးဆိုးဝါးဝါးပြုတ်ကျရလိမ့်မည်ဟုတော့ ပို၍ပင် မမျှော်လင့်ထားချေ။

ဤအရာအားလုံး ယဲ့ချန်းကြောင့်သာ။

ထိုစဉ် အပြင်ဘက်မှ လူတစ်စု ဝင်ရောက်လာသည်။

ဦးဆောင်လာသူမှာ သူ အလွန်ရင်းနှီးနေသူပင်။ ထိုလူမှာ ယဲ့ချန်းကလွဲ၍ အခြားသူမဟုတ်ပေ။

"ဆေးရုံအုပ်ယဲ့.. ဒီလူနာက အစတုန်းက အခန်းမရဘူး။ ဒါပေမဲ့ သူက ဗီအိုင်ပီအခန်းမှာပဲ နေမယ်လို့ ဇွတ်တောင်းဆိုနေလို့ သူ့ကို ဗီအိုင်ပီအခန်းခရဲ့ဆယ်ဆ ကောက်ခံထားပါတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ရော်ဘင်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားတော့သည်။

ဥက္ကဋ္ဌတစ်ယောက်အနေနှင့် သူသည် ကုမ္ပဏီမှ ငွေပြန်တောင်းနိုင်သော်လည်း ယခုအခါတွင်မူ သူသည် ဘာရာထူးမှ မရှိတော့သဖြင့် ဆေးဖိုးဝါးခများကိုပင် သူကိုယ်တိုင် ပေးချေရတော့မည်ဖြစ်၏။

"ကျွန်တော် ဆေးရုံဆင်းချင်တယ်။ ဒီမှာဆက်နေဖို့ မတတ်နိုင်ဘူး"

ချက်ချင်းဆိုသလိုပင် စောင့်ကြည့်ရေးစက်ကိရိယာများမှ အချက်ပေးသံများ မြည်လာတော့သည်။

ထိုအချိန်တွင် ဆရာဝန်များနှင့် သူနာပြုများ အပြေးအလွှားဝင်လာကြပြီး ရော်ဘင်ကို ခွဲစိတ်ခန်းထဲသို့ တွန်းသွင်းသွားကြသည်။

ဗီဒီယိုလိုင်း ပြတ်တောက်သွားပြီးနောက် ဥက္ကဋ္ဌကြီးက ဒေါသတကြီး ပြောလိုက်သည်။

"ခံရတာ နည်းတောင်နည်းသေးတယ်။ သူ ဟွားနိုင်ငံမှာ ရက်နည်းနည်းလေးနေရုံနဲ့ ငါ့ပိုက်ဆံတွေအများကြီး အရှုံးပေါ်ခဲ့ရတာ"

ဟွားနိုင်ငံတွင် ရော်ဘင်လုပ်ခဲ့သမျှ လုပ်ရပ်များကို သိသွားသောအခါ သူတို့အားလုံး အံ့သြမှင်တက်သွားကြသည်။

ရော်ဘင်က ဦးနှောက်မရှိပါလား။

မည်သို့ပင်ဆိုစေကာမူ ဟွားနိုင်ငံသည် တာ့မိုင်လုပ်ငန်းစုအတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခု ဖြစ်သည်။

သို့သော် ယခုမူ ရော်ဘင်၏ လုပ်ရပ်များက ဟွားနိုင်ငံတွင် သူတို့၏ တိုးတက်မှုအတွက် ကြီးမားသော အတားအဆီးများကို ဖန်တီးလိုက်ပြီဖြစ်၏။

လက်ရှိတွင် ဟွားနိုင်ငံသားများမှာ အလွန်ချမ်းသာနေကြသဖြင့် သူကလည်း ရော်ဘင်ကို ငွေရှာရန် စီစဉ်ပေးခဲ့ခြင်းပင်။

သို့သော် မမျှော်လင့်ထားပါဘဲ သူ ထိုနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ဥက္ကဋ္ဌကြီးမှာ ဒေါသထွက်လွန်း၍ ရူးမတတ်ပင်။

ထိုအချိန်တွင် ရော်ဘင်လည်း လူနာဆောင်ထဲတွင် သတိပြန်ရလာသည်။

သူသည် ခွဲစိတ်မှုခံယူထားခါစဖြစ်လေရာ အလွန်အမင်း အားနည်းနေသေးသည်။

သို့သော် သတိရရချင်း ဌာနချုပ်မှ တရားဝင် အလုပ်ထုတ်စာကို လက်ခံရရှိလိုက်သောကြောင့် နှလုံးထပ်ဖောက်ပြန်လေရာ သူ့ကို ခွဲစိတ်ခန်းထဲသို့ နောက်တစ်ကြိမ် သွင်းလိုက်ရပြန်သည်။

All Chapters