← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အပိုင်း ( 91 )

ရွှေတောင်ပံ ပန်ဘုရင်

ကြက်သွေးရောင် ဓားချီ ပေါ်ထွက်လာခဲ့ပြီး၊ လှိုင်းလုံးများကဲ့သို့ ပျံ့လွင့်လာခဲ့ကာ၊ ဓားပင်လယ်ကို ချက်ချင်းပိတ်ဆို့တားဆီးလာခဲ့သည်။

လုချန်ရှန်းသည် သူမ၏ မျက်ခုံးများကြားကို စိုက်ကြည့်နေခဲ့သည်၊ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ကြက်သွေးရောင် ဓားချီသည် ထိုနေရာအတွင်းတွင် ဖုံးကွယ်ထားသည့် ထူးခြားသော တစ်စုံတစ်ခု ရှိနေသကဲ့သို့ သူမ၏ မျက်ခုံးများကြားမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

“ ဒီမိန်းမက တော်တော်လေးကို ထူးခြားတာပဲ “

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့ပြီး၊ သူသည်လည်း သိလိုစိတ်တဖွားဖွား ဖြစ်ပေါ်သွားခဲ့သည်။ သူမ၏ မျက်ခုံးများ အကြားတွင် ရှိနေသည့် ရုန်းက သဘာဝအတိုင်း ဖြစ်ပေါ်လာပုံရပြီး၊ ရန်သူများကို သတ်ဖြတ်နိုင်ကာ၊ သူမ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်စွမ်းရှိသည့် ထူးခြားသော စွမ်းအင်လှိုင်းတို့ပါ အဆက်မပြတ် ဖြစ်ပေါ်နေလျက်ရှိသည်။

“ ချိုးဖျက် “

မုရှောင်ရှင်းမှ ကြုံးဝါးလိုက်သည်၊ သူမ၏ ဓားရှည်သည် အလျားလိုက် ကခုန်နေခဲ့သည်။ ဓားချီသည် လိမ်ယှက်နေခဲ့ကာ၊ ကောင်းကင်ပြင်ကို ကျော်ဖြတ်၍ စစ်တပ်တစ်ခုအလား အရှေ့သို့ ချီတက်လာခဲ့သည်။

ဘုမ်းး

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်၊ သူတို့သည် သူတို့၏ အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်က ၎င်းကြောင့် တုန်ခါနေသည်ကို မြင်တွေ့လိုက်ရသည်။

အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်တစ်‌ဦးက ထုတ်လွှတ်လိုက်သောကြောင့်သာ ထိုကဲ့သို့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်၊ အကယ်၍ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေမည်ဆိုပါက၊ လှုပ်ခတ်မှု ယခုထပ်ပို၍ အံ့အားသင့်ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။

အရာအားလုံး ဖြစ်ပေါ်လာသည်နှင့်အမျှ လုချန်ရှန်းမှာလည်း ပို၍အံ့ဩသွားခဲ့သည်။

မုရှောင်ရှင်းသည် အသာအယာ အံကြိတ်နေခဲ့သည်၊ သူမသည် သူမ၏ ပြိုင်ဘက်က ဤမျှလောက် ကိုင်တွယ်ရခက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ချက်ချင်းဆိုသလိုပင်၊ လုချန်ရှန်းသည် ဓားချီတစ်ခုကို ဖမ်းယူ၍ စူးစမ်းကြည့်ကာ၊ သဲလွန်စကို ရှာတွေ့သွားသည့်အလား မျက်လုံးများ တောက်ပသွားခဲ့သည်။

“ အဲ့တာက သူမရဲ့ ဓားချီ မဟုတ်ဘူးပဲ “

ရှောင်ဟေးမှ တအံ့တဩဖြင့် စကားထပ်ပြောလာခဲ့သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်၍ လှုပ်ရှားလိုက်ရာ၊ သူ၏ဓားဆန္ဒ ပေါ်ထွက်လာခဲ့သည်။ ယခင်က ပြိုကွဲသွားခဲ့သည့် ဓားပင်လယ်သည် ချက်ချင်းပြန်လည်စုစည်းလာခဲ့သည်၊ ဤတစ်ကြိမ်မူ ၎င်းသည် ကြေးနံရံနှင့် သံမဏိ ခံတပ်ကဲ့သို့ ထိုးဖောက်၍ မရတော့ပေ။

ကြက်သွေးရောင် ဓားချီက မည်မျှပင် တိုက်ခိုက်နေခဲ့ပါစေ၊ ၎င်းက မလှုပ်မယှက် ဖြစ်နေခဲ့သည်။

တဖြည်းဖြည်းဖြင့် မုရှောင်ရှင်းသည် သူမ၏ လှုပ်ရှားမှုက ကန့်သတ်ခံလိုက်ရသည်ဟု ခံစားလိုက်ရကာ၊ သူမ၏ တိုက်ခိုက်မှုများကလည်း ပိုပို၍ နှေးကွေးလာခဲ့သည်။

အဆုံးတွင် ၎င်းသည် တောင်တစ်လုံးကျဆင်းလာသည့်အလား ဖြစ်နေခဲ့ပြီး၊ သူမသည် မည်သို့မျှ မလှုပ်ရှားနိုင်တော့ပေ။

လုချန်ရှန်းမှ စိုက်ကြည့်နေခဲ့သည်၊ သူမ၏ မျက်ခုံးများအကြားမှ သွေးနီရောင် ဓားချီတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ချုပ်နှောင်မှုအားလုံးကို ရိုက်ချိုးရန် ကြိုးပမ်းနေတော့သည်။

“ အမွေအနှစ်ပဲ “ ရှောင်ဟေးသည် သဲလွန်စကို သိရှိသွားခဲ့သည်။

“ ဘာကိုဆိုလိုတာလဲ “

ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ သူမက ဓားတာအိုရဲ့ အမွေအနှစ်တစ်ခုကို သယ်ဆောင်ထားတယ်။ အဲ့ဒီကြက်သွေးရောင် ဓားချီက အမွေအနှစ်ကို ကာကွယ်နေတဲ့ စွမ်းအားဖြစ်ဖို့များတယ်။ အစွမ်းထက် ပုဂ္ဂိုလ်တစ်ချို့က မပျောက်ကွယ်သွားချင်ကြဘူးလေ၊ အဲ့တာကြောင့် သူတို့ရဲ့ နည်းစနစ်တွေကို လက်ဆင့်ကမ်းဖို့ မျှော်လင့်ရင်းနဲ့၊ ‌ရေစက်ပါတဲ့ လူကို ရှာဖွေဖို့အတွက် သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားတတ်တယ်။ ဒါပင်မဲ့ အဲ့တာက တော်တော်လေးကို ရှားတယ်၊ အဲ့လိုအဆင့်မျိုးအထိ ရောက်တယ်ဆိုတော့ တော်တော်လေးကို အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုပဲ ဖြစ်ရမယ် “

“ ဪ၊ အဲ့လိုကိုး “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ လအရှင်သခင်က မည်သည့်အတွက်ကြောင့် ထိုလူနှစ်ဦးကို တာအိုလက်တွဲဖော်ဖြစ်စေချင်ရလဲဆိုသည်ကို နားလည်သွားခဲ့သည်။ သူမသည် ကျိုးချင်ယု၏ ဓားတာအို စွမ်းရည်ကို မြင်တွေ့ခဲ့ပြီး၊ ထိုလူနှစ်ဦးအား အမွေအနှစ်ကို ပူးတွဲနားလည်သွားစေချင်ပုံရသည်။

ကူချန်ကျွင်းက ထိုကိစ္စကို မငြင်းပယ်ခဲ့သည်မှာ အံ့ဩစရာမကောင်းတော့‌ပေ။ ထိုလူသည် အမွေအနှစ်အကြောင်းကို သိနေပုံရပြီး၊ အဆိုပါ အမွေအနှစ်မှာလည်း ရိုးရှင်းပုံမရပေ။ ထိုကဲ့သို့သော မဟုတ်ဘူးဆိုပါက ပုန်ကန်တတ်သော စိတ်သဘောထားကို ပိုင်ဆိုင်ထားသည့် ထိုလူက မည်သည့်အတွက်ကြောင့် တွေဝေတုံ့ဆိုင်းသွားမည်နည်း

“ ဒီကောင်မလေးရဲ့ ကံတရားက ကောင်းကင်ကို တကယ်ကြီး ဆန့်ကျင်နေတာပဲ၊ သူမက ဒီလိုဟာမျိုးကိုတောင် ရထားတယ် “ လုချန်ရှန်းသည် မနာလိုအားကျမှုတို့ဖြင့် ပြောဆိုလိုက်သည်။

ရှောင်ဟေးမှ စကားပြန်ပြောလာခဲ့သည် “ မင်းက သူမလောက်တောင် အသက်မကြီးပဲနဲ့၊ သူတို့ကို‌ မိန်းမငယ်လေး၊ လူငယ်လေးဆိုပြီး လျှောက်ခေါ်နေတယ်ပေါ့။ ပြီးတော့ မင်းက ဓားတာအိုကို ဓားချီအသွင်ပြောင်းခြင်း နယ်ပယ်အထိ ကျင့်ကြံထးတယ်၊ ဘာလုပ်ဖို့ အမွေအနှစ်ကို လိုအပ်နေရမှာလဲ “

“ အဲ့တာကို မင်းနားမလည်တာပဲ။ မင်းလိုအပ်တာက တစ်ခုဖြစ်နေခဲ့အချိန်မှာ၊ မင်းရထားတာ နောက်တစ်ခု ဖြစ်နေတာလေ၊ အဲ့နှစ်ခုကို ယှဥ်လိုက်လို့မရဘူး “

ရှောင်ဟေးသည် သူနှင့် စကားပြောဆိုရန် အလွန်တရာ ပျင်းရိသွားခဲ့သည်။

လုချန်ရှန်းမှ လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ၊ ဓားပင်လယ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် မုရှောင်ရှင်းကို အေးအေးလူလူ ငေးကြည့်လိုက်သည်။

သူမမှာလည်း တလေးတနက် ဖြစ်နေသော အမူအရာဖြင့် လုချန်ရှန်းကို ပြန်ကြည့်လာခဲ့သည်။

ကျိုးချင်ယုသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့သည်။

လုချန်ရှန်းမှ စကားပြောလိုက်သည် “ ထပ်တိုက်နေဖို့ မလိုတော့ဘူး။ မင်းတို့ ငယ်သေးတယ်၊ မင်းတို့ဆီမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေသေးတယ်။ အခုလက်ရှိ အချိန်ကိုပဲ အာရုံစိုက်နေဖို့ မလိုအပ်ဘူး “

ဤတစ်ကြိမ်သည် မုရှောင်ရှင်းမှာ မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။ ယခင်က အခြေအနေသည် သူမက အမှန်တကယ် နိမ့်ကျနေသည်ကို သက်သေပြနေခဲ့သည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူမသည် ရှေ့တက်လာခဲ့ကာ၊ ဖြည်းဖြည်းချင်း ဦးညွတ်၍ အရိုအသေပေးလာခဲ့သည် “ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “

သူမသည် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားသည့် စိတ်သဘောထားကို ပိုင်ဆိုင်ထားသော်လည်း၊ မိုက်မဲမနေခဲ့ပေ။ သူ၏ စကားကို ကြားလိုက်ရသောအခါတွင် သူမသည် သူမနှင့် ထိုလူက တူညီသော မျိုးဆက်တစ်ခု မဟုတ်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်၊ ထို့ကြောင့် ရှုံးနိမ့်သွားခြင်းမှာ ရှက်ရွံ့ဖွယ်ကောင်းနေလိမ့်မည် မဟုတ်ပေ။

လုချန်ရှန်းမှာလည်း ကူရာကယ်ရာမဲ့နေလျက်ရှိသည်၊ ဤနည်းလမ်းတစ်ခုတည်းသာလျှင် ရှိနေခဲ့သည်။ ထိုကဲ့သို့သာ မဟုတ်ဘဲ၊ သူမ၏ တာအိုနှလုံးသား ပြိုကွဲသွားကာ၊ သူ့ကို အပြစ်တင်လာခဲ့မည်ဆိုပါက မည်ကဲ့သို့ ပြုလုပ်ရမည်နည်း

၎င်းက သူနှင့် အနည်းငယ် သက်ဆိုင်သော်လည်း၊ ကံတရားများ ချည်နှောင်သွားခြင်းမှာ ကောင်းမွန်နေသော အရာမဟုတ်ပေ၊ အထူးသဖြင့် ကံတရားသည် မမြင်နိုင်သော၊ ထိတွေ့ကိုင်တွယ်၍ မရသောကြောင့် ဖြစ်သည်၊ သို့သော် ၎င်းက အမှန်တကယ် တည်ရှိနေပြီး၊ သူသည် ၎င်းက သူ့ကို ထိခိုက်လာအောင် ပြုလုပ်ခွင့်ပေးမည် မဟုတ်ပေ။

ထို့အပြင် သူမသည် သူ၏ အနာဂတ် မရီးဖြစ်သည်၊ ထို့ကြောင့် သူသည် သူမကို မျက်နှာသာပေးရမည် ဖြစ်သည်။

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ လှည့်ထွက်သွားတော့သည်။ သူ့ထံတွင် အချိန်များများစားစား မရှိသောကြောင့် ပန်ဘုရင်ငယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရဦးမည် ဖြစ်သည်။

သို့ရာ၌ ထွက်မသွားခင် အချိန်တွင် သူသည် သူမကို သတိပေးလိုက်သည် “ အဲ့ဒီကြက်သွေးရောင် ဓားချီက အမွေအနှစ်ကို ကာကွယ်ပေးနေတဲ့ စွမ်းအားပဲ။ အသုံးပြုလိုက်တဲ့ အချိန်တိုင်းမှာ လျော့သွားလိမ့်မယ်။ လိုအပ်မှ သုံးတာ အကောင်းဆုံးပဲ “

ထို့နောက်တွင် သူပျောက်ကွယ်သွားခဲ့သည်။

သို့ရာတွင် မုရှောင်ရှင်း၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

သူမသည် သူမက အမွေအနှစ်တစ်ခု ပိုင်ဆိုင်ထားသည်ဟု တစ်ကြိမ်တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ၊ ဂိုဏ်းအတွင်းတွင် ဆိုလျှင်တောင်မှ၊ အနည်းငယ်မျှသော လူတစ်စုကသာလျှင် ထိုကိစ္စကို သိထားကြသည်။ ယခုတွင် ၎င်းက ဖော်ထုတ်ခံလိုက်ရပြီဖြစ်သည်၊ ၎င်းမှာ အသေးအမွှားကိစ္စလေးတစ်ခု မဟုတ်ပေ။

သူမသည် ဤကိစ္စကို လအရှင်သခင်ထံသို့ သတင်းပို့ရန် ချက်ချင်းပြင်ဆင်နေတော့သည်။

ကျိုးချင်ယုသည် ဇဝေဇဝါ ဖြစ်နေပုံရသော်လည်း၊ သူမ၏အနောက်သို့ လိုက်သွားခဲ့သည်။

ထို့နောက်တွင် လုချန်ရှန်းသည် တတိယတောင်တန်းဆီသို့ ပြန်ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသော်လည်း၊ သူသည် ပန်ဘုရင်လေးကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ၊ သို့သော် တစ်စုံတစ်ဦးက သူ့အား အဝေးမှ စောင့်ကြည့်နေသည်ကို သတိပြုမိသွားခဲ့သည်။

ထိုလူသည် သူသွားသည့်နေရာတိုင်းသို့ တကောက်ကောက်လိုက်နေခဲ့သည်။

အဆုံးတွင် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ တတိယတောင်တန်းတွင် စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်ကာ၊ ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်။

သူလက်လျော့လိုက်တော့မည့် အချိန်မှာပင်၊ အဝေးတွင် လှုပ်ခတ်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းကို လှည့်ကြည့်လိုက်ရာ လေပြင်းများ တိုက်ခတ်ကာ ကပ်ဘေးတစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့သွားခဲ့သည်။ သူ့ခြေထောက်များအောက်တွင် ရှိနေသည့် တောင်တန်းကြီး လှုပ်ခါသွားခဲ့ပြီး၊ ပြားကပ်လုနီးပါးဖြစ်သွားကာ၊ သဲနှင့် ဖုန်မှုန့်များသည် မိုးများကဲ့သို့ ကျဆင်းလာကာ၊ ကောင်းကင်ယံကို ဖုံးအုပ်သွားခဲ့သည်။

အဆိုပါ လှုပ်ခတ်မှုသည် တောင်တန်းဒေသတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့ပြီး၊ လူတိုင်းကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

ဟမ်

လုချန်ရှန်းသည် လေလာရာဘက်သို့ လှည့်ကြည့်လိုက်သည်၊ သူ၏အမြင်အာရုံအတွင်းသို့ ဧရာမ အရိပ်မဲတစ်ခု ဝင်ရောက်လာခဲ့သည်၊ ၎င်း၏ တောင်ပံများ လှုပ်ရှားနေခဲ့ပြီး၊ ဘက်ပေါင်းစုံတွင် လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဆက်တိုက်ချဥ်းကပ်လာသည်နှင့်အမျှ၊ ရွှေရောင်ပန်ငှက်တစ်ကောင် ပေါ်ထွက်လာခဲ့သည်၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တလက်လက် တောက်ပနေခဲ့သည်၊ အမွှေးတစ်ခုချင်းစီတိုင်သည် ရွှေသွင်းထားကဲ့သို့ တောက်ပနေခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစွမ်းထက် အရှိန်အဝါတစ်ခုက လွှမ်းခြုံထားခဲ့သည်။

“ အဲ့တာက ပန်ငှက်ပဲ “

“ ဘုရားရေ “

တစ်ခြားလူများသည် ၎င်း၏ စွမ်းအားကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့သည်၊ ၎င်းကို မြင်တွေ့လိုက်ရသည့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြသည်။

သို့ရာတွင် လုချန်ရှန်းအနားသို့ ချဥ်းကပ်လာသည့် ပန်ငှက်သည် တဖြည်းဖြည်း သေးကျုံ့သွားခဲ့ပြီး၊ အဆုံးတွင် လူသားပုံစံ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ သူနှင့် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လာခဲ့သည်။

“ မင်းက ရွှေတောင်ပံ ပန်ဘုရင်လေးလား “ လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် လူကို အကဲခတ်ကာ စကားပြောလိုက်သည်။

ထိုလူသည် အစောပိုင်း အသက်နှစ်ဆယ်အရွယ် ဖြစ်ပြီး၊ သူ၏မျက်နှာသည် ဓား(သို့) ဆောက်နှင့်ထွင်းထုထားသကဲ့သို့ ချောမောနေခဲ့ပြီး၊ သူသည် အေးစက်စက် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့ပြီး၊ သူ၏မျက်လုံးများမှာ စူးရှထက်မြက်နေခဲ့သည်။

ထိုမျက်နှာနှင့် အဆိုပါ ဟန်အမူအရာနှင့်တင် မိန်းမပျို တော်တော်များများက ကြွေဆင်းသွားလောက်သည်။

ထိုလူသည် လုချန်ရှန်းကို မထီမဲ့မြင်ပြုစွာ ငေးကြည့်နေခဲ့ပြီး၊ စကားပြန်ပြောလာခဲ့သည် “ ငါ့ကို သင်ခန်းစာပေးမယ်လို့ ပြောခဲ့တာက မင်းလား “

“ ဟုတ်တယ်၊ မင်းရဲ့ အကြီးအကဲက မင်းကို သင်ခန်းစာပေးပေးဖို့အတွက် ငါ့ကို အထူးတလည် အပ်နှံထား ……………. မဟုတ်ဘူး၊ လောကကြီးအကြောင်း သင်ယူတာမှာ မင်းကို ကူညီပေးဖို့အတွက်ပဲ “

“ ဟမ် “

ရင်ဖုန်းမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်။ သူသည် သူမြင်တွေ့ရသမျှ အရာတိုင်းကို အထင်တသေးဖြစ်နေပုံရကာ၊ သူ၏မာနထောင်ထားမှုမှာ အံ့ဖွယ်ကောင်းနေခဲ့သည်။

သို့ရာတွင် သူသည် ရွှေတောင်ပံ ပန်မျိုးနွယ်စု၏ ပါရမီရှင်တစ်ဦး ဖြစ်ပြီး၊ အံ့ဖွယ်ကောင်းသော စွမ်းရည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းတွင် မြင့်မြတ်သော သွေးမျိုးဆက် ရှိနေသောကြောင့်၊ သူ့ထံတွင် မောက်မာနိုင်သော အရည်အချင်းမျိုးရှိနေခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် သူ့ကို သင်ခန်းစာပေးရန် ကြိုးစားခဲ့သည့် လူများကို အနိုင်ယူခဲ့ပြီးပြီ ဖြစ်ပြီး၊ ၎င်းတို့ထဲတွင် ယခင်မျိုးဆက်မှ အစွမ်းထက် ပညာရှင်တစ်ချို့ပင် ပါဝင်နေခဲ့သည်။

သူတို့၏ အကြည့်များ တွေ့ဆုံသွားပြီး၊ အချိန်အတော်ကြာခဲ့ပြီးမှ ရင်ဖုန်းမှ စကားထပ်ပြောလိုက်သည် “ လူတော်တော်များများက ငါ့ကို စိန်ခေါ်ရဲတယ်၊ ဒါပင်မဲ့ မင်းကတော့ ဒီလောက်တောင် မောက်မာရဲနေတဲ့ ပထမဦးဆုံးတစ်ယောက်ပဲ “

“ ဒါဆိုရင်လည်း လေကုန်ခံနေတာ ရပ်လိုက်တော့။ လူတိုင်းမှာ အချိန်တွေပေါမနေဘူး။ ငါမင်းကို မြန်မြန်ဆုံးမပေးမယ်၊ ပြီးရင် မင်းကြိုက်တာ သွားလုပ်လို့ရပြီ။ မင်းအခွင့်အလမ်းရှာတာကို ငါက နှောင့်နှေးအောင် လုပ်မှာ မဟုတ်ဘူး “

ပွဲလာကြည့်ကြသည့် အနီးအနားတွင် ရှိနေသော လူများသည် အံ့ဩတကြီး ဖြစ်သွားကြသည်။

သူတို့သည် ရွှေတောင်ပံ ပန်ဘုရင်လေးက အတော်လေး မောက်မာသည်ဟု ထင်နေခဲ့သည်၊ သို့သော် သူ့ထပ်ပို၍မောက်မာသော လူတစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ချက်ချင်းဆိုသလိုပင် ရင်ဖုန်း၏ မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ သူသည် အေးစက်စက် ပြန်ပြောလာခဲ့သည် “ ဒါဆိုရင်လည်း ငါ့ကို စိတ်မပျက်စေနဲ့။ မင်းက သင်ခန်းစာလို့ ခေါ်နေတဲ့ဟာကို အတွေ့အကြုံယူရတာပေါ့ “

ဘမ်း

ထို့နောက်တွင် ရင်ဖုန်းမှ ခြေတစ်လှမ်းလှမ်းလာခဲ့ရာ၊ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းသည် လူတိုင်းကို သူတို့က ဖိနှိပ်ခံနေရသည်ဟု ခံစားသွားရစေခဲ့သည်။ ကြီးမားသော မှော်စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ဒီရေအလား အရှေ့သို့ ပျံ့လွင့်လာခဲ့သည်။

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်၊ သို့သော် လုချန်ရှန်းကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။ ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ စိတ်မပူပါနဲ့၊ ငါ့ရဲ့ အလုပ်အတွက် ငွေယူထားတာဆိုတော့၊ မင်းစိတ်ကျေနပ်ရအောင် သေချာပေါက် လုပ်ပေးမှာပေါ့။ တကယ်လို့ မင်းက ဆက်ပြီးတော့ တောင့်ခံထားနိုင်တယ်ဆိုရင်၊ ငါက မင်းကို ဆက်ရိုက်ပေးနိုင်တယ် “

……………………………………………………………………………………………………………………………………

အပိုင်း ( 92 )

ငါက အခကြေးငွေယူထားတယ်လေ၊ အကောင်းဆုံး ကြိုးစားပေးရမယ်

အားလုံး၏ အကြည့်များအောက်မှာပင် ပန်ဘုရင်လေးမှ စတင်၍ လှုပ်ရှားလာခဲ့သည်။

သူသည် လူသားပုံစံအဖြစ် ပြောင်းလဲထားခဲ့သော်လည်း၊ ထူးခြားသော စွမ်းရည်ကို အမြဲလိုလို ပြသထားခဲ့သည်။ မဟာပန်က လီကိုးသောင်းအထိ တိုက်ရိုက်ပျံတက်နိုင်သည်ဆိုသည့် ဆိုရိုးစကားအတိုင်းပင်၊ အဆိုပါ အရှိန်အဟုန်မှာ ရပ်တန့်၍ မရပေ။

ဝှစ်

အဆုံးမဲ့ မှော်စွမ်းအားများ နိမ့်ဆင်းလာခဲ့သည်။ ၎င်းသည် များပြားလွန်းလှသော တောင်တန်းများက တစ်နေရာတည်းသို့ ကျဆင်းလာသည့်အလား ဖြစ်နေခဲ့သည်။

တစ်ခြားလူများသည် ၎င်းကို မြင်တွေ့သွားကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃ ကျင့်ကြံရေးဖြင့် ပြသထားသော စွမ်းအားသည် တတိယတောင်တန်းအတွင်းရှိ လူများကို ကြောက်လန့်တကြား ဖြစ်သွားစေခဲ့သည်။

“ ပန်မျိုးနွယ်စုရဲ့ ပါရမီရှင်ကတော့ ထင်ထားတဲ့အတိုင်းပဲ၊ သူ့ကို ပန်ဘုရင်လေးလို့ ခေါ်ကြတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ “

“ ဟုတ်တယ်၊ ဒီလိုစွမ်းအားမျိုးက၊ သူက ရွယ်တူတွေ ကြားမှာ ပြိုင်ဘက်ကင်းနေပြီ။ အဲ့လူငယ်လေးကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ် “

“ အဲ့လိုဖြစ်သွားတယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ။ ဒီလောက်တောင် မောက်မာနေဖို့ သူ့ကို ဘဘ်သူက ပြောလို့လဲ “

“ … “

ပတ်ဝန်းကျင်တွင် ရှိနေသည့် ဆွေးနွေးပြောဆိုမှုများသည် ရင်ဖုန်းဘက်သို့သာ အလေးသာနေခဲ့သည်၊ အားလုံးသည် သူက မောက်မာသည်ဟု ထင်ကြကာ၊ သူ့ကို မနှစ်သက်ကြသော်လည်း၊ အဆိုပါ ပန်ဘုရင်လေးက အမှန်ပင် ထူးခြားကာ၊ အစွမ်းထက် ပါရမီရှင်တစ်ဦးဖြစ်သည်ဆိုသည်ကို လက်ခံထားကြသည်။

ရင်ဖုန်းမှာလည်း ထိုစကားများကို ကြားသွားခဲ့သည်၊ သူ၏မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ ချက်ချင်းဆိုသလိုပင် သူသည် တောင်ထိပ်နားသို့ ရောက်ရှိလာခဲ့သည်။

လုချန်ရှန်းကမူ ခါတိုင်းလိုပင် အေးဆေးတည်ငြိမ်နေခဲ့သည်။ သူချဥ်းကပ်လာသည့် အချိန်မှာပင် လက်ကိုမြှောက်၍ ဝေ့ရမ်းလိုက်ရာ၊ ကျဆင်းလာသည့် မှော်စွမ်းအား အားလုံး ချက်ချက်းပြိုကွဲသွားခဲ့သည်။

၎င်းနှင့်အတူ လိုက်ပါလာသည့် သတ်ဖြတ်လိုစိတ်ကပင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် အဆိုပါ မှော်စွမ်းအားများသည် အပြည့်အဝ မပျောက်ကွယ်သွားဘဲ၊ ရင်ဖုန်းထံသို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။

ရင်ဖုန်း မျက်မှောင်ကြုတ်သွားပြီး၊ သူ၏မျက်လုံးများအတွင်းတွင် အံ့ဩသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

အဆိုပါ မှော်စွမ်းအား နီးကပ်လာသည့် အချိန်မှာပင် သူသည် သူ၏လက်ကို မြှောက်ကာ၊ ၎င်းကို တုံ့ပြန်လိုက်သည်၊ သို့သော် ၎င်းကို ဖြိုခွင်းလိုက်သည့် အချိန်မှာပင် သူနောက်ဆုတ်သွားခဲ့ရသည်။

“ ဘာကြီး “

ချက်ချင်းဆိုသလိုပင် လူတိုင်း အံ့အားသင့်ကြသည်။

ရင်ဖုန်းကိုယ်တိုင်ကပင် ၎င်းကို မမျှော်လင့်ထားခဲ့ပေ၊ သူသည် အဝေးသို့ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး၊ သူ၏မျက်လုံးအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

တောင်တန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ အဆိုပါ မြင်ကွင်းသည် အားလုံး၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။

များပြားလွန်းလှသော အကြည့်များအောက်မှာပင် ရင်ဖုန်းမှ ထပ်မံ၍ တိုက်ခိုက်လာခဲ့သည်၊ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ သတ်ဖြတ်လိုစိတ်ပါ အဖော်ပြု လိုက်ပါလာခဲ့ကာ၊ ချက်ချင်းတိုက်ခိုက်လာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်၊ သူ၏ ပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ လေထုအတွင်းတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။

သူသည် ရင်ဖုန်းကို ကြည့်ကာ ပြုံးနေခဲ့သည်။ လူနှစ်ဦးနီးကပ်သွားသည့် အချိန်တွင် သူသည် လက်ကို မြှောက်ကာ တိုက်ခိုက်လိုက်သည်။ လက်ဝါးနှစ်ခု တိုက်မိသွားခဲ့သည်၊ ရင်ဖုန်း၏ အမူအရာ ပျက်ယွင်းသွားခဲ့သည်၊ သူသည် ကြီးမားသော အင်အားတစ်ခုက သူ့ကို တိုက်ချလာသကဲ့သို့ ခံစားသွားခဲ့ရပြီး၊ လေထုအတွင်းမှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

သူ၏ပုံရိပ်သည် အဆက်မပြတ် နောက်ဆုတ်သွားကာ၊ တောင်တစ်လုံးနှင့် တိုက်မိသည့်အချိန်မှ ရပ်တန့်သွားခဲ့သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ရင်ဖုန်း၏ အမူအရာ လေးနက်သွားခဲ့သည်၊ သူ၏ လက်ဝါးကို ကြည့်လိုက်ရာ လက်ချောင်းများက အနည်းငယ် တုန်ရင်နေသည်ကို မြင်တွေ့သွားခဲ့သည်။

ပြိုင်ဘက်သည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ချေမှုန်းသွားခဲ့သည်။

ဇွီ

လေထုအတွင်းမှ တိုးညှင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ ရင်ဖုန်းသည် ထပ်မံ၍ လှုပ်ရှားလာခဲ့သည်၊ သူ၏မှော်စွမ်းအား တစ်ခုလုံး ရွေ့လျားလာကာ၊ သူ၏လက်မောင်းများကို လှုပ်ရှားလိုက်ရာ၊ ပေါင်တစ်ထောင်မျှ လေးလံသော အင်အားတစ်ခုသည် လေထုကို ထိုးဖောက်ကာ၊ ငြင်သာသော အသံများကို ပေါ်ထွက်လာခဲ့စေသည်။

ပုံရိပ်နှစ်ခုသည် ထပ်မံ၍ တိုက်မိသွားခဲ့သည်၊ မှော်စွမ်းအားများ ပြိုကွဲသွားကာ၊ အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး၊ ကျန်ရှိနေသည့် စွမ်းအင် အကြွင်းအကျန်များသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။

ထိုလူနှစ်ဦး ထိပ်တိုက်ရင်ဆိုင်နေသည့် အချိန်တိုင်းတွင် တဘုမ်းဘုမ်းအော်မြည်သံများ ပေါ်ထွက်လာခဲ့သည်။

ပန်ဘုရင်လေးသည် မန္တာန်များ ဆက်တိုက်ထုတ်လွှတ်ရန်အတွက်၊ စည်းတံဆိပ်များကို အဆက်မပြတ် ဖွဲ့စည်းနေခဲ့သည်။ သူ၏ တိုက်ခိုက်မှု အားလုံးသည် မြန်ဆန်၊ ပြင်းထန်နေခဲ့ပြီး၊ တစ်ခြားလူများအတွက် ခုခံရန် မဖြစ်နိုင်သလောက်နီးပါးအထိ ဖြစ်နေခဲ့သည်။

တိုက်ခိုက်မှုတစ်ခုကပင် တောင်တစ်လုံးကို ဖြိုခွဲရန် လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။

လူအုပ်ကြီးသည် တအံ့တဩဖြင့် ငေးကြည့်နေခဲ့သည်၊ တစ်ချို့လူများသည် သူ၏ တိုက်ခိုက်မှုကို ယခင်ကမြင်တွေ့ခဲ့ဖူးသည်၊ သက်တူရွယ်တူ ပါရမီရှင်ပင် ဖြစ်စေ၊ ယခင်မျိုးဆက်မှ ပညာရှင်များပင် ဖြစ်စေ၊ သူတို့သည် သူ၏တိုက်ခိုက်မှုများကို ခက်ခက်ခဲခဲ ခုခံခဲ့ရကြောင်း မြင်တွေ့ခဲ့ရသည်။

တစ်ခဏအကြာတွင် လူတိုင်း စိတ်တည်ငြိမ်သွားခဲ့သည်။

ပန်ဘုရင်လေး၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာခဲ့ပြီး၊ တဖြည်းဖြည်းဖြင့် အသာစီးရလာခဲ့သည်။

တိုက်ခိုက်မှု တစ်ခု ဆင်းသက်လာသောကြောင့် လုချန်ရှန်းသည် အနောက်သို့ ဆုတ်ခွာသွားခဲ့ရသည်၊ ၎င်းကို မြင်လိုက်ရသောအခါတွင် တစ်ခြားလူများမှာ အသာအယာ ရယ်မောနေကြတော့သည်။

“ အဲ့လိုပဲဖြစ်သင့်တယ် “

“ အဲ့တာကမှ ပန်ဘုရင်လေးပဲ “

“ သက်တူရွယ်တူထဲမှာ သူ့ကို ဖိနှိပ်နိုင်တဲ့လူက နည်းနည်းလေးပဲ ရှိတယ် “

“ … “

အသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်၊ သို့သော် ပန်ဘုရင်လေးသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။

ထိုအချိန်တွင် လုချန်ရှန်းမှာလည်း စကားပြောလာခဲ့သည် “ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ သက်တူရွယ်တူထဲမှ မင်းကိုနိုင်မဲ့လူက အများကြီး မရှိတဲ့ပုံပဲ “

“ အဲ့စကားကို အခုမှ ပြောနေတာက နောက်ကျလွန်းနေပြီ။ မင်းရဲ့ မောက်မာမှုကို ငါမကြိုက်ဘူး၊ မင်းက တန်ဖိုးတစ်ခုခုကို သေချာပေါက် ပေးချေရမယ်။ မင်းလုံလုံခြုံခြုံ ပြန်ဆုတ်သွားဖို့ဆိုတာက မဖြစ်နိုင်ဘူး “ ရင်ဖုန်းသည် စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည်။

လုချန်ရှန်းမှ စကားထပ်ပြောလိုက်သည် “ တွေ့လား။ ငါမင်းကို နည်းနည်းလေးပဲ ချီးကျူးရသေးတယ်၊ မင်းက တော်တော်ကြီးကို အတွေးလွန်နေပြီ။ ကြည့်ရတာတော့ မင်းရဲ့ အကြီးအကဲတွေက မှန်နေတဲ့ပုံပဲ၊ မင်းက မမေ့နိုင်မဲ့ သင်ခန်းစာတစ်ခုကို တကယ်လိုအပ်နေတယ် “

“ အဲ့လိုလား “

ရင်ဖုန်း၏ အကြည့်များ မည်းမှောင်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ထပ်မံ၍ တိုက်ခိုက်လာခဲ့သည်။ သူ၏ ပတ်ပတ်လည်လည်တွင် လေပြင်းများ တိုက်ခတ်လာခဲ့ပြီး၊ မှော်စွမ်းအား မြင့်တက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး၊ သူ၏လက်သီးများကို ထိုးချလိုက်သည့် အချိန်၌၊ ကောင်းကင်ယံတွင် ထိတ်လန့်ဖွယ်ကောင်းသော အသံများ ပေါ်ထွက်လာခဲ့သည်။

ဘမ်းးး

လုချန်ရှန်းမှ လက်သီးစုလိုက်ရာ၊ ရွှေရောင်လက်သီး စည်းတံဆိပ်တစ်ခု ဖြစ်တည်လာခဲ့သည်။

သူတို့၏ လက်သီးများ တွေ့ဆုံသွားသည့် အချိန်တွင်၊ မှော်စွမ်းအားများ ပြိုကွဲသွားခဲ့သည်၊ သို့သော် ဤတစ်ကြိမ်တွင်မူ ရင်ဖုန်းသည် အနောက်သို့ လွင့်ထွက်သွားခဲ့သည်။

အားလုံး၏ အကြည့်များ အောက်မှာပင်၊ သူသည် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ကာ၊ လေထုအတွင်းတွင် ရပ်တန့်သွားခဲ့သည်။

သို့သော် လုချန်ရှန်းသည် အနီးအနားသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ လက်တစ်ဖက်သို့ တိုက်ခိုက်လာခဲ့ကာ၊ ပတ်ဝန်းကျင်ရှိ မှော်စွမ်းအားများကို လှုပ်ခတ်သွားစေခဲ့သည်။

ရင်ဖုန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ သူသည် ၎င်းကို ပိတ်ဆို့တားဆီးရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်၊ သို့သော် သူ၏ ခန္ဓာကိုယ်သည် ထပ်မံ၍ ရိုက်ချခံလိုက်ရကာ၊ ဟန်ချက်ပျက်သွားပြီး၊ ဘေးတိုက်လွင့်ထွက်သွားကာ၊ သူ့အနောက်တွင် ရှိနေသည့် တောင်တစ်လုံးနှင့် တိုက်မိသွားခဲ့သည်။

အဆုံးမဲ့ အသံများ အော်မြည်လာခဲ့ပြီး၊ ကျောက်တုံးများ ပြိုကျလာခဲ့သည်၊ ဖုန်မှုန့်များ လှိုက်တက်လာခဲ့သည်၊ ထိုအချိန်တွင် ၎င်းနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော အသံများ အဖော်ပြုလိုက်ပါလာခဲ့သည်။

“ ဘာကြီး “

ယခင်က ငြိမ်သက်သွားခဲ့သည့် အံ့အားသင့်မှုများ ပြန်လည်ဖြစ်တည်လာခဲ့သည်။ ရင်ဖုန်းသည် အပျက်အစီးပုံအတွင်းမှ၊ တိုးထွက်လာခဲ့သည်၊ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

သို့ရာ၌ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင်၊ လုချန်ရှန်းသည် သူ့အရှေ့သို့ ထပ်မံ၍ ရောက်ရှိလာခဲ့ပြီး၊ သူ၏လက်ကို မြှောက်၍ ရိုက်ချလာခဲ့ရာ၊ သူသည် လေထုအတွင်းသို့ ထပ်မံ၍ လွင့်ထွက်သွားခဲ့သည်။

ပန်ဘုရင်လေး၏ ခန္ဓာကိုယ်သည် တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး၊ မြေပြင်နှင့် ဝင်ဆောင့်မိသွားကာ၊ ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် တောအုပ်များကို တုန်ခါသွားစေခဲ့သည်၊ သူတို့၏ မျက်လုံးများ အရှေ့တွင် ကြီးမားသော တွင်းနက်ကြီး တစ်ခု ဖြစ်တည်လာခဲ့သည်။

ဝှစ်

လေတိုးသံတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လုချန်ရှန်းသည် ထိုနေရာသို့ လျှောက်လှမ်းလာခဲ့သည်။

“ ကျားးးးး “

ပန်ဘုရင်လေးသည် ၎င်းကို ခံစားမိသွားပြီး၊ အော်ဟစ်ဟိန်းဟောက်ကာ၊ ကောင်းကင်ထက်သို့ တက်လှမ်းလာခဲ့ပြီး၊ အဝေးတစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။

ထိုစဥ် လုချန်ရှန်းမှ မြေပြင်ပေါ်သို့ ခြေဆောင့်ချလိုက်ရာ၊ အနီးအနားရှိ တောင်တန်းများ လှုပ်ခါသွားခဲ့သည်။

“ အဲ့တာက …… “

တစ်ခြားလူများသည် ၎င်းကို စောင့်ကြည့်နေခဲ့ပြီး၊ လုချန်ရှန်းက လေထုအတွင်းသို့ တက်သွားကာ၊ ပန်ဘုရင်လေးကို ကြည့်နေကြောင်းကို မြင်တွေ့သွားခဲ့သည်။

လူနှစ်ဦးသည် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေခဲ့ပြီး၊ ရင်ဖုန်း၏ အမူအရာ မည်းမှောင်နေခဲ့သည်။ သူသည် ရှုံးနိမ့်မှုများကို ဆက်တိုက်ခံစားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏စိတ်ထဲတွင် ရှက်ရွံ့မှု လှိုင်းလုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူသည် ဒေါသတကြီး ဖြစ်နေသော အမူအရာများဖြင့် လုချန်ရှန်းကို စိုက်ကြည့်နေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှ စကားထပ်ပြောလိုက်သည် “ ကြည့်ရတာတော့ မင်းက မယုံသေးဘူးနဲ့တူတယ်၊ ဒါပင်မဲ့ ငါမင်းကို မဆုံးမရသေးဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ရှောင်ဟေးမှာလည်း စကားပြောလာခဲ့သည် “ မင်းက တကယ်ကြီးကို လှည့်စားနေတာပဲ။ မင်းက သူ့ကို အကြိမ်ပေါင်းများစွာ ဖိနှိပ်နိုင်ပင်မဲ့ တမင်သပ်သပ် ချုပ်တည်းထားခဲ့တယ်။ သူ့ကို အဲ့လိုမျိုး ကစားရတာက ပျော်ဖို့ကောင်းလို့လား “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းဘာသိလို့လဲ။ ငါ့မှာ ပညာရှင်ဆိုင်ရာ ကျင့်ဝတ်နဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိတယ် “

“ ဘာကိုဆိုလိုတာလဲ “

“ ငါက သူ့ဆီကနေ ဝိညာဥ်ကျောက်တုံး ငါးသိန်း စုဆောင်းနေတာလေ။ အဲ့ငွေနဲ့တန်အောင် အကောင်းဆုံး ကြိုးစားပြီးတော့၊ သူငွေသုံးရတာ တန်တယ်လို့ ခံစားသွားရအောင် လုပ်ပေးရမယ်။ ငါက ဒီကိစ္စကို ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် ကိုင်တွယ်ရမှာလဲ “ လုချန်ရှန်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလာခဲ့သည်။

ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ၊ ပြန်ပြောလိုက်သည် “ မင်းက သူ့ကိုနှိပ်စက်မယ်ပေါ့၊ တတ်နိုင်သလောက် များများလေး နှိပ်စက်နေမယ်ပေါ့၊ သူက ဘဝကို သံသယဝင်သွားပြီးတော့ မင်းအကြောင်း တွေးလိုက်တာနဲ့ အကြောက်တလန့် ဖြစ်သွားတဲ့အထိတောင် ဖြစ်သွားနိုင်တယ် “

“ စကားတွေက နည်းနည်းလေးတော့ ရက်စက်နေပင်မဲ့ …. ဟုတ်တယ်၊ ငါ့ရည်ရွယ်ချက်က အဲ့တာပဲ “

“ … “ ရှောင်ဟေး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ သူကိုယ်တိုင်ကလည်း လူများကို လှည့်စားခဲ့ဖူးသည်၊ သို့သော် ဤမျှလောက်အထိ မလှည့်စားခဲ့ဖူးချေ။

သို့ရာတွင် သူသည် ပန်မျိုးနွယ်စုမှ လူက ပြဿနာကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်ဟု ခံစားနေခဲ့ရသည်၊ ထိုလူသည် ကိုယ့်ကလေးကို ရိုက်နှက်ရန်အတွက် တစ်စုံတစ်ဦးကို ငွေပေးခဲ့သည်၊ ၎င်းမှာ သူတို့နှင့် ထိုက်တန်သော ရလဒ် ဖြစ်သည်။

တစ်ခဏအကြာအထိ အရပ်မျက်နှာလေးခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ရင်ဖုန်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ စကားပြောလာခဲ့သည် “ နိုင်တောင်မနိုင်သေးပဲနဲ့၊ အစောကြီး အောင်ပွဲခံနေတာပဲ “

ထို့နောက်တွင် သူသည် သူ၏ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်သည်၊ လေထုအတွင်းတွင် ရွှေရောင်စက်ဝိုင်းတစ်ခု ဖြစ်တည်လာခဲ့သည်။ ရွှေရောင် အလင်းတန်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာခဲ့ပြီး၊ အရှိန်အဝါမှာ ဆက်တိုက်မြင့်တက်လာခဲ့သည်။

ထိုအချိန်တွင် ရင်ဖုန်းမှ ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြီး၊ ပုံရိပ်နှစ်ခုသည် ထပ်မံ၍ ထိပ်တိုက်တွေ့ဆုံနေကြတော့သည်။

မှော်စွမ်းအားများ တိုက်မိသွားကာ၊ လက်မောင်းများ လှုပ်ခါသွားခဲ့သောကြောင့်၊ လုချန်ရှန်း၏ မျက်လုံးများအတွင်းတွင် အံ့ဩသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

ယခုတွင် ရင်ဖုန်း၏ စွမ်းအား မြင့်တက်လာခဲ့ပြီး၊ သူ၏တိုက်ခိုက်ရေး စွမ်းအားမှာလည်း ပိုမိုခိုင်မာ အားကောင်းလာခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “ လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ရှောင်ဟေးသည် စကားဝင်ပြောလာခဲ့သည် “ အဲ့တာက ကောင်းကင်ဘုံပန် နဂါးတိုက်ခိုက်ရေး နည်းစနစ်ပဲ၊ သူတို့မျိုးနွယ်စုရဲ့ အစွမ်းထက် နတ်နည်းစနစ်တစ်ခုပဲ။ ဒဏ္ဍာရီတွေကတော့ အဲ့တာကို အထွတ်အထိပ်အထိ ကျင့်ကြံလိုက်မယ်ဆိုရင် နဂါးတွေနဲ့ နပမ်းလုံးနိုင်တယ်လို့ ပြောကြတယ် “

“ အဲ့လောက်တောင် စွမ်းတာလားဟ “

လုချန်ရှန်းသည် ရင်ဖုန်းကို ကြည့်နေရင်းဖြင့် အကြည့်များ ပြောင်းလဲသွားခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 93 )

တကယ်လို့ မင်းက မိုးကုပ်စက်ဝိုင်းအထိ ပြေးသွားမယ်ဆိုရင်တောင်မှ၊ ငါမင်းကို ပြန်ခေါ်လာမယ်

ရွှေရောင်အလင်းတန်းသည် အဆက်မပြတ် ပွင့်လန်းနေခဲ့သည်။ ပန်ဘုရင်လေးသည် ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အသွင်ပြောင်းသွားပုံရသည်။

ဘုမ်း

အားနှစ်ခု တွေ့ဆုံသွားသော အချိန်တွင် ပန်ဘုရင်လေး၏ မျက်လုံးတို့မှာ ရွှေရောင်ပြောင်းသွားခဲ့သည်။

လုချန်ရှန်းသည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူသည် ထိုကဲ့သို့သော နည်းစနစ်မျိုးကို ပထမဦးဆုံး အကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်၊ သူသည် ၎င်းက အံ့ဖွယ်ကောင်းသည်ဟု ခံစားနေခဲ့ရသည်။

ရှောင်ဟေး၏ ပြောစကားများအရ၊ ကောင်းကင်ဘုံပန် နဂါးတိုက်ခိုက်ရေး နည်းစနစ်သည် ရွှေတောင်ပံ ပန်မျိုးနွယ်စု၏ လျှို့ဝှက်အမွေအနှစ်ဖြစ်ပြီး၊ ရှေးဟောင်းမဟာပန်ငှက်ထံမှ လက်ဆင့်ကမ်း ဆင်းသက်လာကာ၊ သူတို့၏ သွေးမျိုးဆက်အတွင်းတွင် ထွင်းထုထားသော အရာဖြစ်သည်ဟု သိခဲ့ရသည်။

ဒဏ္ဍာရီများသည် ရှေးခေတ်အခါက ပန်ငှက်များက နဂါးများကို အမဲလိုက်ကာ၊ ထိုအတတ်ပညာကို တိုက်ခိုက်ရေးအတွက် အသုံးပြုခဲ့ပြီး၊ အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ဆိုခဲ့သည်။

တစ်ခြားလူများမှာလည်း အံ့ဩတုန်လှုပ်သွားကြသည်။

လူတော်တော်များများသည် အဆိုပါ နည်းစနစ်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်၊ သို့သော် သူတို့သည် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိနေခဲ့သည်။

ရင်ဖုန်းက ရန်သူတစ်ဦးကို ရင်ဆိုင်ရာတွင် ထိုကဲ့သို့သော နည်းစနစ်မျိုးကို အသုံးပြုလိုက်ရခြင်းမှာ သူတို့အရှေ့တွင် ရှိနေသည့် လူငယ်လေးက မခေဘူးဆိုသည်ကို သက်သေပြုနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရင်ဖုန်းမှ မတ်တပ်ရပ်လိုက်ရာ၊ သူ့အနောက်တွင် ကြီးမားသော အရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ပန်ငှက်တစ်ကောင်ဖြစ်ပြီး၊ ၎င်းသည် သူနှင့်အတူ အရှေ့သို့ ပြေးတက်လာခဲ့သည်။

ရှောင်ဟေးမှ စကားပြောလာခဲ့သည် “ ကောင်းကင်ဘုံပန် နဂါးတိုက်ခိုက်ရေး နည်းစနစ်က ပေါ့‌သေးသေး မဟုတ်ဘူး။ မင်းက အဆင့်တူ ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်နေရတာ၊ သူ့ကို လျှော့မတွက်လိုက်နဲ့ “

လုချန်ရှန်းသည် ထိုစကားကို ကြားနေခဲ့ရသော်လည်း၊ မည်သို့မျှ မတုံ့ပြန်လိုက်ပေ။

သို့ရာတွင် ပန်ဘုရင်လေးမှ စကားပြောလာခဲ့သည် “ အဆင့်တူအတွင်းမှာ မင်းက ငါဒီနည်းစနစ်ကို ထုတ်သုံးရအောင် လုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံး လူတစ်ယောက်ပဲ “

“ အဲ့တာက ဂုဏ်ပြုတာလား “

လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည်၊ သို့သော် သူ၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။

“ ကောင်းကင်ဘုံပန် နဂါးတိုက်ခိုက်ရေး “

ပန်ဘုရင်လေးမှ အသာအယာ ဟိန်းဟောက်လာခဲ့သည်၊ သူ့အနောက်တွင် ရှိနေသည့် ပန်ငှက်အရိပ်သည် ၎င်း၏ တောင်ပံများကို ခတ်ကာ၊ အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ပျံသန်းလာခဲ့သည်။ နောက်ဆက်တွဲ ပုံရိပ်များသာ ကျန်နေခဲ့ပြီး၊ ၎င်းသည် လုချန်ရှန်းထံသို့ ရောက်ရှိလာခဲ့သည်။

ဝှစ်

မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။ လုချန်ရှန်းသည် ၎င်းကို ရိုက်ချရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။ အလင်းတန်းများ ပွင့်လန်းလာခဲ့ပြီး၊ သူသည် ပန်ငှက်ကို ရိုက်ချလိုက်သည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူသည် လေထုအတွင်းရှိ အရိပ်ထဲတွင် ရှေးဟောင်းပန်ငှက်၏ အရိပ်အပိုင်းအစတစ်ခု ရှိနေသည်ကို သိရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပန်ဘုရင်လေးသည် အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊ သူ၏လက်သည် သေစေနိုင်သော တိုက်ခိုက်မှုကို ဖန်တီးလိုက်ပြီး၊ သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးကို ဖိနှိပ်ရန် ကြံရွယ်လာခဲ့သည်။

ပုံရိပ်နှစ်ခု တိုက်ခိုက်နေခဲ့ပြီး၊ ပန်ငှက်၏ အရိပ်သည် ကောင်းကင်ဘုံကို လှုပ်ခါသွားစေကာ၊ လုချန်ရှန်းကို အဆက်မပြတ် နောက်ဆုတ်သွားစေခဲ့သည်။

လူတိုင်း မှင်သက်သွားပြီး၊ သူတို့၏ မျက်လုံးများအတွင်းတွင် အံ့ဩတကြီး ဖြစ်သွားသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။ အဆိုပါ ရှေးဟောင်း နည်းစနစ်မှာ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။

“ ဒါကလည်း ကောင်းတာပဲ “

လုချန်ရှန်းကမူ လှုပ်လှုပ်ရှားရှားဖြင့် ပြုံးနေသေးသည်။

၎င်းက ရင်ဖုန်း၏ ဂုဏ်အယူရဆုံး နည်းစနစ်(သို့) အစွမ်းအထက်ဆုံး နည်းစနစ် ဖြစ်သင့်ပေသည်။

သို့ရာတွင် ရင်ဖုန်းမှ စကားပြန်ပြောလာခဲ့သည် “ ဘာကိုဆိုလိုတာလဲ “

“ မင်းကို ဒီဟာကို အသုံးပြုခွင့်ပေးလိုက်ပြီးတော့ အနိုင်ယူလိုက်မယ်ဆိုရင်၊ ပိုကောင်းတဲ့ သင်ခန်းစာတစ်ခုကို ပေးနိုင်ပြီလေ “

“ ဟမ်၊ မင်းက ငါ့ရဲ့ နည်းစနစ်ကို ချိုးဖျက်နိုင်တယ်ပေါ့ “

“ ငါကြိုးစားကြည့်မယ် “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။

ပန်ဘုရင်လေးမှ အသာအယာ ဟိန်းဟောက်လာခဲ့ပြီး၊ ထို့နောက်တွင် ပန်ငှက်ဆင်းသက်လာခဲ့ကာ၊ သူနှင့်ပေါင်းစည်းသွားပြီး၊ လုချန်ရှန်းထံသို့ ချက်ချင်းပြေးတက်လာခဲ့သည်။

ခွမ်း

၎င်းကို မြင်လိုက်ရသောအခါတွင် ဓားချီတစ်ခု ပဲ့တင်ထပ်လာခဲ့သည်၊ လုချန်ရှန်းမှ လက်ဟန်တစ်ခု ပြုလိုက်လိုက်ရာ၊ လေထုအတွင်းတွင် များပြားလွန်းလှသော ဓားချီများ ပေါ်ထွက်လာကာ၊ အရှေ့သို့ ရုတ်တရုတ် ခုတ်ပိုင်းသွားခဲ့သည်။

လေထုအတွင်းတွင် ချွန်ထက်သော အစွန်းတစ်ဖက် ပေါ်ထွက်လာခဲ့ပြီး၊ အားလုံး၏ အကြည့်များ အောက်မှာပင် များပြားလွန်းလှသော အလင်းတန်းပေါင်းများစွာ ပွင့်လန်းလာခဲ့သည်။

ပန်ဘုရင်လေးသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် ပြိုင်ဘက်၏ ဓားတာအို ကျင့်ကြံရေးက ဤမျှလောက် အံ့ဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရင်ဖုန်းမှ လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ၊ ပန်ငှက်သည် တားဆီးပိတ်ဆို့ရန်အတွက် သူ့အရှေ့သို့ ချက်ချင်းပျံထွက်လာခဲ့သည်။

လူနှစ်ဦး၏ တိုက်ခိုက်မှုများသည် လူတိုင်းကို မှင်သက်သွားစေခဲ့သည်။

သို့ရာတွင် လူတိုင်း မထင်မှတ်ထားသော အရာများ ဖြစ်ပွားလာခဲ့သည်။ ဓားချီကျဆင်းလာခဲ့သည့်နောက်တွင် လေထုအတွင်းရှိ ပန်ငှက်အရိပ်သည် ဖြည်းဖြည်းချင်း ဖြတ်တောက်ခံလိုက်ရကာ၊ သိသာထင်ရှားသော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ဘုမ်း

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်၊ ပန်ငှက်အရိပ်သည် အပြည့်အဝ ရှင်းလင်းခံလိုက်ရပြီး၊ ဓားချီသည် ရေစီးကြောင်းတစ်ခုအလား အရှေ့သို့ တိုးဝင်သွားခဲ့သည်။

ပန်ဘုရင်လေးသည် သတိတကြီး ဖြစ်သွားခဲ့သည်။ သူ၏မှော်စွမ်းအားများ ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြီး၊ တိုက်ခိုက်မှုကို တားဆီးပိတ်ဆို့ရန်အတွက် ကြိုးပမ်းလာခဲ့သည်။

သို့သော် သူ၏ခုခံမှုအားလုံး ပြိုကွဲသွားခဲ့သည်၊ သူသည် အနောက်သို့ ရုပ်ပျက်ဆင်းပျက် လွင့်ထွက်သွားခဲ့ပြီး၊ သူ၏ ဝတ်စုံသည် အပေါက်တို့ဖြင့် ပြည့်နှက်နေပြီဖြစ်ကာ၊ သူ၏မျက်နှာပေါ်တွင် သွေးစွန်းနေသော ဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။

သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် လုချန်ရှန်းသည် သူ့အနောက်တွင် ပေါ်လာကာ၊ သူ့ကို ဆွဲယူရန် လက်လှမ်းလိုက်သည်။

“ မင်း အရှုံးပေးပြီလား “

ထိုအသံကို ကြားလိုက်ရသောအခါတွင် ပန်ဘုရင်လေးသည် အလွန်တရာ ခြောက်ခြားသွားခဲ့သည်။ သူသည် လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ပြီး၊ သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကို ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

“ တကယ်လို့ မင်း သတ္တိရှိတယ်ဆိုရင်၊ စတုတ္ထတောင်တန်းမှာ ငါနဲ့လာတိုက်လိုက် “

ပန်ဘုရင်လေးသည် အော်ပြောလာခဲ့ကာ၊ သူ့အနောက်တွင် ရှိနေသည့် တောင်တန်းထံသို့ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။

လုချန်ရှန်း ဆွံ့အသွားခဲ့သည်။

“ အဲ့တာက ဘာကိုဆိုလိုတာလဲဟ “

“ ကောင်းကင်ဘုံပန် နဂါးတိုက်ခိုက်ရေး နည်းစနစ်က အသုံးပြုသူရဲ့ နယ်ပယ်က မြင့်တက်လာတာနဲ့ ပိုပြီးတော့ အားကောင်းလာလိမ့်မယ်၊ အဲ့တာကြောင့် သူက မင်းကို စတုတ္ထတောင်တန်းမှာ တိုက်ခိုက်ချင်နေတာ “ ဟု ရှောင်ဟေးမှ ရှင်းပြလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့တာက တိုးတက်နိုင်သေးတာလား။ ဒါပင်မဲ့ အဆင့်သေးတစ်ခုလောက် မြင့်သွားတာက ဘာများ ကွာခြားသွားနိုင်လို့လဲ “

သူသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ဝိညာဥ်ကျောက်တုံး တစ်ချို့ ရရှိရန်အတွက် သူသည် သူ၏ဦးနှောက်ကို အမှန်တကယ် အလုပ်ပေးနေခဲ့ရသည်။ သူသည် ရင်ဖုန်းက အပြည့်အဝ ယုံကြည်လက်ခံသွားသည်အထိ တိုက်ခိုက်ရမည်ဖြစ်သည်၊ ထိုကဲ့သို့ ဖြစ်လာမှသာ ဝိညာဥ်ကျောက်တုံးများကို ယူလိုက်ရသည့်အတွက် အပြစ်ရှိစိတ်ကို ခံစားရလိမ့်မည် မဟုတ်ပေ။

ကောင်းမွန်သော ဂုဏ်သတင်းတစ်ခု ချန်ထားနိုင်ခဲ့ခြင်းသည် နောင်အနာဂတ်တွင် သူ့ထံသို့ စီးပွားရေး လုပ်ငန်းများ ရောက်ရှိလာစေမည် ဖြစ်သည်။

မကြာခင် အချိန်မှာပင် လုချန်ရှန်းသည် စတုတ္ထတောင်တန်းသို့ ရောက်ရှိလာခဲ့သည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ၊ သူသည် ပန်ဘုရင်လေးက ရွှေရောင်လှံတစ်ချောင်းကို ကိုင်ဆောင်ထားကာ လေထုအတွင်းတွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။ သူ၏ အရှိန်အဝါမှာလည်း ယခင်ကထပ် ပိုမိုအားကောင်းနေခဲ့သည်။

သူတို့၏ အကြည့်များ ဆုံသွားသည့် အချိန်တွင် သူသည် မည်သည့်စကားကို မပြောဘဲ၊ ကောင်းကင်ဘုံပန် နဂါးတိုက်ခိုက်ရေး နည်းစနစ်ကို ထပ်မံ၍ အသက်သွင်းလိုက်သည်။ ပန်ငှက်ပြန်ပေါ်လာကာ၊ သူနှင့် ပေါင်းစည်းသွားခဲ့သည်။ ယခင်ကနှင့် ယှဥ်လိုက်မည်ဆိုပါက၊ လေထုအတွင်းတွင် ရှိနေသည့် ပန်ငှက်အရိပ်မှာ ပိုမိုထင်ရှားနေခဲ့သည်။

“ အဲ့နည်းစနစ်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “

လုချန်ရှန်းသည် စကားပြောကာ၊ ရှေ့တက်သွားခဲ့သည်။ သူ၏ ပတ်ပတ်လည်တွင် ဓားချီတစ်ခု ပျံဝဲလာခဲ့ကာ၊ သူ၏ ခန္ဓာကိုယ် ရွေ့လျားနေသည်နှင့်အမျှ၊ များပြားလွန်းလှသော အလင်းတန်းများ ပွင့်လန်းလာကာ အရှေ့သို့ ကျဆင်းလာခဲ့သည်။

ထို့နောက်တွင် ပန်ငှက်သည် အေးစက်စွာ နှာမှုတ်လာကာ၊ သူ၏လှံကို အလျားလိုက် ဝေ့ရမ်းလိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခုသည် ဘက်ပေါင်းစုံကို လင်းထိန်သွားစေပြီး၊ လုချန်ရှန်းထံသို့ နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားသွားကာ၊ ဓားချီကို မွှေနှောက်ပြီး၊ သတ်ဖြတ်လိုစိတ်ကို ပျောက်ကွယ်သွားစေခဲ့သည်။

ထို့နောက်တွင် လှံသည် ကောင်းကင်ယုံကို ကျော်ဖြတ်ကာ၊ လုချန်ရှန်းထံသို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။ လူနှစ်ဦးကြားတွင် အံ့ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ထပ်မံ၍ ပေါ်ပေါက်လုမတတ် ဖြစ်သွားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် ဓားချီများ လိမ်ယှက်လာခဲ့ပြီး၊ ဘက်ပေါင်းစုံမှ တိုက်ခိုက်လာခဲ့သည်၊ အားလုံးသည် ပန်ဘုရင်လေးထံသို့ ထိုးဖောက်လာကြသည်။

၎င်းနှင့်အတူ အဆုံးမဲ့ ဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့သည်။ ပန်ဘုရင်လေး၏ ပုံရိပ် ရပ်တန့်သွားကာ၊ သူသည် မည်သို့မျှ ရှေ့မတက်နိုင်တော့ပေ။ သူ့လက်ထဲတွင် ရှိနေသည့် လှံသည် လျင်မြန်စွာ ကခုန်လာခဲ့သည်၊ အလွန်တရာ မြန်ဆန်လွန်းသဖြင့် အရိပ်များပင် ထင်ကျန်နေခဲ့သည်။

မှော်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထံမှ အဆက်မပြတ် ပေါက်ထွက်လာခဲ့ကာ၊ ဘက်ပေါင်းစုံကို လှုပ်ခါသွားစေခဲ့သည်။

တစ်ခြားလူများ၏ အာမေဋိတ်သံများနှင့်အတူ ဓားချီသည် လှံအပေါ်သို့ ကျဆင်းလာခဲ့သည်။ ပန်ငှက်သည် ၎င်း၏ တောင်ပံများကို ခတ်ကာ၊ ဓားချီကို ဖြိုခွဲရန် ကြိုးပမ်းလာခဲ့သည်၊ သို့သော် ၎င်းသည် ဖြည်းဖြည်းချင်း ဝါးမြိုခံလိုက်ရကာ၊ ထပ်မံ၍ ပြိုကွဲသွားခဲ့သည်။

တစ်ခြားလူများကမူ ဤမျှအံ့ဖွယ်ကောင်းသော နည်းစနစ်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ၎င်းကို စွမ်းအားနှင့်သာ ဖြိုခွဲလေ့ရှိသည်၊ သို့သော် လုချန်ရှန်းကမူ ဝိညာဥ်ကျောက်တုံးများကို တပ်မက်သည့် သူ၏စိတ်ကိုသာ မှီခို၍ အဆိုပါ နည်းစနစ်ကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ချိုးခဲ့သည်။

ပန်ဘုရင်လေး၏ အမူအရာသည် လုံးဝပြောင်းလဲသွားခဲ့သည်။ သူသည် သူက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၄ဖြင့် နဂါးတိုက်ခိုက်ရေး နည်းစနစ်ကို အသုံးပြုလိုက်မည်ဆိုပါက၊ ရန်သူကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်ဟုသာ ထင်နေခဲ့သည်၊ သို့သော် ရလဒ်သည် သူမထင်မှတ်ထားသော အရာသာ ဖြစ်နေခဲ့သည်။

၎င်းကို မြင်လိုက်ရသော အချိန်၌ သူ၏မျက်လုံးများအတွင်းတွင် ရှိနေသည့် မောက်မာမှုတို့မှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ယံတွင် စူးရှရှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

သူသည် သူ၏မူလပုံစံဖြစ်သည့် ရွှေတောင်ပံ ပန်ငှက်အဖြစ် ပြန်ပြောင်းလိုက်ပြီ ဖြစ်သည်၊ သူ၏တောင်ပံများကို ဖြန့်ကာ၊ မြင့်တက်သွားခဲ့သည်။ ၎င်း၏ ရွှေရောင်တောင်ပံများသည် သံတ္ထုဖြင့် သွန်းလုပ်ထားသကဲ့သို့ တလက်လက် တောက်နေကာ၊ ဓားချီ၏ ခုတ်ပိုင်းမှုများကို ခံနိုင်ရည်ရှိနေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ပန်ဘုရင်လေးသည် သူ၏တောင်ပံများကို ဖြန့်ကာ တန်းတန်းမတ်မတ် ပျံတက်၍၊ ဓားချီ၏ ချုပ်နှောင်မှုကို ရိုက်ချိုးပြီး၊ သူ့အနောက်တွင် ရှိနေသည့် တောင်တန်းထံသို့ ပျံသန်းသွားခဲ့သည်။

သူ၏ မျက်လုံးများအတွင်းတွင် အကြောက်တရားများ ပေါ်လာခဲ့ပြီး၊ သူသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။

“ ပန်ဘုရင်လေးက ထွက်ပြေးသွားတာလား “

“ သူက တကယ်ကြီးကို ရှုံးသွားခဲ့တယ်ပေါ့ “

“ … “

ထိုအချိန်တွင် အသံပေါင်းစုံ ပေါ်ထွက်လာခဲ့သည်၊ သူတို့သည် ကျော်ကြားလှသည့် ရွှေတောင်ပံ ပန်ဘုရင်လေးက ရုပ်ပျက်ဆင်းပျက် ထွက်ပြေးသွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် လုချန်ရှန်းသည် ၎င်းကို စိုက်ကြည့်နေခဲ့ကာ၊ စကားပြောလိုက်သည် “ ပြေးသွားတာလား။ ကိစ္စမရှိပါဘူး၊ မင်းက မိုးကုပ်စက်ဝိုင်းအထိ ပြေးသွားမယ်ဆိုရင်တောင်မှ၊ ငါမင်းကို ပြန်ဆွဲခေါ်လာခဲ့မယ် “

ထို့နောက်တွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ရင်ဖုန်းအနောက်သို့ ပြေးလိုက်သွားခဲ့သည်။

၎င်းသည် လူအုပ်ကြီးကို ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ရှောင်ဟေး စကားဝင်ပြောလာခဲ့သည် “ သူရှုံးပြီး ထွက်ပြေးသွားပြီဆိုတော့ မင်းရဲ့ ရည်မှန်းချက်က အောင်မြင်သွားပြီလေ။ ဘာလို့ သူ့နောက်ကို ထပ်လိုက်နေရသေးတာလဲ “

သူ့ရည်ရွယ်ချက်က အောင်မြင်သွားတဲ့ဟာကို၊ ဒီကောင်က ဘာကိစ္စထပ်လိုက်နေရသေးတာလဲဟ

လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ တကယ်လို့ သူထွက်ပြေးသွားပြီးတော့ ပန်မျိုးနွယ်စုက ငွေမပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ “

“ … “

ရှောင်ဟေး ဆွံ့အသွားခဲ့သည်။ ငွေမရသေးလို့ ဒီလိုလုပ်နေတာကိုး

All Chapters