← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း ( 103 )

ဂူဖောက်ပစ်မယ်

စစ်ပွဲဘုရင်၏ ပိုင်နက် အတွင်း၌၊ လုချန်ရှန်းသည် တောင်ထိပ်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ အချိန်အတော်ကြာသည်အထိ မလှုပ်မယှက် တည်ငြိမ်နေခဲ့သည်။

လော့ရှန်လင်း ရောက်လာခဲ့သည့် အချိန်မှာပင် သူမသည် သူ့ကို မနှောင့်ယှက်ဘဲ၊ သူ့ဘေးနားတွင် ထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။

ရှောင်ဟေးက ဓားတာအိုကို ကျင့်ကြံနေစဥ် အချိန်တွင် ကြုံတွေ့ရသည့် အချိန်တိုင်းတွင် လုချန်ရှန်းသည် သူ၏ ကျင့်ကြံရေးကို ယာယီရပ်တန့်ကာ၊ ၎င်းကို လမ်းညွှန်ပေးခြင်းမှအပ၊ သူသည် သူ၏အချိန်အများစုအား ရှေဟောင်းနေကျမ်းစာကို နားလည်ဆင်ခြင်ကာ ကျင့်ကြံရေးဖြင့် ကုန်ဆုံးသွားစေခဲ့သည်။

သူက သူ၏ကိုယ်ပိုင် ဓားတာအိုကို မကျင့်ကြံသည်မှာ တစ်နှစ်နီးပါးပင် ပြည့်တော့မည် ဖြစ်သည်။

သူသည် အတားအဆီးနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ရှေ့ဆက်သွားရမည့် လမ်းကို အချိန်အတော်ကြာသည်အထိ မမြင်တွေ့ခဲ့ရပေ၊ ထို့ကြောင့် သူသည် ၎င်းကို တစ်ခဏခန့် ရပ်တန့်ထားကာ၊ ကျင့်ကြံရေးတွင် အာရုံစိုက်၍ အခွင့်အလမ်းကို စောင့်ဆိုင်းရန်သာ ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် ရှောင်ဟေးကို ဓားတာအို သင်ပေးလေလေ၊ သူပို၍ အံ့ဩသွားရလေလေ ဖြစ်နေခဲ့သည်။ ၎င်း၏ နားလည်နိုင်စွမ်းသည် အဆိုပါ မွန်းစတားအိုကြီးများထပ်ပင် ပိုမိုနက်နဲနေခဲ့သည်။

အစတွင် ရပ်တန့်နေကာ၊ ကျင့်ကြရခက်သော ဓားတာအိုသည် သူ၏ လမ်းညွှန်မှုနှင့် သင်ပြပေးမှုအောက်တွင်၊ ရုတ်တရက် ရှင်းလင်းသွားခဲ့ပြီး၊ ၎င်းသည် ဓားတာအို၏ အဆင့်၅အလွှာနှင့်ပင် ထိတွေ့မိနေပြီ ဖြစ်သည်။

ဤကာလအတွင်းတွင် နတ်ကောင်းကင်ဂိုဏ်းမှာ အတော်လေး အေးချမ်းတည်ငြိမ်နေခဲ့သည်။

လုချန်ရှန်းသည် နတ်ဆေးလုံးကို လော့ရှန်လင်းကို ပေးလိုက်ပြီး၊ ထိုအကြောင်းကို မည်သူ့ကိုမှ မပြောပြရန် သတိပေးကာ၊ ၎င်းကို သူကိုယ်တိုင်သောက်သုံးလိုက်ဟန်ဆောင်နေခဲ့သည်။

ကူချန်ကျွင်း၏ မျှော်လင့်ချက်များကို စိတ်မပျက်သွားစေရန်အလို့ငှာ၊ သူသည် သူ၏ကျင့်ကြံရေးကို ချီသိပ်သည်းခြင်းနယ်ပယ်အထိ မြှင့်တင်ကာ၊ ချီသိပ်သည်းခြင်း အဆင့်၂ ကျင့်ကြံရေးကို ချပြထားလိုက်သည်။

၎င်းသည် လူတော်တော်တော်များများကို စိတ်သက်သာရာရသွားစေခဲ့သည်၊ ကူချန်ကျွင်းမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့ပြီး၊ သူ၏ကြိုးစားအားထုတ်မှုက အချည်းနှီး မဖြစ်ခဲ့ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

ဤကာလအတွင်းတွင် လုချန်ရှန်းသည် သဲလွန်စတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။

သူ၏မျက်လုံးများ အရှေ့မှာပင် ကျိုးချင်ယုသည် မုရှောင်ရှင်းနှင့်အတူ ပြန်ရောက်လာခဲ့သည်။

ထိုလူနှစ်ဦးမှာ အတူတူ လမ်းလျှောက်နေခဲ့ပြီး၊ လုချန်ရှန်းသည် သူတို့ကို သတိပြုမိသွားကာ၊ အနည်းငယ် အံ့ဩသွားခဲ့သည်။

မုရှောင်ရှင်းမှာလည်း သူ့ကို သတိပြုမိနေခဲ့ပြီး၊ တစ်ချို့သော အကြောင်းအရင်းများကြောင့် လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင်၊ သူမသည် အလိုအလျောက် မျက်မှောင်ကြုတ်မိသွားခဲ့သည်။

“ ဘာဖြစ်လို့လဲ “ ကျိုးချင်ယုမှ မေးမြန်းလိုက်သည်။

မုရှောင်ရှင်းသည် ဝိညာဥ်တောင်တစ်ခုကို လက်ညှိုးထိုးပြကာ၊ ပြန်ပြောလိုက်သည် “ အဲ့တာက ရှင့်ရဲ့ ဂျူနီယာညီ လုချန်ရှန်းလား “

“ ဟုတ်တယ်လေ “

“ ဘာလို့လဲ မသိပင်မဲ့၊ သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ တစ်မျိုးကြီး ခံစားနေရတယ် “

“ ဘာလို့လဲ “

ကျိုးချင်ယုသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ သူတို့နှစ်ယောက်က အခုမှ တွေ့ဖူးကြတာမဟုတ်ဘူးလားဟ

မုရှောင်ရှင်းသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ခေါင်းခါ၍ ပြန်ပြောလာခဲ့သည် “ ကျွန်မလည်း ဘာကြောင့်မှန်းတော့ မသိဘူး၊ တကယ်တော့ ဆရာက သူ့ကို အရမ်းချီးကျူးခဲ့တာကြောင့် ဖြစ်နိုင်တယ် “

ကျိုးချင်ယုသည် တအံ့တဩဖြင့် ပြန်မေးလိုက်သည် “ လအရှင်သခင်က ငါ့ရဲ့ ဂျူနီယာ ညီလေးကို ချီးကျူးခဲ့တယ်ပေါ့ “

“ ဟုတ်တယ်၊ ဆရာက သူနဲ့ တစ်ခါတွေ့ခဲ့ဖူးပြီးတော့၊ သူ့ကို အတော်လေး အကောင်းမြင်သွားခဲ့တယ်၊ တော်တော်လေးတောင် ချီးကျူးနေခဲ့တယ်။ စစ်ပွဲဘုရင်ရဲ့ တားဆီးမှုကြောင့်သာ မဟုတ်ဘူးဆိုရင်၊ သူမက သူ့ကို တပည့်အဖြစ် ခေါ်ဖို့တောင် စဥ်းစားထားတယ် “ မုရှောင်ရှင်းသည် ယခင်ကဖြစ်ရပ်များကို ပြန်ပြောင်းပြောပြနေခဲ့သည်။

၎င်းသည် ကျိုးချင်ယုကို တအံ့တဩ ဖြစ်သွားစေခဲ့သည် ” လအရှင်သခင်က ငါ့ရဲ့ ဂျူနီယာညီလေးကို ဒီလောက်တောင် တန်ဖိုးထားနေတာလား။ ဂျူနီယာညီလေးနဲ့ပတ်သက်ပြီးတော့ ထူးခြားတာ ရှိလို့လား “

“ သူက ထူးထူးခြားခြားကြီးကို ရုပ်ချောတယ်လေ “

“ ဘာကြီး “

ကျိုးချင်ယု မှင်သက်သွားခဲ့သည်။

မုရှောင်ရှင်းမှ ပြန်ပြောလာခဲ့သည် “ တပည့်လက်ခံတာနဲ့ ပတ်သတ်ပြီးတော့ ဆရာ့ဆီမှာ စည်းမျဥ်းနှစ်ခုပဲ ရှိတယ်၊ ပထမတစ်ခုက စွမ်းရည်ပဲ၊ ဒုတိယတစ်ခုကတော့ ရုပ်ရည်ပေါ့။ နှစ်ခုစလုံးကို လိုအပ်တယ်။ ဒါပင်မဲ့ တကယ်လို့ တစ်ယောက်ယောက်က သူ့လိုမျိုး ထူးထူးခြားခြားကြီးကို ချောနေမယ်ဆိုရင်တော့ စွမ်းရည်မရှိရင်တောင်မှ အဆင်ပြေတယ် “

ကျိုးချင်ယုသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်းမှာလည်း အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။

ရှောင်ဟေးသည် စကားဝင်ပြောလာခဲ့သည် “ ကောင်းကင်ဘုံ၊ ဆိုတော့ လအရှင်သခင်က မင်းလိုမျိုး ကောင်ချောလေးတွေကို ကြိုက်တာပဲ။ ကြည့်ရတာတော့ မင်းက ရုပ်ရည်တစ်ခုတည်းနဲ့ကို အဆင်ပြေပြေနေနိုင်မဲ့ပုံပဲ “

“ ရုပ်ချောနေတာက ငါ့အမှား မဟုတ်ဘူးလေ “

ရှောင်ဟေး ဆွံ့အသွားခဲ့သည်၊ အစတွင် သူသည် ထိုလူ့ကို အနည်းငယ် စနောက်ရန် ကြံရွယ်ထားခဲ့သည်၊ သို့သော် ထိုလူမှာ ရှက်ကြောပြတ်နေပုံရသည်။

သို့ရာတွင် လော့ရှန်လင်းသည် မုရှောင်ရှင်းကို စိုက်ကြည့်ကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အဲ့ဒီ လအရှင်သခင်ကလည်း စီနီယာအစ်ကို့အပေါ်မှာ အကြံအစည်တွေ ရှိနေတာများလား။ ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်တဲ့ အဘွားကြီးလဲ “

၎င်းကို တွေးမိသွားသည်နှင့်တစ်ပြိုင်နက် သူမ၏ အမူအရာသည် မည်သို့မျှ ဖော်ရွေ့မနေတော့ပေ။

ထိုလူနှစ်ဦးထွက်သွားသည့်နောက်တွင် လုချန်ရှန်းသည် သူတို့ကို အာရုံစိုက်မနေတော့ပေ၊ သို့သော် သူသည် ကျိုးချင်ယု၏ ဓားတာအိုက သိသိသာသာ တိုးတက်လာခဲ့ပြီး၊ အဆင့်၈သို့ ရောက်ရှိရန် သိပ်မလိုတော့ဘူးဆိုသည်ကို သတိပြုမိသွားခဲ့သည်။

ကြည့်ရတာတော့ သူမကို မရီးလို့ခေါ်ရတော့မဲ့ပုံပဲ

လဝက်မှာ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့သည်။ ကူချန်ကျွင်းရောက်ရှိလာကာ၊ စကားပြောလာခဲ့သည် “ ချန်ရှန်း၊ သဘက်ခါကျရင် သွားမှာ၊ ပြင်ဆင်ထားတော့ “

“ ကောင်းပြီလေ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။

ကူချန်ကျွင်းသည် အဆိုပါ နတ်တောင်၏ နှစ်ခြင်းခံယူခြင်းကို အတော်ပင် အလေးထားနေခဲ့ပြီး၊ သူ၏ တပည့်များက ၎င်းကြောင့် အသွင်ပြောင်းသွားကြမည်ဟုပင် ပြောဆိုနေခဲ့သည်၊ ထိုကဲ့သို့ မဟုတ်ဘူးဆိုလျှင်တောင်မှ အနိမ့်ဆုံးအနေဖြင့် ၎င်းသည် သူတို့၏ ရုပ်ခန္ဓာများအတွက် အတော်လေး အကျိုးရှိနေမည် ဖြစ်သည်။

သို့ရာတွင် လုချန်ရှန်းကမူ နှစ်ခြင်းကိစ္စကို လုံးဝလျစ်လျူရှုထားခဲ့သည်။ အကယ်၍ သူက နတ်ဆေးလုံးကို သောက်သုံးလိုက်မည်ဆိုလျှင်‌တောင်မှ၊ မည်သည့်ကောင်းကျိုးများ ရရှိနိုင်သနည်း။ သူက ပန်းပွင့်ကဲ့သို့ ရုတ်တရက် ပွင့်လန်းလာမည်လော။ (အရွယ်ရောက်တယ်၊ ပညာစုံတယ်၊ ထိပ်သီး ပညာရှင် ဖြစ်သွားတယ်ဆိုတဲ့သဘောပါ )

သူ၏စိတ်ဝင်စားမှုမှာ ထျန်းယွမ်မြို့တွင် တည်ရှိနေခဲ့သည်၊ မှော်ပစ္စည်းများ ရောင်းချခြင်း၊ ဝိညာဥ်ကျောက်တုံးများ လဲလှယ်ခြင်း၊ ပျော်စရာ ရှာဖွေခြင်းနှင့် မွေးရာပါ ဝိညာဥ်အဆင့်၃သို့ တက်လှမ်းခြင်း။ ၎င်းတို့မှာ ပို၍အရေးကြီးသော ကိစ္စများ ဖြစ်နေခဲ့သည်။

ကူချန်ကျွင်း၏ စကားကို ကြားခဲ့ရပြီးသည့်နောက်တွင် လော့ရှန်လင်းသည် လှည့်ပင်မကြည့်ဘဲ၊ ထွက်ခွာသွားခဲ့သည်။

သူမကို နောက်ရက်တွင် တစ်နေ့လုံး မမြင်တွေ့ခဲ့ရပေ၊ တတိယမြောက်နေ့တွင်မူ နတ်ကောင်းကင်ဂိုဏ်း၏ ဌာနအသီးအသီးမှ တပည့်များသည် စတင်၍ စုဝေးလာကြသည်။

ဤတစ်ကြိမ်တွင် အရှင်သခင်လေးပါးအနက်၊ နတ်အရှင်သခင်မှလွဲ၍ ကျန်ရှိနေသည့် အရှင်သခင်သုံးပါးစလုံးသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ကြသည်။

စစ်သဘော်ပေါ်၌ လုချန်ရှန်းသည် သူ့အပေါ်သို့ ကျရောက်နေသည့် အေးစက်စက် အကြည့်ပေါင်းများစွာကို ခံစားနေနိုင်ခဲ့သည်။

ပြန်လှည့်ကြည့်လိုက်ရာ ကျောက်ရုန်တို့ လူစုဖြစ်နေသည်ကို သူမြင်တွေ့သွားခဲ့သည်။

တစ်ချို့သော အကြောင်းအရင်းများကြောင့်၊ ကျောက်ရုန်၏ အကြည့်မှာ အလွန်တရာ အေးစက်နေခဲ့ပြီး၊ သူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။

လုချန်ရှန်းနှင့် အကြည့်ချင်း ဆုံသွားသည့် အချိန်မှာပင် သူသည် တစ်ချက်လေးပင် နောက်မဆုတ်သွားခဲ့ပေ၊ သူ၏အပြုံးမှာလည်း ပိုမိုကြီးမားလာခဲ့သည်။

“ ဒီကောင်က ငါ့ကို ထပ်ပြီးတော့ ပစ်မှတ်ထားဖို့အတွက် မကောင်းတဲ့ ကိစ္စတစ်ခုခုကို စီစဥ်ထားပြီးတဲ့ပုံပဲ “ ဟု လုချန်ရှန်းမှ ပြောလိုက်သည်။

ဓားတာအိုကို လေ့ကျင့်နေသည့် ရှောင်ဟေးကမူ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ သူက မင်းက ပစ်မှတ်မထားတာကမှ တော်တော်ကြီးကို ထူးဆန်းနေမှာလေ “

“ အဲ့လောက်ကြီးလည်း ရန်ငြှိုးမရှိပါဘူးကွာ၊ ဒါပင်မဲ့ သူက သဘောထားသေးသိမ်ပြီးတော့ လမ်းဟောင်းကြီးကို ရောက်သွားအောင်ပဲ တွန်းပို့နေတယ် “

“ သဘောထား သေးသိမ်တယ်လို့ ပြောနေသေးတယ်ပေါ့၊ မင်းရဲ့ ဆရာက သူ့ကို လူကြားထဲမှာ မသေရုံတမယ်ဖြစ်သွားအောင် ရိုက်နှက်ခဲ့တာလေ။ မင်းကသာ သူတို့ဘိုးဘေးတွေရဲ့ အုတ်ဂူတွေကို မတူးဖော်ဘူးဆိုရင်၊ သူတို့က မင်းကို အမွှေးတိုင်ထွန်းပြီးတော့တောင် ပူဇော်လောက်တယ် “ ရှောင်ဟေးသည် တဟားဟား ရယ်မောနေတော့သည်။

( ဒုတိယတစ်ကြောင်းကို တိုက်ရိုက် ပြန်ပေးထားပါတယ်၊ အဓိပ္ပါယ်က မင်းက ဒီထပ်ပိုဆိုးတယ်၊ ဒီလောက်လေး လုပ်ထားတာကိုပဲ သူတို့က ကျေးဇူးတင်သင့်တယ်လို့ ရွဲ့ပြောတဲ့ သဘောပါ )

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းပြောတာတွေက မမှန်ပါဘူးကွာ “

“ ဘာမှားနေလို့လဲ။ မင်းက အဲ့တာကို သည်းခံလိုက်မှာလား ဒါမှမဟုတ်၊ သူတို့က မင်းတို့ကို လာမရိုက်ဘူးလို့ ပြောနေတာလား “

“ တကယ်လို့ သူတို့က ငါ့ကို လာမရိုက်ဘူးဆိုရင်တောင်မှ၊ ငါက သူတို့ရဲ့ ဘိုးဘေးတွေရဲ့ ဂူတွေကို သွားဖောက်ဦးမှာပဲ “

ရှောင်ဟေး : “ … “

သူသည် ဤလူ့၏ သဘောထား သေးသိမ်မှုကို လျော့တွက်မိထားသည့်ပုံပင်၊ တစ်ခြားလူများကမူ ယာယီငြိမ်းချမ်းရေးအတွက် သည်းခံလိုက်ကြမည်ဖြစ်သည်၊ သို့သော် ဤလူကမူ ၎င်းကို အချိန်နှင့်အမျှ တွေးတောစဥ်းစားကာ ဒေါသပိုထွက်လေလေ ဖြစ်နေခဲ့သည်။ သူ့ကို တစ်စုံတစ်ဦးက ရန်လာစလိုက်သည်နှင့်တစ်ပြိုင်နက် ထိုကိစ္စက ဤတစ်သက်တွင် အလွယ်တကူ ပြီးပြတ်သွားတော့မည် မဟုတ်ပေ။

ထို့နောက်တွင် သူတို့သည် ထွက်ခွာသွားတော့သည့် စစ်သဘော်ပေါ်သို့ တက်သွားကြသည်။

ရုတ်တရက်ဆိုသလိုပင် အလင်းတန်းတစ်ခုသည် အဝေးမှ ပေါ်ထွက်လာခဲ့ပြီး၊ စစ်သဘော်ပေါ်သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

ရောက်ရှိလာသည့် လူသည် ဆံပင်ဖြူ အမျိုးသမီးကြီးတစ်ဦး ဖြစ်နေခဲ့သည်။ သူမကို မြင်လိုက်ရသောအခါတွင် အားလုံးသည် ဦးညွတ်၍ အရိုအသေပေးလိုက်ကြသည်။

“ မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ် “

အမျိုးသမီးကြီးသည် သူမ၏လက်ကို မြှောက်ကာ၊ သက်တောင့်သက်တာနေရန် လူတိုင်းကို အချက်ပြလာခဲ့သည်၊ သူမ၏ ဘေးတစ်ဖက်တွင် လော့ရှန်လင်း ရှိနေခဲ့သည်။

“ မဟာအကြီးအကဲ၊ ဘာကိစ္စရှိလို့လဲဗျ “ ဟု စိတ်ဝိညာဥ် အကြီးအကဲမှ မေးမြန်းလိုက်သည်။

အမျိုးသမီးကြီးသည် စကားပြန်ပြောလာခဲ့သည် “ ဒီကောင်မလေးက နှစ်ခြင်းခံယူတာအတွက် မင်းတို့နဲ့ လိုက်မယ်လို့ အတင်းအကြပ် ပူဆာနေတယ်လေ။ ငါကလည်း သူမကို မဖျောင်းဖျနိုင်ခဲ့ဘူး၊ အဲ့တာကြောင့် ရွေးချယ်စရာမရှိတော့ဘဲ၊ သူမကို လွှတ်ပေးလိုက်ရတယ်။ သူမကို ဂရုစိုက်ပေးဖို့အတွက် မင်းတို့အားလုံးကို ဒုက္ခပေးရဦးမယ် “

“ ဟုတ်ကဲ့ပါ “

လူတိုင်း တုံ့ပြန်လာခဲ့ကြသည်။

လော့ရှန်လင်းသည် ချက်ချင်းပင် ပြုံးရွှင်သွားခဲ့ပြီး၊ စစ်သဘော်ပေါ်သို့ တက်လာခဲ့ကာ၊ လုချန်ရှန်း၏ ဘေးနားသို့ တိုက်ရိုက်ပြေးလွှားလာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် အမျိုးသမီးကြီးသည် လုချန်ရှန်းကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်နေကာ၊ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ထို့နောက်တွင် သူမသည် ကူရာကယ်ရာမဲ့သွားသည့်အလား အသာအယာ သက်ပြင်းချနေတော့သည်။

“ ဆိုတော့ သူက ဒီလိုလူချောလေး ဖြစ်နေတာကိုး။ အဲ့ကောင်မလေး ဒီလောက်တောင် စွဲလန်းနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ သူက ရုပ်လေးပဲချောနေတာကတော့ နှမြောဖို့ကောင်းတယ်၊ သူက ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ၊ နှစ်တစ်ရာ၊ နှစ်ရာလောက်ကြာသွားရင်တော့ သူက အဝါရောင် ရွှံ့ပုံလေးတစ်ခုပဲ ဖြစ်သွားမှာ “ အမျိုးသမီးကြီးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ကာ၊ ဂိုဏ်း၏အတွင်းပိုင်းသို့ လှည့်ပြန်သွားတော့သည်။

လုချန်ရှန်းသည် ထိုအမျိုးသမီးကြီး၏ လှုပ်ရှားနေသော နှုတ်ခမ်းများကို စောင့်ကြည့်ကာ၊ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။

ရှောင်ဟေးမှ စကားစပြောလာခဲ့သည် “ သူမက ပြောတာတွေကို မင်းကြားလိုက်ရလို့လား “

“ မကြားပါဘူး “

“ ဒါဆိုရင် ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ “

လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ ငါမကြားလိုက်ဘူးဆိုပင်မဲ့၊ အဲ့တာတွေက ကောင်းတာမဟုတ်ဘူးဆိုတာကိုတော့ သေချာတယ် “

“ မင်းက ကိုယ့်ကိုကိုယ် တော်တော်လေး နားလည်နေတာပဲ “

ရှောင်ဟေးသည် တဟားဟား ရယ်မောနေတော့သည်။

လုချန်ရှန်းသည် မည်သို့မျှ မတုံ့ပြန်လိုက်ဘဲ၊ သူ့ဘေးနားတွင် ရှိနေသည့် လူကိုသာ ငေးကြည့်လိုက်သည်။ ဒီကောင်မလေးက ငါတို့နောက်ကို လိုက်ဖို့အတွက် တော်တော်လေး ချော့မော့ပြောဆိုခဲ့တဲ့ပုံပဲ

သို့ရာတွင် လော့ရှန်လင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ကျောက်ရုန်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ ယခင်က သူ့မျက်နှာပေါ်တွင် ရှိနေခဲ့သည့် အပြုံးမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ ကျောက်ကုန်းမင်မှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 104 )

မင်းနဲ့တွေ့ရတာထပ် သူသေသွားတာကမှ ပိုကောင်းဦးမယ်

စစ်သဘော်မှာ စတင်၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

အတူလိုက်ပါလာသည့် တပည့်များသည် နေရာတစ်ခုစီ အသီးသီး ရှာဖွေကာ အနားယူနေကြတော့သည်။

လုချန်ရှန်းမှာလည်း နေရာတစ်ခု ယူလိုက်ပြီး၊ ခေါက်ကုလားထိုင်ပေါ်သို့ မှီချလိုက်ပြီး၊ ကိုယ့်ကိုကိုယ် အသာအယာ ယပ်ခတ်ပေးကာ၊ ဇိမ်ယူနေတော့သည်။

ကူချန်ကျွင်းကမူ မည်သည့်စကားမှ မပြောလာခဲ့ဘဲ၊ အဝေးမှ ငေးကြည့်ကာ၊ အတွေးနက်နေလျက်ရှိသည်။

နှစ်ရက်အကြာတွင် သူတို့သည် ထျန်းယွမ်မြို့သို့ ရောက်ရှိလာခဲ့သည်။

ငုံ့ကြည့်လိုက်မည်ဆိုပါက၊ ကြီးမားသော မြို့ကြီးတစ်မြို့ကို မြင်တွေ့ရမည်ဖြစ်ပြီး၊ ၎င်း၏ အဆုံးသတ်ကို မည်သည့်နေရာတွင်မှ မမြင်တွေ့ခဲ့ရပေ။

မြို့သည် ခမ်းနားထည်ဝါသော အဆောက်အဦး အမျိုးမျိုးတို့ဖြင့် ခံ့ညားနေခဲ့သည်။

၎င်းသည် မိုင်သောင်းဂဏန်းအတွင်းတွင် အကြီးမားဆုံး မြို့တစ်ခုနေခဲ့ပြီး၊ အင်အားစု အမျိုးမျိုး ရောနှောနေထိုင်နေကြကာ၊ ဂိုဏ်းကြီးများသာလျှင် မဟုတ်ဘဲ၊ မြေအောက်အဖွဲ့အစည်းများကပါ အခြေချနေထိုင်လျက်ရှိသည်။

မြို့အတွင်းသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင်၊ သူတို့သည် ဤနေရာရှိ နတ်ကောင်းကင်ဂိုဏ်း၏ ဌာနခွဲဆီသို့ သွားခဲ့ကြသည်။

ကိစ္စများ ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းသည် အပြင်ထွက်ရန် မည်သို့မျှ စောင့်ဆိုင်းမနေနိုင်တော့ပေ။

“ ဆရာ၊ ကျွန်တော် လမ်းလျှောက်လိုက်ဦးမယ် “

“ အင်း၊ သွားလေ “ ကူချန်ကျွင်းသည် လွယ်လွယ်ကူကူ သဘောတူလာခဲ့သည်။

လုချန်ရှန်းသည် အတော်လေး အံ့ဩသွားခဲ့သည်။

ယဲ့တျန်ရီသည် ထွက်ခွာသွားသော လုချန်ရှန်းကို ကြည့်ကာ၊ စကားပြောလာခဲ့သည် “ ဆရာ၊ ဂျူနီယာညီလေး အခုလိုမျိုး ထွက်သွားတာက အဆင်ပြေပါ့မလား “

“ ထျန်းယွမ်မြို့မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်။ ဒီနေရာကို ခြေချလာတဲ့ သတ္တဝါတိုင်းက အဲ့ဒီသံမဏိ စည်းမျဥ်းကို လိုက်နာရတယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် မြို့သခင်ရဲ့ အမျက်ဒေါသကို ရင်ဆိုင်ရလိမ့်မယ် “ ဟု ကူချန်ကျွင်းမှ ပြောပြလာခဲ့သည်။

ယဲ့တျန်ရီသည် ဇဝေဇဝါဖြင့် ထပ်မံ၍ မေးမြန်းလာခဲ့သည် “ အဲ့ဒီ မြို့သခင်က တော်တော်ကြီးကို အစွမ်းထက်တာလား “

“ တော်တော်လေးကို စွမ်းတယ် “

ကူချန်ကျွင်း၏ တိုတိုတုတ်တုတ် စကားတစ်ခွန်းသည် ယဲ့တျန်ရီကို တဖြည်းဖြည်း နားလည်သွားစေရန် လုံလောက်နေခဲ့သည်။

သူ၏ဆရာကပင် ဤကဲ့သို့ ပြောလာခဲ့သောကြောင့် ထျန်းယွမ်မြို့သခင်မှာ သေချာပေါက် အစွမ်းထက်နေလိမ့်မည် ဖြစ်သည်။

လုချန်ရှန်းကမူ မြို့အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ကန်းယွင်မြို့နှင့်မတူညီဘဲ၊ ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေသည့် မြို့တစ်မြို့ကို မြင်တွေ့နေခဲ့ရသည်၊ ဤနေရာတွင် သေမျိုးများ/သာမန်လူများ မရှိသလောက် နည်းပါးနေခဲ့သည်။

ကျင့်ကြံသူများနှင့်သာ ပြည့်နှက်နေခဲ့ပြီး၊ လူတော်တော်များများမှာ အတော်လေး အစွမ်းထက်နေခဲ့ပြီး၊ အသွင်ပြောင်းခြင်းနယ်ပယ်မှ ပညာရှင်များကပင် လမ်းလျှောက်နေလျက်ရှိသည်။

သူသည် အလျင်မလိုဘဲ၊ တစ်နေရာပြီးတစ်နေရာသို့ လှည့်ပတ်သွားလာနေခဲ့သည်။ သူ၏ပစ္စည်းများကို ရောင်းချရန်အတွက် ဝယ်နိုင်စွမ်းရှိသည့် လူတစ်ဦးကို ရှာဖွေရမည် ဖြစ်သည်။

သူသည် တစ်နေ့လုံး လှည့်ပတ်သွားလာခဲ့ပြီးသည့်နောက်မှသာ အိမ်သို့ ပြန်ရောက်လာခဲ့သည်။

ရှောင်ဟေးမှာလည်း သူ၏ကျင့်ကြံရေးကို အပြီးသတ်ကာ၊ စကားပြောလာခဲ့သည် “ မင်းက တစ်နေ့လုံး လျှောက်သွားခဲ့ပြီးတော့ အဲ့တာတွေကို မရောင်းရသေးဘူးလား “

“ မနက်ဖြန်ကျရင် ထပ်သွားကြတာပေါ့ “

ယနေ့၌ သူသည် လမ်းတစ်လျှောက်လုံးတွင် အကြည့်ပေါင်းများစွာက သူ့ကို စောင့်ကြည့်နေခဲ့သည်ကို သတိပြုမိခဲ့သည်။ ၎င်းတို့မှာ စိတ်ဝိညာဥ် အရှင်သခင်၏ တပည့်များ ဖြစ်ပြီး၊ သူလုံးဝမမှတ်မိသည့် တစ်ချို့သော တည်ရှိမှုများပါ ရှိနေခဲ့သည်။

ထိုလူများကမူ ကူချန်ကျွင်းကြောင့် သူ့ကို စောင့်ကြည့်‌နေကြခြင်း ဖြစ်နိုင်ပေသည်။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် အရာအားလုံးမှာ ချောချောမွေ့မွေ့ ပြီးစီးသွားခဲ့သည်။ သူသည် ထျန်းကျီစံအိမ်/ကောင်းကင်ဘုံ လျှို့ဝှက်စံအိမ်၏ ဌာနခွဲတစ်ခုကို ရှာဖွေ‌တွေ့ရှိခဲ့ပြီး၊ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးသည့်နောက်တွင်၊ ၎င်းတို့ကို ဝိညာဥ်ကျောက်တုံး ခုနစ်သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

သူသည် အဆောင်ရှစ်ခုကိုပါ လမ်းတွင် ဝယ်ယူသွားခဲ့သည်။

ဈေးနှုန်းမှာ ရှောင်ဟေး၏ မျှော်မှန်းချက်များထပ်ပင် အနည်းငယ် ပိုမြင့်နေခဲ့ပြီး၊ ဝိညာဥ်ကျောက်တုံး ကိုးသိန်းအထိ အသုံးပြုခဲ့ရသည်။

၎င်းတို့ အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင် သူသည် အိမ်သို့ ပြန်လာခဲ့သည်။

ယဲ့တျန်ရီမှာ ကျင့်ကြံနေခဲ့ပြီး၊ ကျိုးချင်ယုကမူ ချိန်တွေ့နေလျက်ရှိကာ၊ ကူချန်ကျွင်းအား မည်သို့မျှ ရှာမတွေ့ခဲ့ပေ။ လော့ရှန်လင်းတစ်ဦးတည်းကသာလျှင် သူ့ကို နှစ်ကြိမ်တိတိ လာရှာခဲ့ပြီး၊ သူအိမ်ပြန်မ‌ရောက်သေးဘူးဆိုသည်ကိုသာ ရှာတွေ့သွားကာ ပြန်၍ ထွက်ခွာသွားခဲ့သည်။

လုချန်ရှန်းသည် အိမ်ပြန်ရောက်ပြီး သိပ်မကြာခင် အချိန်မှာပင် ထပ်မံ၍ ထွက်ခွာလာခဲ့ပြီး၊ သူ၏လမ်းကြောင်းများကို ဖုံးကွယ်ကာ၊ သူ၏အသွင်အပြင်ကို ပြောင်းလဲလိုက်ပြီး၊ မြို့အတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

လူသူကင်းမဲ့သော နေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် သူ့လက်ထဲတွင် ရှိနေသည့် အဆောင်များကို ကြည့်ကာ၊ စကားပြောနေခဲ့သည် “ နေမထွက်ခင် ပြန်ရောက်နိုင်မလားဆိုတာကို သိချင်မိတယ် “

သူသည် စကားပြောဆိုရင်းဖြင့် အဆောင်ကို စတင်၍ အသက်သွင်းလိုက်သည်။ အဆိုပါ ပစ္စည်းက အတော်လေး အသုံးဝင်သော်လည်း၊ အသက်သွင်းရန်အတွက် အချိန်တစ်ချို့ ယူရန် လိုအပ်နေခဲ့သည်။ သို့ရာတွင် သူသည် နတ်ကောင်းကင်ဂိုဏ်း၏ အပြင်ဘက်သို့ တစ်နာရီအတွင်း ပြန်ရောက်လာခဲ့သောကြောင့် တအံ့တဩ ဖြစ်သွားခဲ့သည်။

အဆိုပါ အမြန်နှုန်းမှာ သူမထင်မှတ်ထားသော အရာဖြစ်နေခဲ့သည်။

သူသည် တစ်ခဏလေးပင် အချိန်ဆွဲမနေဘဲ၊ ဂိုဏ်းအတွင်းသို့ တိတ်တဆိတ် တိုးဝင်သွားကာ၊ စိတ်ဝိညာဥ် အရှင်သခင်၏ ပိုင်နက်အရှေ့သို့ ရောက်ရှိလာခဲ့သည်။

ကူချန်ကျွင်း၏ ပိုင်နက်ကဲ့သို့ မဟုတ်ဘဲ၊ ဤနေရာတွင် လူတော်တော်များများ ရှိနေခဲ့သည်။

ရှောင်ဟေးသည် ၎င်းကို အာရုံခံမိသွားကာ မနေနိုင်တော့ဘဲ၊ စကားစပြောလာခဲ့သည် “ ဒီနေရာကို စောင့်ကြပ်နေတဲ့ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တွေ အများကြီးရှိတယ်။ တကယ်လို့ တိုက်ခိုက်မယ်ဆိုရင်၊ လှုပ်ခတ်မှုက ကြီးသွားပြီး၊ လူတိုင်းကို သတိဝင်သွားစေလိမ့်မယ် “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ သူ့ပိုင်နက်ထဲကို ဝင်ဖို့ မလိုပါဘူးကွာ “

“ အဲ့တာက ဒီထဲမှာ မဟုတ်ဘူးလား “

“ တိတိကျကျပြောရမယ်ဆိုရင် ပိုင်နက်ရဲ့ အောက်မှာ ရှိနေတာ။ မြေကမ္ဘာက ဝိညာဥ်သွေးကြောကို အားဖြည့်ပေးတယ်လေ၊ ဒါမှမဟုတ် အခွင့်လမ်းတွေ ပေးတယ်၊ ဒါမှမဟုတ်၊ တာအိုနဲ့ ထိတွေ့ခိုင်းပြီးတော့ နဂါးသွေးကြောအဖြစ် ပြောင်းလဲသွားစေတယ်။ နဂါးသွေးကြောတွေက မြေအောက်မှာပဲ ဖိနှိပ်ခံထားရတတ်တယ်၊ ဒီနေရာက နဂါးသွေးကြောကို ပျိုးထောင်ဖို့ သင့်တော်တာကြောင့် အဲ့တာက ဒီနေရာမှာ ပေါ်လာခဲ့တာပဲ “ ဟု လုချန်ရှန်းမှ ရှင်းပြနေခဲ့သည်။

ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ ဖိနှိပ်ခံထားရတာလား “

“ ဟုတ်တယ်၊ ဒဏ္ဍာရီတွေအရတော့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ကပ်ဘေးကြီးတွေကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာ၊ နဂါးသွေးကြောတွေက ကောင်းကင်ပေါ်ကို တက်နိုင်ပြီးတော့၊ ဘုံကိုးဆင့် ကောင်းကင်ဘုံပေါ်စီ တိုက်ရိုက်ပြေးတက်သွားကြပြီးတော့ အစစ်အမှန် နဂါးတွေ ဖြစ်လာကြတယ်တဲ့။ နဂါးသွေးကြောဖွဲ့စည်းလာတာနဲ့၊ အဲ့တာက ကောင်းကင်ပြင်မှာ ပျံသန်းနိုင်ပြီးတော့ မြေအောက်ကို တိုးဝင်သွားနိုင်တယ်၊ သူ့ကိုယ်သူ အားဖြည့်ပြီးတော့ အစစ်အမှန် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲဖို့အတွက်၊ ပိုပြီးတော့ လုံခြုံဘေးကင်းတဲ့ နေရာကို ရှာဖို့အတွက် သူတို့မွေးဖွားတဲ့ နေရာတွေကနေ ထွက်လာတတ်တယ်။ ဒါပင်မဲ့ နဂါးသွေးကြော အများစုက လူသားတွေရဲ့ လက်ထဲကို ‌ရောက်လာပြီး၊ ဖိနှိပ်၊ အမြတ်ထုတ်ခံရပြီးတော့ ဖြည်းဖြည်းချင်း ခြောက်သွေ့သွားတတ်တယ်။ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တာတွေလည်း ရှိတယ်၊ ဒါပင်မဲ့ နဂါးသွေးကြောတွေကို တက်လှမ်းခြင်းအဆင့်အထိ ပျိုးထောင်ပေးနိုင်တဲ့ နေရာဆိုတာက နည်းနည်းလေးပဲ ရှိတယ်၊ အဲ့တာကြောင့် သူတို့တွေကလည်း တဖြည်းဖြည်း ခမ်းခြောက်သွားကြတာပါပဲ “

“ အဲ့လိုစကားပုံမျိုး ရှိတယ်ပေါ့ “ ရှောင်ဟေးသည် တအံ့တဩဖြစ်သွားခဲ့သည်၊ ၎င်းသည် ထိုစကားမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ နဂါးသွေးကြောကို ဖိနှိပ်ဖို့အတွက် အစီအရင်ကြီးတစ်ခု၊ ဒါမှမဟုတ် အစွမ်းထက် မှော်ပစ္စည်းတစ်ခု လိုအပ်တယ်။ အဲ့တာရဲ့ ခြေရာလက်ရာကို လိုက်ရှာလိုက်မယ်ဆိုရင်၊ အရင်းအမြစ်ကို တွေ့ဖို့က မခက်တော့ဘူး “

စကားပြောဆိုနေရင်းဖြင့် သူသည် အနက်ရောင်ဝတ်စုံကို လိုရမယ်ရအနေဖြင့် ဝတ်ဆင်လိုက်သည်။ ထို့နောက်တွင် ကမ္ဘာမြေ လွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုကာ၊ မြေထုအတွင်းသို့ တိုးဝင်သွားပြီး၊ စိတ်ဝိညာဥ် အကြီးအကဲ၏ ပိုင်နက်အောက်တွင် ရှိနေသည့် အစီအရင်၏ လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။

သူ၏မျက်လုံးများ အရှေ့မှာပင် ကြီးမားသော ကျောက်ဂူတစ်ဂူ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်း၏ ကြမ်းပြင်တွင် ရှုပ်ထွေးသော ပုံစံကွက်များ ရှိနေခဲ့သည်။ ၎င်းသည် နဂါးသွေးကြောကို ဖိနှိပ်ထားသည့် အစီအရင်ပင် ဖြစ်သည်။

အစီအရင်၏ အသွင်အပြင်သည် မြေပြင်ပေါ်တွင် ဝပ်နေသည့် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ အကယ်၍ ၎င်း၏ ပုံစံတစ်ခုတည်းသာ ရှိနေခဲ့မည်ဆိုလျှင်တောင်မှ၊ ၎င်းသည် သဘာဝအလျောက် ဖြစ်ပေါ်လာသည့် တာအိုစည်းချက်ကို သယ်ဆောင်ထားနေသေးသည်။

“ ဒီလိုနေရာမျိုးကို ပထမဦးဆုံး ရောက်လာခဲ့ဖူးတာပဲ “ ရှောင်ဟေးသည် တအံ့တဩဖြင့် စကားပြောလာခဲ့သည်။

လုချန်ရှန်းသည် ထိုနေရာသို့ ခြေချကာ အဆုံးသို့ ဦးတည်သွားတော့သည်။

အောက်ဘက်တွင် ရှိနေသည့် မြေပြင်သည် ကျောက်နဂါးတစ်ကောင်သဖွယ် ဖြစ်နေခဲ့ပြီး၊ ပုံသဏ္ဍာန်ပင် ပေါ်နေခဲ့ပြီ ဖြစ်သည်။ အဆုံးပိုင်းတွင် မှုန်ဝါးဝါး အသွင်အပြင်ဖြင့် နဂါးဦးခေါင်းတစ်လုံး ရှိနေခဲ့သည်။

လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ဒီနဂါးသွေးကြောက နဂါးပုံစံတောင် ဖြစ်တည်နေပြီပဲ၊ ဒီကောင် ရှိနေခဲ့တာ တော်တော်လေး ကြာနေလောက်ပြီ။ အခုတော့ နဂါးချီတွေ ပျောက်ကွယ်သွားပြီးတော့ မဖွဲ့စည်းနိုင်တော့တာက တော်တော်လေးကို နှာမြောဖို့ကောင်းတယ်။ ဒီဟာက နောက်ထပ် နှစ်သုံးဆယ်လောက်ပဲ ခံတော့မယ်။ မူလချီ အများကြီး ကျန်မနေတော့ဘူး “

ရှောင်ဟေးသည် ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြခဲ့ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။

နဂါးခေါင်း၏ အောက်ဘက်တွင် ဖျော့တော့သော ရွှေရောင်အရည်တို့ဖြင့် ပြည့်နှက်နေသည့် တစ်ပေပတ်လည် ရေကန်တစ်ခု ရှိနေခဲ့ပြီး၊ အတွင်းတွင် တောက်ပသော ချီများ စီးဆင်းနေလျက်ရှိသည်။

အဆိုပါ ဝိညာဥ်အရည်များသည် မြင့်တက်လာသည့်အချိန်တွင် ဝိညာဥ်ချီအဖြစ် ပြောင်းလဲသွားကာ၊ ပတ်ဝန်းကျင်ကို အားဖြည့်ပေးနေခဲ့သည်။

ရှောင်ဟေးကပင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ဝိညာဥ်အရည် အများအပြား ရှိနေခဲ့ကာ၊ ရေတွက်၍ပင် မရပေ၊ ဤနေရာတွင် ဝိညာဥ်ချီ မည်မျှရှိနေလိမ့်မည်နည်း။

လုချန်ရှန်းမှာလည်း ပြုံးစိစိ ဖြစ်သွားခဲ့သည်။ ဝိညာဥ်ကျောက်တုံး ကိုးသိန်း သုံးစွဲခဲ့ရခြင်းမှာ အမှန်ပင် ထိုက်တန်နေခဲ့သည်။

သို့ရာတွင် လှုပ်ရှားရန်ပြင်လိုက်သည့် အချိန်မှာပင် သူသည် နဂါးဦးခေါင်း၏ အောက်ခြေတွင် တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။

၎င်းမှ နှစ်ဆယ့်ခုနစ်(သို့) နှစ်ဆယ့်ရှစ်နှစ်အရွယ် လူတစ်ဦးဖြစ်ပြီး၊ သူသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ထိုလူသည် ပန်ဘုရင်လေးနှင့် မည်သည့်နယ်ပယ်တွင်မှ မယှဥ်နိုင်ခဲ့ပေ။

သို့ရာ၌ ဂိုဏ်းကြီးများအကြားတွင်မူ ထိုကဲ့သို့သော ကျင့်ကြံရေးက ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “ ရှောင်ဟေး အတွေးနက်သွားခဲ့သည်။

လုချန်ရှန်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ၊ ပြန်ပြောလိုက်သည် “ အရင်တုန်းက နဂါးချီတွေ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတာကို မြင်ခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ လူတစ်ယောက်က ဒီနေရာကို အရင်ရောက်နေပြီးတော့၊ အရင်းအမြစ်ရဲ့ စွမ်းအားတွေကို စုပ်ယူနေတာကိုး “

“ တစ်စုံတစ်ယောက်က မင်းထပ်တောင် ပိုလျှင်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ ဒါပင်မဲ့ သူ့ရဲ့ ကျင့်ကြံရေးနဲ့ဆိုရင် သူက ဒီနေရာကို ဘယ်လိုလုပ် ခိုးဝင်လာနိုင်ခဲ့တာလဲ “

“ ငါလည်း အဲ့လိုဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “ လုချန်ရှန်းသည် စကားပြန်ပြောလိုက်ကာ၊ သူ၏ စိတ်စွမ်းအားဖြင့် အာရုံခံကြည့်နေတော့သည်။

ရှောင်ဟေးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားကာ၊ ပြန်ပြောလာခဲ့သည် “ မဟုတ်ဘူး၊ နဂါးချီက အရင်ကတည်းက ပျောက်ကွယ်နေခဲ့ပြီလို့ မင်းပြောခဲ့တယ်မလား။ သူဒီနေရာမှာ ရှိနေတာက တစ်ရက်နှစ်ရက်တည်း မဟုတ်တော့တဲ့ပုံပဲ။ ကျောက်ကုန်းမင်က သူ့ကို ရှာမတွေ့ဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ သူက ကျောက်ကုန်းမင်နဲ့ဆက်စပ်နေတဲ့ လူပဲဖြစ်ရမယ်၊ ကျောက်ကုန်းမင်ရဲ့ တပည့်တောင် ဖြစ်နေနိုင်တယ် “

“‌ ဟေး၊ အနက်လေး၊ မင်းရဲ့ မှန်းဆချက်တွေက ကြမ်းလှချည်လား။ စိတ်ဝိညာဥ် အရှင်သခင်က နတ်ကောင်းကင်ဂိုဏ်းရဲ့ အရှင်သခင် လေးပါးထဲက တစ်ပါးလေ၊ သူက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ “

“ ဘာကိုဆိုလိုတာလဲ “ ရှောင်ဟေးသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ ဒီသူခိုးက သူသတိမထားမိတဲ့ အချိန်မှာ ခိုးဝင်လာတာပဲ ဖြစ်ရမယ် “ လုချန်ရှန်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

ရှောင်ဟေးမှာလည်း အကြမ်းဖျင်း နားလည်သွားကာ၊ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ ဒါဆိုရင် သူ့ကို တန်းသတ်လိုက်ကြမလား “

“ ငါနဲ့သူ့ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူးလေ။ မလိုအပ်ဘဲနဲ့ ဘာလို့အဲ့လိုလုပ်ရမှာလဲ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။

“ မင်းရဲ့ နည်းလမ်းတွေကို ပြောင်းလဲလိုက်ပြီလား “

“ အမြဲလိုလိုပေါ့ “

“ ဒါဆိုရင် ဘာလုပ်ဖို့ စီစဥ်ထားလဲ “

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ ဒီလူက ဂိုဏ်းထဲကို ကျူးကျော်လာခဲ့ပြီးတော့၊ ငါ့နတ်ကောင်းကင်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်ဆိုတော့ သူ့ကို အကြီးအကဲတွေက ကိုင်တွယ်သင့်တယ်။ ငါသူ့ကို အရင်ဖမ်းလိုက်မယ် “

ထို့နောက်တွင် မှော်စွမ်းအားများ ရုတ်တရက် ကျဆင်းလာခဲ့သည်။ လူငယ်သည် ၎င်းကို အာရုံခံမိသွားခဲ့ကာ၊ မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်၊ သို့သော် သူသည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ၊ လုံးဝအဖိအနှိပ်ခံလိုက်ရကာ၊ ချိတ်ပိတ်ခံလိုက်ရသည်။

ရှောင်ဟေးသည် လုချန်ရှန်း၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

ဟမ့်၊ ငလိမ်ကောင်၊ မင်းရဲ့ နည်းလမ်းတွေ မပြောင်းလဲသွားပါဘူးကွာ။ နဂါး သွေးကြောခမ်းခြောက်သွားတာအတွက် အပြစ်တင်ခံခိုင်းဖို့အတွက် လူရှာနေတဲ့ဟာချည်းကို ……..

နဂါးသွေးကြောသည် အလွန်တရာ အဖိုးတန်လှသည်။ အကယ်၍ ၎င်းက ခြောက်သွေ့သွားတော့မည်ဆိုလျှင်တောင်မှ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ခွင့်မပြုထားခဲ့ပေ။ ဂိုဏ်းတစ်ခုလုံးကို အသုံးပြုကာ၊ လူတစ်ဦးတည်းကိုသာ ထောက်ပံ့နေခြင်းမှာ ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးသည် မနေနိုင်တော့ဘဲ၊ စကားထပ်ပြောလာခဲ့သည် “ ဒီကောင့်အတွက်ကတော့ မင်းနဲ့တွေ့သွားရတာထပ်စာရင် သေသွားတာကမှ ပိုကောင်းဦးမယ် “

……………………………………………………………………………………………………………………………………

အပိုင်း ( 105 )

ငါက နတ်သားတစ်ပါးပဲ

လူငယ်သည် ဖိနှိပ်ခံလိုက်ရပြီး၊ အာရုံငါးပါး ပြိုကွဲသွားခဲ့သည်၊ သူသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကိုပင် မသိခဲ့ချေ။

လုချန်ရှန်းသည် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့ပြီး၊ သူ့ကို ကြည့်ကာ အတွေးနက်သွားခဲ့သည်။

ထိုလူ၏ခြေထောက်အောက်တွင် အစီအရင်တစ်ခု ရှိနေခဲ့ပြီး၊ ၎င်းသည် နဂါးသွေးကြော၏ စွမ်းအားကို ထုတ်ယူကာ၊ သူ့အတွက် လမ်းပြပေးနေခဲ့သည်၊ သို့သော် သူသည် ၎င်းကို မစုပ်ယူနိုင်ခဲ့ဘဲ၊ အများစုမှာ လေထုအတွင်းသို့ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

“ ကောင်းကင်ဘုံရဲ့ လက်ဆောင်တွေကို ဖြုန်းတီးနေတာပဲ “

လုချန်ရှန်းသည် ပိုကြည့်လေလေ၊ ပို၍ ဒေါသထွက်သွားရလေလေ ဖြစ်သွားခဲ့သည်။ ဒီကောင်က ဒီရက်တွေအတွင်းမှာ ဘယ်လောက်တောင် ဖြုန်းတီးနေခဲ့တာလဲကွာ

ရှောင်ဟေးသည် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်၊ တစ်ခြားလူတွေက ကောင်းကင်ဘုံရဲ့ လက်ဆောင်တွေကို ဖြန်းတီးနေတယ်ဆိုတော့၊ မင်းကရော သူတို့ကို အကောင်းဆုံး အသုံးချနိုင်လို့လား

လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ တစ်ခြားလူတွေက အဲ့တာကို အသည်းအသန် လိုချင်နေကြတယ်။ ဒီလိုကောင်တွေကတော့ မျက်စိအရှေ့မှာ ရှိနေတာတောင် အသုံးမချနိုင်ဘူး။ ဒီလိုကောင်မျိုးတွေက တကယ်ကို ရွံ့ဖို့ကောင်းတယ် “

သူသည် ပိုတွေးလေလေ၊ ပို၍ စိတ်ညစ်လေလေ ဖြစ်နေခဲ့သည်။ သူက အရင်းအမြစ်များကိ ခက်ခက်ခဲခဲ ရုန်းကန်ရှာဖွေနေခဲ့ရသည်၊ ထိုစဥ်တစ်ခြားလူများသည် လှဲလျောင်းနေရင်းဖြင့် လုံလောက်သည်ထပ် ပိုသော အရာများကို ရရှိနေခဲ့သည်။ သူသည် ကောင်းကင်ဘုံ၏ ခွဲခြားဆက်ဆံမှုကို တစ်ခဏခန့် စောဒကတက်နေမိတော့သည်။

ရှောင်ဟေးကမူ သူ့ကို အဖက်လုပ်ရန်ပင် ပျင်းရိသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင် လုချန်ရှန်းသည် ပုလဲအရင်းအမြစ်ကို ထုတ်ယူကာ ရေကန်အတွင်းသို့ တိုက်ရိုက်ပစ်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ အရည်စီးကြောင်းများသည် ၎င်းထံသို့ ချက်ချင်းတိုးဝင်သွားကြသည်။

၎င်းသာလျှင်မဟုတ်ဘဲ၊ သူသည် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး၊ နဂါးသွေးကြောထံမှ မူလချီများကို ၎င်းထံသို့ လမ်းညွှန်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဆယ်စုနှစ် အနည်းငယ်မျှ သက်တမ်းကျန်နေသေးသောကြောင့် ရသလောက် ညှစ်ထုတ်ရမည် ဖြစ်သည်။

ရှောင်ဟေးသည် သူ့ကို ကြည့်ကာ၊ သတိပေးလာခဲ့သည် ” လုချန်ရှန်း၊ မင်းက ငါ့ကို ယုံမှာမဟုတ်ပင်မဲ့ ငါမင်းကို သတိပေးရဦးမယ်။ ကမ္ဘာကြီးထဲက အရာအားလုံးမှာ ကံကြမ္မာဆိုတာရှိတယ်။ တကယ်လို့ မင်းက နတ်ကောင်းကင်ဂိုဏ်းရဲ့ နဂါးသွေးကြောကို ခိုးယူလိုက်မယ်ဆိုရင်၊ မင်းက အဲ့တာအတွက် သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကံကြမ္မာရဲ့ ချည်နှောင်မှုက မင်းကို ဒုက္ခရောက်သွားစေလိမ့်မယ် “

“ ဟမ် “ လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ပြန်ပြောလိုက်သည် “ တကယ်လို့ နတ်ကောင်းကင်ဂိုဏ်းက အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ အဲ့ကံကြမ္မာကို ပြန်ပေးဆပ်ဖို့အတွက် အကောင်းဆုံး ကြိုးစားပြီးတော့ တစ်ကြိမ်ကူညီမှာပေါ့ “

ကံကြမ္မာဆိုသည်မှာ မမြင်နိုင်၊ မထိတွေ့နိုင်သော အရာတစ်ခုဖြစ်သော်လည်း၊ သူသည် အဆိုပါ စွမ်းအားက မမြင်ကွယ်ရာတွင် တည်ရှိနေသည်ကို ခံစားနေနိုင်ခဲ့သည်။

မသိလိုက်ခင် အချိန်မှာပင် သိမ်မွေ့သော နှောင်ကြိုးများ ရှိနေခဲ့လေသည်။

သူသည် ယခင်က မေးမြန်းထားခဲ့ဖူးသည်။ ဤနဂါးသွေးကြောကို ကျောက်ကုန်းမင်၏ ဘိုးဘေးများနှင့် ဂိုဏ်း၏ အစွမ်းထက် ပညာရှင်များက ပူးပေါင်းဖိနှိပ်ခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် ၎င်းကို ဤနေရာတွင် ထားကာ နတ်ကောင်းကင်ဂိုဏ်းနှင့် မျှဝေသုံးစွဲခဲ့ခြင်း ဖြစ်သည်။

သူသည် နဂါးသွေးကြောကို ယူလိုက်ပြီး၊ နတ်ကောင်းကင်ဂိုဏ်းကို အကြွေးတစ်ခုတင်သွားခဲ့သည်၊ ကျောက်ကုန်းမင်အတွက်ကမူ ထိုလူ့အကြောင်း ပြောနေရန်ပင် မလိုချေ၊ ထိုလူက သူ့ကို သတ်ချင်နေသောကြောင့်၊ မည်သို့မျှ ယဥ်ကျေးနေရန် မလိုအပ်ပေ။

မည်သို့ပင်ဆိုစေကာမူ၊ သူက သူတို့ကို မစော်ကားဘူးဆိုလျှင်တောင်မှ၊ သူတို့သည် သူ့ကို ဒုက္ခပေးရန်အတွက် သေချာပေါက် လှုပ်ရှားလာကြမည် ဖြစ်သည်၊ ထို့ကြောင့် ကိုယ်က ဦးဆောင် ဆော်လိုက်သင့်ပေသည်။

“ ငါ့ကို လျော်ကြေးပေးတယ်လို့ သဘောထားလိုက်ပေါ့ကွာ “ ဟု လုချန်ရှန်းမှ ပြောလိုက်သည်။

မကြာခင် အချိန်မှာပင် ရေကန်တစ်ခုလုံး ဗလာကျင်းသွားခဲ့ပြီး၊ နဂါးသွေးကြောမှ စီးဆင်းနေသည့် အဆီအနှစ်တို့မှာလည်း တဖြည်းဖြည်း လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

“ ဒီကိစ္စပြီးရင်တော့ ဒီနဂါးသွေးကြောက လာမဲ့နှစ်အနည်းငယ်လောက်မှာ လုံးဝခမ်းခြောက်သွားလိမ့်မယ် “

ထို့နောက်တွင် သူသည် ပုလဲအရင်းအမြစ်ကို သိမ်းယူကာ၊ လှည့်ထွက်သွားတော့သည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ မင်းက သူ့ကို ဒီအတိုင်း ထားခဲ့မှာလား “

“ နဂါးသွေးကြောက ခမ်းခြောက်တော့မယ်လေ၊ ဒီနေရာက အခြေအနေကို သိပ်မကြာခင် အချိန်မှာပဲ သိသွားကြလိမ့်မယ်။ တစ်ယောက်ယောက်က ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ် “

“ ကျွတ် ကျွတ် ကျွတ်၊ မင်းကို ရန်စခဲ့တဲ့ကောင်တွေကတော့ ရှစ်ဘဝစာလောက် ကံဆိုးသွားတာပဲ။ ဘာကိုမှ မသိပဲနဲ့ အကြီးအကျယ် အပြစ်တင်ခံရတော့မယ် “

ရှောင်ဟေးသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေတော့သည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် တော်တော်များများ မြင်တွေ့ခဲ့ဖူးပြီး၊ အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း၊ ပို၍ မြင်တွေ့လာရလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သွားခဲ့သည်။

တစ်ခဏ အကြာတွင် လုချန်ရှန်းသည် ဤနေရာမှ ထွက်သွားကာ၊ ဂိုဏ်းအပြင်သို့ ရောက်ရှိသွားသောအခါတွင် အဝေးသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

ထိုစဥ် ဂိုဏ်းအတွင်းတွင် ရှိနေသည့် အစွမ်းထက်ကျင့်ကြံသူများသည် တစ်ခုခု မှားယွင်းနေသည်ကိုအာရုံခံမိသွားကာ၊ ဤနေရာသို့ ပြေးလွှားလာခဲ့သည်။

ထို့နောက်တွင် အရပ်မျက်နှာ ရှစ်ခုစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

လုချန်ရှန်းသည် အစီအရင်၏ အကူအညီဖြင့် မိုင်နှစ်ထောင်ခန့် ပြေးလွှားလာခဲ့ပြီးသည့်နောက်၌၊ လူသူကင်းမဲ့နေသော တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။

ရှောင်ဟေးမှ စကားစပြောလာခဲ့သည် “ ဘာလို့ ရပ်လိုက်တာလဲ။ ဟိုကို မပြန်တော့ဘူးလား “

“ မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ဒီလောက် အချိန်တိုလေးက အရေးမကြီးပါဘူးကွာ “

“ မင်းက ဘာလုပ်မလို့လဲ “

“ အဆင့်တက်မလို့ပေါ့ “

ထို့နောက်၌ သူသည် တောင်ထိပ်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အရှိန်အဝါသည် ထပ်မံ၍ အဖိအနှိပ်မခံရတော့ဘဲ၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။

ငှက်များနှင့် သားရဲများ အထိတ်တလန့်ဖြစ်သွားကြကာ၊ အဝေးသို့ နောက်ဆုတ်သွားကြသည်။

ရှောင်ဟေးသည် ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

မင်းအဆင့်တက်ထားတာ ဘယ်လောက်ကြာသေးလို့လဲဟ။ တစ်လလောက်ပဲ ရှိသေးတယ်လေ၊ အခုကျတော့ ထပ်ပြီးတော့ အဆင့်တက်တော့မယ်ပေါ့

“ လုချန်ရှန်း၊ မင်းက လူရောဟုတ်သေးရဲ့လား “ ရှောင်ဟေးသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက ဘယ်လိုစကားကြီးလဲ။ တကယ်လို့ ငါက လူသားမဟုတ်ဘူးဆိုရင် မင်းက လူသားလား “

“ တစ်ခြားလူတွေက တစ်ဆင့်ချင်းစီ ကျင့်ကြံပြီးတော့ နယ်ပယ်ကို အပြည့်အဝ နားလည်ရတယ်၊ လုံလောက်တဲ့ ဝိညာဥ်ချီကို စုပ်ယူရတယ်၊ ပြီးတော့ အဆင့်မတက်ခင် အချိန်မှာ ကြွယ်ဝတဲ့ မှော်စွမ်းအားကို စုဆောင်းရတယ်။ ဒါပင်မဲ့ မင်းကျတော့ …… တစ်လက မြန်လွန်းနေတယ် မဟုတ်ဘူးလား “

၎င်းသည် လုချန်ရှန်းက ပြဿနာတစ်ခုခုနှင့် ကြုံတွေ့သွားရကာ၊ ထိုကဲ့သို့ ပါရမီရှင်တစ်ဦးက ထိုကိစ္စကြောင့် ကျဆုံးသွားရမည်ကို စိုးရိမ်သဖြင့် သူ့ကို ဖျောင်းဖျရန် ကြိုးပမ်းလာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ မင်းက ပါရမီရှင်တစ်ယောက်ရဲ့ ကမ္ဘာကြီးကို နားမလည်ပါဘူးကွာ “

“ ဘာကိုဆိုလိုတာလဲ “

“ မွေးရာပါ ဝိညာဥ်အဆင့်၂နဲ့ ပတ်သက်ပြီးတော့ မင်းနဲ့ ဆယ့်ငါးမိနစ်လောက် ဆွေးနွေးမယ်ဆိုရင်ကော ဘယ်လိုလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှ ခေါင်းငြိမ့်ပြလိုက်သည်။ တစ်ခဏအကြာတွင် သူသည် ထပ်မံ၍ အံ့ဩတုန်လှုပ်သွားခဲ့ရပြန်သည်။

ဤနယ်ပယ်ပေါ်တွင် ရှိနေသည့် လုချန်ရှန်း၏ နားလည်နိုင်စွမ်းမှာ သူ့ထပ်ပို၍ နက်ရှိုင်းနေခဲ့ပြီး၊ တော်တော်များများသည် ယခုလက်ရှိနယ်ပယ်ထပ်ပင် ကျော်လွန်နေခဲ့သည်။

ရှောင်ဟေးသည် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ သတိပြန်ဝင်လာကာ၊ စကားထပ်ပြောလာခဲ့သည် “ မင်းက ဓားချီအသွင်ပြောင်းခြင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ မင်းရဲ့ နားလည်နိုင်စွမ်းက မယုံကြည်နိုင်စရာ ကောင်းလွန်းနေတာကိုး “

လုချန်ရှန်းသည် ဘာမှ ထပ်မပြောဘဲ၊ ပုလဲအရင်းအမြစ်ကိုသာ ထုတ်ယူလိုက်သည်။ ရွှေရောင်အရည်များ စီးထွက်လာကာ၊ ဝါးမြိုခြင်း စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။ အရာအားလုံးသည် အဆုံးမဲ့ ဝိညာဥ်ချီ စီးကြောင်းအဖြစ် ပြောင်းလဲသွားကာ၊ သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့သည်။

၎င်းတို့အားလုံး ဖြစ်ပျက်ခဲ့သောကြောင့် သူ၏ ခန္ဓာကိုယ်သည် မှော်စွမ်းအားများကို စုဆောင်းနေခဲ့သည်။

သူ၏ အရှိန်အဝါတစ်ခုလုံး လှုပ်ရှားသွားခဲ့ကာ၊ တဖြည်းဖြည်း ပိုမိုအားကောင်းလာခဲ့သည်။

သို့ရာတွင် အဆိုပါ အရည်များကို သန့်စင်လိုက်သောကြောင့်၊ လုချန်ရှန်း၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့က ပျိုးထောင်ပေးထားကာ၊ ကြီးမားသော စွမ်းအားများ ပါဝင်သည့် ရှားပါးရတနာများ ဖြစ်သည်။ ၎င်း၏အထွတ်အထိပ် အခြေအနေတွင် မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို မှန်းဆရန် ခက်ခဲလေသည်။

အချိန်များ ကုန်ဆုံးလာခဲ့ပြီး၊ ရှောင်ဟေးသည် ၎င်းကို အာရုံခံနေရင်းဖြင့် ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။

သူသည် သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သော်လည်း၊ ၎င်းကို ထပ်မံ၍ မြင်တွေ့လိုက်ရသည့် အချိန်တွင် အံ့ဩတုန်လှုပ်သွားစဲပင်။

မနက်ခင်း အလင်းရောင်သည် မည်းမှောင်နေသော တိမ်တိုက်များကို ဖြိုခွဲလုနီးပါး ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် မိုးကြိုးများ တလိပ်လိပ် လှိုက်တက်လာခဲ့ပြီး၊ အတွင်းပိုင်းတွင် ကိုးရောင်ခြယ် မိုးကြိုးတိမ်တိုက်တစ်ခု ပေါက်ထွက်လာခဲ့သည်။

ဂျိန်းးးးး

ကျယ်လောင်သော မိုးခြိမ်းသံတစ်သံသည် ကောင်းကင်နှင့် ကမ္ဘာမြေကို လှုပ်ခါသွားစေခဲ့သည်။

“ ကိုးရောင်ခြယ် မိုးကြိုးကပ်ဘေး နောက်တစ်ခု “

ရှောင်ဟေးသည် အံ့ဩတကြီး အော်ပြောမိသွားခဲ့သည်။ အဆင့်တက်သည့် အချိန်တွင် မိုးကြိုးကပ်ဘေးကို ဆွဲဆောင်နိုင်ခြင်းကပင် အတော်လေး ခက်ခဲလွန်းနေခဲ့ပြီ ဖြစ်သည်၊ သူသည် အသေးစား မိုးကြိုးကပ်ဘေးတစ်ခုကိုသာ ဆွဲဆောင်နိုင်သင့်ပေသည်။ ဒီကောင်က ဘယ်လို ပါရမီရှင်မျိုးလဲ

လျှပ်စီးများသည် ဤတောင်တန်းဒေသကို ဖုံးအုပ်လာခဲ့ပြီး၊ လုချန်ရှန်း၏ ကျိန်ဆဲမှုများ ကြားမှာပင်၊ မိုးကြိုးများ ပစ်ခွင်းလာခဲ့သည်။

ကောင်းကင်ဘုံ ကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင် သူသည်လည်း ကူရာကယ်ရာမဲ့နေခဲ့သည်၊ သို့သော် သူသည် ၎င်းကို တက်တက်ကြွကြွ ခုခံနေခဲ့သည်။ သူသည် မှော်စွမ်းအားကို အသုံးပြုကာ ၎င်းက သူ၏ခန္ဓာကိုယ် အတွင်းပိုင်းသို့ ဝင်လာမည်ကို တားဆီးပိတ်ဆို့လိုက်ပြီး၊ ၎င်းကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းခွင့်ပြုကာ၊ သူ၏ အသွေးအသားတို့ကို ပြုပြင်ပြင်ဆင်နေတော့သည်။

ယခင်က ကျင့်ကြံရေး အချိန်တိုင်းတွင် နာကျင်မှုပါ အဖော်ပြု လိုက်ပါလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာ အဆက်မပြတ် ပြုပြင်ပြင်ဆင်ခံနေခဲ့ရသည်။ ယခုတွင်ကား သူသည် ကောင်းကင်ဘုံ ကပ်ဘေးနှင့်ပင် ၎င်းကို ပြင်ဆင်နေနိုင်ပြီ ဖြစ်သည်။ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ခဲ့ရပြီးသည့် အချိန်တိုင်းတွင် သူ၏ခန္ဓာကိုယ်သည် နောက်ထပ်အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခု၌ သူသည် ခန္ဓာကျင့်ကြံသူများထပ်ပင် ပိုမိုအံ့ဖွယ်ကောင်းနေပြီဖြစ်ကာ၊ ကြမ်းတမ်းသော သားရဲတစ်ကောင်ကို ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ မည်သို့မျှ ကြောက်လန့်မနေတော့ပေ။

ကောင်းကင်ဘုံ ကပ်ဘေးပျောက်ကွယ်သွားခြင်းနှင့်အတူ လုချန်ရှန်း၏ ကျိန်ဆဲမှုမှာလည်း တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။

သူသည် ကျိန်ဆဲရလွန်းသဖြင့် ပင်ပန်းနေပြီဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာတို့ဖြင့် စုတ်ပြတ်သပ်နေခဲ့သည်၊ သူသည် နာကျင်မှုတို့ကြောင့် မျက်နှာရှုံ့မဲ့နေခဲ့သည်။

သို့ရာတွင် သူသည် ထပ်မံ၍ အဆင့်တက်သွားကာ မွေးရာပါ ဝိညာဥ်အဆင့်၃သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ် အတွင်းတွင် ရှိနေသည့် မှော်စွမ်းအားသည် မြင့်တက်နေသော လှိုင်းလုံးကြီးများသဖွယ် ဖြစ်နေကာ၊ သူ၏ သွေးများမှာလည်း တရကြမ်းစီးဆင်းနေသည့် မြစ်တစ်စင်းအလား ဖြစ်နေခဲ့ပြီး၊ ကောင်းကင်ထက်သို့ ထိုးတက်သွားတော့မည့်ပုံပင်။

ထို့အပြင် ရှေးဟောင်းနေကျမ်းစာကို အသက်သွင်းလိုက်သည့် အချိန်တွင်၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်ရောင်ခြည်တစ်ခု ဖုံးလွှမ်းလာခဲ့ပြီး၊ မြင့်မြတ်သော အရှိန်အဝါတစ်ခု စီးဆင်းလာခဲ့ကာ၊ ၎င်းမှာ အချိန်အတော်ကြာ တည်တံ့နေခဲ့သည်။ အကယ်၍ သူကသာ မိုးကြိုးအပစ်မခံရဘဲ မည်းတူးမနေဘူးဆိုပါက၊ ၎င်းက ပိုမိုအံ့ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။

ရှောင်ဟေးသည် အရာအားလုံးကို မြင်တွေ့နေခဲ့ရပြီး၊ သက်ပြင်းတချချ ဖြစ်ကာ၊ စိတ်နှလုံးသား လှုပ်ခါနေလျက်ရှိသည်။ ထို့နောက်တွင် သူသည် မအောင့်ထားနိုင်တော့ဘဲ လွှတ်ခနဲ ပြောမိသွားခဲ့သည်

“ လူတစ်ယောက်က ဒီလောက်ကြီးအထိတောင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လို့လား။ မင်းက ဧကရာဇ်ရဲ့သားလား “

ရှောင်ဟေး၏ စကားကို ကြားလိုက်ရသောအချိန်၌ လုချန်ရှန်း၏ မည်းနက်နေသော မျက်နှာပေါ်တွင် အဖြူရောင် သွားတန်းလေးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူသည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ ပြန်ပြောလိုက်သည် “ ရှောင်ဟေး၊ တကယ်တော့ ငါမင်းကို တစ်ခါမှ မပြောပြခဲ့ဖူးတဲ့ ကိစ္စတစ်ခု ရှိတယ် “

“ ဘာကြီးလဲ “ ရှောင်ဟေးသည် ချက်ချင်းစိတ်ဝင်တစား ဖြစ်သွားခဲ့သည်၊ တုန်လှုပ်ဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေတာလား

“ တကယ်တော့ ငါက နတ်သားတစ်ပါးလေ။ ငါက ဒီကမ္ဘာကြီးကို သန့်စင်ပေးဖို့နဲ့ ဒီကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ သန့်စင်မှုကို ပြန်ယူပေးဖို့အတွက် သေမျိုးကမ္ဘာကို ရောက်လာခဲ့တာ “

ရှောင်ဟေး : “ … “

ကမ္ဘာကြီးကို သန့်စင်ပေးပြီး၊ ကောင်းကင်ဘုံရဲ့ သန့်စင်မှုကို ပြန်ယူပေးမလို့လား။ တကယ်လို့ မင်းက ကပ်ဘေးတစ်ခုကို မယူလာခဲ့ဘူးဆိုရင် စကြာဝဠာ တစ်ခုလုံးက အောင်ပွဲခံနေသင့်ပြီ။

“ လုချန်ရှန်း၊ မင်းက တစ်နေ့မှာ မိုးကြိုးပစ်ခံရပြီးတော့ သေသွားလိမ့်မယ် “

All Chapters