အခန်း (၁၆၈၁-၁၆၈၃)
Vol. 113 Ch. 1681-1683
အခန်း (၁၆၈၁)
ထျန်းရှင်းနတ်ဘုရင်ဆိုသူမှာ
သွေးလင်းယုန်ခန်းမထံ ခိုလှုံခဲ့ပြီးနောက်ပိုင်း လုကျင့်ဖူ၏ ဩဇာအာဏာသည် တစ်ရှိန်ထိုး ထိုးတက်နေခဲ့၏။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်းရှိ အင်အားစု အမြောက်အမြားလည်း သူ့ထံသို့ တဖွဲဖွဲ ရောက်ရှိ လာကြသည်။
ယခု ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ နန်းတွင်းအရာရှိ ထက်ဝက်ကျော်မှာ သူ့ဘက်တော်သားများ ဖြစ်နေကြပြီ ဖြစ်၏။ ပြည်သူများအကြားတွင်လည်း သူသည် နောက်ထပ် နိုင်ငံတော်အရှင်သခင် ဖြစ်လာတော့မည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်။
သူ သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းထားသည်ကို ပြည်သူများ မသိကြသော်လည်း သွေးလင်းယုန်ခန်းမက နည်းလမ်းပေါင်းစုံဖြင့် လုကျင့်ဖူ၏ အသာစီးရမှုကို ပိုမိုခိုင်မာအောင် ကူညီပေးနေခဲ့၏။ သွေးလင်းယုန်ခန်းမ ထိန်းချုပ်ထားသော အင်းအားက အလွန်ကြီးမားရာ လုကျင့်ဖူအတွက် နာမည်ကောင်း ဖန်တီးပေးရန်မှာ လုံးဝ မခက်ခဲပေ။
……
ကွမ်းရန်ဘုရင်၏ စံအိမ်။
မကြာသေးမီကမှ သူ့ထံ ခိုလှုံလာကြသော နတ်ဘုရင်ခံများကို ကြည့်ရင်း ခန်းမကြီးအတွင်း ထိုင်နေသည့် လုကျင့်ဖူ၏ စိတ်ထဲ အတိုင်းမသိ ကျေနပ်နေမိ၏။ ယခုတော့ သူ၏ ဖခင် ဧကရာဇ် နတ်ရွာစံမည့် အချိန်ကိုသာ စောင့်ရန် လိုအပ်တော့သည်။ ဖခင်က သူ့ကို အိမ်ရှေ့မင်းသားအဖြစ် မခန့်အပ်လျှင်ပင် ထိုရာထူးကို သူ ချက်ချင်း လုယူနိုင်မည် ဖြစ်၏။
ဖခင်သည် သေအံဆဲဆဲ အခြေအနေသို့ ရောက်နေပြီဖြစ်ရာ အိမ်ရှေ့မင်းသား မည်သူ ဖြစ်နေလဲ ဆိုတာက အရေးမကြီးတော့ပေ။ သူ၏ လက်ရှိအင်အားဖြင့်ဆိုလျှင် မည်သည့် ညီအစ်ကိုက အိမ်ရှေ့မင်းသား ဖြစ်နေပါစေ ဖခင် နတ်ရွာစံသည်နှင့် ထိုသူကို ချက်ချင်း ရှင်းပစ်နိုင်စွမ်း ရှိသည်။ နတ်ဘုရင် အချို့၏ ထောက်ခံမှုကို ရရှိထားခြင်းက လုကျင့်ဖူကို လုံလောက်သော ယုံကြည်မှု ပေးထားခြင်းလည်း ဖြစ်၏။
ထိုအခိုက်အတန့်တွင် ခန်းမကြီး၏ တိုင်တစ်တိုင်နောက်မှ သွေးနီရောင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုသူ၏ အငွေ့အသက်ကို ခံစားမိသည်နှင့် လုကျင့်ဖူက ခန်းမအတွင်းရှိ လူများကို
“ကျုပ်ရဲ့ ရည်မှန်းချက်ကြီး အောင်မြင်ဖို့အတွက် ခင်ဗျားတို့အားလုံးအပေါ်မှာ မူတည်ပါတယ်။”
ခန်းမအတွင်းရှိ နတ်ဘုရင်ခံများကလည်း တညီတညွတ်တည်း
“ဘုရင်ကြီးအတွက် အသက်ပေးပြီး အမှုထမ်းဖို့ အဆင်သင့်ပါပဲ။”
လုကျင့်ဖူက
“ကောင်းပြီ။ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ”
ထို့နောက် လူအုပ်ကြီးက တညီတညွတ်တည်း
“ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦး”
ထိုသို့ ပြောဆိုပြီးနောက် ခန်းမအတွင်းရှိ နတ်ဘုရင်ခံများ လှည့်ထွက်သွားကြ၏။ နတ်ဘုရင်ခံများ အားလုံး ထွက်ခွာသွားပြီးနောက် တိုင်နောက်ကွယ်မှ ပုံရိပ် ရှေ့သို့ ထွက်လာ၏။
ထိုပုံရိပ်က လုကျင့်ဖူကို
“အင်အားစု အမြောက်အမြားရဲ့ ထောက်ခံမှုကို ရရှိခဲ့တဲ့ ကွမ်းရန်ဘုရင်ကို ဂုဏ်ပြုပါတယ်။ ဘုရင်ကြီးက နိုင်ငံတော် အရှင်သခင် ရာထူးနဲ့ ပိုပိုပြီး နီးစပ်လာနေပြီပဲ။”
လုကျင့်ဖူ တိုက်ရိုက် မတုံ့ပြန်ပဲ
“နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ဒီကို ရောက်လာတာ ဘာများ ညွှန်ကြားစရာ ရှိလို့လဲ”
ဟုသာ မေးလိုက်၏။
အကြောင်းမရှိပဲ မည်သူမှ မလာတတ်ပေ။ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ရောက်လာတိုင်း တစ်ခုခု ရှိနေစမြဲ ဖြစ်သည်။ လုကျင့်ဖူအနေနှင့် အပိုစကားများ ပြောနေရန် စိတ်မပါပေ။
သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းထားသော်လည်း လုကျင့်ဖူ သူတို့ကို အမြဲတမ်း သတိထားနေ၏။ သွေးလင်းယုန်ခန်းမသည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို မျက်စိကျနေသည်ဟု သူ အမြဲတမ်း ခံစားနေရပြီး သူ ရာထူးတက်သည်နှင့် သွေးလင်းယုန်ခန်းမက ထိုရာထူးကို လာရောက် လုယူမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သွေးလင်းယုန်ခန်းမအပေါ် လုကျင့်ဖူ၏ သတိထားမှုကို နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးလည်း သဘာဝကျကျ သိ၏။ သို့သော် သူ ဂရုမစိုက်ပေ။ သူတို့နှစ်ဦးသည် အပြန်အလှန် အသုံးချနေကြသည့် ဆက်ဆံရေးသာ ဖြစ်သည်။
ပုံရိပ်ရောင်နတ်ဆိုးက
“ဘာလို့ အဲ့ဒီလို ပြောရတာလဲ ကွမ်းရန်ဘုရင်။ ကျုပ်တို့က မဟာမိတ်တွေ မဟုတ်လား။ ညွှန်ကြားတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုလုပ် သုံးလို့ရပါ့မလဲ။ အရေးကြီးတဲ့ ကိစ္စတွေကို မပြောခင် ဘုရင်ကြီးအတွက် လက်ဆောင်တစ်ခု ယူလာပေးပါတယ်။”
ပြောရင်းနှင့်ပင် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး လက်ဝှေ့ယမ်းလိုက်ရာ စစ်မှန်သောနတ် တစ်ဦး ခန်းမအတွင်း၌ ပေါ်လာ၏။ ထိုစစ်မှန်သောနတ်ကို မြင်လျှင် ဇဝေဇဝါဖြစ်သွားဟန်ဖြင့် ပုံရိပ်ရောင်နတ်ဆိုးကို လုကျင့်ဖူ ကြည့်လိုက်မိ၏။
ထိုစစ်မှန်သောနတ်ကို သူ မသိသ
ပေ။ ထို့ပြင် ထိုသူမှာ လှပသော နတ်သမီးလေး တစ်ပါး မဟုတ်ပဲ ယောက်ျားတစ်ယောက်သာ ဖြစ်သည်။
ဤအရာက မည်သို့သော လက်ဆောင်မျိုးနည်း။
လုကျင့်ဖူက
“နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး... ဒါက ဘာသဘောလဲ။ ကျုပ်က ယောက်ျားတွေကို စိတ်မဝင်စားဘူးနော်။”
ပုံရိပ်ရောင်နတ်ဆိုးက ပြုံးလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ထိုလူကို
“အန်းယွမ်လုကျင် နောက်ပိုင်းမှာ ဘာတွေ လုပ်နေလဲဆိုတာ ကွမ်းရန်ဘုရင်ကို အကုန်ပြောပြလိုက်စမ်း။”
ထိုအရာကို ကြားလျှင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့် ထိုလူက
“အန်းယွမ်လုကျင်ဟာ နောက်ပိုင်းမှာ ကစဉ့်ကလျား နယ်မြေဆီကို ကျင့်စဉ် အရင်းအမြစ်တွေ အဆက်မပြတ် ပို့ပေးနေပြီး အဲဒီနယ်မြေ အင်အားတောင့်တင်းလာအောင် ကူညီပေးနေပါတယ်”
ဟု အလျင်အမြန် ပြောလိုက်သည်။
လုကျင့်ဖူ မျက်မှောင်ကြုတ်သွား၏။ အန်းယွမ်လုကျင်၏ လူများကို သတ်ဖြတ်ခဲ့သော နတ်ဘုရင်ကိုပင် အန်းယွမ်လုကျင်က ကျင့်စဉ် အရင်းအမြစ်များ ထောက်ပံ့ပေးနေဆဲလား။
ထိုသူသည် နတ်ဘုရင် တစ်ပါးဖြစ်ကြောင်း သိပြီးနောက် အန်းယွမ်လုကျင်ကလည်း မျက်နှာလို မျက်နှာရ လုပ်ချင်နေခြင်းလား။
လုကျင့်ဖူ မစိုးရိမ်ပေ။
အန်းယွမ်လုကျင်က ထျန်ရှင်းနတ်ဘုရင်ကို ဖားချင်လျှင်လည်း ဖားပါစေ။
သို့သော် သူ မည်သို့ပင် ကြိုးစားပါစေ အလကားသာ ဖြစ်ပေလိမ့်မည်။ ထျန်ရှင်းနတ်ဘုရင်ထံ သူ ပေးအပ်ထားသော အရင်းအမြစ်များက အန်းယွမ်လုကျင် ပေးနိုင်သည့် အရာများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
ယခုအခါ အင်အားစု အမြောက်အမြား၏ ထောက်ခံမှုကို သူ ရရှိထားပြီဖြစ်ရာ ကျင့်စဉ် အရင်းအမြစ်များကိုလည်း ပိုမိုစုဆောင်းနိုင်ပြီ ဖြစ်သည်။ အထူးသဖြင့် နတ်ဘုရင်များ၏ စွမ်းအားကို ပြန်လည် ကုစားပေးနိုင်သော အရင်းအမြစ်များ သူ့ထံတွင် အတော်အတန် ရှိ၏။
သို့သော်လည်း သွေးလင်းယုန်ခန်းမက ဤကိစ္စကို ထုတ်ပြောလာခြင်းမှာ သူနှင့် အခြား နတ်ဘုရင် တစ်ပါးကြား ရင်းနှီးမှုကို သတိပြုမိသွားပြီး မကျေမနပ် ဖြစ်နေခြင်းလား။
ထိုသို့ တွေးတောရင်း လုကျင့်ဖူ အေးစက်စွာ ရယ်မောလိုက်ပြီး
“အန်းယွမ်လုကျင် ဘာလုပ်လုပ် ကျုပ်နဲ့ မဆိုင်ဘူး။ သူ ကစဉ့်ကလျား နယ်မြေဆီ ကျင့်စဉ် အရင်းအမြစ်တွေ ပို့နေလည်း ကျုပ်ကို မခြိမ်းခြောက်နိုင်ပါဘူး။”
ပုံရိပ်ရောင်နတ်ဆိုးက
“ကွမ်းရန်ဘုရင်ကလည်း နောက်ပိုင်းမှာ ကစဉ့်ကလျား နယ်မြေဆီ ကျင့်စဉ် အရင်းအမြစ်တွေ ပို့နေတယ်လို့ ကြားမိပါတယ်။ အဲဒီ အရင်းအမြစ်တွေကို ထျန်ရှင်းနတ်ဘုရင်ဆိုသူဆီကို ပို့တာ မဟုတ်လား။”
နတ်ဘုရင်အကြောင်းကို ပုံရိပ်ရောင်နတ်ဆိုးက တကယ် ထုတ်ပြောလာသဖြင့် လုကျင့်ဖူက
“ဒါက သွေးလင်းယုန်ခန်းမနဲ့ မဆိုင်ဘူး မဟုတ်လား။ ကျုပ်နဲ့ သွေးလင်းယုန်ခန်းမက မိတ်ဖက်တွေပဲ။ သွေးလင်းယုန်ခန်းမက ကျုပ် ဘယ်သူနဲ့ ပေါင်းရမလဲဆိုတာကိုပါ လိုက်ပြီး ထိန်းချုပ်ချင်နေတာလား။ ဒါကစည်းကျော်တာပဲ။”
လုကျင့်ဖူ ဒေါသထွက်လာသည်ကို မြင်လျှင် ပုံရိပ်ရောင်နတ်ဆိုးက ရယ်မောလိုက်ပြီး
“ကွမ်းရန်ဘုရင်က ထျန်ရှင်းနတ်ဘုရင် ဘယ်သူလဲဆိုတာကို သိသေးပုံ မရဘူး။”
လုကျင့်ဖူက ဇဝေဇဝါဖြင့် ပုံရိပ်ရောင်နတ်ဆိုးကို ကြည့်လိုက်ပြီး
“နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး... ဒါက ဘာကို ဆိုလိုတာလဲ။”
ပုံရိပ်ရောင်နတ်ဆိုးက မဖြေပဲ ခန်းမအတွင်း ဒူးထောက်နေသော ထိုလူကို ကြည့်ကာ
“ထျန်းရှင်းနတ်ဘုရင်ဆိုတာ တကယ်တော့ ဘယ်သူလဲဆိုတာကို ကွမ်းရန်ဘုရင်ကို ပြောပြလိုက်စမ်း။”
ထိုလူက ထစ်ထစ်ငေါ့ငေါ့ဖြင့်
“ထျန်းရှင်းနတ်ဘုရင်ဆိုတာ... ချန်ဘုရင်ပါ”
ထိုလူ၏ စကားကို ကြားလျှင် လုကျင့်ဖူ မှင်တက်သွား၏။ သို့သော် သူ ချက်ချင်း စိတ်ကို ထိန်းလိုက်ပြီး
“မဖြစ်နိုင်ဘူး”
“ချန်ဘုရင်က ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားတာ ကြာလှပြီ။ သူက ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာလဲ။”
နတ်ဧကရာဇ် တစ်ပါးပင်လျှင် ကစဉ့်ကလျား ပင်လယ်ထဲမှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ပေ။ ယခုတော့ လုချန်း အသက်ရှင်လျက် ပြန်ထွက်လာသည်ဟု တစ်စုံတစ်ယောက်က ပြောနေခြင်းကို သူ လုံးဝ မယုံကြည်နိုင်ပေ။
ဤအရာက သူ့ကို အခြား နတ်ဘုရင် တစ်ပါးကြား သွေးခွဲရန် သွေးလင်းယုန်ခန်းမ၏ ပရိယာယ်တစ်ခုဟုသာ လုကျင့်ဖူ ယူဆလိုက်၏။ သူ အခြား နတ်ဘုရင်များနှင့် ရင်းနှီးသွားမည်ကို သူတို့ မလိုလားကြသဖြင့် တမင် ကြံစည်ထားခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ သူသာ အခြား နတ်ဘုရင်များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပါက သွေးလင်းယုန်ခန်းမအနေနှင့် သူ့ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
လုကျင့်ဖူက မယုံကြည်သဖြင့် ထိုလူက အလျင်အမြန်ပင်
“ကျုပ် ပြောတာတွေ အကုန် အမှန်တွေပါ။ အန်းယွမ်လုကျင် ပြောနေတာကို ကျုပ် ကိုယ်တိုင် ကြားခဲ့တာပါ။”
ပုံရိပ်ရောင်နတ်ဆိုးက အေးအေးဆေးဆေးပင်
“ဒီလူက အန်းယွမ်လုကျင်ရဲ့ စံအိမ်ကလူပဲ။ အကယ်၍ ကွမ်းရန်ဘုရင်က မယုံဘူးဆိုရင် သူ့ကို ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းနဲ့ စစ်ဆေးကြည့်ပါလား။”
“ဝိညာဉ်ရှာဖွေခြင်း” ဟူသော စကားလုံးကို ကြားသည်နှင့် ထိုလူ၏ မျက်နှာ ပို၍ဖြူဖျော့သွားပြီး
“ဘုရင်ကြီး... ကျုပ် ကျိန်ဆိုရဲပါတယ်။ ကျုပ် ပြောတာတွေ အကုန် အမှန်တွေပါ”
ဟု အလျင်အမြန် ပြောလိုက်၏။
သူသည် စစ်မှန်သောနတ် တစ်ဦးဖြစ်သဖြင့် ဝိညာဉ်ရှာဖွေခံရရုံနှင့် မသေနိုင်သော်လည်း နတ်များအတွက် အလွန် အရေးကြီးသော နတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။
ထိုလူ၏ တောင်းပန်မှုများကို လုကျင့်ဖူ လျစ်လျူရှုကာ လက်ကို မြှောက်လိုက်၏။ ထိုခဏတွင်ပင် ထိုလူလည်း လုကျင့်ဖူ၏ လက်ထဲသို့ လွင့်ပါလာပြီး ခေါင်းကို အတင်း ဆုပ်ကိုင်ခံလိုက်ရသည်။
ထို့နောက် ထိုလူအပေါ် ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းကို လုကျင့်ဖူ အသုံးပြုလိုက်၏။ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ပြောသည့်အတိုင်း ထျန်းရှင်းနတ်ဘုရင်ဆိုသူမှာ တကယ်ပင် ချန်ဘုရင် ဖြစ်နေသည်ကို သူ တွေ့ရှိသွားရသည်။
ထို့ပြင် အန်းယွမ်လုကျင်သည် လုချန်းကို အသုံးပြု၍ သူ့ကို တိုက်ခိုက်ရန် ကျင့်စဉ် အရင်းအမြစ်များကို အဆက်မပြတ် ပို့ပေးနေခဲ့ခြင်းသာ ဖြစ်သည်။
……………
အခန်း (၁၆၈၂)
သူသည် ဧကန်မုချ သေရမည်
လုချန်း၏ လှည့်ဖျားမှုကို ခံလိုက်ရပြီး ဤအတောအတွင်း ကျင့်စဉ်အရင်းအမြစ် အမြောက်အမြားကို ထောက်ပံ့ပေးခဲ့မိသည်ကို တွေးတောမိကာ လုကျင့်ဖူ ဒေါသအလိပ်လိပ် ထွက်လာ၏။
ပြင်းထန်သော ဒေါသနှင့်အတူ ယူကန်း၏ ဦးခေါင်းကို တိုက်ရိုက် ချေမွပစ်လိုက် တော့သည်။
လုကျင့်ဖူ အလွန် ဒေါသထွက်နေသည်ကို ကြည့်ကာ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ပြုံးလိုက်ရင်း
“ဒီလက်ဆောင်ကို ကွမ်းရန်ဘုရင် ကျေနပ်ရဲ့လားဆိုတာ ကျုပ် သိချင်မိတယ်။”
သူ၏ စိတ်အာရုံကို ပြန်လည်ထိန်းချုပ်ပြီးနောက် လုကျင့်ဖူ မျက်မှောင်ကြုတ်လိုက်၏။ ကစဉ့်ကလျား ပင်လယ်အတွင်းမှ လုချန်း ပြန်လည်ထွက်ပေါ်လာနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
လုချန်းအပေါ် သူ ကြောက်ရွံ့မကင်းဖြစ်နေ၏။ လွန်ခဲ့သော နှစ်သန်းထောင်ပေါင်းများစွာကပင် လုချန်းသည် နတ်ဘုရင်တစ်ပါး ဖြစ်နေခဲ့ပြီဖြစ်၏။ လုချန်းထက် အသက်ကြီးများစွာကြီးသော သူကတော့ ယခုထက်တိုင် ရွှေနတ်အဆင့်တွင်သာ ရှိနေသေးရာ လုချန်း၏ ပါရမီ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ထင်ရှားလှသည်။
မကြာမီ အချိန်အတွင်း လုချန်း နတ်သခင်အဆင့်သို့ တက်လှမ်းနိုင်ဖွယ် ရှိနေပြီး ထိုသို့ ဖြစ်လာခဲ့လျှင်တော့ သူ၏ အသက်ဘေးလည်း အလွန်ပင် နီးကပ်လာပေလိမ့်မည်။
သူနှင့် အခြားအင်အားစုများ ပူးပေါင်းကာ ချန်ဘုရင်ကို သတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟူသော ကောလာဟလများ တောင်ပိုင်းနယ်မြေတွင် နှစ်အတော်ကြာ ပျံ့နှံ့နေရသည့် အကြောင်းရင်းကို လုကျင့်ဖူ နောက်ဆုံးတွင် နားလည်သွား၏။ ထိုစဉ်က သူ ဂရုမစိုက်ခဲ့သော်လည်း ယခုအခါတွင်တော့ ထိုအရာအားလုံးမှာ လုကျင်၏ လက်ချက်မှန်း သိလိုက်ရပေပြီ။
လုချန်းအား ကစဉ့်ကလျား ပင်လယ်အတွင်းသို့ တွန်းပို့ခဲ့သူက မည်သူဖြစ်ကြောင်း လုကျင်က သတိပေးနေခြင်းပင်။
သူတစ်ပါးလက်ဖြင့် လူသတ်ရန် ကြံစည် နေသည့် သူ၏ နည်းလမ်းမှာ အလွန်ပင် သိသာလှ၏။
ထိုအကြောင်းကို တွေးမိရင်း လုကျင့်ဖူ လက်သီးကို တင်းတင်းဆုပ်လိုက်မိကာ ခဏအကြာတွင် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးကို
“ကျုပ်ကို သတိပေးတဲ့အတွက် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင်တော့ ကျုပ် သူ့ရဲ့ လှည့်ဖျားမှုကို ဆက်ပြီး ခံနေရဦးမှာပဲ။”
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက တည်ငြိမ်စွာဖြင့်
“ကွမ်းရန်ဘုရင် သတိဝင်လာတာ မနောက်ကျသေးပါဘူး။ အဲ့ဒီ ချန်ဘုရင်ဟာ ကစဉ့်ကလျား ပင်လယ်ထဲက ပြန်ထွက်လာနိုင်တယ် ဆိုပေမဲ့ သူ့ရဲ့ စွမ်းအားတွေကတော့ အတော်လေး ဆုတ်ယုတ်သွားပါပြီ။ အခုတော့ သူဟာ အသက်ရှင်သန်ဖို့အတွက် ကစဉ့်ကလျား နယ်မြေထဲမှာပဲ ပုန်းအောင်းနေရတာပါ။”
လုကျင့်ဖူ၏ မျက်လုံးများအတွင်း သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွားကာ
“သူ့ရဲ့ စွမ်းအားတွေ ပြန်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူကတော့ သေကို သေရမယ်။”
လုချန်း၏ တည်ရှိမှုအပေါ် လုကျင့်ဖူ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေ၏။ လုချန်း မသေဆုံးပါက သူ စိတ်အေးလက်အေး စားနိုင်အိပ်နိုင်တော့မည် မဟုတ်ပေ။
လုချန်း၏ ပါရမီမှာ အလွန် ကြောက်စရာကောင်းလှသဖြင့် လုချန်း တကယ် စွမ်းအားပြန်ရလာပါက သူ ဧကန်မုချ ပျက်စီးရပေလိမ့်မည်။
ထိုစဉ် လုကျင့်ဖူက
“ကျုပ် သူ့ကို တစ်ကြိမ် သတ်ခဲ့ဖူးသလို ဒုတိယအကြိမ်လည်း သတ်နိုင်ပါတယ်။ သူ ကစဉ့်ကလျား ပင်လယ်ထဲက အသက်ရှင်လျက် ပြန်ထွက်လာတဲ့ သတင်းကို ကျုပ်လူတွေကတစ်ဆင့် ပြန့်အောင် လုပ်လိုက်မယ်။ အဲဒီအချိန်ကျရင် ကျုပ် ကိုယ်တိုင် လက်ဖျားနဲ့တောင် တို့စရာမလိုပဲ ဒီအန္တရာယ်ကို ရှင်းပစ်မယ့်သူတွေ ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်။”
ထိုစဉ်က လုချန်းကို ဝိုင်းဝန်းတိုက်ခိုက်ရာတွင် အင်းအားစု အမြောက်အမြား ပါဝင်ခဲ့ကြ၏။ ခမ်းနားသော ကောင်းကင်ခန်းမ ကဲ့သို့သော နတ်သခင်အဆင့်ရှိသည့် အင်အားကြီး အဖွဲ့အစည်းများပင် နတ်သခင်များကို စေလွှတ်ခဲ့ကြသည်။
လုချန်း ကြီးထွားလာမည်ကို သူတို့ အလွန် ကြောက်ရွံ့ခဲ့ကြခြင်းဖြစ်၏။
လုချန်းနှင့် ခေတ်ပြိုင် နတ်များမှာ ယခုအခါ ရွှေနတ်အဆင့်သို့သာ ရောက်ရှိသေးသော်လည်း လုချန်းကတော့ လွန်ခဲ့သော နှစ်ပေါင်း သန်းထောင်ပေါင်းများစွာကပင် နတ်ဘုရင်တစ်ပါး ဖြစ်နေခဲ့ပြီဖြစ်သည်။
အကယ်၍ ထိုအင်အားကြီး အဖွဲ့အစည်းများ ပူးပေါင်းကာ လုချန်းကို ကစဉ့်ကလျား ပင်လယ်အတွင်းသို့ တွန်းမပို့ခဲ့ပါက ယခုအချိန်တွင် လုချန်းသည် နတ်သခင် သို့မဟုတ် နတ်ဧကရာဇ်ပင် ဖြစ်နေနိုင်သည်။
လုချန်း နတ်ဧကရာဇ် ဖြစ်လာသည်ကို ထိုနတ်သခင်များ အလိုမရှိကြဟု လုကျင့်ဖူ ယုံကြည်ထား၏။
လုကျင့်ဖူ၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ရယ်မောလိုက်ရင်း
“လောလောဆယ်မှာ ထျန်းရန် နတ်ဘုရား နယ်မြေက ထိပ်တန်း အင်အားစုတွေရဲ့ အာရုံစိုက်မှုအားလုံးက နတ်ဆိုးဧကရာဇ်ဆီမှာပဲ ရှိနေတာ။ သူတို့တွေက နတ်ဘုရင် အဆင့်ပဲ ရှိသေးတဲ့ လုချန်းကို ဂရုစိုက်ကြလိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား။”
ဒါက...
လုကျင့်ဖူ မှင်တက်သွား၏။ ပြန်လည်စဉ်းစားကြည့်လိုက်ရာ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ စကား အဓိပ္ပယ်ရှိနေသည်ဟု ခံစားလိုက်ရ၏။
ထိုထိပ်တန်း အင်အားစုများအတွက် ယခုအချိန်တွင် စစ်မှန်သော ခြိမ်းခြောက်မှုမှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော နတ်ဆိုးဧကရာဇ်သာ ဖြစ်သည်။
လုချန်း၏ ပါရမီ မည်မျှပင် ထူးချွန်ပါစေ ယခု သူသည် နတ်ဘုရင် အဆင့်မျှသာ ရှိသေးရာ နတ်ဧကရာဇ် ဖြစ်လာရန် အချိန်များစွာ လိုအပ်ဦးမည် ဖြစ်သည်။
လုကျင့်ဖူက
“တစ်ယောက်ယောက်ကတော့ သူ့ကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ အမြဲ သတ်မှတ်နေမှာပါ။”
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ စကားက အဓိပ္ပာယ်ရှိသော်လည်း လုချန်းကို ဝိုင်းတိုက်ခဲ့သည့် အင်အားစုများအားလုံးမှာ ထိပ်တန်းအဆင့်များ မဟုတ်ကြပေ။ ထိုနတ်ဘုရင်အဆင့်ရှိသော အင်အားစုများ လုချန်း ပြန်လာသည့် သတင်းကို သိသွားပါက လုချန်း၏ လက်စားချေမှုကို ဧကန်မုချ ကြောက်ရွံ့ကြမည်ဖြစ်ပြီး သူ စွမ်းအားပြန်မရခင်မှာပင် ဖယ်ရှားရန် ကြိုးစားကြပေလိမ့်မည်။
ထိုသို့ဆိုလျှင်တော့ သူ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရန် လိုအပ်တော့မည် မဟုတ်ပေ။
လုချန်းနှင့် ရင်ဆိုင်ခြင်းကို လုကျင့်ဖူ ကိုယ်တိုင် မလုပ်ဆောင်လိုပေ။ လုချန်းသည် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်သွားပြီးနောက်၌ပင် နှစ်ပေါင်း သန်းထောင်ချီကာ သူ့ကို အိပ်မက်ဆိုးများဖြင့် ခြောက်လှန့်နေသည့် တည်ရှိမှုတစ်ခု ဖြစ်သောကြောင့် လုချန်းကို သူ၏ အတွင်းစိတ်မှ ကြောက်ရွံ့နေ၏။ ယခု သူတစ်ပါးလက်ဖြင့် စီရင်ရန်သာ သူ အလိုရှိတော့သည်။
သို့သော် လုကျင့်ဖူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ
“ဘာလို့ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ကျုပ်ကို ချန်ဘုရင် ပြန်လာတဲ့ သတင်း မဖြန့်စေချင်သလို ခံစားနေရတာလဲ။”
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ပြောသွားသည့် စကားများအရ လုချန်း၏ တည်ရှိမှုကို အခြားအင်းအားစုများ သိသွားမည်ကို အလိုမရှိသကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် သူ၏ အထင်ကို သေချာစေရန် ထုတ်ဖော်မေးမြန်းလိုက်ခြင်းဖြစ်သည်။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက
“ဧကရာဇ်အဆင့်တွေတောင်မှ ကစဉ့်ကလျား ပင်လယ်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ဘူးဆိုတာ လူတိုင်းသိထားတဲ့ အချက်ပဲ။”
“ဒါပေမဲ့ ဒီအချက်ကို ချိုးဖျက်ခဲ့တဲ့သူ နှစ်ယောက် ရှိတယ်။ တစ်ယောက်က နတ်ဆိုးဧကရာဇ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ချန်ဘုရင်ပဲ။”
“နတ်ဆိုးဧကရာဇ်ကိုတော့ ကျုပ်တို့ ဆက်သွယ်လို့ မရနိုင်ဘူး။ သူရဲ့ စွမ်းအားတွေ ပြန်မရသေးဘူး ဆိုရင်တောင်မှ သူဟာ ကျုပ်တို့ ရင်ဆိုင်နိုင်တဲ့ အဆင့်မှာ မရှိဘူး။ ဒါပေမဲ့ ချန်ဘုရင်ကတော့ မတူဘူး။ သူ့ရဲ့ အဆင့်ဟာ နတ်ဘုရင်အဆင့်အောက်ကို ကျဆင်းသွားဖို့ အလားအလာ အလွန်များတယ်။”
“ကစဉ့်ကလျား ပင်လယ်ထဲမှာ ဘာတွေရှိနေလဲ ပြီးတော့ သူ ဘယ်လိုမျိုး အသက်ရှင်လျက် ပြန်ထွက်လာနိုင်လဲဆိုတာကို ကွမ်းရန်ဘုရင်ရော စိတ်မဝင်စားဘူးလား။”
ထိုအရာကို ကြားလျှင် လုကျင့်ဖူ အံ့အားသင့်သွား၏။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ဤအရာကို ရည်မှန်းနေခြင်းပင်။
လုချန်း ပြန်လာသည့် သတင်းကို အခြားသူများအား မသိစေချင်ပဲ ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်များကို သူ တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုနေမှန်း လုကျင့်ဖူ ခံစားလိုက်ရသည်။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ဆက်လက်၍
“ကစဉ့်ကလျား ပင်လယ်ထဲမှာ ကြီးမားတဲ့ ကံစွမ်းအားတွေ ရှိနေနိုင်သလို ချန်ဘုရင်ဆီမှာလည်း ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို ခုခံနိုင်တဲ့ နည်းလမ်းတွေ ရှိနေနိုင်တယ်။ အကယ်၍ ချန်ဘုရင် ပြန်လာတဲ့ သတင်းသာ တခြားအင်အားစုတွေဆီ ရောက်သွားရင် ကစဉ့်ကလျား ပင်လယ်ထဲက လျှို့ဝှက်ချက်တွေကို လူတိုင်း သိသွားကြမှာ မဟုတ်လား။”
လုကျင့်ဖူ စကားတစ်လုံးမှ မဆိုတော့ပဲ အချိန်အတော်ကြာ အတွေးထဲ နစ်မြောသွား၏။ သူ၏ စိတ်ထဲတွင်တော့ သူတစ်ပါးလက်ဖြင့် လူသတ်ရန်သာ အားသန်နေသော်လည်း နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ စကားမှာလည်း အမှန်ပင် စဉ်းစားစရာ ဖြစ်နေသည်။
အကယ်၍ ကစဉ့်ကလျား ပင်လယ်အတွင်း၌ ကံစွမ်းအားများ တကယ် ရှိနေပါက ထိုအရာများ အခြားအင်အားစုများ၏ လက်ထဲသို့ ရောက်ရှိသွားမည် မဟုတ်ပါလား။
သို့သော်လည်း လုချန်း၏ စွမ်းအားများ ဆုတ်ယုတ်သွားခဲ့လျှင်ပင် သူ ကိုယ်တိုင်ကတော့ လုချန်းကို သွားရောက်ရင်ဆိုင်ရန် မဝံ့ရဲသေးပေ။
ထိုသို့ တွေးမိကာ လုကျင့်ဖူက
“နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ။”
“ချန်ဘုရင်ဟာ ကျုပ်အတွက်တော့ အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ သူ့ကို အရှင်မထားနိုင်ဘူး။ အကယ်၍ သူ့ရဲ့ စွမ်းအားတွေ ပြန်ရလာရင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အရှင်သခင် နေရာဟာ ကျုပ်ဆီ ရောက်လာမှာ မဟုတ်တော့ဘူး။”
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက
“ကွမ်းရန်ဘုရင် မလောပါနဲ့ဦး။ ကျုပ် ပြန်ရောက်တာနဲ့ နန်းတော်ထဲက နတ်ဘုရင် သုံးပါးကို ဒီအကြောင်း အသိပေးလိုက်ပါ့မယ်။ သူတို့တွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်လာနိုင်တာပဲ။”
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး၏ ထိုစကားများကို ကြားရမှ လုကျင့်ဖူ စိတ်သက်သာရာ ရသွားသည်။
သွေးလင်းယုန်ခန်းမ၏ နတ်ဘုရင်များသည် မိစ္ဆာနတ်များ ဖြစ်ကြ၏။ မိစ္ဆာနတ်များသည် သာမန်နတ်များထက်ပင် ပို၍စွမ်းအားကြီးမားရာ လုချန်းသည် နတ်ဘုရင်အဆင့်အထိ စွမ်းအားများ ပြန်လည်ရရှိလာခဲ့လျှင်ပင် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက ပြုံးလိုက်ရင်း
“လက်ဆောင်အကြောင်း ဆွေးနွေးပြီးပြီဆိုတော့ ကျင့်စဉ်အရင်းအမြစ်တွေအကြောင်း ဆက်ပြောကြမလား။”
ထိုအရာကို ကြားလျှင် လုကျင့်ဖူ မျက်မှောင် ပြန်ကြုတ်လိုက်မိ၏။ နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုး ရည်ညွှန်းနေသည့် ကျင့်စဉ်အရင်းအမြစ်မှာ မည်သို့သော အမျိုးအစားဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။
ကျင့်စဉ်အရင်းအမြစ်များမှာ ဆေးပင် သို့မဟုတ် ဆေးလုံးများသာ ဖြစ်သည်ဟု ယခင်က သူ ထင်မှတ်ခဲ့သော်လည်း မိစ္ဆာနတ်များအတွက်တော့ စစ်မှန်သော ကျင့်စဉ်အရင်းအမြစ်မှာ အသက်ရှင်နေသော လူသားများ ဖြစ်ကြောင်း နောက်ပိုင်းတွင် သူ သိခဲ့ရသည်။
သို့သော်လည်း လုချန်းကို ဖြေရှင်းရန် သွေးလင်းယုန်ခန်းမကို အသုံးချလိုသဖြင့် လုကျင့်ဖူ လျှော့ပေးလိုက်ရကာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ မြို့အချို့ကို သွေးလင်းယုန်ခန်းမထံသို့ လွှဲပြောင်းပေးအပ်လိုက်ရ၏။ ထိုမြို့များရှိ လူများကတော့ သူတို့ စိတ်တိုင်းကျ သတ်ဖြတ်ခြင်းကို ခံကြရရှာတော့မည်ဖြစ်သည်။
………….
အခန်း (၁၆၈၃)
ဆရာ ပြန်ရောက်လာပြီ
သူ၏ မည်သူဖြစ်ကြောင်းကို လုကျင့်ဖူ သိသွားပြီးဖြစ်မှန်း လုချန်း မသိသေးပေ။ ယဲ့ချူယောင်နှင့် ရှုကျင့်ရှူးတို့အပေါ်၌သာ လုချန်း၏ အတွေးများ အာရုံရောက်နေဆဲ ဖြစ်၏။
အထူးသဖြင့် ယဲ့ချူယောင်၏ အရှက်ရနေသော အမူအရာကို မြင်ရတိုင်း လုချန်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် နေ့ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ အချိန်များ ကုန်သွားမှန်းပင် လုချန်းနှင့် ယဲ့ချူယောင်တို့ မေ့လျော့နေကြ၏။ တစ်ဖက်တွင်တော့ မဟာမိတ်ဖွဲ့ရေး အသေးစိတ်အချက်အလက်များကို ယွမ်ယုတိနှင့် ချီယန်နတ်ဘုရင်တို့ အတော်အတန် အပြီးသတ်နိုင်ခဲ့ကြ၏။
သွေးလင်းယုန်ခန်းမသည် သူတို့၏ နတ်ဂိုဏ်းနှစ်ဂိုဏ်းကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း ဆွေးနွေးမှုများမှတစ်ဆင့် သူတို့ ကောက်ချက်ချလိုက်ကြ၏။ ကာကွယ်ရုံသက်သက် ဆိုပါက သူတို့အတွက် အားနည်းချက် ဖြစ်လာနိုင်သည်။
သွေးလင်းယုန်ခန်းမက သူတို့၏ နယ်မြေများကို လာရောက်ဖျက်ဆီးပြီး ဂိုဏ်းနှစ်ခု၏ ကံစွမ်းအားများ ကုန်ခန်းလုနီးပါးဖြစ်မှ တုံ့ပြန်မည့်အစား သူတို့ဘက်မှ စတင်တိုက်ခိုက်ရန် လိုအပ်၏။
သွေးလင်းယုန်ခန်းမ ဆိုသည်မှာ မိစ္ဆာနတ်များ စုဝေးရာဖြစ်၏။ ထျန်းရန် နတ်ဘုရား နယ်မြေအနေနှင့် ထိုမိစ္ဆာနတ်များကို အမြစ်ပြတ် ပေမှုန်းရမည်သာ ဖြစ်သည်။ ထို့ကြောင့် နတ်ဂိုဏ်းနှစ်ဂိုဏ်းသည် သွေးလင်းယုန်ခန်းမ၏ အထိုင်စခန်းများကို ရှာဖွေရန် လူများစေလွှတ်ကာ မိစ္ဆာနတ်များကို သုတ်သင်ပြီး သူတို့၏ ရှင်သန်ရာနယ်မြေကို ကျဉ်းမြောင်းသွားစေရန် အဆက်မပြတ် လုပ်ဆောင်ကြမည်ဖြစ်သည်။
နှစ်ဖက်စလုံး၌ နတ်သခင်အဆင့် မရှိသေးသဖြင့် သူတို့ကြားမှ စစ်ပွဲမှာ အားပြိုင်မှုတစ်ခုကဲ့သို့ ဖြစ်နေ၏။ သွေးလင်းယုန်ခန်းမက မြို့လုံးကျွတ် သတ်ဖြတ်ခြင်း သို့မဟုတ် နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်း၏ စွမ်းအားများကို ခွဲထုတ်ခြင်းဖြင့် ကံစွမ်းအားကို အားနည်းအောင် လုပ်ဆောင်နိုင်သကဲ့သို့ နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကလည်း မိစ္ဆာနတ်များကို ဖမ်းဆီးကာ သူတို့၏ စခန်းများကို ဖျက်ဆီးခြင်းဖြင့် သွေးလင်းယုန်ခန်းမ၏ ကံစွမ်းအားကို ဆုတ်ယုတ်စေနိုင်သည်။
မဟာမိတ်ကိစ္စ ဆွေးနွေးပြီးနောက် နတ်ဘုရင်ခံအဆင့် အကြီးအကဲ တစ်စုကို ခေါ်ဆောင်ကာ လျှို့ဝက်လဝန်းနန်းတော်သို့ ယွမ်ယုတိ ချက်ချင်း ပြန်လာခဲ့၏။ ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ရှေ့တွင် တုန်လှုပ်ချောက်ချားခဲ့ကြသည့်အပြင် နန်းတော်သခင်၏ တပည့်ရင်းကိုပင် ကျင့်စဉ်မီးဖိုအဖြစ် ပေးရန်လက်ခံခဲ့ကြသော နန်းတော်၏ အကြီးအကဲများ အကြောင်း တွေးမိကာ ယွမ်ယုတိ အလွန် စိတ်ပျက်မိ၏။
သွေးလင်းယုန်ခန်းမ၏ ကျူးကျော်မှုကို ခုခံရန် အရေးကြီးသော အချိန်ဖြစ်သဖြင့် ထိုအကြီးအကဲများကို ပြင်းပြင်းထန်ထန် အပြစ်တင် ကြိမ်းမောင်းရန် လျှို့ဝက်လဝန်းနန်းတော်သို့ သူမ အမြန်ဆုံး ပြန်လိုနေတော့သည်။
နတ်ဂိုဏ်းတစ်ဂိုဏ်း အတွင်း၌ ကိုယ်ကျိုးကိုသာ ကြည့်လိုသည့် သဘောထားမျိုး လွှမ်းမိုးနေခြင်းက လက်ခံနိုင်စရာ မရှိပေ။ သူမ သူတို့ကို သတ်ဖြတ်မည် မဟုတ်သော်လည်း ထိတ်လန့်သွားအောင်တော့ ဧကန်မုချ လုပ်ဆောင်ရပေမည်။
မကြာမီမှာပင် အကြီးအကဲများခြံရံကာ လျှို့ဝက်လဝန်းနန်းတော်သို့ ယွမ်ယုတိ ပြန်ရောက်လာပြီး ရောက်သည်နှင့် ပြင်းထန်သော အငွေ့အသက်တစ်ခုကို သူမ ခံစားလိုက်ရ၏။
ယွမ်ယုတိ ခဏခန့် မှင်တက်သွား၏။
ဤအရာက နတ်ဘုရင်တစ်ပါး၏ အငွေ့အသက် မဟုတ်ပါလား။
လျှို့ဝက်လဝန်းနန်းတော်တွင် နတ်ဘုရင်တစ်ပါး မည်သို့ ပေါ်လာသနည်း။
ခရမ်းရောင် ပုံရိပ် ဂိုဏ်းတွင် သူမ မကြာသေးမီက ခံစားခဲ့ရသော နတ်ဘုရင်၏ အငွေ့အသက်ကို ဤအရာက သတိရသွားစေသည်။ ခရမ်းရောင် ပုံရိပ် ဂိုဏ်းကို ဖျက်ဆီးခဲ့သည့် နတ်ဘုရင် လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်ရှိနေခြင်းလား။
ယွမ်ယုတိက အသံလှိုင်းမှတစ်ဆင့် ချက်ချင်း မေးမြန်းလိုက်၏။
“ဘယ်နတ်ဘုရင်က ငါ့ရဲ့ လျှို့ဝက်လဝန်းနန်းတော်ကို ရောက်လာတာလဲ။”
ယွမ်ယုတိ၏ စကားဆုံးသည်နှင့် အကြီးအကဲများ ခြံရံလျက် ယွမ်ယုတိ၏ ရှေ့၌ နတ်ဘုရင်ခံ လင်ရင် ပေါ်လာ၏။ နတ်ဘုရင်ခံ လင်ရင်က
“နန်းတော်သခင် ပြန်လာတာကို ကြိုဆိုပါတယ်”
နတ်ဘုရင်၏ အငွေ့အသက်မှာ နတ်ဘုရင်ခံ လင်ရင်ထံမှ ထွက်ပေါ်လာခြင်းဖြစ်မှန်း သိလိုက်ရသဖြင့် ယွမ်ယုတိ အနည်းငယ် အံ့အားသင့်သွား၏။ နတ်ဘုရင်ခံ လင်ရင်၏ ပါရမီသည် အထူးတလည် မြင့်မားလှခြင်း မရှိပေ။
ယခင်က သူမ ခန့်မှန်းထားချက်အရ နတ်ဘုရင်ခံ လင်ရင်သည် နတ်ဘုရင်ခံအဆင့်အထိသာ ရောက်ရှိနိုင်ပြီး ထိုထက်ပို၍ တိုးတက်ရန် မျှော်လင့်ချက် နည်းပါးလှ၏။
မထင်မှတ်ဘဲ သူမ နတ်ဘုရင်အဆင့်သို့ ရောက်ရှိသွားပေပြီ။ သူမ မှတ်မိသလောက်ဆိုလျှင် လုချန်းက ကျောက်စိမ်းပြားကို အသုံးပြုကာ သူမ၏ နတ်အာရုံ အစိတ်အပိုင်းတစ်ခုကို လျှို့ဝက်လဝန်းနန်းတော်သို့ ခေါ်ယူခဲ့စဉ်က နတ်ဘုရင်ခံ လင်ရင်သည် နတ်ဘုရင်ခံ အဆင့်၌သာ ရှိသေး၏။
အချိန်မည်မျှ ကြာသွားသနည်း။
ယခု နတ်ဘုရင်ခံ လင်ရင်သည် နတ်ဘုရင်ခံအဆင့်မှ နတ်ဘုရင်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်သည်။
နတ်ဘုရင်ခံ လင်ရင်ကို ယွမ်ယုတိ ကြည့်လိုက်ရာ သူမ၏ တစ်ကိုယ်လုံးရှိ အငွေ့အသက်များ သိသိသာသာ ပြောင်းလဲသွားကာ ပိုမိုလှပ၍ တောက်ပနေသည်ကို သတိပြုမိလိုက်၏။
ယွမ်ယုတိက
“ရှင် အဆင့်တက်သွားတာလား”
နတ်ဘုရင်ခံ လင်ရင်က
“ဟုတ်ပါတယ် နန်းတော်သခင်”
ယွမ်ယုတိ ကျေနပ်သွားမိ၏။ ရွှေဦးထုပ် နတ်ဘုရင်ခံကို ရဲဝံ့စွာ တုံ့ပြန်ခဲ့သည့် နတ်ဘုရင်ခံ လင်ရင်၏ သတ္တိကို ကြည့်ခြင်းဖြင့် အခြားအကြီးအကဲများနှင့် မတူပဲ သူမ၌ လျှို့ဝှက်လဝန်းနန်းတော်အပေါ် သံယောဇဉ်ရှိမှန်း ထင်ရှားသည်။ ယခုကဲ့သို့ လျှို့ဝက်လဝန်းနန်းတော်တွင် လူစွမ်းအား လိုအပ်နေချိန်၌ နောက်ထပ် နတ်ဘုရင်တစ်ပါး တိုးလာခြင်းက သွေးလင်းယုန်ခန်းမကို ယှဉ်ပြိုင်ရန် အခွင့်အလမ်း ပိုများလာစေ၏။
ထိုအချက်ကို တွေးတောကာ ယွမ်ယုတိက ဝန်မလေးပဲ ကြေညာလိုက်၏။
“ဒီနေ့ကစပြီး နတ်ဘုရင်ခံ လင်ရင်ဟာ လျှို့ဝက်လဝန်းနန်းတော်ရဲ့ ဒုတိယ နန်းတော်သခင် ဖြစ်လာမယ်။”
လျှို့ဝက်လဝန်းနန်းတော်၏ အကြီးအကဲများက ညီညာစွာဖြင့်
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
“ဒုတိယ နန်းတော်သခင်ကို ဂါရဝပြုပါတယ်”
လူအုပ်ကို ယွမ်ယုတိ ကြည့်လိုက်ရာ သူမ၏ တပည့်ရင်း လာရောက်ကြိုဆိုခြင်း မရှိသည်ကို တွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်သွား၏။ ပုံမှန်အားဖြင့် သူမ ပြန်လာတိုင်း ယဲ့ချူယောင်က အတက်ကြွဆုံး ဖြစ်လေ့ရှိ၏။
ယွမ်ယုတိ၏ အငွေ့အသက်ကို ခံစားရသည်နှင့် လျှို့ဝက်လဝန်းနန်းတော်၏ အဝင်ဝသို့ သူမ လာရောက်ကြိုဆိုတတ်သော်လည်း ယနေ့တွင်တော့ သူမကို မတွေ့ရပေ။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်ဘုရင်ခံကြောင့် သူမ ထိတ်လန့်နေဆဲလား။
ထို့နောက် ယဲ့ချူယောင်ကို ရှာဖွေရန်အတွက် လျှို့ဝက်လဝန်းနန်းတော် တစ်ခုလုံးသို့ သူမ၏ နတ်အာရုံကို ယွမ်ယုတိ ဖြန့်ကျက်လိုက်၏။
သို့သော်လည်း သူမ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည့် ခဏ၌ပင် ယွမ်ယုတိ တုန်လှုပ်သွားမိသည်။ နတ်ဘုရင်တစ်ပါး ဖြစ်သည့် ယွမ်ယုတိအဖို့ ယဲ့ချူယောင်၏ အသံလုံ ကိုယ်ပျောက် စေသည့် အထီးကျန် နည်းဗျူဟာ ပုံစံက မည်သို့မှ အဟန့်အတား မဖြစ်စေပေ။ သူမ၏ နတ်အာရုံသည် ယဲ့ချူယောင်၏ အထီးကျန် နည်းဗျူဟာ ပုံစံကို အလွယ်တကူပင် ဖြတ်ကျော်သွား၏။
ယဲ့ချူယောင်နှင့် လုချန်းတို့ လုပ်ဆောင်နေသည့် အရာကို သိလိုက်ရသည်နှင့် ယွမ်ယုတိ ချက်ချင်းပင် ဒေါသထွက်သွား၏။ မကြာသေးမီက ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့နှင့် အတူရှိခဲ့ပြီး ကောက်ရှီယွမ်ကိုပင် ကိုယ်ဝန်ရစေခဲ့သည့် ချန်းလုက ယခု သူမ၏ တပည့်ရင်းနှင့်ပါ အတူရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ဤအတိုင်းသာ ဆက်သွားနေလျှင်တော့ လျှို့ဝက်လဝန်းနန်းတော် တစ်ခုလုံးလည်း ချန်းလု၏ မိဖုရားဆောင် ဖြစ်သွားပေတော့မည်။
……
ယဲ့ချူယောင်၏ အခန်းအတွင်း၌။
ထိုအချိန်တွင် ယဲ့ချူယောင်သည် ငေးငိုင်နေကာ လုချန်းအပေါ် ထားရှိသည့် သူမ၏ မုန်းတီးမှုများကို လုံးဝ မေ့လျော့နေခဲ့၏။ ထိုအခိုက်အတန့်တွင် သူမ၏ စိတ်အာရုံများ ရပ်တန့်သွားကာ အနည်းငယ် ပြန်လည်ကြည်လင်လာသည်။
သူမ ဘာဖြစ်သွားတာလဲ။
သူမ ဤအရာကို သာယာနေမိခြင်းလား။
ဤလူယုတ်မာ၏ လက်ချက်ကြောင့် သူမ ဤအခြေအနေသို့ တကယ် ရောက်ရှိသွားရပေပြီ...
ကစဉ့်ကလျား ပင်လယ်တွင် လုချန်း၏ ပယောဂကြောင့် ဝူကျန်းဝမ် သေဆုံးခဲ့ရသည့် အဖြစ်ကို တွေးမိကာ ဝူကျန်းဝမ်ကို သေစေခဲ့သူနှင့်အတူ ဤကဲ့သို့ လုပ်ဆောင်နေမိသည့်အတွက် ယဲ့ချူယောင် အလွန် အပြစ်ရှိသလို ခံစားလိုက်ရ၏။ လုချန်း မည်သူဖြစ်ကြောင်း ပေါ်လာစေရန် သူမ စည်းရုံးရမည် ဖြစ်သော်လည်း ယခုတော့ သူမကိုယ်တိုင် သူနှင့်အတူ သာယာနေမိပေပြီ။
လုချန်းကို တစ်စုံတစ်ခု ပြောရန် ကြိုးစားလိုက်စဉ်မှာပင် ကျယ်ပြောလှသော နတ်အာရုံတစ်ခု သူမ၏ ကိုယ်ပေါ်သို့ ရုတ်တရက် ဖြတ်သန်းသွား၏။ ၎င်းက သူမ ဆရာ၏ နတ်အာရုံဖြစ်မှန်းလည်း ယဲ့ချူယောင် ချက်ချင်း သိလိုက်ရ၏။
သူမ၏ မျက်နှာမှာ ချက်ချင်း ဖြူလျော်သွားသည်။
ဆရာ...
ဆရာ ပြန်ရောက်လာပြီ...
အားလုံး ပြီးသွားပြီ...
ဆရာ၏ နတ်ဘုရင်အဆင့် နတ်အာရုံ ဖြန့်ကျက်မှုအောက်တွင် လျှို့ဝှက်လဝန်းနန်းတော်အတွင်း ဖြစ်ပျက်နေသည့် မည်သည့်အရာမှ သူမ၏ ဆရာထံမှ မလွတ် မြောက်နိုင်ပေ။ သူမနှင့် လုချန်းတို့ လုပ်ဆောင်နေသည့် အရာကိုလည်း ဧကန်မုချ သိသွားပေတော့မည်။
ယဲ့ချူယောင်က လုချန်း၏ ရင်ဘတ်ကို အလျင်အမြန် တွန်းထုတ်ကာ ထိုလူယုတ်မာကို ဖယ်ရှားရန် ကြိုးစားသော်လည်း လုချန်းကတော့ ဂရုမစိုက်ပဲ ဆက်လက်၍ ပြင်းထန်စွာ လုပ်ဆောင်နေဆဲ ဖြစ်၏။
ယဲ့ချူယောင်က လုချန်းကို
“ရှင်... ရှင် လူယုတ်မာ”
ယခုလို အချိန်တွင်ပင် ဤလူယုတ်မာက မထင်မှတ်ပဲ ဆက်လက်၍...
နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သူမ၏ အခန်းအတွင်းသို့ ရုတ်တရက် သက်ဆင်းလာရာ ယဲ့ချူယောင်၏ စိတ်အာရုံများ ဗလာဖြစ်သွား၏။
ဆရာ ရောက်လာပြီ...
ယွမ်ယုတိ၏ ဖိအား သက်ဆင်းလာသောအခါ လုချန်း၏ ခန္ဓကိုယ်သည် ထိုဖိအားကြောင့် ယဲ့ချူယောင်၏ ကိုယ်ပေါ်တွင် မြဲမြံစွာ ဖိကပ်ခံလိုက်ရ၏။ နောက်တစ်ခဏတွင် ယဲ့ချူယောင်၏ အခန်းအတွင်း၌ ယွမ်ယုတိ ပေါ်လာတော့၏။ သူမ ပေါ်လာသည်နှင့် တစ်ခန်းလုံးလည်း နှင်းခဲများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ယဲ့ချူယောင်က
“ဆရာ... ဆရာ။ ဒါက ဆရာ ထင်သလို မဟုတ်ပါဘူး... တပည့်... တပည့်က...”