အခန်း (၅၀၅-၅၀၆)
Vol. 48 Ch. 505-506
အခန်း (၅၀၅)။
“ငါတို့ တော်ဝင်ချန်ရဲ့ နယ်နိမိတ်က ဘယ်လောက်တောင် ကျယ်ပြောသလဲ၊ မြေဩဇာ ကောင်းတဲ့ စိုက်ပျိုးမြေတွေ၊ လက်ဖက်တောင်တန်းတွေနဲ့ ပိုးစာတောတွေကရော ဘယ်လောက်တောင် ရှိနေမလဲ။ ငါတို့ တော်ဝင်ချန်ရဲ့ လူဦးရေကရော အမှန်တကယ် ဘယ်လောက်ရှိလဲ။ တကယ်လို့, ဒါကိုသာ ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်မယ်ဆိုရင်... မင်းသားယုဖြစ်စေ၊ မင်းသားဟီဖြစ်စေ၊ အိမ်ရှေ့စံမင်းသားနဲ့ တခြား မင်းဆွေမင်းမျိုးတွေပဲ ဖြစ်စေ သူတို့ရဲ့ ဂုဏ်သတင်းကျော်စောမှုဟာ ဧကရာဇ်နဲ့တောင် ရင်ဘောင်တန်းနိုင်လိမ့် မယ်...”
ထိုအချိန်တွင် ဟုန်ယွိသည်လည်း ထိုင်ချလိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ အလွန်နက်နဲလှ သော်လည်း နန်းတွင်းမှ ချမှတ်လိုက်သော ပထမဆုံး မူဝါဒနှစ်ခု၏ ပြင်းထန်မှုကို ကြားလိုက်ရချိန်တွင် သူ အံ့အားသင့်သွားရသည်။
တော်ဝင်ချန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် အခွန်ဝန်ကြီးဌာန၌ လူဦးရေ သန်းတစ်ထောင်ဟု သန်းခေါင်စားရင် မှတ်တမ်းရှိသော်လည်း၊ တကယ်တမ်း အသေးစိတ် စစ်ဆေးလိုက်ပါက သန်းတစ်ထောင်ငါးရာ၊ သန်းနှစ်ထောင် သို့မဟုတ် ထိုထက်မကပင် ရှိနေနိုင်သည်။
အထက်တန်းလွှာ မိသားစုကြီးများ၏ အစေခံများ၊ သိုင်းပညာရှင်များနှင့် လျှို့ဝှက် အစောင့် တပ်များအပြင်... စွမ်းရည်သာမန်သာရှိသည့် သိုင်းပညာရှင်များနှင့် အင်မော်တယ်ဖြစ်ရန် ကျင့်ကြံသူများသည် လူဦးရေသန်းခေါင်စာရင်းတွင် မှတ်ပုံမတင်ကြခြင်းမှာ အလွန်ပင် ပုံမှန်ကိစ္စတစ်ခု ဖြစ်နေသည်။
အကယ်၍ ထိုလူအားလုံးကိုသာ စာရင်းသွင်းပြီး လူခွန်တော် ကောက်ခံလိုက်မည်ဆိုလျှင်... နန်းတွင်းဘဏ္ဍာတိုက်၏ နှစ်စဉ်ဝင်ငွေမှာ မည်မျှအထိ တိုးတက်လာပါမည်နည်း။
ဤအရာများသည် နန်းတွင်းနှင့် ပြည်သူလူထု၏ တည်ငြိမ်မှုအတွက် အလွန်အရေးကြီး သော ကိစ္စရပ်များ ဖြစ်သည်။ ဟုန်ယွိအနေဖြင့် အများကြီး စဉ်းစားနေစရာပင် မလိုဘဲ သိနေသည်မှာ... အကယ်၍ တော်ဝင်ချန် အင်ပါယာကသာ ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့လျှင်၊ သူတို့၏ ဂုဏ်သတင်းနှင့် လွှမ်းမိုးနိုင်သည့် အင်အားမှာ အထွက်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ‘ချန်ဧကရာဇ်’ ယန်ဖန်သည်ပင် ရှေးခေတ် သူတော်စင် ဧကရာဇ်များနှင့် အမှန်တကယ် ရင်ဘောင်တန်းနိုင်သွားပေလိမ့်မည်။
ဟုန်ယွိတွင် ခံစားချက်တစ်ခုပင် ရှိနေသည်။ ... အကယ်၍ ဤကိစ္စကိုသာ ပြီးမြောက် အောင် လုပ်ဆောင်နိုင်လျှင် ချန်ဧကရာဇ် ယန်ဖန်၏ ယုံကြည်မှုမှာ အတိုင်းထက်အလွန် တိုးပွားလာမည်ဖြစ်ပြီး သူ၏ စိတ်ဆန္ဒမှာလည်း ‘ဖန်ဆင်းရှင်’ သခင် နယ်ပယ်သို့ တဟုန်ထိုး ချိုးဖောက်ဝင်ရောက်နိုင်သည်အထိ အားကောင်းလာပေလိမ့်မည်။
ကမ္ဘာလောကကို အုပ်ချုပ်ခြင်းနှင့် နိုင်ငံတစ်ခုကို ထိန်းကျောင်းခြင်းသည်လည်း ကြီးမား သော ကျင့်ကြံမှုနှင့် စွမ်းအင်စုဆောင်းမှု တစ်မျိုးပင် ဖြစ်သည်။
နိုင်ငံကြီးတစ်နိုင်ငံကို အုပ်ချုပ်ရသည်မှာ ငါးလေးတစ်ကောင်ကို ချက်ပြုတ်ရသကဲ့သို့ နူးညံ့ သိမ်မွေ့ရန်လည်း လိုအပ်သည်။ သင်သည် အနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်နေပါ စေ၊ ဤလောက၌ အတင်းအဓမ္မ အင်အားသုံးပြီး ဖြေရှင်း၍ မရသောအရာများ ရှိနေသည်။ စိတ်ရင်းမှန်ဖြင့် အုပ်ချုပ်ပြီး လူသားတာအိုကို ပြည့်စုံအောင် လုပ်ဆောင်ရခြင်း ဖြစ်သည်။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးသည် စိတ်ဝိညာဉ်အတွက် များစွာ အကျိုးရှိလှပေသည်။
ရှေးခေတ် သူတော်စင်ဧကရာဇ်များသည်လည်း ဤနည်းလမ်းဖြင့်ပင် ကျင့်ကြံခဲ့ကြခြင်း ဖြစ်သည်။
တော်ဝင်ချန်ဧကရာဇ် ယန်ဖန်က မင်းသားအများပြားကို စေလွှတ်၍ ကြီးကြပ်ခိုင်းခြင်းမှာ လည်း ရည်ရွယ်ချက် ထင်ရှားလှ၏။ ပထမအချက်မှာ ထိုမင်းသားများ၏ အစွမ်းအစနှင့် စွမ်းအားကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ဖြစ်ပြီး၊ ဒုတိယအချက်မှာ မြို့တော်အတွင်း၌ အချင်းချင်း တိုက်ခိုက်နေမည့်အစား သူတို့ကို အလုပ်ထဲတွင် နှစ်မြှုပ်ထားစေရန် ဖြစ်သည်။
“နန်းတွင်းရဲ့ နှစ်စဉ်အခွန်ဝင်ငွေဟာ လက်ရှိမှာ ငွေဒင်္ဂါး သန်း ၇၀ ကနေ ၁၀၀ ကြားမှာ ရှိတယ်။ ကြီးမားလှတဲ့ စစ်စရိတ်တွေ၊ အရာရှိတွေရဲ့ လစာ၊ နန်းတွင်း အသုံးစရိတ်တွေနဲ့ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ခွဲဝေမှုတွေကို ဖယ်လိုက်ရင် ဘာမှ သိပ် မကျန်တော့ဘူး။ တကယ်လို့, ဒီကိစ္စနှစ်ခုကိုသာ အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ရင် အခွန်ဝင်ငွေက နှစ်ဆလောက် တိုးလာလိမ့်မယ်၊ အဲဒီအခါမှာ ပိုလျှံတဲ့ ဘဏ္ဍာငွေတွေရှိ လာပြီး နန်းတွင်းက ပြည်သူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ အင်အား ရှိလာလိမ့်မယ်။ ပြည်သူ တွေရဲ့ အခြေခံဘဝကို မထိခိုက်သရွေ့ ဘယ်လိုအင်အားစုကမှ ဆူပူသောင်းကျန်းအောင် လှုံ့ဆော်ပေးလို့မရဘူး” နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူး၏ မျက်နှာတွင် ဝမ်းသာမှုနှင့် စိုးရိမ်မှုတို့ ရောပြွမ်းနေ၏။
ဟုန်ယွိသည် သူ၏ စိတ်ခံစားချက်ကို အတိအကျ သိရှိလိုက်သည်။ တော်ဝင်မိသားစု သန်မာလာပါက ယန်မိသားစုဝင် တစ်ဦးအနေဖြင့် သူ၏ အဆင့်အတန်းမှာ လုံခြုံသွားမည် ဖြစ်သော်လည်း ဧကရာဇ် ယန်ဖန် ပိုမို အစွမ်းထက်လာလေလေ၊ သူကဲ့သို့ မင်းသားတစ်ပါး အတွက် ဧကရာဇ် ယန်ဖန်အပေါ်တွင် ပိုမို မှီခိုလာရလေ ဖြစ်လာလိမ့်မည်။
ထို့အပြင် နတ်ဘုရားတန်ခိုးရှင် ဘုရင်သည်လည်း ကိုယ်ပိုင်အစေခံများနှင့် ကျွမ်းကျင်သူ အင်အားစု အမြောက်အမြားကို မွေးမြူထားသည်။ ထောက်လှမ်းရေး သူလျှိုများပင်လျှင် သောင်းနှင့်ချီ၍ ရှိနေသည်။ ထိုသူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ လူဦးရေ သန်းခေါင် စာရင်းမှတ်တမ်းတွင် မရှိဘဲ သူ၏ ကိုယ်ပိုင်မှတ်တမ်းစာအုပ်ထဲတွင်သာ ရှိနေကြသည်။ ယန်ဖန်က သူ့ကို စံနမူနာပြအနေဖြင့် အရင်ဆုံး အရေးယူမလားဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာတစ်ခုပင် ဖြစ်သည်။
…
“မင်းသားအနေနဲ့ နန်းတွင်းက မင်းသားကို အရင်ဆုံး အရေးယူမလားဆိုပြီး စိုးရိမ်နေတာ ဖြစ်မယ်။ ဒါပေမဲ့ လက်ရှိအနေထားက အနောက်ဘက်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေပြီး နှစ်ဖက်စလုံးက စစ်အင်အားတွေ ပြင်ဆင်နေကြတာဆိုတော့ နန်းတွင်းက မင်းသားကို အရေးယူချင်တယ်ဆိုရင်တောင် ချက်ချင်း အရေးယူဖို့ မလွယ်ပါဘူး။ အချိန်တစ်ခုတော့ စောင့်ရဦးမှာပါ” ဟုန်ယွိက စားပွဲပေါ်ကို လက်တင်ကာ ပြောလိုက်သည်။
“မင်း မသိသေးတာ တစ်ခုရှိသေးတယ်... မင်းသားယုဟာ အခုဆိုရင် ‘ချီ’ ပြည်နယ်ကို ရောက်နေပြီ။ သူက အခု လူဦးရေစာရင်း စစ်ဆေးတဲ့နေရာမှာ အုပ်ချုပ်ရေးမှူး ‘နျဲ့ယွမ်ကိုင်’ ကို ကြီးကြပ်နေတာ” ယန်တူးက ခပ်တိုးတိုး ရယ်လိုက်သည်။ “ဧကရာဇ်က တကယ်ကို ကြောက်စရာကောင်းတဲ့လူပဲ။ သူက အချို့နည်းလမ်းတွေကို အသုံးချပြီး အခြေအနေကို ထိန်းချုပ်ထားတာ။ ဟုန်ယွိ... မင်းရော မင်းသားယုကို ဆက်ထောက်ခံပြီး ဒီကြီးမားလှတဲ့ ဂုဏ်သတင်းကို ရယူချင်လား၊ ဒါမှမဟုတ် တခြား အစီအစဉ်တွေ ရှိသေး လား။”
“နန်းတွင်းက မင်းသားနဲ့ ကျွန်တော့်ကြားမှာ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာပဲ” ဟုန်ယွိ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွား၏။ “ကျွန်တော်က မင်းသားယုကို ထောက်ခံတယ်။ တကယ်လို့, သူ ထီးနန်းကို သိမ်းပိုက်ချင်တယ်ဆိုရင် ဒီအောင်မြင်မူက သူ့အတွက် ကြီးမားတဲ့ ဂုဏ်သတင်း ရရှိစေမှာ အမှန်ပဲ။ ဒါပေမဲ့ အနောက်ဘက်ဒေသက စစ်ပွဲတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့ အရာအားလုံးက နှောင့်နှေးနေဦးမှာပဲ။ ဒါ့အပြင် မင်းသား... မင်းသားက အခုထိ သိသာထင်ရှားတဲ့ လှုပ်ရှားမှုတွေ မရှိသေးဘူး၊ ‘ချန်ပီယံ မြို့စား’ လောက်လည်း အင်အားမကြီးသေးဘူး။ ချန်ပီယံမြို့စားမှာက နန်းတွင်းကနေ ရိက္ခာနဲ့လစာ ယူစရာမလိုတဲ့ စစ်သည် သုံးသိန်း ရှိနေတာ။ သူ့ရဲ့ သြဇာအာဏာက နေရာ တိုင်းမှာ ပျံ့နှံ့နေတာဆိုတော့ ဧကရာဇ်အနေနဲ့ သူ့ကို အရင်ဆုံး အရေးမယူဘဲ နေမှာ မဟုတ်ဘူး။”
“ညီနောင်ဟုန်က တာအိုကျင့်စဉ်တွေကိုပဲ အာရုံစိုက်နေလို့ မသိသေးတာ ဖြစ်မယ်။ ‘ချန်ပီယံမြို့စား’ က နန်းတွင်းကို နောက်ထပ် အစီရင်ခံစာတစ်ခု တင်လိုက်ပြန်ပြီ။ သူက လူဦးရေ သန်းခေါင်စာရင်း စစ်ဆေးတဲ့နေရာမှာ အိမ်ရှေ့စံမင်းသားကို ကူညီပေးဖို့ ဆန္ဒရှိသ တဲ့။ အရှေ့ဘက် ပြည်နယ် ၇ ခု ဖြစ်တဲ့ ရှပြည်နယ်၊ ကျိုးပြည်နယ်၊ လီပြည်နယ်၊ ကျောက်ပြည်နယ်၊ ချင်ပြည်နယ်၊ မန်ပြည်နယ် နဲ့ လင်းပြည်နယ်တွေမှာ မူလက အခွန် ဝန်ကြီးဌာနရဲ့ မှတ်တမ်းအရ လူဦးရေ သန်း ၃၀ ပဲ ရှိတာ။ အခု ချန်ပီယံမြို့စားက အိမ်ရှေ့စံ မင်းသားကို ကူညီပေးလိုက်တော့မှ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ မိသားစုကြီးတွေနဲ့ မျိုးနွယ်စုတွေ ဖုံးကွယ်ထားတဲ့ လူဦးရေစာရင်းတွေ အကုန်လုံး ပေါ်ထွက်လာပြီး မှတ်ပုံ တင်နိုင်ခဲ့တယ်။ အဲဒီအတွက် စာရွက်တင် ပေါင်ချိန် တစ်သိန်းကျော် သုံးခဲ့ရသတဲ့။ လူဦးရေကလည်း သန်းနဲ့ချီပြီး တိုးလာခဲ့တယ်။ ဒီကိစ္စက နန်းတွင်းနဲ့ ပြည်သူတွေကြားမှာ အကြီးအကျယ် ဂယက်ရိုက်သွားခဲ့တယ်” ယန်တူးက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
“အရှေ့ဘက် ပြည်နယ် ခုနစ်ခုဟာ ‘ချန်ပီယံမြို့စား’ ရဲ့ လက်အောက်မှာ အပြည့်အဝ ရှိနေ တာပဲ။ အခု သူက နန်းတွင်းကို ကူညီပြီး သူ့ကိုယ်ပိုင် လူတွေကို ပြန်ဖော်ထုတ်ပြနေတာ လား။”
ဟုန်ယွိ၏ စိတ်နှလုံးမှာ လှုပ်ခတ်သွားသည်။ ဤအရာကို သူ မမျှော်လင့်ထားခဲ့ပေ။
“ကြည့်ရတာ ငါ ဟိုမောက်မာတဲ့ ယန်အန်ကို သတ်လိုက်ပြီးတဲ့နောက်မှာ အစွမ်းထက်တဲ့ လူတစ်ယောက်က ယန်အန်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာလား၊ သူ့ရဲ့ လုပ်ရပ်တွေက အမြဲတမ်း ခန့်မှန်းလို့ မရအောင် ဖြစ်နေတယ်” ဟုန်ယွိ ခဏတာ တိတ်ဆိတ်သွားပြီး နောက် တွေးလိုက်မိသည် - “ကြည့်ရတာ ငါ ဒီချန်ပီယံမြို့စား အသစ်နဲ့ သွားတွေ့ဖို့ လိုနေပြီ။ သူက ဘယ်လိုလူမျိုးလဲဆိုတာ သိချင်မိတယ်။”
“မူလကတော့ ဒီကိစ္စဟာ ကောင်းတဲ့အရာပဲ။ လူဦးရေကို စုံစမ်းတာဟာ အဲဒီ အထက်တန်း စား မိသားစုတွေရဲ့ အကျိုးစီးပွားကို လျှော့ချနိုင်ပြီး နန်းတွင်းက ပြည်သူတွေကို ပြန်လည် ခွဲဝေပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ နန်းတွင်းမှာ ကိုယ်ကျင့်တရား မရှိသလို သူတို့ကို ထိန်းချုပ် မယ့်သူလည်း မရှိဘူး။ ကိုယ့်အိတ်ထဲ ကိုယ်ပြန်ထည့်မယ့် လူတွေပဲ ပိုများလာလိမ့်မယ်” ဟုန်ယွိက တွေးတောလိုက်သည်။
‘ရှေးဟောင်းနဂါးသင်္ချိုင်း’ထဲတွင် သူသည် မူလဝိညာဉ်နတ်ဘုရားကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ရစဉ်က ‘ဖန်ဆင်းခြင်းသင်္ဘော’ ပေါ်ရှိ တော်ဝင်ချန်ဧကရာဇ်မှာ သူ့ကို မကူညီခဲ့ သည့်အပြင် သူ့ကိုပါ လုပ်ကြံရန် ကြံစည်ခဲ့သည်။ ထိုအချိန်ကစ၍ ဟုန်ယွိသည် တော်ဝင်ချန် ဧကရာဇ် ဖြစ်စေ၊ ဟုန်ရွှန်ကျိ ဖြစ်စေ၊ မည်သူမျှ ‘ဧကရာဇ်အကြံပေး’ ဖြစ်ရန် မထိုက်တန်ဟု ခံစားခဲ့ရသည်။
“တစ်နေ့ကျရင် ငါ သူတို့ကို နန်းချပစ်မယ်၊ ကျင့်ဝတ်မရှိတဲ့ ဘုရင်ဟာ နန်းဆင်းပေးရမှာပဲ။ ဒါက သူတော်စင်တွေရဲ့ စကားပဲ” ဟုန်ယွိက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
ယန်တူးသည် ဟုန်ယွိ အတွေးနက်နေသည်ကို မြင်သော်လည်း မနှောင့်ယှက်ပေ။ ဟုန်ယွိ သက်ပြင်းချပြီးမှသာ သူက မေးလိုက်သည်။ “ညီနောင်ဟုန်... ဒီသတင်းတွေကို ကြားရတာ ဘယ်လို ခံစားရလဲ။”
“ဘာမှ ထွေထွေထူးထူး မခံစားရပါဘူး။ ‘ချန်ပီယံမြို့စား’ ကို သွားကြည့်ဖို့ ‘ချင်ပြည်နယ်’ ကို ကျွန်တော် သွားမယ်။” ဟုန်ယွိက ထရပ်ကာ ပြောလိုက်သည်။ “မင်းသား... ဒီမှာပဲ သတင်းစောင့်နေပါ။ ဘာပဲဖြစ်ဖြစ် အနောက်ဘက်ဒေသက စစ်ပွဲမပြီးသရွေ့တော့ ဒီမှာ ဘာပြဿနာမှ ကြီးကြီးမားမား ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော် အာမခံပါတယ်။”
ဤစကားကို ပြောပြီးနောက် ဟုန်ယွိသည် ကိုယ်ကို လှုပ်ရှားလိုက်ရာ ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
ဟုန်ယွိ ထွက်ခွာသွားပြီးနောက် ယန်တူးသည် တခဏမျှ ထိုင်နေသည်။ သူ၏ နောက်ကွယ် တွင် လူအနည်းငယ်မှာ တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။ ထိုသူတို့မှာ ကြင်ယာတော် ရှဲ့ဖင်းဖင်း ဖြစ်ပြီး၊ အနောက်ဘက်ဒေသမှ သိုင်းသူတော်စင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် ‘ကျူးလစ်မိသားစု၏ မြို့စား’ လည်း ပါဝင်နေသည်။
ဤ‘ကျူးလစ်မိသားစု၏ မြို့စား’ များမှာ မူလက ဖမ်းဆီးခံထားရသော အနောက်ဘက် ဒေသ၏ အထက်တန်းလွှာတစ်ဦး ဖြစ်ကြသော်လည်း ယခုအခါ မမျှော်လင့်ဘဲ နတ်ဘုရား တန်ခိုးရှင် ဘုရင်ထံသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ သူတို့သည် ကြင်ယာတော်၏ လက်အောက်သို့ ရောက်ရှိသွားပုံရသည်။
“ကြင်ယာတော်... ဒီဟုန်ယွိဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အစွမ်းထက်လာတာပဲ။ သူ့ရဲ့ နည်းလမ်းတွေဟာ အခုဆို ကမ္ဘာကြီးကိုတောင် တုန်လှုပ်စေနိုင်နေပြီ...” ယန်တူးက ရှဲ့ဖင်းဖင်းကို ကြည့်ကာ ပြောလိုက်သည်။
“ခုနက မင်းသားတို့ ပြောနေတာတွေကို ကျွန်မ ကြားပါတယ်။ သူက ‘ချန်ပီယံမြို့စား’ ကို သွားကြည့်မလို့တဲ့လား။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကျွန်မလည်း သိချင်လှပြီ” ရှဲ့ဖင်းဖင်းက ဆိုလိုက်သည်။
“ချန်ပီယံမြို့စားက ဘာလို့ အဲဒီလောက်ကြီး ပုံမှန်မဟုတ်ဘဲ ဖြစ်နေရတာလဲ။ ဒါက သူ့အရင်စရိုက်နဲ့ လုံးဝ မတူဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း သူဟာ မဟူရာ ဝံပုလွေဘုရင် ကို အညံ့ခံခိုင်းနိုင်ခဲ့တယ်။ ဒါတွေအားလုံးက ‘ချန်ပီယံမြို့စား’ ဟာ အရင်ကထက် ပိုပြီး အစွမ်းထက်လာတယ်ဆိုတာကို ပြနေတာပဲ၊ ဒါပေမဲ့ သူ့ရဲ့ အကျင့်စရိုက်ကလည်း ပိုပြီး နက်နဲလာတယ်၊ ဘယ်သူမှ နားမလည်နိုင်လောက်အောင်ကို နက်နဲနေတာ။” ယန်တူး လည်း ဇဝေဇဝါ ဖြစ်နေသည်။
“အစစ်အမှန် ‘ချန်ပီယံမြို့စား’ ဖြစ်တဲ့ ယန်အန်းဟာ ဟုန်ယွိရဲ့ လက်ချက်နဲ့ သေဆုံး သွားခဲ့ပြီ။ အခု ‘ချန်ပီယံမြို့စား’ ရဲ့ ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက် က သိမ်းပိုက်ထားတာ” ဟု ရှဲ့ဖင်းဖင်းက အေးစက်သော အသံဖြင့် ဆိုလိုက်သည်။ “အဲဒီ သိမ်းပိုက်ထားတဲ့လူက ဘယ်သူလဲဆိုတာကိုတော့ ကျွန်မလည် အသေးစိတ် မသိရသေး ဘူး။”
“ဒါဆိုရင် ဒီလူဟာ မူလ ‘ချန်ပီယံမြို့စား’ ထက်တောင် ပိုပြီး အစွမ်းထက်နေတာပေါ့...” ယန်တူးသည် အတွေးနက်သွားပြီးနောက် ထရပ်လိုက်သည်။ “ချီပြည်နယ်မှာရှိတဲ့ မင်းသား ယုဆီကို ငါ့စာပို့လိုက်ပါ။ ငါ ဟုန်ယွိနဲ့ စကားပြောပြီးပြီလို့ သူ့ကို ပြောလိုက်။ အနောက် ဘက်ဒေသစစ်ပွဲ မပြီးမချင်း ပြည်နယ်အားလုံး တည်ငြိမ်အောင် ထားဖို့နဲ့ အောင်မြင်မှုတွေ အတွက် အရမ်းလောမကြီးဖို့ သူ့ကို ပြောလိုက်ပါ”
…
အနောက်ဘက်ဒေသ သဲကန္တာရနှင့် မိုင်ပေါင်း ထောင်ချီဝေးကွာသော ‘ချင်’ ပြည်နယ်တွင် ဆောင်းဦးနှောင်းပိုင်း ရောက်ရှိနေပြီ ဖြစ်သည်။ စားကျက်မြေများမှာ တဖြည်းဖြည်း ခြောက်သွေ့နေသော်လည်း နယ်စပ်ဖြတ်ကျော်လာသည်နှင့်အမျှ ကျယ်ပြောလှသော စိုက်ပျိုးမြေကောင်းများကို မြင်တွေ့လာရသည်။
မြေဩဇာကောင်းသော လယ်ကွင်းများအကြားတွင် ကြီးမားသော ခံတပ်ကြီးများစွာကို တည်ဆောက်ထားပြီး၊ စပါးကျီများ ပြည့်လျှံနေသည့် သာယာဝပြောမှုကို ပြသနေသည်။
ဤအချိန်တွင် ‘ချင်ပြည်နယ်’ ၏ လမ်းမများပေါ်၌ ကုန်သည်အဖွဲ့များစွာဖြင့် ပြည့်နှက် နေသည်။ ယွန်မင်နိုင်ငံမှ လူများ၊ တော်ဝင်ချန်မှ လူများနှင့် အနောက်ဘက်ဒေသမှ လူများ များစွာ ရှိနေကြသည်။ ကျွဲ၊ နွား၊ သိုး၊ မြင်းများ၊ သံထည်ပစ္စည်းများ၊ ကြွေထည်များ၊ ပိုးထည်များ၊ အမွှေးနံ့သာများ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများနှင့် ရှားပါး ဆေးဖက်ဝင် ပစ္စည်းများမှာ အခမဲ့ ရနေသည့်အလား အပြန်အလှန် သယ်ယူပို့ဆောင်နေကြသည်။
မူလက လူဦးရေ ကျဲပါးလှသော နယ်စပ်ဒေသမှာ ယခုအခါ ဆယ်မိုင်လျှင် မြို့နယ်တစ်ခု၊ မိုင်သုံးဆယ်လျှင် မြို့ကြီးတစ်မြို့ ရှိနေပြီး အလွန်အမင်း စည်ကားလှပေသည်။
ဤမြင်ကွင်းမှာ ‘နန်ကျိုး’ (တောင်ပိုင်းပြည်နယ်) ထက်ပင် ပိုမိုစည်ကားနေပြီး အဖိုးတန် ပစ္စည်း အမျိုးမျိုးမှာလည်း ဤနေရာ၌ စုဝေးနေကြသည်။
အထူးသဖြင့် မြို့ကြီးမြို့ငယ်များပေါ်ရှိ စစ်သည်များမှာလည်း အလွန်ပင် သန်မာကြသည်။ မြို့တံခါးကို စောင့်ကြပ်နေသော အနိမ့်ဆုံး စစ်သည်များပင်လျှင် အဆင့်မြင့် ‘ရွှမ်ဂန်’ သံမဏိကြိုးမျှင်ဖြင့် ရက်လုပ်ထားသော ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး လက်ထဲတွင် လည်း ‘ရွှမ်ဂန်’ သံမဏိဓားများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်ကြပြီး ငွေဒင်္ဂါးရာနှင့်ချီ တန်ဖိုးရှိသော စစ်လက်နက် အသုံးအဆောင် များကို အပြည့်အစုံ ဆင်ယင်ထားကြရာ လူတိုင်းကို လုံခြုံမှုရှိသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
‘ချင်ပြည်နယ်’ အပါအဝင် အရှေ့ဘက် နယ်စပ်တစ်လျှောက်ရှိ ပြည်နယ် ခုနစ်ခုနှင့် မြို့ပေါင်း ၂၅ မြို့မှာ ‘ချန်ပီယံမြို့စား’ ၏ နယ်မြေများပင် ဖြစ်သည်။
‘ချန်ပီယံမြို့စား’ သည် ဤနေရာ၌ ဘိသိက်မခံရသော ဘုရင်တစ်ပါးပင် ဖြစ်သည်။ ဗဟိုအစိုးရ၏ အမိန့်များသည် သူ့ထံသို့ ရောက်လာချိန်တွင် အလွန်ပင် သြဇာညောင်းမှု မရှိတော့ပေ။ ပြည်နယ်ဘုရင်ခံကိုပင် သူက အကြံပြုခန့်အပ်ခြင်း ဖြစ်ပြီး နန်းတွင်းမှလည်း တစ်ခါမျှ ငြင်းဆန်ခြင်း မရှိခဲ့ပေ။
ထို့ထက် ပိုမို အံ့သြဖွယ်ကောင်းသည်မှာ ‘ချန်ပီယံမြို့စား’ ၏ သူလျှိုများပင် ဖြစ်သည်။ အရှေ့ဘက် ပြည်နယ် ခုနစ်ခုတွင် လူအများ သွားလာနေသည်ကို စောင့်ကြည့်နေသော သူလျှို မည်မျှ ရှိသည်ကို မည်သူမျှ မသိနိုင်ပေ။ နေ့စဉ် ထောက်လှမ်းရေး သတင်းပေါင်း သောင်းနှင့်ချီ၍ ‘ချင်ပြည်နယ်’ ရှိ ‘ချန်ပီယံမြို့စား’ ၏ အိမ်တော်သို့ ရောက်ရှိလာသည်။
အကြံပေးအဖွဲ့များက ထိုသတင်းများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ချန်ပီယံမြို့စား၏ ယုံကြည်ရသော လက်ထောက်များနှင့် ကြင်ယာတော်များထံ ပို့ဆောင်ကြသည်။ နောက်ဆုံးတွင်မှ အရေးကြီးသော အချက်များကို ချန်ပီယံမြို့စား ၏ လက်ထဲသို့ အရောက် ပေးပို့ကြခြင်း ဖြစ်သည်။
ချင်ပြည်နယ်ထဲသို့ အတောင်ပံပေါ်တွင် စာလုံးထွင်းထားသည့် ယင်ကောင်တစ်ကောင် ဝင်လာလျှင်ပင် ချန်ပီယံမြို့စား၏ ကင်းထောက်များက သိနိုင်သည်ဟုပင် ကောလာဟလ များ ရှိနေသည်။ သို့မဟုတ် မြို့တော်ရှိ မင်းသား သို့မဟုတ် မှူးမတ်တစ်ဦးက ညဘက်တွင် ချန်ပီယံမြို့စား အကြောင်း တိုးတိုးလေး ဆွေးနွေးလျှင်ပင် သူလျှိုများက ချက်ချင်း သိရှိနိုင်ပေသည်။
သူ၏ အာဏာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှပေသည်။
ချန်ပီယံမြို့စားစံအိမ် သည် ချင်းပြည်နယ်၏ ဗဟိုချက်တွင် တည်ရှိပြီး၊ ခန့်ညား ထည်ဝါသော အဆောက်အအုံများ စီတန်းနေကာ၊ ဥယျာဉ်တစ်ခုအတွင်း၌ နောက်ထပ် ဥယျာဉ်တစ်ခု ရှိနေသည့်အလား မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသည်။ ၎င်းသည် လှပသော ပြာသာဒ်များ၊ မျှော်စင်များနှင့် ထူးခြားဆန်းပြားသော အဆောက်အအုံများဖြင့် ပြည့်နှက်နေပြီး၊ ဝူဝမ်မြို့စားစံအိမ်ထက် အဆတစ်ရာမက ပိုမို ကြီးမားလှပေသည်။ နေ့စဉ် အစေခံ ထောင်ပေါင်းများစွာနှင့် ကျွမ်းကျင်သော အစောင့်တပ်များ ဝင်ထွက်သွားလာနေ ကြသော်လည်း အရာအားလုံးမှာ စနစ်တကျ ရှိနေပြီး နန်းတော်ထက်ပင် ပိုမို ကောင်းမွန်သော စီမံခန့်ခွဲမှု စွမ်းရည်ကို ပြသနေသည်။
တစ်ခါက စူးစမ်းလိုစိတ်ရှိသော ပညာရှင်တစ်ဦးသည် ချန်ပီယံမြို့စား၏ စံအိမ်ကို ‘သုခဘုံ နန်းတော်’ ဟု အမည်ပေးခဲ့ဖူးသည်။ ၎င်းသည် ရှေးခေတ် ‘သူတော်စင် ဧကရာဇ်’ တစ်ပါး ဖြစ်သော ‘သူတော်စင် ဧကရာဇ်ကျိ’ နတ်ရွာစံပြီးနောက် သူ၏ မိဖုရားကြီးက သူမ၏ အလိုဆန္ဒများအတွက် မိုင်ပေါင်း ၃၀၀ ကျယ်ဝန်းအောင် တည်ဆောက်ခဲ့သည့် ငွေနန်းတော်ကြီးဖြစ်ပြီး နောက်ပိုင်းတွင် လူများ၏ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသည်ဟု ဆိုကြသည်။
နောက်ပိုင်းတွင် ထိုပညာရှိမှာ ချန်ပီယံမြို့စား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူ၏ အလောင်းကို အများမြင်ကွင်းတွင် ပြသထားခဲ့ရာ၊ ထိုအချိန်မှစ၍ မည်သူမျှ ထိုအမည်ကို ထပ်မံ မပြောရဲကြတော့ပေ။
ဤအခိုက်အတန့်တွင် မြို့စားစံအိမ်၏ လျှို့ဝှက်သော အပိုင်းတစ်ခု၌...
နှစ်ဦးသည် လျှို့ဝှက်ကိစ္စတစ်ခုကို ဆွေးနွေးနေကြသည်။
တစ်ဦးက ထိုင်နေပြီး ကျန်တစ်ဦးက မတ်တတ်ရပ်နေသည်။
ထိုင်နေသောသူမှာ အသက် ၁၇၊ ၁၈ နှစ်ခန့်သာ ရှိသေးပြီး အလွန်ငယ်ရွယ်လှသည်။ သူသည် ပန်းထိုးထားသော အဝတ်အထည်များကို ဝတ်ဆင်ထားသော်လည်း သူ၏ ခန္ဓာကိုယ်မှ မည်သည့် အရှိန်အဝါ အငွေ့အသက်မျှ ထွက်ပေါ်ခြင်း မရှိပေ။ ၎င်းမှာ သူသည် ‘စွမ်းအင်ယိုစိမ့်မှုမရှိသော’ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။
ဤနယ်ပယ်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ ‘စွမ်းအင်ယိုစိမ့်မှုကင်းသော အစစ်အမှန် အင်မော်တယ်’ နယ်ပယ် သို့မဟုတ် ‘လူသားအင်မော်တယ်’ နယ်ပယ်ပင် ဖြစ်သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ‘ချန်ပီယံမြို့စား’ ပင် ဖြစ်သည်။
မတ်တပ်ရပ်နေသောသူမှာ အမည်းရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ သူသည် အလွန်အရပ်ရှည်ပြီး မျက်နှာမှာ ကျဉ်းမြောင်းရှည်လျား၏။ သူ့ထံမှ ဝံပုလွေဘုရင်တစ်ဦး၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ အမြဲတမ်း ထွက်ပေါ်နေသည်။ သူက အခြားလူ မဟုတ်ပေ။ လွင်ပြင်ဒေသကို စိုးမိုးထားသော ကြီးမားသည့် ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် မဟူရာဝံပုလွေဘုရင် ‘ဘီရှီဟွာ’ပင် ဖြစ်သည်။ သူသည် လွင်ပြင်ဒေသ၏ အင်အားအကြီးဆုံး မြင်းတပ်ဖြစ်သော ‘သံမဏိဗုဒ္ဓ မြင်းတပ်’ ၏ တပ်မှူးလည်း ဖြစ်သည်။
သို့သော် ယခုအခါ သူသည် ‘ချန်ပီယံမြို့စား’ ၏ ရှေ့တွင် ရိုသေစွာ မတ်တပ်ရပ်နေရသည်။
“ကျုံးဟန်... တကယ်လို့ ဒီမဟူရာ ဝံပုလွေဘုရင်သာ မိုးကြိုးကပ်ဘေးကို တိတ်တဆိတ် ရင်ဆိုင်ကျော်ဖြတ်ပြီး၊ အလွန်အမင်း အားနည်းမနေခဲ့ဘူးဆိုရင်၊ ငါ သူ့ခန္ဓာကိုယ်ကို အခုလို တိုက်တိုက်ဆိုင်ဆိုင် သိမ်းပိုက်ပြီး သူရဲ့ စိတ်ဝိညာဉ် အမှတ်သားတွေကိုလည်း ဖျက်ဆီးပစ် နိုင်မှာ မဟုတ်ဘူး။ အခုဆိုရင် သူ့ရဲ့ တန်ခိုးစွမ်းအားနဲ့ ကျင့်ကြံမှုတွေ အားလုံးဟာ ငါ့အပိုင် ဖြစ်သွားပြီ။ ‘ပထမအဆင့် မိုးကြိုးကပ်ဘေး’ ကျွမ်းကျင်သူတစ်ယောက်။ ငါ့ရဲ့ မူလ နည်းလမ်းတွေနဲ့ ပေါင်းစပ်လိုက်ရင် ငါဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လပ်စွာ သွားလာနိုင်ပြီ။”
မဟူရာ ဝံပုလွေဘုရင် ဘီရှီဟွာသည် ‘ချန်ပီယံမြို့စား’ ၏ ရှေ့တွင် ရပ်ကာ ဧည့်သည်တော် မဟာအကြီးအကဲ တစ်ဦး၏လေသံဖြင့် စကားပြောနေခြင်း ဖြစ်သည်။
ဤစကားတစ်ခွန်းတည်းနှင့်ပင် ကြားရသူတိုင်းကို ထိတ်လန့်သွားစေရန် လုံလောက်ပေ သည်။
မဟူရာ ဝံပုလွေဘုရင်သည် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်နေစဉ် အားနည်းနေချိန်တွင် သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခံရပြီး စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်များပါ အခိုးခံလိုက်ရခြင်း ဖြစ်သည်။
“ပေါ့ပေါ့တန်တန် မတွေးနဲ့ဦး။ ရှေးဦးခေတ်ကတည်းက ဒီနေရာမှာ ကျွမ်းကျင်သူတွေ မရေမတွက်နိုင်အောင် ရှိနေခဲ့တာ။ ‘ယန်နတ်ဘုရား’ ကျွမ်းကျင်သူတွေဆိုရင် ကြယ်တွေ အဖြစ် ပြောင်းလဲနိုင်ပြီး ကမ္ဘာတွေကိုတောင် ဖန်တီးနိုင်ကြတယ်။ အလယ်ခေတ်မှာ ဆိုရင် လည်း ပညာရှင် သူတော်စင်တွေဟာ ဟင်းလင်းပြင်ထဲကနေ အရာရာကို ဖန်တီးနိုင်ကြ တယ်။ သူတို့ဟာ ‘ဖန်ဆင်းရှင်’သခင် တွေပဲ။ အခုလည်း မြင့်မြတ်နယ်မြေတွေနဲ့ တစ္ဆေ အင်မော်တယ်တွေ အများကြီး ရှိနေသေးတယ်။ ‘ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး’ ကို ကျော်လွှားပြီး သူတို့ရဲ့ စိတ်ဝိညာဉ်နဲ့တင် ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်တဲ့သူတွေတောင် ရှိသေးတယ်။ ဒီနေရာက သမိုင်းကြောင်း အလွန်ရှည်လျားပြီး အဆုံးမရှိတဲ့ တာအို နည်းစနစ်တွေနဲ့ တာအိုကျင့်ကြံသူတွေ နေရာအနှံ့မှာ ရှိနေကြတယ်။ နေရာတိုင်းမှာ ကျင့်ကြံသူတွေ ရှိနေကြပြီး အချိန်နဲ့ ဟင်းလင်းပြင်ကို ထိန်းချုပ်နေကြတာ။ အစွမ်းထက် လှတဲ့ ‘လူသားအင်မော်တယ်’ တွေနဲ့ သိုင်းသူတော်စင်တွေလည်း ရှိနေတယ်။ အဆုံးမရှိတဲ့ အရင်းအမြစ်တွေ၊ ကျယ်ပြောလှတဲ့ နယ်မြေတွေနဲ့ ဒီမြေကြီးက အဝိုင်းလား လေးထောင့် လားဆိုတာတောင် ဘယ်သူမှ မသိနိုင်ဘူး။ ပြီးတော့ နတ်ဘုရားဆေးလုံးတွေနဲ့ နတ်ဘုရား သံမဏိ အဆီအနှစ်တွေလည်း အများကြီးပဲ။ နန်းတွင်းကလည်း အံ့သြဖွယ် စွမ်းအားတွေ ရှိနေတယ်။ ဒဏ္ဍာရီလာ ‘မူလကမ္ဘာဦးခေတ်က ကောင်းကင်နဂါးတွေ’ နဲ့ ရှေးဦး မိစ္ဆာ နတ်ဘုရားတွေတောင် ဒီနယ်မြေမှာ နေထိုင်ကြသတဲ့။”
‘ချန်ပီယံမြို့စား’ က လေးနက်သော အသံဖြင့် ဆိုလိုက်ပြီး၊ သူ၏ လက်များကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။ “ဒါဟာ ငါတို့ အမြဲတမ်း လာချင်နေခဲ့တဲ့ အင်မော်တယ် ကမ္ဘာပဲ။ ဒဏ္ဍာရီလာ အင်မော်တယ်တွေ နေထိုင်တဲ့နေရာပေါ့။”
“အင်မော်တယ်ကမ္ဘာ…” မဟူရာဝံပုလွေဘုရင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒီမှာ ကြယ်တွေအဖြစ် ပြောင်းလဲနိုင်ပြီး ကမ္ဘာတွေကို ဖန်တီးနိုင်တဲ့ နတ်ဘုရားဘုရင်တွေ တကယ်ရှိတာပဲ၊ အလယ်ခေတ်တုန်းက ‘ဟင်းလင်းပြင် ဖန်ဆင်းရှင်’သခင် အဆင့် ကျွမ်းကျင်သူတွေ ရာနဲ့ချီ ရှိခဲ့ဖူးတာပဲ။ ရှေးခေတ်က ကောင်းကင်နဂါးတွေ၊ ချီလင်တွေ... တာအိုနည်းစနစ် ထောင်ပေါင်းများစွာ၊ ဂိုဏ်းပေါင်းစုံနဲ့ မြင့်မြတ် နယ်မြေတွေကလည်း သူတို့ရဲ့ တာအိုတွေကို လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ဖြန့်ဝေနေကြတာပဲ။ ဒါဟာ ငါတို့ရဲ့ ဒဏ္ဍာရီက အစစ်မှန် အင်မော်တယ်ကမ္ဘာပဲ။ ဒါပေမဲ့ ဒီအင်မော်တယ်ကမ္ဘာဟာ အခုတော့ ဆုတ်ယုတ်လာပုံရတယ်။ လူတိုင်းက အင်မော်တယ်တွေ မဟုတ်ကြတော့ဘူး။ သာမန် ပြည်သူတွေလည်း ရှိနေတာပဲ။ ငါတို့ မှတ်တမ်းထဲက အင်မော်တယ်ကမ္ဘာနဲ့တော့ နည်းနည်း ကွဲပြားနေတယ်။ ဒါပေမဲ့ ငါတို့ရဲ့ တာအိုနည်းစနစ်တွေနဲ့ သိုင်းပညာတွေဟာ လည်း ဒီအင်မော်တယ်ကမ္ဘာကနေ ဆင်းသက်လာတာပဲ။ ဒီရက်ပိုင်းအတွင်းမှာ ငါ အဲဒီ ဇာစ်မြစ်အချို့ကို ရှာတွေ့ခဲ့တယ်။”
“အင်မော်တယ်ကမ္ဘာဆိုတာလည်း ကမ္ဘာတစ်ခုပါပဲ၊ အတိုင်းအဆမရှိ ကျယ်ပြောတဲ့ ကမ္ဘာတစ်ခုပေါ့။ သာမန်လူတွေ ရှိတာ မဆန်းပါဘူး။ ငါတို့ရဲ့ ကျင့်ကြံမှုတွေက မြင့်မား တယ်ဆိုပေမဲ့ ဒီကမ္ဘာမှာ ခန့်မှန်းလို့မရတဲ့ ပုဂ္ဂိုလ်တွေ အမြဲတမ်း ရှိနေတတ်တယ်။ ငါတို့ သတိထားရမယ်။ ရယ်စရာကောင်းတာကတော့ မူလ ချန်ပီယံမြို့စားဟာ ငါတို့လောကက နေ လာတဲ့သူ ဖြစ်ပုံရပေမဲ့၊ သူက ဒီ ‘အင်မော်တယ်ကမ္ဘာ’ ကို အုပ်ချုပ်ဖို့တောင် အိပ်မက် မက်ခဲ့သေးသတဲ့။”
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော၊ “ကျုံးဟန်” ဟု အမည်ရပုံရသော ထိုလူက ခပ်ဖွဖွ ပြုံးလိုက်ပြီး မတ်တတ်ရပ်လိုက်သည် - “ဒါပေမဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို ငါတို့ ဆက်ခံလိုက်ပြီပဲ။ ဒီရှားပါးလှတဲ့ အခွင့်အရေးကို ငါတို့ အမိအရ အသုံးချရမယ်။”
အခန်း (၅၀၆)။
“ကျုံးဟန်... မင်းက ဒီ ‘မဟာကမ္ဘာလောက’ ကြီးကို မအုပ်ချုပ်ချင်ဘူးလား၊ မင်းအလိုရှိတာ မှန်သမျှကိုရောပေါ့...” မဟူရာဝံပုလွေဘုရင် ဘီရှီဟွာက မေးမြန်းလိုက်သည်။
“အုပ်ချုပ်ချင်တာပေါ့... ဘယ်သူကရော ဒီလို အရောင်အသွေးစုံလင်တဲ့ ကမ္ဘာကြီးကို မစိုးမိုးချင်ဘဲ နေပါ့မလဲ။ ဒါပေမဲ့ အဲဒါက ဒီကမ္ဘာကြီးကို ဝါးမြိုပစ်နိုင်တဲ့ ခွန်အား ရှိမရှိ အပေါ်မှာပဲ မူတည်တယ်။ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ဟာ ရည်မှန်းချက် ကြီးမားလွန်းလို့ ဘေးဒုက္ခနဲ့ ကြုံခဲ့ရတာပဲ။ ဒါကြောင့် ငါကတော့ စွမ်းအားကို အရင်စုဆောင်းရမယ်။ အနည်းဆုံးတော့ ‘ဖန်ဆင်းရှင်’သခင် အဆင့်အထိ ကျင့်ကြံနိုင်မှ ဖြစ်မယ်။ လောလော ဆယ်တော့ အားကိုးရမယ့် ကျောထောက်နောက်ခံ အင်အားကြီးတစ်ခုကို အရင် ရှာကြတာပေါ့။”
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ‘ကျုံးဟန်’ က အရာအားလုံးကို သူ၏ လက်ခုပ်ထဲ၌ ထည့်ထားနိုင်သည့်အလား ပြုံးလျက် ဆိုလိုက်သည်။
“မင်းရဲ့ အဆင့်အတန်းကလည်း အတော်လေး ထင်ရှားနေတာဆိုတော့ တစ်ဖက်က အာရုံစိုက်လာမှာကို ငါစိုးရိမ်မိတယ်”” ဟု မဟူရာဝံပုလွေဘုရင်က လေးနက်စွာ ဆိုသည်။
“ဒါကြောင့်လည်း ဒီရက်ပိုင်းမှာ ငါ အစီအစဉ်တွေ အများကြီး လုပ်ထားတာပေါ့။ ငါဟာ ဒီအင်မော်တယ် ကမ္ဘာကြီးရဲ့ အခြေအနေကို ငါ့လက်ဖဝါးပေါ်က လက္ခဏာတွေလိုပဲ အကုန်သိနေပြီ။ ဧကရာဇ် ယန်ဖန်က တစ်ကမ္ဘာလုံးကို ပြုပြင်ပြောင်းလဲချင်နေတာ။ ငါက ဝိညာဉ်ကူးပြောင်းပြီး ခန္ဓာကိုယ်သိမ်းပိုက်ထားသူမှန်း သူသိရင်တောင် သူက ငါ့ကို အသုံးချ ချင်နေဦးမှာပဲ။ ငါက အင်အားကိုပဲ ရှာဖွေနေချိန်မှာ သူ့ကို စိတ်ရင်းမှန်နဲ့ အမှုထမ်းပေးနိုင် ပါတယ်။ ဒီစားပွဲပေါ်က စာအုပ်ကို မင်း မမြင်ဘူးလား။ ဧကရာဇ် ယန်ဖန်က သူ့ရဲ့တမန်ကို စေလွှတ်ပြီး ဒါကို ငါ့ထံ တိတ်တဆိတ် ပေးအပ်ခဲ့တာ။ ကြည့်ရတာ သူက ငါ့အကြောင်း တစ်ခုခု သိနေတယ်ဆိုတာ ထင်ရှားနေတာပဲ။”
ကျုံးဟန်က သူနှင့် မလှမ်းမကမ်းရှိ စားပွဲပေါ်က တာအိုကျမ်းစာအုပ်တစ်အုပ်ကို ညွှန်ပြ လိုက်သည်။ ထိုစာအုပ်မှာ လက်ရေးဖြင့် ကူးယူထားသော ကျမ်းတစ်စောင်ဖြစ်ပြီး ‘ကောင်းကင်ဘုံသေမင်းဘီး’ ဟု ရေးသားထားသည်။
“ဒါဟာ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိရဲ့ အနှိုင်းမဲ့ သိုင်းတာအို ကျင့်စဉ်ပဲ။ တာအိုနည်းစနစ် တွေ ကျင့်ကြံတဲ့နေရာမှာလည်း ဒီစာအုပ်က အများကြီး အထောက်အကူပြုတယ်။ ဒါပေမဲ့ ဧကရာဇ် ယန်ဖန်က ဟုန်ရွှန်ကျိရဲ့ သီးသန့်ကျင့်စဉ်ကို မင်းကို ပေးလိုက်တာက ဟုန်ရွှန်ကျိကို ထိန်းချုပ်ဖို့ မင်းကို အသုံးချချင်လို့ပဲ။ ဒါဟာ အင်အားချိန်ခွင်လျှာ ညှိတဲ့ ကစားပွဲတစ်ခုပဲ” မဟူရာဝံပုလွေဘုရင်က ဆိုသည်။
“အဲဒါက တစ်စိတ်တစ်ပိုင်းပေါ့” ကျုံးဟန်က ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ ဒီနေ့မှာပဲ ဝူဝမ်မြို့စားစံအိမ်က မဒမ်ကျောက်က လူလွှတ်လိုက်သေးတယ်။ သူက ငါ့ကို ‘ဟုန်ရွှေကျောင်း’ နဲ့ လက်ထပ်စေချင်နေတာ။ ဒါက မြို့စားအိမ်တော်ဟာ ငါ့ကို သူတို့ဘက် ပါအောင် ဆွဲဆောင်နေတာ သိသာပါတယ်။”
“ဒါဆို မင်းက ဒီလက်ထပ်ပွဲကို သဘောတူမှာလား။”
“သဘောတူမှာလား ဟုတ်လား။ ဘာလို့ ငြင်းရမှာလဲ” ကျုံးဟန်က ရယ်မောလိုက်သည်။ “ဟုန်ရွှန်ကျိလို ကျောထောက်နောက်ခံ အကြီးကြီးရှိတာ မဆိုးပါဘူး။ ငါတို့က နှစ်ဖက် စလုံးဆီကနေ အကျိုးအမြတ်တွေ ထုတ်ယူလို့ရတာပဲ။ ငါတို့ ဒီအင်မော်တယ် ကမ္ဘာကို မလာခင်တုန်းက စကြဝဠာရဲ့ ရတနာဖြစ်တဲ့ ‘ဖန်ဆင်းခြင်းသင်္ဘော’ ဟာ ဒီအဆင့်မြင့် အင်မော်တယ်ကမ္ဘာမှာ ရှိတယ်လို့ ကောလာဟလ ကြားခဲ့ရတယ်။ အခု ငါ ‘ချန်ပီယံမြို့စား’ ရဲ့ အမွေအနှစ်တွေကို ရရှိထားပြီဆိုတော့ အဲဒီသတင်းက တကယ် မမှားဘူး။ ငါတို့သာ ဖန်ဆင်းခြင်းသင်္ဘော’ ပေါ် တက်နိုင်ပြီး သူ့ရဲ့ အနှစ်သာရကို တိတ်တဆိတ် နားလည်နိုင် မယ်ဆိုရင် ‘ဖန်ဆင်းရှင်’ သခင် နယ်ပယ်အထိ တစ်ကြိမ်တည်းနဲ့ ဖြတ်ကျော်သွားနိုင်လိမ့် မယ်။”
မဟူရာဝံပုလွေဘုရင်က ဆက်ပြောသည်။ “ကျုံးဟန်... ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်မှာ လှပတဲ့ ဇနီးမယားတွေ အများကြီး ရှိတာပဲ။ အားလုံးကလည်း ထူးခြားတဲ့လူတွေချည်းပဲ။”
“အင်း... အဲဒါလည်း မဆိုးပါဘူး။ ဒီရက်ပိုင်းမှာ ငါက တံခါးပိတ် ကျင့်ကြံနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာအမှားအယွင်းမှ မပေါ်အောင် နေနေရတာ” ကျုံးဟန်က ဆိုသည်။ “ဒီနေ့တော့ ငါ ဒီခန္ဓာကိုယ်နဲ့ အသားကျသွားပြီ၊ မူလပိုင်ရှင်ရဲ့ အမူအရာတိုင်းကိုလည်း ငါ နားလည်သွားပြီ။ သူ့ရဲ့ မောက်မာမှုနဲ့ ရက်စက်မှုတွေကို ငါ အတုယူနိုင်ပြီ။ အခုကတော့ မူလပိုင်ရှင်ရဲ့ အရာအားလုံးကို ငါ အပြည့်အဝ လက်ခံရယူရမယ့် အချိန်ပဲ။”
ဤသို့ပြောပြီးနောက် ကျုံးဟန်က ထရပ်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ သို့သော် ခြေတစ်လှမ်း လှမ်းပြီးနောက် သူ ရုတ်တရက် ရပ်တန့်သွားသည်။
“ဘယ်လို ကျွမ်းကျင်ပညာရှင် ကျုပ်အိမ်တော် ကျူးကျော်ဝံ့လဲ။ ကျုပ် ခင်ဗျားကို သတိထားမိနေတာ ကြာလှပြီ။”
…
“ကြည့်ရတာ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ကို ခိုးယူထားတဲ့ တိရစ္ဆာန် နှစ်ကောင်ပါလား။”
ရုတ်တရက် ဟင်းလင်းပြင်ထဲ၌ အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ဟုန်ယွိ၏ ပုံရိပ်မှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများမှာ ‘ချန်ပီယံမြို့စား’ နှင့် မဟူရာဝံပုလွေဘုရင်တို့ကို စူးစိုက်ကြည့်နေသည်။
“ချန်ပီယံမြို့စား ယန်အန်းဟာ ငါ့ရဲ့ရန်သူ ဖြစ်ခဲ့ဖူးပြီး ငါ့ကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့ဖူးပေ မဲ့... သူ မသေခင်မှာ သူ့ရဲ့ ဇနီးမယားတွေနဲ့ သမီးတွေကို စောင့်ရှောက်ပေးပါ့မယ်လို့ ငါ ကတိပေးခဲ့တယ်။ မင်းတို့ တိရစ္ဆာန်နှစ်ကောင်က သူတစ်ပါး ခန္ဓာကိုယ်ကို ခိုးယူထားရုံတင် မကဘဲ သူ့ရဲ့ ဇနီးမယားတွေကိုပါ စော်ကားချင်နေတာလား။”
ဟုန်ယွိ၏ မျက်လုံးများမှာ အလွန်စူးရှလှသည်။ သူက လက်ကို ဝေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုလျှို့ဝှက်အခန်းတစ်ခုလုံးကို ပိတ်ဆို့လိုက်တော့ သည်။
ဤလျှို့ဝှက်အခန်းမှာ ‘ချန်ပီယံမြို့စား’ ၏ အိမ်တော်အတွင်းရှိ လျှို့ဝှက်ကျင့်ကြံဆောင် ဖြစ်သည်။ နန်းတော်အထပ်ထပ်၏ အောက်တွင် လျှို့ဝှက်ယန္တရားများစွာဖြင့် ဖုံးကွယ်ထား ရာ မည်သူမျှ ရှာမတွေ့နိုင်သော နေရာတစ်ခု ဖြစ်သည်။
သို့သော် ဟုန်ယွိသည် ချင်ပြည်နယ်သို့ ရောက်ရှိလာပြီး ‘ချန်ပီယံမြို့စား’ ကို ရှာဖွေရာတွင် ချန်ပီယံမြို့စား၏ နှလုံးသားထံမှ မရေမရာသော အငွေ့အသက်တစ်ခုကို ချက်ချင်း ခံစားမိလိုက်သည်။ ထိုမှတစ်ဆင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ် ရှိရာနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
‘လူသားအင်မော်တယ်’ ခန္ဓာကိုယ်မှာ စွမ်းအင်ယိုစိမ့်မှု မရှိဟု ဆိုကြသော်လည်း ဟုန်ယွိမှာ ‘ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး’ အထွက်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ပြီး ‘ဖန်ဆင်းရှင်’ သခင် အဆင့်နှင့် အလွန်နီးကပ်သူ ဖြစ်သည်။ သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ် အာရုံဖြင့် ‘ချန်ပီယံမြို့စား’ ၏ ခန္ဓာကိုယ် တည်နေရာကို ခံစားနိုင်စွမ်း ရှိသည်။
ထို့ထက် ပိုသည်မှာ... ဤ ‘ကျုံးဟန်’ သည် ‘လူသားအင်မော်တယ်’ အစစ်အမှန် မဟုတ်ဘဲ လူသားအင်မော်တယ် တစ်ပိုင်းမျှသာ ဖြစ်နေသည်။ သူ၏ အငွေ့အသက် ထိန်းချုပ်မှုမှာ မပြည့်စုံပေ။ အကယ်၍ ဟုန်ရွှန်ကျိကဲ့သို့သော အစစ်အမှန် လူသားအင်မော်တယ်သာ ဖြစ်ပါက ဟုန်ယွိအနေဖြင့် ခံစားနိုင်မည် မဟုတ်ပေ။
“မင်းက ဟုန်ယွိလား” ကျုံးဟန်က ရှေ့သို့ တစ်လှမ်းတိုးကာ ဟုန်ယွိကို ကြည့်လိုက်သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ် သွားသည်။ “မင်းက အတော်လေး နာမည်ကြီးနေတာပဲ။ အင်ပါယာ စာမေးပွဲမှာ ပထမရ ခဲ့သလို ‘ချီလင်’ ကိုတောင် ရထားတာဆိုပဲ။ ငါ ‘ချီလင်’ ဆိုတဲ့ သတ္တဝါကို တစ်ခါမှ မမြင်ဖူး သေးဘူး။ ငါ့ကို တစ်ချက်လောက် ပြလို့ရမလား။”
ဟုန်ယွိသည် ကျုံးဟန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူ၏ စိတ်ဝိညာဉ် ထံမှ လုပ်ကြံဖန်တီးမှုနှင့် ပရိယာယ်များစွာ ထွက်ပေါ်နေသဖြင့် ဤလူမှာ လှည့်ကွက်များ ဖြင့် ပြည့်နှက်နေသည်ကို သူ သတိပြုမိလိုက်သည်။
“ကောင်းပြီလေ၊ မင်းက ချီလင် နတ်ဘုရားသားရဲကို မြင်ချင်တယ်ဆိုရင်... ငါ မင်းရဲ့ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ပြီး ချီလင်နဲ့ တိုက်ရိုက် တွေ့ခွင့်ပေးမယ်။” ဟုန်ယွိက ခပ်အေးအေးပင် ဆိုလိုက်သည်။
“မောက်မာလှချည်လား”
မဟူရာဝံပုလွေဘုရင်က ဟိန်းဟောက်လိုက်ပြီး သူ၏ လက်များကို လှုပ်ရှားလိုက်သည်။ တဖျစ်ဖျစ် မြည်သံများနှင့်အတူ မရေမတွက်နိုင်သော အတွေးစများမှာ သူ၏ လက်ထဲတွင် ဆုံစည်းသွားပြီး ဒေါင်လိုက်တစ်ခု၊ အလျားလိုက်တစ်ခုဖြစ်သည့် ‘ကြည်လင်သော အလင်းတန်းနှစ်ခု’ အဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းတန်းနှစ်ခုမှာ ကြက်ခြေခတ်ပုံစံ ဖြစ်ပေါ်လာပြီး အလယ်ဗဟိုတွင် မှော်မန္တန်များစွာ ပါဝင်နေသည့် အလင်းလုံးတစ်ခု ဖြစ်လာသည်။
ရွှတ်…။
ထိုကြက်ခြေခတ် အလင်းတန်းမှာ ဒလက်တစ်ခုကဲ့သို့ အရှိန်အဟုန်ပြင်းစွာ လည်ပတ်ပြီး ဟုန်ယွိထံသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ‘ချန်ပီယံမြို့စား’ ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ‘ကျုံးဟန်’ က လည်း လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏ ဘယ်လက်မှာ အလျားလိုက်၊ ညာလက်မှာ ဒေါင်လိုက်ဖြင့် ကြက်ခြေခတ်ပုံစံ လိမ်ယှက်နေ၏။ အေးစက်လှသော သိုင်းဆန္ဒမှာ ဟုန်ယွိ၏ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော လေစီးကြောင်းတစ်ခုကို ချက်ချင်း ဖန်တီးလိုက်တော့သည်။
“အော်... ‘ရှေးဟောင်းကျုံးဟန်တာအို’နဲ့ သိုင်းပညာတွေပါလား၊ ခင်ဗျားတို့ ကောင်းကင် အပြင်ပနယ်မြေက မိစ္ဆာနှစ်ကောင်ဟာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးဟောင်းတာအိုနဲ့ သိုင်းပညာတွေကိုတောင် သိနေတာလား။ ကြည့်ရတာ ကောင်းကင်အပြင်ဘက်နယ်မြေ ဟာ အလယ်ပိုင်း ကောင်ကင်နိုင်ငံနဲ့ တကယ်ကို ဆက်စပ်နေတာပဲ။ ခင်ဗျားတို့ဟာ ဒီ ‘မဟာကမ္ဘာကြီးရဲ့ မိုးကြိုးကပ်ဘေး’ စွမ်းအားကို သုံးပြီး စိတ်ဝိညာဉ် အတွေးစတွေကို ဒီနေရာကို မတော်တဆ ပို့လိုက်တာလား။ ဒါမှမဟုတ် ‘ဖန်ဆင်းရှင်’ သခင် အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်က ခင်ဗျားတို့ကို ဒီကို ပို့လိုက်တာလား။”
ဟုန်ယွိက ထိုကြက်ခြေခတ် အလင်းတန်းကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သော် လည်း သူ၏ လက်များမှာ ရပ်တန့်မနေခဲ့ပေ။ သူက လက်ဝါးကို ဖြန့်ကာ လက်ချောင်း ငါးချောင်းကို ဆန့်ထုတ်လိုက်ပြီး၊ တိမ်တိုက်များထဲမှ ဆင်းသက်လာသည့် နတ်ဘုရား နဂါးတစ်ကောင်၏ လက်သည်းအလား မဟူရာဝံပုလွေဘုရင်၏ ကြက်ခြေခတ် အလင်း တန်းကို လှမ်းဖမ်းလိုက်သည်။
မဟူရာဝံပုလွေဘုရင်မှာ ယခုအခါ ‘ပထမအဆင့် မိုးကြိုးကပ်ဘေး’ ကျွမ်းကျင်သူ ဖြစ်သော် လည်း ဟုန်ယွိ၏ ပြိုင်ဘက် မည်သို့ဖြစ်နိုင်ပါမည်နည်း။
ဖျစ်….
ဟုန်ယွိက လက်ဖြင့် ဆုပ်ကိုင်လိုက်ရာ ကြက်ခြေခတ် အလင်းတန်းအတွင်းရှိ ‘သန့်စင် သော ယန်စိတ်ဝိညာဉ် အတွေးစ’ ရာပေါင်းများစွာမှာ ကြေမွသွားခဲ့သည်။
ဘန်း…
ထို့နောက် ဟုန်ယွိက လက်ဖဝါးကို လက်သီးအဖြစ် ပြောင်းလဲကာ ‘ချန်ပီယံမြို့စား’ ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
‘ချန်ပီယံမြို့စား’ ၏ ခန္ဓာကိုယ်မှာ အစစ်အမှန် ‘လူသားအင်မော်တယ်’ ဖြစ်သည်။ ဤတစ်ကြိမ်တွင် ဟုန်ယွိသည် ချင်ပြည်နယ်သို့ သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ် အပြင်ပသို့ ထုတ်လွှတ်၍ လာရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟုန်ယွိ၏ ‘ဆဋ္ဌမအဆင့် မိုးကြိုး ကပ်ဘေး’ စွမ်းအားမှာ ကနဦးအဆင့် ‘လူသားအင်မော်တယ်’ ထက် မနိမ့်ကျပေ။ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ဝတ်ဆင်ထားသော ဟုန်ရွှန်ကျိပင်လျှင် ဟုန်ယွိ၏ ‘မဟာကမ္ဘာတံဆိပ်တော်’ကြောင့် လွင့်စင်သွားခဲ့ဖူးရာ၊ ဤ ‘ချန်ပီယံမြို့စား’ အဖို့ ပြောနေရန်ပင် မလိုတော့ပေ။
ဟုန်ယွိသည် ဗုဒ္ဓလက်ဝါးတော်ကို အသုံးမပြုသော်လည်း ရိုးရှင်းသော လက်သီးတစ်ချက် ကပင် ခန့်ညားထည်ဝါသော အငွေ့အသက်များ ပါဝင်နေသည်။ နတ်ဘုရားတန်ခိုး စွမ်းအား မှာ ပင်လယ်လှိုင်းတံပိုးများကဲ့သို့ အတိုင်းအဆမရှိ ပြင်းထန်လှသည်။ ‘ဖန်ဆင်းရှင်’သခင် အောက်ရှိ မည်သူမျှ ထိုလက်သီးချက်ကို မယှဉ်နိုင်ပေ။
‘ချန်ပီယံမြို့စား’ ၏ ခန္ဓာကိုယ်မှာ ခြေလှမ်း ၃၀ ခန့်အထိ လွင့်စင်သွားခဲ့သည်။ ဒိုင်းခနဲ အသံနှင့်အတူ သူသည် နံရံနှင့် ရိုက်မိသွားပြီး နံရံပေါ်တွင် လူပုံစံ အချိုင့်တစ်ခု ပေါ်ထွက် လာသည်။ ထိုလျှို့ဝှက်ခန်းမှာလည်း ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။
“ပြေး”
‘ချန်ပီယံမြို့စား’ က ကိုယ်ကို လှည့်လိုက်ပြီး စက်ယန္တယား ခလုတ်တစ်ခုကို နှိပ်လိုက်ပုံရ သည်။ ရုတ်တရက် ဟုန်ယွိ၏ ခေါင်းပေါ်သို့ သံမဏိလှောင်အိမ်ကြီးတစ်ခု ကျဆင်းလာ သည်။ တစ်ချိန်တည်းမှာပင် ရှူး... ရှူး... ရှူး... ဆိုသော အသံများနှင့်အတူ နံရံထဲမှ မြားပေါင်းများစွာ ထွက်ပေါ်လာပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ထံသို့ ဦးတည်လာခဲ့သည်။
ထိုအချိန်တွင် ‘ချန်ပီယံမြို့စား’ ၏ ခန္ဓာကိုယ်မှာလည်း နံရံထဲသို့ တိုးဝင်ကာ ပျောက်ကွယ် သွားခဲ့သည်။
ထိုနံရံမှာ တစ်ပေခန့် ထူထဲသော ‘ရွှမ်ဂန်’ သံမဏိဖြင့် ပြုလုပ်ထားသော ‘သက်ရှိနံရံ’ ဖြစ်သည်။ ၎င်းနံရံပေါ်တွင်လည်း သိုင်းပညာရှင်များနှင့် တာအိုပညာရှင်များ အနား မကပ်နိုင်ရန် ကြောက်မက်ဖွယ်ကောင်းသော မှော်မန္တန်များလည်း တပ်ဆင်ထားသည်။
“ဟွန်း”
‘ချန်ပီယံမြို့စား’ နံရံထဲသို့ ဝင်ရောက်ကာ အစအနမကျန် ပျောက်ကွယ်သွားသည်ကို ဟုန်ယွိက ကြည့်နေလိုက်သည်။ ဟုန်ယွိသည် သူ ဘယ်ကိုသွားသည်ကို မသိသော်လည်း၊ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ညှိုးဖြင့် စက်ဝိုင်းပုံစံ တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။ ချက်ချင်းပင် ထိုစက်ဝိုင်း၏ အလယ်တွင် ဟင်းလင်းပြင်တစ်ခု ပေါ်ထွက်လာပြီး ထိုနေရာ၌ ထွက်ပြေးနေသော ‘ချန်ပီယံမြို့စား’ ၏ ပုံရိပ်ကို မြင်လိုက် ရသည်။
“ကွဲအက်စမ်း”
ဟုန်ယွိက စကားတစ်ခွန်းကို ဟစ်ကြွေးကာ ရှေ့သို့ တိုးဝင်လိုက်ရာ ဟင်းလင်းပြင်တစ်ခု လုံးမှာ အက်ကွဲသွားရသည်။ သူ၏ လက်ညှိုးက ထိုအက်ကွဲနေသော ဟင်းလင်းပြင်ထဲသို့ တိုးဖောက်ဝင်ရောက်သွားပြီး၊ ထွက်ပြေးနေသော ‘ချန်ပီယံမြို့စား’ ၏ ပုံရိပ်ကို ထိမှန်သွား ခဲ့သည်။
ဗောဓိလက်ညှိုး….။
သူ၏ လက်ညှိုးက ဘယ်နေရာကို ရောက်နေမှန်း မသိသော ချန်ပီယံမြို့စားကို ထိမှန်သွား ပြီး ခြေလှမ်း ၁၀ လှမ်းကျော် လွင့်ထွက်သွားစေခဲ့သည်။
“လေဖမ်းအရိပ်”
ဟုန်ယွိက ရပ်မနေပေ။ သူ၏လက်ကို လှုပ်ရှားလိုက်ပြီး ဗုဒ္ဓလက်ဝါးတော်၏ ‘အနန္တ တံဆိပ် တော်’ ကို အသုံးပြုကာ ‘ချန်ပီယံမြို့စား’ ကို ဟင်းလင်းပြင်ထဲမှ တိုက်ရိုက် ပြန်လည် ဆွဲထုတ်လိုက်သည်။
“မင်း... မင်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး တိုက်ခိုက်နိုင်တာလား။ ပြီးတော့ ‘လူသား အင်မော်တယ်’ ရဲ့ သွေးစွမ်းအားကိုတောင် မကြောက်ဘူးလား။ မင်းက ‘ဖန်ဆင်းရှင်’ သခင် လား။” ကျုံးဟန်သည် သူ၏ခန္ဓာကိုယ် လျှို့ဝှက်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ ထိတ်လန့်သွားတော့သည်။
မှန်ပေသည်။ ‘ဖန်ဆင်းရှင်’သခင် နယ်ပယ်သို့ ရောက်ရှိသူသာလျှင် ‘လူသားအင်မော်တယ်’ ၏ သွေးစွမ်းအင်ကို မကြောက်ဘဲ ဟင်းလင်းပြင်၏ အတားအဆီးများကို ကျော်လွှားကာ ‘လူသားအင်မော်တယ်’ တစ်ဦးကို တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
“ကျုပ်ရှေ့မှာ... ပြေးစရာ နေရာမရှိရဘူး။”
ဟုန်ယွိက ကျုံးဟန်ကို ဂရုမစိုက်ပေ။ သူသည် မဟူရာဝံပုလွေဘုရင်က ရုတ်တရက် ‘ကြည်လင်သော အလင်းတန်း’ အဖြစ် ပြောင်းလဲကာ နံရံကို ဖြတ်ကျော်ပြေးသည်ကို မြင်လိုက်သည်။ သူ၏ လက်ချောင်းငါးချောင်းမှာ ဟင်းလင်းပြင်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်သွားပြီး ထိုအလင်းတန်းကို တိုက်ရိုက် ဖမ်းဆီးလိုက်သည်။ အလင်းတန်းမှာ သူ၏လက်ထဲသို့ ကျရောက်လာပြီး ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
“ဒါက မင်းရဲ့ မူလပုံစံလား၊ မင်းက တစ္ဆေအင်မော်တယ်တောင် မဟုတ်သေးဘူးမလား။ မင်းက ဘယ်လိုလုပ်ပြီး ဒီ ‘မဟာကမ္ဘာလောက’ ကို လာနိုင်တာလဲ။ ဒါဆိုရင်တော့ ဖန်ဆင်းရှင်’သခင် အဆင့် ကျွမ်းကျင်သူတစ်ယောက်က အတားအဆီးကို ဖြတ်ကျော်ပြီး မိုးကြိုးစွမ်းအားကို အသုံးချကာ မင်းတို့ကို ဒီကို ပို့လိုက်တာ ဖြစ်ရမယ်။”
ဟုန်ယွိက မဟူရာဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ထိုထူးဆန်းသော ကျင့်ကြံသူကို ဖမ်းဆီးလိုက်သည်။ သူ၏ စိတ်ဝိညာဉ်ကို ခဏမျှ ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက် သောအခါ တစ်ဖက်လူ၏ ကျင့်စဉ်အဆင့်မှာ အလွန်နိမ့်ပါးပြီး သေခြင်းရှင်ခြင်း အတား အဆီးကိုပင် မကျော်လွှားနိုင်သေးကြောင်း သိလိုက်ရသည်။
အနှိုင်းမဲ့ တန်ခိုးကြီးမားသည့် မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦးထဲမှ တစ်ဦးဖြစ်သူ မဟူရာဝံပုလွေဘုရင်၊ မိုးကြိုးကပ်ဘေးကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရစဉ် ဤကဲ့သို့ ကျင့်စဉ် အဆင့်နိမ့်ကျသူတစ်ဦး၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်မှာ တကယ်ပင် နှမြောစရာ ကောင်းလှသည်။ မိုးကြိုးကပ်ဘေးမှာ မည်မျှအထိ အန္တရာယ်ကြီးမားကြောင်း သိသာလှပေ သည်။
“မင်းရဲ့ စိတ်ဝိညာဉ်... ထွက်လာစမ်း”
ဟုန်ယွိက တွန့်ဆုတ်မနေဘဲ လက်ကို မြှောက်လိုက်ရာ ‘ချန်ပီယံမြို့စား’ ၏ ခေါင်းပေါ်တွင် ချီဝိညာဉ် ဝဲဂယက်တစ်ခု ပေါ်ထွက်လာသည်။ ရွှတ်... ရွှတ်... ဆိုသော အသံများနှင့်အတူ သိမ်းပိုက်ထားသော စိတ်ဝိညာဉ်မှာ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည်။
ဤတစ်ကြိမ်တွင်လည်း သိမ်းပိုက်ထားသူမှာ ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ၏ စိတ်ထဲတွင် လှည့်ကွက်ပေါင်းစုံနှင့် ပရိယာယ်များစွာ လျှပ်တပြက် ပေါ်ထွက်နေ သည်။
“ကြည့်ရတာ ‘ချန်ပီယံမြို့စား’ ရဲ့ ဒီခန္ဓာကိုယ်ကို လိုချင်တက်မက်သူတွေ အများကြီး ရှိနေ ပုံပဲ။ ဒါကြောင့် ငါပဲ ဒီခန္ဓာကိုယ်ကို စောင့်ရှောက်ပေးရတော့မယ်။ သူ့ရဲ့ ဇနီးမယားတွေ စော်ကားမခံရအောင်ပေါ့။” ပြောရင်း ဟုန်ယွိသည် သူ၏စိတ်ကို လှုပ်ရှားလိုက်ရင်း၊ စိတ်ဝိညာဉ် အတွေးစတစ်ခုကို ‘ချန်ပီယံမြို့စား’ ၏ ‘လူသားအင်မော်တယ်’ ခန္ဓာကိုယ်ထဲ သို့ ထည့်သွင်းကာ ချက်ချင်းပင် သိမ်းပိုက်လိုက်တော့သည်။
“ငါ မင်းတို့ကို စစ်မေးရမယ်၊ မင်းတို့က ဘယ်က လာကြတာလဲ။”
ထိုအချိန်တွင် ဟုန်ယွိ၏ စိတ်ထဲ၌ အသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။
“မြို့စားကြီးက အခုထိ တံခါးပိတ် ကျင့်ကြံနေတုန်းပဲလား။”
“ဟုတ်ကဲ့ပါ မဒမ်ကျောက်... ခဏလောက် စောင့်ပေးပါဦး...”