← Chapters

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အခန်း (၈၅) -သခင်လေးမုန့်ချုံ သတိလစ်သွားပြီ

ထိုမျောက်ကြီးသည် ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီးနောက် ခြေနှင့်လက်တို့ကို နံရံတွင် ကပ်နင်းလျက် ရွှေရောင်ကိုယ်ထည်ကြီးမှာ နဂါးတစ်ကောင် ပျံတက်သည့်နှယ် မြင့်တက်သွားတော့သည်။

ချက်ချင်းပင် ခုန်ပျံလိုက်ရာ မုန့်ချုံရှိနေရာတည့်တည့်သို့ ရောက်ရှိသွား၏။ အားအင်စိုက်ထုတ်လိုက်သည့် ခဏ၌ ၎င်း၏ ခန္ဓာကိုယ်မှာ တင်းနေအောင် ဆွဲထားသော လေးကိုင်းကြီးတစ်ခုကဲ့သို့ ဆန့်ထွက်သွားပြီး အင်အားအလှတရားကို ဖော်ကျူးနေတော့သည်။

၎င်း၏ ညာဘက်လက်မောင်းကို အားအရှိန်ဖြင့် ထိုးနှက်လိုက်သော်လည်း ကြိုးကြာငှက်တစ်ကောင် အတောင်ပံဖြန့်သကဲ့သို့ ပေါ့ပါးသွက်လက်လှပေရာ တစ်ဖက်တွင် အလွန်ပြင်းထန်သော အားမာန်တို့ ကိန်းအောင်းနေသည်ကို ခံစားရသည်။

ထို့နောက် ယွမ်တာရှန့်၏ လက်ဝါးမှာ အသက်ရှိနေဆဲဖြစ်သည့်နှယ် အစွမ်းထက်သော လက်ချောင်းငါးချောင်းဖြင့် မုန့်ချုံ၏ ရုပ်သေးဦးခေါင်းပေါ်သို့ အသာအယာ ကျရောက်သွား၏။

အသာအယာ လိမ်ဆွဲလိုက်ရုံမျှဖြင့် ဦးခေါင်းမှာ ပြုတ်ထွက်သွားတော့သည်။ မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းရာတွင် ခြေဖျားဖြင့် အရင်ထိတွေ့ပြီးနောက် လက်မောင်းများမှာ ဝတ်ရုံကြီးတစ်ခုကဲ့သို့ ကိုယ်ဘေးတွင် ကပ်လျက် လျှင်မြန်စွာ လျှောဆင်းလာရာ အနီရောင် အရိပ်တစ်ခု ကျန်ရစ်ခဲ့လေသည်။

လေပြင်းများ တဝေါဝေါ တိုက်ခတ်နေသော်လည်း ၎င်းမြေပြင်ပေါ်သို့ နင်းလိုက်သည့်အခါတွင်မူ မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။

ထိုတိတ်ဆိတ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ မုန့်ချုံ မြေပြင်ပေါ်သို့ ကျသွားသည့် အသံပင် ဖြစ်သည်။ အခန်း (၃) စမ်းသပ်ကွက်အတွင်း၌ ကျယ်လောင်သော မြည်ဟည်းသံကြီး ဟိန်းထွက်သွားတော့၏။

ယွမ်တာရှန့်သည် အသက်ကို ခပ်ဖွဖွရှူသွင်းကာ ၎င်း၏လက်ထဲမှ ပြတ်တောက်သွားသော မုန့်ချုံ၏ ဦးခေါင်းကို ကြည့်လိုက်ပြီးနောက် လက်ကောက်ဝတ်ကို လှည့်ကာ ဦးခေါင်းကို သစ်သားလုံးလေးတစ်ခုပမာ လိမ့်ထွက်သွားစေလိုက်သည်။

ထိုဦးခေါင်းမှာ အရှိန်ဖြင့် ခပ်လှမ်းလှမ်းအထိ လိမ့်သွားပြီးမှ ငြိမ်သက်သွားတော့၏။ ရုပ်သေးဦးခေါင်းဖြစ်သဖြင့် ခံစားချက်ကို ဖော်ပြနိုင်စွမ်း နည်းပါးလှသော်လည်း သေစေလောက်သည့် ဒဏ်ရာကို ရရှိသွားသည့် ခဏ၌ မုန့်ချုံ၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်တွေ့နိုင်ဆဲပင်။

ထိုအချိန်တွင် မြို့စားမင်းဂေဟာ၌...

မုန့်ချုံသည် မျက်လုံးများ ရုတ်ခြည်း ပွင့်လာတော့သည်။ အိပ်မက်ဆိုးတစ်ခုမှ နိုးထလာသည့်နှယ် သေခြင်းတရား၏ ခံစားချက်မှာ ထင်ရှားလွန်းလှသဖြင့် သူ၏ ဝိညာဉ်ပင် တုန်လှုပ်သွားရ၏။

"ဟူး... ဟူး..." သူသည် အမောတကော အသက်ရှူနေပြီး တစ်ကိုယ်လုံးလည်း ချွေးအေးများဖြင့် စိုရွှဲနေတော့သည်။

အကယ်၍ ဟန်မင်သာ သူ့ကိုမြင်လျှင် မုန့်ချုံဖြစ်ကြောင်း အသိအမှတ်ပြုနိုင်မည်ပင် မဟုတ်တော့ပေ။ ယခုအချိန်၌ မုန့်ချုံမှာ နာတာရှည်ရောဂါသည်တစ်ဦးကဲ့သို့ ပိန်ချုံးနေပြီး နေရောင်ခြည်နှင့်ပင် မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် ပုံစံမျိုး ပေါက်နေသည်။

ယခင်က သန်မာထွားကျိုင်းသော ခန္ဓာကိုယ်မှာ အလွန်အမင်း ပိန်လှီသွားကာ ပါးရိုးများမှာ ထောင်ထွက်နေပြီး မျက်တွင်းများလည်း နက်ဝင်နေတော့၏။ ယခင်က ခန့်ညားထည်ဝါခဲ့သော မျက်လုံးများမှာလည်း ယခုမူ လုံးဝပင် မှေးမှိန်နေလေပြီ။

"သန်မာလိုက်တာ... အဲဒီ စက်မှုမျောက်က တကယ်ကို သန်မာတာပဲ"

"ဒါပေမဲ့ ငါ အရှုံးမပေးနိုင်ဘူး"

"ငါသာ အထူးလေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ကျိန်းသေပေါက် ပြန်လာနိုင်မှာပါ။ အဲဒီကောင်ကို အနိုင်ယူပြီး ဒီအဆင့်ကို ငါ ကျော်ဖြတ်ပြမယ်"

မုန့်ချုံသည် ပြင်းထန်သော ရိုက်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်ဓာတ်ကျမသွားခဲ့ပေ။ သို့သော် သူက ထထိုင်ရန် ကြိုးစားလိုက်စဉ်မှာပင် အမြင်အာရုံများ ဝေဝါးသွားပြီး တိုက်ရိုက်ပင် သတိလစ်သွားတော့သည်။

ဘုန်းခနဲ အသံနှင့်အတူ သူသည် ခုတင်ပေါ်သို့ ပြန်လည် လဲကျသွား၏။

တံခါးအပြင်ဘက်ရှိ အစေခံသည် လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် မုန့်ချုံ၏ ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်သည်။

လဲကျသံကို ကြားလိုက်ရသည့်အခါ အစေခံမှာ စိုးရိမ်တကြီးဖြင့် အော်ဟစ်ခေါ်သော်လည်း မုန့်ချုံထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ အပြင်ဘက်ရှိ အစေခံနှစ်ဦးမှာ ပျာယာခတ်သွားကြပြီး စိုးရိမ်လွန်းသဖြင့် တံခါးကို အတူတူ တွန်းဖွင့်ကာ ဝင်သွားကြတော့၏။

"သခင်လေးမုန့်ချုံ"

"မကောင်းတော့ဘူး... သခင်လေးမုန့်ချုံ သတိလစ်သွားပြီ"

အကူအညီတောင်းသံများမှာ ပျံ့နှံ့သွားပြီး မြို့စားမင်းဂေဟာ၏ နောက်ဖေးဆောင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်တော့သည်။

မြေအောက်အလုပ်ရုံတွင်...

နင်းကျော့၏ ပါးစပ်မှာ အနည်းငယ် ပွင့်ဟနေပြီး သူ၏ ပျော်ရွှင်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ ဤရလဒ်မှာ သူ ခန့်မှန်းထားသည်ထက် အလွန်ပင် ကွာခြားနေ၏။ ဤဝမ်းသာစရာမှာ ရင်ထဲ၌ ပြည့်လျှံနေတော့သည်။

"ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့်ရဲ့ တိုက်ခိုက်နိုင်စွမ်းက မုန့်ချုံထက် အများကြီး သာနေတာပဲ"

"ဒီလက်တွေ့စမ်းသပ်မှုအရ မုန့်ချုံရဲ့ မသေမျိုးပါရမီထူးဖြစ်တဲ့ လျှပ်စီးအဟုန်က တိုးတက်လာတယ်ဆိုပေမဲ့ ယွမ်တာရှန့်ကိုတော့ မယှဉ်နိုင်သေးဘူး"

"အဓိကအချက်ကတော့ မုန့်ချုံကိုယ်တိုင်မှာ ပြဿနာရှိနေပြီး လျှပ်စီးအဟုန်ကို အသုံးမပြုနိုင်တာပဲ ဖြစ်ရမယ်"

နင်းကျော့သည် ဤအခြေအနေမှာ မသေမျိုးနန်းတော်အတွင်းသို့ ဝိညာဉ်ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း တွေးတောနေမိသည်။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိဘဲ လုပ်ဆောင်ရသည်မှာ အဆင်မပြေမှုများစွာ ရှိနိုင်ပေသည်။ နင်းကျော့ကိုယ်တိုင်ပင် ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကို အာရုံခံနိုင်ရန် အသက်မျှင်ကြိုးကို အသုံးပြုရသည် မဟုတ်လော။

မုန့်ချုံ၏ အခြေအနေမှာလည်း ထို့အတူပင်။ လျှပ်စီးအဟုန်ကို စဉ်ဆက်မပြတ် အသုံးပြုခြင်းမှာ အနှစ်သာရ၊ ချီနှင့် စိတ်ဝိညာဉ်တို့ကို လောင်ကျွမ်းစေသည်။

ဤလောင်ကျွမ်းမှုမှာ ပြင်းထန်လှသည့်အပြင် အသက်မျှင်ကြိုးမှတစ်ဆင့် ကူးပြောင်းရာတွင်လည်း စွမ်းအားများစွာ ဆုံးရှုံးသွားရပြီး မုန့်ချုံကလည်း ရုပ်သေးခန္ဓာကိုယ်ကို မဆင်မခြင် အသုံးပြုခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

"အကယ်၍ မီးလျှံတောင် မသေမျိုးမြို့တော်ထဲမှာသာ မုန့်ချုံနဲ့ ရင်ဆိုင်ရရင် သူရဲ့ လျှပ်စီးအဟုန်က ပိုပြီး ထိရောက်မှာပဲ"

"တစ်ဖက်မှာလည်း ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့်က စက်မှုမျောက်တစ်ကောင် ဖြစ်နေတာကြောင့် မသေမျိုးနန်းတော်ရဲ့ အပြင်ဘက်မှာရော အတွင်းမှာပါ သူရဲ့ တိုက်ခိုက်နိုင်စွမ်းက မပြောင်းလဲဘူး"

"ယွမ်တာရှန့်ရဲ့ အနီးကပ်တိုက်ခိုက်မှု စွမ်းရည်က အံ့မခန်း သန်မာလွန်းလို့ မုန့်ချုံက ဘယ်လိုမှ မယှဉ်နိုင်တာ"

"အရင်ကတော့ မုန့်ချုံက မသေမျိုးပါရမီထူးကို အားကိုးပြီး အခြေအနေကို ထိန်းထားနိုင်ပေမဲ့ ဒီပါရမီထူးကို အသုံးမပြုနိုင်ဘဲ ယွမ်တာရှန့်ရဲ့ အနီးကပ် ချဉ်းကပ်တာကို ခံလိုက်ရတဲ့အခါမှာတော့ သူမှာ အခွင့်အရေး မရှိတော့ဘူး"

ဤမျှအထိ သုံးသပ်ပြီးနောက်တွင် နင်းကျော့မှာ တစ်ဖန် စိတ်သက်သာရာ ရသွားရပြန်သည်။ ယခင်က သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာစဉ်က သူသည် ယွမ်တာရှန့်၏ အနီးကပ်တိုက်ခိုက်မှု စွမ်းအားကို ခန့်မှန်းခဲ့မိသဖြင့် တိုက်ရိုက်ရင်ဆိုင်ခြင်း သို့မဟုတ် ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုပင် မပြုလုပ်ခဲ့ပေ။

သူ၏ ဆုံးဖြတ်ချက်မှာ မည်မျှ မှန်ကန်ကြောင်း ယခု အဖြစ်အပျက်က သက်သေပြနေသည်။ အကယ်၍သာ သူ အရင်က ထိပ်တိုက်ရင်ဆိုင်ခဲ့လျှင် ယွမ်တာရှန့်၏ အစာကျွေးခြင်းကို ခံလိုက်ရမည်မှာ အမှန်ပင်။

နင်းကျော့သည် အာရုံစူးစိုက်လိုက်ပြီး ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့်နှင့် သူ၏ ဆက်သွယ်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လိုက်သည်။

ခဏအကြာတွင် နင်းကျော့၏ ရှေ့တွင် ဟင်းလင်းပြင်ထဲမှ နေရာပြောင်းအစီအရင် အလင်းဝိုင်းတစ်ခု ပေါ်လာပြီး ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့် ထွက်ပေါ်လာတော့သည်။

ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့်မှာ နင်းကျော့ထက် အရပ်ပုသော်လည်း ပိုမိုထွားကျိုင်းလှသည်။ ငြိမ်သက်စွာ ရပ်နေလျှင်ပင် အနီနှင့် ရွှေရောင်စပ်ထားသော အရောင်အသွေးနှင့် တည်ကြည်သော အမူအရာတို့ကြောင့် နင်းကျော့မှာ ၎င်းကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ နှစ်သက်မိသွား၏။

ထိုလုလင်လေးမှာ သူ၏လက်များကို ပွတ်သပ်လျက် စိတ်ထဲမှ အမှန်တကယ်ပင် ပျော်ရွှင်နေမိသည်။ သူက ယွမ်တာရှန့်၏ ကြွက်သားများကို ညှစ်ကြည့်လိုက်ရာ အေးစိမ့်စိမ့် ခံစားချက်ကို ရရှိလိုက်၏။

စက်မှုယွမ်တာရှန့်၏ အမွေးအမျှင်များမှာ အလွန်နူးညံ့သော်လည်း အပြင်သို့ ပေါ်နေသော ရွှေရောင်အရိုးများမှာမူ အလွန်ပင် မာကျောလှသည်။ ဤထိတွေ့မှုမျိုးမှာ နင်းကျော့၏ ရုပ်သေးရုပ်တွင် မရှိသည့် အရာပင် ဖြစ်သည်။

နင်းကျော့သည် ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့်ကို စစ်ဆေးကြည့်ရာ ၎င်း၏ ကိုယ်ပေါ်၌ ဒဏ်ရာအသစ်အချို့ကို တွေ့ရှိလိုက်ရသည်။ ဤဒဏ်ရာများမှာ မုန့်ချုံက ချန်ရစ်ခဲ့ခြင်းပင်။

"ချော်ရည်နန်းတော်ကနေ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် စမ်းသပ်ခံတပည့်တွေအတွက် ပေးထားတဲ့ စက်မှုပစ္စည်းတွေက အကောင်းစား ပစ္စည်းတွေနဲ့ လုပ်ထားတာ မဟုတ်ဘူးပဲ"

"ဘိုးဘေးကြီး သုံးဦးက စမ်းသပ်ခံတပည့် တစ်ဦးချင်းစီကို သင့်တင့်လျောက်ပတ်တဲ့ စက်မှုပညာရပ် လေ့ကျင့်နိုင်ဖို့ ပေးထားတာ ဖြစ်မှာပါ"

အကယ်၍ နဂါးလိပ် မီးလျှံဝိညာဉ်သာ ဤသုံးသပ်ချက်ကို ကြားလျှင် ဒေါသထွက်လွန်း၍ ခုန်ပေါက်နေမည်မှာ အမှန်ပင်။ "သင့်တင့်လျောက်ပတ်ရုံပဲ" ဟူသည်မှာ အဘယ်သဘောနည်း။

ချော်ရည်နန်းတော်သည် ဤအတွက်ကြောင့် ရွှေဆေးဖိုတစ်ခုလုံးကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ အသုံးပြုထားသော ပစ္စည်းများမှာလည်း ဤအဆင့်၏ စည်းကမ်းချက်များတွင် အကောင်းဆုံးများသာ ဖြစ်၏။

ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့်ထက် ကောင်းသည့်အရာ မရှိနိုင်ပေ။ စမ်းသပ်ကွက်များအတွင်းရှိ ချိတ်ဆွဲထားသော ခေါင်းတလားများနှင့် နှိုင်းယှဉ်လျှင်ပင် ယွမ်တာရှန့်က အဆပေါင်းများစွာ သာလွန်ပေသည်။

ဥပမာပြရလျှင် သာမန်အဆင့်မှာ သစ်သားဓား၊ သစ်သားလှံများသာ ဖြစ်သော်လည်း နင်းကျော့၏ စက်မှုယွမ်တာရှန့်မှာမူ ကြေးဝါ သို့မဟုတ် သံမဏိ လက်နက်များကဲ့သို့ပင် ဖြစ်တော့သည်။

နင်းကျော့သည် စက်မှုယွမ်တာရှန့်ကို ပြုပြင်ရန် ကြိုးစားလိုက်သည်။ ဟင်္သာပြဒါးရောင် မီးလျှံဖန်သားဖြင့် ပြုလုပ်ထားသော ကြွက်သားတည်ဆောက်ပုံတွင် အက်ကြောင်းလေးများစွာ ရှိနေ၏။

ထိုကြွက်သားများကို သေချာကြည့်လိုက်လျှင် အနည်းငယ် ကြည်လင်နေသည်ကို တွေ့ရသည်။ ချော်ရည်နန်းတော်မှ ပေးထားသော အချက်အလက်များတွင် စက်မှုပုံစံကားချပ်များ မပါဝင်သော်လည်း ကြွက်သားများကို ဟင်္သာပြဒါးရောင်မီးလျှံကျောက်များဖြင့် ပြုလုပ်ထားကြောင်း ဖော်ပြထားသည်။

မီးလျှံတောင်တန်းတွင် ဟင်္သာပြဒါးရောင် မီးလျှံကျောက်များစွာ ထွက်ရှိပေရာ နင်းကျော့၏ ပစ္စည်းသိုလှောင်ရုံတွင်လည်း များစွာရှိနေသဖြင့် ၎င်းတို့ကို ချက်ချင်းထုတ်ကာ အပူပေးလိုက်သည့်အခါ ကြည်လင်တောက်ပသော အနီရောင် အရည်များ ထွက်လာတော့သည်။

သူသည် ထိုအရည်များကို အက်ကြောင်းများအတွင်းသို့ စီးဝင်စေကာ အက်ကြောင်းများကို လျှင်မြန်စွာ ပိတ်ဆို့လိုက်သည့်အခါ အသစ်အတိုင်းပင် ပြန်လည်ကောင်းမွန်သွားတော့၏။

ထို့နောက် နင်းကျော့သည် မျောက်အမွေးများကို လေ့လာကြည့်ရာတွင်မူ အခက်တွေ့သွားရသည်။ ဤအမွေးများကို မည်သို့ပြုလုပ်ထားသည်ကို သူ နားမလည်ခဲ့ပေ။

ထို့ကြောင့် သူသည် ကိုယ်ပိုင်နည်းလမ်းဖြင့် အမွေးအမျှင်အချို့ကို ဖန်တီးကာ ယွမ်တာရှန့်၏ ကိုယ်ပေါ်မှ ပျက်စီးနေသော နေရာများတွင် စိုက်ပေးလိုက်သည်။

အပေါ်ယံကြည့်လျှင် မူလအမွေးများနှင့် တူညီနေသော်လည်း ကာကွယ်နိုင်စွမ်းမှာမူ သိသိသာသာ လျော့နည်းသွားကြောင်း နင်းကျော့ သိနေ၏။

ပြုပြင်မှုများ ပြီးဆုံးပြီးနောက် နင်းကျော့သည် ယွမ်တာရှန့်၏ တစ်ကိုယ်လုံးကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။

နောက်ဆုံးတွင် ပဝါတစ်ထည်ကို ထုတ်ယူကာ ရံဖန်ရံခါ လေမှုတ်ထုတ်လျက် ရွှေသွေးတိုက်ပွဲဝင်မျောက်-ယွမ်တာရှန့်၏ ရွှေရောင်အရိုးများကို ဖုန်တစ်စပင် မကျန်အောင် ပြောင်လက်နေအောင် တိုက်ချွတ်လိုက်တော့မှ စိတ်ကျေနပ်သွားတော့သည်။

သူသည် စက်မှုယွမ်တာရှန့်အကြောင်းကို အသေးစိတ် ထပ်မံလေ့လာရန် ပြင်ဆင်နေစဉ်မှာပင် တစ်စုံတစ်ယောက်က သတင်းစကားတစ်ခု လာရောက်ပို့ဆောင်ခဲ့သည်။

ထိုသူ ထွက်သွားပြီးနောက် နင်းကျော့သည် စာကိုဖွင့်ဖတ်ကြည့်ရာ မျက်ခုံးအနည်းငယ် တက်သွားရ၏။

စာထဲတွင် သူ့ကို မနက်ဖြန်၌ ကျိုးမျိုးနွယ်စုသို့ လာရောက်ရန်နှင့် သူ၏ ကျင့်စဉ်တိုးတက်မှုကို စစ်ဆေးကာ ကျိုးမျိုးနွယ်စု၏ အစီအရင်ဖြင့် သူ၏ ကျင့်ကြံခြင်းကို ကူညီပေးမည်ဟု ရေးသားထားသည်။

"ဒါဆို နင်းမျိုးနွယ်စုနဲ့ ကျိုးမျိုးနွယ်စုက မဟာမိတ် ဖွဲ့လိုက်ကြပြီပေါ့"

"အင်း... ဒါဆို ကျန်းမျိုးနွယ်စုလည်း ပါဝင်မှာ သေချာတယ်"

"ဒီမျိုးနွယ်စု သုံးခုက ပေါင်းစည်းလိုက်ပြီဆိုတော့ မြို့စားမင်းဂေဟာကရော ဘယ်လိုဖြစ်လာမလဲ"

နင်းကျော့မှာ အံ့ဩမနေတော့ပေ။ ဤသို့သော အခြေအနေ ပြောင်းလဲလာမှုမှာ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ သူ တွေးတောနေသည်မှာ ဤမျိုးနွယ်စု သုံးခု၏ ရှေ့တွင် မည်သို့သော ပုံစံမျိုး ပြသရမည်နည်း ဆိုသည့် အချက်ပင်။

ခေတ္တမျှ စဉ်းစားပြီးနောက် နင်းကျော့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည် - "ငါ့ရဲ့ စက်မှုပညာရပ် ပါရမီကို အနည်းငယ် ပြသပြီး သူတို့ရဲ့ အာရုံစိုက်မှုကို ဆွဲယူရမယ့် အချိန်ရောက်ပြီပဲ"

အခန်း (၈၆) - မျိုးနွယ်စုသုံးစု၏ ပူးတွဲစမ်းသပ်မှု

ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုနှင့် နင်းမျိုးနွယ်စုဟူသော သုံးပွင့်ဆိုင်ပူးတွဲစမ်းသပ်မှုကို အားလုံးကပင် အလွန်အမင်း အလေးထားကြချေသည်။

ဧည့်ဝတ်ပြုဆောင်အတွင်း၌ -

ကျိုးမျိုးနွယ်စုအကြီးအကဲက အလယ်ဗဟိုတွင် ထိုင်နေပြီး၊ သူ၏လက်ဝဲဘက်တွင် ကျန်းမျိုးနွယ်စုအကြီးအကဲနှင့် လက်ယာဘက်တွင် နင်းမျိုးနွယ်စုအကြီးအကဲတို့ ရှိနေကြ၏

"စဉ်းစားရခက်လိုက်တာ၊ အဲဒီအရိပ်နက် မိစ္ဆာကျင့်ကြံသူက တကယ်ကို ပဟေဠိပဲ၊ သူ ဘယ်နားကို ပျောက်သွားမှန်းလည်း ဘယ်သူမှ မသိကြဘူး" ဟု ကျိုးမျိုးနွယ်စုအကြီးအကဲက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ခွက်ကိုချရင်း ပြောလိုက်သည်။

"ဒီတစ်ခါတော့ ကျွန်တော်တို့ မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ ဂုဏ်သိက္ခာလည်း မြေခခဲ့ရပြီပေါ့"

ထိုသို့ပြောနေသော်လည်း ကျိုးမျိုးနွယ်စုအကြီးအကဲ၏ မျက်နှာမှာ တည်ငြိမ်လျက်ပင် ရှိနေကာ အမျက်ရှခြင်း သို့မဟုတ် အရှက်ရခြင်း အရိပ်အယောင်တို့ မရှိဘဲ အေးအေးလူလူသာ ဖြစ်နေလေသည်။

ယင်းက တစ်ဖက်လူ၏ သဘောထားကို စူးစမ်းလိုသော စကားဖြစ်ကြောင်းမှာ ထင်ရှားလှ၏။

ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ကျိုးမျိုးနွယ်စုမှ အဆင့်မြင့်ပုဂ္ဂိုလ်များမှာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို တဖြည်းဖြည်း နားလည်လာကြပြီ ဖြစ်သည်။

ကျူးရွှမ်းကျိ ခန့်မှန်းခဲ့သကဲ့သို့ပင်၊ ကျိုးမျိုးနွယ်စုသည်လည်း မည်သူက အတွင်းလူဖြစ်သနည်း၊ မည်သူက အရိပ်နက် မိစ္ဆာကျင့်ကြံသူကို ကြိုတင်၍ တိတ်တဆိတ် လွှတ်ပေးလိုက်သနည်းဟု သံသယဝင်နေကြခြင်း ဖြစ်၏။

ကျန်းမျိုးနွယ်စုအကြီးအကဲက အသံကျယ်ကျယ်ဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကျွန်တော့်အမြင်အရတော့ အဲဒီအရိပ်နက် မိစ္ဆာကျင့်ကြံသူက ထွက်ပြေးသွားတာ ကြာလှပြီ။ မီးလျှံတောင်တန်းပွဲတော်နေ့တုန်းက ကျွန်တော်တို့ ရွှေအမြုတေအဆင့် ဘိုးဘေး သုံးယောက်စလုံး ဝိုင်းတူးတာတောင် မီးတောင်ခြေတစ်ခုလုံး အပေါက်ဖြစ်မတတ်ပဲ၊ ဒါပေမဲ့ တစ်စက်ကလေးတောင် ရှာမတွေ့ခဲ့ဘူးလေ"

ကျိုးမျိုးနွယ်စုအကြီးအကဲက နင်းမျိုးနွယ်စုအကြီးအကဲကို မျက်မှောင်ကြုတ်ကြည့်ကာ "နင်းညီအစ်ကို၊ မင်းကော ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။

နင်းမျိုးနွယ်စုအကြီးအကဲက လက်နှစ်ဖက်ကို ဖြန့်ပြကာ "အဲဒီအရိပ်နက် မိစ္ဆာကျင့်ကြံသူက ဘယ်ကလဲ၊ ဘယ်သူနဲ့ ပတ်သက်နေလဲဆိုတာတွေက အရေးမကြီးပါဘူး။ ဒါတွေက အရေးပါတဲ့အရာတွေ မဟုတ်ဘူး" ဟု ဆိုသည်။

"လက်ရှိမှာတော့ မုန့်ခွေအကြီးအကဲက မီးတောင်ထိပ်မှာ ကိုယ်တိုင်ရှိနေပြီး ချော်ရည်နန်းတော်ထဲကို ဘယ်ကျင့်ကြံသူမှ မဝင်နိုင်အောင် ပိတ်ဆို့ထားတယ်"

"ဒါကြောင့် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာရှိတဲ့ တပည့်တွေပဲ ဝိညာဉ်ကူးပြောင်းခြင်း နည်းလမ်းနဲ့နဲ့ ချော်ရည်နန်းတော်ရဲ့ အမွေအနှစ်ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်"

"မုန့်ခွေရဲ့ မြေးအရင်းဖြစ်တဲ့ မုန့်ချုံက ပါရမီထူးရှိတဲ့သူပဲ။ မသေမျိုး ပါရမီထူးရဲ့ အရေးပါမှုကို ခင်ဗျားတို့ ညီအစ်ကိုနှစ်ယောက်လည်း သိမှာပါ"

"ကျွန်တော်တို့ မျိုးနွယ်စုသုံးခု ပူးပေါင်းပြီး နောက်မျိုးဆက်တွေကို အစွမ်းကုန် ပံ့ပိုးပေးမှပဲ မုန့်ချုံကို ယှဉ်နိုင်မှာ"

ထိုစကားများကို ပြောနေစဉ်အတွင်း မုန့်ချုံမှာ ချော်ရည်နန်းတော်သို့ စူးစမ်းစဉ် နောက်တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး သတိမေ့မြောနေပြီ ဖြစ်ကြောင်းကို နင်းမျိုးနွယ်စုအကြီးအကဲ တစ်ယောက် မသိသေးချေ။

သို့သော် သူ၏စကားများကို ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စု အကြီးအကဲတို့က လက်ခံသဘောတူကြသည်။

မုန့်ချုံ၏ မသေမျိုး ပါရမီထူးကြောင့် ထိုမျိုးနွယ်စုနှစ်ခုအပေါ် ကျရောက်လာသော ဖိအားမှာ ကြီးမားလှသဖြင့် နင်းမျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ခြင်း ဖြစ်၏။

သုံးပွင့်ဆိုင် မဟာမိတ်ဖွဲ့လိုစိတ်မှာ ပြင်းထန်လှပြီး မျိုးနွယ်စု၏ အရင်းအမြစ်များကို ထုတ်ယူကာ နောက်မျိုးဆက်များကို အားတက်သရော ပံ့ပိုးပေးရန်လည်း အားလုံးက ဆန္ဒရှိကြသည်။

သို့သော် အဓိကပြဿနာမှာ ထိုအရင်းအမြစ်များကို မည်သို့ ခွဲဝေမည်နည်းဟူသောအချက်ပင်။

ခင်ဗျားတို့ မျိုးနွယ်စုက ပိုယူလျှင် ကျွန်တော့်မျိုးနွယ်စုက နည်းသွားပေမည်။

မျိုးနွယ်စု သုံးခုစလုံးက အရှုံးမခံလိုကြသဖြင့် ကနဦးမဟာမိတ်ဖွဲ့မှုမှာ အကျိုးအမြတ် ခွဲဝေရေးကိစ္စတွင် ရပ်တန့်နေခဲ့သည်။

"အရင်ဆုံး ဒီစမ်းသပ်မှုရဲ့ ရလဒ်ကို စောင့်ကြည့်ကြတာပေါ့" ဟု ကျိုးမျိုးနွယ်စုအကြီးအကဲက ဆိုသည်။

ကျန်းမျိုးနွယ်စုအကြီးအကဲကလည်း ခေါင်းညိတ်ကာ "ဒါဆိုရင်လည်း ကောင်းကောင်းကြီး ကြည့်ရသေးတာပေါ့" ဟု ထောက်ခံလေသည်။

နင်းမျိုးနွယ်စုအကြီးအကဲမှာမူ တိတ်ဆိတ်နေပြီး သူ၏မျက်လုံးထဲတွင် စိုးရိမ်စိတ်အနည်းငယ် ရှိနေသည်။

မျိုးနွယ်စုသုံးစု ပူးပေါင်းကျင်းပသည့် စမ်းသပ်မှု၏ အပေါ်ယံသဘောထက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကို သူ နားလည်ထားသည်။

ယင်းမှာ မျိုးနွယ်စု တစ်ခုချင်းစီ၏ ပြင်ဆင်ရေးအဖွဲ့ အရည်အသွေးကို အကဲဖြတ်ပြီး အရင်းအမြစ် ခွဲဝေမှုကို ဆုံးဖြတ်ကြမည် ဖြစ်၏။

မိမိတို့ မျိုးနွယ်စုမှာ အားအနည်းဆုံး ဖြစ်ကြောင်း နင်းမျိုးနွယ်စုအကြီးအကဲ ကောင်းစွာ သိရှိထားသည်။

ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုတို့နှင့် မိမိတို့အကြား ကွာဟချက်မှာ အလွန်အမင်း မကြီးမားရန်သာ သူ မျှော်လင့်နိုင်တော့သည်။

နင်းကျော့သည် အစေခံတစ်ဦး၏ ခေါ်ဆောင်မှုဖြင့် ကျိုးမျိုးနွယ်စု၏ ကိုယ်ခံပညာကွင်းသို့ ရောက်ရှိလာခဲ့သည်။

ကွင်းပြင်အတွင်း၌ ကျင့်ကြံသူ အများအပြား စုဝေးနေကြပြီ ဖြစ်၏။

အားလုံးနီးပါးမှာ ငယ်ရွယ်သူများသာ ဖြစ်ပြီး လူလတ်ပိုင်း သို့မဟုတ် လူကြီးပိုင်းများမှာ အနည်းငယ်သာ ရှိသည်။

လူအုပ်ကြီးမှာ ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုနှင့် နင်းမျိုးနွယ်စုတို့ကို ကိုယ်စားပြုသော အဖွဲ့သုံးဖွဲ့အဖြစ် ရှင်းလင်းစွာ ကွဲပြားနေသည်။

"ကျော့လေး၊ ရောက်လာပြီလား" နင်းကျော့ ပေါ်လာသည်ကို မြင်လျှင် နင်းယုံက လူအုပ်ထဲမှ ချက်ချင်း ထွက်လာကာ ပြေးဝင်လာတော့သည်။

နင်းချန်မှာလည်း လူအုပ်ထဲတွင် ရှိနေပြီး နင်းကျော့ကို လက်လှမ်းပြနေ၏။

နင်းကျော့က ပြုံး၍ ပြန်လည် လက်လှမ်းပြလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က ချော်ရည်နန်းတော်ကို ဖောက်ခွဲခဲ့သည့်အချိန်မှစ၍ နင်းယုံ၊ နင်းချန်နှင့် သူ၏ ဆက်ဆံရေးမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သာမန်အတန်းဖော်များအဆင့်မှ သေအတူရှင်မတူ တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်ရဲဘက်များ ဖြစ်သွားကြပြီ မဟုတ်လော။

ကိုယ်ခံပညာကွင်းမှာ ဆူညံလျက် ရှိနေ၏။

နင်းကျော့နှင့် နင်းယုံတို့မှာ နင်းမျိုးနွယ်စု လူအုပ်ကြားထဲတွင် ရောနှောနေသဖြင့် ထိပ်တိုက် မပေါ်လွင်လှချေ။

နင်းကျော့သည် နင်းယုံ၊ နင်းချန်တို့နှင့် စကားစမြည် ပြောရင်း ဘေးပတ်ဝန်းကျင်ရှိ လူများကို အကဲခတ်နေသည်။

"နင်းမျိုးနွယ်စုရဲ့ ပြင်ဆင်ရေးအဖွဲ့က ပိုပြီး အင်အားတောင့်တင်းလာတာပဲ"

ကွင်းပြင်ထဲတွင် နင်းမျိုးနွယ်စုက လူအင်အား အများဆုံးဖြစ်ပြီး ခြောက်ဆယ်ကျော် ရှိသည်။

ကျိုးမျိုးနွယ်စုမှာ ၂၉ ဦးနှင့် ကျန်းမျိုးနွယ်စုမှာ ၄၅ ဦး အသီးသီး ရှိကြသည်။

နင်းမျိုးနွယ်စုမှာ တစ်နေရာတည်းတွင် စုနေကြသဖြင့် လူအင်အား အလွန်တောင့်တင်းပုံ ပေါ်နေ၏။

လူငယ်အများအပြားမှာ တစ်ဖက်မျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများကို လှည့်ပတ်ကြည့်ရှုနေကြပြီး အပြိုင်အဆိုင် သဘောထားများလည်း ရှိနေကြသည်။

နင်းကျော့က စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။ "မျိုးနွယ်စုသုံးစုထဲမှာ နင်းမျိုးနွယ်စုက အနှောင်းဆုံးမှ စတင်ခဲ့တာဆိုတော့ ခြုံငုံကြည့်ရင် အားအနည်းဆုံးပဲ"

"မူလက ပြင်ဆင်ရေးအဖွဲ့က အရွယ်အစား အသေးဆုံးပဲလေ"

"မျိုးနွယ်စု အဆင့်မြင့်ပုဂ္ဂိုလ်တွေက ဘာလို့ ဒီလောက် အင်အားတိုးချဲ့လိုက်တာလဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ လူအင်အားနဲ့ ဖိဖို့ ကြိုးစားတာလား"

"နင်းမျိုးနွယ်စုက ချော်ရည်နန်းတော်အပေါ် တော်တော်လေးကို လောဘတက်နေတာပဲ"

နင်းကျော့သည် ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုမှ ကျင့်ကြံသူများကိုလည်း တိတ်တဆိတ် အကဲခတ်နေသေးသည်။

ကျိုးမျိုးနွယ်စု ကျင့်ကြံသူများမှာ များသောအားဖြင့် တိတ်ဆိတ်နေကြပြီး အချင်းချင်း ဆက်သွယ်မှု နည်းပါးလှသဖြင့် အုံ့မှိုင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ သူတို့လူအုပ်၏ အလယ်ဗဟိုတွင် အရပ်ရှည်သူတစ်ဦးနှင့် အရပ်ပုသူတစ်ဦး၊ ကြံ့ခိုင်သူတစ်ဦးနှင့် ပိန်ပါးသူတစ်ဦးဟူ၍ လူနှစ်ဦး ရှိနေပြီး ခေါင်းဆောင်မှု အရှိန်အဝါများ ထွက်ပေါ်နေ၏။

"ကျိုးကျူနဲ့ ကျိုးကျဲရှန်တို့ပဲ" နင်းကျော့မှာ သတင်းအချက်အလက်များစွာ ရှိထားသဖြင့် သူတို့ကို ချက်ချင်းပင် မှတ်မိလိုက်သည်။

ကျန်းမျိုးနွယ်စု ကျင့်ကြံသူများမှာမူ ကြွက်သားများ သန်မာပြီး ထက်သန်သော အရှိန်အဝါများ ရှိနေသည်။

သူတို့၏ မျက်လုံးများမှာ တောက်ပလျက် ရှိပြီး လှည့်ကြည့်လိုက်သည့်အခါ ထက်မြက်သော လက်နက်များကဲ့သို့ပင်။ နင်းမျိုးနွယ်စု ကျင့်ကြံသူ အများအပြားမှာ သူတို့နှင့် မျက်လုံးချင်း မဆုံရဲဘဲ ရှောင်ဖယ်နေကြရသည်။

သူတို့အဖွဲ့၏ ရှေ့ဆုံးတွင် ဦးခေါင်းစည်း ပတ်ထားသော ကျင့်ကြံသူလူငယ်တစ်ဦးမှာ မျက်စိမှိတ်လျက် ရပ်နေသည်။ ထူးခြားသည်မှာ သူ၏ ဘေးပတ်လည်တွင် ချိတ်ပုံသဏ္ဌာန် မန္တန်လက်နက် အချို့မှာ တိတ်ဆိတ်စွာ ပျံဝဲနေခြင်းပင်။

"ဒါ ကျန်းကျန့်ပဲ" ဟု နင်းကျော့က စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

ထိုမျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများကို အကဲခတ်ပြီးနောက် မိမိတို့ နင်းမျိုးနွယ်စုဘက်သို့ ပြန်ကြည့်လိုက်ရာ လူအင်အား များသော်လည်း စနစ်တကျ မရှိသော လူစုလူဝေးကြီးသဖွယ် ခံစားလိုက်ရသည်။

ကျိုးမျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက လူအုပ်ရှေ့တွင် ပေါ်လာသည်။ သူက စမ်းသပ်မှု အစီအရင်ကို အသက်သွင်းလိုက်ပြီး ကျင့်စဉ်စမ်းသပ်မှု စတင်ကြောင်း ကြေညာလိုက်၏။

"တာကျူး၊ သွားတော့" ဟု ကျိုးကျဲရှန်က ပြောသည်။

"အေးပါ" ဟု ကျိုးကျူက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

သူက ကျင့်စဉ်အဆင့် ပိုမြင့်သော်လည်း ကျိုးကျဲရှန်၏ နောက်မှသာ လိုက်ပါသွား၏။

မူလက သူတို့နှစ်ဦးမှာ လူအုပ်၏ အလယ်ဗဟိုတွင် ရှိနေခြင်း ဖြစ်သော်လည်း သူတို့ စတင်ရွေ့လျားလိုက်သည်နှင့် သူတို့ရှေ့ရှိ ကျိုးမျိုးနွယ်စုဝင်များမှာ နောက်ကျောတွင် မျက်လုံးပါသည့်နှယ် ဘေးသို့ လမ်းဖယ်ပေးကြသည်။

ထိုပါရမီရှင်နှစ်ဦး ဖြတ်သွားပြီးနောက် သူတို့မှာ မူလနေရာများသို့ ချက်ချင်းပင် ပြန်ရောက်သွားကြ၏။

ကျိုးကျူနှင့် ကျိုးကျဲရှန်တို့ ထွက်လာကြသည့်အခါ ကျိုးမျိုးနွယ်စုဝင်များမှာ ရေစီးသကဲ့သို့ လွတ်လပ်စွာ ရွေ့လျား ဖယ်ပေးကြပုံမှာ တိုက်ပွဲအစီအရင်တွင် ကျွမ်းကျင်ပြီး နားလည်မှု ရှိလှကြောင်း ဖော်ပြနေသည်။

သူတို့၏ ခြေလှမ်းတိုင်းမှာ ဟန်ချက်ညီလှပြီး ရှုပ်ထွေးမှုမရှိဘဲ မျိုးနွယ်စုကြီးတစ်ခု၏ ခန့်ညားသော အသွင်အပြင်ကို ပြသနေ၏။

နင်းကျော့၏ မျက်လုံးများ တောက်ပသွားပြီး အဓိက အချက်အလက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်ကာ "ဒီကျိုးမျိုးနွယ်စု ကျင့်ကြံသူတွေက မရိုးဘူးပဲ၊ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အပြစ်ပြောစရာ မရှိသလို တစ်သားတည်း ဖြစ်နေတယ်။ တိုက်ပွဲအစီအရင်မှာ သူတို့ အတော်လေး ကျွမ်းကျင်ကြတာ ဖြစ်ရမယ်" ဟု တွေးတောလိုက်သည်။

ကျိုးမျိုးနွယ်စု ပြင်ဆင်ရေးအဖွဲ့တွင် လူအနည်းဆုံး ဖြစ်သော်လည်း လျှော့တွက်၍ မရချေ။

ယင်းကို မြင်သည့်အခါ သိနားလည်သော ကျင့်ကြံသူ အများအပြားမှာ တည်ငြိမ်သွားကြသည်။

သို့သော် လူအများစုမှာမူ ဂရုမစိုက်ကြဘဲ နင်းမျိုးနွယ်စုထဲတွင် ထိုကဲ့သို့သောသူများ အများဆုံး ပါဝင်နေ၏။

စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာအောက်တွင် ကျိုးကျူသည် စမ်းသပ်မှု အစီအရင်ထဲသို့ ပထမဆုံး ဝင်ရောက်သွားခဲ့သည်။

အစီအရင်ထဲ ရောက်သည်နှင့် သူသည် ဓာတ်ငါးပါး ညှိနှိုင်းခြင်း ပညာရပ်ကို အစွမ်းကုန် အသက်သွင်းလိုက်ရာ အစီအရင်မှလည်း ဓာတ်ငါးပါး အလင်းတန်းများ ထွက်ပေါ်လာတော့သည်။

ကျိုးမျိုးနွယ်စု အကြီးအကဲက တစ်ချက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည် - "ကျိုးကျူ၊ တတိယအဆင့် အထွတ်အထိပ်"

ခဏချင်းမှာပင် ကျိုးမျိုးနွယ်စု ကျင့်ကြံသူများ အားလုံးက ကြွေးကြော်လိုက်ကြသည်။

ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း သူတို့အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသဖြင့် အခြားမျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများပါ လှည့်ကြည့်ရတော့သည်။

နောက်တစ်ဦးအနေဖြင့် ကျိုးကျဲရှန်က အစီအရင်ထဲသို့ ဝင်သွား၏။

"ကျိုးကျဲရှန်၊ ဒုတိယအဆင့် အလယ်အလတ်အဆင့်" ဟု အကြီးအကဲက ကြေညာသည်။

ကျိုးမျိုးနွယ်စုဝင်များက ထပ်မံ ကြွေးကြော်ကြပြန်သည်။

ကျန်းမျိုးနွယ်စုမှ တစ်စုံတစ်ဦးကမူ မထီမဲ့မြင် ပြုံးကာ "အဲဒါကိုပဲ ပါရမီရှင်လို့ ခေါ်တာလား။ ဘယ်လိုဖြစ်လို့ ဒုတိယအဆင့် အလယ်လောက်ပဲ ရှိတာလဲ။ ငါတောင် တတိယအဆင့် ရောက်နေပြီ" ဟု ဆိုသည်။

ကျန်းကျန့်က မျက်လုံးဖွင့်၍ ထိုသူကို တစ်ချက်ကြည့်လိုက်ရာ ထိုသူမှာ ချက်ချင်းပင် နှုတ်ဆိတ်သွားတော့၏။

ဤဖြစ်ရပ်အသေးလေးမှာလည်း နင်းကျော့၏ မျက်စိထဲမှ မလွတ်ခဲ့ချေ။

"အင်း၊ နောက်ထပ် အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုပဲ"

"ကျန်းမျိုးနွယ်စု ပြင်ဆင်ရေးအဖွဲ့က ကျန်းကျန့်ကတော့ အာဏာအရှိဆုံး ခေါင်းဆောင်ပဲ"

ဧည့်ဝတ်ပြုဆောင်အတွင်း၌ -

ကျန်းမျိုးနွယ်စုအကြီးအကဲက သက်ပြင်းချကာ "ကျိုးညီအစ်ကို၊ ခင်ဗျားတို့ မျိုးနွယ်စုရဲ့ စိတ်တိုင်းကျ စုစည်းပျံ့နှံ့စေသော ဝိညာဉ်ဒီရေ အစီအရင်က တကယ်ကို အသုံးဝင်တာပဲ" ဟု ဆိုသည်။

နင်းမျိုးနွယ်စုအကြီးအကဲကလည်း ခေါင်းတိတ်တဆိတ် ညိတ်ကာ ထောက်ခံလေသည်။

ကျိုးကျဲရှန်မှာ ကျင့်ကြံခြင်းကို မကြာသေးမီကမှ စတင်ခဲ့သော်လည်း ဒုတိယအဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိကြသည်။

ထိုကဲ့သို့သော အရှိန်အဟုန်မှာ အလွန်ပင် လျင်မြန်လှ၏။

ကျိုးမျိုးနွယ်စုအကြီးအကဲက သက်ပြင်းချဟန်ဆောင်ကာ "စိတ်တိုင်းကျ စုစည်းပျံ့နှံ့စေသော ဝိညာဉ်ဒီရေ အစီအရင် တစ်ခုတည်းနဲ့ ဒီလိုရလဒ်မျိုး ရနိုင်ပါ့မလား။ ကျိုးကျဲရှန်ဆိုတဲ့ ဒီဂျူနီယာလေးက သူ့အသက်ကို ရင်းပြီး လုပ်ခဲ့တာပါ။ သူက ကျိုးကျူလို ပါရမီ မရှိပေမဲ့ ကုသရေးနည်းလမ်း အစုံအလင်နဲ့ မနားတမ်း ကြိုးစားခဲ့တာလေ" ဟု ဆိုသည်။

"အကြိမ်ပေါင်းများစွာ သေလုမျောပါး ဖြစ်ခဲ့ရလို့ မျိုးနွယ်စုထဲက လူတွေတောင် စိုးရိမ်ခဲ့ကြရတာ"

ကျန်းမျိုးနွယ်စုအကြီးအကဲမှာ စိတ်လှုပ်ရှားသွားပြီး "ဒီလိုကလေးတွေ ရှိနေမှတော့ မျိုးနွယ်စုက ဘယ်လိုလုပ် မတိုးတက်ဘဲ နေမှာလဲ" ဟု ဆိုသည်။

နင်းမျိုးနွယ်စုအကြီးအကဲကလည်း ထောက်ခံစကား ဆိုလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ စိုးရိမ်စိတ်များ ပိုမို ကြီးထွားလာနေတော့သည်။

နင်းကျော့ကမူ တိတ်ဆိတ်စွာ ဆက်လက် အကဲခတ်နေဆဲ ဖြစ်သည်။

ကျိုးကျူနှင့် ကျိုးကျဲရှန်တို့မှာ ရွှံ့နွံစီးဆင်းခြင်းဂိုဏ်းတွင် လေ့ကျင့်ခဲ့ကြသူများ ဖြစ်ကြောင်း သူသိထားသဖြင့် သူတို့၏ စက်မှုပညာရပ်များကို အလွန်ပင် သိချင်နေမိသည်။

ကံမကောင်းသည်မှာ ယနေ့ပွဲတွင် သူတို့၏ စက်မှုပညာရပ်များကို ပြသရန် အခွင့်အရေး မရှိခဲ့ခြင်းပင် ဖြစ်တော့သည်။

All Chapters