← Chapters

အခန်း (၁၀၇၇-၁၀၇၈)

Vol. 90 Ch. 1077-1078

အခန်း (၁၀၇၇-၁၀၇၈)

Vol. 90 Ch. 1077-1078

အခန်း ၁၀၇၇ –

ကျောက်တိုင်ဝိညာဉ် ... ။

ကြယ်မုန်တိုင်းတားမြစ်နယ်မြေရှိ ရတနာတစ်သောင်းနယ်မြေတွင် ကောင်းကင် နှင့် မြေကြီးကြား ဆက်သွယ်ပေးထားသည့် ထူးဆန်းသော ကျောက်တိုင်တစ်ခုရှိ၏။

ထိုကျောက်တိုင်မှ ထွက်ပေါ်နေသော ကျိန်စာစွမ်းအားမှာ အင်မော်တယ်ဝိညာဉ်အိုများ အပေါ် သင့်နေသော ကျိန်စာနှင့် ထပ်တူပေပင်။

ထို့ကြောင့်လည်း မိန်းကလေးဟုန်ယွင်က စုရီကို သူမနှင့်အတူလိုက်ပါရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။ အကြောင်းမှာ စုရီပိုင်ဆိုင်သည့် ဝင်စားခြင်းဥပဒေသည် ထိုကျိန်စာစွမ်းအားကို နှိမ်နင်းနိုင်သောကြောင့်ဖြစ်၏။

သည့်ပြင် ထိုကျောက်တိုင်ရှိရာအရပ်၌ လျှို့ဝှက်ဆန်းကြယ်သည့် လောကသစ်တစ်ခုသို့ ဦးတည်နေသော လမ်းကြောင်းသစ်တစ်ခု ရှိနေ လိမ့်မည်ဟုလည်း သံသယဝင်ထားသည်။

‘လွတ်မြောက်ခြင်းဒေသ’ ဟူသည်မှာ ထိုလျှို့ဝှက်ဒေသဖြစ်ဟန်တူချေ၏။ စုရီမှခဏမျှ စဉ်းစားပြီးနောက် ထိုကျောက်တိုင်ထံသို့ တိုက်ရိုက်ဦးတည်လိုက်သည်။

ယွီနင်နှင့် ယွင်ဟွာချင်းသည်လည်း သူ့နောက်ပါးသို့ အမြန်ပြေးလွှားလိုက်ပါလာ၏။ မြင်ကွင်း၌ မြူခိုးများတရွေ့ရွေ့ ထူထပ်လာပြီး ကျိန်စာစွမ်းအားသည်လည်း ပိုမိုပြင်းထန်လာ တော့သည်။

ထို့ကြောင့် စုရီက ယွင်ဟွာချင်းနှင့် ယွီနင်ကိုစောင့်ခေါ်ကာ ဝင်စားခြင်းဥပဒေဖြင့် အကာအကွယ်ပေးလိုက်၏။

သုံးဦးသား လေထုအလယ် ပျံသန်းနေစဉ် ဆဋ္ဌမမြောက်ဘဝဝမ်ယဲ့၏ စိတ်နေစိတ်ထားက သူ့အပေါ်လွှမ်းမိုးနေသည်ကို စုရီမှ သတိထားမိခဲ့၏။

နာရီဝက်ခန့် ပျံသန်းပြီးနောက် မြူခိုးများကြား ကောင်းကင်ပေါ်တက်နေသော ကျိန်စာစွမ်းအားများကို မြင်လာရသည်။

ဤသည်မှာ ကမ္ဘာပျက်ကပ်ဘေးကြီး၏ မြစ်ဖျားခံရာ အရင်းမြစ်တစ်ခုကဲ့သို့ပေပင်။ စုရီမှ ဝင်စားခြင်းဥပဒေကို ပိုမိုခိုင်မာလာအောင် ထပ်မံဖုံးအုပ်လိုက်သည်။

များမကြာမီ ပေတစ်ရာခန့် မြင့်မားလွန်းသော အနက်ရောင် ကျောက်တိုင် တစ်တိုင်ကို မြင်လိုက်ရ၏။

ကျောက်တိုင်မျက်နှာပြင်ပေါ်တွင် ထူးဆန်းစွာ တွန့်လိမ်နေခဲ့သော အမိန့်စာများ ရှိနေပြီး ယွင်ဟွာချင်းနှင့် ယွီနင်တို့ခမျာ ယင်းကို ကြည့်ရုံဖြင့်ပင် ဝိညာဉ်များစုပ်ယူခံရသကဲ့သို့ တုန်ရင်လာတော့၏။

“ ဒီထဲ ခဏဝင်နေ ... ။ ”

စုရီက သူတို့ကို ကြေးနီဘုံ‌ကျောင်း အတွင်းသို့ ဝင်ရောက်စေလိုက်၏။ ထို့နောက် ကျောက်တိုင်ကြီးနှင့် ပေတစ်ထောင်အကွာတွင် ရပ်လိုက်ပြီး အဝေးမှစစ်ဆေးကြည့်သည်။

ဝမ်ယဲ့ဘဝ အသိဉာဏ်များဖြင့်ပင် ဤအမိန့်ကျိန်စာများ၏နက်နဲမှုကို ခွဲခြား၍ သိမြင်နိုင်ခြင်းမရှိခဲ့ချေ။ သို့သော် ဝင်စားခြင်း စွမ်းအားဖြင့် ထိုအမိန့်ကိုနှိမ်နင်းနိုင်ကြောင်း ရှင်းလင်းစွာခံစားနေရ၏။

“ ဘရူး ... ။ ”

ထို့ကြောင့် စုရီမှ ဝင်စားခြင်းစွမ်းအားကို ထုတ်ဖော်ရန်ပြင်လိုက်စဉ် ကျောက်တိုင်ကြီးမှာ တုန်ခါလျက် အမိန့်ကျိန်စာများက လျင်မြန်စွာ လည်ပတ်လာတော့သည်။

“ ဝူး ... ။ ”

များမကြာမီ ကျောက်တိုင်ပေါ်၌ ဝဲဂယက်ကြီးပုံစံ တံခါးပေါက်တစ်ခုပေါ်လာပြီး အတွင်းမှ လူရိပ်တစ်ရိပ်လှမ်းထွက်လာ၏။

ဤသည်မှာ ပုညှက်သေးကွေးကာ အရိုးပေါ်အရေတင်နေသော လူပုလေးတစ်ဦး ဖြစ်ချေသည်။

ခေါင်းတုံးပြောင်လျက် ခါးကုန်းကာ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက် နေတော့၏။

လည်ပင်းတွင် အနက်ရောင် ပုတီးစိပ်ကို ဆွဲထားပြီး ညာလက်၌ ဆီမီးအိမ်လေးတစ်လုံး ကိုင်ဆွဲထားသည်။

ဆီမီးအိမ်မှ ထွက်ပေါ်နေသော အနီရောင်ဖျော့ဖျော့အလင်းက ပတ်ဝန်းကျင်ကို ထူးဆန်းသော အရှိန်အဝါများ ဖြန့်ကျက် ပေးနေခဲ့၏။

“ ငါက ဒီကျောက်တိုင်ရဲ့ ကျောက်တိုင်ဝိညာဉ်ပါ ဒီလျှို့ဝှက်လမ်းကို စောင့်ကြပ်ဖို့ ငါ့သခင်ရဲ့ အမိန့်ပေးခြင်း ခံထားရသူပါ။ ”

ထိုလူပုအဘိုးအိုက အက်ရှရှအသံဖြင့် သူ့ကိုယ်သူမိတ်ဆက်လာ၏။ စုရီက မျက်ခုံးပင့် သွားလေသည်။

“ မိတ်ဆွေရဲ့ သူငယ်ချင်းကိုတော့ နတ်တမန်တော်က ဒီလမ်းကြောင်းကတဆင့် လွတ်‌မြောက်ခြင်းဒေသဆီ ခေါ်သွားပါတယ်။ ”

“ ဒါဆို မင်းက ငါ့ကိုတားဆီးဖို့ ဒီမှာရှိနေတာလား။ ”

လူပုအဘိုးကြီးက ခေါင်းရမ်းလျက်၊

“ နတ်တမန်တော်က မိတ်ဆွေရောက်လာရင် ဒီလမ်းထဲကိုလမ်းပြဖို့ မှာထားပါတယ်။ ”

-ဟု ဆို၏။ ထို့နောက် သူက ကျောက်တိုင်ပေါ်ရှိ တံခါးပေါက်ကိုညွှန်ပြကာ၊ ‘ကြွပါ မိတ်ဆွေ ...၊’ -ဟု ဖိတ်ခေါ်လေသည်။

စုရီက လှုပ်ရှားခြင်း မရှိသေးဘဲ၊

“ မင်းပြောနေတဲ့ နတ်တမန်တော်ဆိုတာ ဘယ်သူလဲ။ ”

-ဟု မေးမြန်းလိုက်၏။ လူပုအဘိုးကြီးက ခေါင်းယမ်းလျက်၊

“ ငါက ... တံခါးစောင့် ဝိညာဉ်လေးပါ နတ်တမန်တော်ရဲ့အကြောင်းကို မပြောဝံ့ပါဘူး မိတ်ဆွေ ... အဲ့ဒီနေရာကို ရောက်ရင် သူ့ကို ကိုယ်တိုင်တွေ့ရပါလိမ့်မယ်။ ”

“ ဒါဆို မင်းသိထားတာတွေ ပြောပြပါ။ ”

ထိုစကားကြောင့် လူပုအဘိုးအိုက မျက်ခုံးပင့်သွားတော့၏။

“ ဒီတံခါးစောင့် သိတာတစ်ခုကတော့ မိတ်ဆွေရဲ့သူငယ်ချင်းကို ပြန်ခေါ်ချင်တယ် ဆိုရင်တော့ နတ်တမန်တော်ရဲ့ဖိတ်ခေါ်မှုကို ငြင်းဆန်တာထက် လက်ခံလိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ”

အသံအက်ရှရှဖြင့် ဆီမီးအိမ်လေးထံမှ ထွက်ပေါ်နေသော အနီရောင်အလင်းအောက်၌ ထိုလူပုအဖိုးအိုသည် သာမန်လူများအတွက် ကျောချမ်းဖွယ် ကောင်းနေတော့သည်။

စုရီမှာမူ မျက်မှောင်ကြုတ်သွားကာ၊

“ မင်းငါ့ကို ခြိမ်းခြောက်နေတာလား။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။ လူပုအဘိုးကြီးက ထပ်မံခေါင်းယမ်းလျက်၊

“ မိတ်ဆွေ ... မင်းက နတ်တမန်တော် တွေ့ချင်နေတဲ့ ဧည့်သည်ပဲ ... ဒီတံခါးစောင့်က မခြိမ်းခြောက်ရဲပါဘူး။ ”

-ဟု တုန့်ပြန်သည်။

ထို့ကြောင့် စုရီက ကျောက်တိုင်ပေါ်ရှိ တံခါးဝသို့ လျှောက်လှမ်းလိုက်ရာ လူပုအဘိုးအို နှုတ်ခမ်းတွင် အောင်နိုင်သူအပြုံးတစ်ပွင့် ပေါ်လာသည်ကို သတိထားမိသွား၏။

“ ငါသာ မင်းကို အခု သတ်ပစ်လိုက်ရင် မင်းရဲ့နတ်တမန်တော်က ဒေါသထွက်မလား။ ”

စုရီက ရုတ်တရက် ရပ်ကာ လှည့်မေးလိုက်သည်။ လူပုအဘိုးအိုအပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့၏။

“ မိတ်ဆွေ ... ငါ့လိုတံခါးစောင့်လေးကို ဘာလို့ အခက်တွေ့အောင် လုပ်နေရတာလဲ။ ”

ဤတစ်ကြိမ်တွင် လူပုအဖိုးအိုသည် စိတ်မရှည်တော့ဘဲ ကြောက်မက်ဖွယ် ကျိန်စာ အလင်းများ ထုတ်ဖော်လာတော့၏။

“ မင်းက တကယ်ပဲ တံခါးစောင့်တစ်ယောက်ပဲဆိုရင် ဒူးထောက်ပြီး ငါ့ကိုအဘိုးလို့ခေါ်သင့်တယ်မထင်ဘူးလား။”

“ ဝှစ် ... ။ ”

ထို့နောက် စကားမဆုံးမီမှာပင် စုရီ၏ လက်ဖဝါးရိုက်ချက်သည် တစ်ဖက်လူအပေါ် ကျဆင်းသွားတော့၏။ လူပုအဘိုးအိုက သူ့ဆီမီးအိမ်ဖြင့် ချက်ချင်းခုခံလိုက်သည်။

“ ဝုန်း ... ။ ”

“ အား ... ။ ”

သို့သော် ဝင်စားခြင်းဥပဒေရှေ့တွင် ဆီမီးအိမ်မှာလွင့်စင်သွားပြီး လူပုအဘိုးအိုခမျာ အရိုးများကြေမွလျက် ပြိုလဲကျသွား၏။

“ အား ... ။ ”

စုရီက လူပုအဖိုးအို၏ ရင်ဘတ်ပေါ် ခြေထောက်ဖြင့် နင်းခြေလျက် နာကျင်မှုကို တိုးစေလိုက်သည်။

“ အခုတော့ မင်းကို .... တကယ်ပဲ အားနည်းတဲ့ တံခါးစောင့်လေးတစ်ယောက် ဆိုတာ ငါယုံသွားပြီ၊ ငါ့ကိုအဘိုးလို့ ခေါ်ပါ ... ဒါဆို မင်းအသက်ကိုချမ်းသာပေးမယ်။ ”

စုရီက လှောင်ပြောင်လိုက်သည်။ လူပုအဖိုးအိုမှ ဒေါသတကြီးဖြင့် ခန္ဓာကိုယ်ကို ဖောက်ခွဲကာ စုရီခြေထောက်အောက်မှ ရုန်းထွက်သွားတော့၏။

“ ဝှစ် ... ။ ”

ထို့နောက် အလင်းမှုန်များသည် လေထုအလယ် ပြန်လည်စုစည်းလျက် အလွန် အားနည်းနေသော လူပုအဖိုးအို အဖြစ် ပြန်လည်ဖြစ်ပေါ်လာ၏။

သူပေါ်လာသည်နှင့်တပြိုင်နက် ကြောက်လန့်တကြားပင် ကျောက်တိုင်တံခါးဝ အတွင်းသို့ ထွက်ပြေးသွားတော့သည်။

“ ဝှစ် ... ။ ”

စုရီက သူကျန်ရစ်ခဲ့သော ဆီမီးအိမ်နှင့် ပုတီးစိပ်ကိုလက်ဝှေ့ရမ်းကာ ကောက်ယူပြီး စစ်ဆေးကြည့်လိုက်သည်။

ဤသည်မှာ အင်မော်တယ် ကပ်ဘေးစွမ်းအားများဖြင့် ပြုလုပ်ထားသော လက်နက်များဖြစ်ချေ၏။ အံ့ဖွယ်ကောင်းချေပြီ။ ဤကမ္ဘာကြီးတွင် အင်မော်တယ်ကပ်ဘေး စွမ်းအားကို သန့်စင်နိုင်သူ ရှိနေချေ၏။

“ ဝှစ် ... ။ ”

ထိုစဉ် ကျောက်တိုင် အလင်းတံခါးဝမှ လူရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ၎င်းမှာ ကုယွမ်ချွဲဖြစ်သည်။ သူသည် မိန်းကလေး ဟုန်ယွင်နှင့်အတူ အဖမ်းခံခဲ့ရသူပေပင်။

သို့သော် ယခုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်း အင်မော်တယ်ကပ်ဘေး ကျိန်စာများ ပြည့်လျှံနေတော့၏။

“ စောစောက ကျောက်တိုင်ဝိညာဉ်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ တာအိုစု ... ။ ”

ကုယွမ်ချွဲက အရိုအသေပြုကာ တောင်းပန်စကားဆိုသည်။ စုရီက လျစ်လျူရှုပြီး သူ့ထံပြန်ကြည့်လျက်၊

“ အခု မင်းက နတ်တမန်တော်လား။ ”

-ဟု ပြန်မေးလိုက်၏။ ကုယွမ်ချွဲတစ်ယောက် ခေါင်းရမ်းလျက်၊

“ မဟုတ်ပါဘူး၊ ငါကတမန်တော်ရဲ့ အစေခံတစ်ဦးပါပဲ နတ်တမန်တော်ကသခင်နဲ့ အတူ မင်းကိုတွေ့ဖို့ စောင့်နေပါတယ်။ ”

-ဟု ရှင်းပြလာသည်။

“ ဒါဆို မင်းတို့ သခင်ကို ငါ့ကိုတွေ့ဖို့ အလျင်လိုနေပုံရတယ် သွားခေါ်လာခဲ့ ... ငါ့ကို တွေ့ချင်ရင် ကိုယ်တိုင်လာကြိုလို့ ... ။ ”

“ တာအိုစု ဒါက မလွန်လွန်းဘူးလား။ ”

“ ဟမ့် ... ငါ့သူငယ်ချင်းကို ဓားစာခံအဖြစ် ဖမ်းထားပြီး ငါ့နဲ့တွေ့ချင်နေတာက ပိုလွန်တယ် မင်းမသေချင် သူ့ကို သွားပြောလိုက်ပါ။ ”

အဆုံး၌ ကုယွမ်ချွဲတစ်ယောက် ဒေါသကို မြိုသိပ်ကာ တံခါးဝထဲ ပြန်ဝင်သွားရတော့သည်။ စုရီက လေထုအလယ် ရပ်လျက် ဝိုင်ကို မော့သောက်ကာ စောင့်ဆိုင်းနေ၏။

“ ငါဒီမှာ ပိတ်မိနေလို့ ကိုယ်တိုင် လာမကြိုနိုင်တာနားလည်ပေးပါ မိတ်ဆွေ ကိုယ်တိုင်ပဲ လွတ်မြောက်ခြင်းဒေသကြီးကို လာပေးဖို့ တောင်းဆိုပါတယ်။ ”

သုံးနာရီနာရီခန့် ကြာပြီးနောက် အလင်းတံခါးအတွင်းမှ အိုမင်းရင့်ရော်နေသော အဖိုးကြီးအသံတစ်သံ ထွက်ပေါ်လာသည်။ စုရီမှ မျက်ခုံးပင့်လျက်၊

“ ငါ့မှာ မေးခွန်း(၃)ခုရှိတယ် ... မင်း ပြန်ဖြေနိုင်ရင် ငါလာမယ်။ ”

- ဟု ပြောကြားလိုက်၏။

“ ကောင်းပြီ မေးပါ။ ”

အဖိုးအို အသံက လေးကန်စွာ ထွက်ပေါ်လာသည်။

“ ပထမမေးခွန်း ... မင်း ဘာလို့ ငါ့ကို တွေ့ချင်နေတာလဲ။ ”

“ ဒါက မိတ်ဆွေကိုယ်တိုင် ခန့်မှန်းနိုင်ပါတယ်။ ”

“ ဝင်စားခြင်းဥပဒေလား။ ”

“ မှန်ပါတယ် ... ။ ”

“ ကောင်းပြီ မေးခွန်း(၂)၊ ငါ ဒီကို လာမယ်ဆိုတာ မင်း ဘယ်လို သိနေတာလဲ။ ”

“ ငါဒီမှာ ပိတ်မိနေတာကြာပြီ ဒါပေမယ့် တစ်နေ့ မိတ်ဆွေရောက်လာမယ်ဆိုတာ ... ငါသိ နေပါတယ် ဒါကြောင့် အမြဲစောင့်နေတာပါ ...။ ”

“ ကောင်းပြီ ငါလာခဲ့မယ်။ ”

စုရီမှ တတိယမေးခွန်းကို ဆက်မမေးတော့ဘဲ တံခါးဝထဲသို့ လှမ်းဝင် လိုက်တော့သည်။ ယင်းကြောင့် အသံရှင်သည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ ဟားဟားဟား ... နတ်ဘုရာပဋိညာဉ်နဲ့ တားမြစ်ခံထားရတဲ့ ဝင်စားခြင်းဥပဒေပိုင်ဆိုင်သူ မင်းက ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ။ ”

“ ဝုန်း ... ။ ”

ထို့နောက် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားကာ အချိန်နှင့် အာကာသ ချက်ချင်း လိမ်ယှက်နေသော ဝဲဂယက်တစ်ခု ပေါ်လာပြီး စုရီကို ဝါးမျိုးသွားတော့၏။

***

အခန်း ၁၀၇၈ –

ကပ်ဘေးလှေကား ... ။

ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်လှသော နယ်မြေတစ်ခုဖြစ်သည်။ အရပ်မျက်နှာအနှံ့တွင် ပြိုပျက်နေသော အဆောက်အအုံများနှင့် အပျက်အစီးများသာရှိ၏။ ချောက်ချားဖွယ်ရာ အထီးကျန်ဆိတ်သုဉ်းနေလေသည်။

ကောင်းကင်၌မူ ဓမ္မအဆုံးခေတ် ကပ်ဘေးကြီး၏ ထူထပ်လှသောစွမ်းအားများက နီမှောင်သော မိုးတိမ်များအဖြစ် အသွင်ပြောင်း ဖုံးလွှမ်းထားသည်။

“ ဖျစ် ဖျစ် ... ။ ”

နီရဲသော လျှပ်စီးတန်းများသည် ကြောက်မက်ဖွယ်ကောင်းသော လက်သည်းများ ပမာ ဟိုမှသည်မှ တဖျတ်ဖျတ် ပြေးနေ၏။

“ ဂျိန်း ... ။ ”

မိုးချိန်းသံများက တလိပ်လိပ် မြည်ဟည်းနေပြီး ဟင်းလင်းပြင်တစ်ခုလုံးတွင် ပျက်စီးခြင်း နိမိတ်များသာပြည့်နေသည်။

ဤဒေသအတွင်း ရောက်ရှိနေသူအဖို့ ဓမ္မအဆုံးခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့် ခံစားချက်မျိုးပေးစွမ်းချေပြီ။

စုရီတစ်ယောက် လေထုအလယ် ရပ်တန့်လျက် ခန္ဓာကိုယ်ပေါ်ရစ်ပတ်လာသည့် ကပ်ဘေးသံကြိုးများကို ဖြတ်တောက်ပစ်၏။

တစ်ဆက်တည်းမှာပင် သူဝင်ရောက်လာသော အလင်းတံခါးဝသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေ၏။

ဤနေရာသို့ ဝင်ရောက်လိုက်သည်နှင့် ထိုမမြင်ရသောကပ်ဘေးများမှာ တုပ်နှောင်ရန် ကြိုးစားလာခြင်းပေပင်။

“ ငါ့ကို အလစ်အငိုက် ချောင်းတိုက်ချင်တာလား။ ”

ထိုစဉ် လူရိပ်တစ်ရိပ်သည် အနားသို့ လျင်မြန်စွာပြေးဝင်လာ၏။ စုရီမှ လက်ဆန့်ကာ ဖမ်းယူလိုက်တော့သည်။ ယင်းသည် လူပုအဖိုးအိုဖြစ်၏။

“ တာအိုမိတ်တွေ ... ကျေးဇူးပြုပြီး လွှတ်ပေးပါ သူက မိုက်မဲတဲ့ ကျောက်တိုင် ဝိညာဉ်လေးတစ်ကောင်းပါ။ ”

ရုတ်တရက် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော်စုရီမှလျစ်လျူရှုပြီး လူပုအဖိုးအိုကို ဆုပ်ချေပစ်လိုက်၏။

“ ဘန်း ... ။ ”

လူပုအဘိုးအိုခမျာ ခန္ဓာကိုယ်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်လျက် ဝင်စားခြင်း သံသရာအတွင်း ဝင်ရောက် ပျောက်ကွယ် သွားတော့၏။

“ ဒါက အသေးစား အပြစ်ပေးမှုပဲ ... အဲ့ဒီကျောက်တိုင် ရှိနေသရွေ့ သူတကယ်ပဲ သေဆုံးမှာ မဟုတ်ပါဘူး။ ”

စုရီက တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် အဝေးတစ်နေရာရှိ ပျက်စီးနေသော အရပ်တွင် ရပ်နေသော လူရိပ်ထံ မော့ကြည့် လိုက်တော့၏။

ထိုသူမှာ ကုယွမ်ချွဲဖြစ်သည်။ တိတိပပ ဆိုရပါမူ နတ်တမန်၏ကျွန်မှ ထိုခန္ဓာကိုယ်ကို ဝင်ရောက်သိမ်းယူထားခြင်းဖြစ်၏။

စုရီမှ လူပုအဘိုးအိုထံ မညှာမတာ ချေမှုန်းပစ်လိုက်သည်ကိုမြင်သောအခါ ထိုသူ မျက်နှာမှာ အုံ့မှိုင်းသွားသည်။

“ မင်းရဲ့ နတ်တမန်ဆိုတာ ဘယ်မှာလဲ။ ”

စုရီမှ မေးလိုက်သည်။

“ ငါ့နောက်လိုက်ခဲ့။ ”

ကုယွမ်ချွဲက ပြောပြီးနောက် အဝေးသို့ ဦးတည်ပျံသန်းသွား၏။ စုရီမှ သူ့နောက်ထံပါးသို့ လိုက်ပါသွားတော့သည်။

များမကြာမီပင် အဝေးရှိမိုးကုပ်စက်ဝိုင်း၌ ကောင်းကင်ဘုံသို့ တက်လှမ်းသွားရာလမ်းမကြီး တစ်ခု ပေါ်လာခဲ့သည်။

ထိုလမ်းမကို မည်းနက်သော ကျောက်လှေကားထစ်များဖြင့် တည်ဆောက်ပြီး အဆုံးတွင် မြင့်မားသော စင်္ကြံတစ်ခုရှိနေခဲ့၏။

ထိုစင်္ကြံအပေါ်၌ ရှေးဟောင်း ယဇ်ပလ္လင်တစ်လုံး တည်ရှိသည်။ ယဇ်ပလ္လင်၏ ရှေ့တွင် ကြေးတိုင်ကြီးတစ်တိုင်ရှိ၏။

ထိုကြေးတိုင်တွင် အမျိုးသမီးတစ်ဦးကို ချည်နှောင်ထားကာ ဆံပင်ရှည်များဖရိုဖရဲဖြင့် ခေါင်းငိုက်စိုက်ကျနေသည်။

ဤသည်မှာ ဟုန်ယွင်ဖြစ်ပြီး သူမခန္ဓာကိုယ်ကို မီးခိုးရောင်သံကြိုးများဖြင့် ချုပ်လှောင်မေ့မြောနေသည့်စေသည်။

ကောင်းကင်သို့ ဦးတည်နေသော ကျောက်လှေကားလမ်း၊ ရှေးဟောင်းပလ္လင်နှင့် ကြေးနီတိုင်။ ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ စုရီမှမျက်မှောင်ကြုတ်သွားတော့၏။

“ တာအိုမိတ်ဆွေ ... နောက်ဆုံးတော့ ငါတို့ဆုံကြပြီ။ ”

“ ဂျိန်း ... ။ ”

ထိုလမ်းမကြီး၏ အထက်ကောင်းကင်၌ နီမှောင်သောမိုးတိမ်များအတွင်း လျှပ်စီးတန်း တစ်ခုသည် မိုးကြိုးပမာပြိုဆင်းလာပြီး အဆုံးတွင် အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲထွက်ပေါ်လာ၏။

ထိုသူသည် အနက်ရောင် ရွှေဝတ်ရုံကို ဆင်မြန်းထားပြီး အိုမင်းရင့်ရော်လှသည်။ သူ၏ ပိန်လှီသောခန္ဓာကိုယ်ကို သွေးလျှပ်စီးများဖြင့် ရစ်ပတ်ထား၏။ ဤသည်မှာ ဘေးဒုက္ခဆိုင်ရာ တားမြစ်စွမ်းအားများပေပင်။

သူ့ဦးခေါင်းတွင် ဆံပင်တစ်ချောင်းမျှ မရှိတော့ဘဲ ပြောင်လက်နေကာ မျက်ဝန်းသည် သွေးလကဲ့သို့ရဲရဲနီနေ၏။

ကောင်းကင်အောက်တွင် ကပ်ဘေးကြီးကို အုပ်စိုးသော နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားစွာ ရပ်နေပြီး လေးလံသောဖိအားပေးစွမ်းသည်။

“ မင်းက နတ်တမန်လား။ ”

စုရီက မေးလိုက်သည်။

“ ဟုတ်ပါတယ် ... ။ ”

ဝတ်ရုံရှည်ဖြင့် ကတုံးအဘိုးအိုက ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများတွင် ဝမ်းမြောက်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ဖြင့် လင်းလက်နေတော့၏။

“ ငါဒီနေ့ကို စောင့်မျှော်နေခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ အခုမင်းကို မြင်လိုက်ရတဲ့အတွက် အရမ်းဝမ်းသာမိတယ်။ ”

“ ဘာလို့လဲ ... ။ ”

“ မင်း နယ်မြေထဲကို ဝင်လာတည်းက ဝင်စားခြင်းဆိုတာ လုံးဝပျောက်ကွယ်သွားဖို့ ကံပါလာပြီးသားပဲ ... ပြီးတော့ ... ငါ့ကိုဒီမှာ ပိတ်လှောင်ထားရာကနေ လွတ်မြောက်စေပြီး ငါ့သခင်ဆီ ပြန်သွားခွင့်ရတော့မယ်။ ”

စုရီမှ မျက်ဝန်းများ မှေးစင်းသွားသည်။ တစ်ဖက်လူသည် ဝင်စားခြင်းဥပဒေကို လုယူရန် မဟုတ်ဘဲ ဖျက်ဆီးပစ်ရန် ဆန္ဒရှိနေချေ၏။

အထူးသဖြင့် ထိုရည်ရွယ်ချက်အတွက် နှစ်ကာလများစွာ ဤနေရာတွင် စောင့်ဆိုင်းခြင်း ပေပင်။ ယင်းသည် စုရီ၏ ခန့်မှန်းချက်ထက် များစွာ ကျော်လွန်နေချေ၏။

စုရီက အတန်ကြာ စဉ်းစားနေပြီးမှ၊

“ ဝင်စားခြင်းဥပဒေကို နတ်ဘုရား ပဋိညာဉ်အရ ခွင့်မပြုတဲ့ ဥပဒေအဖြစ်သတ်မှတ် ထားတယ် မဟုတ်လား ... ပြီးတော့ မင်းက နတ်တမန်ဆိုတော့ အဲဒီနတ်ဘုရားတွေအတွက် တကယ်ပဲ အမှုထမ်းနေတာလား။ ”

“ ဟားဟားဟား ... မင်းရင်ထဲမှာ သံသယတွေ အများကြီးရှိနေဦးမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ နတ်ဘုရားတွေနဲ့ သက်ဆိုင်တဲ့ ဘာကိုမှ ငါ မပြောပြနိုင်ဘူး။ ”

ထို့နောက် အဖိုးအိုက ကောင်းကင်သို့ တက်လှမ်းနေသော ကျောက်လှေကားလမ်းကို ညွှန်ပြကာ၊

“ မင်းသာ ဒီလမ်းကို လျှောက်ပြီး ယဇ်ပလ္လင်ရှေ့ကို ရောက်နိုင်မယ်ဆိုရင်တော့ မင်းသိချင်တဲ့ အဖြေတချို့ကို ငါပြောပြမယ်။”

-ဟု ပြောကြားလိုက်သည်။

“ ဒီလမ်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလို့လဲ။ ”

စုရီတစ်ယောက် မျက်ခုံးပင့်လျက် ကျောက်ခင်းလမ်းပေါ်သို့ မော့ကြည့်လိုက်ကာ မေးမြန်းလေသည်။

“ မင်းကိုယ်တိုင် ဘာလို့မစမ်းကြည့်ရတာလဲ။ ”

စုရီအကြည့်က လှေကားထစ်အဆုံး ကြေးနီတိုင်ပေါ်တွင် ချည်နှောင်ခံထားရသော ဟုန်ယွင်ထံသို့ ရောက်ရှိသွားပြီး၊

“ ကြည့်ရတာ ငါ့မှာ ငြင်းပယ်ခွင့် မရှိတော့ဘူး ထင်တယ်။ ”

-ဟု ညည်းညူလိုက်၏။

“ ဟားဟားဟား ... ။ ”

အဘိုးအိုက ကျေနပ်စွာ ရယ်မော လိုက်သည်။

“ မင်းသာ စောစောတည်းက ဒီထဲကို မဝင်လာခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူး အခုမင်းအတွက် တစ်လမ်းပဲရှိတယ်။ ”

“ ဝှစ် ... ။ ”

စုရီသည် အဖိုးအိုနှင့် အချိန်ဖြုန်းရန် ဆန္ဒမရှိတော့ဘဲ လျှပ်တပြက်လှုပ်ရှားသွားကာ လေထဲပျံတက်လိုက်သည်။

“ သွား ... ။ ”

တစ်ဆက်တည်းမှာပင် ဝင်စားခြင်း ဥပဒေများအသက်သွင်းကာ လက်ကိုဓားကဲ့သို့ အသုံးပြု၍ အဘိုးအိုထံ ခုတ်ပိုင်းချလိုက်၏။

“ အချည်းအနှီး ကြိုးစားမှုပဲ ... ဒီရှေးဟောင်းနယ်မြေပြင်ပမှာဆိုရင် ဝင်စားခြင်း ဥပဒေကို ငါကြောက်နိုင်ပေမယ့် ပုန်းနေမယ် ဆိုရင်တော့ မင်းရှာတွေ့မှာ မဟုတ်ဘူး။ ”

စကားဆုံးသည်နှင့် အဘိုးအိုပုံရိပ်သည် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး စုရီ၏ဓားအလင်းမှာ လေထဲလွင့်ပြယ်သွားတော့သည်။

စုရီတစ်ယောက် မျက်မှောင်ကြုတ်သွားပြီး နတ်အာရုံဖြင့်ရှာဖွေကြည့်သော်လည်း မည်သည့် အငွေ့အသက်ကိုမျှ မခံစားရချေ။

ဤနတ်တမန်ဆိုသူသည် ဝင်စားခြင်း စွမ်းအားကို အလွန်အမင်း ကြောက်လန့်နေပြီး တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့ချေ။

ထို့ကြောင့်ပင် သူသည် ဟုန်ယွင်ကို လှေကားထစ်များအဆုံးတွင် ချည်နှောင်ခဲ့ခြင်း ဖြစ်လေသည်။

ဆိုလိုသည်မှာ သူ့ကိုသေစေနိုင်သည့် ထောင်ချောက်များ လမ်းတလျှောက်တွင် ရှိနေ မည်မှာ သေချာချေ၏။

“ ဟားဟားဟား နတ်ဘုရားတောင် အလေးအနက်ထားနေရတဲ့ ဝင်စားခြင်းဥပဒေ စွမ်းအားကို ဘယ်လိုလုပ်ပြီး ငါ ပေါ့ပေါ့တန်တန် တုန့်ပြန်ဝံ့မှာလဲ။ ”

အဝေးတစ်နေရာ ကောင်းကင်ယံတွင် ဝတ်ရုံရှည် အဘိုးအို၏ ပုံရိပ် ပြန်ပေါ်လာသည်။ သူက အေးအေးလူလူပင်၊

“ ငါမင်းကို ပြောပြပါရစေ ... အဲ့ဒီ လှေကားလမ်းကို ဒုက္ခအသွယ်သွယ်လမ်းမလို့ ခေါ်တယ် အဲ့ဒီမှာ သတ်ဖြတ်ခြင်း အစီအရင်တွေနဲ့ ...

... ပြည့်နေတယ် ... မင်းလို ဝင်စားခြင်းဥပဒေကို ပိုင်ဆိုင်တဲ့ လူတစ်ယောက် အတွက် သီးသန့်ပြင်ဆင်ထားတာပဲ ...

... သတိပေးပါရစေ မင်းသာ အချိန်မီ မသွားဘူးဆိုရင် နောက်ထပ်(၁၂)နာရီအတွင်း မင်းရဲ့မိတ်ဆွေဟာ လုံးဝသန့်စင်ခံရလိမ့်မယ်။ ”

ထို့နောက် အဘိုးအိုက ပြုံးလျက်၊

“ ဟုတ်ပါတယ် မင်းငြင်းလို့လည်း ရတယ် ဒါပေမယ့် ... ဟိုမှာ ကြည့်လိုက်ဦး။ ”

-ဟုဆိုကာ ကောင်းက်င တစ်နေရာထံ လက်ညှိုးထိုးပြလိုက်၏။

ထိုအရပ်တွင် ကြောက်မက်ဖွယ် ကောင်းသော အက်ကြောင်းကြီးများ ဖြစ်ပေါ် လာနေသည်ကို မြင်တွေ့လိုက်ရသည်။

“ ငါ ဒီနေရာရဲ့ ပိတ်လှောင်မှု စွမ်းအားတွေကို လုံးဝရုပ်သိမ်းလိုက်ပြီ၊ နောက် (၃)ရက်အတွင်းမှာ ဒီရှေးဟောင်းနယ်မြေဟာ အစအနမကျန်အောင် ပြိုလဲပျက်စီးသွားပြီး ...

... အချိန်နဲ့အာကာသမုန်တိုင်းထဲမှာ ပျောက်ကွယ်သွားလိမ့်မယ် ... အဲ့ဒီအချိန်ကျရင် မင်းရဲ့မိတ်ဆွေအတွက် စိတ်မကောင်းပါဘူး ဟားဟားဟား ... ။ ”

အဘိုးအိုက အားရပါးရ ရယ်မောနေတော့သည်။ ထိုစဉ် ကုယွမ်ချွဲခမျာ ရုတ်တရက် ခန္ဓာကိုယ်တောင့်တင်းသွားပြီး လှည့်၍ထွက်ပြေးတော့၏။

“ ငါ့ကို ကယ်ပါ။ ”

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

အတိုင်းအဆမဲ့သော ဝင်စားခြင်း ဓားအလင်းတန်းတစ်ခုသည် ကုယွမ်ချွဲအပေါ် ကျဆင်းလျက် ထိုနေရာ၌ပင် အမှုန့်ဖြစ်အောင် ချေမှုန်းပစ်လိုက်တော့သည်။ ထို့နောက် စုရီက အဖိုးအိုထံ ပြန်မော့ကြည့်ကာ၊

“ ရယ်လေ မင်းဘာလို့ရပ်လိုက်တာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ အဘိုးအိုခမျာ မျက်နှာပျက်ယွင်းသွားပြီး၊

“ မင်လို ... ဝင်စားခြင်းဥပဒေကို ကိုင်ဆောင်ထားနိုင်သူတစ်ယောက်က အစေခံ တစ်ယောက်အပေါ် အနိုင်ကျင့်တာ မရှက်ဘူးလား။ ”

-ဟု မေးမြန်း၏။

“ ဟားဟားဟား ... နတ်တမန်ဖြစ်ပြီး ငါ့အဖော်ကို ဓားစာခံလုပ်ထားတာ အရှက်ရှိတဲ့ လုပ်ရပ်လား မင်းရဲ့နတ်ဘုရားသာသိသွားရင် ရှက်လွန်းလို့ သူ့လည်ပင်းသူ လှီးဖြတ် သတ်သေလိမ့်မယ်။ ”

“ ရိုင်းလိုက်တာ နတ်ဘုရားကို မင်းဘယ်လိုများစော်ကားဝံ့သလဲ။ ”

“ ဘာလို့လဲ နတ်ဘုရားတွေကို စော်ကားလို့မရဘူးလား စိတ်မပူပါနဲ့နောင်မှာ မင်းပြောတဲ့ နတ်ဘုရားတွေကို ငါကိုယ်တိုင် သုတ်သင်ပေးမယ်။ ”

“ အရမ်းမောက်မာတယ်။ ”

အဆုံးတွင်အဘိုးအိုမှာ စကားလုံးများ ပျောက်ဆုံးသွားတော့၏။ ထို့နောက်သက်ပြင်းချ လိုက်ကာ၊

“ ကောင်းပြီ အခု မင်းအသက်ရှင်နိုင်မလား ကြည့်ရအောင်။ ”

-ဟုဆိုကာ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။

ဤနည်းဖြင့် ဆိတ်သုဉ်းနေသော နယ်မြေကြီးတွင် စုရီနှင့်ကျောက်လှေကားအဆုံး ချည်နှောင်ခံထားရသော ဟုန်ယွင်တို့သာလျှင် ကျန်ရစ်ချေ၏။

နတ်တမန်သည် အနီးအနားတွင် ပုန်းအောင်းလျက် ချောင်းကြည့်နေမည်ကို သူ သိချေသည်။ သို့သော် သူ၏အစွမ်းထက်သော နတ်အာရုံဖြင့် ရှာဖွေခဲ့သော်လည်း ထိုသူ၏ အရိပ်အယောင်ကို ရှာမတွေ့ချေ။

“ အဲ့ဒီအဘိုးကြီးက ကောင်းကင်က ကပ်ဘေးတိမ်တိုက်တွေထဲ ပုန်းအောင်းနေတာ ဖြစ်ရမယ်။ ”

စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ ထိုမိုးတိမ်များသည် အတိုင်းအဆမဲ့ကျယ်ပြော လှသဖြင့် ရှာဖွေရသည်မှာ သမုဒ္ဒရာထဲတွင် အပ်ရှာသကဲ့သို့ ခက်ခဲလှပေ၏။

“ မေ့လိုက်ပါ ... အရင်ဆုံး ဟုန်ယွင်ကို ကယ်ပြီးမှ အဲ့ဒီအဘိုးကြီးနဲ့ ကောင်းကောင်း ကစားရမယ်။ ”

“ ဝှစ် ... ။ ”

စုရီမှ ဆုံးဖြတ်ချက်ချပြီးနောက် လေထဲပျံသန်းလျက် လှေကားထစ်များပေါ်သို့ ချက်ချင်းဆင်းသက်လိုက်၏။

“ ဟမ့် ... ။ ”

သို့သော် သူမြင့်မြင့်ပျံသန်းလေ ထိုကောင်းကင်လှေကားများသည် လိုက်ပါပြီး မြင့်တက်လာလေဖြစ်သည်။

“ ဂျိန်း ... ။ ”

“ အား ... ။ ”

ထိုစဉ် ကပ်ဘေးတိမ်တိုက်များထဲမှ လျှပ်စီးကြောင်းတစ်ခု ကြေးနီ‌ကျောက်တိုင်သို့ ပြိုဆင်းသွားသည်။ ချည်နှောင်ခံထားရသော ဟုန်ယွင်ခမျာ နာကျင်စွာ အော်ဟစ်လျက် ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင် သွားတော့၏။

ဆိုလိုသည်မှာ သူမြင့်မြင့်ပျံလေ ကျောက်လှေကားသည် ကပ်ဘေးတိမ်တိုက် များနှင့် ပို၍နီးကပ်လေဖြစ်သည်။

သူသည်သာ ကောင်းကင်သို့ အတင်း ပျံတက်ပါက ဟုန်ယွင်သည် မိုးကြိုးပစ်ကာ အရင်ဆုံးသေပေမည်။

ထို့ကြောင့် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်၏။ သို့မှသာကျောက်လှေကား သည်လည်း ပြန်လည် နိမ့်ဆင်းလာပြီး မြေပြင်နှင့် ထိကပ်သွားတော့သည်။

စုရီတစ်ယောက် အေးစက်သော အကြည့်များ တောက်ပလာချေ၏။ ဤသည်မှာ ထိုအဘိုးကြီးနောက်ကွယ်မှ ကြိုးကိုင်နေခြင်း ဖြစ်ချေပြီ။

တစ်နည်းအားဖြင့် သူသည် လှေကားထစ်များကိုတစ်ထစ်ချင်း နင်းဖြတ်ခြင်း မှတစ်ပါး အခြားနည်းလမ်း မရှိတော့ချေ။

***

All Chapters