← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း။ ၄၃

ရှရှုရွှယ်နှင့် ယန်ကျန်းဖေးတို့မှာမူ ယန်ဟန်၏ ကိုယ်ပေါ်ရှိ သွေးစုပ်အဆိပ်မျှော့များမှာ တရိပ်ရိပ် ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဦးရေပြားများ ထုံကျင်သွားပြီး တစ်ကိုယ်လုံးရှိ အမွေးအမျှင်များပင် ထောင်ထသွားတော့သည်။

ယန်ကျန်းဖေးမှာမူ အနည်းငယ် အခြေအနေကောင်းသည်ဟု ဆိုရမည်။ သူ၏ လက်မောင်းတစ်ဖက် ကျိုးသွားပြီဖြစ်သော်လည်း ကျန်ရှိသော လက်တစ်ဖက်ဖြင့် ဓားကို အမြန်ချလိုက်ကာ သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးစုပ်မျှော့များကို အလျင်အမြန် ဆွဲခွာတော့သည်။

ကံကောင်းသည်မှာ ဝေချွမ်းက သူ့ကို အရေးမပါသော လူတစ်ယောက်အဖြစ် သတ်မှတ်ထားပုံရပြီး သူ၏ ခါးနောက်ပိုင်းတွင် သေးငယ်သော မျှော့အနည်းငယ်သာ သွေးစုပ်နေခြင်းပင်။

သို့သော် ရှရှုရွှယ်မှာမူ ကော်ကျင်း၏ ချုပ်နှောင်ခြင်းကို ခံထားရသဖြင့် မလှုပ်ရှားနိုင်ချေ။ လက်မောင်းနှစ်ဖက်လုံးမှာလည်း အဆစ်ပြုတ်နေသဖြင့် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်ဘဲ ရှိနေသည်။ သူမ၏ ကျောပြင်ပေါ်တွင် စေးကပ်ကပ် အရာတစ်ခု တွားသွားနေသကဲ့သို့ ခံစားချက်ကိုသာ မရေမရာ ခံစားနေရ၏။

ဤမြင်ကွင်းကို တွေးတောမိရုံမျှဖြင့် ရှရှုရွှယ်မှာ စိတ်ဓာတ်များ ပြိုလဲလုနီးပါး ဖြစ်သွားရသည်။ သူမသည် မည်မျှပင် ပါးနပ်ပါစေဦးတော့ နောက်ဆုံးတွင် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်ရာ ဤကဲ့သို့သော ထူးဆန်းသည့် အဆိပ်ပိုးမွှားများ အထူးသဖြင့် သူမ၏ ကိုယ်ပေါ်တွင် တွားသွားနေသော သွေးစုပ်မျှော့များကို ကြောက်ရွံ့ရုံမျှမက အလွန်အမင်းပင် ရွံရှာမိတော့သည်။

ရှရှုရွှယ်ကို ချုပ်နှောင်ထားသော ကော်ကျင်းမှာမူ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေတော့သည်။

တောက်... ဝေချွမ်းကတော့ ထွက်ပြေးသွားပြီ...

သံမဏိကျားပင်လျှင် သူ့ကို ပစ်ထားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသော ဓားပြများမှာလည်း နှစ်ယောက်၊ သုံးယောက်မျှသာ ကျန်ရှိတော့ရာ သူလျှိုတစ်ယောက်ဖြစ်သော သူ၏ တည်ရှိမှုမှာ အလွန်ပင် ထင်ရှားနေတော့သည်။

"ထားလိုက်တော့... ငါက ကျောက်စိမ်းအိုးမျှော်စင်ကို အတော်လေး ပြစ်မှားမိသွားပြီ။ ဒီပိုင်လျန်ခရိုင်မှာ ငါ့အတွက် နေစရာနေရာ မရှိတော့ဘူး။ ယန်ဟန်နဲ့ တခြားသူတွေလည်း ဝေချွမ်းရဲ့ အဆိပ်ပိုးတွေကြောင့် အာရုံရှုပ်နေကြတုန်း ဒါဟာ ထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"ဒီတတိယသခင်မလေးကိုတော့..."

ဤသို့တွေးတောရင်း ကော်ကျင်း၏ အကြည့်မှာ ရှရှုရွှယ်ထံသို့ ကျရောက်သွားပြီး သူ၏ မျက်ဝန်းများတွင် လူသတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ငါ ကျောက်စိမ်းအိုးမျှော်စင်ကို အပြစ်လုပ်ပြီးမှတော့ အဆုံးထိပဲ လုပ်လိုက်တော့မယ်။ သူမကိုပါ သတ်ပစ်ရတာပေါ့"

ထိုအတွေး ဖြတ်ခနဲ ဝင်လာသည်နှင့် ကော်ကျင်းသည် သူ၏ လက်ရှိ သံဆေးတံကို မြှောက်၍ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ကျောမှ ဓားအလင်းတန်းတစ်ခု တိုးဝင်လာသဖြင့် ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားတော့သည်။

ဤဓားချက်မှာ လျင်မြန်ပြင်းထန်လှပြီး ရုတ်တရက် ကျရောက်လာခြင်းပင်။ ကော်ကျင်းမှာ ရိုးတွင်းခြင်ဆီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိထားသူဖြစ်သော်လည်း အိုမင်းမစွမ်းဖြစ်လာခြင်း၊ ခွန်အားများ လျော့နည်းလာခြင်းနှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲထားရခြင်းတို့ကြောင့် ဤဓားချက်ကို အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။

ရွှီး….

ကော်ကျင်းသည် နှလုံးကို ဖောက်ထွက်မည့် ဤဓားချက်ကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သော်လည်း ပုခုံးတွင်မူ အလှီးခံလိုက်ရသည်။ ပူစပ်ပူလောင် ဖြစ်သွားသည့် နာကျင်မှုနှင့်အတူ သွေးများ စီးကျလာတော့၏။

သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့ကို တိုက်ခိုက်သူမှာ အခြားသူမဟုတ်ဘဲ ကုယွမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"မင်းပါလား ကောင်လေး"

ကော်ကျင်းမှာ ချက်ချင်းပင် အံတင်းတင်းကြိတ်လိုက်မိသည်။ သူသည် စောစောကတည်းက ဤကောင်လေးကို သတိပြုမိထားပြီးဖြစ်ရာ ထိုသူမှာ အတော်လေး ဒုက္ခပေးမည့်သူ ဖြစ်ကြောင်း သိထားသည်။ ယခုမူ ကုယွမ်မှာ သူ့ကိုပါ ရန်စလာခဲ့ပြီ ဖြစ်သည်။

ချွင်….

ပထမဓားချက် မအောင်မြင်သော်လည်း ကုယွမ်သည် နောက်ထပ် ဓားချက်တစ်ချက်ကို အလျင်အမြန်ပင် ဆက်လက် ထိုးစစ်ဆင်လိုက်သည်။ ဓား၏ အေးစက်သော အလင်းတန်းမှာ ထက်မြက်လှပြီး သူက တရားမျှတစွာပင် အော်ဟစ်လိုက်သည်။

"အဘိုးကြီးကော်... မင်းလို ကျေးဇူးကန်းတဲ့ သစ္စာဖောက်က တတိယသခင်မလေးကို စော်ကားဖို့ ကြံစည်နေတာလား။ အသေပြင်ထားလိုက်တော့"

ယခုအခါ ဝေချွမ်းနှင့် သံမဏိကျားတို့ ထွက်ပြေးသွားပြီဖြစ်ရာ သူတို့ဘက်က အနိုင်ရရှိသွားပြီဖြစ်ကြောင်း အခြေအနေမှာ ရှင်းလင်းနေပြီ ဖြစ်သည်။ ထို့ကြောင့် ကုယွမ်မှာ လဲနေသူကို ထပ်ဆင့်နှက်ရန်နှင့် အခွင့်အရေးကို လက်လွှတ်မခံဘဲ မဆိုင်းမတွ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

အမှန်စင်စစ် ကျောက်စိမ်းအိုးမျှော်စင်၏ အထက်လူကြီးများက သူတို့ကို သားကောင်အဖြစ် အသုံးချခဲ့သည်မှာ မှန်ကန်သော်လည်း ဤသည်မှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။ အဆင့်မြင့်လူတန်းစားများ၏ မျက်လုံးတွင်မူ သူတို့ကဲ့သို့ သာမန်လူများမှာ နယ်ရုပ်များပင်။

သင်၏ တည်နေရာကသာ သင်၏ စိတ်နေစိတ်ထားကို ဆုံးဖြတ်ခြင်းပင်။

သူသည် နောက်ဆုံးတွင် ကျောက်စိမ်းအိုးမျှော်စင်၏ သာမန် ဆေးမြစ်ရှာဖွေသူတစ်ဦးမျှသာ ဖြစ်သည်။ အခြေအနေကို ပြောင်းလဲနိုင်သည့် အင်အားမရှိသည့်အချိန်တွင် ရရှိနိုင်သော အခွင့်အရေးကို အသုံးချ၍ အကျိုးအမြတ်ရှာခြင်းကသာ မှန်ကန်သော နည်းလမ်းပင်။

ကျောက်စိမ်းအိုးမျှော်စင်ကို ပြန်လည်တော်လှန်ခြင်း သို့မဟုတ် သူ၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြသခြင်းမှာ လူမိုက်တို့၏ အလုပ်သာ။

ကုယွမ်သည် ဤအခြေအနေကို အလွန်ပင် ရှင်းလင်းစွာ မြင်နေခဲ့သည်။

ဒီကောင်လေး... ဝေချွမ်းနဲ့ သံမဏိကျား ရှိနေတုန်းကတော့ ငါ့ကို တစ်ချက်တောင် မတိုက်ခိုက်ရဲဘဲနဲ့ အခုမှ လာပြီး ဟန်လုပ်နေတယ်ပေါ့...

ကော်ကျင်းမှာ အလွန်အမင်း စိတ်ပျက်သွားသဖြင့် သွေးပင် အန်ချင်စိတ် ပေါက်သွားတော့သည်။ သူသည် ရှရှုရွှယ်ကို ဂရုမစိုက်နိုင်တော့ဘဲ ကုယွမ်ကိုသာ အာရုံစိုက်လိုက်ရ၏။

ချွင်…..

သံစင်ဆေးတံဖြင့် ကုယွမ်၏ ဓားချက်ကို ဆီးကြိုပိတ်ဆို့လိုက်သော်လည်း သူ၏ လက်မောင်းမှာ ထုံကျဉ်သွားရသည်။ ဓားရှည်မှတစ်ဆင့် စီးဝင်လာသော ပြင်းထန်လှသည့် အားအင်ကြောင့် လက်ထဲမှ ဆေးတံမှာ လွတ်ကျလုနီးပါးပင်။

မကောင်းတော့ဘူး... ဒီကောင်လေးရဲ့ ခွန်အားက တကယ်ကို ကြီးတာပဲ

ကော်ကျင်း၏ မျက်နှာထားမှာ ပျက်ယွင်းသွားပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

သူသည် နောက်ထပ် ဓားချက် နှစ်ချက်ကိုသာ မနည်းခုခံလိုက်နိုင်ပြီးနောက် သံဆေးတံကို ဆက်လက် မကိုင်ထားနိုင်တော့ချေ။ ကုယွမ်၏ ဓားချက်ကြောင့် ဆေးတံမှာ လွင့်ထွက်သွားပြီးနောက် အေးစက်သော ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားကာ ဖောက်ဟူသော အသံနှင့်အတူ ဓားဦးမှာ သူ၏ လည်ပင်းကို ဖောက်ထွက်သွားတော့သည်။

"အု... အု... မင်း..."

ကော်ကျင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဒူးထောက်ကျသွားတော့သည်။ သူသည် လက်တစ်ဖက်ကို ကုယွမ်ထံသို့ လှမ်း၍ တစ်စုံတစ်ခုကို ပြောရန် ကြိုးစားနေသကဲ့သို့ သူ၏ လည်ချောင်းအတွင်းမှ ထူးဆန်းသော အသံများ ထွက်ပေါ်နေသော်လည်း ကုယွမ်က ဓားကို ပြန်နုတ်လိုက်သည့်အခါတွင်မူ သူသည် မည်သည့်စကားတစ်လုံးမျှ မဆိုနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကာ ခန္ဓာကိုယ်မှာ အနည်းငယ် တွန့်လိမ်သွားပြီးနောက် ငြိမ်ကျသွားတော့သည်။

ကော်ကျင်းကို သတ်ဖြတ်ပြီးနောက် ကုယွမ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ကာ စိုးရိမ်သည့်ဟန်ဖြင့် "တတိယသခင်မလေး... ဘာမှမဖြစ်ဘူး မဟုတ်လား" ဟု မေးလိုက်သည်။

ရှရှုရွှယ်မှာ အသိပြန်ဝင်လာပြီး သူ့ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ကြောက်ရွံ့သော မျက်နှာထားဖြင့် "မြန်မြန်... ငါ့ကျောပေါ်မှာ မျှော့တစ်ကောင် ရှိနေတယ်။ ငါ့ကို မြန်မြန် ကူညီပါဦး" ဟု အသည်းအသန် တောင်းဆိုတော့၏။

"ဒါကတော့..."

ကုယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဝန်လေးနေသည့်ဟန်ဖြင့် "တတိယသခင်မလေး... ယောကျာ်းလေးနဲ့ မိန်းကလေးက ထိတွေ့ကိုင်တွယ်ဖို့ မသင့်တော်ပါဘူး။ ဒါဟာ မလျော်ကန်ပါဘူး" ဟု ပြောလိုက်သည်။

ဒီကောင်လေးက တကယ်ကို ဇဝေဇဝါ လုပ်နေတာပဲ...

ရှရှုရွှယ်မှာ သူမ၏ မျက်လုံးများကို မယုံနိုင်အောင် ပြူးကြည့်လိုက်မိပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ ဖြူဖျော့နေသော သူမ၏ မျက်နှာမှာ ရှက်သွေးဖြန်းသွားတော့သည်။ သူမက အံတင်းတင်းကြိတ်လျက် ရှင်းပြလိုက်ရ၏။

"ငါ ခုနက ပြောတာ မရှင်းလို့လား။ ငါ့လက်မောင်းတွေက အဆစ်ပြုတ်နေလို့လို့ ပြောတာ။ တကယ်လို့ မင်း အရိုးဆက်တတ်ရင် ငါ့ကို ကူညီပေးပါ။ ကျန်တာကိုတော့ ငါ့ဘာသာငါ လုပ်နိုင်ပါတယ်"

"ဪ... အဲဒီလိုလား"

ကုယွမ်သည် အခုမှ နားလည်သွားသည့်ဟန် ဖမ်းလိုက်ပြီး ရှေ့သို့ တိုးကာ သူမ၏ လက်မောင်းကို ဖမ်းကိုင်လျက် အားဖြင့် တွန်းလိုက်သည်။

ဂျောက်…

ရှရှုရွှယ်မှာ အသံတိတ် ညည်းတွားလိုက်သော်လည်း သူမ၏ လက်မောင်းမှာ အားပြန်ရှိလာသည်ကို ခံစားလိုက်ရသည်။ ကုယွမ်သည် ကျန်ရှိသော အခြားလက်မောင်းကိုလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်ပေးလိုက်၏။

ဂျောက်….

လက်မောင်းနှစ်ဖက်လုံးမှာ မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။

ရှရှုရွှယ်သည် ကုယွမ်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ အနီးရှိ မြင်းလှည်းဆီသို့ သွား၍ သူမကိုယ်တိုင် သွေးစုပ်အဆိပ်မျှော့များကို ဖယ်ရှားတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ အခုပဲ တတိယသခင်မလေးရဲ့ အသက်ကို ကယ်ခဲ့ပြီးပြီဆိုတော့ ဒါဟာ အမှုထမ်းကောင်း တစ်ခုပဲ။ ငါတို့ ပြန်ရောက်တဲ့အခါ သူမရဲ့ဖခင် ရှမင်ယန်က ငါ့ကို တစ်စုံတစ်ခု ဆုချရလိမ့်မယ်...

ဒါ့အပြင် ငါ့ရဲ့ စွမ်းဆောင်ရည်က ဒီတစ်ခါမှာ အတော်လေး ကောင်းမွန်နေခဲ့တာဆိုတော့ သူတို့တွေ ငါ့အကြောင်းကို လျှို့ဝှက် စုံစမ်းစစ်ဆေးပြီး ငါ့ကို စည်းရုံးဖို့ ကြိုးစားကြမှာ အသေအချာပဲ

ကုယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိပြီးနောက် မလှမ်းမကမ်းရှိ ယန်ဟန်ကို လှမ်းကြည့်လိုက်သည်။

အထူးသဖြင့် အခုချိန်မှာ ယန်ဟန်က သူ့ရဲ့ လူအများအပြားကို ဆုံးရှုံးလိုက်ရရုံတင်မကဘဲ သူစီစဉ်ထားတဲ့ အစီအစဉ်ကလည်း တစ်ဝက်ပဲ အောင်မြင်ခဲ့တာကိုး။ ဝေချွမ်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်ပဲ လုပ်နိုင်ခဲ့တာ။ ဝေချွမ်းကတော့ ပုန်းကွယ်နေတုန်းပဲ

ထားလိုက်ပါတော့... ဒီပြဿနာတွေကို အခုလောလောဆယ် မတွေးတော့ဘူး။ အရင်ဆုံး နောက်ဆက်တွဲ ပြဿနာအချို့ကိုပဲ ဖြေရှင်းလိုက်တော့မယ်

ကုယွမ်သည် သူ၏ လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ယမ်းလိုက်ရာ လက်ထဲမှ ဓားရှည်ဆီမှ ဝီဝီဟူသော မြည်သံ ထွက်ပေါ်လာပြီး ဓားပေါ်ရှိ သွေးများမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။

ထို့နောက် သူသည် ဓားနှင့်အတူ လှုပ်ရှားလိုက်ရာ ဓားအလင်းတန်းမှာ ဝေ့ဝဲသွားပြီး မလှမ်းမကမ်းရှိ ထွက်ပြေးနေသော ဓားပြတစ်ဦး၏ ရင်ဘတ်ကို ဖောက်ခနဲ ထိုးဖောက်သွားတော့၏။

"အား..."

ထိုဓားပြ၏ အော်ဟစ်သံကြောင့် ကျန်ရှိသော ထွက်ပြေးနေသည့် ဓားပြများမှာ ပိုမို ထိတ်လန့်သွားကြတော့သည်။

ကုယွမ်သာမက အဆိပ်များကို မနည်းထုတ်ပယ်ထားရသော လော့ရှန့်နှင့် အဘိုးမိုတို့ပါ ပါဝင်လှုပ်ရှားလာကြရာ ကျန်ရှိနေသော ဓားပြများအားလုံးကို အကုန်အစင် ရှင်းလင်းပြီးမှသာ ရပ်တန့်လိုက်ကြတော့သည်။

မြေပြင်ပေါ်ရှိ ဓားပြများနှင့် မိမိတို့အဖော်များ၏ အလောင်းများကို ကြည့်ရှုရင်း လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး စိတ်မကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်းများဖြင့် ပြည့်နှက်နေကြတော့သည်။

အခန်း။ ၄၄

ဤခြုံခိုတိုက်ခိုက်မှုကို အနိုင်ရရှိခဲ့သည်ဆိုသော်လည်း ကျောက်စိမ်းအိုးမျှော်စင်ဘက်မှ အကျအဆုံး အလွန်များပြားလှသဖြင့် ၎င်းမှာ အရှုံးနှင့်မခြားသော အောင်ပွဲသာ ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ ဝမ်းသာအားရ ဖြစ်မနေကြချေ။

"ညီအစ်ကိုလော့... ကျန်တဲ့ကိစ္စတွေကိုတော့ မင်းပဲ စီစဉ်လိုက်ပါတော့။ ငါတော့ ဝင်မပါတော့ဘူး"

အဘိုးမိုသည် ခေါင်းခါယမ်းကာ နောက်ထပ် ပါဝင်ပတ်သက်လိုစိတ် မရှိတော့ဘဲ မြင်းလှည်းအတွင်းသို့ ပြန်ဝင်သွားတော့သည်။

အထွေထွေမန်နေဂျာ လော့ရှန့်သည် အလွန်အမင်း အားအင်ချည့်နဲ့နေသော ယန်ဟန်ကို တစ်

ချက်ကြည့်လိုက်ပြီးနောက် ကုယွမ်ထံသို့ အကြည့်လွှဲလိုက်ကာ

"ကုယွမ်... ဟုတ်တယ်မလား။ မင်းရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ထူးချွန်ပါတယ်။ ငါတို့ ကျောက်စိမ်းအိုးမျှော်စင်အတွက် အမှုထမ်းကောင်းခဲ့ရုံတင်မကဘဲ တတိယသခင်မလေးကိုပါ ကယ်တင်နိုင်ခဲ့တယ်။ ပြန်ရောက်တဲ့အခါ ငါက ခန်းမခေါင်းဆောင်ကို အစီရင်ခံပေးမှာမို့လို့ မင်းအနေနဲ့ ထိုက်တန်တဲ့ ဆုလာဘ်တွေ ရမှာကတော့ အသေအချာပဲ"

ငါ ခန့်မှန်းထားတဲ့အတိုင်းပါပဲလား...

ကုယွမ်သည် စိတ်ထဲတွင် အတွေ့အကြုံရင့်သော ခွေးအိုကြီးတစ်ကောင်ကဲ့သို့ တည်ငြိမ်နေသော်လည်း အပြင်ပန်းတွင်မူ အံ့သြဝမ်းသာသွားသည့်ဟန်ဖြင့် အလျင်အမြန်ပင် "ကျေးဇူးတင်ပါတယ် မန်နေဂျာကြီး" ဟု ပြန်ပြောလိုက်သည်။

"အေးလေ... ဒါကတော့ ပြန်ရောက်မှ လုပ်ရမယ့် ကိစ္စတွေပေါ့"

လော့ရှန့်က ခေါင်းညိတ်ပြကာ "အခုလောလောဆယ်တော့ ကုယွမ်နဲ့ တတိယသခင်မလေး... မင်းတို့နှစ်ယောက်လုံး ဒဏ်ရာမရထားကြဘူးဆိုတော့ ငါနဲ့အတူ လိုက်ခဲ့ကြ။ လေနက်ခံတပ်က ဓားပြအများစုကို ရှင်းလင်းပြီးပြီဆိုပေမဲ့ ကျန်နေတဲ့သူတွေက နောင်တစ်ချိန်မှာ အန္တရာယ်ဖြစ်လာနိုင်သေးတယ်။ နောင်ရေး စိတ်အေးရအောင် သူတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။

"ဒါ့အပြင် ငါတို့ ကျောက်စိမ်းအိုးမျှော်စင်ဘက်က အထိနာခဲ့တာဆိုတော့ လေနက်ခံတပ်က ရင်းမြစ်တွေကို သုံးပြီး အနည်းငယ်တော့ ပြန်ကာမိအောင် လုပ်ရမှာပေါ့"

ခင်ဗျားရဲ့ အဓိက ရည်ရွယ်ချက်က ဒုတိယအချက် ဖြစ်မှာပါ...

ကုယွမ်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

သို့သော်လည်း လေနက်ခံတပ်သို့ သွားရမည်ဆိုပါက သူလည်း အကျိုးအမြတ်အချို့ ရရှိနိုင်

သလို သူကိုယ်တိုင်လည်း လုပ်ဆောင်စရာ ကိစ္စအချို့ ရှိနေသည်။ ထို့ကြောင့် ကုယွမ်မှာ ကန့်ကွက်ရန် အကြောင်းမရှိချေ။

မလှမ်းမကမ်းတွင် ပြတ်တောက်သွားသော လက်မောင်းကို တိတ်ဆိတ်စွာ ကုသနေသော ယန်ကျန်းဖေးမှာ လော့ရှန့်၏ စကားများကို ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ကုယွမ်ကို မနာလိုဝန်တိုမှုများဖြင့် စိုက်ကြည့်နေတော့သည်။ သူ၏ မျက်နှာမှာလည်း အံကြိတ်ထားသဖြင့် တင်းမာနေ၏။

ငါ အမြဲနှိမ်ခဲ့တဲ့ ဒီငနဲက အခုမှ အခြေအနေတွေ ကောင်းနေပါလား။ ကံကောင်းရုံသက်သက်ဆိုရင် တော်သေးတာပေါ့... အခုတော့ တတိယသခင်မလေးကိုလည်း ကယ်ခဲ့သေးတယ်။ အထွေထွေမန်နေဂျာ လော့ရှန့်ကလည်း သူ့ကို သဘောကျနေပြီ။ ပြန်ရောက်တာနဲ့ ခေါင်းဆောင် ရှမင်ယန်ကပါ သူ့ကို အရေးပေးတော့မှာ။ ဒါက တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အခွင့်အရေးကြီးပဲ။

ယန်ကျန်းဖေးကိုယ်တိုင်မှာမူ ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး ရှားပါးသော သိုင်းပညာပါရမီရှိသူအဖြစ် မိသားစုရှိ လူကြီးသူမများ၏ အလေးပေးမှုကို ခံထားရသူဖြစ်သည်။ သူသည် သူ့ကိုယ်သူ အထင်ကြီးထားသူဖြစ်ကာ နောင်တစ်ချိန်တွင် အဆင့်မြင့်သိုင်းပညာရှင် ထိုမှတစ်ဆင့် ကောင်းကင်ဘုံလူသားအဆင့်အထိ တက်လှမ်းရန် ရည်မှန်းထားသူ ဖြစ်သည်။

ကျောက်စိမ်းအိုးမျှော်စင်သို့ ရောက်ရှိပြီးနောက်တွင်လည်း သူသည် အသိအမှတ်ပြုခံခဲ့ရရုံမျှမက စီမံခန့်ခွဲသူ ဦးလေးဖြစ်သူ၏ အားပေးမှုကြောင့် အနာဂတ်မှာ တောက်ပနေခဲ့ခြင်းပင်။

သို့သော် ယခုအခါ ဘာမဟုတ်သော ဆင်းရဲသားတစ်ဦးက သူ့ကို ကျော်တက်သွားသည်ကို သူ လုံးဝ လက်မခံနိုင်ချေ။

ဘာလို့လဲ။

ငါ့မှာ အဆင့်အတန်း၊ နောက်ခံအာဏာနဲ့ သိုင်းပညာ အားလုံးက ဒီကောင်ထက် သာလွန်နေတာကို အခုတော့ ဒီကောင်က ငါ့အပေါ်ကို တက်လှမ်းနေပြီပေါ့။

ယန်ကျန်းဖေးမှာ မကျေမနပ် ဖြစ်နေသော်လည်း သူ၏ ဒုတိယဦးလေး ယန်ဟန်မှာ မတ်တတ်ပင် မရပ်နိုင်ဘဲ မျက်နှာဖြူဖျော့လျက် တင်ပလ္လင်ခွေထိုင်ကာ ဒဏ်ရာကုသနေရသည်ကို မြင်သောအခါ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

လော့ရှန့်မှာ ပိုင်လျန်ခရိုင် ကျောက်စိမ်းအိုးမျှော်စင်၏ အထွေထွေမန်နေဂျာ ဖြစ်သလို အဆင့်မြင့်သိုင်းပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ယန်ဟန်ပင်လျှင် ဘာမှမပြောရဲသည့် အခြေအနေတွင် သူကဲ့သို့ လူငယ်တစ်ဦးမှာ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

ထို့ပြင် ယန်ဟန်မှာ ယခုတစ်ကြိမ်တွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ အကယ်၍ သူ အမြန်ဆုံး ပြန်လည် မသက်သာလာပါက သူ၏ ရာထူးမှာလည်း မမြဲနိုင်တော့ဘဲ ၎င်းမှာ ယန်ကျန်းဖေး၏ အနာဂတ်ကိုပါ ထိခိုက်စေမည် ဖြစ်သည်။

ဤသို့ တွေးတောမိရင်း သူသည်လည်း အမှုထမ်းကောင်းများ ပိုမိုရရှိရန် စိတ်ကူးလိုက်မိသည်။ သူသည် ကုယွမ်ကို တစ်ချက် စိုက်ကြည့်ကာ အံတင်းတင်းကြိတ်လျက် လော့ရှန့်အား လက်ကျန် လက်တစ်ဖက်ဖြင့် အလေးပြုလိုက်ကာ "ကျွန်တော့်ကိုလည်း လေနက်ခံတပ်ကို လိုက်ခွင့်ပြုပါဦး။ ကျွန်တော့်ရဲ့ အင်အားလေးနဲ့ တစ်ထောင့်တစ်နေရာက ကူညီချင်လို့ပါ" ဟု ပြောလိုက်သည်။

လော့ရှန့်သည် သူ၏ ပြတ်တောက်နေသော လက်မောင်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှအများကြီး မပြောတော့ဘဲ "ကောင်းပြီ... မင်းလည်း လိုက်ခဲ့လေ" ဟု ခေါင်းညိတ်ပြလိုက်သည်။

ကုယွမ်မှာမူ ယန်ကျန်းဖေး၏ စိတ်ကူးများကို မသိရှိသော်လည်း ယန်ကျန်းဖေး၏ ထူးဆန်းသော အကြည့်ကို သတိပြုမိလိုက်သဖြင့် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်မိသည်။

ငါ့ကို ရန်စချင်နေတာလား... အဲဒီလိုဆိုရင်တော့ မင်းက တကယ့်ကို ပြဿနာပဲ

"ဒီကောင်ရဲ့ အကြည့်တွေက ဘာဖြစ်နေတာလဲ။ ငါ့အပေါ် မကောင်းတဲ့အကြံရှိပြီး မနာလိုဖြစ်နေတာများလား"

သို့သော် ကုယွမ်သည် ထိုအကြောင်းကို အကြာကြီး တွေးမနေတော့ချေ။ သူသည် အလောင်းစားယင်ကောင်၏ အဆိပ်ကြောင့် အပေါက်အပြိုင်းပြိုင်း ဖြစ်နေသည့် သူ၏ ဓားရှည်ကို ကြည့်ကာ သက်ပြင်းချလျက် ပစ်ပယ်လိုက်တော့သည်။

"နှမြောစရာပဲ ဒီဓားကောင်းလေးတော့ ပျက်စီးသွားပြီ"

သူသည် မြေပြင်ပေါ်မှ အခြားထက်မြက်သော ဓားရှည်တစ်လက်ကို ကောက်ယူလိုက်စဉ်မှာပင် လော့ရှန့်က လှမ်းခေါ်လိုက်သဖြင့် လူအနည်းငယ်နှင့်အတူ လေနက်ခံတပ်ရှိရာသို့ ဦးတည်၍ ခထွက်ခွာလာခဲ့ကြသည်။

ဒဏ်ရာပြင်းထန်လှသော အဘိုးမိုနှင့် ကျန်ရှိသူများမှာမူ နေရာတွင်ပင် ကျန်ရစ်ခဲ့ကြ၏။

...

လမ်းခရီးတွင် ရှရှုရွှယ်သည် ကုယွမ်ကို ခဏခဏ ခိုးကြည့်နေပြီး တစ်စုံတစ်ခုကို ပြောချင်သော်လည်း ဝန်လေးနေသည့်ဟန် ပေါက်နေသည်။

ဤမြင်ကွင်းကို ရှရှုရွှယ်အား သူ၏ပိုင်နက်အဖြစ် အမြဲသတ်မှတ်ထားသော ယန်ကျန်းဖေးက မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ပြင်းထန်သော အာဃာတများ ဖြစ်ပေါ်လာတော့သည်။ သူ၏ ခေါင်းပေါ်တွင် အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ ခံစားနေရပြီး ကုယွမ်ကို ကြည့်သည့် သူ၏အကြည့်များမှာလည်း မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေ၏။

ငါက မင်းရဲ့ ဘိုးဘွားသင်္ချိုင်းကိုများ တူးခဲ့လို့လား ဒါမှမဟုတ် မင်းရဲ့ မိန်းမကိုပဲ ခိုးခဲ့လို့လား... မင်း ငါ့ကို ဒီလိုကြီး ကြည့်နေရအောင်...

ကုယွမ်သည် ဤငနဲ၏ ဦးနှောက်မှာ တစ်ခုခု ချို့ယွင်းနေသလားဟုပင် တွေးတောမိရင်း စိတ်ပျက်လက်ပျက် ဖြစ်နေတော့သည်။

ရှရှုရွှယ်သည် အတန်ကြာအောင် တွေးတောပြီးနောက်တွင်မူ သူမ၏ စိတ်ထဲ၌ တဝဲလည်လည် ဖြစ်နေသော မေးခွန်းကို မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ကုယွမ်... မင်း သိုင်းပညာသင်တာ တစ်လပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး မင်းရဲ့ ဓားသိုင်းက ဒီလောက်အထိ ကျွမ်းကျင်ပြီး ထက်မြက်နေရတာလဲ"

ယနေ့မတိုင်မီအထိ သူမသည် ဆေးမြစ်ရှာဖွေသူ ကုယွမ်ကို သိပ်ပြီး အာရုံမစိုက်ခဲ့မိချေ။ သို့သော် ကုယွမ်၏ ယနေ့ စွမ်းဆောင်ရည်မှာ အံ့သြမှင်သက်ဖွယ် ကောင်းလွန်းလှသည်။

သိုင်းပညာသင်ယူမှု တစ်လပင် မပြည့်သေးဘဲ ဤမျှ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခြင်းမှာ သူမ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်ခြင်းပင်။ သို့သော် ဤမေးခွန်းမှာ ကုယွမ်၏ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်နေသဖြင့် အားနာမိသွားကာ သူမ မေးလိုက်မိသည်ကို ချက်ချင်းပင် နောင်တရသွားတော့သည်။

သူမက ကုယွမ်အား ပြန်လည်ရှင်းပြရန် မလိုကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် ကုယွမ်က သူ၏ခေါင်းကို ကုတ်လျက် သူမကဲ့သို့ပင် ဇဝေဇဝါ ဖြစ်နေသည့်ဟန်ဖြင့်

"ဒါဟာ ကျွန်တော့်ရဲ့ အသိဉာဏ်ပွင့်လင်းမှုနဲ့ ဆိုင်မယ် ထင်ပါတယ်။ အစပိုင်းမှာ ဝိညာဉ်မြွေဓားသိုင်းကို ကျင့်စဉ်မှာ အနှစ်သာရကို မသိမြင်နိုင်ခဲ့ပေမဲ့ မြွေတစ်ကောင်ကို ဖမ်းပြီး နေ့ညမပြတ် စောင့်ကြည့်လေ့လာပြီးတဲ့နောက်မှာတော့ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒီဓားသိုင်းအပေါ်မှာလည်း နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့တာပါ"

မြွေတစ်ကောင်ကို ဖမ်းပြီး စောင့်ကြည့်တယ် ဟုတ်လား။

ဤစကားကို ကြားလိုက်ရသောအခါ ရှရှုရွှယ်မှာ အံ့အားသင့်သွားပြီး သူမ၏ လှပသော မျက်ဝန်းများဖြင့် ကုယွမ်ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေမိတော့သည်။ လော့ရှန့်နှင့် ယန်ကျန်းဖေးတို့၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။

အမှန်စင်စစ် ရှေးဦးသိုင်းပညာရှင်အများစုမှာ သဘာဝတရား၊ တောရိုင်းတိရစ္ဆာန်များနှင့် ဝိညာဉ်သားရဲများကို စောင့်ကြည့်လေ့လာပြီးမှသာ သိုင်းပညာရပ်များကို တီထွင်ခဲ့ကြခြင်းပင်။ ထို့ကြောင့် ကုယွမ်၏ ပြောစကားမှာ အထောက်အထား အချို့ရှိနေပြီး လူအများလည်း ထိုသို့ ပြုလုပ်လေ့ရှိကြသဖြင့် ၎င်းမှာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။

ဒါပေမဲ့ ဒါက တကယ်ရော ထိရောက်ပါ့မလား... တကယ်လို့ ဒီနည်းလမ်းကသာ တကယ်အလုပ်ဖြစ်မယ်ဆိုရင် သိုင်းလောကတစ်ခုလုံးမှာ သိုင်းပညာရှင်တွေချည်းပဲ ပြည့်နှက်နေမှာပေါ့။

သို့သော်လည်း အမှန်အတိုင်း ပြောရလျှင် ထူးကဲသော အသိဉာဏ်ရှိသူအချို့မှာမူ ဤသို့သော နည်းလမ်းဖြင့် အောင်မြင်မှုအချို့ ရရှိတတ်ကြသဖြင့် ကုယွမ်၏ စကားမှာ ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိသည်။

အကယ်၍ ကုယွမ်ပြောသည်မှာသာ အမှန်ဖြစ်ပါက သူ၏ အသိဉာဏ်မှာ အလွန်ပင် ထူးခြားနေသည်ဟု ဆိုလိုခြင်းပင်။

ဤသို့ တွေးတောမိသောအခါ ယန်ကျန်းဖေး၏ စိတ်ထဲတွင် ယင်ကောင်ချေးကို မျိုချလိုက်ရသကဲ့သို့ အလွန်ပင် မအီမသာ ဖြစ်သွားရပြန်သည်။

အခြားတစ်ဖက်တွင်မူ လော့ရှန့်သည် ကုယွမ်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်သည်။

...

လေနက်ခံတပ်မှာ သိပ်မဝေးလှချေ။ တောင်တက်လမ်းအတိုင်း အတန်ကြာ လျှောက်လှမ်းပြီးနောက် တောင်လယ်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။

ဤညီညာသော နေရာတွင် သစ်သားနှင့် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ခံတပ်

တစ်ခုရှိပြီး ၎င်းမှာ အတော်ပင် ရိုးရှင်းလှသည်။

လက်ရှိတွင် ခံတပ်၏ အဝင်ဝရှိ ကင်းတဲတွင် ကင်းစောင့်သူ မရှိတော့ချေ။ တံခါးဝတွင်လည်း ခေါင်းပြတ်နေသော အလောင်းနှစ်လောင်း လဲလျောင်းနေသည်ကို တွေ့ရှိလိုက်ရသည်။

"ဒါဟာ သံမဏိကျားရဲ့ လက်ချက်ပဲ။ ဒါပေမဲ့ သူ ဒီကနေ ထွက်သွားလောက်ပြီ။ သူ အဖိုးတန်

ပစ္စည်းတွေကို လာယူတာ ဖြစ်ရမယ်။ ပြီးတော့ သူ ဘယ်ကိုသွားတယ်ဆိုတာကို ဘယ်သူမှ မသိအောင် သက်သေဖျောက်တဲ့ အနေနဲ့ ဒီလူတွေကို သတ်သွားတာပဲ ဖြစ်လိမ့်မယ်"

လော့ရှန့်၏ မျက်လုံးများမှာ အလွန်ပင် စူးရှလှသည်။ သေးငယ်သော သဲလွန်စအချို့ကို ကြည့်ရုံမျှဖြင့် ဖြစ်ပျက်ခဲ့သမျှကို သူ ခန့်မှန်းနိုင်ခဲ့သည်။

All Chapters