အခန်း (၆၀၄-၆၀၆)
Vol. 41 Ch. 604-606
အပိုင်း ၆၀၄ - နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်၊ ဒီဗိုင်းအသွင်အဆင့်သို့ ချိုးဖျက်ခြင်း
ထိုစကားကို ကြားရပြီးနောက် ကြောင်နီ၏ မျက်လုံးများက ပြူးကျယ်သွားပြီး နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"အဲ့ဒီ့လူကို ငါဆီကို ခေါ်လာခဲ့.."
"အရှင်မင်းကြီး... အဲ့ဒီ့လူက အားမနည်းပါဘူး... သူ့ကိုဖမ်းဖို့ လွယ်ကူမှာမဟုတ်ဘူး.."
စိတ်ဝိဉာဉ်သားရဲက ပြော၏။
ထိုစကားကိုကြားရပြီးနောက် ကြောင်နီက အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများကိုကြည့်ကာ အမိန့်ပေးသည်။
"အဲ့ဒီ့လူကို ငါ့ဆီကို ဘယ်သူသွားခေါ်လာမလဲ.."
"အရှင်မင်းကြီး... ကျွန်တော် ခေါ်လာခဲ့ပါမယ်.."
အခြားအကောင်များကို မည်သည့်အခွင့်အရေးမှ မပေးဘဲ နှင်းဝံပုလွေက ရှေ့သို့ခုန်ထွက်ကာ အကြောင်းလာကြားသည့် စိတ်ဝိဉာဉ်သားရဲကို ဆွဲခေါ်ပြီး ခန်းမအတွင်းမှ လျှင်မြန်စွာ ထွက်ခွာသွား၏။
ကောင်းကင်ဗိမ္မာန်ဒေသ၏ နေရာတစ်ခုတွင် ကျုရှင်ကျန့်သည် စိတ်ဝိဉာဉ်သားရဲများကို ထပ်မံ လာရောက်လှည့်ဖျား၏။
သို့ပေမယ့် သူ့ကို ပဟေဠိဖြစ်သွားစေသည်မှာ ထိုစိတ်ဝိဉာဉ်သားရဲများသည် အရင်ကနှင့် ခြားနားစွာ ပြုမူနေကြခြင်း ဖြစ်သည်။
အရင်တုန်းက ကောင်းကင်ဗိမ္မာန်ဒေသအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူသည် စိတ်ဝိဉာဉ်သားရဲများကို လှည့်ဖျားကာ ထိန်းချုပ်ရန် ခက်ခဲခြင်း မရှိခဲ့ပေ။
သို့ပေမယ့် ယခုအချိန်၌ ပိုမိုခက်ခဲလာခဲ့၏။ ထိုစိတ်ဝိဉာဉ်သားရဲများသည် အရူးလုပ်ခြင်းခံရရန် တုံ့ဆိုင်းနေဟန် ရှိသည်။ နားမထောင်ချင်သကဲ့သို့ နားများကိုပင် ပိတ်ထားကြ၏။
'ထူးဆန်းတယ်... ငါ စိတ်ဝိဉာဉ်သားရဲတွေကို လှည့်ဖျားတဲ့ လျှို့ဝှက်ချက်များ ပေါ်သွားလို့လား... ဒီစိတ်ဝိဉာဉ်သားရဲတွေက ဘာလို့ ငါ့ရဲ့ ချိုသာတဲ့စကားတွေအောက်မှာ လှည့်ဖျားခံရမှာကို ကြောက်နေသလို ဖြစ်ကုန်ကြတာလဲ..'
ကျုရှင်ကျန့်သည် နားမလည်မှုတို့ဖြင့် ပြည့်နက်နေ၏။
ရုတ်တရက် သူ၏မျက်နှာက ပြောင်းလဲသွားလေသည်။ အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲ၏ အငွေ့အသက်ကို ရလိုက်၏။
သို့ပေမယ့် မကြာခင်တွင် ပြန်လည် တည်ငြိမ်သွားသည်။ ဤသည်မှာ အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲတစ်ကောင်သာ ဖြစ်၏။ အရင်တုန်းက လိမ်လည်လှည့်ဖျားခဲ့ဖူးခြင်း မရှိတာမဟုတ်ပေ။
အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် အနေနှင့် သူသည် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို ကိုင်တွယ်နိုင်စွမ်း ရှိပါသေးသည်။
"မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ကျုရှင်ကျန့်က စိတ်ဝိဉာဉ်သားရဲဘုရင်ကို နှုတ်ဆက်ပါတယ်.."
တစ်ဖက်သားရဲသည် သားရဲဘုရင် ဟုတ်ဟုတ်မဟုတ်ဟုတ် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်ရာ သင့်တော်စွာ မည်ကဲ့သို့ သုံးနှုန်းရမည်ကို သူနားလည်၏။
"ဒါဆိုရင်... ငါတို့ နတ်ဆိုးမျိုးနွယ်ကို လိမ်လည်လှည့်ဖျားနေတဲ့သူက မင်းပေါ့... ငါနဲ့လိုက်ခဲ့.."
ကျုရှင်ကျန့်မှာ ကြောင်တောင်သွားသည်။
'နတ်ဆိုးမျိုးနွယ်...'
ထို့အပြင် တစ်ဖက်သားရဲသည် မည်သည့်စကားမှပင် မဆိုပဲ တိုက်ခိုက်မှု ပြုလာခဲ့၏။ သူ့အနေနှင့် ခုခံလိုလေသည်။ သို့ပေမယ့် ထိုသားရဲမှာ အလွန် စွမ်းအားကြီးမားကြီးမားလှ၏။ ကြီးစိုးလှသည့်ခွန်အားနှင့် သူသည် ခုခံမှုပြုလျှင်တောင် အခွင့်အရေးရှိမည် မဟုတ်ပေ။
"အရှင်မင်းကြီး... ကောင်းကောင်းမွန်မွန် ပြောကြရအောင်လား... မတိုက်ခိုက်ပါနဲ့... ကျွန်တော့မှာ..."
သူသည် ဒန်ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အမည်ကိုအသုံးပြုကာ ထိုသားရဲကို လိမ်လည်လှည့်ဖျားတော့မည် ဖြစ်၏။
"မင်းက ဘယ်သူ့ကို သားရဲလို့ခေါ်နေတာလဲ... ငါက နတ်ဆိုးမျိုးနွယ်က အကြီးအကဲပဲ.."
နှင်းဝံပုလွေက နှာခေါင်းရှုံ့ကာ ပြောသည်။
ကျုရှင်ကျန့်မှာ လုံးဝ ကြောင်တောင်သွား၏။ သူသည်တစ်ဖက်သားရဲကို သားရဲဘုရင်ဟုပင် ခေါ်ဆိုခဲ့လေသည်။
အဘယ်ကြောင့် အစော်ကားခံရသည့်နှယ် တုံ့ပြန်ခဲ့သနည်း။ ထို့အပြင် နတ်ဆိုးမျိုးနွယ်၏ အကြီးအကဲလေလား။
လင်းနယ်မြေတွင် ဘယ်တုန်းက နတ်ဆိုးမျိုးနွယ် ပေါ်ပေါက်လာခဲ့သနည်း။ သူတို့အားလုံးသည် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများ မဟုတ်ပေဘူးလား။
"ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ရဲ့အမိန့်နဲ့ ငါမင်းကို လာဖမ်းတာ.."
ထိုစကားကိုပြောပြီးနောက် နှင်းဝံပုလွေသည် ကျုရှင်ကျန့်ကို လျှင်မြန်စွာဖြင့် ဆွဲခေါ်သွား၏။
ခန်းမအတွင်းတွင် ကြောင်နီသည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်းမှ ခေါင်းငုံ့ကြည့်၏။ ခန်းမ၏တစ်ဖက်တွင် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲအုပ်စုသည် လေးနက်စွာဖြင့်ရပ်ပြီး နှင်းဝံပုလွေက ကျုရှင်ကျန့်အား ခေါ်ဆောင်လာသည်ကို ကြည့်ရှု့နေလေသည်။
ဒီအချိန်၌ ကျုရှင်ကျန့်သည် လူတစ်ကိုယ်လုံး ကြောက်ရွံ့စွာ ခံစားလိုက်ရ၏။ သူသည် ဆိုးရွားသည့် အခြေအနေအတွင်းသို့ ကျရောက်ခဲ့ခြင်းကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။
နှင်းဝံပုလွေက ကျုရှင်ကျန့်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် လေးစားစွာပြောသည်။
"ကြီးမြတ်တဲ့နတ်ဆိုးဘုရင်... ကျွန်တော် အမိန့်အတိုင်း ဒီလူကို ခေါ်လာခဲ့ပါပြီ.."
"အင်း... အရမ်းကောင်းတယ်.."
ကြောင်နီကခေါင်းငြိမ့်သည်။
ကျုရှင်ကျန့်၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် အစိမ်းရောင် ပြောင်းလာခဲ့၏။ ခန်းမအတွင်းတွင် ရှိနေကြသည့် သားရဲအားလုံးတို့သည် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲကြီးများ ဖြစ်ကြ၏။
ပိုမိုကြောက်စရာကောင်းသည်မှာ ထိုစိတ်ဝိဉာဉ်သားရဲများအကြားတွင် စစ်မှန်သည့် ဘုရင်တစ်ပါး တည်ရှိနေခြင်း ဖြစ်သည်။ သူသည် စိတ်ဝိဉာဉ်သားရဲမျိုးနွယ် တစ်ခုလုံးကို အုပ်စိုး၏။
ကျုရှင်ကျန့်သည် ခေါင်းမော့ကြည့်လိုက်ပြီးနောက် ပုလ္လင်သုံးခုတို့ကို တွေ့လိုက်ရသည်။ အတောက်ပဆုံးပုလ္လင်ပေါ်တွင် ရွှေကြိုးကြီးကို လည်ပင်း၌ ဆွဲထားသည့် ကျားတစ်ကောင် ထိုင်နေ၏။ ကြည့်ရသည်မှာ အလွန်ထူးကဲပြီး ချမ်းသာကြွယ်ဝသည့် အငွေ့အသက်ကို ပေးစွမ်းနေပါသည်။
ဘယ်ဘက်ပုလ္လင်တွင်တော့ ကျောက်စိမ်းနဂါးတစ်ကောင်ရှိပြီး ညာဘက်ပုလ္လင်တွင် ဖားတစ်ကောင် ရှိသည်။
"ဖားတစ်ကောင်ကလည်း ဒီလောက်အထိ စွမ်းအားကြီးနိုင်တာလား..."
"ဂုဏ်သရေရှိနတ်ဆိုးဘုရင်... ကျွန်တော် ကျုရှင်ကျန့်က မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပါတယ်။ ကောင်းကင်ဗိမ္မာန်ဒေသကို လာခဲ့တာကလည်း ကျွန်တော်တို့နဲ့ စိတ်ဝိဉာဉ်သားရဲတွေအကြားမှာ ရှိတဲ့ သဘောတူညီမှုအတွက် လာရောက်ဆွေးနွေးတာပါ..."
ကြီးမားသည့်ဖိအားကို ခံစားရချိန်၌ ကျုရှင်ကျန့်သည် အကြံဉာဏ်ထုတ်ကာ အမြန်စကားဆို၏။ သူသည် မျိုးဆက်စုံ မဟာမိတ်အဖွဲ့၏ အမည်ကို တစ်ခါတည်း ထုတ်ဖော်ပြောကြားကာ သတ်ဖြတ်မှုခံရခြင်းမှ ရှောင်လွှဲရန် ကိုယ့်ကိုယ်ကိုယ် အဖွဲ့၏ကိုယ်စားပြုသူ သံတမန်တစ်ယောက်အဖြစ် သုံးနှုန်းခဲ့၏။
"မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ စိတ်ရင်းကို ဖော်ပြဖို့အတွက် ကျွန်တော်တို့တွေ လောကကြီးမှာ ရှာတွေ့ဖို့ခက်ခဲတဲ့ ရှားပါးပြီးအဖိုးတန်တဲ့ ဆေးလုံးတွေကို ပြင်ဆင်ထားပါတယ်... ဒီက ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကို ဆက်သလိုပါတယ်.."
ကျုရှင်ကျန့်သည် ဒန်ဆေးလုံးတစ်ပုလင်းကို လျှင်မြန်စွာထုတ်လိုက်၏။ ချန်ချင်းစံအိမ်နှင့် သူ၏ ကောင်းမွန်သည့် ဆက်ဆံရေးကြောင့် သူသည် ဒန်ဆေးလုံးများစွာတို့ကို ဝယ်ယူခဲ့၏။
ယခုအချိန်၌ ချန်ချင်းစံအိမ်သခင် စုလင်းရှုံ၏ ဂျူနီယာမောင်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ငယ်ဖြစ်လာခဲ့ရာ ဆေးလုံးဝယ်ယူမှုမှာ ပိုမိုကာပင် များပြားလာခဲ့သည်။
သူ၏ခွန်အားတို့ လျှင်မြန်စွာ တိုးတက်ခဲ့သည်မှာလည်း ထိုဆေးလုံးများနှင့် ပတ်သက်နေ၏။ ထို့အပြင် သူသည် ဆေးလုံးများကိုအသုံးပြုကာ စိတ်ဝိဉာဉ်သားရဲများစွာတို့အား လှည့်ဖျားပြီး ကောင်းကင်ဗိမ္မာန်ဒေသမှ သူနှင့်အတူ ခေါ်ဆောင်ခဲ့လေသည်။
သူသာ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အမည်ကို ပြောလိုက်ပြီး ဒန်ဆေးလုံးများကို ဆက်သလိုက်သည်နှင့် ဒီခရီးစဉ်သည် လုံခြုံမှုရှိပြီး မည်သည့်အန္တရာယ်မှ ပေါ်လာမည်မဟုတ်ဟု ကျုရှင်ကျန့် ယုံကြည်၏။
ကြောင်နီက ကျုရှင်ကျန့်၏လက်ထဲရှိ ဒန်ဆေးလုံးကိုကြည့်ကာ အတွေးနက်သွားသည်။ လောကကြီးတွင် ချန်ချင်းစံအိမ်သာလျှင် ယခုကဲ့သို့သော ဆေးလုံးများကို ဖန်တီးနိုင်၏။
လင်းနယ်မြေတစ်ခုလုံးတွင် စုလင်းရှုံသာ ၎င်းတို့ကိုသန့်စင်နိုင်စွမ်း ရှိသည်။ သူမသည် နတ်ဆိုးမျိုးနွယ်၏ ကောင်းကင်မိခင် ဖြစ်၏။
တစ်ဖက်လူသာ ချန်ချင်းစံအိမ်၏ မိတ်ဆွေတစ်ဦး ဖြစ်ပါက သတ်ဖြတ်လို့ မဖြစ်ပေ။ သို့ရာတွင် လက်ရှိ ချန်ချင်းစံအိမ်၏အခြေအနေအား သူ့အနေနှင့် ရှင်းလင်းခြင်း မရှိပါ။ ဒန်ဆေးလုံးများကို အပြင်လူများအား ရောင်းချနှင့်နေပြီလား မသိပေ။
လက်တစ်ဝှေ့နှင့်အတူ ကျုရှင်ကျန့်၏ လက်ထဲရှိ ဒန်ဆေးလုံးများက ပျံသန်းလာခဲ့၏။ သူသည် ပုလင်းကိုဖွင့်ကာ စစ်ဆေးကြည့်လိုက်ပြီးနောက် အမှန်တကယ်ကို စုလင်းရှုံ ပြုလုပ်ထားသည့် ဆေးလုံးများ ဖြစ်ကြောင်းအား တွေ့လိုက်ရသည်။
ထိုပုံကိုတွေ့ရပြီးနောက် ကျုရှင်ကျန့်က စိတ်သက်သာရာရသွားသည်။
"ငါ့ကို သိုလှောင်အိတ်ပေး.."
ရလဒ်အနေနှင့် ကြောင်နီက လက်ချောင်းကိုမြှောက်ကာ ထက်မြသော လက်သည်းများပေါ်လာပြီး လက်ယက်ရင်းက ပြော၏။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ.."
ကျုရှင်ကျန့်သည် နှလုံးသားထဲတွင် ကျိန်ဆဲမိ၏။ သို့ပေမယ့် ရွေးချယ်စရာမရှိဘဲ သိုလှောင်အိတ်ကို နာခံစွာ ပေးရလေသည်။
'ကံကောင်းစွာပဲ... မဟာမိတ်အဖွဲ့ခေါင်းဆောင်ငယ် ဆီကနေပြီး သိုလှောင်လက်စွပ်တစ်ခုကို ငါရထားတယ်။ မဟုတ်ရင်တော့ အကုန်လုံး အလုခံရတော့မှာ..'
ကျုရှင်ကျန့်သည် တိတ်တဆိတ် စိတ်သက်သာရာ ရစွာ ခံစားလိုက်ရ၏။ သူ၏ အဖိုးအတန်ဆုံးသော ပစ္စည်းများကို သိုလှောင်လက်စွပ်အတွင်းတွင် ထည့်ထားလေသည်။
လင်းနယ်မြေတွင် ခေတ်နောက်ကျကျန်ခဲ့ပြီ ဖြစ်သည့် သိုလှောင်အိတ်အတွင်းတွင်တော့ စုစည်းမှု အနည်းငယ်တို့ကိုသာ ထည့်ထား၏။ တစ်နေ့နေ့တွင် အလုခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
"အဲ့ဒီ့ လက်စွပ်လည်း ငါ့ကိုပေး.."
ကြောင်နီက သူ၏လက်ဝါးကို ဆက်လက်ဖြန့်ရင်းကပြော၏။
"ဂုဏ်သရေမြင့်မားပြီး ကြီးမြတ်တဲ့နတ်ဆိုးဘုရင်... ဒီလက်စွပ်ကို ကျွန်တော့်ရဲ့ချစ်သူက ချစ်ခြင်းသင်္ကေတအဖြစ် ပေးထားတာပါ... ကျွန်တော်တောင်းပန်ပါတယ်... ကျွန်တော်ချစ်သူက လောကကြီးကနေ ထွက်ခွာသွားခဲ့ပြီးပြီ။ ဒါက သူမ အကျွန်တော်အတွက် ချန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော အရာလေးပါ..."
အပိုင်း ၆၀၅ - နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်၊ ဒီဗိုင်းအသွင်အဆင့်သို့ ချိုးဖျက်ခြင်း(၂)
ကျုရှင်ကျန့်၏ နှလုံးသားက အခုန်မြန်သွား၏။ ဒီညး ဖက်တီးကျားနှင့် ပတ်သက်ပြီး မည်သည်တို့ မှားယွင်းနေသနည်း။
ဒီကောင်သည် အဘယ်ကြောင့် သူ၏ သိုလှောင်လက်စွပ်ကို အလွန်စိတ်ဝင်စားနေရသနည်း။ သို့ရာတွင် သူသည် ပုံပြင်တစ်ခုကို ချက်ချင်း တုံ့ပြန်ဖြေကြားရပေမည်။
ထို့ကြောင့် ချစ်ရသူဆီမှ အမှက်တရပစ္စည်းအဖြစ် ပြောဆိုကာ နောက်ဆုံးတွင် မျက်ရည်များပင် ကျလုမတတ် ဖြစ်လာခဲ့၏။
သူ၏ပုံပြင်က သားရဲပေါင်းများစွာတို့ကို ခံစားသွားရစေပြီး သူ့ကို သစ္စာတရားနက်ရှိုင်းသည့် လူတစ်ယောက်အဖြစ် ထင်မိကြ၏။ စိတ်ဝိဉာဉ်သားရဲ အားလုံးတို့သည် ကျုရှင်ကျန့်ကို ဂရုဏာသက်သည့် မျက်လုံးများဖြင့် ကြည့်မိကြသည်။
"ပေးမှာသာပေး.. မင်းရဲ့လက်စွပ်ကို ငါမယူဘူး.."
ကြောင်နီက တည်ငြိမ်နေသည့် မျက်နှာဖြင့်သာ ဆက်လက်ပြော၏။
ကျုရှင်ကျန့်သည် နှလုံးသားထဲ၌ ကျိန်ဆဲမိလိုက်သည်။
ဒီဖက်တီးကျားသည် အဘယ်ကြောင့် မည်သည့် သနားစိတ်မှ မရှိရသနည်း။
စူးရဲသည့်အကြည့်ကို ခံစားရပြီးနောက် သူသည် တံတွေးများကိုမျိုချကာ လက်စွပ်ကိုသာ လက်လွှဲပေးလိုက်ရသည်။
'စိတ်ပူစရာမလိုဘူး... ဒီလက်စွပ်ကို မဟာမိတ်ခေါင်းဆောင်ငယ်ကိုယ်တိုင် ပြုလုပ်ထားတာ။ အဲ့ဒီ့အပေါ်မှာ ငါ့ရဲ့အမှတ်အသား ချန်ထားတယ်။ အဲ့ဒါကြောင့်မလို့ အခြားလူတွေ အတွင်းထဲမှာ လေဟာနယ်တစ်ခုရှိတာကို ရှာတွေ့နိုင်မှာမဟုတ်ဘူး..'
ကျုရှင်ကျန့်သည် ထိုကဲ့သို့တွေးမိပြီးနောက် ပြန်လည်တည်ငြိမ်လာခဲ့၏။ ပြီးနောက် ပြောလေသည်။
"လေးစားရပါသော မဟာနတ်ဆိုးဘုရင်... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ချစ်ခြင်းသင်္ကေတကို ပြန်ပြီးပေးပါ။ အဲ့ဒါမရှိရင် ကျွန်တော် ဘယ်လိုမျိုးဆက်ပြီး အသက်ရှင်ရမလဲ သိမှာမဟုတ်တော့ဘူး..."
"စိတ်မပူပါနဲ့... ငါမင်းကို ပြန်ပေးမှာပါ.."
ကြောင်နီက ခေါင်းငြိမ့်ကာ ကျုရှင်ကျန့်၏ မှင်သက်နေသည့် အကြည့်အောက်တွင် သူသည် တစ်ဖက်လူ၏သင်္ကေတကို ဖျက်လိုက်၏။
ပြီးနောက် သိုလှောင်လက်စွပ်အတွင်းမှ အရာအားလုံးတို့ကို သိုလှောင်အိတ်အတွင်းသို့ လွှဲပြောင်းကာ လက်စွပ်ကို ပြန်လည်ပစ်ပေးလိုက်သည်။
"မင်းကို ပြန်ပေးလိုက်မယ်.."
ကျုရှင်ကျန့်မှာ အလွန် အော်ငိုချင်နေ၏။ သို့ပေမယ့် အော်ငိုနိုင်ခြင်း မရှိပေ။ သူသည် နာကျင်စွာခံစားနေရပြီး တစ်ဖက်လူကို အပြုံးဖြင့်သာ ကျေးဇူးတင်ရသည်။
"ကျေးဇူးတင်ပါတယ် မဟာနတ်ဆိုးဘုရင်.."
"အင်း.."
ကြောင်နီက ခေါင်းငြိမ့်ကာ ကိုယ့်ကိုယ်ကိုယ်စဉ်းစားသည်။ ဒီကောင်သည် သူ့ကို ထိုအကွက်နှင့် အရူးလုပ်နိုင်မည်ဟု ထင်နေသည်လား။
ပြီးနောက် သူသည် ထိုင်ခုံမှာထကာ မြင့်မားစွာ မတ်တပ်ရပ်သည်။ ကျုရှင်ကျန့်ဆီသို့ လျှောက်သွားပြီးနောက် လက်ကိုမြှောက်ကာ ကြီးမားသော လက်သည်းကြီးဖြင့် လက်ယပ်ခေါ်လိုက်ရာ တစ်ဖက်လူ ထိတ်လန့်မှုဖြင့် ဖြူရော်သွားစေ၏။
"ဒီဆေးလုံးအတွက် မင်းဘယ်လောက်ပေးခဲ့ရလဲ.."
ကြောင်နီက သူ့ကို စူးရဲစွာကြည့်ရင်းက မေးသည်။
"ဟန်.."
ကျုရှင်ကျန့်က မှင်သက်သွားသည်။
"ဒီကိစ္စအကြောင်းကို မင်းထက်ငါ အများကြီးပိုသိတယ်... အဲ့ဒါကြောင့်မလို့ မြန်မြန်လေးပြော.."
ကြောင်နီက ကြီးစိုးစွာပြော၏။
"ဒီဆေးလုံးက စျေးကြီးပါတယ်..."
ကျုရှင်ကျန့်သည် သူဝယ်လာသည့် ဆေးလုံးတန်ဖိုးကို အလွန်အကြူး ချဲ့ကားပြောဆိုလို၏။
သို့ပေမယ့် ထိုကဲ့သို့ပြောဆိုပါက ပြဿနာတစ်ခု ဖြစ်ပွားတော့မည်ဟု မသိစိတ်က အာရုံရနေလေသည်။ ထို့ကြောင့် သူ၏လေသံက ပြောင်းလဲသွားပြီး ပြော၏။
"ဒီဆေးလုံးက စျေးကြီးပေမယ့် ကျွန်တော့်မှာ အဆက်အသွယ်အချို့ ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ တစ်လုံးဝယ်ရင် တစ်လုံး အလကားရတယ်။ တကယ်လို့ အရှင်မင်းကြီး လိုအပ်တယ်ဆိုရင် ခင်ဗျားကိုယ်စား ကျွန်တော်သွားဝယ်ပေးလို့ရပါတယ်.."
ကြောင်နီသည် ထိုအချက်ကို ဂရုပြုမိလိုက်၏။ တစ်လုံးဝယ်လျှင် တစ်လုံးရလေသည်။ ဒီလူသည် ချန်ချင်းစံအိမ်နှင့် အဆက်အသွယ်အချို့ ရှိရပေလိမ့်မည်။
"မင်းတို့အားလုံး... ကိုယ့်နေရာကိုယ်ပြန်ပြီး ငါ့ရဲ့အမိန့်အတိုင်း အကောင်အထည်ဖော်ကြ... အခုအချိန်မှာ နတ်ဆိုးမျိုးနွယ်က စတင်ပြီးဖွဲ့စည်းခါစ ဆိုတော့ လုပ်ဆောင်ရမယ့်တာဝန်တွေ အများကြီး ရှိနေတယ်။ နှင်းဝံပုလွေနဲ့ မင်းတို့တွေက အစီအစဉ်တစ်ခုကို ရေးဆွဲပြီး ငါ့ဆီကို လာတင်ပြလှည့်.."
ကြောင်နီက လက်ကိုဝှေ့ရမ်းကာ အမိန့်ပေးသည်။
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး.."
စိတ်ဝိဉာဉ်သားရဲ အားလုံးတို့သည် သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်ရန်အတွက် ထွက်ခွာသွားကြ၏။
နတ်ဆိုးမျိုးနွယ်သည် ယခုမှတည်ဆောက်ခဲ့ခြင်း ဖြစ်ရာ ကျန်ရှိသည့်အချိန်များတွင် သူတို့သည် အလွန်အလုပ်များကြလေသည်။
ကြောင်နီသည် ကျုရှင်ကျန့်၏ပုခုံးပေါ်သို့ လက်တင်ရင်းက ကြက်တစ်ကောင်ကို ကိုင်ထားသည့်အသွင်ဖြင့် ပြော၏။
"လာခဲ့... ငါတို့တွေ စကားကောင်းကောင်း ပြောရအောင်..."
ယွီရှောင်လုံနှင့် ဟကလေးလည်း အနားသို့ ရောက်လာကြသည်။
သကျယ်ဒေသ ကျင်းဟယ်ကန်တွင် ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောပေါ်၌ စုလင်းရှုံနှင့် ယွဲ့အာတို့သည် မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်နည်းဟု ဆွေးနွေးနေကြ၏။
"ငါတို့တွေ ဘာလို့ ရှန်ကျိုးကို မသွားတာလဲ.."
ယွဲ့အာက ခဏတာစဉ်းစားပြီးနောက် အကြံပေး၏။
"ကျိုးနိုင်ငံလား..."
စုလင်းရှုံက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်သည်။
ရှန်ကျိုးသည် ကျိုးနိုင်ငံ၏ အုပ်ချုပ်မှုအောက်၌ တည်ရှိပြီး ဤသည်မှာ လင်းနယ်မြေတွင် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ထိန်းချုပ်ခြင်း မခံရသည့် တစ်ခုတည်းသော နိုင်ငံတော်ဖြစ်သည်။
ဒေသ၁၈ခုတို့အတွင်းတွင် သိုင်းပညာအကယ်ဒမီ ရှိသည့် တစ်ခုတည်းသော နေရာလည်းဖြစ်၏။ ကျိုးနိုင်ငံ၏ သိုင်းပညာအကယ်ဒမီများကို တည်ထောင်ခဲ့ခြင်းမှာ ပါရမီရှင်များကို ရွေးချယ်ပြီး နိုင်ငံအတွက် စွမ်းအားကြီးမားသည့် စစ်သည်များအား အခြေခံအဖြစ် ပျိုးထောင်ရန်ဖြစ်သည်။
ထို့အပြင် ကျိုးနိုင်ငံ၏ မြို့တော်တွင် တော်ဝင်သိုင်းပညာ အကယ်ဒမီတစ်ခု ရှိ၏။ ထိုအကယ်ဒမီသို့ ဝင်ရောက်နိုင်သည့် ကျောင်းသားအားလုံးတို့သည် အထူးပါရမီရှင်များ ဖြစ်ကြသည်။
နိုင်ငံ၏ အဓိကအမတ်ကြီးများ၏ သားသမီးများလည်း ပါရမီမြင့်မားပါက ထိုအကယ်ဒမီတွင် လာရောက်သင်ကြားကြ၏။
"ဒါဆိုရင် ကျိုးနိုင်ငံကို သွားတာပေါ့... ဒါက မိတ်ဆွေဟောင်းအချို့နဲ့ တွေ့ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်.."
ကျစ်ယွင်၏ ကျောက်စိမ်းတံဆိပ်မှာ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုမှ လာ၏။ သူမ၏အခြေအနေ ဘယ်လိုရှိလဲ မသိပေ။
"ကျိုးနိုင်ငံပြီးရင်... ယွင်ရှန်းဒေသကို သွားတာပေါ့.."
စုလင်းရှုံက ခဏတာစဉ်းစားပြီးနောက် ပြော၏။
သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့ လင်းနယ်မြေကိုရောက်ခဲ့တာ အချိန်အတော် ကြာပြီးပါပြီ။ သူမတို့သည် ထိုက်မြှောင်ဂိုဏ်း၌ ရှိ၏။ ဒီအချိန်၌ သွားရောက်လည်ပတ်လို့ အဆင်ပြေပါသည်။
ဘာပဲဖြစ်ဖြစ် သူမတို့အားလုံးသည် အတွင်းဘက်နယ်မြေမှ လာရောက်ခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ကောင်းမွန်သည့် ဆက်ဆံရေး ရှိကြ၏။
"ငါတို့တွေဒီမှာ နောက်ထပ်သုံးရက် ထပ်နေမယ်... ပြီးရင် ထွက်ခွာကြမယ်.."
စုလင်းရှုံက ဆုံးဖြတ်လိုက်သည်။
ချန်ချင်းစံအိမ်အတွင်းတွင် လီရွှမ်က သက်ပြင်းချသည်။ သူသည် နောက်ဆုံးတွင် ထိုက်ချန်းစာအုပ်၏ ၁၁ရွက်မြောက်စာမျက်နှာရှိ သင်္ကေတများကို လုံးဝမှတ်သားပြီးခဲ့၏။
'၁၂ရွက်က ပိုပြီးတော့ နက်ရှိုင်းလိမ့်မယ်... မှတ်ရတာလည်း ပိုခက်မှာ..'
လီရွှမ်သည် လေပူများကို မှုတ်ထုတ်စွာ ရေရွတ်၏။
ရုတ်တရက် တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သင်၏သားရဲကြောင်နီသည် နတ်ဆိုးမျိုးနွယ်ကို တည်ထောင်ခဲ့ပြီး သင့်ကို နတ်ဆိုးဘိုးဘေးအဖြစ် ကိုးကွယ်ခဲ့သည်။ သင်သည် နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်ကို ရရှိသည်.."
လီရွှမ်သည် ရပ်တန့်သွား၏။
'နတ်ဆိုးမျိုးနွယ်လေလား..'
'ဒီကြောင်နီ တကယ့်ကို လုပ်ခဲ့တာပဲ..'
သူသည်နှလုံးသားထဲ၌ အသံပြုမိသည်။ ထို့နောက် ဝမ်းသာစွာ ခံစားလိုက်ရ၏။
ကြောင်နီကိုပျိုးထောင်ခဲ့တာ အမှန်တကယ်ကို အလကားမဖြစ်ပေ။ တစ်ဖက်ကြောင်သည် သူ့ကို စိတ်မပျက်စေခဲ့ပါ။
နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်သည် စစ်ပွဲနတ်ဘုရား၏ အစစ်အမှန်အသွင်နှင့် တူညီခြင်း မရှိပေ။ သိုင်းနတ်ဘုရား အစစ်အမှန်ခန္ဓာသည် သူ၏ ကိုယ်ပွားတစ်ခုနှင့်တူညီပြီး ခွန်အားမှာ မူလခန္ဓာနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်မှာတော့ မူလကိုယ့်ကိုယ်ကိုယ်နှင့်တူညီသည့် ခွန်အားအဆင့် ရှိပါသည်။
နတ်ဆိုးမျိုးနွယ် ပိုမိုစွမ်းအားကြီးလေလေ နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်မှာ ပိုမိုစွမ်းအားကြီးလာလေဖြစ်ပြီး နတ်ဆိုးမျိုးနွယ်၏ စွမ်းအားကိုပင် စုစည်းကာ မိမိ၏ခွန်အားကို ယာယီအခြေအနေအတွင်း တိုးတက်လာစေနိုင်သည်။
သို့ပေမယ့် အကန့်အသတ်တစ်ခု ရှိနေပါသည်။ နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်သည် နတ်ဆိုးအတတ်များကိုသာ အသုံးပြုနိုင်၏။ ၎င်း၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားများ ပင်လျှင် နတ်ဆိုး ဒီဗိုင်းဆန်းကြယ်စွမ်းအားများ ဖြစ်၏။
ထို့အပြင် နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်တွင် တိကျသည့် ပုံသဏ္ဍာန်မရှိပါ။ လူသား သို့မဟုတ် အခြား မဟာနတ်ဆိုး အသွင်ပေါင်းစုံတို့အား ပြောင်းလဲနိုင်၏။
နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်နှင့် နတ်ဆိုးမျိုးနွယ်၏ အတတ်ပညာ အားလုံးတို့ကို တတ်မြောက်နိုင်ပြီး စွမ်းအားများမှာလည်း နှစ်ဆဖြစ်နေမည် ဖြစ်သည်။
ထို့အပြင် နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်တွင် ထူးကဲသည့် လက္ခဏာရပ်တစ်ခု ရှိ၏။ နတ်ဆိုးများ၏ ဘိုးဘေးတစ်ယောက် အနေနှင့် သူသည် နတ်ဆိုးမျိုးနွယ်မှ အဖွဲ့ဝင်အားလုံးတို့ဆီသို့ စိတ်ဆန္ဒအား လွှဲပြောင်းနိုင်သည်။ အိမ်မက်တစ်ခုပုံစံဖြင့် နတ်ဆိုးမျိုးဆက်များအား အမွေအနှစ် အပ်နှင်းသကဲ့သို့ပင် လုပ်ဆောင်နိုင်၏။
'ငါ ဒီနတ်ဆိုးသိုင်းပညာအပေါ်ကို ပိုပြီးတော့ အာရုံစိုက်ရမယ်... ကြောင်နီရဲ့ခွန်အားက လုံလုံလောက်လောက် မသန်မာသေးဘူး။ မဟာနတ်ဆိုး ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့ သဘောတရားတွေကိုလည်း မဖမ်းဆုပ်နိုင်သေးဘူး။ ငါ မဟာနတ်ဆိုးအတက်တွေ ပိုပြီးတော့လက်ဆင့်ကမ်းပေးပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအားကို လေ့လာခိုင်းရမယ်..'
လီရွှမ်သည် ထိုကဲ့သို့စဉ်းစားပြီးနောက် နတ်ဆိုးသိုင်းပညာနှင့် ပတ်သက်ပြီး ပိုမိုနက်ရှိုင်းစွာ သုံးသပ်လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်၌ သူ့တွင် နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင် ရှိနေပြီဖြစ်ရာ ကြောင်နီဆီသို့ မဟာနတ်ဆိုး၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား သဘောတရားအချို့ကို လက်ဆင့်ကမ်းပေးနိုင်ပါသည်။ သူ့ကို ဆက်လက်ကျင့်ကြံကာ နားလည်စေမည် ဖြစ်၏။
'ဘယ်သူတွေးမိမှာလဲ... မတော်တဆနဲ့ မွေးစားခဲ့တဲ့ ကြောင်တစ်ကောင်က ဒီလောက်အထိ ပါရမီရှိနေမယ်လို့..'
လီရွှမ်သည် ခံစားချက်တို့ မြင့်တက်စွာရှိနေ၏။ ကြောင်နီသည် ရွှီမိခင်ဆီမှ စာပေဖတ်ကြားမှုကို စတင်သင်ယူခဲ့စဉ်ကတည်းက ပိုမိုကာ အသိဉာဏ်ရှိလာသည်ဟု သူခံစားရ၏။
၎င်း၏ ဉာဏ်အလင်းတို့သည် ဆက်လက်ကာ တိုးမြင့်လာခဲ့ပြီး စစ်မှန်သည့် စာတတ်ပေတတ် ကျားတစ်ကောင် ဖြစ်လာခဲ့လေသည်။
'မဟာနတ်ဆိုးသိုင်းပညာရဲ့ လားရာကို သတ်မှတ်ပြီးနေပြီ... ငါ အဲ့ဒီ့အတွက် စိတ်ပူစရာတော့ မလိုဘူး။ ဒါပေမယ့် မဟာနတ်ဆိုး ဒီဗိုင်းဆန်းကြယ်စွမ်းအားက မရှိသေးဘူး... ငါ မဟာနတ်ဆိုး သိုင်းပညာအတတ်ကို ပိုမိုပြည့်စုံအောင်လုပ်ပြီး ကြောင်နီကိုလည်း လမ်းညွှန်မှုတွေ ပိုပေးရမယ်..'
လီရွှမ်သည် စိတ်ထဲ၌ အလွန် စိတ်လှုပ်ရှားနေ၏။ တစ်နေ့တွင် စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်ကို ကြုံတွေ့ရပါက တစ်ဖက်လူသည် သူ့ကို ခွန်အားတူညီသည့်လူဟု ထင်မှတ်နေချိန်တွင် နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်ကို ရုတ်တရက် ထုတ်ဖော်ကာ ရန်သူကိုတိုက်ခိုက်နိုင်၏။
ထိုအခါ မိနစ်အနည်းငယ်အတွင်းတွင် တစ်ဖက်လူကို အနိုင်ယူနိုင်မှာ သေချာသည်။
ထိုကဲ့သို့တွေးမိလိုက်သည်နှင့် သူသည် အလွန်စိတ်လှုပ်ရှားလာခဲ့၏။ ထို့ကြောင့် လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ ၁၂ရွက်မြောက် စာမျက်နှာအား လေ့လာခြင်းမပြုတော့ဘဲ နတ်ဆိုးသိုင်းပညာအပေါ် စတင်မြှင့်တင်ဖို့လုပ်၏။ အထူးသဖြင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအပိုင်းတွင်ဖြစ်သည်။
သုံးရက်ကြာပြီးနောက် ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောသည် လေပေါ်သို့မြင့်တက်သွားပြီး ကျိုးနိုင်ငံဆီသို့ ဦးတည်ရွေ့လျား၏။
တိမ်များ၏အထက်တွင် တောက်ပနေသည့် မိုးပျံသင်္ဘောသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ အမြန်နှုန်းနှင့် ရွေ့လျားနေ၏။ မည်သည့်အလျှင်လိုခြင်းမှ မရှိပေ။
'အချိန်ကျပြီ... ကြောင်နီ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်..'
လီရွှမ်သည် နောက်ဆုံးတွင် နတ်ဆိုးမျိုးနွယ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား သဘောတရားများကို ဖန်တီးပြီးခဲ့၏။
အဓိကအားဖြင့် အခင်းအကျင်း ပုံကြမ်းများ၏ အသွင်ကိုဆောင်ထားသည်။ ဘာပဲဖြစ်ဖြစ် ကြောင်နီ၏ မဟာနတ်ဆိုးအတတ်တို့ကို အခင်းအကျင်ူပုံကြမ်းများမှ ဉာဏ်အလင်းရလာခဲ့ခြင်း ဖြစ်၏။
လီရွှမ်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ထိုအခင်းအကျင်းများထဲတွင် ထည့်ပေါင်းထားပြီး နောက်ဆုံး ပုံကြမ်းအချို့တွင် ထိုက်ချန်းစာအုပ်၏ ၁၀ခုမြောက် စာရွက်ပေါ်ရှိ တာအိုသဘောတရားများကိုပင် ပေါင်းထည့်ထား၏။
'နတ်ဆိုးဘိုးဘေးရဲ့ အစစ်အမှန်အသွင်ကိုသုံးပြီး ကြောင်နီကို အိမ်မက်တစ်ခုပေးလိုက်ရမလား... ဒီကြောင်ကို သူ့သခင်ရဲ့အစွမ်းအချို့ ပြပေးလိုက်တာပေါ့..'
လီရွှမ်က နတ်ဆိုးဘိုးဘေး၏ အစစ်အမှန်အသွင်စွမ်းရည်ကို အသုံးပြုကာ ကြောင်နီကို အိမ်မက်တစ်ခုသဖွယ် ဆက်သွယ်တော့မည့်အချိန်၌ တာအိုရွှေစာအုပ်က ရုတ်တရက် ပွင့်လာခဲ့သည်။
"သင်၏တပည့် ရွှီယန်သည် ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ဒီဗိုင်းအသွင်အဆင့်သို့ ချိုးဖျက်သွားသည်.."
ဒီအချိန်၌ သူ၏ခွန်အားသည် ကြီးစွာမြင့်တက်လာခဲ့ပြီး သူသည် လျှပ်တပြက်အတွင်း၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ထိန်းချုပ်လာနိုင်သကဲ့သို့ ရှိသည်။ ဒီဗိုင်းအသွင်အဆင့်သို့ ချိုးဖျက်ခဲ့၏။
လီရွှမ်မှာ အလွန် စိတ်လှုပ်ရှားနေလေသည်။ နောက်ဆုံး၌ အဆင်ချိုးဖျက်ခဲ့ပြီ ဖြစ်၏။ ဒီဗိုင်းအသွင်အဆင့်တွင် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို စစ်မှန်စွာ ထိန်းချုပ်နိုင်လေသည်။
သူ၏ နိယာမများအပေါ် နားလည်သဘောပေါက်မှုနှင့် ယခုအချိန်၌ ဒီဗိုင်းအသွင်အဆင့်သို့လည်း ချိုးဖျက်သွားရာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ကို စိတ်ကြိုက် ထိန်းချုပ်နိုင်လုနီးပါး ရှိနေပါသည်။
ထို့အပြင် ဒီဗိုင်းအသွင်အဆင့်သို့ ချိုးဖျက်ချိန်၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် တာအိုတို့ကို နားလည်နိုင်သည့် စွမ်းရည်တို့အား ရရှိလာခဲ့သည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ နိယာမသည် လီရွှမ်အတွက် ရှင်းလင်းစွာ မြင်နိုင်လာခဲ့၏။ သူသည် အတွေးတစ်ချက်နှင့် ၎င်းတို့ကိုထိန်းချုပ်ကာ သိုင်းပညာ၏ ဒီဗိုင်းအသွင်အဖြစ် ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ်အတွက် အသုံးပြုနိုင်သည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအထက်တွင် ပိုမိုနက်ရှိုင်းသည့် တာအိုသဘောတရားများ ရှိပုံကိုလည်း ခံစားနိုင်ခဲ့ပြီ ဖြစ်၏။
သူသည် ငိုင်တိုင်စွာဖြင့် နိယာမ သဘောတရားများ၏ လည်ပတ်ပုံတို့ကို တွေ့မြင်လာနိုင်ဟန် ရှိသည်။ ၎င်းတို့သည် ထိုက်ချန်းစာအုပ်၏ ၁၀ခုမြောက် စာမျက်နှာရှိ သဘောတရားများနှင့် တူညီနေ၏။
အပိုင်း ၆၀၆ - ထိုက်မြှောင်ဂိုဏ်း၌ မိတ်ဆွေဟောင်းအား ရှာဖွေခြင်း
'ဒါဆိုရင် ဒါက တာအိုသဘောတရားတွေရဲ့ ဆန်းကြယ်မှုတွေပေါ့..'
လီရွှမ်သည် နှလုံးသားထဲ၌ နားလည်မှုတစ်ခု ရလာခဲ့၏။ ထိုက်ချန်းစာအုပ်အတွင်းရှိ သဘောတရားများအား လေ့လာမှုသည် အရင်ကလောက် ပင်ပန်းတော့မည်မဟုတ်ဟု ခန့်မှန်းရသည်။ သိသာစွာ လွယ်ကူလာလောက်မှာ ဖြစ်၏။
'ဒီဗိုင်းအသွင်အဆင့်ရဲ့ အထက်မှာ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့် ရှိတယ်... အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကန့်သတ်မှုတွေကနေ လွတ်ကင်းနိုင်တယ်။ ပြီးတော့ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်ရဲ့ အထက်မှာ တာအိုသဘောတရားတွေကို ဖြစ်နိုင်သမျှ နီးကပ်အောင်လုပ်ရမယ်..'
'တာအိုသဘောတရားတွေက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အခြေခံပဲ။ ကိုယ်ပိုင်သိုင်းပညာရဲ့ သိုင်းပညာနိယာမကိုရောပဲ သိုင်းပညာရဲ့ တာအိုသဘောတရားတွေအဖြစ် အဆင့်မြှင့်တင် ပြောင်းလဲရမယ်..'
'ဒါပေမယ့်... ဒီမြှင့်တင်မှုက ရုတ်တရက်အတွင်းတော့ လုပ်လို့မရဘူး။ သိုင်းသမားတစ်ယောက်အတွက် ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်ကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးလို့ ယူဆလို့ရတယ်...'
ဒီဗိုင်းအသွင်အဆင့်သို့ အဆင့်ချိုးဖျက်မှုနှင့်အတူ လီရွှမ်သည် တာအိုသဘောတရားများနှင့် ပတ်သက်ပြီး ပိုမိုပိုမိုကာ ဉာဏ်အလင်းရလာခဲ့၏။
သူသည် ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ အထက်ရှိ သိုင်းအဆင့်နှင့် ပတ်သက်ပြီး ပိုမိုနက်ရှိုင်းသည့်အတွေးများ စတင်ရရှိလာခဲ့သည်။
ယခုအချိန်၌ သိုင်းပညာသီအိုရီတစ်ခုကိုပင် ထုတ်လုပ်ခဲ့၏။ သူသည် နောက်ထပ်အဆင့် နှစ်ဆင့်သုံးဆင့်အတွက်ပင် ဉာဏ်ကွန့်မြူးမှုအချို့ ရရှိခဲ့သည်။
'ရှေ့မှာ နောက်ထပ် အလုပ်များတဲ့အချိန်တွေ ရောက်လာတော့မယ်..'
လီရွှမ်သည် သက်ပြင်းချ၏။ ကျန်ရှိသည့် အချိန်များတွင် သူသည် ကိုယ့်ကိုယ်ကိုယ် သိုင်းပညာများအတွင်း၌ နစ်မြုပ်ထားပြီး လားရာတို့ကို ဆက်တိုက်မြှင့်တင်ကာ သူဖန်တီးသည့် သိုင်းပညာကို ပိုမိုကာပင် စွမ်းအားကြီးမားအောင် အကောင်းဆုံးလုပ်ဆောင်သည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျမ်းစာအုပ်မှာ ပြီးပြည့်စုံအောင် မလုပ်ရသေးပေ။ ထို့အပြင် မုန့်ချုံ၏ နောက်ဆက်တွဲ ကျင့်ကြံမှုအတွက်လည်း ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာကို ဆက်လက်ဖန်တီးရန် လိုအပ်သေး၏။
'အရင်ဆုံး ကြောင်နီကို နတ်ဆိုးမျိုးနွယ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ လက်ဆင့်ကမ်းပေးတာကနေ စတာပေါ့..'
လီရွှမ်သည် ခဏတာစဉ်းစားပြီးနောက် သူ၏ နတ်ဆိုးဘိုးဘေးခန္ဓာ စွမ်းရည်ကို အသုံးပြုကာ အိမ်မက်မှ အကြောင်းကြားခြင်းကဲ့သို့သော နည်းလမ်းဖြင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို ကြောင်နီဆီသို့ လွှဲပြောင်းပေးသည်။
ကောင်းကင်ဗိမ္မာန်ဒေသရှိ နတ်ဆိုးဘုရင်နန်းတော်အတွင်းတွင် ကြောင်နီသည် ရုတ်တရက် မိန်းမောစွာခံစားလိုက်ရ၏။
သူ၏အသိစိတ်သည် အိမ်မက်တစ်ခုအတွင်းသို့ လွင့်မျောသွားပုံပေါ်ပြီး သခင်ဖြစ်သူအားလည်း တွေ့လိုက်ရသည့်ဟန် ရှိသည်။
လျှပ်တပြက်အတွင်း ဝတုတ်ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သခင်ဖြစ်သူ၏အနီးသို့ ခုန်ပေါက်သွား၏။ ခြေထောက်အား ပွတ်တိုက်ကာ အသံပြုသည်။
"မြှောင်.."
ချစ်ဖို့ကောင်းသည့် အသွင်ဖြင့်သာလျှင် သခင်၏ သဘောကျမှုကို ခံရမည်ဖြစ်၏။ အိမ်မက်အတွင်းတွင်ပင် သူသည် မည်ကဲ့သို့ ချစ်ဖို့ကောင်းအောင်လုပ်ပြရမည်အား သိပါသည်။
"မင်းက တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်ပဲ.."
လီရွှမ်က ပြုံးသည်။ ကြောင်နီ၏ ဦးခေါင်းကို ပွတ်သပ်ရင်းက ပြော၏။
"လုံလောက်ပြီ... လုပ်ပြစရာမလိုတော့ဘူး... မင်းအခု နတ်ဆိုးမျိုးနွယ်ကို တည်ထောင်ပြီးပြီဆိုတော့ ငါမင်းကို နတ်ဆိုးမျိုးနွယ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ လက်ဆင့်ကမ်းပေးမယ်။ အဲ့ဒါတွေကို ကောင်းကောင်းမှတ်ထား။ ပြီးရင် သေသေချာချာလေ့လာ။ နတ်ဆိုးမျိုးနွယ်ကို ပိုမို စွမ်းအားကြီးမားအောင်လုပ်.."
သူက ခဏတာရပ်တန့်နေပြီးနောက် ဆက်လက်ပြောသည်။
"ဒီစိတ်ဝိဉာဉ်သားရဲတွေကို မင်းလုံးဝ ထိန်းချုပ်လိုတယ်ဆိုရင် မဟာနတ်ဆိုးသိုင်းပညာကို ယုံကြည်ချက်ရှိရှိ လက်ဆင့်ကမ်းပေးလို့ ရတယ်။ အဲ့ဒါက ထိန်းချုပ်မှုကနေ လွတ်မြောက်သွားမှာ မဟုတ်သလို သူတို့ဆီကလည်း သုံးသပ်ချက်တွေ ရယူလို့ရတယ်.."
"အခုအချိန်မှာ အဲ့ကိစ္စတွေက မင်းရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်နေတယ်။ အောင်မြင်မှာလား မအောင်မြင်မှာလားဆိုတာကတော့ မင်းပဲ ဆုံးဖြတ်နိုင်လိမ့်မယ်.."
ထိုစကားများအပြီးတွင် လီရွှမ်သည် နတ်ဆိုးအတတ်ကိုအသုံးပြုကာ နတ်ဆိုးမျိုးနွယ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို ကြောင်နီ၏အသိစိတ်အတွင်းသို့ ထည့်ပေးလိုက်သည်။
ထည့်ပေးမှုအပြီးတွင် သူသည် ဝတုတ်ကြောင်၏ ဦးခေါင်းကိုပွတ်ကာ ပြော၏။
"ကောင်းပြီ... အခု မင်းဘာသာ သေသေချာချာလေ့လာတော့.."
မြင်ကွင်းမှာ ပြိုလဲသွားပြီး ကြောင်နီသည် အသိစိတ်တို့ ပြန်လည်ရရှိလာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် ကြောင်တောင်မှုအချို့ ရှိနေဆဲ ဖြစ်၏။ သူသည် သခင်ကို အလွန်သတိရလွန်းသဖြင့် ယခုကဲ့သို့အိမ်မက်မျိုး မက်ခဲ့သည်လား။
သို့ပေမယ့် ရုတ်တရက် သူ၏ မျက်လုံးများက ပြူးကျယ်လာခဲ့သည်။သူ၏အသိစိတ်အတွင်းတွင် နတ်ဆိုးမျိုးနွယ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား သင်္ကေတများရှိနေပြီး ၎င်းတို့ကို သခင်ကပေးခဲ့ခြင်း ဖြစ်၏။
"မြှောင် မြှောင်..."
"ကျွန်တော်ကြောင်နီ သေချာပေါက် နတ်ဆိုးမျိုးနွယ်ကို ပိုပြီးစွမ်းအားကြီးအောင် ကြိုးစားပါမယ်.."
ဒီအချိန်၌ ကြောင်နီသည် ဆရာဖြစ်သူမှာ သူ၏နတ်ဆိုးမျိုးနွယ်အား တည်ထောင်မှုကို ရှင်းလင်းစွာ သိရှိပြီးဖြစ်ကြောင်းအား နားလည်လိုက်သည်။
ထို့ကြောင့် သူ့ကို နတ်ဆိုးမျိုးနွယ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ ထောက်ပံ့ပေးကာ ပိုမိုများပြားသည့် စွမ်းရည်တို့ကို ပိုင်ဆိုင်လာစေခြင်း ဖြစ်သည်။ ဤသည်က နတ်ဆိုးမျိုးနွယ်ကို ပိုမိုဖွံ့ဖြိုးစေမည် ဖြစ်၏။
နတ်ဆိုးမျိုးနွယ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား အားလုံးတို့ကို ကြောင်နီဆီသို့ လွှဲပေးပြီးနောက် လီရွှမ်သည် သူ၏ခန္ဓာနှင့်စိတ်ဝိဉာဉ်နှစ်ခုလုံးကို သိုင်းပညာအတွင်းသို့ ပြန်လည် နှစ်မြုပ်လိုက်၏။
သူ၏ သိုင်းပညာသီအိုရီများကို မြှင့်တင်သည်။ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်၏ အထက်ရှိသိုင်းအဆင့်များတွင် ကျင့်ကြံရန်အတွက် သီအိုရီများကိုဖော်ထုတ်ကာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုစနစ်၏ ကြီးမြတ်သောနေ ရွှေခန္ဓာကျင့်စဉ်ကိုလည်း ပြည့်စုံအောင်လုပ်လေသည်။
ထို့အပြင် ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျမ်းကိုလည်း ပြီးပြည့်စုံအောင် ဖန်တီး၏။ တစ်ချိန်တည်းတွင် သူသည် နေ့စဉ်နေ့တိုင်း အားလပ်ချိန်တစ်ခုကို ရှာဖွေကာ ထိုက်ချန်းစာအုပ်မှ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ သဘောတရားများကို လေ့လာသည်။
'သိုင်းပညာက တကယ့်ကို ခက်ခဲလွန်းတယ်... ဦးနှောက်ကို ဖြစ်ညှစ်ပြီး နေ့စဉ်နေ့တိုင်း လေ့လာနေရတယ်။ ငါ့လောက်ကြိုးစားတဲ့ အခြားသိုင်းပညာရော ရှိပါဦးမလား..'
လီရွှမ်သည် နှလုံးသားထဲ၌ သက်ပြင်းချ၏။ သူသည် ကျင့်ကြံမှုကို လုပ်ဆောင်ရန် လိုအပ်ခြင်းမရှိပေမယ့် သိုင်းပညာတို့ကို ဖန်တီးရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။
ရွှီယန်သည် ယွင်ရှန်းဆီသို့ လမ်းပေါ်၌ ဒီဗိုင်းအသွင်အဆင့်၏ သိုင်းပညာသဘောတရားများကို လေ့လာရင်း နောက်ဆုံးတွင် လုံးဝ ဉာဏ်အလင်းရလာခဲ့သည်။ သူသည် ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်ကို နားလည်လာခဲ့ပြီ ဖြစ်၏။
'ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်က နားလည်နိုင်ဖို့ ခက်ခဲလွန်းတယ်... ဖြစ်နိုင်တာက ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ချိုးဖျက်ပြီးမှပဲ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေရဲ့ ဆန်းကြယ်မှုတွေကို အစစ်အမှန်သိရှိပြီး ဉာဏ်အလင်းအချို့ ရနိုင်လိမ့်မယ်..'
ရွှီယန်သည် ခေါင်းကိုရမ်း၏။ ဒီအချိန်၌ ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်ကို လေ့လာခဲ့သည်ကပင် အချိန်များစွာ ကုန်နေပြီဖြစ်၏။
သူ၏ လက်ရှိခွန်အားအဆင့်နှင့် ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်၏ ကျင့်စဉ်တို့ကို ဆက်လက်လေ့လာရမည်ဆိုပါက အောင်မြင်မှုရမည် မဟုတ်ပေ။
သူသည် အလျှင်လိုခြင်း မရှိပါ။ ယခုအချိန်၌ မူလဒီဗိုင်းအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်ကာ အခြေခံကို နက်ရှိုင်းစွာ စုဆောင်းပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ရန်သာ အဓိကဖြစ်သည်။
'မိန်းကလေးသုနဲ့ မိန်းကလေးယွင်တို့ရော ဘယ်လိုနေလဲမသိဘူး..'
ယွင်ရှန်းဆီသို့ ရောက်ရှိပြီးနောက် သူသည် ထိုက်မြှောင်ဂိုဏ်းဆီသို့ သွားလိုလာခဲ့၏။ သုယွီယင်းနှင့် ယွင်မြှောင်မြှောင် နှစ်ယောက်စလုံးသည် လင်းနယ်မြေသို့ ဝင်ရောက်ချိန်၌ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းဖြစ်သည့် ထိုက်မြှောင်ဂိုဏ်း၏ ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောင်ထားခဲ့သည်။
သို့ပေမယ့် လင်းနယ်မြေ၏ ကြီးမားလှသည့် အဆင့်အတန်းခွဲခြားမှုနှင့် အတွင်းဘက်နယ်မြေမှ လူများအပေါ် အထင်သေးမှုတို့ကြောင့် သူမတို့၏ ဘဝသည် လွယ်ကူနေမည် မဟုတ်ပါ။
'အကိုရှဲ့ရော ဘယ်လိုနေလဲ မသိဘူး..'
'မိန်းကလေးသုတို့ဆီကို ရောက်ရင် သူ့အကြောင်းလည်း မေးကြည့်ရမယ်..'
လင်းနယ်မြေသို့ ရောက်ရှိပြီးကတည်းက ရှဲ့လင်ဖုန်းနှင့် ရှဲ့ထန်းဟန်တို့ သားအဖနှစ်ယောက်၏ သတင်းများကို မကြားရပေ။
သူ၏ ရွှီယန်ဟူသည့်အမည်နှင့် ချန်ချင်းစံအိမ်တို့သည် လင်းနယ်မြေတလျှောက် ဂုဏ်သတင်းကြီးမားစွာ ပျံ့နှံ့ပြီး လောကကြီးကို လှုပ်ခါစေခဲ့ပေမယ့် ရှဲ့လင်ဖုန်းသည် ရွှီယန်ဆီသို့ ဘယ်တုန်းကမှ လာရှာခြင်း မရှိခဲ့ပေ။
'အကိုရှဲ့ရဲ့ ပါရမီနဲ့... သူ ဒီဗိုင်းဆန္ဒအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ရှိနေပြီးလောက်ပြီ... ဆက်လက်ကျင့်ကြံဖို့ ကျင့်စဉ်မရှိဘဲနဲ့ အဆင့်ချိုးဖျက်နိုင်မှာ မဟုတ်ဘူး..'
ရွှီယန်သည် ထိုက်မြှောင်ဂိုဏ်းဆီသို့ ထွက်ခွာခဲ့၏။ ရှဲ့ထန်းဟန်တို့သားအဖနှင့် သုယွီယင်းတို့ မိန်းကလေးအုပ်စုသည် လင်းနယ်မြေသို့ အတူတူ ဝင်ရောက်ခဲ့ကြ၏။ ဖြစ်နိုင်သည်မှာ ထိုက်မြှောင်ဂိုဏ်းဆီသို့ ရောက်ရှိပြီးနောက် ထိုသားအဖ၏ တည်နေရာကို သိရှိနိုင်လောက်သည်။
ယွင်ရှန်းတွင် ပါရမီရှင်များအကြားတိုက်ပွဲသည် စည်စည်ကားကား ဆင်နွှဲနေ၏။ ယခုအချိန်အထိ တိုက်ပွဲအတွင်းတွင် ပါဝင်ဆင်နွှဲကြသည့် လူငယ်ပါရမီရှင်အားလုံးတို့သည် ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းများမှ ပျိုးထောင်ထားသည့် ပါရမီရှင်များ ဖြစ်ကြ၏။ လူတိုင်းတွင် ရတနာခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားကြသည်။
သို့ရာတွင် ရွှီယန်အတွက်မူ ထိုပါရမီရှင်များမှာ မျက်လုံးထဲသို့ မဝင်တော့ပေ။ သူသည် တိုက်ခိုက်မှုပြုရန်ပင် စိတ်ဝင်စားမှု လုံးဝမရှိပါ။ သူတို့၏ ခွန်အားအဆင့်သည် ယခုအချိန်၌ တူညီမနေတော့ပေ။
'ဒါဆိုရင်... ဒါက ထိုက်မြှောင်ဂိုဏ်းပေါ့..'
ထိုက်မြှောင်ဂိုဏ်း၏ အဝင်ဝတွင် ရပ်ကာ ရွှီယန်က ခေါင်းမော့ကြည့်၏။ ထိုက်မြှောင်တောင်၏ ထိပ်ပိုင်းသည် တိမ်မြူတို့ဖြင့် ဝန်းရံကာ ဝေဝါးလှပါသည်။
သူ၏ လက်ရှိခွန်အားနှင့်ပင်လျှင် တောင်ထိပ်ကို မြင်နိုင်ခြင်း မရှိပေ။ အကြောင်းပြချက်အချို့ကြောင့် ပုံရိပ်ယောင်ဆန်ကာ လက်တွေ့ကျခြင်းမရှိသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။