အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အပိုင်း ၆၀၇ - ထိုက်မြှောင်ဂိုဏ်း၌ မိတ်ဆွေဟောင်းအား ရှာဖွေခြင်း(၂)
'ပြောကြတာက ထိုက်မြှောင်ဂိုဏ်းက အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေအကြားမှာ အခြေခံ အနက်ရှိုင်းဆုံးနဲ့ စွမ်းအားကြီးမားဆုံးပဲတဲ့... စစ်မှန်တဲ့ အဆင့်လွန်မှု အသွင်အပြင်ကို ပိုင်ဆိုင်ထားတယ်..'
'သူတို့က စိတ်ဝိဉာဉ်နယ်မြေ သိုင်းလောကရဲ့ ကိစ္စတွေမှာ ပါဝင်တာ ရှားပါးပြီး ယွင်ရှန်းဒေသအပေါ် အုပ်ချုပ်တာကလည်း အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေလောက် မကြီးစိုးဘူး..'
ရွှီယန်သည် ထိုက်မြောင်ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ လျှောက်လာခဲ့၏။ သူ၏စိတ်ထဲတွင် ထိုက်မြှောင်ဂိုဏ်းအကြောင်း ကြားသိခဲ့ရသည့် အချက်အလက်များ ပေါ်လာခဲ့သည်။
ထိုက်မြှောင်ဂိုဏ်းသည် အဓိကအားဖြင့် အမျိုးသမီးတပည့်များကို လက်ခံ၏။ ဝင်ရောက်ရန်အတွက် လိုအပ်သည့် ပါရမီနှင့် ရုပ်ရည်စံချိန်မှာလည်း အလွန်မြင့်မားလှသည်။
ထိုအကြောင်းကြောင့် ထိုက်မြှောင်ဂိုဏ်းတွင် အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများထက် နည်းပါးသည့် တပည့်အရေအတွက် ရှိ၏။
အမျိုးသားတပည့်များမှာတော့ သူတို့သည် ထိုက်မြှောင်ဂိုဏ်း၏ တပည့်အရေအတွက် ၂၀%လောက်သာ ရှိပြီး တစ်ယောက်ချင်းစီတိုင်းသည် သံသယဝင်စရာမကောင်းလောက်အောင် အလွန်ချောမောကြ၏။
'ထိုက်မြှောင်ဂိုဏ်းရဲ့ အမျိုးသားတပည့်တွေကို ကြံ့ခိုင်ထွားကြိုင်းမှုမရှိကြလို့ အချို့က နွဲ့နေတယ်လို့ တိတ်တဆိတ် လှောင်ပြောင်လေ့ရှိတယ်...'
ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ ဤသည်မှာ ထိုက်မြှောင်ဂိုဏ်းနှင့် ပတ်သက်ပြီး သူစုစည်းရရှိထားသည့် အချက်အလက်များ ဖြစ်သည်။
"ထိုက်မြှောင်ဂိုဏ်းက တပည့်တွေပဲ ဒီတံခါးကနေပြီး ဝင်လို့ရတယ်.. အပြင်လူတွေထွက်သွား.."
ဂိတ်တံခါးရှေ့သို့ ရောက်ရှိပြီးနောက် ထိုက်မြှောင်ဂိုဏ်းမှ မုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးတို့ ကင်းမဲ့ကာ ချောမောသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာပြီး ရွှီယန်ကိုပြောသည်။
ရွှီယန်က သူ့ကို စူးစမ်းစွာကြည့်၏။ ဒီလူငယ်သည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် ခွန်အား၌ ရှိပြီး မျက်နှာကချောမွတ်ကာ ချောမောသည့် လက္ခဏာရပ်တို့ကို ပိုင်ဆိုင်ထားသည်။ သူ၏အသွင်သည် အမှန်တကယ်ကို ပျော့ပျောင်း၏။
"ကျွန်တော်က ဓားနတ်ဘုရားရွှီယန်ပါ... ထိုက်မြှောင်ဂိုဏ်းက မိတ်ဆွေအချို့ဆီကို လာပြီးတော့ လည်ပတ်တာ.."
ရွှီယန်က ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ပြော၏။ အပြင်လူများ ဝင်ခွင့်မရှိဟူသည့် စည်းကမ်းမှာ သူ့အတွက် အတားအဆီး ဖြစ်မနေပေ။ ရွှီယန်သည် ၎င်းကို အများကြီး ဂရုစိုက်ခြင်းမရှိပါ။ သူ၏ ရောက်ရှိလာမှုအား မိန်းကလေးသုနှင့် မိန်းကလေးယွင်တို့ဆီသို့ တစ်ယောက်ယောက်နှင့် အကြောင်းကြားခိုင်းလိုက်ရင် လုံလောက်၏။
"မင်းက ရွှီယန်လား.."
လူငယ်၏မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားသည်။
"အမှန်ပဲ.."
ရွှီယန်က ခေါင်းငြိမ့်၏။
ထိုအချိန်၌ တစ်ဖက်လူသည် မနည်းငယ်ထိတ်လန့်သွားပြီး နောက်သို့ ကပြာကယာ ဆုတ်ခွာရင်းက အော်၏။
"ရွှီယန် ထိုက်မြှောင်ဂိုဏ်းရဲ့ ဂိတ်တံခါးကိုလာပြီးတော့ ပိတ်ဆို့နေတယ်... အကြီးအကဲတို့ မြန်မြန်လေး လာခဲ့ကြပါ.."
သူသည်အော်ရင်းမှ ဂိတ်တံခါးအတွင်းသို့ လျှင်မြန်စွာ ပျံသန်းထွက်ပြေးသွား၏။
ရွှီယန် "..."
ဒီကောင်နှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်လား။ သို့မဟုတ် နားလေးနေသည်လား။ သူသည် မိတ်ဆွေဟောင်းအချို့ဆီကို လာရောက်လည်ပတ်ခြင်းဖြစ်သည်ဟု ပြောပြီးပြီ မဟုတ်ပါလား။
ဘယ်လိုလုပ်ပြီး ထိုက်မြှောင်ဂိုဏ်း၏ ဂိတ်တံခါးကို လာရောက်ပိတ်ဆို့သည် ဖြစ်သွားရသနည်း။
ရွှီယန်သည် အနည်းငယ်မှင်သက်စွာဖြင့် တစ်ဖက်လူ၏ ထိုက်မြှောင်တောင်အတွင်းသို့ ပျောက်ကွယ်သွားသည့် ပုံရိပ်ကိုသာ ကြည့်နေမိသည်။ မည်သည်ကို ပြောရမည်မသိဘဲ ရှိနေ၏။
ဂိတ်တံခါးတွင် မည်သူမှမရှိတော့ရာ ရွှီယန်သည် ခဏတာစဉ်းစားပြီးနောက် တံခါးအတွင်းသို့ လျှောက်ဝင်သွား၏။ အပြင်လူများ ဝင်ခွင့်မပြုဟူသည့် စည်းမျဉ်းဟောင်းသည် ယခုအချိန်၌ အကျုံးမဝင်တော့ပေ။
တစ်ချိန်တည်းတွင် ထိုက်မြှောင်ဂိုဏ်းတစ်ခုလုံးသည် ချက်ချင်းပင် ဆူညံပွတ်လော ရိုက်သွား၏။
သိုင်းတစ်ထောင်ခန်းမအပြီးတွင် ရွှီယန်သည် ယခုအချိန်၌ ထိုက်မြှောင်ဂိုဏ်း၏ ဂိတ်တံခါးကို ပိတ်ဆို့ရန် စီစဉ်နေသည်လား။
"မောက်မာလိုက်တာ.."
"ဒီကောင်က... ငါတို့ ထိုက်မြှောင်ဂိုဏ်းကို သိုင်းတစ်ထောင်ခန်းမလိုပဲ အလွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား.."
"အကြီးအကဲတို့... ကျွန်တော်ကို သွားပြီး အနိုင်ယူခွင့်ပြုပါ.."
ချက်ချင်းပင် ထိုက်မြှောင်ဂိုဏ်း၏ တပည့်များသည် ဂိတ်တံခါးဆီသို့ စတင်ရွေ့လျားလာကြ၏။
ထိုက်မြောင်ဂိုဏ်း၏ အကြီးအကဲများမှာ မျက်မှောင်ကျုံ့နေပြီး အော်ဟစ်နေသည့် လူငယ်၏ရှေ့၌ ပေါ်လာခဲ့သည်။
"ရွှီယန်က ဘယ်သူ့ကို လာပြီးတော့ စိန်ခေါ်တာလဲ.."
ထိုလူငယ်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုတို့ ရှိနေဆဲ ဖြစ်၏။
"သူ.. ကျွန်တော်တို့ ထိုက်မြှောက်ဂိုဏ်းရဲ့ ဂိတ်တံခါးဆီကို တစ်ခါတည်းလာပြီး မိတ်ဆွေဟောင်းတွေဆီကို လာရောက်လည်ပတ်တာလို့ ပြောနေပါတယ်။ ကြည့်ရတာ ကျွန်တော့်တို့ စိန်ခေါ်ပြီး ဂိတ်တံခါးမှာ ပိတ်ထားမလို့ဖြစ်မယ်။ ကံကောင်းစွာပဲ အပြေးမြန်လို့ မဟုတ်ရင် သူ့ရဲ့ခွန်အားကို ပြသဖို့အတွက် ခြေနင်းတုံးဖြစ်သွားမှာ.."
ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးကို ပိတ်ဆို့ချိန်၌ ဂိတ်တံခါးတွင် စောင့်ကြပ်သည့် သိုင်းသမားများကို အသုံးပြုကာ သူ၏ခွန်အားကို ပြသခဲ့လေသည်။
လက်ရှိအချိန်၌လည်း တုံ့ပြန်မှု မြန်ဆန်ခြင်းကြောင့်သာ မဟုတ်ပါက သူလည်း ထိုသိုင်းသမားကဲ့သို့ ဖြစ်သွားရနိုင်၏။ တိုက်ပွဲဖြစ်အောင် ဖန်တီးကာ ထိုက်မြှောင်ဂိုဏ်း၏ ပါရမီရှင်များအား စိန်ခေါ်မှုပြုရန် ဖိအားပေးမည် ဖြစ်သည်။
ရွှီယန်၏ ကြမ်းကြုတ်လှသည့် ဂုဏ်သတင်းသည် သူ့ကိုအမှန်တကယ်ပင် ထိတ်လန့်စေ၏။ လူငယ်၏ အတွေးများသည် ပိုမိုနယ်ချဲ့လာပြီး ပိုမိုစဉ်းစားလေလေ ပိုမိုထိတ်လန့်လေ ဖြစ်လာခဲ့သည်။
နဖူးမှ ချွေးစေးများကျလာပြီး သူ၏လျှင်မြန်စွာ တုံ့ပြန်ခဲ့မှုကြောင့် တောင်အတွင်းသို့ ပြေးဝင်နိုင်ခဲ့မှုအပေါ် ဝမ်းသာနေမိသည်။
ထိုအချိန်၌ အကြီးအကဲ၏မျက်နှာက ခက်ထန်သွား၏။ ရွှီယန်သည် ဂိတ်တံခါး၏ အစောင့်ကိုအသုံးပြုကာ သူ၏ကြီးစိုးမှုကို ပြသလိုနေလေသည်။ ဘယ်လောက်ရဲတင်းလိုက်သနည်း။
သူမသည် လျင်မြန်စွာ ရွေ့လျားသွားပြီး ဂိတ်တံခါးဆီသို့ ရောက်ရှိ၏။ သူမ၏နောက်တွင် သွေးဆူနေသည့် ထိုက်မြှောင်ဂိုဏ်း၏ တပည့်များနှင့် အခြားအကြီးအကဲများစွာလည်း ပါလာခဲ့သည်။
"ရွှီယန်... နင်က တော်တော်ရိုင်းစိုင်းတဲ့ကောင်ပဲ.."
အကြီးအကဲသည် တံခါးဝသို့ပင် မရောက်သေးဘဲ တောင်ပေါ်သို့ အေးအေးလူလူ တက်လှမ်းလာနေသည့် ရွှီယန်ကို တွေ့လိုက်ရသည်။ အလွန် ဒေါသထွက်သွား၏။
"ကျုပ်က ဘယ်လိုလုပ်ပြီးတော့ ရိုင်းစိုင်းသွားရတာလဲ... ခင်ဗျားတို့ ထိုက်မြှောက်ဂိုဏ်းကမှ လူမှုရေးမရှိတာမဟုတ်ဘူးလား။ အဝေးကနေ လာရောက်လည်ပတ်တဲ့ ဧည့်သည်တစ်ယောက်ကို ဒါက ခင်ဗျားတို့ ဆက်ဆံတဲ့ပုံစံလား.."
"ဒါမှမဟုတ် ကျုပ်ရွှီယန်ကို ခင်ဗျားတို့ ထိုက်မြှောင်ဂိုဏ်းဆီ လာရောက်လည်ပတ်ဖို့ အဆင့်မမှီဘူးလို့ ထင်နေတာလား.."
ရွှီယန်၏ အသွင်အပြင်မှာလည်း အလိုမကျစွာ ရှိနေ၏။ သူသည် ဒီနေရာသို့ ပြဿနာလာရှာခြင်း မဟုတ်ပေ။ ယခုမျှအထိ ရန်လိုရန် လိုအပ်လို့လား။
"ဧည့်သည်... နင်ငါတို့ထိုက်မြှောက်ဂိုဏ်းရဲ့ ဂိတ်တံခါးကို လာပြီးတော့ ပိတ်ဆို့တာ မဟုတ်ဘူးလား.."
အကြီးအကဲ၏မျက်လုံးများက ပိုမိုအေးစက်လာခဲ့သည်။ ထို့နောက် ဒေါသတကြီး ဆက်လက်ပြော၏။
"ငါတို့ ထိုက်မြှောက်ဂိုဏ်းမှာ စည်းမျဉ်းတွေရှိတယ်... အပြင်လူတွေ အထဲကို ဝင်လို့မရဘူး။ ငါတို့ရဲ့ဂိတ်တံခါးအတွင်းကို ခြေချလိုက်တာနဲ့ ငါတို့ ထိုက်မြှောင်ဂိုဏ်းကို စိန်ခေါ်တာနဲ့ အတူတူပဲ။ ဒီနေ့မှာ ငါနင့်ကို သေချာပေါက်ဖမ်းဆီးမယ်။ ဖြေရှင်းချက် မပေးဘူးဆိုရင် ထိုက်မြှောင်ဂိုဏ်းကနေ ထွက်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့.."
သူမသည် ပြောလိုက်ပြီးနောက် လက်ကိုမြှောက်ကာ ရွှီယန်ဆီသို့ ဖမ်းဆွဲလိုက်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့်စွမ်းအားကို ထိုတိုက်ခိုက်မှုအတွင်းသို့ ပေါင်းစပ်ထားပြီး လားရာကို ရှာတွေ့ရန်ခက်ခဲလှသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်လာစေသည်။
"ထိုက်မြှောင်ဂိုဏ်းရဲ့ ဂိတ်တံခါးထဲကို ခြေချတော့ ဘာဖြစ်လို့တုန်း... ခင်ဗျားတို့က အရင်ဆုံး လာရန်လိုနေတာ မဟုတ်ဘူးလား.."
ရွှီယန်က လက်ဝါးချက်ကို ရိုက်ထုတ်လိုက်၏။
"ဝေါင်း.."
ရွှေရောင်နဂါးကြီးသည် ကြမ်းတမ်းစွာ ထွက်ပေါ်လာပြီး အကြီးအကဲကို ချက်ချင်းပင် လွင့်ပျံသွားစေသည်။ သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီနှစ်မျှင်လောက်ကို စုစည်းထားသည့် သိုင်းသမားတစ်ယောက်အား ဂရုစိုက်ခြင်း မရှိတော့ပေ။
ရွှေနဂါးကြီးသည် ထိုက်မြှောင်ဂိုဏ်း၏ တောင်ခြေမှအပေါ်သို့ ထိုးတက်သွား၏။ နဂါး၏ ဦးခေါင်းပေါ်တွင် ချောမောသည့် လူငယ်တစ်ယောက်သည် ဂုဏ်ယူစွာရပ်နေ၏။
အစက ဒေါသတကြီး ဖြစ်နေကြသည့် ထိုက်မြှောင်ဂိုဏ်းမှ တပည့်များသည် ယခုအချိန်၌ တောင်ပေါ်သို့တက်သွားသည့် ရွှေရောင်နဂါးကြီးကို ပြူးကျယ်သည့် မျက်လုံးများဖြင့်သာ စိုက်ကြည့်နေမိသည်။ နဂါး၏ ဦးခေါင်းပေါ်ရှိ လူငယ်ကြောင့် မှင်သက်နေကြ၏။
နဂါး၏ရှေ့တွင် ပုံရိပ်တစ်ခုသည် နောက်သို့လွင့်ပျံကာ မြေပြင်နှင့် ဝင်ဆောင့်၏။ ဤသည်မှာတော့ တောင်အောက်သို့ ဒေါသတကြီး ဆင်းသွားခဲ့သည့် အကြီးအကဲဖြစ်သည်။
ဒီအချိန်၌ မည်သူမှ ရှေ့သို့တက်ကာ ကူညီရဲခြင်း မရှိပေ။
အားလုံးတို့သည် နဂါးကိုစီးနင်းကာ ရောက်ရှိလာသည့် ရွှီယန်ကို အံ့သြစွာ ကြည့်နေမိ၏။
ထိုက်မြှောင်ဂိုဏ်း၏ ဂိတ်တံခါးအစောင့်သည် စိတ်သက်သာရာ ရသွား၏။ သူ၏ လျှင်မြန်သည့် တုံ့ပြန်မှုကြောင့်သာ မဟုတ်ပါက ယခုအချိန်၌ ကြီးစွာထိခိုက်ရမှာ ဖြစ်သည်။ ပြောစကားများအတိုင်းပင် ရွှီယန်သည် အမှန်တကယ်ကို ရူးသွပ်လှ၏။
"ရွှီယန်က တကယ့်ကို ချောတာပဲ.."
လူအုပ်အတွင်းတွင် ချီးကျူးသည့်အသံတစ်ခု ပျံ့လွင့်လာ၏။
"ဟုတ်တယ်ဟုတ်တယ်... ရွှီယန်က အရမ်းချောတာပဲ... အရမ်းလည်း ခန့်ညားထည်ဝါတယ်..."
ထိုက်မြှောင်ဂိုဏ်းမှ အမျိုးသမီးတပည့် များစွာတို့သည် အံ့ဩစွာဖြင့် အသံများ ပြုမိကြ၏။
အမျိုးသားတပည့်များ "..."
"သူက ရန်သူနော်အမတို့... နည်းနည်းလောက် သတိထားပါဦးလား..."
"ငါရွှီယန် ဘယ်သူ့ကိုမှ ထိခိုက်ဖို့ မရည်ရွယ်ဘူး... ဒီကိုလာတာ မိတ်ဆွေဟောင်းအချို့ဆီကို လာရောက်လည်ပတ်တာပဲ.."
ရွှီယန်က ပြောကြား၏။ သူ၏ ခြေထောက်အောက်ရှိ ရွှေရောင်နဂါးကြီးသည် ပျောက်ကွယ်သွားပြီး သူသည် မြေပြင်ပေါ်သို့သက်ဆင်းကာ ထိုက်မြှောင်ဂိုဏ်း၏ တပည့်များကို ထူးမခြားနားစွာ ကြည့်သည်။
"မိန်းမလှလေးတွေ အများကြီးပါလား... ဒီနေရာက ငါ့ရဲ့စိတ်အခြေအနေကို ကျင့်ကြံလို့ကောင်းတဲ့ နေရာကောင်းတစ်ခုပဲ။ ဒါပေမယ့် အခုအချိန်မှာ ကျင့်ကြံဖို့ မလိုတော့ဘူး.."
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။
"ရွှီယန်... နင်က ဘယ်သူ့ဆီကိုလာပြီးတော့ လည်တာမို့လို့လဲ။ ငါတို့ ထိုက်မြှောင်ဂိုဏ်းမှာ နင်နဲ့ အသိအကျွမ်းတွေရှိလို့လား.."
ထိုက်မြှောင်ဂိုဏ်း၏ စောင့်ရှောက်သူ အကြီးအကဲက လေးနက်စွာမေးသည်။
"ကျုပ်ရဲ့ မိတ်ဆွေတွေကို သုယွီယင်းနဲ့ ယွင်မြှောင်မြှောင်လို့ခေါ်တယ်... အခု သူမတို့နှစ်ယောက် ဘယ်မှာရှိလဲမသိဘူး.."
ရွှီယန်က မေးသည်။
"သုယွီယင်းနဲ့ ယွင်မြှောင်မြှောင်.."
စောင့်ရှောက်သူ အကြီးအကဲ၏ မျက်ခုံးများက ကျုံ့သွား၏။ သူသည် တစ်ဖက်လူပြောကြားသည့် နာမည်များနှင့်ပတ်သက်ပြီး မရင်းမနှီး ဖြစ်နေပါသည်။
နောက်သို့လှည့်ကာ တပည့်များ၏ စာရင်းသွင်းမှုကို ဦးစီးသည့် အကြီးအကဲအားမေး၏။
"ငါတို့ ထိုက်မြှောင်ဂိုဏ်းမှာ... အဲ့လို တပည့်တွေရှိလို့လား.."
"မရှိပါဘူး.."
အကြီးအကဲက ခေါင်းကိုရမ်းသည်။
"ရွှီယန်... နင်ရှာနေတဲ့လူတွေ ငါတို့ ထိုက်မြှောင်ဂိုဏ်းမှာမရှိဘ.."
ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။ သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့သည် ထိုက်မြှောင်ဂိုဏ်း၏ ယွီလင်တံဆိပ်ပြားကို အသုံးပြုကာ လင်းနယ်မြေသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့၏။
သူမတို့သည် ထိုက်မြှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်သင့်ပေသည်။ ဖြစ်နိုင်သည်မှာ အတွင်းဘက်နယ်မြေမှ လာခဲ့ခြင်း ဖြစ်သောကြောင့် တစ်ခုခု ဖြစ်ပွားခဲ့သည်လား။
"ငါ့ရဲ့မိတ်ဆွေနှစ်ယောက်က ယွီလင်တံဆိပ်ပြားကို ကိုင်ပြီး ဒီနေရာကို ရောက်လာခဲ့ကြတာ... မင်းတို့တွေ သေသေချာချာ စဉ်းစားကြည့်ကြဦး။ သူမတို့တွေ တကယ်ပဲ ဒီမှာမရှိဘူးလား။ ဒါမှမဟုတ် ပြောမပြနိုင်တဲ့ ကိစ္စတစ်ခုခုများ ဖြစ်ပွားခဲ့တာလား.."
ရွှီယန်၏ လေသံက လေးနက်လာခဲ့၏။
"ယွီလင်.."
စောင့်ရှောက်သူ အကြီးအကဲက မှင်သက်သွားသည်။ ပြီးနောက် ပြော၏။
"ထိုက်မြှောင်ဂိုဏ်းက ယွီလင်တံဆိပ်ပြားကို မထုတ်ပြန်တာ အချိန်အတော်ကြာနေပြီ။ ယွီလင်တံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့လူတွေ ရောက်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး.."
"ရွှီယန်... နင့်မိတ်ဆွေတွေက ယွီလင်တံဆိပ်ပြား အတုကို ကိုင်ထားတာဖြစ်မယ်... ထိုက်မြှောင်ဂိုဏ်းမှာ နင်ရှာနေတဲ့လူမျိုး မရှိဘူး.."
ရွှီယန်မှာ မျက်မှောင်ကျုံ့သွားသည်။ ယွီလင်တံဆိပ်ပြားမှာ အတုဖြစ်ရန် မဖြစ်နိုင်ပေ။ သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့၏ တံဆိပ်ပြားများကို လူတစ်ယောက်ထဲက ချန်ရစ်ခဲ့ခြင်း ဖြစ်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် သူ၏လေသံက ပိုမိုနက်ရှိုင်းလာခဲ့သည်။
"ငါ့မိတ်ဆွေတွေ ကိုင်ထားတဲ့ ယွီလင်တံဆိပ်ပြားကို ထိုက်မြှောင်ဂိုဏ်းရဲ့ ရှင်းမုန့်ရုံက ချန်ရစ်ထားခဲ့တာ.."
"ရိုင်းစိုင်းလိုက်တာ.."
စောင့်ရှောက်သူအကြီးအကဲက ဒေါသတကြီး ဖြစ်သွားပြီး အေးစက်စွာပြောသည်။
"ငါ့ဆရာရဲ့နာမည်က နင်အလွယ်တကူ တိုက်ရိုက်ခေါ်လို့ရတဲ့အရာ မဟုတ်ဘူး။ တော်တော်ရိုင်းစိုင်းတဲ့ကောင်ပဲ... အကြောင်းပြချက်ရှာပြီး ငါတို့ ထိုက်မြှောင်ဂိုဏ်းကို ရန်လာစနေတယ်။ ဒီနေ့မှာ ငါနင့်ကို ထိုက်မြှောင်ဂိုဏ်းက ဘယ်လိုလဲဆိုတာ နားလည်အောင် လုပ်ပေးလိုက်မယ်.."
ရွှီယန်သည် မျက်မှောင်ကျုံ့သွားပြီး တစ်ခုခုမှားယွင်းနေကြောင်းကို နားလည်လိုက်သည်။ သို့ရာတွင် စောင့်ရှောက်သူ အကြီးအကဲက လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ပွင့်ချက်များ စတင်လွင့်ပျံလာပြီ ဖြစ်၏။ တစ်ခုချင်းစီတိုင်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားတို့ကို စုစည်းထားသည်။
ခွန်အားအရာတွင် သူမသည် သိုင်းတစ်ထောင်ခန်းမ၏ ဆေဘာသခင် အကြီးအကဲထပ်ပင် သာလွန်၏။
ယခုအချိန်၌ တစ်ဖက်လူက တိုက်ခိုက်မှုပြုလာပြီ ဖြစ်ရာ ရွှီယန်အနေနှင့် စိတ်ရှည်မှုတို့ မရှိတော့ပေ။ သူသည် အမှန်တရားကို သိရှိရန်အတွက် ရှင်းမုန့်ရုံကို တစ်ခါတည်း သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်၏။
သူမတို့သာ အမှန်တကယ် ထိုက်မြှောင်ဂိုဏ်းဆီသို့ လာရောက်ခြင်း မရှိပါက ယွီကျိုးသို့ပြန်ကာ ကျိန်တော်ဝင်မိသားစုဆီ၌ စုံစမ်းရပေမည်။
"ငါ့မိတ်ဆွေတွေ ကိုင်ထားတဲ့ ယွီလင်တံဆိပ်ပြားကို ရှင်းမုန့်ရုံက ချန်ရစ်ခဲ့တာပဲ။ အစစ်အမှန် ဟုတ်လားမဟုတ်လား ဆိုတာကတော့ သူမကို ထွက်လာခိုင်းလိုက်ရင် ငါတို့တွေသိလိမ့်မယ်.."
ရွှီယန်က လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။ ရွှေရောင်နဂါးကြီး ၁၈ကောင်တို့သည် ရစ်ဝဲလာပြီး ထိုက်မြှောင်ဂိုဏ်း၏ စောင့်ရှောက်သူ အကြီးအကဲဆီသို့ ဝင်ရောက်သွား၏။
အစစ်အမှန်နဂါးအသွင်၏ စွမ်းအားနှင့်ဆန္ဒတို့က အရပ်မျက်နှာအားလုံးတို့ဆီ၌ မြင့်တက်လာပြီး စစ်မှန်သည့်နဂါးတို့ သက်ဆင်းလာသည်နှယ် ရှိသည်။
အပိုင်း ၆၀၈ - အိပ်မက်ပုံရိပ်၊ ဉာဏ်ပညာဓားလမ်းစဉ်
ထိုက်မြှောင်ဂိုဏ်း၏ အကြီးအကဲများသည် ရုတ်တရက် ဖြူရော်သွားကြ၏။ တိုတောင်းလှသည့် နှစ်အနည်းငယ်အတွင်းတွင် ယခုမျှ စွမ်းအားကြီးထွားလာခဲ့သည့် ရွှီယန်အပေါ် မှင်သက်နေမိသည်။ လင်းနယ်မြေရှိ ပါရမီရှင်များအကြားတွင် မည်သူက သူနှင့် နှိုင်းယှဉ်နိုင်မည်နည်း။
စောင့်ရှောက်သူ အကြီးအကဲ၏ မျက်နှာက ခက်ထန်သွားပြီး ကြီးမားသည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
"တိုက်ခိုက်ကြ.."
လူငယ်တစ်ယောက်ကို ဝိုင်းဝန်းတိုက်ခိုက်သည့် အရှက်ရမည့် ကိစ္စမျိုးကို လျစ်လျူရှု့ကာ အခြားအကြီးအကဲများလည်း ဝင်ရောက် တိုက်ခိုက်လာကြသည်။
ထိုက်မြှောင်ဂိုဏ်းမှ တပည့်များသည် ထိတ်လန့်သွားကြပြီး နောက်သို့အလျှင်အမြန် ဆုတ်ခွာကြ၏။ တိုက်ပွဲမှထွက်ပေါ်လာသည့် အားလှိုင်းတို့သည် သူတို့ကို မသေဆုံးလျှင်တောင် ဒဏ်ရာအပြင်းအထန် ရရှိသွားစေနိုင်သည်။
အားလုံးတို့သည် တုန်လှုပ်နေကြ၏။ ရွီယန်သည် မည်မျှအသက်ကြီးရင့်သေးလို့နည်း။ သူ၏ခွန်အားသည် ယခုမျှ ကြောက်စရာကောင်းလောက်အောင် ကြီးထွားလာပြီးပြီလား။
"ရွှီယန်က တကယ့်ကို အံ့ဩဖို့ကောင်းတယ်.."
"ဟုတ်တယ်... သူကအရမ်းချောပြီး အရမ်းလည်းစွမ်းအားကြီးတယ်.."
"ဟုတ်တယ်... ငါတို့ရဲ့ ဂျူနီယာမောင်လေးယွီကို ရှားပါးပြီးချောမောတဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ရွှီယန်နဲ့ နှိုင်းယှဉ်ရင်တော့ သူက နောက်ကျနေသေးတယ်.."
"ဂျူနီယာမောင်လေးယွီက အများကြီး နောက်ကျတာပေါ့... ပြီးတော့ ရွှီယန်လိုမျိုးလည်း ကြီးစိုးမှုတွေ လစ်ဟင်းနေတယ်။ ရွှီယန်ကို ကြည့်လိုက်ဦး။ တကယ့်ကိုယောက်ျားပီသပြီး ကြီးစိုးလွန်းတယ်... အရမ်း စွမ်းအားကြီးလွန်းတယ်... သူက လက်တစ်ဝှေ့နဲ့ အစစ်အမှန်နဂါးတွေကို အမိန့်ပေးနိုင်တယ်.."
ဂိုဏ်းအတွင်းရှိ စီနီယာဂျူနီယာ ညီအစ်မများ၏ ပြောစကားများကို နားထောင်ကာ ထိုက်မြှောက်ဂိုဏ်းရှိ အမျိုးသားတပည့်များ၏ မျက်နှာများက မနာလိုမှုဖြင့် အစိမ်းရောင်ပြောင်းသွားကြသည်။ အထူးသဖြင့် ဂျူနီယာယွီ ဖြစ်၏။
ကြီးမားသည့် တိုက်ပွဲကြီးတစ်ခု စတင်ခဲ့ကာ ထိုက်မြှောင်ဂိုဏ်းတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ တိုက်ပွဲကြီးတစ်ခုကို လာရောက်ဆင်နွှဲသည့်နှယ် ရှိနေ၏။
လျှင်မြန်သော ရွေ့လျားမှုနှင့်အတူ ယရုံသည် တိုက်ပွဲပြင်၌ ပေါ်လာခဲ့ပြီး ချက်ချင်းပင် အံ့သြသွား၏။
"ရွှီယန်လား..."
ယခုအချိန်၌ ယရုံသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားသည့် သိုင်းသမားတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
"ရှင်းမုန့်ရုံကို ထွက်လာခိုင်းလိုက်... ငါသူမရဲ့အဖြေကိုလိုချင်တယ်... သုယွီယင်းနဲ့ ယွင်မြှောင်မြှောင် ဘယ်မှာလဲ။ မင်းတို့ ထိုက်မြှောင်ဂိုဏ်းက လူပြောလို့မရတဲ့ ကိစ္စတစ်ခုခုကို လုပ်ခဲ့တာလား.."
ရွှီယန်က အေးစက်စွာပြောသည်။
မျက်စိတစ်မှိတ်အတွင်းတွင် နဂါးကြီး၁၈ကောင်တို့သည် ကြီးမားသည့် ဓားကြီး၁၈ခုတို့အဖြစ် ပြောင်းလဲသွား၏။
ဓားအခင်းအကျင်း၏ အလင်းရောင်တို့ ထွက်ပေါ်လာကာ ထိုက်မြှောင်ဂိုဏ်းမှ အကြီးအကဲများစွာတို့ကို ပိတ်လှောင်လိုက်သည်။
သူသည် တစ်ယောက်ယောက်ကို လာရှာခြင်း ဖြစ်သည်လား။
ယရုံမှာ အကူအညီမဲ့စွာ ခံစားလိုက်ရသည်။ သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့သည် ဆရာဖြစ်သူ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေ၏။ ထို့ကြောင့် သူမတို့ ထိုက်မြှောင်ဂိုဏ်းဆီသို့ ဝင်ရောက်ချိန်တွင် ထိုအကြီးအကဲများကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။
"ရပ်လိုက်.."
လှုပ်ရှားမှုတစ်ခုနှင့်အတူ ယရုံသည် ရွှီယန်၏ နံဘေးဆီသို့ရောက်လာခဲ့၏။
"သူမတို့ဆီကို ငါနင့်ကို ခေါ်သွားပေးမယ်.."
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ဓားအခင်းအကျင်းက ပျောက်ကွယ်သွား၏။ သူသည်တစ်ဖက်ရှိ အမျိုးသမီးကို မှတ်မိလိုက်ပါသည်။
သူမသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဝရှိ တိုက်ပွဲတွင် အဝေးမှ စောင့်ကြည့်နေသူများထဲမှ တစ်ယောက်ဖြစ်၏။
"ဂျူနီယာညီမယရုံ... နင်..."
စောင့်ရှောက်သူ အကြီးအကဲသည် ယရုံကို မျက်မှောင်ကျုံ့ကာ ကြည့်၏။
"ရွှီယန်ရဲ့ မိတ်ဆွေဟောင်းတွေ... ငါတို့ဆရာနဲ့ ရှိတယ်.."
ယရုံက ရှင်းပြသည်။
စောင့်ရှောက်သူအကြီးအကဲမှာ နားမလည်နိုင်စွာ ရှိနေသည်။ ထိုကိစ္စကို ဘယ်လိုလုပ်ပြီး သူမ မသိရသနည်း။
သို့ရာတွင် ယရုံသည် အမြဲတမ်း ဆရာဖြစ်သူကို ခစားခဲ့၏။ ထိုနှစ်ယောက်တွင် ထူးကဲသည့် နောက်ခံတို့ ပိုင်ဆိုင်ထားရပေမည်။
"ဒါပေမယ့် ရွှီယန်က..."
သို့ရာတွင် ရွှီယန်၏ မောက်မာမှုကို တွေ့လိုက်သည်နှင့် လက်မခံနိုင်စွာ ခံစားလိုက်ရ၏။ တစ်ဖက်လူသည် ထိုက်မြှောင်ဂိုဏ်း၏ စည်းမျဉ်းများကို ချိုးဖျက်ခဲ့ရုံမက အကြီးအကဲတစ်ယောက်ကိုလည်း လွင့်စင်ထွက်သွားအောင် တိုက်ခိုက်ခဲ့သည်။
ဤသည်မှာ တိုက်ရိုက်စိန်ခေါ်မှု ဖြစ်၏။ ဒီကိစ္စသာ လွှတ်ပေးလိုက်ပါက ဂိုဏ်း၏ ဂုဏ်သိက္ခာတို့ ကျန်နေဦးမည်လား။
"ဂိတ်တံခါးပေါ်မှာထဲက ငါရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား... ငါဒီကို မိတ်ဆွေဟောင်းအချို့ဆီကို လာလည်တာလို့... ဒါပေမယ့် မင်းတို့ရဲ့အစောင့်က ငါရွှီယန် ဒီကိုပြဿနာလာရှာတာလို့ လျှောက်ပြီးတော့ပြောခဲ့တယ်။ ဒီကိစ္စအတွက် ငါ့ကို အပြစ်တင်လို့မရဘူး.."
ရွှီယန်က ဝင်ရောက် ပြောကြား၏။ သူသည် ထိုက်မြှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့ပေမယ့် ဤသည်မှာ တစ်ဖက်လူ၏ အမှားကြောင့်သာဖြစ်သည်။
သို့ပေမယ့် အစောင့်က သူ့ကို ကောင်းမွန်စွာလက်ခံပြီး အကြောင်းအရာကို မေးမြန်းခဲ့လျှင်တောင် သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့ကို သိရှိခြင်းမရှိရာ သူ့အနေနှင့် ဝင်ရောက်တိုက်ခိုက်ဦးမှာ ဖြစ်၏။ တိုက်ပွဲမှာ ရှောင်လွှဲလို့မရပေ။
စောင့်ရှောက်သူအကြီးအကဲက ခဏတာတုံ့ဆိုင်းနေပြီးနောက် ဂိတ်တံခါးစောင့်သည့်အစောင့်ကို ခေါ်ခိုင်းလိုက်သည်။
ရွှီယန်က ထပ်မံငြင်းခုန်မှု ပြုမနေပါ။ အဲ့ဒီ့အစား ယရုံကိုကြည့်ကာ ပြော၏။
"သူမတို့တွေ ဘယ်မှာလဲ... ကျွန်တော့်ကို ခေါ်သွားပေး။ ဒါမှမဟုတ်ရင် သူမတို့ကို ကျွန်တော်နဲ့တွေ့ဖို့ ဖိတ်ခေါ်ခဲ့ပေး.."
သူ၏ ဒီနေရာသို့ ရောက်လာခဲ့သည့် အကြောင်းအရင်းမှာ နှစ်ရပ်ရှိသည်။ ပထမဆုံးအနေနှင့် မိတ်ဆွေဟောင်းတို့ဆီကို လာရောက်လည်ပတ်ခြင်းဖြစ်ပြီး ဒုတိယအနေနှင့် ရှဲ့လင်ဖုန်း၏ တည်နေရာအား ရှာဖွေရန်ဖြစ်သည်။
"နင်..."
ယရုံက ရွှီယန်ကို စောင့်ခိုင်းထားပြီး ဆရာဖြစ်သူအား သွားရောက်သတင်းပို့တော့မှာ ဖြစ်သည်။ သို့ပေမယ့် ရုတ်တရက် ရပ်တန့်သွားပြီး ပြော၏။
"ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပါ.."
သူမသည် နောက်သို့လှည့်ကာ ရွှီယန်ကိုဦးဆောင်ပြီး ထိုက်မြှောင်ဂိုဏ်း၏ တောင်ထိပ်ဆီသို့ တက်ခဲ့၏။
"ဂျူနီယာညီမယရုံ... နင်..."
စောင့်ရှောက်သူအကြီးအကဲ၏ မျက်နှာကပြောင်းလဲသွားသည်။ တောင်ထွတ်သည် ထိုက်မြှောင်ဂိုဏ်း၏ အဓိကနေရာ ဖြစ်၏။ ပုံမှန် အကြီးအကဲများပင်လျှင် ထိုနေရာသို့ တက်ရောက်ခွင့်မရှိပေ။ သူစိမ်းတစ်ယောက်ဆိုလျှင် ပိုဆိုး၏။
သို့ရာတွင် သူမသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ဆက်လက်တားဆီးခြင်း မပြုတော့ပေ။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွား၏။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က တိတ်ဆိတ်စွာ အကြောင်းကြားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ ရှင်းမုန့်ရုံလေလား။
ညီညာခြင်းမရှိဘဲ ကျဉ်းမြောင်းသည့် တောင်လမ်းတလျှောက် လျှောက်လှမ်းရင်းက တောင်ထိပ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ တစ်ဖက်တစ်ချပ်တွင် လှပသည့် ခြံဝန်းများရှိသည့် နေရာတို့ကို ဖြတ်ကျော်ခဲ့၏။ ဤသည်မှာ ထိုက်မြှောင်ဂိုဏ်းမှ လက်ရွေးစင်တပည့်များ၏ နေအိမ်များ ဖြစ်သည်။
တောင်ထိပ်နှင့် ပိုမိုနီးကပ်လာလေလေ လမ်းတလျှောက်တွင် ပန်းပွင့်များ ပိုမိုများပြားလေ ဖြစ်လာခဲ့သည်။
၎င်းတို့သည် ပိုမိုကာလှပကာ အရောင်အသွေးစုံလင်စွာဖြင့် ပွင့်လန်းနေပြီး မြူများနှင့် ကြည့်ရသည်မှာ အိပ်မက်ဆန်သည့်အလှကို ပေးစွမ်းနေသည်။
"နင့်ဘာသာ ဆက်ပြီးတော့ တက်သွားလို့ရတယ်... တောင်ထိပ်ရဲ့အောက်မှာ တင့်တယ်တဲ့ ခြံဝန်းနှစ်ခုရှိတယ်။ သူမတို့တွေ အဲ့ဒီ့ ခြံဝန်းထဲမှာနေတယ်.."
ယရုံက ရပ်တန့်သွားပြီး ပြောသည်။
"ကောင်းပြီ.."
ရွှီယန်သည် တုံ့ဆိုင်းနေခြင်း မရှိသလို မည်သည့်လုပ်ကြံမှု ရှိနေမည်ကိုလည်း စိုးရွံ့ခြင်းမရှိပါ။ သူ၏စွမ်းအားကြောင့် ယုံကြည်ချက် အပြည့်ရှိ၏။
သူ၏ လက်ရှိခွန်အားနှင့် ဖြစ်ပေါ်လာမည့် အန္တရာယ်တို့ကို ရင်ဆိုင်နိုင်စွမ်းမရှိလျှင်တောင် ဆရာပေးထားသည့် ကျောက်စိမ်းအဆောင် ရှိပါသေးသည်။
တောင်ထိပ်နှင့် နီးကပ်လာလေလေ လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်က ပိုမိုကြီးထွားလာလေဖြစ်ပြီး အစစ်အမှန်မဟုတ်သည့် ခံစားချက်တို့လည်း တိုးပွားလာခဲ့သည်။
"ဟန်.."
ရွှီယန်သည် ရုတ်တရက် ရပ်တန့်သွား၏။ တောင်ထိပ်ပေါ်ရှိ နေရာတစ်ခုကို ကြည့်ကာ မျက်မှောင်ကျုံ့သွားသည်။ တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။
"ဒါက ထိုက်မြှောင်ဂိုဏ်းရဲ့ လျှို့ဝှက်နေရာ တစ်ခုလား.."
ဤသည်မှာ ထိုက်မြှောင်ဂိုဏ်း၏ လျှို့ဝှက်နေရာတစ်ခုဖြစ်ရာ သူ့အနေနှင့် ဆက်လက်စူးစမ်းမှု ပြုမနေတော့ပေ။ အဲ့ဒီ့အစား တောင်ကို ဆက်လက်တက်သွား၏။
မြင်ကွင်းထဲတွင် ခြံဝန်းနှစ်ခုတို့ ပေါ်လာခဲ့သည်။ တင့်တယ်သော ခြံဝန်းတို့သည် ပန်းပွင့်များဖြင့် ဝန်းရံနေပြီး ခြံဝန်း၏ ဂိတ်တံခါးရှေ့တွင် လှပသော မိန်းကလေးနှစ်ဦးတို့ ရပ်နေသည်။
ဤသည်မှာတော့ သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့ဖြစ်၏။ နှစ်ပေါင်းများစွာ ကွဲကွာမှုအပြီးတွင် မိန်းကလေးနှစ်ယောက်တို့သည် ပိုမိုလှပကာ ဆွဲဆောင်မှုရှိလာခဲ့၏။
အထူးသဖြင့် ယွင်မြှောင်မြှောင် ဖြစ်သည်။ ဝူရှန်းစံအိမ်တုန်းကထက်ပင် ပိုမိုကာ ဆွဲဆောင်မှုပိုပြီး သူမ၏ အလှသည် လူအများ၏ နှလုံးသားကို ဆက်တိုက် အခုန်မြန်လာစေသည်။
"သခင်လေးရွှီ.."
သုယွီယင်းက တောက်ပသည့် အပြုံးတစ်ခုကို ဖော်ထုတ်ကာ သူမ၏ပါးနှစ်ဖက်က နီမြန်းလာခဲ့၏။
အပိုင်း ၆၀၉ - အိပ်မက်ပုံရိပ်၊ ဉာဏ်ပညာဓားလမ်းစဉ်(၂)
"သခင်လေးရွှီ.."
ယွင်မြှောင်မြှောင်၏ အသံက ရောက်ရှိလာပြီး သူ၏နှလုံးခုန်သံကို တစ်ခါတည်း တိုက်စားလာခဲ့သည်။
"မိန်းကလေးသု.. မိန်းကလေးယွင်... မတွေ့တာကြာပြီ.."
ရွှီယန်က အပြုံးတစ်ခုကို ဖော်ထုတ်ကာ ရှေ့သို့တက်သည်။ သို့ပေမယ့် ရုတ်တရက် ရပ်တန့်သွား၏။
သူသည် တစ်ခုခုအား မှားယွင်းစွာ ခံစားလိုက်ရသည်။ အသက်ကို နက်ရှိုင်းစွာရှူပြီး အကြည့်များက လေးနက်သွားကာ အသိစိတ်ကို ဖြန့်ကျက်လိုက်သည်။ သို့ပေမယ့် ရှေ့ရှိမြင်ကွင်းသည် မည်သည့်ပြဿနာမှ မရှိသည့်ပုံရ၏။
"သခင်လေးရွှီ... လာခဲ့လေ.."
သုယွီယင်းက လျှင်မြန်စွာ လျှောက်လာပြီး သူ့ကို ခြံဝန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။ ယွင်မြှောင်မြှောင်လည်း အပြေးလိုက်သွား၏။ အမျိုးသမီးနှစ်ယောက်တို့သည် လမ်းလျှောက်ရင်းက တစ်ယောက်နှင့်တစ်ယောက် စူးစိုက်စွာကြည့်ကာ တစ်ခုခုကို အငြင်းပွားနေဟန်ရသည်။ သို့ပေမယ့် စိတ်ဖြင့်ဆက်သွယ်ကာ ပြောဆိုနေပုံ ပေါ်၏။
သူမတို့နှစ်ယောက်၏ မျက်နှာများက တဖြည်းဖြည်း အေးစက်လာကာ တစ်ယောက်နှင့်တစ်ယောက် ရန်လိုသည့် အသွင်က ပိုမိုပီပြင် သိသာလာခဲ့သည်။
"သခင်လေးရွှီက ငါနဲ့အရင်သိတာ... ငါနဲ့ပိုပြီး ရင်းနှီးတယ်.."
"ဟန့်... ငါက သခင်လေးရွှီ ဝူရှန်းစံအိမ်ကို ပထမဆုံးအကြိမ် လာခဲ့ကတည်းက အကောင်းဆုံး ဧည့်ခံမှုတွေပေးခဲ့တာ.."
ချက်ချင်းပင် အမျိုးသမီးနှစ်ယောက်တို့သည် ငြင်းခုံမှုကို တိုက်ခိုက်မှုဖြင့် ဖြေရှင်းတော့မည့်ဟန် ရ၏။ ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ပြီးနောက် ပုံရိပ်ယောင်သို့မဟုတ် အိပ်မက်တစ်ခုအတွင်းသို့ ကျဆင်းနေသည်ဟု ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရသည်။
သို့ရာတွင် သူ၏ အသိစိတ်နှင့် မျက်စိမှမြင်သည့် အရာအားလုံးတို့သည် စစ်မှန်လှ၏။ ခြံဝန်းမှာ အစစ်အမှန်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ တစ်ခုတည်းသော အတုအယောင် ပုံရိပ်တို့မှာ အမျိုးသမီးနှစ်ယောက်လေလား။
"တစ်ခုခု မဟုတ်သေးဘူး... ဒါက ဘယ်လို လှည့်ကွက်မျိုးလဲ.."
ရွှီယန်၏ နှလုံးသားထဲ၌ အေးစက်စွာ ခံစားလိုက်ရသည်။ ဤသည်မှာ ပုံမှန် သိုင်းပညာတိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ အဲ့ဒီ့အစား ပုံရိပ်ယောင်တစ်ခု၊ အိမ်မက်တစ်ခု ဖြစ်၏။
ထို့အပြင် သာမာန် ပုံရိပ်ယောင်အတတ်တစ်ခုပင် မဟုတ်ပေ။ စစ်မှန်သည့် ပတ်ဝန်းကျင်ကို အသုံးပြုကာ အတုအယောင် အိမ်မက်အား ဖြစ်တည်စေခဲ့ခြင်း ဖြစ်၏။
ရွှီယန်သည် မိန်းကလေးနှစ်ယောက်၏ အငြင်းပွားမှုနှင့်ပတ်သက်ပြီး အာရုံထားမနေတော့ပါ။ သူမတို့၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကိုလည်း ဂရုစိုက်မနေပါ။
ရှေ့တွင်ရှိသည့် လှပသည့်မြင်ကွင်းတို့ကိုလည်း လျစ်လျူရှု့ထားပြီး အိမ်မက်ကဲ့သို့ မြင်ကွင်းကို ဆက်လက်စူးစမ်းနေ၏။
'ပုံရိပ်ယောင်... အိမ်မက်... စိတ်အခြေအနေ... ပုံရိပ်ယောင်ကို ဖျက်ဆီးမှပဲ အစစ်အမှန်ကို ရှာတွေ့နိုင်လိမ့်မယ်။ အခု ငါ့ရဲ့နားလည်သဘောပေါက်မှု အဆင့်နဲ့ဆိုရင် ဒါက ယာယီအချိန်အတွင်း သတိလက်လွတ်ဖြစ်သွားပြီး ပုံရိပ်ယောင်အတွင်းကို ကျဆင်းခဲ့တာပဲ..'
'ဆိုလိုတာက ငါ့ရဲ့စိတ်အခြေအနေက အများကြီး လိုအပ်နေသေးတယ်..'
'နှလုံးသားဓားအဆင့်မှာ ငါ့ရဲ့နှလုံးသားထဲမှာ ဓားရှိတယ်။ အရာအားလုံးက ဓားဖြစ်နိုင်တယ်။ ပုံရိပ်ယောင်လည်း အပါအဝင်ပဲ..'
'ဒါပေမယ့် ငါက ပုံရိပ်ယောင်အတွင်းကို ကျဆင်းပြီးမှပဲ တန်ပြန်တိုက်ခိုက်မှု ပြုရမှာ။ ဒီအိမ်မက်လောက အားလုံး.. ပုံရိပ်ယောင်အားလုံးကို ဘယ်လိုမျိုး လျစ်လျူရှု့ရမလဲ..'
'ဆရာပြောတာက ဉာဏ်ပညာဓားအဆင့်မှာ ဉာဏ်ပညာဓားက အတွင်းနတ်ဆိုးကို ပိုင်းဖြတ်တယ်။ ခံစားချက်တွေကို ပိုင်းဖြတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ကို ဖြတ်တောက်တယ်... အတားအဆီးအားလုံး၊ အမျိုးအမည် မသိတဲ့ အရာအားလုံးကို ဖြတ်တောက်တယ်..'
'နှလုံးသားထဲမှာ ဉာဏ်ပညာဓားရှိရင် ကိုယ်ကိုယ်တိုင်က သန့်စင်နေပြီး အရာအားလုံးက ကိုယ့်ရဲ့ အစိတ်အပိုင်း ဖြစ်နေလိမ့်မယ်။ နားမလည်နိုင်မှုတွေ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာမျိုးတွေ မရှိဘူး...'
ရွှီယန်၏စိတ်ထဲတွင် နားလည်သဘောပေါက်မှုအချို့ ဝင်ရောက်လာခဲ့၏။ ဒီအချိန်၌ သူ၏ စိတ်အစဉ်သည် ဉာဏ်ပညာဓားအဆင့်အား မည်ကဲ့သို့ ကျင့်ကြံရမည်ကို နားလည်နိုင်သည့် ဉာဏ်အလင်းတို့ လင်းလက်လာပုံပေါ်၏။
ဉာဏ်ပညာဓားအဆင့် အတွင်းသို့ ခြေလှမ်းပြီးပါက မည်သည့် ပုံရိပ်ပဲဖြစ်ဖြစ် နတ်ဆိုးအတားအဆီးပဲ ဖြစ်ဖြစ် ရေပူးပေါင်းများ သဖွယ်သာ....။ သူ၏နှလုံးသားဆီမှ ပုန်းအောင်းရန် နေရာမရှိပေ။
ဒီအချိန်၌ ရွှီယန်သည် နေရာတွင် တခါတည်း ထိုင်ချကာ အမျိုးသမီးနှစ်ယောက်၏ တိုက်ခိုက်မှုကို ကြည့်ရှု့ရန် ဆုံးဖြတ်လိုက်သည်။
အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည့် အဝတ်များ၊ ဆွဲဆောင်မှုရှိသည့် အသွင်များကို ကြည့်ရှု့ရသည်မှာလှုပ်ရှားမှုတိုင်းသည် စိတ်ကိုစေ့ဆော်နေပြီး သူမတို့၏ လှပသည့် ခန္ဓာကိုယ်များက ညှို့ယူနိုင်စွမ်း ကြီးမားသည့် မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
ပုံရိပ်ယောင်သည် အစစ်အမှန် မဟုတ်ပေ။ သို့ပေမယ့် လောကကြီးရှိ အလှအပဆုံးမြင်ကွင်းကို အမှန်တကယ်ကို ပြသနေ၏။
၎င်းသည် လူသားတစ်ယောက်၏ နှလုံးသားကို တိုက်ရိုက်ထိတွေ့ကာ အလှပဆုံး သို့မဟုတ် မကောင်းဆိုးဝါးဆန်ဆုံး သို့မဟုတ် ကြောက်စရာအကောင်းဆုံး အစိတ်အပိုင်းတို့ကို နိုးထလာစေသည်။
ရွှီယန်သည် ပုံရိပ်ယောင်အတွင်းမှ ထွက်ခွာရန် အလျှင်လိုမနေပါ။ ကိုယ့်ကိုယ်ကိုယ် ပုံရိပ်ယောင်အတွင်းတွင် အာရုံခံစားကာ ဉာဏ်ပညာဓားအဆင့်အား ကျင့်ကြံရမည့် လမ်းစဉ်ကို ပိုမိုရှင်းလင်းအောင်လုပ်၏။
"ဒါက အခွင့်အရေးတစ်ခုပဲ..."
ဉာဏ်ပညာဓားအဆင့်အား ကျင့်ကြံရမည့် လမ်းကြောင်းကို နားလည်သဘောပေါက်မှု ရလာပြီးနောက် သူ၏ နှလုံးသားဓားအဆင့်သာ ပြီးပြည့်စုံပါက ဉာဏ်ပညာဓားအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည်။
ထိုအခါ နက်ရှိုင်းလှသည့် ဉာဏ်ပညာဓားအဆင့်သည် သူနှင့် အလှမ်းကွာမနေတော့ဘဲ ကျင့်ကြံနိုင်သည့်အရာ ဖြစ်လာမှာ ဖြစ်၏။
ဒီအချိန်၌ ရွှီယန်သည် တိတ်တဆိတ် စိတ်လှုပ်ရှားစွာ ခံစားလိုက်ရသည်။ သူ၏ ထိုက်မြှောင်ဂိုဏ်းဆီသို့ ခရီးစဉ်သည် အလကားမဖြစ်ခဲ့ပေ။
ဒီပုံရိပ်ယောင်များ၏ နောက်တွင် မည်သူရှိစေကာမူ သူတို့၏ ရည်ရွယ်ချက်မှာ မည်သည်ဖြစ်စေကာမူ ကိစ္စမရှိပါ။ အဲ့ဒီ့အစား သူ့ကို ဉာဏ်အလင်းအချို့ ပေးစွမ်းလာပြီး ဉာဏ်ပညာဓားအဆင့်ဆီသို့ လမ်းကြောင်းအား ရှာဖွေရန် ကူညီပေးခဲ့သည်။
ထိုက်မြှောင်ဂိုဏ်း၏ ထိပ်တွင် ရှင်းမုန့်ရုံသည် ပဟေဠိဖြစ်စွာ ရှိနေ၏။ ရွှီယန်သည် ဘာလုပ်နေသနည်း။ နေရာတွင်ထိုင်ကာ ပွဲကို ကြည့်ရှု့နေသည်လား။ ကြည့်ရသည်မှာ တစ်ဖက်လူသည် ဒီပုံရိပ်ယောင်အား ရှာဖွေတွေ့ရှိသွားသည့်ဟန် ရှိသည်။
"အားနည်းချက်က ဘယ်နေရာမှာပါလိမ့်.."
သူမသည် ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။ ဘေးရှိ သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့ကိုကြည့်ကာ ခန့်မှန်းချက်တစ်ခု ရလိုက်သည်။
ဖြစ်နိုင်သည်မှာ ဒီမိန်းကလေးနှစ်ယောက်၏ အပြုအမူနှင့် သဘောထားတို့ကြောင့် အားနည်းချက်တို့ ပေါ်လာခဲ့သည်လား။
သူမ၏ အတွေးက ရွေ့လျားသွားပြီး ပုံရိပ်ယောင်မှာ ပိုမိုအစစ်အမှန် ဖြစ်တည်လာခဲ့သည်။ အစက တိုက်ခိုက်နေသည့် မိန်းကလေးနှစ်ယောက်တို့သည် ယခုအချိန်၌ ရွှီယန်ဆီသို့ သွားရောက်ကာ သူ့ကိုရွေးချယ်မှု ပြုစေချင်ကြ၏။
"ဒါတွေကို အဆုံးသတ်ဖို့ အချိန်ကျပြီး.."
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ လက်ကိုမြှောက်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ဓားဖြင့်ခုတ်ပိုင်းချလိုက်၏။
တည့်တိုးဆန်လှသည့် အပြုအမူ ဖြစ်သည်။ သူ၏ ဓားချက်အောက်တွင် မိန်းကလေးနှစ်ယောက်တို့သည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့၏။
ထိုပုံကိုတွေ့ရပြီးနောက် ရှင်းမုန့်ရုံ၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူသည် အလွန် ပျက်သားလွန်းလှ၏။ ဤသည်မှာ အစစ်အမှန်လူသားတို့ ဖြစ်ပါက မည်သို့ပြုမည်နည်း။
ထို့အပြင် လှုပ်ရှားမှုပြုခဲ့ချိန်၌ တစ်ဖက်လူသည် မည်သည့် ခံစားချက် လှိုင်းထမှုကိုမှ ပြသခဲ့ခြင်းမရှိပါ။ တုံ့ဆိုင်းခြင်း တစ်စွန်းတစ်စပင် မရှိပေ။
လှပသောမိန်းကလေးတစ်ယောက်သည် အရိုးစုတစ်ခုအလား ရှိနေပြီး မည်သည့်သနားကြင်နာသည့် အရိပ်ယောင်မှ မပြပေ။
ရွှီယန်က ခြေတစ်လှမ်းတက်လိုက်ပြီးနောက် သူ၏ ခြေထောက်အောက်တွင် တောင်နှင့်မြစ်တို့ ပေါ်လာခဲ့၏။
အိမ်မက်တို့သည် ရေပူးပေါင်းတစ်ခုသဖွယ် ပျက်စီးသွား၏။
ရှေ့ရှိမြင်ကွင်းမှာ အများကြီးပြောင်းလဲသွားခြင်း မရှိပေမယ့် ပုံရိပ်ယောင်တို့ ဖြစ်မနေတော့ပေ။ ဤသည်မှာ အစစ်အမှန် ဖြစ်၏။
ဒီနေရာတွင် တင့်တယ်သည့် ခြံဝန်းနှစ်ခုတို့ ရှိနေ၏။ သို့ပေမယ့် သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့ ရှိမနေပေ။ အဲ့ဒီ့အစား အခြားရင်းနှီးသည့် မျက်နှာနှစ်ခုတို့ ရှိ၏။ ဤသည်မှာ ချွေအာနှင့် ဝူရွှမ်းတို့ဖြစ်သည်။
"သခင်လေးရွှီ.."
ချွေအာက သူမ၏မျက်လုံးများကို ပွတ်ကာ သူမ၏မျက်နှာသည် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေ၏။ ထို့နောက် နီမြန်းသော မျက်နှာဖြင့် အမြန်ပြေးတက်လာခဲ့သည်။
"သခင်လေးရွှီ... တကယ်ပဲရှင်လား... ကျွန်မရှင့်ကို အရမ်းလွမ်းနေတာ.."
ချွေအာသည် အလွန်စိတ်လှုပ်ရှားနေပြီး သူမကိုယ်သူမ အစေခံတစ်ယောက်အဖြစ် သုံးနှုန်းရန်ပင် မေ့လျော့သွားခဲ့သည်။
ဒီကောင်မလေးသည် များစွာ ပြောင်းလဲလာခဲ့၏။ ပိုမိုချစ်ဖို့ကောင်းလာဟန် ရှိကာ ခွန်အားမှာလည်း ကြီးစွာမြင့်တက်လာခဲ့သည်။
သူမသည် ကောင်းကင်လူသားကြီးအဆင့်သို့ ရောက်ရှိပြီး ဖြစ်၏။ ထိုအဆင့်သို့ ဝင်ရောက်ခါစသာ ရှိသေးပေမယ့် သူမ၏ လက်ရှိအသက်နှင့် ခွန်အားအဆင့်မှာ မဆိုးလှပေ။ သာမန်ပါရမီရှင် အချို့နှင့် နှိုင်းယှဉ်နိုင်၏။
ဝူရွှမ်းက နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ထားသည်။ ဒီကောင်လေးသည် ထိုက်မြှောင်ဂိုဏ်းဆီသို့ အမှန်တကယ်လာရောက်ခဲ့ပြီး ဒီနေရာသို့ပင် ရောက်ရှိနိုင်လေသည်။
'ဒီကောင်စုတ်ရဲ့ဂုဏ်သတင်းက လင်းနယ်မြေမှာ အရမ်းကို ကျော်ကြားနေပြီ။ နံပါတ်တစ်ပါရမီရှင်လို့တောင် ပြောကြတယ်။ သူ့ရဲ့ဂုဏ်သတင်းက ကျယ်ပြန့်ပြီးတော့ ကြီးစိုးမှုနဲ့ ကျော်ကြားတယ်။ ဒါပေမယ့် ဒီကောင်မလေးနှစ်ယောက်ကို မှတ်မိနေတုန်းပဲ... သူ့ကို သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်လို့ ယူဆလို့ရတယ်..'
ဝူရွှမ်းက ကိုယ့်ကိုယ်ကို ရေရွတ်သည်။
'ဆရာကြီးရော ဘာတွေလုပ်နေလဲ မသိဘူး..'
ရွှီယန်၏ ဆရာဖြစ်သူ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာကြီးသည် အသန်မာဆုံးအဆင့်၏ အထက်သို့ပင် ရောက်နေလောက်သည် ထင်၏။
"ချွေအာလား..."
ရွှီယန်က ပြုံးကာမေးသည်။
"မိန်းကလေးသုရော ဘယ်မှာလဲ.."
"သခင်မလေးသု တောင်ထိပ်မှာပါ... ဘိုးဘေးအဘွားနဲ့ ရှိနေတယ်.."
ချွေအာက ဝတ်စုံ၏အစွန်းကို ကိုင်ကာ သခင်လေးရွှီကို ခြံဝန်းအတွင်းသို့ ဖိတ်ခေါ်ကာ စကားများပြောလို၏။ သို့ပေမယ့် ရွှီယန်က ခေါင်းကိုမော့ကာ တောင်ထိပ်ဆီသို့ ကြည့်ပြီး ပြောသည်။
"ဒါဆိုရင်မိန်းကလေးသုကို ငါသွားရှာဦးမယ်... အကိုရှဲ့ရဲ့နေရာကို သူမသိလောက်တယ်မလား.."
ချွေအာ၏ တုံ့ပြန်မှုကို စောင့်မနေတော့ဘဲ ရွှီယန်သည် ရှေ့သို့ခြေလှမ်းတက်ကာ တောင်ထိပ်ပေါ်သို့ တည့်မတ်စွာ သွားရောက်၏။
ချွေအာမှာ မှင်သက်သွားသည်။ ဝူရွှမ်းလည်း ကြောင်တောင်နေ၏။ သူမသည် ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည်။
'ဒီကောင်လေး ဒီကိုလာတာ ရှဲ့လင်ဖုန်းရဲ့နေရာကို မေးချင်လို့လား... သူက တကယ့်ကို မိန်းကလေးတွေရဲ့နှလုံးသားကို နားမလည်တတ်တာပဲ..'
"ကျွန်တော်ကြားတာတော့ ထိုက်မြှောင်ဂိုဏ်းရဲ့ ရှင်းမုန့်ရုံက အရမ်းစွမ်းအားကြီးတယ်တဲ့... ကျွန်တော့နာမည်က ရွှီယန်ပါ... ဒီကိုလာပြီး ညွှန်ကြားချက်အချို့ တောင်းခံပါတယ်.."
ချွေအာနှင့် ဝူရွှမ်းတို့၏ အံ့ဩနေသည့် အကြည့်များအောက်တွင် ရွှီယန်၏ ခြေထောက်အောက်၌ ရွှေရောင်နဂါးကြီးတစ်ကောင် ပေါ်လာခဲ့၏။
၎င်းသည် မာန်ဖီလိုက်ပြီးနောက် တောင်ထိပ်ဆီသို့ ပြေးဝင်သွားသည်။ သူသည် လက်ထဲတွင် ဓားရှည်တစ်ချောင်းကိုင်ဆွဲကာ နဂါးကြီးတစ်ကောင်ကို စီးနင်းနေသည့်ဟန် ရ၏။
ဓားဆန္ဒက မြင့်တက်လာပြီး ပြင်းထန်သည့် ဆန္ဒက တောင်ထိပ်ဆီသို့ တည့်မတ်စွာ ဦးတည်နေသည်။ ပြီးခဲ့တုန်းက ပုံရိပ်ယောင်သည် သူ့ကို ဉာဏ်အလင်းအချို့ပေးကာ ဉာဏ်ပညာဓားအဆင့်၏ ကျင့်ကြံမှုလမ်းကြောင်းကို နားလည်စေခဲ့ပေမယ့် သူသည် ပြန်လည်တိုက်ခိုက်ခြင်း မပြုဘဲ နေတတ်သည့်လူ မဟုတ်ပေ။
ရှင်းမုန့်ရုံက တိုက်ခိုက်ခြင်းမပြုဘဲ သူ့ကိုပုံရိပ်ယောင်ဖြင့် စမ်းသပ်ခဲ့လျှင်တောင် ဖြစ်၏။ ရွှီယန်အတွက် ဤသည်မှာလည်း ရန်စမှုတစ်မျိုး ဖြစ်သည်။ ဘယ်လိုလုပ်ပြီး မတုံ့ပြန်ဘဲနေမည်လဲ။
တောင်ထိပ်ပေါ်တွင် သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့သည် သူမတို့၏ ကျင့်ကြံမှုမှ ရုတ်တရက် နှိုးထလာ၏။
ကောင်းကင်ပေါ်သို့ မြင့်တက်လာသည့် ရွှေရောင်နဂါးကြီးကို ကြည့်လိုက်ချိန်၌ နဂါးကြီး၏ဦးခေါင်းထိပ်၌ ဂုဏ်ယူစွာရပ်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူမတို့သည် စိတ်လှုပ်ရှားစွာ ခံစားလိုက်ရသလို စိုးလည်း စိုးရိမ်သွားကြ၏။ ဘေးရှိ ဘိုးဘွေးအဘွားကို ခေါင်းလှည့်ကြည့်ကြသည်။ တစ်ဖက်လူ၏ ခံစားချက်ကို မြင်တွေ့နိုင်ခြင်းမရှိရာ နှလုံးသားထဲ၌ ပိုမိုကာပင် စိုးထိတ်လာ၏။
"လူတိုင်းပြောကြတာက ရွှီယန်က ရူးသွပ်တယ်တဲ့... တကယ့်ကို ဟုတ်နေတာပဲ.."
ရှင်းမုန့်ရုံ၏ အသံသည် အလွန်ထူးကဲလှပြီး စိတ်ကူးယဉ်လောက၏ အပိုင်းအစတစ်ခုနှယ် ရှိ၏။ တောင်ထိပ်ပေါ်မှ ပွင့်ချက်များစွာတို့ ကျဆင်းလာပြီး ပွင့်ချက်တစ်ခုချင်းစီတိုင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားတစ်မျှင်ကို ကိုယ်စားပြုသည်။
များပြားလှသော ပွင့်ချက်များသည် မိုးရွာသည့်နှယ် ကျဆင်းလာပြီး ၎င်းတို့သည် အိပ်မက်ဆန်ကာ ထူကဲလှသည်။ အေးစက်သည့် သတ်ဖြတ်ခြင်း ဆန္ဒတစ်ခုလည်း သယ်ဆောင်ထား၏။
"အရမ်းကို စွမ်းအားကြီးတယ်.."
ရွှီယန်၏နှလုံးသားက လေးလံသွားသည်။ ရှင်းမုန့်ရုံသည် သူတွေဖူးသမျှထဲတွင် အသန်မာဆုံး ဖြစ်၏။ ဝူထန်းနန်မှလွဲ၍ ဖြစ်သည်။
ဝူထန်းနန်၏ ခွန်အားအစစ်အမှန် မည်မျှကြီးမားမည်ကိုတော့ ရွှီယန်အနေနှင့် ပြောကြားနိုင်ခြင်း မရှိပေ။ သူတို့သည် တိုက်ခိုက်မှု မပြုခဲ့ဖူးပါ။
ဝူထန်းနန်ကို ပထမဆုံးတွေ့ဆုံချိန်၌ တစ်ဖက်လူကို ခွန်အားအချို့အား ဖုံးကွယ်ထားသည့် မြေခွေးအိုကြီးတစ်ယောက်ဟုသာ ခံစားခဲ့ရသည်။
"ဝေါင်း.."
ရွှေရောင်နဂါးကြီးက ဟိန်းကာ ကြီးစိုးလှသည့် နဂါးကြီးမြတ်ခြင်းက ပြင်းထန်စွာ ထွက်ပေါ်လာ၏။ ရွှီယန်က လက်ကို ဝှေ့ရမ်းလိုက်ကာ သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းက သေခြင်းရှင်ခြင်း စက်ဝန်းတစ်ခုနှယ် ပွင့်လန်းလာပြီး ဓားဆန္ဒတို့ ထွက်ပေါ်လာ၏။
"ဘုန်း ဘုန်း.."
ပွင့်ချက်များမှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး ဓားအလင်းက ဆက်တိုက် ပြိုလဲလာခဲ့သည်။ ရွှေရောင်နဂါးကြီးလည်း အပေါက်များစွာဖြင့် ပြည့်နက်လာ၏။
"ဘုန်း.."
နဂါးကြီးမှာ ပျက်စီးသွားပြီး ဓားအလင်းမှာ မှိန်သွားသည်။ သို့ပေမယ့် ပွင့်ချက်များမှာ ဆက်လက်ကျဆင်းနေဆဲ ရှိ၏။
"ဝူ့စ်.."
မည်သည့်သတိပေးချက်မှ မရှိဘဲ ရွှီယန်၏ ခြေထောက်အောက်ရှိ ကျောက်တုံးနှင့်သစ်ပင်တို့သည် ထက်မြသည့် ဓားများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ မြင့်တက်သွား၏။ သက်ဆင်းလာနေသည့် ပွင့်ချက်များကို ခုတ်ပိုင်းသည်။
ထို့အပြင် ဓားအရေအတွက်မှာ ပိုမိုပိုမိုကာ များပြားလာနေပြီး သောင်းနှင့်ချီသည့် ဓားလှိုင်းတို့ တိုက်ခိုက်လာတော့မည်ဟန်ရှိသည်။