အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း(61) နှာခေါင်းသွေးယိုခြင်း
ယောင်ပင်း အခန်းတစ်ခုလုံးကို ရှာဖွေသော်လည်း မိုရှောက်ယောင်ကို ရှာမတွေ့ခဲ့ချေ။
“ရှောက်ယောင်၊ ကျွန်တော်ပါ၊ ယောင်ပင်းလေ”
ယောင်ပင်းက ကြမ်းပြင်ပေါ်တွင် ပျံ့ကျဲနေသော ပစ္စည်းများကို သတိထား၍ ကျော်ဖြတ်ရင်း မိုရှောက်ယောင်ကို တိုးတိုးလေး ခေါ်လိုက်သည်။
“သူတို့ အထဲကို ဝင်လာမှာ မဟုတ်ဘူး၊ မကြောက်နဲ့နော်”
အစပိုင်းတွင်တော့ အခန်းထဲ၌ တိတ်ဆိတ်နေဆဲ ဖြစ်ပေသည်။
ခေတ္တမျှအကြာတွင် ခုတင်၏ တစ်ဖက်မှ မိုရှောက်ယောင်၏ အသံ ထွက်ပေါ်လာသည်။
“ကျွန်မ ဒီမှာ..”
သူမ၏ အသံမှာ တိုးညှင်းပြီး ထူးဆန်းနေခဲ့သည်။
ယောင်ပင်း ခုတင်၏ အခြားတစ်ဖက်သို့ အလျင်အမြန် သွားလိုက်သည်။
“ရှောက်ယောင်၊ ဘာဖြစ်လို့လဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ..”
မိုရှောက်ယောင်ကို မြင်လိုက်ရသည့် ခဏမှာပင် ယောင်ပင်း၏ ကျန်ရှိနေသော စကားလုံးများမှာ လည်ပင်းထဲတွင်ပင် တစ်ဆို့သွားတော့သည်။
မိုရှောက်ယောင်သည်ကား ခုတင်၏ တစ်ဖက်တွင် သူမ၏ ဒူးနှစ်ဖက်ကို တင်းကျပ်စွာ ပွေ့ဖက်ရင်း ပုန်းအောင်းနေပေသည်။
သူမ၏ ဆံနွယ်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများထဲတွင်လည်း ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ ကြောက်လန့်နေသော သတ္တဝါငယ်လေးတစ်ကောင်နှင့် တူနေခဲ့သည်။
ယောင်ပင်းကို အသက်ရှူရပ်မတတ် ဖြစ်သွားစေသည်မှာ မိုရှောက်ယောင်သည်ကား ယခုလေးတင် နိုးလာပုံရပြီး ပါးလွှာသော ညဝတ်အင်္ကျီလေးကိုသာ ဝတ်ဆင်ထားခဲ့သည်။
ထိုအင်္ကျီလေးမှာ တိုလွန်းလှသဖြင့် သူမ၏ အရေးကြီးသော နေရာများကိုပင် မသေမချာသာ ဖုံးကွယ်ထားနိုင်ပေသည်။
အချို့နေရာများမှာမြင်တွေ့နေရလေ၏။
ယောင်ပင်းသည် သူမကို တစ်ချက်မျှသာ ကြည့်လိုက်ရသော်လည်း နှလုံးခုန်သံများ မြန်လာပြီး သူပြောမည့် စကားလုံးများမှာလည်း လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားတော့သည်။
လှလိုက်တာ။
တကယ်ကို လှလွန်းတာပဲ။
သူသည်က မိုရှောက်ယောင်၏ ခန္ဓာကိုယ်ကို ယခင်က မြင်ဖူးသော်လည်း ထိုအချိန်က ခဏတာလောက်သာ မြင်လိုက်ရခြင်းသာ ဖြစ်သည်။
ယခုတစ်ကြိမ် ထပ်မံမြင်တွေ့ရခြင်းမှာ ယခင်ကထက် များစွာ ပိုမိုပြင်းထန်ပြီး တုန်လှုပ်ဖွယ်ကောင်းလှသည်။
ခုနလေးတင် သူမြင်ခဲ့ရသော ပျံ့ကျဲနေသည့် အတွင်းခံအဝတ်အစားများ၏ ပုံရိပ်မှာ ယောင်ပင်း၏ စိတ်ထဲတွင် ချက်ချင်းပင် ဖြတ်ပြေးသွားတော့သည်
အဟွတ်၊ အဟွတ် အဟွတ်..
ယောင်ပင်းက တည်ငြိမ်အောင် ကြိုးစားရင်း ခပ်တိုးတိုး ချောင်းအနည်းငယ် ဆိုးလိုက်ပေသည်။
ထို့နောက် မိုရှောက်ယောင်၏အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး နူးညံ့စွာ မေးလိုက်သည်။
“ရှောက်ယောင်၊ ဘာဖြစ်လို့လဲ”
မိုရှောက်ယောင်မှာတော့ သူမ၏ ဒူးများကိုသာ တင်းကျပ်စွာ ပွေ့ဖက်ထားဆဲဖြစ်ပြီး တုံ့ပြန်မှု မရှိသေးချေ။
ယောင်ပင်းက သူမ၏အနားသို့ ခြေလှမ်းအနည်းငယ် ထပ်မံတိုးလိုက်သည်။
သို့သော်လည်း မိုရှောက်ယောင်ကတော့ တုံ့ပြန်မှု မရှိသေးပေ။
ယောင်ပင်းတစ်ယောက် မိုရှောက်ယောင်၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ရီနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။
သူမာ အလွန်အမင်း ထိတ်လန့်နေပုံရပေသည်။ အလွန်အမင်းနူးညံ့ကျိုးပဲ့လွယ်ပြီး အားကိုးရာမဲ့နေပုံလည်းရပေ၏။
ကျောင်းတွင် ယောင်ပင်းဘက်မှ မောက်မာစွာ ရပ်တည်ပေးခဲ့သည့်မိန်းကလေးနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။
ယောင်ပင်း၏ ရင်ထဲတွင် သနားသည့် ခံစားချက်တစ်ခု ပြည့်လျှံလာရသည်။
သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး နူးညံ့စွာ နှစ်သိမ့်ပေးချင်စိတ်များ ပြင်းပြလာခဲ့သည်။
သို့သော် သူ ထိုသို့မလုပ်နိုင်ကြောင်း သိပေသည်။
ထိုသို့လုပ်လိုက်လျှင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
ယောင်ပင်းက စိတ်ရှည်စွာဖြင့် မိုရှောက်ယောင်၏အနားသို့ တစ်လှမ်းချင်း လျှောက်သွားပြီးနောက် သတိကြီးစွာဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ကာ အသံကို အတတ်နိုင်ဆုံး နှိမ့်၍ ပြောခဲ့သည်။
“ရှောက်ယောင်၊ ဘာပဲဖြစ်ဖြစ် မကြောက်ပါနဲ့”
သူ့စကား မဆုံးမီမှာပင်
ဒူးကိုပွေ့ဖက်ထားသော မိုရှောက်ယောင်က ရုတ်တရက် လှည့်လာပြီး ယောင်ပင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
သူမ၏ အသံမှာလည်းတုန်ရီနေလေ၏။
“အဲဒါကြီးက ကျွန်မကို စောင့်ကြည့်နေတယ်၊ ကျွန်မကို စောင့်ကြည့်နေတာ!”
မိုရှောက်ယောင်က ဤစကားကိုသာ အကြိမ်ကြိမ် ထပ်ပြောနေခဲ့လေ၏။
သူမ၏ အသံနှင့် ခန္ဓာကိုယ်တို့မှာ ပြင်းထန်စွာ တုန်ရီနေခဲ့သည်။
ယောင်ပင်း ပြန်လည် မတုံ့ပြန်နိုင်မီမှာပင် နူးညံ့ပြီး နွေးထွေးသော ခန္ဓာကိုယ်လေးတစ်ခုက သူ၏ ရင်ခွင်ထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့လေ၏။
ထိုမိန်းကလေးထံမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့မှာ သူ၏ နှာခေါင်းထဲသို့ ပျံ့လွင့်လာတော့သည်။
မိုရှောက်ယောင်၏ ကောက်ကြောင်းထင်ရှားလွန်းသော ခန္ဓာကိုယ်လေးက သူ့ကို တင်းကျပ်စွာ ကပ်ထားခဲ့သည်။
ယောင်ပင်း အသက်ရှူရပ်မတတ်ဖြစ်သွားရကာ သူ၏ နှလုံးသားမှာလည်း ရူးမတတ် ခုန်ပေါက်နေခဲ့လေ၏။
သူသည်က ကျန်းရှောင်ပေကို ယခင်က ဖက်ဖူးသော်လည်း ဤကဲ့သို့ ခံစားချက်မျိုးကို တစ်ခါမှ မခံစားဖူးခဲ့ဖူးပါချေ။ သူ တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။
“အဲဒါ.. အဲဒီအရာက မင်းကို စောင့်ကြည့်နေတာလား”
ယောင်ပင်းသည် စိတ်ကို ထိန်းရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မိုရှောက်ယောင်ကို တိုးတိုးလေး မေးလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါက်နေတဲ့အရာကို ပြောတာလား”
မိုရှောက်ယောင်က ထိတ်လန့်စွာ ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်၊ အဲဒါပဲ!”
ယောင်ပင်းက သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
“ရှောက်ယောင်၊ အဲဒီတစ်ခုက ဘာမှ မဟုတ်ပါဘူး..”
သူ့စကား မဆုံးမီမှာပင် မိုရှောက်ယောင်က သူ၏ ရင်ခွင်ထဲမှ ရုတ်တရက် ရုန်းထွက်လိုက်ပြီး နောက်သို့ လှည့်သွားလေတော့သည်။
သူ၏ ရင်ခွင်ထဲတွင် ဗလာသက်သက်ဖြစ်ကာ ဟာလာဟင်းလင်း ခံစားလိုက်ရသဖြင့် ယောင်ပင်း စိတ်ပျက်သွားမိသည်။
သို့သော်လည်း ယောင်ပင်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရပြန်သည်။
အဘယ်ကြောင့်ဆိုသော် နောက်သို့ လှည့်သွားသော မိုရှောက်ယောင်သည်က သူမ၏ လက်လေးဖြင့် အဝတ်အစားလေးကို ဖြည်းဖြည်းချင်း အောက်သို့ ဆွဲချလိုက်လေ၏။
ထို့နောက်တွင် ဖြူဖွေးသန့်စင်သောအသားအရေလေးများ ပေါ်ထွက်လာခဲ့သည်။
“ကြည့်ပါဦး၊ အဲဒါ.. အဲဒါက ပိုကြီးလာသလိုပဲ..”
ထိတ်လန့်မှုများကြောင့် မိုရှောက်ယောင်သည်က ရှက်ရွံ့ရမည်ကိုပင် မေ့လျော့နေတော့သည်။ သူမာ ထိုအရာ၏ လက်ရှိ အခြေအနေကို ယောင်ပင်းကို အမြန်ပြသ,လိုနေပေသည်။
သို့သော်လည်း စိတ်လှုပ်ရှားနေသဖြင့် သူမာ အနည်းငယ်မျှသာ ဆွဲချလိုက်ခြင်း ဖြစ်လေသည်။
ထိုသို့ဆိုလျှင်ပင် ယောင်ပင်းသည်ကား ဖြူစင်ဝိုင်းစက်ပြီး ပန်းရောင်သန်းနေသော အသားစိုင်လေးကို မြင်တွေ့လိုက်ရပေသည်။
ယောင်ပင်း၏ ဦးနှောက်မှာ ဗလာဖြစ်သွားရကာ သူ၏ ခန္ဓာကိုယ်မှာလည်း ရုတ်တရက် တင်းမာသွားရသည်။
ထို့နောက် နွေးထွေးသော အရည်တစ်ခုက ယောင်ပင်း၏ နှာခေါင်းမှ စီးကျလာတော့သည်။ သူ မသိစိတ်ဖြင့် ထိလိုက်လျှင် သွေးများကို စမ်းမိလိုက်လေ၏။
သူ နှာခေါင်းသွေးယိုသွားချေပြီ။
ရှက်စရာကောင်းလိုက်တာ..
“ရှင် မြင်လား.. ဒါက ပိုကြီးလာတယ် ဟုတ်တယ်မလား”
မိုရှောက်ယောင်သည်ကား ယောင်ပင်းကို ကျောပေးထားသဖြင့် သူ၏ အခြေအနေကို မသိဘဲ တုန်ရီသောအသံဖြင့် မေးလိုက်ပေသည်။
ယောင်ပင်းတစ်ယောက် နှာခေါင်းမှ သွေးများကို အမြန်သုတ်လိုက်ပြီး သူကိုယ်ကို ပါး ရိုက်လိုက်ကာ မိုရှောက်ယောင်ကို အဝတ်အစားကို အနည်းငယ် ထပ်ဆွဲချရန် ပြောလိုက်သည်။
မိုရှောက်ယောင်သည်လည်း မျက်နှာနီမြန်းလျက် ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ပေသည်။
မကြာမီ လက်မအရွယ်ခန့်ရှိသော “မျက်လုံး” တစ်လုံးက ယောင်ပင်း၏ ရှေ့တွင် ပေါ်လာတော့သည်။
ထို “မျက်လုံး” မှာ အမှန်တကယ်ပင် ပိုမိုကြီးထွားလာခဲ့ပြီ။ ပတ်ဝန်းကျင်မှာ ပန်းရောင်ရှိနေဆဲ ဖြစ်သော်လည်း အလယ်မှ အမည်းရောင်မှာ ပြန့်နှံ့နေပေသည်။ တစ်ချက်ကြည့်လိုက်လျှင် ထိုမျက်လုံးမှာ ရုတ်တရက် ပြူးကျယ်လာသကဲ့သို့ပင် ရှိနေပြီး မြင်ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလွန်းသည်။
“ဒါက ကြီးလာတာအပြင် တခြားဘာတွေ ဖြစ်သေးလဲ”
ယောင်ပင်းက မိုရှောက်ယောင်ကို နူးညံ့စွာ မေးလိုက်သည်။
အခန်းထဲမှ ပရမ်းပတာ ဖြစ်နေမှုများကို ကြည့်ခြင်းအားဖြင့် ကိစ္စများမှာ ဤမျှနှင့် မရိုးရှင်းကြောင်း သိသာလှပေသည်။ တစ်ခုခု ထပ်ဖြစ်ခဲ့လောက်သည်။
သူ့မေးခွန်းကြောင့် မိုရှောက်ယောင်၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူလျော်သွားတော့သည်။
သူမက မှန်ဘက်သို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“မှန်ထဲမှာ တစ်ခုခု ရှိနေတယ်၊ မနေ့ညက ကျွန်မ အိပ်ပျော်ရင်း လမ်းလျှောက်မိပြန်ပြီ၊ နိုးလာတော့ ကျွန်မက မှန်ရှေ့မှာ မတ်တပ်ရပ်နေပြီး အဝတ်အစားတွေကို တစ်ခုပြီးတစ်ခု ချွတ်နေတာ၊ ပြီးတော့ မှန်ထဲကလူက ကျွန်မကို ကြည့်ပြီး ပြုံးနေတယ်”
ယောင်ပင်း မသိစိတ်ဖြင့် မှန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မှန်ရှေ့တွင် အဝတ်အစားများ ပျံ့ကျဲနေသည်မှာ အမှန်ပင်ဖြစ်လေ၏။ သို့သော် အခြားမည်သည့်အရာမှ မရှိတော့ချေ။
“ကျွန်မ အဲဒီလိုပုံမျိုး ဘယ်တော့မှ မပြုံးဘူး”
မိုရှောက်ယောင်၏ လေသံမှာ ရုတ်တရက် အရေးတကြီး ဖြစ်လာသည်။
“မှန်ထဲကလူက ကျွန်မ မဟုတ်ဘူး”
ထိတ်လန့်နေသဖြင့် မိုရှောက်ယောင်၏ စကားများမှာ ရှုပ်ထွေးနေပေသည်။ ယောင်ပင်းက သူမ တည်ငြိမ်သွားသည်အထိ ခေတ္တမျှ ချော့မော့လိုက်ရသည်။
ထို့နောက် သူမကို ပွေ့ချီ၍ ခုတင်ပေါ်တွင် ဖြည်းညှင်းစွာ တင်ပေးလိုက်သည်။
ထို့နောက် သူက မှန်ဘက်သို့ လှည့်၍ လျှောက်သွားလိုက်ပေသည်။
မှန်ထဲတွင် မည်သည့်အရာများ ထူးဆန်းနေသည်ကို သူ မြင်တွေ့လိုသည်။
မိုရှောက်ယောင်၏ အခန်းထဲရှိ မှန်မှာ ခုတင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေလေ၏။ ယောင်ပင်း ဇဝေဇဝါ ဖြစ်သွားရသည် ။
ခုတင်နှင့် မျက်နှာချင်းဆိုင်တွင် မှန်ကို ထားလေ့ရှိမရှိပေ။
မိုမိသားစုက ဒါကို မသိကြဘူးလား။
သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး မှန်ကို သေသေချာချာ စစ်ဆေးလိုက်ပေသည်။ ခေတ္တမျှအကြာတွင် ယောင်ပင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
သူ နောက်ဆုတ်၍ ကြည့်လိုက်သည့် ခဏမှာပင် မှန်၏ မျက်နှာပြင်ပေါ်တွင် ဖျော့တော့သော အမည်းရောင် အရိပ်တစ်ခု လွင့်ပျံနေပြီး သူ့ကို ကြည့်၍ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးပြနေသည်ကို မြင်လိုက်ရချေသည်။
ထိုအရိပ်မှာ အရပ်အမောင်းနှင့် ကိုယ်ဟန်မှာ မိုရှောက်ယောင်နှင့် အလွန်ပင် တူညီလွန်းသည်။
“ကလေးကစားစရာ လှည့်ကွက်လေးပဲ”
ယောင်ပင်း နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ခလယ်ကို ရုတ်တရက် ကိုက်လိုက်ကာ သွေးတစ်စက် ကျလာပြီးနောက် ထိုအရိပ်၏ နဖူးပေါ်သို့ အလျင်အမြန် ဖိနှိပ်လိုက်သည်။
ထို့နောက် သူသည်က စနစ်အတွင်းမှ “အရိပ်သတ် အင်းစာရွက်” တစ်ခုကို ဝယ်ယူကာ ထုတ်ယူလိုက်သည်။
ထို့နောက် ထိုယင်ယန်အင်းစာကို ထိုအရိပ်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။
ဝုန်း!
မှန်တစ်ခုလုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေ၏။ ထိုကွဲအက်ရာများကြားမှ သွေးများမှာ စိမ့်ထွက်လာတော့သည်။
ထိုအချိန်တွင် ပင်းဟိုင်မြို့ရှိ တောင်တန်းများကြားတွင် တည်ရှိသော တာအိုကျောင်းတစ်ခု၌
တာအိုဘုန်းကြီးငယ်တစ်ဦးင ရုတ်တရက် သွေးအန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ့ရှေ့မှ ယဇ်ပလ္လင်မှာလည်း ချက်ချင်းပင် ကွဲအက်သွားလေ၏။
အကြီးအကဲ တာအိုဘုန်းတော်ကြီးက မျက်နှာပျက်ယွင်းစွာဖြင့် အော်လိုက်သည်။
“အဲဒီကောင်လေး ငါတို့ကို ရှာတွေ့သွားပြီ!”
အကယ်၍ ရှာမတွေ့ခဲ့လျှင် သူ၏ တပည့်မှာ သွေးအန်ပြီး လဲကျသွားမည် မဟုတ်ပါချေ။
သို့သော်လည်း သူ၏ တပည့်သည်က သူ၏ ပညာရပ် တစ်ဝက်ကျော်ကို ရရှိထားသူဖြစ်သော်လည်း ယောင်ပင်းနှင့် တစ်ချက်မျှပင် မယှဉ်နိုင်ဘဲ တုံ့ပြန်မှုဒဏ်ကြောင့် သွေးအန်သွားရသည်။
ယောင်ပင်း၏ ကျင့်စဉ်မှာ သူထင်ထားသည်ထက် များစွာပိုမို အင်အားကြီးမားပုံရသည်။
*
အခန်း(62)လုံးဝကို မရိုးသားတဲ့ လက်တွေ
“ဆရာ၊ အဲဒီတစ်ယောက်က အရမ်း အစွမ်းထက်တယ်၊ ကျွန်တော် ရှက်မိပါတယ်!”
တာအိုဘုန်းကြီးငယ်မှာ အနိုင်နိုင် ထရပ်လိုက်ပေသည်။
“သူက ကျွန်တော်တို့ နောက်ကွယ်က တိုက်ခိုက်နေတာကို သိသွားမှာ သေချာတယ်”
သူ့ဆရာမှလွဲ၍ ဤမျှ အင်အားကြီးသော ပြိုင်ဘက်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ယောင်ပင်းသည် မှန်ပေါ်သို့ သွေးတစ်စက်ချပြီး ရိုက်နှက်လိုက်ရုံမျှသာလုပ်ခဲ့သော်လည်း သူ့အနေဖြင့် တုံ့ပြန်မှုဒဏ်ကို ချက်ချင်းခံရပြီး သွေးအန်သွားရသည်။
“သူ သိတော့ရော ဘာဖြစ်လဲ၊ ငါ ဒီကောင်လေးကို ကောင်းကောင်း ဆုံးမပေးရဦးမယ်”
အကြီးအကဲ တာအိုဘုန်းကြီးက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်လုံးများမှာလည်း ကြောက်မက်ဖွယ် ကောင်းနေခဲ့ပေသည်။
သူ စကားပြောပြီးသည်နှင့် သူ့ရှေ့မှ မှန်မှာလည်း ရုတ်တရက် ကွဲအက်သွားတော့သည်။ မှန်ထဲမှ ယောင်ပင်း၏ ပုံရိပ်မှာလည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့၏။
ထိုခဏမှာပင် ယောင်ပင်းက လေထဲသို့ လက်ညှိုးထိုးပြပြီး စကားတစ်ခွန်း ပြောလိုက်သည်ကို သူ သေချာမြင်လိုက်ရသည် ။
“လစ်လိုက်တော့!”
အသံမထွက်သော်လည်း မိုးကြိုးသံကဲ့သို့ အင်အားကြီးမားနေခဲ့သည်
ဤသည်က အဝေးမှ ပို့လိုက်သော သတိပေးချက်ပင်။
အကြီးအကဲ တာအိုဘုန်းကြီး၏ မျက်လုံးများမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာတော့သည်။
ကျုံးလဲ့ဗီလာ။
မှန်ကွဲသွားပြီးနောက် ယောင်ပင်းက မိုရှောက်ယောင်၏အနားသို့ သတိကြီးစွာ ချဉ်းကပ်သွားပြီး နူးညံ့စွာ ပြောလိုက်သည်။
“ရှောက်ယောင်၊ အခု အဆင်ပြေသွားပါပြီ၊ မကြောက်နဲ့တော့နော်..”
သူ့စကား မဆုံးမီမှာပင် မိုရှောက်ယောင်သည် လှည့်လာပြီး သူ၏ ရင်ခွင်ထဲသို့ ထပ်မံ တိုးဝင်လာပြန်သည်။
“ယောင်ပင်း၊ ကျွန်မ ကြောက်တယ်.. တစ်ယောက်ယောက်က ကျွန်မကို ထိန်းချုပ်ချင်နေတာ..”
သူမ၏ အသံမှာ နူးညံ့သိမ်မွေ့နေပြီး ဒဏ်ရာရထားသော ကြောင်ပေါက်လေးတစ်ကောင်နှင့် တူနေခဲ့ကာ ယောင်ပင်း၏ ရင်ကို လှုပ်ခတ်စေခဲ့လေ၏
သူ့ရင်ထဲတွင် ယားကျိကျိ ဖြစ်လာရသည်။ သို့သော်လည်း စိတ်သက်သာရာ ရစေသည့် ခံစားချက်မျိုးပင်။
“တစ်ယောက်ယောက်က မင်းကို ထိန်းချုပ်ချင်နေတယ်လို့ ပြောလိုက်တာလား”
ယောင်ပင်း၏ ရင်ခုန်သံများကမြန်လာကာ မိုရှောက်ယောင်ကို သူ တိုးတိုးလေး မေးလိုက်သည် ။
“အဲဒါ ဘယ်သူဖြစ်မလဲဆိုတာ မင်း ခန့်မှန်းနိုင်လား”
မိုရှောက်ယောင်က သူမ၏ ခေါင်းလေးကို ယောင်ပင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ရင်း ခေါင်းခါပြလိုက်သည်။
“မသိဘူး”
ယောင်ပင်းက သက်ပြင်းအနည်းငယ် ချလိုက်ပြီး မိုရှောက်ယောင်၏ ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးကာ နှစ်သိမ့်လိုက်သည်။
“အဆင်ပြေပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် မင်းဘေးမှာ ရှိနေပေးပါ့မယ်”
“ကျွန်ဆော့်ဆီမှာ မင်းအတွက် အသုံးဝင်မယ့် အရာတစ်ခုရှိတယ်”
ယောင်ပင်းအနေဖြင့် မိုရှောက်ယောင်ကို သူ၏ ရင်ခွင်ထဲမှ လွှတ်ပေးရန် ဝန်လေးနေသော်လည်း၊ယခုအချိန်တွင် သူမကို ကယ်တင်ရန်က အရေးကြီးဆုံး ဖြစ်ပေသည်။
မိုရှောက်ယောင်က သူမ၏ မျက်နှာလေးကို မော့ကြည့်လိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်ပေသည်။
“အဲဒါက ဘာလဲ”
ယောင်ပင်း တံတွေးကို မျိုချလိုက်ပြီး ပြောလာသည်။
“မင်း .. လှဲလိုက်ပါလား.. ကျွန်တော် အဲဒီနေရာမှာ ကပ်ပေးမလို့”
မိုရှောက်ယောင်မှာ ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း၊ မကြာမီမှာပင် ခုတင်ပေါ်တွင် လှဲလိုက်သည်။ သူမ၏ ဖြူစင်ဝင်းပသော အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေလေသည်။
ဒုန်း..ဒုန်း.. ဒုန်း..
ယောင်ပင်း၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ထွက်လာတော့မတတ်ပင်။ သူသည်က သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး လက်ကို ဖြည်းဖြည်းချင်း လှမ်းလိုက်ကာ မိုရှောက်ယောင်၏ ဝိုင်းစက်ဖြူဖွေးသော ထိုနေရာဆီသို့ ဖြည်းဖြည်းချင်း လှမ်းလိုက်တော့သည်။
*
မိုရှောက်ယောင်က ခုတင်ပေါ်တွင် လဲလျောင်းနေခဲ့လေ၏။
သူမ၏ ခန္ဓာကိုယ်မှာ အချိုးအစားကျနလှပလွန်းပေသည်။
သွယ်လျသော ခါးလေး၊ ရှည်လျားသော ခြေတံများနှင့် ဖြူစင်ဝင်းပသော အသားအရေတို့မှာ ပါးလွှာသော အဝတ်အစားလေး၏အောက်တွင် ပေါ်လွင်နေခဲ့သည်။
ယောင်ပင်း သူ၏ နှလုံးခုန်သံကို အတိုင်းသား ကြားနေရသည်။
စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေချေပြီ။
သူ့ရှေ့မှ အလှလေးမှာ အလွန်ပင့ ဆွဲဆောင်မှု ရှိလွန်းပေသည်။
ယောင်ပင်း သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး စနစ်အတွင်းမှ “ဟွန်ယွမ် အင်းစာ”တစ်ခုကို အမြန်ဝယ်ယူကာ ထုတ်လိုက်ပေသည်။
ထို့နောက် အရှေ့သို့ ဖြည်းညှင်းစွာ လက်လှမ်းလိုက်ပြီး မိုရှောက်ယောင်၏ ဝိုင်းစက်သော ကိုယ်ခန္ဓာကို ဖုံးကွယ်ထားသည့် ပါးလွှာသေးငယ်သော အတွင်းခံအဝတ်အစားလေးကို သတိကြီးစွာဖြင့် အောက်သို့ ဆွဲချလိုက်တော့သည်။
သူ၏ လက်များမှာ တုန်ရီနေပြီး “မျက်လုံး” ပေါက်နေသည့် နေရာသို့ ထိုအင်းစာကို ကပ်ရန်ပြင်လိုက်ပေသည်။
မှန်ထဲက အမည်းရောင်အရိပ်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ဦးက မိုရှောက်ယောင်ကို အမှောင်ထဲမှ ထိန်းချုပ်ဖို့ ကြိုးစားနေသည်မှာ သေချာပေ၏။
ထိုအရိပ်မှာ ကနဦးက ပေါ်လာသော အရိပ်သာ ဖြစ်မည်။ အကယ်၍သာ ဓသည်က ပို၍ ထင်ရှားလာမည်ဆိုလျှင် မိုရှောက်ယောင်မှာ လုံးဝ ထိန်းချုပ်ခြင်း ခံရပေလိမ့်မည်။
“ဟွန်ယွမ် အင်းစာ” မှာ အလွန်ပင် စွမ်းအားကြီးမားသည်။ အကယ်၍ တစ်ဖက်လူက မိုရှောက်ယောင်ကို ထပ်မံ ထိန်းချုပ်ရန် ကြိုးစားမည်ဆိုပါက သူတို့အနေဖြင့် တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရလိမ့်မည်။
ထိုဒဏ်ကြောင့် သူတို့အနေဖြင့် အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
တစ်ဖက်က သတိထားသွားကြရမည်ဖြစ်ပြီး မိုရှောက်ယောင်ကို ထပ်မံထိန်းချုပ်ရန် ဝံ့တော့မည် မဟုတ်ပါချေ။
ထိုအချိန်တွင် ယောင်ပင်းအနေဖြင့် တစ်ဖက်လူကို ဖော်ထုတ်ရန် အစီအစဉ်များ ထပ်မံလုပ်ဆောင်နိုင်မည်ဖြစ်ပြီး၊ မိုရှောက်ယောင်ကို ဒုက္ခပေးနေသည့် နောက်ကွယ်ကလူကို ဖမ်းဆီးနိုင်မည် ဖြစ်ပေသည်။
အင်းစာကို ကိုင်ထားသော ယောင်ပင်း၏ လက်မှာ အနည်းငယ် တုန်ရီနေခဲ့သည်။ သူ့ရှေ့မှ လှပသော မြင်ကွင်းမှာ ဆွဲဆောင်မှု ရှိလွန်းသဖြင့် ယောင်ပင်း၏လည်ချောင်းများ ခြောက်သွေ့လာပြီး စိတ်ကလည်း လွင့်ပျံနေခဲ့သည်။
သူ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားလိုက်ပြီး မိုရှောက်ယောင်၏ ဝိုင်းစက်နေသော တစ်နေရာမှ “မျက်လုံး” ပေါ်သို့ အင်းစာကို အသာအယာ ကပ်ပေးလိုက်ပေသည်။ ထိုနေရာလေးမှာ နူးညံ့ပြီး တင်းရင်းနေခဲ့သည်။
ယောင်ပင်း၏ လက်က အသာအယာ ဖိကပ်ရာမှ မသိစိတ်ဖြင့် ဆုပ်ကိုင်လိုက်မိတော့သည်။
အင့်..
မိုရှောက်ယောင်ထံမှ နှာခေါင်းသံလေးဖြင့် ညည်းညူသံလေး ထွက်ပေါ်လာခဲ့သည်။
ယောင်ပင်း၏ နှလုံးသားက လှုပ်ခတ်သွားပြီး သူ၏ လက်ကို ပို၍ ဖိလိုက်မိလေသည်။
မိုရှောက်ယောင်၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရီသွားသည်ကို သူ ခံစားလိုက်ရပြီးနောက် သူမက တိုးတိုးလေး မေးလိုက်သည်။
“ပြီးပြီလား”
“ပြီးပြီ.. ပြီးပြီ!”
ယောင်ပင်း သတိပြန်ဝင်လာပြီး မိုရှောက်ယောင်၏ အဝတ်အစားများကို အမြန်ပင် ပြန်လည် ပြင်ဆင်ပေးလိုက်ကာ အပြစ်ရှိစိတ်ဖြင့် ရှင်းပြလိုက်သည်။
“ဒါကို ကပ်ထားရင် ခဏတော့ အဆင်ပြေသွားလိမ့်မယ်”
သူ့စကား မဆုံးမီမှာပင် သူ၏ နှုတ်ခမ်းပေါ်၌ နွေးထွေးသော ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရပေသည်။ သူ လက်ဖြင့် စမ်းကြည့်လိုက်လျှက် သွေးများ ပြည့်နှက်နေလေ၏။
“သေစမ်း! နှာခေါင်းသွေး ထပ်ယိုပြန်ပြီ”
မိုရှောက်ယောင် မြင်သွားမည် စိုးသဖြင့် ယောင်ပင်း အင်္ကျီလက်ဖြင့် သွေးများကို အမြန်သုတ်လိုက်ပြီး သူမအား ပြောလိုက်ပေသည်။
“ ထလို့ ရပါပြီ”
သူ ပြောပြီးသည်နှင့် မိုရှောက်ယောင်က ချက်ချင်းပင် ထလိုက်ပြီး ပါးလွှာသော စောင်လေးဖြင့် သူမကိုယ်သူမ အမြန်ပင် ဖုံးကွယ်လိုက်တော့သည်။ သူမက ခေါင်းကို အနည်းငယ် ငုံ့ထားပြီး မျက်နှာမှာလည်း နီမြန်းနေခဲ့ကာ နှလုံးသားမှာလည်း တုန်ယင်နေရလေ၏။
သူမအနေဖြင့် ယောကျာ််းတစ်ယောက်၏ရှေ့မှာ ဤကဲ့သို့သော အဝတ်အစားမျိုးဖြင့် ပထမဆုံးအကြိမ် ရှိနေရခြင်းဖြစ်၍ အလွန်ပင် ရှက်လွန်းနေခဲ့ရသည်။
သို့သော် ယောင်ပင်း၏ လက်များမှာလည်း လုံးဝ မရိုးသားခဲ့ပါချေ။
သူက သူမကို အသာ ဆုပ်ကိုင်ခဲ့သည် မဟုတ်ပါလား။
ယောင်ပင်း၏ အပြုအမူမှာ နူးညံ့သော်လည်း ရိုင်းစိုင်းသော အရိပ်အယောင်လေးတစ်ခု ပါဝင်နေခဲ့သည်။
မိုရှောက်ယောင်၏ရင်ထဲတွင် လှိုင်းထသွားရပြီး သူ့ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း သူမ၏ အသံမှာ အလွန်ပင် တိုးညှင်းနေခဲ့လေ၏။ ပြီး ရှက်ရွံ့နေခဲ့ပေသည်။
ဤကဲ့သို့သော ခံစားချက်မျိုးကို သူမ တစ်ခါမှ မကြုံဖူးခဲ့ပါချေ။
နီမြန်းနေသော မိုရှောက်ယောင်၏ မျက်နှာကို ကြည့်ရင်း ယောင်ပင်းမှာလည်း နေရခက်စွာ မတ်တပ်ရပ်နေမိတော့သည်။ အတန်ကြာအောင် သူတို့နှစ်ဦးလုံး စကားမပြောနိုင်ခဲ့ကြချေ။ အခန်းတွင်း လေထုမှာ အလွန်ပင် အဆင်မပြေဖြစ်နေခဲ့ရသည်။
ခေတ္တမျှကြာမှသာ ယောင်ပင်း သတိပြန်ဝင်လာရသည်။ သူက တံခါးဆီသို့ အပြေးအလွှား သွားလိုက်ပြီး ဆိုလိုက်ပေသည်။
“ကျွန်တော် မင်းရဲ့ အဘိုးနဲ့ မိဘတွေကို သွားပြောလိုက်ဦးမယ်.. သူတို့ အပြင်မှာ စောင့်နေကြတာ၊ မဟုတ်ရင် စိုးရိမ်နေကြလိမ့်မယ်”
မိုရှောက်ယောင်က ယောင်ပင်းကို မကြည့်ဝံ့ဘဲ နီရဲနေသာ မျက်နှာဖြင့်သာ ခေါင်းညိတ်ပြလိုက်ပေသည်။
မကြာမီ ယောင်ပင်း တံခါးကို ဖွင့်လိုက်ပေသည်။ မိုမိသားစုဝင်များနှင့် ယွီချီကျားတို့က ချက်ချင်းပင် အခန်းထဲသို့ ပြေးဝင်လာကြပြီး ခုတင်ဘေးသို့ သွားလိုက်ကြ၏။
ယွီချီကျားမှာ အခန်းထဲမှ ပရမ်းပတာ ဖြစ်နေမှုများကို မြင်လိုက်ရချိန်တွင် ပထမတော့ ကြောင်အမ်းသွားပြီးနောက် သူ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
သူသည်က မိုရှောက်ယောင်ကို ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့ပြီး သူမကို ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားခဲ့သူ ဖြစ်ပေသည်။
သို့သော် သူမနှင့် ဤကဲ့သို့ နှစ်ယောက်တည်း အချိန်အကြာကြီး မရှိဖူးခဲ့ချေ။ ယခုတွင်တော့ ယောင်ပင်းသည်က မိုရှောက်ယောင်နှင့်အတူ အခန်းထဲတွင် အချိန်အကြာကြီး ရှိနေခဲ့ပြီး၊ အခန်းထဲမှာလည်း ရှုပ်ပွနေသည့်အပြင် မိုရှောက်ယောင်၏ မျက်နှာမှာလည်း နီမြန်းနေသည် မဟုတ်ပါလား။
ယောင်ပင်း၏ အမူအရာမှာလည်း မရိုးမသား ဖြစ်နေခဲ့သည်။
သူတို့ကြားမှာ တစ်ခုခု ဖြစ်ခဲ့သည်မှာ သေချာပေ၏။ ထိုအချိန်တွင် ယွီချီကျားမှာ အလွန်ပင် မနာလိုဖြစ်သွားရတော့သည်။
သူသည် ယောင်ပင်းကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပေသည်။
ဒီယောင်ပင်းကိုတော့ သူ သင်ခန်းစာ ပေးရပေလိမ့်မယ်။
မိုလီချွမ်သည်က ယောင်ပင်းကို တစ်ချက်ကြည့်၊ ယွီချီကျားကို တစ်ချက်ကြည့်ပြီးနောက် ယွီချီကျား၏ ပုခုံးကို အဓိပ္ပာယ်များဖြင့် ပုတ်ပေးလိုက်ပေသည်။
အခန်းထဲမှာ လူအနည်းငယ်သာ ရှိသော်လည်း တစ်ဦးချင်းစီတွင် ကိုယ်စီ အတွေးများနှင့် အမူအရာများ ရှိနေကြလေသည်။
ယောင်ပင်းမှာတော့ ယွီချီကျား၏ မျက်နှာထားကို သတိမပြုမိခဲ့ချေ။
အဘိုးအိုမိုနှင့် အခြားသူများက မိုရှောက်ယောင်ကို မေးမြန်းနေချိန်မှာပင် သူက မိုရှောက်ယောင်၏ အခန်းကို အမြန်ပင် သေချာ ပြန်လည် သိမ်းဆည်းပေးလိုက်ပေသည်။
ယနေ့ ဖြစ်ရပ်များပြီးနောက် နောက်ကွယ်ကလူမှာ မကြာမီ ပေါ်လာလိမ့်မည်ဟု သူ ယုံကြည်နေပေသည်။
အခန်းကို သိမ်းဆည်းပြီးနောက် ယောင်ပင်းက မိုမိသားစုကို နှုတ်ဆက်ကာ ကျုံးလဲ့ဗီလာမှ ထွက်ခွာခဲ့ပေသည်။ သူ၏ အမေနှင့် ကျန်းရှောင်ပေ၏ အမေမှာ ဆေးရုံမှာ ရှိနေသေးသဖြင့် သူ စိတ်မအေးသေးပေ။
*