← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း(67)

ယောင်ပင်းက သူ မှတ်သားထားသော ကိန်းဂဏန်းများကို စတင် ရွတ်ဆိုတော့သည်။

ခန်းမထဲရှိ အကြည့်အားလုံးမှာလည်း ယောင်ပင်းထံသို့သာ စုပြုံရောက်ရှိနေခဲ့ကြလေ၏။

ယောင်ပင်း၏ အသံမှာ ခန်းမဆောင်ကြီးအတွင်း ရှင်းလင်း ကြည်လင်စွာထွက်ပေါ်နေခဲ့သည်။

“…”

ခဏမျှအကြာတွင်တော့ ယောင်ပင်းက ရွတ်ဆိုပြီးသွားလေပြီ။

တစ်မိနစ်အတွင်း သူက ကိန်းဂဏန်း ၂၀၀၁ ခုကို မှတ်မိခဲ့ပေသည်။

ပို၍ ထူးခြားသည်မှာ သူသည်က ကိန်းဂဏန်း မှတ်သားမှု၏ အမြင့်ဆုံးအဆင့်ဖြစ်သော ဂဏန်းငါးလုံးတွဲများကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

အမြွှာညီအစ်ကို နှစ်ဦးပေါင်းမှ ကိန်းဂဏန်း ၂၀၀၀ ကို မှတ်မိခဲ့ချိန်တွင်၊ ယောင်ပင်းကတော့ ၂၀၀၁ ခုကို မှတ်မိခဲ့သည်။

မပိုမလိုဘဲ အတိအကျပင် ရှိနေခဲ့သည်။

ကျင်းညီအစ်ကို နှစ်ဦးပေါင်းထက် တစ်မှတ်သာ ပိုခဲ့ပေသည်။

ခန်းမဆောင်ကြီး တစ်ခုလုံး သင်္ချိုင်းကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

အဓိက ဒိုင်လူကြီးပင်လျှင် ကြောင်အမ်းသွားရပေသည်။

သူသည်က ပါရမီရှင်ပေါင်းများစွာကို မြင်ဖူးခဲ့သော်လည်း ယောင်ပင်းကဲ့သို့ လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“ယောင်ပင်း၊ ဒါက မင်းရဲ့လုပ်နိုင်စွမ်း အကုန်လား”

အကြီးအကဲဒိုင်လူကြီးက အံ့သြမှုမှ သတိပြန်ဝင်လာပြီး ယောင်ပင်းကို စိုက်ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

“မဟုတ်ပါဘူး”

ယောင်ပင်းက ခေါင်းခါပြလိုက်သည်။

“သူတို့ နှစ်ယောက်ပေါင်း ရမှတ်က ၂၀၀၀ လေ၊ ကျွန်တော်က ၂၀၀၁ ဆိုတော့ သူတို့ကို အနိုင်ယူဖို့ လုံလောက်သွားပြီမလား”

ခန်းမတစ်ခုလုံး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

လူတိုင်းက ယောင်ပင်းကို ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြလေ၏။

ယောင်ပင်း၏ စွမ်းဆောင်ရည်မှာ အံ့သြစရာ ကောင်းရုံတင်မကဘဲ အလွန်ပင် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ်ပေသည်။

ယောင်ပင်းက အနိုင်ရရုံသာမကဘဲ ကိန်းဂဏန်းများကိုပါ တိကျစွာ ခန့်မှန်းတွက်ချက်ပြီး ကျင်းညီအစ်ကို နှစ်ဦးထက် တစ်မှတ်အသာဖြင့်သာ အဆုံးသတ်ခဲ့သည် မဟုတ်ပါလား။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းတွင် ကျောင်းသားလေးဦး ကျန်ရှိနေသေးချိန်တွင်၊ ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းတွင် သုံးဦးသာ ကျန်တော့ပေသည်။

ပင်းဟိုင်ဘက်မှ ကျန်ရှိနေသော လေးဦးအနက် တုမင်ယွမ်၏ အစွမ်းမှာ အခြားသူများထက်များစွာသာလွန်ပေသည်။

ထို့အပြင် ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းတွင် ယွမ်ယန် ထက် ကျောင်းသားတစ်ဦး ပိုနေလေပြီ။

ထို့ကြောင့် ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းက ဒုတိယအဆင့်တွင် အနိုင်ရရန် သေချာသွားပြီ ဖြစ်ပေ၏။ ပြိုင်ပွဲမှာ သုံးပွဲပြိုင် နှစ်ပွဲနိုင်စနစ် ဖြစ်ပေသည်။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှာ နှစ်ပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့ချေပြီ။

ရလဒ်မှာလည်း ထွက်ပေါ်သွားခဲ့လေပြီ။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းသည်က ဤ “အစွမ်းထက်ဆုံး အထက်တန်းကျောင်းသား” ပြိုင်ပွဲတွင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပေသည်။

ဤသည်က ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းအတွက် ဤပြိုင်ပွဲတွင် ဂုဏ်ရရှိစေရုံသာမကပါချေ။ လာမည့် ပြည်နယ်အဆင့် တက္ကသိုလ် အကဲဖြတ်ပွဲများတွင်လည်း ကြီးမားသော အားသာချက်တစ်ခုကို ရရှိစေမည် ဖြစ်ပေသည်။

ရောက်ရှိနေသည့် လူတိုင်းက ဤအချက်ကို နားလည်ထားကြသည်။

ထို့ကြောင့် ယောင်ပင်းက ဒိုင်လူကြီး၏ မေးခွန်းကို ဖြေကြားပြီးနောက်တွင် ခန်းမဆောင်ကြီး တစ်ခုလုံး တစ်ဖန် ပြန်လည် ဆူညံသွားတော့သည်။

“ယောင်ပင်း! ယောင်ပင်း!”

“ယောင်ပင်း! ယောင်ပင်း!”

ခန်းမထဲရှိ အော်ဟစ်သံများမှာ နားကွဲမတတ် ကျယ်လောင်လှပြီး အမိုးကို ပွင့်ထွက်သွားတော့မတတ် ဟိန်းထွက်နေခဲ့သည်။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှ ဆရာအားလုံးပင်လျှင် ပြုံးရွှင်နေကြပြီး ကျောင်းသားများကို တားဆီးရန်ပင် မကြိုးစားတော့ချေ။

ကျောင်းအုပ်ကြီးကလည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လျက် ပြောလာသည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ဒီကောင်လေးက ငါ့ကို စိတ်မပျက်စေဘူးပဲ၊ မဆိုးဘူး မဆိုးဘူး..”

ဆိုရလျှင် တုမင်ယွမ် နှင့် အမြွှာညီအစ်ကိုတို့သာ မျက်နှာပျက်နေကြလေ၏။

ဤသည်က သူတို့အတွက် ပထမဆုံး ရှုံးနိမ့်ဖူးခြင်းပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူတို့၏ နှလုံးသားထဲသိုး စွဲထင်ကျန်ရစ်စေမညာ့ အရှုံးတစ်ခုလည်း ဖြစ်ပေသည်။

သူတို့ ဤအရှုံးကို မည်သည့်အချိန်တွင်မှ မေ့ကြလိမ့်မည် မဟုတ်ချေ။

ဒိုင်လူကြီးက ထရပ်လိုက်ပြီး ယောင်ပင်းအား စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

“ယောင်ပင်း၊ ငါ မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံချင်တယ်၊ မင်း ဘယ်လို ထင်သလဲ”

ခန်းမဆောင်ကြီး တစ်ခုလုံး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

အံ့သြခြင်း၊ အားကျခြင်း..

ကျောင်းသားများမှာ ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေတော့သည်။

ဤဒိုင်လူကြီးမှာ နိုင်ငံတော်အဆင့် အရှိန်အဝါရှိသူ၊ ဤနယ်ပယ်၏ ဆရာသခင်တစ်ဦး ဖြစ်ပေသည်။

သူ၏ တပည့် ဖြစ်ခွင့်ရခြင်းမှာ ဘဝအတွက် ဖြတ်လမ်းတစ်ခု ရရှိလိုက်သကဲ့သို့ပင်ဖြစ်ပေ၏။

အနည်းဆုံးတော့ နှစ်ပေါင်းနှစ်ဆယ်စာ ရုန်းကန်ရမှုကို သက်သာစေမည် မဟုတ်ပါလား။

“ဆရာ၊ ဆရာ့ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”

ယောင်ပင်းက ခေါင်းခါလိုက်လေ၏။

“ဒါပေမဲ့ ကျွန်တော် အရေးကြီးကိစ္စ တစ်ခု ရှိနေလို့ပါ၊ ကျွန်တော် အမြန်သွားဖို့ လိုအပ်နေတယ်”

ထိုသို့ပြောပြီးနောက် ယောင်ပင်းသည်က စင်ပေါ်မှ အမြန်ဆင်းကာ ခန်းမအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

တိတ်ဆိတ်ခြင်း။

တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

လူတိုင်းက မယုံကြည်နိုင်သော အကြည့်များဖြင့် မျက်လုံးများပြူးကျယ်စွာ ကြည့်နေခဲ့မိကြသည်။

ဤမျှလောက် ကောင်းမွန်သော ရွှေရောင်အခွင့်အလမ်းကို ယောင်ပင်း၏ ရှေ့တွင် ချပေးထားသော်လည်း သူက မလိုချင်ဘဲ ထားရစ်ခဲ့သည်လား။

သူ့ရဲ့ အနာဂတ်ထက် ဘယ်လို အရေးကြီးကိစ္စမျိုးက ပိုပြီး အရေးပါနေလို့လဲ။

အထူးသဖြင့် တုမင်ယွမ် နှင့် ကျင်းယန်၊ ကျင်းဟိုင် အမြွှာညီအစ်ကိုတို့ပင်။

သူတို့သည်ကား ထိုဒိုင်လူကြီး၏ ဂုဏ်သတင်းကို အလွန်ပင် လေးစားအားကျခဲ့ကြပြီး၊ သူနှင့်သိကျွမ်းရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြသည် မဟုတ်ပါလား။ သို့သော် ယောင်ပင်းက‌တော့ ဤကဲ့သို့သော အခွင့်အရေးကို လွှင့်ပစ်ခဲ့သည်။

ဤယောင်ပင်းက အတော်လေးကို မောက်မာလွန်းပေသည်။

သူတို့ သုံးဦးက ခန်းမထဲမှ ထွက်ခွာသွားသော ယောင်ပင်း၏ နောက်ကျောပြင်ကို ကြည့်ရင်း မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့ကြလေ၏။

ဆေးရုံတွင်..

ယောင်ပင်းက VIP လူနာဆောင်သို့ အပြေးအလွှား ရောက်ရှိလာပြီး ကျန်းရှောင်ပေ၏ အမေကို မေးလိုက်သည်။

“အန်တီ၊ ရှောင်ပေ ဘယ်မှာလဲ”

ပြိုင်ပွဲအတွင်းမှာပင် ကျန်းရှောင်ပေ၏ အမေက သူ့ထံသို့ ရုတ်တရက် ဖုန်းဆက်ခဲ့ခြင်း ဖြစ်ပေသည်။

ကျန်းရှောင်ပေ ဆေးရုံသို့ ရောက်လာခဲ့သည်ဟူ၏။

ယောင်ပင်း ထိတ်လန့်သွားပြီး ကျန်းရှောင်ပေကို မည်သည့်နည်းနှင့်ဖြစ်စေ ထိုနေရာတွင် ရှိနေအောင် ထိန်းထားရန်ပြောခဲ့သည်။

ထို့နောက် သူသည် ပြိုင်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး ဆေးရုံသို့ အပြေးအလွှား လာခဲ့ခြင်း ဖြစ်လေ၏။

ကျန်းရှောင်ပေ ရုတ်တရက် ပေါ်လာခြင်းမှာ အခြေအနေများ ကောင်းမွန်လာတော့မည့် နိမိတ်လည်းဖြစ်နိုင်သည်မဟုတ်ပါလား။

ကျန်းရှောင်ပေ ရုတ်တရက် ပေါ်လာခြင်းက ယောင်ပင်းကို အားတက်သွားစေခဲ့သည်။

သူသည် ကျန်းရှောင်ပေ မည်သည့်နေရာတွင်ရှိနေသည်ကို မေးမြန်းရန်အတွက် ဆေးရုံသို့ အပြေးအလွှား ပြန်လာခဲ့လေ၏။

ကျန်းရှောင်ပေ၏ အမေမှာ ငိုထားသဖြင့် မျက်လုံးများ နီမြန်းဖောင်းအစ်နေပြီး ယောင်ပင်း ဝင်လာသည်ကို မြင်သောအခါ မျက်ရည်များကို အမြန်သုတ်၍ ပြောလိုက်သည်။

“ရှောင်ပင်း.. မင်း နောက်ကျသွားပြီ.. ရှောင်ပေ အခုလေးတင်ပဲ ထွက်သွားပြီ”

ကျန်းရှောင်ပေ အခုလေးတင် ထွက်သွားတာလား။

ယောင်ပင်းသည် စကားပင်မပြောဘဲ လှည့်ထွက်ကာ လူနာဆောင်အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

သို့သော် ယောင်ပင်း အပြင်သို့ ရောက်သောအခါ လူများစွာ သွားလာနေကြသော်လည်း ကျန်းရှောင်ပေ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

ကျန်းရှောင်ပေက သူ့ကို တမင်တကာ ရှောင်နေခြင်းဖြစ်ကြောင်း သိသာပေသည်။

ယောင်ပင်း လူနာဆောင်သို့ ပြန်လာပြီး ကျန်းရှောင်ပေ ဆေးရုံသို့ရောက်လာသည့်အကြောင်းရင်းကို သူမ၏အမေကို မေးမြန်းလိုက်လေ၏။

ကျန်းရှောင်ပေအား လက်ရှိတွင် မာစတာလျို့က ထိန်းချုပ်ထားသည်ဟု ဟောင်ထျန်းချိုင်က သူ့ကို ပြောပြထားခဲ့သည် မဟုတ်ပါလား။

ကျန်းရှောင်ပေကို ဆေးရုံတွင် ပေါ်လာအောင် လုပ်ဆောင်ရသည့် မာစတာလျို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်နိုင်မည်လဲ။

“သူ ဘာမှမပြောဘူး၊ ဒါလေးပဲ ပေးသွားတာ..”

ကျန်းရှောင်ပေ၏အမေက မျက်လုံးများ နီလျက် ခေါင်းအုံးအောက်မှ အရာတစ်ခုကို ထုတ်ပြလေသည်။

“အန်တီက သူ့ကို မေးခွန်းတွေ မေးပေမဲ့ သူက အန်တီ့ကို လျစ်လျူရှုပြီး ဒါကို ချထားပေးခဲ့ပြီး ထွက်သွားတာပဲ.. ဒါက.. ကြည့်ရတာ ကြောက်စရာကောင်းတယ်၊ လူသေတွေအတွက် သုံးတဲ့အရာနဲ့ တူတယ်..”

လူသေတွေအတွက် သုံးတဲ့အရာ ဟုတ်လား။

ယောင်ပင်း မှင်သက်သွားပြီး ထိုအရာကို ကျန်းရှောင်ပေအမေထံမှ လှမ်းယူလိုက်သည်။

ထိုအရာမှာ စတုရန်းပုံစံဖြစ်ပြီး ဝါဂွမ်းရောင် စက္ကူ ဖြင့် ခေါက်ထားခြင်း ဖြစ်ပေသည်။ အရှေ့ဘက်တွင် ‘အမိန့်’ဟူသော စာလုံးကို ရှေးဟောင်းစာလုံးပုံစံဖြင့် ရေးထားပြီး၊ အနောက်ဘက်တွင်တော့ တောက်ပသော အနီရောင်ဖြင့် ‘သေခြင်း’ (死) ဟူသော စာလုံးကို ရေးထားပေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရင်တုန်သွားစေပြီး ဦးရေပြားများပင် စိမ့်တက်သွားစေသည်။

“အန်တီ.. ရှောင်ပေ လာတုန်းက သူနဲ့အတူ တခြားဘယ်သူပါသေးလဲ”

“ဟင့်အင်း.. သူ တစ်ယောက်တည်း လာတာ..”

မာစတာလျို့က အလွန်ပင် သတိကြီးသူ ဖြစ်ကြောင်း သိသာပေသည်။ သူသည်က ကျန်းရှောင်ပေ ပေါ်လာအောင်သာ ထိန်းချုပ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ ပေါ်မလာခဲ့ချေ။

သို့သော် ကျန်းရှောင်ပေအား သူမ၏အမေကို ဤကဲ့သို့သော ထူးဆန်းသည့်အရာ ပေးခိုင်းရသည့် ရည်ရွယ်ချက်က မည်သည့်အတွက်ဖြစ်နိုင်သနည်း။

ယောင်ပင်းသည် သူကိုင်ထားသော အရာကို အဖြေရှာရန် စဉ်းစားနေစဉ်မှာပင် ကျန်းရှောင်ပေ၏အမေက အသံကို နှိမ့်၍ ပြောလိုက်သည် ။

“ရှောင်ပင်း.. အန်တီ ခံစားနေရတယ်.. ရှောင်ပေ တစ်ခုခု မှားနေပြီထင်တယ်..”

ယောင်ပင်းနှင့် ရက်အနည်းငယ် အတူရှိနေပြီးနောက် ကျန်းရှောင်ပေ၏အမေသည်က သူ့ကို သူမ၏ အရင်းနှီးဆုံးလူကဲ့သို့ မှတ်ယူထားခဲ့လေပြီ။

သူမက အရာအားလုံးကို ယောင်ပင်းအား ရင်ဖွင့်ပြောပြခဲ့ပေသည်။

“ဘာမှားနေလို့လဲ”

ယောင်ပင်း၏ နှလုံးခုန်သံက ပို၍ မြန်လာတော့သည်။

ယခုအချိန်အထိ ယောင်ပင်းက ကျန်းရှောင်ပေ သေဆုံးသွားသည့် အမှန်တရားကို သူမ၏အမေထံတွင် လျှို့ဝှက်ထားခဲ့လေ၏။

အန်တီ့ရဲ့ မျက်နှာထားအရ သူမ တစ်ခုခု သိသွားပြီလား။

“ရှောင်ပေရဲ့ မျက်နှာက အရမ်း ဖြူလျော်နေတယ်၊ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ မှောင်မည်းပြီး မှိုင်းညို့နေတာပဲ..”

ကျန်းရှောင်ပေ၏အမေက ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ဝေ့ကြည့်ရင်း တိုးတိုးလေး ပြောပြသည်။

“သူ အန်တီ့ကို ကြည့်တဲ့အချိန်တုန်းက.. သူ အန်တီ့ကို အရှင်လတ်လတ် စားတော့မဲ့အတိုင်းပဲ...”

ထိုသို့ပြောလိုက်ချိန်တွင် ကျန်းရှောင်ပေအမေ၏ မျက်နှာမှာ တင်းမာနေပြီး မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုများ ပြည့်နှက်နေပေသည်။

ကျန်းရှောင်ပေ၏ မျက်လုံးများအကြောင်း ပြောသည့်အချိန်တွင် သူမက တုန်ပင်တုန်သွားရရှာသည်။

“ဪ.. ဟုတ်သားပဲ၊ ဒါကို ကြည့်ဦး!”

ကျန်းရှောင်ပေ၏အမေက တစ်ခုခုကို သတိရသွားသကဲ့သို့ သူမ၏ အင်္ကျီလက်ကို မတင်လိုက်ပြီး ယောင်ပင်းအား သူမ၏ လက်မောင်းကို ပြလိုက်သည်။

သူမ၏ လက်မောင်းပေါ်တွင် အမည်းရောင် လက်ချောင်းရာ နှစ်ခုက ထင်ထင်ရှားရှား ရှိနေခဲ့လေ၏။

*

အခန်း(68)

“အန်တီ.. ဒါက ဘာလဲ..”

ယောင်ပင်း ထိတ််လန့်သွားရသည်။

“ရှောင်ပေက ဒါကိုပေးပြီး ထွက်သွားဖို့ လုပ်တာ.. အန်တီကသူ့ကို မလွှတ်ဘဲ ဆွဲထားတော့ သူက အန်တီ့လက်ကို ဆုတ်ကိာင်ပြီးခါချလိုက်တာပဲ..”

ကျန်းရှောင်ပေ၏အမေ မျက်လုံးများ ပြန်လည် နီမြန်းလာပြန်သည်။

“မိန်းကလေး တစ်ယောက်မှာ ဒီလောက်အားအင်မျိုးတွေ ဘယ်လိုရှိမှာလဲ.. ရှောင်ပင်း.. အန်တီ့ကို အမှန်အတိုင်း ပြောစမ်းပါ၊ ရှောင်ပေ.. သူ ဘာဖြစ်နေတာလဲ.. ရှောင်ပေ တစ်ခုခု ဖြစ်နေပြီဆိုတာကိုအန်တီ ခံစားနေရတယ်”

သူမက ဆေးရုံတက်နေရတာလေ။ ဒါကို သူမရဲ့ သမီးက လာတွေ့ပေမဲ့ ပစ္စည်းတစ်ခုခုကို ပစ်ချပေးပြီး ချက်ချင်း ထွက်သွားတယ် ဟုတ်လား။

ဤသည်မှာ မာစတာလျို့၏ ရည်ရွယ်ချက်ပင် ဖြစ်ပေသည် ။

သူသည်က ဆယ့်ကိုးထပ်ရှိ လူနာအားလုံး၏ အသက်ကို အသုံးချကာ ယောင်ပင်း၏ စွမ်းအားကို စမ်းသပ်ရန် ကြိုးစားနေခြင်းသာ ဖြစ်ပေသည်။

ယနေ့ ဖြစ်ပျက်သမျှ အရာအားလုံးမှာ မာစတာလျို့၏ လက်ချက်ပင်။

“အန်တီတို့ ဒီမှာပဲ နေဦးနော်၊ ကျွန်တော် ဆေးရုံအုပ်ကို သွားရှာလိုက်ဦးမယ်”

အခြေအနေကို သဘောပေါက်သွားပြီးနောက် ယောင်ပင်းက သူနာပြုများကို မှာကြားခဲ့ပြီး ဆေးရုံအုပ်ကို ရှာရန် အလျင်အမြန် ပြေးထွက်ခဲ့တော့သည်။

သူ့ကို စမ်းသပ်တာက တစ်ကဏ္ဍပင်။

သို့သော် သူ၏အမေ အသက်နှင့် လူနာများစွာ၏ အသက်ကို အသုံးချပြီး သူ့ကို စမ်းသပ်ခြင်းမှာတော့ လုံးဝ လက်ခံနိုင်စရာ မရှိပါချေ။

ဆယ့်ကိုးထပ်၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်နေရပြီပင်။

ဆေးရုံ၏ ဆေးရုံအုပ်နှင့် ဆရာဝန်၊ သူနာပြု အားလုံးနီးပါး ထိုနေရာသို့ စုရုံးရောက်ရှိနေကြပေသည်။

ဆယ့်ကိုးထပ် တစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်နေခဲ့လေ၏။

ယောင်ပင်း ဆေးရုံအုပ်ကို တွေ့လိုက်ချိန်တွင် ဆေးရုံအုပ်က ဆရာဝန်အချို့နှင့်အတူ အသက်ကြီးသော အရာရှိကြီးတစ်ဦးကို တွန်းလှည်းဖြင့် ICU ထဲသို့ အလျင်အမြန် သွင်းနေခြင်း ဖြစ်ပေသည်။

ထိုအရာရှိကြီးမှာ အရေးပါသော ရာထူးရှိသူဖြစ်သဖြင့် ဆေးရုံအုပ်ကိုယ်တိုင် တာဝန်ယူ ကိုင်တွယ်နေခြင်း ဖြစ်ပေသည်။

“ဆေးရုံအုပ်..” ယောင်ပင်း ရှေ့သို့ ပြေးထွက်ကာ

သူတို့၏ လမ်းကို ပိတ်လိုက်သည်။

“ကျွန်တော့်မှာ ဒီလူနာတွေကို ကယ်နိုင်မယ့် နည်းလမ်းရှိတယ်”

ထိုလူအုပ်စုမှာ ရုတ်တရက် ရပ်တန့်သွားပြီး အားလုံးက ယောင်ပင်းကို စိုက်ကြည့်လိုက်ကြသည်။

ဆရာဝန်များ၏ မျက်လုံးများထဲတွင်မူ သံသယနှင့် အေးစက်မှုများ ပြည့်နှက်နေပေသည်။

ကလေးတစ်ယောက်က လူနာတွေ အများကြီးကို ကယ်နိုင်တယ်လို့ ပြောရဲတယ် ဟုတ်လား။

ဒါက ပြဿနာ လာရှာနေတာ မဟုတ်ဘူးလား။

ဆေးရုံအုပ် အံ့သြတကြီး မေးလိုက်သည် ။

“မင်းမှာ ဒီလူနာတွေကို ကယ်နိုင်တဲ့ နည်းလမ်းရှိတယ် ဟုတ်လား.. ဘယ်လိုမျိုးလဲ.. ဒါက သေရေးရှင်ရေး ကိစ္စနော်၊ ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး!”

မိုမိသားစုနှင့် ပတ်သက်မှုကြောင့် ဆေးရုံအုပ်က ယောင်ပင်းအပေါ် အမြဲတမ်း ယဉ်ကျေးခဲ့ပေသည်။

သို့သော်ဆေးရုံအုပ်မှာ ယခုအခါ အလုပ်များလွန်းသဖြင့် အချိန်ဖြုန်းနေရန် အားမရှိပါချေ။

ယောင်ပင်းကို စကားအနည်းငယ် ပြောပြီးနောက် ဆေးရုံအုပ်က ထိုအရာရှိကြီးကို ICU ထဲသို့ ထပ်မံ တွန်းသွင်းရန် လုပ်ဆောင်လိုက်သည်။

ယောင်ပင်းက သူတို့လမ်းကို ထပ်မံ ပိတ်ဆို့လိုက်ပြန်သည်။

“ကောင်လေး.. မင်း ဘာလုပ်ချင်နေတာလဲ..”

ဤတစ်ကြိမ်တွင်တော့ အထူးကုဆရာဝန်ကြီး ဒေါက်တာချန်က စကားပြောလာခြင်း ဖြစ်ပေသည်။

သူသည် စိတ်တိုတတ်ပြီး မောက်မာသူဖြစ်ရာ ယောင်ပင်းက သူတို့လမ်းကို ထပ်မံ ပိတ်လိုက်သည့်အခါ သူ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

“လူနာရဲ့ အခြေအနေက စိုးရိမ်နေရတယ်၊ တစ်ခုခု ဖြစ်သွားရင် မင်း တာဝန်ယူမှာလား? အခုချက်ချင်း ဖယ်မပေးရင် လုံခြုံရေး ခေါ်လိုက်မယ်”

“တစ်ယောက်ယောက်က ဒါကို တမင် ဖျက်ဆီးနေတာ၊ ခင်ဗျားတို့ သူ့ကို အရေးပေါ်ခန်းထဲ ပို့လိုက်ရင်တောင် သူ သေမှာပဲ”

ယောင်ပင်းက ဒေါက်တာချန်ကို တည့်တည့်ကြည့်ကာ စကားလုံးများကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်ပေသည်။

အခြေအနေက အရေးကြီးနေပြီဖြစ်သဖြင့် သူ အခြားအရာများကို ဂရုမစိုက်နိုင်တော့ချေ။

“မင်း ဘာကို ဆိုလိုတာလဲ၊ ငါတို့က ဆရာဝန်တွေပဲ၊ အသက်ကယ်ဖို့ ပညာသင်ထားတဲ့ ကျွမ်းကျင်သူတွေ.. ငါတို့က လူနာကို မကယ်နိုင်ရင် ဘယ်သူက ကယ်မှာလဲ”

“ကျွန်တော်ကယ်မှာ”

ယောင်ပင်းက အေးစက်စွာ ပြောလိုက်သည်။

“ဒီတစ်ထပ်လုံးက လူနာတွေရဲ့ အခြေအနေက ရုတ်တရက်ကြီး ဆိုးရွားလာတာကို ဒေါက်တာချန်အနေနဲ့ ပုံမှန်မဟုတ်ဘူးလို့ မထင်ဘူးလား”

အားလုံး မှင်သက်သွားကြသည်။

ဒေါက်တာချန်လည်း အပါအဝင်ပင်။

ဆေးရုံအုပ်ကြီးလည်း ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ တိုးတိုးလေး မေးလိုက်သည်

“ဒါဆို.. မင်း သူတို့ကို ဘယ်လို ကယ်မလဲဆိုတာ ပြောပြနိုင်မလား..”

“ဆေးရုံအုပ်ကြီး.. ဒီထက် ပိုကျယ်တဲ့ နေရာရှိလား.. ဆယ့်ကိုးထပ်က လူနာအားလုံး ဆန့်နိုင်မယ့် နေရာမျိုးပေါ့”

ယောင်ပင်း ခေတ္တစဉ်းစားပြီး ဆေးရုံအုပ်ကြီးကို မေးလိုက်သည်။

“ရှိတယ်..”

ဆေးရုံအုပ်ကြီးက ခေတ္တစဉ်းစားပြီး ချက်ချင်း ပြန်ဖြေသည်။

“ဆယ့်ကိုးထပ်မှာ အစည်းအဝေးခန်းမ ရှိတယ်”

“ကောင်းပြီ.. လူနာအားလုံးကို အစည်းအဝေးခန်းမထဲကို အမြန်ဆုံး ရွှေ့ပေးပါ၊ တစ်ယောက်မှ ကျန်ခဲ့လို့ မဖြစ်ဘူး”

ယောင်ပင်း၏ မျက်လုံးများမှာ တောက်ပသွားပြီး ဆေးရုံအုပ်ကြီးအား ချက်ချင်း ပြောလိုက်တော့သည်။

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူနာဆောင် တစ်ခုလုံးရှိ မီးများအားလုံး ရုတ်တရက် ငြိမ်းသွားတော့သည်။

စင်္ကြံလမ်းတစ်ခုလုံးမှာ အမှောင်ထုအတွင်းသို့ ကျရောက်သွားလေတော့သည်။

စင်္ကြံလမ်းရှိ မီးများမှာ ရုတ်တရက် ငြိမ်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုအတွင်းသို့ ကျရောက်သွားပေသည်။

အပူချိန်မှာလည်း ရုတ်တရက် ထိုးဆင်းသွားတော့၏။

ရုတ်တရက် မှောင်မည်းသွားခြင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

“ဘာဖြစ်တာလဲ၊ မီးတွေက ဘာလို့ ပျက်သွားတာလဲ”

“ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခု လာနေတာပဲ၊ လူနာတွေအများကြီး ပြဿနာဖြစ်နေတာနဲ့တင် အရမ်းရှုပ်ထွေးနေပြီ၊ အခု မီးတွေကပါ ထပ်ပြီး အခြေအနေဆိုးအောင် လုပ်နေတယ်”

“ဒါရိုက်တာချန်.. ဒီကလေးပြောတာ မှန်နေမလားမသိဘူး၊ ဒါက တကယ်ကို ထူးဆန်းနေတယ်... ကျွန်တော်တို့ ဆေးကုလာတဲ့ နှစ်တွေတစ်လျှောက်မှာ လူနာတွေအများကြီး တစ်ပြိုင်နက်တည်း ဒီလိုဖြစ်တာ ဘယ်တုန်းက မြင်ဖူးလို့လဲ၊ တကယ်ပဲ အဲဒီအရာက ပြဿနာရှာနေတာများလား”

တစ်ယောက်က ထိုသို့ပြောလိုက်သည်နှင့် ဆူညံနေသော လူအုပ်ကြီးမှာ ရုတ်တရက် ငြိမ်ကျသွားတော့သည်။

ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ်ကောင်းမှုကို ထုတ်လွှတ်နေပေသည်။

လူတိုင်း၏ ကျောပြင်မှာ စိမ့်တက်သွားတော့၏။

ဆရာဝန် A ၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၁၀၀၀။

ဆရာဝန် B ၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၁၀၀၀။

ဒါရိုက်တာချန်၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၁၅၀၀။

ဆေးရုံအုပ်ကြီး၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၁၀၀၀။

…

ယောင်ပင်း၏ စိတ်ထဲရှိ စနစ်မျက်နှာပြင်၏ ညာဘက်အောက်ခြေရှိ ကြောက်ရွံ့ခြင်းတန်ဖိုးမှာ ဆက်တိုက် မြင့်တက်နေတော့သည်။

အထူးသဖြင့် ကြည့်ရုံနှင့် သတ္တိအနည်းဆုံးဖြစ်သော ဒါရိုက်တာချန်ပင်။

သို့သော် သူသည် သူ၏ ကြောက်ရွံ့မှုကို ဝန်မခံဘဲ ပြင်းထန်စွာ ပြန်လည်အော်ဟစ်လိုက်သည်။

“မဟုတ်တာတွေ! ငါတို့က ဆရာဝန်တွေပဲ၊ သိပ္ပံပညာကို ယုံကြည်တဲ့သူတွေ၊ တစ္ဆေတွေ နတ်တွေဆိုတာ မရှိဘူး! ဘယ်သူမဆို မဟုတ်တာတွေ လျှောက်ပြောရင် အလုပ်ထုတ်ပစ်မယ်!”

သူသည်က ဆေးရုံ၏ အတွေးအခေါ်ပိုင်း ထိန်းချုပ်မှုကို တာဝန်ယူထားသူ ဖြစ်ရာ၊ သူ၏ရှေ့တွင် တစ္ဆေများအကြောင်း ပြောဝံ့သူမှန်သမျှ ဒါရိုက်တာချန်၏ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံရစမြဲ ဖြစ်ပေသည်။

သူသည် လုံးဝ ညှာတာလေ့မရှိပါချေ။

ဒါရိုက်တာချန်၏ စကားကြောင့် ကျန်သော ဆရာဝန်များမှာ တိတ်ဆိတ်သွားပြီး ထပ်မပြောဝံ့ကြတော့ချေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်

ဆေးရုံအုပ်က ရုတ်တရက် စကားပြောလာသည် ။

“ယောင်ပင်း.. ငါတို့ အခု ဘာလုပ်သင့်လဲ”

ယောင်ပင်းပြောသည့်စကားက မှန်ပေသည်။ ယနေ့ ဖြစ်ပျက်သမျှမှာ ထူးဆန်းလွန်းပေ၏။

ဆယ့်ကိုးထပ်ရှိ လူနာတစ်ဒါဇင်ကျော်က တစ်ပြိုင်နက်တည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ခြင်းမှာ သဘာဝမကျလှပါချေ။

ထူးခြားသောအခြေအနေများတွင် ထူးခြားသောနည်းလမ်းများ လိုအပ်သည် မဟုတ်ပါလား။

ထို့ကြောင့် ဆေးရုံအုပ်က ယောင်ပင်းကို ယုံကြည်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည် ။

အကယ်၍ ယောင်ပင်းတွင် အရည်အချင်းသာ မရှိခဲ့လျှင် မိုမိသားစုက သူ့ကို ဤမျှအထိ အရေးပေးမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

“အစည်းအဝေးခန်းမကို အခုချက်ချင်း သွားကြရအောင်”

ယောင်ပင်းက အလျင်အမြန် ပြောလိုက်သည်။

“လူနာအားလုံးကို အစည်းအဝေးခန်းမထဲ ရွှေ့ပေးပါ၊ အမြန်ဆုံး ဖြစ်လေ ပိုကောင်းလေပဲ”

ထိုသို့ပြောပြီးနောက် ယောင်ပင်းက သူ၏အမေနှင့် ကျန်းရှောင်ပေအမေရှိရာ လူနာဆောင်ဆီသို့ ပြေးထွက်သွားတော့သည်။

သူ့အနေဖြင့် ထိုလူကြီးနှစ်ဦး၏ ဘေးကင်းမှုကို သေချာအောင် လုပ်ဆောင်ရမည် မဟုတ်ပါလား။

ယောင်ပင်း ထွက်သွားပြီးနောက် ဒါရိုက်တာချန်က မကျေမနပ်ဖြင့် ပြောလာသည်။

“ဆေးရုံအုပ်ကြီး.. ကလေးတစ်ယောက်ကို ဘာလို့ ဒီလိုတွေ လုပ်ခွင့်ပေးနေတာလဲ၊ လူနာတွေ အများကြီးနဲ့ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ ဆေးရုံက ဒီတာဝန်ကိုမယူနိုင်ဘူးနော်”

သူသည်ာ ခုနလေးတင်မှ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အဓိပ္ပါယ်မရှိ ပြောသည်ဟု ဆူပူခဲ့ခြင်းဖြစ်ပေ၏။ ထို့ကြောင့် ဆေးရုံအုပ်ကြီးက ယောင်ပင်းထံမှ အကူအညီတောင်းလိုက်ခြင်းမှာ သူ့ကို လူပုံအလယ်တွင် ပါးရိုက်လိုက်သကဲ့သို့ ဖြစ်သွားစေပေသည်။

အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်များစွာ၏ ရှေ့တွင် ကလေးတစ်ယောက်၏ အရှိန်အဝါအောက် ရောက်သွားရခြင်းကို ဒါရိုက်တာချန်အနေဖြင့် မည်သို့ လက်ခံနိုင်ပါမည်နည်း။

“ဒါရိုက်တာချန်.. ခင်ဗျားရဲ့ သဘောထားကို နောက်မှ ဆွေးနွေးလို့ ရတယ်”

ဆေးရုံအုပ်ကြီးသည် ဒါရိုက်တာချန်ကို ထပ်မပြောခွင့်မပေးဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

“အခု လူနာအားလုံးကို အစည်းအဝေးခန်းမထဲ ပို့ကြစမ်း!”

“ဆေးရုံအုပ်ကြီး...”

“ဒီလိုပဲ ဆုံးဖြတ်ပြီးသွားပြီ၊ ဘာပဲဖြစ်လာလာ ငါ တာဝန်ယူတယ်”

ဆေးရုံအုပ်ကြီး၏ သဘောထားမှာ အလွန်ပင် ပြတ်သားလှပေသည်။

ဒါရိုက်တာချန်တစ်ယောက် မကျေနပ်သော်လည်း နာခံရန်သာ ရှိတော့သဖြင့် အေးစက်စွာ အမိန့်ပေးလိုက်သည်။

“သွားကြ.. လူစုလိုက်ကြ၊ ဆယ့်ကိုးထပ်က လူနာအားလုံးကို အစည်းအဝေးခန်းမထဲ ပို့လိုက်!”

“ဟုတ်ကဲ့ပါ ဒါရိုက်တာချန်!”

…

အစည်းအဝေးခန်းမအတွင်း။

လူနာတစ်ဒါဇင်ကျော်မှာ ခုတင်များပေါ်တွင် လဲလျောင်းနေကြပြီး၊ သူနာပြုများနှင့် ဆရာဝန်များကလည်း သူတို့ကို ဝန်းရံနေကြသဖြင့် ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မည်းနေဆဲပင်။

အပူချိန်မှာလည်း လူကို တုန်ရီစေလောက်အောင် အေးစက်လှပေသည်။

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကပ်နေကြပြီး၊ အစည်းအဝေးခန်းမ တံခါးကို စိုက်ကြည့်ရင်း အသံမှ မထွက်ဝံ့သကဲ့သို့ အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့လေသည်။

အစည်းအဝေးခန်းမအတွင်း၌ မည်သည့်အရာမှ ဖြစ်မလာသေးချေ။

“ဆေးရုံအုပ်ကြီး.. ကျွန်တော် ပြောသားပဲ၊ ဒီကလေးက မဟုတ်တာတွေ လျှောက်ပြောနေတာပါလို့”

ဒါရိုက်တာချန်က နှာခေါင်းရှုံ့၍ အထင်အမြင်သေးစွာ ပြောလိုက်သည်။

“သူသာ မရှိရင် ကျွန်တော်တို့ လူနာတွေကို ကယ်နေလို့ ပြီးနေပြီ၊ ဒီမှာ လူနာတွေ ဒီလောက်အများကြီးကို တစ်ခုခု ဖြစ်သွားရင်တော့၊ သူ့ခေါင်းတစ်လုံးတည်းနဲ့တောင် တာဝန်ယူလို့ ပြီးမှာ မဟုတ်ဘူး”

ဘယ်က ရောက်လာမှန်းမသိဘဲ အစွမ်းအစမရှိတဲ့ ကောင်လေးက ဆေးရုံရဲ့ စည်းကမ်းနဲ့ လုပ်ငန်းဆောင်တာတွေကို ဘယ်လိုများ နှောင့်ယှက်ဝံ့ရတာလဲ။

ဆေးရုံအုပ်ကြီးရဲ့ အာရုံစိုက်မှုကိုတောင် လုယူဝံ့သေးတယ်ပေါ့။

ယောင်ပင်းကဲ့သို့ ဆင်းရဲသော ကောင်လေးတစ်ယောက်အနေဖြင့် ဤကဲ့သို့သော လုပ်ရပ်များ၏ အကျိုးဆက်မှာ သူ မခံနိုင်လောက်အောင် ကြီးမားကြောင်း သိအောင် လုပ်ပေးမှဖြစ်တော့မည်ပင်။

*

All Chapters