အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း(69)အဖြူအမည်း ဝိညာဉ်သံတမန်များကို အမိန့်ပေးခြင်း
ကျွီ...
အစည်းအဝေးခန်းမ တံခါးမှာ ရုတ်တရက် ပွင့်သွားတော့သည်။
အေးစက်သော လေပြင်းတစ်ချက် တိုးဝင်လာလေ၏။
ထို့နောက်တွင် အစည်းအဝေးခန်းမ တံခါးဝ၌ ပုံရိပ်နှစ်ခု ပေါ်လာတော့သည်။
တစ်ဦးက အရပ်ရှည်ပြီး တစ်ဦးက အရပ်ပုသည်။ တစ်ဦးက ဝပြီး တစ်ဦးက ပိန်သည်၊ တစ်ဦးက အဖြူရောင် ဝတ်ဆင်ထားပြီး ကျန်တစ်ဦးကမူ အနက်ရောင် ဝတ်ဆင်ထားပေသည်။
နှစ်ဦးစလုံးမှာ မြင့်မားသော ဦးထုပ်များကို ဆောင်းထားကြပေသည်။
အဖြူရောင် ဝတ်ဆင်ထားသူက လက်ထိပ်နှင့် ခြေကျင်းများကို ကိုင်ထားပြီး၊ အနက်ရောင် ဝတ်ဆင်ထားသူကတော့ နာရေးသုံး တောင်ဝှေးကို ကိုင်ထားပေသည်။
အဖြူအမည်း ဝိညာဉ်သံတမန်များဖြစ်သည့် ဟေးပိုင်ဝူချန်ပင်။
သေမင်း၏ သံတမန်များပင် ဖြစ်ပေသည်။
အဖြူအမည်း ဝိညာဉ်သံတမန်များသည်က မြေအောက်လောက၏ သံတမန်များ ဖြစ်ကြပြီး၊ သူတို့ ရောက်ရှိလာခြင်းမှာ အသက်များကို လာရောက် သိမ်းယူခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။
ဤဆရာဝန်များနှင့် သူနာပြုများမှာ သေခြင်းတရားနှင့် အမြဲထိတွေ့နေရသူများ ဖြစ်သော်လည်း အဖြူအမည်း ဝိညာဉ်သံတမန်များကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
ထို့ကြောင့် တံခါးဝရှိ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည့် ခဏတွင် လူတိုင်းမှာ တစ်စုံတစ်ဦး၏ လည်ပင်းညှစ်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အသံမထွက်နိုင်ဘဲ ထိုပုံရိပ်များကိုသာ စိုက်ကြည့်နေမိကြတော့သည်။
သူတို့၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ထွက်လာတော့မတတ် ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။
ဆရာဝန် A ၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၅၀၀၀။
ဆရာဝန် B ၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၅၀၀၀။
ဒါရိုက်တာချန်၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ...
ထိုအချိန်မှာပင် ဒါရိုက်တာချန်ထံမှ ဆီးနံ့ဆိုးတစ်ခု ထွက်ပေါ်လာပြီး လေထဲသို့ ပျံ့နှံ့သွားတော့သည်။
ကြောက်လန့်လွန်းသဖြင့် ဤမျှ အဆင့်အတန်းရှိသော ဒါရိုက်တာကြီးတစ်ယောက်က ဆီးထွက်ကျသွားချေပြီ။
လူတိုင်းက သူတို့ကို ကယ်တင်ပေးနိုင်ရန်အတွက် ယောင်ပင်းထံသို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြ၏။
သို့သော် ယောင်ပင်းမှာတော့ တရားမှတ်နေသော ဘုန်းကြီးတစ်ပါးကဲ့သို့ တစ်နေရာတည်းတွင် ရပ်နေပြီး၊ လုံးဝ မလှုပ်မယှက်ဘဲ ရှိနေကာ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။
“ယောင်ပင်း.. မင်း.. မင်း ကောင်လေး.. မြန်မြန် လုပ်ပါဦး! မင်းကြောင့် ငါတို့အားလုံး သေကုန်တော့မယ်”
“သေစမ်း.. ငါပြောတာ ကြားရဲ့လား၊ အဲဒီ ဝိညာဉ်သံတမန်က ငါတို့အသက်ကို ယူသွားရင် ငါတို့ တစ္ဆေဖြစ်ပြီး မင်းနောက်ကို လိုက်မှာနော်”
…
ဒါရိုက်တာချန်မှာ ထိတ်လန့်တုန်လှုပ်မှုများကြားမှ ယောင်ပင်းကို အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ် တိုက်တွန်းနေခဲ့သည်။
သူသည်က ခုနလေးတင်မှ ယောင်ပင်းကို အချိန်ဖြုန်းသည်ဟု ဆူပူခဲ့သည်ကိုပင် မေ့လျော့နေပုံ ရပေသည်။
သို့သော် ယောင်ပင်းမှာတော့ ဒါရိုက်တာချန်၏ စကားကို မကြားသကဲ့သို့ပင် လုံးဝ မတုံ့ပြန်ခဲ့ပါချေ။
ဆေးရုံအုပ်ကြီးမှာလည်း အလွန်ပင် စိုးရိမ်ပူပန်နေသော်လည်း တတ်နိုင်သမျှ တည်ငြိမ်အောင်ထိန်းထားပြီး ယောင်ပင်းက သူတို့၏ အသက်ကို ကယ်တင်နိုင်ပါစေဟုသာ စိတ်ထဲမှ ဆုတောင်းနေမိတော့သည်။
ထိုအချိန်မှာပင် အနက်ရောင် ပုံရိပ်က ရုတ်တရက် စကားပြောလာသည်။
“ချန်ရုရှန်း.. မင်းရဲ့ သက်တမ်း ကုန်ပြီ”
“ကော်ခိုင်မင်း.. မင်းရဲ့ သက်တမ်း ကုန်ပြီ”
“လျို့ထိုက်ရှန်း.. မင်းရဲ့ သက်တမ်း ကုန်ပြီ”
…
အနက်ရောင် ပုံရိပ်၏ အသံမှာ အေးစက်ပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ပင်။
ရာစုနှစ်ပေါင်းများစွာ စကားမပြောခဲ့ဖူးသော အတိုင်းပင် ဖြစ်နေခဲ့သည်။
အနက်ရောင်ပုံရိပ် စကားပြောပြီးနောက်တွင် အဖြူရောင် ပုံရိပ်သည်လည်း သူ၏ လက်ထဲရှိ သံကြိုးများကို မြှောက်လိုက်ပြီး အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်း၏ ခေါင်းပေါ်သို့ ရုတ်တရက် ပစ်ပေါက်လိုက်သည်။
“မင်းတို့ရဲ့ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက်၊ မင်းတို့ရဲ့ ဝိညာဉ်တွေကို သိမ်းဆည်းတော့မယ်၊ သေခြင်းတရားကို ရင်ဆိုင်ကြစမ်း”
ရုတ်တရက် အမည်းရောင် မီးခိုးငွေ့များက လေထဲတွင် ရုတ်တရက် ကြီးထွားလာပြီး၊ လျှပ်စီးကဲ့သို့ မြန်ဆန်သောနှုန်းဖြင့် လူတိုင်းကို ဝန်းရံလိုက်တော့သည်။
ဤသံကြိုးများဖြင့် အချည်ခံရသူတိုင်းမှာ သေချာပေါက် သေဆုံးရလိမ့်ပင်။
အလွန်ပင် အရေးကြီးလှသော အခိုက်အတန့်..
သေခြင်းနှင့် ရှင်ခြင်းအကြား..
ယောင်ပင်းက ရုတ်တရက် စကားပြောလိုက်သည်။
“ဟွန်း.. ကလေးကစားစရာ လှည့်ကွက်လေးနဲ့ လူကြားထဲ လာပြီးရဲကြွားဝံ့သေးတယ်ပေါ့”
သူ၏ အသံမှာ မကျယ်လွန်း မတိုးလွန်းသော်လည်း စူးရှသော အင်အားတစ်ခု ပါဝင်နေပြီး အစည်းအဝေးခန်းမမှ အပြင်ဘက်အထိ ပျံ့နှံ့သွားတော့သည်။
အဖြူအမည်း ဝိညာဉ်သံတမန်များမှာ ရပ်တန့်ခြင်း မရှိဘဲ သူတို့၏ လက်ထဲမှ သံကြိုးများမှာ လူတိုင်းကို ဆက်လက်၍ ချည်နှောင်ရန် ကြိုးစားနေဆဲပင်။
“အား! ကယ်ကြပါဦး!”
“ကယ်ပါ...”
…
အစည်းအဝေးခန်းမအတွင်း၌ နာကျင်စွာ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ယောင်ပင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ထားလိုက်လိုက်လေ၏။
ထို့နောက် ဖြည်းဖြည်းချင်း ရှေ့သို့ တွန်းထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“အမိန့်ပေးတယ် ယင်သံတမန်တွေ .. အခုချက်ချင်း ဆုတ်ခွာကြစမ်း!”
ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရွှေရောင် ‘အမိန့်’ (令) စာလုံးတစ်လုံးမှာ ယောင်ပင်း၏ လက်ဖဝါးများမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့သည်။
ထို့နောက် ထိုစာလုံးမှာ တဖြည်းဖြည်း ကြီးထွားလာပြီးနောက် ရှေ့မှ အဖြူအမည်း ဝိညာဉ်သံတမန်များထံသို့ ရုတ်တရက် ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ဝုန်း!
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး၊ အဖြူအမည်း ဝိညာဉ်သံတမန်များမှာ ရွှေရောင် ‘အမိန့်’ စာလုံး၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်ထွက်သွားကြတော့သည်။
သူတို့မှာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရပေသည်။
ထိုအချိန်တွင် အခြားတစ်နေရာရှိ တောင်ပေါ်တာအိုကျောင်းတစ်ခု၌။
အကြီးအကဲ တာအိုဘုန်းကြီးတစ်ဦးမှာ အလယ်ဗဟိုတွင် ထိုင်နေပြီး၊ သူ၏ တပည့်များစွာက သူ့ကို ဝန်းရံထားကြပေသည်။
သူတို့အားလုံးမှာ အာရုံစိုက်နေကြပြီး လေထုမှာလည်း လေးလံနေတော့သည်။
သူတို့သည်က ဆေးရုံရှိ အစည်းအဝေးခန်းမအတွင်းမှ လူတိုင်း၏ ဝိညာဉ်များကို ဖမ်းယူရန်အတွက် အဖြူအမည်း ဝိညာဉ်သံတမန်များကို အမိန့်ပေး ခိုင်းစေနေခြင်း ဖြစ်၍ သူတို့၏ အစွမ်းရှိသမျှကို ထုတ်သုံးနေကြရပေသည်။
ပထမတော့ အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်ပေသည်။
သို့သော် ယောင်ပင်းက ရုတ်တရက် လှုပ်ရှားလိုက်သည် မဟုတ်ပါလား။
ယောင်ပင်းက အဖြူအမည်း ဝိညာဉ်သံတမန်များကို ရိုက်ထုတ်လိုက်သည့် ခဏမှာပင် သူတို့၏ကြား၌ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
အကြီးအကဲ တာအိုဘုန်းကြီးကို ဝန်းရံထားသည့် တပည့်အချို့မှာ ထိုပေါက်ကွဲမှုကြောင့် အဝေးသို့ လွင့်ထွက်သွားကြတော့သည်။
အကြီးအကဲ တာအိုဘုန်းကြီးမှာတော့ ဒဏ်ရာမရအောင် သတိထား ရှောင်တိမ်းနိုင်ခဲ့ပေသည်။
သူသည်က ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး သူ၏ မျက်လုံးများထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ရှိနေတော့သည်။
“ဒီကောင်လေးက တကယ်ပဲ ဘယ်သူလဲ”
ပြီးခဲ့သည့်အကြိမ်က သူ့အနေဖြင့် သူ၏ တပည့်အား မိုရှောက်ယောင်ကို ထိန်းချုပ်ရန် အမိန့်ပေးခဲ့သော်လည်း ယောင်ပင်းက တစ်ချက်တည်းဖြင့် ထိုအစီအရင်ကို ဖျက်ဆီးခဲ့သဖြင့် သူ၏ တပည့်မှာ ယခုထိ အိပ်ရာထဲ လဲနေရဆဲပင်။
ယခုတွင်တာ့ ဝိညာဉ်သံတမန်များကို စေခိုင်း၍ ဝိညာဉ်ဖမ်းယူသည့် အစီအရင်ကို ပြုလုပ်ချိန်တွင်လည်း ယောင်ပင်းက ထပ်မံ၍ ဖျက်ဆီးခဲ့ပြန်ချေပြီ။
ဤယောင်ပင်းဆိုသည့် ကောင်လေးမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ကိုင်တွယ်ရခက်ခဲလှပေသည်။
အကြီးအကဲ တာအိုဘုန်းကြီး အံ့သြမှင်သက်နေစဉ်မှာပင် ယောင်ပင်း၏ အသံက အစည်းအဝေးခန်းမအတွင်းမှ ထွက်ပေါ်လာသည်။
“သူတို့ရဲ့ သက်တမ်းက မကုန်သေးဘူး၊ မင်းတို့က ဘာလို့ သူတို့ဝိညာဉ်တွေကို လာဖမ်းရဲရတာလဲ၊ မင်းတို့မှာ ဘာအပြစ်ရှိလဲ ဆိုတာ သိလား”
သူ၏ အသံမှာ ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်နေခဲ့လေသည်။
ယောင်ပင်း၏ အသံမှာ အစည်းအဝေးခန်းမ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။
အကြီးအကဲ တာအိုဘုန်းကြီးမှာ ထိုအသံကို သူ၏ နားရွက်နားတွင် အော်ပြောလိုက်သကဲ့သို့ ခံစားရပြီး နားကွဲမတတ် ဖြစ်သွားရပေသည်။
သူ သတိမထားမိချိန်မှာပင် သူ၏ အတွင်းစွမ်းအားများ ကမောက်ကမ ဖြစ်သွားပြီး သွေးများမှာ ဦးခေါင်းဆီသို့ တစ်ရှိန်ထိုး တက်လာတော့သည်။
သူ ပါးစပ်ကို ဖွင့်လိုက်ပြီး သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရလေ၏။
“ဒုက္ခပဲ!”
အကြီးအကဲ တာအိုဘုန်းကြီးသည် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ပြီးနောက်၊ ပါးစပ်မှ သွေးများကိုပင် မသုတ်နိုင်ဘဲ ဝုန်းခနဲ ထရပ်လိုက်သည်။
“ငါက အဲဒီကောင်လေးကို စမ်းသပ်ဖို့ပဲ အာရုံစိုက်နေမိတာ၊ ငါ ဒီလောက် တုံးအတဲ့ အလုပ်မျိုး လုပ်မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”
သူ၏ တပည့်များမှာလည်း အနာတရများဖြင့် အနိုင်နိုင် ထရပ်လိုက်ကြပြီး စိုးရိမ်တကြီး မေးမြန်းလိုက်ကြသည်။
“ဆရာ.. ဆရာ ဘာတွေတုံးအတာတွေ လုပ်မိလို့လဲ”
သက်ရှိတစ်ဦးအနေဖြင့် မြေအောက်လောက သံတမန်များကို မောင်းထုတ်ပြီး ဝိညာဉ်များကို ဖမ်းယူရန် အမိန့်ပေးခြင်းသည်က ယင်လောကနှင့် ယန်လောက နှစ်ခုလုံးကို ကြီးလေးစွာ ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။
ထိုအစီအရင်ကို ပြုလုပ်စဉ်အတွင်း မြေအောက်လောကသို့ သွေးဖြင့် ပူဇော်ရန် လိုအပ်သကဲ့သို့ မြေအောက်သံတမန်များကို အောင်မြင်စွာ မောင်းထုတ်နိုင်ရန်နှင့် ဝိညာဉ်များကို ဖမ်းယူနိုင်ရန်အတွက် ကိုယ်တိုင်၏ ခန္ဓာကိုယ်အစစ်ကိုလည်း အာမခံအဖြစ် ထားရှိရပေသည်။
ဤသို့လုပ်ဆောင်ခြင်းက သံတမန်များကို ခိုင်းစေနိုင်လိမ့်မည်ဖြစ်သော်လည်း၊ ကိုယ် ကိုယ်တိုင်ကိုလည်း ထိုသံတမန်များနှင့် ချည်နှောင်လိုက်ခြင်းပင် ဖြစ်ပေသည်။
ဤသည်မှာ စွန်လွှတ်ခြင်းနှင့် တူပေသည်။ စွန်သည်က လေထဲတွင် လွင့်ပျံနေသော်လည်း ကြိုးမှာတော့ စွန်လွှတ်သူ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်ပေသည်။
စွန်ကြိုးအတိုင်း လိုက်သွားပါက စွန်လွှတ်သူထံသို့ ရောက်ရှိနိုင်သည် မဟုတ်ပါလား။
ယောင်ပင်း၏ အရည်အချင်းနှင့်ဆိုလျှင် သူသည်က မြေအောက်သံတမန်များကို အသုံးပြု၍ သူတို့ကို သေချာပေါက် ရှာဖွေနိုင်ပေလိမ့်မည်။
အကြီးအကဲ တာအိုဘုန်းကြီးမှာ သူသည်က သေချာပေါက်အောင်မြင်ပြီး ကျဆုံးလိမ့်မည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။
ထို့ကြောင့် အရန်အစီအစဉ်ကိုပင် ချန်မထားခဲ့မိချေ။
သဲလွန်စများကို ချန်ထားခဲ့ပြီးမှ သူတစ်ပါးကို လျှို့ဝှက်ကြံစည်ခြင်းမှာ တုံးခြင်းမဟုတ်လျှင် တခြားမည်သို့ဆိုနိုင်ပါမည်နည်း။
သူတို့သည်က အသက်များကို သတ်ဖြတ်ရန် ဤမျှအထိ လုပ်ဆောင်ထားခဲ့သဖြင့် ယောင်ပင်းကလည်း သူတို့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်သည်မှာ သေချာလှပေသည်။
အကြီးအကဲ တာအိုဘုန်းကြီးက သူ၏တပည့်ဖြစ်သူ၏ မလျော်ကန်သော စကားလုံးများကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်သည်
“မြန်မြန်.. ဝိညာဉ်ဖမ်းမီးအိမ်ကို ဖျက်ဆီးပြီး ယဇ်ပလ္လင်ကို ရှင်းလင်းလိုက်ကြစမ်း!”
သူသာ နှေးကွေးနေမည်ဆိုလျှင် အချိန်နှောင်းသွားပေလိမ့်မည်။
သူ အမိန့်ပေးပြီးသည်နှင့် တစ်ပြိုင်နက် တာအိုကျောင်းအတွင်းရှိ မီးအိမ်များမှာ ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတော့သည်။
အေးစက်သော လေပြင်းတစ်ချက်မှာ တာအိုကျောင်းအတွင်းသို့ အရှိန်ပြင်းစွာ တိုးဝင်လာ၏။
ကျောင်းအတွင်းရှိ အပူချိန်မှာလည်း ရုတ်တရက် ထိုးဆင်းသွားတော့သည်။
တာအိုကျောင်း၏ တံခါးမှာ ကျယ်လောင်ပြီး စူးရှသော အသံကြီးနှင့်အတူ ပွင့်သွားတော့သည်။
“ဆရာ...”
တပည့်များက တုန်ရီသောအသံဖြင့် တံခါးဝကို ထိတ်လန့်တကြား စိုက်ကြည့်နေကြ၏။
“မင်းတို့ ငတုံးတွေ၊ ဘာရပ်ကြည့်နေကြတာလဲ!”
အကြီးအကဲ တာအိုဘုန်းကြီးက အာရုံစိုက် နားထောင်လိုက်ပြီးနောက် သူ၏ မျက်နှာထားက ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
“မြန်မြန်.. ဝိညာဉ်ဖမ်းမီးအိမ်ကို ဖျက်ဆီးပြီး ယဇ်ပလ္လင်ကို ရှင်းလင်းလိုက်ကြစမ်း!”
ခဏလောက် နှောင့်နှေးသွားခြင်းကပင် သူတို့၏ အသက်ကို ပေးရနိုင်သည် မဟုတ်ပါလား။
အကြီးအကဲ တာအိုဘုန်းကြီး၏ အော်ဟစ်သံကြောင့် တပည့်များမှာ သတိပြန်ဝင်လာပြီး၊ နေရာမှ ထကာ ဝိညာဉ်ဖမ်းမီးအိမ်ကို ဖျက်ဆီးရန်နှင့် ယဇ်ပလ္လင်ကို ရှင်းလင်းရန် ပျာပျာသလဲ ကြိုးစားကြတော့သည်။
ဝုန်း!
သူတို့ ယဇ်ပလ္လင်ကို အသည်းအသန် ရှင်းလင်းနေစဉ်မှာပင် သူတို့၏ ဆေးဖော်စပ်ဆောင်တံခါးမှာ ဝုန်းခနဲ ပွင့်သွားတော့သည်။
“ဒုက္ခပဲ.. သူတို့ ရောက်လာပြီ”
“ဆရာ.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ..”
…
*
အခန်း(70)
ဆူညံသံများက ထိတ်လန့်တုန်လှုပ်သံများနှင့်အတူ ရောနှောထွက်ပေါ်လာတော့သည်။
ဝုန်း!
ဝုန်း!
သူတို့ ခေတ္တမျှ တုံ့ဆိုင်းသွားသည့် ခဏမှာပင် ဝိညာဉ်ဖမ်းမီးအိမ်နှင့် ယဇ်ပလ္လင်တို့မှာ တပြိုင်နက်တည်း ပေါက်ကွဲသွားတော့သည်။
ယဇ်ပလ္လင်၏ အက်ကြောင်းများကြားမှ သွေးစင်းပေါင်းများစွာမှာ မြွေများသဖွယ် စီးကျလာတော့သည်။
ထိတ်လန့်ဖွယ် မြင်ကွင်းပင်။ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“သတိထားကြ!”
အကြီးအကဲ တာအိုဘုန်းကြီးက မျက်နှာပျက်စွာဖြင့် သူ၏တပည့်များကို သတိပေးလိုက်သည်။
သို့သော် နောက်ကျသွားချေပြီ။
ဝိညာဉ်ဖမ်းမီးအိမ်ဆီသို့ တွားသွားနေကြသော တပည့်များမှာ ရုတ်တရက် ရပ်တန့်သွားကြပြီး စွမ်းအားကြီးသော စွမ်းအားတစ်ခု၏ ဖမ်းဆီးခြင်းကို ခံလိုက်ကြရသည်။
ထို့နောက် အနောက်ဘက်သို့ အရှိန်ပြင်းစွာ ဆွဲခေါ်ခြင်း ခံလိုက်ရတော့သည်။
ထိုစွမ်းအားမှာ သူတို့ကို လိမ်ချိုးပစ်လိုက်သည့်အတွက် တပည့်များမှာလည်း မုန့်လိမ်များကဲ့သို့ ပုံပျက်ပန်းပျက် ဖြစ်ကုန်ကြလေ၏။
“အား!”
“အား!”
တပည့်များမှာ သွေးအန်ပြီး မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားကြတော့သည်။
သူတို့၏ ကြေကွဲဖွယ် သေဆုံးမှုမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပေသည်။
ခေတ္တမျှအတွင်းမှာပင် ဆေးဖော်ဆောင်ထဲတွင် အကြီးအကဲ တာအိုဘုန်းကြီး တစ်ဦးတည်းသာ ကျန်ရစ်တော့၏။
သူ၏ တပည့်များ သေဆုံးသည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲ တာအိုဘုန်းကြီးမှာ နှလုံးကွဲမတတ် ခံစားရပြီး မျက်လုံးများမှာလည်း သွေးရောင်လွှမ်းနေတော့သည်။ သူက နာကျည်းစွာ ပြောလိုက်သည်။
“ယောင်ပင်း.. မင်း ငါ့တပည့်တွေကို သတ်လိုက်တယ်ပေါ့၊ ငါ လျို့တာ့ဖန်းက မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ မင်းကိုသာ ငါ မဖယ်ရှားနိုင်ရင် ငါ လျို့တာ့ဖန်းက လူမဟုတ်တော့ဘူးလို့ ကျိန်ဆိုတယ်”
သူ၏ ပါးစပ်မှ နာကျည်းစွာ ပြောနေသော်လည်း လျို့တာ့ဖန်းက ငြိမ်နေ၍ မရမှန်း သိပေသည်။ သူသည်က ချက်ချင်းပင် သေမင်းတံဆိပ်ကို ပြုလုပ်လိုက်ပြီး၊ ဓားမြှောင်တစ်လက်ဖြင့် သူ၏ နှလုံးသားကို ထိုးစိုက်လိုက်ကာ၊ သူ၏ ကိုယ်ပေါ်မှ ဝိညာဉ်ဝှက်သေတ္တာအမည်းကို ထုတ်ယူ၍ ဂါထာမန္တန်အချို့ကို အမြန်ပင် ရွတ်ဖတ်လိုက်တော့သည်။
ထိုခဏမှာပင် အဖြူအမည်း ပုံရိပ်နှစ်ခုသည် ဆေးဖော်ဆောင် တံခါးဝ၌ ပေါ်လာတော့သည်။
လျို့တာ့ဖန်းက ပြင်းထန်သော နာကျင်မှုကို အောင့်အည်းလျက် ဝိညာဉ်ဝှက်သေတ္တာကို သူ၏ခန္ဓာကိုယ်အောက်သို့ ထိုးထည့်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ခန္ဓာကိုယ်ကို ထိုးဖောက်၍ ဝိညာဉ်ကို ဖုံးကွယ်ခြင်း။
ဤသည်မှာ ကျင့်ကြံသူများအတွက် အယုတ်ညံ့ဆုံးနှင့် အရှက်ရဆုံး နည်းလမ်း ဖြစ်ပေသည်။
သို့သော် ဤသည်ကသာ လျို့တာ့ဖန်းအတွက် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်ပေသည်။
သူ ထင်မှတ်ထားသည့်အတိုင်းပင်။
အဖြူအမည်း ဝိညာဉ်သံတမန်များက သူ၏တပည့်များ၏ ဝိညာဉ်ကို ဖမ်းယူပြီးနောက် လွင့်မျောထွက်ခွာသွားကြလေ၏။
မကြာမီ ဆေးဖော်ဆောင်အတွင်း၌ လျို့တာ့ဖန်းသာ ကျန်ရစ်ခဲ့တော့သည်။
“ဒီကောင်လေးက မြေအောက်အရာရှိတွေကိုတောင် အမိန့်ပေးနိုင်တယ်လား..”
အဖြူအမည်း ဝိညာဉ်သံတမန်များ ထွက်ခွာသွားပြီးနောက် လျို့တာ့ဖန်း အားနည်းစွာ ထရပ်လိုက်ပေသည်။
သူ၏ မျက်လုံးများထဲတွင်ဆော့ ထိတ်လန့်မှုများ ပြည့်နှက်နေတော့၏။
“ကြည့်ရတာ ငါ့ရဲ့ ဦးလေးကိုကို ထွက်လာပြီး ဒီကောင်လေးကို နှိမ်နင်းခိုင်းမှ ဖြစ်တော့မယ်”
…
လျို့တာ့ဖန်း၏ တပည့်များ ကြေကွဲဖွယ် မသေဆုံးမီ မိနစ်အနည်းငယ်ခန့်က..
ဆေးရုံရှိ အစည်းအဝေးခန်းမအတွင်း။
ယောင်ပင်းက ‘အမိန့်’ စာလုံးကို ထုတ်လွှတ်လိုက်ရာ အဖြူအမည်း ဝိညာဉ်သံတမန်များမှာ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။
ယောင်ပင်းက စနစ်ကိုဖွင့်၍ ‘ယမမင်း၏ အမိန့်တော်’ ကို ရှာဖွေပြီး ဝယ်ယူလိုက်ပေသည်။ ထို့နောက် ထိုအမိန့်တော်ကို ကိုင်ဆောင်၍ အရှေ့သို့ လျင်မြန်စွာ ပစ်ပေါက်လိုက်တော့သည်။
ယမမင်း၏ အမိန့်တော်မှာမြေအောက်လောကကို ထိန်းချုပ်နိုင်သည့် အမိန့်တော်ပင်။
ရွှေရောင်အလင်းတန်းတစ်ခုက အဖြူအမည်း ဝိညာဉ်သံတမန်များထံသို့ ရုတ်တရက် ဖြာထွက်သွားပြီးနောက်၊ ကြီးမားလှသော ရွှေရောင် ‘အမိန့်’ စာလုံးကြီးအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။
အဖြူအမည်း ဝိညာဉ်သံတမန်များမှာ တုန်ရီသွားကြပြီးနောက် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြကာပြောလိုက်ကြလေ၏။
“အရှင့် ကို ဂါရဝပြုပါတယ်!”
ယောင်ပင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ယင်နဲ့ ယန်ရဲ့ မျှခြေကို ဖျက်ဆီးတာ၊ အသက်နဲ့ သေခြင်းကို ကစားတာက ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုပဲ၊ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”
အဖြူအမည်း ဝိညာဉ်သံတမန်များမှာ တညီတညွတ်တည်း ဦးညွှတ်လိုက်ကြပြီး အမိန့်ကို နာခံလိုက်ကြသည် ။
“ကောင်းပါပြီ”
ထို့နောက် သူတို့က လှည့်ထွက်ကာ ပျောက်ကွယ်သွားကြတော့သည်။
ထွက်ခွာသွားသော အဖြူအမည်း ဝိညာဉ်သံတမန်များကို ကြည့်ရင်း ယောင်ပင်း၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေခဲ့လေသည်။
လူများစွာ၏ အသက်နှင့် သူ၏အမေ အသက်ကို အသုံးချပြီး သူ့စွမ်းအားကို စမ်းသပ်ရဲသည့် ထိုသူမှာ သေထိုက်ပေသည်။
မြေအောက်သံတမန်များကို မောင်းထုတ်ပြီး ဝိညာဉ်ဖမ်းသည့် အစီအရင်ကို လုပ်ဆောင်ခဲ့သည့် နောက်ကွယ်ကလူမှာ သေချာပေါက် ပေးဆပ်ရမည် ဖြစ်ပေသည်။
အဖြူအမည်း ဝိညာဉ်သံတမန်များ ထွက်ခွာသွားသည်နှင့် လူနာတစ်ဦးမှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ရုတ်တရက် ထထိုင်လိုက်တော့သည်။
“အဟွတ်.. အဟွတ်.. ဟွတ်..”
ထို့နောက် ဒုတိယ တစ်ယောက်။
ထို့နောက် တတိယ တစ်ယောက်။
စတုတ္ထ တစ်ယောက်...
…
မိနစ်အနည်းငယ်အတွင်းမှာပင် မူလက အသက်အန္တရာယ် စိုးရိမ်နေရသော လူနာတစ်ဒါဇင်ကျော်မှာ သတိပြန်လည်လာကြတော့သည်။
အံ့သြစရာ မယုံကြည်နိုင်စရာပင်။
အစည်းအဝေးခန်းမအတွင်းရှိ ဆရာဝန်များနှင့် သူနာပြုများမှာ တစ်ဦးပြီးတစ်ဦး သတိပြန်လည်လာသော လူနာများကို ကြည့်ကာ ဆွံ့အသွားကြရပေသည်။
အထူးသဖြင့် ဒါရိုက်တာချန်ပင်။
သူတို့သည်က ယမမင်း၏ အမိန့်တော်ကို မမြင်ရဘဲ ယောင်ပင်းက တစ်ခုခုကို လေထဲသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်သည်ကိုသာ မြင်လိုက်ရခြင်းဖြစ်သည် မဟုတ်ပါလား။
မတိုင်ခင်လေးတင်မှ ကြောက်မက်ဖွယ်ကောင်းသော အဖြူအမည်း ဝိညာဉ်သံတမန်များမှာ သူ့ရှေ့တွင် ဒူးထောက်နေခဲ့ကြသည်။
ထို့အပြင် သူတို့၏ အမူအရာမှာလည်း ရိုသေကိုးကပ်မှုများပြည့်နေကြသည်။
ဒီယောင်ပင်းက ဘယ်သူများလဲ။
“ယမမင်းကြီး! ဒါက ယမမင်းကြီး လူဝင်စားလာတာပဲ!”
“ကျွန်တော်တို့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယမမင်းကြီး...”
…
အသက်ကြီးပြီး တုန်ရီနေသော အသံတစ်ခု ထွက်ပေါ်လာပေသည်။
ထို့နောက်တွင် လူနာတစ်ဒါဇင်ကျော်မှာ သူတို့၏ မိသားစုဝင်များ၏ တွဲကူမှုဖြင့် နေရာမှ ထလိုက်ကြပြီး၊ အားလုံးက ယောင်ပင်းရှေ့တွင် ဒူးထောက်ရန် ပြင်လိုက်ကြတော့သည်။
“မြန်မြန် ထကြပါ”
“ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး၊ မြန်မြန် ထကြပါ”
ယောင်ပင်းမှာ အလွန်ပင် နေရခက်သွားရပေသည်။ သူသည် ဒူးထောက်ရန် ပြင်နေကြသော လူနာများနှင့် မိသားစုဝင်များကို အမြန်ပင် သွားရောက်တွဲထူလိုက်ပြီး နှိမ့်ချစွာ ပြောလိုက်သည်
“လူဆိုးတွေက ပြဿနာရှာလို့ ဘုရားသခင်က အပြစ်ပေးလိုက်တာပါ၊ ကျွန်တော်နဲ့ သိပ်မဆိုင်ပါဘူး...”
သူသည်က အာရုံစိုက်ခံရခြင်းကို မနှစ်သက်သကဲ့သို့၊ လူများစွာက သူ့အပေါ် ကျေးဇူးကြွေး တင်နေခြင်းကိုလည်း မလိုလားပါချေ။
သို့သော်လည်း ယောင်ပင်းက မည်မျှပင် ငြင်းဆိုပါစေ၊ ထိုလူနာများနှင့် မိသားစုဝင်များမှာမ
ယောင်ပင်းသာ မရှိလျှင် သူတို့ သေချာပေါက် သေဆုံးရမည်ဖြစ်ကြောင်း ကောင်းကောင်း သိထားကြပေသည်။
ထို့ကြောင့် ယောင်ပင်း ငြင်းနေသော်လည်း သူတို့က ယောင်ပင်းအား အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောဆိုနေကြပြီး ဒူးထောက်လုနီးပါး ဖြစ်နေကြတော့သည်။
ယောင်ပင်းမှာ ဤကဲ့သို့သော အခြေအနေမျိုးကို အလွန်ပင် ကြောက်ပေ၏။
ထို့ကြောင့် သူသည်က အကြောင်းပြချက်တစ်ခု ပေးကာ သူ၏အမေနှင့် ကျန်းရှောင်ပေအမေတို့ကို လူနာဆောင်သို့ အမြန်ပင် ပြန်ပို့လိုက်ပေသည်။
မကြာမီမှာပင် ဒါရိုက်တာချန်ာ မျက်နှာပျက်ယွင်းစွာဖြင့် ယောင်ပင်းထံသို့ လာကာ ဆေးရုံအုပ်ကြီးက သူ့ကို ရုံးခန်းတွင် တွေ့ချင်နေကြောင်း ပြောလာပေသည်။
ယောင်ပင်းက အသက်ပေါင်း တစ်ဒါဇင်ကျော်ကို ကယ်တင်ပေးခဲ့သဖြင့် လူတိုင်းက သူ့ကို အလွန် ကျေးဇူးတင်နေကြပေသည်။
ဒါရိုက်တာချန် တစ်ဦးတည်းမှလွဲ၍။
ဒါရိုက်တာချန်မှာ အလွန်ပင် စိတ်သဘောထား သေးသိမ်သူဖြစ်ပြီး ဂုဏ်ပကာသန မက်မောကာ မောက်မာရိုင်းစိုင်းသူ ဖြစ်ပေသည်။
ဆေးရုံတွင် သူသည်က ဆေးရုံအုပ်နှင့် ဒုဆေးရုံအုပ်တို့ပြီးလျှင် သြဇာအရှိဆုံးလူ ဖြစ်ပေသည်။ သို့သော် ယောင်ပင်းကြောင့် သူက လူများစွာ၏ ရှေ့တွင် ဆေးရုံအုပ်၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည့်အပြင်၊ အစည်းအဝေးခန်းမထဲတွင်လည်း ဆီးထွက်ကျခဲ့သည် မဟုတ်ပါလား။
သူ သိက္ခာတွေ အကုန်ကျခဲ့ရချေပြီ။
သူသည်က ဤကိစ္စအတွက် ယောင်ပင်းကိုသာ တိုက်ရိုက် အပြစ်တင်နေတော့သည်။
ထို့ကြောင့် ဆေးရုံအုပ်ကြီးက ယောင်ပင်းကို ဖိတ်ကြားခဲ့သည်ကို မြင်သောအခါ ဒါရိုက်တာချန်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။
သို့သော် ယောင်ပင်းကတော့ ဆေးရုံအုပ်ကြီးရုံးခန်းသို့ သွားရန် အလျင်လိုနေသဖြင့် ထိုအကြောင်းကို သတိမပြုမိခဲ့ပါချေ။
ယောင်ပင်း ဆေးရုံအုပ်ကြီးရုံးခန်းသို့ ရောက်သောအခါ တံခါးခေါက်၍ အတွင်းသို့ ဝင်လိုက်သည်။
သူ ဝင်လိုက်သည်နှင့် ဆေးရုံအုပ်ကြီးက ချက်ချင်းပင် ရှေ့သို့ လှမ်းလာခဲ့လေ၏။ ထို့နောက် မည်သည့်စကားကိာမှမပြောဘဲ သူ့ကို လေးစားစွာ ဦးညွှတ်လိုက်ပေသည်။
“ဆေးရုံအုပ်ကြီး.. ဘာတွေလုပ်နေတာလဲ!”
ယောင်ပင်း ထိတ်လန့်သွားပြီး ဆေးရုံအုပ်ကြီးကို တွဲထူရန် အမြန် ရှေ့သို့ တိုးလိုက်သည်။
“ကျွန်တော် ဒီလောက်ကြီးမားတဲ့ ဂါရဝပြုမှုကို မခံယူဝံ့ပါဘူး”
သူသည်က လောကဓံကို အတော်လေးကြုံတွေ့ခဲ့ဖူးသော်လည်း စိတ်ဓာတ်မှာတော့ ကလေးတစ်ယောက်သာ ရှိသေးသဖြင့် လူကြီးတစ်ယောက်က သူ့ကို ဦးညွှတ်သည့်အခါ အလွန်ပင် နေရခက်နေမိရသည်။
“ဒီတစ်ကြိမ်မှာ သခင်လေးယောင်သာ မကူညီခဲ့ရင် ကျွန်တော်တို့ ဆေးရုံရဲ့ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားမှာပါ”
ဆေးရုံအုပ်ကြီးက စိတ်ရင်းဖြင့် ပြောလိုက်သည်။
“သခင်လေးယောင်က ကျွန်တော်တို့ ဆေးရုံက လူနာ တစ်ဒါဇင်ကျော်ကို ကယ်တင်ပေးခဲ့ပြီး ဆေးရုံရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်လည် ဆယ်တင်ပေးခဲ့ပါတယ်၊
ဒါကြောင့် သခင်လေးယောင်ရဲ့ ကျေးဇူးက တောင်ကြီးတစ်လုံးလို လေးလံလွန်းပါတယ်၊ ဒီဦးညွှတ်မှုကို သခင်လေးယောင်အနေနဲ့ ခံယူထိုက်ပါတယ်”
ထိုသို့ပြောပြီးနောက် ဆေးရုံအုပ်ကြီးက ယောင်ပင်းကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းပြီးနောက်၊ နောက်တစ်ကြိမ် နက်နက်ရှိုင်းရှိုင်း ထပ်မံ ဦးညွှတ်ပြန်သည်။
ယောင်ပင်းလည်း ဆေးရုံအုပ်ကြီး၏ ဂါရဝပြုမှုကို မရှောင်နိုင်ဘဲ လက်ခံလိုက်ရတော့သည်။
*