← Chapters

အကြီးအကဲရဲ့လျှို့ဝှက်ချက်

Vol. 8 Ch. 107

အကြီးအကဲရဲ့လျှို့ဝှက်ချက်

Vol. 8 Ch. 107

ကမ္ဘာပေါ်မှာရှိသမျှ အရာအားလုံး ရပ်တန့်သွားသလို။ တိုက်ခတ်နေတဲ့ လေပြည်တွေတောင် ရပ်တန့်သွားတယ်။ ကြောက်မက်ဖွယ် တိတ်ဆိတ် ငြိမ်သက်မှုသာ ကျန်ရှိခဲ့တော့တယ်။

ပိထူရဲ့ ကိုယ်ခန္ဓာဟာ ‌တုန်ယင်သွားတယ်။ မြောက်အရပ်ကို မျက်နှာမူ ဒူးထောက်လို့ ကောင်းကင်ကို ဦးခိုက်နေဆဲ။

"ခင်ဗျားရဲ့ အစေခံ။ ပိထူက ဒီကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ လုံလောက်တဲ့ အသက်စွမ်းအင် ပြင်ဆင်ထားပါတယ်။ ဒီနှစ်ယောက်ကို ယဇ်ကောင်အဖြစ် ပူဇော်ပါတယ်။ အို ... မြောက်အရပ်က မာန်စွမ်းအားရှင် နတ်ဘုရားသခင် ... ကျွန်တော့်တို့ လောကကို ဆင်းသက်လာခဲ့ပါ”

ပိထူ စကားဆိုနေရင်းမှာ ပုံသဏ္ဌာန်မဲ့ အင်အားတစ်ရပ်ဟာ တစ်စတစ်စ စုစည်းလာပြီး ပိထူရှေ့မှာ လူတစ်ယောက်ရဲ့ ခပ်ဖျော့ဖျော့ ပုံရိပ်ကောက်ကြောင်း တစ်ခုအဖြစ် ပေါ်ပေါက်လာတယ်။

အဲဒါက မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ တကယ်တော့ သေသေချာချာသာ မကြည့်လျှင် ထုတ်ချင်းပေါက် ထိုးထွင်းမြင်နေရတဲ့ လူတစ်ယောက် ပေါ်ထွက် လာတာကိုတောင် မြင်ရခက်လှပါတယ်။

အကြီးအကဲက တုန်ယင်လာခဲ့ပြီး အသက်ရှူသံတို့ မြန်ဆန်လာတယ်။

စုမင်ဟာ ဧရာမလူသားနဲ့ တစ်ထပ်တည်း ပြုမူနေရတယ်။ သူ့ ခန္ဓာကိုယ်ကို လှုပ်လို့မရဘူး။ ထုတ်ချင်းပေါက် မြင်ရတဲ့ ပုံရိပ်ကနေ ပိထူထက် အစစသာလွန်တဲ့ စွမ်းအားကို ခံစားမိတယ်။

သူ့မှာ မြုမှုန်ထိုးခွဲ တစ်လုံးတော့ ရှိသေးတယ်။ ဒါပေမဲ့ မြူမှုန်ထိုးခွဲက အသွားနှစ်ဖက် ပါတဲ့ ဓားလိုပဲ။ မြူမှုန်ထိုးခွဲကို ချေဖျက်လို့ သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကို သွားထိမိလျှင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသလို ဖြစ်လိမ့်မယ်။ ဒါကြောင့် မြူမှုန်ထိုးခွဲကို အသုံးပြုတိုင်း စုမင် အလွန်အမင်း ဂရုစိုက်တာ ဖြစ်တယ်။

ဒါက သူ့ရဲ့ နောက်ဆုံး တိုက်ကွက်ပဲ။ ရုပ်နယ်လွန် အဆင့်ရှိတဲ့ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ကို ဒီဆေးက သက်ရောက်မှု ရှိပါ့မလား မသိပေမဲ့ ကြိုးစား ကြည့်ရမှာပဲ။ သူ့မှာ အခွင့်အရေး ရှိခဲ့ပေမဲ့ အကြီးအကဲက ဘေးမှာရှိနေပြီး ပိထူကလည်း ဒဏ်ရာတွေ အမြန် ပျောက်ကင်းနေတယ်။ အကယ်၍ အချိန်မှား သုံးမိလျှင် ဆေးမှုန့်က လွင့်သွားပြီး စုမင်ကိုယ်တိုင်နဲ့ အကြီးအကဲကို လာထိဖို့ များတယ်။

ဒူးထောက်နေတဲ့ ပိထူရှေ့မှာ ထွင်းဖောက် မြင်နေရတဲ့ လူသားက မတ်တတ် ထလိုက်တယ်။ ၎င်းက ညာလက်ကို မြှောက်လို့ ပိထူရဲ့ နဖူးကို ထိလိုက်တယ်။ ပိထူဟာ ပြင်းပြင်းထန်ထန် တုန်ယင်သွားပြီး နာကျင်မှုက မျက်နှာမှာ ထင်ဟပ်လာပေမဲ့ လုံးဝမ‌အော်ဘူး။ မျက်ခုံး နှစ်ဖက်ကြားမှာ အပေါက်တစ်ပေါက် ပေါ်လာပြီး ကျဆင်းလာတဲ့ သွေး ဒ‌လဟောဟာ အဲဒီ ထုတ်ချင်းပေါက် မြင်နေရတဲ့ လူသားရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတယ်။

မကြာခင်မှာ ၎င်းဟာ ထုတ်ချင်းပေါက် မြင်နေရတဲ့ ပုံရိပ်တစ်ခု မဟုတ်တော့ဘဲ သွေးနီရောင် လွှမ်းလာတယ်။ ၎င်းရဲ့ကို ယ်ခန္ဓာအတွင်း လှည့်ပတ်နေတဲ့ သွေးမျှင်ကြောလေး တစ်ခုရှိပြီး တဖြည်းဖြည်းနဲ့ ညာလက်ညှိုးက အနည်းငယ်မျှ ထင်ရှားလာတယ်။

ပိထူရဲ့ ကိုယ်ခန္ဓာဟာ လျင်လျင်မြန်မြန် ညှိုးရော်သွားတယ်။ ဝင်သက် အနည်းငယ်အတွင်းမှာ အရိုးစုအသွင် ပြောင်းသွားတော့မလိုပဲ။

"မလုံလောက်ဘူး ..."

ထိုပုဂ္ဂိုလ်ဟာ တစ်ကိုယ်လုံးမှာ လက်‌ချောင်းလေး တစ်ခုသာ နီရဲနေပြီး ကျန်တဲ့ အပိုင်းတွေကတော့ ထုတ်ချင်းပေါက် မြင်နေရဆဲ အဆင့်မှာသာ ရှိသေးပါတယ်။ ၎င်းဟာ လေပေါ်က လူသုံးယောက်ရဲ့ စိတ်သန္တာန်ကို တုန်ရီစေလို့ အလျင်မလို ဖြည်းညင်းစွာ စကားဆိုတယ်။

ဒီသွေးပမာဏလောက်နဲ့ မလုံလောက်တာကို ပိထူ အစကတည်းက သိထားပါတယ်။ ‌ဆွဲဆုပ် ယူငင်တဲ့ လက်ဟန် ပြုမူလိုက်ချိန်မှာ ကမ္ဘာမြေဟာ တုန်လှုပ်သွားတယ်၊ နက်မှောင်တောင်ဟာ တစ်မုဟုတ်ချင်း မှုန်ရီမှိုင်းသွားတယ်။ တောင်ပေါ်မှာ ရှိသမျှသော နှင်းလွှာထုဟာ မည်းနက်သွားပြီး အရပ်ရပ်ကို ပျံ့နှံ့သွားတယ်။ တောင်ခြေရှိ သစ်တောက သစ်ပင်တွေအားလုံး အက်ကွဲပြီး အမှုန့်ကြေကုန် ကြတယ်။ ကမ္ဘာမြေရဲ့ ထောင့်ချိုးတွေက ထွက်ပေါ်လာတဲ့ အဖြူရောင်မြူမှုန် အခိုးအငွေ့တွေဟာ ပိထူထံ ရောက်ရှိလာကြတယ်။

တောင်ခြေ သစ်တောထဲမှာတော့ အမှောင်ထုဟာ ဆက်လက် ပျံ့နှံ့သွားတယ်။ အမှောင်ထုထဲ ပိတ်မိသွားတဲ့ သက်ရှိမှန်သမျှ သေဆုံးကုန်ကြပြီး လေထဲက အဖြူရောင် အငွေ့တွေအဖြစ် ပြောင်းလဲသွားကြတယ်။

သစ်ပင်ပေါ်က မျောက်ကလေးလည်း အထိတ်ထိတ် အလန့်လန့်နဲ့ ပျံ့နှံ့လာတဲ့ အမှောင်ထုကြီးမှာ ပိတ်မိမဲ့ အရေးကနေ ဝေးရာကို ထွက်ပြေးသွားတယ်။

အဖြူရောင် အခိုးအငွေ့တွေဟာ လေထုထဲကို ဆက်လက် မြင့်တက်လာနေပြီး ပိထူကိုယ်ထဲ ဝင်ရောက်သွားကာ သူ့ရဲ့ ညှိုးရော်နေတဲ့ ကိုယ်ခန္ဓာကို အားအင်ပြန်လည် ပြည့်စေတယ်။ တစ်ချိန်တည်းမှာပဲ မျက်ခုံး အလယ်ဗဟိုရှိ အပေါက်ကနေ ပိုမို စီးဆင်းလာတဲ့ သွေးတွေကို သူ့ရှေ့က ပုဂ္ဂိုလ်က စုပ်ယူနေဆဲ။

ကြောက်လန့်ဖွယ်ရာ မြင်ကွင်းကို စုမင်ရော၊ အကြီးအကဲပါ မြင်နေရပေမဲ့ မတားဆီးနိုင်ကြပါ။ လှုပ်လို့တောင် မရကြဘူး။

"ဒါလည်းပဲ မလုံလောက်သေးဘူး ...”

ပုဂ္ဂိုလ်ရဲ့ လက်ညှိုးတစ်ချောင်း လုံးကတော့ ရဲရဲ နီလာပါပြီ။

"ဒါ ကျွန်တော်ပေးနိုင်သလောက် အကုန်ပါပဲ ... မြောက်ပိုင်း မာန်နတ်ဘုရား ... ကျေးဇူးပြုလို့ ဆင်းသက် ...”

ပိထူ တုန်လှုပ်သွားတယ်။ သူ မရွှေ့လျားနိုင်သလို အခုနက ပျောက်ကင်းသွားတဲ့ ဒဏ်ရာတွေလည်း ပြန်ပွင့်လာတယ်။

"ဒီတစ်ခေါက် စတေးမှုက မလုံလောက်ဘူး။ ငါ့ရဲ့ လက်ချောင်းလေး တစ်ချောင်းပဲ ဆင်းသက် လာနိုင်တယ်”

ပုဂ္ဂိုလ်က နွမ်းနွမ်းလျလျ ပြောတယ်။ နီရဲနေတဲ့ လက်ညှိုး တစ်ချောင်းကိုသာ မလို့ ကောင်းကင်ကို ညွှန်လိုက်တယ်။

ရာသီဥတုတွေဟာ ချက်ချင်း ပြောင်းလဲသွားတယ်။ မြောက်မြားလှတဲ့ အနက်ရောင် တိမ်စိုင်တို့ စုစည်းလာပြီး ကောင်းကင် တစ်ဝက်လောက်ကို ပိတ်ကာပြီးတာနဲ့ လျှပ်ပြက်တယ်။ တစ်ချိန်တည်းမှာပဲ တိမ်စိုင်နက်တွေ ဖြစ်ပေါ်လာတဲ့ အနက်ရောင် မိုးကြိုးတစ်စင်း သက်ဆင်းလာတယ်။

အနက်ရောင် မိုးကြိုးမှာ ဆိုးယုတ်ခြင်းနဲ့ ရန်ငြိုး အငွေ့အသက်တို့ ကိန်းဝပ်နေတယ်။ ကျရောက် လာတာနဲ့ သေခြင်းတရားနဲ့ မုချကြုံတွေ့ ရနိုင်တယ်။

ကောင်းကင်ထက်က မိုးကြိုးပစ်ချလိုက်ချိန်မှာ စုမင်ရဲ့ လှုပ်မရတဲ့ ကိုယ်ခန္ဓာဟာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ကျောက်နက်ကလေးထံက အနွေးဓာတ် အချို့ကို ခံစား လိုက်ရတယ်။ အနွေးဓာတ်ဟာ စုမင်ကိုယ်ထဲ စီးဝင်လာခဲ့ပြီး ပျံ့နှံ့လာတဲ့ အက်ကွဲသံ တစ်ချက်နဲ့အတူ စုမင်လှုပ်လို့ ရသွားတယ်။

စုမင်မှာ စဉ်းစားဖို့ အချိန်အများကြီး ရှိမနေဘူး။ သူ့ကိုယ်ပေါ်ကို မိုးကြိုး ပစ်ချတော့မယ့် အချိန်၊ သူရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။ ပိထူက မလှုပ်ရှားနိုင်ဘဲ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပြည့်နေတယ်။ စုမင်ဟာ မြူမှုန်ထိုးခွဲကို ထုတ်ယူလို့ ပိထူအနား တိုးကပ်လာပြီးလျှင် ဧရာမလူသား ခန္ဓာကိုယ်ထဲက ညာဘက်လက်ကို ထုတ်ကာ ပစ်ပေါက်လိုက်တယ်။

မြူမှုန်ထိုးခွဲ ပစ်ထုတ် လိုက်ချိန်မှာပဲ မိုးကြိုးသွားဟာ ဧရာမ လူသားကြီးအပေါ်‌ ကျရောက်လို့ လာတယ်။ စုမင် မရှောင်လိုက်နိုင်ဘူး။ အဲဒီအစား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ မိုးကြိုးသွားထံ လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့တယ်။

အဝေးကနေ ကြည့်လျှင်တော့ ဧရာမလူသားဟာ ကောင်းကင်ကို စိမ်းစိမ်းဝါးဝါး ကြည့်လို့ ... ကောင်းကင်ဘုံက မိုးကြိုးတစ်ချက် ပစ်လွှတ်ပြီးလျှင် ... အဲဒီလူသားက ကောင်းကင်ဘုံကို အံတုဖို့ အရှေ့ကို တိုးသွားတဲ့ ဖြစ်စဉ်တစ်ခုပေါ့။

လက်ညှိုးတစ်ချောင်းပဲ နီရဲနေတဲ့ မှိန်ဖျော့ဖျော့ ပုံရိပ်ဟာ အံ့အားသင့်စွာ အာမေဋိတ် ပြုတယ်။ စုမင်ကို ကြည့်နေရင်း ဒီထက်ပိုပြီး ကြာမြင့်စွာ မရှိနိုင်တော့သယောင် ၎င်းရဲ့ ကိုယ်ခန္ဓာလည်း ပျောက်ကွယ် သွားပါတော့တယ်။

၎င်း ပျောက်ဆုံးသွားတာနဲ့ အကြီးအကဲလည်း လှုပ်ရှားလို့ ရသွားတယ်။ စုမင်ပါရှိတဲ့ ဧရာမလူသားနဲ့ မိုးကြိုးသွားတို့ လေထဲမှာ ထိပ်တိုက် တွေ့မှာကို ကြည့်ရင်း သူ့မျက်နှာမှာ စိုးရိမ်မှုတို့ ပြည့်နှက်သွားတယ်။

တစ်ချိန်တည်းမှာပဲ မြူမှုန် ထိုးခွဲဟာ ပိထူထံ အံ့မခန်း အရှိန်ဟုန်နဲ့ နီးကပ်သွားတယ်။

အဲဒါ ဘာလဲဆိုတာ ပိထူမသိဘူး။ အေးစက်စက် ရယ်မောရင်း ညာလက်ကို ဝှေ့ယမ်းလိုက်တယ်။ လေပြင်းတစ်ချက်က အဝေးကို လွင့်သွား စေလိုက်ပေမဲ့ စုမင်က ချီစွမ်းအင်တွေ ထည့်သွင်း ပေးလိုက်တာကြောင့် မြူမှုန်ထိုးခွဲနဲ့ ထိမိလျှင် ထိမိခြင်းမှာပဲ ပေါက်ကွဲသွားကာ အမှုန့်များအဖြစ် ပြောင်းသွားကာ အနီရောင် အငွေ့အဖြစ် ပိထူထံ ပြေးဝင်သွားလေတော့တယ်။

ပိထူကြောင့် အငွေ့အနည်းငယ် လွင့်ပါး သွားပေမဲ့လည်း ပမာဏ အများအပြားက သူ့ကိုယ်ပေါ် ကျရောက်သွားခဲ့ကာ သူ့ရဲ့ သွေးတွေကို ကျွမ်းလောင် စေလိုဟန်နဲ့ ဒဏ်ရာတွေထဲကို အလုအယက် ဝင်ရောက် သွားခဲ့ပါတယ်။

''ကလေးအကွက်တွေ”

ပိထူ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲက ချီကို လှည့်ပတ်ရင်းနဲ့ အေးစက်စက် လှောင်ရယ်သံ ပြုလိုက်တယ်။ အမည်မသိ နည်းလမ်းနဲ့ ကိုယ်တွင်းက လောင်မြိုက်တဲ့ အာရုံ ခံစားချက်ကို ဖျောက်ဖျက် ပစ်လိုက်နိုင်ပေမဲ့ သူ့မျက်နှာကတော့ ပိုလို့ ဖြူရော်လာပါတယ်။

ဆိုးယုတ်ခြင်းနဲ့ ရန်ငြိုး အငွေ့အသက်တို့ ပါဝင်နေတဲ့ မိုးကြိုးသွားဟာ ကမ္ဘာမြေပေါ် သေခြင်းတရားကို ဆောင်ယူလာတဲ့ အလင်းတန်း တစ်ခုလိုပါပဲ။ ၎င်းဟာ စုမင်ထံ တစ်ဟုန်ထိုး တိုးဝင်လာတာကြောင့် စုမင်ရဲ့ လက်သီးနဲ့ တွေ့ဆုံမိကြတယ်။

ကျိုးကြေ အက်ကွဲသံမျိုးလည်း မကြားပါ။ အရာအားလုံး တိတ်ဆိတ်စွာ ဖြစ်ပျက်ခဲ့ပါတယ်။ မိုးကြိုးသွားဟာ ဧရာမလူသားရဲ့ ညာလက်ကို ထိမိလိုက်ချင်း တစ်စစီ ဖျက်ဆီးပစ်လိုက်ပြီး အဲဒီညာလက်ကို အနီရောင် အခိုးငွေ့များအဖြစ် ပြောင်းလဲစေကာ နေရာအနှံ့ ပျံ့နှံ့သွားစေတယ်။ တစ်ချိန်တည်းမှာပဲ ဧရာမလူသား ကိုယ်ခန္ဓာလည်း ပြင်းပြင်းထန်ထန် တုန်ရီလာတယ်။ လက်ကနေ ပခုံးတွေအထိ ရောက်ရှိလို့ တစ်လက်မချင်း ကြွေကျ ပျက်စီးကုန်တယ်။ မျက်စိတဖျတ်အတွင်း ဧရာမ လူသားကြီးရဲ့ ကိုယ်ခန္ဓာ ရှစ်ဆယ် ရာခိုင်နှုန်းလောက် အငွေ့ဖြစ်သွားပြီ။

မိုးကြိုးသွားဟာ ဧရာမလူသားရဲ့ ကိုယ်ခန္ဓာထဲထိ ထိုးဖောက်ဝင်ရောက် သွားပါတယ်။

“စုမင်”

အကြီးအကဲ မျက်လုံးတွေ ပြာဝေသွားတယ်။ သူ ပြေးထွက်သွားမလို အလုပ်မှာ ဘယ်အပိုင်းက ကျန်ရှိနေသေးတာလဲ မသိတဲ့ ဧရာမလူသားကြီးရဲ့ အပိုင်းအစ အချို့က အငွေ့ပျံသွားတဲ့ အနီရောင် မြူမှုန်များကို ပြန်လည် စုစည်းသွားစေတယ်။ ပြန်လည် စုဖွဲ့လာတဲ့ အနီရောင် မြူမှုန်များကြားက တစ်နေရာမှာ ပုန်းအောင်းနေတဲ့ စုမင်ကို တွေ့လိုက်ရတယ်။ လက်သီးနဲ့ ထိုးလိုက်တဲ့ တစ်ခဏမှာ နေရာ ပြောင်းလိုက်တာ ဖြစ်တယ်။

ဒါတောင် ဒါဟာ သူ့ရဲ့ နိဂုံးချုပ် ဖြစ်သလို သူ့တစ်ကိုယ်လုံး ‌သွေးချင်းချင်း ရဲနေပါတယ်။

ဧရာမလူသားရဲ့ အစိတ်အပိုင်း အတော်များများကို ဖျက်ဆီးပစ်ခဲ့တဲ့ မိုးကြိုးသွားဟာ လေထဲမှာ ရပ်တန့်သွားတယ်။ အခုအချိန်မှာ အားအင် အနည်းငယ်မျှ လျော့ပါးသွားပါပြီ။ ၎င်းဟာ ဦးတည်ရာ အရပ်ကို နွမ်းနွမ်းလျလျ ပြောင်းလဲလိုက်ပေမဲ့ အကြီးအကဲထံ ဦးတည်တာ မဟုတ်ဘဲ ပြန်လည် စုဖွဲ့လာတဲ့ အနီရောင် မြူ‌ငွေ့များကြား တစ်စုံတစ်ရာ ပြောင်းလဲသွားတာကို ခံစားသိရှိ မိပုံနဲ့ ဧရာမ လူသားကြီးရဲ့ ကိုယ်ခန္ဓာထဲ တစ်ဖန်ပြန်လည် ထိုးဖောက်ဝင်ရောက်လိုပုံ ပေါ်တယ်။

ပိထူဟာ အဝေးမှာ ရပ်နေရင်း မျက်လုံး၊ နားနဲ့ နှာခေါင်း၊ ပါးစပ်တွေထဲကနေ သွေးတွေ စီးကျနေတယ်။ အသက်ရှူနှုန်းလည်း မြန်ဆန်နေတယ်။ မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်ကို ဆင့်ခေါ်တာက သူ့ရဲ့ ဘဝသက်တမ်းအချို့ ပေးဆပ်ဖို့ လိုအပ်သလို အနက်ရောင် မိုးကြိုးသွား အသုံးပြုနိုင်ဖို့ သူလိုအပ်တဲ့ စွမ်းအင်ကို တောင်ခြေက အသက်တွေ အများကြီးကို စတေးပြီး ရယူ ခဲ့ရတယ်။ သူ့ခန္ဓာကိုယ်တွင်းက မီးလျှံဓာတ်ကို ပယ်ဖျောက်ဖို့ ကြိုးစားရာမှာလည်း အစွမ်းတချို့ ဖြုန်းတီး ခဲ့မိသေးတယ်။

မိုးကြိုးသွားကို အသုံးပြုခြင်းက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်၊ ဘာကြောင့်လဲဆိုတော့ လက်ညှိုးတစ်ချောင်းနဲ့ ထုတ်ဖော်ခဲ့တဲ့ မိုးကြိုးသွားရဲ့ စွမ်းအားဟာ သူ့စွမ်းအားတွေရဲ့ အထွတ်အထိတ် ဖြစ်နေလို့ပါပဲ။

"ဘာလို့ ခုထိ မသေနိုင် သေးတာလဲ။ သေစမ်း”

ပိထူရဲ့ မျက်နှာပေါ်မှာ သွေးကြောတွေ ထောင်ထလာတယ်။ သူ့ရဲ့ ညှိုးရော် ခြောက်သွေ့နေတဲ့ ကိုယ်ခန္ဓာပေါ်မှာ သွေးကြောတွေ ထောင်ထနေတာက တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းဖြစ်တယ်။

အနက်ရောင်မိုးကြိုးက ဦးတည်ရာအရပ် ပြောင်းလို့ စုမင်ထံ အလျက်အမြန် ပြေးဝင်သွား လုလုမှာ မော့စန်း ခေါင်းလှည့်လာတယ်။

အခုချိန်ထိ သူနဲ့အတူ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်လာခဲ့တဲ့၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ စပါးအုံးနက်ကြီးကို ကြည့်လိုက်တယ်။ ဒီစပါးအုံးနက် ကြီးက သူ့ရဲ့ မာန်စွမ်းအင် အမှတ်အသားက ဖြစ်တည် လာခဲ့တာပါ။ သူ့ဘဝ တစ်လျှောက်လုံး သူနဲ့အတူ ရှိပေးခဲ့တယ်။ စပါးအုံးနက်ကြီးကို ကြည့်လိုက်တဲ့ အချိန်မှာ အသိဉာဏ်ရှိ ဟန်ပေါ်တဲ့ စပါးအုံးနက် ကြီးကလည်း သူ့ရဲ့ အကြီးအကဲကို ပြန်ကြည့် နေလေတယ်။

အကြီးအကဲက တွေဝေမနေတော့ပါ။ သူ့မျက်လုံးတွေကို မှိတ်လိုက်တယ်၊ ခန္ဓာကိုယ် အပေါ်ပိုင်းက အဝတ်အစားတို့ ပွင့်ထွက်သွားရာက ၎င်းရဲ့ အိုမင်းတဲ့ ကိုယ်ခန္ဓာ ပေါ်ထွက်လာတယ်။ သူ့ရဲ့ ကိုယ်ပေါ်မှာ မြောက်မြားလှစွာသော သွေးကြောတွေကနေ ဖြစ်တည်နေတဲ့ စပါးအုံးနက် အမှတ်အသား ရှိနေခဲ့ပေမဲ့ အခုတော့ ပျောက်ကွယ် သွားခဲ့ပြီ။ တစ်စက္ကန့်အတွင်း တိုက်ဆေး ချလိုက်သလို အကြီးအကဲရဲ့ ကိုယ်ပေါ်က ပျောက်ကွယ်သွားပါတော့တယ်။

စပါးအုံးနက်ကြီး ပျောက်ကွယ်သွားချိန်မှာ အကြီးအကဲရဲ့ ရင်ဘတ်ကနေ တစ်ကိုယ်လုံးထိ ဖုံးလွှမ်းနေတဲ့ သွေးနီရောင်၊ သွားစွယ်ပုံသဏ္ဌာန် အမှတ်အသား ပေါ်ထွက်လာတယ်။ သွားစွယ်ရဲ့ ထိပ်ဖျားဟာ အကြီးအကဲရဲ့ မျက်ခုံးကြား အလယ်ဗဟိုမှာ ရှိတယ်။ အဲဒီအရာဟာ တကယ့်သွားစွယ် အစစ်လိုပဲ သဘာဝကျလှတယ်။

သွားစွယ် အမှတ်အသား ပေါ်ထွက်လာချိန်မှာ တောင်ခြေက အသက်တွေကို စတေးလို့ အနက်ရောင် မိုးကြိုးသွားကို ထိန်းချုပ်နေတဲ့ ပိထူရဲ့ မျက်နှာ အမူအရာ ပြောင်းလဲသွားလေတယ်။ အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတွေ အားလုံး သူ့မျက်နှာပေါ်မှာ မြင်နိုင်တယ်။

ဒီညမှာ သူကြုံတွေ့ခဲ့ရတဲ့ အရာတွေ များပြား လွန်းပါပြီ။ သွေးလွှမ်းလ ပေါ်ထွက်လာမှု၊ လ‌ရဲ့အတောင်ပံတွေ ရောက်ရှိလာတာ၊ စစ်မှန်တဲ့ မီးလျှံမာန်ပညာရပ် စသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီအရာတွေ အားလုံးဟာ မော့စန်းရဲ့ မာန်စွမ်းအင် အမှတ်အသား သွားစွယ်ပုံ ပြောင်းသွားတဲ့ မြင်ကွင်းနဲ့ ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ဘူး။

"မဖြစ်နိုင်တာ မင်းမှာ မာန်စွမ်းအင် အမှတ်အသား နှစ်ခု ရှိတာလား။ လုံးဝ မဖြစ်နိုင်ဘူး။ မာန်မျိုးနွယ်တွေ အားလုံး ဘဝမှာ မာန်စွမ်းအင်မှတ် တစ်ခုပဲ ရှိကြရတယ်လေ။ မင်း ... မင်းမှာ ဘယ်လိုလုပ်ပြီး နှစ်ခု ရှိနေတာလဲ”

ပိထူ ထိတ်လန့် နေခဲ့တယ်။ ဒီမြင်ကွင်းကို မြင်တဲ့အခါ မိုးကြိုးသွားကို ထိန်းချုပ်ဖို့တောင် မေ့လျော့သွားတယ်။

သူ မြင်နေရတာကို သူ မယုံနိုင်ဘူး။ ဒါပေမဲ့ မော့စန်းမှာ မာန်စွမ်းအင် အမှတ်အသား နှစ်ခုရှိတဲ့ သတင်းသာ ပျံ့သွားလို့ကတော့ တစ်ကမ္ဘာလုံး မုန်တိုင်း မွှေခံရသလို ဖြစ်သွားမယ်။ မာန်စွမ်းအင် အမှတ်နှစ်ခု ပိုင်ဆိုင်တဲ့ သူရယ်လို့လည်း မကြားဖူးပါဘူး။ ဒီလို တစ်ယောက်မှ မရှိဘူး။ ဒဏ္ဌာရီလာ မာန်နတ်ဘုရားတောင်မှ မာန်စွမ်းအင် အမှတ်တစ်ခုပဲ ရှိတယ်။

မော့စန်း မျက်လုံးတွေ ဖွင့်လိုက်တယ်၊ သူ့မျက်နှာက သိပ်ကို တည်ငြိမ်နေတယ်။ ဒုတိယမြောက် မာန်စွမ်းအင် အမှတ်အသား ပေါ်ထွက်လာတာနဲ့ ညာလက်ကို မြှောက်လို့ ရင်ဘတ်က ဆွဲယူကာ အပြင်ကို ဆွဲထုတ်လိုက်တယ်။ ချက်ချင်းပဲ လူတစ်ရပ်လောက်ရှိတဲ့ ဧရာမ သွားစွယ်တစ်ခု သူ့လက်ထဲမှာ ပေါ်လာတယ်။

သွားစွယ်ဟာ ကြောက်မက်ဖွယ်ရာ ကောင်းပြီး အဖြူရောင် အလင်းစစ ထုတ်လွှတ်လျက် ရှိတယ်။ အကြီးအကဲက လက်ထဲမှာ ဆုပ်ကိုင်ပြီးတာနဲ့ အရှေ့ကို ခုန်လွှားသွားကာ မပျောက်ကွယ် သွားသေးတဲ့ စပါးအုံးနက်ကြီးရဲ့ ဦးခေါင်းထက်မှာ ရပ်လိုက်တယ်။

"ဒါ ငါ့ရဲ့ နောက်ဆုံး အားထားရာပဲ။ အစကတည်းက ဘာကိစ္စတွေ ဖြစ်ဖြစ် သုံးဖို့ စီစဉ်ပြီးသားပါ”

သည်လို တွေးလိုက်ရင်း အကြီးအကဲရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းမှုတွေ ထင်ဟပ်လာတယ်။ သွားစွယ်ကို မြဲမြဲကိုင်ကာ သူ့ခြေဖဝါးအောက်က စပါးအုံးရဲ့ ဦးခေါင်းထဲကို စိုက်ချလိုက်တယ်။ နာကျင်မှုက မျက်နှာပေါ်ဖြတ်ပြေး သွားပေမဲ့ စပါးအုံးက လုံးဝ မလှုပ်ဘဲ သူ့‌ဦးခေါင်းထဲကို သွားစွယ် စုံ့စမြုပ်စ ဝင်ရောက်သွားတဲ့ အထိ ထိုးသွင်းခွင့် ပေးထားခဲ့တယ်။

ဦးခေါင်းထဲကို သွားစွယ် လုံးလုံးလျားလျား ဝင်ရောက်သွားခိုက်မှာ ကောင်းကင်တစ်ခွင် မိုးထစ်ခြုန်းသံများ ဆူညံလာကာ စပါးအုံးနက်ရဲ့ မျက်လုံးထဲက အလင်းရောင်လေး မှိန်ဖျော့သွားတယ်။ ၎င်းဟာ သေဆုံး သွားခဲ့ပါပြီ။ သို့ပေမဲ့ သေဆုံးသွားတဲ့ အခိုက်အတန့်လေးမှာ သူ့ရဲ့ ခန္ဓာကိုယ် ခြောက်သွေ့ညှိုးရော်သွားချိန် သွားစွယ် ထည့်သွင်းခံရတဲ့ နေရာက အနက်ရောင် မြူခိုးမြူငွေ့တို့ ထွက်ရှိ လာလေတယ်။

စပါးအုံးနက်ကြီး ပျောက်ကွယ်သွားတာနဲ့ အနက်ရောင် မြူမှုန်‌များ ထွက်ပေါ်လာခဲ့တယ်။ ဝင်သက် တစ်ရှိုက်အတွင်း စပါးအုံးနက်ဟာ သွားစွယ်နဲ့အတူ ကမ္ဘာမြေပေါ်က ထာဝရ ပျောက်ကွယ် သွားပါတော့တယ်။ အကြီးအကဲ ရှေ့မှာတော့ ထူထပ် သိပ်သည်းလှတဲ့ အနက်ရောင် မြူမှုန်တို့ ရှိနေတယ်။ အဲဒီမြူမှုန်တို့ ဘေးဘီဝဲယာ ပျံ့နှံ့သွားရာက ကြောက်မက်ဖွယ် အသွင်ရှိတဲ့ ဦးချို တစ်ချောင်းပါ သားရဲကြီး တစ်ကောင် ပေါ်ထွက်လာခဲ့တယ်။

သားရဲကြီးရဲ့ ဦးခေါင်းဟာ ဝိညာဉ်နတ်ဆိုး တစ်ကောင်ရဲ့ ဦးခေါင်းနဲ့ တူတယ်။ ၎င်းရဲ့ နှာဝထက်မှာ အနက်ရောင် ကျောက်သားဦးချို တစ်ခု ပါရှိတယ်။ ၎င်းဟာ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားနဲ့ ဆင်တူတဲ့ အံ့မခန်း ပြင်းထန်တဲ့ အင်အားနဲ့ ပေါ်ထွက်လာခဲ့ပြီး ထိတ်လန့် ချောက်ချားနေတဲ့ မျက်နှာထား ပြောင်းလဲသွားတဲ့ ပိထူထံ တစ်ဟုန်ထိုး ပြေးဝင် သွားတော့တယ်။

***

All Chapters