အခန်း (၇၉၉-၈၀၁)
Vol. 54 Ch. 799-801
အပိုင်း ( ၇၉၉ ) ဆင်ခြေဖုံး ကြွက်
သူတို့နှစ်ယောက် သစ်ပင်အောက်မှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြတယ်..။ နောက်ဆုံးမှာတော့ နစ်ဖီ က သူ့ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါတယ်..။
“နင် ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ..”
ဆန်နီ က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်..။
“ငါ လုပ်နိုင်ခဲ့တယ် ထင်တာပဲ၊ ဟုတ်တယ်မလား..။ ငါ့အမေသာ အသက်ရှင်နေမယ်ဆိုရင် အရမ်းပျော်နေမှာ..။ ငါက အခု ကျန်းမာတယ်၊ ဝဝလင်လင် စားရတယ်၊ မြို့ရဲ့ ကောင်းတဲ့နေရာမှာလည်း အိမ်တစ်လုံး ရှိတယ်လေ..။ ငါ့ရဲ့... တပည့် တစ်ယောက်တောင် ရှာတွေ့ထားသေးတယ်..။ ဒီအရာတွေက နင့်အတွက်တော့ သိပ်မထူးခြားပေမဲ့ သူမအတွက်တော့ အိပ်မက်တစ်ခုလို ဖြစ်နေမှာပဲ..”
သူက သစ်ပင်ဘက်ကို လှည့်လိုက်ပြီး ခနလောက် ရပ်တန့်ပြီးမှ ဆက်ပြောလိုက်တယ်..။
“ငါ့အဖေ ဆုံးတုန်းက ငါက အရမ်းငယ်သေးတာကြောင့် သူ့ကို သိပ်မမှတ်မိဘူး..။ ဒါပေမဲ့ ငါ့အမေကိုတော့ ငါ အကုန်လုံး မှတ်မိတယ်..။ သူမက... နေရောင်ခြည် တစ်ခုလိုပဲ..။ အထူးဆန်းဆုံးကတော့ ငါ ကလေးဘဝတုန်းက သူမဟာ ငါ့အတွက် တစ်ကမ္ဘာလုံး ဖြစ်ခဲ့တာ..။ သူမက အရာအားလုံး သိတယ်၊ အရာအားလုံး လုပ်နိုင်တယ်လို့ ငါ ထင်ခဲ့တယ်..။ ဒါပေမဲ့ အခု ပြန်တွေးကြည့်တော့ သူမက ငါတို့အရွယ်လောက်ပဲ ရှိသေးတယ်လေ..။ သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လိုပါပဲ..”
နစ်ဖီ သူ့ကို ကြည့်ပြီး ပြောလိုက်တယ်..။
“ဒါပေမဲ့ ငါတို့က ကလေးတွေ မဟုတ်တော့ဘူးလေ..”
ဆန်နီ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီးမှ ပုခုံးတွန့်ပြလိုက်တယ်..။
“အင်း.. အဲ့ဒါတော့ မှန်ပါတယ်..။ ငါတို့က လူကြီးတွေ ဖြစ်နေပြီ..ဒါက ထူးဆန်းတဲ့ အတွေးတစ်ခုပဲ..။ ငါကတော့ အရင်တုန်းကနဲ့ စာရင် သိပ်ထူးခြားသွားတယ်လို့ မခံစားရဘူး..။ အနည်းဆုံးတော့ ငါ ဘာလုပ်နေသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အပိုင်းမှာပေါ့..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သက်ပြင်းချလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပါတယ်..။
“အဲဒါက နင် လူကြီးဖြစ်နေတာ ကြာပြီမို့လို့လေ..။ ငါတို့လို လူတွေက စောစောစီးစီး လူလားမြောက်ခဲ့ကြရတာပဲ..”
ဆန်နီ ခဏလောက် စဉ်းစားလိုက်ပြီး..
“ငါတော့ မသိဘူး..။ နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်ကြာလို့ အခုအချိန်ကို ပြန်ကြည့်ရင် ငါ က အရူးတစ်ယောက် ဖြစ်ခဲ့တာပဲ ဆိုပြီး စိတ်ပျက်မိလိမ့်မယ်လို့ သံသယရှိတယ်..”
နစ်ဖီ က နှုတ်ခမ်းထောင့်စွန်းလေး ကွေးပြီး ပြုံးလိုက်တယ်..။
“...ဒါက လူကြီးဖြစ်တာနဲ့ မဆိုင်ပါဘူး..”
သူ သူမကို တစ်ချက်ကြည့်ပြီး ပြန်ပြောလိုက်တယ်။
“ငါ့က အရူးတစ်ယောက် မဟုတ်ပါဘူးလို့ နင်ကပြောပေးရမှာ မဟုတ်ဘူးလား..”
သူမက ခံစားချက် မရှိတဲ့ မျက်နှာအမူအရာနဲ့ စိုက်ကြည့်နေပြီးမှ ပုံမှန်လေသံနဲ့ပဲ ပြောလိုက်ပါတယ်..။
“ငါ သိပါတယ်..”
ဆန်နီ မတတ်နိုင်စွာပဲ ရယ်မောလိုက်တယ်။
“ဘာပဲဖြစ်ဖြစ်..။ ငါ ဘာလို့ ဒီကို လာချင်ခဲ့တာလဲဆိုတာ တကယ်ကို နားမလည်တော့ဘူး..။ တစ်ခုခု ခံစားရလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ ဖြစ်မယ်... ငါ ခံစားရပါတယ်..။ ဒါပေမဲ့ ငါ ထင်ထားတဲ့ ခံစားချက်မျိုးတော့ မဟုတ်ဘူးပေါ့..”
နစ်ဖီ ခဏလောက် တိတ်ဆိတ်နေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူမက တွေဝေတဲ့ လေသံလေးနဲ့ မေးလာခဲ့တယ်..။
“နင့်အမေကို တစ်ခုခု ပြောချင်တာ ရှိသေးလား..”
ဆန်နီ ခဏလောက် တန့်သွားပြီးမှ ခေါင်းခါလိုက်တယ်..။
“ဘာထူးမှာလဲ..။ သူမက သေသွားပြီလေ၊ သေတဲ့သူတွေက ကြားမှ မကြားနိုင်တော့တာ..။ သူတို့က ရိုးရိုးလေးပဲ ပျောက်ကွယ်သွားကြတာ..။ တည်ရှိနေတာဆိုလို့ အတိတ်က အမှတ်တရတွေပဲ ရှိတယ်..။ ငါကတော့ အနာဂတ်ကိုပဲ အာရုံစိုက်ထားချင်တယ်..”
သူ့အမေ ဖြစ်စေချင်တဲ့ အရာတော်တော်များများကို သူ အောင်မြင်ခဲ့တယ် ဆိုပေမဲ့၊ အဲ့ဒါတွေက တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတာပါ..။ သူ့အိမ်၊ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အိမ်မှာ ရှိတဲ့ အစားအသောက် အပြည့်ရှိတဲ့ ရေခဲသေတ္တာတွေက သူ့ဘဝရဲ့ တစ်ဖက်ခြမ်း ပဲ ရှိပါသေးတယ်..။ အခြားတစ်ဖက်မှာတော့ အုပ်စိုးသူတွေ ၊ အိုဘယ် တိုင်းတာမူ စတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေနဲ့ ပြည့်နေခဲ့တာပါ..။
ပြီးတော့ နစ်ဖီ..။
သူမနဲ့ ချည်နှောင်ထားတဲ့ အနှောင်အဖွဲ့ကလည်း ကြောက်စရာကောင်းတဲ့ အရာတစ်ခုပါပဲ..။
သူ့ရဲ့ အနာဂတ်က လုံးဝ သာယာနေတာမျိုး မဟုတ်ပေ။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဆန်နီ့ ဘဝမှာ အေးချမ်းပြီး အပျော်ရွှင်ရဆုံး အချိန်တွေ ဖြစ်ခဲ့ပါတယ်..။ သူက နစ်ဖီ နဲ့အတူ ရှိနေခဲ့ပြီး လေ့ကျင့်တာနဲ့ အချိန်ဖြုန်းတာကလွဲလို့ ဘာမှ မလုပ်ခဲ့ပါဘူး..။ သူက သူ့ခေါင်းကို သဲထဲမှာ ဝှက်ထားသလိုမျိုးပဲ ရှေ့မှာ စောင့်ကြိုနေတဲ့ ပြဿနာအားလုံးကို မစဉ်းစားဘဲ ငြင်းဆန်နေခဲ့တာပါ..။
အဲ့ဒီ ပျော်စရာ အချိန်တွေက ပြီးဆုံးတော့မှာပါ..။
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ နစ်ဖီ က မီးစောင့်ရှောက်သူတွေ ဆီကို နောက်ဆုံးမှာ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်..။ အဲဒီနောက် တစ်ပတ်လောက်အကြာမှာတော့ သူတို့က ဗာလာ ကလန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး သူတို့ရဲ့ ကပွဲကို တက်ရောက်ကြရမှာပါ..။ ယင်းနောက်မှာတော့ အရာအားလုံး ပြောင်းလဲသွားပါလိမ့်မယ်..။
သူတို့ရဲ့ အနာဂတ်တွေက အဲဒီနေ့မှာ ဆုံးဖြတ်ခံရမှာပါ..။
ဆန်နီ ဟာ သူ့ကိုယ်သူ လမ်းဆုံတစ်ခုမှာ ရပ်နေသလို ခံစားနေရပြီး အဲဒီလမ်းတွေက ဘယ်ကို ဦးတည်နေမှန်း သူ မသိပါဘူး..။ ပိုဆိုးတာက ဘယ်လမ်းကို ရွေးရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို သူ တစ်ယောက်တည်းကပဲ ချနေတာ မဟုတ်တာပါပဲ..။
ဒါတွေအားလုံးက တကယ်ကို ပင်ပန်းစရာ ကောင်းပါတယ်..။
သူ သက်ပြင်းချလိုက်ပြီး သစ်ပင်ဆီကို လျှောက်သွားကာ ခနလောက် ထိတွေ့လိုက်တယ်..။
‘ဟေး အမေ... သားပါ..။ သား... နေကောင်းပါတယ်..။ ရိန်း လည်း နေကောင်းတယ်..။ သူမက အမေနဲ့ အရမ်းတူတာပဲ..။ အမေသာ မြင်ရင် သူ့အတွက် တကယ်ကို ဂုဏ်ယူနေမိမှာ..’
အဲ့အချိန်မှာတော့ ဆန်နီဟာ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး တုံးအတယ်လို့ ခံစားနေခဲ့ရတယ်။တစ်ဖက်မှာလည်း ထူးဆန်းစွာနဲ့ စိတ်သက်သာရာ ရသွားခဲ့တယ်..။ သူ စက္ကန့်အနည်းငယ်လောက် တွေဝေနေပြီးမှ ဆက်တွေးလိုက်မိတယ်..။
‘ဘာပဲဖြစ်ဖြစ်... အခုကစပြီး သား ဒီကို အတော်ကြာအောင် လာနိုင်တော့မယ် မထင်ဘူး..။ အမေက တကယ်ပဲ ဒီမှာ ရှိနေတာ မဟုတ်ပေမဲ့ပေါ့..။အိုး... ဟိုက အမျိုးသမီးငယ် လေးကတော့ နစ်ဖီ တဲ့..။ သူမက သားရဲ့... ကောင်းပြီလေ... ဒါက ပြောရခက်တယ်..။ ဘာပဲဖြစ်ဖြစ် အမေလည်း သူမကို သဘောကျမှာပါ..။ သားမှာ တခြား သူငယ်ချင်းတွေလည်း ရှိပါသေးတယ်..။ ဒါကြောင့် သားကို စိတ်ချလို့ရတယ်..။ သားအတွက် စိတ်မပူပါနဲ့တော့..’
ဒီလိုပြောပြီးတာနဲ့ သူ နောက်ကို ဆုတ်လိုက်ပြီး အထီးကျန်နေတဲ့ သစ်ပင်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ကာ လှည့်ထွက်လာခဲ့ပါတယ်..။
“သွားကြရအောင်..”
သူတို့ လျှောက်ထွက်လာကြစဉ် နစ်ဖီ က သူ့ကို ကြည့်ပြီး စိုးရိမ်တကြီး မေးလာခဲ့တယ်..။
“နင် အဆင်ပြေရဲ့လား..”
ဆန်နီ ဖျော့တော့စွာ ပြုံးပြီး ပုခုံးတွန့်ပြလိုက်တယ်..။
“ဒါပေါ့..။ ငါ ဘာလို့ အဆင်မပြေဖြစ်ရမှာလဲ..”
သူမ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ အဲ့ဒီအချိန်မှာပဲ ထောင့်တစ်နေရာကနေ လူအချို့ ရုတ်တရက် ပေါ်လာပြီး သူတို့ကို ဝိုင်းလိုက်ကြတယ်..။ သူတို့အားလုံးက ညစ်ပတ်ပေရေနေပြီး ဖရိုဖရဲ ဖြစ်နေကာ သာမန် ဆင်ခြေဖုံး လူမိုက်တွေနဲ့ တူပါတယ်..။ ခေါင်းဆောင်ဖြစ်သူက မျက်နှာမှာ အမာရွတ်နဲ့ ကြွက်သားတွေ သန်မာတဲ့ လူတစ်ယောက်ဖြစ်ပြီး သူတို့ဆီကို သေနတ်တစ်လက်နဲ့ ချိန်ကာ ပြုံးလိုက်တယ်..။
“အရမ်း အလျင်မလိုပါနဲ့ဦး အချစ်ကလေးတို့..။ မင်းတို့လို ချမ်းသာတဲ့ ကလေးတွေက ကိုယ်နဲ့ မဆိုင်တဲ့ နေရာကို မလာခင်မှာ နှစ်ခါလောက် ပြန်စဉ်းစားသင့်တယ်...”
ဆန်နီ တိတ်ဆိတ်စွာပဲ သူ့မျက်နှာကို လက်နဲ့ ပွတ်လိုက်မိတယ်..။
“...ဒီတော့ တစ်ခုခု ဆိုးဝါးတာ မဖြစ်ခင်... မင်းတို့ရဲ့ ဆက်သွယ်ရေးကိရိယာတွေနဲ့ တခြား တန်ဖိုးရှိတာတွေကို ငါတို့ဆီ ...”
‘ချီးပဲ..ဒါက... တကယ်ကို ရှက်ဖို့ကောင်းတာပဲ..'
လူမိုက် စကားပြောလို့ မဆုံးခင်မှာပဲ ဆန်နီ က သူ့အနားကို ရောက်သွားပြီး သေနတ်ပြောင်းကို ဆွဲယူကာ အသာအယာ ညှစ်လိုက်ပါတယ်..။ သေနတ်ပြောင်းက ပုံပျက်နေတဲ့ သံပြားတစ်ခုလို ဖြစ်သွားခဲ့တယ်..။လူမိုက်က သူ့လက်နက်ကို ထိတ်လန့်စွာ ကြည့်နေပြီးမှ ရုတ်တရက် လက်လွှတ်ပြီး နောက်ကို ခုန်ဆုတ်သွားခဲ့တယ်..။
“နိုး..နိုးထသူတွေပဲ..။ပြေးကြ.."
လူမိုက်တွေအားလုံး စက္ကန့်ပိုင်းလောက် ကြောင်အသွားပြီးမှ မျက်နှာတွေ ဖြူလျော်သွားကာ သူတို့ရောက်လာတုန်းကလိုပဲ အလျင်အမြန် ထွက်ပြေး ပျောက်ကွယ်သွားခဲ့ကြပါတယ်..။
ဆန်နီ ကတော့ ပျက်စီးနေတဲ့ သေနတ်တစ်လက်နဲ့ ကျန်နေခဲ့တယ်..။
သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး သေနတ်ကို မီတာ အနည်းငယ် ဝေးတဲ့ သံချေးတက်နေတဲ့ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်ပါတယ်..။ သေနတ်က အမှိုက်ပုံးအစွန်းကို ထိမှန်ပြီး အထဲကို အသံမြည်ကာ ဝင်သွားခဲ့တယ်..။
‘မယုံနိုင်စရာပဲ...’
စိတ်အပျက်ရဆုံး အချက်ကတော့ အဲဒီလူမိုက် ခေါင်းဆောင်ကို သူ သိနေတာပါပဲ..။ဆန်နီ ဆင်ခြေဖုံးရပ်ကွက်မှာ ကြီးပြင်းလာခဲ့တုန်းက ဒီလူမိုက်ဂိုဏ်းနဲ့ တစ်ကြိမ်မက ဆုံခဲ့ဖူးပါတယ်..။ တစ်ခါတလေမှာ သူတို့ရဲ့ နှိပ်စက်တာကို ခံရဖူးသလို၊ တစ်ခါတလေတော့လည်း အစားအသောက် ရလိုရငြား သူတို့ခိုင်းတာလေးတွေကို လုပ်ပေးခဲ့ဖူးပါတယ်..။
ဒါတောင်မှ သူတို့ထဲက ဘယ်သူကမှ သူ့ကို မမှတ်မိကြပါဘူး..။ အဲဒီအစား ဆန်နီ ကို မြို့ထဲက ချမ်းသာတဲ့ ကလေးတစ်ယောက်လို့ အထင်မှားနေခဲ့ကြတာပါ..။
သူ နစ်ဖီ ကို ကြည့်ပြီး ချောင်းတစ်ချက် ဟန့်လိုက်တယ်..။
“အာ... ဒီအတွက် တောင်းပန်ပါတယ်..”
သူမ ခေါင်းခါလိုက်ပြီး..
“တောင်းပန်စရာ မလိုပါဘူး..”
ဆန်နီ ခနလောက် တွေဝေနေပြီးမှ ပုခုံးတွန့်လိုက်ကာ ပန်းခြံကနေ ဆက်ပြီး ထွက်လာခဲ့လိုက်တယ်..။
‘ငါက တကယ်ပဲ ဆင်ခြေဖုံးက ကြွက် တစ်ကောင် မဟုတ်တော့ဘူး ထင်တယ်...’
အပိုင်း ( ၇၉၉ ) ပြီး၏။
အပိုင်း ( ၈၀၀ ) ဂီတသံစဥ် နဲ့ တွေ့ဆုံခြင်း
ရက်အနည်းငယ်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ကုန်ဆုံးသွားခဲ့ပါတယ်..။ သို့ပေမဲ့ နောက်ဆုံးမှာတော့ အချိန်တွေက ကုန်ဆုံးသွားခဲ့ပါပြီ..။ နစ်ဖီ က သူမရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး အင်မော်တယ် မီးလျှံ စံအိမ်ဆီကို ထွက်ခွာသွားခဲ့တာကြောင့် ဆန်နီ တစ်ယောက်တည်းသာ ကျန်ရစ်နေပါတော့တယ်။
ဒါက ချိုမြိန်သလို ခါးသက်တဲ့ ခံစားချက်မျိုးပါပဲ..။
ချိုမြိန်တယ်ဆိုတာက သူ့အိမ်မှာ သူ တစ်ယောက်တည်း ပြန်ပြီး လွတ်လွတ်လပ်လပ် နေခွင့်ရလို့ပါ..။ ခါးသီးတယ်ဆိုတာကတော့... ကောင်းပြီလေ... အိမ်ကြီးက ဒီလောက်အထိ ငြိမ်သက် နေတာကို ဆန်နီ ကိုယ်တိုင်တောင် သဘောကျရဲ့လား ဆိုတာ သေချာ မသိတော့ပါဘူး။
ဘာပဲဖြစ်ဖြစ်... သူက သူမနောက်ကို လိုက်ပြီး တခြားအဖွဲ့ဝင်တွေနဲ့ သွားမပူးပေါင်းသေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ မကြာခင်ကျင်းပတော့မယ့် ကပွဲက အရာတော်တော်များများကို ပြောင်းလဲပစ်တော့မယ်လို့ ခံစားနေရတာကြောင့် ဆန်နီဟာ ကြိုတင်ပြင်ဆင်မှုအချို့ လုပ်ထားဖို့ လိုအပ်နေခဲ့တယ်..။ အဆိုးဆုံးအခြေအနေနဲ့ ကြုံတွေ့ခဲ့ရင် သူက အချိန်အတော်ကြာအောင် ပြန်မလာနိုင်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
လက်ရှိအခြေအနေအရ သူ လုပ်ထားရမယ့် အရာအချို့ ရှိနေခဲ့တယ်..။
အကယ်ဒမီမှာ သူသင်ကြားနေတဲ့ သင်တန်းက အခုမှ စရုံပဲ ရှိသေးပေမဲ့၊ အခုနှုန်းအတိုင်းဆိုရင်အချိန်မတိုင်ခင် ပြီးဆုံးသွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတယ်..။ ဆန်နီ က ဒီအချိန်တိုလေးအတွင်းမှာ သူပေးနိုင်သမျှ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အသိပညာတွေကို တပည့်တွေဆီ လက်ဆင့်ကမ်းပေးဖို့ အချိန်အချို့ အသုံးပြုခဲ့တယ်..။ ဒါပေမဲ့ သူ့ရဲ့ ပညာရေးပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကို တားဆီးဖို့ကတော့ သူ့အနေနဲ့ ဒီထက်ပိုပြီး ဘာမှ မလုပ်ပေးနိုင်တော့ပါဘူး..။
ကံကောင်းတာက မာစတာ တွေအားလုံးဟာ အလုပ်များတဲ့ ဘဝမှာ နေနေကြရတဲ့သူတွေ ချည်းပါပဲ..။ စီမံခန့်ခွဲရေးအဖွဲ့ကလည်း သူတို့ရဲ့ နာမည်ကြီး ကထိက တွေဟာ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ လနဲ့ချီ ပျောက်ကွယ်သွားတတ်တာကို ကျင့်သားရနေပြီဖြစ်တာကြောင့် သူ့ကိစ္စကလည်း ထူးထူးခြားခြား ဖြစ်နေမှာ မဟုတ်ပေ..။
သူ့ရဲ့ ဒုတိယ စိုးရိမ်ပူပန်မှုကတော့ အံ့ဩဖွယ်ရာ ကုန်စည်ပြပွဲ ပါ..။ ဆန်နီ က အိပ်မက်ကမ္ဘာ ဆီကို မသွားနိုင်တာ ခြောက်လလောက် ရှိပြီဖြစ်ပြီး အိပ်မက်ဆိုး သတ္တဝါတွေ ကိုလည်း အမဲမလိုက်နိုင်တာကြောင့် မှတ်သားမူ အရောင်းဆိုင်က အခက်အခဲနဲ့ ရင်ဆိုင်နေရပါပြီ..။ သူတို့ရဲ့ ပစ္စည်းစာရင်းကလည်း ပြတ်လပ်လုနီးပါး ဖြစ်နေခဲ့တယ်..။
ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ဆန်နီ ဟာ သူကိုယ်တိုင် ရက်လုပ်ထားတဲ့ သာမန်ပစ္စည်းတွေရောင်းချတဲ့ဘက်ကို တဖြည်းဖြည်း ပြောင်းလဲခဲ့ပါတယ်..။ ဒါပေမဲ့ ဒါကလည်း လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး..။ မှတ်သားမူ သွားတိုက်တံ တစ်ခုကို ပိုင်ဆိုင်ထားတာက.. သဘောကျစရာ ကောင်းတယ် ဆိုပေမဲ့... ဒီအရာကို ဖန်တီးဖို့အတွက် ဝိဥာဉ်အပိုင်းအစ တစ်ခု အသုံးပြုရမှာပါ..။ အပြင်လောကမှာ ဝိဥာဉ်အပိုင်းအစတွေက ဘယ်လောက်တောင် ဈေးကြီးသလဲဆိုတာ တွေးကြည့်လိုက်ရင်၊ ရိုးရှင်းတဲ့ သွားတိုက်တံ တစ်ခုရဲ့ ဈေးနှုန်းက တကယ်ကို ယုတ္တိမရှိလောက်အောင် မြင့်မားနေပါလိမ့်မယ်..။
ဒါကြောင့် သူ ခနလောက် စဉ်းစားပြီးတဲ့နောက်မှာ လူသုံးကုန်ပစ္စည်းတွေ အစား ဇိမ်ခံပစ္စည်းတွေကိုသာ ရောင်းချဖို့ ဗျူဟာတစ်ခု ထုတ်လိုက်တယ်..။ဒီနည်းလမ်းနဲ့ သူက ဝိဥာဉ်အပိုင်းအစ တစ်ခုရဲ့ တန်ဖိုးထက် ပိုရအောင် ဈေးနှုန်းကို မြှင့်ထားနိုင်မှာပါ..။ ချမ်းသာတဲ့ ကာစတန်မာတွေက မာစတာ တွေ၊ သူတော်စင် တွေနဲ့ အဆက်အသွယ်ရှိတာကြောင့် အိပ်မက်ကမ္ဘာ ထဲက သာမန်ပစ္စည်းတွေကို ရနိုင်နေပေမဲ့၊ ဇိမ်ခံပစ္စည်းမျိုးစုံ ကို အလွယ်တကူ လက်ဝယ်ထားရှိနိုင်ဖို့အတွက်ဆိုရင်တော့ ဈေးကြီးပေးဖို့ ဝန်မလေးကြပါဘူး..။
ဒါကြောင့် ဆန်နီ ဟာ ဒီလို ဇိမ်ခံနိုင်တဲ့ မှတ်သားမူ တွေကို ရက်အနည်းငယ်ကြာအောင် အပင်ပန်းခံ ဖန်တီးခဲ့ပြီး အီကို နဲ့ တွေ့ကာ ပစ္စည်းတွေ လွှဲပြောင်းပေးခဲ့ပါတယ်..။ ခနလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ သူမကို ထူးဆန်းတဲ့ ညွှန်ကြားချက်အချို့ ပေးလိုက်တယ်..။
ဆန်နီ က အံ့ဩဖွယ်ရာ ကုန်စည်ပြပွဲ မှာ အပူပေးနိုင်တဲ့ ဒါမှမဟုတ် အအေးဒဏ်ကို ခံနိုင်ရည်ရှိစေတဲ့ မှတ်သားမူ တွေကို ရနိုင်သမျှ စုဆောင်းထားဖို့ အီကို ကို ခိုင်းလိုက်ပါတယ်..။ ဒုတိယ ဦးစားပေးအနေနဲ့ အလင်းရောင် ရရှိနိုင်တဲ့ မှတ်သားမူ တွေကိုလည်း စုဆောင်းခိုင်းထားလိုက်တယ်...။အဲဒါတွေကတော့ အများအားဖြင့် ဈေးပေါပြီး အများကြီး ရှိတတ်ပါတယ်..။ ပြီးတော့ သူတို့မှာ ကျန်သမျှ ဝိဥာဉ်အပိုင်းအစ အားလုံးကို ရောင်းချပစ်ဖို့လည်း မှာကြားထားလိုက်တယ်..။
ဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်...။ဒါကအန္တာတိက မှာ ရောက်ရှိလာတော့မယ့် ဘေးအန္တရာယ်ကြောင့်ပါပဲ..။ အစိုးရက စေတနာ့ဝန်ထမ်း စုဆောင်းမှုကို ကြေညာလိုက်တာနဲ့ လူအများအပြားဟာ ဝင်ရိုးစွန်းညရဲ့ ပြင်းထန်တဲ့ အခြေအနေတွေအတွက် ပြင်ဆင်ကြရတော့မှာပါ..။ ပွင့်လာမယ့် ထွက်ပေါက် အမြောက်အမြား ကြောင့် ဈေးကွက်ထဲကို ဝိဥာဉ်အပိုင်းအစတွေ အများကြီး ရောက်လာစေမှာအသေအချာပါပဲ..။ အဲဒီအခါမှာ ဝိဥာဥ် အမြုတေ ဈေးနှုန်းတွေက အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားနိုင်ပါတယ်..။
ဘာပဲဖြစ်ဖြစ်... ကပွဲမှာ တစ်ခုခု ဖြစ်လာခဲ့ရင်တောင် ဒီအစီအမံတွေကြောင့် အံ့ဩဖွယ်ရာ ကုန်စည်ပြပွဲ က အချိန်တစ်ခုထိ ကြာအောင် ဆက်လက်ရှင်သန်နိုင်လိမ့်မယ်လို့ သူ မျှော်လင့်မိပါတယ်..။
နောက်ဆုံးအနေနဲ့ကတော့... ရိန်း ပါပဲ..။
သူ့ညီမလေးက နောက်ထပ် လအနည်းငယ်အတွင်းမှာ အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မှာပါ..။ဒါက ဆန်နီ့ အနေနဲ့ သူမကို ပထမ အိပ်မက်ဆိုး အတွက် ပြင်ဆင်ပေးဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ..။ အခြားတစ်ဖက်မှာတော့... သူမကို သင်ပေးစရာ သိပ်ပြီး မကျန်တော့ပေ.။ ဒါပေါ့... ရိန်း မှာ တိုးတက်ဖို့ နေရာတွေ အများကြီး ရှိနေသေးပေမဲ့၊ ဒီအဆင့်မှာတော့ ဆန်နီ့ ရဲ့ သင်ကြားမူတွေက သိပ်ပြီး ထူးထူးခြားခြား အသုံးမဝင်တော့ပါဘူး..။
သူမ အမှန်တကယ် လိုအပ်တာက သူမကို သင်ပေးထားပြီးသား ဖြစ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေကို တကယ်တမ်း နားလည်သဘောပေါက်ပြီး စိမ့်ဝင်သွားဖို့ပါပဲ..။ ဆန်နီ က သူ့ညီမလေးကို ကူညီပေးနိုင်ပေမဲ့ အများစုကိုတော့ ရိန်း ကိုယ်တိုင်ပဲ လုပ်ဆောင်ရမှာပါ..။
ဒါတောင်မှ သူက ကပွဲမတိုင်ခင် တစ်ပတ်အလို အချိန်ကို အပြည့်အဝ အသုံးချခဲ့ပါတယ်..။ ဆယ်ကျော်သက် မိန်းကလေးကတော့ သူတို့ရဲ့ သင်ခန်းစာတွေက ရုတ်တရက် ဘာလို့ ဒီလောက် ပြင်းထန်သွားရတာလဲဆိုပြီး စိတ်ဆိုးနေနိုင်ပေမဲ့ ဒါက သူမ ရဲ့ကောင်းကျိုး အတွက်ပါပဲ..။ သူမက ဆန်နီ တုန်းက ထက်စာရင် အိပ်မက်ဆိုး ကို ရင်ဆိုင်ဖို့ အများကြီး ပိုပြီး အဆင်သင့် ဖြစ်နေပါပြီ..။
ဒါက လုံလောက်ပါ့မလား ဆိုတာကိုတော့ သူလည်း မသိပေ..။
ဒီအချက် သုံးခုကလွဲရင် ဆန်နီ အတွက် တစ်ခြား လုပ်စရာ သိပ်မရှိတော့ပါဘူး..။
သူ ကပွဲကနေ ပြန်မလာဖြစ်ခဲ့ရင် သူ့အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ရေး မုဒ်ထဲ ထည့်ထားဖို့ ပြင်ဆင်ခဲ့တယ်..။တပ်မက်ခြင်း သေတ္တာ ထဲမှာလည်း ရှည်လျားတဲ့ ခရီးစဉ်အတွက် လိုအပ်တဲ့ ပစ္စည်းအမျိုးမျိုးကို ဖြည့်တင်းထားခဲ့ပါတယ်..။ သူ့ရဲ့ တိုက်ပွဲဝင်စိတ်တွေကို သွေးပူစေဖို့အတွက် သူတော်စင် နဲ့ လေ့ကျင့်တိုက်ခိုက်ခဲ့တယ်..။ သူက မှတ်သားမူ တွေ ပိုကောင်းမွန်လာစေဖို့အတွက်လည်း ပြုပြင်မွမ်းမံမှု အနည်းငယ် လုပ်ခဲ့ပါသေးတယ်..။
ဒီပြင်ဆင်မှုတွေ အားလုံးက အလကား ဖြစ်သွားနိုင်ပေမဲ့... ဆန်နီ အတွက်ကတော့ ဘာမှ မပြင်ဆင်ထားတာထက်စာရင် မှားယွင်းပြင်ဆင်ထားမိတာကိုပဲ ပိုသဘောကျပါတယ်။
နောက်ဆုံးမှာတော့ ကံတရားကို ဆုံးဖြတ်ပေးမယ့် နေ့ကို ရောက်ရှိလာခဲ့ပါပြီ..။
ပြင်ဆင်မူတွေ အတွက် သူ ဘယ်လောက်တောင် ပိုက်ဆံ အကုန်ကျခံခဲ့ရလဲဆိုတာ တွေးမိလိုက်တာကြောင့် မျက်နှာရှုံ့မဲ့သွားခဲ့တယ်။ဆန်နီ ဟာစတိုင်ကျတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မှန်ထဲမှာ သူ့ကိုယ်သူ ခနလောက် ကြည့်လိုက်ပါတယ်..။ ဒီ အထူးချုပ်လုပ်ထားတဲ့ ဝတ်စုံက ကျော်ကြားတဲ့ သခင်လေး တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဇိမ်ခံဆိုင်တစ်ဆိုင်ကနေ ပြုလုပ်ပေးထားခဲ့တာပါ။ဒီအက်ျီအတွက်အိပ်မက်ကမ္ဘာ ကနေ ရရှိတဲ့ အရှားပါးဆုံးနဲ့ အကြမ်းခံဆုံး ပစ္စည်းတွေကို ထည့်သွင်းချုပ်လုပ်ထားခဲ့တယ်..။
ဒီဝတ်စုံကို နိုးထသူ အများစု နှစ်သက်တဲ့ ပုံစံမျိုးနဲ့ ချုပ်လုပ်ထားတာကြောင့် ခေတ်မီဖက်ရှင်နဲ့ မှတ်သားမူ တွေမှာ တွေ့ရတဲ့ ရှေးဟောင်းအနုပညာ အငွေ့အသက်တွေကြားမှာ ရှိနေခဲ့ပါတယ်..။ စတိုင်ကျတဲ့ အပေါ် ဝတ်ရုံအရှည် နဲ့ သားရေဖိနပ်ရှည်တွေ ပါဝင်တဲ့ ဒီဝတ်စုံက တကယ်ကို ခန့်ညားထည်ဝါ နေခဲ့တယ်..။
ဒီဝတ်စုံ အတွက် တိုင်းတာနေတုန်းက ဆန်နီ ဟာ ကိုင် ကို ပြင်းထန်းတဲ့ စကားလုံးတစ်ချို့ ပြောမိခဲ့ပေမယ့်..အခု သူ့ကိုယ်သူ ပြန်ကြည့်တဲ့အခါမှာ..သူ့ပုံစံက အတော်လေး... ကြည့်ကောင်းနေတာကိုတော့ ငြင်းလို့မရခဲ့ပါဘူး..။
ဆန်နီ ခနလောက် ငြိမ်သက်နေပြီးမှ သက်ပြင်းချလိုက်တယ်..။
“ဂီတသံစဥ်တွေကို ခံစားလိုက်ကြရအောင် "
ဒီလိုပြောပြီးတာနဲ့ သူက ဝိဥာဉ်မြွေ ရဲ့ ကနေ တဆင့် အဆီအနှစ် အနည်းငယ်ကို လှည့်ပတ် စီးဆင်းစေလိုက်ပါတယ်..။ယင်းနောက် အရိပ်လေးခုထဲက သုံးခုကို သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်စေလိုက်ကာ အပြင်ကို ထွက်လာခဲ့တယ်..။
အပြင်မှာတော့ သူ့ကို လာကြိုတဲ့ PTV ဇိမ်ခံကားက..အဆင်သင့်စောင့်နေခဲ့ပါပြီ..။
အပိုင်း ( ၈၀၀ ) ပြီး၏။
အပိုင်း ( ၈၀၁ ) ဂုဏ်သရေရှိ ဧည့်သည်တော်များ
သူတို့ ငါးယောက်ဟာ တောက်ပြောင်နေတဲ့ PTV ကားထဲမှာ အတူထိုင်ရင်း မြို့ပြလမ်းမတွေပေါ်ကနေ အရှိန်အဟုန်နဲ့ ဖြတ်ကျော်နေတာကို ကြည့်နေခဲ့ကြတယ်..။ အဖိုးတန်ဝတ်စုံကို ဝတ်ဆင်ထားတာက ဆန်နီ တစ်ယောက်တည်း မဟုတ်ပါဘူး..။ ကိုင် က ပိုမို စတိုင်ကျတဲ့ ဝတ်စုံကိုတောင် ဝတ်ဆင်ထားပါသေးတယ်။သူ့ဆီကနေ ထွက်ပေါ်နေတဲ့ ကျက်သရေနဲ့ ခန့်ညားမှုတွေက ရွေ့လျားနေတဲ့ ကားအတွင်းခန်းမှာတောင် လျှပ်စီးလက်သလို ဖြစ်လုနီးပါးပါပဲ..။
ကတ်စီ ကတော့ အရောင်ဖျော့ဖျော့နဲ့ ရိုးရှင်းတဲ့ ဂါဝန်ကို ရွေးချယ်ထားခဲ့တယ်..။ သူမရဲ့ လက်ကောက်တွေနဲ့ ရတနာတွေက သူမ ဝတ်ဆင်ထားတဲ့ ငွေရောင် မျက်နှာဖုံး နဲ့ လိုက်ဖက်အောင် ရွေးချယ်ထားသလိုပါပဲ..။ သူမ ရဲ့ ပုခုံးပေါ်မှာတော့ ရင်းနှီးနေတဲ့ အပြာရောင် ဝတ်ရုံတစ်ခုကို လွှမ်းခြုံထားခဲ့ပါတယ်..။ သူမက တိတ်တဆိတ် ကခုန်သူကို လက်ကိုင်တုတ်တစ်ခုလိုမျိုး ကိုင်ဆောင်ထားခဲ့တယ်။
အယ်ဖီ ကတော့ ရွှေရောင် အနားသတ်တွေနဲ့ တလှပတဲ့ အဖြူရောင် တူနစ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့တာပါ..။ သူမရဲ့ ခေါင်းပေါ်မှာ ရွှေရောင် သရဖူတစ်ခု ရှိနေပြီး၊ လက်ကောက်တွေနဲ့ ခြေကျင်းဝတ်တွေကလည်း သူမရဲ့ အသားအရောင်နဲ့ လိုက်ဖက်စွာ တောက်ပနေခဲ့တယ်..။ သူမရဲ့ သံလွင်ဆီရောင် အသားအရည် နဲ့ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကြောင့် သူမ က ရှေးဟောင်း နတ်ဘုရားမ တစ်ပါးနဲ့တောင် တူနေပါသေးတယ်..။ မုဆိုးမိန်းကလေးက ဖန်ခွက်ရှည်ထဲက ရှန်ပိန်ကို တစ်ငုံချင်း သောက်ရင်း ပျော်ရွှင်နေပုံရပါတယ်..။
နစ်ဖီ ကတော့ ပိုပြီး လက်တွေ့ကျတဲ့ ဝတ်စုံကို ရွေးချယ်ထားပေမဲ့ အခြားသူတွေထက် နိမ့်ကျမနေခဲ့ပါဘူး..။ သူမရဲ့ သူရဲကောင်းဆန်တဲ့ ဝတ်စုံမှာ အနက်ရောင် ဘောင်းဘီ၊ ငွေရောင် ပန်းထိုးထားတဲ့ အနက်ရောင် အပေါ်အင်္ကျီနဲ့ အဖြူရောင် ဝတ်ရုံအရှည်တို့ ပါဝင်ပါတယ်..။ အာရုဏ်ဦး သရဖူ ရဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းက သူမရဲ့ စူးရှတဲ့ မီးခိုးရောင် မျက်လုံးတွေကို ပိုပြီး ပေါ်လွင်နေစေခဲ့တယ်..။ အဖြူရောင် လက်အိတ်တွေ ဝတ်ထားတဲ့ သူမရဲ့ လက်တွေက ဒူးပေါ်မှာ တည်ငြိမ်စွာ တင်ထားခဲ့ပါတယ်..။
သူ့ရဲ့ ဈေးကြီးတဲ့ ဝတ်စုံကြောင့် လူတွေ ကြားထဲမှာ ကြွားဝါသလို ဖြစ်နေမလားဆိုတဲ့ ဆန်နီရဲ့ စိုးရိမ်စိတ်တွေ အားလုံး ပျောက်ကွယ်သွားခဲ့ပါပြီ..။ အခြားသူတွေနဲ့ ယှဉ်လိုက်ရင် သူ ဝတ်စားထားတာက အနည်းငယ်တောင် နိမ့်ကျနေသလိုပါပဲ..။
ဘာပဲဖြစ်ဖြစ်... ရုပ်ရည်သွင်ပြင်အတွက် စိုးရိမ်နေဖို့ အချိန်ရှိလို့လား..။
သူက အဖွဲ့ဝင်တွေကို ကြည့်လိုက်ရင်း ခနလောက် တွေဝေနေပြီးကာမှ မေးလိုက်တယ်..။
“နင်တို့ အဆင်သင့်ဖြစ်ပြီလား..”
နစ်ဖီ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်ဘက်ကို ပြန်လှည့်သွားခဲ့တယ်..။
“...ဒါက ကပွဲတစ်ခုပဲလေ..”
သူ သူမကို ခနလောက် စိုက်ကြည့်နေပြီးမှ ပြုံးလိုက်ပါတယ်..။ ယင်းနောက် သူ ရယ်မောလိုက်ပါတယ်..။
“အိုး... ဟုတ်တာပေါ့..။ အမှန်ပဲ...”
မကြာခင်မှာပဲ PTV ကားဟာ အများပြည်သူသုံး လမ်းမတွေကနေ ထွက်ခွာပြီး ဗာလာ ကလန်ရဲ့ ခံတပ်ဆီ ဦးတည်တဲ့ လမ်းထဲကို ဝင်ရောက်သွားခဲ့တယ်..။ သူတို့ရဲ့ အဓိက ဩဇာအာဏာက အိပ်မက်ကမ္ဘာ ထဲမှာ ရှိပြီး..ဒဏ္ဍာရီလာ ဘတ်ရှင် ခံတပ် ရဲ့ တံတိုင်းကြီးတွေနဲ့ လုံခြုံစွာ ကာကွယ်ထားတယ် ဆိုပေမယ့် ဒီမိသားစုက အပြင်လောကမှာလည်း ထင်ရှားတဲ့ ပိုင်ဆိုင်မှုတွေ အများအပြား ရှိနေတာ သိသာပါတယ်..။
ဒီနေရာက သံရုံးတစ်ခုနဲ့ ကျယ်ဝန်းတဲ့ ခံတပ်တစ်ခုကို ပေါင်းစပ်ထားတာနဲ့တောင် တူနေခဲ့တယ်..။ ဒီဝန်းကြီးဟာ မြို့လယ်ခေါင်မှာ သီးခြားခရိုင်တစ်ခုအဖြစ် သတ်မှတ်လို့ရလောက်အောင် ကျယ်ဝန်းပြီး အဆောက်အဦး အများအပြား ပါဝင်နေခဲ့တယ်။အဆောက်အဦး အများစုကတော့ အထပ်အနည်းငယ်သာ မြင့်ကြပါတယ်..။သို့ပေမယ့် မြေအောက်မှာ အထပ်ပေါင်းများစွာ ရှိနေပြီး အဓိက လှုပ်ရှားမှုတွေက အဲ့ဒီမှာပဲ ဖြစ်ပွားတာပါ..။
ဒီအဆောက်အဦးတွေရဲ့ ရည်ရွယ်ချက်ကတော့ ကလန်အဖွဲ့ဝင်တွေ နဲ့ နောက်လိုက်တွေအတွက် နေအိမ်တွေ ၊ ကိုယ်ရံတော်တပ်ဖွဲ့တွေအတွက် လေ့ကျင့်ရေးစင်တာတွေ၊ စပဲလ်နည်းပညာ အမျိုးမျိုးကို သုတေသနပြုတဲ့ နေရာတွေအထိ အစုံအလင်ပါပဲ..။ နစ်ဖီ ပြောခဲ့သလိုပဲ...အမွေအနှစ် ကလန်ဆိုတာက သွေးသားအရင်းအချာ လူနည်းစုလေးနဲ့ စုစည်းထားတာမျိုး မဟုတ်ပါဘူး..။ဗာလာ ကလန်လို ကလန်ကြီး တစ်ခုဆိုရင် နယ်ပယ်အသီးသီးက လူပေါင်း ထောင်သောင်းချီ ပါဝင်တဲ့ အဖွဲ့အစည်းကြီးတစ်ခုလိုပဲ ဖြစ်ပါတယ်..။
ခံတပ်ထဲမှာတော့ ကြီးမြတ်တဲ့ ကလန်ကို အမှုထမ်းနေတဲ့ ဒါမှမဟုတ် အဖွဲ့ဝင်ဖြစ်တဲ့ နိုးထသူ တွေရဲ့ အိပ်စက်ခြင်း သေတ္တာ တွေထားတဲ့မြေအောက်ခန်းတွေလည်း ရှိတာကြောင့် လုံခြုံရေး အစီအမံတွေကတော့ ထူထပ်စွာ ချမှတ်ထားခဲ့တယ်..။ ဆန်နီ ကိုယ်တိုင်လည်း သာမန်လူတွေရော စွမ်းအားမြင့်သူတွေပါ ပါဝင်တဲ့ ကင်းစောင့်တွေ အများအပြားကို မြင်နေ၊ ခံစားနေရပါတယ်..။ ကိုင် ရဲ့ မျက်နှာပေါ်မှာ မျက်မှောင်ကျုတ်တဲ့ အမူအရာပေါ်လာတာကြောင့် သူ သတိမထားမိလိုက်တဲ့ ကင်းစောင့်တွေလည်း အများကြီး ရှိနေဦးမှာ အသေအချာပါပဲ..။
ဒီနေရာကြီးတစ်ခုလုံးက အိပ်မက်ဆိုး ထွက်ပေါက် တစ်ခု ပွင့်လာတာမျိုး ဒါမှမဟုတ် ပြိုင်ဘက်ကလန်တွေရဲ့ ရုတ်တရက် တိုက်ခိုက်မှုမျိုး ..စတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့ အပြည့်အဝ ပြင်ဆင်ထားပြီးသားပါ..။ တစ်ဖက်မှာတော့ ဒါက ဆန်နီ့ ကို လုံခြုံတယ်လို့ ခံစားရစေပေမဲ့... အခြားတစ်ဖက်မှာတော့ ဒီခံတပ်ထဲကနေ ထွက်ပြေးဖို့က မလွယ်ကူလှပါဘူး..။
‘ဒီလို လုပ်ဖို့ မလိုအပ်ဖို့ပဲ မျှော်လင့်ရမှာပဲ..’
ထပ်ပြောရရင် ဒီခြံဝန်းကြီးက အတော်လေးကို လှပနေခဲ့တယ်..။ဒီနေရာမှာ သစ်ပင်တွေနဲ့ မြက်ခင်းပြင်တွေ အများကြီး ရှိနေပြီး၊ အဆောက်အဦးတွေရဲ့ လက်ရာကလည်း စစ်ရေးနဲ့ လက်တွေ့ဆန်တဲ့ ဒီဇိုင်းတွေကို ဖုံးကွယ်ထားနိုင်ပါတယ်..။ တကယ်လို့ ဆန်နီ သာ ဘာမှမသိထားဘူးဆိုရင် သူက အေးချမ်းစွာ အနားယူဖို့ ဖန်တီးထားတဲ့ လှပတဲ့ ဥယျာဉ်ခရိုင်တစ်ခုရဲ့ အလယ်မှာ ရောက်နေတယ်လို့ ထင်မိမှာပါ..။
ဒီမှာ နေရတာက တကယ်ကို ကောင်းမှာပဲ..။
...ဖြစ်နိုင်တာကတော့၊သူအနေနဲ့ မကြာခင်မှာ ဒီလို ဘဝကို ခံစားကြည့်ဖို့ အခွင့်အရေး ရလာနိုင်ပါတယ်..။
‘အင်း... အဲလိုသာ ဖြစ်လာခဲ့ရင်ပေါ့..’
ဆန်နီ က နစ်ဖီ ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်တယ်..။သူ့မျက်နှာကတော့ နက်မှောင်နေခဲ့ပါတယ်..။
မိနစ်အနည်းငယ်အကြာမှာတော့ သူတို့ရဲ့ PTV ကားဟာ ခြံဝန်းကြီးရဲ့ အလယ်ဗဟိုကို ရောက်ရှိလာခဲ့ပါပြီ..။ဒီနေရာမှာတော့ တောက်ပတဲ့ အလင်းရောင်တွေ နဲ့ ခန့်ညားထည်ဝါတဲ့ အဆောက်အဦးကြီးတစ်ခု ရှိနေခဲ့တယ်..။ ဒီ အဆောက်အဦးကို ဘတ်ရှင် ခံတပ် မှာ သုံးတဲ့ ကျောက်တုံးမျိုးတွေနဲ့ တည်ဆောက်ထားတာကို သတိပြုမိလိုက်တဲ့ အချိန်မှာ သူ အနည်းငယ် အံ့ဩသင့်သွားခဲ့ပါတယ်..။ ဒါက ဒီကျောက်တုံးတွေကို အိပ်မက်ကမ္ဘာ ထဲကနေ အပြင်လောကကို သယ်ဆောင်လာတယ် ဆိုတာကို ပြသနေခဲ့တာပါ..။
ကမ္ဘာနှစ်ခုကြားမှာ ပစ္စည်းတွေကို သယ်ယူနိုင်တာက အားကောင်းတဲ့ မာစတာ တွေနဲ့ သူတော်စင် တွေပဲ ရှိတယ် ဆိုတဲ့ အချိန်ကို ထည့်တွက်ရင်..ဒီခန်းမကြီးရဲ့ ကုန်ကျစရိတ်က နက္ခတ်ဗေဒင်ပြတိုက် တစ်ခုစာ ပမာဏလောက် ကို ရှိမှာပါ..။ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကို ဒီထက်ပိုပြီး ထင်ထင်ရှားရှား ပြသနိုင်တဲ့ နည်းလမ်းမျိုးကို သူ မစဉ်းစားနိုင်တော့ပါဘူး...။ကြီးမြတ်တဲ့ ကလန်တွေကတော့ ခမ်းနားအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ တကယ်ကို သိကြတာပါ..။
ခန်းမကြီးရဲ့ နံရံတွေကိုတော့ အမိုးကနေ မြေပြင်အထိ ရှည်လျားတဲ့ အနီရောင် အလံတွေနဲ့ အလှဆင်ထားပြီး၊ တစ်ခုချင်းစီမှာ ဓားတစ်လက် စိုက်ဝင်နေတဲ့ ပေ ရုပ်ပုံတွေ ပါရှိနေခဲ့တယ်..။ ခန့်ညားတဲ့ လှေကားထစ်တွေကနေ လမ်းမအထိ
အနီရောင် ကော်ဇောကြီး တစ်ခုကို ခင်းကျင်းထားခဲ့ပါတယ်။အဲဒီမှာတော့ ဇိမ်ခံ PTV ကားတွေ တန်းစီရပ်ထားကာ ဂုဏ်သရေရှိ ခရီးသည်တွေ တစ်ဦးချင်း ဆင်းလာနေကြတယ်..။
ယူနီဖောင်းဝတ် ဂုဏ်ထူးဆောင် အစောင့်တပ်ဖွဲ့တွေက အနီရောင် ကော်ဇောရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ စနစ်တကျ တန်းစီရပ်နေပြီး ဧည့်သည်တွေ ဝင်ပေါက်ဆီ လျှောက်သွားရမယ့် စင်္ကြံလမ်းတစ်ခုကို ဖန်တီးထားပါတယ်..။ သူတို့ရဲ့ အသွင်အပြင် အားလုံးက စည်းကမ်းသေဝပ်မှုနဲ့ အာဏာကို ထုတ်ဖော်ပြသထားသလိုဖြစ်နေခဲ့တယ်..။ ဒီစစ်သည်တွေနဲ့တင် ကပွဲကို ဖိတ်ကြားခံရသူတွေကို အန္တရာယ်အများစုကနေ ကာကွယ်ပေးဖို့ လုံလောက်နေပါပြီ...။
အမှန်တော့ ဧည့်သည်တွေက ကာကွယ်ပေးဖို့ သိပ်မလိုအပ်ကြပါဘူး။
ဧည့်သည်တွေထဲမှာ အဆင့်အတန်းမြင့် သာမန်လူ အချို့ ပါဝင်နေပေမဲ့၊ အများစုကတော့ ထူးချွန်ပြီး အလားအလာရှိတဲ့ နိုးထသူ တွေ ဒါမှမဟုတ် မာစတာ တွေပါ..။ ဒီနေရာမှာ သူတော်စင် တွေပါ ရှိနေကြတာကြောင့် ဆန်နီ ကို တော်တော်လေး အနေရခက်စေပါတယ်..။
ဒီမြို့ထဲမှာ သူ အနှောင့်ယှက် မပေးချင်တဲ့ လူတစ်စု ရှိတယ်ဆိုရင်..အဲဒါက ဒီပွဲကို တက်ရောက်လာကြတဲ့သူတွေပါပဲ..။
ဆန်နီ ဟာ ဗိုက်ဆာနေတဲ့ ငါးမန်းတွေ ပြည့်နေတဲ့ ရေကန်ထဲကို ပစ်ချခံလိုက်ရတဲ့ ငါးလေးတစ်ကောင်လို ခံစားနေခဲ့ရတယ်..။
သူ့အနေနဲ့..ဒီငါးမန်းတွေထဲက တစ်ကောင်ကို ပြန်တိုက်ခိုက်တာ ဒါမှမဟုတ် အနည်းဆုံးတော့ ထွက်ပြေးတာမျိုးတော့ ဖြစ်နိုင်ပါလိမ့်မယ်..။ ဒါပေမဲ့ သူတို့အားလုံး ပေါင်းလိုက်ကြမယ် ဆိုရင်ရော..။
‘...ငါ့မှာလည်း ထက်မြက်တဲ့ သွားတွေ ရှိနေတာပဲလေ...’
နောက်ဆုံးမှာတော့ သူတို့ရဲ့ PTV ကားဟာ အနီရောင် ကော်ဇောရှေ့ကို ရောက်ရှိလာခဲ့ပါပြီ..။
ဆန်နီ က တံခါးပွင့်လာမှာကို စောင့်နေခဲ့ပြီး..သက်ပြင်းတစ်ချက်ချကာ အပြင်ဘက်ကို လှမ်းထွက်လိုက်ပါတယ်..။
အပိုင်း ( ၈၀၁ ) ပြီး၏။