← Chapters

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အပိုင်း ( ၈၀၂ ) လှည့်ဖျားတတ်တဲ့ စားသောက်ပွဲ

နစ်ဖီ က ထုံးစံအတိုင်း ခံစားချက်မဲ့တဲ့ ယုံကြည်မှုမျိုးနဲ့ ရှေ့ကို လျှောက်သွားခဲ့တယ်..။ မြင့်မားထည်ဝါလှတဲ့ ခန်းမကြီး၊ သံချပ်ကာဝတ် ဂုဏ်ထူးဆောင်အစောင့်တပ်ဖွဲ့တွေနဲ့ သူတို့ကို ဝန်းရံထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေက သူမ ကို ထိပ်လန့်စေဖို့ မပြောနဲ့ သူမရဲ့ အာရုံစိုက်မူကို ရဖို့အတွက်တောင် မထိုက်တန်ကြတဲ့ အတိုင်းပါပဲ။သူမရဲ့ မျက်နှာက တည်ငြိမ်ပြီး အဓိပ္ပာယ်ဖော်ရခက်နေခဲ့တယ်။ သူမရဲ့ မျက်လုံးတွေကတော့ အေးစက်ပြီး တစ်ခုခုကိုအာရုံစိုက်ထားတဲ့ ပုံစံမျိုးပါပဲ..။

ကျန်တဲ့ အဖွဲ့ဝင်တွေက သူမနောက်ကနေ လိုက်ပါလာကြတဲ့ အချိန်မှာတော့ ဆန်နီ ဟာ

မတတ်နိုင်စွာပဲ မသက်မသာ ခံစားနေခဲ့ရပါတယ်..။အခုချိန်မှာတော့ သူမရဲ့ စိတ်အခြေအနေကို မဖတ်နိုင်တာကြောင့် ဆန်နီအတော်လေး စိတ်ပျက်နေခဲ့တယ်..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဗာလာ ကလန်ရဲ့ အဖွဲ့ဝင်တွေကို မြင်တာနဲ့ လုပ်ကြံသတ်ဖြတ်တာမျိုးတွေ မလုပ်ပါစေနဲ့လို့ပဲ သူ ဆုတောင်းနေခဲ့ပါတယ်။

‘မဟုတ်ဘူး.. မဖြစ်နိုင်တာ... သူမ ဒီလိုတော့ မလုပ်လောက်ပါဘူး..။ ဟုတ်တယ်မလား..’

သူတို့ ရောက်ရှိလာမှုက အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တယ်..။ မျက်လုံးအများအပြားက အဖွဲ့ဝင် လေးယောက်ဆီကို ရုတ်တရက် ရောက်ရှိလာကြတယ်လို့ ပြောနိုင်ပေမယ့်..နစ်ဖီ ကို ကြည့်လာကြတဲ့ လူအရေအတွက်နဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်ပါဘူး..။ဒီလူတွေက ပေါ်တင် ဒါမှမဟုတ် တိတ်တဆိတ် ကြည့်နေခဲ့ကြတာပါ..။

သူမက ဒီလူတွေကို လုံးဝ ဂရုမစိုက်တာကြောင့် ဆန်နီ လည်း ရှေ့ကိုပဲ တည့်တည့်ကြည့်ပြီး ဘာကိုမှ ဂရုမစိုက်သလို ဟန်ဆောင်နေလိုက်ပါတယ်..။ ဒါပေါ့ သူက အရိပ်ကနေတစ်ဆင့် ပတ်ဝန်းကျင်နဲ့ လူတိုင်းကို သေချာ အကဲခတ်နေခဲ့တာပါ..။

သူက တစ်နည်းနည်းနဲ့ အနီရောင် အဆောက်အဦး ဆီကို ပြန်ရောက်သွားသလို ခံစားနေခဲ့ရတယ်..။ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေက အချိန်မရွေး “ဂုဏ်သိက္ခာ” ဆိုပြီး အော်ဟစ်ကြတော့မလားလို့တောင် ဆန်နီ ထင်လိုက်မိတာပါ..။

ဒါပေါ့... အဲလိုမျိုးတော့ ဖြစ်မလာခဲ့ပါဘူး..။

အဖွဲ့ဝင်တွေက လှေကားပေါ် တက်သွားကြပြီး ခမ်းနားတဲ့ ခန်းမကြီးထဲကို ဝင်ရောက်သွားခဲ့ကြတယ်..။ အဲဒီမှာတော့ သူတို့က ရင်းနှီးတဲ့ သစ်သားတွေနဲ့ ထွင်းထုထားတဲ့ ကြီးမားတဲ့ တံခါးကြီးတွေဆီကို လမ်းညွှန်ခြင်း ခံခဲ့ရပါတယ်..။

ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားတဲ့ လူတွေနဲ့ ပြည့်နှက်နေတဲ့ ခန်းမကြီးရဲ့ တံခါးတွေ ပွင့်သွားတာနဲ့..ကျယ်လောင်တဲ့ ကြေညာသံ တစ်ခုက ထွက်ပေါ်လာခဲ့တယ်..။

“အင်မော်တယ် မီးတောက် ကလန်ရဲ့ လေဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ..၊ တက်ရောက်သူ ကျရှုံးမူသံစဥ် ၊ တက်ရောက်သူ ဝံပုလွေ စောင့်ရှောက်သူ ..၊တက်ရောက်သူ နိုက်တင်ဂေးလ်! တက်ရောက်သူ ဆန်းလပ်စ်.."

တစ်ခနလောက် ခန်းမထဲက စကားပြောသံတွေ အားလုံး ရပ်တန့်သွားခဲ့တယ်..။ လူတိုင်းက အသစ်ရောက်ရှိလာသူတွေကို လှည့်ကြည့်လိုက်ကြပါတယ်..။

ဆန်နီ မျက်မှောင်ကြုတ်လိုက်မိတယ်..။

သူတို့ ဆီကို စီးဝင်လာနေတဲ့ ဖိအားတွေက သာမန်လူတစ်ယောက်ကို ဒူးထောက်သွားစေဖို့ လုံလောက်ပါတယ်..။ ဒါက ဧည့်သည်တွေအနေနဲ့ တမင်တကာ လုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ..အားကောင်းတဲ့ လူအများအပြား တစ်နေရာတည်းမှာ စုဝေးနေကြတဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုပါ..။

ပထမဆုံး အကြည့်နဲ့တင် လူအုပ်ထဲမှာ မာစတာ အယောက် တစ်ရာနီးပါးနဲ့ သူတော်စင် အနည်းငယ်ကို မြင်တွေ့လိုက်ရတယ်..။ သူတော်စင် တစ်ဦးချင်းစီက လူပင်လယ်ထဲမှာ စွမ်းအားပြည့်ဝတဲ့ မီးပြတိုက်တစ်ခုလို တောက်ပနေပြီး၊ သူတို့ ပတ်ဝန်းကျင်မှာတော့ ကျွန်းလေးတွေ ဝန်းရံထားသလိုပါပဲ..။ လူသားမျိုးနွယ်ရဲ့ ကာကွယ်ရေး စွမ်းရည် အတော်များများက ဒီခန်းမထဲမှာ စုဝေးနေကြတာပါ..။

...ဆန်နီ တောင် ဒီလာက်အထိ ဖိအားပေးခံရတယ်ဆိုရင်၊ နစ်ဖီ ဆိုရင် သူမအပေါ် တောင်ကြီးတစ်လုံး ကျဆင်းနေသလို ခံစားနေရမှာ အသေအချာပါပဲ..။ ဒါတောင်မှ သူမက မျက်တောင်တစ်ချက် မခတ်ခဲ့ပေ..။

တည်ငြိမ်အေးချမ်းတဲ့ တေးဂီတသံတွေကြားမှာပဲ.. တီးတိုး ပြောသံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

“သူမပဲ..”

“ဘာလဲ... ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဒီမှာရောက်နေတာလား..”

“ကြည့်... ကြည့် အင်မော်တယ် မီးတောက် ကလန်ရဲ့ အမွေဆက်ခံသူပဲ..”

အဆင့်မြင့် အထက်တန်းလွှာတွေ ကြားမှာတောင် နစ်ဖီ ရဲ့ အဆင့်အတန်းက လှုပ်ခတ်သွားစေဖို့ လုံလောက်နေခဲ့တယ်..။ ကျန်တဲ့ အဖွဲ့ဝင် လေးယောက်ကလည်း နိုးထသူ မျိုးဆက်သစ်တွေထဲမှာ အတောက်ပဆုံး ကြယ်ပွင့်တွေအဖြစ် အာရုံစိုက်မှု အများကြီး ရရှိခဲ့ပါတယ်..။ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်တွေ နဲ့ တက်ရောက်သူ အဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားတာတွေကပါ သူတို့ကို ထင်ရှားတဲ့ လူတွေ ဖြစ်နေစေခဲ့တာပါ..။

ရာနဲ့ချီတဲ့ အကြည့်တွေအောက်မှာ နစ်ဖီ ခေါင်းညိတ်ပြလိုက်ပြီး အဖျော်ယမကာနဲ့ မုန့်တွေရှိတဲ့ စားပွဲတွေဆီကို လျှောက်သွားခဲ့တယ်..။ သူမ သွားနေတုန်းမှာပဲ တခြား ဧည့်သည်တစ်ယောက် ရောက်လာတာကို ကြေညာလိုက်တာကြောင့် လူအုပ်ကြီးရဲ့ စိတ်လှုပ်ရှားမှုက အနည်းငယ် ငြိမ်သက်သွားခဲ့ပါတယ်..။

ဆန်နီ ကတော့... အတော်လေးကို အနေရခက်နေခဲ့ပါပြီ..။

“...ဒီတော့..အင်း.. ငါတို့ အခု ဘာလုပ်ရမှာလဲ..”

ကိုင် က ရိုးရှင်းစွာပဲ ပြုံးပြလိုက်တယ်..။

“တကယ်တော့ အိမ်ရှင် ရောက်လာပြီး ကပွဲ

မစတင် ခင်အထိ ငါတို့က ဘာမှ ထွေထွေထူးထူး လုပ်စရာ မလိုဘူး..။ ပုံမှန်ဆိုရင်တော့ ဒီလိုအချိန်မှာ လျှောက်သွားပြီး လူမှုဆက်ဆံရေး လုပ်ရမှာလေ..။ ဒါပေမဲ့ ဒီအခြေအနေမှာတော့ အဲလို လုပ်ဖို့ မလိုဘူးထင်တယ်..။ လူတိုင်းက ငါတို့ဆီကို လာကြလိမ့်မယ်..။ ဒီတော့ သက်သောင့်သက်သာနေပါ.. ပြုံးထားပါ.. ပြီးတော့ တစ်ယောက်ယောက်က လာနှုတ်ဆက်ရင် ယဉ်ယဉ်ကျေးကျေး ပြန်ပြောပေးပေါ့..”

ဆန်နီ ပုခုံးတွန့်လိုက်တယ်..။

‘ဒါက တကယ်ကို ဆိုးဝါးတဲ့ အကြံဉာဏ်ပဲ..'

ဘာတွေ ဖြစ်လာတော့မယ်ဆိုတာကို သိနေတဲ့အချိန်မှာ သူက ဘယ်လိုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေနိုင်မှာလဲ..။ ယဉ်ကျေးဖို့အတွက်ကတော့...တစ်ခါတစ်လေမှာ ယဉ်ကျေးဖို့ဆိုရင် လူတစ်ယောက်ကို လိမ်ညာဖို့ လိုအပ်ပါတယ်..။ တစ်ယောက်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဖြေရမယ့် မေးခွန်းမျိုး မေးလာရင်ရော သူက ဘာလုပ်ရမှာလဲ..။

ကံကောင်းတာက သူ စိုးရိမ်စရာ ဘာမှ မရှိပါဘူး..။ မကြာခင်မှာပဲ လူအုပ်ကြီးက သူတို့ဆီကို ဆက်တိုက် ရောက်လာကြခဲ့တယ်။သူတို့အားလုံးက မတော်တဆ လျှောက်လာသလိုမျိုး ဟန်ဆောင်နေခဲ့ကြတာပါ။သို့ပေမဲ့ သူတို့ရဲ့ အာရုံစိုက်မှု အားလုံးက နစ်ဖီ ဆီမှာသာ ရှိနေခဲ့တယ်..။ဒီလူတွေက ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ စကားပြောဖို့ ဘယ်သူမှ အချိန်မပေးကြသလို၊ ဆန်နီ ကတော့ အားလုံးရဲ့ နောက်ဆုံးမှာသာ ရှိနေခဲ့ပါတယ်။

ဒါက သူ့အတွက်တော့ ကွက်တိပါပဲ..။

“လေဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ... တွေ့ခွင့်ရတာ ဂုဏ်ယူမိပါတယ်”

“မင်းက ငါတို့အားလုံးကို ဂုဏ်ယူစေခဲ့တာပဲ၊ မိန်းကလေး..။ ငါက မင်းရဲ့ အဖိုးနဲ့ သူငယ်ချင်းအရင်းကြီးတွေလေ...”

“ငါ တစ်ခါက မင်းရဲ့ မိဘတွေနဲ့အတူ ဘေးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ဖူးတယ်..။ သူတို့ရဲ့ ရဲစွမ်းသတ္တိက ငါ့နှလုံးသားထဲမှာ ထာဝရ မှတ်တမ်းတင်ထားပြီးသားပဲ...”

လူတိုင်းက ပြာပုံထဲကနေ ပြန်လည် ထွက်ပေါ်လာတဲ့.. မြင့်မြတ်တဲ့ ကလန်ရဲ့ သမီးတော်နဲ့ မိတ်ဆွေ မဖြစ်ရင်တောင်မှ၊ အနည်းဆုံးတော့ အဆက်အသွယ်တစ်ခု ရယူချင်နေကြတာပါ..။ နစ်ဖီ ကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ..။သူမဆီကို ချဉ်းကပ်လာတဲ့ ကြီးမြတ်ပြီး အာဏာရှိတဲ့ လူတွေကို ခံစားချက်မပါတဲ့ လေသံနဲ့ ပြန်လည် စကားပြောနေခဲ့တယ်..။

ဆန်နီ ကတော့ သူမရဲ့ ဝိဥာဉ်ထဲမှာ တောက်လောင်နေတဲ့ မီးလျှံတွေက တဖြည်းဖြည်း ပူပြင်းလာတာကို ခံစားနေခဲ့ရပါတယ်..။

သူမက သေချာ ထိန်းချုပ်ထားရတဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။

ကောင်းပြီလေ...ငါဆိုရင်လည်း ဒီလိုပဲဖြစ်မှာပဲ..။

ဒီလို ဆုတောင်းပေးနေကြတဲ့ သူတွေအားလုံးက သူမရဲ့ မိဘတွေနဲ့ အဖိုးကို သူတို့ ဘယ်လောက်တောင် တန်ဖိုးထားပြီး လေးစားခဲ့သလဲဆိုတဲ့ ပုံပြင်တွေ ပြောပြဖို့ မစောင့်နိုင်အောင် ဖြစ်နေခဲ့ကြတယ်..။ ဒါပေမဲ့ အင်မော်တယ် မီးတောက် ကလန်က အကူအညီ လိုအပ်နေတုန်းကတော့ သူတို့အားလုံး ဘာမှ မလုပ်ခဲ့ကြပါဘူး..။ နစ်ဖီ ကလေးဘဝအချိန် ၊ သူမ အားနည်းနေတဲ့ အချိန်နဲ့ လျှို့ဝှက်အုပ်စိုးသူတွေ စေလွှတ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ လိုက်လံ အမဲလိုက်ခြင်းကို ခံနေရချိန်တွေတုန်းက ဘယ်သူကမှ သူမကို ကူညီဖို့ လက်ကမ်းပေးခြင်း မရှိခဲ့ကြပါဘူး..။

အခု သူမက တက်ရောက်သူ ဖြစ်လာပြီး..ထူးချွန်ထက်မြက်လွန်းတဲ့ သူတစ်ယောက် ဖြစ်လာတော့မှသာ၊ သူတို့က အတိတ်က ခင်မင်မှုတွေကို သတိရပြီး သူမနဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားနေကြတာပါ..။

သူတို့ရဲ့ အပြုံးတွေနဲ့ လှပတဲ့ စကားလုံးတွေက တန်ဖိုးမရှိပေ..။

သူတို့ရဲ့ ခင်မင်မှုကလည်း တန်ဖိုးမရှိပါဘူး..။

ဒါတွေအားလုံးက ဟန်ဆောင်မှု သက်သက်ပါပဲ..။

ဆန်နီ က ဒီအထက်တန်းလွှာတွေကို အံ့ဩတကြီး ကြည့်နေမိတယ်..။ သူတို့အားလုံးက ဒီလိုပဲအရှက်မရှိတဲ့ လူလိမ်တွေလား၊ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်အလိမ်အညာတွေကို သူတို့ကိုယ်တိုင် ယုံကြည်နေကြတာလား..။ဘာပဲဖြစ်ဖြစ်၊ ဒီလို လှည့်ဖျားမှုတွေနဲ့ စားသောက်ပွဲက တကယ်ကို မြိန်ရေယှက်ရေ ရှိမှာ အမှန်ပါပဲ..။ ဒါက အပျော်တမ်း ကျင်းပတာ မဟုတ်ဘူးဆိုရင်ပေါ့...

ခနအကြာမှာတော့ ဆန်နီ ဟာ ကျောချမ်းသွားခဲ့သလို ခံစားလိုက်ရတယ်..။သူ ခေါင်းကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရပါတယ်..။

ဝိုင်နီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်က သူတို့ဆီကို လျှောက်လာနေခဲ့တာပါ..။ သူမက ကျက်သရေရှိပြီး ထည်ဝါလှပကာ၊ ပြည့်ဖြိုးတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ နီရဲနေတဲ့ နှုတ်ခမ်းတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။သို့ပေမဲ့ သူမရဲ့ အထင်ရှားဆုံး အစိတ်အပိုင်းကတော့ သူမရဲ့ အသားအရေပါပဲ..။ဒါက မုန်တိုင်းထန်နေတဲ့ တိမ်တိုက်တွေလို မီးခိုးရောင် ဖြစ်နေပြီး..ပိုးသားလေးလို ချောမွေ့ကာ အပြစ်အနာအဆာ တစ်ခုမှ မရှိခဲ့ပါဘူး။

အမျိုးသမီး ပြုံးလိုက်တဲ့အချိန်မှာတော့ ပြီးပြည့်စုံအောင် ညီညာပြီး ဖြူစင်နေတဲ့ သွားတွေကို မြင်တွေ့လိုက်ရတယ်..။

“လေဒီ နစ်ဖီ..။ နင်နဲ့ ပြန်တွေ့ရတာ တကယ် ဝမ်းသာပါတယ်..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူမကို ကြည့်ပြီး ခနလောက် တွေဝေသွားခဲ့တယ်..။

ယင်းနောက် သူမက ပြန်ပြောလိုက်ပါတယ်..။

“ဆိုင်ရှန်..။ ငါလည်း... နင်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်..”

အပိုင်း ( ၈၀၂ ) ပြီး၏။

အပိုင်း ( ၈၀၃ ) ရင်းနှီးသော သတိပေးချက်

ရဲတိုက် အရှင်သခင် ဂန်လောင် ရဲ့ နောက်လိုက်ဟောင်း တစ်ယောက်ဖြစ်ပြီး၊ အစေခံမိန်းကလေးတွေရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဆိုင်ရှန် ဟာ တည်ငြိမ်တဲ့ အပြုံးတစ်ခုနဲ့ သူတို့ရှေ့မှာ ရပ်နေခဲ့ပါတယ်..။မေ့ပျောက်ကုန်းမြေ ကနေ ဝရုန်းသုန်းကား လွတ်မြောက်လာခဲ့ပြီးနောက်မှာ ဆန်နီ သူမကို တစ်ခါမှ မတွေ့ဖြစ်တော့ပါဘူး..။ အဲဒီတုန်းက သူမက အိပ်စက်သူ စစ်တပ် ရဲ့ ဒုတိယမြောက် ခံစစ်တံတိုင်းကို ဦးဆောင်ပြီး ရန်သူတွေကို တားဆီးပေးခဲ့တာပါ..။

မာစတာ တစ်ယောက် ဖြစ်လာတာကြောင့် သူမရဲ့ တည်ရှိမူက သူ့အပေါ် သက်ရောက်မှု သိပ်မရှိတော့ဘူးလို့ သူ ထင်ထားခဲ့ပေမဲ့.. အမှန်တော့ အဲ့ဒီလို မဟုတ်ခဲ့ပေ..။ သူမရဲ့ ထူးခြားတဲ့ အလှတရား၊ ဆန်းကျယ်တဲ့ ရုပ်ရည်နဲ့ ဆိုင်ရှန် ကို ဝန်းရံထားတဲ့ အရှိန်အဝါတွေက အရင်အတိုင်းဆွဲဆောင်မှု ရှိနေဆဲပါပဲ..။ သူမရဲ့ တကယ့်သရုပ်မှန်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲဆိုတဲ့ အသိကလည်း သူ့ကို မတည်ငြိမ်နိုင်အောင် ဖြစ်နေစေခဲ့ပါတယ်။

ဒါတောင် အရေးကြီးဆုံး အချက်ကို မပြောရသေးပေ...

ဆိုင်ရှန် ဟာ ကြီးမြတ်တဲ့ ဆောင် ကလန်ရဲ့ အုပ်ချုပ်သူ ဖြစ်ပြီး..အုပ်စိုးသူ သုံးယောက်ထဲက တစ်ဦးဖြစ်တဲ့ ကီဆောင် ရဲ့ မွေးစားသမီးတွေထဲက တစ်ယောက်ပါပဲ..။

သူမရဲ့ နောက်ခံအကြောင်းကို ပိုသိလာလေလေ ဆန်နီ အနေနဲ့ ဒီလှပတဲ့ အမျိုးသမီးကို ပိုပြီး အာရုံစိုက်မိလေပါပဲ..။

‘သူမက ဒီငရဲမှာ ဘာလာလုပ်နေတာလဲ..’

အဲ့အချိန်မှတော့ ဆိုင်ရှန် က အဖွဲ့ဝင်တွေကို ကြည့်ပြီး စစ်မှန်ပုံရတဲ့ အပြုံးတစ်ခုနဲ့ ပြောလာခဲ့တယ်..။

“အသီနာ၊ ကိုင်၊ ကတ်စီယာ... ဆန်းလပ်စ်။ နင်တို့အားလုံး အဆင်ပြေနေတာ မြင်ရတာ ဝမ်းသာပါတယ်..”

အယ်ဖီ သူမကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပုခုံးတွန့်လိုက်တယ်..။

“ငါတို့လည်း အတူတူပါပဲ..။ နင်နဲ့ နင့်ရဲ့ မိန်းကလေးတွေရော ဘယ်လိုလဲ..”

မေ့ပျောက်ကုန်းမြေ ကနေ ပြန်လာပြီးတဲ့နောက်၊ အိပ်စက်သူ စစ်တပ် ရဲ့ အဖွဲ့ဝင် တစ်ဝက်လောက်က ကတ်စီ နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး မီးစောင့်ရှောက်သူတွေ လို့ လူသိများလာခဲ့ကြပါတယ်..။ ကျန်တဲ့ လူ​တွေထဲက အများစုကတော့ ဆန်နီ နဲ့ အီကို တို့လို လွတ်လပ်စွာ နေတာမျိုး ဒါမှမဟုတ် အမွေအနှစ် ကလန် တွေ

ထဲကို ဝင်ရောက်တာမျိုး တွေကို ရွေးချယ်ခဲ့ကြပါတယ်..။ သို့ပေမဲ့ အသက်ရှင်ကျန်ရစ်တဲ့ အစေခံမိန်းကလေးတွေ အားလုံးကတော့ ဆိုင်ရှန် နောက်ကို လိုက်ပြီး ကီဆောင် ဆီကို ပြန်သွားခဲ့ကြပါတယ်..။

ဒီလိုနဲ့ပဲ ကြီးမြတ်တဲ့ ဆောင် ကလန်ဟာ ပျောက်ဆုံးနေတဲ့ သမီးတော်ကို ပြန်ရရုံတင်မကဘဲ အလားအလာကောင်းတဲ့ လူသစ် တစ်ဒါဇင်လောက်ရဲ့ အကြွင်းမဲ့ သစ္စာစောင့်သိမှုကိုလည်း ရရှိသွားခဲ့ပါသေးတယ်။

သေချာစဉ်းစားကြည့်ရင်တော့ ဒီအချက်က

ဗာလာ ကလန်အနေနဲ့ မီးစောင့်ရှောက်သူတွေ ရဲ့ သစ္စာစောင့်သိမှုကို လိုချင်နေရသလဲဆိုတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်..။

ထူးချွန်ပြီး တိုက်ပွဲပေါင်းစုံမှာ ကျင်လည်ခဲ့တဲ့ နိုးထသူ အုပ်စုတစ်စုဟာ ကြီးမြတ်တဲ့ ကလန် နှစ်ခုကြားက အင်အားချိန်ခွင်လျှာကို ချက်ချင်းကြီးတော့ မပြောင်းလဲနိုင်ပါဘူး..။သို့ပေမယ့်နောက်ထပ် နှစ်အနည်းငယ်ကြာလို့ အိပ်စက်သူ စစ်တပ်ရဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ မာစတာ တွေ ဒါမှမဟုတ် သူတော်စင် တွေ ဖြစ်လာတဲ့အခါမှာတော့ အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်..။

ဆိုင်ရှန် က တည်ငြိမ်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်..။

“ငါတို့ အဆင်ပြေကြပါတယ်..။ ငါ့ရဲ့ ကလန်က ငါတို့ကို နွေးနွေးထွေးထွေးနဲ့ လက်ခံခဲ့တယ်..။ ငါ့ရဲ့ ညီမတွေနဲ့ ပြန်ဆုံပြီးတဲ့နောက်မှာ ငါ့ရဲ့ ထူးခြားတဲ့ အသိပညာတွေနဲ့ အတွေ့အကြုံတွေကြောင့် ဆောင် မိသားစုအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်..။ မေ့ပျောက်ကုန်းမြေ ပေါ်မှာ ငါကုန်ဆုံးခဲ့တဲ့ အချိန်တွေက အလကား မဖြစ်ခဲ့ဘူးလေ..”

သူမဟာ အဲဒီ ငရဲခန်းထဲမှာ သူတို့အားလုံးထက် ပိုပြီး ကြာကြာ ပိတ်မိနေခဲ့တာပါ..။အမှန်တော့ဆိုင်ရှန် အမှောင်မြို့တော် ထဲမှာ ဘယ်နှစ်နှစ်လောက် နေခဲ့ရလဲဆိုတာ ဆန်နီ အတိအကျ မသိပေမဲ့ ကိုးနှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်တောင် ဖြစ်နိုင်ပါတယ်..။

ဒီလောက် အချိန်အကြာကြီး အသက်ရှင်နိုင်ပြီး အာဏာကို ဆုပ်ကိုင်ထားနိုင်တာကိုကြည့်ရင်

ကီဆောင် ရဲ့ သမီးတော်က ဘယ်လောက်တောင် အစွမ်းထက်ပြီး ကြောက်ဖို့ကောင်းသလဲဆိုတာကို ဖော်ပြနေတာပါပဲ...။အထူးသဖြင့် နောက်ဆုံးမှာတော့ အရင်လူဟောင်းတွေထဲမှာ သူမတစ်ယောက်ထဲပဲ လွတ်မြောက်နိုင်ခဲ့တာပါ။

ကြီးမြတ်တဲ့ ကလန်က သူမကို ပြန်ရဖို့ အတွက် စိတ်အားထက်သန်နေတာက အံ့သြစရာ မရှိတော့ပါဘူး..။

ဆိုင်ရှန် က သူတို့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

“ဒါပေမဲ့ ငါတို့ကတော့ နင်တို့ ငါးယောက်လောက် အောင်မြင်မှု မရသေးပါဘူး..။ နိုးထသူ ဖြစ်ပြီး မကြာခင်မှာပဲ တက်ရောက်သူ အဆင့်ကို ရောက်ရှိသွားတာက သာမန်ကိစ္စ မဟုတ်ဘူးလေ..။ငါ ..နင်တို့ကို လေးစားပါတယ်..”

သူမရဲ့ အပြုံးက အနည်းငယ် မှေးမှိန်သွားခဲ့ပြီး..

“...တကယ်တော့ ငါလည်း နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ဒုတိယ အိပ်မက်ဆိုး ကို စိန်ခေါ်ဖို့အတွက် သွားတော့မှာ..။ ဒီ ကပွဲက အဲ့ဒီမတိုင်ခင် အပြင်လောကရဲ့ အံ့သြစရာတွေကို ခံစားခွင့်ရမယ့် နောက်ဆုံးအခွင့်အရေးပဲလေ..”

သူမက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရင်း သက်ပြင်းချလိုက်တယ်..။

‘ဒီတော့... သူမလည်း မာစတာ တစ်ယောက် အမြန်ဖြစ်လာချင်နေတာပေါ့..’

ဆန်နီ က မီးခိုးရောင် အသားအရေနဲ့ မိန်းမလှလေးကို အနည်းငယ် စိုးရိမ်စွာ စိုက်ကြည့်နေမိတယ်..။ ဆိုင်ရှန် က နိုးထသူ အဆင့်နဲ့တင် အတော်လေး ကြောက်ဖို့ကောင်းနေပါပြီ..။ သူမသာ တက်ရောက်သူ ဖြစ်သွားရင် ဘယ်လောက်တောင် အစွမ်းထက်လာမလဲ..။

ကိုင် က အစေခံမိန်းကလေးတွေရဲ့ ခေါင်းဆောင်ဟောင်းကို အားပေးတဲ့ အပြုံးလေး ပြလိုက်တယ်..။

“နင်နဲ့ နင့်ရဲ့ အဖွဲ့ဝင်တွေ အဆင်ပြေမယ်လို့ ငါ ယုံကြည်ပါတယ်..။ ဒုတိယ အိပ်မက်ဆိုး က ကြောက်စရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပေမဲ့ မေ့ပျောက်ကုန်းမြေ ကနေ အသက်ရှင်ကျန်ရစ်တဲ့သူတွေက တခြားသူတွေထက် အဲဒီ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ ပိုပြီး သင့်တော်ပါတယ်..။ နင် အောင်မြင်မှာပါ..”

ဆိုင်ရှန် မဖြေနိုင်ခင်မှာပဲ နစ်ဖီ က နောက်ဆုံးမှာ စကားပြောလာခဲ့တယ်..။ သူမက ကီဆောင် ရဲ့ သမီးတော်ကို ခံစားချက်မရှိစွာ ကြည့်ရင်း ပုံမှန် လေသံနဲ့ ပြောလိုက်ပါတယ်..။

“.. နင့်ကို ဒီမှာ တွေ့ရတာကို အံ့ဩမိတာကိုတော့ ဝန်ခံရမယ်.."

ဆိုင်ရှန် ခနလောက် တွေဝေသွားခဲ့တယ်..။

“အိုး...ဆောင် နဲ့ ဗာလာ ကြားက အဆင်မပြေမှုတွေအကြောင်းကို နင်လည်း ကြားထားမှာပေါ့..။ အဲဒါကို သိပ်ပြီး ဂရုမစိုက်ပါနဲ့..လေဒီ နစ်ဖီ..။ ငါတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့ အများရှေ့မှာတော့ ညီညွတ်တဲ့ ပုံစံမျိုး ပြသဖို့က အရေးကြီးနေတုန်းပဲလေ..။ ငါကတော့ အပေါ်ယံ အခြေအနေကို ထိန်းသိမ်းထားဖို့ အတွက် ဒီကို ရောက်နေခဲ့တာပဲ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခနလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်..။

“ငါ နားလည်ပြီ... နင်က ဒီကို သတင်းစကား

ပေးဖို့ ရောက်လာတာပေါ့..။ ဒါပေမဲ့ ဆောင် ကလန်မှာ စီနီယာတွေ အများကြီး ရှိနေတာတောင် ဘာလို့ နင်လို ဂျူနီယာ အဖွဲ့ဝင် တစ်ယောက်ကို ရွေးချယ်လိုက်တာလဲ ဆိုတာက စိတ်ဝင်စားစရာပဲ..။ ဒီလို ရွေးချယ်မှုက ဘယ်လို သတင်းစကားမျိုး ပေးချင်တာလဲဆိုတာ တကယ်သိချင်မိတယ်.."

ဆိုင်ရှန် ရဲ့ အပြုံးက အနည်းငယ် ပိုကြီးမားလာခဲ့တယ်..။

“ကောင်းပြီလေ... လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ဖို့က ငါလုပ်ရမယ့်အရာ မဟုတ်ပါဘူး..။ ဘာပဲဖြစ်ဖြစ် နင်တို့ အားလုံးကို ပြန်တွေ့ရတာ ငါ တကယ် ဝမ်းသာပါတယ်..။ ငါတို့က တကယ့် သူငယ်ချင်းတွေ မဖြစ်ခဲ့ဖူးပေမဲ့ နင် က ငါနဲ့ ငါ့လူတွေအတွက် လုပ်ပေးခဲ့တာတွေ ၊ ငါတို့ အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေ ကိုတော့ ငါ တန်ဖိုးထားပါတယ်..”

သူမရဲ့ ပုလဲလုံးတွေလို သွားလေးတွေက ခမ်းနားတဲ့ မီးဆိုင်းကြီးတွေရဲ့ အလင်းရောင်အောက်မှာ တောက်ပနေခဲ့တယ်။ဒါက ရုတ်တရက် ပိုပြီး လင်းလက်လာသလိုတောင် ထင်မှတ်ရပါတယ်..။

“ငါတို့ရဲ့ ပတ်သက်မှုကို တစ်နေ့မှာ ပိုပြီး ခိုင်မာအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်..။ ဒါပေါ့... ဒါက တကယ့် ခင်မင်မှုအဖြစ် ပြောင်းလဲမလားဆိုတာကတော့ ငါတို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာပဲ မူတည်နေတယ်လေ..”

ဆန်နီ သက်ပြင်းချလိုက်တယ်..။

‘ဟင်း...’

ဆိုင်ရှန် က သူတို့ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်တယ်..။ ထူးဆန်းစွာပဲ သူမရဲ့ အကြည့်က ဆန်နီ အပေါ်မှာ အနည်းငယ် ပိုကြာသွားခဲ့ပါတယ်..။ ယင်းနောက် သူမက ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ခန်းမထဲက တခြား ဧည့်သည်တွေဆီကို လှည့်ထွက်သွားခဲ့ပါတယ်..။

‘ဒီ​တော့..ဒီအတွကိကြောင့်ပေါ့.."

သူမရဲ့ ဆိုလိုရင်းက ရှင်းလင်းနေတာထက်တောင် ပိုပါတယ်..။ ဆောင် ကလန်က ဗာလာ နဲ့ လုပ်နေတဲ့ ဆွေးနွေးမှုတွေကို ဖျက်ဆီးဖို့အထိ မလုပ်ဆောင်ပေမဲ့၊ အဖွဲ့ဝင်တွေနဲ့ မီးစောင့်ရှောက်သူတွေ ကို သူတို့ဘက်ပါအောင် ဆွဲဆောင်ဖို့ ကြိုးစားနေတာပါ..။

ဒါပေမဲ့ သူတို့က သတိပေးချက်တစ်ခုတော့ ထုတ်ပြလိုက်ပါတယ်...။အဲတာကတော့..မင်းတို့အတွက် ဘယ်အရာက ကောင်းမွန်လဲဆိုတာကို သိရင်..မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ဆိုတာပါပဲ..။

ငါတို့ရဲ့ ပြိုင်ဘက်တွေနဲ့ ဝေးဝေးနေပါ... မဟုတ်ရင်တော့...

ဒီ ခြိမ်းခြောက်မှုက အလွန်လှပတဲ့ အကာအကွယ်တစ်ခုအောက်မှာ ဖုံးကွယ်ထားတယ် ဆိုပေမဲ့..ဆိုလိုရင်းကတော့ အတော်လေးရှင်းလင်းနေဆဲပါပဲ..။

အဝေးကို လျောက်သွားတဲ့ ဆိုင်ရှန် ရဲ့ ကျောပြင်ကို ကြည့်ရင်း ဆန်နီ ခေါင်းခါလိုက်မိတယ်..။

‘ငါ ဘယ်လိုလုပ်ပြီး ဒီ... နိုင်ငံရေး အရှုပ်ထုပ်တွေထဲကို ရောက်သွားရတာလဲ..။ဒီထဲမှာ ငါပါ ပါသွားပြီ..ဟုတ်တယ်မလား..။ချီးပဲ...ဘာလို့

လူတစ်ယောက်က ကမ္ဘာပေါ်က လူတွေ အားလုံးထက် သန်မာပြီး ၊အေးအေးဆေးဆေး နဲ့ မချမ်းသာလာနိုင်ရတာလဲ...'

အပိုင်း ( ၈၀၃ ) ပြီး၏။

အပိုင်း ( ၈၀၄ ) တိတ်ဆိတ်နေသော ဓားသွား

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ခန်းမကြီးထဲက အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်..။ စကားပြောသံတွေ တိတ်ဆိတ်သွားပြီး ဧည့်သည်တော် အများအပြားဟာ နေရာတစ်ခုဆီကို လှည့်ကြည့်လိုက်ကြပါတယ်..။ ဆန်နီ ကြည့်နေတုန်းမှာပဲ သူတို့အပေါ်က ကျယ်ဝန်းတဲ့ လေသာဆောင် တစ်ခုပေါ်မှာ အရပ်ရှည်ရှည် လူတစ်ယောက် ပေါ်လာခဲ့တယ်..။

ဒီလူက သန်မာပြီး တည်ကြည်တဲ့ ပုံစံရှိကာ ထက်မြက်တဲ့ မျက်နှာနဲ့ စူးရှအေးစက်တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားပါတယ်..။ သူ့ရဲ့ နားထင်နားမှာတော့ အနက်ရောင် ဆံပင်တွေနဲ့အတူ ငွေရောင် ဆံပင်အချို့ ရောနှောနေခဲ့တယ်..။ သူက အနက်ရောင် ပိုးချည်ဝတ်ရုံကို ဝတ်ဆင်ထားပေမဲ့ မဖောက်ထွင်းနိုင်တဲ့ သံချပ်ကာဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသလို ဖြစ်နေခဲ့တယ်..။ သူရဲ့ ဝတ်ရုံက မမြင်ရတဲ့ လေညှင်းတွေ တိုက်ခတ်နေတဲ့အလား လှုပ်ခတ်နေခဲ့ပါတယ်။

ဒီလူ ပေါ်လာတာနဲ့ ခန်းမတစ်ခုလုံးမှာ သိသာထင်ရှားတဲ့ ဖိအားတစ်ခု သက်ရောက်လာတာကို ဆန်နီ ခံစားလိုက်ရတယ်..။ ဒီဂုဏ်သရေရှိတဲ့ လူစိမ်း ဆီကနေ စွမ်းအားနဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းတွေကြောင့် သူ့ကို မလေးစားပဲ မနေနိုင်လောက်အောင်ပါပဲ..။ဒီလူက သံသယဖြစ်စရာမလိုဘဲ သူတော်စင် တစ်ယောက်ပါ..။

ပိုပြီး ထူးခြားတာကတော့ ဒီလူရဲ့ ရုပ်ရည်ဟာ မော်ဒရက် ၊ မော်ဂန် တို့နဲ့ အနည်းငယ် ဆင်တူနေတာပါပဲ..။ရုတ်တရက် ဆန်နီ ဟာ ဗာလာ ရဲ့

အန်ဗီ ကိုယ်တိုင်ကို မြင်နေရတာလားလို့တောင် ထင်မိလိုက်တယ်..။ ဒါပေမဲ့ မဟုတ်ပါဘူး..။ မိသားစုထဲမှာ ရုပ်ချင်းဆင်တာမျိုး ရှိပေမဲ့ ခွဲခြားလို့ မရနိုင်လောက်အောင်တော့ မဟုတ်ပါဘူး..။ ဒဏ္ဍာရီလာ အုပ်စိုးသူတွေဟာ န်ိုးထခြင်း ကမ္ဘာကို လွယ်လွယ်ကူကူ ဝင်ရောက်ဖို့ မဖြစ်နိုင်သလို လူအများရှေ့မှာ ပေါ်ပေါ်ထင်ထင် ရောက်လာဖို့ဆိုတာက ပိုတောင် မဖြစ်နိုင်ပါသေးတယ်..။

ဒါက အရိပ်ထဲမှာပဲ နေထိုင်ကြတဲ့ အုပ်စိုးသူတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါမှာပါ..။

‘ဒါက... ဗာလာကလန် ရဲ့ သူတော်စင် မာဒေါ့ ပဲ ဖြစ်ရမယ်..။တိတ်တဆိတ် ဓားသွား လို့လည်း လူသိများကြတယ်..’

သူတော်စင် မာဒေါ့ ဟာ အန်ဗီ ရဲ့ ဝမ်းကွဲ ညီအစ်ကို တစ်ယောက်ဖြစ်ပြီး ကြီးမြတ်တဲ့ ဗာလာ ကလန်ရဲ့ အမည်ခံ ခေါင်းဆောင်လည်း ဖြစ်ပါတယ်..။ ဒါပေါ့... ဘယ်သူက တကယ် အမိန့်ပေးနေတာလဲဆိုတာ သိနေတာပဲမဟုတ်​ဘူးလား..။ ဒါပေမဲ့ ဒီစွမ်းအားကြီးတဲ့ လူရဲ့ အဆင့်အတန်းက အလှပြသက်သက်တော့ မဟုတ်ပါဘူး..။တိတ်တဆိတ် ဓားသွား က ဒဏ္ဍာရီလာ စစ်သည်တော်တစ်ဦး ဖြစ်သလို လူသားမျိုးနွယ်ရဲ့ ကြောက်စရာအကောင်းဆုံး ချန်ပီယံတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်..။

ဧည့်သည်တွေ တိတ်ဆိတ်သွားတဲ့အချိန်မှာတော့ သူတော်စင် မာဒေါ့ က သူ့ရဲ့ သံမဏိရောင် မျက်လုံးတွေနဲ့ အပေါ်ကနေ ငုံ့ကြည့်ရင်း အနည်းငယ် ပြုံးလိုက်တယ်..။ ချက်ချင်းဆိုသလိုပဲ သူတို့အပေါ်က ဖိအားတွေ လျော့ပါးသွားတာကြောင့် လူအုပ်ထဲက သာမန်လူတွေဟာ သက်ပြင်းချပြီး စိတ်အေးသွားကြပါတယ်..။

မော်ဂန် ရဲ့ ဦးလေးက စကားပြောလာတဲ့အချိန်မှာ သူ့ရဲ့ ဩဇာညောင်းတဲ့ အသံဟာ ခန်းမကြီးရဲ့ ထောင့်တိုင်းဆီကို လွယ်လွယ်ကူကူ ပျံ့နှံ့သွားခဲ့တယ်..။

“လူကြီးမင်းတို့ နဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတို့..။ ကြီးမြတ်တဲ့ ဗာလာ ကလန်ရဲ့ နှစ်ပတ်လည် ကပွဲကနေ ကြိုဆိုပါတယ်..။ အားလုံးကို တစ်မိုးထဲအောက်မှာ နောက်တစ်ကြိမ် ပြန်လည် ကြိုဆိုခွင့်ရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ..။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ပါတယ်..။ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမ အချို့ကတော့... အခု ကျွန်တော်တို့နဲ့ အတူ မရှိတော့ဘူးပေါ့..”

ခန်းမတစ်ခုလုံးမှာ လေးနက်တဲ့ တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားခဲ့တယ်..။ နှစ်တိုင်းမှာ နိုးထသူ တွေ အများကြီး သေဆုံးခဲ့ကြရတယ်..။ မာစတာ တွေတောင် ဒီ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ကြပါဘူး..။ အထူးသဖြင့် ဒီနှစ်မှာတော့ လူသားမျိုးနွယ်ဟာ အတော်လေး အထိနာခဲ့ကြတာပါ။

အမှန်တကယ် ဘာဖြစ်ခဲ့လဲဆိုတာကို လူအနည်းငယ်လောက်သာ သိကြပေမဲ့ သူတော်စင်

ကောမက် ရဲ့ မရှိတော့ဘူး ဆိုတာကိုတော့ လူအတော်များများ ခံစားမိကြပါတယ်..။ အထွတ်အထိပ်အဆင့် တွေက အတော်လေး ရှားပါးတာကြောင့် သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားတာတောင် တစ်ကမ္ဘာလုံးအနှံ့ ရိုက်ခတ်မှုတွေ ရှိနိုင်တာပါ..။

ဧည့်သည်တွေ စိတ်မကောင်းဖြစ်နေတုန်းမှာပဲ တိတ်တဆိတ် ဓားသွား ရဲ့ အပြုံးက ရုတ်တရက် ကျယ်ပြန့်လာပြီး လေးလံနေတဲ့ အငွေ့အသက်တွေကို ဖယ်ရှားလိုက်ပါတယ်..။

“...ဒီလိုတွေ ဖြစ်ခဲ့ပေမဲ့လည်း အခု အားလုံးထဲမှာ မျက်နှာသစ်တွေကို တွေ့ရတာ ဝမ်းသာစရာပါပဲ..။ လူသားမျိုးနွယ်ဟာ နောက်ထပ်တစ်ကြိမ် ပိုပြီး သန်မာလာခဲ့ပြန်ပါပြီ..။တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ မီးရှူးတိုင်ကို ဆက်လက်သယ်ဆောင်ဖို့ သူရဲကောင်းအသစ်တွေ ပေါ်ထွက်လာခဲ့ပါပြီ..။ ဒီလို ချန်ပီယံတွေ ရှိနေသရွေ့ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ဘာကိုမှ ကြောက်နေစရာ မလိုပါဘူး..။ဘယ်လို အခက်အခဲတွေပဲ ရှိရှိ ကျွန်တော်တို့ ကြံ့ကြံ့ခံနေဦးမှာပါ..။ ထပ်ပြောရရင်... ကျွန်တော်တို့က ပိုပြီး မြင့်မားလာကြဦမှာပါ..။ ဘယ်အရာကမှ ကျွန်တော်တို့ရဲ့ တိုးတက်မှုကို မတားဆီးနိုင်ပါဘူး..”

သူက ဧည့်သည်တွေကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်..။

“ကောင်းပြီလေ... ကျွန်တော့်ကို သိတဲ့သူတွေကတော့ ကျွန်တော် စကားတွေ အရှည်ကြီး

မပြောတတ်ဘူးဆိုတာ သိကြမှာပါ..။ အမှန်အတိုင်း ပြောရရင်... ဒီမိန့်ခွန်းပြောဆိုမူကိုလည်း ကျွန်တော့်ထက် အများကြီး စကားပြော ကောင်းပြီး ဥာဏ်အမျှော်အမြင် ရှိတဲ့ ကျွန်တော့်ရဲ့ ချစ် ဇနီးက ရေးပေးထားတာပါ..။သူမရဲ့ ချောမောလှပမူကိုတော့ ထည့် မပြောတော့ပါဘူး.."

လူအုပ်ထဲကနေ ယဉ်ကျေးပျူငှာတဲ့ ရယ်မောသံတွေ ထွက်ပေါ်လာခဲ့တယ်..။ သူတော်စင်

မာဒေါ့ က နောက်ထပ်တစ်ကြိမ် ပြုံးပြလိုက်ပါတယ်..။

“ဒီနေ့က ဝမ်းနည်းရမယ့် နေ့မဟုတ်ပါဘူး..။ ဒီနေ့က ပျော်ရွှင်ရမယ့် နေ့ပါ..။ ဒါကြောင့်... ကပွဲကို အခုပဲ စတင်လိုက်ကြရအောင်.."

သူ ဒီလို ပြောလိုက်တာနဲ့ ခန်းမအလယ်က နေရာလွတ်တွေကို ဖယ်ရှားလိုက်ကြပြီး ဂီတပညာရှင်တွေက စိတ်လှုပ်ရှားစရာကောင်းတဲ့ သံစဥ်တွေကို စတင်တီးခတ်လိုက်ကြပါတယ်..။ တိတ်တဆိတ် ဓားသွား ကတော့ လှပပြီး ရင့်ကျက်တဲ့ အမျိုးသမီးတစ်ဦးနဲ့အတူ ပထမဆုံး ကခုန်မူ ကို ကိုယ်တိုင် စတင်လိုက်တယ်..။ သူတို့နှစ်ယောက်လုံးရဲ့ ကျက်သရေရှိပြီး သေသပ်လှပတဲ့ လှုပ်ရှားမှုတွေက ကြည့်ရတာ ရင်သပ်ရှုမောစရာ ကောင်းလှပါတယ်..။

မကြာခင်မှာပဲ တခြားလူတွေပါ သူတို့နဲ့အတူ ပူးပေါင်းလာခဲ့ကြတယ်..။

ဆန်နီ ဟာ ကပွဲကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့ပါတယ်..။ ဒီကပွဲကနေ သူ ဘာကို မျှော်လင့်ရမလဲဆိုတာ မသိခဲ့ပေမဲ့ အခုတော့ သူ စိတ်သက်သာရာ ရသွားခဲ့တယ်..။ ဒါက လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က နိုက်ကလပ်မှာ သူ မြင်ခဲ့ရတဲ့ အနေရခက်ပြီး ရယ်စရာကောင်းတဲ့ မြင်ကွင်းမျိုးနဲ့ လုံးဝ မတူပါဘူး..။

ကပွဲမှာ ကနေတဲ့သူတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေမှာ ပိုပြီး ရည်ရွယ်ချက်ရှိကာ အသေးစိတ်ကျနေခဲ့ကြတယ်..။ ကပွဲရဲ့ စည်းချက်ကို မပျက်စီးစေဖို့ အဖော်နှစ်ယောက်လုံးက တစ်ဦးနဲ့တစ်ဦး ဟန်ချက်ညီညီ လှုပ်ရှားရသလို ဂီတသံစဉ်နောက်ကိုလည်း အံ့သြစရာကောင်းတဲ့ ကျွမ်းကျင်မှုတွေနဲ့ လိုက်ပါနေကြတာပါ..။ သူတို့ရဲ့ ခြေလှမ်းတွေရဲ့ ကျက်သရေရှိမှု၊ ခမ်းနားတဲ့ ဝတ်စုံတွေ၊ နိုးထသူ တွေကြားမှာ တွေ့ရလေ့ရှိတဲ့ ထင်ရှားတဲ့ ရုပ်ရည်အလှအပတွေနဲ့ ခန်းမကြီးရဲ့ ဇိမ်ခံအပြင်အဆင်တွေ... ဒါတွေအားလုံးက ကပွဲကို တကယ်ကို တောက်ပနေစေခဲ့ပါတယ်..။

သူက အရိပ်ကခုန်ခြင်း ကို ရင်းနှီးနေတာကြောင့်လည်း ဒီအခမ်းအနားကို သဘောကျမိတာ ဖြစ်ပါတယ်..။ ဒါပေါ့... သူ့ရဲ့ တိုက်ခိုက်ရေးစတိုင်က တကယ့် ကခုန်ခြင်းမျိုးတော့ မဟုတ်ပါဘူး..။ သို့ပေမဲ့ ဒီကနေ ဆင်းသက်လာတာပါ..။ အမှန်တော့ တိုက်ခိုက်ရေးစတိုင် တိုင်းက ကခုန်ခြင်းနဲ့ တူညီတဲ့ အချက်တွေ ရှိပါတယ်..။ဘာလို့လဲဆိုတော့ နှစ်ခုလုံးက လှုပ်ရှားမှု၊ ဟန်ချက်ညီမှု၊ ဖျတ်လတ်မှုနဲ့ စည်းချက်တွေအပေါ်မှာ အခြေခံထားကြလို့ပါပဲ..။

ဒါကြောင့် ဆန်နီ ဟာ ဘယ်လိုကရမလဲ ဆ်ိုတာတစ်ခါမှ မသင်ယူခဲ့ဖူးပေမယ့် ကျွမ်းကျင်တဲ့သူတွေကို ကြည့်ရုံနဲ့တင် အခြေခံတွေကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့တယ်..။ သူသာ ဆန္ဒရှိမယ်ဆိုရင် ကပွဲမှာတောင် ဝင်ကနိုင်ပါသေးတယ်..။

ဒါပေါ့... သူ ဒီီလို မလုပ်ခဲ့ပါဘူး..။

အမျိုးသားတွေက အမျိုးသမီးတွေကို ကပွဲမှာ ကဖို့ ဖိတ်ခေါ်တာက ထုံးစံတစ်ခု ဖြစ်နေတာကို ဆန်နီ သတိထားမိလိုက်တယ်..။ သူ ကြည့်နေတုန်းမှာပဲ ခန့်ညားထည်ဝါတဲ့ ဧည့်သည် အများအပြားက သူတို့ရဲ့ လှပတဲ့ အဖော်တွေကို လက်ကမ်းဖိတ်ခေါ်ပြီး ခန်းမအလယ်ကို ခေါ်ဆောင်သွားကြတာကို တွေ့လိုက်ရပါတယ်..။

စူးရှတဲ့ အကြည့်အတော်များများက နစ်ဖီ ဆီကို ကျရောက်လာခဲ့ပေမဲ့ သူမရဲ့ အေးစက်ပြီး ချည်းကပ်ရခက်ခဲတဲ့ အမူအရာကြောင့် ပြန်လည် ငြိမ်သက် သွားကြပါတယ်..။ ကံကောင်းတာလား..ဆိုးတာလား မသိပေမယ့် ကျန်တဲ့ အဖွဲ့ဝင်တွေဟာလည်း သူမကို ဝန်းရံထားတဲ့ တိတ်ဆိတ်မှုရဲ့ အရှိန်အဝါထဲမှာ ပါဝင်နေတာကြောင့် ဘယ်သူမှ သူတို့ဆီကို မရောက်လာခဲ့ကြပါဘူး..။

ခနအကြာမှာတော့ ကိုင် က ကတ်စီ ကို ကပွဲမှာ ကဖို့ ဖိတ်ခေါ်လိုက်တယ်..။အယ်ဖီ ကတော့ အရသာရှိတဲ့ အစားအစာတွေ အပြည့် တင်ထားတာကြောင့် ပြိုကျလုနီးပါး ဖြစ်နေတဲ့ စားပွဲတွေရှိရာဘက်ကို လျှောက်သွားခဲ့ပါတယ်..။

အဲအချိန်မှာတော့ ဆန်နီ တကယ် ပျင်းနေခဲ့ပါပြီ..။

‘ချီးပဲ... ငါတို့ ဘယ်လောက်အထိ ထပ်စောင့်နေရဦးမှာလဲ..။ ဒီဆွေးနွေးပွဲတွေက စတော့မှာလား..ဘာလား..’

နောက်ဆုံးမှာတော့ သူက နစ်ဖီ ကို တစ်ချက်ကြည့်လိုက်ပြီး သူမကို ထားခဲ့ကာ အိမ်သာရှာဖို့ ထွက်လာခဲ့လိုက်တယ်..။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ သူကမှန်ရှေ့မှာ လက်ဆေးနေခဲ့ပါတယ်..။ မှန်ထဲက သူ့ရဲ့ ဖြူဖျော့နေတဲ့ ပုံရိပ်ယောင်ကို ကြည့်ရင်း ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။

“မင်း ဒီမှာ ရှိနေတာ ငါ သိတယ်..။ ပုန်းမနေနဲ့တော့..”

စက္ကန့်အနည်းငယ်လောက် ကြာအောင် ဘာမှ ဖြစ်မလာခဲ့ပေ..။

...ယင်းနောက် မှန်ထဲက သူ့ရဲ့ ပုံရိပ်က ရုတ်တရက် သဘောကျတဲ့ အပြုံးတစ်ခုနဲ့ သူ့ကိုပြုံးပြလာခဲ့ပါတယ်။

“အိုး... မင်း ဘယ်လို သိသွားတာလဲ..”

အပိုင်း ( ၈၀၄ ) ပြီး၏။

All Chapters