← Chapters

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အပိုင်း ( ၈၀၅ ) မှန်တစ်ချပ်နှင့် စကားပြောခြင်း

သူ့ရဲ့ ပုံရိပ်ယောင်က ရုတ်တရက် စကားပြောလာခဲ့တာကြောင့် ဆန်နီ ဟာ တုန်လှုပ်သွားခဲ့ပြီး နောက်ကို ခုန်ဆုတ်လိုက်မိတယ်..။ သူ့မျက်နှာပေါ်မှာတော့ ထိတ်လန့်နေတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။

သူက မှန်ကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီးမှ ကျိန်ဆဲလိုက်ကာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေခဲ့တယ်..။ နောက်ဆုံးမှာတော့ ဆန်နီ က အံကိုကြိတ်လိုက်ပြီး..

“ငါ မသိဘူးလေ..။တစ်ခုခု ဖြစ်လာမလားဆိုပြီး မှန်တွေကို စကားပြောနေတတ်တာက ငါ့ရဲ့ အကျင့်တစ်ခုလိုဖြစ်နေပြီ..။ ဒီတစ်ကြိမ်မှာ မင်း တကယ် ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.."

စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလောက်အောင်ပဲ ဆန်နီရဲ့ မျက်နှာကို ယူထားတဲ့ မော်ဒရက် က အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ ရယ်မောလိုက်တယ်..။

“ဒီတော့ ရမ်းတုတ်လိုက်တာပေါ့..။ဘုရားသခင်တို့... ငါ ဒီလှည့်ကွက်ထဲမှာ မိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..”

ဆန်နီ့ ရဲ့ ပုံရိပ်ယောင်က ခေါင်းခါယမ်းလိုက်ပါတယ်..။

...ဆန်နီ ကိုယ်တိုင်ကတော့ သူ့ရဲ့ ပုံရိပ်ကို

ဘာမှမရှိတဲ့ မင်းသား က အသုံးပြုနေတာကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရပါတယ်..။ သူက အသက်ကို ဝအောင် ရှူလိုက်ပြီးမှ တီးတိုးပြောလိုက်တယ်..။

“မင်း ဒီမှာ ဘာလာလုပ်နေတာလဲ..။မင်း အသိစိတ်လွတ်သွားတာလား..။ဒါက ဗာလာ ကလန် ရဲ့ ခံတပ်နော်..."

မော်ဒရက် က ပုခုံးတွန့်လိုက်ပြီး..

“ဘာလို့လဲ..။ ငါ့ ကလန် က ကျင်းပတဲ့ ကပွဲကို ငါ လာလို့ မရဘူးလား..”

ဆန်နီ ဟာ သူ့မျက်နှာကို လက်နဲ့ ပွတ်သပ်ချင်တဲ့ စိတ်ကို မနည်း ထိန်းထားလိုက်ရတယ်..။

“မင်း အသက်ရှင်ချင်သေးရင်တော့ မလာသင့်ဘူးလေ.."

ဒါပေမဲ့... မော်ဒရက် အသက်ရှင်တာ၊ သေတာကို သူက ဘာလို့ ဂရုစိုက်နေရမှာလဲ..။ တကယ်တော့ ဒီပြသနာကောင်ကို သူ့ရဲ့ အစွမ်းထက်တဲ့ မိသားစုက ဖမ်းမိသွားပြီး ဖျက်ဆီးပစ်လိုက်တာ ဒါမှမဟုတ် ပြန်ပိတ်လှောင်လိုက်တာက အကောင်းဆုံးပဲ မဟုတ်လား..။သူတို့သာ ဖမ်းနိုင်ခဲ့ရင် ဆန်နီ အတွက် ခေါင်းကိုက်စရာ တစ်ခု လျော့သွားမှာအမှန်ပါပဲ..။

ဒါပေါ့..မော်ဒရက် သာ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို လျောက်ပြောဖို့ မဆုံးဖြတ်ခဲ့ရင်ပေါ့...

‘ချီးတဲ့မှပဲ..'

အဲ့အချိန်မှာပဲ စွန့်ပစ်ခံမင်းသား က ဂရုမစိုက်သလို လက်ဝေ့ယမ်းပြလိုက်တယ်..။

“အာ... အဲလောက်လည်း စိုးရိမ်မနေစမ်းပါနဲ့ ဆန်းလပ်စ်..။ ငါက တစ်ခုခုလုပ်ဖို့ လာတာ မဟုတ်ဘူးလေ..။ ဒီတိုင်း ကပွဲကို လာ ခိုးကြည့်ယုံလေးပါ..။ ဘယ်သူမှတောင် သတိထားမိမှာ မဟုတ်ဘူး..”

သူ့ရဲ့ ယုံကြည်မှုရှိတဲ့ အပြုံးကို ကြည့်ရသလောက်တော့ မော်ဒရက် က ဒီစကားကို အတော်လေး စိတ်ချလက်ချ ရှိနေပုံပါပဲ..။ ဒါက သူတော်စင် တွေရဲ့ အာရုံခံနိုင်စွမ်းကို တားဆီးနိုင်တဲ့ အစွမ်းထက် ကိရိယာ တစ်ခုခု သူ့မှာ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်..။ ကြီးမြတ်ပြီး အစွမ်းထက်တဲ့ ဗာလာ ကလန် က အခုထိ သူ့ကို ခြေရာမခံနိုင်ကြသေးတာက..ဒီဖြစ်နိုင်ခြေကို သက်သေပြနေတာပါပဲ..။

ဆန်နီ သာ မှန်ကို အမှတ်မထင် စမ်းပြီး မပြောခဲ့ရင် ဒီခနတာ ပေါ်လာတဲ့ ပုံရိပ်ယောင်ကို ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ပေ..။

မော်ဒရက် က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။

“သိရဲ့လား ဆန်းလပ်စ်...။မင်းက..ကြီးမြတ်တဲ့ ကလန်တွေနဲ့ ပတ်သက်မှု မရှိပါဘူးလို့ ငြင်းနေပေမယ့်..မင်းပုံစံက သူတို့နဲ့ အတော် နီးစပ်နေသလိုပဲနော်..”

ဆန်နီ ဟာ ဒေါသထွက်သွားတာကြောင့် ခနလောက် စကားမပြောနိုင် ဖြစ်သွားခဲ့တယ်..။

“ဒါ ဘယ်သူ့ကြောင့်လဲ ဖြစ်နေရတယ် ထင်လဲ ခွေးမသားလေး..။မင်းသာ ငါ့ကို ဒီအရှုပ်ထုပ်တွေထဲ ဆွဲမသွင်းခဲ့ရင်..ငါက တစ်နေရာရာမှာ ပျော်ရွှင်နေလောက်ပြီ.."

‘ကောင်းပြီလေ...အဲလို ဖြစ်နိုင်တာပဲ..’

မော်ဒရက် က အနေရခက်စွာ ချောင်းဟန့်လိုက်တယ်..။ ယင်းနောက် သူက ပြန်လည် တည်ငြိမ်သွားပြီး အပြစ်တင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

“ငါ ဒီအတွက် တောင်းပန်ပြီးပြီပဲ မဟုတ်ဘူးလား..။ ဘာပဲဖြစ်ဖြစ်... ရှုပ်ထွေးမှုတွေ ရှိသည်ဖြစ်စေ..မရှိဘူးဖြစ်စေ..မင်းရဲ့ သူငယ်ချင်းတွေကို သေချာရွေးချယ်သင့်တယ် ဆန်းလပ်စ်..”

ဆန်နီ က မှန်ထဲက ပုံရိပ်ကို စိုက်ကြည့်လိုက်တယ်..။

“ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား..။လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းကပဲ တစ်စုံတစ်ယောက်က ဒီလို စကားမျိုး ပြောခဲ့တာပဲ..။ မင်း..ဆိုင်ရှန် ရဲ့ ခန္ဓာကိုယ်ကို ခိုးယူထားတာတော့ မဟုတ်ပါဘူးနော်..”

မော်ဒရက် က ခေါင်းကို စောင်းလိုက်ပြီး..

“ယူစရာလား..။ အာ... ဆိုင်ရှန် က ဘယ်သူလဲ..”

ဆန်နီ တစ်ခုခု ပြောဖို့လုပ်လိုက်ပြီးမှ မျက်မှောင်ကြုတ်လိုက်တယ်..။

‘မဟုတ်ဘူး... သူ လုပ်မှာ မဟုတ်ဘူး..’

ဒီအရူးကောင် က ကြီးမြတ်တဲ့ ကလန် တစ်ခုရဲ့ အမဲလိုက်တာကို ခံနေရတာလေ..။ တခြား ကလန်တစ်ခုရဲ့ အမွေဆက်ခံသူကို သတ်လိုက်တာက သူ့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ပါဘူး..။

“ငါ့ရဲ့... အသိတစ်ယောက်ပဲ..။ သူမအကြောင်း ကို ထားလိုက်တော့..”

မော်ဒရက် က ပြုံးလိုက်တယ်..။

“မင်းက ဒီလိုပြောတော့လည်း..။မင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အသိမိတ်ဆွေတွေ အများကြီး ရှိနေတာပဲ..”

ပုံရိပ်ယောင်ရဲ့ မျက်နှာပေါ်မှာ စူးစမ်းလိုတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။

“အဲဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဆိုတဲ့ တစ်ယောက်က...အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်..။ အင်မော်တယ် မီးတောက် ကလန် က အရင်လိုမျိုး ဂုဏ်သိက္ခာမျိုး ပြန်ရဖို့ ကြိုးစားနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..။ ပြီးတော့ အိပ်မက်မွေးဖွားသူ လူငယ်လေး တစ်ယောက်ရဲ့ အကူအညီနဲ့လေ..။သူမရဲ့ ခန္ဓာကိုယ်ကို ငါ ယူလိုက်ရင် ကောင်းမလား..။မင်း ဘယ်လိုထင်လဲ ဆန်းလပ်စ်..။ ငါ ယူလိုက်ရမလား..”

သူက ဆန်နီ ဆီက တုံ့ပြန်မှု တစ်ခုခု ရဖို့အတွက် တမင် စမ်းသပ်နေတာ ဖြစ်ပေမဲ့ ကံတရားက သူ့ဘက်မှာ ရှိမနေခဲ့ပါဘူး..။ ဆန်နီ က ပုခုံးတွန့်လိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်တယ်..။

“မင်း စိတ်တိုင်းကျသာလုပ်..”

မော်ဒရက် က နစ်ဖီ ကို သတ်ပြီး ခန္တာကိုယ်ကို သိမ်းပိုက်မယ့် ကိစ္စကိုတော့ သူ လုံးဝ စိတ်မဝင်စားပါဘူး။

ဒါပေါ့ သူက လုံးဝ ဂရုမစိုက်တာတော့ မဟုတ်ပါဘူး..။ စွန့်ပစ်ခံမင်းသား သာ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ဝိဥာဉ်ကို ဝါးမျိုဖို့ ကြိုးစားရင် တကယ်ကို နောင်တရသွားလိမ့်မယ်လို့ သူ ခံစားနေရလို့ပါ..။ သူမက တိုက်ရန့် တစ်ယောက် ဖြစ်နေတာကြောင့် သူမနဲ့ တိုက်ခိုက်ရတာက အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေမှာ အသေအချာပါပဲ..။သူမရဲ့ ဝိဥာဉ်မှာလည်း ကိုယ်ပိုင် ခုခံနိုင်စွမ်းတွေ ရှိနေလိမ့်မယ်လို့ သူ သံသယဖြစ်မိပါတယ်..။

နေနတ်ဘုရား ရဲ့ အမွေအနှစ်က ဝိဥာဉ်ကို တစ်နည်းနည်းနဲ့ အားကောင်းစေတယ်လို့ နစ်ဖီ က အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်..။ဒီအရာက သူမရဲ့ စွမ်းအင် ပမာဏတင်မကဘဲ အရည်အသွေးပိုင်းမှာလည်း ပါဝင်နေခဲ့တယ်။တကယ်လို့...မော်ဒရက် သာ သူမရဲ့ တောက်ပနေတဲ့ ဝိဥာဉ်ပင်လယ် ထဲကို ကျူးကျော်ဖို့ ကြိုးစားရင်..အရှင်လတ်လတ် မီးရှို့ခံရတဲ့ လူတစ်ယောက်လို ဖြစ်သွားပါလိမ့်မယ်..။

‘အဲ့မြင်ကွင်းက တကယ် ကြည့်ကောင်းမှာပဲ..'

သူက ပုံရိပ်ယောင်ကို ကြည့်လိုက်ပြီးမှ အေးစက်စွာ ပြောလိုက်တယ်..။

“မင်း ပြောချင်တာ ဒါအကုန်ပဲလား..။ဒါ အကုန်ပဲ ဆိုရင်လည်း... ငါ ကပွဲထဲကို ပြန်သွားရတော့မယ်..”

ယင်းနောက် ဆန်နီ က လှောင်ပြုံးပြုံးပြီး ထပ်ပြောလိုက်ပါတယ်..။

“ဒါနဲ့ စကားမစပ်...နောက်ဆုံးတွေ့ခဲ့တုန်းကနောက်တစ်ခါ ငါနဲ့ မတွေ့စေနဲ့လို့..မင်း ပြောခဲ့တာ မဟုတ်ဘူးလား.။ အခုကျတော့ ငါ့မျက်စိရှေ့ကို ကိုယ်တိုင်ရော​က်လာတဲ့အထိ သတ္တိတွေ ကောင်းနေပါလား..။နေရာတွေ အများကြီးရှိတာတောင် အိမ်သာထဲမှာမှ လာတွေ့ရတယ်လို့.."

မော်ဒရက် ရဲ့ အပြုံးက ဖြူဖျော့သွားခဲ့တယ်..။

“အာ... အဲ့ဒါလား... ငါ အဲ့ဒါကို မမေ့ပါဘူး ဆန်းလပ်စ်..။ အမှန်အတိုင်း ပြောရရင် မင်း လုပ်ခဲ့တဲ့ အရာတွေကို ငါ အခုထိ စိတ်ဆိုးနေတုန်းပဲ..။ စဉ်းစားကြည့်လိုက်တော့ ငါ့ရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် တစ်ခုခု လုပ်ရမယ် ထင်တယ်..။ မင်းရဲ့ သူငယ်ချင်းတွေထဲမှာ ဘယ်သူ့ကို တန်ဖိုးအထားဆုံးလဲ ဆိုတာ ပြောစမ်းပါဦး..”

ဆန်နီ ရဲ့ လက်သီးက မှန်ပေါ်ကို ကျရောက်သွားခဲ့တာကြောင့် မှန်က အက်ကွဲသွားခဲ့တယ်..။

မော်ဒရက် က မှန်ကွဲစတွေထဲကနေ သူ့ကို စိုက်ကြည့်ရင်း ရယ်မောလိုက်ပါတယ်..။ သူ့မျက်နှာ ဖြစ်တဲ့... ဆန်နီ့ ရဲ့ မျက်နှာကတော့ မှန်ရဲ့အက်ကွဲကြောင်းတွေကြောင့် ပုံပျက် နေခဲ့တယ်..။

“အိုး... ဆန်းလပ်စ်၊ ဆန်းလပ်စ်...တကယ် စိတ်လှုပ်ရှားနေတာပဲ..”

ဆန်နီ က ကွဲအက်နေတဲ့ မှန်ကို ခနလောက် စိုက်ကြည့်နေပြီးမှ အံကိုကြိတ်ပြီး ပြောလိုက်တယ်..။

“ငါ့သူငယ်ချင်းတွေ အားလုံးကို ငါ တန်ဖိုးထားတယ် ခွေးသားလေး..။ သံယောဇဉ်ဆိုတာ နံပါတ်တွေနဲ့ တိုင်းတာလို့ရတဲ့ အရာမဟုတ်ဘူး..။ပြီးတော့ ဘယ်နံပါတ်က ပိုများလဲဆိုပြီး နှိုင်းယှဉ်လို့ မရဘူး..။ မင်းကတော့ ဒါတွေကို ဘယ်သိမှာလဲ..။ မင်းက ဘယ်သူ့ကိုမှ ဂရုမစိုက် သလိုပဲ..မင်းကိုလည်း ဘယ်သူကမှ ဂရုစိုက်တာမှ မဟုတ်တာ..”

သူက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူ့ရဲ့ ပုံရိပ်ယောင်ကို တည့်တည့် စိုက်ကြည့်လိုက်တယ်..။

"မင်က ကြီးကြီးကျယ်ကျယ်တွေ ပြောရတာ ကိုတကယ် ဝါသနာပါတာပဲ မော်ဒရက်..။ငါကပဲ မင်းကို ကြောက်နေရသလိုမျိုး ​ပြောနေပါလား..။ ဒါပေမဲ့ အပြန်အလှန်ပဲလေ..။ ငါကလည်း စိတ်ဆန္ဒရှိရင် ကြောက်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ် နေနိုင်တာပဲ..။ ငါ့ကို မင်းရဲ့ ရန်သူအဖြစ် မသတ်မှတ်ခင်မှာ..သေချာလေး စဥ်းစားဖို့တော့ လိုလိမ့်မယ်နော်..။ မဟုတ်ရင်.. မင်း အရိပ်တွေကို ကြောက်တတ်လာလိမ့်မယ်..”

မော်ဒရက် က ရယ်မောနေတာကို ရပ်လိုက်ပြီး သူ့ကို အချိန်ကြာအောင် တိတ်တဆိတ် စိုက်ကြည့်နေခဲ့တယ်..။ သူ့ရဲ့ အပြုံးကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပါတယ်..။

အချိန် ခနလောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ စွန့်ပစ်ခံမင်းသား က သက်ပြင်းချလိုက်တယ်..။

“ဒါဆိုလည်း ငါတို့ တစ်ယောက်ကို တစ်ယောက် နားလည်သွားတာပေါ့..။ ရန်သူတွေ ဖြစ်မလာကြရအောင် ဆန်းလပ်စ်..။မင်းကို ဖျက်ဆီးရတာက ငါ့အတွက် ပျော်ဖို့မကောင်းဘူး.."

ဒီလိုပြောပြီးတာနဲ့ သူက ဘယ်တုန်းကမှ ရှိမနေခဲ့သလိုမျိုး ပျောက်ကွယ်သွားခဲ့ပါတယ်..။ မှန်ထဲက ပုံရိပ်က ပုံမှန်အတိုင်း ရှိနေဆဲဖြစ်ပေမဲ့ တစ်စုံတစ်ယောက်.. ရှိနေတယ် ဆိုတဲ့ ခံစားချက်ကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ ..။

မှန်ထဲမှာတော့ ကျိုးပဲ့ ပုံပျက်​ပြီး ဒေါသထွက်နေတဲ့ ဆန်နီရဲ့ ပုံရိပ်တစ်ခုသာ ကျန်နေခဲ့ပါတော့တယ်..။

သူက မျက်နှာရှုံ့မဲ့ပြီး တစ်ဖက်ကို လှည့်သွားခဲ့တယ်..။

‘အချိန်ကျလာရင် ဘယ်သူက ဘယ်သူ့ကို ဖျက်ဆီးပစ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ .

ခွေးသားလေး..'

အပိုင်း ( ၈၀၅ ) ပြီး၏။

အပိုင်း ( ၈၀၆ ) အလင်းနှင့် အရိပ်၏ ကခုန်ခြင်း

ဆန်နီ ကပွဲခန်းမထဲကို ပြန်ရောက်လာပြီးတဲ့နောက်မှာတော့ အရာအားလုံးကို အမြင်အသစ် နဲ့ မြင်လာခဲ့တယ်..။ သူ့ရဲ့ ခံစားချက်တွေက ပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်ကာ အန္တရာယ်ရှိလာသလို ထင်ရပါတယ်..။ ဧည့်သည်တော်တွေနဲ့ ပတ်သက်ပြီး သူ အရင်ကတည်းက စိုးရိမ်ပူပန်နေခဲ့တာ ဖြစ်ပေမဲ့ အခုတော့ သူတို့ထဲက တစ်ယောက်ချင်းစီတိုင်းဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သလို မြင်နေခဲ့ရတယ်..။

မော်ဒရက် က လာကြည်ရုံဖြစ်ပြီး ဘာမှလုပ်ဖို့ အစီအစဉ်မရှိဘူး..လို့ ပြောခဲ့ပေမဲ့ အဲ့ဒီ စွန့်ပစ်ခံမင်းသားကို ယုံကြည်လို့ ရပါ့မလား..။ ဆန်နီအတွက်တော့ အဲဒီအရူးက သူ့ရဲ့ ဆွေမျိုးတစ်ယောက်ယောက်ကို လူအများရှေ့မှာ လုပ်ကြံဖို့ ဒါမှမဟုတ် ရနိုင်သလောက် သတ်ဖြတ်ဖို့အတွက် ပြင်ဆင်နေတာလည်း ဖြစ်နိုင်တာပါပဲ..။

ပိုပြီး ဆိုးတာကတော့ သူက ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာမဆို ပုန်းအောင်းနေနိုင်တာပါ..။ ဧည့်သည်တိုင်းက သူ့အတွက် ခိုနားရာ ဖြစ်သွားနိုင်ပါတယ်..။ သာမန်လူတွေ၊ နိုးထသူ တွေ၊ မာစတာ တွေ... ဘယ်သူ့ကိုမှ သံသယစာရင်းထဲကနေ ချန်လှပ်ထားလို့ မရပေ..။

သူတော်စင် တွေတောင် ဒီစာရင်းထဲမှာ ပါဝင်နေနိုင်ပါတယ်..။

ဆန်နီ ဟာ ညည်းတွားချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရတယ်..။

‘ချီးတဲ့မှပဲ...’

ဒီကမ္ဘာပေါ်မှာ နတ်ဘုရားအဆင့် ဂဏ္ဍစွမ်းရည် ကို ပိုင်ဆိုင်ထားသူ နှစ်ယောက်ရှိပြီး သူတို့နှစ်ယောက်လုံးရဲ့ ဘဝရည်မှန်းချက်က ကြီးမြတ်တဲ့ ဗာလာ ကလန် ကို ဘယ်လိုနည်းနဲ့မဆို ဖျက်ဆီးပစ်နိုင်ဖို့ပါ..။ အခုတော့ သူတို့နှစ်ယောက်လုံးက ဒီအဆောက်အဦးထဲမှာ ရှိနေကြပါပြီ..။

ဘာမှ ဖြစ်မလာခဲ့ရင်တောင် ဒီခြိမ်းခြောက်မှုတစ်ခုတည်းကတင် သူ့ကို အေးအေးဆေးဆေး မနေနိုင်အောင် ဖြစ်စေပါတယ်..။

လှပတဲ့ စုံ​တွဲတွေ အများကြီး ကခုန်နေကြတဲ့ ခန်းမကြီးဟာ ရုတ်တရက် အရင်လို ခမ်းနားမနေတော့သလို ထင်မှတ်လိုက်ရတယ်။

ဆန်နီ လှည့်ကြည့်လိုက်ပြီး နစ်ဖီ ကို ကြည့်လိုက်တယ်..။ သူ ခနလောက် တွေဝေနေပြီးမှ သူမရှိရာဘက်ကို တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်သွားခဲ့တယ်..။

သူမအနား ရောက်တဲ့အခါမှာတော့ သူက လက်တစ်ဖက် ကမ်းပေးလိုက်ပြီး မေးလိုက်ပါတယ်..။

“အတူတူ ​ကကြမလား..”

နစ်ဖီ က သူ့ကို စက္ကန့်အနည်းငယ်လောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီးမှ ပုခုံးတွန့်ကာ သူမရဲ့ လက်ကို သူ့လက်ထဲ ထည့်လိုက်ပါတယ်..။

သူတို့နှစ်ယောက် အတူတူ ခန်းမအလယ်ကို လျှောက်လာခဲ့ကြတယ်..။ ဆန်နီ က သူ့ရဲ့ ဒုတိယလက်ကို သူမရဲ့ ခါးပေါ်မှာ တင်လိုက်ပြီး သူမကတော့ သူ့ရဲ့ ပုခုံးပေါ်မှာ တင်လိုက်ပါတယ်..။ ရုတ်တရက်ဆိုသလိုပဲ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အတော်လေး နီးကပ်သွားခဲ့ကြပါပြီ..။

ဆန်နီ့ ရဲ့ နှလုံးခုန်သံတွေ ရပ်တန့်သွားခဲ့တယ်..။

...ဒီလို အချိန်မျိုးကျမှပဲ သူ့မှာ နှလုံးသား နှစ်ခု မရှိတာကို သူ သတိရလိုက်မိပါတယ်..။

ဆန်နီ အချိန်ဆွဲမနေတော့ဘဲ နစ်ဖီ ကို ကပွဲထဲ ဆွဲခေါ်သွားခဲ့တယ်..။ ဒါက သိပ်တော့ မခက်ခဲပါဘူး... ။သူက ဂီတသံစဥ်ကို နားထောင်ပြီး တခြားလူတွေ ကနေတာကို လိုက်လုပ်ရုံပါပဲ..။ အရိပ်ကခုန်ခြင်း မှာ ကျွမ်းကျင်မှု ရှိတာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေရဲ့ အဓိပ္ပာယ်နဲ့ စည်းချက်ကို နားလည်ဖို့က သူ့အတွက် အရမ်း လွယ်ကူပါတယ်..။

ဆန်နီ ဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ် ကခုန်တာ ဖြစ်ပေမဲ့ တခြား ဧည့်သည်တွေထက်တောင် ပိုပြီး သဘာဝကျကာ ကျွမ်းကျင်နေသလိုပါပဲ..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကလည်း ပါရမီပါပုံ ရပါတယ်..။ ဒါက သူမရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုကြောင့် ဖြစ်နိုင်သလို အမွေအနှစ် ကလန် တစ်ခုရဲ့ ဆက်ခံသူအနေနဲ့ သင်ယူခဲ့ဖူးတာလည်း ဖြစ်နိုင်တာပါတယ်..။ ဘာပဲဖြစ်ဖြစ် သူတို့ စတင် ကလိုက်တာနဲ့တင် လူအတော်များများရဲ့ အားကျတဲ့ အကြည့်တွေကို ရရှိသွားခဲ့ပါတယ်..။

ဆန်နီ ကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး..။ သူ့ရဲ့ ခေါင်းထဲမှာ ဒီထက် ပိုကြီးမားတဲ့ ပြဿနာတွေ ရှိနေလို့ပါ..။

သူမနဲ့ နီးကပ်နေတဲ့အတွက် သက်ရောက်မူတွေ မခံရအောင် အတင်းကြိုးစားရင်း စိတ်ကို စုစည်းလိုက်တယ်..။ နောက်ဆုံးမှာတော့ ခန်းမထဲက ဂီတသံစဥ်တွေနဲ့ လူတွေရဲ့ စကားပြောသံတွေကြားထဲမှာပဲ ဆန်နီ က တီးတိုး ပြောလိုက်ပါတယ်..။

“ငါ မေးချင်နေတာ တစ်ခု ရှိတယ်...”

သူ့ခေါင်းကို သဲထဲမှာ မြှုပ်ထားရမယ့် အချိန်က ကုန်ဆုံးသွားခဲ့ပါပြီ..။

နစ်ဖီ က ဘာမေးချင်တာလဲ ဆိုတဲ့ သဘောနဲ့ မျက်ခုံးတစ်ဖက် ပင့်ပြလိုက်တယ်..။

“...အမှန်တကယ်ပဲ နင် ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ..။ ဗာလာ ဘက်က ငြင်းတာကို လက်ခံမှာ မဟုတ်ဘူးဆိုတာ နင် သိတာပဲ..။ သူတို့က ငါတို့ အားလုံးကို လိုချင်နေတာ၊ အဲလို မဖြစ်နိုင်ရင်တောင် အနည်းဆုံး တစ်ယောက်တော့ ရအောင် ယူမှာပဲ..။ အဲလိုမှပဲ ငါတို့ထဲက ကျန်တဲ့လူတွေ တခြား ပြိုင်ဘက် အုပ်စုတွေဆီ မရောက်သွားမှာကို သူတို့ စိတ်ချနိုင်မှာလေ..။ ဒီတော့... ငါတို့ထဲက ဘယ်သူက ကြီးမြတ်တဲ့ ဗာလာ ကလန် ရဲ့ အောက်ကို ရောက်သွားမှာလဲ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခနလောက် တိတ်ဆိတ်သွားပြီး သူ့ရဲ့ ကခုန်မူ အတိုင်း လိုက်ပါနေခဲ့တယ်..။ သူမရဲ့ လက်ကတော့ သူ့ပုခုံးပေါ်မှာ အေးအေးဆေးဆေး ရှိနေခဲ့ပါတယ်..။

ခြေလှမ်းအနည်းငယ် ကပြီးနောက်မှာတော့ သူမက ရုတ်တရက် မေးလာခဲ့တယ်..။

“နင် တကယ်ပဲ နားမလည်သေးဘူးလား..”

ဆန်နီ မျက်မှောင်မကြုတ် လိုက်ပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ ရုတ်တရက် မှောင်မိုက်သွားခဲ့တယ်..။

“ငါ နားမလည်ဘူးတဲ့လား..။ ငါ ဘာကို နားမလည်ဘူးလို့ နင် ထင်နေတာလဲ..”

သူမရဲ့ မျက်နှာပေါ်မှာ လေးနက်တဲ့ အမူအရာတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပါတယ်..။

“ဗာလာ နဲ့ ဆောင် က ပြိုင်ဘက် အုပ်စုတွေ မဟုတ်ဘူး ဆန်နီ..။ သူတို့က စစ်စခန်းတွေပဲ..”

လှပတဲ့ မီးဆိုင်းကြီးတွေရဲ့ အလင်းအောက်မှာ ကခုန်နေတုန်းမှာပဲ သူမက သူ့အနားကို ပိုတိုးကပ်လာပြီး ပြောလိုက်တယ်..။

“အပြင်လောကကို ပြန်ရောက်လာပြီးကတည်းက ငါ အချက်အလက်တွေကို အကြာကြီး လေ့လာခဲ့တယ်..။ သူတော်စင် ကောမက် သေဆုံးသွားလို့ ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေ၊ အမှောင်ထဲမှာ ဖြစ်ပျက်နေတဲ့ သိမ်မွေ့တဲ့ ကြံစည်မှုတွေ၊ ဘတ်ရှင် နဲ့ ရေဗင်ဟတ် ကြားက တဖြည်းဖြည်း မညီမမျှ ဖြစ်လာတဲ့ အင်အားချိန်ခွင်လျှာတွေ... ပြီးတော့ ဆိုင်ရှန် က ဒုတိယ အိပ်မက်ဆိုး ကို စိန်ခေါ်ဖို့ ပြင်ဆင်နေတဲ့ အချိန်ကိုတောင် ကြည့်ဦး..။ အဲဒါတွေ အားလုံးက ပုံရိပ်တစ်ခုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပဲ..”

ဆန်နီ့ မျက်နှာပေါ်မှာ နားမလည်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်..။

“နင် ဘာကိုပြောချင်တာလဲ..”

နစ်ဖီ သက်ပြင်းချလိုက်တယ်..။

“ကြီးမြတ်တဲ့ ကလန်တွေကြားက ပဋိပက္ခက သာမန် သဘောထားကွဲလွဲမှုတွေထက် ပိုသွားပြီဆိုတာကို နင် မြင်အောင် ငါ ပြောပြနေတာပဲ..။ သူတို့ စစ်ဖြစ်နေကြပြီ...မဟုတ်ရင်လည်း မကြာခင် ဖြစ်တော့မှာ..”

ဆန်နီဟာ သူ့ လက်ထဲက သူမရဲ့ လက်တွေ တင်းမာလာတာကို ခံစားလိုက်ရတယ်..။

“စစ်ပွဲလား..။ နေဦး... ကြီးမြတ်တဲ့ ကလန်တွေကြားက စစ်ပွဲဆိုတာ ဘယ်လိုမျိုးလဲ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခေါင်းခါယမ်းလိုက်တယ်..။

“အရင်တုန်းကတော့ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး..။ဒီ​တော့... ဘယ်သူ သိမှာလဲ..။ ဒါပေမဲ့ သေချာတဲ့အချက် သုံးချက်တော့ ရှိတယ်..။ဒါက လျှို့ဝှက်ချက် တစ်ခု ဖြစ်လိမ့်မယ်..။သွေးချောင်းစီးလိမ့်မယ်..။ လူအများကြီးရဲ့ အသက်တွေကို နှုတ်ယူလိမ့်မယ်..”

သူ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရတယ်..။

‘သောက်ကျိုးနဲ အမွေဆက်ခံသူတွေ... အန္တာတိက က ပျက်စီးတော့မယ်..။ သူတို့က အဲ့ဒီအချိန်ကျမှ တစ်ယောက်နဲ့တစ်ယောက် လည်ပင်းညှစ်ဖို့ ရွေးချယ်နေကြတာပေါ့..

ခွေးသားတွေ..'

ဆန်နီ ဟာ ခြေလှမ်းအနည်းငယ်စာလောက်အထိ တိတ်ဆိတ်နေပြီးမှ နစ်ဖီ ကို သေသေချာချာ စိုက်ကြည့်လိုက်တယ်..။

“ကောင်းပြီလေ..။ ဒါပေမဲ့ အဲ့ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ..”

သူမက သူ့ပုခုံးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့ကို သေချာ စိုက်ကြည့်လိုက်တယ်..။ အေးစက်ပြီး အန္တရာယ်ရှိတဲ့ မီးပွားလေးတွေက သူမရဲ့ မျက်လုံးထဲမှာ ကခုန်နေခဲ့ပါတယ်..။

“နင် မမြင်ဘူးလား..။ဒါက ငါတို့ အားလုံးနဲ့ သက်ဆိုင်နေတာပဲလေ..”

ဆန်နီ ဟာ အော်ဟစ်ချင်စိတ်ကို အတင်းအကျပ် ထိန်းထားလိုက်ရတယ်..။

“ငါ မမြင်ဘူး..နစ်ဖီ... ကြီးမြတ်တဲ့ ကလန်တွေက လျှို့ဝှက်စစ်ပွဲ ဖြစ်နေတာဖြစ်ဖြစ် မဖြစ်နေတာ ဖြစ်ဖြစ် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..။ နင်က သူတို့ကို ပေါ်တင် ဆန့်ကျင်ဖို့အတွက် အခုထိ သေးငယ်လွန်းပြီး အားနည်းလွန်းနေသေးတယ်..။ကျေးဇူးပြုပြီး နင် ဒါကို နားလည်တယ်လို့ ငါ့ကို ပြောစမ်းပါ..။ နင် ကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား... ဒီလူတွေက အရမ်း သန်မာလွန်းတယ်ဆိုတာ..။ သူတို့ရဲ့ စွမ်းအားကလည်း အကြွင်းမဲ့ပဲလို့ ပြောခဲ့တယ်လေ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ သူမရဲ့ မျက်နှာက ခံစားချက်ကင်းမဲ့သွားခဲ့တယ်..။တစ်ခနလောက် တိတ်ဆိတ်သွားပြီးနောက်မှ သူမက ပြောလာခဲ့ပါတယ်..။

“ငါ မှတ်မိတယ်..။ ငါ နားလည်တယ်..”

သူမက အောက်ကို ငုံ့ကြည့်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။

“ဒါ့ကြောင့်ပဲ... ဒါ့ကြောင့်ပဲ နင့်မေးခွန်းရဲ့ အဖြေက နင် ကြားချင်တဲ့ အဖြေ ဖြစ်ချင်မှ ဖြစ်လိမ့်မယ် ဆန်နီ..။ ငါတို့ထဲက ဘယ်သူက ကြီးမြတ်တဲ့ ကလန်ရဲ့ အဖွဲ့ဝင် ဖြစ်လာမှာလဲလို့ နင် ငါ့ကို မေးခဲ့တယ် မဟုတ်လား..”

နစ်ဖီ ခေါင်းမော့လာခဲ့ပြီး သူ့မျက်လုံးတွေကို တည့်တည့် စိုက်ကြည့်လိုက်တယ်..။ ယင်းနောက် သူမက တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

“အဲဒါ ငါပဲ..။ ငါက ဗာလာ ကလန် ထဲကို

ဝင်မှာ..”

အပိုင်း ( ၈၀၆ ) ပြီး၏။

အပိုင်း ( ၈၀၇ ) အတွင်းပိုင်းမှ

နစ်ဖီ ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ ဆန်နီ ဟာ သူမရဲ့ ခြေထောက်ကို တက်နင်းမိမလိုတောင် ဖြစ်သွားခဲ့တယ်..။ သူ့ရဲ့ စည်းချက်တွေလည်း ပျက်ယွင်းသွားခဲ့တာကြောင့် ကခုန်မူထဲမှာ ဆက်ရှိနေဖို့ ခက်ခဲသွားခဲ့ရပါတယ်..။ သူက လဲကျ မသွားအောင် အတော်လေး ထိန်းလိုက်ရပြီးနောက်မှာတော့ စိတ်ကို ပြန်လည် စုစည်းလိုက်ကာ သူမကို စူးစူးရဲရဲ ကြည့်လိုက်မိတယ်..။

“ဘာပြောတယ်.."

သူမရဲ့ အမူအရာကတော့ ပြောင်းလဲမသွားခဲ့ပါဘူး..။

“နင် ကြားတဲ့အတိုင်းပဲလေ..”

ဆန်နီ တစ်ခုခုပြောဖို့ လုပ်လိုက်ပေမယ့် ခနလောက် တွေဝေသွားခဲ့တယ်..။ ယင်းနောက် သူက လှည့်ထွက်လိုက်ပြီး သူမရဲ့ လက်ကို ဆွဲခေါ်သွားခဲ့ပါတယ်..။ ဒီရုတ်တရက် ဖြစ်ရပ်ကို လူအများအပြားက ဝိုင်းကြည့်နေကြပေမဲ့ သူကတော့ ကခုန်နေကြတဲ့ ဧည့်သည်တော်တွေကို တိုးဝှေ့ပြီး နစ်ဖီ ကိုပါ အတင်းလိုက်ပါစေခဲ့တယ်..။ သူတို့က ခန်းမကြီးရဲ့ အလယ်ကနေ ထွက်ခွာလာခဲ့ကြပြီး ဟောခန်း ထဲကနေပါ လုံးဝ ပျောက်ကွယ်သွားခဲ့ကြပါတယ်..။

ကပွဲခန်းမရဲ့ အနားမှာ ရှိနေတဲ့ စင်္ကြံလမ်းတစ်ခုကို ရောက်သွားတဲ့အခါမှာတော့ ဆန်နီ ဟာ လူမရှိတဲ့ အခန်းလွတ်တစ်ခုကို အမြန် ရှာဖွေရင်း အာလျင်အမြန် လျှောက်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက မီးဖိုချောင်လိုမျိုး နေရာတစ်ခုကို ရောက်သွားလိုက်ပါတယ်..။ စားဖိုမှူး အချို့နဲ့ သူတို့ရဲ့ လက်ထောက်တွေဟာ ကပွဲက ဧည့်သည်တွေအတွက် စားသောက်ဖွယ်ရာတွေကို ပြင်ဆင်နေကြရင်း အလုပ်ရှုပ်နေခဲ့ကြတယ်..။

ဆန်နီ အခန်းထဲကို မဝင်ခင်မှာပဲ အထဲက အရိပ်တွေဟာ ရုတ်တရက် လှုပ်ရှားလာပြီး ပိုမို မှောင်မိုက်သွားတာကြောင့် မီးဖိုချောင် ဝန်ထမ်းတွေဟာ လန့်ဖျပ်သွားခဲ့ကြပါတယ်..။ သူက သူတို့ကို လေးနက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး တည်ငြိမ်တဲ့ အသံနဲ့ ပြောလိုက်တယ်..။

“ထွက်သွားကြ..”

စားဖိုမှူးတွေက မာစတာ နှစ်ယောက်ကို စက္ကန့်အနည်းငယ်လောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီးမှ ဘာမှမပြောဘဲ နောက်ကို ဆုတ်သွားခဲ့ကြတယ်..။ ယင်းနောက် သူတို့ဟာ ဖြူဖျော့နေတဲ့ မျက်နှာတွေနဲ့ တခြား တံခါးတစ်ခုကနေ ထွက်သွားခဲ့ကြပါတော့တယ်..။

မီးဖိုချောင်ထဲမှာ ဆန်နီ နဲ့ နစ်ဖီ တို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့ပါတယ်..။

သူက ခနလောက် စောင့်ဆိုင်းလိုက်ပြီးမှ သူမရဲ့ လက်ကို လွှတ်လိုက်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်..။ မြစိမ်းရောင် အရိုးနဲ့ ထွင်းထုထားတဲ့ ထူးဆန်းတဲ့ ပုလွေတစ်လက်က အလင်းစက်တွေကြားကနေ သူ့လက်ထဲမှာ ပေါ်လာခဲ့ပါတယ်..။ ဆန်နီ က ဒီပုလွေကို သူ့ရဲ့ နှုတ်ခမ်းနား တေ့လိုက်ပြီး အပေါက်ထဲကို လေမှုတ်ထုတ်လိုက်တယ်..။

အံ့သြစရာကောင်းတာက ပုလွေဆီကနေ ဘာအသံမှ ထွက်မလာခဲ့ပါဘူး..။ အဲဒီအစား ပုလွေက အသံအားလုံးကို စုပ်ယူလိုက်သလို ဖြစ်သွားပြီး သူတို့ကို တိတ်ဆိတ်ခြင်း အကာအကွယ်တစ်ခုနဲ့ လွှမ်းခြုံသွားခဲ့ပါတယ်..။ အခုဆိုရင် သူတို့ရဲ့ စကားပြောတာတွေကို ဘယ်သူမှ ခိုးနားထောင်နိုင်တော့မှာ မဟုတ်ပါဘူး..။

ဆန်နီ့ ရဲ့ အရိပ်တွေကလည်း ဘေးကင်းအောင်လို့ မီးဖိုချောင်ရဲ့ အပြင်ဘက်ကနေ စောင့်ကြည့်နေခဲ့ကြတယ်..။

နောက်ဆုံးမှာတော့ သူက နစ်ဖီ ဘက်ကို လှည့်လိုက်ပြီး အော်ပြောလိုက်ပါတယ်။

“နင်ကလား..။ ဗာလာ ထဲ ဝင်မယ် ဟုတ်လား..။ ဘ... ဘယ်လို ငရဲတွေ ဖြစ်နေတာလဲ.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သက်ပြင်းချလိုက်ပြီး နောက်ကို တစ်လှမ်းဆုတ်ကာ နံရံကို မှီလိုက်တယ်..။ ယင်းနောက် သူမက ထုံးစံအတိုင်း တည်ငြိမ် လေးနက်တဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။

“နင်က ဘာလို့ ဒီလောက်တောင် အံ့သြနေရတာလဲ..”

ဆန်နီ သူမကို ဆွံ့အစွာ စိုက်ကြည့်နေမိတယ်..။ ပြီးမှ သူက ခေါင်းခါလိုက်ပြီး..

“နင့်ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေကရော ဘယ်ရောက်သွားပြီလဲ..။ နင် ဒီလောက် ရူးသွပ်တဲ့ အရာတွေကို လုပ်ခဲ့ပြီးမှ... အဲဒီ တစ္ဆေ

သုံးကောင်ကို ဒူးထောက်လာတဲ့အထိ ဖျက်ဆီးပစ်ချင်တယ်လို့ ပြောခဲ့ပြီးမှ... အခုတော့ သူတို့နဲ့ပဲ သွားပူပေါင်းတော့မယ် တဲ့လား..”

နစ်ဖီ ရဲ့ မျက်လုံးတွေက မှောင်မိုက်သွားခဲ့တယ်..။

“ငါ့ရဲ့ အစီအစဉ်တွေက ပြောင်းလဲမသွားဘူး ဆန်နီ..”

သူ မျက်မှောင်ကြုတ်လိုက်တယ်..။

“ဒါဆို နင်က ဗာလာ ကို ဖျက်ဆီးမယ်၊ ဒါပေမဲ့ နင်ကလည်း သူတို့ထဲက တစ်ယောက် ဖြစ်လာမယ်ပေါ့..။ နင် ပြောနေတာတွေက ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား..”

သူမက သူ့ကို သေချာ စိုက်ကြည့်လိုက်ပြီးမှ ခံစားချက်တွေကို အတင်းအကျပ် မျိုသိပ်ထားတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

“ဒါက ဆန့်ကျင်ဘက် မဟုတ်ဘူး..။ပြောင်းပြန်အနေနဲ့ ဒါက ငါ့ရဲ့ ရည်မှန်းချက်တွေဆီ ရှေ့ဆက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ..”

နစ်ဖီ က ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူ့ကို စူးရှတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်..။

“အုပ်စိုးသူတွေ က တကယ်ပဲ အစွမ်းထက်လွန်းတယ်..။ သူတို့ရဲ့ စွမ်းအားကလည်း တကယ်ပဲ ကြောက်စရာကောင်းတယ်..။ ပြီးတော့ အခုချိန်မှာ ငါကလည်း သူတို့ကို ရင်ဆိုင်ဖို့ အားနည်းလွန်းနေသေးတာ အမှန်ပဲ..။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့တွေက ငါ့လက်နဲ့ပဲ ကျဆုံးရလိမ့်မယ်..။ အိပ်မက်နယ်မြေ ထဲမှာ နှစ်နှစ်လောက် ပျောက်ဆုံးနေခဲ့တာက ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ပျော့ညံ့သွားစေလိမ့်မယ်လို့ ထင်နေတာလား..။ ငါ အရှုံးပေးလိုက်မယ်လို့ နင် ထင်နေတာလား..”

ဆန်နီ က နက်မှောင်တဲ့ အမူအရာနဲ့ ခေါင်းခါလိုက်တယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပြုံးလိုက်ပြီး

“ဟင့်အင်... ငါ့ရဲ့ ဆုံးဖြတ်ချက်က ပိုပြီးတော့တောင် ခိုင်မာလာသေးတယ်..။ ဘယ်လို ရှေ့ဆက်ရမလဲဆိုတာနဲ့ ဒီမိစ္ဆာအိုကြီးတွေကို ဘယ်လို နှိမ်နင်းရမလဲဆိုတာကို ငါ နေ့နေ့ညည စဉ်းစားခဲ့တယ်..။ ငါ့ရဲ့ ကိုယ်ပိုင်အင်အားက မလုံလောက်ဘူးဆိုရင် တစ်ခြားတစ်ယောက်ဆီကနေ ချေးယူရမယ်ဆိုတာကို သဘောပေါက်ဖို့ က သိပ်မခက်ပါဘူး..။ဒီတော့ ဘယ်သူ့ဆီက အင်အားကို ငါ ငှားယူရမှာလဲ..။ အာ... ဒါက သိသာနေတာပဲလေ..။ အုပ်စိုးသူတွေ က ဒီလောက်တောင် စွမ်းအားကြီးနေမှတော့ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားကို သုံးပြီး သူတို့ကို ဖျက်ဆီးပစ်ဖို့ ငါ ဘာလို့ မကြိုးစားရမှာလဲ..”

ဆန်နီ ဖြည်းဖြည်းချင်း မျက်တောင် ခတ်လိုက်မိတယ်..။

“ဒီတော့... ရန်သူကို သွေးခွဲပြီး တိုက်ခိုက်မယ့် နည်းလမ်းပေါ့..။ ဒါက နင့်ရဲ့ ကြီးကျယ်တဲ့ အစီအစဉ်လား..”

နစ်ဖီ ပုခုံးတွန့်လိုက်တယ်..။

“သူတို့က သွေးကွဲနေပြီးသားပါ..။ ဒီအတွက် နင့်ကို ကျေးဇူးတင်ရမှာပဲ..။ ဗာလာ နဲ့ ဆောင် ကြားက ပဋိပက္ခက အရင်ကတည်းက စတင်နေခဲ့တာ ဆိုပေမဲ့ အိပ်စက်သူ စစ်တပ် ရဲ့ ရုတ်တရက် ပေါ်ထွက်လာမှုက အခြေအနေကို ပိုဆိုးစေခဲ့တယ်..။ ဒါပေမဲ့ အဓိက အချက်ကတော့ သူတော်စင် ကောမက် ရဲ့ သေဆုံးမှုနဲ့ စွန့်ပစ်ခံ စစ်ပွဲမင်းသား ရဲ့ ပြန်လည်ရောက်ရှိလာမှုက ကြီးမြတ်တဲ့ ကလန်တွေအတွက် သည်းမခံနိုင်စရာ ဖြစ်လာစေခဲ့တာပဲ..”

သူ မျက်နှာပျက်သွားခဲ့တယ်..။

“ဘာလဲ... မော်ဒရက် က ဒီကိစ္စတွေနဲ့ ဘာဆိုင်လို့လဲ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က နက်မှောင်စွာ ပြုံးလိုက်ပြီး..

“သူက ငါနဲ့ အခြေအနေ တူတူပဲလေ..။ဒီတော့ သူလည်း ငါလုပ်သလိုမျိုးပဲ လုပ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..။ သူလည်း အုပ်စိုးသူ တစ်ယောက်ကို သုံးပြီး ကျန်တဲ့ တစ်ယောက်ကို ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာမှာပဲ..”

ဆန်နီ့ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

မော်ဒရက် မှာ သူ့ရဲ့ အဖေ နှစ်ယောက်လုံးကို ကလဲ့စားချေချင်တဲ့ စိတ် ရှိနေပါတယ်..။ သူ့ကို မွေးတဲ့သူရော၊ သူ့ကို ပြုစုပျိုးထောင်ပေးတဲ့သူရောပေါ့..။ဒါဆိုရင် ကျန်နေတာက...

“..အဲ့ဒီအရူးက ဆောင် ကလန် နဲ့ ပူးပေါင်းတော့မယ်လို့တော့ ငါ့ကို မပြောနဲ့နော်..”

နစ်ဖီ က ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်..။

“သူ အခုထိ မပူးပေါင်းရသေးဘူးဆိုရင် ငါ အံ့သြမိမှာပဲ..။ ငါတောင် ဒီလို ကောက်ချက်ချနိုင်တယ်ဆိုရင် ဗာလာ လည်း သိနေမှာပဲလေ..။ ကြီးမြတ်တဲ့ ကလန် နှစ်ခုကြားက ရန်ငြိုးက ဘာလို့ ရုတ်တရက် ဒီလောက် ပြင်းထန်လာတယ်လို့ နင် ထင်လဲ..။ ဗာလာ ကလန် မှာ သူတော်စင် အရေအတွက် နည်းတယ်..။ ဆိုင်ရှန် ကြောင့်

ဗာလာ မှာ မျှော်လင့်ချက်ရှိတဲ့ နိုးထသူ မျိုးစေ့တွေလည်း နည်းသွားခဲ့ပြီ..။ပြီးတော့ သူတို့ရဲ့ အစွမ်းအထက်ဆုံး ဖန်တီးမှုတွေထဲက တစ်ခုကလည်း ရန်သူနဲ့ လက်တွဲသွားပြီလေ..။ သူတို့ ဘယ်လို တုံ့ပြန်မယ်လို့ နင် ထင်လဲ..”

ဆန်နီ က သူမကို လေးနက်စွာ ကြည့်လိုက်တယ်..။

“...အခြေအနေ မကောင်းတော့ဘူး..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခနလောက် ငြိမ်နေပြီးမှ ခေါင်းညိတ်ပြတယ်..။

“ဒါပေမဲ့ အဲဒါကပဲ ငါ့ကို ထူးခြားတဲ့ နေရာတစ်ခုမှာ ရှိနေစေတာပဲ..။ ဟုတ်တယ်... ငါက သေးငယ်ပြီး အားနည်းတယ်..။ ငါ့ရဲ့ ကိုယ်ပိုင်အင်အားက ပြောပလောက်စရာ မရှိဘူး..ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့ ဗာလာ ကလန် က အားနည်းနေတဲ့အတွက်... သူတို့ ငါ့ကို အရမ်း လိုအပ်နေပြီလေ..။ ဒီအခြေအနေမှာ ငါ့ရဲ့ တန်ဖိုးက တခြားအချိန်တွေထက် အဆပေါင်းများစွာ ပိုများနေခဲ့တာပေါ့..။ ဒါကြောင့် သူတို့က ငါ့ကို သတ်ချင်တဲ့ စိတ်ကို ခန ဘေးဖယ်ထားပြီး ငါ့ကို လက်ခံဖို့ ပြင်ဆင်နေကြတာပဲ..”

ဆန်နီ က လှောင်ရယ်လိုက်တယ်..။

“ဒါတွေကတော့ ကောင်းပါတယ်..။ ဒါပေမဲ့ နင်ကရော ဘာလို့ သူတို့ကို လက်ခံချင်နေရတာလဲ..။ ကြီးမြတ်တဲ့ ကလန် နှစ်ခုက တစ်ဖက် နဲ့တစ်ဖက် ကိုက်ဖြတ်နေတာကို အဝေးကနေ ကြည့်နေပြီးမှ အားနည်းသွားတဲ့ အောင်နိုင်သူကို ဝင်တိုက်လိုက်တာက ပိုမကောင်းဘူးလား..”

နစ်ဖီ ခေါင်းခါယမ်းလိုက်တယ်..။

“ကြီးမြတ်တဲ့ ကလန် တစ်ခုက ဘယ်လောက်ပဲ အားနည်းသွားပါစေဦး... သူတို့ရဲ့ သံချပ်ကာက ငါ ဖောက်ထွက်နိုင်ဖို့အတွက် အရမ်း သန်မာပြီး မာကျောနေဦးမှာပဲ..”

သူ မျက်ခုံးပင့်လိုက်တယ်..။

“ဒီတော့ ဘာဖြစ်လဲ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို လှမ်းကြည့်လိုက်တယ်..။အေးစက်တဲ့ အဖြူရောင် မီးတောက်တွေကတော့ သူမရဲ့ မျက်လုံးထဲမှာ ကခုန်နေခဲ့ပါတယ်..။

“ဒီတော့ ငါက ဒါကို ဖောက်ထွင်းဖို့ ကြိုးစားမှာ မဟုတ်ဘူး..။ အဲဒီအစား ငါက အဲ့ဒီ သံချပ်ကာကို ကျော်ဖြတ်ပြီး သူတို့ကို အတွင်းပိုင်းကနေတိုက်ခိုက်တော့မှာ..”

အပိုင်း ( ၈၀၇ ) ပြီး၏။

All Chapters