← Chapters

မသေမျိုး၏လက်နှစ်ဖက်

Vol. 92 Ch. 913

မသေမျိုး၏လက်နှစ်ဖက်

Vol. 92 Ch. 913

ညဉ့်နက်ချိန်တွင်ဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပါသည်။

အနောက်ပိုင်းဟုန် နှင့် မြောက်ပိုင်းဟုန်တို့၏နယ်နမိတ်ဖြစ်သော အမည်မသိတောင်ကုန်းတစ်ခု၏ ထိပ်တွင်၊တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသောအဘိုးအိုတစ်ဦးက အစွန်းတွင်ရပ်ကာ အဝေးသို့ တိတ်ဆိတ်စွာငေးကြည့်နေခဲ့၏။

၎င်းမှာ အသထဲကနိမ့်ပါးသောတောင်ကုန်းတစ်ခုဖြစ်ရာ၊ အဘိုးအို၏သေးငယ်ပြီးကုန်းနေသော ပုံရိပ်ကြောင့် ပို၍ပင်နိမ့်ကျသွားပုံရလေ၏။ သို့သော်လည်း သူတိတ်ဆိတ်စွာရပ်နေချိန်တွင်မူ လောကကြီးကို အပေါ်စီးမှငေးကြည့်နေသကဲ့သို့၊ ဖြစ်ပျက်သမျှကို အေးချမ်းစွာစောင့်ကြည့်နေသည့် ခန့်ညားထည်ဝါသောအငွေ့အသက်များထွက်ပေါ်နေလေသည်။

"နတ်ဆိုးတစ်သောင်းခန်းမကိစ္စကို စုံစမ်းဖို့ အနောက်နဂါးဘုရင်က အရှေ့နန်းတော်ကို ဖိတ်ကြားထားတာပါ။ စီနီယာလု ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါဦး။"

အဘိုးအို၏နောက်ကွယ်တွင် မင်းသားကျစ်ယန်က လေးနက်စွာဦးညွှတ်လိုက်၏။ သူ၏လှုပ်ရှားမှုများမှာ အေးဆေးတည်ငြိမ်နေသော်လည်း၊ တင်းကျပ်စွာဆုပ်ကိုင်ထားသည့် သူ၏လက်များနှင့် လက်ဖဝါးမှထွက်နေသော ချွေးများက ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသော မင်းသားတစ်ပါးအနေဖြင့် ဤအချိန်တွင် မည်မျှအထိလေးလေးနက်နက်ရှိနေသည်ကို ဖော်ပြနေပါသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့်က စီနီယာလုသည် ကောင်းကင်နယ်ပယ်တွင်သာရှိသေးပြီး ယဉ်ကျေးပျူငှာစွာပြန်နှုတ်ဆက်ရန်လိုအပ်သေးသည်ကို သူပြန်လည်သတိရမိ၏။ သို့သော် အချိန်တိုအတွင်းမှာပင် အနန္တတာအိုအင်ပါယာဂိုဏ်းက ပြင်းထန်သောပဋိပက္ခများမှတစ်ဆင့် မြောက်နဂါးနန်းတော်နှင့် အရှေ့နဂါးနန်းတော်တို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာခဲ့သည်။

သူ၏ရှေ့မှ လူသည်လည်း တာအိုနယ်ပယ်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီး ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရ၏။

ယခုအခါ ပြန်လည်တွေ့ဆုံကြချိန်တွင်မူ သူတို့၏ အဆင့်အတန်းမှာ လုံးဝပြောင်းပြန်ဖြစ်သွားခဲ့ပြီ။

...

အဘိုးအိုက ပြန်မဖြေဘဲ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းအမူအရာမရှိဘဲ ဖြည်းညှင်းစွာလှည့်ကြည့်လာခဲ့သည်။

သူ၏အကြည့်အောက်တွင် မင်းသားကျစ်ယန်၏ ပုံရိပ်မှာ ရုတ်တရက်ဖိအားများသွား၏။ သူ၏လျှာကို ကိုက်လိုက်ခြင်းက သူ၏ဝိညာဉ်ကို တည်ငြိမ်စေရန်နှင့် သွေးများရူးသွပ်စွာဆူပွက်နေမှုကို ထိန်းချုပ်ရန် ကူညီပေးခဲ့သည်။

နောက်ဆုံးတွင် သူသည် ခြေဆုံးခေါင်းဆုံး ချွေးများရွှဲနစ်နေသော်လည်း မတ်မတ်ပြန်ရပ်နိုင်ခဲ့၏။

သူ၏မျက်မှောင်များမှာ တင်းကျပ်နေသော်လည်း နောက်သို့ တစ်လှမ်းမျှပင်ဆုတ်မသွားခဲ့ပေ။

ဤအရာမှာ ရှန်းယီက နဂါးတံဆိပ်တုံးနှစ်ခုကို အသုံးပြု၍ အရှေ့နဂါးနန်းတော်နှင့် ပြုလုပ်ခဲ့သော အရောင်းအဝယ်တစ်ခုပင်။ စီနီယာလုကိုယ်တိုင် ရောက်ရှိလာခြင်းက ကျစ်ယန်အတွက် မျှော်လင့်မထားသော ကိစ္စဖြစ်သော်လည်း၊ သူက ကတိပေးထားသည်ကို အောင်မြင်အောင်လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

ထိုအချိန်တွင်ပင် အထက်ရှိ တိမ်တိုက်များကြားမှ တောင်တစ်လုံးကဲ့သို့ ကြီးမားပြီးချွန်ထက်သော ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ နက်မှောင်သောအကြေးခွံများမှာ မှိန်ပျပျ တောက်ပနေပြီး ၎င်း၏ညင်သာသော အသက်ရှူသံမှာ မိုးကြိုးပစ်သကဲ့သို့လောကကြီးပေါ်သို့ ကျဆင်းလာ၏။

"ဟမ်.."

မင်းသားကျစ်ယန်က မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ရာ၊ သူ၏နှလုံးခုန်သံမှာ ပို၍ပြင်းထန်လာပါသည်။

ရှန်းယီက စီနီယာလု ရောက်ရှိလာစေရန် ကြီးမားသောလှုပ်ခတ်မှုကို ဖန်တီးခဲ့သည်ဟု သူ ဝန်ခံသော်လည်း၊ ချီထျန်းယာ ကရော အဘယ်ကြောင့် ဤနေရာတွင်ရှိနေရသနည်း။

အနောက်ပိုင်းဟုန်မှ ကိစ္စရပ်များက မြောက်ပိုင်းသို့ မရောက်သေးကြောင်း မင်းသားကျစ်ယန် အာမခံနိုင်ပါသည်။

အနန္တတာအိုအင်ပါယာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မြောက်နဂါးနန်းတော်၏ဘုရင်၊ မသေမျိုး၏ လက်ဝဲလက်နှင့် လက်ယာလက်ဟု ဆိုနိုင်သော သူနှစ်ဦးစလုံး ယခုအခါအနောက်ပိုင်းဟုန်တွင် ပေါ်ထွက်လာကြပြီ... မသေမျိုးက ယခုဤနေရာကို မျက်စိကျနေပြီလော။

နဂါးနက်က မင်းသားကျစ်ယန်ကို အလေးမထားသလိုတစ်ချက်ကြည့်လိုက်ပြီးနောက် အနောက်ပိုင်းဟုန်၏အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သွားခဲ့သည်။

ဤဟုန်ကျယ်ဒေသတွင် မသေမျိုးမှလွဲ၍ အခြားမည်သူမျှ ဤတာအိုနယ်ပယ်နှစ်ဦးကို တစ်ပြိုင်နက်တည်း မတားဆီးနိုင်ပေ။

"ခဏလောက် စောင့်ပါဦး စီနီယာ"

မင်းသားကျစ်ယန်က အဘိုးအိုခြေတစ်လှမ်း လှမ်းလိုက်သည်ကို မြင်သောအခါ ဗီဇအရတားဆီးရန် လှုပ်ရှားလိုက်ပါသည်။ သို့သော် သူ၏ညာခြေကို မလိုက်သည်နှင့် မမြင်ရသောလက်တစ်ဖက်က သူ၏နှလုံးသားကို ရက်စက်စွာဆုပ်ကိုင်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ နောက်တစ်စက္ကန့်တွင် ပေါက်ကွဲတော့မည့်အလား ဖြစ်သွားလေ၏။

သူ၏မျက်နှာမှာ ဖြူလျော်သွားပြီး အသက်ကို လုရှူနေရသော်လည်း၊ လုရှောင်း သူ၏ဘေးမှ ဖြတ်လျှောက်သွားသည်ကို ကူကယ်ရာမဲ့စွာကြည့်နေရုံသာ တတ်နိုင်တော့သည်။

ရုတ်တရက် ကောင်းကင်ယံတွင် စူးရှသော နဂါးဟောက်သံတစ်ခု ပဲ့တင်ထပ်သွားလေ၏။

"ဂရား.."

အလားတူ ကြီးမားသော နဂါးဖြူတစ်ကောင်က တိမ်တိုက်များကြားမှ လိမ့်ဆင်းလာပြီး၊ ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ၏ချွန်ထက်သော လက်သည်းများက နဂါးနက်ကို ပြင်းထန်စွာကုတ်ချလိုက်သည်။

ဘုန်း

ကြီးမားလှသော နဂါးနှစ်ကောင် တိုက်မိကြပြီး မြေပြင်ပေါ်သို့ အတူတူ ပြုတ်ကျသွား၏။

ချီထျန်းယာက လူသားပုံစံသို့ ပြန်ပြောင်းလိုက်ပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားသည်။ တစ်ချိန်တည်းမှာပင် စိမ်းနုရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဖြည်းဖြည်းချင်းနှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး သူ၏လက်ချောင်းထိပ်များဖြင့် ပါးစပ်ကို ဖုံးလိုက်၏။

"ကျုပ်ရဲ့အနန္တတာအိုအင်ပါယာဂိုဏ်းဟာ အချိန်တိုအတွင်းအနောက်ပိုင်းဟုန်မှာ ဂိုဏ်းခွဲသခင် သုံးယောက်ဆုံးရှုံးခဲ့ရပြီး ဘိုးဘေးကျောက်တိုင်မှာလည်း အနှောင့်အယှက်ခံနေရတာကို တွေ့ရှိခဲ့ရတယ်။ဒါကြောင့် ကျုပ်တို့ စုံစမ်းဖို့လာခဲ့တာပါ။ မြောက်နဂါးဘုရင်ကလည်း ကျုပ်နဲ့အတူ လိုက်ပါလာခဲ့တာ။"

"ဒါပေမဲ့ ဘာကြောင့် အရှေ့နဂါးဘုရင်က ကျုပ်တို့ကို တားဆီးရတာလဲလို့မေးပါရစေ။"

ဤကဲ့သို့မျှော်လင့်မထားသော ဖြစ်ရပ်နှင့် ရင်ဆိုင်ရသောအခါ လုရှောင်းက သူ၏လက်ထဲမှ တောင်ဝှေးကိုဖြည်းညှင်းစွာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သော်လည်း နောက်ထပ်ခြေတစ်လှမ်းမျှ တိုးမလာခဲ့ပေ။

တာအိုနယ်ပယ်က တာအိုပေါင်းစည်းခြင်း၏ အဆုံးစွန်နယ်ပယ်ဖြစ်ပြီး သီအိုရီအရ ၎င်းတို့၏ အဆင့်အတန်းမှာ တူညီကြပါသည်။

သို့သော်လည်း ဤတာအိုနယ်ပယ်ရှိသူများနှင့် အဆင့်တူဖြစ်ရုံသာမက မသေမျိုးနယ်မြေများတစ်လျှောက်ခရီးသွားခဲ့ပြီး မသေမျိုးဂိုဏ်းသုံးဂိုဏ်းထံမှ နည်းပညာရပ်များကိုသင်ယူခဲ့သော ဤခရမ်းရောင်မုတ်ဆိတ်နဂါးဖြူနှင့် ရင်ဆိုင်ရချိန်တွင် လုရှောင်းက သူ၏နှလုံးသားအောက်ခြေမှ နက်ရှိုင်းသော သတိထားမှုကို ခံစားနေရသည်။

"ဒီကိစ္စတွေကို ဖြေရှင်းဖို့ ကျုပ်အချိန်၁၅ရက်လိုအပ်တယ်။"

ကျင့်ကြံသူ ကျစ်ရွှမ်က သူ၏လက်ကို နှိမ့်ချလိုက်ပြီး ရိုးရိုးရှင်းရှင်းပင်ပြန်လည်ဖြေကြားလိုက်၏။ အကြောင်းပြချက် သို့မဟုတ် နောက်ဆက်တွဲများကို ရှင်းမပြဘဲ သူတို့ဆီသို့ စိုက်ကြည့်နေခြင်းမှာ အဓိပ္ပာယ်ကရှင်းလင်းနေလေပြီဖြစ်၏။

"မင်းရဲ့ကိစ္စတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ"

ချီထျန်းယာက သူ၏ဝတ်ရုံလက်မှ ဖုန်များကို ခါထုတ်ရင်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။

ယနေ့ကိစ္စများက သူနှင့် ဘာမျှမဆိုင်သော်လည်း...

တစ်ခါက ဤကျစ်ဆိုသူကို အနည်းငယ်မျှသော ကွာဟချက်ဖြင့်ရှုံးနိမ့်ခဲ့ဖူးပြီး ယခုအခါ မသေမျိုး၏မျက်နှာသာပေးမှုကို ရရှိထားရာ သူက တစ်ဖက်လူကို အဘယ်ကြောင့်ကြောက်နေရဦးမည်နည်း။

အကယ်၍ ထိုသို့မဟုတ်လျှင် မသေမျိုးထံတွင် နှစ်ပေါင်းတစ်သိန်းကြာအစေခံခဲ့သမျှသည် အလဟဿဖြစ်သွားပေလိမ့်မည်။

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူ ကျစ်ရွှမ်က အနည်းငယ်ပြုံးလိုက်ပြီး ဘေးသို့အနည်းငယ် စောင်းပေးကာတစ်ဖက်လူကို ဆက်လက်လှုပ်ရှားရန် အချက်ပြလိုက်သည်။

...

ချီထျန်းယာက သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး သတ္တိရှိရှိဖြင့်ခြေတစ်လှမ်း တိုးလိုက်ပါသည်။

ကျင့်ကြံသူ ကျစ်ရွှမ်က အပြုံးကို ဆက်လက် ထိန်းသိမ်းထားသော်လည်း၊ သူ၏ဝတ်ရုံလက်အိုးအတွင်း ဝှက်ထားသောလက်မှာ ရုတ်တရက် ဓားလက်ချောင်းအဖြစ်သို့ စုစည်းသွားသည်။

နှစ်ဦးစလုံးက နတ်ဆိုးစွမ်းအားကို ထုတ်မသုံးကြသော်လည်း၊ကောင်းကင်ယံတစ်ခုလုံးက ချက်ချင်းပင်ထူထပ်လေးလံသွားကာကြားထဲတွင် ပိတ်မိနေသော မင်းသားကျစ်ယန်မှာ အသက်ရှူရန်ပင် အလွန်ခက်ခဲသွားပြီး သူ၏မျက်နှာမှာ တဖြည်းဖြည်း နီရဲလာလေ၏။

"အချိန် ၁၅ ရက်ကို ငါ သဘောတူတယ်။"

လုရှောင်းက ရုတ်တရက်စကားပြောလိုက်ပြီး သူတို့နှစ်ဦးကြားရှိတင်းမာမှုကို ဖြိုခွဲလိုက်၏။ တစ်ချိန်တည်းမှာပင် ချီထျန်းယာကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ပေးပို့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ထားလိုက်ပါ။ငါတို့နှစ်ယောက်ပေါင်းရင် သူ့ကို မကြောက်တာမှန်ပေမဲ့၊ သူ့သမီးက ကောင်းကင်ဘုံမှာ အမှုထမ်းနေတာ။မင်း တကယ်ပဲ သူ့ကို ဒဏ်ရာရအောင် လုပ်ရဲလို့လား"

"ဒီမှာ တစ်ခုခုတော့ မှားနေပြီ"

ချီထျန်းယာက အေးစက်သော အမူအရာဖြင့် မှတ်ချက်ချလိုက်၏။

"တကယ်လို့ သူတစ်ခုခု ဖုံးကွယ်ထားတယ်ဆိုရင်၊ ငါတို့က မသေမျိုးဆီကို ပြန်ပြီးသတင်းပို့ရုံပဲ။ ဒီမှာ စကားတွေအများကြီး ပြောနေဖို့ မလိုဘူး။"

လုရှောင်းက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး စကားတစ်ခွန်းသာချန်ထားခဲ့ကာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲ၍ မြောက်ပိုင်းဟုန်ဆီသို့ ဦးတည်သွားသည်။

"၁၅ ရက်ကြာပြီးရင် ငါအနောက်ပိုင်းဟုန်ကို ပြန်လာခဲ့မယ်။အဲဒီအချိန်ကျရင် အရှေ့နဂါးဘုရင်ကလည်း ငါ့ကိုမျက်နှာသာပေးပြီး မိတ်ဆွေဟောင်းဆက်ဆံရေးကိုအထိခိုက်မခံဘူးလို့ ငါမျှော်လင့်ပါတယ်။"

All Chapters