တကယ်လို့ မင်းက မိုးပြာကောင်းကင်ကို မမြင်စေချင်ဘူးဆိုရင်၊ ငါ့ရှန်းယီကိုယ်တိုင် ကောင်းကင်ဖြစ်လာမယ်
Vol. 92 Ch. 915
အခြားသော မျိုးဆက်သစ်များမှာလည်း ထုံထိုင်းသွားပုံရသည်။
ကျစ်ရှန်း၏လက်ချောင်းထိပ်များမှာ ရူးသွပ်စွာ တုန်ယင်နေသော်လည်း၊ သူမ၏လည်ချောင်းမှာ တစ်ဆို့နေသကဲ့သို့ ခံစားရပြီး၊တိုးညှင်းသော ရှိုက်သံလေးတစ်ခုကိုသာ ထုတ်လွှင့်နိုင်တော့သည်။
“ငါ့ဘဝမှာ ဒီလိုစွမ်းရည်ရှိတဲ့ အမျိုးသမီးမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ သူမနဲ့ ပူးပေါင်းရတာက တကယ်ကို ဒီမသေမျိုးရဲ့ ကံကောင်းမှုပဲ။”
ဟုန်ကျယ်မသေမျိုးက ဆံပင်များဖြူစပြုနေပြီဖြစ်သော သူ၏ရှေ့မှ နဂါးအိုကြီးဆီသို့ အကြည့်လွှဲလိုက်ပြီး “သူမရဲ့အကြီးမားဆုံး အားနည်းချက်က သူမကိုဖျက်ဆီးပစ်ဖို့ စွဲလမ်းနေတဲ့ အဖေတစ်ယောက် ရှိနေတာပဲ” ဟု သက်ပြင်းချလိုက်၏။
“သူမပိုအဆင်ပြေလေ ငါတို့အတွက် ပိုကောင်းလေလို့ မင်းပြောခဲ့ပေမဲ့၊မင်းက မကောင်းတဲ့ ရည်ရွယ်ချက်တွေကို သိမ်းဆည်းထားခဲ့တယ်။ မင်းသေဖို့ မထိုက်တန်ဘူးလား”
ဟုန်ကျယ်မသေမျိုးက ရုတ်တရက် သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံကို ဖုံးကွယ်ထားသော ကျောက်စိမ်းဖြူကြံ့ကြီးသည် ကောင်းကင်အမိုးခုံးအလယ်တွင် မျက်လုံးများကို ဖွင့်လိုက်၏။
ကျင့်ကြံသူ ကျစ်ရွှမ်၏မျက်လုံးများမှာ ချက်ချင်းပင် သွေးလိုနီရဲသွားပြီး၊သူ၏ ဖြူစပြုနေသော ဆံပင်များမှာ ဖရိုဖရဲလွင့်စင်သွားကာ၊ သူ၏အရေပြားအောက်မှ အကြေးခွံများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
အစမှ အဆုံးတိုင်အောင် ရုန်းကန်ရန် အခွင့်အရေး လုံးဝမရှိခဲ့ပေ။
သူသည် သူ၏ကိုယ်ပိုင်သားဖြစ်သူ၏နှလုံးသားကို တစ်ချက်တည်းဖြင့် ချေမွပစ်ရန်ရည်ရွယ်ထားသည့်အလား၊ကျစ်ယန်၏နှလုံးသားဆီသို့ သူ၏ နဂါးလက်သည်းကို ရုတ်တရက်ဆန့်ထုတ်လိုက်၏။
“ဂရား...”
ကျင့်ကြံသူ ကျစ်ရွှမ်က လုံးဝကွဲပြားခြားနားသော ခံစားချက်နှစ်ခုကို ပြီးပြည့်စုံစွာပေါင်းစပ်လျက်၊ ကြမ်းကြုတ်သော်လည်း ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်၏။
သို့သော် ထိုလက်သည်း ဆန့်ထုတ်လိုက်သည့် အခိုက်အတန့်တွင်၊၎င်းက နဂါးခေါင်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ချွန်ထက်သော သွားများကို ထုတ်ဖော်ကာ ရှေ့သို့ ရုတ်တရက်ဟပ်လိုက်ပြီး သူ၏အစွမ်းကုန်အားဖြင့် လက်မောင်းကို ကိုက်ချလိုက်လေသည်။
တစ်ချက်တည်းကိုက်လိုက်ရုံဖြင့်၊ သူ၏ညာဘက်လက်မောင်းကို သူကိုယ်တိုင်ဖြတ်တောက်ပစ်လိုက်၏။
သူသည် အသားများကို ရူးသွပ်စွာဝါးနေရင်း “ထွက်ပြေးကြ... အနည်းဆုံးတော့... မင်းတို့အဖေရဲ့လက်ချက်နဲ့တော့ မသေကြနဲ့...” ဟု အက်ကွဲနေသောအသံဖြင့် ပြောလိုက်သည်။
ကျစ်ယန်က သူ၏ဖခင် မျက်လုံးထဲမှ မျက်ရည်များကို ငေးမောကြည့်နေရင်း၊ သူ၏မျက်နှာသွင်ပြင်မှာ ချက်ချင်းပင်ရှုံ့မဲ့သွားလေသည်။ သူက အသွင်ပြောင်းလိုက်ပြီး၊သူ၏ညီမ နှင့် တူမဖြစ်သူကိုဖမ်းဆွဲကာ ခန်းမဆောင် အပြင်ဘက်သို့ ရူးသွပ်စွာ ပြေးထွက်သွားလေ၏။
“ဘာလို့ ပြေးတာလဲ နောက်နေတာပါကွာ။”
ဟုန်ကျယ်မသေမျိုးက ရုတ်တရက်မှော်အတတ်ကို ရုပ်သိမ်းလိုက်ပြီး၊သွေးသံတရဲရဲဖြစ်သည်အထိ မိမိကိုယ်ကိုကိုက်ခဲထားကာ မြေပြင်ပေါ်တွင် ဒူးထောက်၍တုန်နေသော နဂါးအိုကြီးကိုကြည့်နေလေသည်။
သူက ကျင့်ကြံသူ ကျစ်ရွှမ်၏ဘေးသို့ ရှေ့တစ်လှမ်း တိုးသွားကာ၊ လှမ်း၍ သူ၏လည်ပင်းကို ပုတ်လိုက်ပြီး “မင်းက အရင်လူနဲ့မတူဘူး။ မင်းက အရေးပါတဲ့နောက်ခံကနေ လာတာလေ။ မင်းကို ငါက ဘယ်လိုလုပ်အပြစ်ပေးရက်မှာလဲ”
ထိုစကားများကြောင့်၊ ကျစ်ယန်၏ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး၊ သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တလက်လက်တောက်ပလာကာ တုန်ရီလျက် နောက်သို့လှည့်ကြည့်လိုက်၏။
မည်သို့ပင်ဖြစ်စေ၊ သူ၏ဖခင် အသက်ရှင်နေသရွေ့ မည်သည့်ရလဒ်ကိုမဆို သူ ခံစားရန် ဆန္ဒရှိပါသည်။
ကျစ်ရှန်း နှင့် ကျစ်လန်တို့သည်လည်း မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်ကျသွားကြ၏။
နောက်တစ်စက္ကန့်တွင်၊ဟုန်ကျယ်မသေမျိုး ပြုံးနေသည်ကို လူတိုင်းစောင့်ကြည့်နေစဉ်၊ သူ၏ လက်ဖဝါးဖြင့် ညင်သာစွာပုတ်လိုက်ရုံဖြင့်၊ ကြမ်းကြုတ်ပြီးသွေးစွန်းနေသော နဂါးခေါင်းကြီးသည် လည်ပင်းမှဖြည်းညှင်းစွာ လျှောကျသွားပြီး မြေပြင်ပေါ်တွင် နှစ်ပတ်လောက်လိမ့်သွားလေသည်။
“အပြစ်ပေးဖို့တော့ မလိုပါဘူး၊ ဒါပေမဲ့ သေဖို့တော့ လိုသေးတယ်။”
ဟုန်ကျယ်မသေမျိုး၏သိမ်မွေ့သော အသံက လူတိုင်း၏ နှလုံးသားထဲသို့ အေးစက်သောချမ်းစိမ့်မှုကြီးကို ဖြတ်သန်းသွားစေသည်။
သူသည် တည်ငြိမ်စွာပင် လက်သီးဆုပ်လိုက်ပြီး၊ ပျက်စီးနေသောခန္ဓာကိုယ်ထဲမှ ရူးသွပ်စွာရုန်းကန်နေသော နဂါးဝိညာဉ်တစ်ခုကို ဆွဲထုတ်လိုက်ကာ “ကျစ်လင် နတ်သမီးက မင်းကို အထီးကျန်တစ္ဆေတစ်ကောင်အဖြစ် လေလွင့်စေတဲ့အထိ မရက်စက်နိုင်ဘူး၊သူမက မင်းကို ကောင်းကင်ဘုံကို ခေါ်သွားပြီးကောင်းချီးတွေကို ခံစားစေချင်တာ။”
“သိပ်ကို မိဘကျေးဇူးသိတတ်တဲ့ ကလေးမလေးပဲ၊ ဒီလိုအဖေမျိုးရှိတာက တကယ်ကို ရင်နင့်စရာပဲ။”
“ဒါပေမဲ့၊ကောင်းကင်ဘုံရဲ့ အကျိုးကျေးဇူးတွေကို မခံစားရခင်မှာ၊မင်း နည်းနည်းတော့ လိမ္မာဖို့ လိုတယ်။”
ဟုန်ကျယ်မသေမျိုးက ရွှေရောင်ဘူးသီးတစ်ခုကို ထုတ်ယူလိုက်ပြီး နဂါးဝိညာဉ်ကို အတွင်းသို့ အတင်းအဓမ္မထိုးထည့်လိုက်၏။
“ဂါး..”
ဘူးသီးအတွင်းမှ စူးရှပြီးအသည်းကွဲဖွယ် အော်ဟစ်သံကြီး ရုတ်တရက် ထွက်ပေါ်လာလေ၏။
တစ်ချိန်က ကောင်းကင်နယ်မြေများတစ်လျှောက် ခရီးသွားခဲ့ဖူးသောနဂါးဖြူတွင်လည်း ဤမျှ သတ္တိကြောင်သောဘက်ခြမ်းတစ်ခု ရှိနေပြီး၊ ၎င်း၏အော်ဟစ်သံများထဲတွင် တောင်းပန်နေမှုများကို လူတိုင်းကြားနိုင်ပါသည်။
ဟုန်ကျယ်မသေမျိုးက အဖုံးကို အေးအေးဆေးဆေးပင် ပိတ်လိုက်ရာ၊ အတွင်းမှ အော်ဟစ်သံများကိုလည်း ငြိမ်သက်သွားစေသည်။
သူသည် ဘူးသီးကို နှစ်ကြိမ်ညင်သာစွာ လှုပ်ရမ်းလိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်၏။
“ဖခင်အရင်းကိုသတ်တာက သူမရဲ့ဂုဏ်သတင်းကို ညှိုးနွမ်းစေလိမ့်မယ်၊ဒါပေမဲ့ မင်းက မိုက်မဲပြီး ယုတ်မာလွန်းတယ်။ သူမအနေနဲ့ လုံခြုံမှုရှိတယ်လို့ ခံစားရဖို့ မင်းကိုအနီးအနားမှာ ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး... ဟား၊ မင်းက မင်းသမီးရဲ့ ကျေးဇူးကြောင့် တကယ်ပဲထိရှသွားတာပဲ၊ ဒါက ကောင်းကင်ဘုံကို တက်လှမ်းတာလို့ မှတ်ယူလို့ရပါတယ်။”
ခန်းမဆောင်တစ်ခုလုံး ရယ်မောသံများ ပြန့်နှံ့သွားလေသည်။
လုရှောင်းနှင့် ချီထျန်းယာတို့က ခေါင်းကို အနည်းငယ်ငုံ့လိုက်ကြပြီး၊ သူတို့ရှေ့မှ ပုံရိပ်အပေါ် သူတို့၏ရိုသေလေးစားမှုမှာ ပိုမိုနက်ရှိုင်းလာလေသည်။
“တော်ပြီ..။”
ဟုန်ကျယ်မသေမျိုး သူ၏လက်ကို ဆန့်ထုတ်ကာ နဂါးခေါင်းကိုကောက်ကိုင်လိုက်ပြီး အလယ်ရှိ ကျောက်စိမ်းနံရံတွင် ချိတ်ဆွဲလိုက်သည်။
“ငါက ငြိမ်းချမ်းတဲ့ဆယ်နှစ်တာ အချိန်ကိုလိုချင်တယ်၊ဒါကြောင့် မင်းတို့က ဒီဟုန်ကျယ်ကို ရှင်းလင်းပေးဖို့ ငါ့ကိုကူညီရမယ်။ မှတ်ထား ပြောင်စင်နေအောင်ရှင်းလင်းပစ်ပြီး အလားတူကိစ္စမျိုး ယထပ်မဖြစ်စေနဲ့။”
“သွားတော့။”
သူသည် သူ၏ဝတ်ရုံကို ဝှေ့ယမ်းလိုက်ပြီး ခန်းမထဲမှ ဖြည်းညှင်းစွာ ယထွက်ခွာသွားလေသည်။
မသေမျိုးထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်၊ ချီထျန်းယာနှင့် လုရှောင်းတို့က ခန်းမဆောင်ထဲရှိ အံ့အားသင့်တွေဝေနေသော လူအနည်းငယ်ကို အေးစက်စွာမျက်လုံးကစားကြည့်လိုက်သော်လည်း၊သူတို့၏နှုတ်ခမ်းပေါ်ရှိ အပြုံးကိုတော့ မည်သို့မျှ ဖုံးကွယ်ထား၍ ယမရနိုင်ပေ။
ဟုန်ကျယ်ကို တစ်ဖန်ပြန်လည်ရှင်းလင်းဆေးကြောရခြင်းက တကယ်ကို ပျော်စရာကောင်းပုံရလေ၏။
ဒါဆို ဖော်လံဖားရတာက မယ်နေရာများ ဆိုးလို့လဲ။
...
တစ်ချိန်တည်းမှာပင်
အနောက်ပိုင်းဟုန်ရှိ၊ ပန်ရှန်းဂိုဏ်း အတွင်းတွင်
ကျိကျင့်ရှီး နှင့် အခြားသူများက ရှေ့သို့ နားမလည်စွာ ကြည့်နေကြ၏။
ရှန်းယီက ဂိုဏ်း၏အပြင်ဘက်တွင် ရပ်ကာ ကောင်းကင်ကို တိတ်ဆိတ်စွာမော်ကြည့်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
အုံ့မှိုင်းနေသော ကောင်းကင်ယံသည် လွတ်ဟာနေပြီး လုံးဝဘာမျှမရှိသည်မှာ ရှင်းလင်းနေသော်လည်း၊လူတိုင်းသည် ဆောင်းဦးပေါက်ကဲ့သို့ ထိုးဖောက်ဝင်ရောက်လာပြီး ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်သွားသော ရုတ်တရက်အေးစိမ့်မှုကြီးကို ခံစားလိုက်ကြရသည်။
ရှန်းယီ၏အနက်ရောင် သူငယ်အိမ်အတွင်းတွင်၊ ကောင်းကင်ကို ဖုံးကွယ်ထားသော ကျောက်စိမ်းဖြူကြံ့ကြီးတစ်ကောင် အရိပ်ထင်နေလေ၏။
ကျောက်စိမ်းဖြူကြံ့ကြီးက နိုးထလာပြီး အရှေ့ဘက်သို့ ကြည့်ရှုနေလေသည်။
“...”
ရှန်းယီက ရုတ်တရက်ပြုံးလိုက်ပြီး၊ သူ၏အကြည့်ကို သူ၏ခြေချောင်းများဆီသို့ နှိမ့်ချလိုက်ကာ မြေပြင်ပေါ်ရှိကျောက်ခဲများကို ညင်သာစွာ ချေမွလိုက်သည်။
သူသည် သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး၊ ကြီးမြတ်သော ခန်းမငါးခု တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေသကဲ့သို့ မသိမသာ နီရဲသောအရိပ်အယောင်တစ်ခု သူ၏ မျက်လုံးအောက်ခြေမှ ထွက်ပေါ်လာလေသည်။
ဟုန်ကျယ်အတွက် ကြည်လင်သောကောင်းကင်ယံတစ်ခုကိုပြန်လည်ပေးအပ်ရန် ခုနစ်ရက်ဆိုသည့် အချိန်သည် လုံလောက်ပုံမပေါ်ပေ။
ဤသို့ဆိုလျှင် နောက်ထပ်ခုနစ်ရက် ထားလိုက်ယုံပင်။
တောင်းပန်နေခြင်းကလည်း အသုံးမဝင်၊မျက်ရည်ကျနေခြင်းကလည်း အသုံးမဝင်ရာ၊ မိုးပြာကောင်းကင်ကို မမြင်ချင်ယောင်ဆောင်လိုက်သည်မှာ ပိုကောင်း၏။
ထိုသို့ဆိုလျှင် သူ၏ကိုယ်ပိုင် လက်များဖြင့်သာ၊ ဟုန်ကျယ်အတွက် သွေးကဲ့သို့နီရဲနေသော ကောင်းကင်ယံတစ်ခုကို သူဖန်တီးပေးရလိမ့်မည်။