စစ်ကြောင်းချီတက်လာသော မြောက်ပိုင်းဟုန်
Vol. 92 Ch. 916
ဘုန်း...ဘုန်း
မြောက်ပိုင်းဟုန်နယ်မြေအတွင်း၌နက်မှောင်သော သံချပ်ကာများကို ဝတ်ဆင်ထားသည့် တန်းစီနေသောပုံရိပ်တန်းများတစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြပြီး စစ်ကြောင်းတိုင်းကို မတူညီသောနတ်ဆိုးမျိုးနွယ်အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။
၎င်းတို့ စုရုံးမိသည့်အခိုက်အတန့်တွင် ပြင်းထန်လှသောနတ်ဆိုးအငွေ့အသက်များက ကျယ်ပြောလှသည့် စိမ်းပြာရောင်ရေပြင်ကိုပင် သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားစေလုနီးပါးဖြစ်သွား၏။
မသေမျိုးများ၏ မျက်စိအောက်တွင်ပင် မြောက်ပိုင်းနဂါးနန်းတော်က ဤရေပြင်များကို နှစ်ပေါင်းများစွာထိန်းချုပ်ခဲ့ပြီး သံစည်ပိုင်းကဲ့သို့ ထိုးဖောက်ဝင်ရောက်၍မရသောခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
အာဏာလုပွဲများအတွက် နေရာမရှိခဲ့ပေ။ ရေပြင်မှ မဟာနတ်ဆိုးတိုင်းက နဂါးနန်းတော်ထံ လက်နက်ချခဲ့ကြပြီး နှစ်စဉ်လက်ဆောင်ပဏ္ဏာများကိုသာမက မြောက်ပိုင်းနဂါးနန်းတော်ကိုယ်စား တိုက်ခိုက်ရန်နှင့် အစီအရင်များကိုချိုးဖျက်ရန် ၎င်းတို့မျိုးနွယ်စုများမှ အဆင့်မြင့်ကျွမ်းကျင်သူများကိုပါ ပေးအပ်ခဲ့ကြသည်။
ယခုအချိန်တွင် ၎င်းတို့က တစ်နေရာထဲတွင် တိတ်ဆိတ်စွာရပ်နေကြရင်း မျက်လုံးများအေးစက်နေခဲ့သည်။
ကြီးမားသောခန်းမကြီးထဲတွင် မရေမတွက်နိုင်သော နဂါးမျိုးဆက်များကလည်း သံချပ်ကာများကိုဝတ်ဆင်ထားကြပြီး တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြ၏။
မြောက်ပိုင်းနဂါးဘုရင်က အရှေ့ပိုင်းဟုန်တွင် နေထိုင်ကာ ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူများအုပ်စုကို ဖိနှိပ်ထားလေ၏။ သူ မရှိသည့်အချိန်တွင် ဘုရင်၏ညီတော်ဖြစ်သူ ချီထျန်းချွမ်က တာဝန်ယူထားပါသည်။
ဤရက်စက်ကြမ်းကြုတ်သော နဂါးနက်က ရာဇပလ္လင်ကို သိမ်းပိုက်ထားပြီး သူ၏ဘေးတွင် လိပ်နတ်ဆိုးအို တစ်ကောင်ရပ်နေလေ၏။
မြေပုံကို ပေါ့ပေါ့ပါးပါးလက်ညှိုးထိုးပြလိုက်သည်နှင့် အစောင့်များ၏လက်ထဲရှိ တော်ဝင်အမိန့်စာများကို ၎င်းတို့ရှေ့ရှိ နတ်ဆိုးစစ်တပ်ထံသို့ ပေးပို့လိုက်သည်။
သာမန်တပ်သားများထက်စာလျှင် နဂါးခန်းမ၏ အပြင်ဘက်တွင်တပ်စွဲထားသော နတ်ဆိုးစစ်တပ်တိုင်းက မသေမျိုးဂိုဏ်းတစ်ခုကို လွတ်လပ်စွာတိုက်ခိုက်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားလုနီးပါးရှိကြ၏။
တိမ်မည်းကြီးတစ်အုပ်ကဲ့သို့ ထူထပ်လှသော နတ်ဆိုးအုပ်ကြီးက ရေပြင်မှနေ၍အရပ်မျက်နှာ အသီးသီးသို့ တိုးထွက်သွားကြလေတော့သည်။
ဟုန်ကျယ်၏ကျယ်ပြန့်မှုက အလွန်ကြီးမားလှသဖြင့် ၎င်းကိုလုံးဝရှင်းလင်းပစ်ရန်မှာ အရူးတစ်ယောက်၏စိတ်ကူးယဉ်ပုံပြင်များကဲ့သို့ မိုက်မဲသောလုပ်ရပ်တစ်ခုကဲ့သို့ ထင်ရပေသည်။
သို့သော်လည်း ချီထျန်းချွမ် နှင့် လိပ်နတ်ဆိုးအိုကြီးတို့၏ လက်ချောင်းတစ်ချက် ထိုးလိုက်ရုံဖြင့် မကြာမီတွင် ဟုန်ကျယ်အများစုကို ခွဲဝေချထားပြီးဖြစ်သွားသည်။
ကျန်ရှိနေသော နေရာများအတွက်မူ...
တိုက်ခတ်နေသော လေပြေများကြားတွင် မြောက်ပိုင်းဟုန်၏ ကောင်းကင်ကန့်လန့်ကာကို ရွှေရောင်အလင်းတန်းများက ဖုံးလွှမ်းသွားခဲ့၏။ မိုင်တစ်သောင်း တောင်တန်း နှင့် မြစ်များပန်းချီကားလိပ်က ပွင့်ဟလာပြီး ကြည်လင်သော မိုးပြာကောင်းကင်ပေါ်တွင် ကမ္ဘာသစ်တစ်ခုရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ လူများ၏အသံများဖြင့် ဆူညံနေလေသည်။
ခမ်းနားထည်ဝါသော တာအိုနန်းတော်များက မသေမျိုးမြို့တော်များ၏ခမ်းနားမှုနှင့် ယှဉ်ပြိုင်နိုင်လောက်အောင် ခန့်ညားစွာရပ်တည်နေကြ၏။
နန်းတော်အတွင်း၌သေမျိုးနယ်မြေကို အပေါ်စီးမှ ကြည့်ရှုနေသော နတ်ဘုရားများကဲ့သို့ အရှိန်အဝါကြီးမားသောပုံရိပ်ဆယ့်နှစ်ခုက တင်ပျဉ်ခွေ ထိုင်နေကြသည်။
၎င်းတို့၏အောက်တွင် အစွမ်းထက်သော ကျင့်ကြံသူများက မြေပြင်တစ်ခွင်၌အုပ်စုလိုက် ရပ်နေကြကာ နတ်ဆိုးမျိုးနွယ်များက လာရောက်ဂါရဝပြုကြ၏။ ထိုအထဲတွင် အထင်ရှားဆုံးမှာ ယွဲ့မိသားစု၏ကပ်ဘေးချီလင်ပင်။
အမှန်အတိုင်းပြောရလျှင် တာအိုနယ်ပယ်ကို ဖယ်ထုတ်လိုက်မည်ဆိုလျှင်ပင် မြောက်ပိုင်းဟုန်၏ အင်အားကို ကျန်ရှိနေသောဟုန်သုံးခု၏ပေါင်းစပ်အင်အားနှင့် ယှဉ်နိုင်ဖွယ်မရှိပေ။
သို့သော်လည်း ၎င်း၏ခွန်အားက မသေမျိုးများ၏ ခြေတော်အောက်တွင် တည်ရှိနေခြင်းကြောင့် မည်သည့်ပြည်တွင်းစစ်ကိုမဆို ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် မသေမျိုးများအနှစ်သက်ဆုံးသော အင်အားစုနှစ်ခုက မည်သည့်အခက်အခဲမှမရှိဘဲ အင်အားကြီးသူအားလုံးကို စုစည်းရန်အမိန့်တစ်ခုသာလိုအပ်ပြီး မည်သူကမျှပြန်လည်ခုခံရန် မရဲဝံ့ကြပေ။ အပေါ်ယံတွင် သဘောတူဟန်ရှိကြပြီး ဆန့်ကျင်ဘက်ပြုလုပ်ရန်ပင် မရဲဝံ့ကြပေ။
မြောက်ပိုင်းဟုန်၏အင်အားကို စုစည်းခြင်းဖြင့် ၎င်းတို့က ကျန်ရှိနေသောဟုန်သုံးခုကို လွှမ်းမိုးသွားနိုင်ပေသည်။
"အရှေ့ဘက်ကကျိန်စာသင့်နေတဲ့ နဂါးတွေက လူတွေရဲ့မျက်လုံးကို ကွယ်အောင်လုပ်တဲ့နေရာမှာ အတော်ဆုံးပဲ။အခု သူတို့မရှိတော့ဘူးဆိုတော့ ကိစ္စတွေက အများကြီးပိုရှင်းလင်းသွားပြီ။"
အရှေ့ပိုင်းနဂါးနန်းတော်မှ တမင်တကာ ရှုပ်ထွေးအောင်ပြုလုပ်ထားသော အခြေအနေများအောက်တွင် မြောက်ပိုင်းဟုန်က ပြင်ပကမ္ဘာနှင့် ပတ်သက်၍ အနည်းငယ်မှသတိမထားမိခဲ့ကြပေ။
သို့သော် ထိုအရာက အရေးမကြီးပေ။
တာအိုနန်းတော်မှ ပုံရိပ်ယောင်များထဲမှ တစ်ဦးက ဖျော့တော့စွာပြုံးလိုက်ပြီး တောင်ဘက်သို့ ကြည့်လိုက်၏။
အလွန်ကျယ်ပြောလှသောမြင်ကွင်းထဲတွင် ကြက်များနှင့် ခွေးများမှလွဲ၍ ဘာမျှမရှိပေ။
နောက်တစ်ခဏတွင် အရှိန်အဝါကြီးမားသောပုံရိပ်ဆယ့်နှစ်ခုစလုံးက ၎င်းတို့၏စစ်မှန်သော ပုံစံများကိုဖော်ထုတ်လိုက်ကြပြီး ၎င်းတို့၏အသံများမှာ ကောင်းကင်ယံတစ်ခွင်တွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့၏။
"သတ်"
...
အနောက်ပိုင်းဟုန်၊ ပန်ရှန်းဂိုဏ်း
ယဲ့ကျိုး နှင့် အခြားသူများက ရှုပ်ထွေးမှုများဖြင့် ရှေ့သို့ ကြည့်လိုက်ကြ၏။
"ရှန်းယီ ဘယ်မှာလဲ"
ယခင်က ဂိုဏ်းချုပ်ရှန်း၏တည်ငြိမ်သော အသွင်အပြင်ရှိသော်လည်း သူ၏စိတ်ခံစားချက်တွင် တစ်စုံတစ်ခုလွဲချော်နေခဲ့သည်။
အခြေအနေများ ကောင်းမွန်နေသဖြင့် ၎င်းတို့လိုအပ်သည်မှာ မသေမျိုးခုံရုံးမှ ၎င်းတို့၏ အသနားခံစာကို လက်ခံရရှိရန်သာဖြစ်ပြီး အလှည့်အပြောင်းတစ်ခု သေချာပေါက်ဖြစ်လာပေမည်။
ဤသို့ဆိုလျှင် အဘယ်ကြောင့် သူ့ထံမှ သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ရုတ်တရက်ထွက်ပေါ်လာရသနည်း။
"သူ... သူ ထွက်သွားပြီ။"
ကျိကျင့်ရှီး၏နူးညံ့သော မျက်နှာပေါ်တွင် အနည်းငယ်တွေဝေသွားမှုများ ထွက်ပေါ်လာပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။
ဂိုဏ်းချုပ်ရှန်း တစ်ယောက်တည်း လှည့်လည်သွားလာခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။ တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းမှ မည်သူမဆို ယခုအချိန်တွင် ၎င်းနှင့် ရင်းနှီးနေသင့်ပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ကျိကျင့်ရှီး (Ji Jingxi) သည် ရှင်းပြ၍မရလောက်အောင် ထိတ်လန့်မှုနှင့်စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။
နောက်ဆုံးအကြိမ် သူမ အလားတူ ခံစားခဲ့ရသည်မှာ စီနီယာအစ်ကိုချင်း မြောက်ပိုင်းဟုန်ရှိ ရွှမ်ချင်းကို ကယ်တင်ရန် ဂိုဏ်းမှထွက်ခွာသွားချိန်က ဖြစ်သည်။
နှစ်ဦးစလုံးက နန်ယန်၏ဂိုဏ်းချုပ်များဖြစ်ကြသော်လည်း ၎င်းတို့၏ကိုယ်ရည်ကိုယ်သွေးများမှာ မိုးနှင့်မြေလို ကွာခြားပါသည်။
အကြောင်းတစ်ခုခုကြောင့် ကျိကျင့်ရှီးက သူတို့၏ မျက်နှာပေါ်တွင် တူညီသောခံစားချက်ကို မြင်လိုက်ရသလို ထင်လိုက်မိသည်။ ထိုအရာမှာ စိတ်ပျက်အားငယ်ဖွယ်လောင်းကြေးတစ်ခုမှ မွေးဖွားလာသော ဆုံးဖြတ်ချက်တစ်ခုပင်။
"သူက ငါတို့ကို ကိုယ်တိုင်ဆုံးဖြတ်ခိုင်းခဲ့တယ်။"
ကျိကျင့်ရှီးက ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ ပို၍ပင်အံ့အားသင့်နေခဲ့သည်။
"ငါတို့ဘာသာ ဆုံးဖြတ်ရမယ်။ ဘာကို ဆုံးဖြတ်ရမှာလဲ။"
အမြဲတစေစိုးရိမ်တကြီးဖြစ်တတ်သော ယဲ့ကျိုးက ရှန်းယီကို ရှာဖွေရန် သူ၏အလင်းစီးဆင်းဓားပျံကို ဆင့်ခေါ်ရန် ပြင်ဆင်နေပြီဖြစ်သည်။
သူက ထူးဆန်းသည်ဟုသာ ထင်ခဲ့၏။ အရာအားလုံးအေးချမ်းနေပုံရသော်လည်း ရှန်းယီက အဘယ်ကြောင့် ရုတ်တရက်ပြောင်းလဲသွားရသနည်း။ ကောင်းကင်ကို လှမ်းကြည့်လိုက်ချိန်တွင် သူ အတိအကျဘာကို မြင်လိုက်ရသနည်း။
အရေးကြီးသောဖြစ်ရပ်တစ်ခု ရှိနေလျှင်ပင် အဘယ်ကြောင့် သေချာစွာမဆွေးနွေးရသနည်း။ ပို၍အရေးကြီးသော အခိုက်အတန့်ဖြစ်လေလေ ရရှိနိုင်သမျှအင်အားစုအားလုံးကို စုစည်းရမည့်အချိန်ဖြစ်သင့်သည်မဟုတ်လော။
"နေဦး။"
ရုတ်တရက် ချီယန်ရှန်းက ယဲ့ကျိုး၏လက်မောင်းကို ဆွဲကိုင်လိုက်ပြီးမြောက်ဘက်သို့ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်လိုက်၏။
သူ၏အကြည့်များ အဝေးသို့ ရောက်သွားသည်နှင့်အမျှ သူ၏မျက်လုံးအိမ်များမှာ အနည်းငယ်တုန်ခါသွားခဲ့သည်။
ဤသတိကြီးသော လင်းယွဲ့ဂိုဏ်းချုပ်က ဟုန်ကျယ်တွင် အသန်မာဆုံးအထွတ်အထိပ်မှဟု မသတ်မှတ်နိုင်သော်လည်း၊ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့်မှ အင်အားကြီးသူတစ်ဦးအနေဖြင့် သူက လေးစားမှုကိုရရှိနေဆဲပင်။
သို့သော် ယခုအခါ လူတိုင်းက သူ၏ ပြင်းထန်သော အသက်ရှူသံများကိုကြားနေရသည်။
တောင်ပိုင်းဟုန် ဂိုဏ်းခေါင်းဆောင်များအတော်များများနှင့် ပန်ရှန်းဂိုဏ်းချုပ်တို့က တစ်ပြိုင်နက်တည်းမြောက်ဘက်သို့ ကြည့်လိုက်ကြပြီး ချက်ချင်းဆိုသလိုပင် ၎င်းတို့၏မျက်နှာများသည်လည်း ချီယန်ရှန်း၏ခံစားချက်များ နှင် ပဲ့တင်ထပ်သွားခဲ့သည်။
အနောက်ပိုင်းဟုန် နှင့် မြောက်ပိုင်းဟုန် နယ်နမိတ်တည့်တည့်တွင်..
ကောင်းကင်ယံမှာ အမည်းရောင်မျဉ်းကြောင်းတစ်ခုရုတ်တရက်ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာ ရှေ့သို့လိမ့်ဆင်းလာကာမှောင်မိုက်ပြီး အုံ့မှိုင်းသော တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။
မြောက်ပိုင်းဟုန်၏ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြောင်း ဖော်ပြနေသောလက်ရာမြောက်လှသည့် နက်မှောင်သည့်သံချပ်ကာအစုံများပြည့်နှက်နေသည်။
၎င်းတို့မှာ ဧရာမကျိုင်းကောင်အုပ်ကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာ၏။
ထိုပုံရိပ်များ တိမ်တိုက်များကိုထိုးဖောက်၍ထွက်ပေါ်လာကာရှေ့သို့ပြေးဝင်လာကြချိန်တွင် ကောင်းကင်ယံတွင်ပြင်းထန်သောသတ်ဖြတ်ခြင်းဆန္ဒများအပြည့်ရှိနေသည့်မျက်လုံးများဖြင့် ကျင့်ကြံသူများပြည့်နှက်နေခဲ့သည်။
၎င်းတို့သည် တောင်၊ အရှေ့နှင့် အနောက်သို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြ၏။
ခမ်းနားလှသော တာအိုနန်းတော်များကို ဆွဲငင်လာသော မရေမတွက်နိုင်သည့် တောင်တန်းနှင့်မြစ်များပန်းချီကားလိပ်များကလည်း ဆက်တိုက် ဆင်းသက်လာခဲ့သည်။ နတ်ဆိုးများ၏မျိုးနွယ်အသီးသီးက ရေပြင်ပေါ်တွင် အလျင်စလို ပြေးလွှားနေကြပြီး ၎င်းတို့၏ဟိန်းဟောက်သံများက ကြည်လင်သောပင်လယ်ပြာနှင့် ကောင်းကင်ယံကို ထိုးဖောက်သွားခဲ့၏။
"ပြီးသွားပြီ"
ချီယန်ရှန်း၏စိတ်ထဲတွင် မြောက်ပိုင်းဟုန်က လွန်ခဲ့သောနှစ်တစ်သိန်းကအတိုင်း ရှိနေဆဲပင်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရမှသာ ထိတ်လန့်ဖွယ်ရာကောင်းသော သူတို့၏အခြေခံအုတ်မြစ်ကို နားလည်နိုင်ပေလိမ့်မည်။