ကံကြမ္မာအပေါ် ပုံအပ်ထားလိုက်ရတော့မှာလား
Vol. 92 Ch. 917
သေချာသည်မှာ ကောင်းကင်ဘုံနယ်ပယ် ကျင့်ကြံခြင်းအဆင့် ရှိသည့်သူများက ထိုထိပ်တန်းစစ်သည်များကို အသေခံတိုက်ခိုက်ရန်မမိုက်မဲသရွေ့ သူတို့ကိုယ်သူတို့သေချာပေါက် ကာကွယ်နိုင်ပါလိမ့်မည်။
သို့သော် ပြဿနာမှာဟုန်ကျယ်တွင် ကောင်းကင်ဘုံနယ်ပယ်ကို ရောက်ရှိထားသူ ဘယ်နှယောက်ရှိသနည်း။ တာအိုပေါင်းစည်းခြင်းနယ်ပယ်ကို ရောက်ထားသူ ဘယ်နှယောက်ရှိသနည်း။
ယခုကဲ့သို့ အင်အားမျိုးဖြင့်ရင်ဆိုင်ရလျှင် ကျင့်ကြံသူများ နှင့် သက်ရှိများစွာတို့မှာ ရှောင်လွှဲ၍မရနိုင်ဘဲ အပိုင်းအစအဖြစ် ကြိတ်ချေခံရလိမ့်မည်။
မြောက်ပိုင်းဟုန်က ဤသက်ရှိများ၏ဟန်ပန်မှာ ဟုန်ကျယ်တစ်ခုလုံးကို သွေးချောင်းစီးစေရန် သူတို့၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းပင် ထုတ်ပြနေသည်။ ချီယန်ရှန်းက ရှန်းယီ အဘယ်ကြောင့်မဆွေးနွေးဘဲ တစ်ယောက်တည်း ထွက်သွားရန်ရွေးချယ်ခဲ့ရသနည်း ဆိုသည်ကို နောက်ဆုံးတော့ နားလည်သွားခဲ့၏။
လွန်စွာနောက်ကျနေခဲ့လေပြီ ဖြစ်သည်။ ကျန်ရှိနေသည့် ဟုန်သုံးမျက်နှာ၏အခြေအနေအရဆိုလျှင် အချိန်တိုအတွင်း မြောက်ပိုင်းဟုန်ကို ယှဉ်ပြိုင်နိုင်မည့် အင်အားတစ်ရပ်ကိုစုစည်းရန်မပြောနှင့်၊ ကနဦးတွင် တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်းထံမှ အကူအညီတောင်းရန်ပင် ပြဿနာရှိနေခဲ့၏။
သူတို့၏ခွန်အားမှာ သူတို့ကိုကာကွယ်နိုင်သည်ဆိုသည်က မှန်သော်လည်း ဟုန်ကျယ်တစ်ခုလုံးကို ကာကွယ်ရန်ဆိုသည်မှာမူ လုံးဝ ရယ်စရာကောင်းနေ၏။
မေ့မထားသင့်သည်မှာ၊ မြောက်ပိုင်းဟုန်တွင် တာအိုနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ယောက်ကသာ အာဏာကိုချုပ်ကိုင်ထားခြင်းဖြစ်သည်။ ဤသို့သောထိုးစစ်ဆင်မှုကို ခုခံနိုင်ရန် နောက်ထပ် မသေမျိုးတစ်ယောက် ဝင်ရောက်စွက်ဖက်ဖို့လိုအပ်လိမ့်မည်။
တကယ်ပင် ပြီးဆုံးသွားပြီဖြစ်သည်။ ယဲ့ကျိုး၏ အမူအရာမှာ တောင့်တင်းနေ၏။
မြောက်ပိုင်းဟုန်၏ရုတ်တရက်လှုပ်ရှားမှုမှာ ဟုန်ကျယ်မသေမျိုး၏ အမိန့်တော်ကြောင့်ဆိုသည်မှာ သံသယဖြစ်စရာမရှိပေ။
များစွာကြီးစဉ်းစားပြီးသည့်နောက် ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။ ၎င်းမှာ အရှေ့ပိုင်းနဂါးနန်းတော်၏အစီအစဉ် ပေါက်ကြားသွားခြင်းပင်။
ရှန်းယီက ကောင်းကင်ယံကို မော်ကြည့်လိုက်သည့်အချိန်တွင် သူမြင်လိုက်ရသည်မှာ အရှေ့ပိုင်းနဂါးဘုရင်၏ကျဆုံးခြင်း ဖြစ်နိုင်သည်။ ခုနစ်ရက် အချိန်မှာ နေ့နှင့်ညအပြောင်းအလဲကိုပင် မဖြစ်စေခဲ့ပေ။
ထိုအစား ရောက်လာသည်မှာ ဟုန်ကျယ်မသေမျိုးထံမှ သတိပေးချက်တစ်ခု သို့မဟုတ် လက်စားချေမှုတစ်ခုပင်။
သူတို့ အကြောက်ဆုံးအရာမှာ နဂါးဘုရင်နှစ်ပါးကို လုပ်ကြံသတ်ဖြတ်မှုပေါက်ကြားသွားမည်ကိုပင် ဖြစ်သည်။ သို့သော် ဤအချိန်တွင် သူတို့သည် မလိုအပ်ဘဲ စိုးရိမ်နေပုံရလေ၏။ အစစ်အမှန် မသေမျိုးအတွက်၊ အစစ်အမှန် ကောင်းကင်ဘုံအစွမ်းသတ္တိအတွက် သတ်ဖြတ်ရန်အကြောင်းပြချက် သို့မဟုတ် သက်သေအထောက်အထားမလိုအပ်ပေ။
ရိုးရှင်းသောစိတ်ကူးတစ်ခုဖြင့် ဟုန်ကျယ်ကို ရှင်းလင်းပစ်ချင်ခြင်းမှာ သာမန်လူများအတွက် တကယ်ပင် ကပ်ဘေးတစ်ခုကျရောက်လာခြင်း ဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် အကယ်၍အရှေ့ပိုင်းနဂါးနန်းတော်က မသေမျိုး၏ပြစ်ဒဏ်ကို ခံရမည်ဆိုလျှင် ဤခရမ်းရောင်မုတ်ဆိတ်နဂါးဖြူများ အုပ်စုမှလွဲ၍ ဟုန်ကျယ်တစ်ခုလုံးတွင် အနန္တတာအို အင်ပါယာဂိုဏ်း နှင့် မြောက်ပိုင်းနဂါးနန်းတော်ကို ယှဉ်ပြိုင်နိုင်သည့် အင်အားစုတစ်ခုကို မည်သည့်နေရာတွင် ရှာတွေ့နိုင်ဦးမည်နည်း။
မြောက်ပိုင်းဟုန်၏ကျန်ရှိနေသော ဂိုဏ်းများနှင့် နတ်ဆိုးမျိုးနွယ်များပင်လျှင် ထိုလက်ပါးစေနှစ်ကောင်ကအမိန့်ပေးနိုင်လေ၏။
"ဒါဆို သူ တကယ် ထွက်သွားတာပဲ။"
ယဲ့ကျိုးက ကြောင်အမ်းအမ်းဖြင့် လှည့်ကြည့်လိုက်သည်။ နန်ယန်၏အမိန့်ပေးမှုမပါလျှင် ဂိုဏ်းခုနစ်ဂိုဏ်းမှာ သူ၏သံချေးတက်နေသော ဓားကဲ့သို့ပင် ရုတ်တရက်ဦးတည်ချက်မဲ့သွားသကဲ့သို့ ဖြစ်သွားခဲ့၏။
မည်သို့ပင်ဖြစ်စေ ဟုန်ကျယ်အားသွေးပင်လယ်အဖြစ်ပြောင်းလဲသွားသည်ကို ကြည့်နေရသည်ထက်စာလျှင် လက်ရှိအချိန်နားလည်ထားသည်မှာ အဆင်ပြေပါသည်။ စောစောစီးစီးမျက်လုံးမှိတ်ထားလိုက်ခြင်းက ပိုကောင်း၏။
သို့သော် ဂိုဏ်းချုပ်ရှန်းက တကယ်ပင် သူ၏မျက်လုံးများကို မှိတ်ထားနိုင်မည်လော။
ယဲ့ကျိုးက သက်ပြင်းတစ်ချက်ချလိုက်၏။ ကောင်းကင်ကိုမော်ကြည့်နေသည့် ထိုလူငယ်လေး၏ပုံရိပ်၊ အရိုးထိတိုင် အေးစက်သွားစေသည့် သတ်ဖြတ်လိုသောအငွေ့အသက်များ၊ မည်သည့်အရာကိုမျှဖုံးကွယ်ရန် ကြိုးစားနေသည့်သူနှင့် မတူချေ။
"ဖြစ်နိုင်တာက..."
ယဲ့ကျိုးက သူ၏ရင်ထဲတွင် ရုတ်တရက်ထွက်ပေါ်လာသော အေးစက်မှုကို ဖိနှိပ်ရင်း အံကို ကြိတ်ထားလိုက်၏။ မသေမျိုးဘိုးဘေးတစ်ပါးဖြစ်လာရန် မျှော်လင့်ချက်ရှိသည့် ပါရမီရှင်တစ်ယောက် ဟုန်ကျယ် နှင့်အတူ တကယ်ပင် သေဆုံးသွားမည်ဆိုလျှင် တကယ်ကို နာကျင်စရာကောင်းသည့် နှမြောစရာပင်ဖြစ်မည်။
ဟင်း..
ကျိကျင့်ရှီးက သူမ၏ဂိုဏ်းတူအစ်ကိုများ၏ ရုတ်တရက်လေးနက်သွားသော အမူအရာများကို မြင်လိုက်ရသည့်အခါ ရှန်းယီကို ကာကွယ်ရန် မကြိုးစားတော့ဘဲ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။
"သူက ငါတို့ကိုကြည့်ပြီးဖြေရှင်းဖို့ ပြောခဲ့တာဆိုတော့ ငါတို့လုပ်နိုင်တာကိုလုပ်ကြရအောင်။ ကျန်တာကိုတော့ ကံကြမ္မာအပေါ် ပုံအပ်ထားလိုက်ရအောင်။"
"..."
ဝုန်း..
နက်မှောင်နေသောသံချပ်ကာဖိနပ်တစ်ဖက်က မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းနင်းလိုက်သည်။ နောက်တစ်ခဏတွင်မူ စည်းစနစ်ကျသော ခြေသံများကျယ်လောင်စွာထွက်ပေါ်လာပြီး မဟာအစီအရင်ကြီး၏ ကာကွယ်မှုအောက်တွင်ရှိသော မသေမျိုးဂိုဏ်းကို တုန်လှုပ်သွားစေခဲ့သည်။
နက်မှောင်နေသော ခေါင်းဆောင်းများအောက်တွင် အနီရောင်အကြေးခွံရှိသည့် ငါးများ၏ ကြောက်မက်ဖွယ်မျက်နှာများကို ဖုံးကွယ်ထားခဲ့၏။ သူတို့က သူတို့ရှေ့မှ ဂိုဏ်းကို အရေးမစိုက်သကဲ့သို့ ကြည့်လိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူက တော်ဝင်အမိန့်စာကို ထုတ်ယူပြီး သေချာစွာစစ်ဆေးပြီးပြန်လည်သိမ်းဆည်းလိုက်ကာ သူ၏လက်ကိုမြှောက်လိုက်သည်။ ချက်ချင်းဆိုသလို ထူးဆန်းသည့် အေးစက်သောအလင်းတန်းများထွက်ပေါ်နေသည့် လှံများကိုကိုင်ထားသော ထိုရေနတ်ဆိုးများက တောင်ကို ကျွမ်းကျင်လျင်မြန်စွာဖြင့်ဝိုင်းရံလိုက်ကြ၏။
နောက်တစ်ခဏတွင် သူတို့သည် သူတို့၏လှံများကို မြင့်မြင့်မြှောက်ပြီးလေဟာနယ်ထဲသို့ အားပြင်းပြင်းဖြင့် ထိုးချလိုက်ကြသည်။
လှံများပေါ်မှ အေးစက်သောအလင်းတန်းများ တောက်ပလာသည်နှင့်အမျှ ၎င်းတို့သည် ဒြပ်ရှိသည့်၏တစ်ခုခုကို ထိုးမိသွားသကဲ့သို့ ဖြစ်သွားသည်။ ချက်ချင်းဆိုသလို အစီအရင်သင်္ကေတများမှာ လေထဲတွင်ပေါ်လာပြီး ထိုလှံများအောက်တွင် အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့၏။
တောင်များနှင့် အဆောက်အအုံများကို ဖြိုချဖျက်ဆီးပစ်လိုက်၏။ အစီအရင်များကွဲအက်သွားသည့် အသံက သက်ရှိများငိုကြွေးနေသကဲ့သို့ နားငြီးစရာအသံတစ်သံကို သယ်ဆောင်လာခဲ့၏။
**
အနောက်ပိုင်းနဂါးနန်းတော်က ကုန်းမြေနှင့် ရေပြင် နှစ်ခုစလုံးကို ဖိနှိပ်ခဲ့စဉ်ကနှင့် ယှဉ်လျှင် မြောက်ဘက်မှ ဤထိပ်တန်းအုပ်စုမှာ ဤကိစ္စတွင် သိသိသာသာ ပို၍ကျွမ်းကျင်နေခဲ့သည်။
ထို့ပြင် မြောက်ပိုင်းနဂါးနန်းတော်၏ ထောက်ပံ့မှုနှင့် မသေမျိုးများထံမှ မျက်နှာသာပေးမှု အများအပြားကိုရရှိထားသည့်အတွက် သူတို့၏နည်းလမ်းများမှာ မသေမျိုးဂိုဏ်းထဲမှ ကျင့်ကြံသူများ နားလည်နိုင်စွမ်းထက် များစွာကြီး ပို၍ရှုပ်ထွေးနက်နဲနေ၏။
ခေါင်းဆောင်ဖြစ်သူက သူ၏လက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်၏။ ၎င်းက မဟာအစီအရင် ပြယ်လွင့်သွားပြီး အတွင်းမှကမ္ဘာကို ဖော်ထုတ်ပေးလိုက်သည်ကို ပေါ့ပေါ့ပါးပါးစောင့်ကြည့်နေခဲ့သည်။
"ခင်ဗျားက ဘယ်က မြင့်မြတ်တဲ့ပုဂ္ဂိုလ်များလဲဆိုတာမေးလို့ရမလား နတ်ဆိုးစစ်သူကြီး..."
မသေမျိုးဂိုဏ်း၏ တာအိုပေါင်းစည်းခြင်းဂိုဏ်းချုပ်က ရှေ့သို့လှမ်းထွက်လာရင်း တည်ငြိမ်စေရန် သူ့ကိုယ်သူအတင်းအကြပ် ထိန်းချုပ်လိုက်၏။ သူ၏မျက်လုံးထောင့်မှ ထိုကြောက်မက်ဖွယ်ကောင်းသောလှံများကို ဝေ့ကြည့်လိုက်ရာမှ အဖြေကို အရိပ်အမြွက်သိနေခဲ့ပြီဖြစ်သည်။
ဤပစ္စည်းများက ကျန်ရှိနေသည့် ဟုန်သုံးခု ပိုင်ဆိုင်နိုင်သောအရာများ သေချာပေါက်မဟုတ်ပေ၊ သူတို့က ထိုအကြောင်းကိုပင် မကြားဖူးကြပေ။ သူ့ဂိုဏ်းက မြောက်ပိုင်းဟုန်၏အာရုံစိုက်မှုကို အဘယ်ကြောင့် ရုတ်တရက်ရရှိသွားသနည်း။
မသေမျိုးများ၏ ဤကဲ့သို့သောကိုင်တွယ်ဖြေရှင်းခြင်းကို ခံရလောက်အောင် သူတို့မည်သည့်အပြစ်ကြီးများကျူးလွန်ခဲ့မိသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
"..."
ခေါင်းဆောင်ဖြစ်သူက ပြန်မဖြေဘဲ ဘေးဘက်သို့ အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက်ပေးပို့လိုက်သည်။ သုတ်သင်ရှင်းခြင်းလုပ်နေစဉ် မြေပြင်ပေါ်မှ အညစ်အကြေးများနှင့် စကားပြောဖူးသည့် မှတ်တမ်းဆိုသည်မှာ ဘယ်သည့်အချိန်ကမှ မရှိခဲ့ဖူးပေ။
ချက်ချင်းဆိုသလို သွက်လက်သောမြွေများကဲ့သို့ သံကြိုးများထွက်လာပြီး ဂိုဏ်းချုပ်၏ပတ်လည်တွင် အရင်ဆုံးလှည့်ပတ်သွားကာ ရတနာနယ်မြေနှင့် သူ၏ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်၏။
ပတ်ဝန်းကျင်အပေါ် သူ၏ခံစားသိရှိမှုကိုပင် ကန့်သတ်လိုက်ပြီးနောက် သူ၏ခြေလက်များနှင့် ခန္ဓာကိုယ်ကို လျင်မြန်စွာချည်နှောင်လိုက်သည်။
မသေမျိုးကျောက်စိမ်းအမိန့်တော်တွင် အကြောင်းပြချက်မလိုအပ်ပေ။ ခေါင်းဆောင်ဖြစ်သူက ကြီးမားသောခေါင်းဖြတ်ဓားမကြီးကို ဆွဲပြီး ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။
တာအိုပေါင်းစည်းခြင်းဂိုဏ်းချုပ်က သူ၏ခွန်အားက ဤနတ်ဆိုးစစ်သူကြီး နှင့် များစွာမကွာခြားဟု ထင်ခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုများ အဆင်မပြေလျှင်ပင် လှုပ်ရှားရန်အခွင့်အရေးရှိနေသေးသည်ဟု တွေးခဲ့၏။
အစကတည်းက သူသည် ပြိုင်ဘက်နှင့် ရင်ဆိုင်ရန် အခွင့်အရေးပင် တစ်ခါမှမရှိခဲ့သည်ကို မည်သူကများ ထင်ထားမိမည်နည်း။
"ကျုပ်တို့အပြစ်တွေကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။"
နတ်ဆိုးစစ်သူကြီး ပိုမိုနီးကပ်လာသည်နှင့်အမျှ ဂိုဏ်းချုပ်က အပြင်းအထန်ရုန်းကန်လိုက်သည်။ သို့သော် သူပိုရုန်းကန်လေ သံကြိုးများက ပိုကျပ်လာလေဖြစ်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ တာအိုဝိညာဉ်၏ကိုယ်တွင်းအင်္ဂါငါးခုကိုပင် ညှိုးနွမ်းသွားစေခဲ့တော့သည်။
(ဒီအပိုင်းကို ဘာသာပြန်ရာမှာအတော်လေးခက်ခဲခဲ့ပါတယ် ဘာကြောင့်လဲဆိုရင် မူရင်းအင်္ဂလိပ်မှာ ဒီအပိုင်းတစ်ခုလုံးက စကားပြောဟန်ဖြစ်နေခဲ့ပါတယ်၊ ဥပမာ ''ဇာတ်ကောင်တွေစကားပြောသလိုမျိုး'' ဒီလိုတစ်ပိုင်းလုံးဖြစ်နေတာပါ၊)