← Chapters

နတ်ဆိုးအမဲလိုက်သူ

Vol. 92 Ch. 918

နတ်ဆိုးအမဲလိုက်သူ

Vol. 92 Ch. 918

ခုခံနိုင်စွမ်းမရှိနိုင်ဖွယ် လျင်မြန်ပြတ်သားပြီးအလျှော့အတင်းမရှိသော ဤကဲ့သို့တိုက်ခိုက်မှုကို မည်သည့်အင်အားမျိုးဖြင့် ခုခံနိုင်မည်နည်းဆိုသည်ကို သူ စိတ်ကူးပင်မယဉ်နိုင်ခဲ့မိပေ။

အနည်းဆုံးတော့ အနောက်ပိုင်းဟုန်မှာ ထိုသို့သော အစွမ်းမျိုး မရှိသည်မှာ သေချာပ့သည်။

နတ်ဆိုးစစ်သူကြီးက သူ၏ခြေလှမ်းများကို ဖြည်းဖြည်းချင်းရပ်လိုက်သည်၊ သို့သော် ဂိုဏ်းချုပ်ပြောခဲ့သည့် စကားများကြောင့်တော့ မဟုတ်ပေ။

ဤလူများက အပြစ်ကင်းကြသည်၊ ပေးဆပ်ရန် အပြစ်လည်း မရှိပေ။

ဟုန်ကျယ်ကို ရှင်းလင်းပြီးသည်နှင့် ထိုအချိန်မှစ၍ ဟုန်လေးမျက်နှာဆိုသည်မှာ ရှိတော့မည်မဟုတ်ဘဲ မြောက်ပိုင်းနဂါးနန်းတော် နှင့် အနန္တတာအိုအင်ပါယာဂိုဏ်းတို့ကသာ ၎င်းတို့၏နယ်မြေအသီးသီးကို အုပ်ချုပ်သွားမည်။ ဤအရာက မသေမျိုး၏အလိုဆန္ဒပင်။

ထိုအချိန်ရောက်လျှင် အရာအားလုံးက မြောက်ပိုင်းဟုန်၏ ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်ရာ အပြစ်ပေးဆပ်ရန်လိုအပ်မည်မဟုတ်တော့ပေ။

သူ ရပ်တန့်သွားရခြင်း အကြောင်းရင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ယခင်က တည်ငြိမ်နေသော ပတ်ဝန်းကျင်က မည်သည့် ကြိုတင်သတိပေးမှုမှမရှိဘဲ ရုတ်တရက် အရှိန်အဝါပြင်းထန်လှသော အငွေ့အသက်များဖြင့် ဟုန်းဟုန်းတောက် ထွက်ပေါ်လာခဲ့သည်။

သန်မာထွားကျိုင်းပြီး နှင်းကဲ့သို့ ဖြူဖွေးသော ကြောက်မက်ဖွယ် ဝံပုလွေတစ်ကောင်က တောအုပ်အတွင်း ပြေးလွှားလာခဲ့၏။ ၎င်း၏လက်သည်းများကို ဝေ့ယမ်းလိုက်တိုင်းများစွာသော အသက်များကို ခြွေယူသွားခဲ့သည်။

အေးစက်သော လှံများက မြေပြင်ပေါ်သို့ ဆက်တိုက်ကျဆင်းသွားပြီးကြွပ်ဆတ်သော အသံများတဆက်တည်းထွက်ပေါ်လာခဲ့သည်။

ဤကြောက်မက်ဖွယ် ဝံပုလွေအပြင် ဧရာမမျောက်ဝံကြီးတစ်ကောင်သည်လည်း ကောင်းကင်မှ ဆင်းသက်လာခဲ့၏။ ၎င်း၏ လက်မောင်းများက စည်တီးသည့်တုတ်တံများကဲ့သို့ပင် နတ်ဆိုးစစ်သည်များအပေါ် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ တရစပ်ထုနှက်နေခဲ့သည်။

"လူစုခွဲပြီး အစီအရင်ဖန်တီး"

ခေါင်းဆောင်ဖြစ်သူက နောက်ဆုံးတွင် စကားပြောလိုက်၏။ သူ၏ဓားရိုးကို ဆုပ်ကိုင်ထားပုံမှာ တည်ငြိမ်နေဆဲပင်။

မြေကမ္ဘာနယ်ပယ် နတ်ဆိုးနှစ်ကောင်က မည်သို့ကြောင့် ဤမျှတိတ်ဆိတ်စွာချဉ်းကပ်လာနိုင်သည်ကို မသိရသော်လည်း ၎င်းတို့က အလုံးစုံသော အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

အနောက်ပိုင်းဟုန်ဟူသော ဤဝေးလံခေါင်သီသည့် နေရာတွင် သူတစ်ခါမျှမကြားဖူးသော နည်းလမ်းများ ရှိနေခြင်းသာဖြစ်သည်။

သူ၏အမိန့်ပေးမှုအောက်တွင် နတ်ဆိုးစစ်သည်များက ထိတ်လန့်သွားခြင်းမရှိဘဲ နဂါးရိုင်းများကဲ့သို့ပျံသန်းနေသော သံကြိုးပေါင်းဒါဇင်များစွာကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်လေထုကို ရုတ်တရက် ရှုပ်ထွေးသွားစေခဲ့၏။

"ငါ့အတွက် ချုပ်နှောင်လိုက်စမ်း"

ခေါင်းဆောင်ဖြစ်သူက ရဲရဲဝံ့ဝံ့ပင်ရှေ့သို့ လှမ်းတက်လိုက်သော်လည်း သူကျွမ်းကျင်သော မဟာအစီအရင်ကြီးက ပထမဆုံးအကြိမ်အဖြစ် သူ၏ အမိန့်ကို တုံ့ပြန်ခြင်းမရှိသည်ကို တွေ့လိုက်ရသည်။

များစွာသော နတ်ဆိုးစစ်သည်များက ကြောင်အမ်းအမ်းဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။

တောအုပ်အတွင်းမှ ထွက်ပေါ်လာသော ထွားကျိုင်းပြီးကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်များကို သူတို့ မြင်လိုက်ရ၏။ ၎င်းတို့က ဆယ်ကောင်နီးပါးရှိကာ ဧရာမအရိပ်ကြီးများက ထိုဧရိယာကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

အားလုံးမှာ မြေကမ္ဘာနယ်ပယ်မဟာနတ်ဆိုးကြီးများဖြစ်ကြပြီး အားနည်းဆုံးတစ်ကောင်ပင်လျှင် အလယ်အလတ်အဆင့်တွင် ရှိနေသည်။

"မင်းတို့က ဘယ်သူတွေလဲ"

ခေါင်းဆောင်၏မျက်နှာမှာ နောက်ဆုံးတွင် အရောင်ပြောင်းသွားခဲ့၏။ ဤကဲ့သို့သော အင်အားမျိုးက မြောက်ပိုင်းဟုန်တွင်ပင် ထင်ရှားပေလိမ့်မည်။ သူတို့အကြောင်းကို သူ ဘာကြောင့် တစ်ခါမှ မကြားဖူးခဲ့ရသနည်း။

ထိုအခိုက်အတန့်မှာပင် သူသည် သေဘေးမှ ခေတ္တလွတ်မြောက်သွားသော ဂိုဏ်းချုပ်က ထိတ်လန့်တုန်လှုပ်စွာဖြင့်နာမည်တစ်ခုကို အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။

"နတ်... နတ်ဆိုးတစ်သောင်းခန်းမ"

ခေါင်းဆောင်က ဂိုဏ်းချုပ်၏အကြည့်နောက်သို့ လျင်မြန်စွာလိုက်ကြည့်လိုက်ရာ မိုးပြာရောင်ကောင်းကင်ကြားတွင် ညင်သာစွာလွင့်မျှောနေသော ရွှေရောင်ချည်မျှင်ဝတ်ရုံတစ်ခုကို မြင်လိုက်ရ၏။

ယခင်နှင့်မတူဘဲ ရောက်ရှိလာသူက သူ၏မျက်နှာကိုဝတ်ရုံခေါင်းစွပ်အောက်တွင် ဖုံးကွယ်ထားခြင်းမရှိပေ။

သူက များစွာသောနတ်ဆိုးစစ်သည်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

ခေါင်းဆောင်၏ ယအမူအရာက သိသိသာသာ ပြောင်းလဲသွား၏။

"ယွဲ့ထျန်းကျီ မင်းမသေသေးဘူးလား။ ငါတို့က မသေမျိုးရဲ့အမိန့်တော်အရ ဒီကို ရောက်နေတာ၊ ယွဲ့မိသားစုရဲ့တရားဝင် သားကြီးတစ်ယောက်အနေနဲ့ မင်းက အမိန့်ကိုလက်မခံဘဲကူညီဖို့ငြင်းဆန်ရုံတင်မကဘူး ငါတို့ကိုပါတားဆီးရဲတယ်ပေါ့။ မင်း သေချင်နေတာလား"

မြောက်ပိုင်းနဂါးနန်းတော်မှ နတ်ဆိုးများအဖွဲ့၏မသေမျိုးဂိုဏ်းအပေါ် ထားရှိခဲ့သည့် အေးစက်သော အကြည့်များနှင့် ယှဉ်လျှင်...

ယွဲ့ထျန်းကျီ၏မျက်လုံးထဲမှ အလင်းတန်းက လုံးဝ ကွဲပြားခြားနားသောခံစားချက်ကို ပေးစွမ်းနေသည်။

သူ၏အမြင်တွင် ရှေ့၌ရှိနေသော သတ္တဝါများက သက်ရှိများမဟုတ်ဘဲ လှုပ်ရှားနေသော ကိန်းဂဏန်းများသာ ဖြစ်ပုံရလေ၏။

ထိုသို့ ရေတွက်ခြင်းမှာ သူ၏သခင်ထံ ပြန်လည် အစီရင်ခံရန် အဆင်ပြေစေဖို့အတွက်သာ ဖြစ်သည်။

သူ ရေတွက်ခြင်းကို ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ယွဲ့ထျန်းကျီက အသာအယာအချက်ပြလိုက်ရာ ကောင်းကင်ယံရှိများစွာသော သံကြိုးများက သူ၏ လက်ဖဝါးပေါ်ရှိ လေဟာနယ်ထဲသို့ရုတ်တရက်ကျရောက်သွားပြီး မမြင်ရသောအင်အားတစ်ခုဖြင့် တင်းကျပ်စွာဆုပ်ကိုင်ခြင်း ခံလိုက်ရ၏။

ယွဲ့မိသားစု၏တရားဝင် သားကြီးတစ်ယောက်အနေဖြင့် သူက ဤအရာများနှင့်ကစားနေချိန်တွင် ဤရေနတ်ဆိုးများမှာ မြောင်းထဲ၌ရွှံ့ပွက်များစကားနေကြဆဲဖြစ်သည်။

ချန်.. ဂျွတ်

သံကြိုးများက ခေါင်းဆောင်၏လည်ပင်းကို ရစ်ပတ်သွားပြီး ၎င်း၏ဦးခေါင်းကို အလွယ်တကူပင် ဖြတ်ယူသွားခဲ့သည်။

မြေကမ္ဘာနယ်ပယ် မဟာနတ်ဆိုးကြီး ဆယ်ကောင်ကျော်က နတ်ဆိုးစစ်သည်များကိုတိုက်ခိုက်ချေမှုန်းလိုက်ကြပြီးနောက် ယွဲ့ထျန်းကျီ၏နောက်ကွယ်သို့ တိတ်ဆိတ်စွာ ပြန်လာခဲ့ကြသည်။

နောက်တစ်ခဏတွင် သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော ဂိုဏ်းချုပ်က ဧရာမ မဟာနတ်ဆိုးအုပ်ကြီးကို ထိတ်လန့်စွာကြည့်လိုက်သည်။ ၎င်းတို့ကို သူ၏မျက်စိရှေ့တွင် ရှင်းလင်းစွာ မြင်နေရသော်လည်း ၎င်းတို့၏အရှိန်အဝါများက သက်မဲ့ကျောက်တုံးများကဲ့သို့ပင် တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

"ဒါကို ငါ့သခင်ဆီ ပြန်ပေးလိုက်"

ယွဲ့ထျန်းကျီက နတ်ဆိုးအလောင်းများ ပြည့်နေသော သိုလှောင်ရတနာကို မျောက်ဝံကြီးထံ ပစ်ပေးလိုက်၏။ နာရီအနည်းငယ်အတွင်းမှာပင် ဤအလောင်းများက သူ၏နောက်ကွယ်တွင် ရပ်တည်မည့် ရဲဘော်သစ်များအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

သူသည် ဖြည်းဖြည်းချင်းလှည့်ထွက်သွားပြီး မည်သည့် တွန့်ဆုတ်မှုမှမရှိဘဲ သူ၏ပုံရိပ်က မိုးကုတ်စက်ဝိုင်းအတွင်း ကွယ်ပျောက်သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ အရှေ့ပိုင်းနဂါးဘုရင်၏ကံကြမ္မာက သူ၏သခင်ကို တစ်စုံတစ်ခုသဘောပေါက်သွားစေခဲ့ခြင်း ဖြစ်လိမ့်မည်။

အခြေအနေကို ပြောင်းပြန်လှန်ရန်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေနည်းပါးလှ၏။ မည်သို့ပင်ဖြစ်စေ နတ်ဆိုးတစ်သောင်းခန်းမ၏အင်အားက ကြီးမားသော်လည်း မြောက်ပိုင်းဟုန်ကို ယှဉ်ပြိုင်နိုင်ရန်မှာ ဝေးကွာနေသေးသည်။

သို့သော်...

သွေးစွန်းနေသော ဤသေမင်းတမန်က သူသည် ဆင်းရဲဒုက္ခများကိုလျှော့ချပေးမည့် ကရုဏာရှင် ဗောဓိသတ္တမဟုတ်ကြောင်း ရုတ်တရက်သတိရလိုက်ချိန်တွင် အရာအားလုံးပြောင်းလဲသွားခဲ့၏။

ထိုဝန်ထုပ်ဝန်ပိုးမရှိတော့ဘဲ အမဲလိုက်ခြင်းအပေါ်တွင်သာ အာရုံစိုက်နေသော သခင်က နောက်ထပ် စိုးရိမ်စရာများရှိတော့မည်မဟုတ်ပေ။

သူ၏မျက်လုံးထဲတွင် နတ်ဆိုးသက်တမ်း နှင့် ၎င်းကို အမြန်ဆုံးနည်းလမ်းဖြင့် မည်သို့စုဆောင်းရမည်ဆိုသည်ကိုသာ ကျန်ရှိတော့သည်။

All Chapters