← Chapters

နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်

Vol. 68 Ch. 712

နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်

Vol. 68 Ch. 712

ကြောင်လေးက ကမ္ဘာအသစ်ထဲသို့ ပြန်ဝင်သွားသော်လည်း ထန်ထျန်းနှင့် အချိန်မရွေး ဆက်သွယ်မှု ရှိနေဆဲပင်။ သူ အပြင်တွင် မနေရခြင်းမှာ အခြားသော ကျိကျွင်းများနှင့် တိုးမိပါက သူ၏ တည်ရှိမှု ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို ကျိကျွင်းများအတွက်မူ နတ်ဘုရား၏ ကောင်းချီးခံရသူ တစ်ဦး၏ ဆွဲဆောင်မှုမှာ သဘာဝ အကြွင်းအကျန် များထက်ပင် သာလွန်ပေလိမ့်မည်။

ကြောင်လေး၏ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားပေးခြင်းပင် ဖြစ်သည်။

ကြောင်လေး၏ လမ်းညွှန်မှုအောက်တွင် ထန်ထျန်းက ထူထပ်လှသော မူလသစ်သားဝိညာဉ် နယ်မြေကို ဖြတ်ကျော်ကာ လင်းကူတောင်ကြား ၏ အချက်အချာကျသော နေရာသို့ ဆက်လက် ဦးတည်ခဲ့သည်။

“ငါနဲ့ သခင် နေခဲ့တဲ့ နေရာက ရေကန်လေး တစ်ခုပဲ”

“သူ နောက်ဆုံး ရှိနေခဲ့တဲ့ နေရာကလည်း အဲဒီ ရေကန်လေး ထဲမှာပဲ”

ကြောင်လေးက ပြောပြသည်။

ထန်ထျန်းက ခေါင်းငြိမ့်လိုက်၏။ ဤရေကန်လေးသည်ပင် သူတို့ခရီးစဉ်၏ နောက်ဆုံး ပန်းတိုင် ဖြစ်ပေသည်။

လမ်းတစ်လျှောက်တွင် မူလဝိညာဉ်အသီးသီး၏ နယ်မြေအတော်များများကို ဖြတ်ကျော်ခဲ့ရသည်။ ထိုနယ်မြေများမှာ အတော်လေး ကျယ်ဝန်းသဖြင့် နာရီအနည်းငယ်မျှ အချိန်ကုန်သွားခဲ့သည်။

မြင်ကွင်းမှာ တစ်ဖန် ပြောင်းလဲသွားပြန်ရာ သူတို့က နှင်းနှင့် ရေခဲများ ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။

“ဒီနေရာက မူလရေခဲဝိညာဉ် တွေရဲ့ နယ်မြေပဲ”

“ဒီနေရာကို ဖြတ်ကျော်သွားရင်တော့ ဝိညာဉ်ရေကန်ကို ရောက်ပြီ”

ကြောင်လေးက ပြောလိုက်သည်။

ထန်ထျန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤနေရာတွင် နှင်းနှင့် ရေခဲများမှလွဲ၍ အခြား ဘာမျှ မရှိပေ။

သို့သော် အခြားသော မူလဝိညာဉ်များ၏ နယ်မြေနှင့် မတူညီသည်မှာ ဤနေရာရှိ ရေခဲနန်းတော်များမှာ ယနေ့တိုင် ပကတိအတိုင်း တည်ရှိနေခြင်းပင်။ နှစ်ပေါင်း မည်မျှကြာအောင် ကျဆင်းနေခဲ့သည် မသိသော နှင်းတောထဲတွင် နစ်မြုပ်မသွားဘဲ မြေပြင်ထက်တွင် မြင့်မားစွာ မားမားမတ်မတ် ရပ်တည်နေပြီး ရေခဲပြင်၏ ထူးခြားသော တောက်ပမှုများဖြင့် ဝင်းလက်နေလေသည်။

“ဒါဆို သွားကြစို့”

ထူထပ်လှသော နှင်းထုပေါ်တွင် လေပေါ်လျှောက်လှမ်းသကဲ့သို့ နင်းလျှောက်ရင်း ထန်ထျန်း ရှေ့သို့ ဆက်လှမ်းခဲ့သည်။

သို့သော် သူ အတန်ငယ် သွားပြီးနောက်တွင် ကြောင်လေးက ရုတ်တရက် သူ့ကို လှမ်းတားလိုက်သည်။

“ခဏနေဦး”

ထန်ထျန်း ခြေလှမ်း ရပ်လိုက်၏။

“ဘာဖြစ်လို့လဲ”

ကြောင်လေး ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ဟိုဘက်က နန်းတော်ထဲမှာ ငါ့သခင်ရဲ့ အငွေ့အသက် အချို့ကို ခံစားနေရသလိုပဲ...”

ထန်ထျန်း မှင်တက်သွားသည်။ အရင်က ဖြတ်ကျော်ခဲ့သည့် မူလဝိညာဉ် နယ်မြေများတွင် ကြောင်လေးက ဤကဲ့သို့ မခံစားခဲ့ရပေ။

ဘယ်လိုအရာက ကြောင်လေးကို ဤမျှ ခံစားချက်မျိုး ဖြစ်ပေါ်စေတာလဲ။

“သွားကြည့်မလား”

ထန်ထျန်းက မေးလိုက်သည်။

ကြောင်လေးက အင်း ဟု အသံပြုကာ “ပုံမှန်ဆိုရင် ဒီနေရာမှာ ငါ့သခင်ရဲ့ ပစ္စည်းတွေ ရှိမနေသင့်ဘူး”

“သွားကြည့်တာ ပိုကောင်းမယ်၊ တခြား ဘာပြောင်းလဲမှုတွေ ရှိနေမလဲ ဆိုတာ မသိနိုင်ဘူးလေ"

“ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီကနေ ထွက်သွားတာ နှစ်ပေါင်း သန်းချီ ကြာနေပြီဆိုတော့ ဘာတွေ ဖြစ်လာမလဲဆိုတာ ပြောဖို့ခက်တယ်”

ထန်ထျန်း ခေါင်းငြိမ့်ကာ မလှမ်းမကမ်းရှိ နန်းတော်တစ်ခုဆီသို့ ဦးတည်လိုက်သည်။

ဤရေခဲနန်းတော်မှာ မူလရေခဲဝိညာဉ် နယ်မြေတွင် အကြီးဆုံးဖြစ်ပုံရပြီး ရေခဲဝိညာဉ်၏ ပင်မကိုယ်ခန္ဓာ နေထိုင်သည့် နေရာနှင့် တူလှသည်။

ဗိသုကာ လက်ရာများမှာ ခမ်းနားဆဲဖြစ်ပြီး အတွင်းထဲတွင် ကြီးမားလှသော ကျောက်တိုင်ကြီး အများအပြားက ဤရေခဲနန်းတော်ကြီးကို ထောက်မထားသည်။

နန်းတော်၏ အရှေ့ဆုံးတွင် ကြီးမားလှသော ပလ္လင်တော်တစ်ခု ရှိနေပြီး ပလ္လင်၏ အောက်ခြေ ဘေးတစ်ဖက်စီတွင်လည်း ရေခဲဖြင့် ပြုလုပ်ထားသော ထိုင်ခုံများ စီတန်းလျက် ရှိနေသည်။

တစ်ချိန်က ဤနေရာမှာ အလွန် စည်ကားခဲ့မည်ကို ခန့်မှန်းနိုင်သည်။

နှမြောစရာကောင်းသည်မှာ အချိန်တွေ ကုန်ဆုံးကာ လူတွေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်က စည်ကားခဲ့သော မြင်ကွင်းများမှာ ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့ပြီး အေးစက်လှသော အဆောက်အဦးများသာ ကျန်ရစ်ကာ အတိတ်က သမိုင်းကြောင်းများကို တိတ်ဆိတ်စွာ ပြောပြနေသယောင် ရှိသည်။

“အဲဒီ ပစ္စည်းက ပလ္လင်ပေါ်မှာ ရှိနေပုံပဲ”

ကြောင်လေးက ပြောလိုက်သည်။

ထန်ထျန်း ရှေ့သို့ လှမ်းတက်လိုက်ရာ ပလ္လင်တော် ရှေ့သို့ ရောက်သွားသည်။

ထိုနေရာသို့ ရောက်မှ ပလ္လင်ပေါ်တွင် တင်ထားသော ပုံသဏ္ဍာန် မမှန်ကန်သော အပိုင်းအစတစ်ခုကို သူ မြင်လိုက်ရသည်။

ထိုအပိုင်းအစမှာ မီးခိုးရောင် သမ်းနေပြီး ကျောက်စိမ်းတစ်ခုနှင့် တူသော်လည်း ထန်ထျန်းက ၎င်းကို ချက်ချင်း မှတ်မိသွားသည်။

၎င်းမှာ သဘာဝ အကြွင်းအကျန် တစ်ခုပင် ဖြစ်သည်။

သို့သော် ဤသဘာဝ အကြွင်းအကျန် အပိုင်းအစမှာ ကြောင်လေး ပါရှိသော အပိုင်းအစနှင့် မတူပေ။ ၎င်းတွင် မည်သည့် သဘာဝ အငွေ့အသက်မျှ ပါဝင်ခြင်း မရှိရာ ကြောင်လေးက သတိမပေးခဲ့ပါက ထန်ထျန်းပင် သတိထားမိမည် မဟုတ်ပေ။

သို့သော် အနီးကပ် ကြည့်လိုက်သောအခါတွင်မူ ကျိကျွင်းအများအပြား အသည်းအသန် ရှာဖွေနေကြသော သဘာဝ အကြွင်းအကျန် အစစ်အမှန်ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

“ဒါက...”

ကြောင်လေးမှာလည်း ၎င်းက ဘာလဲဆိုသည်ကို သိရှိသွားသဖြင့် အသံမှာ ချက်ချင်းပင် တိမ်ဝင်သွားတော့သည်။

“ဒါက ဘာလို့ ဒီမှာ ရှိနေရတာလဲ...”

ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “သဘာဝတရား... သူက မဟာကမ္ဘာရဲ့ တခြားနေရာတွေမှာလည်း ပေါ်လာဖူးတယ်လို့ တခြားသူတွေ ပြောတာ ငါ ကြားဖူးတယ်”

ကြောင်လေးက တိုးတိုးလေး အင်း ဟု ဆိုကာ “ငါ သိပြီ”

“ငါ့သခင်က တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်သူပဲ။ သူ လင်းယွင်တောင်တန်းမှာ ကျဆုံးခဲ့တာ ဆိုပေမဲ့ သေဆုံးသွားတဲ့ အကြွင်းအကျန် တွေကတော့... အချိန်ကြာလာတာနဲ့အမျှ တချို့ကတော့ ဟိုဟိုဒီဒီ လွင့်စင်သွားမှာပဲ"

“ဒီမှာ ပေါ်လာတာလည်း မထူးဆန်းပါဘူး”

ထန်ထျန်း ခေါင်းငြိမ့်လိုက်သည်။ အမှန်ပင် ထိုသို့ ဖြစ်နိုင်ပေသည်။

သဘာဝတရား၏ မိခင်မှာ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး၏ ကိုယ်ပွားပင် ဖြစ်သည်။ အကယ်၍ လင်းယွင်တောင်တန်းသာ ထူးခြားလွန်းမနေဘဲ တခြားနေရာတွင် ကျဆုံးခဲ့မည်ဆိုပါက သဘာဝ အကြွင်းအကျန် များသည် ကမ္ဘာ့အရပ်ရပ်သို့ ညီတူညီမျှ ပေါ်ထွက်လာပေလိမ့်မည်။

လက်ရှိတွင် သဘာဝ အကြွင်းအကျန် များမှာ ဝံပုလွေအုပ်ကြားထဲမှ အဆီတစ်တုံးကဲ့သို့ ဖြစ်နေပြီဆိုသည်ကို သူ ကြောင်လေးအား မပြောပြခဲ့ပေ။ ထိုသို့ပြောပြခြင်းက ကြောင်လေးကို ပို၍ စိတ်မကောင်း ဖြစ်စေပါလိမ့်မည်။

သူသည်လည်း ဤ အကြွင်းအကျန် ကို ယူရန် ဆန္ဒမရှိပေ။ သူ့အတွက်လည်း သိပ်ပြီး အသုံးမဝင်လှသဖြင့် ဤနန်းတော်ထဲတွင်သာ ထာဝရ ကျန်ရစ်နေပါစေဟု သူ တွေးလိုက်သည်။

သို့သော်လည်း ထန်ထျန်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ပြင်းထန်လှသော အစီအရင် အော်ရာ များက နန်းတော်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

၎င်းမှာ တစ်စုံတစ်ယောက်က တမင်တကာ စီစဉ်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်း အစီအရင် တစ်ခုပင်။

တစ်ဖက်လူက ကြိုတင်၍ ဤနေရာသို့ ရောက်ရှိနေကာ ပုန်းကွယ်နေပြီးသား ဖြစ်ကာ သားကောင် အဝင်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

အရှေ့ရှိ သဘာဝ အကြွင်းအကျန် မှာလည်း သူတို့ တမင်တကာ ချထားသော သားငါးမျှားချိတ် ဖြစ်နိုင်ပေသည်။

ထန်ထျန်း လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော အသံတစ်ခုက အရပ်မျက်နှာ အနှံ့အပြားမှ ထွက်ပေါ်လာသည်။

“ကံကြမ္မာ ရွေးချယ်ခံရသူ”

“မင်း ဒီနေရာကို ရှာတွေ့လိမ့်မယ်လို့ ငါ မထင်ထားဘူး”

စကားသံနှင့်အတူ ပုံရိပ်နှစ်ခုမှာ ထန်ထျန်း၏ ရှေ့တွင် ပေါ်လာသည်။

၎င်းတို့မှာ အရင်က တွေ့ခဲ့သော ထျန်းရွေ့ကျိကျွင်း နှင့် ချန်ဖျင်းကျိကျွင်း တို့ပင် ဖြစ်သည်။

သူတို့တွေ အမှန်တကယ်ပင် အုပ်စုဖွဲ့လိုက်ကြပြီ ဖြစ်သည်။

သို့သော် ထန်ထျန်းက ယုတျယ်ကျိကျွင်း၏ ပုံရိပ်ကိုတော့ မတွေ့ရပေ။

“နှမြောစရာပဲ၊ ငါးကြီးတစ်ကောင် မိမယ်လို့ ထင်ထားတာ”

ချန်ဖျင်းကျိကျွင်း၏ လေသံမှာ သိသိသာသာ မကျေမနပ် ဖြစ်နေပုံရသည်။

ထျန်းရွေ့က သူ့ကို ဂရုမစိုက်ဘဲ ထန်ထျန်းကို ကြည့်ကာ ပြောလိုက်၏။ “မင်းရဲ့ ကံတရားက တော်တော်ကောင်းတာပဲ”

“လင်းယွင်တောင်တန်းကို ပထမဆုံးအကြိမ် ရောက်လာပြီး ဒီအထိ လျှောက်လာနိုင်တယ်ပေါ့"

“ရှို့ကျွင်းကျိကျွင်းရော”

ထန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဝင်လာပြီးကတည်းက သူ့ကို မတွေ့တော့ဘူး”

ထျန်းရွေ့က ခေါင်းယမ်းလိုက်ကာ “ဒါဆို နှမြောစရာပဲ”

“မင်းရဲ့ ကံကောင်းမှုတွေက ဒီမှာပဲ လမ်းဆုံးပြီ ထင်တယ်”

ပြောပြီးသည်နှင့် သူက အစီအရင်ကို တိုက်ရိုက် နှိုးဆွလိုက်ရာ အဆုံးမဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်များက ထန်ထျန်းကို ဝိုင်းရံ ပိတ်ဆို့လိုက်တော့သည်။

သို့သော် ထန်ထျန်း၏ မျက်နှာတွင်မူ မည်သည့် ထိတ်လန့်သည့် အမူအရာမှ ပေါ်မလာပေ။ သူက ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် မေးလိုက်သည်။ “ဒါက ဘာအစီအရင်လဲ”

“ကြည့်ရတာ တော်တော် အစွမ်းထက်ပုံပဲ”

ထျန်းရွေ့ကျိကျွင်း ခေတ္တမျှ ရပ်တန့်သွားပြီးမှ ပြော၏ ။ “နာမည်က နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင် လို့ ခေါ်တယ်”

“ရှို့ကျွင်းကျိကျွင်းလို အစွမ်းထက်တဲ့သူမျိုးတောင် ဒီအစီအရင်ထဲမှာ ပိတ်မိသွားရင် လွတ်ဖို့ ခက်တယ်"

“မင်းလို ကျိကျွင်းအဆင့်ကို ခုမှ တက်လှမ်းထားတဲ့ လူငယ် ကျိကျွင်းတစ်ယောက်အတွက်ကတော့ လွတ်မြောက်ဖို့ ဘယ်လို ဖြစ်နိုင်ခြေမှ မရှိဘူး”

ထန်ထျန်းက သဘောတူညီသည့်ပုံစံဖြင့် ခေါင်းငြိမ့်လိုက်ကာ “တကယ်ပဲ အစွမ်းထက်တာပဲ”

“ဒါဆို တစ်စုံတစ်ယောက်က ဒီကို လာမယ်ဆိုတာ မင်း ဘယ်လို သိနေတာလဲ"

“အဲဒီ သဘာဝ အကြွင်းအကျန် က ဘာ အော်ရာ မှ ထွက်မနေဘူးလေ”

ထျန်းရွေ့က “သဘာဝ အကြွင်းအကျန် ဆိုတာ မူလကတည်းက ဒီလိုပဲ၊ အကယ်၍ ပြောင်းလဲမှု တစ်ခုခု လုပ်လိုက်ရင် တစ်ယောက်ယောက်က မရိုးသားဘူးဆိုတာကို အလွယ်တကူ သိသွားလိမ့်မယ်"

“ငါတို့က ကံစမ်းကြည့်ရုံပါပဲ၊ အကယ်၍ ဘယ်သူမှ မလာရင်လည်း အတင်း မတောင်းဆိုဘူး"

“ဒါပေမဲ့ မင်းကတော့ ရောက်လာခဲ့တာပဲ”

ထန်ထျန်းက ပြော၏။ “အော်... အဲ့လိုလား”

သို့သော် ထိုအချိန်တွင် ဘေးနားရှိ ချန်ဖျင်းကျိကျွင်းမှာ စိတ်မရှည်တော့ပေ။

“ဒီကောင်လေးနဲ့ ဘာတွေ စကားအများကြီး ပြောနေတာလဲ”

“မြန်မြန် ရှင်းလိုက်ကြစို့၊ အခုဆိုရင် လူအတော်များများ သင်္ချိုင်း ကို ရောက်နေလောက်ပြီ”

ထို့နောက် သူက ထန်ထျန်းကို ကြည့်ကာ ရက်စက်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ကောင်လေး... မင်းဆီမှာ ရှိသမျှ အရာအားလုံးကို ကိုယ်တိုင် ထုတ်ပေးလိုက်ရင် ငါတို့ မင်းကို အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”

“မဟုတ်ရင်တော့... မင်း ဒီနေရာမှာပဲ အလောင်းဖြစ်သွားစေရမယ်”

ချန်ဖျင်းကျိကျွင်းက အေးစက်စွာ ပြောလိုက်သည်။

All Chapters