← Chapters

အခန်း (၁၅၇၇-၁၅၇၈)

Vol. 113 Ch. 1577-1578

အခန်း (၁၅၇၇-၁၅၇၈)

Vol. 113 Ch. 1577-1578

အခန်း (၁၅၇၇) : လူအိုကြီး ရှန်းချီ

လူအိုကြီး ရှန်းချီသည် ငွေဖြူရောင် ဆံပင်ရှည်များ၊ အနက်ရောင် မုတ်ဆိတ်မွှေးများနှင့်အတူ ဝတ်စုံနက်ပေါ်တွင် အဖြူရောင် ဝတ်ရုံပွကြီးကို ထပ်မံဝတ်ဆင်ထားသော အသက်ကြီးကြီး အမျိုးသား တစ်ဦးဖြစ်၏။ သူ့ဖိနပ်မှာလည်း တစ်ဖက်က အမည်း၊ တစ်ဖက်က အဖြူ ဖြစ်နေသည်။ သူ့၌ အမည်းရောင် နယ်ရုပ်များသာ ရှိသော်လည်း အကွက်များမှာ အမည်းနှင့် အဖြူ ခွဲခြားထားသော စတုရန်းကွက်ကျား စစ်တုရင်ခုံရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေသည်။

လူအိုကြီး ရှန်းချီက ကင်းထောက်ဌာန၏ လုပ်ငန်းစဉ်များကို ချမှတ်ရန် အစည်းအဝေး ပြုလုပ်နေခြင်း ဖြစ်သော်လည်း သူက စစ်တုရင်ခုံကိုသာ စိုက်ကြည့်နေသဖြင့် အခန်းထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်နေလေသည်။

ငါ အကြာကြီး ဝေခွဲမရ ဖြစ်နေခဲ့တာ … ဒါပေမဲ့ အခုတော့ ဆုံးဖြတ်ရမဲ့ အချိန်ရောက်ပြီ

လူအိုကြီး ရှန်းချီက နယ်ရုပ်တစ်ခုကို ရွှေ့လိုက်သည်။ သူက စစ်တုရင် ကစားခြင်းတွင် နာမည်ကျော်ကြားသူ ဖြစ်၏။ ဤအရာမှာ သူ့တာအိုလမ်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားခြင်း ဖြစ်သည်။ သို့သော် သူက ဤစစ်တုရင်ခုံကို အဓိကအားဖြင့် တိုက်ပွဲဝင်ရန်နှင့် ဗျူဟာချမှတ်ရန်အတွက်သာ အသုံးပြုလေ့ရှိသည်။ လူအတော်များများမှာ ဤစစ်တုရင်ကစားနည်း၏ စည်းမျဉ်းများကိုပင် မသိကြပေ။

လေလွင့်ကျင့်ကြံသူလမ်းစဉ်က ဆက်ပြီး အလုပ်မဖြစ်တော့ဘူး

လူအိုကြီး ရှန်းချီက ကောက်ချက်ချလိုက်သည်။ သူက ဤအတွေးကို ဟိုးနှစ်ပေါင်းများစွာကတည်းက စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သူ့ဘဝခရီးလမ်းမှာ ပျက်သုဉ်းသွားပြီဖြစ်သော သေမျိုးတိုင်းပြည်တစ်ခုမှ ပညာရှိလူငယ်လေးတစ်ဦးအဖြစ် စတင်ခဲ့သည်။ သူ့မိသားစုမှာ ချမ်းသာကြွယ်ဝသဖြင့် စစ်တုရင်အပါအဝင် ပညာရပ်များစွာကို သင်ယူခွင့် ရခဲ့သည်။

လူအိုကြီး ရှန်းချီသည် ငယ်စဉ်ကတည်းက စစ်တုရင် ကျွမ်းကျင်မှုကြောင့် နာမည်ကျော်ကြားခဲ့သည်။ သူ့မိသားစုက အဆက်အသွယ်များကို အသုံးပြု၍ သူ့အား မှူးမတ်မျိုးနွယ်များ၏ ဆရာအဖြစ် အလုပ်ရအောင် လုပ်ပေးခဲ့ပြီး အသက် ၃၂ နှစ်တွင် နန်းတော်သို့ ဆင့်ခေါ်ခြင်းခံရကာ အိမ်ရှေ့မင်းသား၏ ဆရာ ဖြစ်လာခဲ့သည်။

သူ့ဘဝတစ်လျှောက်လုံးကို သေမျိုးလောကတွင် စစ်တုရင်ကျွမ်းကျင်မှု မြှင့်တင်ရင်း ကုန်ဆုံးစေခဲ့သည်။ ငယ်စဉ်က တိုင်းပြည်အနှံ့ လှည့်လည်သွားလာခဲ့ပြီး အသက်ကြီးပိုင်းတွင် အိမ်နီးချင်း တိုင်းပြည်များမှ စိန်ခေါ်သူအားလုံးကို လက်ခံကစားခဲ့သည်။ လူအိုကြီး ရှန်းချီသည် သူနှင့် စစ်တုရင် ကစားလိုသော ကျင့်ကြံသူအချို့နှင့်ပင် တွေ့ဆုံခဲ့ဖူးသည်။

သူတို့အနက် အချို့က စစ်တုရင်ပညာ သင်ယူရန်အတွက် ကျင့်ကြံရေး ကျင့်စဉ်များကိုပင် ကမ်းလှမ်းခဲ့ကြသည်။ ကံမကောင်းစွာဖြင့် လူအိုကြီး ရှန်းချီ၏ ပါရမီမှာ အလွန်ညံ့ဖျင်းသဖြင့် ထိုနည်းစနစ်များမှာ အသက်ရှည်စေသည့် ချီစွမ်းအင် အာဟာရဖြည့် နည်းစနစ်အဆင့်လောက်သာ အသုံးဝင်ခဲ့သည်။

သို့သော် လူအိုကြီး ရှန်းချီ အသက် ၉၅ နှစ်အရွယ်တွင် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ သူက စစ်တုရင်မှတစ်ဆင့် တာအိုသို့ ဝင်ရောက်နိုင်ခဲ့လေသည်။ သူ့စစ်တုရင်ကျွမ်းကျင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ မိုးမြေနှင့် ပဲ့တင်ထပ်သွားပြီး ထူးခြားသော နိမိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုနိမိတ်က သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကာ သူ့ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို သန့်စင်ပေးခဲ့သဖြင့် ကျင့်ကြံခြင်းအတွက် ထူးချွန်သော ပါရမီကို ရရှိသွားခဲ့သည်။

လူအိုကြီး ရှန်းချီသည် သန့်စင်မှု ပြီးဆုံးပြီးနောက် သူ့ကျင့်ကြံခြင်းခရီးလမ်းကို စတင်ခဲ့သည်။ သူက လမ်းကြောင်း ချောမွေ့စေရန်အတွက် ဂိုဏ်းတစ်ခုသို့ ဝင်ရောက်လိုသော်လည်း အင်အားစု အတော်များများက သူ့ကို အသက်ကြီးလွန်းသည်ဟု ယူဆကြသည်။ ငယ်ရွယ်စဉ်ကတည်းက ဂိုဏ်းအပေါ် သစ္စာစောင့်သိရန် ဦးနှောက်ဆေးထားခြင်း မရှိသောကြောင့် သူတို့က မယုံကြည်ကြခြင်း ဖြစ်သည်။

လူအိုကြီး ရှန်းချီအနေနှင့် နောက်ဆုံးတွင် အင်အားစုတစ်ခုသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း သူစိမ်းတစ်ယောက်ဖြစ်သည့်အတွက် ပြင်းထန်သော ဖိနှိပ်မှုများကို ခံခဲ့ရသည်။ ထို့ကြောင့် အဆင့် (၄) သို့ ရောက်သောအခါ ထိုဂိုဏ်းမှ ထွက်ခွာခဲ့သည်။ ထို့နောက် သူ့ဘဝကို လေလွင့်ကျင့်ကြံသူအဖြစ်သာ ကုန်ဆုံးစေပြီး အရင်းအမြစ်များအတွက် အသည်းအသန် တိုက်ပွဲဝင်ခဲ့ရသည်။

သူ့ဘဝတစ်လျှောက်လုံးတွင် လေလွင့်ကျင့်ကြံသူများအတွက် ရည်ရွယ်ထားသော၊ တာဝန်နှင့် ဆုလာဘ်များ ကမ်းလှမ်းသည့် ကျင့်ကြံရေး အဖွဲ့အစည်းငယ်များသို့ ဝင်ရောက်ခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုအဖွဲ့အစည်းအတော်များများမှာ ကြာရှည်မခံသဖြင့် လူအိုကြီး ရှန်းချီမှာ အဆင့်မြင့်ရန်အတွက် အရင်းအမြစ်ရှာဖွေရာတွင် အတော်လေး ရုန်းကန်ခဲ့ရသည်။

သို့သော် ကံကြမ္မာက သူ့ဘက်တွင် ရှိနေခဲ့သည်။ မဟုတ်သေးဘူး ... သူက သူ့အသက်ကို ရင်း၍ ကံကြမ္မာကို ဆုပ်ကိုင်ခဲ့ခြင်းဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ မိစ္ဆာမျိုးနွယ် ကျူးကျော်မှုစစ်ပွဲမှာ ရက်စက်ကြမ်းကြုတ်သော်လည်း ၎င်းမှာ အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။ ထိပ်သီးမျိုးနွယ်စုကြီးများသည် အသေအပျောက် လျှော့ချရန်အတွက် စစ်သည်များ သို့မဟုတ် ကြေးစားစစ်သားများ လိုအပ်နေသည်။ လူအိုကြီး ရှန်းချီသည် ဤအခွင့်အရေးကို အသုံးချကာ စံပြအဆင့် ဖြစ်လာရန် လိုအပ်သော အရင်းအမြစ်များကို စုဆောင်းခဲ့သည်။

ထိုအချိန်တွင် လူအိုကြီး ရှန်းချီတစ်ယောက် လေလွင့်ကျင့်ကြံသူများကြားတွင် နာမည်ကျော်ကြားနေပြီ ဖြစ်၏။ သူ့ဗျူဟာမြောက်သော ဉာဏ်ရည်က လူများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့သဖြင့် မိတ်ဆွေနှင့် အပေါင်းအသင်းများစွာ ရှိလာခဲ့သည်။ တစ်နေ့တွင် ရှန်းချီက တာအိုဘာသာဂိုဏ်းတစ်ခု၏ တာဝန်ကို ယူခဲ့သော်လည်း ထိုဂိုဏ်းက ဆင်ခြေအမျိုးမျိုးပေး၍ ဆုလာဘ်ကို လျှော့ချခဲ့သဖြင့် လှည့်စားခြင်း ခံလိုက်ရသည်။ လူအိုကြီး ရှန်းချီက သူ ခံစားခဲ့ရသော မတရားမှုများကို စိတ်ကုန်သွားကာ ပြန်လည် တုံ့ပြန်ခဲ့တော့သည်။

သူက သူ့အဆက်အသွယ်များကို အသုံးချ၍ မဟာမိတ်များ စုစည်းကာ ဝမ်ဝေ့ ခေါ်ဆိုနေသည့် ကျင့်ကြံရေးလောက၏ ပထမဆုံး သမဂ္ဂ ဟု ခေါ်ဆိုမည့် အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သည်။ လူအိုကြီး ရှန်းချီ၏ ဦးဆောင်မှုအောက်တွင် လေလွင့်ကျင့်ကြံသူအားလုံးက ထိုမျိုးနွယ်စုကြီးများက သူတို့အပေါ် တရားမျှတစွာ မပေးချေသရွေ့ မည်သည့်တာဝန်ကိုမျှ မယူရန် ငြင်းဆန်ခဲ့ကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်း အပါအဝင် ထိပ်သီးမျိုးနွယ်စုကြီးများက ငြင်းဆန်ခဲ့ကြသော်လည်း လူအိုကြီး ရှန်းချီက နောက်ဆုတ်မည့်သူ မဟုတ်ပေ။

ထိပ်သီးမျိုးနွယ်စုကြီးများ၏ ပထမဆုံး တုံ့ပြန်မှုမှာ အကြမ်းဖက်နည်းဖြင့် ဖြေရှင်းရန် ဖြစ်သည်။ ဤအဓိပ္ပာယ်မရှိသည့် ကိစ္စအတွက် တာဝန်ရှိသည့် ခေါင်းဆောင်များကို သတ်ပစ်လိုက်လျှင် ကျန်သူများ ကြောက်လန့်ပြီး နာခံလာလိမ့်မည်ဟု သူတို့ တွက်ချက်ခဲ့ကြသည်။ သို့သော် လူအိုကြီး ရှန်းချီက သူတို့ထက် တစ်လှမ်းသာနေခဲ့သည်။ လေလွင့်ကျင့်ကြံသူများမှာ မည်သို့ရှင်သန်ရမည်ကို သိကြသည်။ ထိုအရာမှာ သူတို့ မဖြစ်မနေ သင်ယူထားရသော ပညာ ဖြစ်သည်။

လူအိုကြီး ရှန်းချီနှင့် သူ့မဟာမိတ်များသည် မြေအောက်ခိုအောင်းရာနေရာများနှင့် တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်မည့် နည်းလမ်းများကို ပြင်ဆင်ထားခဲ့ကြသည်။ ထို့အပြင် ရှန်းချီသည် ထိုတိုက်ခိုက်မှုများကို မှတ်တမ်းတင်ကာ … အထူးသဖြင့် ဂိုဏ်းများက လေလွင့်ကျင့်ကြံသူများကို ခွေးကဲ့သို့ ဆက်ဆံနေသည်များကို ပြန့်နှံ့စေခဲ့ပြီး ထိုမျိုးနွယ်စုကြီးများက သူတို့ကို မည်သို့ မြင်သည်ကို လူအများ သိအောင် လုပ်ပြခဲ့သည်။

ထိပ်သီးမျိုးနွယ်စုကြီးများ၏ ဂုဏ်သိက္ခာကို ပျက်ပြားစေခြင်းဖြင့် ဆုလာဘ်နည်းနည်းလေးနှင့် သူတို့အတွက် အသက်စွန့်မည့်လူ နည်းပါးသွားခဲ့သည်။ ထို့ကြောင့် ထိုအင်အားစုများက နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သော သွေးခွဲခြင်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ လေလွင့်ကျင့်ကြံသူ အခြေခံလူတန်းစားမှာ အလွန်များပြားသဖြင့် လူအိုကြီး ရှန်းချီ၏ အဖွဲ့က တာဝန်မယူလျှင်တောင် တခြားတစ်ယောက်ယောက်က ယူလိမ့်မည်ဟု သူတို့ ယူဆခဲ့ကြသည်။

သို့သော် လူအိုကြီး ရှန်းချီက ထိုသို့ ဖြစ်ခွင့်မပေးပေ။ သူက သူတို့၏ စည်းမျဉ်းကို ကျော်ဖြတ်ရန် ကြိုးစားသူမှန်သမျှကို ဖယ်ရှားရန် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ စည်းကျော်သူမှန်သမျှကို သူက ကရုဏာမဲ့စွာ နှိမ်နင်းခဲ့သည်။

ထိပ်သီးမျိုးနွယ်စုကြီးများမှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး လူအိုကြီး ရှန်းချီနှင့် သူ့အဖွဲ့ကို သစ္စာဖောက်များအဖြစ် တံဆိပ်ကပ်လိုက်ကြသည်။ ထိုလေလွင့်ကျင့်ကြံသူများ ယူထားသော တာဝန်မှာ ကမ္ဘာကြီး၏ ရန်သူဖြစ်သော မိစ္ဆာမျိုးနွယ်များကို တိုက်ခိုက်ရမည့် တာဝန် ဖြစ်နေသောကြောင့် ဖြစ်၏။

ထိုမျိုးနွယ်စုကြီးများသည် လူအိုကြီး ရှန်းချီ၏ အဖွဲ့အပေါ် ဖိအားပေးနိုင်မည် သို့မဟုတ် အနည်းဆုံးတော့ သူတို့၏ ကံကြမ္မာကို ဖျက်ဆီးနိုင်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ရှန်းချီသည် ထိုဖိအားများကို ကြံ့ကြံ့ခံကာ အလျှော့မပေးခဲ့ပေ။ ထို့နောက် သူက ထိုမျိုးနွယ်စုကြီးများအားလုံးထံသို့ စာတစ်ကြောင်းတည်းပါသော စာလွှာတစ်စောင် ပို့လိုက်သည်။

"ငါတို့ တကယ့် သစ္စာဖောက်တွေ ဖြစ်လာရင် ဘယ်လိုနေမလဲ"

ထိုမျိုးနွယ်စုကြီးများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ အကယ်၍ ထိုလေလွင့်ကျင့်ကြံသူများသာ မိစ္ဆာမျိုးနွယ်ဘက်သို့ ကူးပြောင်းသွားပါက ဤစစ်ပွဲသည် ယွမ်ခေတ်ကာလ ၅၀၀၀ မကြာဘဲ အမြန်ဆုံး ပြီးဆုံးသွားလိမ့်မည်။ ထိုဂိုဏ်းများက အကျပ်ကိုင်ခံလိုက်ရသဖြင့် လူအိုကြီး ရှန်းချီနှင့် တွေ့ဆုံကာ လေလွင့်ကျင့်ကြံသူများ၏ ဝန်ဆောင်ခအတွက် တရားမျှတသော စံနှုန်းသတ်မှတ်ချက်များကို ဆွေးနွေးခဲ့ကြရသည်။

ဂိုဏ်းများ၏ လိုက်လျောမှုမှာ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမ ဖြစ်လာမည့် ပထမဆုံးခြေလှမ်း ဖြစ်၏။ မိစ္ဆာမျိုးနွယ်များကို နှိမ်နင်းပြီးနောက် လူအိုကြီး ရှန်းချီသည် လဲလှယ်ရေးခန်းမ တည်ထောင်ရန် စဉ်းစားခဲ့သည်။ သို့သော် ထိုထိပ်သီးမျိုးနွယ်စုကြီးများသည် သူ့အာဏာကို သတိပြုမိသွားကြပြီး သူ့ကို သိမ်းငှက်ကဲ့သို့ စောင့်ကြည့်နေခဲ့ကြသည်။ သူ လုပ်သမျှ လှုပ်ရှားမှုမှန်သမျှကို ပြင်းထန်သော ဖိနှိပ်မှုများဖြင့် တုံ့ပြန်ခဲ့ကြသည်။

ထို့အပြင် လူအိုကြီး ရှန်းချီအနေနှင့် လဲလှယ်ရေးခန်းမ စတင်ရန်အတွက် အခြေခံ အရင်းအမြစ်အချို့ကိုပင် ရယူနိုင်ခြင်း မရှိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူက စိတ်ရှည်သူတစ်ဦး ဖြစ်သဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ပထမမူလစစ်ပွဲအတွင်းတွင် သူ့အခွင့်အရေး ရောက်လာခဲ့သည်။ ထိုထိပ်သီးမျိုးနွယ်စုကြီးများ အချင်းချင်း တိုက်ခိုက်နေကြသော ပြည်တွင်းစစ်မှာ အကောင်းဆုံး အခွင့်အရေး ဖြစ်လာသည်။

ထိုဂိုဏ်းများ တိုက်ပွဲဝင်နေကြစဉ် လူအိုကြီး ရှန်းချီသည် စောင့်ကြည့်မှု လျော့နည်းသွားခြင်းကို အသုံးချကာ အစောပိုင်းက “လေလွင့်ကျင့်ကြံသူ လဲလှယ်ရေးခန်းမ” ဟု ခေါ်သော အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့သည်။ လူအိုကြီး ရှန်းချီသည် စစ်ပွဲတွင် မည်သည့်ဘက်မှ မပါဝင်ခဲ့ဘဲ သူ့ကို ငွေအများဆုံး ပေးချေနိုင်သည့်ဘက်ကိုသာ အာရုံစိုက်ခဲ့သည်။

ထိုသို့သော ချဉ်းကပ်မှုမှာ မလွယ်ကူလှပေ။ တစ်ချိန်တွင် နှစ်ဖက်စလုံးက တိုက်ပွဲကို ရပ်ဆိုင်းလိုက်ပြီး သူတို့၏ တိုက်ပွဲမှ အမြတ်ထုတ်နေသော လဲလှယ်ရေးခန်းမကို အမြစ်ပြတ်ချေမှုန်းရန် ပူးပေါင်းခဲ့ကြသည်။ သို့သော် လူအိုကြီး ရှန်းချီက ပြင်ဆင်ထားပြီးဖြစ်သဖြင့် အရင်းအမြစ်ချီနေရာလွတ်ထဲတွင် ခဏတာ ပုန်းနေရင်း ရှင်သန်နိုင်ခဲ့သည်။

ထို့နောက် အခြေအနေများ ပြန်လည် တင်းမာလာသောအခါ သူ ပြန်လာပြီး နှစ်ဖက်လုံးထံမှ အမြတ်ထုတ်ခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ လူအိုကြီး ရှန်းချီသည် တုကုပိုင်ထျန်း၏ ကြီးမားသော သစ္စာဖောက်မှု ဖြစ်ပေါ်လာသည်အထိ ဤနည်းဗျူဟာကို အသုံးပြုခဲ့သည်။ ထိုအချိန်တွင် ချီယွမ်နှင့် ဒိုင်မေးရှင်းအနိမ့်မှ လူများက ဤစစ်ပွဲတွင် အနိုင်ရလိမ့်မည်ကို ရှန်းချီ သိလိုက်သဖြင့် သူတို့ကို ထောက်ခံခဲ့သည်။

လူအိုကြီး ရှန်းချီသည် သူ့လူများအား သစ္စာဖောက်ရမည့်ကိစ္စအပေါ် ဂရုမစိုက်ပေ။ ကံကြမ္မာက ဒိုင်မေးရှင်းအမြင့်ဘက် မျက်နှာသာပေးချိန်တွင် ထိပ်သီးလူတန်းစားများနှင့် ဂိုဏ်းများအတွက်သာ အကျိုးရှိပြီး သူ့ကဲ့သို့ လူများအတွက် မဟုတ်ပေ။ ထို့အပြင် တုကုပိုင်ထျန်းကဲ့သို့ လူမျိုးပင် သူ့လူများအပေါ် ကျောခိုင်းနိုင်သေးလျှင် သူက ဘာလို့ မလုပ်နိုင်ရမည်နည်း။

စစ်ပွဲအပြီးတွင် လေလွင့်ကျင့်ကြံသူ လဲလှယ်ရေးခန်းမမှာ တစ်ဦးတည်း ရပ်တည်နိုင်လောက်အောင် အင်အားတောင့်တင်းလာခဲ့သည်။ ထိပ်သီးမျိုးနွယ်စုကြီးများမှာလည်း ပြန်လည်နာလန်ထူရန် အချိန်ယူနေရသဖြင့် သူ လုပ်နေသည်များကို အာရုံစိုက်ရန် အချိန်မရှိခဲ့ကြပေ။ သို့သော် လူအိုကြီး ရှန်းချီက ပျော်မြူးမနေခဲ့ပေ။ သူ့အနေနှင့် တုကုပိုင်ထျန်း၏ လုပ်ရပ်က မိုးမြေ၏ တစ်စုံတစ်ခုကို ပြောင်းလဲစေခဲ့ကြောင်း သတိပြုမိခဲ့သည်။

သူက အဖြေများကို ရှာဖွေရန် သို့မဟုတ် မိုးမြေ၏ လျှို့ဝှက်ချက်များကို တွက်ချက်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ပြီးနောက် အာဏာရှင်များ၏ အနာဂတ်ပုံစံကို သိရှိသွားခဲ့သည်။ ဤသည်မှာ လဲလှယ်ရေးခန်းမအတွက် ထိပ်ဆုံးသို့ တက်လှမ်းရန်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်သည့် အင်အားရရှိရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သူ သိလိုက်သည်။

လူအိုကြီး ရှန်းချီသည် အာဏာရှင်တစ်ဦး၏ ကံကြမ္မာကို ရရှိရန်အတွက် အသည်းအသန် ကြိုးစားခဲ့ပြီး ကပ်ဘေးခေတ်မှ ရှေးဟောင်းအပျက်အစီးများကို ရှာဖွေစူးစမ်းရန် လူပေါင်းများစွာ၏ အသက်ကို ရင်းနှီးခဲ့ပြီးနောက်မှသာ ခဲရာခဲဆစ် အောင်မြင်ခဲ့သည်။ ထို့နောက်တွင် လဲလှယ်ရေးခန်းမမှာ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမ ဖြစ်လာခဲ့သည်။

အာဏာရှင် တစ်ဦးဖြစ်လာပြီးကတည်းက လူအိုကြီး ရှန်းချီတွင် ပန်းတိုင်တစ်ခု ရှိခဲ့သည်။ ထိုအရာမှာ လေလွင့်ကျင့်ကြံသူများ၏ အင်အားကို အမှန်တကယ် စုစည်းရန် ဖြစ်၏။ အကယ်၍ သူသာ လေလွင့်ကျင့်ကြံသူ အားလုံး၏ အင်အားကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သူတို့မှာ မည်သူမှ တားဆီး၍ မရသော အင်အားစု ဖြစ်လာလိမ့်မည်။ စံပြအဆင့် အရေအတွက်မှာပင် အာဏာရှင်အားလုံးထက် သာလွန်သွားနိုင်သည်။ ရှေးဦးမူလအဆင့် မရှိခြင်းက ပြဿနာ မဟုတ်ပေ။ ကံကြမ္မာ အမြောက်အမြားကို စုစည်းနိုင်လျှင် နောက်ထပ် ရှေးဦးမူလအဆင့် အနည်းငယ် ပေါ်ထွက်လာဖို့မှာ အချိန်ကိစ္စသာ ဖြစ်သည်။

ဒါပေမဲ့ ငါ ကျရှုံးခဲ့တယ်

လူအိုကြီး ရှန်းချီက သက်ပြင်းချလိုက်သည်။ လေလွင့်ကျင့်ကြံသူများမှာ သဲနှင့်တူသော သူတို့၏ သဘာဝကြောင့် ထိုအမည် ရခဲ့ခြင်း ဖြစ်သည်။ သဲများကို အစိုင်အခဲတစ်ခု ဖြစ်အောင် စုစည်းရန် ကြိုးစားခြင်းမှာ အဓိပ္ပာယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ အစိုင်အခဲ ဖြစ်သွားသည်နှင့် သဲ မဟုတ်တော့သောကြောင့် ဖြစ်သည်။

အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမ၏ အတွင်းပိုင်းအဖွဲ့ဝင်များမှာ လေလွင့်ကျင့်ကြံသူများဟု အမည်တပ်ထားသော နောက်ထပ် ဂိုဏ်းတစ်ခုသာ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ တကယ့် လေလွင့်ကျင့်ကြံသူများ ဝင်ရောက်လာခြင်း နည်းပါးလာပြီး အဖွဲ့ဝင်အများစုမှာ ထိုနေရာတွင်ပင် မွေးဖွားလာသူများဖြစ်ကြောင်း လူအိုကြီး ရှန်းချီ သတိပြုမိခဲ့သည်။

ငါတို့ရဲ့ သဘာဝက တင်းကျပ်တဲ့ စည်းမျဉ်းတွေ ဒါမှမဟုတ် အဆင့်အတန်း ခွဲခြားတာတွေကို ဆန့်ကျင်ဖို့ပဲ

လူအိုကြီး ရှန်းချီက တွေးလိုက်သည်။

ငါက ထိပ်သီးမျိုးနွယ်စုကြီးတွေက ငါတို့ရဲ့ ရန်သူတွေဆိုတဲ့ အတွေးနဲ့ သူတို့ကို စုစည်းဖို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ ဒီလဲလှယ်ရေးခန်းမကိုယ်တိုင်က ထိပ်သီးမျိုးနွယ်စုကြီး တစ်ခု ဖြစ်လာခဲ့ပြီ။ တကယ့်ကို ရယ်စရာကောင်းလိုက်တာ

လူအိုကြီး ရှန်းချီက သူ့စစ်တုရင်နယ်ရုပ်များကို ရွှေ့ရင်း သက်ပြင်းချလိုက်သည်။

အခုတော့ ရှေ့ဆက်ရမဲ့ အချိန်ရောက်ပြီ။ ဒီလဲလှယ်ရေးခန်းမက ငါ့ကို ထူးကဲသာလွန်လမ်းစဉ်ပေါ် လျှောက်လှမ်းခွင့် ပေးမှာမဟုတ်ဘူး

ညီလာခံ၌ တခြားအင်အားစုတွေအနေနှင့် သူတို့ကို ကြေးစားစစ်သားတွေလို မြင်နေကြဆဲဖြစ်ကြောင်း သူ သိလိုက်ရလေပြီ။ ထို့အပြင် ကပ်ဘေးရောက်လာသည့်အခါ သူတို့က အမြောက်စာအဖြစ်ပဲ အသုံးချခံရလိမ့်မည်။

ငါသာ မှန်ကန်အောင် လှုပ်ရှားနိုင်ရင် အတွင်းပိုင်း အဖွဲ့ဝင်တွေကို ခေါ်သွားပြီး ငါ့ရဲ့ ကိုယ်ပိုင်ဂိုဏ်းတစ်ခု ထောင်နိုင်မှာပဲ

လူအိုကြီး ရှန်းချီသည် ယခုအခါ မိမိကိုယ်ကိုယ်အတွက် စတင်စဉ်းစားရန် အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်လေသည်။

အခန်း (၁၅၇၈) : မဟာပေါင်းစည်းစိတ်ဆန္ဒ

"အံ့ဖွယ်ယုံကြည်မှုဘုံနဲ့ ဆွေးနွေးမှုတွေက ဘယ်လိုအခြေအနေရှိလဲ"

လူအိုကြီးရှန်းချီက သိုင်းဝတ်စုံဝတ်ထားပြီး ဆံပင်တိုတိုနှင့် ပါးပြင်ပေါ်တွင် အမာရွတ်တစ်ခုရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။

"အဆင်ပြေပါတယ်" စံပြအနီရောင်ပုဆိန်က ပြန်လည်ဖြေကြားသည်။

"ဒီနတ်ဘုရားတွေက မဟာမိတ်ဖွဲ့ဖို့ တော်တော်လေး စိတ်အားထက်သန်နေပုံပဲ"

"မင်း ပြောစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ" လူအိုကြီးရှန်းချီက ဆိုသည်။

"ခင်ဗျား ဒါကို သေချာရဲ့လား။ ဒီနတ်ဘုရားတွေရဲ့ အကျင့်စရိုက်ကို ခင်ဗျား သိသားနဲ့။ သူတို့နဲ့ ကျုပ်တို့ တကယ်ရော အဆင်ပြေပြေ လက်တွဲနိုင်ပါ့မလား" အနီရောင်ပုဆိန်က မေးလာသည်။

အံ့ဖွယ်လမ်းစဉ်၏ ပြဿနာမှာ ယုံကြည်မှုစွမ်းအား၏ ဆိုးကျိုးများသာမက ထိုနတ်ဘုရားများသည် သက်ရှိသန်းပေါင်းများစွာ၏ ကိုးကွယ်မှုကို ခံယူရင်း သူတို့သည် မိုးမြေ၌ အကောင်းဆုံးသော တည်ရှိမှုများဖြစ်ကြောင်း ရိုက်သွင်းခံထားရခြင်းပင် ဖြစ်၏။ ထိုသို့သော ပတ်ဝန်းကျင်က သူတို့ကို အတ္တကြီးသူများ၊ မောက်မာသူများနှင့် နာမည်ကျော်ကြားလိုစိတ် ပြင်းထန်သူများ ဖြစ်လာစေသည်။

"မင်း သူတို့နဲ့ တွေ့တုန်းက တစ်ခုခု သတိထားမိလို့လား"

"ဟုတ်တယ်။ သူတို့ထဲက အချို့က ကျုပ်တို့ကို သူတို့ရဲ့ ပိုင်ဆိုင်မှုအသစ်တစ်ခုလိုမျိုး ကြည့်နေကြတာ"

လူအိုကြီးရှန်းချီက မျက်မှောင်ကြုတ်လိုက်ပြီး "ဒါဆို မင်းအထင်က ကျုပ်တို့က အရည်အချင်းလမ်းစဉ် အဖွဲ့အစည်းနဲ့ပဲ မဟာမိတ်ဖွဲ့သင့်တယ်လို့ ဆိုလိုတာလား"

"အမှန်အတိုင်းပြောရရင် အဲဒီလူတွေကိုလည်း မယုံဘူး။ သူတို့က ကျုပ်တို့ကို သယံဇာတ ရှာဖွေပေးမဲ့ အလုပ်သမားတွေလို အသုံးချချင်နေတာ သိသာနေတာပဲ" အနီရောင်ပုဆိန်က ခေါင်းခါရင်း ပြောသည်။

"အဲဒါ သူတို့ရဲ့ ပန်းတိုင်ပဲ။ သူတို့က အဲဒါကို ဖုံးကွယ်ဖို့လည်း မကြိုးစားပါဘူး" လူအိုကြီးရှန်းချီက စစ်တုရင်ရုပ်များကို ရွှေ့ရင်း ပြောလိုက်သည်။

"ဒါကို သိရက်နဲ့ ဘာလို့ ကျုပ်တို့က သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစားနေရတာလဲ"

"သူတို့မှာ သူတို့ပန်းတိုင် ရှိသလို ငါတို့မှာလည်း ငါတို့ပန်းတိုင် ရှိတယ်" လူအိုကြီးရှန်းချီက ဆိုသည်။

သူ့အနေနှင့် ဤမဟာမိတ်ဖွဲ့မှုမှ အဓိကလိုချင်သည်မှာ အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းကို အသုံးချကာ လဲလှယ်ရေးခန်းမ၏ အတွင်းစည်းအဖွဲ့ဝင်များအတွက် ကျွမ်းကျင်ပညာရှင်အချို့ကို လေ့ကျင့်ပေးရန်ဖြစ်၏။ နောက်ဆုံးတွင် လူအိုကြီးရှန်းချီက ထိုသူများကို ပြန်လည်သိမ်းပိုက်လိုက်မည်။

"ကျုပ်ကို ဘာလုပ်စေချင်လဲ" အနီရောင်ပုဆိန်က မေးလိုက်သည်။ သူတို့၏ခေါင်းဆောင်သည် ယခုကဲ့သို့ အခြေအနေမျိုးတွင် မှားခဲလှသဖြင့် သူအပါအဝင် အခြားသူများကပါ ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို ယုံကြည်ကြသည်။

"ငါတို့မှာ မဟာမိတ်တွေ လိုအပ်တယ်။ ဒါပေမဲ့ သူတို့ရှေ့မှာ ဒူးထောက် အညံ့ခံတာမျိုးတော့ မဖြစ်စေရဘူး။ ဒါကြောင့် တစ်ဖက်နဲ့ ညှိနှိုင်းတဲ့အခါ နောက်တစ်ဖက်ရဲ့ တည်ရှိမှုကို အသုံးချပြီး အကျိုးအမြတ် ပိုရအောင် လုပ်ရမယ်" လူအိုကြီးရှန်းချီက ပြောသည်။

အကယ်၍ အံ့ဖွယ်ယုံကြည်မှုဘုံက လဲလှယ်ရေးခန်းမသည် အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းနှင့် မဟာမိတ်ဖွဲ့နိုင်သည့် အခွင့်အရေးရှိကြောင်း သိသွားပါက လူအိုကြီးရှန်းချီအနေဖြင့် ထိုအချက်ကို အသုံးချကာ အရင်းအမြစ်နှင့် အာဏာကို ပိုမိုရရှိရန် ညှိနှိုင်းနိုင်လိမ့်မည်။ အဖွဲ့အစည်းနှင့် ညှိနှိုင်းရာတွင်လည်း ဤနည်းဗျူဟာကိုပင် အသုံးပြုနိုင်သည်။

"ဒါပေမဲ့ မင်း ဒါကို သတိထားပြီး လုပ်ရမယ်" လူအိုကြီးရှန်းချီက ဆက်ပြောသည်။

"ကျန်တဲ့ အာဏာရှင်အင်အားစုတွေ ဒါမှမဟုတ် ရှေးဦးမူလ မျိုးနွယ်တွေ ဒီမဟာမိတ်အကြောင်း မသိစေဖို့က အရေးကြီးဆုံးပဲ"

"ကျုပ်ကို စိတ်ချထားလိုက်ပါ" အနီရောင်ပုဆိန်က ခေါင်းညိတ်ပြလိုက်သည်။

.........................

ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဌာန

သင်္ကေတရောင်ဝါသည် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ နက်မှောင်သော ဆံသားများတွင် ဘေးဖက်၌ ဆံပင်ဖြူများ ပါရှိသည်။ မုတ်ဆိတ်နက်တိုတိုမှာလည်း ဘေးဖက်တွင် ဆံပင်ဖြူများ ရောယှက်နေသည်။ သူသည် ပခုံးပေါ်တွင် အားကောင်းသော ချပ်ဝတ်တန်ဆာများပါသည့် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် ထိုအရာက သူ၏ ၇ ပေကျော် မြင့်မားသော အရပ်အမောင်းကို ပို၍ပင် ခန့်ညားထည်ဝါသွားစေသည်။ သင်္ကေတများက သူ၏ ပခုံးတစ်ဖက်မှ တစ်ဖက်သို့ လခြမ်းပုံသဏ္ဌာန် ရစ်ဝိုင်းထားပြီး သူ၏ နောက်ကျောတွင် ရောင်ဝါကဲ့သို့ ဖြစ်ပေါ်နေသည်။

သူက သတ်မှတ်ထားသော နေရာသို့ ဖြည်းညှင်းစွာ ပျံသန်းလာရာ ဝမ်ပေါ်က စောင့်ကြိုနေသည်ကို တွေ့ရသည်။

"ဝိဇ္ဇာ" ဝမ်ပေါ်က အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

သင်္ကေတရောင်ဝါက တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။ ၎င်းမှာ ဝမ်ပေါ်၏ အရည်အချင်းကို လေးစား၍မဟုတ်ဘဲ သူကိုယ်စားပြုထားသည့် ပုဂ္ဂိုလ်ကြောင့်သာ ဖြစ်၏။ ဝမ်ပေါ်ကလည်း ပညာရှင်လောကသည် အထက်အောက် အဆင့်အတန်း ခွဲခြားမှု ပြင်းထန်မှန်း သိထားသဖြင့် စိတ်ထဲမထားပေ။

ဝူဟုန် ရောက်ရှိလာချိန်တွင်မူ အခြေအနေက ပြောင်းလဲသွားသည်။ သင်္ကေတရောင်ဝါသည် ကိုယ်ဟန်အနေအထားကို ပို၍ပင် မတ်မတ်ဖြစ်စေပြီး ဝူဟုန်ကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။

"ကျွန်မတို့မှာ အချိန်အများကြီး မရှိဘူး။ ဒါကြောင့် မြန်မြန် စလိုက်ရအောင်"

ဝူဟုန်က ကုဗတုံးပုံသဏ္ဌာန် အစီအရင်ပစ္စည်းတစ်ခုကို ထုတ်ယူကာ အသက်သွင်းလိုက်သည်။ ထို့နောက် သူတို့သုံးဦးလုံးသည် ကောင်းကင်ယံ၌ ကြီးမားသော အာကာပြင် အက်ကြောင်းကြီးတစ်ခု ရှိနေသည့် လူသူကင်းမဲ့သော ကမ္ဘာတစ်ခုသို့ ကူးသန်းပြောင်းရွှေ့သွားကြသည်။ ထိုအက်ကြောင်းကို မြင်လိုက်သည်နှင့် ယိုစိမ့်ထွက်ပေါ်နေသော အရှိန်အဝါကြောင့်ပင် သူတို့ အသက်ရှူရပ်မတတ် ဖြစ်သွားကြရသည်။

"ဒါ ကမ္ဘာဦးသူတော်စင်တစ်ပါးရဲ့ စွမ်းအားလား"

သင်္ကေတရောင်ဝါက ထိုအက်ကြောင်းကို အံ့ဩတကြီးကြည့်ရင်း ရေရွတ်လိုက်သည်။ သူ တစ်ဦးတည်း မဟုတ်ပေ။ ဝူဟုန်နှင့် ဝမ်ပေါ်တို့အနေနှင့် ထူးကဲသာလွန်အဆင့် ကျင့်ကြံသူများသည် အားကောင်းမှန်း သိသော်လည်း သူတို့၏ စွမ်းအားနှင့် တိုက်ရိုက်ရင်ဆိုင်ရသည်မှာ လုံးဝခြားနားသော အတွေ့အကြုံ ဖြစ်နေသည်။

ငါ တာအိုသာလွန်ခြင်းကို သုံးတုန်းက ငါ့ခွန်အားက အုတ်မြစ်တိုင်လုံး သုံးခုစာလောက်ပဲ ရှိတာ။ အဲဒါကလည်း လူသားကံကြမ္မာဓားကြောင့် မြင့်တက်လာတာ။ ငါတစ်ယောက်တည်းဆိုရင် အန္တိမသဟဇာတ ဒါမှမဟုတ် အုတ်မြစ်ပြန်မဖွဲ့ခင်က မေတ္တယျနဲ့ပဲ အဆင့်တူလောက်မှာ …

ဝူဟုန်က တွေးတောသုံးသပ်နေသည်။

"ကဲ... အာရုံစိုက်ကြရအောင်" ဝူဟုန်က ပြောလိုက်မှ အားလုံး သတိပြန်ဝင်လာကြသည်။ သူတို့သည် ကမ္ဘာဦးသူတော်စင်များ၏ ဖျက်ဆီးနိုင်စွမ်းကို ပိုမိုနားလည်သဘောပေါက်ရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်၏။

"ကျန်ရစ်ခဲ့တဲ့ အစအနတွေက ဝိညာဉ်နဲ့ အစစ်အမှန်စိတ်ဆန္ဒတို့ရဲ့ ထာဝရပေါင်းစပ်မှုဖြစ်နေပုံပဲ" သင်္ကေတရောင်ဝါက မှတ်ချက်ပေးသည်။

"ဟုတ်တယ်။ အဲဒီစွမ်းအားက လေဟာနယ်ကို သဘာဝအတိုင်း ဖိနှိပ်ထားပြီး ပြန်လည်ကောင်းမွန်မလာအောင် တားဆီးနေတာ" ဝမ်ပေါ်က သူ့မျက်လုံးများကို သင်္ကေတများအဖြစ် ပြောင်းလဲကာ အက်ကြောင်း၏ အနှစ်သာရကို ကြည့်ရင်း ထပ်လောင်းပြောကြားသည်။

"လေဟာနယ်ကိုတင် ဖိနှိပ်နေတာ မဟုတ်ဘူး။ ကောင်းကင်တာအိုက မိုးမြေကို ထိန်းညှိဖို့ သုံးတဲ့ ကောင်းကင်အာကာပြင် နိယာမတွေကိုပါ ဖိနှိပ်ထားတာ" ဝူဟုန်က ဆိုသည်။

"ဟင် ..." သင်္ကေတရောင်ဝါက မျက်မှောင်ကြုတ်လိုက်ပြီး သူ့နောက်ကျောရှိ ရောင်ဝါကို အသက်သွင်းလိုက်သည်။ သူ၏မျက်လုံးရှေ့တွင် သင်္ကေတမျက်မှန်တစ်စုံ ပေါ်လာပြီး အက်ကြောင်းကို အသေအချာ လေ့လာကြည့်ရှုသည်။

"ဟုတ်တယ် … မင်း ပြောတာ မှန်တယ်" သူက ခေါင်းညိတ်ပြသည်။

"ဒါက ကောင်းကင်တာအိုရဲ့ စိတ်ဆန္ဒကိုတောင် ဖိနှိပ်ထားတာပဲ"

ယွမ်ထီ၏ ကောင်းကင်နိယာမများသည် ကောင်းကင်တာအို စိတ်ဆန္ဒ၏ အထောက်အပံ့ကို ရရှိသကဲ့သို့ ကမ္ဘာကြီးကို ထိန်းညှိပေးသည့် စစ်မှန်သော ကောင်းကင်နိယာမများသည်လည်း အလိုအလျောက် လည်ပတ်နိုင်စေရန် ဤစိတ်ဆန္ဒနှင့် ရောယှက်နေခြင်း ဖြစ်၏။

ဝမ်ပေါ်သည် သူတို့နှစ်ဦး မြင်သကဲ့သို့ မြင်နိုင်ရန် သူ့မျက်လုံးနည်းစနစ်ကို ခေတ္တမျှ ပြုပြင်လိုက်ရသည်။ သူ့အနေနှင့် အချိန်လှေများကို လေ့လာခြင်းဖြင့် များစွာတိုးတက်လာခဲ့ပြီး ပုံပွားများပြုလုပ်ရာတွင် ကူညီပေးခဲ့စဉ်ကလည်း ဝူဟုန်ဆီကနေ သင်ခန်းစာအချို့ ရရှိခဲ့သဖြင့် ဝမ်းသာနေမိသည်။

"ကျုပ်တို့က ဒီလိုအရာမျိုးကို ဘယ်လို ကိုင်တွယ်ရမှာလဲ" သင်္ကေတရောင်ဝါက မေးသည်။

"ထူးကဲသာလွန်စိတ်ဆန္ဒကို မောင်းထုတ်နိုင်ဖို့ ကောင်းကင်တာအိုရဲ့ စိတ်ဆန္ဒကို အားဖြည့်ပေးကြည့်လို့ ရနိုင်မလား" ဝမ်ပေါ်က အကြံပြုလိုက်သည်။

"မင်းကိုယ်တိုင်လည်း မြင်သားပဲ။ ထူးကဲသာလွန်စွမ်းအားက အစအနလေးပဲ ကျန်တော့တာဆိုပေမဲ့ သူ့မှာ အသိစိတ်တစ်ဝက်လောက် ရှိနေသေးတယ်။ ဆိုလိုတာက သူက ဖျက်ဆီးမခံဘဲ ပြန်ခုခံမှာပဲ" သင်္ကေတရောင်ဝါက ခေါင်းခါရင်း ပြောသည်။

ကောင်းကင်တာအို စိတ်ဆန္ဒနှင့် ထူးကဲသာလွန်စွမ်းအားတို့ ထိပ်တိုက်တွေ့ပါက အာကာပြင်မှာ ပို၍ပင် ပျက်စီးသွားပေလိမ့်မည်။

"တကယ်လို့ ကောင်းကင်တာအို စိတ်ဆန္ဒကို လုံလောက်အောင် အားဖြည့်ပေးနိုင်ရင်တော့ မဟုတ်ဘူးပေါ့။ နောက်ဆုံးတော့လည်း ဒီထူးကဲသာလွန်စွမ်းအားက အစအနလေးပဲလေ။ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားနိုင်ဖို့ ဆက်နွယ်မှု ဒါမှမဟုတ် အရင်းအမြစ် မရှိတော့ဘူး" ဝမ်ပေါ်က ဆက်ပြောသည်။

"ဒါဆို ကောင်းကင်တာအို စိတ်ဆန္ဒကို ဘယ်လို အားဖြည့်ပေးမယ်လို့ မင်း မျှော်လင့်ထားလဲ" သင်္ကေတရောင်ဝါက မေးရာ ဝမ်ပေါ် မျက်မှောင်ကြုတ်မိသွားသည်။ သူ့တွင် အဖြေမရှိပေ။

"ဒါဆို ခင်ဗျားရဲ့ အကြံကရော ဘာလဲ"

"ကျုပ်အထင်တော့ ဒီထူးကဲသာလွန်စွမ်းအားကို မဟာယန္တရားတစ်ခုခုထဲကို နှင်ထုတ်လိုက်တာက ပိုဖြစ်နိုင်မယ် ထင်တယ်။ အဲဒီအတားအဆီးကို ဖယ်ရှားလိုက်ရင် ကောင်းကင်နိယာမက လိုအပ်သလို ပြန်လည်လည်ပတ်နိုင်လိမ့်မယ်။ ဒါမှမဟုတ် အက်ကြောင်းတွေကို ကုစားပေးပြီး ကမ္ဘာ့အရင်းအမြစ်တွေကို ချွေတာနိုင်လိမ့်မယ်"

"အဲဒါက ပိုပြီး ဘေးကင်းတဲ့ နည်းလမ်းပါပဲ" ဝမ်ပေါ်က ဝန်ခံသည်။

"ဒါပေမဲ့ မေးစရာရှိတာက အဲဒီလိုစွမ်းအားမျိုးကို ဘယ်လို နှင်ထုတ်မလဲဆိုတာပဲ"

"ဒါက စွမ်းအားအစအနလေးပဲလေ။ ကျုပ်တို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိပါသေးတယ်" သင်္ကေတရောင်ဝါက တည်ငြိမ်စွာ ပြန်ဖြေသည်။

ကောင်းကင်တာအို စိတ်ဆန္ဒသည် ထူးကဲသာလွန်အဆင့် တည်ရှိမှုတစ်ခု ဖြစ်နေသေးသဖြင့် ၎င်းနှင့် ယှဉ်လျှင် သူ၏နည်းလမ်းက ပို၍ ဘေးကင်းပြီး လက်တွေ့ကျသည်ဟု ယူဆထားသည်။

"ပေါင်းစည်းထားတဲ့ စိတ်ဆန္ဒတစ်ခုပေါ့" ဝူဟုန်က ပြောလိုက်သည်။

" ဘာပြောလိုက်တာလဲ"

"အဲဒါ ကောင်းကင်တာအို စိတ်ဆန္ဒကို အားဖြည့်ပေးမဲ့ နည်းလမ်းပဲ" သူမက ဆက်ပြောသည်။

"ကျွန်မတို့က သူတော်စင် မေတ္တယျရဲ့ အစစ်အမှန်စိတ်ဆန္ဒနဲ့ အခြားစံပြအဆင့်တွေအားလုံးရဲ့ တာအိုစိတ်ဆန္ဒ၊ စိတ်စွမ်းအား သဏ္ဌာန်ပြမှု ဒါမှမဟုတ် အစစ်အမှန်စိတ်ဆန္ဒတွေရဲ့ ကောင်းချီးပေးမှုကို ခံယူထားတဲ့ အစီအရင်တစ်ခု တည်ဆောက်ရမယ်။ လိုအပ်လာတဲ့အခါ ဒီမဟာပေါင်းစည်းစိတ်ဆန္ဒက ကောင်းကင်တာအိုကို အားဖြည့်ပေးပြီး ထူးကဲသာလွန်စွမ်းအား အစအနတွေကို ကိုင်တွယ်နိုင်လိမ့်မယ်"

"မင်း ဒါကို သေချာရဲ့လား" သင်္ကေတရောင်ဝါက မေးသည်။

"ဒါက ရိုးရှင်းတဲ့ ပြဿနာတစ်ခုအတွက် အလုပ်တွေ အများကြီး ပိုရှုပ်နေသလိုပဲ"

“ရှင်တို့က ရေရှည်ကို မမြင်သေးဘူး" ဝူဟုန်က ဆက်လက်ရှင်းပြသည်။

"အားဖြည့်ထားတဲ့ ကောင်းကင်တာအိုစိတ်ဆန္ဒက ထူးကဲသာလွန်စွမ်းအားတွေကို ဖယ်ရှားပစ်ဖို့ ဒါမှမဟုတ် နှင်ထုတ်ပစ်ဖို့ပဲ မဟုတ်ဘူး။ အဲဒီအစား အဲဒီစွမ်းအားတွေကို သန့်စင်ပြီး ကမ္ဘာ့အရင်းအမြစ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ပဲ"

သူမ၏ စကားကို ကြားလိုက်ရသောအခါ သင်္ကေတရောင်ဝါနှင့် ဝမ်ပေါ်တို့ အကြည့်များ တောက်ပသွားကြသည်။ ဤကဲ့သို့သော အစီအရင်၏ အကျိုးသက်ရောက်မှုမှာ သူတို့တွေးထားသည်နှင့် များစွာ ခြားနားလှသည်။ အကယ်၍ ကောင်းကင်တာအိုတွင် ဤစွမ်းရည်ရှိလာပါက သူတော်စင်တစ်ပါး တိုက်ခိုက်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးလိုက်တိုင်း ကျန်ရစ်ခဲ့သည့် နောက်ဆက်တွဲ ဆိုးကျိုးများသည် ကမ္ဘာကြီးကို အားကောင်းလာစေမည့် အခွင့်အရေးများ ဖြစ်လာပေလိမ့်မည်။

ထို့အပြင် ဤကဲ့သို့သော အစီအရင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါက သူတို့ရရှိမည့် ကုသိုလ်ကံမှာလည်း ပြောဖွယ်မရှိပေ။

"တကယ့်ကို ပြောင်မြောက်တဲ့ အကြံပဲ" ဝမ်ပေါ်က ချီးကျူးလိုက်သည်။

"ကျုပ်လည်း သဘောတူပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုကို ဒီလောက်အထိ စွမ်းအားတွေ ပေးလိုက်ဖို့ သေချာရဲ့လား" သင်္ကေတရောင်ဝါက ဆိုသည်။

အားဖြည့်ထားသော ကောင်းကင်တာအိုစိတ်ဆန္ဒသည် ကမ္ဘာဦးသူတော်စင်များကို ပြန်လည် ခုခံရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ရာ မည်သူကမျှ မိမိတို့ကိုယ်မိမိ ကန့်သတ်ခံရခြင်း သို့မဟုတ် ထိန်းချုပ်ခံရခြင်းကို မလိုလားကြပေ။

"အစီအရင်က ကျွန်မတို့ရဲ့ လက်အောက်မှာပဲ ရှိနေမှာပါ။ တကယ်လို့ ကောင်းကင်တာအိုက အစီအရင်ကို အပိုင်စီးဖို့ ကြိုးစားလာရင် ကျွန်မတို့ပေးထားတဲ့ ကောင်းချီးတွေကို ပြန်ရုပ်သိမ်းနိုင်အောင် ပုံကြမ်းဆွဲလို့ ရပါတယ်" ဝူဟုန်က ရှင်းပြသည်။

ဤကဲ့သို့သော ကိစ္စရပ်များတွင် မည်သို့ လွဲချော်သွားနိုင်သည်ကို သူမက ပိုမိုနားလည်ထားသည်။ ဥပမာအားဖြင့် ဟုန်ကာကွယ်ရေးစနစ်ကို ဖန်တီးလိုက်တုန်းက ထိုအရာ၏ အမြင့်ဆုံး ထိန်းချုပ်ခွင့်ကို ကောင်းကင်တာအိုက ရယူသွားခဲ့ဖူးသည်။ ထို့ကြောင့် ဝူဟုန်အနေဖြင့် ဤအမှားမျိုးကို နောက်တစ်ကြိမ် အဖြစ်ခံမည် မဟုတ်ပေ။

"သူတော်စင်ကို တင်ပြဖို့အတွက် ပုံကြမ်းတစ်ခု အရင်ဆွဲကြရအောင်" ဝူဟုန်က ဆိုလိုက်သည်။

All Chapters