← Chapters

အခန်း (၁၀၅၁-၁၀၅၃)

Vol. 71 Ch. 1051-1053

အခန်း (၁၀၅၁-၁၀၅၃)

Vol. 71 Ch. 1051-1053

အခန်း (၁၀၅၁) ကျုပ်ရှေးဟောင်းမသေမျိုးဖြစ်လာပြီ အကိုတိုင်

အချိန်မသေမျိုးသည် ရှုံးသည်ဟု သိပ်မရှိခဲ့။ အနာဂတ်ကို ကြိုမြင်နိုင်သောကြောင့်ဖြစ်သည်။ ရှုံးခြေထက် နိုင်ခြေက ပိုများသည်။

ထိုစွမ်းရည်ကို နတ်မယ်က 'မဟာပြိုင်ဘက်ကင်းနတ်ဆေး'ဟု ချီးကျူးခဲ့သည်။

ယခု ဖြစ်နိုင်ခြေရှိသည့် အနာဂတ်အားလုံးကို ကြည့်ပြီးနောက် အချိန်မသေမျိုး ကြောက်ချွေးပြန်လာသည်။ မယုံကြည်ရသည့် မိန်ယုကို စီတ်ထဲမှ ကျိန်ဆဲလိုက်သည်။

"တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အစစ်တဲ့လား။ ဒီလောက်အံ့ဩစရာ ကျင့်စဉ်အဆင့်မျိုးရှိနေတယ်ဆိုတော့ မဟာရှားရဲ့အုပ်ချုပ်သူအစစ်လို့ပြောမှ ပိုမှန်မှာပါ"

ထိုသို့တွေးရင်း အချိန်မသေမျိုးမျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ အစကတည်းက ဗုဒ္ဓကရုဏာရိပ်သန်းနေသည့်မျက်နှာက ပို၍ကြည်ညိုစရာဖြစ်လာသည်။

"နတ်မယ်နဲ့ကျုပ် သိကျွမ်းခဲ့တာ အတော်ကြာပြီပဲ။ သူ့စကားကို ကျုပ်ဘာလို့မယုံရမှာလဲ။ မင်းက လောကမှာစွမ်းအားအကြီးဆုံးလို့ သူပြောတယ်ဆိုရင် မင်းတကယ် စွမ်းအားအကြီးဆုံးဖြစ်လို့ပဲပေါ့"

အချိန်မသေမျိုးက စကားလုံးနည်းနည်းဖြင့် သူ့အနာဂတ်ကို ပြောင်းလဲလိုက်သည်။ ဘယ်သူမှသတိမထားမိ။ တကယ်ကြီးမားသည့် သူ့စွမ်းအားကို သက်သေခံနေသည်။

"ဒါဆို ကျုပ်ကလည်း အနာဂတ်မှာ စွမ်းအားအကြီးဆုံးဆိုတာ အမှန်ပဲလို့ မသေမျိုးအရှင်ဆိုလိုတာလား"

လုယန် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကိုယ့်ကိုယ်ကို လက်ညှိုးထိုး၍မေးသည်။ အနာဂတ်သည့် ခန့်မှန်းရခက်သည်။ အချိန်ကိုထိန်းချုပ်နိုင်သည့် အချိန်မသေမျိုး၏ အကဲဖြတ်ချက်သည် အတော်ယုံကြည်ရလောက်သည်။

"ဒါပေါ့ မိတ်ဆွေလု၊ မင်းကတကယ် အနာဂတ်မှာ စွမ်းအားအကြီးဆုံးပါပဲ"

အချိန်မသေမျိုးက အတည်ပြုသည်။ ယခု လုယန်အဆင့်အတန်းကို မယုံကြည်သူတိုင်းနှင့် သူငြင်းခုန်ဖို့အသင့်ဖြစ်နေသည်။

"မင်းက ထာဝရအရိယဖလသန္ဓေပိုင်ဆိုင်တယ်။ မသေမျိုးခန္ဓာ ပိုင်ဆိုင်တယ်။ ဒီတော့မင်းဟာ သာမန်ဝိညာဉ်ပြောင်းအဆင့်မဟုတ်တော့ဘူး။ လုံးဝအသစ်စစ်စစ် ကျင့်စဉ်အဆင့်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ။

..'မသေမျိုးအသွင်ပြောင်းအဆင့်'ပေါ့။ ကျင့်စဉ်အဆင့်တွေကို ချက်ချင်းလက်ငင်းဖန်တီးတဘ်ဆိုတာ ရှေးဟောင်းသူတော်စင်တွေပဲ စွမ်းဆောင်နိုင်တဲ့ကိစ္စပါ"

လုယန် မင်သက်မိသွားသည်။ သူတကယ် ထိုမျှစွမ်းအားကြီးသလော...

ယွမ်ကျိက အချိန်မသေမျိုး၏ နှစ်သုံးသိန်းအတွင်း ကြုံခဲ့ရသည့် အဖြစ်အပျက်များကို စိတ်ဝင်စားနေသည်။ ထို့ကြောင့် မတတ်သာတော့ဘဲ အချိန်ခုန်ကူးခဲ့သည့်အကြောင်းများ အချိန်မသေမျိုး နောက်တစ်ကြိမ် ထပ်ပြောပြရသည်။

"အချိန်အကြီးအကဲရဲ့ လမ်းညွှန်ချက်တွေက တကယ်အံ့ဩစရာပါပဲ"

ယွမ်ကျိက ချီးကျူးသည်။ အချိန်မသေမျိုးပ ရှက်ပြုံးသာ ပြုံးနေသည်။

"ဒါဆို မသေမျိုးအရှင် ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းကို အလည်လိုက်ခဲ့ပါလား"

လုယန်က ဖိတ်ခေါ်သည်။

"မဖြစ်ဘူး။ မိုးပျံဘုံကျောင်းမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီ။ ကြိုမမြင်နိုင်တဲ့ ပြဿနာတွေ ပေါ်လာနိုင်တယ်။ စိတ်ချရအောင် မဟာဝိဟာရခန်းမမှာပဲ ငါနေမှဖြစ်မယ်။ ငါ့အကြောင်းကိုလည်း လော‌လောဆယ် လျှို့ဝှက်ပေးကြပါ။ ဘာအမှားအယွင်းမှ မဖြစ်အောင်လို့ပါ"

"ဒါဆို ယင်ထန်မသေမျိုးကိုရော..."

"သူ့ကို သွားတွေ့ဖို့မလိုဘူး။ ငါ့အကြောင်းလည်း သူ့ကိုသိခွင့်မ‌ပေးနိုင်ဘူး။ အခုချိန်မှာ ယင်ထန်ရော ချီလင်ရော ကိုးဆရော ငါဘယ်သူ့ကိုမှမယုံဘူး"

ထိုသို့ပြောပြီးနောက် သူစကားခဏရပ်သည်။

"ဒါပေမယ့် ဒီကောင်းကင်ခွဲပုဆိန်ကိုတော့ ယင်ထန်ကို မင်းတို့ပြန်ပေးလို့ရပါတယ်။ ငါဒါကိုငှားထားတာ နှစ်သုံးသိန်းကြာပြီ။ ပြန်ပေးဖို့အချိန်တန်ပါပြီ"

လုယန်က အနေခက်သည့်မျက်နှာဖြင့် ပြောသည်။

"ဒါပေမယ့်..ယင်ထန်မသေမျိုးက လက်နက်အသစ်တစ်ခု ဖန်တီးထားပါတယ်။ ကောင်းကင်ခွဲပုဆိန်ကို လိုတော့မယ်မထင်ပါဘူး"

"အဲလိုလား။ ဒါဆိုလည်း ငါဆက်ပြီး သိမ်းထားပေးရမှာပေါ့"

အချိန်မသေမျိုး လုယန်ဆီမှ ပုဆိန်ကို ပြန်ယူသည်။

မိုးပျံဘုံကျောင်းတွင် နောက်ထပ် ထင်မှတ်မထားသည့် အဖြစ်အပျက်တစ်ခုခုကြုံလျှင် ထိုပုဆိန်က သူ့အကြောင်း အပြင်‌လောကမသိအောင် ကာကွယ်ပေးနိုင်သေးသည်။

"နောက်တစ်ခုရှိသေးတယ်။ ဟိုကောင်‌လေး တန်ချန်ဝူရဲ့ အခြေအနေက ဘယ်လိုလဲ"

"သူနောက်ထပ်အန္တရာယ်ကြုံမှာ စိုးရိမ်လို့ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ခေါ်ထားပါတယ်"

"သူ့မှာ ဝိညာဉ်မြစ်မရှိဘူးမဟုတ်လား"

အချိန်မသေမျိုးက ပူဇော်စင်မြင့်ပေါ်ှမှ ဝိညာဉ်သစ်သီးများကို ကောက်ယူလိုက်သည်။ မဟာဝိဟာရခန်းမတွင် ပူဇော်ထားသည့် သစ်သည်းများဖြစ်သည်။ သစ်သီးတစ်လုံးချင်းစီက အဖိုးဖြတ်မရအောင် ထိုက်တန်သည်။

"ငါပြင်ဆင်ပေးထားတဲ့ အစီအစဉ်အတိုင်း ဒီသစ်သီးတွေ သူ့ကိုကျွေးလိုက်ပါ။ ရွှေဝိညာဉ်မြစ်တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်"

"ချန်ဝူအစား မသေမျိုးအရှင်ကို ကျေးဇူးတင်ပါတယ်"

"အသေးအဖွဲပါ"

လုယန်တို့လူစု အချိန်မသေမျိုးကို နှုတ်ဆက်၍ ခန်းမထဲမှ ထွက်သွားသည်။ အချိန်မသေမျိုးက လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့သည်။

ထိုသုံးယောက် ထွက်သွားပြီးနောက် ရုပ်ပျက်ဆင်းပျက် ပျက်စီးနေသည့် မိုးပျံဘုံကျောင်းကိုကြည့်၍ သူ့ဘာသာတီးတိုး‌ရေရွတ်သည်။

"လုယန်က တကယ်ကောင်းကောင်းကို ဖောက်ခွဲသွားတာပဲ။ ဘုံကျောင်းပြန်ပြင်ဖို့ အချိန်ဘယ်လောက်ကြာဦးမယ်မသိဘူး"

......

"ကောင်းကင်အရှင်က ပြန်လာဦးမှာလား"

တိတ်ဆိတ်နေသည့် ညအမှောင်ထဲတွင် ရှင်းတင်း ကုတင်ပေါ်၌ ဘယ်ညာလူးလှိမ့်နေသည်။ သူ့စိတ်တွင် နေ့ခင်းဘက်ကတိုက်ပွဲအကြောင်းသာ လွှမ်းမိုးနေသည်။

တိုက်ပွဲအရှုပ်အထွေး ဖြစ်နေချိန်တွင် သူ့နောက်ကျောမှ ချင်ဖုန်းဓားလွင့်ပျံထွက်သွားသည်ကို ဘယ်သူမှ သတိမထားမိကြ။

ထိုတိုက်ပွဲ ပြီးသွားချိန်တွင် ကောင်းကင်အရှင် ပျောက်ကွယ်သွားသည်။ ဘယ်တော့မှ ပြန်ပေါ်မလာတော့။

ရုတ်တရက် သူအခန်းတွင် ရွှေ‌ရောင်အလင်းတန်းများ ပေါ်လာသည်။ ထိုနော့က လင်းတန်းများစုစည်းသွားပြီး ရွှေရောင်သဏ္ဌာန်တစ်ခု ပေါ်လာသည်။

"ကိုယ်တော်လေး၊ ဒီအချိန်ထိ မအိပ်သေးဘူးလား"

"ကောင်းကင်အရှင်"

ကောင်းကင်တို့ဟူးအရှင်က လက်နှစ်ဘက်နောက်ပစ်၍ ကောင်းကင်ကိုငေးကြည့်နေသည်။ သူ့မျက်လုံးတွင် ရင့်ကျက်မှုအရိပ်များ ပြည့်နေသည်။

"နောက်ဆုံးတော့ ငါထွက်လာလို့ မိုးပျံဘုံကျောင်းက ပျက်စီးသွားပြီပဲ။ ဒါပေမယ့် ဒီတိုက်ပွဲကြောင့် ငါ့ကံကြမ္မာအနှောင်အဖွဲ့တွေ ရှင်းသွားပြီ။ ငါဒီမှာဆက်နေစရာ အကြောင်းမရှိတော့ဘူး"

"ကောင်းကင်အရှင်နောက်ကို ကျုပ်လိုက်ခဲ့လို့ရမလား"

ရှင်းတင်းက တိုးဟူးအရှင်နှင့် ခွဲခွာလိုဟန်မရှိ။ လအနည်းငယ်သာ အတူနေခဲ့သော်လည်း တို့ဟူးအရှင်ကို သူ့ဆရာအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

တို့ဟူးအရှင် ခေါင်းခါသည်။

"ကိုယ်တော်လေး၊ မင်းက ဗုဒ္ဓဝါဒနဲ့ ကံရေစက်ပါတဲ့လူပါ။ ငါ့ရဲ့တာအိုဂိုဏ်းကို လိုက်ခဲ့ရင် မင်းတိုးတက်မှုတွေ နှောင့်နှေးဖို့ပဲရှိမယ်။ မိုးပျံဘုံကျောင်းမှာနေတာ မင်းအတွက် အကောင်းဆုံးပါပဲ။

မင်းကြိုးကြိုးစားစားကျင့်ကြံရင် ငါ့ကိုနောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရနိုင်ပါတယ်"

ထိုသို့ပြောပြီးနောက် တိုးဟူးအရှင် ရွှေရောင်အလင်းတန်းများအဖြစ် အသွင်ပြောင်း၍ ပျောက်ကွယ်သွားသည်။

မိုးပျံဘုံကျောင်းဂိတ်တံခါးသို့ လုယန်ရောက်ကလာပြီး ယွမ်ကျိနှင့် ယဲ့ဇီကျင်းကိုတွေ့သည်။

"ကိစ္စပြီးပြီလား"

"ပြီးပြီ၊ ပြန်ကြစို့"

ယဲ့ဇီကျင်းက လုယန်ကို တစ်ပတ်လှည့်၍ စိတ်ဝင်တစားကြည့်သည်။

"ညီလေး၊ မင်းက တကယ်မသေမျိုးတစ်ယောက်ဖြစ်လာပြီလား"

သူ့ညီထိုအခြေအနေမျိုး ဘယ်လိုပြောင်းသွားသည်ကို စဉ်းစားမရ။

"ဗုဒ္ဓနိုင်ငံမှာပဲ ဖြစ်တာပါ။ ဒါတောင် တကယ့်မသေမျိုးအစစ်ဖြစ်လာတာမျိုး မဟုတ်ပါဘူး"

လုယန်က အလိုက်သင့်ပြန်ပြောသည်။

လုယန် ဗုဒ္ဓနိုင်ငံမှ ထွက်ချိန်တွင် မသေမျိုးခန္ဓာနှင့် ထာဝရအရိယဖလသန္ဓေ နှစ်ခုလုံးကို နောက်ချန်ထားခဲ့ရသည်။ ဗုဒ္ဓနိုင်ငံသို့ နောက်တစ်ကြိပြန်လာလျှင် အချိန်မရွေး မသေမျိုးအဖြစ်ကို သူပြန်ရနိုင်သည်။

နည်းနည်းတော့ သူနှမျောမိသည်။ သို့သော် ဗုဒ္ဓနိုင်ငံတွင် သူအမြဲမနေနိုင်။

"ဂိုဏ်းကို ပြန်မယ်ကွ"

လုယန် ရင်ကော့ခေါင်းမော့၍ ပြောလိုက်သည်။ အတော်စိတ်အားတက်ကြွနေမှန်း သိသာသည်။ ဗုဒ္ဓနိုင်ငံခရီးက များစွာအကျိုးရှိခဲ့သည်။ ကောင်းကင်ခွဲပုဆိန်နှင့် အချိန်မသေမျိုးကို တွေ့ခဲ့သည်။

မသေမျိုးခန္ဓာ ရခဲ့သည်။ စီချန်းနတ်သခင်ကို ဖမ်းခဲ့သည်။ ဗုဒ္ဓနိုင်ငံကို ကယ်တင်ခဲ့သည်သူရဲကောင်းဟု သူ့ကိုသူ သတ်မှတ်လျှင်ပင် လွန်မည်မထင်။

ထို့နောက် လုယန် နယ်စပ်ကိုခိုးဖြတ်၍ မဟာရှားသလို့ ပြန်လာသည်။

ညံသားရဲကသူ့ကို မဟာရှားမှ ခေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။ တရားဝင်မှတ်တမ်းမရှိ။

ဂိုဏ်းသို့ပြန်ရောက်ပြီးမှ သူစိတ်သက်သာရာရသွားသည်။

ဗုဒ္ဓနိုင်ငံသည် ပျော်ဖို့ကောင်းပါသည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းက ပို၍စိတ်သက်တောင်သက်သာရှိသည်။

"အမယွမ်၊ နောက်မှတွေ့မယ်နော်"

လုယန် ယွမ်ကျိတို့ကိုနှုတ်ကို အမြန်နှုတ်ဆက်ဆက်ပြီးနောက် မစ်ရှင်ခန်းမသို့ တန်းသွားသည်။

ဗုဒ္ဓနိုင်ငံတွင် ထူးခြားသည့်အဖြစ်အပျက်များ ရှိခဲ့သည်။ စီချန်းနတ်သခင်ကိုလည်း ဖမ်းဆီးခဲ့သည်။ ကျိုးဆောင်မှတ် ဘယ်လောက်ရဦးမည်မသိ။

အခန်းထဲတွင် တိုင်ပုဖန် သတင်းအစီရင်ခံစာတစ်ခုကိုကိုင်၍ မေးကိုပွတ်ရင်း စဉ်းစားခန်းဝင်နေသည်။ ထိုစဉ် ရင်းနှီးနေသည့် တံခါးခေါက်သံကြားရသည်။

"အကိုတိုင်၊ အထဲမှာရှိလား"

"ညီလေးလု၊ ဝင်ခဲ့လေ"

လုယန် ဝင်လာသည်။ တစ်ကိုယ်လုံး တက်ကြွနေသည်။ အတွေးနစ်နေသည့် တိုင်ပုဖန်ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

"ညိလေးလုလာတာ အတော်ပဲ"

တိုင်ပုဖန် လုယန်ကို လက်ယပ်ခေါ်သည်။

"မိုးပျံဘုံကျောင်းကို စီချန်းနတ်သခင်ကတိုက်ခိုက်တဲ့သင်း ခုနကပဲရတယ်။ ဒါပေမယ့် ထူးဆန်းတဲ့မသေမျိုးတစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူ့ကိုအနိုင်ယူလိုက်တယ်တဲ့။

အမယွမ်က မသေမျိုးတွေနဲ့ မင်းအဆက်သွယ်ရှိတယ်လို့ ပြောထားတယ်။ အဲဒီ့ပေါ်လာတဲ့မသေမျိုးက ဘယ်သူလဲမင်းသိလား"

"သိပါတယ်"

"တကယ်သိတယ်ပေါ့"

တိုင်ပုဖန် အံ့အားသင့်သွားသည်။ စကားအဖြစ်သာ သူမေးခဲ့ခြင်းဖြစ်သည်။ သိပ်မျှော်လင့်မထားခဲ့။

"အဲဒါ ဘယ်သူလဲ"

လုယန်က ရင်ကိုကော့၍ ကိုယ့်ကိုယ်ကို လက်ညှိုးထိုးြသည်။

"ကျုပ်ပါ"

"ဟမ်"

တိုင်ပုဖန်ခေါင်းထဲ ရှုတ်ရှက်ခတ်သွားသည်။ လုယန်စကားကို နားမလည်။ သို့မဟုတ် သူ့ဉာဏ်ရည်က လုယန်၏ ဆိုလိုရင်းကို နားလည်နိုင်စွမ်း မရှိခြင်းဖြစ်မည်။

အံ့ဩနေသည့် တိုင်ပုဖန်မျက်နှာကိုမြင်ရသဖြင့် လုယန် မှော်ဖန်လုံးတစ်ခုထုတ်သည်။ သူနှင့်စိချန်းတိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို တိုက်ရိုက်မြင်ကွင်းဖြင့် ပြသည်။

ထို့နောက် ပြုံးရွှင်နေသည့်မျက်နှာဖြင့် သူလေးစားရသည့်အကိုတိုင်ကို ဝမ်းသာစရာသတင်း ပြောပြသည်။

"အကိုတိုင်၊ ကျုပ် မသေမျိုးဖြစ်လာပြီ"

******************************

အခန်း (၁၀၅၂) အကျဉ်ထောင်တောင်ထိပ်မှ အဆင့်မြင့်လေ့လာမှုများ

တိုင်ပုဖန် အိပ်မက်ရှည်တစ်ခုမက်သည်။ သူ့မွေးလာချိန်တွင် ထူးဆန်းသည့်ကောင်းကင်နိမိတ်ပေါ်ခဲ့သည်။ ပါရမီရှင်တစ်ယောက်၏ လက္ခဏာဖြစ်သည်။

ပါရမီရှင်များပြည့်နေသည့် တာအိုလမ်းစဉ်ဂိုဏ်းသို့ဝင်ပြီးနောက် ယွမ်ကျိမှလွဲလျှင် သက်တူရွယ်တူအားလုံးအပေါ် လွှမ်းမိုးနိုင်ခဲ့သည်။ စိန်ခေါ်မှုအားလုံးကို အနိုင်ယူခဲ့သည်။

အလုပ်လုပ်ရာတွင် စေ့စပ်သေချာသည်။ ဂိုဏ်းတူညီမများ ညီမများက လေးစားချစ်ခင်ကြသည်။ စုစည်းခြင်းအဆင့်ရောက်ပြီးနောက် မစ်ရှင်ခန်းမ၏ ကိစ္စမျိုးစုံကို တာဝန်ယူကြီးကြပ်ခဲ့သည်။ လူတိုင်း၏ လေးစားချီးကျူးကြသည်။

"အကိုတိုင်...အကိုတိုင်..ထပါဦး"

မြေပေါ်တွင် လဲနေသည့် တိုင်ပုဖန်ကိုကြည့်၍ လုယန်ရင်ထိတ်သွားသည်။ နှာခေါင်းနှင့် အထက်နှုတ်ခမ်းကြားနေရာကို အတင်းဆိတ်လိုက်သည်။ တိုင်ပုဖန် ချက်ချင်းငေါက်ခနဲထလာသည်။

မျက်လုံးများ ငေးကြောင်နေသည်။ မှတ်ဉာဏ်များ ရှုပ်ထွေးနေသည်။

ခုနက သူကြုံတွေ့ခဲ့သည်မှာ သေခါနီးဇောနိမိတ်ထင်ဟပ်ခြင်းလားမသိ။

"အကိုတိုင်၊ နိုးလာပြီလား။ ခုနက ကျုပ်အရမ်းလန့်သွားတာ"

လုယန် ချွေးများကိုသုတ်လိုက်သည်။ အပျော်စိတ်လွန်ကဲခြင်းနှင့် ဝမ်းနည်းစိတ်လွန်ကဲခြင်းနှစ်ခုလုံးသည် ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်သည်။ ထိုရှေးဟောင်းဆုံးမစကားက တကယ်မှန်သည်။

"ငါခုနက ဘာဖြစ်သွားတာလဲ"

လုယန်က ကြည်လင်ဖြူစင်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။

"ခုနက ကျုပ်မသေမျိုဖြစ်လာပြီလို့ပြောတော့ အကိုတိုင် ပြုံးပြီးထရပ်လာတယ်။ ဒါပေမယ့် ခြေလှမ်းယိုင်ပြီး သတိလစ်သွားတယ်"

"မင်းက မသေမျိုးဖြစ်လာပြီပေါ့"

တိုင်ပုဖုန် ခဏစဉ်းစားသည်။ ထို့နောက် သူ့မှော်လက်စွပ်ထဲမှ သွေးနီအလံကိုတစ်ခုချက်ချင်းဆွဲထုတ်၍ လုယန်ကို ရိုက်ဖို့ပြင်လိုက်သည်။

"မင်းက ဝိညာဉ်ပြောင်းအလတ်တန်းဆင့်ပဲရှိသေးတာ။ ငါ့ကိုတောင် လာပြီးအရူးလုပ်ရဲတယ်ပေါ့"

လုယန် ခေါင်းကိုအမြန်ကာသည်။

"အား..အားးး မရိုက်ပါနဲ့ အကိုတိုင်၊ မရိုက်ပါနဲ့။ ကျုပ်တကယ်ပြောနေတာပါ။ မြက်မြင်သက်သေလည်း ရှိပါတယ်"

"မျက်မြင်သက်သေ....ဟုတ်လား"

လုယန် မျက်ခုံးနှစ်ခုကြားကို လက်ဖြင့်အသာထိသည်။ ဝိညာဉ်ခန္ဓာတစ်ခု ပျံထွက်လာသည်။

"ဒီလူက မဟာချန်ခေတ်က နတ်သခင်စီချန်းပါ"

လေးငါးကြိမ် ခန္ဓာဖောက်ခွဲသည့်ဒဏ်ကြောင့် နတ်သခင်စီချန်း ဝိညာဉ်ခန္ဓာသာကျန်ခဲ့သည်။ သို့သော် ထိုအချိန်ကတည်က အခုထိ သူမနိုးသေး။

တစ်ဝက်သေနေသည့် မျက်မြင်သက်သေကိုကြည့်၍ တော်ဝင်အလံကို တိုင်ပုဖန် ပြန်သိမ်းလိုက်သည်။ ပြုံးရွှင်သည့်မျက်နှာဖြင့် လုယန်ကို သူ့ထိုင်ခုံတွင် ထိုင်ခိုင်းသည်။ ပုခုံးများကို စတင်နှိပ်နယ်ပေးသည်။

လုယန် ထရပ်ဖို့ အကြိမ်ကြိမ်ကြိုးစားသည်။ သို့သော် တိုင်ပုဖန်က အခိုင်အမာ ဖိနှိပ်ထားသည်။

လုယန်၏နားအနီးသို့ကပ်၍ တိုင်ပုဖန်စကားတီးတိုးကပ်ပြောသည်။ လုယန် အလိုလိုကြက်သီးထလာသည်။

"မသေမျိုးလု၊ ဘာတွေဖြစ်ခဲ့တာလဲ။ ဗုဒ္ဓနိုင်ငံမှာ ဘာတွေလုပ်ခဲ့လဲ"

"ဪ..ဘာမှ များများစားစားမဟုတ်ပါဘူး။ ပုံမှန်အတိုင်း ကောင်းတဲ့အလုပ်တွေ အများကြီးလုပ်ခဲ့ရုံပါပဲ။ ဗုဒ္ဓနိုင်ငံကို အများကြီးကုသိုလ်ပြုပေးခဲ့တယ်လို့ ပြောလို့ရတယ်။ ဗုဒ္ဓနိုင်ငံရဲ့ ယုံကြည်မှုစွမ်းအားတွေက ကျုပ်ဆီကို အဆက်မပြတ်စီးဝင်လာတယ်။

ငြင်းဆန်လို့လည်းမရ၊ တားဆီးလို့လည်းမရဘူး။ ဒီတော့ ယုကြည်မှုစွမ်းအားသုံးပြီး မသေမျိုးခန္ဓာတည်ဆောက်လိုက်တယ်။ ပြီးတော့ ဒီမသေမျိုးခန္ဓာနဲ့ စီချန်းကို ဖမ်းလိုက်တယ်။ ဒါပေမယ့် ဒီမသေမျိုးခန္ဓာက ယာယီတည်ဆောက်ထားတာမျိုးပါ။ ဗုဒ္ဓနိုင်ငံထွက်လို့မရဘူး။

မဟာရှားကိုပြန်ရောက်တာနဲ့ ကျုပ်ကျင့်စဉ်စွမ်းအားက ပုံမှန်အခြေအနေ ပြန်ရောက်သွားတယ်"

"ဒီလောက်များတဲ့ ယုံကြည်မှုစွမ်းအားတွေရပြီး မသေမျိုးခန္ဓာတစ်ခုတောင် တည်ဆောက်နိုင်ခဲ့တယ်ဆိုတော့ ဘာကောင်းမှုတွေများလုပ်ခဲ့တာလဲ။ လောကဗုဒ္ဓအရှင်ကို အသက်ပြန်သွင်းပေးခဲ့တာလား"

လုယန် သွားဖြဲရယ်၍ လက်မထောင်ပြသည်။

"အကိုတိုင်ဟာ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ကျောရိုးပဲလို့ ပြောနေကြတာ မဆန်းတော့ဘူး။ ကွက်တိခန့်မှန်းနိုင်တာပဲ"

လုယန်စကားကို စနောက်နေသည်ဟုသာ တိုင်ပုဖန်ယူဆလိုက်သည်။ စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ မြင်နေရလျှင် စိတ်ညစ်နေရဦးမည်။

"သွားတော့ သွားတော့။ မင်းရှင်းမပြချင်လည်း ရှင်းပြမနေနဲ့။ စီချန်းသခင်ကို အကျဉ်းထောင်တောင်ထိပ်ကို မြန်မြန်သွားပို့လိုက်။

"ကောင်းပါပြီ"

လုယန် မစ်ရှင်ခန်းမမှ ချက်ချင်းထွက်လာပြီး အကျဉ်းထောင်ဆီ ဦးတည်လိုက်သည်။

အကျဉ်းထောင်တောင်ထိပ်တွင် စကားပြောနေကြသည့် အကျဉ်းသားများ လုယန်ကိုမြင်သည်နှင့် ချက်ချင်းအသံတိတ်သွားသည်။ အမြန်ထ၍ဦးညွှတ်အရိုအသေပြုသည်။ လုယန်၏အကြည့်ကို ရင်မဆိုင်ရဲကြ။

ကလေးဘိုးဘေးက ရယ်မော၍ ပျံသန်းရောက်လာသည်။

"ရှောင်လုပါလား။ ဒီတစ်ခါ မင်းဘယ်လိုလူကို ဖမ်းခေါ်လာတာလဲ"

"အင်း...လေးယောက်ဖမ်းမိလာတယ်။ ဒီတစ်ယောက်က မသေမျိုးတစ်ဝက်အဆင့် မဟာချန်နတ်သခင် စီချန်းပါ"

စိချန်းဝိညာဉ်ကို သိစိတ်နယ်မြေမှ ထုတ်ပေးသည်။ စီချန်းနိုးလာပြီး အချိန်အရိယဖလသန္ဓေနှင့် ဒုက္ခပေးမည်ကို သူမစိုးရိမ်။ အချိန်မသေမျိုးက အချိန်အရိယဖလဖြင့် စီချွန်း၏ အရိယဖလသနွေဓစွမ်းရည်များကို ထိန်းချုပ်ထားပြီးဖြစ်သည်။

ယခု စျီခန်းသည် သာမန်ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလိုသာ ဖြစ်နေသည်။

"မသေမျိုးတစ်ဝက်လား...မဆိုးဘူး မဆိုးဘူး"

မသေမျိုးများပင် ဤနေရာတွင် အကျဉ်းကျနေသည်။ မသေမျိုးတစ်ဝက်ကို ဘိုးဘေးဆရာထန်ရှန်းယိ မအံ့ဩတော့။

စီချန်းကို ယွမ်ကျိဖမ်းခဲ့ခြင်းဖြစ်မည်ဟု သူတွေးလိုက်သည်။

ထို့နောက် လုယန်က ကိုယ်တော်ချင်ယန်၊ တွမ်ချင်ရှို့နှင့် မိုရှောင်ချွေ့တိုကို ချင်ဖုန်းဓားထဲမှ ထုတ်ပေးသည်။

ထောင်ထဲမှ အကျဉ်းသားများ၏ ကျင့်စဉ်အဆင့်ကို အာရုံခံမိသဖြင့် သုံးယောက်လုံး ကြက်သီးထသွားကြသည်။

ဤနှစ်ပိုင်းအတွင်း မဟာစွမ်းအားရှင်များကို တာအိုလမ်းစဉ်က ဖမ်းဆီးသည့်သတင်းမျိုး လုံးဝမကြားခဲ့ရ။ ဘာကြောင့် ဤနေရာမှ အကျဉ်းသားများ ထိုမျှကြောက်စရာကောင်းနေသည်မသိ။

"အမယွမ်က နတ်သခင်စီချန်းကို စစ်ဆေးမေးမြန်းဖို့ လာပါလိမ့်မယ်။ ဘိုးဘေးဆရာအလှည့်ရောက်ရင် တွမ်ချင်ရွှေ့နဲ့ မိုရှောင်ချွေ့ကို စစ်ဆေးမေးမြန်းပေးပါ။ ဒီနှစ်ယောက်က မိုးပျံဘုံကျောင်းမှာ ပစ္စည်းခိုးဖို့ ကြိုးစားခဲ့တယ်။

သူတို့ဆီက ဘာသဲလွန်စမှ မရရင်တာင် သေဒဏ်တော့ မပေးသင့်ပါဘူး။ အလွန်ဆုံး နှစ်ရာဂဏန်းလောက်ပဲ အကျဉ်းချသင့်ပါတယ်"

ထိုနှစ်ယောက် ထောင်မှလွတ်ပြီးနောက် သူ့အကြောင်းများ ထုတ်ပြောမည့်ကိစ္စကို မစိုးရိမ်။

နှစ်ပေါင်းရာချီကြာမှ သူတို့လွတ်မည်။ ထိုအချိန်ရောက်လျှင် သူ့အကြောင်း အားလုံးသိနေကြပြီးဖြစ်လောက်သည်။

"ကောင်းပါပြီ။ ကျန်တဲ့ကိစ္စတွေ စိတ်မပူပါနဲ့"

ဘိုးဘေးဆရာက ထိုလေးယောက်ကို အကျဉ်းခန်းထဲထည့်သည်။ တဖြည်းဖြည်းပြည့်လာသည့် အကျဉ်းခန်းများကိုကြည့်၍ သူစိတ်ကျေနပ်နေသည်။

လူသစ်များရောက်လာသဖြင့် စပ်စုလိုသည့် အကျဉ်းသားများ ဝိုင်းအုံလာသည်။ ကိုယ်တော်ချင်ယန်က နည်းနည်းမဆိုးသေး။ လက်ခံနိုင်သည့် ကျင့်စဉ်အဆင့်မျိုးရှိသည်။ တွမ်ချင်ရွှေ့နှင့် မိုရှောင်ချွေ့က အခြေအနေမကောင်း။

အထူးသဖြင့် မိုရှောင်ချွေ့က ကျင့်စဉ်အနိမ့်ဆုံးဖြစ်သည်။ အကျဉ်းသားများက သူ့ကိုကြည့်၍ ခေါင်းခါနေသည်။ အထင်မကြီးကြ။

"မင်းတို့နှစ်ယောက် ဘယ်လိုကျင့်စဉ်နည်းတွေများ ကျင့်နေကြတာလဲကွာ။ အမှိုက်ပုံထဲက ကောက်လာတဲ့ ကျင့်စဉ်နည်းမျိုးလား"

"ဝိညာဉ်စွမ်းအင်လည်ပတ်တဲ့ လမ်းကြောင်းကလည်း မှားနေတယ်။ အမှားအယွင်းတွေ အများကြီးပဲ"

"လာပါလာပါ၊ မင်းတို့ကို ကောင်းကောင်းကျင့်ကြံတတ်အောင် ငါသင်ပေးမယ်"

အကျဉ်းသားဘဝက ငြီးငွေ့စရာကောင်းသည်။ ဘာမှလုပ်စရာလည်းမရှိ။ လူသစ်များကို ကျင့်ကြံနည်းသင်‌ပေးနေသည်က အပျင်းပြေသည်။

တွမ်ချင်ရွှေ့နှင့် မိုရှောင်ချွေ့တို့ ဝမ်းသာသွားပြီး သေချာအာရုံစိုက်၍ နားထောင်ကြသည်။

.....

ထူးဆန်သည့်နယ်မြေတစ်ခုမှ အရိုးပလ္လင်ပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ လတ်တလောရထားသည့် သတင်းများကို သုံးသပ်နေသည်။ သူ့မျက်လုံးများ တဖြေးဖြေးအရောင်တောက်လာသည်။

သတင်းများနောက်ကွယ်မှ လျှို့ဝှက်ချက်များက ပေါ့သေးသေးမဟုတ်။

"ထူးဆန်းတဲ့မသေမျိုး...ခန္ဓာကိုယ်အထပ်ထပ်ဖောက်ခွဲတယ်...ထာဝရအရိယဖလ ပေါ်လာတာများလား။ ဒီမသေမျိုးက ဘယ်သူလဲ။ မသေမျိုးအစစ်လား။ ထာဝရနတ်မယ် ပြန်ရှင်သန်လာတာလား...ဘယ်သူပြန်အသက်သွင်းခဲ့တာလဲ။ ယင်ထန်လား၊ စွေ့ယွဲ့လား"

ထိုလူ ချက်ချင်းပြန်လည်စိတ်ငြိမ်သွားသည်။ တစ်ခုခုမူမှန်ကြောင်း နားလည်လာသည်။

"မဟုတ်‌သေးဘူး။ ယင်ထန်တို့ပြောပုံအရဆို ထာဝရအရိယဖလရဲ့ ခန္ဓာကိုယ်ဖောက်ခွဲစွမ်းအားက ဒီထက်ပိုပြင်းထန်မှာပဲ။...အရိယဖလသန္ဓေများဖြစ်မလား"

ထိုအတွေးဝင်လာပြီးနောက် သူဝမ်းသာအားရထရပ်၍ လမ်းလျှောက်သည်။

"ထာဝအရိယဖလသန္ဓေ...ထာဝရအရိယဖလသန္ဓေ ပေါ်လာပြီပေါ့။ ထာဝရဂိုဏ်းက အရိယဖလသန္ဓေ အရင်တည်ဆောက်ခဲ့တာ။ အရိယဖလသန္ဓေ ပြည့်ဝချိန်ထိစောင့်ဖို့ သူတို့ရည်ရွယ်ထားတာ။ ယွမ်ကျိကဝင်နှောက်ယှက်လို့ သူတို့ကိုယ်ပွားတောင် အသတ်ခံလိုက်ရတယ်။ ကံဆိုးတာပဲ။

ငါသာစော‌စောကြိုလှုပ်ရှားခဲ့ရင် အရိယဖလသန္ဓေက ငါ့လက်ထဲ ရောက်နေလောက်ပြီ။ အဲဒါရထားရင် အသံတိတ်မသေမျိုးကို ရင်ဆိုင်ရရင်တောင် ငါလွတ်မြောက်နိုင်ခြေရှိတယ်။

ဒါပေမယ့် အသစ်ပေါ်လာတဲ့ မသေမျိုးက နည်းနည်းထူးဆန်းနေတယ်။ ခန္ဓာကိုယ်ကို ဗုဒ္ဓနိုင်ငံရဲ့ ယုံကြည်မှုစွမ်းအားနဲ့တည်ဆောက်တယ်။ သူက မသေမျိုးမဖြစ်သေးတဲ့သဘောပဲ။

ကောင်းတာပေါ့။ မသေမျိုးမဖြစ်သေးရင် သိပ်ကောင်းတာပေါ့"

**********************************

အခန်း (၁၀၅၃) သူအစစ်ပါ

ရင်သပ်ရှုမောဖွယ်လှပပသည့် မသေမျိုးတစ်ယောက် ဟင်းသီးဟင်းရွက်ခြင်းတစ်ခုဆွဲ၍ လူစည်ကားသည့်လမ်းအတိုင်း လျှောက်လာသည်။ သို့သော် ထူးဆန်းသည်။

ဘေးလူများက သူ့ကိုမကြည့်။ ထိုမျှလှသည့် မိန်းကလေးကို လုံးမမြင်ကြသလိုဖြစ်နေသည်။

သူစုံစမ်းထားသည့် သတင်းကိုပြန်တွေးရင်း ထိုမသေမျိုးမိန်းကလေး အာရုံလွင့်နေသည်။ တဖြေးဖြေးစိုးရိမ်လာလာသည်။

"ထူးဆန်းတဲ့မသေမျိုးတစ်ယောက် ဗုဒ္ဓနိုင်ငံမှာ ခန္ဓာကိုယ်ဖောက်ခွဲတယ်။ အဲဒီ့အချိန်က ဟိုကောင်လေလုယန်လည်း မိုးပျံဘုံကျောင်းမှာရှိတယ်ဆိုတော...ဒီလောက်ထိတိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး။ အဲဒီ့လူထူးဆန်းမသေမျိုးဟာ လုယန်ပဲဖြစ်ရမယ်။

မဖြစ်နိုင်ဘူး...ဘယ်လိုဖြစ်နိုင်မှာလဲ။ လုယန်က ထာဝရအရိယဖလသန္ဓေရှိနေတာလား။ သူဘယ်လိုရခဲ့တာလဲ။

သူ့ကျင့်စဉ်အဆင့်က သိပ်မမြင်ဘူး။ ကိုယ်တိုင်တည်ဆောက်ထားတာ မဟုတ်နိုင်ဘူး။ တစ်ယောက်ယောက်က ပေးထားတဲ့သဘောပဲ။

ထာဝရ...ထာဝရပြန်ရှင်သန်လာတာပဲဖြစ်ရမယ်။ သူပဲ ဒါမျိုးလုပ်နိုင်စွမ်းရှိတာ။ အခြေအနေမကောင်းဘူး။ ချင်ဟဲ..."

ထိုအတွေးကြောင့် ပဲပြာအရှင် သေမျိုးဘဝကို တုပမနေနိုင်တော့။ လေဟာနယ်ကိုချုံ့လိုက်သည်။ မထင်မရှားစားသောက်ဆိုင်တစ်ခုရှေ့သို့ ချက်ချင်းရော်ကလာသည်။

ဟင်းသီးဟင်းရွက်ခြင်းို မီးဖိုထဲသို့ယူသွားသည်။ ဟင်းချက်နည်းစာအုပ်ဖတ်နေသည့် ချင်ဟဲကိုမြင်ရမှ သူစိတ်သက်သာရာရသွားသည်။

ပဲပြာအရှင် အလောတကြီးပြန်ရောက်လာသည်ကိုကြည့်၍ ချင်ဟဲ စာအုပ်ကိုပိတ်လိုက်သည်။ တည်ငြိမ်အေးဆေးသည့်လေသံဖြင့် ပဲပြာမကြားချင်ဆုံးစကားကို ပြောသည်။

"ဗုဒ္ဓနိုင်ငံမှာ ပေါ်လာတဲ့ ထူးဆန်းတဲ့မသေမျိုးအကြောင်း နင်ကြားပြီးလောက်ပြီ။ ငါသူနဲ့သွာတွေ့ဖို့လိုတယ်"

"မရဘူး။ အခုချိန်ကစပြီး နင်ဘယ်ကိုမှမသွားရဘူး"

ျင်ဟန်က ဒေါသရိပ်သန်းနေသည့် ပဲပြာ၏မျက်လုံးစိုက်ကြည့်၍ တစ်လုံးချင်းပြောသည်။

"ငါ..သွား..မယ်"

ပဲပြာ ဒေါသထွက်သွားသည်။ ချက်ဟဲရှေ့သို့ ချက်ချင်းရောက်သွားပြီး လက်ကောက်ဝတ်ကိုဖမ်းချုပ်လိုက်သည်။ ချင်ဟဲက သူ့ကိုမယှဉ်နိုင်သဖြင့် နံရံနှင့်အတင်းဖိကပ်ခံရသည်။ အိုးခွက်ပန်ကန်များ ပြုတ်ကျသွားသည်။ ဆူညံသည့်အသံများ ထွက်ပေါ်လာသည်။

"ငါ့ကိုဖိအားလာမပေးနဲ့ ချင်ဟဲ။ နင်ကိုယ့်နေရာကိုယ်သိပါ။ အခုထိနင့်ကို မသတ်ဘဲထားတာက ငါ့အတွက်အဖော်လိုလို့ပဲ။ နင့်နေရာမှာ တစ်ခြားတစ်ယောက်ကို အချိန်မရွေး ငါအစားထိုးလိုက်လို့ရတယ်"

အံတင်းတင်းကြိတ်နေသည့် ပဲပြာကိုကြည့်၍ ချင်ဟဲလှောင်ရယ်သည်။ ပဲပြာ ပို၍ဒေါသထွက်သွားသည်။

"နင်ဘာရယ်နေတာလဲ"

"ဗုဒ္ဓနိုင်ငံမှာ ပေါ်လာတဲ့မသေမျိုးဟာ နင်နဲ့ပတ်သက်နေနိုင်တယ်လို့ ငါခန့်မှန်းကြည့်ရုံပဲရှိခဲ့တာ။ အခု နင့်ပုံစံမြင်ရတော့ ငါ့ခန့်မှန်းချက်မှန်တာ သေချာသွားပြီပေါ့"

ပဲပြာဒေါသဖြင့် အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့ပြီး ချင်ဟဲလက်ကောက်ဝတ်ကို လွှတ်လိုက်သည်။

"မသေမျိုးတဲ့လား။ ငါသူ့ကိုသတ်ပြီး မသေမျိုးအစစ်က ငါဆိုတာကို သက်သေပြမယ်"

....

"လောင်လု၊ မင်းဘယ်လိုပြန်ရောက်လာတာလဲ။ နှစ်သစ်ကူးနေ့မှာ ညံသားရဲက မင်းကိုခေါ်သွားတယ်လို့ ငါကြားတယ်"

မုန်ကျင်းကျိုးက လှိုဏ်ဂူတံခါးဖွင့်ဝင်လာရင်း ပြောသည်။ လုယန်က အရိုးခံဟုထင်ရသည့်မျက်နှာဖြင့် ပြုံးရယ်နေသည်ကို မြင်လိုက်ရသည်။

"ညံသားရဲက ငါ့ကိုသဘောကျလို့ ဗုဒ္ဓနိုင်ငံကို အလည်အပတ်ခေါ်သွားတာပါ။ ငါဘာလို့ပြန်မလာဘဲနေရမှာလဲ"

"ဗုဒ္ဓနိုင်ငံကို မင်းထပ်ရောက်ခဲ့တယ်ပေါ့"

ဗုဒ္ဓနိုင်ငံ၏ အဆုံးစမရှိကျယ်ပြန်သည့် သဲကန္တာရများအကြောင်းတွေးရင် လုယန်အတွက် မုန်ကျင်းကျိုး စိတ်မကောင်းဖြစ်သွားသည်။ လအတော်ကြာ ဗုဒ္ဓနိုင်ငံတွင် နေခဲ့ရသဖြင့် လုယန် အတော်ဒုက္ခရောက်ခဲ့လောက်သည်။

ညံသားရဲသည် ကောင်းချီးခံသတ္တဝါ တကယ်ပီသသည်။ ကောင်းသည့်အလုပ်ကို အမြဲလုပ်သည်။

"ငါပြောမယ်။ ဗုဒ္ဓနိုင်ငံက တကယ်ကောင်းတဲ့နေရာပါ။ မင်းအဲကိုသွားဖြစ်ရင် ငါကာကွယ်ပေးပါ့မယ် ညီလေးမုန်"

လုယန်က ရင်ဘတ်ကိုလက်ဖြင့်ပုတ်၍ ကတိပေးသည်။

"မင်းက အဲလောက်ဩဇာရှိတယ်ပေါ့"

မုန်ကျင်းကျိုး လုယန်ကို သင်္ကာမကင်းကြည့်သည်။ သူဘာမှမမေးခဲ့သင့်ဟု တွေးမိသည်။

လုယန်က ခေါင်းခါ၍ သက်ပြင်းချပြီး နှိမ့်ချသည့်လေသံဖြင့်ပြောသည်။

"ငါက ပါရမီမရှိပါဘူးကွာ။ ဗုဒ္ဓနိုင်ငံမှာ မသေမျိုးအဆင့်ပဲ ရောက်ခဲ့တယ်"

"ထွီ...လောင်လု၊ မင်းလိမ်ညာတာတွေက တဖြေးဖြေးပိုပြီး တရားလွန်လာတာပဲ"

"ရပါတယ်။။ မင်းငါ့ကိုမယုံမှန်းသိပါတယ်ကွာ။ ဒါကြောင့် သက်သေအထောက်အထား ငါသိမ်းထားတယ်"

မှော်ဖန်လုံးကို လုယန်ပျော်ရွှင်စွာထုတ်လိုက်သည်။ ပထမမြင်ကွင်းရှုထောင်ဖြင့် မှတ်တမ်းတင်ထားသည်။ စီချန်းသခင်ကို လုယန်တိုက်ခိုက်နေသည့်ပုံရိပ်များ ပေါ်လာသည်။

လုယန်က သဘောထားကြီးကြီးဖြင့် ရှင်းပြသည်။

"ဒါက မဟာချန်နတ်သခင် စီချန်းပါ။ သိပ်တော့ ပါရမီမကောင်းလှဘူး။ သူ့မှာ အချိန်ကို ထိန်းချုပ်နိုင်တဲ့ အရိယဖလသန္ဓေလေးပဲရှိတာ။ မိုးပျံဘုံကျောင်းက ကျောင်းထိုင်ကိုယ်တော်မိန်ယုကို သူအနိုင်ယူတယ်။

အင်း...အတော့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ နတ်မယ်ကို ပြန်အသက်သွင်းခဲ့တဲ့ကိစ္စက အရမ်းကုသိုလ်ထူးတော့ ဗုဒ္ဓစွမ်းအင်တွေရပြီး ငါမသေမျိုးဖြစ်လာတယ်။

ငါက ဒီအတိုင်းနေလို့တော့ မဖြစ်ဘူးဆိုပြီး စိတ်မပါ့တပါနဲ့ မသေမျိုးစွမ်းအားကိုယူပြီး ဒီကောင့်ကို အနိုင်ယူလိုက်တယ်။ မင်းသိလား... အဲဒီ့အချိန်မှာ ကောင်းကင်အင်ပါယာသခင်ရဲ့ ကိုယ်ပွားက ပေါ်လာတယ်။ သူလည်း ငါ့ကိုမယှဉ်နိုင်ပါဘူး...

ပြီးတော့ အချိန်မသေမျိုးနဲ့လည်း ငါတွေ့ခဲ့တယ်။ ငါဟာအနာဂတ်မှာ အားအကြီးဆုံးဖြစ်လာမယ့်လူလို့ ပေါ်တင်ချီးကျူးတယ်"

မုန်ကျင်းကျိုး အတော်မနာလိုဖြစ်သွားသည်။ သူ့စရိုက်သည် လောက်လုထက်မညံ့။

"ဘာလို့ငါ့ကျတော့ ဆိုးဝါးတာတွေနဲ့ပဲ ကြုံရတာလဲ"

"ဘယ်လိုဆိုးဝါးခဲ့လို့လဲ"

"လွန်ခဲ့တဲ့နှစ်လကပါ။ ငါဂိုဏ်းတာဝန်တစ်ခုနဲ့ အပြင်ထွက်တယ်။ ခပ်လျှိုလျှိုနေဖို့ တွေးထားတာပါ။ ဒါပေယ့် မိန်းကလေးတစ်ယောက်က ငါ့ရုပ်ရည်က အတော်ကြည့်ကောင်းတယ်လို့ တွေးတယ်။ သူ့အဘိုးက အသည်းအသန်နာမကျန်းဖြစ်နေတယ်။ နောက်ဆုံးမွေးနေ့ပွဲကို ကျင်းပတော့မှာတဲ့။

ငါ့ကို သူ့ရဲ့တာအိုလက်တွဲဖော်အဖြစ်ဟန်ဆောင်ပြီး သူ့အဘိုးကို နောက်ဆုံးမွေးနေ့လက်ဆောင်တစ်ခု ပေးနိုင်မလားလို့ပြောတယ်။

အဲဒီ့မိန်းကလေးရဲ့ မိသားစုက သိပ်မထင်ရှားတဲ့ မိသားစုလေးပါ။ အဲ...သူတို့နယ်မှာတော့ မိသားစုကြီးတစ်ခုလို့ သတ်မှတ်မှာပေါ့လေ။ ငါလည်းကူညီချင်တာနဲ့ လက်ခံလိုက်တယ်။ လူတစ်ယောက်ရဲ့ နောက်ဆုံးမွေးနေ့အတွက် ဒီလောက်တော့ ကူညီရမှာပေါ့။

ငါ့ဂိုဏ်းတံဆိပ်ထဲက ထိပ်တန်းကျောက်စိမ်းတစ်ခု လွယ်လွယ်ရွေးထုတ်တယ်။

အဲဒီ့မိန်းကလေးရဲ့ဝမ်းကွဲအကိုက ဒီကျောက်စိမ်းဘယ်လောက်တန်ကြေးရှိမှန်း နားမလည်ဘူး။ ငါ့လက်ဆောင်ကို အတုလို့ အတင်းပြောတယ်။ နန်းမြို့တော်မှာ သူသိတဲ့လူတွေရှိတယ်တဲ့။ သူအကဲဖြတ်တာ မှားစရာမရှိဘူးတဲ့။ သူ့ညီမကိုလည်း လူကဲခတ်ညံ့လို ငါ့ကိုတာအိုလက်တွဲဖော်အဖြစ် ရွေးမိတာလို့ပြောတယ်။

သူ့အဖိုးထွက်လာတော့ ငါကြည့်လိုက်တယ်။ ရောဂါက ဘာမှဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ မွေးရာပါယန်ဓာတ်ချို့ယွင်းတာမျိုးပါ။ သွေးတစ်စက်လောက်ပေးလိုက်တာနဲ့ ကုလို့ရတယ်။ ငါသူ့ကိုကုပေးနိုင်ပါတယ်လို့ ပြောလိုက်တယ်။ သူ့အဘိုးက ဆင်ခြင်ဉာဏ်ရှိပုံရတယ်။ ဒါမှမဟုတ် စိတ်ဓာတ်ပွင့်လင်းတာလည်း ဖြစ်နိုင်တယ်။

ငါ့ကိုကုကြည့်ဖို့ပြောတယ်။ ဒါပေမယ့် သူ့မိသားစုက အတင်းတားကြတယ်။ ငါ့ကိုလူလိမ်လို့ ပြောတယ်။

ငါ့သရုပ်မှန်ကို ထုတ်ပြောမယ်လုပ်နေတုန်းမှာ နန်းမြို့တော်ကလူတွေလည်း ‌မွေးနေ့ပွဲဂုဏ်ပြုဖို့ရောက်လာတယ်။ သူတို့ထဲကတစ်ယောက်က ငါ့ကိုမှတ်မိသွားတယ်။

သူ့နာမည်တော့ သေချာမသိဘူး။ တစ်ယောက်ယောက်ရဲ့ နောက်လိုက်ဆိုတာပဲ မှတ်မိတယ်။ ငါ့ကိုမြင်တော့ သူကချက်ချင်းဒူးထောက်ပြီး 'မုန်သခင်လး'လို့ ခေါ်တယ်။ ပြီးတော့ ဟိုမိန်းကလေးရဲ့အကိုနဲ့ ချက်ချင်းအဆက်အသွယ်ဖြတ်တယ်။

နောက်ထပ်ဆက်လုပ်မယ့် စီးပွားရေးကိစ္စတွေမှာ ဒီမိန်းကလေးနဲ့ပဲလက်တွဲလုပ်မယ်လို့ ကြေညာတယ်လေ"

လုယန်"..."

...ဒါက ငါကြုံခဲ့ရတာတွေထက် ပိုဆိုးဝါးလို့လား...ငါက မျိုးပျံဘုံကျောင်းမှာ ငါ့နာမည်ရင်းတောင် ထုတ်မပြောရဲဘူး။

မင်းက မင်းမိသားစုနောက်ခံကောင်းကြောင်း တမင်သက်သက် ကြွားလုံးထုတ်နေတာပဲ...

အချိန်မသေမျိုးပေးလိုက်သည့် ဝိညာဉ်သီးများ တန်ချန်ဝူကိုပေးသည်။ အစီအစဉ်အတိုင်းစားဖို့ ညွှန်ကြားသည်။ ထို့နောက် လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ပြန်သည်။

"ဒုခေါင်းဆောင်၊ ပြန်လာပြီပေါ့"

ယွမ်မုန်မုန်က လုယန်ကိုမြင်သည်နှင့် ပြုံးပြသည်။ ပျော်ရွှင်စွာ ပြေးလာပြီး လုယန်ဦးခေါင်းတွင် လတ်လတ်ဆတ်ဆတ်လုပ်ထားသည့် ပန်းသရဖူတစ်ခု စွပ်ပေးလိုက်သည်။

"ညံသားရဲနင့်ကိုခေါ်သွားတော့ ငါသေမတတ်လန့်သွားတာ။ နင်တစ်ခုခုဖြစ်တော့မယ်လို့ထင်တာ။ အခုလိုဘေးကင်းကင်းပြန်ရောက်လာတာ ဝမ်းသာပါတယ်"

"ဟား...ငါက ဘာဖြစ်နိုင်မှာလဲ။ ဪ ပြီးတော့ ဒါက ဗုဒ္ဓနိုင်ငံက အထူးထုတ်ကုန်ပါ"

လုယန် နောက်ဘက်မှ သဲရုပ်ထုတစ်ခု ထုတ်လိုက်သည်။ သဲရုပ်ထုက အနုစိတ်ပုံဖော်ထားသည်။ အတော်သက်ဝင်လှပသည်။

မသေမျိုးခန္ဓာပိုင်ရှင်အဖြစ်ရှိနေချိန်တွင် ဖန်တီးခဲ့သည့် မှော်ရတနာဖြစ်သည်။

မှော်ပစ္စည်းဖန်တီးသည့်ပညာကို သူသိပ်မကျွမ်းကျင်။ သို့သော်မသေမျိုးခန္ဓာ၏ စွမ်းအားကြောင့် သာမန်ကြိုးစားအားထုတ်မှုလေးကပင် အဆင့်မြင့်လက်ရာကောင်းတစ်ခု ထွက်လာသည်။

ဘာကြောင့်မှန်းတော့မသိ။ လုယန်စိတ်အာရုံတွင် စကားသံနှစ်ခု ကြားခဲ့ရသည်။ ဗုဒ္ဓနိုင်ငံမှ အထူးလက်ဆောင်တစ်ခုကို နတ်မယ်ဝယ်လာသည်ဟု တစ်ယောက်ကပြောသည်။ နောက်တစ်ယောက်က ထိုသို့မဟုတ်ကြောင်း အတင်းငြင်းသည်။

ထိုရန်ပွဲကြောင့် ဤတစ်ကြိမ် မုန်မုန်အတွက် အထူးလက်ဆောင်ယူလာဖို့ သတိရခြင်းဖြစ်သည်။

"ကျေးဇူးပါ ဒုခေါင်းဆောင်"

ယွမ်မုန်မုန်က ချိုသာစွာပြုံးနေသည်။ သဲရုပ်ထုကို ပျက်စီးမည်စိုးရိမ်ဟန်ဖြင့် ဂရုတစိုက်သိမ်းလိုက်သည်။

"ဒုခေါင်းဆောင်၊ ဒီသဲရုပ်ထုက ဘယ်လိုနေရာမျိုးလဲ"

လုယန် စိတ်ပါလက်ပါ ရှင်းပြသည်.

"ထူးခြားတဲ့အကြောင်းရင်းတစ်ချို့ကြောင့် မင်းအခုချိန် ဗုဒ္ဓနိုင်ငံကိုသွားရင် မိုးပျံဘုံကျေင်းရဲ့ ပုံစံအပြည့်အစုံကို မြင်ရမှာမဟုတ်ဘူး။

မင်းလက်ထဲကရုပ်ထုဟာ မိုးပျံဘုံကျောင်းရဲ့ပုံစံကို အပြည့်စုံဆုံးဖန်တီးထားတာ။ ဒီတော့ မင်းအဲဒီကို ရောက်ဖူးတယ်လို သတ်မှတ်လို့ရပြီလေ"

*********************************

All Chapters