အခန်း (၁၀၆၀-၁၀၆၂)
Vol. 71 Ch. 1060-1062
အခန်း (၁၀၆၀) ဝတ်စုံ
လုယန်စန်းပွင့်သည့်ကိစ္စအပေါ် မနာလိုတိုရှည်ဖြစ်သည့်စိတ်များ ဘေးဖယ်ထားလိုက်လျှင် သူနှင့်လုယန်သည် မိတ်ဆွေရင်းများဖြစ်သည်။
"ဒါနဲ့..အခုတလော ငါတို့အပြင်ထွက်တဲ့အခါ ဘာထူးခြားတာမှ မကြုံတော့ဘူးနော်"
မုန်ကျင်းကျိုးက ဘဲသွေးခဲ့တစ်ခု တူဖြင့်ညှပ်ယူရင်းပြောသည်။
"ငါတို့ အကဲဖြတ်ဒိုင်လုပ်ဖို့ သွားတုန်းကလို၊ တောင်တန်းတွေကြား သွားတုန်းကလို ဒါမှမဟုတ် ပင်လယ်ထဲသွားတုန်းကလိုမျိုးလား..."
အမှန်တော့ သူတို့အပြင်ထွက်တိုင်း လူသတ်မှုတစ်ခုနှင့် အမြဲကြုံသည်။ အလုံပိတ်ခန်းလူသတ်မှုလို အမှုများဖြစ်သည်။ ပတ်သက်သူတိုင်း အလီဘိုင်ရှိသည်။ တရားခံက သဲလွန်စလုံးဝမချန်ခဲ့။
တရာခံများကက ပါးနပ်သည့် နည်းလမ်းများသုံးသော်လည်း လုယန်သည် သာမန်လူမဟုတ်။ နတ်မယ်၏ နည်းဗျူဟာမှူးဖြစ်သည်။ ထို့ကြောင့် တရားခံသည် သူ့လက်မှ လွတ်စရာအကြောင်းမရှိ။
တန်ချန်ဝူကို အချိန်နောက်ပြန်ရစ်ခိုင်းလိုက်ရုံသာဖြစ်သည်။ အဖြစ်မှန်က အလိုလိုပေါ်လာသည်။ အသတ်ခံရမည့်လူများကိုလည်း ကယ်နိုင်သေးသည်။
တစ်ခုတည်းသောချို့ယွင်းချက်က ထိုကိစ္စများကို မုန်ကျင်းကျိုး လုံးဝမမှတ်မိခြင်းဖြစ်သည်။
"ငါပြောသားပဲ။ အရင်က ငါတို့အပြင်ထွက်ရင် ပြဿနာတွေကြုံတယ်ဆိုတာ တိုက်ဆိုင်မှုသက်သက်ပါ။ အခုကြည့်လေ။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အပြင်ထွက်တာ ဘာမှထူးခြားတာမဖြစ်ဘူးမဟုတ်လား"
လုယန် အလေးအနက်ခေါင်းငြိမ့်သည်။ မုန်ကျင်းကျိုးစကား မှန်သည်ဟု ယူဆသည်။
ဟော့ပေါ့စားချိန်တွင် လုယန်က အသားများ၊ အသီးအရွက်များ၊ တို့ဟူးဖတ်များကို နှိုက်စားသည်။ မုန်ကျင်းကျိုးက ဝက်သွေးခဲ, ဘဲသွေးခဲ၊ နွားသွေးခဲများ စားသည်။ ပဋိပက္ခဖြစ်စရာ ဘာမှမရှိ။ အတော်အဆင်ပြေသည်။
တောင်ပေါ်မှ ဆင်းလာချိန်တွင် လုယန်တစ်ခုတွေးမိသည်။
"လောင်မုန်ရဲ့ လေဟာနယ်အလွယ်တကူခွဲပြီး အသားပန်ကန်ယူတဲ့ပညာက အတော်လန်းတာပဲ"
ကိုယ်တွေ့မြင်ခဲ့ရသဖြင့် သူ့စိတ်ထဲ ထိုပညာကို မနာလိုဖြစ်မိသည်။ သူလည်း အင်္ကျီလက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သူ့ရှေ့စားပွဲပေါ်တွင် အစားအသော်များ အပြည့်ပေါ်လာအောင် လုပ်ချင်သည်။
"ရှောင်ယန်၊ နင့်ရဲ့ကောင်တီလက်ဝါးပညာနဲ့ ဒါမျိုးလုပ်လို့ရပါတယ်"
နတ်မယ်က ပြောသည်။
ကောင်တီလက်ဝါးက နှစ်မျိုးသုံးနိုင်သည်။ တိုက်ခိုက်ဖို့အတွက် လက်ဝါးရိပ်ဖန်တီးနိုင်သည်။ ထို့ပြင် လက်ဝါးထဲတွင် ယာယီသိုလှောင်စရာ နေရာတစ်ခု တည်ဆောက်နိုင်သည်။
လုယန်ခေါင်းခါသည်။ ထိုပညာက ကန့်သတ်ချက်များသည်။
"နတ်မယ်၊ အဲဒီ့ပညာမှာ လက်ကိုဝှေ့ယမ်းလိုက်တာက အဓိကပါ။ အပြင်လူတွေအတွက်တော့ မသိသာဘူးပေါ့။ ဒါပေမယ့် ကိုယ့်စိတ်ကိုယ်တော့ အရူးလုပ်လို့မရဘူးလေ"
"အင်း ဟုတ်ပါတယ်"
နတ်မယ် နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်။
စကားပြောရင်း ကောင်းကင်ဂိတ်တောင်ထိပ်သို့ လုယန်ပြန်ရောက်လာသည်။
"ပြန်လာပြီလား ဒုခေါင်းဆောင်"
ယွမ်မုန်မုန်က အင်ပါယာထိုင်ခုံတွင် ထိုင်နေသည်။ ခြေနှစ်ဘက်ကို စားပွဲပေါ်တင်ထားရင်းမှ လုယန်ကို လက်ယမ်းပြသည်။ အင်္ကျီလက်ထဲမှ အားလူးခြောက်တစ်အိတ်ထုတ်၍ ဝါးစားနေသည်။
"နည်းနည်းစားဦးမလား"
ယွမ်မုန်ုမုန် နောက်ထပ်အာလူးခြောက်တစ်အိတ်ထုတ်သည်။
"အတော်စိတ်ကူးကောင်းတာပဲ။ သံလွင်ခက်ကို ထင်းအဖြစ်သုံးပြီး အာလူးကိုမီးကင်လိုက်တော့ အရသာက ပြောင်းသွားတယ်"
လုယန် မှတ်ချက်ပေးသည်။
အားလူးခြောက်မီးကင်သည် ပင်ကိုယ်သဘာဝကပင် အရသာရှိသည်။ လုယန်၏ နည်းပေးလမ်းညွှန်ချက်ကြောင် အရသာပိုကောင်းအောင် ယွမ်မုန်မုန်လုပ်နိုင်ခဲ့သည်။
"ကဲ..ဒါဆိုလည်း နည်းနည်းပေးပါ...အဲ နေဦး။ ဒီအားလူးတွေက ဘယ်ကရတာလဲ"
ယွမ်မုန်မုန်သည် လိုချင်သည့် ပစ္စည်းများကို အင်္ကျီလက်ထဲမှသာ ဆွဲထုတ်လေ့ရှိသည်။ အင်္ကျီလက်ထဲတွင် အဆုံးစမဲ့လေဟာနယ်တစ်ခု ပါနေသယောင်ထင်ရသည်။
ယွမ်မုန်မုန်က တခစ်ခစရယ်၍ကြွားသည်။
"ရှောင်ကျိဆီကနေ စကြာဝဠာအင်္ကျီလက်ပညာ သင်ခဲ့တယ်လေ။ စားချင်တဲ့မုန့်တွေကို မှော်လက်စွပ်ထဲက ထုတ်နေဖို့ မလိုတော့ဘူးပေါ့။ အင်္ကျီလက်ထဲကို နှိုက်လိုက်ရုံပဲ။ အဲဒါက အတော်အဆင်ပြေတယ်"
"စကြာဝဠာ အင်္ကျီလက်ပညာလား..."
လုယန် မျက်လုံးများ အရောင်လက်လာသည်။ သူလိုချင်သည်က ထိုမှော်ပညာမျိုးဖြစ်သည်။
"ညီမမုန်မုန်၊ ငါ့ကို ဒီပညာသင်ပေးလို့ရမလား"
"ရတာပေါ့"
ယွမ်မုန်မုန်က လက်ချောင်းထိပ်မှ အာလူးခြောက်အစအနများကို လျှာဖြင့်လျက်ပြီး လက်ခုပ်တီး၍ ခေါင်းငြိမ့်သည်။
"လေဟာနယ်ပညာအကြောင်း နင်သိပြီးသားပဲ။ သင်ဖို့မခက်လောက်ပါဘူး"
ယွမုန်ုမုန်က လုယန်ကို ကောင်းကင်ဂိတ်တောင်ထိပ်၏ အလယ်ဗဟိုမှ ပြန့်ပြူးသည့် ကွင်းပြင်တစ်ခုဆီ ခေါ်သွားသည်။ မှော်ပညာလေ့ကျင့်ဖို့ နေရာကောင်းတစ်ခုဖြစ်သည်။
နှစ်ယောက်သား ခွေးခြေထိုင်ခုံပေါ်ထိုင်သည်။
ယွမ်မုန်မုန် ခံတွင်းတစ်ချက်ရှင်းသည်။ သူ့မျက်နှာအမူအရာ လေးနက်တည်ကြည်လာသည်။ ပုံမှန်ပျော်ပျော်နေတတ်သည့်ဟန်ပန်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။
"စကြာဝဠာအင်္ကျီလက်ဆိုတာ အင်္ကျီလက်ထဲမှာ ကိုယ်ပိုင်ကမ္ဘာဖန်တီးတာပဲ။ ဘာမဆိုထည့်နိုင်အောင်လို့ပေါ။...အဲဒါပြိးတော့ ရှောင်ကျိက ဘာပြောတာပါလိမ့်။..ထားပါတော့လေ။ အဲဒါကျော်လိုက်မယ်"
သူထိုမှော်ပညာသင်စဉ်က ပညာသမိုင်းကြောင်း၊ အရေးပါပုံနှင့် တိုက်ပွဲတွင်အသုံးချနည်းများကို နေ့တစ်ပိုင်းကြာအောင် ရှင်းပြခဲ့သည်။ ထို့ကြောင့် သူအတော်နားရှုပ်ခဲ့သည်။
ဒုခေါင်းဆောင်ကို ထိုဒုက္ခမျိုး သူမပေး။ အသုံးချနည်းကို တိုက်ရိုက်သင်သည်။
"နှလုံးငြိမ်ချီစုစည်းနည်းကိုပြောမယ်။ အသက်ကိုပုံမှန်အတိုင်းရှူပါ။ မန္တာန်ကိုလိုက်ဆိုပါ။ 'ကောင်းကင်ကိုထည့်ဖို့ အင်္ကျီလက်ကိုချဲ့။ ကိုယ်ပိုင်အဖြစ်စုစည်း၊ ချီကို အသေးဆုံးထိရှူမြင်၊ နေရာလွတ်မကျန်အောင် လေဟာနယ်ကိုအာရုံခ့..."
"မက်လုံးမှိတ်လိုက်၊ ဘေးပတ်လည်က နူးညံ့တဲ့စွမ်းအင်လှိုင်းလှုပ်ရှားမှုတွေကို အာရုံစိုက်။ အဲတာတွေက လေဟာနယ်လှိုင်းတွေပဲ"
လုယန်၏ မှော်ပညာပါရမီက ပြောစရာမလို။ စွမ်းအင်ကို တည်ငြိမ်အောင်စုစည်းသည်။ မန္တာန်ကိုရွတ်သည်။ မျက်တောင်တစ်ခတ်အတွင်း ထိုနှစ်ဆင့်ပြီးသွားသည်။ ထို့နောက် ဘေးပတ်လည်ကို စိတ်နှစ်ခံစားကြည့်သည်။ လေဟာနယ်လှိုင်းများကို ချက်ချင်းအာရုံခံမိသည်။
"ညီမမုန်မုန် လေဟာနယ်လှုပ်ရှားမှုတွေကို ငါအာရုံခံမိပြီ"
လုယန်၏ မှော်ပညာပါရမီအကြောင်း အရင်ကတည်းက ယွမ်မုန်မုန်ကြားဖူးသည်။ ယနေ့မှ သူထင်ထားသည်ထက် များစွာပိုထူးခြားသည်ကို လက်တွေ့မြင်ရသည်။
"မဆိုးဘူး။ ငါသင်တုန်းကထက်တောင် ပိုမြန်တာပဲ။ အဲဒီ့ခံစားချက်ကိုထိန်းထား။ စွမ်းအင်ကို စနစ်တကျလည်ပတ်ပြီး ငါသင်ထားတဲ့မန္တာန်ကို ရွတ်လိုက်။ အင်္ကျီလက်က လေဟာနယ်နဲ့ ပေါင်းစပ်သွားပြီလို့ စိတ်သွင်း။ အင်္ကျီလက်က အရာအားလုံးကို ထိန်းထားနိုင်တယ်လို့တွေးပါ..."
တစ်နေ့တာ ကုန်လွန်သွားသည်။ လုယန်စိတ်အားတက်ကြွနေသည်။ နည်းလမ်းကို ကောင်းကောင်းနားလည်ပြီဟု သူယူဆသည်။
"စမ်းကြည့်မယ်"
စကြာဝဠာအင်္ကျီလက်။ လေဟာနယ်မှော်ပညာများထဲမှ နာမည်ကျော်ပညာရပ်တစ်ခုဖြစ်သည်။ လေဟာနယ်သဘောတရားများကို အဆင့်မြင့်မြင့်နားလည်နိုင်စွမ်းရှိဖို့လိုသည်။ ထိုပါရမီမျိုးမရှိလျှင် စုစည်းခြင်းအဆင့်ဖြစ်စေ ကူးဖြတ်ခြင်းအဆင့်ဖြစ်စေ ထိုပညာကိုတတ်မည်မဟုတ်။
လုယန်က ဝိညာဉ်ပြောင်းအဆင့်ဖြင့် တစ်ရက်တည်းတတ်အောင်သင်နိုင်သည်။ ထိုသင်ယူနှုန်းမျိုးကို ဘယ်သူမှမီမည်မဟုတ်။
နတ်မယ်လည်း ထိုပညာအကြောင်းနားလည်ပါသည်။ သို့သော် ယွမ်မုန်မုန်က တစ်ဆင့်ချင်းကောင်းကောင်းသင်ပေးသဖြင့် သူဝင်မစွက်တော့။
"လုပ်ပါ။ စမ်းကြည့်ပါ စမ်းကြည့်ပါ"
ယွမ်မုန်မုန် စိတ်အားထက်သန်စွာအားပေးသည်။ ပထမဆုံးပညာသင်ပေးဖူးခြင်းဖြစ်သည်။ သင်ပေးရသည့်လူက ချက်ချင်းတတ်သွားသဖြင့် စိတ်ကျေနပ်နေသည်။
ယွမ်မုန်မုန် အာလူးခြောက်ထုပ် အတော်များများထုတ်လိုက်သည်။ လုယန်ကို အင်္ကျလက်ထဲသိမ်းယူကြည့်ဖို့ အချက်ပြသည်။
"ကောင်းကင်ကိုထည့်ဖို့ အင်္ကျီလက်ကိုချဲ့.....စကြာဝဠာအင်္ကျီလက်"
အင်္ကျီလက် ဆန့်ထုတ်ပြီး မြေပေါ်မှ အာလူးထုပ်များကို သိမ်းယူလိုက်သည်။
ယွမ်မုန်မုန် အားလူးထုပ်များကို သေချာစိုက်ကြည့်နေသည်။ ရုတ်တရက် သူ့မျက်စိရှေ့မှ အရာအားလုံး အမှောင်ကျသွားသည်။ လုယန်၏ အင်္ကျီလက်က အလင်းရောင်ကိုပင် စုပ်ယူသွားသဖြင့် အလင်းမဲ့လေဟာနယ်ဖြစ်လာသလားမသိ။
"ဒုခေါင်းဆောင်ရဲ့ အင်္ကျီလက်ထဲကို ငါရောက်သွားတာများလား"
လုယန် ရင်ထိတ်နေသည်။ သူလည်း ဘာကိုမှမမြင်ရ။
ဦးခေါင်းအထက်မှ အလင်းရောင်တစ်ခုပေါ်လာသည်။ သူတို့မော့ကြည့်သည်။ နေရောင်ကို ပိတ်ဆို့ထားသည့် အလွန်တရာကျယ်ပြန့်သည့် ပိုးထည့်စတစ်ခုကို ဆွဲမ,၍ ယွမ်ကျိဝင်လာသည်ကိုမြင်ရသည်။
ယွမ်ကျိက သူတို့နှစ်ယောက်ကို စိတ်ပျက်လက်ပျက်ကြည့်၍ မေးသည်။
"ကောင်းကင်ဂိတ်တောင်ထိပ်တစ်ဝက်ကို ဖုံးနိုင်လောက်အောင်ကြီးတဲ့ ဒီအဝတ်စကို နင်တို့နှစ်ယောက်ထဲက ဘယ်သူလုပ်လိုက်တာလဲ"
အင်ပါယာထိုင်ခုံတွင်ထိုင်၍ အေးအေးလူလူလ လက်ဖက်ရည်သောက်နေခဲ့သည်။ ရုတ်တရက် အမှောင်ကျသွားသည်။ ရန်သူတစ်ယောက် ကျူးကျော်လာပြီဟု သူထင်ခဲ့သည်။
လုယန် "..."
ယွမ်မုန်မုန်က လုယန်ကို လေးစားမှုအပြည့်ဖြင့် မော့ကြည့်သည်။
"ငါနားလည်ပြီ အင်္ကျီလက်ကပိုကြီးလာရင် အားလုံးကို ထည့်ထားနိုင်မှာပဲလေ။ ဒီတော့ဒ်လည်း စကြာဝဠာအင်္ကျီလက်ပဲပေါ့"
....
"လောင်မုန်၊ မင်းရဲ့ဓမ္မခန္ဓာ ငါ့ကိုပြစမ်းပါ"
"ဘာလုပ်ဖို့လဲ"
မုန်ကျင်းကျိုး လုယန်ရည်ရွယ်ချက်ကို စဉ်းစားမရ။ သို့သော် အဓိပဓိသန့်စင်ယန်ဓမ္မပုံရိပ်ကို သူဖန်တီးပေးသည်။ ဓမ္မပုံရိပ်က ခံ့ညားထည်ဝါသည်။ ပုံမှန်အတိုင်းရပ်နေရုံဖြင့် ဘယ်ရာဇဝတ်သားကိုမဆို တားဆီိးနိုင်လောက်သည်။
"မင်းရဲ့ဓမ္မခန္ဓာက အဝတ်အစားလိုနေသေးတာပဲ"
*****************************
အခန်း (၁၀၆၁))မိုးမြေစွမ်းအား
လုယန်က ကြီးမားသည့်အဝတ်ထုပ်တစ်ခု ထုတ်လိုက်သဖြင့် မုန်ကျင်းကျိုး တွေးမရအောင်ဖြစ်သွားသည်။
"ဒီလောက်ကြီးတဲ့ဝတ်စုံမျိုး မင်းဘယ်ကရလာတာလဲ ဟေ့ကောင်"
"အဟွတ်...အဟွတ်။ ငါနှစ်တွေအကြာကြီး ဇွဲကောင်းကောင်းနဲ့ သန့်စင်ခဲ့တဲ့ အဓိပဓိရတနာဝတ်ရုံပါ။ မင်းရဲ့ဓမ္မခန္ဓာက ကြည့်မကောင်းဘူး။ ဖင်တုံးလုံးဖြစ်နေတယ်။ ဒါကြောင့်ငါ သန့်စင်ထားတာ"
စကြာဝဠာအင်္ကျီလက်ပညာကြောင့် အဝတ်အစားများပိုကြီးလာသည်။ ပုံမှန်အရွယ်ပြန်ပြောင်းနိုင်သည့် မှော်ပညာများကို သူဆက်တိုက်လေ့ကျင့်နေသည်။ ထိုနည်းလမ်းဖြင် စကြာဝဠာအင်္ကျီလက်ပညာကို ကျွမ်းကျင်အောင်လုပ်ဖို့ ရည်ရွယ်ထားသည်။
သို့သော် စကြာဝဠာအင်္ကျီလက်ပညာတော့ ကျွမ်းကျင်မလာ။ သူ့အဝတ်အစားများ ကြီးသထက်ကြီးလာသည်။ မူလအတိုင်း ပြန်ချုံ့၍မရတော့။
ထိုမျှကြီးမားသည့်ဝတ်စုံမျိုးက သူ့အတွက်ဘာမှလည်း အသုံးမတည့်။ ထို့ကြောင့် သူ့ညီအကိုကောင်းဆီ လာပေးခြင်းဖြစ်သည်။
မုန်ကျင်းကျိုး မျက်ခွံလှန်ကြည့်သည်။
"မင်းရဲ့ပေါက်တတ်ကရစကားတွေယုံရင် ငါရူးနေလို့ပဲဖြစ်မှာပေါ့"
သို့သော် ဝတ်စုံကိုယူထားလိုက်သည်က နစ်နာစရာမရှိ။ သူ့ဓမ္မခန္ဓာကို ဝတ်စုံဝတ်ပေးလိုက်သည်။ ဝတ်စုံက အတော်ကွက်တိကျနေသည်။
အရင်က ဒိုင်းတစ်လက်ကိုင် လှံတစ်လက်ကိုင်ထားည့် ခြောက်ခြားစရာဓမ္မခန္ဓာက အဝတ်အစားဝတ်လိုက်ချိန်တွင် စာပေသမားဟန်ပန်မျိုး ပေါက်သွားသည်။ တိုက်ပွဲဝင်တော့မည့် စာပေသမားပုံစံမျိုးဖြစ်လာသည်။
ဓမ္မခန္ဓာပုံရိပ်တွင် ကြောက်စရာကောင်းသည် သန့်စင်ယန်အလင်းမီးတောက်များ ရှိနေသည်။ မီးတောက်တစ်စချင်းစီက နတ်ဆိုးငယ်တစ်အုပ်ကို မီးလောင်ပြာချပစ်နိုင်စွမ်းရှိသည်။ သာမန်အဝတ်များသည်သည် ဓမ္မခန္ဓာကိုထိသည်နှင့် ချက်ချင်းပြာဖြစ်သွားမည်။
သို့သော် လုယန်ဝတ်သည့်အဝတ်အစားသည် သာမန်ဘယ်ဖြစ်နိုင်မည်နည်း။ ဓားလှံမတိုး။ ရေဒဏ်မီးဒဏ်မတိုးနိုင်။ သန့်စင်ယန်မီးတောက်ကိုလည်း မကြောက်။
လုယန်ထံမှ အခမဲ့လက်ဆောင်ရလာသဖြင့် မုန်ကျင်းကျိုး နည်းနည်းအံ့ဩနေသည်။
"မဆိုးဘူးပဲ"
လက်ရှိဓမ္မခန္ဓာ၏သွင်ပြင်ကို သူအတော်ကျေနပ်နေသည်။ များစွာပိုခံ့ညားသည်။ အရင်ဓမ္မခန္ဓာက သားသတ်သမားနှင့်တူသည်။ မုန်သခင်လေး၏ဂုဏ်ပုဒ်နှင့် လုံးဝမလိုက်ဖက်။
အပြန်လမ်းတွင် လုယန်စဉ်းစားသည်။ တစ်ခုခုလွဲချော်နေသလို ခံစားရသည်။ စကြာဝဠာလက်ဝါးပညာကို အချိန်များစွာပေး၍ သူလေ့လာခဲ့သည်။ ဘာမှအကျိုးမထူး။ လောင်မုန်သာ အကျိုးထူးသွားသည်။
"ငါ့ကိုယ်ငါရော အရွယ်အစားပိုကြီးအောင် လုပ်လို့ရလောက်မလား"
"နတ်မယ်၊ ခန္ဓာကိုယ်ကို အရွယ်အစားကြီးအောင် ဘယ်လိုလုပ်ရလဲသိလား"
သူကြုံခဲ့သည့် အဆင့်မြင့်ကျင့်ကြံသူတိုက်ပွဲများကို ပြန်စဉ်းစားသည်။ တောင်နှင့်ပင်လယ်ကို ရွှေ့ပြောင်းနိုင်သည့် အစွမ်းမျိုးရှိကြသည်။ ခန္ဓာကိုယ်အရွယ်အစားကြီးအောင်လုပ်၍ တိုက်ခိုက်ကြသည်။
ထိုသို့ ခန္ဓာကိုယ်ကို ကြီးအောင်လုပ်နိုင်လျှင် နောင်လာမည့်တိုက်ပွဲများတွင် အသုံးဝလိမ့်မည်။
"ဒါဆို မိုးမြေစွမ်းအားပညာကို သင်ပေါ့"
မိုးမြေစွမ်းအားပညာသည် စကြာဝဠာလက်ဝါးထက်ပင် ပို၍နာမည်ကျော်သည့် နတ်စွမ်းအားပညာဖြစ်သည်။ စုစည်းခြင်းအဆင့်အတော်များများ မသင်ယူနိုင်ကြ။ ဝိညာဉ်ပြောင်းအဆင့်သာရှိသည့်လုယန်အနေဖြင့် သင်ယူနိင်ဖို့ ပိုခက်ခဲသည်။
သို့သော် လုယန်ပါရမီက ထူးခြားသဖြင့် စမ်းကြည့်လျှင် မမှားနိုင်ဟု နတ်မယ်ယူဆသည်။
မည်သို့ဆုစေ လုယန်ကျင့်ကြံမှုမှားလျှင်လည်း သူနှင့်မဆိုင်။
"ဒါဆိုလည်း သင်မယ်လေ"
စကြာဝဠာလက်ဝါးပညာ လေ့ကျင့်ခဲ့သည့်နေရာသို့ လုယန်ပြန်သွားသည်။ နတ်မယ်ကိုယ်တိုင် သူ့ကိုညွှန်ကြားသည်။
"မိုမြေစွမ်းအားပညာဆိုတာ နာမည်အတိုင်းပဲ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို အတုခိုးတယ်။ မိုးမြေသဘာဝနိယာမတွနဲ့ ပေါင်းစပ်တယ်။ ခန္ဓာကိုယ်ကို မိုးမြေလိုခမ်းနားတဲ့ အရွယ်အစားဖြစ်အောင်လုပ်တယ်။
စိတ်အာရုံမှာ မိုးမြေတံဆိပ်ကို ဖန်တီးထားဖို့လိုတယ်။ လက်အနေအထားက ဒီလိုမျိုး...
ကဲ ရှောင်ယန်၊ စိတ်ကိုတည်ငြိမ်အောင်ထားပြီး မိုးနဲ့မြေကို ခံစားကြည့်ပါ"
ထိုပညာတတ်ဖို့ခက်သည့်အကြောင်းရင်းက ဖြတ်လမ်းလုံးဝမရှိဘဲ နားလည်နိုင်စွမ်းကိုသာ အားကိုးရသောကြောင့်ဖြစ်သည်။
မိုးမြေစွမ်းအားပညာကို တတ်ကျွမ်းသည့် မဟာကျင့်ကြံသူများသည် ခန္ဓာကိုယ်အရွယ်အစားချဲ့ပြီးနောက်တွင် ဝတ်ဆင်ရမည့် အဝတ်အစားတစ်စုံ အထူးတလည်သန့်စင်ကြရသည်။
လုယန်အတွက် ထိုကိစ္စ စိုးရိမ်စရာမလို။
ညရောက်လာသည်။ အေးစိမ့်သည် ငွေရောင်အလင်းတန်းများ မြက်ခင်းပေါ်ဖြန့်ကျက်နေသည်။ ငြိမ်းချမ်းတိတ်ဆိတ်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
လုယန်က မြေပြင်ပေါ်တွင်ပျဉ်ခွေ၍ ထိုင်သည်။ ကိုယ်အင်္ဂါဆုံချက်ငါးခုကို ကောင်းကင်နှင့် တစ်ပြေးတည်းထားသည်။ အသက်ကိုဖြေးဖြေချင်း ရှူထုတ်နေသည်။ စိတ်အာရုံလွင့်ပါးမှု လုံးဝမရှိ။ မိုးနှင့်မြေနှင့်သာ ဆက်သွယ်နေသည်။
လေပြေတစ်ခု ဖြတ်သန်းသွားသည်။ ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်သည်။ အဝေးတောင်တန်းတောအုပ်များဆီမျှ လတ်ဆတ်သည့်ရနံ့ကို သယ်ဆောင်လာသည်။ ဝိညာဉ်စွမ်းအင်များက သူဆင့်ခေါ်မှုကို တုံ့ပြန်နေသယောင်ရှိသည်။
မြေပြင်၏သွေးခုန်နှုန်းကိုလည်း ခံစားမိသည်။ သူ့ကိုယ်ပိုင်နှလုံးခုန်သံနှင့်ထပ်တူကျနေသယောင်ရှိသည်။ ခိုင်မာသည်။ အားပြင်းသည်။ အစုံးစမဲ့စွမ်းအားများပါဝင်သည်။
မျက်တောင်တစ်ခတ်အတွင်း သုံးရက်ဖြတ်သန်းသွားသည်။ လုယန် ထမင်းလည်းမစား၊ ရေလည်းမသောက်၊ အိပ်လည်းမအိပ်။ မိုးမြေနှင့် တစ်သားတည်းပေါင်းစည်းနေသည်။
မွန်းတည့်ချိန်နေအလင်းက တိမ်ထုကိုဖြတ်၍ သူ့ပါးပြင်ပေါ်ထိုးကျလာသည်။ သူ့မျက်လုံးဖွင့်၍ ထရပ်သည်။ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည်။ မိုးမြေနှင့်ပေါင်းစပ်ရသည့်အတွေ့အကြုံက တကယ်ထူးခြားသည်။
ကောင်းကင်သို့လက်ညှိုးထိုးလိုက်သည်။ လောကအရှင်၏ 'ကောင်းကင်အောက်မှာ ငါသာလျှင်အမြတ်ဆုံး'ဟု ပြောနေသည့်ဟန်ပန်ကို တုပသည်။
"မိုးမြေစွမ်းအား"
လုယန် နေရာမှပျောက်သွားသည်။ မြေပေါ်တွင် သူ့အဝတ်အစားများသာ ကျန်ရစ်ခဲ့သည်။
သတ္တဝါအားလုံးကို အထက်မှငုံ့ကြည့်နေသည့် ကောင်းကင်နတ်ဘုရားတစ်ပါးလို သူခံစားနေရသည်။ သူ့အမြင်တွင် အရာအားလုံးက ပုရွက်ဆိတ်လိုသာ ဖြစ်နေသည်။
"လူ့ဘီးလူးဖြစ်ရတဲ့ ခံစားချက်က ဒါမျိုးလား။ တကယ်ခံစားလို့ကောင်းတာပဲ"
နတ်မယ် ကောင်းကင်သို့ပျံတက်လာသည်။
"နတ်မယ်၊ ကျုပ်အောင်မြင်သွားပြီ"
လုယန် ဝမ်းသာအားရပြောသည်။
"လွယ်တော့မလွယ်ဘူး။ ဒီပညာကို အကြာကြီးလေ့လာခဲ့ရတာ။ အခုမှအဆင်ပြေသွားတယ်"
နတ်မယ်က ခေါင်းကုတ်သည်။ လက်ရှိလုယန်အခြေအနေကို သူဘယ်လိုပြောရမှန်း သေချာမသိတော့။
မှော်စွမ်းအားဖြင့် မှန်တစ်ခုဖန်တီး၍ ထောင်ပြလိုက်သည်။ လုယန် မှန်ထဲသို့ကြည့်သည်။ သို့သော် သူ့ကိုယ်သူမမြင်ရ။
"ဒုခေါင်းဆောင်၊ နင်က ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းသွားတာထင်တယ်"
ဝိညာဉ်စွမ်းအင်တစ်စု ကောင်းကင်တွင် လွင့်မျောနေသည်။ အသွင်ပြောင်းထားသည့်လုယန်ဖြစ်သည်။
ထိတ်လန့်တုန်လှုပ်သွားသဖြင့် မှော်စွမ်းအားကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။ ကိုယ်တုံးလုံးလူသားအသွင် ပြန်ရောက်လာသည်။ အဝတ်အစားဝတ်ရန် ကောင်းကင်သို့ နောက်တကြိမ်ချက်ချင်းပျံတက်သွားသည်။
"တကယ်လန့်သွားတာပဲကွာ။ သေတော့မယ်လို့တောင် ထင်တာ"
ငရဲတံခါးမှ လွတ်လာသည့်လူတစ်ယောက်ကဲ့သို့ လုယန်ကြောက်ချွေးပျံနေသည်။
ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းသွားသည်။ ကျင့်ကြံသူတစ်ယောက်အတွက် ထိုအဖြစ်ကို လမ်းစဉ်ပြောင်းသည်ဟု ခေါ်သည်။ သေပြီးမှသာ ထိုအဖြစ်မျိုးကြုံလေ့ရှိသည်။
"ခုနက မှော်ပညာသုံးတုန်းက တစ်နေရာရာမှာ လွဲသွားတာဖြစ်မယ်။ နောက်တစ်ကြိမ် ပြန်စမ်းကြည့်မယ်"
မှော်ပညာကျင့်ကြံခြင်းသည် စိတ်ချရသည်ဟု ဘယ်တော့မှမရှိ။ သို့သော် ကျင့်စဉ်လမ်းလျှောက်သူတစ်ယောက်သည် အသေးအဖွဲ့လွဲချော်ရုံလောက်ဖြင့် ရပ်တန့်နေ၍မဖြစ်။
"မိုးမြေစွမ်းအား"
ယခုတစ်ကြိမ်တွင် မြေကြီးနှင့်ပေါင်းစပ်သွားသလို ခံစားရသည်။ အတော်ဘေကင်းသည်ဟု ဆိုရမည်။
ဘေးမှကြည့်နေသည့် နတ်မယ်မြင်ကွင်းတွင် လုယန်က နေရာမှပျောက်သွားပြီး ထိုနေရာတွင် မြေကြီးပုံတစ်ခုပေါ်လာသည်။
"ဪ...ခုနက ကောင်းကင်ဆိုတော့ အခုမြေကြီးပေါ့"
နတ်မယ် စုပ်တစ်ချက်သပ်လိုက်သည်။ ရှောင်ယန်သည် မိုးမြေကို တကယ်အပြည့်အဝ တုပနိုင်ခဲ့သည်။
အဖြစ်မှန်ကို သိရပြိးနောက် လုယန် လေးငါးကြိမ်ထပ်ကြိုးစားသည်။ သို့သော် သူ့ရလာဒ်က ကောင်းကင်အဖြစ်ပြောင်းလျှင်ပြောင်း၊ မဟုတ်လျှင် မြေကြီးအဖြစ်ပြောင်းသည်။ မျှော်မှန်းထားသည့် လူ့ဘီလူးကြီးအသွင်တော့ လုံးဝဖြစ်မလာ။
မြေပြင်တွင် ခြေပျက်လက်ပျက်လဲလျောင်း၍ ကောင်းကင်ကို သူငေးကြည့်နေသည်။ လူ့ဘီလူးအသွင်ပြောင်းဖို့ ထိုမျှခက်ခဲနေသလော...
နတ်မယ် ရှေ့တိုးလာပြီး နှစ်သိမ့်ရန်ပြင်သည်။ ထိုစဉ် လုယန် ရုတ်တရက် ထထိုင်သည်။
""ဟား...ဒီပြဿနာဖြေရှင်းဖို့ အကြံတစ်ခုရပြီ"
လုယန် ရှေ့တစ်လှမ်းတိုးပြီး မိုးမြေစွမ်းအားပညကို အသက်သွင်းသည်။ အစောပိုင်းကလို ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းသွားသည်။
ထို့နောက် ထောင်ထျဲ့မျိုးနွယ်၏ နတ်စွမ်းအားပညာဖြစ်သည့် ကောင်းကင်မျိုမြေစားပညာကိုသုံးပြီး ဝိညာဉ်စွမ်းအင်များကို အတင်းစုပ်ယူ၍ ခန္ဓာကိုယ်ကိုကြီးမားအောင်လုပ်သည်။
"လွှတ်မယ်"
မိုးမြေမှော်စွမ်းအားကို ပြန်ဖျက်လိုက်သည်။ လူအသွင်ပြန်ပြောင်းသည်။ ဤတစ်ကြိမ်တွင် သူတကယ် လူ့ဘီးတစ်ယောက်အသွင်ဖြစ်လာသည်။
"ဟားဟား၊ အလုပ်ဖြစ်မယ်ဆိုတာ ငါသိသားပဲ"
ဝမ်းသာလွန်းသဖြင့် လုယန် ခုန်ပေါက်အော်ဟစ်နေသည်။ သူ့စိတ်ကူးမှန်သည်။ ကောင်းကင်မျိုပညာဖြင့် ကောင်းကင်စွမ်းအင်ကိုစုပ်ယူနိုင်သည်။ မြေစားပာဖြင့် မြေကြီးကိုစုပ်ယူနိုင်သည်။ လူ့ဘီလူးအသွင်ပြောင်းနိုင်သည်။
ကောင်းကင်ဂီတ်တောင်ထိပ်တွင် ကိုယ်တုံးလုံး လူ့ဘီလူးတစ်ယောက် ခုန်ပေါက်ပျော်မြူး နေသည်။ သူ့လက်ရှိအခြေအနေကို လုံးဝအရေးမစိုက်။
.....
"လောင်မုန်၊ မင်းရဲ့ဓမ္မခန္ဓာထုတ်လိုက်။ တစ်ယောက်ချင်းချမယ်"
ရက်ပေါင်းများစွာကြာပြီနောက် မုန်ကျင်းကျိုးလည်း ကျန်းမာလာသည်။ ပုံမှန်စွမ်းအားမျိုး ပြန်ရလာသည်။ လုယန်အနေဖြင့် အနိုင်ကျင့်ရာမရောက်။
"မင်းက ငါ့ဓမ္မပုံရိပ်ကို နိုင်မယ်ထင်နေတယ်ပေါ့"
မုန်ကျင်းကျိုး မခိုးမခန့်နှာခေါင်းရှုံ့သည်။ နေစွမ််းအင်ကို နေ့တိုင်း သူစုပ်ယူခဲ့သည်။ သန့်စင်ယန်ဓမ္မပုံရိပ်က ကြောက်စရာကောင်းသည့်အနေအထားတစ်ခုထိ ပြောင်းလဲတိုးတက်ခဲ့ပြီဖြစ်သည်။
"မင်းကြောက်ရင်လည်း မတိုက်ခိုက်ပါနဲ့တော့"
"ဘယ်သူက ကြောက်နေလို့လဲ"
မုန်ကျင်းကျိုး လုံးဝအားမနာတော့။ ယန်ဓမ္မခန္ဓာကို ချက်ချင်းဆင့်ခေါ်သည်။ သန့်စင်ယန်ဓမ္မပုံရိပ်က သူ့ကိုကာကွယ်ထားသည်။
"မိုးမြေစွမ်းအားပညာ"
လုယန် မြေပုံအဖြစ်ပြောင်းသွားသည်။
"မြေစားစွမ်းအား"
မုန်ကျင်းကျိုးလှိုဏ်ဂူဝမှ မြေကြီးများကို အတင်းစုပ်ယူသည်။
"လွှတ်မယ်"
မိုးမြေစွမ်ာအးပညာကို ပြတ်သိမ်းလိုက်သည်။
"စကြာဝဠာအင်္ကျီလက်"
လုယန် သူ့အဝတ်အစားများကို ပိုကြီးလာအောင်လုပ်လိုက်သည်။
မုန်ကျင်းကျိုး၏ ဓမ္မခန္ဓာပုံရိပ်နှင့် တန်းတူရှိသည့် လူ့ဘီလူးလုယန် ပေါ်လာသည်။
ထိုလုယန်ကို မုန်ကျင်းကျိုး ကြောင်တက်တက်အမူအရာဖြင့် ကြည့်နေသည်။
"မင်းအရွယ်အစားကြီးအောင်လုပ်ဖို့ လုပ်ရတဲ့အဆင့်တွေက ဘာလို့ဒီလောက်များနေတာလဲ"
*****************************
အခန်း (၁၀၆၂) ချွင်းချက်
"မင်းအတော်စကားများတဲ့ကောင်ပဲ"
လုယန် ဒေါသထွက်သွားသည်။ အဆင့်များသည်က ဘာအရေးကြီးသနည်း။ ထိုအဆင့်များသည်ပင် မိုးမြေစွမ်းအားပညာ၏ အစိတ်အပိုင်းများဖြစ်သည်။
ပေရာချီမြင့်သည့် လူ့ဘီလူးတစ်ယောက်အသွင်ပြောင်းပြီးနောက် သူ့အသံလည်း မိုးချုန်းသံလိုဖြစ်လာသည်။ တောင်ကြောတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
လုယန် ချင်ဖုန်းဓားကို ဆွဲထုတ်လိုက်သည်။ မသေမျိုးဓားဖြစ်၍ လုယန်၏အရွယ်အစားနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်သည်။
မုန်ကျင်းကျိုးလည်း တုံ့ဆိုင်းမနေတော့။ ဓမ္မပုံရိပ်က ဒိုင်းနှင့်လှံကို တစ်ချက်ရိုက်လိုက်သည်။ လေဟာနယ်တွင် လှိုင်းတွန့်များ ပေါ်လာသည်။ ချင်ဖုန်းဓားမှလည်း စူးရှသည့် ဓားအော်သံမြည်လာသည်။
ဆန့်ကျင်ဘက်အသံလှိုင်းနှစ်ခု တိုက်ပွဲကွင်းအလယ်တွင် တိုက်မိသည်။ ကြီးမားသည့် ပေါက်ကွဲမှုတစ်ခု ပေါ်လာသည်။ လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။
ဓမ္မပုံရိပ်၏မျက်လုံးမှ ချော်ရည်နှင့်တူသည့် အနီရောင်အလင်းတန်းတစ်ခုခု ထွက်လာသည်။ အနားသို့ မရောက်မီပင် ပြင်းထန်သည့်အပူစွမ်းအားကို လုယန်ခံစားရသည်။
"ခွဲမယ်"
ချင်ဖုန်းဓားကိုဝင့်၍ အနီရောင်အလင်းတန်းများကို ထိုးခွဲလိုက်သည်။ အလင်းတန်းများ နှစ်ခွကွဲ၍ သူ့ဘေးနှစ်ဘက်မှထွက်သွားသည်။ မုန်ကျင်းကျိုး၏လှိုဏ်ဂူဘေးမှ စန္ဒကူးဖြူတောအုပ် မီးလောင်ပြာကျသွားသည်။ မြေပေါ်တွင် ချော်ရည်ကဲ့သို့ ပြောင်လက်နေသည့် အက်ကြောင်းနှစ်ခုပေါ်လာသည်။
ဓမ္မပုံရိပ် ရှေ့သို့တိုးလာသည်။ ခြေတစ်လှမ်းလှမ်းတိုင်း မြေပေါ်တွင် မီးလုံးတစ်ခုကျန်ခဲ့သည်။ ခြေတစ်ချက်ဆောင့်၍ အားပြုလိုက်သည်။ မြေပြင်အက်ကွဲသွားသည်။ ကြီးမားသည့်ကိုယ်ထည်က လေထဲသို့ ခုန်တက်သွားသည်။
သန့်စင်ယန်မီးတောက်များ လေထဲတွင် ပျံ့နှံ့သွားသည်။ ကောင်းကင်တစ်ပြင်လုံး အနီရောင်သန်းနေသည်။
လှံရှည်က လေထုကိုထိုးခွဲ၍ မီးတန်းတစ်ခုကို သယ်ဆောင်လာပြီး ချင်ဖုန်းဓားနှင့် ရိုက်ခတ်သည်။ သံချင်းထိခတ်သံ ကျယ်လောင်စွာပေါ်လာသည်။ ဒိုင်းကာက လုယန်နံရိုးဆီ ပြေးဝင်လာသည်။
လုယန် ဘယ်လက်ကို ဖျတ်ခနဲလှည့်လိုက်သည်။ မည်းနက်သည့် မွေခံဓားပေါ်လာပြီး ဒိုင်းကာရိုက်ချက်ကို ခုခံသည်။
နောက်တစ်ကြိမ် လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ ဓားရိပ်များစွာ လွင့်ပျံထွက်သွားသည်။ မုန်ကျင်းကျိုး မပေါ့ဆရဲတော့။
"စစ်ပွဲကိုအဆုံးသတ်မယ်"
မုန်ကျင်းကျိုး ဓားနှင့်လှံအသုံးပြုပုံက အစောပိုင်းကလို တဇွတ်ထိုးမဆန်တော့ဘဲ စည်းချက်ကျလာသည်။
စစ်ပွဲအဆုံးသတ်ပညာသည် မုန်ကျင်းဇီတီထွင်ခဲ့သည့် တိုက်ခိုက်နည်းပညာတစ်ခုဖြစ်သည်။
မဟာယုခေတ်နှောင်းပိုင်းတွင် သူသည် နာမည်ကျော်ကြားသည့် တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ခဲ့သည်။ တိုက်ပွဲကြီးငယ်များစွာ ဆင်နွှဲခဲ့သည်။ အတွေ့အကြုံကြွယ်ဝသည်။ မုန်ကျင်းကျိုး၏ ဓမ္မပုံရိပ်အတွက် တိုက်ပွဲအဆုံးသတ်ပညာကို ဖန်တီးပေးခဲ့သည်။
တိုက်ခိုက်မှုကို တိုက်ခိုက်မှုဖြင့်တားဆီးသည်။ သွေးကို သွေးဖြင့်အဆုံးသတ်သည်။
ပြင်းထန်သည့် ဝိညာဉ်စွမ်းအင်မုန်တိုင်းတစ်ခု လွင့်ပျံလာသည်။ တိုက်ပွဲကွင်းထဲမှ လူ့ဘီလူးနှစ်ယောက်ကြောင့် ဘေးပတ်လည် မြေအနေအထားပြောင်းလဲသွားသည်။ မုန်ကျင်းကျိုး၏လှိုဏ်ဂူတံခါးလည်း မမှတ်မိနိုင်တော့လောက်အောင် ပျက်စီးနေသည်။
သူ့လှိုဏ်ဂူဖြစ်ကြောင်း ဘယ်သူမှ မှတ်မိနိုင်စရာမရှိတော့။
"ဓားတစ်သောင်းအသွင်ပြောင်း"
မရေမတွက်နိုင်သည့်ဓားရိပ်များ လုယန်၏ခြေထောက်အောက်မြေပြင်မှ ထိုးထွက်လာသည်။ မုန်ကျင်းကျိုး၏ လှုပ်ရှားမှုများကို ဟန့်တားသည်။
"မဟာနေမင်းချော်ရည်မြား"
ဓမ္မခန္ဓာမှ ပွက်ပွက်ဆူနေသည့် ချော်ရည်များထွက်လာသည်။ မြေပြင်ကိုတိုက်စားသည်။ လေဟာနယ်ကို လောင်မြိုက်သည်။ အပူချိန်က ပြင်းထန်လွန်းသည်။ အဆင့်တူကျင့်ကြံသူများ ထိုမျှပူပြင်းသည့် ဝိညာည်စွမ်းအင်ကို သန့်စင်ရဲကြမည်မဟုတ်။
စွမ်းအင်သွေးကြောများ လောင်ကျွမ်းသွားပေလိမ့်မည်။
စွမ်းအင်ချော်ရည်များ လေထဲတွင် ဝဲပျံ၍ ချာချာလည်ပြိး မြားတံများအဖြစ်ပြောင်းသွားသည်။ အရှိန်ပြင်းစွာ ပျံထွက်လာသည်။
"လာစမ်းပါ"
လုယန်မျက်လုံးများ အရောင်လက်လာသည်။ လောင်မုန်တွင် ဝှက်ဖဲပညာတစ်ခုခုရှိမည်ဟု သူကြိုတွက်ထားပြီးဖြစ်သည်။
လုယန်ရှေ့တွင် ဓားရီပ်များစုဝေးလာသည် ဒိုင်းတစ်ခုအသွင်ဖြင့်ကာ၍ ဓားချီများထုတ်လွှတ်ပြီး ချောက်ရည်မြားတံများကို ဖျက်ဆီးသည်။
ထိုအချိန်ကိုအခွင့်ကောင်းယူ၍ မုန်ကျင်းကျိုးက ဒိုင်းကိုကာပြီး ပြေးတက်လာသည်။ ဒိုင်းနှစ်ခု ရင်ဆိုင်တွေ့သည်။ နှစ်ခုလုံးပျက်စီးသွားသည်။
နှစ်ယောက်လုံး နောက်ပြန်လွင့်သွားသည်။ မုန်ကျင်းကျိုးက အရင်ကိုယ်ရှိန်သပ်နိုင်သည်။ လုယန်ခြေမခိုင်သေးသည်ကို အခွင့်ကောင်းယူ၍ နောက်တစ်ကြိမ်ပြေးတက်သွားသည်။
ဓမ္ပပုံရိပ် ပြေးဝင်လာပြီး လုယန်ကို တွန်းတိုက်သည်။ သူတို့နှစ်ယောက် နီးကပ်လွန်းသဖြင့် လုယန် ဓားသုံးချိန်မရဘဲ ခန္ဓာကိုယ်ချင်းသာ ရင်ဆိုင်ရသည်။
လုယန် ဓမ္မခန္ဓာကို လက်သီးဖြင့်ထိုးသည်။ သို့သော် သူ့ကိုယ်ပိုင်အသားထက်ပင် မာကျောနေသည်ကို တွေ့ရသည်။ တစ်ဘက်ခံစစ်ကို လုံးဝချိုးဖျက်၍မရ။ ဓမ္မခန္ဓာက သူ့ကိုပြန်ထိုးချိန်တွင် ပြင်းထန်သည့်ဝေဒနာကို ခံစားရသည်။
လုယန်က မိုးမြေစွမ်းအားကိုသုံး၍ ခန္ဓာကိုယ်အရွယ်အစားမြှင့်ထားခြင်းသာ ဖြစ်သည်။ မုန်ကျင်းကျိုး၏ဓမ္မခန္ဓာက သူ့ကိုယ်ပိုင်အသွေးအသား(ယန်စွမ်းအင်) ပေါ်အခြေခံ၍ တည်ဆောက်ထားသည်။
ပုံမှန်ရုပ်ခန္ဓာချင်းယှဉ်လျှင် မုန်ကျင်းကျိုးက လုယန်ထက်နည်းနည်းသာသည်။ ယခု ဓမ္မခန္ဓာပုံရိပ်၏ စွမ်းအားလည်းဖြည့်ထားသဖြင့် လုယန်အရေးမလှဖြစ်နေသည်။
"ဘယ်လိုလဲလောင်လု၊ မင်းက လက်နက်ချင်းယှဉ်ရင်သာ ငါ့ထက်သာမှာပါ။ အနီးကပ်တိုက်ပွဲမျိုးမှာ မင်းငါ့ကိုမယှဉ်နိုင်ပါဘူး"
မုန်ကျင်းကျိုး အော်ဟစ်ရယ်မောနေသည်။ အောက်တန်းကျသည့် မသေမျိုးသတ်ဓားစက်ဝန်းကို လုယန်မသုံးသေး။ ထို့ကြောင့် မိုးမြေစွမ်းအားပညာ၏ အားနည်းချက်များကို စမ်းသပ်နေခြင်းသာဖြစ်ကြောင်း သူသိသည်။
ထိုစဉ် လုယန်ပညာ၏ ချို့ယွင်းချက်ကို သူနားလည်သွားသည်။ ပွဲသိမ်းဖို့ ဆုံးဖြတ်လိုက်သည်။
"ကောင်းကင်တုန်ရှစ်ကွက်"
ဓမ္မပုံရိပ်က မိုးမြေကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ကောင်းကင်တုန်ရှစ်ကွက်ပညာကို ထုတ်သုံးသည်။ လုယန် နောက်သို့ ဆက်တိုက်ဆုတ်နေရသည်။ လုယန်ခုခံလိုလျှင်ပင် သူရုပ်ခန္ဓာစွမ်းအားက မလုံလောက်။ ထို့ကြောင့် ခုခံနေလည်း အကျိုးမရှိ။
"ခုခံတဲ့နည်းလမ်းမျိုး လိုနေတယ်...."
လေလာထားသည့် ပညာရပ်များကို လုယန်ပြန်စဉ်းစားသည်။ အများစုက တိုက်ခိုက်သည့်ပညာများသာဖြစ်သည်။ ခုခံသည့်ပညာ မရှိသလောက်ရှားသည်။
"အင်း တစ်နည်းတော့ရှိတယ်ထင်တာပဲ။...လောင်မုန်။ မင်းဓမ္မခန္ဓာက မာကျောတယ်ဆိုပြီး အဟုတ်ထင်မနေနဲ့။ ငါလည်း ခုခံတဲ့ပညာတစ်ခုတတ်တယ်။...ဆယ့်ခြောက်ပေရွှေခန္ဓာ"
ဆယ့်ခြောက်ပေဗုဒ္ဓရွှေခန္ဓာတစ်ခု ပေါ်လာသည်။ ပြင်းထန်သည့်တိုက်ပွဲ ရုတ်တရက် ငြိမ်ကျသွားသည်။
"ဟားဟားဟား"
မုန်ကျင်းကျိုး စိတ်မထိန်းနိုင်ဘဲ အော်ရယ်သည်။ ရယ်ရလွန်း၍ မောလာသဖြင့် ဓမ္မခန္ဓာပုံရိပ်ကိုပင် ထိန်းထားဖို့ခက်လာသည်။
လုယန်မျက်ခုံးလှုပ်သွားသည်။ ယခုသူ့ခန္ဓာကိုယ်က ပေလေးငါးရာခန့်မြင့်သည်။ ဖန်တီးလိုက်သည့် ဆယ့်ခြောက်ပေဗုဒ္ဓရွှေခန္ဓာက သူလက်ဝါးလောက်ပင်မရှိ။ မုန်ကျင်းကျိုး၏ ဓမ္မခန္ဓာကို ခုခံနိုင်စရာအကြောင်းလုံးဝမရှိ။
"အကြံရပြီ"
သူ့ခေါင်းထဲအတွေးတစ်ခုပေါ်လာသည်။
"ဆယ့်ခြောက်ပေရွှေခန္ဓာ....ဆယ့်ခြောက်ပေရွှေခန္ဓာ....ဆယ့်ခြောက်ပေရွှေခန္ဓာ..."
ဆယ်ခြောက်ပေဗုဒ္ဓရွှေခန္ဓာပေါင်းများစွာ တစ်ဆက်တည်းသူဖန်တီးလိုက်သည်။ ဗုဒ္ဓရုပ်ထုများက သူ့ခန္ဓာကိုယ်ပေါ် သံချပ်ကာတစ်ခုလို ကပ်သွားသည်။ ခေါင်းအစခြေအဆုံး ဖုံးလွှမ်းသွားသည်။ လုံးဝလုံခြုံစိတ်ချရသည်။
လုယန်အရွယ်အစားက ကောင်းကင်မျိုမြေစားပညာကြောင့် ကြီးမားလာခဲ့သည်။ ဝိညာဉ်စွမ်းအင်ကန်အရွယ်အစားကလည်း အဆများစွာ ကြီးမားလာသည်။ ထို့ကြောင့်လည်း ဆယ့်ခြောက်ပေရွှေခန္ဓာပညာကို အရေအတွက်များစွာ ဖန်တီးနိုင်ခြင်းဖြစ်သည်။
"ဘယ်လိုလဲ"
လုယန်က သူ့သံချပ်ကာကို ကြွားသည်။ ဤတစ်ကြိမ်တွင် ခံစစ်က အတော်ခိုင်မာသွားသည်။
မုန်ကျင်းကျိုး မျက်ခုံးလှုပ်လာသည်။ လုယန်တစ်ကိုယ်လုံး လူရုပ်များပြည့်နေသည်။ အစောပိုင်းကထက် ပိုထူးဆန်းလာသည်။ ထူးဆန်လွန်းသဖြင့် လုယန်ကို နတ်ဆိုးလမ်စဉ်မှ လူ့ဘီလူးဟုခေါ်လျှင်ပင် ရနိုင်လောက်သည်။
"ကောင်းကင်တုန်ရှစ်ကွက်"
ပုံသဏ္ဌာန်ထူးဆန်းသော်လည် ခံစစ်က ခိုင်မာသည်။ မုန်ကျင်းကျိုး လုယန်ကို ကောင်းကင်တုန်လက်သီးဖြင့်ထိုးသည်။ ဆယ်ခြောက်ပေရွှေခန္ဓာများက လက်သီးစွမ်းအားအများစုကို စုပ်ယူသည်။ လုယန်မထိခိုက်။
"အား...တကယ်အလုပ်ဖြစ်သွားတဲ့ပုံပဲ"
ဆယ်ခြောက်ပေဗုဒ္ဓရုပ်သံချပ်ကာက မယုံနိုင်လောက်အောင် တောင့်တင်းမာကျောသည်။
"ဒါနဲ့ဆို မိုးမြေစွမ်းအားပညာက ပြည့်စုံတဲ့သွားပြီ"
လုယန် ပြုံးလိုက်သည်။ မုန်ကျင်းကျိုးနှင့် ပညာအသစ်စမ်းသပ်လေ့ကျင့်ရသည်မှာ ဟာကွက်ရှာဖို့ပိုလွယ်ကူသည်။
"မင်းတို့နှစ်ကောင်ဘာလုပ်နေကြတာလဲကွ။ ငါ့ရဲ့စန္ဒကူးဖြူတောအုပ်တော့ သွားပါပြီ။ ဒါမင်းတို့ နှစ်ယောက်ချင်းတိုက်ရမယ်နေရာလား"
အသံဗလံများကြောင့် တတိယအကြီးအကဲရောက်လာသည်။ မြင်ကွင်းကိုကြည့်၍ ဒေါသထွက်သွားသည်။ ထိုနှစ်ယောက် တိုက်ပွဲစွမ်းအားက စုစည်းခြင်းအဆင့်ရှိသည်။ မြေပြင်နှင့်တောအုပ် လုံးဝပျက်စီးသွားသည်။
မြေပြင်က ပြင်းထန်သည့်အပူရှိန်ကြောင့် မည်းတူးသွားသည်။ ချော်ရည်ရောင်ကဲ့သို့ပင် ပြောင်လက်နေသေးသည်။ သစ်ပင်များကလည်း ဆိုစရာမရှိ။ အားလုံးမီးသွေးပြာများဖြစ်နေသည်။
...ငါတို့ဂိုဏ်းမှာ ဒီလောက်နေရာလွတ်တွေ အများကြီးရှိတာ။ ဒီနေရာကိုမှရွေးပြီး တိုက်ခိုက်ကြတယ်ပေါ့...
အထူးသဖြင့် စန္ဒကူးတောအုပ်သည် တတိယအကြီးအကဲ နှစ်ပေါင်းများစွာ ဂရုစိုက်ပြုစုလာသည့် တောအုပ်ဖြစ်သည်။ ယခု မီးသွေးပြင်ဖြစ်သွားသည်။
ဤနေရာသည် မုန်ကျင်းကျိုးနေသည့်နေရာတော့မှန်သည်။ သို့သော် ဤတောင်ထိပ်ကို တတိယအကြီးအကဲပိုင်သည်။
ဒေါသထွက်နေသဖြင့် တတိယအကြီးအကဲ ထိုလူ့ဘီလူးနှစ်ယောက်၏ခေါင်းကို လက်သီးတစ်ချက်စီ ထုလိုက်သည်။
ဓမ္မခန္ဓာမုန်ကျ်းကျိုးနှင့်လုယန် မြေထဲသို့မြုပ်ဝင်သွားသည်။ ဦးခေါင်းသာကျန်ခဲ့သည်။
တတိယအကြီးအကဲက မုန်ကျင်းကျိုးကို မျက်နှာတင်းတင်းဖြင့်ကြည့်၍
"မင်းကိုငါ ဆုံးမသွန်သင်တာလိုခဲ့တဲ့ပုံပဲ။ တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းမှာ နှစ်လတိတိ စေတနာလုပ်သားအဖြစ် သွားလုပ်ပါ။ နှစ်လမပြည့်မချင်း ပြန်မလာနဲ့"
မဟာရှားမှ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်း အဓိကယူထားသည့်တာဝန်က ကျင့်ကြံသူများ၏ တိုက်ပွဲနေရာများကို ရှင်းလင်းဖို့နှင့် မြေအနေအထား ပြန်လည်ပြုပြင်ဖို့ဖြစ်သည်။
မုန်ကျင်းကျိုး အထပ်ထပ်ခေါင်းငြိမ့်သည်။
လုယန်က တာအိုရှင်ဝစီပိတ်၏တပည့်ဖြစ်သည်။ ထို့ကြောင့် တတိယအကြီးအကဲအနေဖြင့် သူ့ကိုအပြစ်ပေး၍အဆင်မပြေ။
အကြီးအကဲထွက်သွားပြီးနောက် သူတို့နှစ်ယောက် မြေကြီးထဲမှထွက်လာသည်။ တစ်ကိုယ်လုံး ဖုံအလူးလူးဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေသည်။
"အဲဒါ အကြောင်းမရှိဘဲ မင်းငါ့ဆီလာပြီး စိန်ခေါ်လို့ဖြစ်ရတာ"
"သိပ်ကိစ္စမရှိပါဘူး။ တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းမှ နှစ်လပညာသင်ရုံပဲလေ။ ငါလည်းမင်းနဲ့အတူလိုက်ခဲ့မယ်"
************************