← Chapters

အခန်း (၁၀၆၃-၁၀၆၅)

Vol. 71 Ch. 1063-1065

အခန်း (၁၀၆၃-၁၀၆၅)

Vol. 71 Ch. 1063-1065

အခန်း (၁၀၆၃) လမ်းတွင်နည်းနည်းနှောင့်နှေးသည်

လုယန်အသိတရားမပျောက်သေးပါ။ လောင်မုန်အပြစ်ပေးခံရခြင်းသည့် သူတိုက်ခိုက်ဖို့ လောဆော်ခဲ့၍ဖြစ်ကြောင်း သူသိသည်။

ထို့ကြောင့် စန္ဒကူးတောအုပ်ပစ္စည်းသည့်ကိစ္စတွင် သူလည်း တာဝန်ရှိသည်။

ထို့ကြောင့် တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းသို့လိုက်ပြီး စေတနာရှင်လုပ်သားအဖြစ် နှစ်လလုပ်မည်ဟု ပြောခြင်းဖြစ်သည်။

"အဲဒါမှ တရားမျှတမှာပေါ့"

တောင်ဖြည့်ပင်လယ်ရွှေဂိုဏ်းသို့မသွားမီ မုန်ကင်းကျိုးလှိုဏ်ဂူတံခါးနှင့် ဘေးပတ်လည်မြေနေရာကို မူလအတိုင်းဖြစ်အောင် ပြန်ပြင်ကြသည်။

အဝေးမှကြည့်လျှင် ခန္ဓာသန့်စင်မှုတောင်ထိပ်က ခွေးတစ်ကောင်ကိုက်ဝါးခံထားရသလို ပြောင်ရှင်းနေသည်။ တကယ်ကြည့်ရဆိုးသည်။

တန်ချန်ဝူ၏ အချိန်နောက်ပြန်ရစ်စွန်းအားကိုသုံးဖို့ လုယန်မစဉ်းစားပါ။ လူသတ်မှုများကြုံချိန်မှသာ လူကယ်ရန် လူသတ်သမားဖမ်းရန်အတွက် အချိန်နောက်ပြန်ရစ်ဖို့ သူတောင်းဆိုသည်။

ဤတစ်ကြိမ်က ထိုအခြေအနေမျိုးမဟုတ်။ သူ့အတွက် တန်ချန်ဝူကိုသတ်သေပေးဖို့ မတောင်းဆိုချင်။ ယခုကိစ္စက သူ့အမှားဖြစ်သည်။ တန်ချန်ဝူက ပြန်ရှင်သန်နိုင်သော်လည်း သေပေးရသည့်ကိစ္စသည် ပျော်စရာအတွေ့အကြုံမျိုးမဟုတ်။

သူပြဿနာကြုံတိုင်း တန်ချန်ဝူကို စတေးပေးဖို့ သူတောင်းဆိုနေလျှင် တန်ချန်ဝူဘဝကို အလေးမထားသလို ဖြစ်လာမည်။ ပစ္စည်းတစ်ခုလို ဆက်ဆံမိလာမည်။

နှစ်ယောက်သား အလုပ်အတူလုပ်ကြသည်။ မြေကြီးလေးငါးလွှာ ကော်ထုတ်သည်။ နောက်ဆုံးတွင် မီးလောင်မြေသားနှင့်မြက်ပင်အားလုံး ရှင်းသွားသည်။ ထို့နောက်ဂိုဏ်း၏ မြက်စိမ်းလွင်ပြင်မှ မြေဆီတစ်ချို့ယူပြီး တူးထားသည့်တွင်းများထဲဖြည့်သည်။

"စန္ဒကူးတောအုပ်ကိစ္စ ဘယ်လိုလုပ်မလဲ။ သစ်ပင်စိုက်မှော်ပညာသုံးကြမှာလား"

မုန်ကျင်းကျိုးကမေးသည်။

လုယန် နည်းနည်းအခက်တွေ့သွားသည်။ ခဏစဉ်းစားပြီးနောက် သူအကြံပြုသည်။

"ဒီတောအုပ်က တတိယအကြီးအကဲကိုယ်တိုင် စိုက်ထားတာဆိုတော့ သစ်ပင်စိုက်ပညာနဲ့ ပြန်ဖန်တီးလိုက်ရင် အကြီးအကဲရဲ့ ကြိုးစားအားထုတ်ထားတဲ့ အနှစ်သာရတွေ အားလုံးပျောက်သွားမှာပေါ့။

စန္ဒကူးစေ့တွေစိုက်ပြီး သဘာဝအတိုင်းကြီးလာအောင်လုပ်တာပဲ အကောင်းဆုံးဖြစ်မှာပါ"

"ဒါလည်းဟုတ်တာပဲ"

သူတို့နှစ်ယောက် မစ်ရှင်ခန်းမမှ စန္ဒကူးစေ့ အိတ်ကြီတစ်အိတ်ဝယ်သည်။ လုယန်က ဓားဖြင့် တွင်းတူးသည်။ မုန်ကျင်းကျိုးက လက်နှစ်ဖက်ဖြင့်တူးသည်။ အတော်ပင်ပင်ပန်းပန်းတူးကြပြီးနောက် အလုပ်ပြီးသွားသည်။

တကယ်တမ်းပြောရလျှင် ထိုသို့လုပ်ရသည်ကလည်း စိတ်ကျေနပ်မှုတစ်မျိုးရသည်။

.....

"နောက်ဆုံးတော့ တောင်ဖြည့်ပင်လယ်ရွှေဂိုဏ်းကို ရောက်လာပြီပေါ့"

လုယန် လက်နှစ်ဘက်ကို ဆန့်ထုတ်လိုက်သည်။ လာခဲ့ရသည့်ခရီးက အတော်ပင်ပန်းသည်။ သို့သော် ကံကာင်းထောက်မစွာဖြင့် ခရီးလမ်းက ချောမွေ့ခဲ့သည်။ ပြသနာကြီးကြီးမားမားမကြုံခဲ့။

ဝိညာဉ်‌ပြောင်းအဆင့်များဖြစ်၍ လှေပျံစီးဖို့မလိုဟု သူတို့နှစ်ယောက် တွေးခဲ့ကြသည်။ တောင်ဖြည့်ပင်လယ်ရွှေဂိုဏ်းဆီ တိုက်ရိုက်ပျံသန်းနိုင်သည်။

သို့သော် သူတို့လာသည့်လမ်းတွင် နှစ်တစ်ရာတစ်ခါပွင့်သည့် လျှို့ဝှက်မြေတစ်ခုနှင့်ကြုံသည်။

ထိုလျှို့ဝှက်မြေက ဝိညာဉ်ပြောင်းဆင့်များသာဝင်နိုင်သည့် သီးခြားနေရာဖြစ်သည်။ ဤနေရာထိ ရောက်လာပြီးမှ မထူးတော့ဟုတွေး၍ သူတို့ဝင်ကြသည်။ စမ်းသပ်မှုသုံးခုကို ဆက်တိုက်ဖြတ်ကျော်သည်။ တတိယစမ်းသပ်ချက်ပြီးဆုံးချိန်တွင် လျှို့ဝှက်မြေ၏ဝိညာဉ်နှင့်တွေ့သည်။ သူတို့စမ်းသပ်ချက်ဖြတ်ကျော်သည့်နည်းကို မကျေပ်နပ်သဖြင့် ထိုဝိညာဉ်က တိုက်ကွက်ပေါင်းလေးရာထိ တိုက်ခိုက်သည်။

ထို့နောက် နိုင်တော့မှန်းသိသဖြင့် သူတို့ကိုအာရုံလွှဲဖို့ လျှို့ဝှက်မြေ၏သမိုင်းကြောင်းကို ပြောပြသည်။ လျှို့ဝှက်မြေအပေါ်ထိန်းချုပ်နိုင်သည့် အခွင့်အာဏာကိုသုံး၍ သူတို့ကို မောင်းထုတ်သည်။ နောက်ထပ် ဤလျှို့ဝှက်မြေသို့ လုံးဝထပ်မလာဖို့ ပြောသည်။

လျှို့ဝှက်မြေ၏ဝိညာဉ်က ရောက်ချင်ရာရောက်သဘောထား၍ လေဟာနယ်လမ်းကြောင်းဖြင့် ပို့လိုက်သည်။ သူတော်စင်မိသားစုတစ်ခု၏ တားမြစ်နယ်မြေထဲ သူတို့ရောက်သွားသည်။ ထိုမိသားစုက နတ်ဆိုးတစ်ကောင်ကို ထိန်းချုပ်ဖို့ ထိုနေရာတွင် မျိုးရိုးစဉ်ဆက်စတည်းချနေရခြင်းဖြစ်သည်။ နှစ်တစ်ရာပြည့်တိုင်း ချိတ်ပိတ်တံဆိပ်ကို ထိန်းချုပ်နိုင်ဖို့ မျိုးဆက်သစ်လူငယ်များ မိန်းကလေးများကို စတေးရသည်။

နှစ်တစ်သိန်းကြာအောင် သူတို့သွေးဖြင့်ရင်း၍ မှော်စက်ဝန်းသက်တမ်းကို ဆွဲဆန့်ခဲ့ကြရသည်။

ထိုနတ်ဆိုးသည့် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည့် ကူးဖြတ်ခြင်းအဆင့် မကောင်းဆိုးဝါးဖြစ်သည်။ သူတော်စင်မိသားစုသည် သူ့မျိုးဆက်များဖြစ်သည်။ လုယန်တို့နှစ်ယောက် စတေးခံမည့် လူငယ်များကို ကယ်တင်သည်။ နတ်ဆိုးနှင့် တိုက်ကွက်ပေါင်းရာချီ၍ တိုက်ခိုက်ပြီးနောက် ထိုကိစ္စ ရုံးတော်သို့တိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ယွီကျိုးရုံးတော်က လူလွှတ်၍ နတ်ဆိုးကိုရှင်းသည်။ သူတော်စင်မိသားစုကို ထိုဝန်ထုပ်ဝန်ပိုးများ တစ်ကိုယ်တည်းထမ်းမထားဖို့ အကြံပြုသည်။ လုယန်တို့နှစ်ယောက်၏လုပ်ရပ်အတွက် ချီးကျူးဂုဏ်ပြုသည်။

ဂုဏ်ပြုချီးမြှင့်ခံရပြီးချိန်တွင် သူလက်ဆောင်ပေးထားသည့် သစ်သားဓားကိုသုံးနေသူရှိကြောင်း လုယန် အာရုံခံမိသည်။ ဓားချီကို ခြေရာခံ၍လိုက်သည်။ အမွှာမြစ်မှ မွေးဖွားသည့် ဖူလင်းတို့ညီအမကိုတွေ့ရသည်။

ချွမ်ကျန်းမြို့တွင် လေဟာနယ်အရှင်နှင့် အိပ်မက်ဆိုးအဓိပဓိကို ရင်ဆိုင်ပြီးနောက်ပိုင်း ဖူလင်းညီအမအတွက် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သစ်သားဓားတစ်ချောင်းစီပေးခဲ့သည်။ ယခု ပြဿနာရှာသူများနှင့် ကြုံရသဖြင့် ထိုဓားကိုထုတ်သုံးရသည်။ ထိုသစ်သားဓားသည် လုယန်လက်ဆောင်ပေးထားခြင်းဖြစ်ကြောင်း သူတို့ပြောသည်။

သို့သော် လုယန်အရှိန်အဝါကိုကြောက်သော်လည်း ပြဿနာရှာသူများက သူတို့စကားကို သိပ်မယုံကြ။ ထို့ကြောင့် ဖူညီအမကို ဆက်ဒုက္ခပေးရန် ကြိုးစားသည်။ အရေးကြီးသည့်အချိန်တွင် လုယန်ရောက်သွားပြီး သူတို့ကိုကယ်လိုက်သည်။ ပြဿနာရှာသူများကို အပြစ်ပေးသည်။ ညီအမနှစ်ယောက်ကို သစ်သားဓားအသစ်တစ်ချောင်း လက်‌ဆောင်ပေးခဲ့သည်။

"နောက်တစ်ခါ ငါတို့ခရီးထွက်ရင် လှေပျံပဲစီးကြတာပေါ့။ နည်းနည်းနှေးပေမယ့် ပြဿနာကြုံနိုင်ခြေနည်းတယ်"

မုန်ကျင်းကျိုးက အကြံပြုသည်။

"အေးပါ၊ အဲလိုစမ်းကြည့်တာပေါ့"

လုယန် ခေါင်းငြိမ့်သည်။ လှေပျံဖြင့်ခရီးသွားခဲ့သည့် သူ့အတွေ့အကြုံများကို ပြန်စဉ်းစားမိသည်။ ပြဿနာကြုံလျှင်ပင် ခရီးစဉ်ကိုတော့ မထိခိုက်ခဲ့။

"တောင်ဖြည့်ပင်လယ်ရွှေဂိုဏ်းက နေရာကောင်းရွေးတတ်သားပဲ"

ရည်ရွယ်ထားသည့်နေရာသို့ ရောက်ပြီဖြစ်၍ မုန်ကျင်းကျိုး စိတ်သက်သာရာရသွားပြီး သက်ပြင်းချသည်။ ဤနေရာမှလေထုက ပိုလတ်ဆတ်သလို ခံစားရသည်။

တောင်ဖြည့်ပင်လယ်ရွှေဂိုဏ်းသည် တောင်တန်များပတ်လည်ဝိုင်းနေသည့်နေရာတွင် တည်ရှိသည်။ မြစ်တစ်စင်းလည်း ဘေးတွင်ရှိသည်။ ပတ်ဝန်းကျင် လှပသာရာသည်။ ...သို့သော်‌ တောင်တန်းများ တည်ငြိမ်နေဖို့တော့လိုသည်။

တောင်ဖြည့်ပင်လယ်ရွှေဂိုဏ်း၏ ဖြစ်တည်မှုက အတော်ထူးခြားသည်။ မဟာရှားရုံးတော်လက်အောက်ခံဂိုဏ်းဖြစ်သည်။ ရာထူးအဆင့်လိုက် အုပ်ချုပ်သည့်စနစ်မျိုးမရှိ။

ကျင့်ကြံသူတိုက်ပွဲတို့၏ နောက်ဆက်တွဲကိစ္စများအတွက် အဓိကတာဝန်ယူသည်။ မြေအနေအထားပြုပြင်သည်။ တောင်တန်းများပြုပြင်သည်။ သစ်ပင်စိုက်သည်။ စသဖြင့်ရှိသည်။ ထို့ကြောင့် ထိုဂိုဏ်းသို့ဝင်လိုလျှင် အနည်းဆုံး မြေဓာတ် သို့မဟုတ် သစ်သားဓာတ်ပါသည့် ဝိညာဉ်မြစ်မျိုးရှိရမည်။

သူတို့နှစ်ယောက် ဂိုဏ်းအပြင်ဘက်မှ လှမ်းကြည့်သည်။ တောင်ကုန်းများဟိုဟိုဒီဒီ ရွေ့လျားနေသည်ကို မြင်ရသည်။ ဂိုဏ်းတပည့်များ တောင်ရွှေ့စွမ်းရည် လေ့ကျင့်နေကြခြင်းဖြစ်သည်။

"မင်္ဂလာပါမိတ်ဆွေတို့၊ ကျုပ်တို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ။ ဒီစာလေး ခင်ဗျားတို့ဂိုဏ်းချုပ်ကို ပေးပေးပါ။ ကျုပ်တို့ဆွေးနွေးစရာကိစ္စရှိလို့ပါ"

အပြင်လောကသို့ခရီးထွက်ချိန်တွင် တာအိုလမ်းစဉ်ဂိုဏ်း၏ဂုဏ်သိက္ခာကို သူတို့ကိုယ်စားပြုသည်။ သူတို့အမြန်ပြေးလာရသဖြင့် ဖုန်အလူးလူးနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ ရုပ်ရည်သွင်ပြင် သပ်ရပ်အောင်ပြုပြင်ပြီးမှ တောင်ဖြည့်ပင်လယ်ရွှေဂိုဏ်းဂိတ်တံခါးသို့ လာသည်။ တတိယအကြီးအကဲ၏ မိတ်ဆက်စာကို ဂိတ်စောင့်တပည့်ထံပေးလိုက်သည်။

"လုယန်နဲ့ မုန်ကျင်းကျိုးလား"

ဂိတ်စောင့်က တစ်ချက်ကြည့်ရုံဖြင့် သူတို့ကိုနောက်ခံကိုသိသည်။ အတော်စိတ်လှုပ်ရှားပျော်ရွှင်လာသည်။

"တိုက်ပွဲမှာမြေနေရာပျက်စီးသွားလို့ ပြန်ပြင်ဖို့အတွက် ကျုပ်တို့ဆီ အကူအညီလာတောင်းတာလား"

သူတို့ဂိုဏ်းသို့လာသူတိုင်းက ထိုကိစ္စကြောင့်သာဖြစ်သည်။

လုယန်က တည်ကြည်သည့်မျက်နှာဖြင့်ပြောသည်။

"မင်းတို့ဂိုဏ်းက ကျင့်ကြံသူတိုက်ပွဲတွေရဲ့ နောက်ဆက်တွဲအပျက်အစီးတွေကို တာဝန်ယူဖြေရှင်းပေးရတော့ အရမ်းပင်ပန်းပြီး လူအင်အားမကြာခဏပြတ်လပ်တယ်လို့ ငါတို့ကြားတယ်။

ဒါကြောင့် ငါတို့ညီအကို မင်းတို့ဂိုဏ်းရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ချို့ကို မျှထမ်းပေးဖို့ ဆုံးဖြတ်ခဲ့တာ"

မုန်ကျင်းကျိုးက ဘာမှမပြောဘဲ အလေးအနက်မျက်နှာဖြင့် ခေါင်းငြိမ့်သည်။

သေချာသွားသည်။ ထိုနှစ်ယောက်သည် ပုံပြင်ထဲတွင်ပြောကြသည့်အတိုင်း သိက္ခာသမာဓိအပြည့်ရှိသည်။ ဂိတ်စောင့်စိတ်ထဲ ပို၍လေးစားလာသည်။

"အခုချက်ချင်း ဂိုဏ်းချုပ်ကို သွားအကြောင်းကြားပေးပါ့မယ်"

သိပ်မကြာမီ ဂိတ်စောင့်ပြန်ရောက်လာပြီး သူတို့ကို အထဲခေါ်သွားသည်။ ဂိုဏ်းချုပ်နှင့် တွေ့သည်။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းချုပ်နာမည်က ခုန်လျန်ရှန်းဖြစ်သည်။ သက်လတ်ပိုင်းအရွယ် မုတ်ဆိတ်ရှည်ရှည် စာပေသမားဟန်မျိုးရှိသည်။

ဂိုဏ်းချုပ်ခုန်က မိတ်ဆက်စာကိုဘေးတွင် ချထားပြီး ခံ့ညားသည့်ထိုင်ခံတစ်လုံးတွင် ထိုင်နေသည်။

"ဂိုဏ်းချုပ်ခုန်ကို ဂါရဝပြုပါတယ်"

ခုန်ချန်ရှန်းထရပ်လာပြီး မုတ်ဆိတ်ကိုသပ်၍ အပြုံးဖြင့်ကြိုဆိုသည်။ သူတို့နှစ်ယောက်ကို အတော်သဘောကျနေဟန်ရှိသည်။

"ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်တဲ့ တကယ့်လူငယ်သူရဲကောင်းတွေပဲ"

"စန်းကျန်းက စာထဲမှာပြောထားတယ်။ ငါတို့ကိုကူညီဖို့ မင်းတို့ ဒီမှာနှစ်လနေရမယ်တဲ့။ သူငါ့ဆီကို လူလွှတ်ဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူစိတ်ဆိုးအောင် မင်းတို့ဘာများလုပ်ခဲ့မိကြတာလဲ"

မုန်ကျင်းကျိုးက အမှားကို ရိုးသားစွာဝန်ခံသည်။

"ကျုပ်တို့နှစ်ယောက် တိုက်ခိုက်ရင်းနဲ့ သူ့ရဲ့စန္ဒကူးဖြတ်သစ်တောကို မတော်တဆဖျက်ဆီးမိလို့ပါ"

ဂိုဏ်းချုပ်ခုန် တဟားဟားအော်ရယ်သည်။

"ဪ..စန္ဒကူးဖြူတောအုပ်ဖျက်ဆီးမိလို့ မင်းတို့ငါ့ဆီရောက်လာတယ်ပေါ့။ လူတိုင်းက ငယ်တဲ့အချိန်မှာ မှားတတ်ကြတာပဲ။ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်ပါတယ်"

ဂိုဏ်းချုပ်ခုန် တစ်ခုတွေးမိဟန်ဖြင့် မိတ်ဆက်စာကို ပြန်ယူ၍ကြည့်သည်။

"ဒါနဲ့ စာထဲမှာက မင်းတို့တွေ ဇူလိုင်လအစောပိုင်းမှာရောက်မယ်လို့ ပြောထားတာပါ။ ဘာလို့ ဩဂုတ်လလယ်ကျမှ ရောက်လာတာလဲ"

"လမ်းမှာ အသေးအဖွဲကိစ္စလေးတွေကြုံလို့ နှောင့်နှေးသွားတာပါ"

*********************************

အခန်း (၁၀၆၄) မြေပုံကိုအခြေခံသည်

ဂိုဏ္းချုပ်ခုန် ထို'အသေးအဖွဲကိစ္စများ'အကြောင်းကို သိချင်မိသည်။ သို့သော် သူသည် စပ်စုရသည့်အလုပ်ကို သိပ်ဝါသနာမပါ။ ထို့ကြောင့် မမေးတော့။

"ဒါဆို မင်းတို့က ဒီမှာနှစ်လနေမယ်။ နှစ်လပြီးရင် မင်းတို့နှစ်ယောက် ဒီမှာကောင်းကောင်းနေခဲ့ပါတယ်ဆိုတာ စန်းကျန်းဆီ ငါပြန်ပြီးစာရေးပေးရုံပဲပေါ့။ တစ်ခြားတစ်ခုခုလုပ်ချင်တာ ရှိသေးလား"

လုယန်တို့နှစ်ယောက်၏ စိတ်အတွေးအစစ်ကို သူသိချင်သည်။ သူတို့ဂိုဏ်းသို့ တစ်ခြားဂိုဏ်မှ ဂိုဏ်းတပည်များပို့ကြသည်မှာ ယခုမှမဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်းအပြင် တစ်ခြားမသေမျိုးလေးဂိုဏ်း၊ မဟာထိပ်တန်းဂိုဏ်း၊ ပထမအဆင့်ဂိုဏ်း။

အားလုံးက အမှားလုပ်သည့်တပည့်များကို ဒဏ်ပေးသည့်အနေဖြင့် ဤဂိုဏ်းသို့ ပို့ကြသည်။

ထိုတပည့်များထဲတွင် တစ်ချို့က စိတ်ပါလက်ပါ အပြစ်ခံယူသည်။ တစ်ချို့က စိတ်မပါလက်မပါ အလုပ်လုပ်ကြသည်။ ထိုစိတ်မပါသူများကို အလုပ်ပေးဖို့စီစဉ်ရသည်က ဒုက္ခများသည်။ ထို့ကြောင့် အချိန်ပြည့်သည်အထိသာ ဂိုဏ်းတွင်ထားပြီး ပြန်လွှတ်လိုက်သည်။

မုန်ကျင်းကျိုးက လေးလေးစားစားဦးညွှတ်၍ စိတ်အားထက်သန်စွာပြောသည်။

"ကျုပ်တို့အမှားလုပ်ထားတော့ အပြစ်ခံယူရမှာပါ။ ပြီးတော့ ဒါကလည်း ရတောင့်ရခဲအတွေ့အကြုံမျိုးပါပဲ။ ကျုပ်တို့ညီအကို တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းအတွက် အကျိုးဆောင်ပေးဖို့ဆန္ဒရှိပါတယ်"

"မဆိုးဘူး"

ခုန်လျန်ရှန်း ခေါင်းငြိမ့်သည်။ ထိုနျစ်ယောက်သည် ကျင့်စဉ်ပါရမီထူးရုံသာမက စိတ်ဓာတ်အခံလည်း ကောင်းသည်။ တကယ်ရှားပါးသည့် မျိုးဆက်များဖြစ်သည်။

ထိုမျှအသက်ငယ်ငယ်ဖြင့် ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ရောက်နေသည်။ လောကတွင် ပြိုင်ဘက်ကင်းဖြစ်သည်။

"ငါတို့ဂိုဏ်းအကြောင်း မင်းတို့ဘယ်လောက်သိလဲ"

လုယန်တို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်သည်။ မျက်လုံးတွင် နည်းနည်းရှက်ရွံ့သည့်အရိပ်မျိုးပေါ်လာသည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းအကြောင်း သူတို့သိပ်မသိ။

သူတို့မျက်နှာကိုအကဲခတ်၍ ဂိုဏ်းချုပ်ခုန် သဘောပေါက်သည်။ အနေမခက်စေရန် ပြုံး၍ပြောသည်။

"ငါတို့ဂိုဏ်းအကြောင်း ကျင့်ကြံသူတွေ သိပ်မသိကြဘူး။ မင်းတို့မသိတာလည်း မဆန်းလှပါဘူး။ ငါတို့ဂိုဏ်းက နာမည်မကြီးပေမယ့် ကျင့်ကြံသူတွေအတွက်တော့ အတော်အရေးပါတယ်။

ငါကိစ္စတစ်ချို့ပြောပြမယ်။ ဒါမှ ငါတို့ဂိုဏ်းရဲ့ အရေးပါပုံကို မင်းတို့နားလည်လာမှာ။

ချင်းကျိုးပွဲတော်မှာတုန်းက ကောင်းကင်ကပ်ဆိုးအရှင် နှောက်ယှက်ခဲ့တယ်။ တောင်တန်းတွေပြိုကျသွားတယ်။ လုံးဝပျောက်သွးတဲ့ တောင်တန်းတွေတောင်ရှိတယ်။ အဲဒီ့တောင်တန်းတွေ မူလပုံစံအတိုင်းပြန်ဖြစ်ဖို့ ငါတို့အတော်ကြိုးစားအားထုတ်ပြီး ပြုပြင်ခဲ့ရတယ်။

ဆဋ္ဌမယုအင်ပါယာ ဝူယွီထောင်က အရိုင်းပြည်နယ်ဟန်ရွှေမြို့ကို တိုက်ခိုက်တယ်။ ရှေးဟောင်းကောင်းကင်ရုံး‌တော်က ကောင်းကင်ပဲဝါအရှင်နဲ့ ရင်ဆိုင်တွေ့တယ်။ သူရှုံးလို့ နောက်ဆုတ်သွားတယ်။

ဟန်ရွှေက အိမ်တစ်ချို့ ပျက်စီးသွားတယ်။ မြို့ပြင်ကနေရာတွေ မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားတယ်။ အခု ဟန်ရွှေ့ကို မူလအခြေအနေဖြစ်အောင် ပြန်ပြုပြင်ထားတယ်။ ဒါငါတို့ဂိုဏ်းရဲ့ ကြိုးစားအားထုတ်မှုပဲ။

ပြီးတော့ ချန်ကျန်းမြို့လည်း ရှိသေးတယ်။ လေဟာနယ်အရှင်က လေဟာနယ် နယ်မြေထဲကို ဆွဲယူသွားတယ်။ မြို့က မပျက်စီးပေမယ့် မသေမျိုးတစ်ဝက်တိုက်ပွဲကို မြင်ခဲ့ကြတဲ့ မြိုခံတွေက အတော်ထိတ်လန့်သွားကြတယ်။

သူတို့ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုတွေလုပ်ဖို့ ငါတို့ဂိုဏ်းကပဲ တာဝန်ယူရတယ်။

နောက်တစ်ခုပြောရရင် နန်းမြို့တော်က မသေမျိုးတိုက်ပွဲပေါ့။ မုန်ကျင်းဇီနဲ့ မဟာယုနိုင်ငံဆရာ တိုက်ခိုက်တော့။ တကယ်ထင်ရှားတဲ့ နန်းမြို့တော်ကအဆောက်အအုံတွေ အများကြီးပျက်စီးတယ်။ အကျိုးအပဲ့တွေ ဖြစ်သွားတယ်။ နန်းမြို့တော်ကို ပြန်အသက်ဝင်အောင် မူလအခြေအနေပြန်ရအောင် ငါတို့ပဲလုပ်ပေးခဲ့တာ။

ပြီးတော့ အနောက်မိုးပျံဘုံကျောင်းပေါ့။ ကောင်းကင်အင်ပါယာရဲ့ ကိုယ်ပွားကြောင့် ပျက်စိးသွားတယ်။ အခုထိ ပြန်မပြင်ရသေးဘူး။ ငါတို့ဂိုဏ်းသာ တာဝန်ယူမယ်ဆို ဒီဘုံကောင်း ပြန်ပြင်ပြီးတာကြာပေါ့"

ခုန်လျန်ရှန်းက တာဝန်ယူဖြေရှင်းခဲ့သည့် အဖြစ်အပျက်များကို အစဉ်လိုက်ရှင်းပြနေသည်။ သူ့လေသံတွင် ဂုဏ်ယူဝင့်ကြွားသည့်အရိပ် နည်းနည်းပါသည်။

လုယန်တို့ ခေါင်းငြိမ့်သည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းအကြောင်း ပိုနားလည်လာသည်။ ထိုတိုက်ပွဲများကို သူတို့ကိုယ်တွေ့မြင်ခဲ့သည်။ ပြန်ပြုပြင်ဖို့ ဘယ်လောက်ခက်ခဲကြောင်းသိသည်။ ဤဂိုဏ်းသည့် ထူးခြားသည့် ကိုယ်ပိုင်စွမ်းရည်မျိုး တကယ်ရှိသည်။

သူတို့စကားပြောနေစဉ် လူငယ်တစ်ယောက်ဝင်လာသည်။ လုယန်နှင့်မုန်ကျင်းကျိုးကို မြင်ပြီးနောက် နည်းနည်းအံ့ဩသည့်အမူအရာ ပေါ်လာသည်။ သို့သော် ဘာမှမပြော။ လာရင်းကိစ္စကိုသာ ပြောသည်။

"ဆရာ တာဝန်တစ်ခု ပေါ်လာပါပြီ"

"ဘာတာတန်လဲ"

"နောက်သုံးရက်ကြာရင် ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်နှစ်ယောက် ချင်နွှီတောင်တန်းမှာ တိုက်ခိုက်ဖို့ ချိန်းထားကြပါတယ်။ တိုက်ပွဲပြီးသွားရင် နောက်ဆက်တွဲကိစ္စတွေကို ကျုပ်တို့ဂိုဏ်းကတာဝန်ယူပေးဖို့ တောင်းဆိုထားတယ်"

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသည် ရုံးတော်မှချပေးသည့် တာဝန်များဆောင်ရွက်ရသည်။ ထို့ပြင် သာမန်ကျင့်ကြံသူများ၏ တိုက်ပွဲအပျက်အစီးကိုလည်း ရှင်းလင်းဖို့တာဝန်ယူရသည်။

ဒုတိယကိစ္စအတွက် အခြေအနေနှစ်မျိုးရှိသည်။ တိုက်ပွဲပြီးလျှင် သူတို့ဂိုဏ်း ကော်မရှင်ကြေးရသည်။ သို့မဟုတ် တိုက်ပွဲမစမီ ကြိုရသည်။ သို့သော် ကြိုတင်ပေးသည့် ကော်မရှင်ကြေးသည် တိုက်ပွဲပြီးမှရသည့် ကော်မရှင်ကြေးလောက်မများ။

မည်သို့ဆိုစေ ပထမအခြေနေတွင် ဂိုဏ်းအနေဖြင့် တိုက်ပွဲမဖြစ်မီကအခြေအနေကို တစ်ခြားသတင်းလမ်းကြောင်းများမှ ရှာဖွေလေ့လာရသည်။ ဒုတိယအခြေအနေက တိုက်ခိုက်မည့်နေရာကို ကြိုတင်လေ့လာထားနိုင်သဖြင့် ဒုက္ခများစါာ သက်သာသည်။

"သုံးရက်အတွင်းလား၊ ကောင်းပြီလေ"

ဂိုဏ်းချုပ်ခုန် လုယန်တို့နှစ်ယောက်ကို လှည့်ကြည့်သည်။

"ဒီကိစ္စက မင်းတို့နှစ်ယောက် ငါတို့ဂိုဏ်းရဲ့ လုပ်ကိုင်ပုံစနစ်ကို နားလည်နိုင်ဖို့အတွက် သိပ်ကောင်းတဲ့အခွင်အရေးပဲ"

"ဂိုဏ်းချုပ်၊ ဒီနှစ်ယောက် လုယန်နှင့်မုန်ကျင်းကျိုးလား"

သတင်းပို့လာသည့်လူငယ် မေးသည်။

ယနေ့ခေတ်တွင် အမြဲတမ်းတံခါးပိတ်ကျင့်နေသူများမှလွဲလျှင် လုယန်နှင့်မုန်ကျင်းကျိုးကို မသိသူဟူ၍ လောကတွင်မရှိသည်။

"အဲ ဟုတ်သားပဲ။ မင်းတို့ကို ငါမိတ်ဆက်မပေးရသေးဘူး။...ဒါက ငါ့ရဲ့အကြီးဆုံးတပည့်ဖန်ကျင်းပါ။ စုစည်းခြင်းအဆင့်ကို တက်ပြီးစပေါ့။ မိုးမြေစွမ်းအင်ပညာကို တတ်ထားပြီးပြီ"

ဂိုဏ်းချုပ်ခုန်က မုတ်ဆိတ်ကိုသပ်ရင်း ပြုံး၍ပြောသည်။ သူ့တပည့်ကြီး၏ တိုးတက်မှုအတွက် အတော်ကျေနပ်နေဟန်ရှိသည်။ မိုးမြေစွမ်းအားပညာလို အဆင့်မြင့်မှော်ပညာမျိုးကို စုစည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူကိုးဆယ်ရာနှုန်းလောက်က မသင်ယူနိုင်ကြ။

ဖန်ကျင်းက စုစည်းခြင်းအခြေခံအဆင့်ဖြင့် တတ်ကျွမ်းနေသည်။ သူ့ပါရမီထူးခြားကြောင်း သက်သေပင်ဖြစ်သည်။ နောင်တစ်ချိန် သူဂိုဏ်းချုပ်ရာထူးလွှဲယူလျှင်ပင် ကန့်ကွက်သူရှိမည်မဟုတ်။

"တွေ့ရတာဝမ်းသာပါတယ် အကိုဖန်ကျင်း"

"ညီလေးလု၊ ညီလေးမုန်။ မင်းတို့အကြောင်း အကိုတိုင်ဆီကနေတစ်ဆင့် ကြားဖူးပါတယ်။ မင်းတို့ရဲ့ ဖြောင့်မတ်တဲ့စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနဲ့ မကောင်းသူပယ် ကောင်းသူကယ်တဲ့လုပ်ရပ်တွေကို သူအမြဲချီးကျူးတယ်။

ဂိုဏ်းတာဝန်ခန်းမရဲ့ တာဝန်ခံရာထူးတောင် မင်းတို့နှစ်ယောက်ကို လွှဲပေးဖို့ သူစဉ်းစားနေပြီ"

လုယန် မျက်ခုံးလှုပ်သွားသည်။အကိုတိုင်က သူတို့ကို တကယ်ချီးကျူးနေခြင်းလော...

သိပ်မတူသလိုခံစားရသည်။

"ဖန်ကျင်း၊ သူတို့နှစ်ယောက်ကို ဂိုဏ်းထဲလိုက်ပြလိုက်ပါဦး။ နောက်နှစ်လအတွင်း သူတို့ဒီမှာနေပြီး ငါတို့အလုပ်တွေကို ကူညီလိမ့်မယ်"

"ဟုတ်ကဲ့"

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းက ကျယ်ပြန့်သည်။ မြေပြင်အနေအထားမျိုးစုံရှိသည်။ ဂိုဏ်းတပည့်များ တောင်ရွှေ့ပင်လယ်ဖြည့်စွမ်းရည်လေ့ကျင့်နိုင်ဖို့ ရုံးတော်က သေချာရွေးထားသည့် နယ်မြေတစ်ခုဖြစ်သည်။

ဗိသုကာလက်ရာမျိုးစုံလည်း တည်ဆောက်ထားသည်။ ထိုတည်ဆောက်ပုံများကို ပြန်ပြင်ရသည့်ကိစ္စလည်း သူတို့တာဝန်ဖြစ်ဟန်တူသည်။

ဂိုဏ်းထဲတွင် လမ်းလျှေက်ရသည်မှာ မဟာရှားတစ်နိုင်ငံလုံးကိုဖြတ်သန်း၍ ခရီးသွားရသည်နှင့် တူနေသည်။ ယဉ်ကျေးမှုနှင့် ထုံးတမ်းဓလေ့မျိုးစုံ မြင်ရသည်။

နောက်သုံးရက်အကြာတွင် ဂိုဏ်းချုပ်ခုန်က သူ့အရေးပါမှုကိုပြရန် အဖွဲ့တစ်ခုကို ကိုယ်တိုင်ဦးဆောင်ပြီး ချင်နွီတောင်တန်းဆီ သွားသည်။ လုယန်တို့လည်းပါသည်။

လမ်းတလျှောက်တွင် တပည့်များအားလုံးက လုယန်နှင့် မုန်ကျင်းကျိုးအကြောင်း တီးတိုးတီးတိုးသဖန်းပိုးလုပ်နေသည်။ နာမည်ကျော်နှစ်ယောက်ကို လူကိုယ်တိုင်မြင်ရသဖြင့် အံ့ဩနေကြသည်။

ထိုထက်ပိုအရေးကြီးသည်က ထိုနှစ်ယောက်သည် သူတို့ဂိုဏ်းတွင် နှစ်လနေဦးမည်။ နောင်တစ်ချိန်တွင် မျိုးဆက်တူများရှေ့၌ လုယန်နှင့်မုန်ကျင်းကျိုးကို သူတို့မြင်ဖူးကြောင်း ကြွားလုံးထုတ်နိုင်တော့မည်။

ချင်နွီတောင်တန်းသို့ ရောက်လာချိန်တွင် ဝိညာဉ်ပြောင်းအဆင့်နှစ်‌ယောက်က ရောက်မလာသေး။ အားလုံးက ကြိုတင်စီစဉ်ထားသည့်အတိုင်း တာဝန်ခွဲကြသည်။ အစီအစဉ်တကျ ပူးပေါင်းဆောင်ရွက်သည်။ နယ်မြေစစ်ဆးမှုစသည်။ မှော်ဖန်လုံးများထုတ်၍ ပတ်ဝန်းကျင်အခြေအနေကို မှတ်တမ်းယူသည်။

"ချုန်းချီမျိုးနွယ်ရဲ့ မှတ်တမ်းမှော်ဖန်လုံးတွေကြောင့် ဒီအလုပ်က အများကြီး ပိုလွယ်ကူသွားတယ်"

"ဟုတ်တယ်။ ဒီမှတ်တမ်းမှော်ဖန်လုံးမျိုးကို ချုန်ချီဘိုးဘေးတစ်ယောက်က တီထွင်ခဲ့တာလို့ပြောတယ်။ တကယ်တော်တာပဲ"

ဂိုဏ်းတပည့်များ သုံးဘက်မြင်ပုံရိပ်မှော်ဖန်လုံးကို မရပ်မနားချီးကျူးနေသည်။ တိုက်ပွဲနေရာ မှတ်တမ်းယူရသည့်အလုပ်သည် အရင်က အတော်ပင်ပန်းသည့်အလုပ်ဖြစ်သည်။

နတ်မယ်က သက်ဝင်လှုပ်ရှားနေသည့်မြင်ကွင်းကိုကြည့်၍

"အခုခေတ်မှာ နင်တို့က မြေပြင်အနေအထားကိုကြည့်ပြီး မြေပုံတွေဆွဲနေတာလား။ ရှေးဟောင်းခေတ်တုန်းကဆိုရင် မြေပုံကိုကြည့်ပြီး မြင်အနေအထားကိုပြုပြင်တာ"

"..မြေပုံကိုကြည့်ပြီး မြေပြင်အနေအထားကိုပြင်တယ်ပေါ့"

ထိုအယူအဆကို ထူးဆန်းနေသလို လုယန်ခံစားရသည်။

"ယင်ထန်ကပြောတယ်။ မြေပြင်အနေအထားက သိပ်မကြမ်းဘူးတဲ့။ ငါတို့လိုလူတွေအအတွက် မသင့်တော်ဘူးတဲ့။ ငါတို့ငါးယောက်က မသေမျိုးတွေဖြစ်လာတယ်။ မသေမျိုးတစ်ဝက်တွေ ကူးဖြတ်ခြင်းအဆင့်တွေလည်း အများကြီးရှိတယ်။

အရောင်အသွေးစုံတဲ့ ခေတ်တစ်ခုကို ရောက်လာတော့မှာ။ ဒါပေမယ့် ရှိနေတဲ့မြေပြင်အနေအထားက ငါကျင့်စဉ်အဆင့်နဲ့ မသင့်တော်ဘူး။ တောင်တန်းတေွက နိမ့်လွန်းတယ်။ ပင်လယ်တွေက တိမ်လွန်းတယ်။ သစ်ပင်တွေကတိုလွန်းတယ်တဲ့။

အချိန်မသေမျိုးနဲ့ကျန်တဲ့နှစ်ယောက်ကလည်း ယင်ထန်ရဲ့အမြင်ကို ထောက်ခံတယ်။ သူတို့လေးယောက် မြေပုံအသစ်တစ်ခုဆွဲတယ်။ အဲဒီ့မြေပုံအတိုင်း မျိုးနွယ်ပေါင်းစုံကို နေထိုင်လို့ရမယ့်နေရာတွေကို အရင်ရွှေ့ပြောင်းပေးတယ်။

ပြီးတော့ ဓားတွေပုဆိန်တွေသုံးပြီး မြေပြန်ပြင်ကြတယ်"

"နတ်မယ်၊ မြေပြန်ပြင်တယ်ဆိုတာက ဘာကိုပြောတာလဲ"

"ဪ...ဓားတွေပုဆိန်တွေသုံးပြီး မြေပြင်အနေအထားကိုပြင်တယ်။ ကောင်းကင်ထိထိုးဖောက်နေတဲ့ ‌တောင်တန်းတွေ ဖန်တီးတယ်။ ကမ္ဘာနှလုံးနေရာအထိနက်တဲ့ ပင်လယ်သမုဒ္ဒရာတွေဖန်တီးတာပေါ့။ ထိပ်တန်းဝိညာဉ်ကျောက်သွေးကြောတွေကိုတောင် ဂြိုလ်တစ်ခုဆီ ရွှေ့ပြောင်းခဲ့သေးတယ်။

ဝိညာဉ်ကျောက်တွေရဲ့ စွမ်းအင်နဲ့ ဖွဲ့စည်းထားတဲ့သက်ရှိတွေ အဲဒီ့ဂြိုလ်က မွေးထုတ်ပေးနိုင်တယ်လို့ ပြောကြတယ်။

နက္ခတ်ကြယ် နှစ်ဆယ့်ရှစ်လုံး၊ ခုနစ်စဉ်ကြယ်...အဲဒါတွေလည်း ကြယ်ကမ္ဘာတွေကို သူတို့အစီအစဉ်တကျရွှေပြောင်းပြီး ပုံဖော်ထားတာ"

********************************

အခန်း (၁၀၆၅) မသေမျိုးပုဆိန်ဖန်တီးခြင်း

ကြယ်ကောင်းကင်သည် အတိုင်းဆမရှိကျယ်ပြန့်ပြီး စကြာဝဠာသည် အသိခက်သည်ဟု လုယန်တွေးခဲ့သည်။ လက်ရှိအလုံပိတ်လောကထဲမှ ကျင့်ကြံသူများ ကြယ်စွမ်းအားကို အသုံးမပြုနိုင်ကြသဖြင့် သူစိတ်မကောင်းဖြစ်ခဲ့သည်။

ယခု နတ်မယ်‌ပြောသည့်စကား ကြားပြီးနောက် ခုနစ်စဉ်ကြယ်သည် ဘာမှထူးခြားသည်မဟုတ်ဟု တွေးမိလာသည်။

"ယင်ထန်တို့က အားလို့လျှောက်လုပ်နေတာမဟုတ်ဘူးလား။ သူတို့ဘာမှလုပ်စရာမရှိရင် လွန်မြောက်ခြင်းအဆင့်ကိုတက်ဖို့ နည်းလမ်းစဉ်းစားနေတာ ပိုမကောင်းဘူးလား"

"ဘယ်ဟုတ်မလဲ။ သူတို့က နေ့တိုင်းအလုပ်များနေတာ။ ဩဝါဒလမ်းညွှန်ချက်မပေးတဲ့နေတွေဆို မြေအနေအထားပြင်နေတာနဲ့ပဲ အချိန်ကုန်တာ။ ငါသူတို့ကို ညစာဖိတ်ကျွေးတာတောင် တစ်ခါမှမလာကြဘူး။ လျန်ယိတို့ရှောင်လင်းတို့လို အေးအေးဆေးဆေးနေတဲ့လူတွေပဲ အချိန်ပေးပြီးလာကြတယ်"

ယင်ထန်တို့အလုပ်များသည့် အဖြစ်ကို လုယန်နားလည်လာသည်။

"မြေ‌အနေအထားအားလုံး ပြုပြင်ထားတော့ ကျင့်ကြံသူတွေချင်း စိန်ခေါ်တိုက်ခိုက်ရင် အတော်လေးသတိထားကြတယ်။ ယင်ထန်တို့လေးယောက် ပင်ပင်ပန်းပန်းဖန်တီးထားတာကို ဖျက်ဆီးမိမှာ ကြောက်ကြတယ်လေ"

....

ဂိုဏ်ချုပ်ခုန်က တောင်တန်းများမြစ်များကို ပုံစံဖော်နေရင်း အလုပ်များနေသည့် ဂိုဏ်းတပည့်များကိုကြည့်၍ ခံစားချက်အပြည့်ဖြင့် ပြောသည်။

"ရှောင်လု၊ ရှောင်မုန်၊ ဒီတောင်တန်းကိုကြည့်ပါ။ ဘယ်လောက်လှသလဲ။ ဒီတောင်တန်းဟာ နွားခေါင်းနဲ့တူတယ်၊ ဒီနေရာက ကိုယ်ထည်။ ဟိုနေရာက အမြီးပိုင်းပေါ့။ ဒါကြောင့်လ်း ချင်နွှီတောင်တန်းလို့ခေါ်တာ"

(**နွီ(နျီ)သည် 'နွား'ဖြစ်၍ နွားစိမ်းတောင်တန်း ဖြစ်မည်ထင်သည်)

"ဒီလိုမြင်ကွင်းတွေမြင်တိုင်း သဘာဝတရားရဲ့ နှိုင်းယှဉ်မရတဲ့ လက်မှုပညာကို ငါအံ့ဩမိတယ်။ ဒီလိုထူးဆန်းလှပတဲ့ မြေအနေအထားမျိုးကိုဖန်တီးနိုင်စွမ်းရှိတယ်လေ။

ဒါကြောင့်လည်း တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကို ငါဝင်ခဲ့တာ။ ကျင့်ကြံသူတွေက သဘာဝရဲ့အတုမဲ့လက်ရာတွေကို ဖျက်ဆီးကြတာ ငါမမြင်ချင်ဘူး"

သူ့နောက်တွင်ရပ်နေသည့်လုယန် စကားဝင်ပြောသင့်မပြောသင့်ချိန်ဆနေသည်။ ထိုအရာများသည် သဘာတ၏ပုံဖော်မှုမဟုတ်ကြောင်း ရှေးဟောင်းမသေမျိုးလေးယောက် လက်ကမြင်းထားခြင်းသာဖြစ်ကြောင်း ပြောလိုက်ချင်သည်။

သို့သော် အမှန်အတိုင်းပြောလိုက်လျှင် ဂိုဏ်းချုပ်ခုန် နှလုံးထိခိုက်သွားမည်ထင်သည်။

နှစ်တစ်ထောင်သက်တမ်းရှိသည့် အကိုတိုင်ပင် စကားလုံးနည်းနည်းချဲ့ကားပြောသည်ကို ခံနိုင်ရည်မရှိ။ နှစ်နှစ်ထောင်ကျော်သက်တမ်းရှိသည့် ဂိုဏ်းချုပ်ခုန်လည်း စိတ်ခံစားချက် နည်းနည်းတော့နုလိမ့်မည်ထင်သည်။

"ဒါက သဘာဝလက်ရာမဟုတ်ပါဘူး။ မသေမျိုးလက်ရာပါ။ အားလုံးကို ယင်ထန်မသေမျိုးက သူ့ပုဆိန်နဲ့ပုံဖော်ထားတာ"

ဂိုဏ်းချုပ်ခုန်သည် စာသိပ်မတတ်ဟု နတ်မယ်ထင်သည်။ ဂုဏ်ရည်ပြစကားလုံးကိုပင် မှားသုံးသည်။ ရှောင်ယန်ကမှ သူ့ထက်ပိုတတ်သေးသည်။

ဥပမာ ပုဆိန်ဟု သူပြောလိုက်သည်။ ဘယ်အမျိုးအစား ဘာညာမပြော။ သို့သော် ရှောင်ယန်က ဗြက်ကျယ်ပြန့်သည့် ပုဆိန်ကြီးတစ်လက်မှန်းသိသည်။

ဤခုန်မျိုးရိုးက စာပေပညာရှင်ပုံစံပေါက်သော်လည်း စကားစပြောသည်နှင့် စာမတတ်ကြောင်းသိသာသည်။ ရှောင်ယန်နှင့် များစွာကွာခြားသည်။

ကြိုတင်ပြင်ဆင်သည့်အလုပ်များ ပြီးသွားသည်။ ဝိညာဉ်ပြောင်းအဆင့်နှစ်ယောက်လည် ချင်နွီတောင်တန်းသို့ ရောက်လာသည်။

ဂိုဏ်းချုပ်ခုန်ကိုမြင်ရသဖြင့် သူတို့အံ့ဩသွားသည်။ ဘာကြောင့်အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က ဤနေရာသိုလ့ာသည်မသိ။ သို့သော် အကြောင်းရင်းမှန်ကို သိရပြီးနောက် သူတို့ဝမ်းသာသွားည်။

သူတို့နာမည်ဂုဏ်သတင်းက ကြီးမားလွန်းသဖြင့် ဂိုဏ်းချုပ်ခုန်ပင် သူတို့တိုက်ပွဲကို ကိုယ်တိုင်လာကြည့်သည်။

"ရှောင်ကျင်း၊ ဒီလူနှစ်ယောက်ရဲ့ နောက်ကြောင်းက ဘယ်လိုလဲ"

ဂိုဏ်းချုပ်ခုန်က တပည့်ကြီးဖန်ကျင်းကျို ခေါ်မေးသည်။

"နှစ်တစ်ထောင်သမိုင်းကြောင်းရှိတဲ့ မိသားစုက ဘိုးဘေးနှစ်ယောက်ပါ။ တစ်ယောက်က စုန့်ကျွန်းဟောင်။ နောက်တစ်ယောက်က နိန်ကျီဟောင်ပါ။ သူတို့ငယ်ငယ်က 'အမွှာပါရမီရှင်'ဆိုပြီး အတူနာမည်ကြီးခဲ့တယ်။။

အခုထိလည်း လူတွေက သူတို့ကို လေးလေးစားစားနဲ့ 'အမွှာပါရမီရှင်ဘိုးဘေး"လို့ခေါ်တယ်"

ဂိုဏ်းချုပ်ခုန် ခဏတွေသွားသည်။

"ဒါက လေးစားတဲ့အခေါ်အဝေါ်မျိုးရော ဟုတ်ရဲ့လား"

"ဒီနားတစ်ဝိုက်မှာတော့ အဲလိုခေါ်နေကြတာပဲ"

"ဟုတ်ပါပြီလေ"

(**'အမွှာပါရမီရှင်'သည် ဤနေရာတွင် 'အမွှာများဖန်တီး'သည့် အဓိပ္ပါယ်ဖြစ်သည်)

ဂိုဏ်းချုပ်ခုန် တစ်ခြားစကားများ သိပ်မပြောတော့။ လက်တစ်ဘက်ဝှေ့ယမ်း၍ အားလုံးနောက်ဆုတ်ရန် အချက်ပြသည်။ တိုက်ပွဲပြီးလျှင် အပျက်အစီးရှင်းဖို့ သူတို့ရောက်လာခြင်းဖြစ်သည်။ အမွှာဘိုးဘေးပါရမီရှင်နှစ်ယောက်က၏ တိုက်ပွဲကို ဝင်မစွက်ချင်။

ဂိုဏ်းချုပ်ခုန် ရှိနေသဖြင့် ဘိုးဘေးနှစ်ယောက်လည်း အသက်ပြန်ငယ်သွားသလို ခံစားနေရသည်။ စိတ်အားတက်ကြွနေသည်။ ကျင့်စဉ်စွမ်းအင်လည်ပတ်နှုန်းက ခါတိုင်းထက်ပိုမြန်သည်။

"လောင်စုန့်၊ မင်းစပါ"

"ဒါဆို ငါအားမနာတော့ဘူး။...ပုန်းနေတဲ့နဂါးစွမ်းအား"

"လှိုင်းစိမ်းပညာ"

ဝါရင့်ကျင့်ကြံသူနှစ်ယောက် ထူးခြားသည့်ပုံစံဖြင့် တိုက်စစ်ဆင်ကြသည်။ မြေနဂါးတစ်ကောင် မြေကြီးမှ ထိုးထွက်လာပြီး အော်ဟစ်ဟိန်းဟောက်သည်။ ရေလှိုင်းများက အဆက်မပြတ်လှုပ်ရှားနေသည်။

ဂိုဏ်းချုပ်ခုန်ရှိနေ၍ စိတ်လှုံ့ဆော်မှုရခြင်းလားမသိ။ နှစ်ယောက်လုံး ခါတိုင်းနှင့်မတူဘဲ ထူးထူးခြားခြား တက်ကြွနေကြသည်။ သူတို့စိတ်များ အရင်ထက် ပိုထက်မြက်နေသည်။ ပြိုင်ဘက်၏တိုက်ခိုက်မှုကို သက်တောင့်သက်သာ ရင်ဆိုင်နိုင်သည်။ လှုပ်ရှားမှုတိုင်းက ပညာပါသည်။

အောင်ပွဲခံနိုင်ဖို့ ဗျူဟာကျကျ တိုက်ခိုက်သည်။ သူတို့၏ဉာဏ်ရည်ဉာဏ်သွေးများကို အပြည့်အဝအသုံးချသည်။

သူတို့ယူလာသည့် မှော်ရတနားက အလွန်အသုံးဝင်သည်။ အရေးကြီးသည့်အချိန်မျိုးတွင် ထင်မထားသည့် စွမ်းရည်မျိုးကို ထုတ်လွှတ်နိုင်သည်။

တိုက်ကွက်တစ်ရာကြာအောင် ယှဉ်ပြိုင်ကြသည်။ အပြင်းအထန် အားကြိုးမာန်တက် တိုက်ခိုက်ကြသည်။ သို့သော် အနိုင်အရှုံးမပေါ်သေး။

လုယန်နှင့်မုန်ကျင်းကျိုးတို့ တိုက်ပွဲကိုကြည့်ရင်း နောက်တစ်ကြိမ် မသိမသာသမ်းဝေလိုက်သည်။ အမွှာဘိုးဘေးနှစ်ယာက်တိုက်ပွဲက ဘာမှကြည့်စရာမရှိ။ လုံလောက်သည့် စွမ်းအားမပါ။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတိုက်ပွဲကပင် ယခုထက်ပို၍ ကြည့်ကောင်းဦးမည်။

နောက်ဆုံး တိုက်ကွက်သုံးရာအရောက်တွင် စုန်ကျန်းဟော်က စိတ်ဝိညာဉ်စွမ်းအားတိုးတက်သွားသည်။ ဝိညာဉ်ပြောင်းပြည့်စုံခြင်းအဆင့် သို့မဟုတ် လေဟာနယ်သန့်စင်တစ်ဝက်အဆင့်သို့ ရောက်လာသည်။

"ငါရှုံးပါပြီ"

နိန်ကျိဟော် စိတ်ပျက်လက်ပျက် ဝန်ခံသည်။

စုန့်ကျန်း‌ဟော်က ခပ်တင်းတင်းပြောသည်။

"သဘောတူထားတဲ့အတိုင်းပဲ။ မင်းတို့နိန်မိသားစုက ဒီတိုက်ပွဲရဲ ပြင်ဆင်ခကုန်ကျစရိတ်ပေးရမယ်"

"အင်း..."

နိန်ကျိဟောင် သက်ပြင်းချလိုက်သည်။ ပေးရမည့်ငွေက အတော်များသည်။

ဘိုးဘေးနှစ်ယောက်က သူတို့တိုက်ပွဲအတွက် ဂိုဏ်းချုပ်ခုန်ကို အကဲဖြတ်ခိုင်းဖို့ စိတ်ကူးထားသည်။ သို့သော် သူတို့မျက်လုံးဝေ့ကြည့်ချိန်တွင် ဂိုဏ်းချုပ်ခုန်ကို မတွေ့ရတော့။

တစ်ခြားဂိုဏ်းဝင်များသာတွေ့သည်။ ထို့ကြေင့် လက်လျှော့ပြီး သက်ဆိုင်ရာမိသားစုများဆီ ပြန်သွားကြသည်။

တိုက်ပွဲပြီးချိန်တွင် ဂိုဏ်းဝင်များ ပုန်းအောင်းနေရာမှ ထွက်လာသည်။ တိုက်ပွဲအနှောက်အယှက်မဖြစ်အောင် ပုန်းနေခဲ့ကြခြင်းဖြစ်သည်။

ချင်နွှီတောင်တန်းက အ‌တော်ပျက်စီးသွားသည်။ တောင်ကုန်းထိပ်များ ပြားချပ်သွားသည်။ ကန်ရေများ နောက်ပြန်စီးသည်။ သစ်ပင်ပေါင်းများစွာ လဲကျသည်။ ချင်နွီတောင်တန်းနင့်ရင်းနှီးသူ တစ်ယောက်ယောက်ရှိနေလျှင် ယခု ထိုတောင်တန်းကို လုံးဝမှတ်မိတော့မည်မဟုတ်။

‌တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတပည့်များ၏ တာဝန်ချိန်စလာသည်။ မှော်ဖန်လုံးများထုတ်ပြီး‌ တောင်တန်းများကို နဂိုလ်မူလပုံစံအတိုင်း ပြန်တည်ဆောက်သည်။

တပည့်တစ်ချို့က မြေကြိးထဲသို့ စိမ့်ဝင်သွားသည့်ကန်ရေကို ပြန်စုပ်ယူပြီး ရေကန်ထဲပြန်ထည့်သည်။ ငါးများပုစွန်းများ ပြန်ထည့်သည်။ တိုက်ပွဲတွင်း၌ သေကြေပျက်စီးသွားသည့် သက်ရှိတစ်ချို့ကို အစားပြန်ဖြည့်သည်။

တစ်ခြားတပည့်များက ဂေါ်ပြားကိုယ်စီကိုင်၍ လဲကျသွားသည့် သစ်ပင်များ၏အမြစ်ကို တူးသည်။ ထို့နောက် ပြင်ဆင်ထားသည့် တွင်းများထဲသို့ သစ်စေ့ချသည်။

သစ်ပင်စိုက်မှော်ပညာအစွမ်းကြောင့် သစ်စေ့များ လျင်မြန်စွာကြီးထွားလာပြီး သစ်ပင်ကြီးများအဖြစ်သို့ ရောက်လာသည်။ သစ်ပင်စိုက်မှော်ပညာအစစ်ဖြစ်သည်။ လုယန် အားကျစိတ်များ တဖွားဖွားပေါ်လာသည်။

ထိုဂိုဏ်းတပည့်များ သစ်ပင်စိုက်မှော်ပညာကို ဘယ်လောက်ကျွမ်းကျင်းကြောင်း ထိုမြင်ကွင်းက သက်သေခံနေသည်။

လုယန်၏ ထူးဆန်းသည့်အကြည့်ကို သတိထားမိသဖြင့် ဂိုဏ်းချုပ်ခုန်က ပြုံး၍မေးသည်။

"ဘာလဲ၊ မင်းလည်းစမ်းကြည့်ချင်လို့လား"

"ကျုပ်ဘာလုပ်ပေးရမလဲ"

ဂိုဏ်းချုပ်ခုန်က ဆယ်မီတာခန့် ရွေ့သွားသည်။ တောင်ကုန်းတစ်ခုကို လက်ညှိုးထိုးပြသည်။

"ဓားကျင့်ကြံသူတွေက ဓားပျံကို ကျွမ်းကျင်ကြတယ်။ ပစ္စည်းထိန်းချုပ်တဲ့နေရာမှာ တော်တယ်။ အဲဒီ့တောင်ကုန်ကိုထိမ်းချုပ်ပြီး မူလနေရာရောက်အောင် ပြန်ရွှေ့ကြည့်ပါ။

အမှန်တော့ ဒီအလုပ်မှာ မိုးမြေစွမ်းအားပညာ ဒါမှမဟုတ် ဓမ္မခန္ဓာပညာမျိုးသုံးတာ အကောင်းဆုံးပဲ။ ဒါပေမယ့်မင်းက ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ပဲ ရှိသေးတော့ ဒီလိုအဆင့်မြင့်မှော်ပညာတွေ ကျွမ်းကျင်ဦးမှာမဟုတ်ဘူး"

ထို့နောက်တွင် မယုံနိုင်စရာမြင်ကွင်းတစ်ခုကို ဂိုဏ်းချုပ်ခုန် မြင်လိုက်ရသည်။ လုယန်က စွမ်းအင်အသွင်ပြောင်းပြီး ကောင်းကင်သို့တက်သည်။ စွမ်းအင်ရောင်မျာ့း ပြည့်နေသည်။ ဒဏ္ဍာရီထဲမှ ငှက်အသွင်ပြောင်းကောင်းကင်တက်ပညာနှင့် ဆင်တူသည်။

ရုတ်တရက် ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအင်များ လုံးဝပျောက်ကွယ်သွားသည်။ မိုးနှင့်မြေပြင် အသက်ဝင်လာပြီး စွမ်းအင်တန်းများ လုယန်ဆီတိုးဝင်လာသည်။

ထို့နောက် ဝုန်းခနဲအသံတစ်ချက်မြည်ပြီး ဝတ်စုံသားသားနားနားဝတ်ထားသည့် ပေလေးငါးရာမြင့်သည့်လုယန် မြေပေါ်သို့ကျလာသည်။

လူ့ဘီလူးလုယန်က ဂိုဏ်းချုပ်ခုန်ကို ပြုံး၍ကြည့်သည်။

"တိုက်တိုက်ဆိုင်ဆိုင် မိုးမြေစွမ်းအားပညာကို ကျုပ်လည်းတတ်ထားပါတယ်"

လုယန် မြေပေါ်ဆင်းလာသည့်အသံက ကျယ်လောင်လွန်းသည်။ ဂိုဏ်းတပည့်များအားလုံး လုယန်ပုံစံကိုကြည့်၍ ပါးစပ်အဟောင်းသားဖြစ်နေသည်။ အာရုံထင်မှားခြင်းလားဟု တွေးနေကြသည်။

"စုစည်းခြင်းအဆင့်တွေပဲ ဒီပညာကိုတတ်တာမဟုတ်လား။ အကိုလုယန်က ဝိညာဉ်ပြောင်းအဆင့်ပဲ ရှိတာလေ"

"ဟုတ်တယ်။ အကိုဖန်က စုစည်းခြင်းအခြေခံအဆင့်ရောက်မှ မိုးမြေစွမ်းအားပညာကို တတ်ခဲ့တယ်။ ဒါတောင်သူ့ကို နှစ်တစ်‌ထောင်မှာ တစ်ခါပေါ်တဲ့ ပါရမီရှင်လို့ သတ်မှတ်ကြာတာ"

ဖန်ကျင်းက လုယန်ကို မယုံနိုင်သည့်အကြည့်ဖြင့် ကြည့်နေသည်။ မိုးမြေစွမ်းအားပညာတတ်နေသည်က အံ့ဩစရာကောင်းသည်။ သို့သော် လုယန်ဘယ်လိုနည်းလမ်းသုံးပြီး အရွယ်အစားကြီးအောင်လုပ်လိုက်သည်ကို သူနားမလည်။ အဝတ်အစားကိုပါ တစ်ပြိုင်တည်း ဆိုဒ်ချဲ့နိုင်သည်။

သူ့ကိုယ်သူ ဗဟုသုတနည်းသေး၍လောဟု တွေးမိလာသည်

"ငါကျင့်ကြံထားတဲ့ မိုးမြေစွမ်းအားပညာက မပြည့်စုံလို့လား။ ညီလေးရှောင်လုက ပြည့်စုံတဲ့မိုးမြေစွမ်အားပညာကို ကျွမ်းကျင်ထားတာများလား"

*************************************

All Chapters