← Chapters

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း (၁၀၅၇) ပျောက်ဆုံးသူကြော်ငြာ

ကောင်းကင်အင်ပါယာ ဒေါသမထွက်ဘဲ ဘယ်နေနိုင်မည်နည်း။ သူ့ကိုယ်ပွားက မိုးပျံဘုံကျောင်းတွင် ပျက်စီးခဲ့သော်လည်း ထိုအချိန်က ဖြစ်ခဲ့သည့်အခြေအနေကို သူသတင်းရထားသည်။

"စီချန်းက ဟိုမသေမျိုးကို စာမရေးတတ်ဘူးလို့ ပြောတယ်တဲ။ ဘာတွေလဲကွာ။ စီချန်းကို ဟိုမသေမျိုးဘယ်တုန်းက ဒူးထောက်ခိုင်းလို့ ဒူးထောက်မှာလဲ။

ငါကရော စီချန်းအမှားကို ဝန်ခံတယ်တဲ့လား။ စီချန်းကို ဝါးမျိုပြီး မသေမရှင်ဖြစ်အောင် လုပ်ခဲ့တာငါပါ။

ဟိုသောက်ပြိုက်ဘက်က ခန္ဓာကိုယ်ဖောက်ခွဲတာလေ။ ဖောက်ခွဲတဲ့လူက ဘယ်လိုလုပ်ငါဖြစ်သွားတာလဲ။ ငါက ခံရတဲ့လူပါ။ ငါ့ကိုယ်ပွားကို ဆုံးရှုံးသွားတာပါ"

သူပို၍ဒေါသထွက်ရသည်က သတင်းစာတွင် ဖော်ပြထားသည့်အချက်များသည် ကျိုးကြောင်းယုတ္တိ ခိုင်မာစွာပြထားသည်။ သူပြန်လည်တုံ့ပြန်စရာ စကားစရှာမရ။

တိုက်ပွဲရှုံးခဲ့သည်ကထားတော့။ အခု သူ့သိက္ခာပါပျက်စီးသွားသည်။

"ဒါဘယ်ကောင်ရေးတာလဲ"

နောက်ဆုံးတွင် သတင်းစာထောင့်စွန်းတွင် ရေးထားသည့် ဂျာနယ်လစ်နာမည်ကို သူတွေ့ရသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ လုယန်။

တာအိုလမ်းစဉ်ဂိုဏ်းဆိုသည့် စာလုံးကိုမြင်ပြီးနောက် ကိုယ်ပွားခန္ဓာများစွာဆုံးရှုံးခဲ့သည့် အတိတ်ဖြစ်ရပ်ကို သူပြန်သတိရလာသည်။ ရင်ဘတ်ထဲမှ အရှိန်နှင့်တက်လာသည့် ဒေါသများ ပြန်ကျသွားသည်။

"အင်း...ထားလိုက်ပါတော့လေ။ အောင်မြင်မှုကြီးကြီးရချင်တဲ့လူဟာ အသေးအဖွဲကိစ္စတွေကို အာရုံမစိုက်သင့်ဘူး။ ဒီလိုဘာမဟုတ်တာလေးအတွက် စွန့်စားရမှာ မထိုက်တန်ပါဘူး..."

သိပ်မကြာမီ သတင်းစာဟူသည့်အရာကို သာမန်လူထုက ကြိုဆိုလက်ခံလာသည်။

လယ်ထွန်ရာမှ ပြန်လာသည့်လောင်လျိုက စက္ကူသုံးလေးရွက်ကို ရမ်းခါ၍ သူ့အိမ်နီးချင်းကို ကြွားသည်။

"လောင်ကျန်း၊ ဒီလိုဟားမျိုး မင်းရပြီးပြီလား"

"အဲဒါကဘာလဲ"

"တာအိုလမ်းစဉ်ကထုတ်တဲ့ အချက်အလက်ကြော်ငြာစာရွက်တွေ။ သတင်းစာလို့ ခေါ်တယ်တဲ့။ လူတွေအများကြီး အလုအယက်ဝယ်နေကြတာမြင်ခဲ့တယ်။ ဒါကြောင့် ငါလည်းတစ်ခုဝယ်လာတယ်။

သိပ်ဈေးမကြီးပါဘူး။ ကြေးပြားငါးပြားပဲ ပေးရတာ"

"ဘာလို့ဒါမျိုးကို ဝယ်နေမှာလဲ"

လောင်ကျန်းက နှာခေါင်းတစ်ချက်ရှုံ့သည်။ သေးငယ်သည့်စာလုံးများ ပြည့်နေသည့် သတင်းစာရွက်ကိုကြည့်၍ သူစိတ်ကသိကအောက်ဖြစ်ရသည်။

"ငါတို့နှစ်ယောက်လုံးပေါင်းရင်တောင် စာလုံးဆယ်လုံးပြည့်အောင် သိလို့လား"

"မင်းအဲဒါနားမလည်တာပဲ။ ဒီသတင်းစာက ငါတို့စာဖတ်တတ်စရာမလိုဘူး။ သူ့ဘာသာဖတ်ပြနိုင်တယ်"

"ထူးထူးဆန်းဆန်းပါလား"

လောင်ကျန်း စိတ်ဝင်စားလာသည်။ ထိုစာရွက်ပေါ် ဘာရေးထားသည်ကို မသိသော်လည်း စာဖတ်ပြနိုင်သည့်စက္ကူသည် ကြေးပြားငါးပြား တကယ်တန်သည်။

"အင်း...သတင်းစာရောင်းတဲ့လူက ဒီနေရာလေးကို ဖိပြီးနှိပ်ဖို့ ပြောတာပဲ"

စာတစ်မျက်နှာချင်းတွင် စက်ဝိုင်းတစ်ခုစီပါသည်။ နှိပ်လိုက်လျှင် ထိုစာမျက်နှာကို ရွတ်ဖတ်သံထွက်လာသည်။

ထိုစက်ဝန်းများ ကျမ်းစာရွတ်မှော်စက်ဝန်းတို့၏ ဗဟိုနေရာများဖြစ်သည်။ အသက်ဝင်လာသည်နှင့် ပတ်ဝန်းကျင်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး စကားသံအဖြစ်သို့ အသွင်ပြောင်းသည်။

အသံမှော်စက်ဝန်းပညာက အတော်အနုစိပ်သည်။ ထုတ်ဝေသည့်သတင်းစာကလည်း တစ်ကြိမ်နှင့်တစ်ကြိမ် တူမည်မဟုတ်။ သတင်းစာပုံနှိပ်ဖို့ မှော်စက်ဝန်းများသုံးမည်ဆိုလျှင် လတိုင်းလတိုင်း ပုံနှိပ်မှော်စက်ဝန်းကို ပြင်ဆင်နေရမည်။

ကွမ်းရှန်ဟိုင်ကို တိုက်ရိုက်တာဝန်ပေးလိုက်သည်က ပိုအဆင်ပြေသည်။

"ကျင့်ကြံတယ်ဆိုတာ မိုးမြေက ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ဖြစ်အောင် အသွင်ပြောင်းရတာပါ...

ကျင့်စဉ်အဆင့်တွေကို ချီအဆင့်၊ အခြေတည်အဆင့်၊ ရွှေသန္ဓေအဆင့်...ဆိုပြီး ခွဲခြားထားတယ်။ ချီအဆင့်ရဲ့ သတ်မှတ်လက္ခဏာတွေကတော့...."

ထိုစကားသံကြားသည်နှင် လောင်ကျန်း တစ်ခုခုနားလည်လာဟန်ရှိသည်။

"ဒါဆို ရွှေသန္ဓေအဆင့်ပြီးမှ နတ်ဝိညာဉ်အဆင့်လာတာလား။ ငါက ရွှေသန္ဓေကျင့်ကြံသူတွေက ပိုစွမ်းအားကြီးတယ်ပဲ ထင်ခဲ့တာ"

"မင်းဘာလို့အဲလိုထင်ရတာလဲ"

လောင်လျို အံ့အားသင့်သွားသည်။ သူလည်း စာပေပညာသိပ်မတတ်ပါ။ သို့သော် လောင်ကျန်ထက်တော့ ပိုတတ်သည်ဟု သူ့ကိုယ်သူခံယူထားသည်။

လောင်ကျန်းက ခေါင်းကိုကုတ်၍

"မြို့ကလာတဲ့ ပုံပြောဆရာအသစ်က အမြဲပြောတယ်မဟုတ်လား။ 'ပါရမီရှင်လုဟာ နတ်ဝိညာဉ်အဆင့်နဲ့ ရွှေသန္ဓေအဆင့်ကို အနိုင်ယူတယ်လို့လေ"

"..ဆက်နားထောင်ကြည့်ပါဦး"

"အိပ်မက်ရေပွက်က ကမ္ဘာသစ်ကိုရောက်သွားသလို အတွေ့အကြုံမျိုး ပေးနိုင်တယ်..."

"တာအိုလမ်းစဉ်ဂိုဏ်းဟာ တာအိုကိုကာကွယ်ပြီး နတ်ဆိုးတွေကို နှိမ်နှင်းတဲ့ သူတော်ကောင်းဂိုဏ်းတစ်ဂိုဏ်းပါ..."

...စုံစမ်းစစ်ဆေးချက်အရ အနောက်မိုးပျံဘုံကျောင်းတိုက်ပွဲမှာ တစ်ဘက်ကိုနှစ်ယောက်စီ တိုက်ခိုက်ကြတယ်လို့ ဆိုပါတယ်..."

လယ်သမားအိုနှစ်ယောက် သတင်းစာအကြောင်းအရာများထဲ ချက်ချင်းအာရုံနစ်သွားကြသည်။ သတင်းစာဆိုသည့်အရာသည် တကယ်ကမ္ဘာသစ်တစ်ခုနှင့် သူတို့ကိုမိတ်ဆက်ပေးနေခြင်းဖြစ်သည်။

ပုံပြောဆရာများပြောသည့် ပုံပြင်ဇာတ်လမ်းများသည် အပြောင်းအလဲများစွာရှိသည်။ ဆန့်ကျင်ဘက်ဖြစ်နေသည်များပင် ရှိသည်။ လယ်သမားနှစ်ယောက် ဘယ်ပုံပြင်ကို ယုံကြည်ရမှန်းမသိခဲ့။

သို့သော် ကျင့်ကြံမှုလစဉ်သတင်းစာက ထိုသို့မဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်းက ထုတ်ဝေခြင်းဖြစ်သည်။ အကြောင်းအရာများက မှန်ကန်သည်။ လုံးဝယုံကြည်စိတ်ချရသည်။ ထို့ပြင် ကိုယ်နားထောင်ချင်သလောက် အထပ်ထပ်နားထောင်နိုင်သည်။

အလားတူဖြစ်ရပ်မျိုး မဟာရှားတစ်ခွင် ဖြစ်ပေါ်လာသည်။ ကျင့်ကြံမှုလစဉ်သတင်းစာ သတင်းရင်းမြစ်လမ်းကြောင်းအသစ်ဖြစ်သည်။ စထုတ်ဝေသည်နှင့် ပြည်သူလူထုက အလုအယက်ဝယ်ကြသည်။ ရောင်းလိုအားထက် ဝယ်လိုအားက ပိုများနေသည်။

"ကြည့်ရတာ ငါတို့ထုတ်ဝေတာ နည်းသွားတယ်ထင်တယ်"

ထုတ်ထားသည့်အစောင်ရေ များလွန်းသည်ဟု လုဘန်ထင်ခဲ့သည်။ သို့သော် ဂိုဏ်းညီအကိုအမများ သတင်းစာသွားရောင်းသည်။ ချက်ချင်းကုန်သွားသည်။ လောက်ပင်မလောက်။

"ဒါဆို ကွမ်းရှန်ဟိုင်ကို ဆက်ပြီး မိတ္တူပွားခိုင်းရမှာပေါ့"

ကွမ်းရှန်ဟိုင်ရှိနေလျှင် အစောင်ရေဘယ်လောက်ဖြစ်ဖြစ် ထုတ်နိုင်သည်။

"ပုံပြင်ဇာတ်လမ်းပိုင်း သိပ်အားမရသေးဘူး"

လုယန်ရေးသည့်ဇာတ်လမ်းက မုန်ကျင်းကျိုးအတွေ့အကြုံကို အခြေခံခဲ့သည်။ တာအိုလက်တွဲဖော်အဖြစ်ဟန်ဆောင်ပြီး မိသားစုငယ်တစ်ခု၏ မွေးနေ့ပွဲတက်ခဲ့သည့် ဇာတ်လမ်းဖြစ်သည်။ အလျင်စလို ထည့်ရေးလိုက်ရသည်။

သို့သော် သူ့စာပေစွမ်းရည် မလုံလေက်သေးဟု လုယန်ခံစားရသည်။ ထိုဇာတ်လမ်းက သိပ်မဖမ်းစားနိုင်။ ပြန်ပြုပြင်ဖို့လိုသည်။

"ဆရာသာရှိရင် ဇာတ်လမ်းကောင်းတစ်ပုဒ် သေချာပေါက်ရေးနိုင်မှာပဲ"

နှစ်နှစ်ကျော်မတွေ့ခဲ့ရသည့် သူ့ဆရာဝစီပိတ်ကို လွမ်းမိသည်။

"အမယွမ်ကတော့ ဆရာရှိတဲ့နေရာကို ရှာနိုင်မှာပဲ။ ဒါပေမယ့်ငါက မသေမျိုးအသွင်ပြောင်းအဆင့်ကို ရောက်နေပြီဆိုတော့ အရာရာတိုင်း အမယွမ်ကိုချည်းအားမကိုးသင့်ဘူး။ ငါ့ဘာသာပဲ ဆရာ့ကိုရှာမယ်"

"အမသုံး။ ကျုပ်မှာအကြံတစ်ခုရှိတယ်။ အဆင်ပြေမပြေ အမကူစဉ်းစားပေးပါဦး"

မြစ်ဘေးတွင် ဗျတ်စောင်းတီးနေသည့် ကန်ထန်ကို သူသွားတွေ့သည်။ ယွမ်မုန်မုန်က မလှမ်းမကမ်းမှ ရေစပ်ကျောက်တုံးပေါ်ထိုင်၍ ခြောထောက်ကို ရေထဲနှစ်ပီး လှုပ်ခတ်ကစားနေသည်။

လုယန်အစီအစဉ်ကို နားထောင်ပြီးနောက် ကန်ထန်အတော်ကြာအောင် စဉ်းစားသည်။

"နောက်ထုတ်မယ့်သတင်းစာမှာ ငါတို့ဆရာကိုရှာဖို့ လူပျောက်ကြော်ငြာထည့်ပြီး ဆုကြေးသတ်မှတ်မယ်ပေါ့။ ဆုကြေးကလည်း ဝိညာဉ်ကျောက်ဆယ်သန်းလား"

"အဆင်ပြေလောက်တယ်မဟုတ်လား"

ချမ်းသာနေပြီဖြစ်သည့် လုယန်အနေဖြင့် ဝိညာဉ်ကျောက်ဆယ်သန်းသည် ဘာမှမပြောပလောက်။

"ဆုကြေးက နည်းနည်းမမြင့်လွန်းဘူးလား"

ကန်ထန်တုံ့ဆိုင်းနေသည်။ သူ့ဆရာအတွက် မှောင်ခိုဈေးတွင်ထုတ်ထားသည့် ဆုကြေးနီးပါးရှိသည်။

"ကျုပ်တို့ဆရာက အချိန်အကြာကြီးပျောက်နေတဲ့ ကူးဖြတ်ခြင်းဆင့် တာအိုလမ်းစဉ်ဂိုဏ်းချုပ်ပါ။ သူ့တည်နေရာသိဖို့ ဝိညာဉ်ကျောက်ဆယ်သန်းလောက် ရင်းနှီးဖို့တော့ ထိုက်တန်တယ်မဟုတ်လား"

ကန်ထန်ပြန်စဉ်းစားသည်။ သူလည်း ထိုကိစ္စတွင် တပည့်ဝတ္တရားရှိသည်ဟု တွေးမိသည်။

"ဟုတ်ပါတယ်လေ။ ငါ့ကိုယ်ပိုင်ငွေထဲက ဝိညာဉ်ကျောက်ငါးသန်း ထပ်ထည့်မယ်"

ဆရာဝစီပိတ်သည် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်လာစေချင်သည့် သူ့ရည်ရွယ်ချက်ကို သေချာပေါက်နားလည်လိမ့်မည်ဟု လုယန်ယုံကြည်သည်။ အကယ်၍ သူ့ဆရာနားမလည်လျှင်လည်း တစ်ခြားလူက ခေါ်လာပေးလိမ့်မည်။

ကျင့်ကြံမှုလစဉ်သတင်းစာက အတော်ရောင်းကောင်းနေသည်။ နောက်ဆိုလျှင် သူ့ဆရာအကူအညီဖြင့် ကျင့်ကြံသူလောကတွင် ရောင်းအကောင်းဆုံး 'စာပေ'အမျိုးအစားတစ်ခု ဖြစ်လာလိမ့်မည်။

ထိုသတင်းကောင်းကိစ္စ လောင်မုန်ကို သူပြောပြချင်သည်။ သို့သော် တတိယအကြီးကဲထံမှ မုန်ကျင်းကျိုး၏ အဖြစ်ဆိုးကို ကြားလိုက်ရသည်။

"လောင်မုန်ကို နေလုံးနားမှာကျင့်ကြံခိုင်းဖို့ ပင်လယ်တာအိုသခင်က ခေါ်သွားတယ်ပေါ့"

"ဟုတ်တယ်။ငါက ရှောင်မုန်ကို ကျင့်စဉ်ပညာသင်နေတုန်းမှာ ပင်လယ်တာအိုသခင် ရုတ်တရက်ရောက်လာပြီး ချက်ချင်းခေါ်သွားတာပဲ"

တတိယအကြီးအက စိတ်ဓာတ်ကျနေဟန်ရှိသည်။ နေလုံးအနီးတွင်လေ့ကျင့်လျှင် မုန်ကျင်းကျိုး၏ ကျင့်စဉ်အဆင့် တိုးတက်လာမည်။ ဘိုးဘေးသခင်ကြီးကြပ်နေသဖြင့် အန္တရာယ်လည်းရှိမည်မဟုတ်။

သို့သော် ထိုလုပ်ရပ်က နည်းနည်းတဇွတ်ထိုးဆန်းလွန်းသလို ဖြစ်နေသည်။

လုယန် ကိုယ်ချင်းစာပါသည်။ မုန်ကျင်းကျိုး စိတ်ပျော်မည်မဟုတ်မှန်း သိသည်။ သို့သော် ထိုကိစ္စက မုန်ကျင်းကျိုး ကောင်းဖို့ဖြစ်သည်။

ထို့ကြောင့် စိတ်မပါသော်လည်း မုန်ကျင်းကျိုးအတွက် သူဝမ်းသာပေးရုံသာရှိတော့သည်။

********************************

အခန်း (၁၀၅၈) လူအမျိုးမျိုး နည်းအထွေထွေ

"ဘိုးဘေး၊ တစ်ခြားကျင့်စဉ်နည်းတစ်မျိုး ပြောင်းကြည့်ကြမလား"

နေလုံးနားသို့ ရောက်လာချိန်တွင် ပြင်းထန်သည့် အပူရှိန်ကို ခံစားရသဖြင့် မုန်ကျင်းကျိုးက ပင်လယ်တာအိုသခင်ကိုပြောသည်။ သူအမြဲတမ်းဖိနှိပ်ထားခဲ့သည့် ယန်ချီများက အဆက်မပြတ်စတင်လှုပ်ရှားလာသည်။ အထိန်းအချုပ်လွတ်တော့မလို ဖြစ်နေသည်။

ပင်လယ်တာအိုသခင်က ခပ်တည်တည်မျက်နှာဖြင့် မုန်ကျင်ကျိုးပုခုံးပေါ်လက်တင်၍ စိတ်အားထက်သန်စွာပြောသည်။

"ရှောင်မုန်၊ အနာခံနိုင်မှ အသာစံရမယ်ဆိုတဲ့စကားရှိတယ်။ မင်းရှောင်လုထက်သာချင်ရင တစ်ခြားလူတွေခံနိုင်ရည်မရှိတဲ့ ဝေဒနာကို မင်းသည်းခံနိုင်ရမယ်။ နားလည်တယ်မဟုတ်လား"

လုယန်ကိုအနိုင်ယူဖို့ နေလုံးနားတွင် ကျင့်ကြံရမည်ဆိုသည့် အတွေးကြောင့် မုန်ကျင်းကျိုး၏ တိုက်ပွဲစိတ်ဓာတ်များ ချက်ချင်းနိုးကြားလာသည်။ ကိုယ်ထဲမှရုန်းကြွလာသည့် ဆန္ဒမီးများကို ဖိနှိပ်သည်။

"ကောင်းပါပြီ။ ကျုပ်ကျင့်ကြံပါ့မယ်"

ပင်လယ်တာအိုသခင် ပြုံးလိုက်သည်။

"အဲလိုမှပေါ့။ စိတ်မပူပါနဲ့။ ရှေးဟောင်းပညာရပ်တစ်မျိုး ငါတတ်ထားပါတယ်။ မင်းစိတ်ထိန်းချုပ်မှုလွတ်တာမျိုး မဖြစ်ပါဘူး"

မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။

"ရှေးဟောင်းပညာလား..."

လုယန်ဘေးတွင် မသေမျိုးတစ်ယောက်ရှိနေသဖြင့် ရှေးဟောင်းမှောပညာများ တတ်ကျွမ်းခဲ့သည်။ ယခု သူလည်းသူ့့လက်တစ်ကမ်းတွင် ရှေးဟောင်းပညာရပ်တစ်မျိုး ရှိနေပြီဖြစ်သည်။

"ဒါပေါ့။ ရှေးဟောင်းခေတ်ကလူတွေ ဆေးပညာမပေါ်ခင်က ရောဂါတွေကို ဘယ်လိုနည်းနဲ ကုသခဲ့တယ်ထင်လဲ"

"ဘယ်လိုကုလဲ"

ပင်လယ်တာအိုသင် မုန်ကျင်းကျိုးကို စိုက်ကြည့်၍ ပြောသည်။

"သွေးထုတ်တာလေ"

မုန်ကျင်းကျိုး ချက်ချင်းလှည့်ပြေးချင်စိတ်ပေါ်လာသည်။ သို့သော် အားတင်းပြုံး၍ပြောသည်။

"ဘိုးဘေး။ လုယန်ကို အနိုင်ယူဖို့ကိစ္စက အလျင်စလိုလုပ်စရာမလိုသေးပါဘူး။ ဂိုဏ်းကိုပြန်ပြီး တစ်ခြားနည်းလမ်းတစ်ခုခု စဉ်းစားကြမလား"

"ဒီကို ရောက်လာပြီးမှတော့ စမ်းကြည့်ကြတာပေ့ါကွာ"

မုန်ကျင်းကျိုးကို ပင်လယ်တာအိုသခင် ထွက်ပြေးခွင့်မပေး။ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ရုန်းကြွလာသည်ကို မုန်ကျင်းကျိုးခံစားရသည်။ ကျင့်စဉ်စွမ်းအားများ ချက်ချင်းထိုးတက်သွားသည်။ ခန္ဓာသန့်စင်မှုအာနိသင်လည်း ပိုထက်မြက်လာသည်။

တစ်ခုတည်းသောပြဿနာက သူ့တစ်ကိုယ်တော်ဝိညာဉ်မြစ်။ ထိန်းချုပ်ဖို့ ခက်ခဲလွန်းသည်။

ပင်လယ်တာအိုသခင်က မုန်ကျင်းကျိုးလက်ကောက်ဝတ်ကို ဖြတ်ရာနည်းနည်းပေးလိုက်သည်။ သန့်စင်သည့်ယန်သွေးများ ပန်းထွက်လာသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ် ယာယီတည်ငြိမ်သွားသည်။

"တွေ့လား။ ဒီနည်းလမ်းအဆင်ပြေမှာပါလို့ပြောသားပဲ"

ဖန်ဝူယာ သွားဖြဲရယ်၍ပြောသည်။ ထိုအချိန်ကိုအခွင့်ကောင်းယူ၍ ကျင့်ကြံဖို့ တိုက်တွန်းသည်။

သန့်စင်ယန်သွေးကို နည်းနည်းခိုးမြည်းကြည့်သည်။ တကယ်အာနိသင်ရှိကြောင်း သိရသည်။ သို့သော် မုန်ကျင်းကျိုး၏ ကျင့်စဉ်အဆင့်က နိမ့်လွန်းသည်။ သန့်စင်ယန်သွေး၏စွမ်းအားက မလုံလောက်သေး။

ဤနည်းလမ်းက တကယ်အကျိုးရှိကြောင်း နားလည်သွားသဖြင့် မုန်ကျင်းကျိုး စိတ်ကိုတင်း၍ ကျင့်ကြံဖို့ဆုံးဖြတ်ချက်ချလိုက်သည်။

"ဘိုးဘေး ဘိုးဘေး။ ကျုပ်ရဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်က ထကြွလာပြန်ပြီ"

"မစိုးရိမ်ပါနဲ့။ ငါဆက်ပြီးသွေးထုတ်ပေးမယ်"

........

"ပင်လယ်တာအိုသခင်ကိုယ်တိုင် သင်ပေးနေတာဆိုတော့ လောင်မုန် အတော်ကံကောင်းတာပဲ"

လုယန် စုပ်တစ်ချက်သပ်လိုက်သည်။ သူသတင်းစာဖန်တီးသည့်အကြောင်း ပြောခွင့်မရသော်လည်း ယခုလက်ရှိတွင် လောင်မုန်၏ကျင့်ကြံမှုက အရေးကြီးသည့်အချိန်ရောက်နေကြာင်း သူနားလည်သည်။ အနှောက်အယှက်မပေးသင့်။

"ရှောင်လု၊ ပင်လယ်တာအိုသခင်က ရှောင်မုန်ကိုခေါ်သွားတယ်လို့ကြားတယ်"

ယွမ်ကျိ ဘယ်ကသတင်းရလာမှန်းတော့မသိ။ လုယန်ဆီ ရောက်လာသည်။

"အာကာသထဲမှာ ကျင့်ကြံတာက တကယ့်နည်းလမ်းကောင်းတစ်ခုပဲလို့ ငါတွေးနေတာ။ မင်းလည်း ကျင့်ကြံချင်ရင် ငါကူညီပေးလို့ရပါတယ်"

ယွမ်ကျိက လုယန်၏ ကျင့်စဉ်တိုးတက်ရေးအတွက် အတော်ဂရုစိုက်သည်။

"အဲ..."

ယွမ်ကျိက လုယန်ကို ငြင်းဆန်ခွင့်မပေး။ အာကာသထဲသို့ ချက်ချင်းဆွဲခေါ်သွားသည်။ ကြယ်အလင်းများ ကြားသို့ရောက်လာသည်။

"အမယွမ် ကျုပ်တို့ဘယ်ကိုသွားမှာလဲ"

ယွမ်ကျိက မလှမ်းမကမ်းမှ သာမန်ပုံစံရှိသည့် ကြယ်တစ်လုံးကို လက်ညှိုးထိုးပြသည်။

"အဲဒီ့ကြယ်က ငါ့ရွှေသန္ဓေတွေထဲက တစ်ခုပဲ။ သန့်စင်တဲ့ရွှေဓာတ်တွေ အများကြီးပါတယ်။ မင်းရဲ့ ဓားဝိညာဉ်မြစ်က ရွှေဝိညာဉ်မြစ်ကနေ ဆင်းသက်လာတာ။ ဒီနေရမှာကျင့်ကြံတာ အသင့်တော်ဆုံးပဲ"

(**ရွှေ-သတ္တုဓာတ်-ဓား)

လုယန် ခဏအာရုံခံကြည့်သည်။ ထိုကြယ်တွင် ဘာ‌ရွှေဓာတ်စွမ်းအင်မှ ရှိသည်ဟု မခံစားရ။

"ရွှေသန္ဓေကို ကြယ်နေရာမှာ အစားထိုးတာက သိသာလွန်းတယ်လေ။ ဒါကြောင့် ငါ့ရွှေသန္ဓေတွေကို မသိသာအောင် အမြဲတမ်းထိန်းချုပ်ထားတာ"

ယွမ်ကျိက ရှင်းပြသည်။ ထို့နောက် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ သာမန်ဟုထင်ရသည့်ကြယ်က ရုတ်တရက် ပြင်းထန်သည့်ရွှေဓာတ်စွမ်းအင်များ ထိုးထွက်လာသည်။ လုယန်၏သိစိတ်အာရုံကို အပ်ပေါင်းများစွာ ထိုးဆွနေသလို ခံစားရသည်။ ဝေဒနာက ပြင်းထန်လွန်းသည်။

"သွားတော့ ရှောင်လု၊ ရှောမုန်က ဇွဲကောင်းကောင်းနဲ့ ကျင့်ကြံနေပြီ။ မင်းနောက်ကျကျန်ခဲ့လို့မဖြစ်ဘူး"

ရွှေသန္ဓေကြယ်မှ ပြင်းထန်သည့်ဆွဲအားတစ်ခုထွက်လာသည်။ လုယန် ဒရွတ်တိုက်ဆွဲယူခံလိုက်ရသည်။

ရွှေစွမ်းအင်များ သူ့ကိုလွှမ်းခြုံသွားသည်။ ရွှေဓာတ်စွမ်းအင်ပင်လယ်ထဲ ပိတ်မိသွားသည်။ နာကျင်စွာသူအော်ဟစ်နေရသည်။ ဘယ်လောက်ရုန်းရုန်း ရွှေကြယ်သန္ဓေ၏ဆွဲအားမှ မလွတ်မြောက်။ ခန္ဓာကိုယ်ကို သန်မာအောင်သန့်စင်ထား၍ တော်သေးသည်။ အရင်ကရုပ်ခန္ဓာမျိုးသာဆိုလျှင် ဝေဒနာက ထိုထက်ပိုဆိုးဝါးလိမ့်မည်။

"အားးး"

"တောင့်ထားပါ ရှောင်ယန်၊ နင်လုပ်နိုင်ပါတယ်"

နတ်မယ်က လုယန်ကို အားပေးနေသည်။ ရွှေစွမ်းအင်များ လုယန်ကို ဆွဲမခေါ်မီကတည်းက သိစိတ်နယ်မြေမှထွက်လာပြီး ယွမ်ကျိဘေးတွင်ရပ်၍ အဝေးမှ အားပေးနေခြင်းဖြစ်သည်။

"နတ်မယ်၊ စိတ်ဓာတ်ခွန်းအားပေးတာထက် ပိုကောင်းတာလေးလုပ်...အားးး"

ဝေဒနာက ပြင်းထန်လွန်းသဖြင့် သူစကားဆုံးအောင်မပြောနိုင်။

...

ကျယ်ပြန့်သည့် မြက်ခင်းပြင်တွင် လူတစ်ယောက် ပြေးလွှားနေသည်။ သူ့နောက်မှ လူလေးယောက် အတင်းလိုက်နေသည်။

ထိုလေးယောက်သည် မဟာရှား၊ အရှေ့ပင်လယ်၊ ဗုဒ္ဓနိုင်ငံနှင့် နတ်ဆိုးနယ်မြေမှလူများဖြစ်သည်။ အားလုံး ကူးဖြတ်ခြင်းအဆင့်ရှိသည်။ ဘုံရန်သူတစ်ယောက်ကို တွေ့ချိန်တွင် နောက်ခံကွဲပြားချက်ကို ဘေးဖယ်ထားပြီး အတူပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

"ဝစီပိတ်၊ ရပ်လိုက်စမ်း။ တာအိုလမ်းစဉ်ဂိုဏ်းကလူတိုင်း မင်းအတွက် စိတ်ပူနေကြတာ။ ငါတို့နဲ့အတူ ဂိုဏ်းကိုပြန်လိုက်ခဲ့"

"ငါလည်းအခု တာအိုလမ်းစဉ်ဂိုဏ်းကို ပြန်နေတာပဲလေ။ မင်းတို့ကဘာလို့ ငါ့ကိုလိုက်ဖမ်းနေတာလဲကွ"

ဝစီပိတ် ဒေါသတကြီး ပြန်အော်သည်။

ဝစီပိတ်၏တန်ကြေးက အတော်မြင့်သည်။ မှောင်ခိုဈေးနှင့် အရှေ့ပင်လယ်တစ်ခွင် ဆုကြေးများထုတ်ထားသည်။ ယခု ဆုကြေးက ထပ်မြင့်လာသည်။

"ဒီလိုတော့ မဖြစ်ဘူးလေ။ လမ်းတစ်ဝက်ရောက်မှ မင်းဦးတည်ချက်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ။ စိတ်ချရအောင် ငါတို့မင်းကို ဖမ်းရမှာပဲ"

"မင်းတို့ဖမ်းတာခံရင် ငါ့အတွက် စိုးရိမ်စရာဖြစ်လာမှာပေါ့။ ပြီးတော့...ဗုဒ္ဓနိုင်ငံက ဟိုကိုယ်တော်။ ငါမင်းကို တစ်ခါမှ ရန်မစဖူးဘူးမဟုတ်လား"

"မင်းရဲ့ ဒုတိယတပည့်ကပြောတယ်။ တစ်ရက်သင်တဲ့ဆရာဟာ တစ်သက်လုံးဆရာပဲတဲ့။ တပည့်မလိမ်မာရင် ဆရာ့အပြစ်ပဲတဲ့။ သူပြဿနာတစ်ခုခုဖြစ်ရင် မင်းတာဝန်ယူလိမ့်မယ်လို့ ပြောထားတယ်"

ဗုဒ္ဓကျင့်ကြံသူက ပြောသည်။

ခဏတုံ့ဆိုင်းနေပြီးနောက် နတ်ဆိုးနယ်မြေမှ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကလည်း ကျန်သုံးယောက်နှင့် ဆက်ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်သည်။ ကျူးထန်က သတင်းစာတွင်ထည့်ထားသည့် ကြော်ကြာကိုတွေ့ခဲ့သည်။ 'အကိုလုကို ကူညီရမည်'ဟုပြော၍ ဝစီပိတ်ကိုရှာဖို့ သူ့ကိုလွှတ်လိုက်ခြင်းဖြစ်သည်။

ဝစီပိတ်ကိုတွေ့သော်လည်း တစ်ခြားသုံးယောက်က အမိဖမ်းနိုင်မည့်ဟန်မရှိ။

မလွတ်နိုင်တော့မှန်းသိသဖြင့် ဝစီပိတ် တန်ပြန်တိုက်ခိုက်ရန် နောက်သို့လှည့်လိုက်သည်။

"တိုက်ခိုက်ရင်းနဲ့ ကျင့်ကြံတာလည်း အကျိုးရှိတဲ့ နည်းလမ်းကောင်းပါပဲ"

.....

နွေဦးရာသီမှ ဆောင်းဦးရာသီသို့ ပြောင်းလာသည်။ လုယန် ရွှေသန္ဓေကြယ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ မျက်နှာတွင် ကြည်နူးရိပ်အပြုံးမျိုးရှိနေသည်။

လုယန်ခံစားရသည့် ဝေဒနာက ပြင်းထန်လွန်းသဖြင့် ယွမ်ကျိက ကျွေးယွဲ့ဘိုးဘေးကို အကူအညီတောင်းခဲ့သည်။ ကျွေးယွဲ့က ခံစားချက်ခုနစ်မျိုးအရိယဖလစွမ်းအားသုံး၍ လုယန် ဝေဒနာကို ပျော်ရွှင်ခံစားနိုင်အောင် လုပ်ပေးသည်။ ထိုအချိန်ကျမှ လုယန်ငြိမ်သွားသည်။ ရွှေဓာတ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူသည်။

ထိုအချိန်အတွင်း လုယန် ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံခဲ့သည်။ အားလပ်သည့်အချိန်များတွင် မကြာခဏဆိုသလို စိတ်ပြေလက်ပျောက် အပြင်ထွက်သည်လည်းရှိသည်။ ဥပမာ ပြိုင်ပွဲဒိုင်လုပ်ဖို့ ဖိတ်ခေါ်ခံရသည်။ လူသတ်မှုများနှင့်ကြုံသည်။ လောင်မုန်နှင့်အတူ ခရီးထွက်သည်။ လူသတ်မှုများနှင့်ကြုံသည်။

ကမ်းခြေသို့သွားသည်။ လူသတ်မှုများနှင့်ကြုံသည်။ လှေပျံစီးသည်။ လူသတ်မှုများနှင့်ကြုံသည်။

တာအိုရှင်ဝစီပိတ်က လုယန်ကို ငွေမကုန်စေလိုသဖြင့် လိုက်လံဖမ်းဆီးသူများလက်မှလွတ်‌အောင် ထွက်ပြေးပြီး တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်လာသည်။ ကျင့်ကြံမှုလစဉ်သတင်းစာတွင် ပုံပြင်ဇာတ်လမ်းများရေးသည်။ အတော်လူကြိုက်များသည်။

ယဲ့ဇီကျင်းလိုပင် တာအိုရှင်ဝစီပိတ်လည်း ခြေငြိမ်သူမဟုတ်။ ဂိုဏ်းတွင်ကြာကြာမနေဘဲ အပြင်လောကသို့ ပြန်ထွက်သည်။ သူ့ပုံပြင်ဇာတ်လမ်းများကိုတော့ ဂိုဏ်းသို့ ပုံမှန်ပို့သည်။

တာအိုလမ်းစဉ်ဂိုဏ်း သတင်းစာထုတ်ဝေသည်ကိုကြည့်ပြီး တစ်ခြားဂိုဏ်းများများနှင့် တော်ဝင်ရုံးတော်ကလည်း လိုက်လုပ်ကြသည်။ သူတို့သတင်းစာများလည်း ရောင်းကောင်းပါသည်။ သို့သော် ကျင့်ကြံမှုလစဉ်သတင်းစာကိုတော့ မမီကြ။

တန်ချန်ဝူတို့မောင်နှမ ဂိုဏ်းစမ်းသပ်ပွဲဖြတ်ကျော်၍ တရားဝင်ဂိုဏ်းသားများဖြစ်လာသည်။ အခြေတည်အဆင့်သို့ရောက်လာကြသည်။ ထိုအချိန်တွင် လုယန်လည်း အဆင့်တက်သည်။

"ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ကို ရောက်လာပြီပဲ"

**********************************

အခန်း (၁၀၅၉) မူလဝိညာဉ်ပေါင်းစပ်ခြင်း

ရွှေသန္ဓေကြယ်ထက်တွင် ကျင့်စဉ်အဆင့်တက်ပြီးနောက် လုယန်ပြုံးနေသည်။

ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ဆိုသည်မှာ ကောင်းကင်ဆင်းရဲဖြတ်၍ လေဟာနယ်သန့်စင်အဆင့်သို့တက်ရန် ခြေတစ်လှမ်းသာလိုတော့သည့်သည့် အနေအထားဖြစ်သည်။

မဟုတ်သေးဘူး...ဒီကိစ္စက ပျော်စရာမှမဟုတ်တာ...

ယွမ်မုန်မုန်က ခွေးခြေတစ်ခုယူလာပြီး လုယန်ဘေးတွင်ထိုင်၍ သစ်သီးမုန့်များ မြိန်ရေယှက်ရေစားနေသည်။ ထာဝရအရိယဖလသန္ဓေပိုင်ထားသူဖြစ်၍ ရွှေစွမ်းအင်ချီများကို သူမမှု။

(**ယွမ်မုန်မုန်၏ အရိယဖလသန္ဓေကို 'ထာဝရအရှိယဖလသန္ဓေ'ဟုသာ ဆက်လက်ပြန်ဆိုပါမည်။ အစောပိုင်းက သက်ရည်အရိယဖလဟု ပြန်ဆိုခဲ့ပါသည်။ သဘောတရားချင်းအတူတူဖြစ်သည်)

အာကာသသို့ ပထမဆုံးအကြိမ် ရောက်ဖူးသူဖြစ်၍ သူသိပ်အသားမကျ။

ကျယ်ပြန့်သည့် အာကာသက ခြောက်ကပ်တိတ်ဆိတ်နေသည်။ အစားအသောက်မရှိ။ ပျော်စရာမရှိ။ ဘာဆိုဘာမှမရှိ။ လုယန်သာကျင့်ကြံမနေလျှင် အချိန်ကုန်ခံပြီး သူပျံတက်လာမည်မဟုတ်။

"ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ကို ရောက်လာပြီလား ဒုခေါင်းဆောင်။ အရမ်းတော်တာပဲ။ ရော့...မက်မွန်သီးစားလိုက်ဦး"

လုယန်အောင်မြင်စွာအဆင့်တက်သွားသည်ကိုကြည့်၍ တစ်ကိုက်သာစားရသေးသည့် သစ်သီးမုန့်ကို သူမစားဖြစ်သေးဘဲ ပါးစပ်ထဲဖြင့်ကိုက်ထားပြီး သူ့ဇာတိမြေမှယူလာသည့် မက်မွန်သီးတစ်လုံး ထုတ်ပေးသည်။

ထို့နောက် သူငှားလာသည့် ကန်ချင်၏ဗျတ်စောင်းကို ထုတ်သည်။ ဝိညာဉ်စွမ်းအင် သွင်းလိုက်သည်။ သာယာသည့်ဂီတသံပေါ်လာသည်။ ချက်ချင်းလက်ခုပ်စတီး၍ ဒုခေါင်းဆောင် အဆင့်တက်သည့်ကိစ္စကို ဂုဏ်ပြုပေးသည်။

"ကျေးဇူးပါ"

လုယန် မသေမျိုးသစ်သီးကို ကိုက်စားသည်။ သို့သော် မူမမှန်သည့်အချက်ကို သူရုတ်တရက် တွေးမိလာသည်။

"နေပါဦး၊ ညီမမုန်မုန်၊ မင်းဘာလို့ ဒီကိုရောက်လာတာလဲ"

"ဪ...နင်အဆင့်တက်တော့မယ်ကြားလို့ ဂုဏ်ပြုပေးဖို့ လာစောင့်နေတာလေ"

လုယန်ရင်ထဲ အတော်ထိသွားသည်။ ရွှေသန္ဓေကြယ်ပေါ်တွင် သူအချိန်ကြာမြင့်စွာ နေခဲ့ရသည်။ မုန်မုန်က တစ်ချိန်လုံး စောင့်ပေးနေသည်။

"ဒီမှာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ"

"ခုနကမှ ရောက်တာပါ"

လုယန် ချင်ဖုန်းဓားကို ဆွဲထုတ်လိုက်သည်။ ဓားရိပ်က ကောင်းကင်သို့ ထိုးတက်သွားသည်။ တစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် လေဟာနယ် ကွဲထွက်သွားသည်။ အက်ကြောင်းက တော်တော်နှင့် ပြန်စေ့မသွား။

ကျင့်ကြံနေချိန်အတွင်း ရွှေဓာတ်ချီစွမ်းအင်များကို အဆက်မပြတ် သူစုပ်ယူခဲ့သည်။ ယခု သူ့ဓားချီက မယုံနိုင်လောက်အောင် စွမ်းအားကြီးသည့် အနေအထားသို့ ရောက်နေသည်။

မသေမျိုးမက်မွန်သီးကို လေထဲသို့ ပစ်မြှောက်လိုက်သည်။ ဓားအိမ်ကို လက်မဖြင့် အသာဖိတွန်းသည်။ ဓားအလင်းတစ်ခု ဖျတ်ခနဲလက်သွားသည်။ မက်မွန်သီးက သူ့လက်ဝါးပေါ်ပြန်ကျလာသည်။ သစ်သီးအခွံများ ညီညာစွာပြတ်ထွက်သွားသည်။ အသားကိုမထိခိုက်။

(**လခွမ်းတဲ့။ ဒါတော့ လွန်တာပေါ့ဟ)

"တော်လိုက်တာ"

ယွမ်မုန်မုန်က လက်ခုပ်တီး၍ချီးကျူးသည်။ သူသစ်သီးအခွံနွှာတိုင်း ဘယ်တော့မှသန့်သန့်ရှင်းရှင်းမရ။

"ငါ့အတွက်လည်း တစ်လုံးနွှာပေးဦး"

လုယန် ဓားကိုထုတ်၍ နောက်ထပ်မသေမျိုးမက်မွန်သီးတစ်လုံး အခွံနွှာပေးသည်။ ယွမ်မုန်မုန်၏လက်ခုပ်သံ ပို၍ကျယ်လောင်လာသည်။

မက်မွန်သီးစားပြီးနောက် ယွမ်မုန်မုန်က ပန်းသရဖူတစ်ခု လုယန်ခေါင်းတွင်စွပ်၍ ဂုဏ်ပြုသည်။

"ပြန်ကြစို့၊ ငါ့ကျင့်စဉ်အခြေခံကို တည်ငြိမ်အောင်လုပ်ဖို့လိုတယ်"

လုယန်ကပြောသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ရွှေသန္ဓေစွမ်းအင်၏ တိုက်ခိုက်မှုကို ခံနေရဆဲဖြစ်သည်။ ခံစားချက်ခုနစ်မျိုး အရိယဖလအစွမ်းကြောင့် သူ့မျက်နှာက ပြုံးနေဆဲဖြစ်သည်။ အပျော်စိတ်များလွန်းသဖြင့် ကျင့်စဉ်တည်ငြိမ်‌အောင်ထိန်းဖို့ အာရုံစုစည်း၍မရ။

ဂိုဏ်းသို့ပြန်ရောက်ပြီးနောက် ကောင်းကင်းဂိတ်တောင်၏နောက်ဘက်မှ နှင်းတောင်သို့သွားသည်။ ကျွေးယွဲ့နှင့် သွားတွေ့သည်။

"ဘိုးဘေးကျွေးယွဲ့၊ အရိယဖလစွမ်းအားကို ပြန်သိမ်းပေးပါဦး"

လုယန် အပျော်စိတ်လွှမ်းမိုးနေသဖြင့် သူ့ပေါင်သူဖြန်းခနဲရိုက်၍ ပြောသည်။

ကျွေးယွမ်က ကန်ထန်နှင့်စကားပြောနေသည်။ နတ်ဆိုးနယ်မြေတွင် ကန်ထန်ကြုံခဲ့ရသည့် အဖြစ်အပျက်များကို နားထောင်နေသည်။ လုယန်၏အတွေ့အကြုံများလောက် ရင်ခုန်လှုပ်ရှားစရာမကောင်းသော်လည်း သာမန်ကျင့်ကြံသူတစ်ယောက်နှင့်ယှဉ်လျှင် အတော်အရောင်အသွေးစုံလှသည်။

ကျွေးယွဲ့က လုယန်ကိုတစ်ချက်ကြည့်၍ မေးသည်။

"ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ကို ရောက်လာပြီပေါ့"

ထိုသို့ပြောရင်း အရိယဖလစွမ်းအားကို ပြန်သိမ်းသည်။

"ရော..နင့်ရဲ့ဗျတ်စောင်း"

ယွမ်မုန်မုန်က ဗျတ်စောင်းကို ကန်ထန်ဆီ ပြန်ပေးသည်။

"ရှောင်လု၊ နင့်ကျင့်စဉ်တိုးတက်နှုန်းက ငါနဲ့အကိုနှစ်ထက် မြန်တာပဲ။ ဆရာထက်တောင် ပိုမြန်လောက်တယ်"

ကန်ထန်က လုယန်၏ကျင့်စဉ်တည်ငြိမ်အောင် ဗျတ်စောင်းတီးပေးရင်း မှတ်ချက်ပြုသည်။

"အမယွမ်နဲ့ယှဉ်ရင်ရော ဘယ်လိုနေလဲ"

လုယန် စိတ်အားထက်သန်စွာမေးသည်။ ခါတိုင်းထက် စိတ်အားတက်ကြွနေသဖြင့် အမယွမ်ဝိညာဉ်ပြောင်းအဆင့်တွင် ရှိစဉ်က သူ့တိုးတက်နှုန်းကို မမီနိုင်ဟု ယုံကြည်နေသည်။

"အဲဒါတော့ ငါမသိဘူး။ အမယွမ်က သူ့ကျင့်စဉ်တိုးတက်နှုန်းအကြောင်း တစ်ခါမှမပြောဖူးဘူး"

"ဒါဆို ကျုပ်က အမယွမ်ထက် မြန်ချင်လည်းမြန်မယ် နှေးချင်လည်းနှေးမယ်ဆိုတဲ့သဘောပေါ့"

လုယန် ‌ကျေနပ်သွားသည်။ အမယွမ်ထက် သာလွန်နိုင်ခြေ ငါးဆယ်ရာနှုန်းရှိနေသည့်သဘောဖြစ်သည်။

...မဟုတ်သေးဘူး။ ဘာလို့ငါ့အတွေးတွေက ပုံမှန်နဲ့မတူတာလဲ...

လုယန် ကိုယ့်အဖြစ်ကိုယ် ပြန်သတိထားမိသည်။

နတ်မယ်က ထွက်လာပြီး ရှင်းပြသည်။

"ဒါက ပုံမှန်ပါပဲ။ နင်အခု ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ကို ရောက်နေပြီ။ သိပ်မကြာခင် လေဟာနယ်သန့်စင်အဆင့်ကိုရောက်မယ်။ ပြိုင်ဘက်ကင်းမူလဝိညာဉ်က ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီး စုစည်းခြင်းအဆင့်ကို တက်ရမယ်။

ဒုခေါင်းဆောင်အနေနဲ့ နင့်ပါရမီက ထူးခြားတော့ ဝိညာဉ်ပေါင်းစပ်တဲ့လက္ခဏာတွေ စောစောကြိုပေါ်လာပြီး နင့်ကိုပြိုင်ဘက်ကင်းစိတ်ဓာတ်မျိုး လှုံ့ဆော်ပေးနေတာလေ"

လုယန် "..."

ဘာကြောင့်များ ပြိုင်ဘက်ကင်းသန္ဓေတည်ဆောက်ဖို့ ငါဆုံးဖြတ်ခဲ့မိပါလိမ့်...

ပိုင်ယဲ့က ကျွေးယွဲ့နေရာကိုဝင်ယူ၍ မှော်လက်စွပ်ထဲမှ စက္ကူအိတ်တစ်လုံးထုတ်သည်။

"အကိုလုယန်၊ ရော...အဲဒါ ကျွန်မကောက်ထားတဲ့ သံလွင့်ပန်းတွေပါ"

လနန်းတော်တွင်ရှိစဉ်က သံလွင်ပန်းအရသာကို လုယန်ကြိုက်ကြောင်း ပြောဖူးသည်။ ထို့ကြောင့် တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ပြီးနောက်ပိုင်း ပန်းပွင့်များ သူအဆက်မပြတ်စုထားခဲ့ခြင်းဖြစ်သည်။

'အကို'ဟုမခေါ်ဖို့ ပိုင်ယဲ့ကို လုယန်အကြိမ်ကြိမ်ပြောဖူးသည်။ သို့သော် ပိုင်ယဲ့က ထိုအခေါ်အဝေါနှင့် အသားကျ‌နေပြီဖြစ်၍ မပြင်ချင်တော့ဟု ပြောသည်။ လုယန် လက်လျှော့လိုက်ရသည်။

"ကျေးဇူးပါ"

ပန်းပွင့်တစ်ခု ပါးစပ်ထဲထည့်ဝါးလိုက်သည်။ ချိုမွှေးသည့်အရသာက ပြောင်းလဲသွားခြင်းမရှိ။

သံလွင်ဘိုးဘေး၏ သံလွင်ပန်းအာနိသင်နှင့် ကန်ထန်၏ဂီတသံအာနိသင်တို့ကြောင့် သူ့ကျင့်စဉ်အခြေခံ တည်ငြိမ်သွားသည်။ သီးသန့်တံခါးပိတ်ကျင့်ကြံဖို့ မလိုတော့။

......

"လောင်မုန်၊ ငါဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ကိုရောက်ပြီ။ မင်းရောဘယ်လိုလဲ"

လုယန် မုန်ကျင်းကျိုးလှိုဏ်ဂူဆီသွားသည်။ စူးရှသည့်ဟင်းနံ့ကို အဝေးမှပင် ရနေသည်။

မုန်ကျင်းကျိုးက သူ့နောက်ဘက်မှ အိုးတစ်လုံးဆွဲထုတ်သည်။ သူ့နှုတ်ခမ်းနှင့်ပါးနှစ်ဘက်က လူသေတစ်ယောက်လို ဖြူရော်နေသည်။ အိုးထဲသို့ ဘဲသွေးများလောင်းထည့်သည်။

"ဘယ်လိုနေရမလဲ။ ငါကမင်းထက်ပိုမြန်တာပေါ့ ခွေးသူတောင်းစားရဲ့"

နေလုံးအနီးတွင် သွေးဖောက်ခံရင်း ကျင့်ကြံခဲ့သဖြင့် သူ့ကျင့်စဉ်စွမ်းအား လျင်မြန်စွာတိုးတက်ခဲ့သည်။ လုယန်ထက်စော၍ ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့် ရောက်ခဲ့သည်။

ဆိုးသည့်တစ်ချက်က ထိုနည်းလမ်းသည် သွေးဓာတ်များစွာဆုံးရှုံးသည်။ အစားအသောက်ဖြင့် ပြန်အားဖြည့်ရသည်။

ယခုသူသာ အားအင်ချိနဲ့မနေလျှင် လုယန်ကို အတင်းဆွဲခေါ်ပြီး တိုက်ခိုက်မိပေလိမ့်မည်။

"လာပါ။ မင်းလည်းနည်းနည်းစားပါ"

မုန်ကျင်းကျိုးက နေ့တိုင်းဟော့‌ပေါ့စားနေရသည်။ သို့သော် လုယန်က အတော်ကြာအောင် မစားဖြစ်ခဲ့။ နောက်ဆုံးစားဖြစ်ခဲ့သည်က ယွမ်မုန်မုန်နှင့် ဓားမျှော်စင်တွင် ပထမဆုံးတွေ့သည့်အချိန်ကဖြစ်သည်။

လုယန် အားမနာတော့။ ချက်ချင်းထိုင်ချပြီး တူနှင့်ပန်းကန်လုံးများထုတ်၍ စစားသည်။

"ဟေ့ကောင်၊ ငါ့အတွက်လည်း နည်းနည်းချန်ဦးလေ"

မုန်ကျင်းကျိုး ဒေါသထွက်သွားသည်။ အားမနာတတ်သည်ကို သူမပြောပါ။ သို့သော် သူ့ဘဲသွေးများကိုပါ လုယန်က စားနေသည်။ ယခု သူအားနည်းနေသည်ကို ထိုသကောင့်သား နားမလည်လေသလော...

"ကပ်စေးကုပ်လိုက်တာကွာ။ အသားထည့်စားပေါ့။ အသားတုံးထည့်စား"

လုယန်က တိုက်တွန်းသည်။ သို့သော် အိုးထဲတွင် ဘဲသွေးသာ ကျန်တော့သည်။

မုန်ကျင်းကျိုးက လက်တစ်ဘက်ဆန့်ထုတ်၍ လေဟာနယ်ကိုခွဲပြီး အသားတစ်ပန်းကန်ထုတ်ယူသည်။ အိုးထဲသို့ သွန်ချလိုက်သည်။

လုယန် မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။

"လေဟာနယ်မှော်ပညာလား"

ထိုပညာမျိုး လောင်မုန်သင်ဖူးသည်ဟု သူမထင်။

"ဟား..မနာလိုဖြစ်သွားတာလား။ ပင်လယ်တာအိုသခင် သင်ပေးထားတာလေ"

မုန်ကျင်းကျိုး လှောင်ပြုံးပြုံး၍ ပြောသည်။

ဖန်ဝူယာက သူ့သွေးများကို ထုတ်ယူရင်း လေဟာနယ်မှော်ပညာတစ်ခုသင်ပေးခဲ့သည်။

"ဒါနဲ့...မင်းကအခုမှ အဆင့်တက်တာမဟုတ်လား။ ကျင့်စဉ်စွမ်းအားတည်ငြိမ်အောင် မလုပ်တော့ဘူးလား"

မုန်ကျင်းကျိုး ထရပ်သည်။ အသားနှင့်တူသည် ဂျင်းတစ်တုံးကောက်ယူ၍ လုယန်ခွက်ထဲ ထည့်ပေးသည်။

"ဒီတစ်ခါ ငါကံကောင်းတယ်လေ။ ငါအဆင့်တက်ပြီးတော့ ညီမမုန်မုန်က မသေမျိုးသစ်သီးတစ်လုံးပေးတယ်။ ညီမပိုင်ယဲ့က သံလွင်ပန်းတွေပေးတယ်။ အမသုံးက ဗျတ်စောင်းတီးပေးတယ်"

လုယန်က ငရုပ်ကောင်းအုပ်ထားသည့် အသားတစ်တုံးညှပ်ယူ၍ မုန်ကျင်းကျိုးခွက်ထဲ ထည့်ပေးသည်။

"ဖျောက်"

မုန်ကျင်းကျိုး သတိလက်လွတ် အားစိုက်မိသွားသည်ထင်သည်။ သူ့ထမင်းစားတူ ကျိုးသွားသည်။ မျက်နှာက ဒေါသကြောင့် နီရဲလာသည်။

ထိုအဖြစ်ကိုကြည့်၍ လုယန် စဉ်းစားမရဟန်ဖြင့်ပြန်မေးသည်။

"ဘာဖြစ်တာလဲ။ အဆင့်တက်ပြီးစမို့ ကိုယ့်စွမ်းအားကိုယ် မထိန်းချုပ်နိုင်သေးတာလား"

လုယန် တမင်သက်သက် ကြွားလုံးထုတ်နေသည်ဟု မုန်ကျင်းကျိုး ယူဆသည်။ ထိုကိစ္စဆက်ပြောလျှင် လုယန်ပို၍ မာန်တက်လာဖို့သာရှိသည်။

"မဟုတ်ပါဘူး။ ဘာမမဟုတ်ပါဘူး။ မင်းအတော်ကံကောင်းတာပဲလို့ တွေးနေတာပါ"

"ငါသာအဲလောက်ကံကောင်းရင် မင်းနဲ့ဘယ်တွေ့ခဲ့မလဲကွာ"

"သွားသေလိုက်လေ"

*********************************

All Chapters