အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း (၁၃၁) - မင်းက တိုက်ခိုက် ငါတို့က ဘေးကနေ အားပေးမယ်။
"ဒါကြီးက ဘာကြီးလဲလို့ ဘာလို့ ဖတ်စာအုပ်ထဲက တိုင်ရန်နိုဆောရပ်စ် နဲ့ တူနေတာလဲမဟုတ်သေးပါဘူး တိုင်ရန်နိုဆောရပ်စ် က ဒီလောက်အမိုက်စား မဟုတ်ဘူး။"
"ဟား... ကျိန်းသေပေါက် ဂလိုဘယ်အဆင့်ပဲဒါ ဘယ်လိုနေရာမျိုးလဲ နဂါးကြီးတွေလို သတ္တဝါတွေတောင် ရှိတာလား။
"ဒီကမ္ဘာကြီးက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ငါ့ရဲ့ လက်ရှိကမ္ဘာအပေါ် အမြင်တွေ တစ်ခါပြန်ပြီး အသစ်ဖြစ်သွားပြန်ပြီ။"
"ပေါင်... ငါ့ရဲ့ ရတနာလေး ပေါင်ရေ မင်း နောက်ထပ် ပြကွက်အကြီးကြီးတွေ ထုတ်ပြနေပြန်ပြီလား။ငါတို့ကို ကတိပေးထားတဲ့ စားသောက်ပြမဲ့ Live လွှင့်မယ်ဆိုတာကော ဘယ်ရောက်သွားပြီလဲ။"
"Streamer ရေ နောက်တစ်ခါ ဒီလိုအကွက်မျိုးတွေ ထုတ်ရင် ကြိုပြောပါဦး ပုံစံပြောင်းတာ မြန်လွန်းတယ်။ငါတောင် ပီဇာတို့ဘာတို့ မှာပြီး စားရင်းသောက်ရင်း ကြည့်မလို့ ပြင်ထားတာ သီးပြီးသေတော့မလို့။"
"ရတနာနတ်ဘုရားရေ မင်း နောက်ထပ် စီးတော်ရင်အသစ်တစ်ခုကို ယဉ်ပါးအောင် လုပ်တော့မလို့လား။ ဘာလဲ ငါ့ရဲ့ အသွင်ပြောင်းကျားလေးကို အားမရတော့ဘူးလား။အခုဆို နဂါးကြီးတွေကိုတောင် မျက်စိကျနေပြီပေါ့လေ။"
"အပေါ်က အစ်ကို မင်းက Streamer ကို သေစေချင်နေတာလား ဒီလောက်ကြီးတဲ့ နဂါးကြီးကိုမှ သွားမျက်စိကျခိုင်းရသလား။ငါ့ကိုမေးရင်တော့ Streamer ရေ အခုချက်ချင်းသာ ထွက်ပြေးတော့။"
"လိပ်ကလေးနဲ့ ညီအစ်ကိုတို့ရေ ကြည့်ကြဦးလူသစ်တစ်ယောက် မိထားတယ်ဟ ရှားရှားပါးပါးပဲ။တကယ်ပဲ လူသစ်တွေ ထပ်ရောက်လာတာပဲ။မင်းတို့ရွာက အခုမှ 2G အင်တာနက် ရတာလား။"
"Streamer က ဘယ်သူလဲဆိုတာ မသိဘူးလား ဒါ ငါ့အစ်ကို ပေါင်လေ ကျားဂူမှာ လက်မှတ်ထိုးဝင်ပြီး မျောက်ဖြူဂူမှာ အိပ်ခဲ့တဲ့ လူကြမ်းကြီး။ဒီနဂါးကြီးက ကြည့်ရတာ ကြောက်စရာကောင်းပေမဲ့ တကယ်တော့ ခပ်ညံ့ညံ့ပါပဲ။"
လုပေါင် တစ်ယောက် Comment Chat ထဲမှာ သူ့ပရိသတ်တွေ မြှောက်ပင့်နေတာကို ကြည့်ပြီး ရယ်ချင်စိတ်ကို အောင့်ထားရသည်။
ဒီပရိသတ်တွေကတော့ ပိုပိုပြီး သတ္တိကောင်းလာကြပြီဖြစ်၏။နဂါးကြီးကို မြင်တာတောင် သူ့ကို အတင်းသွားတိုက်ခိုင်းနေကြသေးသည်။သူ သေသွားမှာကို တကယ်ပဲ စိုးရိမ်ခြင်းမရှိပေ။
သို့သော်လုပေါင်မှာ Comment တွေကို အကြာကြီး ကြည့်နေဖို့ အချိန်မရှိပေ။ယခုအချိန်တွင် သူ၏ အာရုံအားလုံးသည် ရှေ့မှ ဧရာမ ကျောရိုးချပ်ဝတ်နဂါး ကြီးပေါ်တွင်သာ ရှိနေသည်။
ဒီကောင်ကြီးဆီက ထွက်ပေါ်လာတဲ့ ဖိအားက ပြင်းထန်လွန်းလှသည်။
"တောက်... ငါ့မှာ သားရဲတွေရဲ့ နှစ်သက်မှု စွမ်းရည်+100 ရှိတာတောင် ဒီကောင်ကြီး ကြည့်နေတဲ့ ပုံစံက... တစ်ခုခုတော့ မှားနေပြီ။"
System ဆီကနေ နှစ်သက်မှု+100 စွမ်းရည် ရကတည်းက လုပေါင်ဟာ သားရဲတွေနဲ့ တွေ့တိုင်း အောင်မြင်ခဲ့သည်။ဒီနဂါးကြီးက ဘယ်လောက်ပဲ မိုက်နေပါစေ သားရဲတစ်ကောင်သာ ဖြစ်သည်။
သို့သော် ၎င်း၏ အေးစက်လှသော ဒေါင်လိုက်ရှိသည့် မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မှ မရှိပေ။လုပေါင်အနေဖြင့် ရင်းနှီးသည့် ခံစားချက်မျိုး လုံးဝမရရှိပေ။
အကယ်၍ သူသာ ပေါ့ပေါ့ဆဆ သွားပြီး ရင်းနှီးအောင် လုပ်ဖို့ ကြိုးစားမိရင်တော့ တကယ်ကို Barbie Q ဖြစ်သွားလိမ့်မည်။ဆိုလိုသည်မှာ အားလုံး ပြီးဆုံးသွားပေလိမ့်မည်။
"မဟုတ်သေးဘူး သတိထားတာက အကောင်းဆုံးပဲ။ငါ့လို ရတနာနတ်ဘုရားက ဒီနေရာမှာ လှေမှောက်လို့ မဖြစ်သေးဘူး။"
လုပေါင် စဉ်းစားနေစဉ်မှာပင် နောက်ဘက်မှ မောက်မာလှသော အသံတစ်ခု ထွက်ပေါ်လာသည် ။
"နံဆော်နေတဲ့အကောင် ထွက်သွားစမ်း ဒါတွေ အကုန်လုံး ငါတို့ဟာတွေပဲဂူး..."
လုပေါင်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။နှင်းလုံးလေးဆိုတဲ့ ငမိုက်သားလေးက အရေးကြီးတဲ့ အချိန်ကျမှ အစားအစာအတွက် ရန်တွေ့နေပြန်ပြီဖြစ်သည်။
'အမလေး... ပြိုင်ဘက်ရဲ့ အရွယ်အစားကိုရော မြင်ရဲ့လား။မင်းက ဘယ်လိုတောင် မောက်မာရဲတာလဲ။'
လုပေါင်က ထိုငှက်မိုက်လေး၏ ပါးစပ်ကို မပိတ်ခင်မှာပင် ဒါပေါင် နှင့် ဟေးမီ တို့ကလည်း နောက်ဘက်မှ နှစ်ချက်ခန့် ဟောင်လိုက်ကြတော့သည်။
ဒါကတော့ တကယ့်ကို အကြီးစားရန်စမှုပဲ
"ဝုတ်"
"ဝုတ် ဝုတ်"
ကြည့်ရတာ သူတို့တွေ နယ်ဘက်မှာ အကျင့်ဆိုးတွေ ပါလာပုံရသည်။နယ်က အိမ်စောင့်ခွေးတွေက ဒီအတိုင်းပဲ ဘယ်လောက်ကြီးတဲ့ သားရဲနဲ့ တွေ့တွေ့ နှစ်ချက်တော့ ဟောင်ရဲကြသည်။
ဒါကသာ ကျေးလက်တောရွာမှာဆိုရင်တော့ ပိုင်ရှင်က ခွေးလိမ္မာလေးတွေဆိုပြီး ချီးကျူးမှာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ လုပေါင် ဆဲပဲ ဆဲချင်တော့သည်။သူက စိတ်တိုတိုနဲ့ ချက်ချင်းပြောလိုက်သည်။
"မင်းတို့ တကယ် တော်တယ်ဆိုရင်လည်း ရှေ့ထွက်သွားကြလေ။"
သို့သော် လုပေါင် လှည့်ကြည့်လိုက်သောအခါ စောစောက မောက်မာနေသည့် သုံးကောင်လုံး တစ်ပြိုင်နက်တည်း နောက်သို့ တစ်လှမ်းဆုတ်သွားကြသည်။
သူတို့က လုပေါင်ကို ဝေခွဲမရသည့် မျက်နှာပေးများဖြင့် ကြည့်နေကြသည်။
"သွားလေ မင်းတို့က တိုက်ခိုက် ငါက ဘေးကနေ အရမ်းမိုက်တယ်လို့အော်ပေးမယ်။"
ဒီလို ရယ်စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့ ပရိသတ်တွေဟာ ချက်ချင်းဆိုသလို ရယ်မောသံတွေနဲ့ ပေါက်ကွဲသွားတော့သည်။
"ဟားဟား ရယ်ရလွန်းလို့ သေတော့မယ်။ တကယ့်ကို နတ်ဘုရားအဆင့် ကူညီပေးတာပဲ"
"ညှိနှိုင်းစရာမလိုဘဲ မင်းကို ထိုးကျွေးလိုက်တာပဲ။ဒါကိုပဲ အရည်အချင်းမရှိဘဲ ဆော့ချင်တဲ့ကောင်တွေလို့ ခေါ်တာ မဟုတ်လား။"
"သခင်ကို အားကိုးပြီး ဟောင်တဲ့ ခွေးတွေပဲ ဒီသုံးကောင်ကတော့ ငါ့ကို ရယ်ခိုင်းနေတာပဲ။"
"ရတနာနတ်ဘုရား အဆင်ပြေပါ့မလား။ဒီလောက် မြင်ကွင်းလေးကတော့ ကိုင်တွယ်နိုင်မှာပါနော်။"
ကံကောင်းထောက်မစွာဖြင့် ချီလင်လေး ကတော့ ထိုနေရာမှာပင် ရပ်နေဆဲဖြစ်သည်။ ၎င်း၏ ချစ်စရာကောင်းသော မျက်နှာလေးတွင်လည်း အနည်းငယ် တည်ကြည်သော အမူအရာ ရှိနေသည်။ဒါကို မြင်မှ လုပေါင် စိတ်သက်သာရာ ရသွားပြီး
"ကောင်လေးရေ မင်းတစ်ယောက်ပဲ သစ္စာရှိတော့တာပဲ။"
လုပေါင် တစ်ယောက်တည်း ရေရွတ်နေစဉ်မှာပင် ကမ္ဘာမြေကြီး တုန်ဟည်းသွားစေမည့် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။
"ဝုန်းးးး"
ရှေ့က ကျောရိုးချပ်ဝတ်နဂါးကြီးက ဟိန်းဟောက်လိုက်ခြင်း ဖြစ်သည်။ အသံလှိုင်းကြောင့်ပင် လုပေါင် တစ်ယောက် လွင့်ထွက်သွားလုနီးပါး ဖြစ်သွားသည်။
သူ့နောက်က အိုးထဲမှာ ပြုတ်ထားတဲ့ ကမာကောင်ကြီးတွေနဲ့ ရေဘဝဲတွေတောင် လွင့်စင်ကုန်ကြသည်။
ဒါကို မြင်လိုက်တဲ့ လုပေါင်ဟာလည်း သစ္စာမရှိစွာနဲ့ စနိုးဘော ဒါပေါင် ဟေးမီတို့လို ချီလင်လေးရဲ့ နောက်ကို ဝင်ပုန်းလိုက်တော့သည်။
ဒီနဂါးကြီးက နောက်ပြောင်နေတာ မဟုတ်ပေ။ချီလင်လေးသာ ဒီကောင်ကြီးကို ကိုင်တွယ်ခိုင်းတာ ပိုကောင်းပါလိမ့်မည်။ အကယ်၍ မနိုင်ရင်တောင် ချီလင်လေးကိုပဲ ရှေ့ထိုးကျွေးလိုက်ရုံပင်။
လုပေါင်ရဲ့ လှုပ်ရှားမှုကို မြင်တော့ ချီလင်လေးကလည်း သူ့ကို ဇဝေဇဝါနဲ့ လှည့်ကြည့်လာသည်။လုပေါင်ရဲ့ သစ္စာမရှိတဲ့ အပြုအမူကို မေးခွန်းထုတ်နေသလိုပင်။
လုပေါင်၏ မျက်နှာကြီး နီမြန်းသွားပြီး
"ကလေးလေး မင်း အရင်သွားလေ။ငါ မင်းအတွက် ဘေးကနေ အားပေးနေပါ့မယ်။"
လုပေါင်ဟာ သိက္ခာကို လုံးဝ ထည့်မတွက်တော့ဘဲ နှင်းလုံးလေးတို့ရဲ့ အမူအရာအတိုင်း လိုက်လုပ်နေတော့သည်။ကံကောင်းထောက်မစွာ ချီလင်လေးက စိတ်ထဲမထားဘဲ နဂါးကြီးကိုသာ စိုက်ကြည့်နေသည်။ ၎င်း၏ ပါးစပ်မှာ ဖောင်းနေပြီး ရက်ပေါင်းများစွာ အောင့်ထားခဲ့တဲ့ ချီလင်မီးလျှံနဲ့ ဒီကောင်ကြီးကို မှုတ်ထုတ်ပစ်ဖို့ စဉ်းစားနေပုံရသည်။
"ချီလင်လေး: မင်းကတော့ တကယ့် ဦးနှောက်မရှိတာပဲ နောက်က ခွေးနှစ်ကောင်ထက်တောင် ပိုဆိုးသေးတယ်။"
"ရတနာနတ်ဘုရား မင်း အဲဒီနောက်ဆုတ်လိုက်တဲ့ တစ်လှမ်းက တကယ်ကြီးလား။"
"ဟားဟား မျှော်လင့်ထားတဲ့အတိုင်းပဲ သခင်နဲ့ တူတဲ့ အိမ်မွေးတိရစ္ဆာန်တွေပဲ။"
"နဂါးဟိန်းသံက အရမ်း ကြောက်စရာကောင်းတာပဲ။ဘာလို့ အဲဒီလောက် ကျယ်ရတာလဲ။"
"သွားပြီ နဂါးကြီး စိတ်တိုသွားပြီ။ ငါ့ရဲ့ ပေါင်လေး သေတော့မှာလား မင်းဆီက ရွှေတွေကို ညီအစ်ကိုတို့ဆီ အရင်မဲဖောက်ပေးသွားလို့ ရမလား ညီအစ်ကိုတို့က မင်းကို သတိရနေမှာပါ အရိုးပြာအိုးအတွက်လည်း အလှူငွေ ကောက်ပေးပါ့မယ်။"
"ဖြတ်သွားဖြတ်လာတွေ မလွတ်စေနဲ့ဦးနတ်သားရဲချီလင်လေးနဲ့ ရှေးဟောင်းနဂါးကြီးတို့ရဲ့ တိုက်ပွဲ ငါတော့ ချီလင်လေးဘက်က အလောင်းအစား လုပ်တယ်။"
"ချီလင်လေး တိုက်တိုက် ဒီကောင်ကြီးကို သတ်ပစ်လိုက်။"
"ဟား... ဒါက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ Boruto ထက်တောင် ပိုမိုက်သေးတယ်။"
သို့သော်လည်း ပရိသတ်တွေ မျှော်လင့်ထားသလို တိုက်ပွဲကြီး ဖြစ်မလာခဲ့ပေ။ ဟိန်းဟောက်ပြီးနောက်တွင် လုပေါင်က ထိုနဂါးကြီး၏ အခြေအနေ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။
ထိုနဂါးကြီးသည် အရက်အပြင်းစား သောက်ထားသည့် လူတစ်ယောက်လို ၎င်း၏ ဧရာမ ဦးခေါင်းကြီးကို ရမ်းခါနေသည်။အခြေအနေမှာ အလွန်ပင် မတည်မငြိမ် ဖြစ်နေပြီး နာကျင်နေသည့် အမူအရာ ပေါ်လွင်နေသည်။
သေချာ ကြည့်လိုက်သောအခါ လုပေါင်သည် ထိုကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။အေးစက်စက်နှင့် သရဲပြည်က အငွေ့အသက်များ ၎င်းသည် ထို သရဲသင်္ဘော ၏ အငွေ့အသက်နှင့် ထပ်တူပင်။
"ဒုန်း... ဒုန်း... ဒုန်း"
လေးလံသော ခြေသံများ ထွက်ပေါ်လာသည် နာကျင်စွာ ရုန်းကန်နေပြီးနောက် ကျောရိုးချပ်ဝတ်နဂါးကြီးသည် လှည့်ထွက်သွားတော့သည်။ထိုအချိန်မှသာ လုပေါင်သည် နဂါးကြီး၏ ကျောပေါ်တွင် အနက်ရောင် အပိုင်းအစ အချို့ စိုက်ဝင်နေပြီး ၎င်းတို့ကို အနက်ရောင် အငွေ့အသက်များက ဝန်းရံထားသည်ကို သေချာ မြင်လိုက်ရသည်။
ဒါက လုပေါင်ကို အံ့အားသင့်သွားစေသည် ။
"ဒီအပိုင်းအစတွေက ဘာလို့ အဲဒီ သရဲသင်္ဘောပေါ်က အစိတ်အပိုင်းတွေနဲ့ ဒီလောက် တူနေရတာလဲ မဟုတ်မှလွဲရော... ဒီနဂါးကြီးကလည်း..."
"ဒါဆို သူက အဲဒီ သရဲသင်္ဘောကို သွားတိုက်ခိုက်ခဲ့တာလား။"
အခန်း (၁၃၂) - ရတနာနတ်ဘုရား မင်းက ဘယ်သူ့အတွက် ကြွားလုံးထုတ်နေတာလဲ။
ဒီအခြေအနေကို မြင်လိုက်ရတဲ့အခါ လုပေါင်ရဲ့ ဦးနှောက်ထဲမှာ အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး ဒီကျောရိုးချပ်ဝတ်နဂါးကြီးက သူ့အပေါ် ဘာလို့ ရင်းနှီးတဲ့အမူအရာ မပြတာလဲဆိုတဲ့ အကြောင်းရင်းကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
“ဟို ငယသရဲသင်္ဘောရဲ့ အပိုင်းအစတွေက သူ့ရဲ့ စိတ်ဆန္ဒကို နှောင့်ယှက်နေတာပဲ။”
Live လွှင့်နေတဲ့ အခန်းထဲက ပရိသတ်တွေတောင် နဂါးကြီးရဲ့ ခန္ဓာကိုယ်ပေါ်က ပုံမှန်မဟုတ်တဲ့ အခြေအနေကို မြင်နေရပြီ။
“ဟင်... ဒီနဂါးကြီးရဲ့ ကျောပေါ်က အရာတွေက ဘာတွေလဲ။”
“ကြည့်ရတာတင် နာလိုက်မယ့်ဖြစ်ခြင်း အဲဒီ အနက်ရောင် အရာတွေက သူ့ကိုယ်ထဲ စိုက်ဝင်နေတာဆိုတော့ တော်တော်လေး နာမှာပဲနော်။”
“ရတနာနတ်ဘုရား မင်း ကူညီပေးနိုင်ရင် ကူညီပေးလိုက်ပါဦး။”
လုပေါင်က သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဒါ့အပြင် စနစ် က ပေးထားတဲ့ နဂါးကို ကယ်တင်ဖို့ တာဝန် ဆိုတာကငါ့ကို ဒီနဂါးကြီးရဲ့ ကိုယ်ပေါ်က အပိုင်းအစတွေကို ဆွဲထုတ်ခိုင်းတာ ဖြစ်နိုင်မလား။”
အခုမှပဲ လုပေါင်အတွက် သဲလွန်စ ရသွားတော့သည်။
ဒါဆိုရင်တော့ ရှင်းသွားပြီ။သူက ထွက်သွားဖို့ ပြင်နေတဲ့ နဂါးကြီးဆီကို အပြေးအလွှား ချဉ်းကပ်သွားပြီး
“ခြေလှမ်းတစ်ရာ နတ်းမင်းလက်သီး။”
အရိုးရှင်းဆုံးနဲ့ အကြမ်းတမ်းဆုံး နည်းလမ်းကတော့ ဒီနဂါးကြီးကို အရင်ဆုံး အနိုင်ယူလိုက်ဖို့ပဲ ဒါပေမဲ့ မကြာခင်မှာပဲ လုပေါင်ဟာ သူ ထင်သလောက် မလွယ်ကူဘူးဆိုတာ သိလိုက်ရသည်။
အဆင့်မြင့်ဆုံးအထိ ကျင့်ထားတဲ့ သူ့ရဲ့ ခြေလှမ်းတစ်ရာ လက်သီးက နဂါးကြီးရဲ့ အနက်ရောင် အကြေးခွံတွေပေါ် ကျရောက်သွားတဲ့အခါ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။
“တောက် ဒီကောင်ရဲ့ ခုခံမှုက အရမ်း မာတာပဲ။”
လုပေါင် မဆဲဘဲ မနေနိုင်တော့ပေ။ဒီအနက်ရောင် အကြေးခွံတွေက ဘာပစ္စည်းနဲ့ လုပ်ထားလဲဆိုတာ သူ မသိ။ သူ့လက်သီးနဲ့ ထိုးလိုက်တဲ့ အားတွေဟာ အောက်ခြေမရှိတဲ့ အနက်ရောင် တွင်းကြီးတစ်ခုထဲကို စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ အလျှော့မပေးဘဲ နောက်ထပ် လက်သီးချက်ပေါင်းများစွာကို ဆက်တိုက် ထိုးနှက်လိုက်ပြန်သည်။
သို့သော် ဂိုဏ်းချုပ် အဆင့်တွေတောင် တိုက်ရိုက်မရင်ဆိုင်ရဲတဲ့ ဒီလက်သီးချက်တွေက နဂါးကြီးအတွက်တော့ ဘာမှမဟုတ်သလိုပင်။
“ရတနာနတ်ဘုရား တိုက်တယ်လက်သီးနဲ့ ထိုးတယ် ဒါပေမဲ့ နဂါးကြီးက အကောင်းတိုင်းပဲ။”
“ဟားဟား ရတနာနတ်ဘုရားတောင် အခက်တွေ့ရတဲ့ အချိန်ရှိတာပဲ။မှတ်တမ်းတင်ထားဖို့ မြန်မြန် Screenshot ရိုက်ထားကြ။”
“ပေါင်လေး မင်းလက်သီးတွေ အဆင်ပြေရဲ့လား ထမင်းမစားဘဲ တိုက်နေတာလား။”
ပရိသတ်တွေက နောက်ပြောင်နေကြပေမဲ့ Ocean Live Stream ရဲ့ CEO ဖြစ်သူ လုလင်းဟွာ ကတော့ စိတ်လှုပ်ရှားစွာနဲ့ တတွတ်တွတ် ရေရွတ်နေသည်။
“ငါတို့တော့ ပေါက်ပြီ။သူက နဂါးကြီးကိုတောင် ထုတ်ပြလိုက်ပြီ။ ရတနာနတ်ဘုရား မလုပ်နိုင်တာ ဘာရှိသေးလို့လဲ။”
အရင်ကတော့ ရတနာဘုရားသခင်ရဲ့ Live က စားသောက်ပြတာပဲ ထင်ခဲ့တာ အခုတော့ နဂါးကြီးတစ်ကောင် ထွက်လာပြီ။လုလင်းဟွာ ဘယ်လိုလုပ် မပျော်ဘဲ နေမည်နည်း။
“မြန်မြန်... ဒီ Live ကို Homepage ထဲမှာ အထူးညွှန်းထားလိုက်။”
“လူတွေ ပိုကြည့်အောင် Traffic တွေ အကုန် ပေးလိုက်စမ်း ငါတို့ Ocean Live Stream က လူကြိုက်အများဆုံး ဖြစ်ရမယ်။”
လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွန်းပေါ်မှာတော့ လုပေါင်ရဲ့ လက်သီးချက်တွေက လုံးဝ အကျိုးမဲ့သွားတာမဟုတ်ပေ။အနည်းဆုံးတော့ ယိုင်တိုင်တိုင်နဲ့ ထွက်သွားမလို့ လုပ်နေတဲ့ နဂါးကြီးက ရပ်သွားပြီး လုပေါင်ဘက်ကို လှည့်လာခဲ့သည်။
ရုတ်တရက် လုပေါင်က ၎င်း၏ ရွှေရောင် မျက်လုံးများထဲမှာ အနက်ရောင် အငွေ့အသက်တွေ ရစ်ဝဲနေတာကို တွေ့လိုက်ရသည်။
“မကောင်းတော့ဘူး သရဲသင်္ဘောရဲ့ အငွေ့အသက်တွေက နဂါးကြီးကို ပိုပြီး ဝါးမျိုလာနေပြီ။”
အချိန်ဆွဲလေလေ တာဝန်က ပိုခက်လေလေ ဖြစ်လာမှာကို လုပေါင် သိသည်။အကယ်၍ နဂါးကြီးသာ အဲဒီအငွေ့အသက်တွေရဲ့ ထိန်းချုပ်မှုကို အပြည့်အဝ ခံလိုက်ရရင် ဒီ တာဝန်ကို လုပ်နေတာ အဓိပ္ပာယ် မရှိတော့ပေ။
“ဆရာပေါင်ရဲ့ ဆုကြေးက မရောက်သေးဘူးဟေး မြွေဟောက်နက်ကြီး ရေ ထွက်လာပြီး အလုပ်လုပ်တော့။”
လုပေါင်က နဂါးကြီးရဲ့ ခံစစ်ကို စမ်းသပ်ပြီးပြီးမီးပုရွက်ဆိတ်တပ်သားတွေနဲ့ ကြွက်တပ်သားတွေကို ထုတ်သုံးတာက နဂါးကြီးအတွက် ယားယံရုံပဲ ရှိလိမ့်မည်။သူ့လက်ထဲမှာ အင်အားအကောင်းဆုံးဖြစ်တဲ့ မြွေဟောက်နက်ကြီးနဲ့ ချီလင်လေးပဲ အသုံးတည့်လိမ့်မည်။
ရွှေချပ်ဝတ် အလောင်းကောင်ဘုရင်နှစ်ကောင်ကိုတော့ သူ မသုံးချင်သေး။အဓိကကတော့ သူတို့ရဲ့ ပုံစံက ကြောက်စရာကောင်းလွန်းပြီး သူ့ရဲ့ ခန့်ညားတဲ့ ပုံစံနဲ့ မလိုက်ဖက်ပေ။ပရိသတ်တွေကို လန့်သွားအောင် လုပ်သလို ဖြစ်မှာလည်း စိုးရိမ်ရသည်။
တွင်းနက်ကြီးပွင့်သွားပြီး မြွေဟောက်နက်ကြီးရဲ့ ဧရာမ ခန္ဓာကိုယ်ကြီးက လုပေါင်ရဲ့ နောက်ဘက်မှာ ပေါ်လာကာ နဂါးကြီးကို အေးစက်စက် ကြည့်လိုက်သည်။နဂါးကြီးကလည်း လုပေါင်ရဲ့ လက်သီးချက်ကြောင့် စိတ်တိုနေပြီး သတိထားတဲ့ အမူအရာ ပြလာသည်။
နဂါးကြီးက အချိန်မဆွဲတော့ဘဲ လုပေါင်ဆီကို တံတွေး တစ်ချက် ထွေးထုတ်လိုက်သည်။
“ဟား... ယဉ်ကျေးမှု မရှိလိုက်တာ။”
လုပေါင် ဆဲလိုက်ပေမဲ့ မကြာခင်မှာပဲ ဒါက တံတွေးမဟုတ်ဘဲ နဂါးအသက်ရှူမီးလျှံဆိုတာကို သိလိုက်ရသည်။
“လိပ်ကလေးရေ နဂါးမီးလျှံပဲ ဒုက္ခပဲ တကယ်ကြီး ရှိနေတာလား။”
“ပေါင်လေ ဘာလို့ ငိုင်နေတာလဲ။ကြောက်ပြီး ကြောင်သွားတာလား။”
“သွားပြီ ရတနာနတ်ဘုရားရဲ့ လက်သီးက မတိုးတော့ ရှက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မလို့လား။”
“မလုပ်ပါနဲ့ ရတနာနတ်ဘုရားရာ မင်းရဲ့ အစွမ်းတွေကို ငါတို့ ဆက်ကြည့်ချင်သေးတယ်။”
Live ထဲမှာတော့ လုပေါင်က ကြောင်နေသလို ရပ်နေပေမဲ့ ပါးစပ်ကတော့ တစ်ခုခုကို ရွတ်ဖတ်နေသည်။
“ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အရင်းအမြစ် စွမ်းအင်အားလုံး၏ မြစ်ဖျားခံရာ...”
“ကမ္ဘာပေါင်း ကုဋေကုဋာတိုင်အောင် ကျင့်ကြံခဲ့ပြီး ငါ၏ နတ်ဘုရားတန်ခိုးကို သက်သေပြမည်...”
“ဘုံသုံးပါးအတွင်းနှင့် အပြင်၌တရားတော်သည်သာ အမြင့်မြတ်ဆုံး...”
“ရွှေရောင်အလင်းတန်းဖြင့် ငါ့ခန္ဓာကို လွှမ်းခြုံစေသတည်း...”
လုပေါင် ကြောင်နေတာ မဟုတ်ပါ။နဂါးမီးလျှံရဲ့ အစွမ်းကို မြင်လိုက်ရတော့ သူ ရထားတဲ့ ကိုယ်စောင့်ရွှေရောင်အလင်းကို စမ်းသပ်ဖို့ ပထမဆုံး စဉ်းစားလိုက်ခြင်းဖြစ်၏။ဒါမှလည်း သူစားထားတဲ့ ရာစုနှစ်ချီတဲ့ သီးနှံတွေက အလကား မဖြစ်လိုပေ။
ဒါပေမဲ့ လုပေါင်က နောက်ဆုံးစာကြောင်းဖြစ်တဲ့
“ရွှေရောင်အလင်း အခုချက်ချင်း ပေါ်လာပြီး ငါ့ကိုယ်ကို စောင့်ရှောက်စေ”
ဆိုတာကိုမအော်ရသေးခင်မှာပဲ ချီလင်လေးက ဟိန်းဟောက်ပြီး ချီလင်မီးလျှံနဲ့ လှမ်းမှုတ်လိုက်သည်။
ချီလင်မီးလျှံနဲ့ နဂါးမီးလျှံတို့ ထိပ်တိုက် တွေ့ကြပြီဖြစ်သည်။
ပရိသတ်တွေ မျှော်လင့်နေတဲ့ ချီလင်လေးနဲ့ နဂါးကြီးတို့ရဲ့ တိုက်ပွဲက တကယ် ဖြစ်လာခဲ့သည်။ရလဒ်အနေနဲ့ကတော့ မီးလျှံနှစ်ခု ထိတွေ့မိပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့အတူ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားတော့သည်။
ရွှေရောင်အလင်းတန်းတွေနဲ့ ကြွားကြွားဝါဝါ ပေါ်လာဖို့ ပြင်နေတဲ့ လုပေါင်အတွက်တော့ အစီအစဉ်တွေ ပျက်သွားလေသည်။
“တောက်... ငါက Pose တောင် ပေးထားပြီးပြီကို။”
ဒါကြောင့် မြင်ကွင်းက တော်တော်လေး အနေရခက်သွားသည်။လုပေါင်က တကယ့်ကို ကြွားလုံးထုတ်တဲ့ ပုံစံကြီးနဲ့ ရပ်နေပေမဲ့ ရွှေရောင်အလင်းကတော့ ပေါ်မလာတော့ပေ။
“ရတနာနတ်ဘုရား အဲဒါ ဘယ်လို ပုံစံကြီးလဲ။အရှုံးပေးတာဆိုရင်တောင် အဲဒီပုံစံ မဖြစ်သင့်ဘူးလေ။”
“သွားပြီ ငါ့ရဲ့ ပေါင်လေးတော့ တကယ်ပဲ ကြောက်ပြီး ကြောင်သွားတာပဲ။”
“အမလေး... ကြွားတဲ့နေရာမှာတော့ ရတနာဘုရားသခင်ကိုပဲ လက်ဖျားခါရမယ်။မင်းက ဘယ်သူ့အတွက် ကြွားနေတာလဲ။”
“ဟားဟား ဒါက သူ့ရဲ့ နောက်ထပ် ဟာသတစ်ခု ဖြစ်မှာပါ။”
Comment တွေထဲက နောက်ပြောင်တာတွေကို မြင်တော့ လုပေါင် မျက်နှာကြီး နီမြန်းလာသည်။
‘ငါ့ရဲ့ပုံရိပ်တွေ ပျက်ကုန်တော့မှာလား။’
ဒါပေမဲ့ ဘေးကို လှည့်ကြည့်လိုက်တော့ ချီလင်လေးက ဘာမှအားမနာနဲ့ ဆိုတဲ့ မျက်နှာပေးနဲ့ သူ့ကို ကြည့်နေသည်။သူ ကြွားမလို့ လုပ်နေတာကို ချီလင်လေးက နှောင့်ယှက်မိသွားမှန်း လုံးဝ မသိပေ။
ပုံရိပ်ပြန်ဆယ်ဖို့အတွက် လုပေါင်က မြွေဟောက်နက်ကြီးကို အချက်ပြလိုက်သည်။မြွေဟောက်နက်ကြီးက ချက်ချင်း လှုပ်ရှားပြီး ချီလင်လေးရဲ့ အကူအညီနဲ့ နဂါးကြီးရဲ့ ဘေးဘက်ကို ကပ်ကာ ၎င်း၏ ခန္ဓာကိုယ်ကြီးနဲ့ နဂါးကြီးကို ရစ်ပတ်ပစ်လိုက်တော့သည်။
“ကောင်လေး မင်းရဲ့ ခံစစ်က ဘယ်လောက်ပဲ ကောင်းကောင်း ငါ့ရဲ့ ရှေးဟောင်းမြွေအမြစ်ရစ်ကတော့ မင်းကို လှုပ်လို့မရအောင် ချုပ်ထားမှာပဲ။”