အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း (၁၃၃) - ဖျော်ဖြေရေးသက်သက်ပါသောက်ချင်လို့တော့မဟုတ်ပါဘူး။
လုပေါင်က အောင်နိုင်သူတစ်ယောက်ရဲ့ လေသံနဲ့ ပြောလိုက်သည်။ဒါဟာ သူ ဘာကြောင့် မြွေဟောက်နက်ကြီးကို ခေါ်ထုတ်ခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းပဲဖြစ်သည်။
‘ဒီကျောရိုးချပ်ဝတ်နဂါးကြီးကို အရင်ချုပ်ထား ပြီးမှ ကျန်တာ ဆွေးနွေးမယ်။’
လုပေါင်ရဲ့ရည်ရွယ်ချက်က နဂါးကြီးကို သတ်ဖို့ မဟုတ်ဘဲ ကယ်တင်ဖို့ ဖြစ်သည်။ သူက မျိုးချစ်စိတ်ရှိတဲ့နိုင်ငံသားကောင်းတစ်ယောက်ပဲလေ။
မြွေဟောက်နက်ကြီးက လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။ချီလင်လေးနဲ့ မီးလျှံချင်း အားပြိုင်နေရတာကိုပဲ အာရုံရောက်နေတဲ့ နဂါးကြီးဟာ မြွေဟောက်နက်ကြီးရဲ့ ရစ်ပတ်ချုပ်နှောင်ခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။မြွေဟောက်နက်ကြီးရဲ့ အားက ပြင်းထန်လွန်းတာကြောင့် နဂါးကြီးဟာ ချက်ချင်းဆိုသလို လှုပ်မရတော့ပေ။
“ကဲ... ဆရာပေါင် ပွဲထွက်ရမယ့်အချိန် ရောက်ပြီ။”
စောစောက ကြွားလုံးထုတ်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တဲ့အတွက် လုပေါင်က သက်ပြင်းတစ်ချက် အားရပါးရ ချလိုက်သည်။ ထို့နောက် မြွေဟောက်နက်ကြီးရဲ့ ကိုယ်ပေါ်ကို နင်းပြီး နဂါးကြီးရဲ့ ကျောပေါ်ကို ခုန်တက်လိုက်တော့သည်။
နဂါးကြီးရဲ့ ကျောပေါ်ကို ရောက်တဲ့အခါ လုပေါင်က သင်ခန်းစာဟောင်းကို ယူပြီး နောက်ထပ်တစ်ကြိမ် ကြွားဝါတဲ့ ပုံစံမျိုး ထပ်ပေးလိုက်ပြန်သည်။
“ညီအစ်ကိုတို့ရေ စောစောက အဖွင့်က ပုံစံမမှန်သွားလို့ပါ။အခု အသစ်တစ်ခါ Screenshot ရိုက်ပေးကြဦး ငါ နည်းနည်း ခန့်မနေဘူးလား။”
သူ့ရဲ့ ပုံရိပ်ကို ပြန်ဆယ်ပြီးတဲ့နောက်မှာတော့ လုပေါင်က အလုပ်ကို အာရုံစိုက်လိုက်သည်။ နဂါးကြီးရဲ့ ကျောပေါ်မှာ စိုက်ဝင်နေတဲ့ သရဲသင်္ဘော အပိုင်းအစတွေကို ကြည့်ပြီး သူ အံ့ဩသွားရသည်။
“ဒီသရဲသင်္ဘောက ဘာလဲ ဝါးမျိုတဲ့ စွမ်းအားကလည်း တော်တော် ပြင်းတာပဲ။”
နဂါးကြီးရဲ့ အကြေးခွံတွေက ဘယ်လောက်မာသလဲဆိုတာ သူ သိသည်။သူ့ရဲ့ ခြေလှမ်းတစ်ရာ လက်သီးတောင် မတိုးခဲ့ပေ။သို့သော် ဒီအပိုင်းအစတွေကတော့ နဂါးကြီးရဲ့ ကိုယ်ထဲကို တိုက်ရိုက် စိုက်ဝင်နေခြင်းဖြစ်သည်။ဒဏ်ရာတွေ ဘေးမှာလည်း အနက်ရောင် အငွေ့အသက်တွေက ရစ်ဝဲနေဆဲပင်။
“ဒီအငွေ့တွေက နဂါးကြီးရဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်း တိုက်စားနေတာပဲ။”
လုပေါင်က အချိန်မဆွဲတော့ဘဲ အပိုင်းအစတွေကို လက်နဲ့ ဆွဲထုတ်ဖို့ ကြိုးစားလိုက်သည်။သို့သော် သူ ကြိုးစားလိုက်တဲ့အခါမှာပဲ နောက်တစ်ခါ အရှက်ကွဲရပြန်သည်။
“တောက်... ဒီအပိုင်းအစတွေက လုံးဝကို လှုပ်မရဘူး။”
သူ၏မျက်နှာကြီး နီမြန်းလာတဲ့အထိ အားကုန်သုံးပြီး ဆွဲပေမဲ့ အပိုင်းအစတွေက အစိုးမရတာကြောင့် လုပေါင် အရှက်တကွဲနဲ့ ရပ်လိုက်ရတော့သည်။
“ဟားဟား ရတနာနတ်ဘုရား မင်း တကယ်ပဲ နေ့လယ်စာ မစားခဲ့တာလား။”
“ဒါတော့ မဟုတ်လောက်ဘူး။သူ စောစောကမှ ပင်လယ်စာတွေ အများကြီး စားထားတာလေ။ဒီလောက် အားမရှိတာဆိုရင်တော့ အားဆေး တစ်ခုခု လိုနေပြီ။ငါက မျိုးရိုးစဉ်ဆက် တိုင်းရင်းဆေးဆရာပါကျောက်ကပ်အားနည်းတာ ကုတဲ့နေရာမှာ ဆရာကြီးပဲ။”
“ဒါနဲ့ ဒီနဂါးကြီးက ဘာလို့ ပြန်မရုန်းတာလဲ။ စောစောကတော့ တော်တော် ကြမ်းနေတာ မဟုတ်လား။”
Comment တွေကို မြင်တော့မှ လုပေါင်က နဂါးကြီးဟာ တစ်ချိန်ချိန်ကတည်းက ရုန်းကန်တာကို ရပ်သွားမှန်း သတိထားမိလိုက်သည်။လုပေါင် မော့ကြည့်လိုက်တဲ့အခါ နဂါးကြီးက သူ့ကို လှည့်ကြည့်နေတာကို တွေ့လိုက်ရသည်။၎င်း၏ ရွှေရောင်မျက်လုံးထဲမှာ အနက်ရောင် အငွေ့အသက်တွေကို အားတင်းပြီး တွန်းလှန်နေပုံရကာ မျက်လုံးတွေထဲမှာ အသနားခံတဲ့ အမူအရာတွေ ပြည့်နေသည်။
ကြည့်ရတာ ဒီနဂါးကြီးဟာ ခဏတာ စိတ်ကို ပြန်ထိန်းထားနိုင်ပုံရသည်။အဆိုးဆုံး အခြေအနေကိုတော့ မရောက်သေးပေ။
“နဂါးကြီးက ရတနာနတ်ဘုရားကို ကူညီဖို့ တောင်းဆိုနေတာပဲ။လိပ်ကလေးရေ ငါ အဲဒီမျက်လုံးတွေကို နားလည်တယ်။”
“ငါတော့ မျက်ရည်တောင် ဝဲမိတယ်။ နာကျင်နေမှာပဲ။”
“အပိုပြောစရာ မလိုပါဘူး။ငါတို့ရဲ့ ရတနာနတ်ဘုရားက တကယ်ကို စိတ်ရင်းကောင်းပြီး ကူညီတတ်တဲ့သူပဲ။အရင်က နှစ်တစ်ထောင် လိပ်ကြီးရဲ့ ကိုယ်ပေါ်က အကောင်တွေကို ခွာပေးတယ် အခုလည်း နဂါးကြီးကို ကူညီနေပြန်ပြီ ခေတ်သစ် စူပါမန်းလေးပဲ။”
“ပေါင်လေးရေ မြန်မြန် ကူညီပေးလိုက်ပါဦး! အားစိုက်လိုက်စမ်းပါဦး။”
လုပေါင်ကလည်း နဂါးကြီးရဲ့ နာကျင်မှုကို မြင်သည်။သူ စိတ်ကို တည်ငြိမ်အောင် ထားပြီး ပြဿနာရဲ့ သော့ချက်ကို ရှာလိုက်သည်။ စောစောက သူ အားနဲ့ဆွဲတဲ့အချိန်မှာ ဒဏ်ရာဘေးက အနက်ရောင် အငွေ့တွေက ဒဏ်ရာဝနားမှာ ပိုပြီး စုပြုံသွားတာကို သတိထားမိလိုက်သည်။
“ကလေးလေးရေ တက်လာပြီး အလုပ်လုပ်ဦး။”
လုပေါင်က ချီလင်လေးကို ချော့မော့ပြီး ခေါ်လိုက်သည်။ဒီလို မကောင်းဆိုးဝါး အငွေ့အသက်တွေကို ကိုင်တွယ်ဖို့ဆိုရင် ချီလင်မီးလျှံပဲ အားကိုးရမည်။
“တံတွေးနဲ့ မှုတ်လိုက်ရုံပဲ ပြီးပြီ။ သူ စောစောက ငါတို့ကို အထင်သေးနေတာလေ။ ကလေးလေးရေ ငါ့အတွက် ကလဲ့စားချေဦး။”
လုပေါင်က ဘေးကနေ မြှောက်ပင့်ပေးလိုက်သည်။ချီလင်လေးရဲ့ မျက်နှာလေးမှာလည်း ဒေါသထွက်တဲ့ အမူအရာ ပေါ်လာသည်။ နဂါးကြီး စောစောက ဘယ်လောက် ရမ်းကားခဲ့သလဲဆိုတာ သူ မှတ်မိပုံရသည်။
ချီလင်လေးက ပါးစပ်ကို ဖောင်းလိုက်ပြီး အနက်ရောင် အငွေ့တွေ ရှိနေတဲ့ ဒဏ်ရာပေါ်ကို ချီလင်မီးတောက်နဲ့ မှုတ်ချလိုက်တော့သည်။မျှော်လင့်ထားတဲ့အတိုင်းပင် ချီလင်မီးတောက်နဲ့ ထိလိုက်သည်နဲ့ အနက်ရောင် အငွေ့တွေဟာ နွေဦးနေရောင်အောက်က နှင်းတွေလို ချက်ချင်း အရည်ပျော်သွားပြီး အစိမ်းရောင် မီးခိုးတွေအဖြစ် ပျောက်ကွယ်သွားတော့သည်။
“ဝူးးးး”
အောက်က နဂါးကြီးက ကိလင်မီးလျှံရဲ့ အပူကြောင့် ဟိန်းဟောက်လိုက်ပေမဲ့ အဲဒီအသံထဲမှာ ပျော်ရွှင်တဲ့ အမူအရာ ပါနေတာကို လုပေါင် ကြားလိုက်ရသည်။သူ ထင်တဲ့အတိုင်း ဒီအနက်ရောင် အငွေ့တွေက တရားခံပင်ဖြစ်၏။
အငွေ့တွေ မရှိတော့တဲ့အခါ လုပေါင်က အပိုင်းအစတွေကို ပြန်ဆွဲထုတ်ကြည့်သည်။ ဒီတစ်ခါတော့ အဆင်ပြေသွားပြီဖြစ်သည်။လုပေါင်က သရဲသင်္ဘော အပိုင်းအစကြီးတစ်ခုကို ကိုင်ပြီး အားနဲ့ ဆွဲထုတ်လိုက်တဲ့အခါ သွေးတွေ ပန်းထွက်လာတော့သည်။
“ရွှေရောင် သွေးတွေလား။”
သွေးတွေကို မြင်တော့ လုပေါင် အံ့ဩသွားသည်။နဂါးကြီးရဲ့ သွေးတွေက အရည်ပျော်နေတဲ့ ရွှေတွေလို ဒဏ်ရာထဲမှာ အိုင်သဖွယ်ဖြစ်နေသည်။ဒါ့အပြင် လုပေါင်က ထူးဆန်းတဲ့ ရနံ့တစ်ခုကိုလည်း ရလိုက်သည်။
“ဒါက ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်တဲ့ နဂါးကြီးရဲ့ ခန္ဓာကိုယ်ထဲက စီးဆင်းလာတဲ့ သွေးတွေပဲ။”
“ဂွီ...”
လုပေါင်ရဲ့ ဗိုက်က အသံတစ်ခု မြည်လာပြန်သည်။
“ပေါင်လေး၊ မင်း ဘာလုပ်မလို့လဲ မဟုတ်မှလွဲရော...။”
“ပေါင် အဲဒါမျိုးတော့ မလုပ်သင့်ဘူးနော်။”
“မလုပ်နဲ့လေ... အဲဒါက ညစ်ပတ်တယ် မလုပ်ပါနဲ့။”
လုပေါင်ကတော့ Comment တွေထဲက နောက်ပြောင်တာတွေကို ဂရုမစိုက်တော့ပေ။ .
“တောက်.. နဂါးသွေးတွေက စီးထွက်နေပြီ၊ ရနံ့ကလည်း တော်တော် မွှေးတာပဲ။ မမြည်းကြည့်ရင် နှမြောစရာကြီး ဖြစ်မှာပေါ့။”
“ပရိသတ်တို့ရေ ဒီနေ့ ငါ မင်းတို့အတွက် နဂါးသွေး သောက်ပြတဲ့ ပြကွက်လေး တင်ဆက်ပေးပါ့မယ်။ ဒါက ဖျော်ဖြေရေး သက်သက်ပါ သောက်ချင်လို့တော့ မဟုတ်ပါဘူးနော်။”
ပြောပြီးတာနဲ့ လုပေါင်က ဘာကိုမှ ဂရုမစိုက်တော့ဘဲ နဂါးကြီးရဲ့ ဒဏ်ရာထဲမှာ အိုင်နေတဲ့ ရွှေရောင်သွေးတွေကို လက်နဲ့ခပ်ပြီး တစ်ကျိုက်တည်း သောက်ချလိုက်တော့သည်။ နဂါးသွေးက ပါးစပ်ထဲ ရောက်သွားတဲ့အခါ သူ ထင်ထားသလို ညှီစို့စို့ အရသာ မရှိဘဲ နွားနို့ပူပူလေးလို နွေးထွေးပြီး ဗိုက်ထဲကို တိုက်ရိုက် စီးဝင်သွားသည်။
“အင်း... အရသာက မဆိုးဘူးပဲ။”
Live ထဲက ပရိသတ်တွေကတော့ ဒါကို မြင်ပြီး ရူးမတတ် ဖြစ်ကုန်ကြသည်။
“ယောက်ျားစစ်ရင် နဂါးသွေး သောက်ရဲရမယ်။”
“ရတနာဘုရားသခင်ကတော့ ရှယ်ပဲ ဘာမဆို သောက်ရဲတယ်။ Bear Grylls တောင် ဒါမျိုး လုပ်ရဲပါ့မလား။”
“အမလေး... ငါ့ရဲ့ ပေါင်လေးကတော့ တကယ်ကို ဆာလောင်နေတာပဲ။”
လုပေါင် နဂါးသွေးရဲ့ အရသာကို ခံစားနေတုန်းမှာပဲ System ရဲ့ အသံက နားထဲမှာ ပေါ်လာသည်။
“တင် နဂါးကြီးကို ကယ်တင်ခြင်း လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ဆုလာဘ်- အဆင့်မြှင့်တင်ထားသော မျိုးဗီဇဆေးဝါး ဖော်မြူလာ။
တစ်ချိန်တည်းမှာပဲ စနစ်ကလည်း ပြောင်းလဲသွားသည်။
ပိုင်ရှင်: လုပေါင်
စွမ်းရည်; သားရဲများ၏ နှစ်သက်မှု +100 (ရွှေရောင်)၊ ပင်လယ်ဘုရင် ခန္ဓာကိုယ် (ငွေရောင်)၊ တောင်စောင့်နတ် ပုံရိပ်ယောင် (အထူး)
ကျွမ်းကျင်မှု: တရုတ်ရိုးရာ လေမှုတ်တူရိယာ (ကျွမ်းကျင်)၊ မျောက်ဝံလက်သီး (အခြေခံအဆင့်)
ပစ္စည်းများ : စူပါ Live eye ရွှေရောင်ကမ်းခြေ စိုက်ပျိုးရေးခြံ (ဧက ၂၀၀)၊ အောက်ခြေမရှိသော တွင်းနက်ကြီး (ရွှေရောင်ပစ္စည်း)၊ အဆင့်မြှင့်တင်ထားသော မျိုးဗီဇဆေးဝါး ဖော်မြူလာ။
“ဒီ အဆင့်မြှင့်တင်ထားသော မျိုးဗီဇဆေးဝါး ဖော်မြူလာ ဆိုတာက ဘာကြီးလဲ။”
အခန်း (၁၃၄) - ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်ရေး ဒါ... ဗိုက်နာတာလား။
လုပေါင်က ဒီ အဆင့်မြှင့်တင်ထားသော မျိုးဗီဇဆေးဝါး ဖော်မြူလာဆိုတာကို စူးစမ်းကြည့်လိုက်ပြီးနောက်မှာတော့ အံ့ဩလွန်းလို့ မျက်လုံးအပြူးသား ဖြစ်သွားရသည်။
“ဟား... ကျိန်းသေပေါက် ရှယ်ကြီးပဲ အဆင့်မြှင့်တင်ထားတဲ့ မျိုးဗီဇက ပိုင်ရှင်ကို ဒုက္ခပေးမယ့် ဆဲလ်မှန်သမျှကို အကုန်သတ်နိုင်တာလား။ဒါက တော်တော်လေးကို အစွမ်းထက်လွန်းတာပဲ။”
ချက်ချင်းဆိုသလို လုပေါင်ဟာ ဒီဆေးဝါးဖော်မြူလာအပေါ် အကြီးအကျယ် စိတ်ဝင်စားသွားတော့သည်။
“အကယ်၍ ငါသာ ဒီဆေးကို ဖော်စပ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိုးလိုက်နိုင်ရင်... မိုက်လိုက်မယ့်ဖြစ်ခြင်း။”
လုပေါင် တစ်ယောက် ထုံးစံအတိုင်း စိတ်ကူးယဉ် အိပ်မက်တွေ စတင်မက်နေတော့သည်။ ဒါပေမဲ့ ဆက်ဖတ်ကြည့်လိုက်ပြီး ဆေးဖော်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို မြင်လိုက်ရတဲ့အခါမှာတော့ သူ ဆဲမိတော့မလိုတောင် ဖြစ်သွားသည်။
“တောက် ဆုမပေးချင်ရင်လည်း မပေးချင်ဘူးလို့ပဲ ပြောလိုက်ပါလား ဆေးဘက်ဝင်အပင်တွေကလည်း အများကြီး။သတ်မှတ်ချက်တွေကလည်း တင်းကျပ်လွန်းတယ်။ နှစ် ၅၀ သက်တမ်းရှိတဲ့ အပင်တွေက ထားပါဦး။နှစ် ၁၀၀ တောင် မကဘူး... နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ လင်ဇီးမှိုတွေတောင် ပါသေးတယ်။”
ဆေးဖော်မြူလာထဲမှာ နှစ် ၅၀ သက်တမ်းရှိတဲ့ ရွှေချည်မျှင်ပင်၊ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ခါးသီးကူဇူးပင်နဲ့ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ လင်ဇီးမှို တွေ ပါဝင်နေသည်။ဒီလို အပင်တွေကို ရှာဖို့ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါပေ။အပြင်လောကမှာဆိုရင် ဒါတွေက တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဖြစ်ပြီး အဓိကအချက်က ပိုက်ဆံရှိရင်တောင် ဝယ်ဖို့မလွယ်ခြင်းဖြစ်၏။
အဲဒီအချိန်မှာပဲ စန်စ ဆီက အသံထပ်ပေါ်လာပြန်သည်။
“တင် တင် တာဝန် အသစ် ရရှိသည်။”
“ကျွန်းပေါ်တွင် အသက်ရှင်ကျန်ရစ်ရေး သတ်မှတ်ချက်- ဤကျွန်းပေါ်တွင် (၂) လကြာအောင် အောင်မြင်စွာ ရှင်သန်နေထိုင်ရန်။”
စောစောက အလိမ်ခံလိုက်ရသလို ခံစားနေရတဲ့ လုပေါင်ဟာ ဒီ တာဝန် ကို ကြားလိုက်ရတော့မှ စိတ်သက်သာရာ ရသွားတော့သည်။
“ဒီ တာဝန် ကတော့ ရိုးရှင်းပါတယ်။(၂) လလောက် ရှင်သန်ရုံပဲ။ဆရာပေါင်အတွက်တော့ ဒါက အေးဆေးပဲ မဟုတ်လား။”
သူက တာဝန် ကို ဝမ်းသာအားရ လက်ခံလိုက်ပြီးနောက် ပထမဆုံးအနေနဲ့ သူ့ရဲ့ Live Stream ကို ပိတ်လိုက်သည်။မပိတ်ခင်မှာလည်း ပရိသတ်တွေကို ကတိတစ်ခု ပေးသွားခဲ့သေးသည်။
“ပရိသတ်တို့ရေ နောက် (၂) လအတွင်းမှာ Streamer က ဒီကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်ရေး အပိုင်းတွေကို အချိန်မမှန်ဘဲ Live လွှင့်ပေးသွားပါမယ်။ကြည့်ဖို့ မမေ့ကြနဲ့ဦး Streamer ကိုလည်း Follow လုပ်ထားကြဦးနော်။”
လုပေါင်ရဲ့ စကားကို ကြားတော့ ပရိသတ်တွေ အကုန် စိတ်လှုပ်ရှားသွားကြပြီး
“ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်ရေးလားစိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ ရတနာနတ်ဘုရားက ဒီတစ်ခါတော့ အပြင်းအထန် Live လွှင့်တော့မှာပဲ။ကျွန်းပေါ်မှာ (၂) လတောင် နေမှာဆိုတော့။”
“နောက် (၂) လလုံးလုံး Live တွေ ကြည့်ရတော့မယ်ဟေ့။”
“ဒါပေမဲ့ ဒီကျွန်းက ထူးဆန်းတယ်။ငါတို့ ရတနာနတ်ဘုရား ရွေးထားတဲ့နေရာကတော့ သာမန်နေရာတော့ ဟုတ်မှာမဟုတ်ဘူး။”
Ocean Live Stream ရဲ့ CEO လုလင်းဟွာကတော့ အပျော်ဆုံးလူဖြစ်သည်။ နောက် (၂) လအတွင်း လူကြည့်နှုန်းအတွက် သူ ပူစရာမလိုတော့ပေ။
“မြန်မြန်... ရတနာနတ်ဘုရားက (၂) လအတွင်း အချိန်မရွေး Live လွှင့်မယ်လို့ ပြောသွားတယ်။သူ့အတွက် သီးသန့်အဖွဲ့ တစ်ခု ဖွဲ့လိုက်စမ်း ၂၄ နာရီလုံး အသင့်စောင့်နေရမယ်။သူ Live လွှင့်တာနဲ့ ချက်ချင်း Homepage မှာ တင်ပေးလူကြည့်နှုန်း တွေ ပေး Server တွေ အဆင်သင့်ဖြစ်အောင် လုပ်ထားကြ။”
Live Platform တစ်ခုလုံးက လူတစ်ယောက်တည်းအတွက် သီးသန့်အဖွဲ့ဖွဲ့ပြီး ၂၄ နာရီ စောင့်ပေးရတာ ဒါက တကယ့်ကို ထိပ်တန်းဆက်ဆံမှုပင်ဖြစ်သည်။သို့သော် ရတနာနတ်ဘုရားလို Streamer မျိုးအတွက်တော့ ဒါက ထိုက်တန်ပါပေသည်။
လျှို့ဝှက်ဆန်းကျယ်ကျွန်းပေါ်တွင်။
Live ပိတ်ပြီးနောက် လုပေါင်က ကျောရိုးချပ်ဝတ်နဂါးကြီးကို အာရုံစိုက်လိုက်သည်။ဒီသတ္တဝါအပေါ် သူ့ရဲ့ စိတ်ဝင်စားမှုက အတိုင်းအထက်မရှိပင်။ဒါဟာ ကမ္ဘာပေါ်မှာ ကျန်ရှိတဲ့ နောက်ဆုံးသော နဂါးကြီး ဖြစ်နိုင်သည်။
သရဲသင်္ဘော အပိုင်းအစတွေ ဆွဲထုတ်ခံလိုက်ရတဲ့ နဂါးကြီးဟာလည်း အခုဆိုရင် သတိပြန်လည်လာပြီဖြစ်ပြီး လုပေါင်ကို တကယ့်ကို ချစ်ခင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်။နှစ်သက်မှုစွမ်းရည် +100 အပြင် လုပေါင်က သူ့အသက်ကို ကယ်ခဲ့တယ်ဆိုတာကိုလည်း နဂါးကြီးက သိနေသလိုပင်။
သို့သော်ဂါးကြီးရဲ့ လက်ရှိအခြေအနေကတော့ သိပ်မကောင်းလှ။သရဲသင်္ဘောရဲ့ အနက်ရောင်အငွေ့တွေက သူ့ကိုယ်ထဲမှာ အချိန်အကြာကြီး တိုက်စားထားတာကြောင့် ဒဏ်ရာတွေက တော်တော်လေး ပြင်းထန်နေသည်။အပိုင်းအစတွေ ဆွဲထုတ်လိုက်တဲ့ ဒဏ်ရာကြောင့်ရော အားနည်းနေတာကြောင့်ရော နဂါးကြီးဟာ မတ်တပ်မရပ်နိုင်ဘဲ မြေကြီးပေါ်မှာ ပြားပြားဝပ်နေရသည်။
လုပေါင်ကတော့ ဒီလို နဂါးကြီးကို ပစ်မထားပါဘူး။သူက သူ့လက်ထဲက နှစ် ၁၀၀ မီးဝိညာဉ်သီး ၁၀ လုံးလောက်ကို နဂါးကြီးရဲ့ ပါးစပ်ထဲ ခွံ့ပေးလိုက်သည်။
“ကဲ... ကယ်နိုင်သမျှ ကယ်ကြည့်တာပေါ့။”
ဒါတွေက နဂါးကြီးအတွက် အကျိုးရှိမလား သူ မသိပေမဲ့ မကြာခင်မှာပဲ စိတ်သက်သာရာ ရသွားခဲ့သည်။အသီးတွေ စားပြီးတာနဲ့ နဂါးကြီးရဲ့ အသက်စွမ်းအားတွေက ပိုပြီး ပြင်းထန်လာကာ ကျောပေါ်က ဒဏ်ရာတွေလည်း စတင်ကျက်လာတော့သည်။
“နှမြောစရာကြီး ဒီနဂါးသွေးတွေ။”
စောစောကမှ နဂါးသွေး မြည်းထားတဲ့ လုပေါင်က နှမြောတသစွာ ပြောလိုက်သည်။
“ငါ... ငါ့ဗိုက်က ဘာလို့ ဒီလောက် နာနေရတာလဲ။နဂါးသွေးထဲက အနက်ရောင်အငွေ့တွေ မစင်ကြယ်သေးလို့ ဗိုက်အောင့်တာလား။”
လုပေါင် တစ်ယောက် အစားမက်မိတာကို နောင်တရနေတော့သည်။
‘အေးအေးဆေးဆေးနေတာကိုဘာလို့ နဂါးသွေး သွားသောက်မိပါလိမ့်။’
ဗိုက်နာတာကခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီးနောက်မှာတော့ နာကျင်တာထက် တစ်ကိုယ်လုံး ဖျားသလိုမျိုး အပူရှိန်တွေ တက်လာတော့သည်။
အခုအချိန်မှာ လုပေါင်ဟာ တစ်ကိုယ်လုံး မီးလောင်နေသလို ခံစားနေရပြီး အရေပြားတွေတောင် ကွဲအက်တော့မလို ဖြစ်နေသည်။ ချီလင်လေးကတော့ လုပေါင်ကို ကစားနေတယ်အထင်နဲ့ ဘေးကနေ ပျော်ပျော်ပါးပါး ခုန်ပေါက်နေပြန်သည်။
“မင်းကတော့... ငါက ကျွေးမွေးစောင့်ရှောက်ထားတာကို အခု ငါ ဒုက္ခရောက်နေတာကို ကြည့်ပြီး ပျော်နေတာလား။”
လုပေါင်က စိတ်တိုတိုနဲ့ ပြောလိုက်ပေမဲ့ မကြာခင်မှာပဲ သူ စကားမပြောနိုင်တော့ပေ။သူ့အရေပြားတွေ တကယ်ကြီး ကွဲအက်နေတာကို သူ ခံစားနေရသည်။အောက်ကို ငုံ့ကြည့်လိုက်တော့ လုပေါင် လန့်သွားရသည်။
“ဒီ အစင်းအကြောင်းတွေက ဘာတွေလဲ။”
သူ့အရေပြားပေါ်မှာ အစင်းအကြောင်းတွေ ပေါ်လာတာကို မြင်ပြီး လုပေါင် ကြောင်သွားရသည်။
“နဂါးသွေးကိုစည်းကမ်းမရှိ သောက်မိလို့ တစ်ခုခု ဖြစ်သွားတာလား။ဒါပေမဲ့...”
တဖြည်းဖြည်းနဲ့လုပေါင် တစ်ခုခုကို သတိပြုမိလာသည်။သူ့အရေပြားပေါ်က အစင်းတွေက နဂါးကြီးရဲ့ ကိုယ်ပေါ်က အကြေးခွံပုံစံတွေနဲ့ တူနေသည်။
“ဒါ နဂါးသွေးကြောင့် ဖြစ်လာတဲ့ ဗီဇပြောင်းလဲမှု လား။ရတနာ အစင်းအကြောင်း တွေလား။”
အဲဒါသာ တကယ်ဆိုရင်တော့ သူ ကံကောင်းသွားပြီပင်။နဂါးကြီးရဲ့ ခံစစ်က ဘယ်လောက်မာသလဲဆိုတာ သူ မြင်ပြီးပြီဖြစ်၏။သူသာ အဲဒီလို ခံစစ်မျိုး ရလာရင်တော့ တကယ့်ကို ရှယ်ပင်။
“စမ်းသပ်ကြည့်မှ ဖြစ်မယ်။”
သူက ဘေးက ချီလင်လေးကို လှမ်းကြည့်လိုက်သည်။ချီလင်လေးကလည်း ချစ်စရာကောင်းတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို ကြည့်နေသည်။
“ကလေးလေး... မင်းဆိုရင်တော့ မဖြစ်သေးဘူး။မင်းရဲ့ မီးတွေကို ငါ ခံနိုင်မှာ မဟုတ်ဘူး။”
ချီလင်လေးရဲ့ မီးတွေက အဂူမွန်ထက် အဆပေါင်းများစွာ ပြင်းထန်တာကြောင့် သူသာ အဲဒီမီးနဲ့ စမ်းလိုက်ရင် ကင်ပွန်းတပ်ခံလိုက်ရသလို ဖြစ်သွားမှာ သေချာသည်။သူသည်ပစ်မှတ်ကို ပြောင်းပြီး ဘေးက ဒါပေါင် နဲ့ ဟေးမီ ဆီကို လှည့်လိုက်သည်။
‘သူတို့ရဲ့တိုက်ခိုက်မှုအရှိန်ကတော့ စမ်းသပ်ဖို့ အနေတော်ပဲ။’
“ငါ့ကို တိုက်ကြစမ်။”
လုပေါင်က အမိန့်ပေးလိုက်တော့ ဒါပေါင်နဲ့ ဟေးမီက ဇဝေဇဝါနဲ့ ကြည့်နေကြသည်။
သူတို့မျက်နှာပေးတွေက
“သခင်... ဆေးမှားသောက်ထားတာလား။” ဆိုတဲ့ ပုံစံမျိုးပင်ဖြစ်၏။