← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း ၁၃၉ - ပေါက်ကွဲစေလောက်သော သတင်းထူး။

“ရေနွေးအိုး တည်အမွှေးနှုတ်။”

လုပေါင် တစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

‘ဒီတောကြက်သားက ကြည့်ရတာ တော်တော်လေး အရသာရှိမယ့်ပုံပဲ ခုနက ပင်လယ်စာစားပွဲကြီးက ချပ်ဝတ်နဂါးကြောင့် ပျက်သွားရတာ အခုမှပဲ ဗိုက်ပြန်ဖြည့်ရတော့မယ်။’

ချီလင်လေးကို စနောက်နေရင်း ကျောက်မင် နှင့် မမရွှယ်ချီ တို့လည်း ဝိုင်းကူကြသည်။ စကားစပ်မိရင်းမှ မမရွှယ်ချီ၏ မျိုးရိုးအမည်မှာ ကျန်းဖြစ်ကြောင်း လုပေါင် သိလိုက်ရသည်။အလှလေးနှစ်ဦးမှာ ဒီကျွန်းပေါ်မှာ သုံးနှစ်တောင် နေခဲ့တာဆိုတော့ တခြားအရာတွေ ခဏထား သူတို့ရဲ့ ရှင်သန်မှုကတော့ Level Max ရောက်နေပြီဖြစ်သည်။ရေနွေးတည်တာကအစ အမွှေးနှုတ်တာအထိ အကုန်လုံးက မြန်ဆန်သွက်လက်လွန်းလှသည်။

ထို့ပြင် ထိုတောကြက်မွှေးများမှာ ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့၏ လက်ထဲတွင် ခဏချင်းအတွင်းမှာပင် ကြည့်ကောင်းသော အမွှေးအတောင်ဝတ်စုံ နှစ်ထည် ဖြစ်သွားတော့သည်။ဂရင်းနစ်ကမ္ဘာ့စံချိန်ကို အခါတစ်ရာမက ချိုးနိုင်လောက်အောင် ကြီးမားသော တောကြက်ကြီးနှစ်ကောင်၏ အမွှေးများမှာ အမွှေးဆွယ်တာနှစ်ထည်လုပ်ရန် အတော်ပင် ဖြစ်သွားသည်။မကြာမီ ၎င်းတို့နှစ်ဦးမှာ အဝတ်သစ်များကို လဲလှယ်ဝတ်ဆင်လိုက်ကြသည်။လုပေါင်လည်း ထိုအခါမှပဲ သက်ပြင်းချနိုင်တော့သည်။

မဟုတ်ရင် ခဏခဏ အမှတ်မထင် ပေါ်ထွက်လာမှုတွေ ကြောင့် သွေးကြွနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် တောင့်ခံနိုင်ပါ့မလဲ။အခုတော့ စိတ်အေးသွားပြီဖြစ်လို့ လုပေါင်လည်း Live လွှင့်ဖို့ကို ယုံကြည်မှုအပြည့်နဲ့ ဖွင့်လိုက်တော့သည်။ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့မှာ လုပေါင်ရှေ့တွင် ပေါ်လာသော ဟိုလိုဂရမ် Panel ကြီးကိုကြည့်ပြီး အံ့ဩနေကြသည်။သုံးနှစ်အတွင်းမှာ အပြင်လောကရဲ့ နည်းပညာက ဒီလောက်အထိ တိုးတက်သွားပြီလား။

လုပေါင် Live လွှင့်လိုက်သည်နှင့် ကြည့်ရှုသူအရေအတွက်မှာ ချက်ချင်း ထိုးတက်သွားတော့သည်။Ocean Live Streaming ပလက်ဖောင်း မှ လုပေါင်အတွက် အထူးဖွဲ့စည်းထားသောအဖွဲ့မှာလည်း အစီအစဉ်အတိုင်း လိုင်းများခွဲပေးခြင်း ဆာဗာ များ ထိန်းညှိပေးခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ကြရသည်။ ရတနာနတ်ဘုရား တစ်ယောက် နာရီဝက်တောင်မပြည့်ခင် Live ပြန်လွှင့်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

“အိုးဟိုး... ငါ့ရဲ့ ပေါင်ပေါင်က ပိုကြိုးစားလာပြီတစ်နေ့ကို နှစ်ခါတောင် လွှင့်တာ ချစ်လိုက်တာ။”

“ဒါက Fan တွေကို အလိုလိုက်တဲ့ ရတနာနတ်ဘုရားလား။”

“ဟာ... နေဦး ဒါက ဇာတ်ကောင်အသစ်တွေလား။”

“ငါ့ရဲ့ လူပျိုဘဝတော့ ကုန်ပါပြီ ရတနာနတ်ဘုရားရဲ့ Live မှာ မိန်းကလေးတွေ ပါလာပြီလား။နေဦး... သူက ကျွန်းပေါ်မှာ မဟုတ်ဘူးလား မိန်းကလေးတွေက ဘယ်က ရောက်လာတာလဲ။”

“ရတနာနတ်ဘုရား... မင်းက တကယ်ကို Live လွှင့်တတ်တာပဲ။ညီအစ်ကိုတွေ ဘာကြိုက်လဲဆိုတာ ကောင်းကောင်းသိတယ်။”

လုပေါင် Live ထဲက Comment တွေကိုကြည့်ပြီး ခဏတော့ ဆွံ့အသွားသည်။သူ ရှင်းပြဖို့ပြင်နေတုန်း နောက်ထပ် Comment တွေကြောင့် သူ မှင်တက်သွားရသည်။

“နေဦး... ဘေးက အမျိုးသမီးက ရင်းနှီးနေသလိုပဲ။ ဟို ရုပ်ရှင်မင်းသမီးနဲ့ မတူဘူးလား?။”

“ကျောက်မင်...ငါက သူ့ Fan လေဒါပေမဲ့ သူမက လွန်ခဲ့တဲ့ သုံးနှစ်က လေယာဉ်ပျက်ကျပြီး သေပြီလို့ သတ်မှတ်ထားတာ မဟုတ်ဘူးလား။”

“တစ်ခုခုတော့ မှားနေပြီ။ သူ့မျက်နှာက ဖြူဖျော့နေတာပဲ သက်ရှိနဲ့ မတူတော့ဘူး။”

“ဒါက ဝိညာဉ်ပဲ ကျောက်မင် မဟုတ်ရင် ဘယ်သူဖြစ်မလဲ။”

“ရတနာနတ်ဘုရား... မြန်မြန်ပြေး သရဲမ... သရဲမကြီး။”

အခြေအနေတွေက လွဲချော်ကုန်တာကို မြင်တော့ လုပေါင်က ကျောက်မင်နှင့် ကျန်းရွှယ်ချီကို ကင်မရာနား ဆွဲခေါ်လိုက်သည်။သူတို့ ဘာမှမလုပ်ရသေးခင်မှာပဲ လုပေါင်က သူတို့ပါးကို လှမ်းဆွဲလိုက်ပြီး။

“ညီအစ်ကိုတို့... လျှောက်မပြောကြနဲ့ သူတို့က အရှင်လတ်လတ်ကြီးတွေပါဗျ။”

ပြောပြီးနောက် လုပေါင်က နှင်းလုံးလေးကို မျက်ရိပ်ပြလိုက်ရာ နှင်းလုံးလေးက ချက်ချင်း ဝင်ပြောပေးသည်။

“အလှလေးတွေ နှစ်ယောက်တောင် အရှင်ကြီးတွေလား။”

Live ထဲက Fan တွေအားလုံး ခဏတော့ ငြိမ်သွားကြသည်။သို့သော် မကြာမီ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့သည်။

“ဟာ... ကျောက်မင်က အသက်ရှင်နေသေးတာလား။အဲ့ဒီတုန်းက လေယာဉ်ပျက်ကျပြီး အပိုင်းအစတောင် ရှာမတွေ့ဘူးဆို။”

“ညီအစ်ကိုတို့... ငါ အခုပဲ ရှာကြည့်လိုက်ပြီ။ ဘေးက တစ်ယောက်က အဲ့ဒီလေယာဉ်ပေါ်က သေဆုံးသွားတယ်လို့ ယူဆရတဲ့ လေယာဉ်မယ် ကျန်းရွှယ်ချီပဲ။”

“ဒါကတော့ ပေါက်ကွဲစေလောက်တဲ့ သတင်းထူးပဲ။”

Comment တွေကိုကြည့်ပြီး လုပေါင်လည်း အခြေအနေကို နားလည်သွားသည်။ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့က လေယာဉ်ပျက်ကျပြီး ဒီကျွန်းပေါ်ကို အမှတ်မထင် ရောက်လာခဲ့ကြတာပဲ။စဉ်းစားကြည့်ရင်လည်း ဖြစ်နိုင်ပါတယ်။ဒီလို လျှို့ဝှက်ကျွန်းပေါ် လေယာဉ်ပျက်ကျရင် အပြင်ကလူတွေ ရှာမတွေ့တာ မဆန်းပါဘူး။

“ဟို... အစ်မကျောက် အစ်မက တကယ်ပဲ နာမည်ကြီး မင်းသမီးလား။”

Comment တွေအရ လုပေါင်က သူတို့နှစ်ယောက်ရဲ့ အထောက်အထားကို သိလိုက်ရပြီ။ တစ်ယောက်က မင်းသမီးတစ်ယောက်က လေယာဉ်မယ်ဒါကြောင့်လည်း သူတို့က ဒီလောက်အထိ ချောမောလှပနေကြတာပဲ။ ကျောက်မင်က လုပေါင်ကို မျက်စောင်းထိုးကြည့်ရင်း။

“ရှင် Live လွှင့်နေတာလား။ကျွန်မကို Beauty Filter ခံထားရဲ့လား။”

လုပေါင် တစ်ယောက် အားကိုးရာမဲ့သွားသည်။

‘ဒါကမင်းသမီးတစ်ယောက်ရဲ့ Professional ဆန်မှုလား။ဒီလိုအခြေအနေမှာတောင် Filter အရင်ပူနေသေးတယ်။’

ဒီအချိန်မှာတော့ Ocean Platform ရဲ့ သူဌေး လုလင်းဟွာ ကတော့ အတော်လေး စိတ်လှုပ်ရှားနေပြီဖြစ်သည်။လွန်ခဲ့တဲ့ သုံးနှစ်က ပျောက်ဆုံးသွားတဲ့ လေယာဉ်က အသက်ရှင်ကျန်ရစ်သူတွေ ဒါက သတင်းစာမျက်နှာတွေထက်မှာ ဟိုးလေးတကျော် ဖြစ်သွားမယ့် ကိစ္စပဲ။သူက ချက်ချင်းပဲ သတင်းဌာနတွေကို အကြောင်းကြားဖို့ ပြင်ဆင်တော့သည်။

လျှို့ဝှက်ကျွန်းပေါ်မှာတော့ လုပေါင်က သူတို့ရဲ့ အထောက်အထားကို သိသွားပြီးနောက် သူ Live လွှင့်ရတဲ့ အဓိက အကြောင်းရင်းကို သတိရသွားပြီး။

“ညီအစ်ကိုတို့... စကားတွေ ရပ်လိုက်ကြတော့ မြန်မြန်... ဆေးပညာတတ်တဲ့သူတွေ ရှိလား ဒီမှာ ပြဿနာတက်နေလို့ ဆေးကုသမှု အကူအညီ လိုနေတယ်။”

Comment တွေကတော့ စနောက်နေကြဆဲ။

“ရတနာနတ်ဘုရား... မဖြစ်နိုင်တာ မင်းက အခုမှ တွေ့တာကို အဲ့လောက်မြန်မြန် ဗိုက်ကြီးအောင် လုပ်လိုက်တာလား။”

“ငါ့အဒေါ်က သားဖွားမီးယပ်ဆေးရုံမှာ လုပ်တယ် မေးပေးရမလား။”

လုပေါင်မှာ Comment တွေကိုကြည့်ပြီး ဆွံ့အသွားရကာ အမြန်ရှင်းပြရသည်။

“ညီအစ်ကိုတို့... မနောက်ကြပါနဲ့ ကျွန်တော်က ရိုးသားဖြောင့်မတ်တဲ့ လူငယ်လေးပါဗျ။ အဲ့ဒီလောက် မြန်မြန် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

လုပေါင် စကားပြောနေတုန်းမှာပဲ ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့က သူ့ကို ဝိုင်းထုကြတော့သည်။သို့သော် ထိုအချိန်မှာပင် ကျန်းရွှယ်ချီက အားစိုက်မိသွားပုံရပြီး ထပ်မံ၍ မူးဝေလာပြန်သည်။လုပေါင်က သူမကို အမြန်ပင် လှမ်းတွဲလိုက်ရလေသည်။

အခန်း ၁၄၀ - ငယ်ငယ်လေးရှိသေးတာကို ခေါင်းထဲမှာ အကျိတ်ဖြစ်နေပြီလား။

ကျန်းရွှယ်ချီ ထပ်မံ၍ မူးလဲသွားသည်ကို မြင်လိုက်ရသောအခါ လုပေါင် သည် ပြဿနာ၏ ပြင်းထန်မှုကို သဘောပေါက်လိုက်သည်။

‘ဒီရောဂါကတော်တော်လေး အခြေအနေဆိုးမယ့်ပုံပဲ။’

Live ထဲက ပရိတ်သက် များသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စနောက်နေကြသည်ကို တဖြည်းဖြည်း ရပ်လိုက်ကြသည်။မည်သူမဆို ဤမူးလဲမှုမှာ အစစ်အမှန်ဖြစ်ကြောင်း သိနိုင်သည်။ကျန်းရွှယ်ချီ၏ ဖယောင်းရောင်ကဲ့သို့ ဖြူဖျော့နေသော မျက်နှာကို ကြည့်ခြင်းအားဖြင့် သူမတွင် ကြီးမားသော ရောဂါတစ်ခုခု ရှိနေရမည်။

ထိုအချိန်တွင် Live ကို စောင့်ကြည့်နေသော လုလင်းဟွာသည် ရေပန်းစားမည့် အကြောင်းအရာကို ဆုပ်ကိုင်လိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“ချက်ချင်းပဲ အဆက်အသွယ်တွေအားလုံးကို သုံးပြီး ငါ့အတွက် အတော်ဆုံး ဆရာဝန်တွေကို ရှာစမ်း။ရတနာနတ်ဘုရား လိုအပ်တာ အကုန်ဖြည့်ဆည်းပေးရမယ်။”

“ရတနာနတ်ဘုရားဆီကို ဆက်သွယ်ပြီး ငါတို့ဘက်က ဗီဒီယိုကော ခေါ်ချင်တယ်လို့ ပြောလိုက်။”

လုလင်းဟွာသည် အမိန့်များကို တစ်ခုပြီးတစ်ခု အလွန်မြန်စွာ ထုတ်ပြန်လိုက်သည်။ လက်အောက်ငယ်သားများကလည်း ချက်ချင်း အကြောင်းပြန်ကြသည်။

“ရတနာနတ်ဘုရားရဲ့ ဖုန်းက ဆက်လို့မရဘူးခင်ဗျ။ လိုင်းမရှိလို့လား မသိဘူး။”

“ဘာ လိုင်းမရှိဘူး ဟုတ်လား အဲ့ဒါဆို သူ ဘယ်လို Live လွှင့်နေတာလဲ။”

သို့သော်လည်း ရတနာနတ်ဘုရားသည် ပင်လယ်နက်ထဲနှင့် တောနက်ထဲမှာတောင် Live လွှင့်နိုင်သည်ကို လုလင်းဟွာသတိရလိုက်သဖြင့် လက်ယမ်းပြကာ ထိုအရာက အရေးမကြီးကြောင်း ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း အသံကော ပဲ ခေါ်လိုက်။”

“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌလု။”

မကြာမီ Live လွှင့်နေသော လုပေါင်သည် မျက်နှာပြင်ပေါ်တွင် ဗီဒီယိုကော တောင်းဆိုမှုတစ်ခုကို တွေ့လိုက်ရသည်။လုပေါင်သည် သူ၏ Live ထဲသို့ ဖုန်းခေါ်ဆိုမှုများကို ပိတ်ထားသဖြင့် ဤသို့ အတင်းဝင်ခေါ်နိုင်သူမှာ Platform ဘက်က တာဝန်ရှိသူများသာ ဖြစ်ရမည်။ ထို့ကြောင့် လုပေါင်က ချက်ချင်း လက်ခံလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း Live Streaming Platform ၏ CEO လုလင်းဟွာ၏ အသံ ထွက်ပေါ်လာသည်။

“ရတနာနတ်ဘုရား... ကျွန်တော်တို့ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ အကူအညီတွေကို ဆက်သွယ်နေပါပြီ။သူတို့ အခုချက်ချင်း ရောက်လာပါလိမ့်မယ်။”

“ကောင်းလိုက်တာ ဥက္ကဋ္ဌလု ဒီလိုအလုပ်လုပ်နှုန်းကတော့ ထိပ်တန်းပဲ သူ့ကို လက်မထောင်ပေးလိုက်ကြစမ်းပါဦး ညီအစ်ကိုတို့ ဘာစောင့်နေတာလဲ ဥက္ကဋ္ဌလုကို လက်မထောင်ပေးလိုက်ကြ Screen ပေါ်မှာ သဘောထားကြီးတယ် ဆိုတာနဲ့ အပြည့်ဖြည့်လိုက်ကြ။”

လုပေါင်၏ လှုံ့ဆော်မှုကြောင့် Live ထဲတွင် Comment များစွာနှင့် ပြည့်နှက်သွားသည်။ တစ်မျက်နှာလုံး သဘောထားကြီးတယ်ဆိုသည့် စာသားများက Live မြင်ကွင်းကိုပင် ဖုံးလွှမ်းသွားတော့သည်။

“အားလုံးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်Live ကြည့်မယ်ဆိုရင် ရတနာနတ်ဘုရားကို ကြည့်ပါရတနာနတ်ဘုရားကို ကြည့်မယ်ဆိုရင် Ocean Live Stream ကို လာပါ Live Platform ရဲ့ အကြီးအကဲ ကိုယ်တိုင်က ခင်ဗျားတို့အတွက် ဖျော်ဖြေမှု ပေးနေတာပါ။”

လုလင်းဟွာသည် သူ၏ Live ထဲတွင် ကျွမ်းကျင်စွာ ကြော်ငြာဝင်နေသည်ကိုကြည့်ပြီး လုပေါင်မှာ မှင်တက်သွားရသည်။

“လုကြီး... ခင်ဗျား ကြော်ငြာတာ တော်တော် ဟုတ်တာပဲ။”

“Live Platform ရဲ့ CEO တစ်ယောက်က သူ့ရဲ့ Streamer ရဲ့ Live ထဲမှာ ဒီလောက်အထိ နှိမ့်ချပြီး ကြော်ငြာဝင်ရအောင် ဘာတွေက တွန်းအားပေးနေတာလဲ ဒါက မာနတွေ ပျက်စီးကုန်တာလား ဒါမှမဟုတ် လူ့သဘာဝတွေ ကမောက်ကမ ဖြစ်ကုန်တာလား။”

“ဝိုး... သဘောထားက သေးလွန်းနေပြီ။”

“လမ်းက ကျဉ်းလွန်းတယ်။ဥက္ကဋ္ဌလုက လမ်းကျဉ်းထဲ ဝင်နေပြီ။”

“ဥက္ကဋ္ဌလု ဖုန်းကို မြန်မြန်ချလိုက်ပြီ ရှက်သွားလို့လား။”

“CEO ကိုယ်တိုင် ဖျော်ဖြေပေးနေတာလား။ညီအစ်ကိုတို့... နောက်တစ်ခါကျရင် ဥက္ကဋ္ဌလုကို ရတနာနတ်ဘုရားနဲ့အတူ စွန့်စားခန်း လိုက်ခိုင်းရအောင် အဲ့ဒီအကြံပြုချက်ကို Comment မှာ ရေးကြ။”

Live ထဲတွင် ပျော်ရွှင်စရာ အငွေ့အသက်များ ပြည့်နှက်နေသည် လုလင်းဟွာသည် Live Platform အားလုံးတွင် အနှိမ့်ချဆုံး CEO ဖြစ်သည်မှာ ငြင်းစရာမရှိပေ။

ထို့ပြင် လုလင်းဟွာသည် ကတိပေးရုံတင် မဟုတ်ဘဲ မကြာမီ လုပေါင်ထံသို့ ဗီဒီယိုကော အသစ်တစ်ခု ရောက်လာပြန်သည်။ မျက်နှာပြင်၏ အခြားတစ်ဖက်တွင် အသက်ကြီးသော်လည်း မျက်လုံးများမှာ တောက်ပစူးရှနေသော အဖိုးအိုတစ်ဦးကို တွေ့ရသည်။အဖိုးအို ပေါ်လာသည်နှင့် Live ထဲက Fan များက ချက်ချင်း မှတ်မိသွားကြသည်။

“ဟာ... ဥက္ကဋ္ဌလုကတော့ ဟုတ်နေပြီ သူက သမားတော်ကျောက်ကိုတောင် ဖိတ်နိုင်တာလား။”

“နိုင်ငံတော်အဆင့် သမားတော်လား ရှင်းပြပေးနိုင်မယ့်သူ ရှိလား ဒီအဖိုးကို မသိပေမဲ့ ကြည့်ရတာ ယုံကြည်စိတ်ချရတဲ့ပုံပဲ။”

“ဒါက ကျောက်ပိုင်းရန် သူက အရင်က နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေကို ကုပေးခဲ့တဲ့သူ။သူက ဆေးပညာလောကမှာ တကယ့် အာဏာပိုင်ပဲ သူက တရုတ်တိုင်းရင်းဆေးပညာရဲ့ လက်စွမ်းထက်တဲ့ ပညာရှိကြီးလေ။”

မျက်နှာပြင်ရှေ့တွင် လုလင်းဟွာသည် Comment များကိုကြည့်ကာ ကျေနပ်နေသည်။သူကိုယ်တိုင်လည်း အဖိုးအိုကျောက်ကို ဖိတ်ရန် တော်တော်လေး အားစိုက်ခဲ့ရသည်။လွန်ခဲ့သည့် သုံးနှစ်က လေယာဉ်ပျက်ကျမှုက လူအများ အာရုံစိုက်မှု အလွန်ရခဲ့သောကြောင့်သာ အဖိုးအိုကျောက်ကို ဖိတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဖိုးအိုကျောက်ကို ဖိတ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူသည် တရုတ်တိုင်းရင်းဆေးပညာရှင် ဖြစ်သောကြောင့်ပင်။ တိကျသော စက်ကိရိယာများဖြင့် စမ်းသပ်ရသည့် အနောက်တိုင်းဆေးပညာနှင့် မတူဘဲ တရုတ်တိုင်းရင်းဆေးပညာသည် ကြည့်ခြင်း နားထောင်ခြငး၊ မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်း တို့ဖြင့် ရောဂါအခြေအနေအများစုကို ဆုံးဖြတ်နိုင်သည်။လောလောဆယ်တွင် ရတနာနတ်ဘုရားသည် ဝေးလံသော ကျွန်းပေါ်တွင် ရှိနေသဖြင့် စက်ကိရိယာများ မရှိနိုင်ပေ။သို့သော် အဖိုးအိုကျောက် ရှိနေလျှင်တော့ ရောဂါရှာဖွေရန် ပြဿနာမရှိပေ။

လုပေါင်သည်လည်း Comment များကိုကြည့်ပြီး ချက်ချင်းပင် ရိုရိုသေသေ ဖြစ်သွားသည်။

‘ဒါကတကယ့် လူကြီးလူကောင်းပဲ။’

“အဘိုး... ကျေးဇူးပြုပြီး ဘာဖြစ်တာလဲဆိုတာ မြန်မြန် ကြည့်ပေးပါဦး။”

အခြားတစ်ဖက်တွင် တရုတ်တိုင်းရင်းဆေး ပညာရှိကြီး ကျောက်ပိုင်းရန်က မဆိုင်းမတွပင် စတင်တော့သည်။သူက Online Live ဆိုတာကို နားမလည်သော်လည်း လူနာကို ကုသရန်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။မကြာမီ အဖိုးအိုသည် မျက်နှာပြင်သို့ မျက်နှာမူကာ ကျန်းရွှယ်ချီ၏ အခြေအနေကို စတင်မေးမြန်းတော့သည်။ကံကောင်းထောက်မစွာဖြင့် ကျန်းရွှယ်ချီ မူးလဲနေသော်လည်း ဘေးတွင်ရှိသော ကျောက်မင်သည် လွန်ခဲ့သော သုံးနှစ်အတွင်း သူမနှင့် အရင်းနှီးဆုံးသူ ဖြစ်သောကြောင့် အဖိုးအို၏ မေးခွန်းအားလုံးကို ဖြေကြားနိုင်ခဲ့သည်။

ရောဂါအခြေအနေကို မေးမြန်းရင်းနှင့် အဖိုးအို၏ မျက်ခုံးများမှာ တဖြည်းဖြည်း တွန့်ချိုးလာပြီး နက်ရှိုင်းစွာ စိုးရိမ်ပူပန်သည့် အမူအရာ ပေါ်လာသည်။

“အာ... နှမြောစရာပဲ။ ဒီလောက် ငယ်ရွယ်တဲ့ မိန်းကလေးက ဘာလို့ ဦးနှောက်အကျိတ် ဖြစ်ရတာလဲ။”

ထိုစကားကို ကြားလိုက်ရသောအခါ လုပေါင်မှာ ချက်ချင်းပင် မှင်တက်သွားရသည်။ သူက ဆေးပညာအကြောင်း ဘာမှမသိသော်လည်း ဦးနှောက်အကျိတ် ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း သိသည်။

“ဒါက ကင်ဆာ မဟုတ်လား။”

‘သူ့ရှေ့က ကျန်းရွှယ်ချီက အသက် ၂၀ ကျော်ပဲ ရှိသေးတာ။ သူမမှာ ကင်ဆာဖြစ်နေတာလားပြီးတော့ ဦးနှောက်ထဲမှာ ဖြစ်နေတာလား။’

“မဖြစ်နိုင်တာ မမရွှယ်ချီက ငယ်ငယ်လေးရှိသေးတာ ဘာလို့ သူ့ခေါင်းထဲမှာ ပျက်စီးနေရမှာလဲ။”

ကျောက်မင်က လက်မခံနိုင်ဖြစ်နေသည်။သုံးနှစ်တိုင်တိုင် သေအတူရှင်မကွဲ ဖြတ်သန်းခဲ့ကြသဖြင့် သူတို့၏ သံယောဇဉ်မှာ ညီအစ်မအရင်းများကဲ့သို့ ဖြစ်နေပြီ။

“ဟို... အဘိုး ဒါက အဖြေထွက်သွားပြီလား။”

လုပေါင်က စမ်းတဝါးဝါး မေးလိုက်ရာ အခြားတစ်ဖက်မှ ကျောက်ပိုင်းရန်က နှမြောတသစွာဖြင့် ပြောသည်။

“လက္ခဏာတွေအားလုံးကို ကြည့်ရတာ သူမရဲ့ မူးလဲမှုက ဦးနှောက်အကျိတ်ကြောင့် ဖြစ်ရတာ သေချာသလောက်ပါပဲ။ဒါပေမဲ့ အဘိုးအနေနဲ့ အံ့ဩမိတာက သူမအရွယ်နဲ့ ဒီလို ဦးနှောက်အကျိတ် ဖြစ်လာတာ ပြီးတော့ ဒီလောက်မြန်မြန် ဖွံ့ဖြိုးလာတာက တကယ့်ကို ရှားပါးလှပါတယ်။”

အဖိုးအို၏ စကားကို ကြားသောအခါ လုပေါင် စဉ်းစားခန်း ဝင်သွားသည်။ သူက ကျန်းရွှယ်ချီ၏ ရောဂါမြစ်ဖျားခံရာကို သိလိုက်ပုံရသည်။

‘ဒီထူးဆန်းတဲ့ သတ္တဝါတွေနဲ့ အသက်အရမ်းကြီးတဲ့ ဆေးပင်တွေ ရှိနေတဲ့ ကျိန်စာသင့်ကျွန်းဒီကျွန်းပေါ်က ပတ်ဝန်းကျင်ကြောင့်ပဲ ဦးနှောက်အကျိတ် ဖြစ်လာတာလား။’

လုပေါင် စဉ်းစားလေလေ ဖြစ်နိုင်ချေ ရှိလေလေပင်။

ဗီဒီယိုထဲတွင် အဖိုးအိုက ကျန်းရွှယ်ချီ၏ အခြေအနေကို ဆက်လက် ရှင်းပြနေသည်။

“အတိအကျ ပြောရရင် ဒီကင်ဆာဆဲလ်တွေက အဆက်မပြတ် ပွားများနေတာကြောင့် အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာလိမ့်မယ် ပြီးတော့ ခန္ဓာကိုယ်က ဒါကို သူ့အလိုလို မရှင်းထုတ်နိုင်ဘူး။”

All Chapters