← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း - ၄၆၆ - အဆိပ်ငွေ့၏အောင်မြင်မှု၊ ကျန်းယွင်ထျန်း၏အန္တရာယ်ထဲ၌ ထိုးဖောက်ခြင်း

ဤဆုံးဖြတ်ချက်သည် အလွန်မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်ဟု ပြောရမည်ဖြစ်သည်။

မီးဘောလုံး၏တိုက်ခိုက်မှုကို ပထမဆုံးအကြိမ်ရင်ဆိုင်ရသော ဒေသခံအဖွဲ့တိုင်းနီးပါးသည် မှားယွင်းသောဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။

သူတို့သည် လှေများကို နောက်ပြန်လှည့်ရန် အရှိန်လျှော့ချိန်တွင် အပျော်စီးရွက်သင်္ဘောမှတစ်ဆင့် အမြှောက်ဆံတစ်လုံး ပျံသန်းလာခဲ့သည်။

“မှော်ဆရာ မကောင်းတော့ဘူး အဲဒီသင်္ဘောကလည်း မီးဘောလုံးတွေနဲ့ ပစ်နေတယ်။”

ဒေသခံတစ်ဦးက အော်ဟစ်လိုက်၏။

“အဲအကြောင်းကို စိုးရိမ်မနေနဲ့။ ငါတို့လှေက အချိန်တိုအတွင်း အကုန်လုံးမီးမလောင်သွားနိုင်ဘူး။ ကမ်းခြေရဲ့တိုက်ခိုက်မှုကနေ အရင်ရှောင်ကြည့်ရမယ်။”

မှော်ဆရာကက နက်ရှိုင်းသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

အဆုံးတွင် ကမ်းခြေမှတိုက်ခိုက်မှုများမှာ အလွန်သိပ်သည်းနေပေသည်။ အပျော်စီးရွက်သင်္ဘောသည် အလွန်သေးငယ်လွန်းသောကြောင့် တစ်ချိန်တည်းတွင် တိုက်ခိုက်မှုများစွာကို လုပ်ဆောင်နိုင်မည်မဟုတ်သလို လောက်လွှဲများစွာကိုလည်း သေချာပေါက် သယ်ဆောင်ထားနိုင်မည်မဟုတ်ပေ။

၎င်းကို စိတ်ကြိုက်တိုက်ခိုက်ခွင့်ပြုလိုက်ရုံပင်။ ၎င်းကြောင့်ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုမှာလည်း ကန့်သတ်ချက်ရှိပေလိမ့်မည်။

ဤသည်မှာ မှော်ဆရာ၏ စစ်မှန်သော အတွေးပင်ဖြစ်လေသည်။

ထိုစဉ် ကျန်းယွင်ထျန်း ပစ်လွှတ်လိုက်သော အဆိပ်ငွေ့ဗုံးသည် ဒေသခံများ၏သင်္ဘောပေါ်သို့ ကျရောက်သွားခဲ့၏။

ဝုန်း!

အဆိပ်ငွေ့ဗုံးသည် ပေါက်ကွဲထွက်သွားပြီး ထူထပ်သော အဖြူရောင်မီးခိုးမြူများ ထွက်ပေါ်လာခဲ့လေသည်။

မှော်ဆရာသည် ထိုအရာကိုမြင်သောအခါ ဤထူထပ်သောမီးခိုးများသည် အဘယ်အရာဖြစ်သည်ကို မသိသော်လည်း ၎င်းသည် ကောင်းမွန်သောအရာမဟုတ်ကြောင်း သိရှိသွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။

“မြန်မြန် အဲ့ဒီမီးခိုးတွေကို ရှင်းပစ်ကြ။”

သို့သော် ကမ်းခြေရှိလောက်လွှဲများသည် ဆက်လက်ဆိုသလို တိုက်ခိုက်နေဆဲဖြစ်ပြီး ဒိုင်းအားလုံးသည်လည်း ထိုမီးဘောလုံးများကို ခုခံကာကွယ်နေရသဖြင့် သင်္ဘောခန်းထဲမှ သစ်သားပြားအချို့ကိုရှာဖွေကာ ယက်ခတ်ထုတ်ရန်သာ ကြိုးစားနိုင်ကြပေသည်။

သို့သော် ထိုအချိန်တွင် အဆိပ်ငွေ့များသည် ပတ်ဝန်းကျင်တခွင် ပျံ့နှံ့သွားပြီဖြစ်ကာ ထိုအဆိပ်ငွေ့အနီးသို့ ချဉ်းကပ်ခဲ့သော ဒေသခံများသည် လျင်မြန်စွာ လဲကျသွားတော့လေကြသည်။

အဆိပ်ငွေ့၏စွမ်းအားကို မြင်လိုက်ရသောအခါ သင်္ဘောပေါ်ရှိ မှော်ဆရာသည် ချက်ချင်းပင် ပါးစပ်နှင့်နှာခေါင်းကို အုပ်ကာ အဆိပ်ငွေ့နှင့် အဝေးဆုံးနေရာသို့ ပြေးသွားပြီး အခြားသင်္ဘောနှစ်စီးဆီသို့ အော်ပြောလိုက်၏။

“လူတိုင်းပဲ သတိထားကြ။ အဲ့ဒီသင်္ဘောမှာ အရမ်းစွမ်းအားကြီးတဲ့ လက်နက်ရှိတယ်။ ကမ်းခြေကနေ ပစ်လွှတ်လိုက်တဲ့ မီးဘောလုံးတွေနဲ့ အတူတူပဲ။”

အမှန်စင်စစ် သူအော်ဟစ်ရန်ပင်မလိုဘဲ အခြားလှေနှစ်စီးပေါ်ရှိ ဒေသခံများသည်လည်း ထိုအရာကို မြင်ပြီးဖြစ်လေသည်။ အဆိပ်ငွေ့များအနီးသို့ ချဉ်းကပ်သွားသည့် ဒေသခံအားလုံး လဲကျသွားခဲ့ကြ၏။

“လူတိုင်းပဲ အဲ့ဒီသင်္ဘောပေါ်က တိုက်ခိုက်မှုကို သတိထားကြ။”

အခြားမှော်ဆရာနှစ်ဦးက ချက်ချင်းပင် အမိန့်ပေးလိုက်ကြသည်။

ကျန်းယွင်ထျန်းသည် အခြားလှေနှစ်စီး၏ တုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် တစ်ချက်ပစ်လောက်လွှဲကို အသုံးပြုကာ ကျန်ရှိနေသေးသော လှေကြီးနှစ်စီးဆီသို့ မီးဘောလုံးများ ပစ်လွှတ်လိုက်တော့လေသည်။

ဤအရာသည် သူတို့အား အလွန်ကြောက်ရွံ့သွားစေခဲ့၏။ သူတို့သည် ချက်ချင်းပင် ကမ်းခြေမှတိုက်ခိုက်မှုများကို လျစ်လျူရှုကာ အပျော်စီးသင်္ဘောမှ ပျံသန်းထွက်လာသော မီးဘောလုံးများကို တားဆီးရန် ဒိုင်းများစွာကို စီစဉ်လိုက်ကြလေသည်။

“အခုအချိန်ပဲ!”

ကျန်းယွင်ထျန်းက အော်ဟစ်လိုက်၏။

အပျော်စီးရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်တိုင်ကျောက်တိုင်သည် စွန်းယောင်၏ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် ဗီဒီယိုခေါ်ဆိုမှုကို ဖွင့်ထားခဲ့သောကြောင့် စွန်းယောင်သည် ကျန်းယွင်ထျန်း၏အသံကို ကြားလိုက်နိုင်သည်။

စွန်းယောင်သည် ချက်ချင်းပင် အော်ဟစ်လိုက်၏။

“အဆိပ်ငွေ့ဗုံးတွေ ပစ်!”

ကမ်းခြေရှိ စစ်သည်များသည် ချက်ချင်းပင် သုံးချက်ပသ်လောက်လွှဲများကို ရှေ့သို့ခြေလှမ်းအနည်းငယ်တွန်းကာ ဗုံးများကိုတပ်ဆင်ပြီး ပစ်ခတ်လိုက်တော့လေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသင်္ဘောများသည် စတင်ဆုတ်ခွာနေပြီဖြစ်သောကြောင့် ဤကဲ့သို့ ရှေ့သို့ခြေလှမ်းအနည်းငယ်တွန်းခြင်းသည် သင်္ဘောများအားထိမှန်နိုင်ခြေကို များစွာမြင့်တက်စေမည်ဖြစ်သည်။

ဆွစ်! ဆွစ်! ဆွစ်!

မီးဘောလုံးနှစ်လုံးသည် အဆိပ်ငွေ့ဗုံးတစ်လုံးနှင့်အတူ ဒေသခံသင်္ဘောကြီးနှစ်စီးဆီသို့ ပျံသန်းသွားတော့လေသည်။

သူတို့သည် ကမ်းခြေရှိလောက်လွှဲများ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းမှ စတင်ထွက်ခွာနေပြီဖြစ်သောကြောင့် ကမ်းခြေမှတိုက်ခိုက်မှုများကို လုံးဝဂရုမစိုက်တော့ပေ။

ကမ်းခြေသည် ဤတိုက်ခိုက်မှုကို တစ်ကြိမ်သာ ပစ်လွှတ်နိုင်မည်ဖြစ်ပြီး သင်္ဘောပေါ်သို့ ကျရောက်လာမည်ဖြစ်သော်လည်း မီးများကို ဖြေးဖြေးချင်းငြှိမ်းသတ်နိုင်ပေသည်။ ယခုအချိန်တွင် အာရုံစိုက်ရမည့်အရာသည် အပျော်စီးရွက်သင်္ဘောမှထွက်လာမည်ဖြစ်သော အဆိပ်ငွေ့များကိုဖြစ်ပြီး လေးလေးနက်နက်ထားရှိရန် လိုအပ်နေပေသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုစဥ် မတူညီကွဲပြားသောအသံများ မြည်ဟီးလာပြီး အဆိပ်ငွေ့ဗုံးနှစ်လုံးသည် အဆိပ်ငွေ့များကို ထုတ်လွှတ်ကာ ဒေသခံလှေကြီးများပေါ်သို့ ပျံ့နှံ့သွားခဲ့လေသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

သင်္ဘောကြီးနှစ်စီးပေါ်ရှိ မှော်ဆရာများသည် ချက်ချင်းပင် အော်ဟစ်မိလိုက်ကြ၏။

အလယ်မှသင်္ဘာအကြီးပေါ်ရှိ မှော်ဆရာသည် အခြားသင်္ဘောကြီးနှစ်စီးသည်လည်း ထိခိုက်ဒဏ်ရာမရဘဲ မလွတ်မြောက်နိုင်တော့ကြောင်း မြင်လိုက်ရသောအခါ ပြတ်ပြတ်သားသားပင် ဆုံးဖြတ်ချက်ချပြီး သင်္ဘောကြီးပေါ်မှ လှေငယ်တစ်စီးကိုချကာ လှေငယ်ပေါ်သို့ခုန်တက်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်တော့လေသည်။

“သင်္ဘောကြီးပေါ်က လူတွေကို ဂရုမစိုက်နဲ့။ ထွက်ပြေးဖို့ပြင်ဆင်နေတဲ့သူတွေကို တိုက်ခိုက်ကြ။”

ကျန်းယွင်ထျန်းက ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့”

အပျော်စီးရွက်သင်္ဘောပေါ်ရှိ စစ်သည်တစ်ဦးသည် တစ်ချက်ပစ်လောက်လွှဲကို တပ်ဆင်ကာ ရှေးအကျဆုံးအမြှောက်ဆံများဖြစ်သော ကျောက်တုံးများကို အသုံးပြုကာ လှေငယ်ဆီသို့ ပစ်လွှတ်လိုက်တော့လေသည်။

“ခရက်!”

ကျောက်တုံးသည် လှေငယ်ကို တိကျစွာထိမှန်သွားပြီး လှေငယ်၏ဦးပိုင်းကို တိုက်ရိုက်ပင် ကြေမွသွားစေခဲ့၏။

ဤစစ်သည်များသည် ဤကဲ့သို့ပစ်လွှတ်ခြင်းကို အကြိမ်များစွာ လေ့ကျင့်ထားခဲ့ကြပြီး လှေငယ်၏ပစ်မှတ်သည် အတန်ငယ်ကြီးမားသောကြောင့် ထိမှန်အောင်ပစ်ရန်မှာ အလွန်လွယ်ကူလှပေသည်။

လှေငယ်ကို လှော်ခတ်နေသော မှော်ဆရာသည် သူ၏လှေငယ် ပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ စိတ်ပျက်အားငယ်သွား၏။ ရေထဲသို့ ကျသွားပါက သူသည် လေးသမားများ၏ သက်ရှိပစ်မှတ်တစ်ခုဖြစ်သွားမည်မှာ သေချာပြီး သူ၏ဦးတည်ချက်ကျောက်တုံးသည်လည်း စွမ်းအင်ကုန်သွားပြီဖြစ်သည်။

မှော်ဆရာသည် ချက်ချင်းပင် အပျော်စီးရွက်သင်္ဘောဆီသို့ သူ၏လက်များကိုမြှောက်ပြကာ အော်ဟစ်လိုက်တော့လေသည်။

ကျန်းယွင်ထျန်းသည် ထိုမှော်ဆရာ၏စကားများကို နားမလည်နိုင်သော်လည်း စစ်သည်များကမူ နားလည်နိုင်ပေသည်။

“နည်းပြ သူကအညံ့ခံချင်နေပါတယ်။”

စစ်သည်တစ်ဦးက ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် သူ၏လေးကိုဆွဲထုတ်ကာ မြားတစ်ချောင်း ပစ်လွှတ်လိုက်၏။

ဖျစ်!

ဝါးမြားသည် မှော်ဆရာ၏ ညာဘက်ရင်ဘက်သို့ စိုက်ဝင်သွားတော့လေသည်။

“မင်း...”

မှော်ဆရာသည် ကျန်းယွင်ထျန်းကို လက်ညိုးထိုးပြီး လှေငယ်ထဲသို့ ခေါင်းစိုက်ကျသွားတော့၏။

“နောက်မှ သွားဆွဲယူလာခဲ့။ ဒါက စိတ်အချရဆုံးပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထိုအချိန်တွင် အခြားသင်္ဘောကြီးနှစ်စီး၏ အထက်၌ ရုတ်တရက် လျှပ်စီးကြောင်းများ ထွက်ပေါ်လာခဲ့လေသည်။

“မကောင်းတော့ဘူး သူတို့ ဦးတည်ချက်ကျောက်တုံးကိုသုံးနေပြီ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ကျန်းရွှဲ့က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“လှေပေါ်ကလူတွေ အခြေခံအားဖြင့် လဲကျသွားပြီတာကို ငါမြင်နေရတယ်။ ငါတို့ ဦးတည်ချက်ကျောက်တုံးရဲ့ တည်နေရာကူးပြောင်းမှုကို တိုက်ရိုက် ဝင်ပြီးနှောင့်ယှက်သင့်လား။”

“ကောင်းပြီ”

ကျန်းယွင်ထျန်းသည် အနည်းငယ်တွေးတောပြီးနောက် ပြောလိုက်၏။

“ငါသွားမယ် မင်းတို့တွေ ငါ့ကို နောက်ကနေကာကွယ်ပေးထား။”

“ဟုတ်ကဲ့”

ကျန်းရွှဲ့သည် လက်ရှိအချိန်၌ ကျန်းယွင်ထျန်း၏အဆင့်သည် အမြင့်ဆုံးဖြစ်သည်ကို သိရှိထားပြီး သူသွားသည်ကသာ စိတ်အချရဆုံးဖြစ်ပေသည်။

အပျော်စီးရွက်သင်္ဘောသည် သင်္ဘောကြီးတစ်စီး၏အနီးသို့ အလျင်အမြန်ပင် ချဉ်းကပ်သွားခဲ့၏။ လူတိုင်းသည်လည်း ခုခံကာကွယ်မှုများကို ပြင်ဆင်ထားခဲြသည်။ ကျန်းယွင်ထျန်းသည် တိုက်ရိုက်ပင် လှေကြီးပေါ်သို့ ခုန်တက်သွားပြီး သတိထားကာ သင်္ဘောမေခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။

လူတိုင်းသည် အဆိပ်ငွေ့များကြောင့် အဆိပ်သင့်နေကြပေသည်။ သူသည် ဦးတည်ကျောက်တုံးကို ရှာဖွေတွေ့ရှိသွားပြီးနောက် ချက်ချင်းပင် တည်နေရာကူးပြောင်းမှုကို နှောင့်ယှက်လိုက်လေသည်။

ထိုလှေအပေါ်ရှိ တိမ်မည်းများနှင့် လျှပ်စီးကြောင်းများ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

“ဘေးကင်းတယ် နောက်တစ်စီး။”

ကျန်းယွင်ထျန်းက ပြောလိုက်၏။

ကျန်းယွင်ထျန်းသည် အပျော်စီးရွက်သင်္ဘောပေါ်သို့ ပြန်လည်ခုန်ဆင်းလာပြီးနောက် ချက်ချင်းပင် နောက်ဆုံးလှေကြီးဆီသို့ ရွက်လွှင့်သွားခဲ့သည်။

ယခင်သင်္ဘောကြီးကဲ့သို့ပင် ကျန်းယွင်ထျန်းသည် အပေါ်သို့ခုန်တက်သွားပြီး ဂရုတစိုက်ဖြင့် သင်္ဘောခန်းအနီးသို့ချဉ်းကပ်လိုက်၏။ လူတိုင်း သင်္ဘောကုန်းပတ်ပေါ်တွင် လဲကျနေကြသည်ကို တွေ့ရှိလိုက်ရပြီးနောက် ချက်ချင်းပင် ဦးတည်ချက်ကျောက်တုံးဆီသို့ လျှောက်သွားလိုက်လေသည်။

သူသည် မန္တန်ကို နှောင့်ယှက်ရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် ဘေးနားရှိ မှော်ဆရာသည် သူ၏မျက်လုံးများကို ဖျတ်ခနဲဖွင့်လိုက်၏။

စိတ်ဝိဉာည်တိုက်ခိုက်မှု...။

ကျန်းယွင်ထျန်းသည် ရုတ်တရက် သူ၏ခေါင်းထဲ၌ နာကျင်မှုကို ခံစားလိုက်ရပြီး စိတ်ဝိဉာည်တိုက်ခိုက်မှု လာရာဘက်သို့ သူ့လက်ထဲရှိ ဓားမြှောင်ကို မသိစိတ်ဖြင့် ထိုးစိုက်လိုက်သည်။

မှော်ဆရာသည် သူ၏လက်ထဲ၌ အမှန်တကယ် တောင်ဝှေးတစ်ခုကို ကိုင်ထားခဲ့လေသည်။ သူသည် အဆိပ်ငွေ့များကို ရှုရှိုက်မိလိုက်သောကြောင့် အနည်းငယ် အားနည်းနေခဲ့သော်လည်း ကျန်းယွင်ထျန်းလက်ထဲရှိ ဓားသွားကိုမူ တားဆီးနိုင်ခဲ့ပေသည်။

ဝှစ်ရှ်

ထိုစဉ် ၀ါးမြားတစ်စင်းသည် ပျံသန်းလာပြီး မှဪ်ဆရာ၏လည်ပင်းကို တိကျစွာ ထိမှန်သွားခဲ့၏။

မှော်ဆရာသည် သူ၏လည်ပင်းကိုဆုပ်ကိုင်ပြီး မကျေမနပ်ဖြင့် လဲကျသွားခဲ့ရလေသည်။

ကျန်းရွှဲ့သည် ချက်ချင်းပင် ပြေးဝင်သွားပြီး ယိုင်နဲ့နဲ့ဖြစ်နေသော ကျန်းယွင်ထျန်းကို ကူတွဲလိုက်ကာ ဦးတည်ချက်ကျောက်တုံး၏ တည်နေရာကူးပြောင်းမှုကို နှောင့်ယှက်လိုက်၏။

“ယွင်ထျန်း နင်ဘယ်လိုနေလဲ။”

ကျန်းရွှဲ့က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ကျန်းယွင်ထျန်းသည် သူ၏ခေါင်းကို ခါယမ်းလိုက်၏။ သူသည် သူ၏စိတ်ထဲ၌ ဆက်လက်ပြင်းထန်နေဆဲဖြစ်သော စိတ်ဝိဉာည်တိုက်ခိုက်မှုကို ခုခံရန် ခက်ခက်ခဲခဲ ကြိုးစားနေဟန်ရှိသည်။

ရုတ်တရက် ကျန်းယွင်ထျန်း၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များသည် ရုတ်တရက်ပြင်းထန်လာပြီး နောက်ခဏ၌ ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။

ကျန်းရွှဲ့သည် ပုံမှန်ပြန်ဖြစ်သွားပုံရသော ကျန်းယွင်ထျန်းကို အံ့အားသင့်စွာကြည့်ရင်း မေးလိုက်၏။

“နင် အဆင့်တက်သွားတာလား။”

ကျန်းယွင်ထျန်းက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

“ငါ A-အဆင့်ရဲ့ အထွတ်အထိပ်မှာ တစ်ဆို့နေတာကြာပြီ။ မှော်ဆရာရဲ့ စိတ်ဝိဉာည်တိုက်ခိုက်မှုက ငါ့ရဲ့အချုပ်အနှောင်တွေကို ဖွင့်ထုတ်ပေးလိုက်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။”

“ဟင်း ငါနဲ့ နင့်ကြားက ကွာဟမှုက တကယ်ကို ကြီးမားလာပြီပဲ။”

ကျန်းရွှဲ့သည် ပျော်ရွှင်မှုတစ်ဝက် စိုးရိမ်မှုတစ်ဝက်ဖြင့် ပြောလိုက်၏။

ကျန်းယွင်ထျန်းက သူမကို နှစ်သိမ့်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့...ငါတို့ရဲ့စမ်းသပ်မှုတွေကနေ အကောင်းဆုံးပေါင်းစပ်မှုကိုရှာတွေ့တဲ့အခါကျရင် မင်းလည်း မကြာခင် အမီလိုက်လာနိုင်လိမ့်မယ်။”

“အဲ့ဒါကတော့ နင်ပြောမှလား။”

ကျန်းရွှဲ့က သူ့ကိုကြည့်ကာ ပြောလိုက်၏။

“အခုပြီးသွားပြီဆိုတော့ ပြန်ကြတော့မလား။”

“အင်း မှော်ဆရာတွေကို အရင်ခေါ်သွားကြရအောင်။ စွန်းယောင်က ဒီမှော်ဆရာတွေကို မကိုင်တွယ်နိုင်လောက်ဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“တစ်ယောက်ကို သတ်ပစ်မိလိုက်တာ စိတ်မကောင်းစရာပဲ။”

ကျန်းရွှဲ့က ပြောလိုက်သည်။

“မဟုတ်ရင် နောက်ထပ်မျိုးနွယ်စုတစ်ခုကို ထပ်ပြီးသိမ်းပိုက်နိုင်ဦးမှာ။”

အခန်း - ၄၆၇ စစ်ဆေးမေးမြန်းခြင်း၊ စွမ်းအင်ပြွန် အလွတ်အား ပေါင်းစပ်ဖန်တီးခြင်း

“ပြဿနာမရှိပါဘူး။ မှော်ဆရာမရှိတော့ရင်တောင် ဦးတည်ချက်ကျောက်တုံးသာရှိရင် သူတို့ရဲ့မျိုးနွယ်စုကို သိမ်းပိုက်လို့ရတယ်။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

ယခင်က ရှောင်းယီသည်လည်း နက်မျိုးနွယ်စု၏ မှော်ဆရာကို သတ်ပစ်ပြီး နက်မျိုးနွယ်စု၏ လူများအားလုံးကို ခေါ်ဆောင်လာခဲ့ဖူးပေသည်။

မှော်ဆရာရှိလျှင် စီမံခန့်ခွဲရသည်မှာ ပို၍လွယ်ကူ၏။ မှော်ဆရာမရှိလျှင်လည်း အခြားခေါင်းဆောင်တစ်ယောက် ရှာလိုက်ရုံပင်။ ဤသည်မှာ ကြီးမားသောပြဿနာတစ်ခုမဟုတ်ပေ။

ကျန်းရွှဲ့သည်လည်း ခေါင်းညိတ်ပြလိုက်ပြီး သင်္ဘောသုံးစီးကို ကမ်းစပ်သို့ ဆွဲယူလိုက်သည်။

စွန်းယောင်နှင့် အခြားသူများသည် ၎င်းတို့၏ ပါးစပ်နှင့် နှာခေါင်းများကို စိုစွတ်သောအဝတ်စဖြင့် အုပ်ထားပြီးဖြစ်၏။

“အဆိပ်ငွေ့တွေ ပျောက်သွားရင် မင်းတို့ စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်လိုက်ကြတော့။ ငါ သင်္ဘောသုံးစီးပေါ်က မှော်ဆရာတွေနဲ့ အခြားအဓိကခေါင်းဆောင်တွေကို ငါနဲ့အတူ ပြန်ခေါ်သွားမယ်။ ကျန်တဲ့သူတွေကိုတော့ လောလောဆယ် မင်းတို့ပဲ ထိန်းချုပ်ထားလိုက်ကြပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း။”

စွန်းယောင်က ပြောလိုက်၏။

“ရပါတယ်။ ငါတို့ အရင်ပြန်နှင့်တော့မယ်။”

ကျန်းယွင်ထျန်းသည် ထိုသို့ပြောပြီးနောက် ဖမ်းမိထားသော ဒေသခံငါးဦးနှင့်အတူ ထွက်ခွာသွားတော့လေသည်။

ရှောင်းယီ၏ကျွန်းသို့ ပြန်ရောက်သောအခါ သူသည် ထိုလူငါးဦးကို အရင်ဆုံး အကျဉ်းထောင်ထဲသို့ ထည့်ထားလိုက်သည်။

ဤထောင်သည် ရှောင်းယီမှ အန်းယွဲ့အား တည်ဆောက်ရန် အထူးတောင်းဆိုခဲ့ခြင်းဖြစ်ပေသည်။ အနာဂတ်တွင် သူတို့သည် အကျဉ်းသားအချို့ကို အစဥ်အမြဲ ဖမ်းဆီးမိကြမည်ဖြစ်ရာ ၎င်းတို့ကိုထားရှိရန်နေရာတစ်ခုတော့ ရှိရပေလိမ့်မည်။

ဤနေရာရှိ အစောင့်များသည် အနည်းဆုံး B-အဆင့် လူသားတစ်ဦး ဖြစ်ရပေမည်။ လက်ရှိတွင် တာဝန်ကျ အစောင့်အားလုံးသည်လည်း B-အဆင့်နှင့် အထက်များချည်းသာဖြစ်သည်။

ချူဖုန်းသည် ယနေ့ ခရီးသည်ပို့ဆောင်ရေးအတွက် အပြင်သို့ထွက်စရာမလိုသောကြောင့် ရှောင်းယီသည် ချက်ချင်းပင် သူ့အား ထိုနေရာတွင် တာဝန်ထမ်းဆောက်ရန် စီစဉ်ပေးခဲ့လေသည်။

“အစ်ကိုကျန်း ပြန်ရောက်လာပြီလား။”

အကျဉ်းထောင်၏တံခါးဝတွင် အနည်းငယ်ပျင်းရိနေဟန်ရသော ချူဖုန်းသည် ကျန်းယွင်ထျန်းကိုမြင်သောအခါ ချက်ချင်းပင် ဆီးကြိုကာ နှုတ်ဆက်လိုက်၏။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်...ဒါတွေက ဒေသခံမှော်ဆရာတွေနဲ့ ခေါင်းဆောင်တွေပဲ။ သူတို့ကို စောင့်ကြည့်တဲ့နေရာမှာ သတိထားပါ။ ကျုပ် ကျွန်းပိုင်ရှင်ကို အခု ဖုန်းခေါ်လိုက်မယ်။”

“ဟုတ်ကဲ့။”

ချူဖုန်းက ပြန်ပြောလိုက်သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့ထံမှ ဝေါ်ကီတော်ကီကိုယူကာ ရှောင်းယီဆီသို့ ဆက်သွယ်လိုက်၏။

“ကျွန်းပိုင်ရှင် ကျုပ်တို့ကို တိုက်ခိုက်လာတဲ့ ဒေသခံတွေကို ကိုင်တွယ်ဖြေရှင်းပြီးပါပြီ။ ဒေသခံခေါင်းဆောင်တွေနဲ့ မှော်ဆရာတွေကိုလည်း ပြန်ခေါ်လာခဲ့ပါတယ်။ အခု သူတို့တွေကို အကျဉ်းထောင်ထဲပို့ထားပြီးပါပြီ။ မင်း တစ်ချက်လောက် လာကြည့်ပေးပါဦး။”

“ကောင်းပြီ ခဏစောင့် ငါ အခုချက်ချင်းလာခဲ့မယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

မကြာမီ အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာပြီး ရှောင်းယီသည် သူ၏မြင်းကိုစီးကာ ရောက်ရှိလာခဲ့လေသည်။

ထို့နောက် သူသည် မြင်းပေါ်မှဆင်းလိုက်ပြီး ကျန်းယွင်ထျန်းကို တွေ့သောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“မင်း နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ။ ဒီတိုက်ပွဲက အတော်အန္တရာယ်များခဲ့ရဲ့လား။”

“သိပ်တော့အန္တရာယ်မများပါဘူး။ မှော်ဆရာတစ်ယောက်ဆီက နည်းနည်းလှည့်စားခံလိုက်ရရုံပါပဲ။ ကံကောင်းတာက ကျန်းရွှဲ့က ကျုပ်ကို ကူညီဖြေရှင်းပေးခဲ့တယ်လေ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

ရှောင်းယီက မျက်မှောင်ကြုတ်လိုက်၏။

“နောက်တစ်ခါကျရင် အန္တရာယ်များတဲ့ အရာတွေ လျှော့လုပ်။ မင်းအသက်ရှင်နေမှ ငါ့ကို ပိုကောင်းအောင် ကူညီပေးနိုင်မှာ။”

“ကျွန်းပိုင်ရှင်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်အတွက်တော့ သူ့ကိုတကယ် ကျေးဇူးတင်ရမယ်။ အဲ့ဒီမှော်ဆရာရဲ့ စိတ်ဝိဉာည် တိုက်ခိုက်မှုသာမရှိခဲ့ရင် ကျုပ် ဘယ်အချိန်မှ ထိုးဖောက်ဖို့ အခွင့်အရေးရမလဲမသိဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အင်း နောက်နောင် ဘာပဲလုပ်လုပ် သတိနဲ့လုပ်ပါ။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် အကျဉ်းထောင်အတွင်းသို့ လျှောက်ဝင်သွားပြီး အဖမ်းခံထားရသောလူငါးဦးကို ကြည့်လိုက်သည်။

“ဟိုဘက်က နှစ်ယောက်က မှော်ဆရာတွေပဲ။ ကျုပ်ကို လှည့်စားခဲ့တဲ့သူကို ကျန်းရွှဲ့က သူမရဲ့မြှားနဲ့ ဖြေရှင်းပစ်လိုက်ပြီ။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။

“အင်း”

ရှောင်းယီက ပြောလိုက်သည်။

“ဒီနှစ်ယောက်က B-အဆင့် မှော်ဆရာတွေပဲ။ မင်းကိုတိုက်ခိုက်ခဲ့တဲ့သူက မင်းရဲ့အသက်ကို ခြိမ်းခြောက်နိုင်တယ်ဆိုတော့ A-အဆင့် မှော်ဆရာဖြစ်သင့်တယ်။ မင်း အနာဂတ်မှာ ပိုပြီးသတိထားရမယ်။”

“နားလည်ပါပြီ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

သူတို့၏ဘေးနားတွင်ရပ်နေသော ကျန်းရွှဲ့သည် သူမ၏ခင်ပွန်းသည် ၎င်း၏လက်အောက်ငယ်သားများ၏ ဘေးကင်းရေးကို ဂရုစိုက်တတ်သော ဤကဲ့သို့မဟာပုဂ္ဂိုလ်ကြီးတစ်ဦးကို တွေ့ရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင်နေမိ၏။

ရှောင်းယီသည် နာ့နာကို ခေါ်ယူပြီး လူတိုင်းကို သတိရလာအောင်လုပ်ရန် တိုက်ရိုက်တောင်းဆိုလိုက်သည်။

“မရီးကို နည်းနည်းဝေးဝေး ခေါ်သွားလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီသည် သူကိုယ်တိုင်မှာ SS-အဆင့်ဖြစ်သောကြောင့် ဤ B-အဆင့် မှော်ဆရာနှစ်ဦးသည် သူ့အား ထိခိုက်စေနိုင်ခြင်းမရှိသော်လည်း C-အဆင့်သာရှိသေးသည့် ကျန်းရွှဲ့အတွက်မူ ဘေးကင်းမည်မဟုတ်ပေ။

“ရှင့်တို့ သူတို့ကိုစစ်ဆေးလိုက်ကြပါ...။ ကျွန်မ ကျွင်းကျွင်းကို သွားရှာလိုက်ဦးမယ်။”

ကျန်းရွဲ့က ပြောလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်၏။

“တေါ်ကီတော်ကီယူသွားလိုက်။ ပြဿနာတစ်ခုခုဖြစ်ရင် အချိန်မီလှမ်းပြော။”

“ကောင်းပြီ”

ထို့နောက် ကျန်းရွှဲ့သည် ဝေါ်ကီတော်ကီကို ယူဆောင်ကာ ထွက်ခွာသွားခဲ့သည်။

ချူဖုန်းသည်လည်း အနည်းငယ်ဝေးသောနေရာတစ်ခုသို့ ရွေ့သွားလိုက်၏။ သူသည် B-အဆင့်ဖြစ်ပြီး အဆင့်တူချင်းဖြစ်မို့ ချက်ချင်းသေဆုံးမည်မဟုတ်သော်လည်း ဒဏ်ရာတော့ရရှိနိုင်ဆဲပင်။

မှော်ဆရာနှစ်ဦးအနက် တစ်ဦးသည် အဆိပ်ငွေ့များကို ရှုရှိုက်မိသွားသောကြောင့် သတိလစ်နေခြင်းဖြစ်ပြီး အခြားတစ်ဦးမှာ ကျန်းယွင်ထျန်း၏မြှားဖြင့် ရင်ဘတ်ညာဘက်ခြမ်းသို့ ပစ်ခတ်ခံခဲ့ရပြီး ပြင်းထန်သောဒဏ်ရာကြောင့် သတိလစ်နေခဲ့ခြင်းဖြစ်ပေသည်။

ဤအခြေအနေနှစ်ခုသည် နာ့နာအတွက် သိပ်ခက်ခဲလှပေ။ သူမသည် ၎င်းတို့ကို မြန်မြန်ဆန်ဆန်ပင် ကိုင်တွယ်ဖြေရှင်းလိုက်၏။ သူတို့ကို မြန်မြန်နိုးစေရန်အတွက်လည်း နာ့နာသည် သူတို့အား တမင်တကာ လှုံ့ဆော်ပေးခဲ့သည်။

မှော်ဆရာနှစ်ဦးသည် အလွန်အားအင်ချည့်နဲ့စွာဖြင့် သတိရလာခဲ့ကြ၏။ ရှောင်းယီသည် ချက်ချင်းပင် သူ၏ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ မှော်ဆရာတစ်ဦး၏ လည်ပင်းပေါ်သို့ တင်ကာပြောလိုက်သည်။

“လက်နက်ချအညံ့ခံမလား။ ဒါမှမဟုတ် သေမလား။ တစ်ခုရွေး။”

သူတို့နှစ်ဦးသည် ရှောင်းယီ၏အဆင့်ကို မမြင်နိုင်သော်လည်း ရှောင်းယီထံမှ ထွက်ပေါ်နေသော ကြီးမားသည့်ဖိအားကိုမူ ခံစားနေကြရ၏။

ထို့အပြင် ရွှမ်းယွမ်ဓားဆီမှ ပေါက်ကွဲထွက်လာသော ဖိအားသည်လည်း သူတို့အား ချက်ချင်းပင် ဖိနှိပ်ထားခဲ့သည်။

မှော်ဆရာနှစ်ဦးသည် တစ်ဦးပြီးတစ်ဦး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အညံ့ခံကြောင်း အော်ပြောလိုက်ကြတော့လေသည်။

သူတို့နှစ်ဦးနှင့် စာချုပ်ချုပ်ဆိုပြီးနောက် ရှောင်းယီက မေးလိုက်၏။

“မင်းတို့ မျိုးနွယ်စုသုံးစုက ဘာလို့ ငါတို့ကို အတူတူလာပြီး တိုက်ခိုက်ကြတာလဲ။”

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ နတ်ဘုရားက ကျုပ်တို့ကို ကျွန်းတစ်ခုတည်းကို ပူးပေါင်းတိုက်ခိုက်ဖို့ လမ်းညွှန်ခဲ့တာပါ။”

မှော်ဆရာတစ်ဦးက ပြန်ဖြေလာခဲ့သည်။

“မင်းတို့လက်ပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကနေလား။”

မှော်ဆရာနှစ်ဦးသည် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ကြ၏။

ရှောင်းယီသည် အနည်းငယ်တွေးတောပြီးနောက် မေးလိုက်သည်။

“မင်းတို့ မျိုးနွယ်စုသုံးစုရဲ့ ကျွန်းတွေအားလုံးကရော အတူတူပဲလား။”

မှော်ဆရာနှစ်ဦးက ခေါင်းခါလိုက်ကြသည်။ ထို့နောက် သူတို့ထဲမှ တစ်ဦးက ရှင်းပြလိုက်သည်။

“ကျုပ်တို့ရဲ့ ဦးတည်ချက်ကျောက်တုံးတွေကို ပြုပြင်ပြောင်းလဲထားခဲ့ပါတယ်။ အခုအချိန်မှာ အဲ့ဒါက ကျုပ်တို့ရဲ့ကျွန်းတွေနဲ့ ကျုပ်တို့မျိုးနွယ်စုသုံးစု စုဝေးရာနေရာကို ချိတ်ဆက်ပေးထားတယ်။”

“အတူတူမရှိဘူးလား။ ဒါက အတော်လေး ဒုက္ခရောက်စေတာပဲ။ အတူတူရှိတယ်ဆိုရင် မျိုးနွယ်စုသုံးစုလုံးကို အတူတူသိမ်းပိုက်လို့ရတယ်။”

ကျန်းယွင်ထျန်းက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ဒါက ဦးတည်ချက်ကျောက်တုံးအပေါ်မှာပဲ မူတည်တယ်။”

ထိုဦးတည်ချက်ကျောက်တုံးများကို အားသွင်းရသည်မှာ အလွန်နှေးကွေးလွန်းပေသည်။

စွမ်းအင်ပြွန် နည်းနည်းလောက်ထပ်ရရင် ကောင်းမှာပဲ။

လက်ရှိတွင် ရှောင်းယီ၏လက်ထဲ၌ အသုံးပြုနိုင်သော စွမ်းအင်ပြွန်တစ်ခုနှင့် စွမ်းအင်ပြွန်အလွတ်နှစ်ခုသာ ရှိပေသည်။

“စွမ်းအင်ပြွန်အလွတ်နှစ်ခုလား။ ဟုတ်သားပဲ စူပါပေါင်းစပ်ခြင်းစက်။”

ရှောင်းယီသည် ချက်ချင်းပင် စိတ်ကူးရသွား၏။ စွမ်းအင်ပြွန်အလွတ်နှစ်ခုကို ပေါင်းစပ်လိုက်ပါ ဘာဖြစ်လာမည်ကို သူသိချင်မိပေသည်။ သူ ကြိုးစားကြည့်နိုင်သည်။

“အစ်ကိုကျန်း သူတို့အားလုံးကို ပြန်ပို့လိုက်တော့။”

ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီးနောက် မှော်ဆရာနှစ်ဦးကို ထပ်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် မျိုးနွယ်စုသုံးစုက လူတွေအားလုံးကို စွန်းယောင်ရဲ့ကျွန်းမှာ အရင်ဆုံး စီမံခန့်ခွဲထားလိုက်။ ပြီးရင် ငါ့ရဲ့အသိပေးချက်ကို စောင့်နေ။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

လူတိုင်းက ပြန်ဖြေလိုက်ကြ၏။

ထို့နောက် ရှောင်းယီသည် သူ၏အိပ်ခန်းသို့ ပြန်သွားပြီး အသုံးပြုပြီးသား စွမ်းအင်ပြွန်နှစ်ခုကို ထုတ်ယူကာ စူပါပေါင်းစပ်ခြင်းစက်ထဲသို့ ထည့်လိုက်တော့လေသည်။

“ရရှိသည့်အရင်းအမြစ်- စွမ်းအင်ပြွန် (C-အဆင့်) ၁။”

“စွမ်းအင်ပြွန် (C-အဆင့်)- အခြားစွမ်းအင်များဖြင့် စွမ်းအင်ပြွန်ထဲသို့ အားသွင်းပြီး ပြန်လည်အသုံးပြုနိုင်သည်။ အားအပြည့်သွင်းရန်ကြာချိန် ၂၄ နာရီ။”

“မှတ်ချက်- စွမ်းအင်ပြွန်အား အားအပြည့်သွင်းရန်အတွက် လိုအပ်သော စွမ်းအင်သည် အလွန်များပြားသောကြောင့် သတိဖြင့် အသုံးပြုပါ။”

ရှောင်းယီသည် ထိုအသိပေးချက်ကို မြင်သောအခါ ထပ်မေးလိုက်သည်။

“ဘယ်လောက်များတာလဲ။”

“လက်ရှိ စူပါဘက်ထရီထဲက လျှပ်စစ်ဓာတ်အားနဲ့ဆိုရင် ကုန်ခန်းမသွားခင် အကြိမ် ၂၀ အထိ အားအပြည့်သွင်းနိုင်ပါတယ်။”

“ဒီစွမ်းအင်ပြွန်သေးသေးလေးက အဲ့လောက်စွမ်းအင်တွေအများကြီးကို ထိန်းထားနိုင်တယ်လား။”

ရှောင်းယီ အံ့အားသင့်သွား၏။

လက်ရှိ စူပါဘက်ထရီထဲရှိ လျှပ်စစ်ဓာတ်အားသည် ကီလိုဝပ်နာရီ သန်း ၁၀၀ ခန့်ရှိသော်လည်း ဤ C-အဆင့်စွမ်းအင်ပြွန်ကို အကြိမ် ၂၀ သာ အားအပြည့်သွင်းနိုင်ကြောင်း သိထားရပေမည်။

“ဦးတည်ချက်ကျောက်တုံးက တည်နေရာကူးပြောင်းဖို့အတွက် ပစ္စည်းကြီးတွေ သယ်ဆောင်နိုင်တာကြောင့် စွမ်းအင်သုံးစွဲမှုကလည်း ကြီးမားပါတယ်။”

စနစ်က အမှန်တကယ် ကြင်နာစွာဖြင့် ရှင်းပြလိုက်၏။

ရှောင်းယီ ခေါင်းညိတ်လိုက်မိသည်။ သူသည် ထိုဒေသခံကျွန်းများရှိ လူများနှင့် ပစ္စည်းများကို အမြန်ဆုံးစုဆောင်းလိုသော်လည်း သူ၏ကျွန်းသည် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကို လိုအပ်နေသေးသည်။

အဆင့်မြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ပစ္စည်းကိရိယာများအား ရှာဖွေမတွေ့ရှိသေးမီ ဤစွမ်းအင်ပြွန်အား အသုံးပြုရန်အတွက် ရွှေ့ဆိုင်းထားရဦးမည့်ပုံပင်။

“ကျွန်းပိုင်ရှင် ကျုပ်ဆီမှာ ဒေသခံအကျဉ်းသားတွေ အရမ်းများနေပြီ။ သူတို့ထဲကတချို့ကို သတ်ပစ်လိုက်သင့်လား။”

စွန်းကုထောင်သည် စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်၍ မပြီးခင်မှာပင် ထိုပြဿနာကို သတိပြုမိသွားခဲ့လေသည်။

အခန်း ၄၆၈ - စွန်းကုထောင် ပြန်ရောက်လာခြင်း၊ ကျန်းရွှဲ့၏ကျေးဇူး

စွန်းကုထောင်၏ကျွန်းသည် မူလကတည်းက အထူးကြီးမားလှသည်မဟုတ်ပေ။ စွန်းယောင်၏ကျွန်းထက်ပင် မကြီးမားပေ။

စွန်းယောင်သည် ယခင်က ဆေးများရောင်းချခဲ့ဖူးပေသည်။ ရှောင်းယီသည် သူ၏ဆေးများကို ဈေးနှစ်ဆဖြင့် ကူရောင်းပေးခဲ့ပြီးနောက် သူ့အား အုတ်မြစ်ကျောက်တစ်ထောင် ပြန်ပေးခဲ့ပေသည်။

စွန်းယောင်၏ကျွန်းဧရိယာသည် လူအများစု၏ ကျွန်းဧရိယာထက်ပင် ကျော်လွန်နေပြီဖြစ်သည်။

ဟုတ်ပါသည်။ ဤသည်မှာ မဟာမိတ်အဖွဲ့များ ပေါင်းစည်းမှုမတိုင်မီက ဧရိယာကို ပြောလိုခြင်းပင်။

အခမဲ့အလုပ်သမားတွေ အများကြီးကို သတ်ပစ်လိုက်ရရင် တကယ်ကို စိတ်မကောင်းစရာပဲ။

သူတို့ကို အနည်းငယ် လေ့ကျင့်သင်ကြားပေးပြီးနောက် လေလူမျိုးနွယ်စု၏ ယခင်တည်ရာသို့ ပို့ဆောင်ကာ ချူဖုန်းမြို့ကို စောင့်ကြည့်ရန် မျက်လုံးများအဖြစ် အသုံးပြု၍ရပေသည်။

ရှောင်းယီသည် အချိန်အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“မလုပ်နဲ့ ငါ့ရဲ့မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်။ ငါ မင်းကို ဆွဲခေါ်သွားပေးမယ်။ ငါကျွန်းက ကြီးတယ်ဆိုတော့ အဲ့ဒီဒေသခံသားတွေကို ချေဖျက်ပေးနိုင်တယ်။”

စွန်းကုထောင်သည် အနည်းငယ်အံ့အားသင့်သွားပြီး မေးလိုက်၏။

“မြောက်ဘက်က ချူဖုန်းမြို့ကို ကျုပ် ဆက်ပြီးစောင့်ကြည့်စရာ မလိုတော့ဘူးလား။”

“ငါ အဲ့တိုက်ကြီးပေါ်မှာ သူလျှိုထည့်ထားတယ်။ ခင်ဗျားတို့တွေ လာသာလာခဲ့ကြပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

စွန်းကုထောင်က ပျော်ရွှင်စွာ ပြောလိုက်၏။ သူသည်လည်း ရှောင်းယီ၏ဘေးနားသို့ အနီးကပ်ရောက်ရှိလိုပြီး တစ်ယောက်နှင့်တစ်ယောက် စောင့်ရှောက်ကြည့်ရှုနိုင်ရန်ဖြစ်သည်။

တကယ်တမ်း အရေးအကြီးဆုံးမှာ အပန်းဖြေစခန်း၌ မကြာခဏ ကစားနိုင်ခြင်းပင်။

ဤအသက်ရှင်သန်ရပ်တည်နိုင်ရန် ကြိုစားရုန်းကန်နေရသည့် ကမ္ဘာကြီး၌ ဖိအားများသည် နေရာတိုင်းတွင် ရှိနေပြီး ထိုဖိအားများကို ထုတ်လွှတ်ပေးရန် နေရာတစ်ခုခုကို အမြဲတမ်းရှာဖွေရမည်ဖြစ်သည်။

စွန်းကုထောင်သည် ချက်ချင်းပင် ရှောင်းယီ ဖွဲ့စည်းထားသော ယီရန်ပင်းမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်လိုက်ပြီး ချက်ချင်းပင် သူ၏ကျွန်းကို ရွှေ့ပြောင်းလိုက်တော့လေသည်။

ထိုစဉ် ဟွားလန်သည် အပြင်ဘက်မှ ဝင်လာပြီး မေးလိုက်၏။

“လောင်တ ကျွန်းပိုင်ရှင်က ဘာပြောလဲ။”

“သူတို့ကို မသတ်တော့နဲ့။ နောက်မှ သူတို့ကို ကျွန်းပိုင်ရှင်ရဲ့ကျွန်းကို ပို့လိုက်မယ်။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

“ဟမ်...ဒီလောက်လူတွေအများကြီးကိုလား။ အပျော်စီးရွက်သင်္ဘောကို သုံးဖို့တော့ သိပ်မသင့်တော်ဘူး။ သင်္ဘောကြီးကိုသုံးမယ်ဆိုရင်လည်း အချိန်အရမ်းကြာလိမ့်မယ်။”

ဟွားလန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က ငါတို့ကို ဒီမှာနေစေချင်တာမဟုတ်ဘူး။ ငါ အစ်ကိုကြီးရဲ့မဟာမိတ်အဖွဲ့ထဲ ဝင်ပြီးပြီ။ အခု ကျွန်းရွှေ့ပြောင်းနေပြီ။”

စွန်းကုထောင်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဘာ!”

ဟွားလန်း အံ့အားသင့်သွား၏။

“အရမ်းကောင်းတယ်။ ဒါဆို ကျုပ်တို့က ကျွန်းပိုင်ရှင်ရဲ့ကျွန်းကနေ ကီလိုမီတာ ၁၀၀ ပဲဝေးတော့မှာပေါ့။”

စွန်းကုထောင်က ခေါင်းညိတ်ပြလိုက်သည်။

“လောင်တ ကျုပ် တစ်ခုခုတောင်းဆိုချင်ပါတယ်။”

ဟွားလန်သည် ချက်ချင်းပင် သူ၏အနီးသို့ ကပ်သွားကာ ပြောလိုက်၏။

“ဒီတစ်ခေါက် ဒီဒေသခံတွေကို ပို့ဆောင်တဲ့နေရာမှာ ကျုပ်ကို အစောင့်အကြပ်အဖြစ် လိုက်ပါခွင့်ပြုပါ။”

ထိုအခါ စွန်းကုထောင်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။

“မင်းပါးစပ်ဟလိုက်တာနဲ့ မင်းဗိုက်ထဲမှာ အူဘယ်နှခွေရှိလဲဆိုတာ ငါသိပြီးသား။ စိတ်မပူပါနဲ့ ဒီတစ်ခေါက် မင်းနဲ့ ကောင်းယုနဲ့ သွားလိုက်ပါ။ အဲ့ကောင်တွေကို အပ်နှံပြီးရင် တစ်ရက်လောက်အနားယူခဲ့လိုက်။”

“တောင်တ ခင်ဗျားက တကယ့်ကို အရမ်းချောတာပဲ။”

ဟွားလန်သည် ချက်ချင်းပင် သူ့ပေါ်သို့ခုန်တက်ပြီး စွန်းကုထောင်ကို လက်လှမ်းကာ ပွေ့ချင်ဟန်ဖြင့် ပြောလိုက်၏။

“ရပ်လိုက်စမ်း”

စွန်းကုထောင်သည် ချက်ချင်းပင် သူ့ကို ကန်ထုတ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ကျိန်ဆဲရင်း ပြောလိုက်သည်။

“ငလူး ငါက ဂေးမဟုတ်ဘူးကွ။ မြန်မြန် အလုပ်ပြန်သွားလုပ်တော့။ အဲ့ဒီဒေသခံတွေကို ကြိုးတုတ်ပြီး ဘေးဖယ်ထားလိုက်။ ကျွန်းရွှေ့ပြောင်းတာပြီးသွားရင် မင်းတို့ ချက်ချင်းထွက်သွားကြတော့။ ဘယ်လိုပဲဖြစ်ဖြစ် မဟာမိတ်အဖွဲ့ဝင်တွေကြားက ပင်လယ်လမ်းကြောင်းတွေမှာ အဆင့်မြင့်ပင်လယ်သတ္တဝါတွေမရှိဘူး။”

“ကျေးဇူးတင်ပါတယ် လောင်တ။”

ဟွားလန်သည် သူ၏နာကျင်သွားသော ပေါင်အရင်းကို ပွတ်သပ်ရင်း စပ်ဖြဲဖြဲဖြင့် ပြန်ပြောသည်။

စွန်းကုထောင်ကို ဆွဲခေါ်လိုက်သော်လည်း ရှောင်းယီသည် သူ၏ကျွန်းနှင့် ပေါင်းစည်းလိုက်ရန် ရည်ရွယ်မထားခဲ့ပေ။ သူ့အား မြောက်ဘက်ရှိ ကီလိုမီတာ ၁၀၀ အကွာတွင် နေရာချထားခြင်းဖြင့် ခြေကုပ်စခန်းအဖြစ် သတ်မှတ်နိုင်ပေသည်။

ကျန်းရွှဲ့သည် ကျွင်းကျွင်းကို ခြံဝန်းအတွင်း၌ ယွမ်နွန်၏ဟောပြောပို့ချမှုများအား အာရုံစိုက်၍ နားထောင်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် သူတို့ကို မနှောင့်ယှက်ဘဲ ခြံဝန်းကိုပတ်၍ လမ်းလျှောက်သွားလိုက်သည်။

ရှောင်းယီတွင် စနစ်အသိပေးချက်များရှိပြီး လယ်ကွင်းတစ်ခုစီ၏အဆင့်များကို သိရှိနိုင်သော်လည်း ယွမ်နွန်မှုမူ သိရှိခြင်းမရှိချေ။ ထို့ကြောင့် သူသည် ခြံဝန်းအတွင်း၌ ဆိုင်းဘုတ်များ ထောင်ပေးထားခဲ့သည်။

“ဒါက S-အဆင့် လယ်ကွင်းလား။ ဒီလောက်ကြီးတယ်လား။”

ကျန်းရွှဲ့သည် မြေကွက်တစ်ခုပေါ်တွင် S-အဆင့်ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာ တွေးလိုက်မိ၏။

မြေဆီလွှာအဆင့်မြှင့်တင်ခြင်းကတ်ဖြင့် မွမ်းမံထားသော လယ်ကွင်းများသည် သာမန်ကွင်းပြင်များသာဖြစ်ကြောင်း သိထားရပေမည်။ အချို့သောလူများတွင် S-အဆင့် မြေဆီလွှာရှိသည်ဆိုလျှင်ပင် ပန်းအိုးတစ်လုံးကိုသာ ဖြည့်နိုင်လိမ့်မည်ဟု ခန့်မှန်းရမည်ဖြစ်သည်။

ရှောင်းယီတွင် ဤနေရာ၌ တစ်ဧက သို့ဟုတ် နှစ်ဧကလောက်ပင် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် တူညီသော ခြံဝန်းတစ်ခုလည်း ရှိနေသေးသောကြောင့်ပင်။

“အံ့သြသွားတာလား။”

ယွမ်နွန်၏အသံသည် သူမ၏ဘေးတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။

ကျန်းရွှဲ့သည် သူမ၏ခေါင်းကို လှည့်ကြည့်ကာ ပြောလိုက်၏။

“ဟုတ်ကဲ့ အရမ်းအံ့သြသွားတယ်။”

“ကျုပ် ဒီကျွန်းကို ပထမဆုံးရောက်တုန်းက အဆောက်အဦတွေ ဒီလောက်မများသေးဘူးဆိုပေမယ့် ကျုပ်မေးစေ့ကျွတ်ကျတော့မလိုလို အံ့သြသွားခဲ့တာ။”

ယွမ်နွန်က ပြောလိုက်သည်။

“ကံကောင်းတာက ရှောင်းယီနဲ့ ဆုံခဲ့တာပဲ။ မဟုတ်ရင် ကျုပ်ရဲ့အရိုးအိုကြီးတွေက ကျွန်းနဲ့အတူ ပင်လယ်ထဲမှာ နစ်မြုပ်သွားလောက်ပြီ။”

“ဦးလေးယွမ် ရှင်က ချဲ့ကားလွန်းနေပါပြီ။ ရှင်က ကံကောင်းတဲ့သူတစ်ယောက်ပါ။ ကျွန်းပိုင်ရှင်နဲ့ မဆုံခဲ့ရဘူးဆိုရင်တောင် တခြားလူတွေနဲ့ ဆုံရမှာပါပဲ။”

ကျန်းရွှဲ့က ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။

ယွမ်နွန်သည် သူ၏ခေါင်းကို အနည်းငယ်ခါယမ်းကာ အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

ထိုစဉ် ကျွင်းကျွင်းသည်လည်း သူတို့နားသို့ အပြေးရောက်လာပြီး မျိုးစေ့တစ်စေ့ကိုကိုင်ကာ ပြောလိုက်သည်။

“အဘိုးယွမ် ဒါက ဘော်ဟီးနီးယားမျိုးစေ့ မဟုတ်လား။”

ယွမ်နွန်သည် သူ့လက်ထဲကမျိုးစေ့ကို ကြည့်ပြီးနောက် ပြန်ဖြေလိုက်၏။

“မှန်တယ် ကျွင်းကျွင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ မင်းက အခု ဘော်ဟီးနီးယားရဲ့မျိုးစေ့တွေကိုတောင် ခွဲခြားသိလာပြီ။”

“ကျွန်တော်က အရမ်းတော်ပါတယ်နော်။”

ကျွင်းကျွင်းက ဂုဏ်ယူစွာဖြင့် သူ၏ခေါင်းကိုမော့ကာ ပြောလိုက်သည်။

ကျန်းရွှဲ့သည် ကျွင်းကျွင်း၏မာနကြီးသည့်ဟန်ပန်ကို ကြည့်ကာပြုံးရင်း ပြောလိုက်သည်။

“ကျွင်းကျွင်းက ရှင့်ကို အလုပ်ရှုပ်စေမိပြီ။ ကျေးဇူးတင်ပါတယ်။”

“မခက်ခဲပါဘူး။ ငါလည်း သူ့ကိုကြိုက်ပါတယ်။ သူက ဉာဏ်ကောင်းပြီး လိမ္မာတဲ့ကလေးပါ။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

ကျွင်းကျွင်းသည် ဤနေရာတွင် ပျော်ရွှင်စွာကစားနေသည်အား မြင်လိုက်ရပြီးနောက် ကျန်းရွှဲ့က ပြောလိုက်၏။

“ဒါဆို ကျွန်မ အရင်သွားလိုက်ပါဦးမယ်။ ကျွင်းကျွင်း မဆိုးရဘူးနော်။”

“ဟွန့် ကျွန်တော်က မဆိုးပါဘူးနော်။”

ကျွင်းကျွင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ကျန်းရွှဲ့သည် ကျွင်းကျွင်းကိုကြည့်ကာ ပြုံးလျက်ဖြင့် ခြံဝန်းထဲမှ ဗီလာဆီသို့ ထွက်ခွာလာခဲ့သည်။ ဗီလာသို့ပြန်ရောက်လာသောအခါ ကျွန်းအထိမ်းအမှတ်တိုင်ကျောက်တိုင်ရှေ့တွင် လမ်းကြောင်းအမျိုးမျိုးမှ အချက်အလက်များကို ဂရုစိုက်နေသော ဆုဝမ်ကို တွေ့လိုက်ရလေသည်။

“ကျွန်မ ကျွန်းအထိမ်းအမှတ်တိုင်ကျောက်တိုင်ကို ခဏလောက်သုံးလို့ရမလား။”

ကျန်းရွှဲ့က မေးလိုက်သည်။

“ဒါပေါ့”

ဆုဝမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။

ထို့နောက် ကျန်းရွှဲ့သည် ကျွန်းအထိမ်းအမှတ်တိုင်ကျောက်တိုင်ရှေ့တွင်ရပ်ကာ လုံဖေးဖုန့်ဝူဟူသော အိုင်ဒီကိုရှာဖွေပြီး သီးသန့်မက်ဆေ့ဂျ်ပို့လိုက်၏။

“ကျွန်မက မနေ့က ရှင်တို့ကယ်တင်ခဲ့တဲ့သူ ကျန်းရွှဲ့ပါ။ ရှင်တို့ အခုဘယ်မှာလဲ။ အခက်အခဲတစ်စုံတရာ ကြုံတွေ့ရသေးလား။”

ဖန်မင်လုံနှင့် သူ၏ညီမသည်သည် သူမ၏ကယ်တင်ရှင်များဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အကယ်၍ သူမသည် သူတို့မဟုတ်ဘဲ အခြားသူများနှင့်ဆုံခဲ့ရပါက ရှောင်းယီ၏ကျွန်းသို့ ဤမျှချောမောစွာရောက်ရှိလာပြီး သူမ၏ခင်ပွန်းနှင့်သားဖြစ်သူကို ရှာဖွေတွေ့ရှိခဲ့မည်မဟုတ်ပေ။

ထို့ကြောင့် ကျန်းရွှဲ့သည် စိုးရိမ်စွာဖြင့် ဆက်မေးလိုက်၏။

“ကျုပ်တို့ လမ်းကြောင်းပေါ်မှာပဲ ရှိပါသေးတယ်။ အသက်ရှင်ကျန်ရစ်သူ ပင်လယ်ဓားပြတွေနဲ့တော့ တွေ့နေတယ်။”

လုံဖေးဖုန့်ဝူက ပြန်ဖြေလာခဲ့သည်။

“အကူအညီလိုသေးလား။”

ကျန်းရွှဲ့က မေးလိုက်သည်။

“သူတို့မှာ နှစ်ယောက်ပဲရှိတာဆိုတော့ မလိုသေးဘူးလို့ထင်တယ် ကျေးဇူးတင်ပါတယ်။”

“ကောင်းပြီ တစ်ခုခုလိုအပ်တာရှိရင် ဒီအိုင်ဒီကို အချိန်မီဆက်သွယ်လိုက်ပါ။ ကျွန်မတတ်နိုင်သမျှ ကူညီပေးပါ့မယ်။”

ကျန်းရွှဲ့က ပြောလိုက်၏။

တစ်ဖက်လူမှ အဖြေပြန်မလာခဲ့ပေ။ သူတို့သည် အသက်ရှင်ကျန်ရစ်သူ ပင်လယ်ဓားပြများကို ကိုင်တွယ်ဖြေရှင်းနေသည့်ပုံပင်။

ကျန်းရွှဲ့သည် သူတို့ကို ဂရုမစိုက်တော့ဘဲ ဆုဝမ်ကိုပြောလိုက်သည်။

“သူတို့ ဒီအိုင်ဒီကို အကူအညီလှမ်းတောင်းရင် ကျွန်မကို အသိပေးပေးပါ။”

“ကောင်းပါပြီ”

ဆုဝမ်က ပြန်ဖြေလိုက်သည်။

အသက်ရှင်ကျန်ရစ်သူ ပင်လယ်ဓားပြဆိုသည်မှာ လမ်းကြောင်းပေါ်တွင် လှည့်လည်သွားလာနေသော အသက်ရှင်ကျန်ရစ်သူအချို့ကို ရည်ညွှန်းခြင်းဖြစ်ပေသည်။ တစ်ခုမှာ ပင်လယ်ဓားပြများနှင့် ရတနာသေတ္တာများအတွက် တိုက်ခိုက်ရန်ဖြစ်ပြီး နောက်တစ်ခုမှာ ဖြတ်သန်းသွားလာသော အသက်ရှင်ကျန်ရစ်သူသင်္ဘောများကို လုယက်ရန်ဖြစ်သည်။

သူတို့သည် နှစ်ရက်ကြာ လှည့်လည်သွားလာပြီးနောက် ယနေ့တွင် နောက်ဆုံး၌ အသက်ရှင်ကျန်ရစ်သူသင်္ဘောတစ်စီးကို တွေ့ရှိခဲ့ကြပေသည်။

“ငါတို့ ပင်လယ်ဓားပြသင်္ဘောတွေနဲ့ မတွေ့ရင် သူတို့ကို ဖြုတ်ချပစ်မယ်။”

အလတ်စားရွက်သင်္ဘောတစ်စီးပေါ်တွင် မျက်နှာပေါ်၌ ကြက်ခြေခတ်သဏ္ဍာန် အမာရွတ်ရှိသော ယောက်ျားတစ်ဦး ရပ်လျက်ရှိနေပြီး ဖန်မင်လုံ၏သင်္ဘောကို ဆိုးရွားသောအကြည့်များဖြင့်ကြည့်ကာ ပြောလိုက်၏။

ဖန်မင်လုံ၏သင်္ဘောပေါ်တွင် သုံးချက်ပစ်လောက်လွှဲအတွက် နောက်ဆုံးအမြှောက်ဆံသုံးလုံးကျန်ရှိသေးပြီး ကျွန်းအထိမ်းအမှတ်ကျောက်ကျောက်တိုင်ကို အသုံးပြု၍ သစ်သားမြှားးများကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်ပေသည်။

“အစ်ကို မနေ့က ကျွန်မတို့ကယ်တင်ခဲ့တဲ့သူက အခုလေးတင် အကူအညီလိုလားလို့ မက်ဆေ့ဂျ်ပို့လာတယ်။ ကျွန်မ အရင်ဆုံး ငြင်းထားလိုက်တယ်။ အကူအညီလိုရင်တော့ သူမကို မက်ဆေ့ဂျ်ပို့ပါလို့ ပြောတယ်။”

ထိုစဉ် ဖန်ချင်းလွမ်သည် လေးနှင့်မြှားကို ကိုင်ဆောင်ကာ သင်္ဘောကုန်းပတ်ပေါ်သို့တက်လာပြီး ပြောလိုက်သည်။

ဖန်မင်လုံက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အင်း သူမရဲ့အကးအညီကို မသုံးရအောင် ကြိုးစားရမယ်။ သုံးရမယ်ဆိုရင်တောင် ဓားသွားရဲ့အစွန်းတစ်ဖက်ကိုရောက်မှပဲ သုံးမယ်။”

ခေ့င်းချင်ဆိုင်၍ ရွက်လွှင့်လာသော အလတ်စားရွက်သင်္ဘောပေါ်ရှိ အမာရွတ်မျက်နှာနှင့်လူသည် ဖန်ချင်းလွမ်ထွက်လာသည်ကိုမြင်သောအခါ သူ၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့သည်။

“ဟားဟားဟား!!! နောက်ဆုံးတော့ ငါနောက်တစ်ယောက်လဲလို့ရပြီ။”

အမာရွတ်မျက်နှာနှင့်လူသည် သူ၏နှုတ်ခမ်းကို လျှင်နှင့်သပ်ကာ ပြောလိုက်၏။

All Chapters