အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
အခန်း ၄၆၉ - ဖန်မင်လုံရှုံးနိမ့်ခြင်း၊ ရှောင်းယီ၏ အကူအညီ ရောက်ရှိလာခြင်း
အမာရွတ်မျက်နှာပိုင်ရှင်၏ ဘေးနားတွင်ရှိနေသော လက်ပါးစေက ရယ်မောလိုက်၏။
“အမှန်ပါပဲ ခေါင်းဆောင် အဲဒီမိန်းကလေးက အရမ်းလှတယ်။”
“အင်း သူမကိုဖမ်းပြီးရင် ကျွန်းပေါ်ကတစ်ယောက်က မင်းရဲ့ဆုလာဘ်ပဲ။”
အမာရွတ်မျက်နှာပိုင်ရှင်က ပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။”
ထိုလက်ပါးစေက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
အမာရွတ်မျက်နှာပိုင်ရှင်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဖန်မင်လုံ၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားပြီး ဖန်ချင်းလွမ်အား သူ့၏နောက်သို့ဆွဲယူလိုက်၏။ အမာရွတ်မျက်နှာရှင်ပိုင်က သူမကို တစ်ချက်ကြည့်လိုက်သည်နှင့် ဖန်မင်လုံသည် သူ့အားသေတဖန်သက်တစ်ဆုံး တိုက်ခိုက်တော့မည်ဟုပင် ထင်ရပေသည်။
“မင်းတို့မှာ အချိန်နောက်ထပ်တစ်မိနစ်ပဲကျန်တော့တယ်။ အခုအညံ့မခံဘူးဆိုရင် ငါတို့ တကယ်အတည်လုပ်တော့မယ်။”
အမာရွတ်မျက်နှာပိုင်ရှင်က ဖန်မင်လုံအား အော်ပြောလိုက်၏။
ဤသည်မှာ သူအော်ပြောသည့် ဒုတိယအကြိမ်ဖြစ်သည်။
ဖန်မင်လုံသည် အမာရွတ်မျက်နှာပိုင်ရှင်အား သစ်သားမြားတစ်စင်းဖြင့် တုံ့ပြန်လိုက်၏။
အမာရွတ်မျက်နှာပိုင်ရှင်သည် သူ့ရှေ့ရှိ သစ်သားဒိုင်းကို တိုက်ရိုက်ပင့်မြှောက်လိုက်လေသည်။
ထပ်!
သစ်သားမြားသည် သစ်သားဒိုင်းထဲသို့ တိုက်ရိုက်ပင် စိုက်ဝင်သွား၏။
“မင်းတို့က ကောင်းကင်ဘုံလမ်းကို မသွားဘဲ ငရဲတံခါးပေါက်ကို ဇွတ်တိုးဝင်ချင်နေတယ်ပုံပဲ။”
အမာရွတ်မျက်နှာပိုင်ရှင်က ပြောလိုက်သည်။
“သူတို့ကို တိုက်...။”
“ဟုတ်ကဲ့”
သူ၏ဘေးနားတွင်ရှိနေသော လက်ပါးစေသည် ချက်ချင်းပင် ၎င်းတို့ရွက်သင်္ဘော၏ ဦးတည်ချက်ကို ထိန်းချုပ်ကာ ဖန်မင်လုံတို့ဆီသို့ အားဖြင့်ဝင်ဆောင့်လိုက်တော့လေသည်။
မည်သို့ပင်ဆိုစေကာမူ သင်္ဘောပျက်စီးသွားလျှင်ပင် အရင်းမြစ်အနည်းငယ်သာ ကုန်ကျမည်ဖြစ်ပြီး။ချက်ချင်းပြန်ပြင်နိုင်သောကြောင့် အလွန်အမင်း စိုးရိမ်နေရန် မလိုအပ်ပေ။
အမာရွတ်မျက်နှာပိုင်ရှင်ကိုယ်တိုင်က C-အဆင့် ဖြစ်နှင့်ပြီးဖြစ်သည်။ သူသည် B-အဆင့်သို့မကြာမီ တက်ရောက်နိုင်တော့မည်ဟု ခံစားနေရ၏။ ယီရန်ပင်းမှလွဲ၍ သူမည်သူ့ကိုမှ မကြောက်ပေ။
အနီးသို့ ကပ်နိုင်ရုံမျှဖြင့် အမာရွတ်မျက်နှာပိုင်ရှင်သည် ဖန်မင်လုံကို မြန်မြန်ဆန်ဆန် အမှော်သိပ်နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။
“မင်း သင်္ဘောခန်းထဲသွားပြီး ငါတို့ရွက်သင်္ဘောကို ထိန်းချုပ်လိုက်။ သူတို့ရဲ့တိုက်ခိုက်မှုကို ရှောင်တမ်းဖို့ ကြိုးစားရမယ်။”
ဖန်မင်လုံက ပြောလိုက်သည်။
မူလက သင်္ဘောနှစ်စီးသည် တစ်ခုနှင့်တစ်ခု ဦးချင်းဆိုင်နေပြီး ဖန်မင်လုံသည် ချက်ချင်းလှည့်မထွက်သွားခဲ့ခြင်းမှာ သဘာဝကျစွာပင် ထိုလူများနှင့် သဘောထားချင်း တိုက်ဆိုင်နေသောကြောင့်ဖြစ်သည်။
သူတို့သည် ၎င်းတို့၏ကျွန်းကို စွန့်ခွာထားခဲ့ပြီးဖြစ်သည်။ နောက်ထပ်ကျွန်းတစ်ခု ရရှိလိုပါက အမြန်ဆုံးနည်းလမ်းမှာ တစ်ခုခုကို သိမ်းပိုက်လိုက်ရန်သာဖြစ်သည်။
အကယ်၍ တစ်ဖက်လူသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည်ဆိုပါက ဖန်မင်လုံက သူတို့ကို လွှတ်ပေးနိုင်ပေသည်။
သို့သော် ယခုပချိန်တွင် သူတို့သည် သူ၏တံခါးဝသို့ ရောက်ရှိလာပြီဖြစ်သဖြင့် သူသည် ကောင်းကင်ဘုံ၏ကိုယ်စား ဆောင်ရွက်ရမည်ဖြစ်သည်။
သင်္ဘောနှစ်စီး တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဖန်မင်လုံသည် အမာရွတ်မျက်နှာပိုင်ရှင်ကို မြားဖြင့် ဆက်တိုက်ပစ်ခတ်နေသော်လည်း ထိုလူသည် မြားများအားလုံးကို သူ့လက်ထဲရှိဒိုင်းဖြင့် တားဆီးထားခဲ့လေသည်။
ဝုန်း!
ခရက်!
ဖန်ချင်းလွမ် မည်သို့ပင်ရှောင်တိမ်းစေကာမူ သင်္ဘောနှစ်စီးသည် နောက်ဆုံးတွင် တိုက်မိသွားခဲ့သည်။
“မင်း သင်္ဘောခန်းထဲမှာပဲနေပြီး အပြင်ထွက်မလာနဲ့။ သင်္ဘောကိုလည်း အခုချက်ချင်း မပြင်သေးနဲ့ဦး။”
ဖန်မင်လုံက အော်ပြောကာ သူ့လက်ထဲရှိ ဓားကြီးကို ဆွဲထုတ်ပြီး သင်္ဘောနှစ်စီး တိုက်မိရာနေရာဆီသို့ ဦးတည်ကာ ပြေးသွားလိုက်၏။
အမာရွတ်မျက်နှာပိုင်ရှင်သည်လည်း ၎င်း၏သင်္ဘောပေါ်မှ ဖန်မင်လုံ၏ရွက်သင်္ဘောပေါ်သို့ ခုန်တက်ပြီးဖြစ်သည်။
ဖန်မင်လုံ ပြေးဝင်လာသည်ကို မြင်သောအခါ အမာရွတ်မျက်နှာပိုင်ရှင်သည် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဒိုင်းကိုမြှောက်ကာ တိုက်ရိုက်ပင် တိုက်ခိုက်လိုက်လေသည်။
ရန်သူ့ဆီတွင် ဒိုင်းရှိသည်ကို မြင်လိုက်ရသောအခါ ဖန်မင်လုံသည် ဘေးဖက်သို့ ရွေ့သွားပြီး သူ့လက်ထဲရှိ ဓားကြီးဖြင့် တိုက်ရိုက်ပင် အားစိုက်ကာ ထိုးဖောက်လိုက်၏။
သို့သော် အမာရွတ်မျက်နှာပိုင်ရှင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခုကို သူမြင်လိုက်ရလေသည်။
“ဒါ မကောင်းတော့ဘူး။”
ဖန်မင်လုံ စိတ်ထဲမှ တွေးလိုက်မိသည်။
အမှန်စင်စစ် အမာရွတ်မျက်နှာပိုင်ရှင်၏ တိုက်ခိုက်မှုသည် လှည့်စားမှုတစ်ခုသာဖြစ်ပြီး ဖန်မင်လုံ ဘေးဖက်သို့ရွေ့သွားသည်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်ဖြစ်သည်။
အမာရွတ်မျက်နှာပိုင်ရှင်သည် သူ၏လက်အနေအထားကို အနည်းငယ်ပြောင်းလဲလိုက်ပြီး ဒိုင်း၏အစွန်းကိုကိုင်ကာ ဖန်မင်လုံအား သစ်သားပြားတစ်ခုကဲ့သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်ကို သူမြင်လိုက်ရ၏။
ဖန်မင်လုံသည် ဒိုင်း သူ့ကိုရိုက်မိချိန်၌ သူ၏ဓားကြီးဖြင့် ရင်ဘတ်ရှေ့တွင်သာ ကာထားလိုက်နိုင်ခဲ့သည်။
ဘုန်း!
ခရက်!
ဓားကြီးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖန်မင်လုံသည် နှစ်မီတာကျော် လွင့်ထွက်သွားကာ သင်္ဘောလက်ရန်းနှင့် ဝင်ဆောင့်မိသွားတော့လေသည်။
“အစ်ကို!”
ဖန်ချင်းလွမ်သည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။
“မလာခဲ့နဲ့...။”
ဖန်မင်လုံက အော်ဟစ်လိုက်သည်။
ဖန်ချင်းလွမ် သူမ၏ထွက်လာတော့မည့်ခြေလှမ်းများကို ရပ်တန့်လိုက်၏။ သူမထွက်သွားပါက သူမအစ်ကိုဖြစ်သူအား အဟန့်အတားဖြစ်စေမည်ကို သူမသိပေသည်။ သင်္ဘောခန်းထဲတွင် သူမသည် လေးနှင့်မြှားကို ကောက်ယူကာ အနားကပ်လာသော အမာရွတ်မျက်နှာပိုင်ရှင်ကို စတင်ပစ်ခတ်လိုက်သည်။
အမာရွတ်မျက်နှာပိုင်ရှင်သည် သူ့လက်ထဲရှိ ဒိုင်းဖြင့် သစ်သားမြားများကို အလွယ်တကူတားဆီးကာ ပြောလိုက်၏။
“မိန်းမလှလေး မင်းစိတ်မပူပါနဲ့ နောက်ကျရင် ငါမင်းကို ကောင်းကောင်းဂရုစိုက်ပေးမှာပါ။”
ဖနခမင်လုံသည် လက်တစ်ဖက်ဖြင့် သူ၏ရင်ဘက်ကိုဆုပ်ကိုင်ပြီး သင်္ဘောခန်း၏တံခါးဝတွင် ရပ်လိုက်ကာ သူ၏အခြားလက်တစ်ဖက်ထဲတွင် သံလှံတစ်ချောင်းကို ကိုင်ထားခဲ့သည်။
“အစ်ကို နင်အဆင်ပြေရဲ့လား။”
ဖန်ချင်းလွမ်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“အကူအညီတောင်းလိုက်တော့။ ဒီလူရဲ့စွမ်းအားက ငါ့ထက် အများကြီးသာတယ်။ ငါ သူ့ကိုအနိုင်မယူနိုင်ဘူး။”
ဖုန်မင်လုံ၏နှုတ်ခမ်းထောင့်မှ သွေးများ ယိုစိမ့်ကျလာ၏။
“ကောင်းပြီ။”
ထို့နောက် ဖန်ချင်းလွမ်သည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သူမနှင့်အပြန်အလှန်စကားပြောခဲ့သောအိုင်ဒီဆီသို့ မက်ဆေ့ဂျ်ပို့လိုက်တော့လေသည်။
“အကူအညီတောင်းပါတယ်။ သူတို့တွေ ငါတို့သင်္ဘောပေါ်တက်ပြီး ငါ့အစ်ကိုကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။”
ဖန်ချင်းလွမ်က ပြောလိုက်သည်။
ဆုဝမ်သည် ထိုမက်ဆေ့ဂျ်ကိုလက်ခံရရှိပြီးနောက် ချက်ချင်းပင် ဝေါ်ကီတော်ကီကောက်ယူကာ ကျန်းရွှဲ့အား ဆက်သွယ်လိုက်သည်။
ရှောင်းယီသည်လည်း သဘာဝအတိုင်း ထိုအကြောင်းကို ကြားလိုက်ရပြီးနောက် ပြောလိုက်သည်။
“သူတို့ကဘာလို့ အခုမှ အကူအညီတောင်းတာလဲ။”
“သူတို့က တစ်ဖက်လူရဲ့စွမ်းအားကို လျှော့တွက်မိလိုက်တာပဲဖြစ်မယ်။ ကျွန်းပိုင်ရှင် ကျေးဇူးပြုပြီး သူတို့ကိုကူညီပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်မရဲ့အသက်ကိုကယ်တင်ခဲ့တာပါ။”
ကျန်းရွှဲ့က ပြောလိုက်သည်။
“အင်း မရီးက ဒီလိုပြောလာမှတော့တို့ကိုကူညီလိုက်ပါ့မယ်။”
ထို့နောက် ရှောင်းယီည် အနည်းငယ်စဉ်းစားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ ငွေကြေးလဲလှယ်မှုကိုကို ပေးပို့လိုက်လေသည်။
ဤအချိန်တွင် အမာရွတ်မျက်နှာရှင်သည် ဖန်မင်လုံနားသို့ ရောက်လာပြီးဖြစ်၏။ ဖန်မင်လုံသည် ချက်ချင်းပင် သူ့လက်ထဲရှိ လှံဖြင့် ထိုလူအား စတင်ထိုးနှက်လိုက်လေသည်။
သို့သော် အမာရွတ်မျက်နှာပိုင်ရှင်သည် သူ၏ဒိုင်းဖြင့် တိုက်ချက်အားလုံးကို တားဆီးလိုက်၏။
“မင်းမှာ သေနတ်တစ်လက်မှမရှိဘူးဆိုရင် အသုံးမဝင်ဘူး။”
အမာရွတ်မျက်နှာပိုင်ရှင်က ရယ်မောကာပြောဆိုလိုက်ပြီး သူ၏ဒိုင်းကို ထပ်မံပင့်မြှောက်ကာ ဖန်မင်လုံကို နောက်တစ်ကြိမ် ရိုက်နှက်လိုက်တော့လေသည်။
“မင်းရဲ့ခန္ဓာကိုယ်က အဆင်ပြေပါတယ်။ သာမန်လူတွေဆိုရင် ငါတစ်ချက်ရိုက်တာနဲ့ သေသွားလောက်ပြီ။ မင်းက နှစ်ကြိမ်တိုင်တိုင် ခံနိုင်ရည်ရှိခဲ့တယ်။ ဒီမိန်းလှလေးကို ငါ့ကိုပေးလိုက် ဒါဆို မင်းရဲ့အသက်ကိုချမ်းသာပေးမယ်။ ပြီးရင်ညမင်းကို ငါ့ရဲ့အစေခံလည်း ဖြစ်ခွင့်ပေးမယ်။”
အမာရွတ်မျက်နှာပိုင်ရှင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“အား မင်းကို ငါသတ်မယ်ကွ”
ဖန်မင်လုံသည် ပြင်းပြင်းထန်ထန်အော်ဟစ်ကာ နောက်တစ်ကြိမ်ထရပ်ပြီး အမာရွတ်မျက်နှာပိုင်ရှင်ဆီသို့ ပြေးဝင်သွားခဲ့သည်။
ဖန်ချင်းလွမ်သည် သူ၏ပြောင်းပြန်အကြေးခွံဖြစ်သည်။ သူမကိုထိခိုက်စေလိုသူ မည်သူမဆို ဖန်မင်လုံသည် သူ့အားသေသည်အထိ တိုက်ခိုက်မည်ဖြစ်သည်။
အမာရွတ်မျက်နှာပိုင်ရှင်သည် အနည်းငယ်အံ့အားသင့်သွား၏။ သူသည် ဖန်မင်လုံမှ ဤကဲ့သို့ ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဘုန်း
ခရက်
ဖန်မင်လုံ၏လက်ထဲရှိ လှံသည် သူ့ကြောင့် အမှန်တကယ်ပင် ကျိုးပဲ့သွားခဲ့၏။
အမာရွတ်မျက်နှာပိုင်ရှင်သည်လည်း သူ့ကြောင့် ခြေနှစ်လှမ်း နောက်ပြန်ဆုတ်လိုက်ရသည်အထိ ဖိအားပေးခံလိုက်ရသည်။
သို့သော် ထို့ထက်တော့မပိုပေ။ ဖန်မင်လုံသည် C-အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သော်လည်း ထိုအမာရွတ်မျက်နှာပိုင်ရှင်သည် B-အဆင့်သို့ အဆင့်တက်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။
အထူးအရည်အချင်းများ၊ ကျွမ်းကျင်မှုများ သို့မဟုတ် ပစ္စည်းကိရိယာများမရှိပါက သူတို့၏အဆင့်သည် ခွန်အားကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
“ဒီမိန်းလှလေးကို မင်းဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ကြည့်ပြီးတော့ မင်းကို ငါမသတ်ချင်တော့ဘူး။ ငါသူမကိုကစားနေတာကို မင်းကြည့်စေချင်တယ်။”
အမာရွတ်မျက်နှာပိုင်ရှင်က သူ၏နှုတ်ခမ်းများကိုလျှာဖြင့်သပ်ရင်း ဆိုးသွမ်းစွာပြောလိုက်သည်။
ဘုန်း
ထိုစဉ် ဖန်မင်လုံသည် သူ၏ခေါင်း၌ ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရပြီး သတိလစ်သွားတော့လေသည်။
“ခေါင်းဆောင် ကျုပ် သူ့ကို ကူညီဖြေရှင်းပေးလိုက်ပြီ။”
ထိုလူ၏လက်ပါးစေသည် နောက်ကနေ ခုန်တက်လာခဲ့ပြီး ဖန်မင်လုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အမာရွတ်မျက်နှာပိုင်ရှင်က သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်၏။
“ငါ အခုလေးတင် သူ့ကိုကြည့်စေချင်တယ်လို့ပြောခဲ့တယ်လေ။ မင်းက ဘာလို့သူ့ကိုသတိလစ်အောင်လုပ်လိုက်တာလဲ။”
“ပြဿနာမရှိပါဘူး။ သူနောက်ဆုံးကျရင် နိုးလာမှာပဲလေ။ အနည်းဆုံးတော့ အခုချိန်မှာ ခင်ဗျားကိုအနှောင့်အယှက်မပေးနိုင်တော့ဘူးပေါ့။”
ထိုလက်ပါးစေသည် သူ၏ခေါင်းကိုနောက်သို့ရွံ့လိုက်ပြီး ပြောလိုက်သည်။
“အင်း ပထမဆုံး ဒီမိန်းကလေးကို သွားဖမ်းကြတာပေါ့။”
ထို့နောက် အမာရွတ်မျက်နှာပိုင်ရှင်သည် သင်္ဘောခန်းဆီသို့ လမ်းလျှောက်သွားလိုက်၏။
သို့သော် သူသင်္ဘောခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဗုံးခနဲသံပေါက်ကွဲသံတစ်ချက် ကြားလိုက်ရလေသည်။
အမာရွတ်မျက်နှာပိုင်ရှင်သည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး သူ့ဘေးနားရှိ လက်ပါးစေသည်လည်း ထိုအသံကိုကြားလိုက်ရကာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
“ခေါင်းဆောင် အဲ့အသံက ဘာလဲ။ ဘာလို့ဒီလောက်တောင် ကျယ်ရတာလဲ။”
ထိုလက်ပါးစေက စူးစမ်းစွာ မေးလိုက်၏။
သို့သော် အမာရွတ်မျက်နှာပိုင်ရှင်သည် သူ့ကို လုံးဝတုံ့ပြန်မလာခဲ့ပေ။ လက်ပါးစေက သူ့ကိုတွန်းလိုက်ရာ ‘ဘုတ်’ ဟူသောအသံနှင့် အမာရွတ်မျက်နှာပိုင်ရှင်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။
လက်ပါးစေသည် အမာရွတ်မျက်နှာရှင်၏ ပျက်စီးနေသောမျက်နှာကိုကြည့်ကာ လုံးဝထုံထိုင်းသွား၏။
ထိုစဉ် အတွင်းဘက်တွင်ရှိနေသော ဖန်ချင်းလွမ်သည် သူမ၏လက်ထဲ၌ သတ္တုဆလင်ဒါပုံစံအရာတစ်ခုကို ကိုင်ဆောင်ထားပြီး ထိုလူဆီသို့လှမ်းလာကာ ပြောလိုက်သည်။
“မလှုပ်နဲ့ မဟုတ်ရင် ငါပစ်လိုက်မယ်။”
“သူရဲကောင်းမလေး ကျုပ်အသက်ချမ်းသာပေးပါ။”
လက်ပါးစေသည် သင်္ဘောကပ်ကုန်းပတ်တွင် ဒုတ်ခနဲ ဒူးထောက်ချကာ ဖန်ချင်းလွမ်အား သနားညှာမှုကို အော်ဟစ်လိုက်၏။
ဖန်ချင်းလွမ်သည် တစ်ကိုယ်လုံးတုန်ရီနေသော ထိုလူကို အဝေးသို့ ထွက်သွားခိုင်းလိုက်သည်။
အခန်း - ၄၇၀ - ရုတ်တရက်ပေါ်လာသော မီးသေနတ်၏ အရည်အသွေး၊ အမာရွတ်မျက်နှာပိုင်ရှင်၏ကျွန်းသို့ သွားရောက်ခြင်း
“ပါးစပ်ပိတ်ထား မလှုပ်နဲ့။”
ဖန်ချင်းလွမ်သည် သူ၏လက်ထဲရှိ မီးသေနတ်ဖြင့် အမာရွတ်မျက်နှာပိုင်ရှင်၏ လက်ပါးစေကို ချိန်ရွယ်ထား၏။
ဤမီးသေနတ်ကို ရှောင်းယီမှ ဖန်ချင်းလွမ်အား ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။ ရှောင်းယီသည် ၎င်းကို ချူဖုန်းမြို့၏ မြင်းသည်တော်များထံမှ သိမ်းယူခဲ့ခြင်းဖြစ်သော်လည်း သူကိုယ်တိုင် တစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးမီ ဖန်ချင်းလွမ်က ပထမဆုံးအသုံးပြုသူ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ဖန်ချင်းလွမ် အကူအညီတောင်းသည့်အခိုက်တွင် ရှောင်းယီသည် ထိုမီးသေနတ်ကို ရုန်တရက် တွေးမိသွားခြင်းဖြစ်သည်။ အခြားလက်နက်များသည် ဤကဲ့သို့ သာလွန်ထူးကဲသော အရည်အသွေးမျိုးကို မပေးနိုင်ပေ။
ရှောင်းယီသည် ဖန်ချင်းလွမ်မှ လူနှစ်ဦးတည်းကိုသာ ရင်ဆိုင်နေရကြောင်းကို သိရှိထားခဲ့ပြီး မီးသေနတ်နှစ်လက်ကို တိုက်ရိုက်ပင် ငှားရမ်းပေးခဲ့သည်။
အမာရွတ်မျက်နှာပိုင်ရှင်သည် သင်္ဘောခန်းထဲသို့ ခုန်ဝင်လာခဲ့ပြီးနောက် အနီးကပ်အကွာအဝေးမှ မီးသေနတ်ဖြင့် ပစ်ခတ်လိုက်သော ကျည်ဆံများနှင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။
မီးသေနတ်သည် အတန်ငယ် အသုံးမကျသော်လည်း ဤကဲ့သို့အနီးကပ်အကွာအဝေးတွင် ၎င်း၏သတ်ဖြတ်နိုင်စွမ်းမှာ အတန်ငယ်မြင့်မားနေဆဲပင်။ အမာရွတ်မျက်နှာပိုင်ရှင်သည် ချက်ချင်းပင် သေဆုံးသွားခဲ့သည်။
အမာရွတ်မျက်နှာပိုင်ရှင်၏ လက်ပါးစေသည် သူ့ခေါင်းဆောင်၏ စိတ်မချမ်းမြေ့ဖွယ်ရာ သေဆုံးမှုကိုမြင်လိုက်ရပြီးနောက် စိုးရိမ်ထိတ်လန့်ကာ လမ်းပျောက်နေပြီဖြစ်သည်။ ယခု ဖန်ချင်းလွမ်၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရသောအခါ သူသည် ချက်ချင်း နှုတ်ပိတ်သွားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ လက်နှစ်ဖက်ကိုပင် မြှောက်ထားခဲ့လေသည်။
ဖန်ချင်းလွမ်သည် ချက်ချင်းပင် ဖန်မင်လုံ၏ဘေးသို့ သွားလိုက်ပြီး ထိုင်လိုက်ကာ သူမ၏အစ်ကိုအား လှုပ်ကြည့်လိုက်၏။ သို့သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။
သူမသည် ရွေးချယ်စရာမရှိတော့ဘဲ တစ်ဖန်ပြန်ထရပ်လိုက်ပြီး မီးသေနတ်ကို လက်ပါးစေဆီသို့ချိန်ကာ ပြောလိုက်သည်။
“ငါပြောတဲ့အတိုင်းလုပ် တခြားလှုပ်ရှားမှုတစ်ခုခုလုပ်ရင် ချက်ချင်းသတ်ပစ်မယ်။”
“သူရဲကောင်းမလေး ကျုပ်အသက်ကို ချမ်းသာပေးပါ။ ကျုပ် ခင်ဗျားပြောတဲ့အတိုင်း တသဝေမတိန်း လုပ်ပေးပါ့မယ်။”
ထိုလက်ပါးစေက ချက်ချင်းပြန်ဖြေလိုက်သည်။
“ထရပ်ပြီး ဖြေးဖြေးချင်းလျှောက်လာခဲ့။ ရှင့်ရဲ့လှေကို ကျွန်မတို့လှေရဲ့နောက်မှာ ကြိုးနဲ့ချည်လိုက်။”
ဖန်ချင်းလွမ်က ပြောလိုက်သည်။
“ဟုတ်ကဲ့”
လက်ပါးစေသည် ဖြေးဖြေးချင်းထရပ်လိုက်ပြီး သင်္ဘောနှစ်စီးတိုက်မိရာနေရာသို့ လျှောက်သွားလိုက်သည်။
“သူရဲကောင်းလေး ကျုပ် လှေနှစ်စီးကို ကြိုးနဲ့ချည်ဖို့ တစ်ဖက်ကိုခုန်ကျော်ဖို့လိုတယ် ရမလား။”
လက်ပါးစေက မေးလိုက်သည်။
ဖန်ချင်းလွမ်သည် သူမ၏ခြေထောက်အောက်ရှိ ကြိုးရှည်တစ်ချောင်းကို ကန်ထုတ်ကာ ပြောလိုက်၏။
“ရှင့်ခြေကျင်းဝတ်မှာ ချည်လိုက်။ တင်းနေအောင်ချည်။”
“ဟုတ်ကဲ့ အဆင်ပြေပါတယ်။”
လက်ပါးစေသည် ချက်ချင်းပင် ကြိုး၏အစတစ်ဖက်ကို သူ၏ခြေကျင်းဝတ်တွင် ချည်နှောင်ကာ အထပ်ထပ်ရစ်ပတ်လိုက်သည်။
ထို့နောက် ဖန်ချင်းလွမ်သည် ကြိုးစအခြားအစွန်းတစ်ဖက်ကို ကောက်ယူပြီး သင်္ဘောလက်ရန်းနှင့် ရစ်ပတ်ကာ ပြောလိုက်၏။
“ဆက်သွား ဒါပေမယ့် ရှင့်ကို ဘာလှည့်ကွက်မျိုးမှ မလုပ်ဖို့တော့ အကြံပေးလိုက်မယ်။”
“မဝံ့ပါဘူး...မဝံ့ပါဘူး”
ထိုလက်ပါးစေက ထပ်ကာထပ်ကာ ပြောလိုက်သည်။
သင်္ဘောနှစ်စီးကို ကြိုးထူထူဖြင့် ချိတ်ဆက်ပြီးနောက် လက်ပါးစေသည် ဖန်ချင်းလွမ်၏သင်္ဘောပေါ်သို့ လိုအပ်ချက်အတိုင်း ပြန်လာခဲ့သည်။
“ရှင့်ရဲ့ကျွန်းက ဒီကနေ ဘယ်လောက်ဝေးလဲ။”
ဖန်ချင်းလွမ်က မေးလိုက်သည်။ သူမသည် ဖန်မင်လုံ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းနားလည်ထားပြီး ထိုလူ၏ကျွန်းကို သိမ်းပိုက်လိုကြောင်း သိရှိထားသည်။
“သိပ်မဝေးပါဘူး သုံးနာရီလောက်ပဲ သင်္ဘောစီးရမှာပါ။”
လက်ပါးစေက မြန်မြန်ပြန်ဖြေလိုက်သည်။
“ကျွန်းပေါ်မှာ လူဘယ်နှစ်ယောက်ရှိလဲ။”
“အမျိုးသမီးတစ်ယောက်တည်းပါ။”
“သင်္ဘောမောင်းခန်းထဲသွားပြီး ရှင့်ကျွန်းရဲ့တည်နေရာအတိုင်း မောင်းသွား...မြန်မြန်လုပ်။”
ဖန်ချင်းလွမ်က အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့”
လက်ပါးစေသည် ချက်ချင်းပြန်ဖြေပြီး သတိထားကာ သင်္ဘောမောင်းခန်းထဲသို့ လမ်းလျှောက်သွားလိုက်သည်။ ထို့နောက် ၎င်းတို့၏ကျွန်းဘက်သို့ ရွက်လွှင့်သွားတော့သည်။
ဖန်ချင်းလွမ်မှာမူ အနည်းငယ်စိုးရိမ်နေခဲ့သည်။ သင်္ဘောကုန်းပတ်ပေါ်တွင် လဲလျောင်းနေသော ဖန်မင်လုံမှာ သတိရမလာသေးပေ။
“သူရဲကောင်းမလေးက ဘယ်ကလာတာလဲ။”
လက်ပါးစေသည် တင်းမာနေသောလေထုကို ပြေလျော့စေရန် ကြိုးစားလိုက်သည်။
“ပါးစပ်ပိတ်ထား။”
ဖန်ချင်းလွမ်သည် သူ၏ပရော်ပရည်လုပ်ရန် ကြိုးစားနေမှုကို တိုက်ရိုက်ပင် တားဆီးလိုက်သည်။
ရာသီဥတုသည် ဆက်လက်ပူပြင်းနေ၏။ ဖန်ချင်းလွမ်သည် အမာရွတ်မျက်နှာပိုင်ရှင်၏ လက်ပါးစေကို စောင့်ကြည့်ရန် ရေသောက်ရန်ပင် အချိန်မရှိခဲ့ပေ။
သူမသည် ထိုအမျိုးသားကို သူ့ကိုယ်သူ ကြိုးတုတ်ခိုင်းရန် စဉ်းစားခဲ့ဖူးသော်လည်း ချညနှောင်မှာများ ခိုင်မြဲမှုရှိ၊မရှိကိုမူ သူမကိုယ်တိုင် စစ်ဆေးရန် လိုအပ်နေဆဲပင်။ သူမ၏ခွန်အားသည် ကန့်သတ်ချက်ရှိပြီး စစ်ဆေးနေစဉ်အတွင်း ထိုလူ၏တိုက်ခိုက်ခြင်းကို ခံရပါက ဒုက္ခရောက်ပေလိမ့်မည်။
နှစ်နာရီနှင့် လေးဆယ်မိနစ်ကြာပြီးနောက် နောက်ဆုံးတွင် သူတို့သည် အမာရွတ်မျက်နှာပိုင်ရှင်၏ကျွန်းအနီးသို့ ရောက်ရှိလာခဲ့ကြသည်။
“ဆင်းတော့...ငါပြောတာကို နားထောင်။ လှည့်စားတာမျိုးတွေမလုပ်နဲ့။ မဟုတ်ရင် ငါ့လက်ထဲက မီးသေနတ်က ပစ်မိသွားနိုင်တယ်။”
ဖန်ချင်းလွမ်က ထပ်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ သူရဲကောင်းမလေး ကျုပ် မင်းပြောတဲ့အတိုင်း ကျိန်းသေလုပ်မှာပါ။”
လက်ပါးစေက ပြောလိုက်သည်။
သူတို့နှစ်ဦး လှေပေါ်မှ ဆင်းလာကြပြီးနောက်တွင် ဖန်ချင်းလွမ်သည် သူမ၏ မီးသေနတ်ကို အလုပ်သင်း၏ခန္ဓာကိုယ်ကို လုံးဝမခွဲခွာခဲ့ပေ။
“မလှုပ်နဲ့ ရှင့်ကျွန်းပေါ်က လူတွေကို ခေါ်ထုတ်လိုက်။”
ဖန်ချင်းလွမ်က အမိန့်ပေးလိုက်သည်။
“ကျုပ်ကြောက်တယ် မလုပ်နိုင်ဘူး။”
လက်ပါးစေက အကူအညီမဲ့စွာ ပြောလိုက်၏။
“ဘာကြောင့်လဲ။”
ဖန်ချင်းလွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အဲဒီအမျိုးသမီးကို ချုပ်နှောင်ထားတယ်။”
လက်ပါးစေက တိုးတိုးလေးပြောလိုက်သည်။
ဖန်ချင်းလွမ်သည် ချက်ချင်းပင် သူပြောလိုသည့်အဓိပ္ပါယ်ကို နားလည်သွားပြီး ကျိန်ဆဲလိုက်၏။
“နင်တို့ ခွေးတိရစ္ဆာန်တွေ...”
“သူရဲကောင်းမလေး ကျုပ်အသက်ကို ချမ်းသာပေးပါ။”
ဖန်ချင်းလွမ် အနည်းငယ် စိတ်ဆိုးသွားသည်ကို မြင်လိုက်ရသောအခါ လက်ပါးစေက ချက်ချင်းပြောလိုက်သည်။
“ကျုပ် ဘာမှမလုပ်ခဲ့ပါဘူး။ ဒါတွေအားလုံးပ အမာရွတ်မျက်နှာပိုင်ရှင်ကြောင့်ပါပဲ။”
“အဓိပ္ပါယ်မရှိတာတွေ တော်လောက်ပြီ။ လူကိုချုပ်နှောင်ထားတဲ့နေရာကို ငါ့ကိုအမြန်ခေါ်သွားစမ်း။ ဖြေးဖြေးချင်းသွား။”
ဖန်ချင်းလွမ်က အော်ဟစ်လိုက်သည်။
“ဟုတ်ကဲ့”
လက်ပါးစေသည် ကြီးမားသောလှုပ်ရှားမှုများကို မပြုလုပ်ရဲပေ။ သူသည် ဖန်ချင်းလွမ်ကို ကျွန်း၏အတွင်းပိုင်းသို့ သတိထားကာ ဦးဆောင်သွားခဲ့သည်။
ကျွန်း၏ဧရိယာသည် သိပ်သည်းဆအရ ကောင်းမွန်နေဆဲဖြစ်ပြီး စတုရန်းမီတာ သုံးရာခန့်ရှိသည်။ သို့သော်လည်း ကျွန်း၏ကြီးမားသောအပိုင်းကို အလွန်သန့်ရှင်းစွာ ရှင်းလင်းထားခဲ့သည်။ သိသာထင်ရှားစွာပင် အမာရွတ်မျက်နှာပိုင်ရှင်သည် သူ၏ကျွန်းပေါ်တွင် ကိုင်တွယ်ရခက်ခဲသော သတ္တဝါအချို့ ပြန်လည်မွေးဖွားခြင်းနှင့် ပတ်သက်၍ အနည်းငယ်စိုးရိမ်နေဆဲဖြစ်ပြီး သူ၏ကျွန်းပေါ်ရှိ ပြန်လည်မွေးဖွားခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းကို ထိန်းချုပ်ထားခဲ့သည်။
မကြာမီ သူတို့သည် ကျွန်း၏ဗဟိုသို့ ရောက်ရှိလာပြီး သစ်သားအိမ်တစ်လုံးရှေ့တွင် ရပ်လိုက်ကြ၏။
“အဲဒီအမျိုးသမီးက အတွင်းထဲမှာပါ။”
လက်ပါးစေက သစ်သားအိမ်ကိုညွှန်ပြီး ပြောလိုက်သည်။
“ဖွင့်လိုက်”
ဖန်ချင်းလွမ်က အမိန့်ပေးလိုက်သည်။
လက်ပါးစေသည် တံခါးကို သတိထားကာ ဖွင့်လိုက်၏။ ထိုစဉ် ဟော်မုန်းအနံ့တစ်ခုသည် နည့်တည့်ပြေးဝင်လာခဲ့ပြီး ဖန်ချင်းလွမ်ကို ခြေနှစ်လှမ်းချန့် နောက်ပြန်ဆုတ်စေခဲ့သည်။
အတွင်းဘက်တွင် ဆံပင်ဖရိုဖရဲဖြစ်နေသော အမျိုးသမီးတစ်ဦးသည် အပြင်ဘက်သို့ ငေးစိုက်ကြည့်နေ၏။ သူမသည် လုံးဝနီးပါး တုံ့ပြန်မှုမရှိခဲ့ဘဲ အိပ်ရာပေါ်တွင် အမူအရာမဲ့စွာဖြင့် ထိုင်နေခဲ့သည်။
“ညီအစ်မ ရှင် အဆင်ပြေရဲ့လား။”
ဖန်ချင်းလွမ်သည် သူမကိုယ်တိုင် လောကွတ်ချော်သောမေးခွန်းတစ်ခု မေးနေသည်ဟု ခံစားလိုက်ရသည်။
ဖန်ချင်းလွမ်၏စကားကိုကြားသောအခါ ထိုအမျိုးသမီး၏မျက်လုံးများသည် ရုတ်တရက် အလင်ူရောင်အနည်းငယ် ပြန်လည်တောက်ပလာပြီး အော်ဟစ်လိုက်၏။
“အမြန်ထွက်သွားတော့ ဒီကျွန်းက မကောင်းဆိုးဝါးတွေနဲ့ ပြည့်နေတာ။”
“ညီအစ်မ ပြဿနာမရှိတော့ပါဘူး။ ဒီက မကောင်းဆိုးဝါးတွေကို ကျွန်မထိန်းချုပ်ထားပြီးပါပြီ။”
ဖန်ချင်းလွမ်က ပြောလိုက်သည်။
ထိုအခါမှသာ အမျိုးသမီးသည် ဖန်ချင်းလွမ်၏လက်ထဲ၌ သတ္တုပြွန်တစ်ခုကိုကိုင်ဆောင်ထားပြီး လက်ပါးစေဆီသို့ ချိန်ရွယ်ထားကြောင်း သတိပြုမိသွားခဲ့သည်။
“အမာရွတ်မျက်နှာနဲ့လူတစ်ယောက်လည်း ရှိသေးတယ်။ သူက အရမ်းစွမ်းအားကြီးတယ်။ မင်းအမြန်ထွက်သွားသင့်တယ်။”
ထိုအမျိုးသမီးက ပြောလိုက်သည်။
“စိတ်မပူပါနဲ့ သူ့ကို ကျွန်မသတ်ပစ်လိုက်ပြီ။ အစ်မ ကျွန်မကို အမြန်ကူညီပြီး သူ့ကိုကြိုးတုတ်ပေးပါဦး။”
ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။
အမျိုးသမီးသည် အနည်းငယ်ကြောင်အသွားခဲ့ပြီး ချက်ချင်းပင် အိပ်ရာပေါ်မှဆင်းလိုက်၏။ သို့သော်လည်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။
သူမသည် အလွန်အားနည်းနေသည်မှာ ထင်ရှားနေချေသည်။
“အစ်မ ရှင် ခဏလောက် အနားယူသင့်တယ်။”
ဖန်ချင်းလွမ်က ပြောလိုက်၏။
“မဟုတ်ဘူး ငါလုပ်နိုင်တယ်။”
အမျိုးသမီးသည် ကြိုးစားရုန်းကန်ကာ ထရပ်လိုက်ပြီး လက်ပါးစေဆီသို့ ယိုင်နဲ့နဲ့ဖြင့် လျှောက်သွားလိုက်သည်။
“ဒူးထောက်စမ်း”
ဖန်ချင်းလွမ်က အော်ဟစ်လိုက်သည်။
လက်ပါးစေသည် ချက်ချင်းပင် နာခံစွာဖြင့် ဒူးထောက်လိုက်၏။ ထို့နောက် အမျိုးသမီးသည် ဘေးမှကြိုးတစ်ချောင်းကို ကောက်ယူကာ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်လေသည်။
အမျိုးသမီး၏အကူအညီဖြင့် ဖန်ချင်းလွမ်သည် နောက်ဆုံးတွင် ထိုလက်ပါးစေကို သစ်ပင်တစ်ပင်တွင် ချည်နှောင်ထားနိုင်ခဲ့သည်။
“အမာရွတ်မျက်နှာပိုင်ရှင်ကရော..”
အမျိုးသမီးက မေးလိုက်၏။
“အဲ့လူရဲ့အလောင်းက ကျွန်မလှေပေါ်မှာ ရှိနေတုန်းပဲ။ အဲ့ဒါကို ဖြေရှင်းဖို့ အချိန်မရသေးဘူး။”
ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။
“သိပ်ကောင်းတယ်...။”
အမျိုးသမီးသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ညီအစ်မ ကျွန်မရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးတဲ့အတွက်ပေါ့...။နောက်ဘဝသာရှိခဲ့ရင် နွားဖြစ်ဖြစ် မြင်းဖြစ်ဖြစ် ကျေးဇူးဆပ်ပါ့မယ်။”
“ညီအစ်မ...”
ဖနိချင်းလွမ်က ခေါ်လိုက်၏။
အမျိုးသမီးသည် ကမ်းခြေရှိ သင်္ဘောကြီးဆီသို့ ယိုင်နဲ့နဲ့ဖြင့် သွားနေဆဲဖြစ်သည်။
ဖန်ချင်းလွမ်သည် ကြိုးတုတ်ခံထားရသောယောက်ျားကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုထပ်မံစစ်ဆေးကာ သူမနောက်သို့ လိုက်သွားခဲ့သည်။
အမျိုးသမီးသည် အပြင်းအထန်ကြိုးစားကာ သင်္ဘောကြီးပေါ်သို့ တက်သွားသည်။ သူမသည် အမာရွတ်မျက်နှာပိုင်ရှင်၏အလောင်းကို မြင်သောအခါ တိုက်ရိုက်ခုန်တက်ကာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အမာရွတ်မျက်နှာပိုင်ရှင်၏လည်ပင်းကို ကိုက်ဖြတ်ပြီး ပြင်းထန်စွာဆွဲဖဲ့လိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန်ချင်လွမ်၏လည်ချောင်းသည် အလွန်အမင်းတုန်ရီသွားပြီး ခေါင်းကိုတစ်ဖက်လှည့်လိုက်မိလေသည်။
ထို့နောက် အမျိုးသမီးသည် သူမ၏ဘေးနားရှိ ကြိုးတစ်ချောင်းကို ရှာတွေ့သွားပြီး သူမနှင့်အမာရွတ်မျက်နှာပိုင်ရှင်ကို အတူတကွချည်နှောင်ကာ သူမ၏နောက်ဆုံးခွန်အားအနည်းငယ်ဖြင့် သင်္ဘော၏ဘေးတစ်ဖက်သို့ လျှောက်သွားတော့လေသည်။
အခန်း ၄၇၁ - အခြေအနေအချို့အောက်တွင်
ဖန်ချင်လွမ်သည် ရုန်ရုန်သဲသဲအသံတစ်ခုကိုကြားလျှင် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်၏။ ထိုအခါ သူမသည် ပင်လယ်ထဲသို့ အမာရွက်မျက်နှာပိုင်ရှင်၏လောင်းနှင့်တူ ပင်လယ်ထဲသို့ ခုန်ချသွားသော အမျိုးသမီးကို မြင်လိုက်ရလေသည်။
ထိုအမျိုးသမီး၏မျက်နှာတွင် အေးချမ်းခြင်းနှင့် လွတ်မြောက်သွားသည့်အသွင်အပြင်မျိုးရှိနေခဲ့ပြီး သူမအား စကားနှစ်ခွန်းပင် ပြောခဲ့ပေ၏။ ထထုအမျိုးသမီး၏နှုတ်ခမ်းလှုပ်ရှားပုံအရ သူမအား “ကျေးဇူးတင်ပါတယ်” ဟုပြောနေခဲ့ပုံပင်။
ဗွမ်း
ဖန်ချင်းလွမ်၏မျက်လုံးများသည် မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့သော်လည်း တစ်စက်မျှကျမလာခဲ့ပေ။
ဤကမ္ဘာတွင် ဤကဲ့သို့သော အခြေအနေများစွာ ရှိနေလိမ့်ဦးမည်။ ကိုယ်ကျင့်တရားနှင့် ဥပဒေ၏ကန့်သတ်ချက်များမရှိဘဲ လူတိုင်း၏စိတ်ထဲတွင်ရှိသော အရိုင်းဆန်သည့်စိတ်ဓာတ်မျသည် ဘေးမဲ့ပေးခြင်း ထားခံကြရသည်။ သင်သည် သင့်ကိုယ်သင် ထိန်းချုပ်နိုင်မှုရှိ၊မရှိပေါ်တွင်သာ မူတည်ပေသည်။
ဖန်ချင်းလွမ်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သတိလစ်နေဆဲဖြစ်သော သူမ၏အစ်ကိုဖြစ်သူကို ကြည့်ကာ ကျွန်းဆီသို့ ပြန်လှည့်သွားခဲ့သည်။
အမျိုးသမီးသည် သူမ၏အစ်ကိုအား မတော်တဆထိခိုက်မိမည်ကို စိုးရိမ်သောကြောင့်သာ သူမ အလျင်အမြန် ပြေးလာခဲ့ခြင်းဖြစ်သည်။
သူမသည် အစေခံကိုချည်နှောင်ထားသောနေရာသို့ ပြန်ရောက်သွားခဲ့ပြီး သူသည် ချည်နှောင်မှုမှမလွတ်မြောက်သေးဘဲ ထိုနေရာတွင်ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဖန်ချင်းလွမ်သည် သူ့ကိုတုတ်ထားသော ကြိုးကို ထပ်မံ၍တင်းကျပ်စွာချည်နှောင်လိုက်ပြီး အလယ်ရှိ ကျောက်တုံးအိမ်ဆီသို့ သွားလိုက်သည်။
ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်လိုက်၏။
ဖန်ချင်းလွမ်သည် သူမရှေ့ရှိကျွန်းကို အလွယ်တကူပင် သိမ်းယူနိုင်ခဲ့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် သူမသည် ယီရန်ပင်းထံသို့ ချက်ချင်းပင် သတင်းစကားတစ်ခု ပေးပို့လိုက်လေသည်။
“သူဌေး ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူပင်လယ်ဓားပြတွေကို ကိုင်တွယ်ဖြေရှင်းပြီး သူတို့ရဲ့ကျွန်းကို သိမ်းပိုက်လိုက်ပါပြီ။ ဒါပေမယ့် ကျွန်မရဲ့အစ်ကိုက ဒဏ်ရာအပြင်းအထန်ရထားတယ်။ ကုသမှုခံယူဖို့ ရှင့်ဆီကို အမြန်ဆုံး လာရောက်ချင်ပါတယ်။”
ဖန်ချင်းလွမ်က ပြောလိုက်သည်။
ဖန်မင်လုံ၏ပြင်းထန်သောဒဏ်ရာကို ပလာစတာလေးတစ်ခုဖြင့် ကုသ၍မရနိုင်ပေ။
ယီရန်ပင်းသည် ယခင်က အုပ်စုထဲတွင် နံရိုးကျိုးခြင်းကိုကုသနိုင်သော ဆရာဝန်တစ်ဦးကိုရှာဖွေခဲ့ကြောင်း သူမကြားဖူးသည်။ လူတိုင်းသူရှာတွေ့ခြင်းရှိ၊မရှိ မသိကြသော်လည်း ယီရန်ပင်းသည် ထိုအကြောင်းကို နောက်ထပ်တစ်ခါမျှ ထပ်မပြောတော့ပေ။ သို့သော် လူတိုင်းက သူရှာတွေ့နိုင်ခဲ့သည်ဟု ခန့်မှန်းခဲ့ကြပေသည်။
ထို့ကြောင့် ဖန်ချင်းလွမ်သည် ယီရန်ပင်း၏ကျွန်းသို့သွားပြီး သူမ၏အစ်ကိုအား ကုသပေးနိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။
မှန်ပေသည်။ ဖန်ချင်းလွမ် ကြားခဲ့ရသည်မှာ ထိုအချိန်က ကျန်းယွင်ထျန်း၏ပြင်းထန်သောဒဏ်ရာအကြောင်းဖြစ်သော်လည်း ကံကောင်းစွာဖြင့် ရှောင်းယီသည် အချိန်မီလက်မှတ်ထိုးဝင်နိုင်ခဲ့ပြီး နာနိုဆေးကုသရေးစက်ကိုရရှိခဲ့သည်။ ထို့ကြောင့် ကျန်းယွင်ထျန်းကို ကယ်တင်နိုင်ခဲ့သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်သည်။
“မင်းကျွန်းတစ်ကျွန်းကို သိမ်းယူလိုက်တာလား။”
“မှန်ပါတယ်။”
ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။
“မင်းအစ်ကိုကို ကယ်တင်ဖို့ ငါမှာနည်းလမ်းရှိပါတယ်။ ဒါပေမယ့် အခြေအနေတွေတော့ရှိတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဘာအခြေအနေပဲဖြစ်ဖြစ် အခြေအနေအားလုံးကို ကျွန်မသဘောတူပါတယ်။”
ဖန်ချင်းလွမ်က ချက်ချင်းပင် ပြောလိုက်သည်။
“မလောပါနဲ့။ ငါပြောတာ အရင်နားထောင်ပါဦး။ ပထမဆုံးအနေနဲ့ မင်းသိမ်းယူလိုက်တဲ့ကျွန်းက ငါ့လက်အောက်ခံဖြစ်ရမယ်။ မင်းကိုစီမံခန့်ခွဲခွင့်တွေ အရင်ပေးထားမယ်။ ဒါပေမယ့် စာချုပ်တစ်ခုပြီးအောင်လုပ်ဖို့တော့လိုတယ်။ ဒုတိယအနေနဲ့ ယီရန်ပင်းမဟာမိတ်အဖွဲ့ကိုချက်ချင်းဝင်ပြီး ကျွန်းကိုရွှေ့ရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီ၏ကျွန်းတွင် ဒေသခံများစွာရှိနေပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများသည် စီမံခန့်ခွဲရန်နှင့် ဆက်သွယ်ရာ၌ ပိုမိုလွယ်ကူပေသည်။ ဖန်မောင်နှမသာ သဘောတူပါက အရှေ့ဘက်ကို ကာကွယ်ရာ၌ ကူညီခွင့်ပြုရန်အတွက် မဖြစ်နိုင်သည်တော့မဟုတ်ပေ။
ဖန်ချင်းလွမ်သည် လုံးဝမတွန့်ဆုတ်နေဘဲ ပြန်ဖြေလိုက်၏။
“ကျွန်မသဘောတူတယ်။”
“ကောင်းပြီ ဒါဆိုမဟာမိတ်အဖွဲ့ထဲ ဝင်လိုက်ပါ။ ကျွန်းကို အရင်ရွှေ့ကြတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ ဒါပေမယ့် ကျွန်မအစ်ကို အကြာကြီး ခံနိုင်ရည်ရှိပါ့မလားမသိဘူး။”
ဖန်ချင်းလွမ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ နာ့နာကိုအရင် လူကြည့်ခိုင်းလိုက်မယ်။ မင်းကျွန်းရွှေ့ပြီးတဲ့နောက် ငါ့ရဲ့လူတွေ ကျွန်းပေါ်ရောက်လာရင် နာ့နာက သူ့ကိုကုပေးလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နာ့နာ?”
ဖန်ချင်းလွမ် ကြောင်အသွားခဲ့သည်။
အခု လူတွေကိုတောင် ချက်ချင်းပို့လို့ရနေပြီလား။
နောက်ဆုံးအကြိမ် နာ့နာသည် ကျန်းရွှဲ့နှင့် ဖန်မင်လုံကိုကုသရန်သွားခဲ့သည့်အချိန်တွင် ဖန်ချင်းလွမ်သည် သင်္ဘောခန်းမအတွင်း၌ အနားယူနေခဲ့ပြီး နာ့နာသည် အမှန်တကယ် စမတ်ဆေးကုသရေးစက်တစ်ခုဖြစ်ကြောင်း သူမ,မသိခဲ့ပေ။
“【နာနိုဆေးကုသရေးစမတ်စက်】 (SSS အဆင့်) နှစ်နာရီသုံးစွဲခွင့် ၁ - လဲလှယ်မှုမရှိပါ။”
ဤစက်ကိုမြင်လိုက်လျှင် ဖန်ချင်းလွမ်သည် ရှောင်းယီ၏စကားထဲရှိ နာ့နာ၏ဆိုလိုရင်းကိုာချက်ချင်းပင် နားလည်သွားခဲ့ပြီး အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“သူဌေးမှာ တကယ်ကို အဆင့်အမြင့်ဆုံးဆေးကုသရေးစက်တစ်ခု ရှိနေခဲ့တာပဲ။”
ဖန်ချင်းလွမ်သည် ချက်ချင်းပင် လဲလှယ်မှုကိုသဘောတူလိုက်၏။ ပြီးနောက် သူမရှေ့၌ ပင့်ကူကြီးတစ်ကောင်နှင့်တူသော စက်ရုပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒဏ်ရာတဲ့ရသူက ဘယ်မှာပါလဲ။”
နာ့နာက မေးလိုက်သည်။
ဖန်ချင်းလွမ်သည် မသိစိတ်အရ ပြန်ဖြေလိုက်၏။
“ပင်လယ်ကမ်းခြေမှာရှိတဲ့ သင်္ဘောပေါ်မှာပါ။”
“ရှင် မဟာမိတ်အဖွဲ့ထဲကို ဝင်ပြီ ကျွန်းကိုအရင်ရွှေ့လိုက်ပါ။ ကျွန်မ သွားကြည့်လိုက်ပါ့မယ်။”
ထို့နောက် နာ့နာသည် သူမ၏ရှည်လျားသော ဆလင်ဒါပုံစံ သတ္တုခြေထောက်ရှစ်ချောင်းဖြင့် လှမ်းထွက်သွားခဲ့သည်။
ဖန်ချင်းလွမ်သည် ပင့်ကူနှင့်တူသောစက် ထွက်ခွာသွားသည်ကို အံ့အားသင့်စွာကြည့်ရှုနေခဲ့ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ဝင်ရန် လျှောက်ထားကာ ရွှေ့ပြောင်းရန် ရွေးချယ်လိုက်တော့လေသည်။
ဤအရာများအားလုံး ပြုလုပ်ပြီးနောက် သူမသည် ချက်ချင်းပင် ပြေးထွက်သွားလိုက်သည်။ သူမ အမောတကောဖြင့် သင်္ဘောပေါ်သို့ ရောက်ရှိသွားချိန်တွင် နာ့နာသည် ဖန်မင်လုံ၏ဘေးတွင်ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။
“ကျွန်မအစ်ကို အခြေအနေဘယ်လိုရှိလဲ။”
ဖန်ချင်းလွမ်က မေးလိုက်သည်။
“သူမသေနိုင်ပါဘူး။ ကျွန်းရွှေ့ပြီးတာနဲ့ ကျွန်မ ချက်ချင်းကုသပေးမှာပါ။”
နာ့နာက အမူအယာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“ဒီလိုအချိန်ဆွဲနေရင် အခြေအနေပိုမဆိုးသွားဘူးလား။”
ဖန်ချင်းလွမ်က အနည်းငယ်စိုးရိမ်နေခဲ့သည်။
“ကျွန်မကမသေဘူးလို့ပြောရင် သူမသေနိုင်ဘူး။ စောင့်နေလိုက်ပါ။”
နာ့နာဘက်မှ အလျှော့မပေးလိုသည်ကိုမြင်လိုက်ရသောအခါ ဖန်ချင်းလွမ် ခေါင်းညိတ်လိုက်ပြီး အမာရွတ်မျက်နှာပိုင်ရှင်၏သင်္ဘောဆီသို့သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသိမ်းယူကာ ၎င်းကိုသူမ၏လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ပြောင်းလဲလိုက်လေသည်။
သူမသည် အစေခံကို ထိမ်းသိမ်းထားစဉ်က ဖန်ချင်းလွမ်သည် ၎င်းကိုသိမ်းယူရန်မရွေးချယ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သိမ်းယူလိုက်လျှင်ပင် အကျိုးမရှိသောကြောင့်ဖြစ်သည်။
သိမ်းယူပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ထုတ်လုပ်မှုချန်နယ်မှလွဲ၍ ကျန်ချန်နယ်အားလုံးသည် ကနဦးအဆင့်သို့ရောက်ရှိသွားမည်ဖြစ်ပြီး ဖန်ချင်းလွမ်သည် အမာရွတ်မျက်နှာပိုင်ရှင်၏ကျွန်းနှင့်ပတ်သက်သော မည်သည့်သတင်းအချက်အလက်ကိုမျှ ရရှိနိုင်တော့မည်မဟုတ်ပေ။
ဖန်ချင်းလွမ် စိုးရိမ်စွာစောင့်ဆိုင်းနေစဉ်အတွင်း အချိန်သည် တစ်နာရီပြည့်သွားခဲ့ပြီး ကျွန်းကို အောင်မြင်စွာရွှေ့ပြောင်းနိုင်ခဲ့သည်။
နာ့နာသည်လည်း သူမ၏ကုသမှုကို စတင်ခဲ့ပြီး ရှောင်းယီရောက်ရှိလာမည်ကို စောင့်ဆိုင်းရန်အတွက် ကုသမှုအချိန်ကို ရည်ရွယ်ချက်ရှိရှိ ရွှေ့ဆိုင်းထားခဲ့သည်။
မိနစ်ဆယ်ကျော်ကြာပြီးနောက် ရှောင်းယီနှင့် အခြားသူများသည် ကျွန်းပေါ်သို့တက်လာခဲ့ကြ၏။ ထို့နောက် နာ့နာသည် ဖန်မင်လုံအား သတိရလာအောင် ပြုလုပ်နိုင်ခဲ့သည်။
ဤသို့ဖြစ်လင့်ကစား ဖန်ချင်းလွမ်သည် သတိရလာသော ဖန်မင်လုံကို ကြောင်အစွာ ကြည့်ရှုနေခဲ့မိသည်။ ပြင်းထန်စွာဒဏ်ရာရရှိပြီး သတိလစ်နေသူသည် ဤကဲ့သို့ အလွန်လျင်မြန်စွာ သတိရလာနိုင်သည်ကို မယုံကြည်နိုင်ခဲ့ပေ။
ထို့အပြင် ဖန်မင်လုံ၏အခြေအနေသည် အလွန်ကောင်းမွန်နေပြီး ပတ်တီးစည်းရန်ပင် မလိုအပ်ပေ။
“ငါတို့ ဘယ်ရောက်နေတာလဲ။”
ယခုတင် သတိရလာခဲ့သော ဖန်မင်လုံမှာ အလုံးစုံရှုပ်ထွေးနေခဲ့သည်။
သို့သော် နောက်တစ်အခိုက်အတန့်တွင် သူသည် တုံ့ပြန်နိုင်ခဲ့၏။
“ဟိုအမာရွတ်မျက်နှာနဲ့ကောင် ဘယ်မှာလဲ။”
“ကျွန်မ သူ့ကိုသတ်လိုက်ပြီ။ သူဌေးယီရန်ပင်းက မီးသေနတ်နှစ်လက်ငှားပေးခဲ့ပြီး မျှော်လင့်မထားဘဲသူ့ကိုပေါက်ကွဲသွားအောင် လုပ်နိုင်ခဲ့တယ်လေ။”
ဖန်ချင်းလွမ်က ပြောလိုက်သည်။
“သူတို့ကျွန်းကရော”
ဖန်မင်လုံက ချက်ချင်းမေးလိုက်၏။
“စိတ်မပူပါနဲ့...ကျွန်မ သိမ်းယူထားပြီးပြီ။ ပြီးတော့ သူဌေးရဲ့မဟာမိတ်အဖွဲ့ထဲကိုဝင်ပြီး သူဌေးဆီကိုလည်း ရွှေ့ပြောင်းပြီးသွားပြီ။”
ဖန်ချင်းလွမ်က ရှင်းပြလိုက်သည်။
ထိုအချိန်တွင် ရှောင်းယီသည် သူ၏လူများနှင့်အတူ သင်္ဘောကြီးပေါ်သို့တက်လာကာ ပြောလိုက်သည်။
“သူမပြောတာ အမှန်ပဲ။ ဒါပေမယ့် အခုဒီကျွန်းက ငါ့အပိုင်ဖြစ်သွားပြီ။”
“ဘာ”
ဖန်မင်လုံသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီ ထရပ်လိုက်မိ၏။ ထို့နောက် သူသည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ်...သူဌေးသာမရှိရင် ကျုပ်တို့ အ ျိန်အတော်ကြာကတည်းက အမာရွတ်မျက်နှာနဲ့ကောင် ရဲ့လက်ထဲကို ရောက်သွားမှာပဲ။ အခု သူဌေးက ကျုပ်အသက်ကို ထပ်ပြီးကယ်တင်လိုက်ပြန်ပြီ။ ကျေးဇူးတင်ပါတယ် သူဌေး။”
“ကောင်းပြီ လူတိုင်း ကန့်ကွက်စရာမရှိတော့ဘူးဆိုရင် ငါ ကျွန်းလက်ခံဖို့သွားတော့မယ်။ ဘယ်သူမှ သင်္ဘောပေါ်ကနေ ဆင်းမလာကြနဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“မင်းတို့ ဒီကျွန်းကိုစီမံခန့်ခွဲချင်တယ်ဆိုရင် ငါမှာအခြေအနေတချို့တော့ရှိတယ်။ ငါ မင်းညီမကို ပြောပြထားပြီးပြီ။ မင်းတို့ကိုယ်တိုင် ဆွေးနွေးလိုက်ကြပါ။”
ထို့နောက် ရှောင်းယီသည် သူ၏လူများနှင့်အတူ သင်္ဘောမှဆင်းကာ ကျွန်းထဲသို့ဝင်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အောင်မြင်စွာသိမ်းယူလိုက်သည်။
သင်္ဘောပေါ်တွင် ဖန်ချင်းလွမ်သည် ရှောင်းယီ၏စကားများကို ဖန်မင်လုံအား ပြန်လည်ပြောပြခဲ့သည်။
“ဘာ...စာချုပ်ချုပ်မှ စီမံခန့်ခွဲခွင့်ရမှာလား။”
ဖန်မင်လုံက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး လုံးဝစာချုပ်ချုပ်လို့မရဘူး။”
“ဘာလို့မဖြစ်နိုင်ရတာလဲ။ သူဌေးက လူကောင်းတစ်ယောက်ပဲ ပြီးတော့ စွမ်းအားလည်းကြီးတယ်။ စာချုပ်ချုပ်ပြီးရင် ငါတို့မှာနောက်ခံရှိသွားပြီ။ ဒီထက် ပိုပြီးလည်း ကောင်းကောင်းမွန်မွန်နေရလိမ့်မယ်။ ဒါက မကောင်းဘူးလား။”
ဖန်ချင်းလွမ်က ပြန်မေးလိုက်သည်။