အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း - ၄၇၈ - အဆိပ်ငွေ့ဗုံးများ မလုံလောက်ခြင်း၊ ကျွန်းပေါ်မှာ ကုန်ကြမ်းတွေရှိနေတယ်
“ကိုယ့်ကျွန်းပေါ်ကိုယ် ပေါ်ပစ်ချတာလား။ မင်းက တကယ်ကြမ်းတဲ့သူပဲ။”
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်းပေါ်မှာ ကျုပ်အသက်ရှင်နေသရွေ့ ဒေသခံတွေက ကျုပ်ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်လို့မရစေရဘူး။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်လို့မရဘူးဆိုပေမယ့် ခွဲထုတ်လို့တော့ရတယ်လေ။”
“သူတို့ခွဲချင်ရင် ခွဲပါစေ။ ဆိုးရွားဆုံးကတော့ ဘယ်သူမှ ဘာမှမရတော့ဘူး။ ဒါ့အပြင် သူတို့ ကျုပ်ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီကိုတောင် မရောက်နိုင်မှာကိုတောင် ကြောက်မိဦးမယ်။”
“အမှန်ပဲ။ ဒီအဆိပ်ငွေ့ဗုံးက အရမ်းအစွမ်းထက်တယ်။ သူတို့အားလုံးကို ကျွန်းပေါ်မှာ တကယ်ချန်ထားနိုင်လောက်တယ်။”
“အကြီးအကဲ မင်းဆီမှာလက်ကားဘယ်လောက်ရှိလဲ။ ငါ တစ်ခါတည်း ငါးခုလောက်ဝယ်ချင်ပါတယ်။”
“လက်ရှိမှာတော့ ကျုပ်ဆီမှာ နှစ်ခုပဲရှိတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ မပြတ်မလပ် ထောက်ပံ့ပေးမှာပါ။”
ရှောင်းယီက ပြောလိုက်သည်။
“အာ...ဒါဆို အခုအချိန်မှာ သိပ်မများဘူးလို့ဆို လိုတာပေါ့။ ဒေသခ့တွေက မကြာခဏ တိုက်ခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”
“ဟုတ်တယ်...။ ရေမိုင်းတွေလည်းမရှိ အဆိပ်ငွေ့ဗုံးတွေလည်း မလုံလောက်ဘူးဆိုရင် သူတို့ကိုတားဆီးဖို့ခက်ခဲလိမ့်မယ်။”
“လူတိုင်းပဲ စိတ်မပူကြပါနဲ့။ အရေးပေါ်အခြေအနေတွေအတွက်တော့ ထုတ်လုပ်နိုင်ပါသေးတယ်။ အများကြီးမဟုတ်ဘူးဆိုပေမယ့် အခြေအနေကို ကိုင်တွယ်ဖို့တော့ လုံလောက်သင့်တယ်။ အဲ့ဒါကြောင့်၊ယ လက်ရှိမှာ ဒေသခံတွေတိုက်ခိုက်ခံရတဲ့ကျွန်းတွေကိုပဲရောင်းပါမယ်။ အဆင်မပြေဖြစ်စေတာအတွက်လည်း တောင်းပန်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် အကြီးအကဲ။”
လူတိုင်းက ပြောလိုက်ကြသည်။
ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် စွန်းယောင်ကိုရှာကာ မေးလိုက်သည်။
“မင်းဆီမှာ ငါအရင်တောင်းခဲ့တဲ့ဆေးပင်သုံးမျိုးရှိသေးလား။”
“ကျွန်းပိုင်ရှင် အဲ့ဒီဆေးပင်တွေက အဆိပ်ရှိပြီး နေရာအတော်များများမှာ အသုံးမပြုကြဘူး။ အဲ့အတွက် လာရှိမှာ အပိုမရှိပါဘူး။ အရင်ကပေးခဲ့တာက အကုန်လုံးပါပဲ။ ဒါပေမယ့် အရေးပေါ်အခြေအနေအတွက်တော့ စတင်စိုက်ပျိုးထားပြီးပါပြီ။ ယွမ်လောက်နဲ့ ဆွေးနွေးပြီးနောက် ယွမ်လောင်ကတောင် မျိုးနွယ်စုလေးစုကို တာဝန်ပေးခဲ့ပြီး အတူတူစိုက်ပျိုးဖို့နဲ့ ရင့်မှည့်လာတဲ့အခါ ဈေးကြီးပေးပြန်ဝယ်ဖို့ ပြောထားတယ်။”
စွန်းယောင်က ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ခေါင်းညိတ်လိုက်သော်လည်း မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုဆေးပင်သုံးမျိုးမှာ လုံးဝချို့တဲ့နေသည်ဟုပင် ထင်ရပေသည်။
ယမ်းစိမ်းသည်လည်း ကုန်ဆုံးသွားဟန်ရှိသည်။ အရင်က မီးဘောလုံးများနှင့် ဒုံးကျည်များ အများအပြား ရောင်းခဲ့သည့်အတွက် ကုန်စာရင်း၏ ၉၀% နီးပါး ကုန်ဆုံးသွားခဲ့သည်။
ထို့ကြောင့် ယမ်းစိမ်းပြဿနာကိုလည်း လုပ်ငန်းစဉ်အတွင်း ထည့်သွင်းစဥ်းစားရမည်ဖြစ်သည်။
ရှောင်းယီသည် သူ၏နဖူးကိုပွတ်သပ်ကာ ခေါင်းကိုက်လာသည်ဟုပင် ခံစားလိုက်ရသည်။ ယမ်းစိမ်း၏အဓိကအရာသည် ဆာလဖာကဲ့သို့သော ဆက်စပ်သတ္တုကြောများကို ရှာဖွေရန်ဖြစ်သော်လည်း သူ့တွင် အဆင့်မြင့်သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးစက်များသာရှိပြီး စက်များနှင့် ကျွမ်းကျင်သူများမရှိဘဲ ရှာဖွေတွေ့ရှိမှုကိုပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။
“ကျွန်းပိုင်ရှင် အနောက်ဘက်က ကျုပ်တို့ကျွန်းဆီကိုသင်္ဘောကြီးလေးစီး ချဉ်းကပ်လာနေပါတယ်။ သူတို့က ရေဒါစောင့်ကြည့်ရေးအကွာအဝေးထဲကို ဝင်လာပြီ။ ကီလိုမီတာ ၃၂ အကွာမှာ ရှိနေပါသေးတယ်။”
ထိုစဉ် ကျန်းယွင်ထျန်း၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်လာခဲ့လေသည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်းတို့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေကို သွားပြီးလေ့ကျင့်လိုက်ကြပါ။ ဒဏ်ရာရတဲ့သူမရှိအောက်တော့ သတိထား။ ချင်းလုံကိုလည်း ခေါ်သွားလိုက်။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဒီလိုသာ မကြာခဏတိုက်ခိုက်မှုတွေနဲ့ ကြုံရမယ်ဆိုရင် တကယ်ပဲအချိန်မလုံလောက်တော့မှာကို ကြောက်မိတယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဤတစ်ပတ်စချင်းတည်းက ရှောင်းယီသည် ပူးပေါင်းတိုက်ခိုက်မှုသုံးကြိမ် ကြုံခဲ့ရပြီဖြစ်သည်။ စွန်းကုထောင်၊ စွန်းယောင်နှင့် ယခု သူ၏ကိုယ်ပိုင်ကျွန်းတို့တွင် ဖြစ်သည်။
အခြားအသက်ရှင်ကျန်ရစ်သူများ၏ကျွန်းများသာ တိုက်ခိုက်ခံရပါက ၎င်းတို့သည် အဆိပ်ငွေ့ဗုံးများလိုအပ်မည်မှာ သေချာပြီး သူ့တွင်လည်း နှစ်ခုသာကျန်ရှိတော့သည်။
ရှောင်းယီ စိုးရိမ်နေစဉ်အတွင်းမှာပင် အဖွဲ့ထဲမှ တစ်စုံတစ်ဦးက ပြောလာခဲ့သည်။
“အကြီးအကဲ ဒီမှာဒေသခံသင်္ဘောတွေတွေ့တယ်။ အားလုံးပေါင်း သုံးစီးပါ။ အဆိပ်ငွေ့ဗုံးကို တောင်းခံပါတယ်။”
သူကြောက်နေသည့်အရာမှာ အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။ ရှောင်းယီသည် ချက်ချင်းပင် ထိုအဆိပ်ငွေ့ဗုံးနှစ်ခုကို လဲလှယ်ပေးလိုက်သည်။
အခြားအသက်ရှင်ကျန်ရစ်သူများသာ လိုအပ်လာပါက ထို့နောက် အမှန်တကယ်ပင် ဘာမှမကျန်နေတော့ပေ။
“ကျွန်းပိုင်ရှင် ကျုပ်တို့တောထဲမှာ အရာတချို့ ရှာဖွေတွေ့ရှိထားတယ်။ ယွမ်လောင်ကိုလည်း ပြောထားပြီးပါပြီ။ ခင်ဗျား လာကြည့်ချင်လား။”
ထိုစဉ် ဖူရှီ၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့သည်။
“ဘာတွေရှာတွေ့ထားတာလဲ...။”
ရှောင်းယီက မေးလိုက်သည်။
“လောင်ယွမ် ကျုပ်တို့ကိုစိုက်ခိုင်းတဲ့ဆေးပင်တွေနဲ့အရမ်းဆင်တဲ့ အပင်တချို့တွေ့ထားပါတယ်။ ဒါပေမယ့် သေချာတော့မသိပါဘူး။”
ဖူရှီက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် အလွန်အံ့အားသင့်သွားခဲ့ပြီး စကားပြန်မပြောနိုင်ခင်မှာပင် ယွမ်နွန်၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့လေသည်။
“အဲ့ဒီအပင်တွေကို ငါကြည့်ပြီးပြီ။ အရမ်းဆင်တယ်။ ငါ့ရဲ့အကြံပေးချက်ကတော့ တကယ့်ကို တူညီတဲ့အပင်မျိုးပဲ။ ဒါပေမယ့် စွန်းယောင်ကိုယ်တိုင်လာကြည့်တာက အကောင်းဆုံးပဲ။ တရုတ်ဆေးဖက်ဝင်အပင်တွေမှာတော့ သူကကျွမ်းကျင်တယ်။”
“ကောင်းပြီ ကျုပ် နားလည်ပြီ။ ဒူခန်း အပျော်စီးရွက်သင်္ဘောပြန်ရောက်တာနဲ့ ချက်ချင်းမဟာမိတ်အဖွဲ့ရဲ့ တောင်ဘက်ကျွန်းမှာ စွန်းယောက်ကို သွားခေါ်လာခဲ့။ သူ့ရဲ့ကုန်သွယ်ရေးကိရိယာတွေကိုပါ ယူလာခိုင်းလိုက်။”
ရှောင်းယီက ပြောလိုက်သည်။
“လက်ခံရရှိပါပြီ”
ဒူခန်းက ပြန်ဖြေသည်။
မကြာမီ အပျော်စီးရွက်သင်္ဘော၏ ငှားရမ်းချိန်ကုန်ဆုံးသွားခဲ့သည်။ ထိုအခါ ရှောင်းယီသည် ငှားရမ်းမှုကို ရပ်တန့်လိုက်၏။ ထို့နောက် ဒူခန်းသည် အပျော်စီးရွက်သင်္ဘောပေါ်တက်ပြီး ချက်ချင်းပင် တောင်ဘက်သို့ အရှိန်မြှင့်ကာ ထွက်ခွာသွားတော့လေသည်။
“ဒူခနခး ခဏနေရင် ရောက်လာလိမ့်မယ်။ မင်းရဲ့ဆေးမှုန့်လုပ်တဲ့ ကိရိယာတွေယူလာခဲ့။ ဒီမှာ အဲ့ဒီဆေးပင်သုံးမျိုးဖြစ်နိုင်တဲ့အပင်တွေ တွေ့ထားတယ်။ မင်းလာပြီးခွဲခြားပေးဖို့လိုတယ်။”
ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ပြောလိုက်သည်။
“ဟုတ်ကဲ့”
စွန်းယောင်က ပြန်ဖြေလိုက်ပြီး ချက်ချင်းပင် သူ၏ပစ္စည်းများကို ထုပ်ပိုးကာ ဝူနာ့အား အလျင်အမြန်ရှင်းပြပြီး ကမ်းခြေဆီသို့လမ်းလျှောက်သွားလိုက်လေသည်။
ဒူခန်းသည် အပျော်စီးရွက်သင်္ဘောဖြင့် ရောက်ရှိလာပြီးဖြစ်သည်။
ဆယ်မိနစ်အကြာတွင် စွန်းယောင်သည် ဖူရှီနှင့် အခြားသူများ ဆေးပင်များရှာဖွေတွေ့ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။
“ဒါက သူတို့ထဲက တစ်မျိုးပါ။ တခြားနှစ်မျိုးကိုလည်း တွေ့ထားပြီးပါပြီ။ ခင်ဗျား ကြည့်ကြည့်။”
ဖူရှီက သူ့ရှေ့ရှိ ဧရိယာကိုညွှန်ပြီး ပြောလိုက်သည်။
စွန်းယောက်သည် ချက်ချင်းပင် ဒူးထောက်ထိုင်ကာ ဂရုတစိုက်ခွဲခြားပြီး အကိုင်းတစ်ခုကိုချိုးကာ နမ်းကြည့်၏။ ထို့နောက် ထိုင်ရာမှထရပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“မှန်တယ် ဒါက ဝံပုလွေအဆိပ်ပင်ပဲ။”
“အရမ်းကောင်းတယ်...တခြားနှစ်မျိုးကိုလည်း ဟုတ်မဟုတ် အမြန်သွားကြည့်လိုက်ဦး။ ဖူရှီ မင်းရဲ့လူတွေကိုဒီဆေးပင်တွေ အခုချက်ချင်း ရိတ်သိမ်းခိုင်းလိုက်။”
ရှောင်းယီက ပြောလိုက်သည်။
မကြာမီ စွန်းယောင်၏ဆုံးဖြတ်ချက်အရ အခြားနေရာနှစ်ခုသည် ကြက်ဆူပင်နှင့် တိဝုတ်ပင်များ ဖြစ်ကြောင်းသိလိုက်ရလေသည်။
“ဆေးမှုန့်လုပ်ဖို့ဆိုရင် အချိန်ဘယ်လောက်ကြာမလဲ။”
ရှောင်ယီက မေးလိုက်သည်။
စွန်းယောင်သည် ကောင်းကင်ယံတွင် ချိတ်ဆွဲထားသော နေလုံးကိုကြည့်ကာ ပြောလိုက်သည်။
“ဒီရာသီဥတုမှာတော့ ပိုမြန်လိမ့်မယ်။ အပူပေးလိုက်မယ်ဆိုရင် ပိုပြီးမြန်အောင်လုပ်လို့ရတယ်။ တစ်နာရီအတွင်းမှာ အများဆုံးတစ်သုတ်တော့ လုပ်နိုင်တယ်။”
“ဒါဆို မြန်မြန်လုပ်တော့။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ ကျုပ်ကိုအပ်ထားလိုက်ပါ။”
စွန်းယောင်က ပြန်ဖြေလိုက်သည်။
စွန်းယောင်သည် ရှီမျိုးနွယ်စုမှလူများကို ထိုဆေးပင်များအား ရိတ်သိမ်းရန် စတင်ညွှန်ကြားတော့လေသည်။
ရှောင်းယီသည်လည်း ပျော်ရွှင်နေခဲ့သည်။
“ဒါကို ဘယ်သူပထမဆုံးတွေ့ခဲ့တာလဲ။”
“ကျုပ်တို့မျိုးနွယ်စုရဲ့ ဒုတိယခေါင်းဆောင်တာ့ နဲ့သူ့အဖွဲ့တွေ ရှာတွေ့ခဲ့တာပါ။”
ဖူရှီက ပြန်ဖြေလိုက်သည်။
“မဆိုးဘူး..။ ဒီအရာက ငါတို့ရဲ့နည်းဗျူဟာဆိုင်ရာပစ္စည်းဖြစ်ပြီး လက်ရှိအခက်အခဲကို သက်သာသွားစေတယ်။ သူ့ကို ယွမ် ၁၀,၀၀၀ ဆုချီးမြှင့်လိုက်မယ်။ အန်းယွဲ့ဆီသွားပြီး ဆုယူခိုင်းလိုက်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဖူရှီက ပြန်ဖြေလိုက်သည်။
စွန်းယောင်ပြောသည်မှာ အမှန်ပင်။ တစ်နာရီမပြည့်မီမှာပင် သူသည် ဆေးမှုန့်အစုကြီးတစ်ခုကို ပို့ပေးခဲ့၏။ ဆေးမှုန့်များမှာ ပူနေဆဲဖြစ်သည်။
ချွေးများဖြင့် ဖုံးလွှမ်းနေပြီး အဝတ်အစားများသည် ရေထဲမှဆွဲယူထားဟန်ရှိသော စွန်းယောင်ကိုကြည့်ကာ ရှောင်းယီက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းပင်ပန်းသွားပြီ။ ဒီအဆိပ်ငွေ့ဗုံးရောင်းရငွေရဲ့ ၃၀% ကို မင်းကိုဆုအဖြစ်ပေးမယ်။”
“အာ...ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စွန်းယောင်က ပျော်ရွှင်စွာပြောလိုက်သည်။
“ဒီဆေးမှုန့်တွေ လုပ်လို့ပြီးသွားရင် အပန်းဖြေစခန်းမှာ ကစားလို့ရမလား။”
ရှောင်းယီက ပြုံးလိုက်၏။
“မင်းရဲ့ကျွန်းပေါ်က အလုပ်တွေကို စီစဉ်ထားနိုင်ရင် မင်းလုပ်ချင်တာလုပ်လို့ရတယ်။ အဲ့အတွက် ငါ့ကိုအစီရင်ခံစရာမလိုပါဘူး။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စွန်းယောင်သည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
ရှောင်းယီသည် သူပို့ပေးလိုက်သော ဆေးမှုန့်များကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်၏။ တစ်မျိုးလျှင် အနည်းဆုံး ၅ ကီလိုဂရမ်လောက် ရှိပေသည်။
၎င်းတို့ကို အဆိပ်ငွေ့ဗုံးအဖြစ် ပြောင်းလဲလိုက်သောအခါ စုစုပေါင်းအခုတစ်ရာ ထုတ်လုပ်နိုင်ခဲ့ပေသည်။
ရှောင်းယီသည် ဆယ်ခုကို သိမ်းထားလိုက်ပြီး ကျန်သည့်ကိုးဆယ်လုံး အဖွဲ့ထဲသို့ ထည့်သွင်းလိုက်လေသည်။
“ကုန်ကြမ်းပြဿနာကို ဖြေရှင်းပြီ။ နောက်ပိုင်းမှာ ဆက်ပြီးထောက်ပံ့ပေးပါမယ်။ အခုပြထားတဲ့ဟာတွေက အိုင်ဒီတစ်ခုစီကို တစ်ခုနှုန်းနဲ့ ကန့်သတ်ထားတယ်။ တစ်စုံတစ်ယောက်က ဒေသခံတိုက်ခိုက်မှုတွေ ကြုံရပြီဆိုရင် ကျုပ်ကိုသီးသန့်ဆက်သွယ်လိုက်ပါ။ နည်းနည်းပိုပြီး ရောင်းပေးမယ်။”
အဖွဲ့ထဲတွင် အိုင်ဒီပေါင်း ၉၀,၀၀၀ ကျော်ရှိသေးသဖြင့် ဤပလုံးကိုးဆယ်သည် ရေပွက်တစ်ခုကိုပင် မဖြစ်စေခဲ့ဘဲ ချက်ချင်းပင် ရောင်းကုန်သွားခဲ့လေသည်။
အခန်း ၄၇၉ - အဆိပ်ငွေ့ဗုံး၏ ချီးမွမ်းထိုက်သည့် လုပ်ဆောင်မှု၊ ရှောင်းယီ၏ကျွန်း တိုက်ခိုက်ခံရခြင်း
“အကြီးအကဲ ခင်ဗျားစင်ပေါ်မှာတင်ထားတဲ့ဟာက အရမ်းနည်းနေတာပဲ။ လုံးဝမကျေနပ်ဘူးဗျာ။”
“ဟုတ်တယ် ကျုပ် အချက်အလက်တွေကြည့်လိုက်ရုံပဲရှိသေးတယ် ကုန်သွားပြီ။ အကြီးအကဲ နည်းနည်းထပ်တင်ပေးပါဦး။”
“ငါပြောမယ် မင်းတို့အပေါ်ကနှစ်ယောက် ဘာတွေစိတ်လောနေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲက ပြောထားပြီးသားလေ။ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကိုကြုံရရင် သူ့ကို သီးသန့်ဆက်သွယ်လို့ရတယ်။ အဲ့ဒါတွေကို ဝင်လုစရာမလိုဘူး။ လက်မြန်တာက အသုံးဝင်လို့လား။”
“သေချာပေါက် အသုံးဝင်တာပေါ့ကွ။”
“ဘာအသုံးဝင်တာလဲ။”
“ရင်ဖိုစေတယ်လေ။”
“ငလူး ဖိအားမရှိတော့တာနဲ့ မင်းတို့က ချက်ချင်းကို စမောင်းကြတော့တာပဲ။ မင်းတို့အားလုံး ရထားမောင်းနေကြတာ ဝူးဝူးဝူး”
ထိုအချိန်တွင် ယခင်က ဒေသခံသင်္ဘောနှင့် ကြုံတွေ့ခဲ့ရသူက ရုတ်တရက် စတင်ပြောဆိုလာခဲ့သည်။
“အကြီးအကဲရဲ့ အဆိပ်ငွေ့ဗုံးတွေက အရမ်းအစွမ်းထက်တယ်။ ကျုပ် ဒေသခံသင်္ဘောတစ်စီးကို တစ်ခါတည်းနဲ့ ချန်ထားခဲ့လိုက်ပြီ။ အခြားနှစ်စီးကတော့ ထွက်ပြေးသွားတယ်။”
“ဘာ မင်ကတော့ တကယ်ကို ကြီးပွားသွားပြီပဲ။ အုတ်မြစ်ကျောက်နှစ်ခုနဲ့ သင်္ဘောကြီးတစ်စီးကိုကိုင်တွယ်လိုက်နိုင်တယ်။”
“ဒါထက်တောင် ပိုသေးတယ်။”
ထိုသူက ပြောသည်။
“အဲ့ဒီသင်္ဘောပေါ်က မှော်ဆရာဆိုရင် သေတောင်သေနေပြီလို့ထင်တာ။ ဒါပေမယ့် သူမသေသေးဘူးဆိုတာ တွေ့လိုက်ရတယ်လေ။ အဲ့ဒါနဲ့ ငါလည်း သူ့ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီး သူ့ကိုစာချုပ်ချုပ်လိုက်တယ်။”
“ဘာပြောတယ် မှော်ဆရာကို စာချုပ်ချုပ်လိုက်တယ်။ မင်းဆိုလိုတာက အခုမင်းမှာ ဒေသခံမျိုးနွယ်စုတစ်ခု ရှိသွားပြီလို့ဆိုလိုတာလား။”
“ညီအစ်ကို မင်းတော့ချမ်းသာပြီပဲ။ မင်းက ဘယ်မဟာမိတ်အဖွဲ့ထဲပါလဲ။ ငါလည်းဝင်ချင်တယ်။”
“ဒါက စာချုပ်ကတ်ကိုအသုံးပြုဖို့အတွက် သေချာပေါက်မှန်ကန်တဲ့နည်းလမ်းပဲ။ မင်းတော်တယ် ညီအစ်ကို။”
ထိုအချင်းအရာကိုတွေ့လိုက်ရသောအခါ ရှောင်းယီသည် မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။
“မင်းရဲ့အဆင့်က မှော်ဆရာထက်မြင့်မနေဘူးဆိုရင် သတိထားပါ။ စာချုပ်စွမ်းအားက မတည်ငြိမ်ဘူး။”
ဤစကားလုံးများ ပြောထွက်သွားပြီးနောက် အဖွဲ့တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
“အကြီးအကဲ ဒါက ဘာကိုဆိုလိုတာလဲ။”
“ဒါကိုတောင် မင်းနားမလည်နိုင်ဘူးလား။ ဆိုလိုတာက မှော်ဆရာရဲ့အဆင့်က မင်းထက်မြင့်နေရင် မင်းသူ့ကိုစာချုပ်ချုပ်လိုက်ရင်တောင် သူကစာချုပ်စွမ်းအားကနေ လွတ်မြောက်သွားနိုင်တယ်။”
“ဒီလိုဖြစ်ရိုးဖြစ်စဉ်လည်းရှိသေးတာလား။ ဒါကို ပထမဆုံးအကြိမ်ကြားရဖူးတာပဲ။”
“အကြီးအကဲပြောတဲ့စကားကို မင်းကသံသယဝင်ရဲတယ်လား။”
“မဟုတ်ဘူး..မဟုတ်ဘူး။ အကြီးအကဲပြောတာကို ငါလုံးဝသံသယမဝင်ပါဘူးကွာ။”
“ဒါဆိုအကြီးအကဲ ကျုပ်တို့ဘာလုပ်ရမလဲ။ မှော်ဆရာအဆင့်ကို ကျုပ်တို့မပြောနိုင်ဘူး။”
“ဟုတ်တယ် ဒါအရမ်းဒုက္ခများတာပဲ။ အကြီးအကဲ အကြံကောင်းတစ်ခုခုလောက် မရှိဘူးလား။”
ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“အကောင်းဆုံးနည်းလမ်းကတော့ မှော်ဆရာကိုသတ်ပစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ကို စာချုပ်ချုပ်တာပဲ။ ပြီးရင် ခေါင်းဆောင်ကို အဲ့ဒီဒေသခံတွေကို စီမံခန့်ခွဲခိုင်းတာလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ မှော်ဆရာတွေကလွဲရင် တခြားဒေသခံတွေအားလုံးက သာမန်လူတွေပဲ။ ဒါပေါ့... ဒါတွေအားလုံးက ရှိပြီးသားအချက်အလက်တွေကိုအခြေခံပြီး သုံးသပ်ထားတာ။ နောက်ပိုင်းမှာတော့ ပြောင်းလဲမှုတွေ ရှိကောင်းရှိလာနိုင်တယ်။”
“ကောင်းပြီ ခင်ဗျားရဲ့စကားကို နားထောင်မယ်။”
ထိုသူသည် သူအောင်မြင်စွာ စာချုပ်ချုပ်ပြီးသား မှော်ရောကို ပြတ်ပြတ်သားသားပင် သတ်ပစ်လိုက်၏။ ထို့နောက် ထိုသင်္ဘော၏ခေါင်းဆောင်ကိုရှာဖွေလိုက်သည်။ ရှာတွေ့လိုက်သောအခါ ထိုလူသည် အသက်ရှူနေသေးဟန်ရှိသောကြောင့် သူသည် ထိုလူကို ချက်ချင်းပင် ဘေးနားရှိ ကျယ်ပြန့်သောနေရာတစ်ခုသို့ ဆွဲယူသွားလိုက်သည်။
သူအသက်ရှင်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ အသက်ရှင်နိုင်ရင်တော့ ရိုက်နှက်ပြီး စာချုပ်ချုပ်လိုက်မယ်။ အသက်မရှင်နိုင်တော့ဘူးဆိုရင်တော့ စွန့်လွှတ်လိုက်ရုံပေါ့။
ဒေသခံမျိုးနွယ်စုများတွင် တင်းကျပ်သောအဆင့်အတန်းများရှိသောကြောင့် မှော်ဆရာများနှင့် ခေါင်းဆောင်များကို ၎င်းတို့၏အဝတ်အစားမှတစ်ဆင့် ခွဲခြားသိမြင်နိုင်ပေသည်။
ဆုဝမ်အား အဖွဲ့ထဲရှိ ကယ်ဆယ်ရေးအချက်အလက်များကို စောင့်ကြည့်ခိုင်းလိုက်ပြီးနောက် ရှောင်းယီသည် လှည်းတစ်စီးဖြင့် ကျွန်း၏အနောက်ဘက်သို့သွားကာ ပင်လယ်ထဲတွင် သင်္ဘောကြီးရှစ်စီး တိုက်ခိုက်နေသည်ကို ကြည့်ရှုနေလိုက်သည်။
ထိုသင်္ဘောရှစ်စီးမှာ ချဉ်းကပ်လာသော ဒေသခံသင်္ဘောလေးစီးနှင့် ကျန်လေးစီးမှာ ကျန်းယွင်ထျန်းဦးဆောင်ထားသော သင်္ဘောများဖြစ်ပေသည်။
ဤတစ်ကြိမ်တွင် ကျန်းယွင်ထျန်းသည် မီးဘောလုံးများ သို့မဟုတ် အဆိပ်ငွေ့ဗုံးများကို အသုံးမပြုတော့ဘဲ အခြေခံအကျဆုံး လောက်လွှဲများကိုသာ အသုံးပြုပြီး ဒေသခံသင်္ဘောများကို ဆက်တိုက်တိုက်ခိုက်ရန်အတွက် ကျောက်တုံးများကိုသာ ပစ်ခတ်နေခဲ့သည်။
သင်္ဘောကြီးတစ်စီးပေါ်တွင် သုံးချက်ပစ်လောက်လွှဲလေးခုကို နေရာချထားနိုင်သည်။ S-အဆင့် လဪက်လွှဲများ၏ ကျောက်ပစ်လွှတ်နှုန်းဖြင့် ဒေသခံသင်္ဘောများသည် ပြောမပြနိုင်လောက်အောင်ပင် ဆိုးရွားစွာခံစားနေကြရသည်။
ဒေသခံများသည် ပျံသန်းနေသောကျောက်တုံးများကို ကာကွယ်ရန် ဒိုင်းများကိုသာ အသုံးပြုနိုင်ပေသည်။ သို့သော်လည်း ထိုဒိုင်းများဖြင့် ကောင်းကင်မှတိုက်ခိုက်မှုများကို ကာကွယ်မည်ဆိုပါက ကျန်းယွင်ထျန်းသည် လေးသမားများကို ဦးဆောင်ကာ သင်္ဘောပေါ်ရှိလူများကို တိုက်ခိုက်မည်ဖြစ်သည်။
လူအင်အား သာလွန်မှုမရှိလျှင်ပင် ကျန်းယွင်ထျန်းသည် ထိုဒေသခံများကို လုံးဝဖိနှိပ်ထားနိုင်ခဲ့သည်။
“အမြန်ပြန်ဆုတ်...”
သင်္ဘောတစ်စီးပေါ်ရှိ မှော်ဆရာတစ်ဦးက ချက်ချင်းပင် အော်ဟစ်လိုက်သည်။
အခြားသင်္ဘောသုံးစီးသည် ချက်ချင်းပင် နောက်လှည့်ပြီး ထွက်ခွာရန်ပြင်ဆင်လိုက်တော့သည်။
“အခုမှ ထွက်သွားချင်နေသေးတာလား။”
ကျန်းယွင်ထျန်းက နှာခေါင်းရှုံ့ကာ “ချင်းလုံ” ဟု အော်ခေါ်လိုက်၏။
နဂါး၏အမြီးတစ်ချောင်းသည် ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး အမြန်ဆုံးသင်္ဘောကို ရိုက်နှက်လိုက်တော့လေသည်။
ခရက်
ထိုအမြီးရိုက်ချက်သည် ထိုသင်္ဘော၏ဦးပိုင်းကို ချက်ချင်းကြေမွသွားစေခဲ့သည်။
ဦးပိုင်းတွင်ရပ်နေသော ဒေသခံများစွာ ပင်လယ်ထဲသို့ ပြုတ်ကျသွားကြတော့သည်။
ချင်းလုံ၏တိုက်ခိုက်မှုဖြင့် အခြားသင်္ဘောကြီးသုံးစီးသည်လည်း ပြင်းထန်သောတိုက်ခိုက်မှုများကို ခံစားလိုက်ကြရသည်။
ဘုန်း
ခရက်
သင်္ဘောကြီးသုံးစီးလုံး အပြင်းအထန် တုန်ခါသွားပြီး သင်္ဘောကုန်းပတ်ပေါ်ရှိ ဒေသခံများ ယိုင်နဲ့သွားကြလေသည်။
ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ဤအခွင့်အရေးကို အသုံးချကာ ချက်ချင်းပင် ကျောက်တုံးများဖြင့် ပစ်ခတ်လိုက်ကြသည်။
ယိုင်နဲ့နေသော ဒေသခံများသည် ဒိုင်းများပင့်မြှောက်ရန် အချိန်မရလိုက်ဘဲ ကျောက်တုံးကြီးများ ပြုတ်ကျလာသည်ကိုသာ မြင်လိုက်ကြရသည်။
“အားးး”
အူလှုပ်အသည်းလှိုက် စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာခဲ့သည်။
ထိုတိုက်ခိုက်မှုပြီးနောက် ဒေသခံများသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ကြလေသည်။
“မင်းတို့အားလုံး ဒေသခံဘာသာစကားနဲ့အော်ပြောလိုက်။ အညံ့ခံရင် မသတ်ဘူး။”
ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။
ကျန်းယွင်ထျန်းဦးဆောင်သော သင်္ဘောလေးစီးပေါ်ရှိ ဒေသခံများသည် ချက်ချင်းပင် သံပြိုင်အော်ဟစ်ကြသည်။
“အညံ့ခံရင် မသတ်ဘူး။ အညံ့ခံရင် မသတ်ဘူး။ အညံ့ခံရင် မသတ်ဘူး။”
အရှိန်အဟုန်မှာ သက်တံ့တစ်စင်းကဲ့သို့ပင်။
အခြေအနေသည် ယခုအခါ၌ အလွန်ရှင်းလင်းသွားပြီသည်။ သူတို့သည် ထိုတိုက်ခိုက်မှုများကို ရင်မဆိုင်နိုင်တော့ပေ။ ကျန်းယွင်ထျန်း၏လက်နက်များမှာ အလွန်အဆင့်မြင့်နေခဲ့သည်။
သူတို့သည် ထွက်လည်းမပြေးနိုင်တော့ပေ။ ပင်လယ်ထဲတွင်လည်း အင်အားကြီးမားသော ပင်လယ်သတ္တဝါများရှိနေပြီး ကျန်းယွင်ထျန်းအား သူတို့ကိုတားဆီးရန်အတွက် ကူညီပေးနေခဲ့သည်။
ထိုဒေသခံများတွင် တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ပေ။ ကျန်းယွင်ထျန်းနှင့် အခြားသူများ အော်ဟစ်လိုက်ကြပြီးနောက် ကျန်းယွင်ထျန်း၏အမိန့်အတိုင်း ချက်ချင်းပင် လက်နက်များကိုပစ်ချကာ သူတို့၏လက်များကို မြှောက်ထားလိုက်ကြသည်။
“မှော်ဆရာတွေနဲ့ ခေါင်းဆောင်တွေ သင်္ဘောကုန်းပတ်ရှေ့မှာရပ်လိုက်။ မဟုတ်ရင် ငါ မင်းတို့အားလုံးကိုသတ်ပစ်မယ်။”
ကျန်းယွင်ထျန်းသည် မှော်ဆရာများနှင့် ခေါင်းဆောင်များကို မမြင်ရသောကြောင့် အမိန့်ပေးလိုက်သည်။
ဒေသခံများသည် ချက်ချင်းပင် ဘေးဖယ်လိုက်ပြီး မှော်ဆရာများနှင့် ခေါင်းဆောင်များကို ထုတ်ဖော်ပြသလိုက်ကြသည်။
“ကမ်းခြေဆီကို ရွက်လွှင့်လာပြီး မီတာ ၂၀၀ အကွာမှာ ရပ်လိုက်။”
ကျန်းယွင်ထျန်းက ဆက်လက်အမိန့်ပေးသည်။
ကျန်းယွင်ထျန်းနှင့် သူ၏သင်္ဘောကြီးလေးစီးသည် ဒေသခံသင်္ဘောလေးစီးကို အကျဉ်းသားများကဲ့သို့ ကမ်းခြေမှ မီတာ ၂၀၀ အကွာသို့ ပို့ဆောင်လိုက်သည်။
ရှောင်းယီသည် ရှေ့ဆုံးရှိ မှော်ဆရာများနှင့် ခေါင်းဆောင်များကို ကြည့်ရှုကာ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
“အမြင့်ဆုံးက A-အဆင့်ပဲ။ ဘာကြောင့်လဲ...။”
ရှောင်းယီ၏ကိုယ်ပိုင်အဆင့်နှင့် ကျွန်း၏ဧရိယာအရ တိုက်ခိုက်လာသော ဒေသခံများသည် S-အဆင့် ဖြစ်သင့်ပေသည်။
“မဟာမိတ်အဖွဲ့နဲ့များ ဆက်စပ်မှုရှိနိုင်မလား။”
ရှောင်းယီသည် သူ၏စိတ်ထဲမှ တွေးလိုက်မိပြီး ကျန်းယွင်ထျန်းကို ပြောလိုက်သည်။
“အမြင့်ဆုံးက A-အဆင့်ပဲ။ ကျန်တာတွေကိုတော့ မင်းတာဝန်ယူပြီး ဖြေရှင်းလိုက်ပါ။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ သူသည် S-အဆင့်သို့ အဆင့်တက်သွားပြီးဖြစ်ပြီး A-အဆင့် မှော်ဆရာ၏တိုက်ခိုက်မှုသည် သူ့အပေါ်၌ လုံးဝသက်ရောက်မှုမရှိတော့ပေ။
ရှောင်းယီသည် ရထားလုံးထဲသို့ပြန်ဝင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။ သူ ဗီလာသို့ပြန်ရောက်သည်နှင့် ဆုဝမ်သည် ထရပ်လာခဲ့ပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အများသုံးချန်နယ်ပေါ်မှာ အချက်အလက်အသစ်ရှိတယ်။ ကျွန်မဘာသာပြန်ပြီး ရှင့်ဆီပို့ထားပြီးပြီ။”
“ကောင်းပြီ ကျေးဇူးတင်ပါတယ်။ ငါ ပြန်သွားကြည့်လိုက်မယ်။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီးနောက် ရှောင်းယီသည် ဆုဝမ်ဘာသာပြန်ပေးထားသော အကြောင်းအရာကို မြင်လိုက်ရသည်။ ၎င်းသည် နည်းဗျူဟာလမ်းညွှန်တစ်ခုဖြစ်ပြီး ယခင်ကမ္ဘာမှ ဂိမ်းကျွမ်းကျင်သူ ကျဲဘီ(J/B) မှ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
“လူတိုင်းပဲ မဟာမိတ်အဖွဲ့ကစားနည်းအကြောင်း ကျုပ် အကြမ်းဖျင်း သိလိုက်ရပြီ။ နည်းဗျူဟာလမ်းညွှန်လိုချင်တယ်ဆိုရင် အုတ်မြစ်ကျောက်တစ်ခုပေးပြီးဖတ်လို့ရတယ်။ ဒီနည်းဗျူဟာလမ်းညွှန်က ခင်ဗျားတို့အတွက် အရမ်းအသုံးဝင်လိမ့်မယ်လို့ ကျုပ်အာမခံတယ်။ နောက်ပိုင်းမှာလည်း မဟာမိတ်အဖွဲ့နဲ့ပတ်သက်တဲ့ နည်းဗျူဟာလမ်းညွှန်တွေကို အခမဲ့ထပ်တင်ပေးမယ်။”
ဤမက်ဆေ့ဂျ်ကိုမြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူကိုယ်တိုင်သည် မဟာမိတ်အဖွဲ့နှင့် အလွန်ရင်းနှီးပြီးသားဖြစ်ပြီး အချို့သောအချက်အလက်များကို အဖွဲ့ထဲတွင်ပြောပြပြီးသားဖြစ်သည်။ ဤကျဲဘီတွင် အချက်အလက်များ ပို၍ရှိနေသည်လော။
သို့သော် ဤဈေးနှုန်းသတ်မှတ်ချက်သည် တကယ် ဈေးမကြီးပေ။ ထို့ကြောင့် ရှောင်းယီသည် ၎င်းကို တိုက်ရိုက်ဝယ်ယူလိုက်ပြီး ဝယ်ယူထားသော နည်းဗျူဟာလမ်းညွှန်ကို ဆုဝမ်ဆီသို့ ကော်ပီပို့ကာ သူမအား ဘာသာပြန်ပြီး သူ့ထံပြန်ပို့ပေးရန် တောင်းဆိုလိုက်သည်။
ဆုဝမ်သည် နှစ်မိနစ်အတွင်း ဘာသာပြန်၍ပြီးစီးသွားပြီး ချက်ချင်းပြန်ပို့ပေးခဲ့သည်။ ရှောင်းယီ ချက်ချင်းဖတ်ကြည့်လိုက်လေသည်။
အခန်း ၄၈၀ - ဂျေဘီတွင် အခကြေးငွေယူသော နည်းဗျူဟာ အချက်အလက် အသစ်ရှိနေခြင်း၊ အကျဉ်းသားများအား ပို့ဆောင်ခြင်း
ထိုလမ်းညွှန်ကိုဖတ်ပြီးနောက် ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်မိသည်။
“ဒီကျဲဘီဆိုတဲ့ကောက်က တစ်ခုခုတော့ တစ်ခုခုပဲ။”
ကျဲဘီ၏လမ်းညွှန်တွင် ရေးသားထားသည့် အရာများစွာကို ရှောင်းယီ သိရှိထားပြီးသားဖြစ်သော်လည်း အချက်တစ်ချက်သည် ရှောင်းယီ၏မကြာသေးမီက စိတ်ရှုပ်ထွေးခဲ့မှုကို ဖြေရှင်းပေးခဲ့ပေသည်။
“ဒေသခံပူးပေါင်းအဖွဲ့ရဲ့ ခွန်အားအဆင့်က မဟာမိတ်အဖွဲ့အတွင်းမှာရှိတဲ့ ကျွန်းအားလုံးရဲ့ ပျမ်းမျှအဆင့်နဲ့ ဆုံးဖြတ်တယ်။ ဒီသုံးသပ်ချက်ကို မဟာမိတ်အဖွဲ့ငါးခုရဲ့ တိုက်ခိုက်မှုအခြေအနေတွေကို ပေါင်းစပ်ပြီး ရရှိခဲ့ခြင်းဖြစ်ပါတယ်။”
“ကျွန်းတစ်ကျွန်းက မဟာမိတ်အဖွဲ့တည်ထောင်တာ ဒါမှမဟုတ် ဝင်ရောက်ခြင်းမျိုးမရှိဘူးဆိုရင် ဒေသခံပူးပေါင်းအဖွဲ့ရဲ့ခွန်အားအဆင့်က အဲ့ဒီကျွန်းရဲ့ဖွံ့ဖြိုးတိုးတက်မှုထက် အနည်းငယ်မြင့်မားလိမ့်မယ်။ ဒါပေမယ့် တိုက်ခိုက်ဖို့ရောက်ရှိလာတဲ့ ဒေသခံအရေအတွက်ကလည်း ယခင်ကထက် အများကြီးပိုများလိမ့်မယ်။ ဒီအချက်ကို မဟာမိတ်အဖွဲ့ထံမဝင်ရောက်ရသေးတဲ့ ကျွန်းခုနှစ်ကျွန်းကနေ အတိုချုပ်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။”
အံ့အားသင့်စရာမဟုတ်တော့ပေ။ ယခင်က ရှောင်းယီ၏ကျွန်းကို တိုက်ခိုက်ရန် ရောက်ရှိလာသော မှော်ဆရာများ၏ အမြင့်ဆုံးအဆင့်သည် A-အဆင့်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စွန်းယောင်၊ စွန်းကုထောင်နှင့် ဖန်မင်လုံတို့ကျွန်းသုံးကျွန်း၏ အနိမ့်ဆုံးအဆင့်များသည် မဟာမိတ်အဖွဲ့၏ စုစုပေါင်းအဆင့်ကို လျှော့ချပေးလိုက်သောကြောင့်ဖြစ်သည်။
ထို့အပြင် ကျဲဘီကလည်း အကြံပြုထားသည်။
“ဖြစ်နိုင်မယ်ဆိုရင် သင့်ရဲ့မဟာမိတ်အဖွဲ့ထဲကို ဖွံ့ဖြိုးတိုးတက်မှုအဆင့် အလွန်နိမ့်တဲ့ ကျွန်းနှစ်သုံးကျွန်းခန့်ကို ရှာဖွေပြီး ဝင်ရောက်စေရန် အကြံပြုပါတယ်။ အဲ့လိုဆိုရင် တိုက်ခိုက်ဖို့ရောက်ရှိလာတဲ့ ဒေသခံတွေရဲ့အဆင့်က အလွန်မြင့်မားမှာမဟုတ်သလို မဟာမိတ်အဖွဲ့အတွက် ကိုင်တွယ်ဖြေရှင်းဖို့လည်း ပိုမိုလွယ်ကူစေလိမ့်မယ်။”
“ဒီနည်းအတိုင်းသာဆိုဆိုရင် အကောင့်ငယ်လေးတွေက အရမ်းရေပန်းစားလာတော့မှာပဲ။”
ရှောင်းယီ စိတ်ထဲတွေးလိုက်မိသည်။
ထိုအချိန်တွင် ယီထျန်းအဖွဲ့သည်လည်း ဤကိစ္စကို စတင်ဆွေးနွေးရန်ကြတော့သည်။
“စကားမစပ် ခင်ဗျားတို့ ကျဲဘီရဲ့လမ်းညွှန်ကို ဝယ်ပြီးကြပြီလား။”
“ငါဝယ်ပြီးပြီ။ အုတ်မြစ်ကျောက်တစ်ခုတည်း မဈေးကြီးဘူး။ ဖတ်ပြီးတဲ့နောက် တကယ်ကို အသုံးဝင်တယ်။ အဲ့ဒါကြောင့် မရှုံးဘူးလို့ပြောရမယ်။”
“ငါလည်းဝယ်ပြီးပြီ။ ဒီကျဲဘီက တကယ်တော်တယ်။ ဒီလောက်မြန်မြန်နဲ့ ဒီလောက်အချက်အလက်တွေအများကြီးကို စုစည်းနိုင်တယ်။”
“မင်းတို့ကောင်တွေ တော်တော်ဖြုန်းတီးတာပဲ။ အဲ့ဟာကို တစ်ယောက်ဝယ်ပြီး ကျန်တဲ့သူတွေကိုပြောပြလိုက်ရင် ရနေတာကို။”
“အဲ့လောက်ထိ ကပ်စေးနည်းမနေစမ်းပါနဲ့။ အုတ်မြစ်ကျောက်တစ်ခုတည်းပဲဟာ။ ဒါ့အပြင် တစ်ယောက်ယောက်ကဝယ်ပြီး မင်းကိုပြောပြတယ်ရင်တောင် သူတို့တစ်ခုခုကွယ်ဝှက်ထားမှာကို မစိုးရိမ်ဘူးလား။ ကိုယ်တိုင်ဝယ်ပြီးဖတ်တာက ပိုပြီးစိတ်ချရတယ်။”
“မှန်တယ်။ ဒါပေမယ့် လူတိုင်းပဲ ဒီလမ်းညွှန်ရဲ့စစ်မှန်မှုကို ဘယ်လိုထင်ကြလဲ။”
“သေချာပေါက် အစစ်အမှန်ပဲ။ ကျဲဘီဆိုတာ အရင်က ကမ္ဘာ့နံပါတ်တစ်ထိပ်တန်းစူးစမ်းရှာဖွေရေးအဖွဲ့အစည်းလူတစ်ယောက် ဖြစ်ခဲ့တယ်။ အရင်က မင်းတို့သူ့ကိုသံသယရှိခဲ့ကြတယ်။ ဒါပေမယ့် အကြီးအကဲကထွက်ပြီး သက်သေပြခဲ့တယ်လေ။ ရတနာမြေပုံလမ်းညွှန်တုန်းကလည်း တကယ်စစ်မှန်တယ်။”
“ဒီမှာသံသယထားတဲ့ သဘောထားရှိရတာက မကောင်းတာတော့မဟုတ်ဘူး။ မင်းက အဲ့ဒီစူးစမ်းရှာဖွေသူကိုယုံတယ်။ ဒါပေမယ့် ဒါက မင်းရဲ့ကိုယ်ပိုင်ရှုထောင့်ပဲ ကိုယ်စားပြုတယ်။ တခြားလူတွေကိုတော့ ကိုယ်စားပြုလို့မရဘူး။”
“အမှန်ပဲ။ ငါကတော့ ရှေ့ဆက်ပြီး အကြီးအကဲကိုပဲ ယုံပြီး အကြီးအကဲရဲ့သုံးသပ်ချက်တွေကိုပဲ စောင့်နေမယ်။”
ထိုအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“ကျုပ်တို့ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေအရ ကျဲဘီရဲ့လမ်းညွှန်ကအမှန်ဖြစ်သင့်တယ်။”
“ဟားဟား...အခုတော့ မင်းတို့သံသယဖြစ်စရာမလိုတော့ဘူးမလား။ ကျဲဘီက ပြိုင်ဘက်ကင်းပဲ။”
“သေချာပေါက်ပဲပေါ့။ ကြယ်ပွင့်တွေကို အားကျတဲ့သူတွေက နေရာတိုင်းမှာရှိတယ်။ ဒီကမ္ဘာမှာ မင်းရဲ့အိုင်ဒေါကို အမီလိုက်ဖို့ကတော့ သိပ်မလွယ်ဘူး။”
“ဘာကိုကြယ်ပွင့်အားကျတဲ့သူလဲ။ ကျုပ်က ကျဲဘီရဲ့ခွန်အားကို ချီးကျူးရုံပဲ။”
“ဒါဆိုရင် ကျုပ်တို့ ဖွံ့ဖြိုးတိုးတက်မှုအရမ်းညံ့တဲ့ မဟာမိတ်အဖွဲ့ဝင်တစ်ချို့ကို ရှာသင့်လား။”
“ဖြစ်နိုင်လောက်တယ်။ ဒီလောကရဲ့စည်းမျဉ်းတွေက လူတိုင်းကို အကောင့်ငယ်လေးတွေကို သယ်သွားခိုင်းနေသလိုမျိုး ခံစားရတယ်။”
“အကောင့်ငယ်အသစ်တွေကို ဂိမ်းရဲ့အတွေ့အကြုံ အလွန်ဆိုးရွားနိုင်တဲ့နေရာကနေ ကာကွယ်ခိုင်းတာဖြစ်နိုင်လောက်လား။”
“သေရောကွာ...ငါက အကောင့်ငယ်သုံးခုနဲ့ ပူးပေါင်းပြီးပြီ။ ဒီလိုမှန်းသာကြိုသိခဲ့ရင် သူတို့အားလုံးကို ဆက်ထိမ်းထားလိုက်ပါတယ်ကွာ။”
“ငါရောပဲ။ ဒီထဲမှာ ကျွန်းဖွံ့ဖြိုးတိုးတက်မှုနိမ့်တဲ့သူရှိသေးလား။ ကျုပ်ကို အခုချက်ချင်းညဆက်သွယ်ပေးပြီး ကျုပ်ရဲ့မဟာမိတ်အဖွဲ့ထဲ ဝင်ပေးပါ။ အဆင့်မြင့်အစားအစာတွေနဲ့ ဆုချီးမြှင့်ပါမယ်။”
“မဟာမိတ်အဖွဲ့အတွက် လူစုဆောင်းနေပါတယ်။ အကောင့်ငယ်များကို ဦးစားပေးပါမယ်။ မဟာမိတ်အဖွဲ့တစ်ခုလုံးက သင့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝထောက်ပံ့ပေးမယ်။”
အချိန်တစ်ခုအထိ ဂရုတစ်ခုလုံးသည် အကောင့်ငယ်များအား လူစုဆောင်းခြင်းဆိုင်ရာ အချက်အလက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်းယီက အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။ ထိုစဉ် ကျန်းယွင်ထျန်းသည် တေါ်ကီတော်ကီကို အသုံးပြု၍ အသံမက်ဆေ့ဂျ်တစ်ခု ထပ်မံပေးပို့လာခဲ့သည်။
“ကျွန်းပိုင်ရှင် စွန်းကုထောင်ရဲ့လူတွေက အကျဉ်းသားတွေကို ခေါ်လာနေပါပြီ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီသည် အချိန်ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“သူတို့မြန်မြန်ရောက်လာတာပဲ။ ငါသွားကြည့်လိုက်မယ်။”
ရှောင်းယီသည် နာ့နာကို ဆိပ်ကမ်းသို့ ခေါ်ဆောင်သွား၏။ ထိုနေရာတွင် လူနှစ်ဦးရပ်နေပြီး ပတ်ပတ်လည်ကို အံ့အားသင့်စွာကြည့်ရှုရင်း သူတို့၏မျက်လုံးများသည်လည်း အံ့ဩထိတ်လန့်မှုများဖြင့်ပြည့်နှက်နေခဲ့လေသည်။
“ကျွန်းပိုင်ရှင်”
ထိုလူနှစ်ဦးသည် ရှောင်းယီကိုမြင်သောအခါ ချက်ချင်း ရှေ့သို့တက်ကာ နှုတ်တက်လိုက်ကြသည်။
“ကျုပ်က ဟွားလန်ပါ၊ သူက ကောင်းယုတဲ့။ ကျုပ်တို့ကျွန်းခေါင်းဆောင်ရဲ့အမိန့်အရ အကျဉ်းသားတွေကိုခေါ်ပို့တာပါ။”
ဟွားလန်က မိတ်ဆက်ပေးရင်း ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်းတို့ အပန်းဖြေစခန်းမှာ အနားယူလို့ရတယ်။ ကျန်တာတွေကိုတော့ ငါတို့ဂရုစိုက်လိုက်မယ်။”
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဟွားလန်တို့နှစ်ဦးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ကျန်းယွင်ထျန်းနှင့် အခြားသူများ ယခင်က ဖမ်းဆီးထားသော ဒေသခံများ အပါအဝင် ရှောင်းယီ၏ကျွန်းတွင် ဒေသခံနှစ်ထောင်နီးပါး ရုတ်တရက် ထပ်တိုးလာခဲ့သည်။
ရှောင်းယီသည် မှော်ဆရာများနှင့် ခေါင်းဆောင်များအားလုံးကို ရွေးချယ်ကာ ၎င်းတို့ကို သီးသန့်ကိုင်တွယ်လိုက်သည်။ ကျန်ရှိနေသူများအားလုံးကိုမူ အကျဉ်းထောင်ထဲသို့ ပစ်ထည့်လိုက်၏။ ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ အလုပ်သမားများအဖြစ် ပြုပြင်ပြောင်းလဲရေးပြီးနောက် မျိုးနွယ်စုလေးစု သို့မဟုတ် မဟာမိတ်အဖွဲ့ကျွန်းသုံးကျွန်းသို့ စေလွှတ်ပေးမည်ဖြစ်သည်။
ရှောင်းယီသည် သူ၏အဆင့်ဖြင့် ဖိနှိပ်မှုအောက်တွင် မှော်ဆရာများအားလုံး စာချုပ်ချုပ်ဆို၍ ပြီးဆုံးခဲ့သည်။
ကျန်းယွင်ထျန်းသည်လည်း လတ်တလောဖမ်းဆီးထားသော အကျဉ်းသားများကို ကိုင်တွယ်ဖြေရှင်းပြီးပြီဖြစ်ကာ သူ့နားသို့ လမ်းလျှောက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ဒီနေ့စာချုပ်ချုပ်ထားတဲ့ မျိုးနွယ်စုလေးစုက မှော်ဆရာတွေထဲကတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်ကျွန်းကို စွန့်လွှတ်ပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ကျွန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ရွေးချယ်ခဲ့တယ်။”
ကျန်းယွင်ထျန်းက အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်သည်။
ယခင်ကြုံတွေ့ခဲ့ရသော ဒေသခံများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ပြီးနောက် အမြဲတမ်း သူတို့၏မူလကျွန်းသို့ ပြန်သွားရန်သာ ရွေူချယ်ကြပေသည်။
မျှော်လင့်မထားသည်မှာ ဤအကြိမ်တွင် သူတို့သည် အခြားရွေးချယ်စရာတစ်ခုကို ရွေးချယ်သော မှော်ဆရာတစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီး ထိုလူသည် အသက်ရှင်ကျန်ရစ်သူများ၏ကျွန်းပေါ်တွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ရန် ရွေးချယ်ခဲ့ပေသည်။
ထိုစဉ် သူတို့ဘေးမှလိုက်လာသော ပိုင်ချီက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ် အဲ့ဒီကျွန်းကိုစီမံခန့်ခွဲပြီး အနောက်ဘက်ကို စောင့်ကြည့်ချင်ပါတယ်။”
ဤတစ်ကြိမ်လာရောက်တိုက်ခိုက်ကြသော ဒေသခံများသည် အနောက်ဘက်မှ လာကြခြင်း၏။ အနောက်ဘက်တွင် မဟာမိတ်အဖွဲ့ကျွန်းရှိပါက ပိုမိုစောစီးစွာ ရှာဖွေတွေ့ရှိနိုင်ပြီး ရှောင်းယီ၏ကျွန်းအနီးသို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေး ရရှိခဲ့လိမ့်မည်မဟုတ်ပေ။
ရှောင်းယီ ခေါင်းညိတ်လိုက်၏။ ယခု အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် မဟာမိတ်အဖွဲ့ကျွန်းများ ရှိနေပြီဖြစ်ပြီး အနောက်ဘက်တွင်သာ ကွာဟမှုရှိနေခြင်းဖြစ်သည်။
ဤအကြိမ်တိုက်ခိုက်ရန် ရောက်ရှိလာသော ဒေသခံများသည် သူတို့အတွက် ကျွန်းတစ်ကျွန်း ယူလာပေးခဲ့သည်။ ထို့ကြောင့် ဤစစ်ပွဲအရူးပိုင်ချီအား ၎င်းကိုလွှဲပြောင်းယူကာ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်စေပြီး ကျွန်းကိုရွှေ့ပြောင်းစေခြင်းဖြင့် ဤကွာဟမှုကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
“ကောင်းပြီ ငါသဘောတူတယ်။ သူတို့ရဲ့ဦးတည်ချက်ကျောက်တုံး အေးခဲချိန်ပြီးတာနဲ့ မင်းနဲ့ အဲ့ဒီမှော်ဆရာနဲ့ ကျွန်းကိုသွားရွှေ့လိုက်။”
ရှောင်းယီက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်”
ပိုင်ချီသည် ဒူးတစ်ဖက်ထောက်ကာ လက်အုပ်ချီပြီး ပြောလိုက်သည်။
“ထပါ...နောက်ပိုင်းမှာ ကျွန်းကိုကောင်းကောင်းစီမံခန့်ခွဲပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဟွားလန်နှင့် ကောင်းယုတို့သည် စွန်းကုထောင်၏ ကျွန်းပေါ်တွင် အပန်းဖြေစခန်း၏အလှတရားအကြောင်း ကြားဖူးခဲ့သည်။
သူတို့အတွက် ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သောကြောင့် အနည်းငယ်သတိထားနေခဲ့ကြသည်။
“ဘယ်ကိုအရင်သွားကြမလဲ။”
ဟွားလန်က မေးလိုက်သည်။
“မင်းက ပုံမှန်ဆိုရင် အရမ်းဉာဏ်များတယ်မဟုတ်ဘူးလား။ အခုမှ ဘာလို့ငါ့ကိုလာမေးနေတာလဲ။”
ကောင်းယုက ပြုံးကာ ပြောလိုက်သည်။
“ဒါက အပန်းဖြေစခန်းကို ပထမဆုံးအကြိမ်ရောက်ထူးတာလေ။ ငါ့မှာ အတွေ့အကြုံမရှိဘူးကွ။”
ဟွားလန်က အကြောင်းပြချက်ပေးလိုက်သည်။
“မင်း တစ်ခါမှ အပန်းဖြေစခန်းမရောက်ဖူးဘူးလား။”
ကောင်းယုက သိလိုစွာ မေးလိုက်သည်။
“မရောက်ဖူးဘူး။ ငါ့မိသားစုရဲ့ စီးပွားရေးအခြေအနေက ကန့်သတ်ချက်ရှိတယ်။ အဲ့ဒါကြောင့် အပန်းဖြေစခန်းကို တစ်ခါမှမရောက်ဖူးဘူး။”
ဟွားလန်က သူ၏ခေါင်းကိုပွတ်သပ်ကာ ပြောလိုက်သည်။
ကောင်းယု ခေါင်းညိတ်လိုက်သည်။
“ဒါဆိုငါ့နောက်ကိုလိုက်ခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာတစ်ရက်နားချိန်ရတာပဲ။ ဘားသွားကြရအောင်။ ငါ ဘီယာမသောက်ရတာကြာပြီ။”
“ကောင်းပြီ”
ဟွားလန်က ချက်ချင်းပင် သဘောတူလိုက်သည်။
ဘားထဲသို့ ဝင်ရောက်လိုက်သောအခါ အေးမြသောလေတစ်ခုသည် သူတို့ကို ရိုက်တိုက်ခတ်သွားပြီး နှစ်ဦးစလုံး တုန်ရီသွားခဲ့ကြသည်။
“အေးလိုက်တာ...”
သူတို့နှစ်ဦးသည် ကူကယ်ရာမဲ့သွားခဲ့ကြပြီး သူတို့၏နှလုံးသားထဲ၌ တိတ်တဆိတ် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ထိုစဉ် ဒေသခံစားပွဲထိုးတစ်ဦးသည် ကတ်ထူပြားဖြင့်ပြုလုပ်ထားသော မီနူးတစ်ခုကိုကိုင်ဆောင်ကာ သူတို့အနားသို့ရောက်လာပြီး ထိုမီနူးကို သူတို့ရှေ့တွင် ချထားကာ မေးလိုက်သည်။
“နှစ်ယောက်လုံး ဘာများမှာယူချင်ပါသလဲ။”