အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အခန်း ၄၈၁။ ဒေသခံများ ညဘက်၌ တိတ်ဆိတ်နေခြင်း၊ သင်္ဘောကြီးငှားရမ်းကာ ပေါင်းစည်းခြင်း
သူတို့နှစ်ယောက်သည် ထိုခဲတံဖြင့်ရေးဆွဲထားသော မီနူးကိုကြည့်ကာ အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။ လက်ရေးမှာ အလွန်ပင် သပ်ရပ်လှပေသည်။
၎င်းသည် ကျူးချန်းထဲမှ ဒူခန်း ရှာဖွေတွေ့ရှိခဲ့သော လက်ရေးအလွန်လှသူတစ်ဦးဖြစ်ပြီး ထိုလူအား မီနူးရေးရန်အတွက် အထူးခန့်အပ်ထားခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ဦး ဈေးနှုန်းများကို ကြည့်ရှုပြီးနောက် ကောင်းယုက မေးလိုက်သည်။
“အဖွဲ့သားတွေက လျှော့ဈေးရတယ်လို့ ကျုပ်ကြားဖူးတယ်။ အခုလျှော့ဈေးက ဘယ်လောက်လဲ။”
“အဖွဲ့သားတွေက ၅၀% လျှော့ဈေးရပါတယ်။”
စားပွဲထိုးက ပြန်လည်ဖြေကြားလိုက်သည်။
၅၀% လျှော့ဈေးဆိုသည်ကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ၎င်းတို့၏ စိတ်ဝိညာဉ်ထဲမှ ဂုဏ်ယူမှုနှင့် ကြည်နူးမှုတစ်ခု ပေါ်ပေါက်လာခဲ့ကာ ၎င်းတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာကို ပိုမို၍ အသိအမှတ်ပြုမိသွားကြသည်။
“ဒါဆို C-အဆင့်ဘီယာနှစ်ခွက်ပေးပါ။”
ကောင်းယုက ပြောလိုက်သည်။
“ဟုတ်ကဲ့ ခဏစောင့်ပေးပါခင်ဗျ။”
ထို့နောက် စားပွဲထိုးသည် မီနူးကို လက်ခံရယူပြီး နောက်သို့ ပြန်လည်လျှောက်သွားကာ မကြာမီ ဘီယာများကို ယူဆောင်လာပေးခဲ့သည်။
“နှစ်ယောက်လုံး ဘီယာအရသာကို ခံစားလိုက်ကြပါဦး။”
စားပွဲထိုး ထွက်သွားပြီးနောက် ဟွားလန်က ခွက်တစ်ခြကို ကောက်ယူပြီး အနည်းငယ် သောက်လိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒီမှာနေရတာ အတိတ်ကို ပြန်ရောက်သွားသလိုတောင် ခံစားရတယ်။”
“ဟုတ်တယ်...ဒါပေမယ့် စိတ်မကောင်းစရာက ဒါဟာ ငါတို့ အရင်ကသိခဲ့တဲ့ ကမ္ဘာကြီး မဟုတ်တော့ဘူးတာပဲ။”
ကောင်းယုက စိတ်ခံစားချက်အချို့ဖြင့် ပြောလိုက်သည်။
“ဒီမှာ အဲယားကွန်း၊ ဘီယာ၊ ပြီးတော့ စားကောင်းသောက်ကောင်းတွေလည်း အများကြီးရှိတယ်။ ငါတို့သာ ဒီမှာ အမြဲတမ်းနေနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။”
ဟွာလန်းက ကျယ်ပြန့်သောပင်လယ်ပြင်ကြီးဘက်သို့ ကြည့်ရှုကာ ပြောလိုက်၏။
ကောင်းယုလည်း ပြုံးလိုက်မိသည်။
“ဒီကိုလာပြီး ဒီလိုပျော်ရွှင်မှုကိုခံစားခွင့်ရတာနဲ့တင် ငါတို့က ကံကောင်းနေပါပြီ။ တောင်းဆိုမှုတွေ အရမ်းမများစေနဲ့။”
ဟွားလန်းးက ခေါင်းညိတ်လိုက်၏။
“ဟုတ်ပါတယ်...ငါက စိတ်လှုပ်ရှားသွားမိရုံပါပဲ။ အခုအခြေအနေနဲ့တင် ငါတော်တော်လေး ကျေနပ်နေပါပြီ။ အခု ပြန်တွေးကြည့်မယ်ဆိုရင် အဲဒီတုန်းက လောင်တနောက်ကို လိုက်ခဲ့တာက တကယ်ကို ဝမ်းသာစရာပဲ။ မဟုတ်ရင် ငါတို့ ကျွန်းပိုင်ရှင်နဲ့ ဘယ်တော့မှ ဆက်ဆံခွင့်ရမှာမဟုတ်ဘူး။”
“ဟုတ်တယ်...ငါလည်း ဟန်ဆောင်ပြီး ပြောမနေတော့ပါဘူး။ ငါ အဲဒီတုန်းက လောင်တနဲ့ စာချုပ်ချုပ်ရတာကို နည်းနည်းလေးတောင် မကျေမနပ်ဖြစ်ခဲ့မိသေးတယ်။”
ကောင်းယုက လေးလေးနက်နက် သဘောတူညီကာ ပြောလိုက်သည်။
“ငါလည်း အဲ့ဒီလိုပါပဲ။ ဒါပေမယ့် ကံကောင်းလို့ အဲဒီအချိန်တုန်းက မခုခံခဲ့မိဘူး။ မဟုတ်ရင် ငါတို့ သေဆုံးသွားနိုင်တယ်။”
ဟွားလန်က ပြောလိုက်သည်။
“ငါ ကျွန်းပိုင်ရှင်ရဲ့ အပျော်စီးသင်္ဘောပေါ်မှာ ရှိနေတုန်းကမြင်ကွင်းကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။ အဲ့ဒီသင်္ဘောကြီးက ဒေသခံတွေရဲ့ သင်္ဘောကြီးကို တိုက်လည်းတိုက်မိသွားရော ဘယ်လောက်ထိ ပြင်းထန်ခဲ့တယ်ဆိုတာ။”
သူနှစ်ယောက်သားသည် ဘားခန်းထဲတွင် ဘီယာသောက်ရင်း စကားစမြည်ပြောနေကြခဲ့သည်။
သူတို့နှစ်ဦး စကားပြောနေစဉ် ချွေးများဖြင့်စိုရွှဲနေသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။
“ကျုပ်ကို B-အဆင့် ဘီယာတစ်ခွက်ပေးပါ။”
ထိုလူငယ်က အော်ပြောလိုက်သည်။
ကောင်းယုနှင့် ဟွားလန်တို့သည် ထိုလူကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုရင်း တွေးမိလိုက်ကြသည်။
“ဒီလူက အရမ်းချမ်းသာနေတာမဟုတ်ဘူးလား။ B-အဆင့်ဘီယာကိုတောင် ချက်ချင်းမှာလိုက်တယ်။”
“ဆေးအတုရောင်းတဲ့လူလား။ ကျွန်းပိုင်ရှင်ရဲ့အလုပ်က ပြီးသွားပြီလား။”
ဒူခန်းသည် ထိုလူငယ်၏ အသံကို ကြားလိုက်ရပြီး ဘားခန်းနောက်မှ ခေါင်းထုတ်ကာ မေးမြန်းလိုက်သည်။
“ဟုတ်တယ်...ကျုပ် ကျွန်းပိုင်ရှင်အတွက် ဆေးမှုန့်စုစုပေါင်း ၂၀၀ ကီလိုဂရမ် လုပ်ပေးခဲ့တယ်။ အချိန်ခဏအတွက်တော့ လုံလောက်မယ်ထင်တာပဲ။”
စွန်းယောင်က ပြန်လည်ဖြေကြားလိုက်သည်။
ဒူခန်း၏စကားကို ကြားလိုက်ရသော ကောင်းယုနှင့် ဟွားလန်တို့ ချက်ချင်းပင် အံ့အားသင့်သွားခဲ့ကြသည်။
“ဒီလူက အဖွဲ့ထဲက ဆေးရောင်းသူလား။”
ဆေးရောင်းသူသည် ဆေးပြား၊ ဆေးကပ်ခွာများ ပြုလုပ်နိုင်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး သူသည်လည်း ကျွန်းပိုင်ရှင်ထံသို့ ခိုလှုံခဲ့သည်။ ကျွန်းပိုင်ရှင်သည် အမှန်တကယ်ပင် နက်နဲစွာ ပုန်းကွယ်နေသူတစ်ဦးပင်။
ရှောင်းယီသည် စွန်းယောင် ပေးပို့လိုက်သော ဆေးမှုန့်များကို လက်ခံရရှိခဲ့ပြီး ချက်ချင်းပင် ထိုဆေးမှုန့်များကို အဆိပ်ငွေ့ဗုံးများအဖြစ်သို့ ပြောင်းလဲလိုက်လေသည်။
စုစုပေါင်း တွက်ချက်ကြည့်ပြီးနောက် အခုလေးထောင်သာ ပြုလုပ်နိုင်ခဲ့သည်။ ယင်းသည် ကိုးသောင်းကျော်ရှိသော အဖွဲ့ဝင်များအတွက်တော့ အနည်းငယ် နည်းပါးနေဆဲပင်။
သို့သော် ကျဲဘီ၏နည်းဗျူဟာသည် လူတိုင်းအား ဒေသခံမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုများကို တိုက်ခိုက်ရန် နည်းလမ်းတစ်ခုကို ထပ်မံပေးအပ်ခဲ့ပေသည်။ ယင်းမှာ အရံဇာတ်ကောင်များအား ခေါ်ယူခြင်းပင်။
မဟာမိတ်ခေါင်းဆောင်၏အဆင့်သည် အနည်းငယ် မြင့်မားပါက ဒေသခံမဟာမိတ်တပ်ထဲရှိ မှော်ဆရာများကို စိုးရိမ်စရာမလိုတော့ပေ။ ၎င်းတို့သည် အခြားနည်းလမ်းများဖြင့် ဒေသခံများကို နှင်ထုတ်နိုင်သည် သို့မဟုတ် အနိုင်တိုက်နိုင်ပေလိမ့်သည်။
မိုးကောင်းကင်သည် တဖြည်းဖြည်း မှောင်မိုက်လာပြီး ရှောင်းယီလက်ထဲရှိ အဆိပ်ငွေ့ဗုံးများ၏ တစ်ဝက်ကျော်ကို ရောင်းချပြီးသွားပြီဖြစ်သည်။
“ဒေသခံမဟာမိတ်တပ်ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားသလိုပဲ။ မဟာမိတ်တပ်ရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ရသူ မရှိတော့တာကြာပြီ။”
“ဟုတ်တယ်...သူတို့တကယ်ပဲ ငြိမ်သက်သွားပြီထင်တယ်။”
“ညဘက်မှာ မဟာမိတ်တပ်တွေက လာမတိုက်တာများလား။”
“ဘယ်သူသိမှာလဲ။ ဒါပေမယ့် ညဘက်မှာ ရုတ်တရက် တိုက်ခိုက်မှုတွေအတွက် လူတိုင်း ပြင်ဆင်ထားသင့်တယ်။”
“တိုက်ခိုက်မှုရှိရှိ၊မရှိရှိ ဘယ်လိုပဲဖြစ်ဖြစ် ပေါင်းစည်းသင့်တာတွေကို မြန်မြန်ပေါင်းစည်း၊ ပူးပေါင်းသင့်တာတွေ မူးပေါင်းပြီးတော့ ကိုယ့်ရဲ့စွမ်းအားကို မြှင့်တင်ဖို့က အရေးအကြီးဆုံးပဲ။”
“အမှန်ပဲ...ဒါပေမယ့် ကျုပ်တို့မဟာမိတ်အဖွဲ့က လူပြည့်ဖြစ်ပြီ။ နှစ်ဖွဲ့ပေါင်းစည်းပြီး အကောင့်ငယ်လေးတွေကို ပြောင်းလဲဖို့ ပြင်ဆင်နေတယ်။ ဒါပေမယ့် အကြီးအကဲရဲ့ အကျော်စီးသင်္ဘောက အမြဲတမ်း ငှားရမ်းထားတာပဲ။”
“နှစ်ဖွဲ့ပဲ ပေါင်းစည်းမယ်ဆိုရင်တော့ အကြီးစားရွက်သင်္ဘောကိုပဲ ရွက်လွှင့်ခိုင်းလိုက်ပါ။ အကြီးစားရွက်သင်္ဘောရဲ့ အမြန်နှုန်းက တစ်နာရီကို ၂၀ ကီလိုမီတာဆိုတော့ ငါးနာရီပဲ ကြာလိမ့်မယ်။ အခုချိန်မှာ မင်းအနေနဲ့ ငါးနာရီကျော်လောက်တော့ စောင့်ဆိုင်းနေရတာပဲလေ။ အလျင်မလိုဘူးဆိုရင် လူတိုင်းပဲ ကျုပ်ကတော့ ပေါင်းစည်းမှုလုပ်ဆောင်ချက်အတွက် အကြီးစားသင်္ဘောတွေကို အသုံးပြုနိုင်တယ်လို့ အကြံပြုချင်ပါတယ်။ ဒီတိုင်းကြီး စောင့်မနေနဲ့တော့။”
“အပေါ်ကလူပြောတာ မှန်တယ်။ ဒါပေမယ့် ကျုပ်မှာ အကြီးစားသင်္ဘောမရှိဘူး။”
“ငှားလိုက်လေ။ ဒါက အပျော်စီးရွက်သင်္ဘောထက် ဈေးပိုချိုလိမ့်မယ်။”
“အကြံကောင်းပါပဲ။ လူကြီးမင်းတို့အားလုံး အကြီးစားရွက်သင်္ဘောရှိပြီး ငှားရမ်းနိုင်တဲ့ သူဌေးတွေများ ရှိပါသလား။”
၎င်းကိုမြင်တွေ့ရသော ရှောင်းယီသည် ချက်ချင်းပင် အဖွဲ့ထဲတွင် အကြီးစားရွက်သင်္ဘောကြီးဆယ်စီးကို စာရင်းသွင်းကာ ပြောလိုက်သည်။
“အဖွဲ့ထဲမှာ အကြီးစားရွက်သင်္ဘောကြီး ဆယ်စီးထည့်ထားပေးတယ်။ လိုအပ်ရင် ယူသုံးလိုက်ပါ။”
သူသည် အကြီးစားရွက်သင်္ဘောကြီးတစ်စီးစီကို အချိန်ငါးနာရီခွဲအတွက် အုတ်မြစ်ကျောက်ခဲငါးခုနှုန်းဖြင့် ငှားရမ်းထားခဲ့သည်။
ထို့နောက် ထိုအကြီးစားရွက်သင်္ဘောကြီးဆယ်စီးလုံးကို ချက်ချင်း ပင် ငှားရမ်းသွားခဲ့ကြသည်။
အခြားလူအနည်းငယ်သည်လည်း ၎င်းတို့၏ အကြီးစားရွက်သင်္ဘောကြီးများကို စာရင်းသွင်းခဲ့ကြပြီး ၎င်းတို့ကိုလည်း ချက်ချင်းပင် ငှားရမ်းသွားခဲ့ကြပေသည်။
ဖန်မင်လုံသည် ရှောင်းယီ၏ ကျွန်းပေါ်တွင် တစ်နေ့လုံးနီးပါး နေထိုင်ခဲ့ပြီးဖြစ်သည်။ အန်ယွဲ့နှင့် လီယန်တို့သည် ဖန်မင်လုံနှင့် သူ့ညီမအား ညစာစားရန် ခေါ်ဆောင်သွားပြီးနောက် ဖန်မင်လုံသည် မဟာမိတ်အရှေ့ဘက်ကျွန်းသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
“ဦးလေးအန်ယွဲ့ ကျုပ်ထွက်သွားပြီးရင် ကျုပ်ညီမလေးချင်းလွမ်ကို ဂရုစိုက်ပေးပါဦး။”
ဖန်မင်လုံက ပြောလိုက်သည်။
“မင်းက ယဉ်ကျေးလွန်းနေပြန်ပါပြီ။ သူမရဲ့ ချည်ထိုးပန်းထိုးအတတ်ပညာက ဒီမှာရှိတဲ့ ကျုပ်တို့ရဲ့ ရတနာတစ်ပါးပဲ။ ကျုပ်တို့ သူမကို ကျိန်းသေပေါက် ကာကွယ်ပေးမှာပါ။ မင်း စိတ်မပူပါနဲ့။”
အန်ယွဲ့က ပြန်လည်ဖြေကြားလိုက်သည်။
“အစ်ကို ကျွန်မက ကလေးမဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်နေပြီာ”
ဖန်ချင်းလွမ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
ဖန်မင်လုံသည် ခေါင်းညိတ်လိုက်ပြီး အန်ယွဲ့အား ထပ်မံပြောကြားလိုက်သည်။
“ကျုပ် ဒီနေ့ ဒေသခံတွေ အများကြီး ဖမ်းမိထားတာကို တွေ့ခဲ့ရတယ်။ ကျုပ်ရဲ့ကျွန်းကို စစ်သည်တွေ ထပ်ထည့်ပေးလို့ရမလား။”
“ခဏတော့ စောင့်ရဦးမယ်။ အဲ့ဒီလူတွေက လုပ်အားပြုပြင်ရေးတချို့ ပြုလုပ်ပြီးမှ လွတ်လပ်ခွင့် ပြန်ရလိမ့်မယ်။ အဲဒီအချိန်ကျမှ ကျွန်းပိုင်ရှင်ဆီမှာ စစ်ကူတောင်းခံလိုက်ပါ။”
အန်ယွဲ့က ပြန်လည်ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့ ကျုပ် နားလည်ပါပြီ။”
ဖန်မင်လုံက ထိုသို့ပြောပြီးနောက် ဖန်ချင်းလွမ်ကို သတိပေးလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ ငါ့ကို တစ်ခုခုဖြစ်ရင် အချိန်မီပြောရမယ်ကြားလား။”
“အင်းပါ သိပါပြီ...စိတ်မပူပါနဲ့။”
ဖန်ချင်းလွမ်က သူမ၏မျက်လုံးများလှိမ့်ကာ ပြန်ဖြေလိုက်သည်။
ထို့နောက် ဖန်မင်လုံသည် အပျော်စီးရွက်သင်္ဘောပေါ်သို့တက်ပြီး မဟာမိတ်အရှေ့ဘက်ကျွန်းဆီသို့ ရွက်လွှင့်ထွက်ခွာသွားတော့လေသည်။
လီယန်သည် ထွက်ခွာသွားသော အပျော်စီးရွက်သင်္ဘောကို စိုက်ကြည့်နေသော ဖန်ချင်းလွမ်၏ ပခုံးကို ဖွဖွပုတ်ကာပြောလိုက်သည်။
“ငါနဲ့အတူလိုက်လာခဲ့။ မင်းနေရမယ့်နေရာကို ခေါ်သွားပေးမယ်။”
ဖန်ချင်းလွမ်က ခေါင်းညိတ်ကာ လီယန်နောက်သို့လိုက်သွားပြီး အပန်းဖြေစခန်း၏ ဧည့်ခန်းတစ်ခန်းသို့ ရောက်လာခဲ့ကြသည်။
ဖန်ချင်းလွမ်၏ အနားယူမှုကို အခြားသူများမှ မနှောင့်ယှက်စေရန် လီယန်သည် ထိပ်ဆုံးထပ်ဖြစ်သော ပဉ္စမထပ်ရှိ ပထမဆုံးအခန်းကို အထူးတောင်းဆိုခဲ့ပေသည်။
သူမအတွက် အခြေခံနေ့စဉ်သုံးပစ္စည်းအချို့ကို အဆင်သင့်ပြင်ဆင်ပေးထားပြီးဖြစ်သည်။
“အောက်ထပ်မှာ ဘားခန်းရှိတယ်။ ဘေးနားကစားသောက်ဆိုင်မှာ ရိုးရှင်းတဲ့ အစားအစာတွေရှိတယ်။ အခြားလိုအပ်တာရှိရင် ငါ့ကို အချိန်မရွေးဆက်သွယ်လိုက်ပါ။”
လီယန်က ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်လီယန်။ ရှင်က အရမ်းစဉ်စားပေးထားတာပဲ။ ကျွန်မ အခြားဘာမှ မလိုအပ်တော့ပါဘူး။”
ဖန်ချင်းလွမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါဆိုကောင်းပြီ...။ ငါအရင်ပြန်သွားတော့မယ်။ ကျန်တဲ့အချိန်တွေကိုတော့ မင်းဘာသာစီစဉ်လိုက်ပါ။”
ထို့သို့ပြောပြီးနောက် လီယန်က ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဖန်ချင်းလွမ်သည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ရေချိုးခန်းသို့သွားကာ ရေချိုးလိုက်ပြီး အဝတ်အစားများ လဲလှယ်ကာ အပြင်ထွက်လာခဲ့သည်။ ထို့နောက် သူမ ဘားခန်းသို့ ထွက်လာခဲ့လေသည်။
“စားပွဲထိုး ဖျော်ရည်တစ်ခွက်ပေးပါ။”
ဖန်ချင်းလွမ်က ညင်သာစွာ ပြောလိုက်သည်။
ဘားခန်းထဲတွင် အဲယားကွန်း၏အေးမြမှုကို ခံစားနေဆဲဖြစ်သော ကောင်းယုနှင့် ဟွားလန်းးတို့သည် ဖန်ချင်းလွမ်ကို တွေ့လိုက်ရသောအခါ ၎င်းတို့၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားကြတော့လေသည်။
အခန်း ၄၈၂။ ဘားခန်းထဲရှိ စကားဝိုင်း၊ စွမ်းအင်ပြဿနာ
ကောင်းယုနှင့် ဟွားလန်တို့သည် သာမန်အမျိုးသားများဖြစ်ကြပြီး အလှအပပြီးကြင်နာတတ်သော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသောအခါ သဘာဝအတိုင်း ချဉ်းကပ်ပြီး စကားစမြည်ပြောလိုကြလေသည်။
ထိုစဉ် ဘေးတစ်ဖက်တွင်ထိုင်နေသော စွန်းယောင်က သူတို့ဘက်သို့လှည့်ကာ တိုးတိုးလေးသတိပေးလိုက်သည်။
“သူမနာမည်က ဖန်ချင်းလွမ်တဲ့။ သူ့အစ်ကိုက ဖန်မင်လုံပဲ။ မင်းတို့နှစ်ယောက် အရမ်းမဆင်မခြင်လုပ်လို့မရဘူး။ သူ့အစ်ကိုသာသိသွားရင် မင်းတို့အသေဆိုးနဲ့သေလိမ့်မယ်။”
ကောင်းယုတို့နှစ်ဦးသည် အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေးလိုက်၏။
“ခင်ဗျား ဘာကိုဆိုလိုတာလဲ။”
“သူက စစ်ကွန်းတစ်ယောက်ပဲ။”
စွန်းယောင်က သူ၏လေသံနှိမ့်ကာ ပြောလိုက်သည်။
ကောင်းယုတို့နှစ်ဦးသည် ရုတ်တရက် နားလည်သွားခဲ့ကြသည်။
တစ်ရက်အတွင်း ဖန်မင်လုံ၏ သူ့ညီမအားအရမ်းချစ်သည့်သတင်းမှာ ကျွန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။
“ဆေးအတုရောင်းသူ မင်း ဒီကအခြေအနေတွေကို ဘယ်လို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။”
ကောင်းယုက မေးမြန်းလိုက်သည်။
စွန်းယောင်သည် သူ၏အရက်ခွက်ကို ကိုင်ပြီး ချဉ်းကပ်လာကာ ပြန်ဖြေလိုက်၏။
“ကျုပ်က ခင်ဗျားတို့ထက် ဒီကို နှစ်ရက်စောပြီး ရောက်နေတာ။ နားထောင်မယ်၊ ကြည့်ရှုမယ်၊ ပိုပြီးလေ့လာမယ်ဆိုရင် သဘာဝအတိုင်း သိလာရလိမ့်မယ်။ ပြီးတော့ ကျုပ်က ဘယ်တုန်းကမှ ဆေးအတုမရောင်းဖူးဘူး။ ခင်ဗျားတို့ အခြားနာမည်တစ်ခုခု သုံးလို့မရဘူးလား။”
“ကောင်းပြီ ဆေးအတုရောင်းသူ...။”
ဟွားလန်က လေးလေးနက်နက်ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဒူလန်းက ဖန်ချင်းလွမ်ထံသို့ ဖျော်ရည်ကို ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာပေးခဲ့ပြီး စပ်စုလိုက်၏။
“မင်း ဘီယာသောက်နိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“ဒါပေမယ့် ဖျော်ရည်ကို ပိုကြိုက်တယ်လေ။”
ဖန်ချင်းလွမ်က ပြုံးတစ်ခုဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ယခင်က ဖန်ချင်းလွမ်သည် သူမ၏အစ်ကိုကို ကလန်ကဆန်လုပ်ရန်အတွက် သက်သက်မဲ့ ဘီယာသောက်ရန် ဇွဲပြုခဲ့ခြင်းဖြစ်ပေသည်။
ဒူခန်းကက သူမကို လက်မထောင်ပြလိုက်သည်။
ဖန်ချင်းလူလွမ်သည် စွန်းယောင်တို့အဖွဲ့ အတူထိုင်ပြီး တိုးတိုးပြောနေသည်ကို မြင်တွေ့ရသောကြောင့် သူတို့နားသို့ ချဉ်းကပ်သွားကာ မေးလိုက်သည်။
“ကျွန်မ ရှင်တို့နဲ့ အတူထိုင်လို့ရမလား။”
“ရတာပေါ့...။”
စွန်းယောင်နှင့် အခြားလူနှစ်ယောက်က ချက်ချင်းပင် ပြောလိုက်၏။
ကောင်းယုနှင့် ဟွားလန်တို့သည် ၎င်းတို့ဘေးနား၌ နေရာလွတ်များ ဖန်တီးပြီးဖြစ်ကာ ဖန်ချင်းလွမ်အား ၎င်းတို့ဘေးတွင် ထိုင်စေရန် ကြိုးစားနေကြသည်။
လူသုံးယောက်သည် စက်ဝိုင်းပုံစံ စားပွဲတစ်ခုတွင် ထိုင်နေကြခြင်းဖြစ်ပြီး ဖန်ချင်းလွမ်သည် သုံးယောက်စလုံးနှင့် အတော်အတန်ဝေးသော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။
“ကျွန်မကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ။ ကျွန်မနာမည်က ဖန်ချင်းလွမ်ပါ။ ဒီနေ့မှ ကျွန်းပေါ်ကို ရောက်လာတာ။ ရက်ကန်းနဲ့အထည်စက်ရုံမှာ ချည်ထိုးပန်းထိုးလုပ်သားတစ်ယောက်ပါ။”
ဖန်ချင်းလွမ်က သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။
စွန်းယောက်နှင့် အခြားသူများသည်လည်း သူတို့ကိုယ်သူတို့ အလှည့်ကျ မိတ်ဆက်ပေးခဲ့ကြသည်။
စွန်းယောင်၏ မိတ်ဆက်စကားကို ကြားလိုက်ရသောအခါ ဖန်ချင်းလွမ်က ပြောလိုက်သည်။
“မနေ့က ရှင့်ဆီကနေ ကျွန်မ ခွေးအရေပြားစတာတစ်ခုတောင် တောင်းခဲ့သေးတယ်။”
“အင်း...ကျွန်းပိုင်ရှင်ရဲ့လက်အောက်ကို စောစောကတည်းက ဝင်ရောက်ခဲ့ရင် ခွေးအရေပြားပလာစတာတောက် မလိုအပ်ပါဘူး။”
စွန်းယောင်က ပြောလိုက်သည်။
ရှောင်းယီ၏ ဉာဏ်ရည်တု နာနိုဆေးပညာစက်သည် အလွန်စွမ်းအားမြင့်မားပြီး ခွေးအရေပြားကပလာစတာများကို လုံးဝမလိုအပ်ပေ။
ထိုစကားကိုကြားသောအခါ ဖန်ချင်းလွမ်က ပြုံးကာ ပြန်ဖြေလိုက်၏။
“ကျွန်မတို့ အချိန်အတော်ကြာကတည်းက ခိုလှုံချင်နေခဲ့တာပါ။ ဒါပေမယ့် သူဌေးကလည်း ကျွန်မတို့ကို လိုချင်မှရမှာလေ။”
စွန်းယောင်က ခေါင်းညိတ်လိုက်သည်။
“ဒီတစ်ကြိမ် အစ်မကျန်းရွဲ့ကို မတော်တဆ ကယ်တင်ခဲ့လို့သာမဟုတ်ရင် ကျွန်မတို့ ကျွန်းပိုင်ရှင်းနားကို ကပ်ခွင့်တောင် ရမှာမဟုတ်လောက်ဘူး။”
ဖန်ချင်းလွမ်က ဆက်ပြောလိုက်သည်။
“ကျန်းရွှဲ့က ဘယ်သူလဲ။”
ကောင်းယုက မေးလိုက်သည်။
“အစ်ကိုကျန်းရဲ့ ဇနီးလေ။”
စွန်းယောင်က ပြန်ဖြေလိုက်၏။
ယောင်းယုတို့နှစ်ဦးလုံး ခေါင်းညိတ်မိလိုက်ကြသည်။ သူတို့သည်လည်း ကျွန်းပိုင်ရှင်၏လက်အောက်ရှိ နံပါတ်တစ်ဗိုလ်ချုပ်ဖြစ်သော ကျန်းယွင်ထျန်းအကြောင်းကို သိရှိထားခဲ့ကြပြီး ထိုလးမှာ A-အဆင့် ရုပ်ခန္ဓာအဆင့်သို့ ရောက်ရှိနေသည်ဟုပင် ဆိုလေသည်။
“တစ်ခုခုတော့ မှားနေပြီ။ ဒီကမ္ဘာကြီးကို ပေါင်းစည်းလိုက်တာပဲ အချိန်အတော်ကြာနေပြီ၊ ဘာလို့များ အခုမှ အစ်ကိုကျန်းရဲ့ဇနီးကို ပြန်ရှာတွေ့ရတာလဲ။”
ဟွားလန်က ရုတ်တရက် ပြဿနာတစ်ခုကို သတိထားမိသွားခဲ့သည်။
“အစ်မကြီးကျန်းရွဲ့ကို ဒေသခံတွေ ဖမ်းဆီးသွားတာလေ။ အဲ့ဒါကြောင့် သူမအကြောင်းနဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိခဲ့တာ။”
ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။
“ဟမ်...ဒေသခံတွေက ဖမ်းဆီးထားတာလား။ သူတို့က သတ်ပစ်လိုက်သင့်တာမဟုတ်ဘူးလား။ ဖမ်းပြီးတော့ မသတ်ပစ်ဘဲထားတဲ့ အခြေအနေမျိုးလည်း ရှိသေးတာပဲလား။”
ကောင်းယုက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“အစ်မကြီးကျန်းရွှဲ့က အရမ်းစွမ်းအားကြီးလွန်းပြီး မှော်ဆရာကလည်း လူစွမ်းကောင်းတွေကို ချစ်မြတ်နိုးတဲ့ စိတ်ရှိတာကြောင့်ပဲ။”
ဖန်ချင်းလွမ်သည် သူမတို့ ကျန်းရွှဲ့နှင့် တွေ့ဆုံခဲ့ရသည့် အခြေအနေများကို ရှင်းပြလိုက်လေသည်။
“ဘာ... မီးဘောလုံးကို မြှားနဲ့ပစ်ပြီး လမ်းလွှဲပစ်တာလား။ ဒါက နည်းနည်း ချဲ့ကားလွန်းနေတာမဟုတ်ဘူးလား။”
ကောင်းယုက အံ့အားသင့်စွာ မေးလိုက်သည်။
“လုံးဝမဟုတ်ဘူး။ အခုပြန်တွေးကြည့်လိုက်ရင် သူမလက်ထဲမှာကိုင်ထားတဲ့လေးက ထပ်စောင်းဂုဏ်သတ္တိတွေ ပါဝင်တဲ့ အဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်သင့်တယ်။ မဟုတ်ရင် သူမက အဲ့ဒီလို လုံးဝလုပ်နိုင်မှာမဟုတ်ဘူး။”
ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။
“အဲ့လောက်တောင် သန်မာတဲ့သူလည်း အဖမ်းခံခဲ့ရသေးတာပဲလား။ ဒီကမ္ဘာကြီးက အရမ်းကို အန္တရာယ်များလွန်းတယ်။”
ဟွားလန်က အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒါက သူမရဲ့ရုပ်ခန္ဓာအဆင့်ကြောင့်ပဲ။”
စွန်းယောင်က ခွဲခြမ်းစိတ်ဖြာကာ ပြောလိုက်သည်။
“မင်းတို့ သိထားရမှာက ကျန်းရွှဲ့က အရင်တုန်းက ကျန်းယွင်ထျန်းရဲ့ သင်တန်းနည်းပြဖြစ်ခဲ့ဖူးတယ်။”
“ဒါ...ဒါတွေအားလုံးကိုလည်း မင်းသိတာပဲလား။”
ဟွားလန်းနှစ်ဦးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ကြားဖူးရုံပါပဲ။”
စွန်းယောင်က အမှုမထားဟန်ဖြင့် သူ၏ပခုံးကိုတွန့်ကာ ပြန်ဖြေလိုက်၏။
“ရုပ်ခန္ဓာအကြောင်းပြောရမယ်ဆိုရင် ကျုပ်တို့ ကျွန်းပိုင်ရှင်ရဲ့ ရုပ်ခန္ဓာအဆင့်က ဘယ်လောက်ရှိမယ်လို့ မင်းတို့ထင်လဲ။”
ကောင်းယု၏ အတင်းပြောလိုက်စိတ်မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။
“အနည်းဆုံးတော့ S-အဆင့်ပဲ။”
စွန်းယောင်က ပြောလိုက်သည်။
“ကျုပ်အရင်က သူလှုပ်ရှားတာကို မမြင်ဖူးပေမယ့် သူ့ရဲ့အိမ်မွေးတိရစ္ဆာန်တွေ...ဆိုလိုတာက သူစာချုပ်ချုပ်ထားတဲ့သားရဲတွေက အရမ်းအဆင့်မြင့်တယ်။ သူသာအဆင့်နိမ့်နေမယ်ဆိုရင် စာချုပ်ရဲ့စွမ်းအားက တည်ငြိမ်မှာမဟုတ်ဘူး။ အဲဒီစာချုပ်ချုပ်ထားတဲ့သားရဲတွေကလည်း ဒီလောက်ထိ နာခံနေမှာမဟုတ်ဘူး။”
“S-အဆင့် ရုပ်ခန္ဓာ...ဒီကမ္ဘာ့မှာ အကောင်းဆုံးတောင်ဖြစ်နိုင်တယ်။”
ဟွားလန်က ပြောလိုက်သည်။
စွန်းယောင်သည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒါက အသက်ရှင်ကျန်ရစ်သူတွေကြားထဲမှာတော့ အကောင်းဆုံးဖြစ်သင့်တယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးမှာ နံပါတ်တစ်ဖြစ်ချင်ရင်တော့ လုံလောက်မှုမရှိသေးဘူး။”
ကောင်းယုကလည်း သဘောတူဟန်ဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် ကျုပ်တို့လောင်တ နောက်ဆုံးတစ်ကြိမ်ပြောတာကို ကြားခဲ့ဖူးတယ်။ ကျွန်းပိုင်က မြောက်ဘက်ကုန်းမြေပေါ်က မြို့တစ်မြို့မှာရှိတဲ့ မှော်ဆရာတစ်ယောက်ကို အရမ်းသတိထားနေတယ်တဲ့။ သူက ကျုပ်တို့ကို ချေမှုန်းနိုင်လောက်တဲ့သူပဲဖြစ်ရမယ်။”
“ဟုတ်တယ်...ဟုတ်တယ်။ ပြီးတော့ ကျွန်းပိုင်ရှင်ပြောတဲ့ ရှေးဦးဧရာမသတ္တဝါကြီးတွေလည်းရှိသေးတယ်။”
ဟွားလန်ကလည်း ဝင်ပြောလိုက်သည်။
“ဒီတော့ ကျုပ်တို့ မြင်တွေ့နိုင်တာက ဒီကမ္ဘာကြီးရဲ့ ရေခဲတောင်ထိပ်ဖျားလေးပဲရှိသေးတယ်။ ဒီကမ္ဘာကြီးက တကယ်တမ်း ဘယ်လိုမျိုးလဲ၊ ကျုပ်တို့က ဘယ်အဆင့်မှာရောက်နေလဲဆိုတာ အမှန်တကယ် မသိရသေးဘူး။”
စွန်းယောင်က ပြောလိုက်သည်။
လူတိုင်း လေးနက်သည့်အတွေးများအတွင်းသို့ ကျရောက်သွားခဲ့ပြီး လေထုသည်လည်း အနည်းငယ် လေးလံသွားခဲ့သည်။
စွန်းယောင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ကံကောင်းတာက ကျုပ်တို့က စွမ်းအားကြီးမားတဲ့ ကျွန်းပိုင်ရှင်တစ်ဦးရဲ့နောက်ကို လိုက်နေကြတာပဲ။ သူက ကျိန်းသေပေါက် ကျုပ်တို့ကို ဒီကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။”
“ဟုတ်တယ်။ ကျိန်းသေပေါက်ပဲ။”
အခြားသုံးယောက်သည်လည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် ရှောင်းယီသည် ဗီလာ၏ဧည့်ခန်းထဲတွင် ကျန်းယွင်ထျန်းနှင့် ချူဖုန်းမြို့တွင် သူလျှိုထည့်မည့်အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့သူလျှိုတွေရဲ့ လေ့ကျင့်ရေးက အခြေခံအားဖြင့် ပြီးဆုံးသွားပါပြီ။ ကျန်းရွဲ့ကလည်း သူတို့ကို စမ်းသပ်ပြီး အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ထားပါတယ်။ ကျုပ်တို့ နောက်တစ်ဆင့်ကို ဆက်လက်ဆောင်ရွက်လို့ရပါပြီ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ဒါပေမယ့် လေမျိုးနွယ်စုဆီကိုသွားတဲ့ ဦးတည်ချက်ကျောက်တုံးရဲ့ အေးခဲအချိန်က မပြီးသေးဘူး။ အဲ့ဒါကြောင့် နည်းနည်းတော့ စောင့်ရဦးမယ်။ ဒီမှာပဲ လေ့ကျင့်ရေးကို အားထပ်ဖြည့်ပေးထားလိုက်ပါ။ အဲ့ဒါမှ ထားရှိမယ့် သူလျှိုတွေက ထိရောက်တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ရယူနိုင်လိမ့်မယ်။”
“ဟုတ်ကဲ့ ကျုပ် ကျန်းရွှဲ့ကို ထပ်ပြီးအားဖြည့်လေ့ကျင့်ခိုင်းလိုက်ပါမယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ကျွန်မတို့ရဲ့လူတွေကို အတူတူစေလွှတ်သင့်လား။ အဲ့ဒါဆိုရင် အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပိုပြီးအဆင်ပြေလိမ့်မယ်။”
ဘေးတစ်ဖက်တွင်ရှိနေသော ကျန်းရွှဲ့က မေးလိုက်သည်။
“မဟုတ်ဘူး...ဘေးကင်းရေးက အရေးအကြီးဆုံးပဲ။ အဲ့လိုလုပ်မယ်ဆိုရင် ငါတို့က အသက်ရှင်ကျန်ရစ်သူတွေဆိုတာ အလွယ်တကူ ပေါ်သွားနိုင်တယ်။ နောက်ဆုံးတော့ ငါတို့ရဲ့မျက်နှာနဲ့ ဒေသခံတွေရဲ မျက်နှာကြားမှာ ကွာခြားချက်တွေ ရှိနေတုန်းပဲ။”
ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။
ကျန်းရွှဲ့က ခေါင်းညိတ်လိုက်၏။ သူမအကြံပြုချက်၏ အဓိပ္ပာယ်မှာ သူမ၏စွမ်းရည်နှင့်တန်ဖိုးကို ပြသလိုသည့် ဆန္ဒရှိခြင်းကြောင့်ဖြစ်သည်။
နောက်ဆုံးတွင် ရှောင်းယီနှင့်သူမ၏တွေ့ဆုံမှုသည် အထူးသဖြင့် သဟဇာတ မဖြစ်ခဲ့ပေ။ သူမသည်လည်း သူမ၏အစွမ်းအစကို ပြသလိုသည့်ဆန္ဒရှိသည်။
ရှောင်းယီက ဘေးကင်းရေးအကြောင်းပြချက်ဖြင့် သူမ၏အဆိုပြုချက်ကို ငြင်းပယ်လိုက်သောကြောင့် သူမအား အနည်းငယ်စိတ်ပျက်သွားစေပြီး အနည်းငယ်လည်း စိတ်လှုပ်ရှားစေခဲ့သည်။
“ကျွန်းပေါ်မှာ လူတွေ ပိုပိုပြီးများလာနေပြီ။ နောက်ပိုင်းမှာ ဖမ်းဆီးထားတဲ့ ဒေသခံမျိုးနွယ်စုရဲ့ လူတွေအားလုံးကို ရွှေ့ပြောင်းလိုက်ရင် ပိုပြီးတောင်များလာနိုင်တယ်။ မဟာမိတ်ကျွန်းတစ်ခုစီရဲ့ တပ်ဖွဲ့ခွဲတွေကို ကြိုတင်စဉ်းစားပြီးတော့ အစီအစဉ်တစ်ခု ပြုလုပ်ထားဖို့ လိုအပ်တယ်။”
ရှောင်းယီက ဆက်လက်ပြောကြားလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်၏။
“ကောင်းပြီ ဒီနေ့တစ်နေ့လုံး ပင်ပန်းသွားပြီဆိုတော့ သွားပြီး အနားယူကြတော့။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယွင်ထျန်းတို့ ထွက်ခွာသွားပြီးနောက် ရှောင်းယီက မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်မိသည်။
“စွမ်းအင်က တကယ့်ကို ပြဿနာတစ်ခုပဲ။”
သူသာ စွမ်းအင်အလုံအလောက် ရှာဖွေနိုင်မည်ဆိုပါက ဦးတည်ချက်ကျောက်တုံးအား အသုံးပြုနိုင်ရန် ဤကဲ့သို့အချိန်အကြာကြီး စောင့်ဆိုင်းနေရန် မလိုအပ်ပေ။ မြို့ပြန်ကျောက်တုံးပင် အေးခဲအချိန်အတွက် ဤမျှအကြာကြီးစောင့်ဆိုင်းရန် လိုအပ်တော့မည်မဟုတ်ပေ။
အခန်း ၄၈၃ - အသေးစားနျူကလီးယားစွမ်းအားစက်ရုံ
စွမ်းအင်ပြဿနာမှာ ကြီးမားသည့် ပြဿနာတစ်ခုပင်။ လက်ရှိတွင် လျှပ်စစ်ဓာတ်အားကို စူပါဘက်ထရီထဲတွင် သိုလှောင်ထားသော မူလဓာတ်အားဖြင့်သာ ထောက်ပံ့ပေးထားခြင်းဖြစ်ပေသည်။
နေ့စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ပစ္စည်းအချို့ကို စတင်အသုံးပြုနိုင်သော်လည်း ထိုလျှပ်စစ်ဓာတ်အားထုတ်လုပ်နှုန်းမှာ မှတ်သားဖွယ်ရာမရှိလှပေ။
ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်သည်။ အဖွဲ့ထဲတွင်တော့ မဟာမိတ်အကြောင်း ဆွေးနွေးနေကြဆဲပင်။
“ကျုပ်အနေနဲ့ အကောင့်ငယ်လေးတွေနဲ့ချည်းပဲ မဟာမိတ်ဖွဲ့လိုက်မယ်ဆိုရင် ရောက်လာမယ့် ဒေသခံတွေက အဆင့်အရမ်းနိမ့်နေမှာမဟုတ်ဘူးလား။ ဒါဆိုရင်တော့ ကျုပ်တို့ အလွယ်တကူဖြေရှင်းနိုင်မှာပဲလေ။”
“အဓိကအချက်က မင်းရဲ့မဟာမိတ်အဖွဲ့ဝင်တွေက မင်းရောက်တဲ့အထိ ခံနိုင်ရည်ရှိ၊မရှိဆိုတာပဲ။”
“အမှန်ပဲ...မင်းရဲ့မဟာမိတ်အဖွဲ့ဝင်တွေက တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားခဲ့မယ်ရင် မင်းအနေနဲ့ သူတို့ကယ်ဆယ်ဖို့ အချိန်လုံးဝမရနိုင်ဘူး။”
“ဒါဆိုရင်တော့ ကြားထဲမှာ ဟန်ချက်ညှိဖို့ တကယ်ကို လိုအပ်နေပြီ။”
“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကျွန်းကို အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် လုပ်တာက အရေးအကြီးဆုံးပဲ။ ဒီနေ့ ကျုပ် ပစ္စည်းသေတ္တာထဲကနေ ဒါကိုရခဲ့တယ်။ [ရထားလမ်းပုံစံကွက်] ၁။”
“ဒီလိုပစ္စည်းကောင်းမျိုး...ဘရားသား မင်းရဲ့ကံက အရမ်းကောင်းတာပဲ။”
“ဟက်ဟက်...ရထားလမ်းရှိရုံနဲ့ဘာလုပ်လို့ရမှာလဲ။ ရထားမရှိရင် ဒါမှမဟုတ် ရထားလမ်းပေါ်မှာ လျှောတိုက်သွားနိုင်တဲ့ ရထားလုံးတောင်မရှိဘူးဆိုရင် အသုံးမဝင်ဘူး။”
“စိတ်မပူပါနဲ့...ဒါတောင်ရလာပြီဆိုမှတော့ ရထားလှည်းလည်း ရလာမှာပါ။ အင်ဂျင်လည်း ရလာလိမ့်မယ်။”
“ဟုတ်တယ်...အားလုံးရလာမှာပါ။ ဒါပေမယ့် သံမဏိတော့ အများကြီးလိုလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် ဆောက်လုပ်လို့ရမှာမဟုတ်ဘူး။”
“မလျင်မလိုကြနဲ့။ ဖျင်မနိုင်ဘဲ ပဲကြီးဟင်းသောက်ဖို့ တွေးမနေနဲ့လေ။”
“မှန်တယ်...အနာဂတ်က ရှည်လျားနေတုန်းပဲ။ ကျုပ်ဆိုရင် အသက် ၆၀ ကျော်နေပြီ။ ဒါပေမယ့် ယီရန်ပင်းသူဌေးဆီက အဆင့်မြင့်အစားအစာတွေ ဝယ်စားပြီးတဲ့နောက်ပိုင်း အသက် ၃၀ ကျော်အရွယ်ကို ပြန်ရောက်သွားသလိုတောင် ခံစားနေရတယ်။”
“ကျုပ်လည်း အဲ့ဒီလိုပါပဲ။ ကိုယ်ခန္ဓာကြံ့ခိုင်မှုက သိသိသာသာ တိုးတက်လာတယ်။ ကျုပ်ရဲ့ယောက်ျားပီသမှုကိုတောင် ပြန်ရလာပြီ။”
“ဆေးရောင်းသူသာ ခင်ဗျားရဲ့စကားတွေကို မြင်ရင် သူ့ရဲ့ လျိူဝေ့တိဟွမ်းဝမ်ကို ထပ်ရောင်းဖို့ ကျိန်းသေကြိုးစားလိမ့်မယ်။”
“ဟုတ်တယ်...ဒီနေ့ ဆေးအတုရောင်းတဲ့သူကို မမြင်ရသေးသလိုပဲ။”
“သူ့ကို ဒေသခံတွေ ဝိုင်းတိုက်နေတာများလား။”
“မဖြစ်နိုင်ဘူး။ နောက်ဆုံးတစ်ခေါက် ယီရန်ပင်းသူဌေး အဆင့်မြင့်အစားအစာရောင်းတဲ့အခါတုန်းက သူ့ရဲ့ဆေးတွေကိုပါရောင်းခဲ့တယ်။ ဒါက သူက ယီရန်ပင်းနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာကို ပြနေတာပဲ။ ကျုပ်အထင် သူက ယီရန်ပင်းသူဌေးရဲ့ မဟာမိတ်အဖွဲ့ဝင်ဖြစ်သွားပြီထင်တယ်။”
“အမှန်ပဲ...နောက်ဆုံးတစ်ကြိမ် သူဌေးကြီးပစ္စည်းတွေရောင်းတုန်းက ဆေးတွေပါရောင်းခဲ့တာကို ကျုပ်မေ့သွားတော့မလို့ပဲ။”
“ကျုပ်ကတော့ အဲ့ဒီဆေးအတုရောင်းသူကို အရမ်းအားကျမိတယ်။ ကျုပ်သာ သူဌေးကြီးရဲ့ မဟာမိတ်အဖွဲ့ထဲဝင်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။”
“အဓိကအချက်က မင်းမှာ အထူးကျွမ်းကျင်မှုတစ်ခုခု ရှိရမယ်။”
“အာ့... ကျုပ်လက်ရှိမဟာမိတ်အဖွဲ့ထဲမှာပဲ ဆက်နေသင့်တယ်ထင်တယ်။”
ရှောင်းယီသည် အသုံးဝင်သော သတင်းအချက်အလက်များမရှိကြောင်း တွေ့လိုက်ရသောကြောင့် ချက်ချင်းပင် သူ၏အိပ်ရာထဲသို့ ပြန်သွားလိုက်တော့သည်။
ထိုအချိန်တွင် ကောင်းယုနှင့် အခြားသူများသည် ကစားကွင်းထဲတွင် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြ၏။ ကစားနည်းအများစုသည် ကလေးများအတွက်ပြုလုပ်ထားခြင်းဖြစ်သော်လည်း သူတို့နှစ်ဦးက ပျော်ရွှင်စွာကစားနေကြဆဲပင်။
ဖန်ချင်းလွမ်သည်မူ သူမ၏အခန်းထဲသို့ ပြန်ရောက်သွားနှင့်ပြီဖြစ်သည်။ သူမသည် အခန်းထဲရှိ တီဗွီကိုဖွင့်ရန် ကြိုးစားခဲ့ပြီး ရုပ်ပြဇာတ်လမ်းတစ်ပုဒ်ကို ကျပန်းရှာဖွေကာ ကြည့်ရှုနေခဲ့သည်။
မည်သူက သူတို့၏စိတ်ထဲတွင် မင်းသမီးငယ်လေးတစ်ပါးလို မနေထိုင်ချင်ဘဲရှိမည်နည်း။
ညအချိန်၌ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ပေ။ နောက်တစ်နေ့နံနက်တွင် ဖန်ချင်းလွမ်သည် အိပ်ရာစောစောထပြီး ရက်ကန်းနှင့်အထည်စက်ရုံသို့ ထွက်လာခဲ့လိုက်သည်။
သူမ အခန်းမှထွက်လာသည်နှင့် ပင်လယ်ကမ်းခြေမှ ဒေသခံများ၏ လေ့ကျင့်ရေးဆင်းနေသည့်အသံများကိုပင် ကြားလိုက်ရလေသည်။
“အစောကြီးပဲ...။”
ဖန်ချင်းလွမ်က အံ့အားသင့်စွာ ပြောလိုက်သည်။
သူမအပြင်ဘက်သို့ ရောက်သောအခါ တပ်သားများသည် မည်မျှကြာအောင် လေ့ကျင့်ခဲ့သည်ကိုပင် မသိရဘဲ ချွေးများဖြင့် စိုရွှဲနေပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။
“သူဌေးကြီးရဲ့ တပ်သားတွေက အရမ်းသန်မာတဲ့ပုံပဲ။”
ဖန်ချင်းလွမ်သည် ထိုသို့စဉ်းစားမိလိုက်ပြီးနောက် တံတိုင်းဆီသို့ လျှောက်သွားခဲ့သည်။
အီလက်ထရွန်းနစ်တံခါးဖြင့် အတည်ပြုပြီးနောက် သူမသည် အတွင်းဘက်သို့ဝင်သွားကာ ရက်ကန်းနှင့်အထည်စက်ရုံသို့ တိုက်ရိုက်ပင် လျှောက်သွားခဲ့သည်။
သူမ အစောကြီးရောက်လာသည်ဟု ထင်မှတ်ထားခဲ့သော်လည်း စက်ရုံထဲတွင် လူတိုင်းရောက်ရှိနေကြပြီဖြစ်ပြီး အားလုံးအလုပ်လုပ်နေကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။
“တောင်းပန်ပါတယ်...ကျွန်မ နောက်ကျသွားတယ်။”
ဖန်ချင်းလွမ်က ပြောလိုက်သည်။
“နောက်မကျသေးပါဘူး...ငါတို့က ပိုနီးတဲ့နေရာမှာနေတာမို့လို့ နည်းနည်းစောပြီးရောက်လာတာပါ။ ဒီနေ့ မင်းက ဒီလူငါးယောက်ကို ခေါ်ပြီး ချည်ထိုးပန်းထိုးအတတ်ကို သင်ကြားပေးရမယ်။ ပြဿနာတော့ မရှိလောက်ပါဘူးနော်။”
လီယန်က အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။”
ဖန်ချင်းလွမ်က ပြန်လည်ဖြေကြားရင်း ဒေသခံအမျိုးသမီးငါးဦးကို ကြည့်ရှုပြီး ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
“ကောင်းပြီ ဒါဆို အလုပ်စလုပ်ကြတော့။”
လီယန်က ပြောလိုက်သည်။
ရှောင်းယီသည် သူ၏နှာခေါင်းမှ ယားယံသည့် အထိအတွေ့ကို ခံစားလိုက်ရပြီး နှာချေလိုက်ရကာ အိပ်ယာနိုးလာခဲ့သည်။ သူအိပ်ရာနိုးနိုးချင်း ရှောင်ရှန်းသည် သူ၏အိပ်ရာပေါ်၌ လက်ထဲတွင်အမွေးတစ်ချောင်းကိုင်ကာ ရပ်နေသည်ကို မြင်လိုက်ရလေသည်။
“ရှောင်ရှန်း မင်းဘာလုပ်နေတာလဲ။ နောက်ပိုင်းကျရင် မင်းကို နတ်ရေစင် တစ်ဝက်လျှော့ပစ်မယ်။”
ရှောင်းယီက သူ၏နှာခေါင်းကိုပွတ်သပ်ကာ ပြောလိုက်သည်။
ရှောင်ရှန်းသည် ချက်ချင်းပင် သူ့လက်ထဲရှိအမွေးကို နောက်ကျောဘက်တွင် ဝှက်လိုက်ပြီး ရှောင်းယီအား စူးရှစွာအော်ဟစ်လိုက်သည်။
“ကျစ်! ငါအားလုံးမြင်ပြီးသား။ ဒီလောက်အစောကြီး ဘာလာလုပ်တာလဲ။ တစ်ခုခုဖြစ်လို့လား...။”
ရှောင်းယီသည် ထရပ်လိုက်ပြီး ရေချိုးခန်းသို့သွားကာ မျက်နှာသစ်ရင်း မေးမြန်းလိုက်သည်။
“စကွစ်! (မဟုတ်ဘူး...ငါ မကြာခင်မှာ ဆင့်ကဲပြောင်းလဲတော့မယ်လို့ ခံစားရလို့ နတ်ရေစင် နည်းနည်းလောက် ပိုသောက်ချင်တယ်။)”
ရှောင်ရှန်းက ပြန်ဖြေလိုက်သည်။
“ဒါဆို မင်းဆင့်ကဲပြောင်းလဲပြီးတဲ့အထိစောင့်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်းရဲ့ခံစားချက်က အသုံးမဝင်ဘူး။”
ရှောင်ရှန်းအား ပြန်ပြောရင်း ရှောင်းယီသည် သူ၏စိတ်ထဲတွင် “စနစ် လက်မှတ်ထိုးဝင်မယ်” ဟု ပြောလိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အသေးစားနျူကလီးယားစွမ်းအားစက်ရုံ (SSS အဆင့်) ၁။”
ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ချက်ချင်းပင် ဝမ်းသာသွားခဲ့ပြီး လက်သီးကိုတင်းတင်းဆုပ်ရင်း လေထဲသို့ဝှေ့ယမ်းကာ အားရပါးရ အော်ဟစ်လိုက်မိပြီး ရှောင်ရှန်းအား အဝေးသို့ ထွက်ပြေးသွားစေခဲ့သည်။
“အသေးစားနျူကလီးယားစွမ်းအားစက်ရုံ (SSS အဆင့်)- အလွန်သန့်ရှင်းပြီး ကျစ်လစ်သိပ်သည်းကာ ဘေးကင်းလုံခြုံသော နျူကလီးယားစွမ်းအားစက်ရုံဖြစ်ပြီး အလတ်စားမြို့တစ်မြို့၏ လျှပ်စစ်သုံးစွဲမှုကို ထောက်ပံ့ပေးနိုင်သည်။”
“အရမ်းကောင်းတယ်...။”
ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားကာ ထိုအသေးစားနျူကလီးယားစွမ်းအားစက်ရုံကို စနစ်အာကာသထဲမှ ထုတ်ယူလိုက်သည်။
“အသေးစားနျူကလီးယားစွမ်းအားစက်ရုံ ရရှိထားကြောင်း ရှာဖွေတွေ့ရှိပါသည်။ နေရာထားရှိရန် နေရာကိုရွေးချယ်ပါ။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးလာခဲ့သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် တောင်၏အနောက်ဘက်နှင့် တံတိုင်းကြားတွင် ထားရှိရန် ရွေးချယ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် စနစ်သည် ၎င်းမှာ သန့်ရှင်းပြီး ညစ်ညမ်းမှုမဖြစ်စေကြောင်း အသိပေးထားပြီးဖြစ်သောကြောင့် ဘယ်နေရာတွင်မဆို ထားရှိနိုင်ပေသည်။
“နေရာလွတ်မလုံလောက်ပါ။ အခြားနေရာတစ်ခုကိုရွေးချယ်ပါ။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထပ်မံသတိပေးလာခဲ့သည်။
“ဟင်...ကျစ်လစ်သိပ်သည်းတယ်လို့ မပြောခဲ့ဘူးလား။”
ရှောင်းယီသည် ပဟေဠိဖြစ်သွားသော မျက်နှာအမူမရာဖြင့် အသေးစားနျူကလီးယားစွမ်းအားစက်ရုံ နေရာယူထားသည့် ဧရိယာကို ကြည့်ရှုရင်း မေးလိုက်သည်။
“စနစ် ကျစ်လစ်သိပ်သည်းခြင်းဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး နည်းနည်းလေး မှားယွင်းနေတာများရှိလား။”
အဘယ်ကြောင့်ဆိုသော် အသေးစားနျူကလီးယားစွမ်းအားစက်ရုံသည် ၁၀,၀၀၀ စတုရန်းမီတာ နေရာယူထားသောကြောင့်ပင်။
“သာမန်နျူကလီးယားစွမ်းအားစက်ရုံက စတုရန်းကီလိုမီတာ ၁၀၀,၀၀၀ ကျော် နေရာယူပါတယ်။ ဒီကိန်းဂဏန်းနဲ့ယှဉ်ရင် စတုရန်းမီတာ ၁၀,၀၀၀ က အင်မတန်ကျစ်လစ်သိပ်သည်းတယ်မဟုတ်ပါလား။”
ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ရှောင်းယီ တံတွေးမျိုချလိုက်မိ၏။
“တကယ်ကို ကျစ်လစ်သိပ်သည်းတာပဲ။”
သူ၏လက်ရှိကျွန်းဧရိယာသည် စတုရန်းကီလိုမီတာ ၅၀ ကျော်သာရှိပေသည်။ သာမန်နျူကလီးယားစွမ်းအားစက်ရုံအတိုင်း တကယ်တမ်းဆောက်လုပ်မည်ဆိုပါက သူ့ကျွန်းဧရိယာ၏ ငါးပုံတစ်ပုံကို တိုက်ရိုက်နေရာယူသွားမည်ဖြစ်သည်။
ကံကောင်းစွာပင် ဤဆုလာဘ်သည် အလွန်ကျစ်လစ်သိပ်သည်းသော အသေးစားနျူကလီးယားစွမ်းအားစက်ရုံဖြစ်ပြီး စတုရန်းမီတာ ၁၀,၀၀၀ သာနေရာယူထားသည်။
ရှောင်းယီသည် ဝမ်းမြောက်ဝမ်းသာဖြင့် သူ၏ဝေါ်ကီတော်ကီကို ကောက်ယူကာ ပြောလိုက်၏။
“ဦးလေးအန်း တံတိုင်းအပြင်ဘက်ကနေ အနောက်မြောက်ဘက်ထောင့်အနီးမှာ ၁၀၀ စတုရန်းမီတာရှိတဲ့ ကွင်းပြင်လွတ်တစ်ခုလောက် ရှင်းလင်းပေးပါဦး။”
ထိုအရာကို တံတိုင်းအတွင်းဘက်တွင် ထားရှိရန်မှာ မဖြစ်နိုင်တော့ပေ။ ထိုအချိန်က ရှောင်းယီသည် ၁၀၀ မီတာပတ်လည်ရှိသော စတုရန်းတစ်ခုကိုသာ ဆွဲတင်ခဲ့ခြင်းဖြစ်သည်။
“ဟုတ်ကဲ့...ကျုပ်ကို နာရီဝက်အချိန်ပေးပါ။”
အန်းယွဲ့က တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် တံတိုင်းအနီးရှိ ခလုတ်ကန်သင်းများကို ရှင်းလင်းရန် လူအင်အားစုစည်းလိုက်သည်။
အကျဉ်းထောင်ထဲတွင် လုပ်အားပြုပြင်ရေးအတွက် စောင့်ဆိုင်းနေသော ဒေသခံများစွာရှိပြီး ဤအချိန်သည် ၎င်းတို့ကိုအသုံးပြုရန်အတွက် အသင့်တော်ဆုံးအချိန်ဖြစ်သည်။
လူအင်အားများစွာဖြင့် အန်းယွဲ့သည် မိနစ် ၂၀ အတွင်း နေရာတစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့သည်။
“ကျွန်းပိုင်ရှင် ရှင်းလင်းပြီးသွားပါပြီ။”
အန်းယွဲ့သည် နေရာတစ်ခုလုံး ရှင်းလင်းပြီးသည်နှင့် ချက်ချင်းသတင်းပို့လိုက်သည်။
“အင်း ပင်ပန်းသွားပြီ...။”
ရှောင်းယီက ပြောလိုက်သည်။
“သူတို့အားလုံးကို ကွင်းပြင်အလွတ်ထဲကနေ ထွက်သွားခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့...သူတို့ထွက်ခွာသွားပြီးပါပြီ။”
အန်းယွဲ့က တုံ့ပြန်လိုက်သည်။
ရှောင်းယီသည် ချက်ချင်းပင် အသေးစားနျူကလီးယားစွမ်းအားစက်ရုံကို ထိုကွင်းပြင်အလွတ်၌ နေရာချလိုက်တော့လေသည်။