← Chapters

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း ၄၈၇- မဖွင့်လှစ်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ ခရီးအကွာအဝေး ပြဿနာ

ဤမေးခွန်းကို တက်လာသောအခါ လူအုပ်သည် တိတ်ဆိတ်ငြိမ်သက်မှုအတွင်းသို့ ကျရောက်သွားခဲ့သည်။

ထို့နောက် ရှောင်းယီက အုပ်စုထဲတွင် အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“အဲဒါတွေအားလုံးလည်း ရှိပြီးသားပါ။ ဘားမှာရှိတဲ့ အရက်အမျိုးအစားတွေကိုလည်း ဆက်လက်ကြွယ်ဝစေဖို့ လုပ်ဆောင်နေပါတယ်။”

“အား တကယ်ရှိနေတယ်ဟ။”

“အကြီးအကဲက အဲ့လောက်ပစ္စည်းတွေအများကြီးကို ဘယ်လိုရခဲ့တာလဲ။”

“ဒါဆိုရင်တော့ တကယ်ကို ကိုယ်တိုင်သွားပြီး အတွေ့အကြုံယူချင်မိတယ်။”

“ငါတို့မဟာမိတ်အဖွဲ့မှာ တည်ငြိမ်ပြီး အိမ်စောင့်ရှိလာတဲ့အထိ စောင့်လိုက်ဦးမယ်။ ပြီးရင်တော့ ငါသွားပြီး အတွေ့အကြုံယူပြီပဲ။”

ရှောင်းယီသည် ၎င်းတို့၏ နောက်ထပ်ဆွေးနွေးမှုများကို လျစ်လျူရှုပြီး အန်းယွဲ့ကိုခေါ်ကာ အပန်းဖြေစခန်း၏ဘားသို့ထွက်လာခဲ့သည်။

“ကျွန်းပိုင်ရှင် မင်းတစ်ခုခုပြောစရာရှိရင် ဝေါ်ကီတော်ကီနဲ့တင် ညွှန်ကြားလို့ရပါတယ်။ ကိုယ်တိုင်ရောက်လာ စရာမလိုပါဘူး။”

အန်းယွဲ့က ပြောလိုက်သည်။

“ထိုင်လိုက်ပါ..ဒူခန်း ဘီယာယူလာခဲ့။”

ရှောင်းယီက နှုတ်ဆက်လိုက်သည်။

အန်းယွဲ့ထိုင်လိုက်ပြီးနောက် ဒူခန်းက ဘီယာယူကာ ရောက်လာခဲ့သည်။

အန်းယွဲ့သည် ဘီယာကို တစ်ငုံစုပ်ကာ သောက်ကြည့်ပြီးနောက် ဘီယာ၏အေးမြသောအထိအတွေ့က ပူပြင်းမှုကို လှုပ်ခတ်သွားစေခဲ့သည်။

“အပန်းဖြေစခန်းကို အများပြည်သူဆီ ဖွင့်လှစ်ပေးဖို့အတွက် ခင်ဗျားကိုခေါ်ပြီး တိုင်ပင်တာပါ။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီ၏စကားကိုကြားသောအခါဘအန်းယွဲ့ အနည်းငယ် အံ့အားသင့်သွားပြီး ပြန်ပြောလိုက်၏။

“မင်း ဆုံးဖြတ်ပြီးသွားပြီလား။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ဆုံးဖြတ်ပြီးသွားပြီဆိုရင် ပထမဆုံးသေချာရမှာက ဘေးကင်းရေးကိုပဲ။”

အန်းယွဲ့က ပြောလိုက်သည်။

“ဟုတ်တယ်...ဒီအကြောင်း ကျုပ်မှာ စိတ်ကူးထားတာရှိပါတယ်။ မြို့ပြန်ကျောက်ကို ဦးစားပေးပြီး အသုံးပြုမယ်။ သင်္ဘောနဲ့လာမယ်ဆိုရင် ပြင်ပမဟာမိတ်ကျွန်းလေးကျွန်းကနေဖြတ်ပြီး ကျုပ်တို့ကိုယ်ပိုင်သင်္ဘောကို ပြောင်းစီးပြီးမှ ဝင်ခွင့်ပြုမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီအကြံက ကောင်းပါတယ်။ အစကနဦးမှာ လေးခုလုံးမဖွင့်ဘဲ တစ်ခုတည်းကိုပဲ ဖွင့်ဖို့ အကြံပြုချင်တယ်။”

အန်းယွဲ့က ပြောလိုက်သည်။

အင်း ဒါကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ပါတယ်။ အခု ကျုပ်တို့ စဉ်းစားရမှာက ရောက်လာမယ့်သူတွေအတွက် ကျုပ်တို့ကျွန်းရဲ့ ပမာဏဘယ်လောက်ကို ဖွင့်ပေးရမလဲဆိုတာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါကတော့ ရိုးရှင်းပါတယ်။ ဆိပ်ကမ်းနဲ့ အပန်းဖြေစခန်းကိုပဲ ဖွင့်ပြီး တခြားနေရာတွေကို ဝင်ရောက်ခွင့်မပြုနဲ့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အပန်းဖြေစခန်းမှာ ကစားဖို့လာတာပဲလေ။ တခြားနေရာတွေကို ဝင်စရာမလိုပါဘူး။”

“ကောင်းပြီ...ဒါဆို ခင်ဗျားရဲ့အတွေးအတိုင်းပဲ လုပ်ကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပါပြီ။”

အန်းယွဲ့က တုန့်ပြန်လိုက်သည်။

“ဒါဆို ဆိပ်ကမ်းနဲ့ အပန်းဖြေရးစခန်းကိုကာရံဖို့ တံတိုင်းအမြင့်ကြီးဆောက်ဖို့တော့လို့လိမ့်မယ်။”

“ဒါက လူအင်အားနဲ့ သယံဇာတတွေ အရမ်းဖြုန်းတီးသလို ဖြစ်မနေဘူးလား။”

ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

အန်းယွဲ့က ပြုံးကာ ဖြေလိုက်သည်။

“အခုထိ ထောင်ထဲမှာ အကျဉ်းသားတွေအများကြီးရှိနေသေးတယ်။ သူတို့တွေအတွက် အလုပ်တစ်ခုခုရှာပေးဖို့လိုတယ်လေ။ မဟုတ်ရင် ထောင်ထဲမှာပဲ စာကြည့်ခိုင်းထားရမှာလား။”

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။

“ဟုတ်သားပဲ....။ ဒါဆိုလည်း ဆောက်ကြတာပေါ့။ တစ်ချိန်တည်းမှာ ကုန်သွယ်ရေးဈေးကွက်အဖြစ်သုံးဖို့ နေရာလွတ်အချို့လည်း ချန်ထားလိုက်ပါ။ ကျွန်းပေါ်က နေထိုင်သူတွေကို ကျွန်းပေါ် လာကစားတဲ့သူတွေရှိရင် ပစ္စည်းတချို့ရောင်းလို့ရတယ်လို့လည်း ပြောလိုက်ပါဦး။ ဘယ်ပစ္စည်းက ဈေးကွက်ရှိသလဲဆိုတာကိုတော့ သူတို့ဘာသာရှာဖွေခွင့်ပြုထားလိုက်ပါ။”

“ဟုတ်ကဲ့ ကျုပ် သတိပေးလိုက်ပါ့မယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

လက်ရှိတွင် ဆိပ်ကမ်းနှင့် အပန်းဖြေစခန်းကြားရှိ အကွာအဝေးသည် တစ်ကီလိုမီတာခန့်ရှိပြီး အလယ်ဗဟိုတွင် နေရာလွတ်အချို့ရှိနေသေးရာ ထိုအပိုင်းကို ကောင်းစွာအသုံးချရန် လိုအပ်ပေသည်။

အခြားနေရာများတွင် ကုန်သွယ်ရေးဈေးကွက်အသစ်ထူထောင်ပါက ရလဒ်မှာ ကောင်းနိုင်မယ်မဟုတ်ပေ။

ယခင်ကမ္ဘာတွင် မည်သည့်ခရီးသွားဆိုင်ရာနေရာဖြစ်စေ ဝင်ပေါက်နှင့် ထွက်ပေါက်တွင် ဆိုင်အမျိုးမျိုးထားရှိပြီး ခရီးသွားများ ဖြတ်သန်းသွားသောအခါ အမြဲတမ်းကြည့်ရှုပြီးနောက် ပစ္စည်းအချို့ ဝယ်ယူသွားတတ်ကြပေသည်။

ဆုံးဖြတ်ပြီးသည်နှင့် အန်းယွဲ့သည် ထိုဒေသခံအကျဉ်းသားများကို ချက်ချင်းစုရုံးကာ အလုပ်စလုပ်တော့လေသည်။

ရာသီဥတုပူပြင်းလှသော်လည်း ထိုဒေသခံများသည် အတော်အတန်လိုက်လျောညီထွေရှိပြီး အန်းယွဲ့နှင့် အခြားသူများမှ ချမှတ်ထားသော အပူလျှော့ချရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများကြောင့် မည်သူမျှ အပူကြောင့် လဲကျသေဆုံးခြင်းမရှိကြပေ။

ရှောင်းယီ အမိန့်ပေးသည့်ချိန်မှ ညနေခင်းအထိ ခြောက်မီတာမြင့်သော ကျောက်တံတိုင်းတစ်ခုကို တည်ဆောက်ပြီးစီးခဲ့လေသည်။

ကြပ်မတ်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် ကျောက်နံရံ၏အကျယ်အဝန်းကိုလည်း လုံလုံလောက်လောက် တည်ဆောက်စေခဲ့သည်။ ရှောင်းယီ လက်တွေ့ကြည့်ရှုပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ကျောက်တံတိုင်းထိပ်တွင် သစ်သားကော်ရစ်တာတစ်ခု ချက်ချင်းတည်ဆောက်ခဲ့သည်။

ရှောင်းယီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် သစ်သားကော်ရစ်တာပုံစံကွက်တစ်ခု ရှိပေသည်။

ဤနည်းအားဖြင့် တာဝန်ကျအစောင့်များသည် မိုး သို့မဟုတ် ပူပြင်းသောနေရောင်အောက်တွင် ရပ်နေစရာမလိုတော့ပေ။

ဤမြို့ရိုးအပိုင်းသည် ဆိပ်ကမ်းနှင့် အပန်းဖြေစခန်းကို တစ်ခါတည်းကာရံထားပြီး ကျွန်းပေါ်သို့ရောက်ရှိလာသူများသည် ကျွန်းအတွင်းပိုင်းအခြေအနေကို မြင်တွေ့နိုင်မည်မဟုတ်ပေ။

ပင်လယ်ထဲမှပင်လျှင် ယေဘူယျအခြေအနေကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး ထိုအရာမှာ သိပ်အရေးမကြီးလှပေ။

ညစာစားချိန်အတွင်း၌ ကျန်းယွင်ထျန်းက မေးလိုက်သည်။

“အခုချိန်ဖွင့်လိုက်ရင် အသက်ရှင်ကျန်ရစ်သူတွေရဲ့ လိုချင်စိတ်ကို ဆွဲဆောင်မိသွားနိုင်မလား။”

ရှောင်းယီက ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ငါတို့ရဲ့စွမ်းအားနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကြောက်စရာမလိုပါဘူး။ ငါတို့ရဲ့အဓိကရန်သူတွေက ဒီကမ္ဘာက ဒေသခံတွေပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် အုတ်မြစ်ကျောက်ဝင်ငွေအပိုလည်း ရရှိနိုင်တယ်။ ပြီးတော့ ငါတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကောင်းမွန်းတယ်လေ။”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

“သေချာတာပေါ့...ငါတို့ ဂရုမစိုက်ဘဲနဲ့တော့ နေလို့မရဘူး။ အစ်ကိုကျန်းက လုံခြုံရေးအဖွဲ့ကို ဆက်လက်ချဲ့ထွင်ရမယ်။ သင်္ဘောအားလုံးကို ပင်လယ်ထဲထွက်ခိုင်းပြီးတော့ မဟာမိတ်ရေပြင်ကို ၂၄ နာရီလုံး ကင်းလှည့်စေရမယ်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းက တုန့်ပြန်လိုက်သည်။

ဤဒေသရှိ ဒေသခံများသည် သင်္ဘောအများအပြားစေလွှတ်ခဲ့ပြီး ဆိပ်ကမ်းသည် လွန်ခဲ့သောနှစ်ရက်ခန့်ကတည်းက နေရာလွတ်မရှိသလောက်ဖြစ်နေပြီဖြစ်သည်။

သို့သော် ရှောင်းယီသည် သူ၏အမိန့်ကို ထုတ်ပြန်ကာ အားလုံးကိုဖြန့်ဝေပြီးနောက် ဤအရေအတွက်သည် အမှန်တကယ်ပင် မလုံလောက်တော့ပေ။

“သေချာတာပေါ့...တပ်ဖွဲ့တွေကို ပြင်ပရေလမ်းကြောင်းတွေမှာ လေ့ကျင့်ရေးထွက်ခိုင်းပြီး ပင်လယ်ဓားပြတွေအများကြီးတွေ့နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့...ကျုပ်တို့ ဒီတစ်လျှောက်လုံး ဒီလိုပဲလုပ်ခဲ့တာပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဦးလေးအန်း ကျွန်းပေါ်မှာ ခရီးသွားလာမှုအတွက် စည်းမျဉ်းတစ်စုံကို ကြိုတင်ရေးဆွဲထားပေးပါ။ ကျုပ် အဲ့ဒါကို အုပ်စုထဲကို ကြိုပို့ထားလိုက်မယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကောင်းပြီ မနက်ကိုးနာရီမတိုင်ခင် မင်းကိုပေးမယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“အရမ်းမစိုးရိမ်ပါနဲ့...လူတိုင်းကို ပိုပြီးပြည့်စုံအောင်ပြင်ဆင်ခွင့်ပေးထားမယ်။ ကျုပ်တို့ အပြင်ဘက်ကို ဖွင့်ဖို့ အလျင်မလိုပါဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူတိုင်းက တုန့်ပြန်လိုက်ကြသည်။

“ကျွန်မတို့မှာ ခရီးဝေး ဆက်သွယ်ရေးကိရိယာတွေ ချို့တဲ့နေတယ်လို့ ခံစားရတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သုံးပြီး မဟာမိတ်ကျွန်းလေးကျွန်းကို ဆက်သွယ်လို့ရတယ်ဆိုပေမယ့် အချိန်ကာလအရ မြင့်မားတာတော့မဟုတ်ဘူး။”

ကျန်းရွှဲ့က ပြောလိုက်သည်။

လက်ရှိတွင် ဝေါ်ကီတော်ကီ၏ ထိရောက်သောဆက်သွယ်ရေးအကွာအဝေးသည် နှစ်ကီလိုမီတာသာရှိပေသည်။ ရှောင်းယီ၏ကျွန်းပေါ်တွင်ပင် အချိန်နှင့်တပြေးညီ ဆက်သွယ်ခွင့်မရှိသည့်အခါများရှိသည်။ ၁၀၀ ကီလိုမီတာအကွာရှိ မဟာမိတ်ကျွန်းများနှင့် အချိန်နှင့်တပြေးညီဆက်သွယ်ခြင်းကိုမူ ပြောစရာပင်မလိုတော့ပေ။

“အရင်က တစ်ယောက်ယောက်က ခရီးဝေးဆက်သွယ်ရေးကိရိယာရခဲ့တာကို ကျုပ်မှတ်မိတယ်။ သူ ပြုလုပ်ပြီးသွားပြီလားမသိဘူး။”

ယွမ်နွန်က ပြောလိုက်သည်။

“လုပ်ပြီးသွားပြီဆိုရင်တောင် အလုပ်မဖြစ်ဘူး။ အဲ့လူမှာက ထုတ်လုပ်မှုပုံကြမ်းပဲရှိတာ။ ထုတ်လုပ်မှုပုံစံကွက်မဟုတ်ဘူး။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“ညစာစားပြီးရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျုပ်ကြည့်လိုက်ပါ့မယ်။”

လူတိုင်း ခေါင်းညိတ်ကြသည်။ အံ့ဖွယ်အရာများကို ဆက်တိုက်ဖန်တီးနေသော ရှောင်းယီသည်သာ ခရီးဝေးဆက်သွယ်ရေးပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ညစာစားပြီးသွားနောက် ရှောင်းယီသည် တေါ်ကီတော်ကီလေးလုံးကို သူ၏အိပ်ခန်းသို့ ပြန်ယူသွားခဲ့သည်။ သူပထမဆုံးစဉ်းစားမိသည်မှာ စူပါပေါင်းစပ်ခြင်းစက်ကို အသုံးပြုရန်ပင်။

ရှောင်းယီသည် ဝေါ်ကီတော်ကီနှစ်လုံးကို စူပါပေါင်းစပ်ခြင်းစက်ထဲသို့ ထည့်ကာ ပေါင်းစပ်လိုက်သည်။

“ရရှိသော ကုန်ကြမ်းများ- ခရီးဝေးဝေါ်ကီတော်ကီ (C-အဆင့်)”

“ခရီးဝေးဝေါ်ကီတော်ကီ (C-အဆင့်)- ဝေးလံသောခရီးအကွာအဝေးအတွင်း အချိန်နှင့်တပြေးညီစကားပြောဆိုမှုကို အကောင်အထည်ဖော်နိုင်သည်။ ကြိမ်နှုန်းရှစ်ခုရှိသည်။ လွတ်လပ်စွာပြောင်းလဲနိုင်သည်။ အရှည်ဆုံးဆက်သွယ်ရေးအကွာအဝေးမှာ ၂၀ ကီလိုမီတာဖြစ်သည်။ ဝေါ်ကီတော်ကီ၏ အဆင့်အမြင့်ဆုံးအဆင့်ပုံစံဖြစ်သည်။”

နောက်ဆုံးအချက်ပြမှုကိုမြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။ ဆိုလိုသည်မှာ ဝေါ်ကီတော်ကီကို C-အဆင့်အထိသာ အဆင့်မြှင့်တင်နိုင်ပြီး အကွာအဝေးကို ကီလိုမီတာ ၂၀ အထိသာ တိုးနိုင်ပေသည်။

ရှောင်းယီ အတန်ငယ်စိတ်ပျက်သွားခဲ့သော်လည်း ကျေနပ်မှုအနည်းငယ်တော့ ရှိနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုပေါင်းစပ်ပြီးနောက် သူ၏ကျွန်းပေါ်တွင် အတားအဆီးမရှိ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။

“ပိုအဆင့်မြင့်ပြီး အချိန်နဲ့တပြေးညီဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေးကိရိယာ ရထားတဲ့သူရှိ၊မရှိ ကြည့်ရမယ် “

ရှောင်းယီ ထိုသို့တွေးမိလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ပြန်ထိုင်ကာ ယီထျန်းအုပ်စုသို့ ပြောင်းလိုက်သည်။

အခန်း ၄၈၈- ဒေသခံများ၏ ထူးခြားချက်များ၊ အပန်းဖြေစခန်း

ထိုအချိန်တွင် ယီထျန်းအုပ်စုအတွင်းရှိ လူတိုင်းသည် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေကြလေသည်။ အဘယ့်ကြောင့်ဆိုသော် ဂျေဘီ၏ နည်းဗျူဟာကြောင့် လူတိုင်း၏ ဒေသခံများအား ခုခံကာကွယ်ရမည့်ဖိအားသည် သိသိသာသာ လျော့နည်းသွားသောကြောင့်ပင်။

မဟာမိတ်အဖွဲ့အချို့သည် ဒေသခံများ၏ တိုက်ခိုက်မှုမှ အကျိုးအမြတ်များရသည်အထိပင် ဖြစ်သွားခဲ့ကြပေသည်။

“ဟားဟား...ကျုပ်တို့မဟာမိတ်အဖွဲ့ကို တိုက်ခိုက်လာတဲ့ ဒေသခံတွေအားလုံးကို ကျုပ်တို့ဖမ်းမိသွားပြီ။ သင်္ဘောကြီးသုံးစီးနဲ့ အပြည့်ပဲ။”

“အံ့ဩစရာပဲ...စစ်ရေးအကျိုးအမြတ်တွေကို မင်းတို့ ဘယ်လိုခွဲဝေကြမှာလဲ။”

“ဒါက အရမ်းရိုးရှင်းတယ်လေ။ စွန့်စားမှုအများဆုံးသုံးယောက်က သင်္ဘောတွေရမယ်။ ကျန်တဲ့သူတွေက လူတွေကို ဦးစားပေးရမယ်။”

“ဟုတ်တယ်...ဒါက အကျိုးအမြတ်တွေခွဲဝေတဲ့နေရာမှာ တရားအမျှတဆုံးနည်းလမ်းပဲ။”

“တရားမျှတတာလား။ ဒါဆို ဘယ်သူက စွန့်စားမှုအများဆုံးလဲဆိုတာကို ဘယ်သူက အကဲဖြတ်ပေးမှာလဲ။ လူတိုင်းက သူတို့ကသာ အများဆုံးစွန့်စားခဲ့ရတဲ့လူလို့ပြောနေကြရင်ရော ဘယ်သူက ဆုံးဖြတ်ပေးမှာလဲ။”

“မဟာမိတ်အဖွဲ့ခေါင်းဆောင်ရဲ့စကားကို နားထောင်လိုက်မယ်လေ။”

“ဒါဆို မဟာမိတ်အဖွဲ့ခေါင်းဆောင်က သူ့ကိုယ်သူ ဒါမှမဟုတ် သူယုံကြည်ရတဲ့သူတွေကို သေချာပေါက် ဦးစားပေးမှာပဲ။ မင်းက သူယုံကြည်ရတဲ့သူမဟုတ်ဘူးဆိုရင်တော့ အဖြစ်ဆိုးသွားလိမ့်မယ်။”

“လူတိုင်းပဲ အဲ့လောက်လည်း အဆိုးမြင်စိတ်တွေမထားကြပါနဲ့။ အတန်အသင့်တရားမျှတရင် ပြီးရောပေါ့။ လူတိုင်းက အသက်ရှင်ဖို့အတွက် အလုပ်လုပ်နေကြတာပဲလေ။”

“အမှန်ပဲ၊ ဒီအကြောင်းဆွေးနွေးနေတာက တကယ်အဓိပ္ပာယ်မရှိဘူး။ ခင်ဗျားတို့အနေနဲ့ အမြဲတမ်း ထွက်ပေါက်တစ်ခုတော့ ရှာနိုင်တာပဲလေ။ အကြီးအကဲရဲ့အပန်းဖြေစခန်းအကြောင်းပဲ ဆွေးနွေးကြရအောင်။”

“အဲ့အကြောင်းဆိုရင် ပိုပြီးတောင်ဆွေးနွေးစရာမလိုဘူး။ အဲ့ဒီနေရာကို ဘယ်သူမှမရောက်ဖူးသေးဘူး။ ငါတို့က စိတ်ကူးယဉ်နေကြရုံပဲမဟုတ်ဘူးလား။

“ဟုတ်တယ်...အခုချိန်မှာ ရာသီဥတုက အရမ်းပူပြင်းနေတာ အပန်းဖြေစခန်းသာ တကယ်ရှိတယ်ဆိုရင် ကျုပ်တကယ် ကိုယ်တိုင်သွားပြီး စမ်းကြည့်ချင်တယ်။”

“လောလောဆယ် နေ့ဘက်မှာ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ဆိုတာ တကယ်ခက်ခဲနေပြီ။ ပစ္စည်းသေတ္တာထဲက ထောက်ပံ့ရေးပစ္စည်းအသစ်တွေကို လွဲချော်သွားမှာကြောက်လို့သာမဟုတ်ရင် ပစ္စည်းသေတ္တာကိုတောင် မဆယ်ချင်တော့ဘူး။”

“ဟားဟား...ကျုပ် ခင်‌ဗျားကိုအကြံတစ်ခုပေးမယ်။ ခင်ဗျားရဲ့ နေ့ခင်းဘက်အလုပ်တွေကိုလည်း တစ်ခုမှ မထိခိုက်စေရဘူးကွာ။”

“ဘာအကြံလဲ။”

“အဲ့ဒါက ဒေသခံတွေကို စာချုပ်ချုပ်တာပဲ။ ကျုပ် မနေ့က အကြီးအကဲရဲ့အဆိပ်ငွေ့ဗုံးတွေနဲ့ ဒေသခံအနည်းငယ်ကို ဖမ်းမိခဲ့တယ်လေ။ စုစုပေါင်းရှစ်ယောက်ရှိတယ်။ ကျုပ်က သူတို့ထဲက သုံးယောက်ကို စာချုပ်ချုပ်လိုက်ပြီး ကျန်တဲ့ငါးယောက်ကို ဦးဆောင်ခွင့်ပေးလိုက်တယ်။ ဒီနေ့ သူတို့ နောက်ဆုံးတော့ နည်းနည်းပြန်ပြီး နာလန်ထူလာကြပြီ။ ပြီးတော့ သူတို့က ဒီလိုမျိုး ပူပြင်းတဲ့ရာသီဥတုနဲ့ အတော်လေးလိုက်လျောညီထွေရှိတယ်။ သူတို့က ပူပြင်းတဲ့နေရောင်အောက်မှာ ဘာပြဿနာမှမရှိဘဲ အလုပ်လုပ်နိုင်တယ်ဆိုတာ ကျုပ်တွေ့ခဲ့ရတယ်။ အခု ကျုပ်ရဲ့အလုပ်အားလုံးကို သူတို့လုပ်ပေးနေတာ။ သူတို့နဲ့စကားပြောရတာ တော်တော်ဒုက္ခရောက်တယ်ဆိုပေမယ့် သူတို့က ကျုပ်ဘာပြောတယ်ဆိုတာကို အတော်အတန်တော့ နားလည်ကြတယ်။ တကယ်လို့ နားမလည်ဘူးဆိုရင် ရိုက်ပစ်လိုက်တယ်။ ထပ်ပြီးနားမလည်သေးဘူးဆိုရင် ထပ်ရိုက်လိုက်ရုံပဲ။”

“ချီး တကယ်လားဟ။”

“ကျုပ် သူ့အတွက်သက်သေပြပေးနိုင်တယ်။ ဒါက အမှန်ပဲ။ ဘာလို့လဲဆိုရင် ကျုပ်လည်း ဒေသခံနှစ်ယောက်နဲ့ စာချုပ်ချုပ်ထားလို့ပဲ။ သူတို့ရဲ့အကူအညီနဲ့ဆိုရင် ရေရှည်အလုပ်သမားတွေ အလကားရထားတဲ့ မြေပိုင်ရှင်ကြီးတစ်ယောက်လိုတောင် ခံစားရတယ်။ နောက်ထပ်ဒေသခံနည်းနည်းလောက် မချန်ထားနိုင်ခဲ့တာကိုတောင် နောင်တရနေတာ။”

“အကြီးအကဲရဲ့အဆိပ်ငွေ့ဗုံးတွေက တကယ့်ကို လက်နက်ကောင်းတစ်ခုပဲ။ အဲ့ဒါက ဒေသခံတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်နိုင်ရုံတင်မကဘူး သွေးမြေမကျစေဘဲ ဒေသခံတွေကို ဖမ်းမိအောင်လည်း ကူညီပေးနိုင်တယ်။”

“ဟုတ်တယ်...ဒေသခံနည်းနည်းလောက်နဲ့ စာချုပ်ချုပ်နိုင်ရင် တော်တော်ကောင်းမှာပဲ။”

“လူတိုင်းကို မြန်မြန်အဆင့်မြှင့်တင်ကြဖို့ အကြံပေးချင်တယ်။ ခင်ဗျားတို့ စာချုပ်ချုပ်ချင်တယ်ဆိုရင် မှော်ဆရာကိုပဲ စာချုပ်ချုပ်ကြပါ။ မှော်ဆရာတစ်ယောက်ကို စာချုပ်ချုပ်လိုက်တာက မျိုးနွယ်စုတစ်ခုလုံးကို ထိန်းချုပ်လိုက်တာနဲ့ အတူတူပဲ။ ခင်ဗျားတို့ လူအင်အားမလုံလောက်မှာကို ကြောက်တယ်မို့လား။ ဒါဆို အဲ့အချိန်ကျရင် ကျွန်းကိုကာကွယ်တဲ့နေရာမှာ ဒေသခံတွေကိုလည်း ကူညီခိုင်းနိုင်တယ်လေ။”

“ဒါ...အဓိပ္ပာယ်ရှိတယ်။ နောက်တစ်ခါ ဒေသခံတွေရောက်လာရင် ကျုပ် သူတို့ကိုသေချာပေါက် ချန်ထားရမယ်။”

ဆွေးနွေးမှုအလှည့်အပြောင်းတစ်ခုပြီးဆုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူများသည် ဒေသခံများ မြန်မြန်ဆန်ဆန် တိုက်ခိုက်လာရန်ကိုပင် မျှော်လင့်လာခဲ့ကြသည်။

ရှောင်းယီသည် လူတိုင်းက စာချုပ်ကတ်ကို အသုံးပြုရန်အတွက် မှန်ကန်သောနည်းလမ်းကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း မြင်လိုက်ရပြီးနောက် အနည်းငယ်ခေါင်းညိတ်ကာ ပြောလိုက်သည်။

“လတ်တလောမှာ ခရီးဝေးဆက်သွယ်ရေးပစ္စည်းကိရိယာ ရထားတဲ့သူများရှိလား။ မဟာမိတ်ကျွန်းတွေအကြား ဆက်သွယ်ဖို့အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုပဲ အသုံးပြုနေရတာက သိပ်အဆင်မပြေလို့။”

“အကြီးအကဲ ပေါ်လာပြီဟေ့။ ခရီးဝေးဆက်သွယ်ရေးပစ္စည်းကိရိယာလား။ မရှိပါဘူး... ကျုပ်ကတော့ ရံဖန်ရံခါ သာမန်ဝေါ်ကီတော်ကီထုတ်လုပ်မှုပုံကြမ်းအနည်းငယ်ပဲရတယ်။

“ကျုပ်မှာလည်း ဝေါ်ကီတော်ကီရှိတယ် အကြီးအကဲ ဝေါ်ကီတော်ကီလိုချင်လား။

“ကျုပ်မှာတော့ တစ်ခုရှိတယ်။ အရင်က ရခဲ့တာပါ။ တစ်ခုတည်းပဲရှိတာဆိုတော့ မရောင်းပါဘူး။”

လူတိုင်း၏တုံ့ပြန်မှုများကို မြင်လိုက်ရသော ရှောင်းယီ အတန်ငယ်စိတ်ပျက်သွားမိ၏။ ၎င်းကို အမှန်တကယ် မရနိုင်တော့ပုံပင်။

“ဒါဆို ဝေါ်ကီတော်ကီအလုံး ၈၀ ဝယ်ပါမယ်။ ဝေါ်ကီတော်ကီတစ်လုံးကို B အဆင့်ငါး ၁၀၀ ဂရမ်ပေးမယ်။ ပထမဆုံးအလုံး ၈၀ ကိုပဲ ယူပါမယ်။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

ထို့နောက် ရှောင်းယီ၏သီးသန့်ချန်နယ်တွင် သီးသန့်ဆက်သွယ်မှု ရာပေါင်းများစွာ ချက်ချင်း ပေါ်ထွက်လာပြီး ဦးစားပေးအစဉ်လိုက် လဲလှယ်မှု ၈၀ ကို ပြီးမြောက်သွားခဲ့သည်။

“အားလုံး စုဆောင်းပြီးသွားပါပြီ။ လူတိုင်းပဲ ကိုယ်ကိုယ်တိုင် လဲလှယ်မှုတွေ ဖျက်သိမ်းလိုက်ကြပါ။”

ရှောင်းယီက အုပ်စုထဲတွင် ပြောလိုက်သည်။

“ချီးပဲကွာ...။ ငါကတော့ ငါက ပထမဆုံးလဲလှယ်မှုကို စတင်ခဲ့တဲ့လူလို့တောင် ခံစားလိုက်ရတာ။ ဒါပေမယ့် ငါ့ဟာက မရလိုက်ဘူးတဲ့လား။”

“ဘယ်သူက မဟုတ်တာလဲ။ လူတိုင်းက တစ်ကိုယ်တည်းနေရတာ ကြာလွန်းနေပြီဆိုတာ ထင်ရှားနေပြီ။ ကောင်မလေးတစ်ယောက်လောက်တော့ မြန်မြန်ရှာမှဖြစ်တော့မယ်။”

“လူတိုင်းကို ကျုပ်ရဲ့ လျူဝေ့တိဟွမ်းဝမ်ဆေးပြားတွေကို စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ စစ်မှန်တဲ့ သဘာဝဆေးစွမ်းတစ်လက်ပါ။ ဒါက ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့အတွက် နောက်ပိုင်းမှာ တကယ်ကောင်မလေးရှာတွေ့ခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်စရာ မလိုတော့ဘူးပေါ့။”

စွန်းယောင် ပြန်ပေါ်လာခဲ့သည်။

“မင်း...ဆေးအတုရောင်းတဲ့လူ...။ မင်း နောက်ဆုံးတော့ ပြန်ပေါ်လာပြီပေါ့။ မနေ့က မင်းဘာဖြစ်သွားပြီလဲဆိုပြီ ငါတို့တွေးနေကြတာကွ။”

“နောက်တစ်ခါထပ်ပြီး အလေးအနက်ပြောပါရစေ။ ကျုပ်ရောင်းတဲ့ဆေးက တကယ့်ကို စစ်မှန်ပြီး ရိုးသားပါတယ်။ မနေ့က ကျုပ်မှာလုပ်စရာတာဝန်တစ်ခုရှိလို့ ယီရန်ပင်းသူဌေးကြီးရဲ့ကျွန်းကိုသွားပြီး ကစားခဲ့ရတယ်လေ။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

“မင်း တကယ်ပဲ ယီရန်ပင်းသူဌေးကြီးရဲ့ကျွန်းကိုသွားခဲ့တာလား။ မနေ့ကတောင် တစ်ယောက်ယောက်က အဲ့လိုခန့်မှန်းလိုက်သေးတယ်။”

“စကားမစပ်...မင်းသူဌေးကြီးရဲ့ကျွန်းကိုရောက်တုန်းက ကျွန်းပေါ်က အပန်းဖြေစခန်းကိုရောက်ခဲ့သေးလား။”

တစ်စုံတစ်ဦးက မေးလိုက်သည်။

စွန်းယောင် အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပြီး ရှောင်းယီထံသို့ သီးသန့်စာပို့ကာ မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ကျုပ် အပန်းဖြေစခန်းအကြောင်း ပြောလို့ရမလား။”

“ရတယ် ကောင်းကောင်းကြော်ငြာလိုက်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထို့နောက် စွန်းယောင်သည် အုပ်စုထဲတွင် ချက်ချင်းပင် စတင်ပြောဆိုတော့လေသည်။

“သေချာပေါက်သွားခဲ့တာပေါ့...။ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်လောက် အရင်ကမ္ဘာတုန်းက အပန်းဖြေစခန်းကို ရောက်ဖူးကြလဲ။”

“ကျုပ်ရောက်ဖူးတယ်လေ ဘာဖြစ်လို့လဲ။”

“ကျုပ်လည်းရောက်ဖူးတယ်။”

“ကျုပ်ပြောပြမယ်...။ ခင်ဗျားတို့ သူဌေးကြီးရဲ့ကျွန်းပေါ်က အပန်းဖြေစခန်းကိုရောက်ရင် ခင်ဗျားတို့ အရင်ရောက်ဖူးခဲ့တဲ့ အပန်းဖြေစခန်းတွေက အရမ်းညံ့တယ်ဆိုတာကို တွေ့ရလိမ့်မယ်။”

“ဒါက အရမ်းချဲ့ကားပြောလွန်းနေတာမဟုတ်ဘူးမလား။”

“အမှန်ပဲ... မင်းက သူဌေးကြီးရဲ့မဟာမိတ်အဖွဲ့ဝင်ဖြစ်သွားပြီဆိုတော့ ဒီမှာလာပြီး ဖျင်ခေါင်းလာကျယ်နေတာပဲဖြစ်ရမယ်။”

စွန်းယောင်က ပြုံးကာ ပြန်‌ဖြေလိုက်သည်။

“မှန်တယ်...ကျုပ်က သူဌေးကြီးရဲ့မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီဆိုတာ အသေအချာပဲ။ ဒါပေမယ့် ကျုပ်ပြောတဲ့စကားထဲမှာ ချဲ့ကားမှုအနည်းငယ်သာပါခဲ့မယ်ဆိုရင် နောင်တစ်ချိန်လုံး ခင်ဗျားအတွက်ဆေးအားလုံးကို ကျုပ်အလကားပေးလိုက်မယ်။”

“ထွက်သွားစမ်း...မင်းက အနာဂတ်မှာ ငါတို့ကို နာမကျန်းဖြစ်အောင် ကျိန်စာတိုက်နေတာပဲ။”

“မင်းရဲ့ဆေးကို မလိုချင်ဘူး။ ငါ့ရဲ့ထိခိုက်နာကျင်နေတဲ့နှလုံးသားကို လျော်ကြေးပေးဖို့ အုတ်မြစ်ကျောက်နှစ်ခုပဲပေး။”

“အုတ်မြစ်ကျောက်က ကျုပ်ကျွန်းရဲ့အခြေခံအုတ်မြစ်ပဲ။ အဲ့ဒါနဲ့တော့ ကျုပ်အလောင်းအစားမလုပ်ဘူး။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် သူဌေးကြီးရဲ့ အပန်းဖြေစခန်းမှာ ရှိသင့်ရှိထိုက်တာတွေ အကုန်ရှိသလို ကျုပ်မြင်ဖူးသမျှ အရာတွေထက်တောင် ပိုပြီးအဆင့်မြင့်သေးတယ်။”

လူတိုင်း ဘာမှမပြောနိုင်မီ စွန်းယောင်က ဆက်ပြောလိုက်သည်။

“ဘားမှာ သာမန်အဆင့်ကနေ A အဆင့်အထိ အရက်အမျိုးမျိုးရှိတယ်။ စားသောက်ဆိုင်ထဲက အစားအစာတွေအကြောင်းကိုတော့ ကျုပ်ထပ်မပြောတော့ဘူး။ ခင်ဗျားတို့ထဲက များစွာသောလူတွေက သူဌေးကြီးဆီက အဆင့်မြင့်အစားအစာတွေကို ဝယ်ထားကြတယ်မလား။ ဖျော်ဖြေရေးပန်းခြံလည်းရှိတယ်။ လူကြီးရော ကလေးအတွက်ပါ အဆင်ပြေတဲ့ အပန်းဖြေစရာ ပစ္စည်းကိရိယာအမျိုးမျိုးရောပဲ။ ဧည့်ခန်းတွေအကြောင်းကိုတော့ ထည့်မပြောတော့ဘူး။ အဲ့ဒါတွေက အခုထိ အများပြည်သူဆီ မဖွင့်ရသေးဘူး။ ကမ်းခြေက သဲတွေကလည်း အရမ်းနုတယ်။ ဒီလိုမျိုးသန့်ရှင်းတဲ့ကမ်းခြေမျိုးကို ကျုပ်တစ်ခါမှမြင်ဖူးဘူး...။ ပက်လက်ကုလားထိုင်တွေ၊ ထီးတွေလည်းရှိတယ်။ ရေကူးချင်ရင်လည်း ပြဿနာမရှိဘူး။ ဘာလို့လဲဆိုတော့ ကမ်းခြေက အပန်းဖြေစခန်းရဲ့သီးသန့်ရေတိမ်ပိုင်းဖြစ်လို့ပဲ။”

“မင်းပြောတာကြားရတာနဲ့တင် ငါမစောင့်နိုင်တော့ဘူး။”

“ကျုပ်ရောပဲ...အကြီးအကဲ ဖွင့်လှစ်ပေးမယ့်အချိန်ကို စောင့်နေမိပြီ။”

“ခင်ဗျားက ဒီလောက်အများကြီး ပြောနေတာဆိုတော့ ကျုပ်မှာမေးခွန်းတစ်ခုပဲရှိတယ်။ သူဌေးကြီးရဲ့ အပန်းဖြေစခန်းမှာ လေအေးပေးစက်ရှိလား။”

“ခင်ဗျား ဘယ်လိုထင်လဲ။ ကျုပ်ဆိုရင် ဘားထဲဝင်သွားပြီးတာနဲ့ ပြန်ကိုထွက်မလာချင်တော့ဘူး။”

စွန်းယောင်က မကျေမနပ်ဖြင့် ပြန်ဖြေလိုက်သည်။

အခန်း ၄၈၉ - ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ

“တကယ်ပဲ အဲယားကွန်းရှိတာလား။ ကျုပ် ကျိန်းသေပေါက် ခံစားကြည့်ရမယ်။”

“သူဌေးကြီးမှာ လျှပ်စစ်ဓာတ်အား ဘာလို့ဒီလောက်တောင် များနေရတာလဲ။ နည်းနည်းလေးမှ အဓိပ္ပါယ်မရှိဘူး။”

“ဟုတ်တယ်...ကျုပ်ဆိုရင် လက်နဲ့လှည့်ရတဲ့ လျှပ်စစ်ဓာတ်အားပေးစက်တစ်လုံးပဲရတယ်။ အဲ့ဒါက အခုဆို ဖုန်တွေတောင်တက်နေပြီ။ လျှပ်စစ်ပစ္စည်းဆို ဘာတစ်ခုမှကို မရှိဘူး။”

“‌အပေါ်ကလူ ခင်ဗျားကလည်း အံ့ဖွယ်ပဲ။ တကယ်ပဲ လျှပ်စစ်ဓာတ်အားပေးစက်ရအောင်တောင်မှ စီမံနိုင်တယ်။”

“အဲ့ဒါက ဘာဖြစ်သေးလဲ...။ ကျုပ်တောင် လေအားလျှပ်စစ်တာဘိုင်တစ်လုံးရခဲ့သေးတယ်။ ဒါပေမယ့် အဲ့ဒါကလည်း အလှပြဖို့သက်သက်ပဲ။”

“လျှပ်စစ်ဓာတ်အားပေးစက်ရတဲ့သူတွေ ဘာလို့အရမ်းများနေတာလဲ။ ဘာလို့ ငါကျတော့ မရတာလဲ။”

“ဘာလျှပ်စစ်ပစ္စည်းမှ မပေါ်သေးခင်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရတဲ့သူတွေကို ကျုပ်တော့ မနာလိုမဖြစ်ပါဘူး...။”

“သေချာလား။ ဒါဆို ဒါကိုကြည့်လိုက်။ [ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်မှုပုံစံ] ၁။”

“အိုးမိုင်...အပေါ်ကသူဌေး ကျုပ် ဒီဆောက်လုပ်မှုပုံစံကို ဈေးကြီးပေးဝယ်မယ်ဗျာ။”

“ကျုပ်လည်း ဝယ်မယ်။ ဈေးနှုန်းသာ ပြောလိုက်ပါ။ ကျုပ်လိုချင်တယ်။”

ကျန်သည့်လူအားလုံးတွင် လျှပ်စစ်ဓာတ်အားပေးစက်များသာရှိပြီး ရုတ်တရက် တစ်စုံတစ်ယောက်က ဓာတ်အားပေးစက်ရုံရလိုက်သောအခါ လူတိုင်း၏စိတ်အားထက်သန်မှုကို ချက်ချင်းဆိုလိုပင် ကောက်ရိုးမီးကဲဲ့သို့ တစ်စတစ်စဖြင့် လောင်ကျွမ်းသွားစေခဲ့သည်။

ယေဘုယျအားဖြင့် လျှပ်စစ်ဓာတ်အားပေးစက်များသည် လျှပ်စစ်ဓာတ်အား အနည်းငယ်သာ ထောက်ပံ့နိုင်ပြီး ၎င်းတို့၏ ရေရှည်တည်တံ့နိုင်မှုသည် ညံ့ဖျင်းသော်လည်း ဓာတ်အားပေးစက်ရုံကတော့ ကွဲပြားသည်။

ဓာတ်အားပေးစက်ရုံဆိုသည်မှာ လျှပ်စစ်ဓာတ်အားပမာဏများစွာကို ဆက်လက်ထောက်ပံ့နိုင်သည်ဟု ဆိုလိုပေသည်။ လက်ရှိအချိန်တွင် အလွန်အမင်း အသုံးဝင်သေးခြင်းမရှိသော်လည်း အနာဂတ်တွင် ကျွန်းတိုင်း၌ အဆောက်အဦးတစ်ခု လိုအပ်လာမည်မှာ ကျိန်းသေပေသည်။ မဟုတ်ပါက ဖွံ့ဖြိုးတိုးတက်ရန်မှာ မဖြစ်နိုင်ပေ။

အနာဂတ်ကမ္ဘာတွင် မည်သည့်ရှုထောင့်တွင်မဆို လျှပ်စစ်ဓာတ်အား ကင်းမဲ့၍မရပေ။

“တောင်းပန်ပါတယ် ကျုပ်မရောင်းပါဘူး။ ကျုပ်ရောင်းမယ်ဆိုရင်တောင် ခင်ဗျားတို့ ဝယ်နိုင်မှာမဟုတ်ဘူး။ ဒီလိုဓာတ်အားပေးစက်ရုံကြီးဆိုရင် အနည်းဆုံး အုတ်မြစ်ကျောက် ၁၀၀,၀၀၀ လောက် ကုန်ကျလိမ့်မယ်။ ဒီကမ္ဘာမှာ ဒီပမာဏကို ဘယ်သူကထုတ်လာနိုင်မှာလဲ။ ယီရန်ပင်းသူဌေးကြီးကတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကျုပ် ရောင်းဦးမှာမဟုတ်ဘူး။ ဒါက ကျုပ်ရဲ့အနာဂတ် အားသာချက်ပဲ။”

“ဒါကတော့ မသေချာဘူးလေ။ မင်းက အဲ့ဒါကို အောင်အောင်မြင်မြင်နဲ့ တည်ဆောက်နိုင်မယ်ဆိုတာ သေချာလား။”

“အမှန်ပဲ...ဒီလိုဓာတ်အားပေးစက်ရုံကြီးအတွက်ဆိုရင် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေက အရမ်းများမှာပဲ။ အားလုံးကိုစုဆောင်းဖို့ဆိုရင် ခက်ခဲလိမ့်မယ်။ အင်အားကြီးတဲ့အဖွဲ့အစည်းတစ်ခုခုကို မှီခိုမှပဲရမယ်။”

“ကျုပ်တို့ တိလင်းအင်ပါယာကို ဘာလို့မရောင်းလိုက်တာလဲ။ အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို လျှော့ဈေးနဲ့ ထောက်ပံ့ပေးပါ့မယ်။”

“သူဌေး တိလင်းကသူလျှိုတွေ ဒီမှာ စီးပွားရေးကို ခိုးဖို့ ကြိုးစားနေတယ်။ ချက်ချင်းထုတ်ပစ်လိုက်ပါ...။”

“ဟုတ်တယ် သူဌေး...။ ဒီဓာတ်အားပေးစက်ရုံ ထုတ်လုပ်မှုပုံစံကို ခင်ဗျားပဲယူလိုက်ပါ။ အခြားသူတွေလက်ထဲကို မရောက်သွားစေနဲ့...။”

ထိုအခါ ရှောင်းယီက ပြုံးရင်းဖြင့် ပြန်ဖြေလိုက်သည်။

“အဆင်ပြေပါတယ်...။ တိလင်းနဲ့ ကျုပ်က ပြိုင်ဘက်ဆက်ဆံရေးမျိုးရှိတယ်‌ဆိုပေမယ့် နောက်ဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုမှာ သူတို့က အရမ်းကောင်းကောင်း လုပ်ဆောင်ခဲ့တယ်။ သူတို့အနေနဲ့ ကျုပ်အဖွဲ့ထဲမှာ စီးပွားရေးလုပ်လို့ရပါတယ်။”

“အကြီးအကဲက အရမ်းသဘောထားကြီးနေတုန်းပဲ။”

“အမြင်ကျယ်တယ်ဆိုတာ ဘာလဲ။ ဒါကမှ အမြင်ကျယ်ခြင်းပဲ။ လိပ်တစ်ကောင်ထက်စာရင် အများကြီးပိုကောင်းတယ်။”

“ထွီ...ရွှမ်းယွမ်လိပ်ရဲ့မြေးလေးက သူဌေးကြီးနဲ့ယှဉ်ဖို့တောင် မထိုက်တန်ဘူး။”

ဓာတ်အားပေးစက်ရုံ ဆောက်လုပ်မှုပုံစံကို ကိုင်ထားသော အသက်ရှင်ကျန်ရစ်သူသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ရှောင်းယီသည် သူ့လက်ထဲက ဓာတ်အားပေးစက်ရုံကို လုံးဝစိတ်မဝင်စားပုံရသောကြောင့် သူကအလွန်စူးစမ်းချင်ဖြစ်သွားခဲ့သည်။

“ဒီပစ္စည်းက မကောင်းလို့လား။”

ထိုအသက်ရှင်ကျန်ရစ်သူက သူ့ကိုယ်သူ စဉ်းစားမိလိုက်သည်။

‘ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ငါ့လက်ထဲမှာ အခုခဏလောက်တော့ သိမ်းထားလိုက်ဦးမယ်။ အုတ်မြစ်ကျောက် ၁၀၀,၀၀၀ မပေးနိုင်တဲ့သူဆိုရင် ကျိန်းသေမရောင်းနိုင်ဘူး။’

“အကြီးအကဲက ကျုပ်တို့ စီးပွားရေးလုပ်တာကို မကန့်ကွက်ဘူးဆိုမှတော့ ညီအစ်ကို မင်းစဉ်းစားကြည့်ပါဦး။ ကျုပ်တို့ တိလင်းအင်ပါယာက အရမ်းရိုးသားပါတယ်။”

“ခင်ဗျားတို့ဘက်က အုတ်မြစ်ကျောက် ၁၀၀,၀၀၀ မထုတ်နိုင်ဘူးဆိုရင် မရောင်းပါဘူး။”

“ဒါက လုံးဝမရောင်းချင်တာပဲ။ အုတ်မြစ်ကျောက် ၁၀၀,၀၀၀ ဆိုတာက ယီရန်ပင်းသူဌေးကလွဲရင် ဘယ်သူမှ ထုတ်နိုင်မှာမဟုတ်ဘူး။”

“ဟုတ်တယ်...သူက တကယ်မရောင်းချင်ဘူးဆိုတာ ထင်ရှားနေပြီ။”

လူတိုင်း ထိုသို့ထင်နေကြသည့်အချိန်တွင် ထိုအသက်ရှင်ကျန်ရစ်သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သီးသန့်မက်ဆေ့ဂျ်တစ်စောင် ရောက်လာခဲ့လေသည်။

“မင်္ဂလာပါ ကျုပ်က ချန်းပေါ်ပါ...ဒီဓာတ်အားပေးစက်ရုံ ရောင်းဝယ်ရေးအကြောင်းနဲ့ပတ်သက်ပြီး ခင်ဗျားနဲ့စကားပြောချင်ပါတယ်။”

ချန်းပေါ်က ပြောလာခဲ့သည်။

“အုတ်မြစ်ကျောက် ၁၀၀,၀၀၀၊ ရှိရင် ရောင်းမယ်။ မရှိရင် မေ့လိုက်တော့။”

ထိုအသက်ရှင်ကျန်ရစ်သူက ပြန်ဖြေလိုက်သည်။

“အရာအားလုံးကို ဆွေးနွေးလို့ရပါတယ်။”

“ဆွေးနွေးစရာ ဘာအကန့်မှမရှိဘူး။”

ထိုသို့ပြောပြီးသည်နှင့် ထိုအသက်ရှင်ကျန်ရစ်သူသည် ချန်းပေါ်နှင့် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ချန်းပေါ်မှာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေသည်။

ချန်းပေါ်နှင့် စကားပြောခြင်း ပြီးဆုံးသွားပြီးနောက် နောက်ထပ်လူတစ်ဦးက သူ့ကို သီးသန့်စာတစ်စောင် ပေးပို့လာခဲ့ပြန်သည်။

“မင်္ဂလာပါ အုတ်မြစ်ကျောက် ၁၀၀,၀၀၀ နဲ့ ဒီဓာတ်အားပေးစက်ရုံကို တကယ်ရောင်းမှာလား။”

အခြားတစ်ဖက်က မေးလိုက်သည်။

ထိုအသက်ရှင်ကျန်ရစ်သူသည် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် ခင်ဗျားက တကယ် အုတ်မြစ်ကျောက် ၁၀၀,၀၀၀ ထုတ်နိုင်လို့လား။”

“ကောင်းပြီ လဲလှယ်ကြရအောင်...။”

ထိုလူက ပြန်ဖြေပြီး ငွေကြေးလဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

“【အုတ်မြစ်ကျောက်】 ၁၀၀,၀၀၀ လဲလှယ်မည် - 【ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ထုပ်လုပ်မှုပုံစံ】 ၁။”

ထိုလူ၏အိုင်ဒီကို ကြည့်ရှုလိုက်သောအခါ ၎င်း၏အမည်မှာ ကိုးဖန်ဖြစ်လေသည်။ ဓာတ်အားပေးစက်ရုံ ထုတ်လုပ်မှုပုံစံ ပိုင်ဆိုင်ထားသော အသက်ရှင်ကျန်ရစ်သူမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အဖွဲ့ထဲတွင် ထိုအိုင်ဒီရှိသူကို သူဘယ်တုန်းကမှ သတိမထားမိခဲ့ပေ။ တစ်ချိန်တည်းမှာပင် အုတ်မြစ်ကျောက်အများအပြား ပိုင်ဆိုင်နိုင်သူသည် တစ်ဦးတည်းသောသူမဟုတ်ဘဲ သူ့နောက်ကွယ်တွင် ကြီးမားသောအဖွဲ့အစည်းတစ်ခု ရှိရပေလိမ့်မည်။

သူသည် အနည်းငယ်စဉ်းစားမိသွားသော်လည်း အုတ်မြစ်ကျောက် ၁၀၀,၀၀၀ ကို ကြည့်ရှုလိုက်ပြီးနောက် အံတင်းတင်းကြိတ်ကာ ငွေကြေးလဲလှယ်မှုကို သဘောတူလိုက်လေသည်။

အဖွဲ့ထဲရှိ တိလင်းအင်ပါယာအဖွဲ့သားများသည် ထိုဓာတ်အားပေးစက်ရုံကို သူတို့အားရောင်းချရန် ခက်ခက်ခဲခဲ ဆက်လက်တိုက်တွန်းနေဆဲဖြစ်သည်။

“တောင်းပန်ပါတယ် ကျုပ်ရောင်းပြီးသွားပါပြီ။”

သူက ပြန်ဖြေလိုက်သည်။

“ဘာ...ရောင်းပြီးသွားပြီလား။ အုတ်မြစ်ကျောက် ၁၀၀,၀၀၀ နဲ့လား။”

“ဟုတ်ပါတယ်။”

“အမယ်လေး...ဘယ်လိုမျိုးပုဂ္ဂိုလ်ကြီးက ဒီလောက်တောင်ရက်ရောရတာလဲ...အကြီးအကဲလား။”

“ယီရန်ပင်းသူဌေးမဟုတ်ပါဘူး။ သူ့အိုင်ဒီကိုတော့ ကျုပ်အနေနဲ့ ထုတ်ဖော်ပြောဆိုဖို့ မသင့်တော်ပါဘူး။”

“တိလင်းအင်ပါယာလည်းမဟုတ်ဘူး၊ သူဌေးကြီးလည်းမဟုတ်ဘူး၊ ရွှမ်းယွမ်လိပ်ကလေးဆီကို ဒီပစ္စည်းကို ရောင်းလိုက်တာတော့ မဟုတ်ဘူးမလား။”

“ရွှမ်းယွမ်မိသားစုက ချန်းပေါ်က ကျုပ်ကို ဈေးဆစ်ချင်သေးတယ်။ သူ့ကို ကျုပ်ငြင်းပစ်လိုက်ပါတယ်။”

“ရွှမ်းယွမ်မိသားစုမဟုတ်ဘူးဆိုရင် အဆင်ပြေပါတယ်။”

“ဒါဆို ထူးဆန်းတယ်။ ရှားနိုင်ငံရဲ့ ဘီလူးကြီးသုံးဦးထဲမှာ မပါဘူးဆိုရင် အုတ်မြစ်ကျောက် ဒီလောက်အများကြီး ထုတ်လာနိုင်တဲ့သူ ဘယ်သူရှိသေးလို့လဲ။”

“ပုန်းကွယ်နေတဲ့ အင်အားစုတစ်ခုခုများ ဖြစ်နိုင်မလား။ အင်အားစုတစ်ခုမဟုတ်ဘူးဆိုရင် အုတ်မြစ်ကျောက်ဒီလောက်အများကြီးကို တစ်ချိန်ထဲထုတ်ယူဖို့ ခက်ခဲလိမ့်မယ်။”

“ဒါဆို နိုင်ငံခြားအင်အားစုတစ်ခုခုများ ဖြစ်နိုင်လား။”

“မဖြစ်နိုင်ဘူး...။ သူ့ရဲ့အိုင်ဒီက ရှားဘာသာစကားနဲ့ရေးထားတာကို ကျုပ်မြင်တယ်။”

“ဒီလိုမျိုးနဲ့တော့ ဆုံးဖြတ်လို့မရဘူးလေ။ သူက ရှားနိုင်ငံယဉ်ကျေးမှုကိုကြိုက်လို့ ရှားနိုင်ငံရဲ့နာမည်ကို အထူးယူထားတာဆိုရင်ကော။”

“ဒီလိုတွေးကြည့်မယ်ဆိုရင်တော့ နိုင်ငံခြားသားဖြစ်နိုင်တယ်။ ကိုယ့်နိုင်ငံသားကို မရောင်းဘဲ နိုင်ငံခြားသားကို ရောင်းတယ်ဆိုတာက ဘယ်လိုအတွေးမျိုးလဲ။”

“ကျုပ်က အရောင်းအဝယ်လုပ်နေတာပဲလေ။ သူက နိုင်ငံခြားသားဖြစ်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်မိမှာလဲ။”

ယခင်ဓာတ်အားပေးစက်ရုံ ထုတ်လုပ်မှုပုံစံ ပိုင်ဆိုင်သောအသက်ရှင်ကျန်ရစ်သူသည် အဖွဲ့ထဲတွင် ကိုးဖန်ဆိုသော အိုင်ဒီကို ချက်ချင်းရှာဖွေလိုက်သော်လည်း ထိုသို့သောသူမျိုးမရှိခဲ့ပေ။

“သေစမ်း...အဲ့လူက တကယ်ပဲ ကျုပ်တို့အဖွဲ့ထဲမှာ မရှိဘူး။ ဓာတ်အားပေးစက်ရုံရှိတယ်ဆိုတဲ့သတင်းကို သူဘယ်လိုရခဲ့တာလဲ။”

ထိုအသက်ရှင်ကျန်ရစ်သူက ကျယ်လောင်စွာ ဆဲဆိုလိုက်လေသည်။

“သူ့နာမည်ကဘာလဲ မြန်မြန်ပြောစမ်းပါ။ ဒီအချိန်မှာ ဖောက်သည်ရဲ့လျှို့ဝှက်ချက်ကို စောင့်စည်းထားစရာမလိုတော့ဘူး။”

တစ်စုံတစ်ဦးက မေးမြန်းလိုက်သည်။

“သူ့အိုင်ဒီက ကိုးဖန်။”

“ကိုးဖန်...ဒီနာမည်ကြည့်ရတာတော့ တကယ်ပဲ ရှားလူမျိုးနဲ့တူတယ်။”

“ဟုတ်တယ်။ တိလင်းအင်ပါယာသူလျှိုတွေ အခုချက်ချင်းပြန်သွားပြီး ခင်ဗျားတို့အဖွဲ့ထဲမှာ ကိုးဖန်ဆိုတဲ့လူရှိ၊မရှိ မေးကြည့်စမ်းပါ။ မရှိဘူးဆိုရင်တော့ နိုင်ငံခြားသားဖြစ်ကြောင်း အခြေခံအားဖြင့် သတ်မှတ်နိုင်တယ်။”

ထိုအခါ တိလင်းအင်အားစုမှ ထုတ်ဖော်ပြောဆိုထားသော အဖွဲ့ဝင်များသည် ချက်ချင်းပင် သူတို့အဖွဲ့ထဲသို့ ပြန်သွားပြီး မေးမြန်းကြည့်ရှုလိုက်ကြသည်။ ချင်ချင်းလုံက ထပ်မံစစ်ဆေးကြည့်ရှုပြီနောက် ထိုလူများကို ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ တိလင်းအင်အားစုအတွင်းမှာ ဒီနာမည်နဲ့သူမရှိဘူး။”

ထိုသူသည် ချက်ချင်းပင် ယီထျန်းအဖွဲ့သို့ပြောင်းကာ ပြောလိုက်သည်။

“တိလင်းအင်အားစုထဲမှာ ဒီလိုလူမရှိပါဘူး။”

“ဒါဆို သေချာသွားပြီ။ ရွှမ်းယွမ်ဝူဝေ့က ချန်းပေါ်ကို စေလွှတ်ပြီး ဈေးဆစ်ချင်ရုံပဲ။ သူ့မှာ အုတ်မြစ်ကျောက် အများကြီးမရှိဘူး။ သူ့အတွက် အုတ်မြစ်ကျောက် ၁၀၀၀၀၀ ရှိတဲ့အခြားတစ်ယောက်ကို ရှာခိုင်းတဲ့ဖြစ်နိုင်ခြေကလည်း မရှိသလောက်ပဲ။ ဒီတော့ ကောင်လေး မင်း ဒီပစ္စည်းကောင်းကို နိုင်ငံခြားသားဆီ ရောင်းလိုက်တာပဲ။”

All Chapters