အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
အခန်း ၄၉၃။ တည်နေရာမသတ်မှတ်နိုင်ခြင်း၊ ပရော်ဖက်ရှင်နယ်ကျကျ တစ်စစီဖြုတ်ထုတ်ခြင်း၊ အားသွင်းခြင်း
“ဟုတ်ကဲ့”
ရှုံးတိက တုံ့ပြန်လိုက်ပြီး အလားတူပင် လဲလှယ်မှုပြုလုပ်ကာ မြို့ပြန်ကျောက်တုံးကို ရယူလိုက်သည်။
ရှုံးတိသည် မြို့ပြန်ကျောက်တုံးကို ရရှိပြီးနောက် ကမ်းပေါ်သို့တက်ကာ အသုံးပြုရန် ကြိုးစားကြည့်လိုက်သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။
ထို့နောက် သူသည် ၎င်းကို သူလျှိုတစ်ဦးထံ ပေးအပ်ကာ ချူဖုန်းမြို့အနီးတွင် အသုံးပြုရန် တောင်းဆိုခဲ့လေသည်။ သူလျှိုသည် ခရီးတစ်လျှောက်လုံး အသုံးပြုနေခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။
မကြာမီ သူလျှိုသည် အပြေးပြန်ရောက်လာပြီး ရှုံးတိအား ပြောလိုက်လေသည်။
“ဒါက အလုပ်မဖြစ်ဘူး ကျုပ် အသုံးပြုလို့မရဘူး။”
ရှုံးတိက ထိုသတင်းကို ရှောင်းယီအား ပြန်လည်ပြောပြခဲ့လေသည်။
ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“အင်း ငါသိပြီ မင်းရဲ့ကြိုးစားပေးမှာအတွက် ကျေးဇူးတင်ပါတယ်။”
‘ဒီမြို့ပြန်ကျောက်တုံးကို ကျွန်းအထိမ်းအမှတ်တိုင်နဲ့ တွဲဖက်အသုံးပြုဖို့ လိုအပ်ပုံရတယ်။’
ရှောင်းယီက တစ်ကိုယ်တည်း စဉ်းစားလိုက်မိသည်။
“ကျွန်းပိုင်ရှင် အဖွဲ့ထဲမှာ တစ်ယောက်ယောက်က ပင်လယ်ဓားပြရတနာသေတ္တာဖွင့်ပြီး မြို့ပြန်ကျောက်တုံးတစ်ခုရခဲ့တယ်။”
ဆုဝမ်က ဝေါ်ကီတော်ကီဖြင့် သတိပေးလိုက်သည်။
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ယီထျန်းဂရုသို့ ပြောင်းလိုက်သည်။
“ဟားဟား...နောက်ဆုံးတော့ ရွှမ်းယွမ်လိပ် အရင်တုန်းက လူအင်အားကို ဘယ်လိုမြန်မြန်စုဆောင်းခဲ့လဲဆိုတာ ငါသိသွားပြီ။”
“ဒါဆို တကယ်ပဲ မြို့ပြန်ကျောက်တုံးဆိုတာ ရှိတယ်ပေါ့။ ဒီကမ္ဘာကြီးက ကစားပွဲတစ်ခုနဲ့ ပိုပိုပြီးတူလာတယ်လို့ ခံစားရတယ်။”
“မဟုတ်ရင် ဂျေဘီက ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းကောင်းလုပ်နိုင်မှာလဲ။ သူက ငါတို့ကို နည်းဗျူဟာတွေတောင် စရောင်းနေပြီလေ။”
“သူဌေးကြီး ရှေ့ထွက်လာပြီး ဒီမြို့ပြန်ကျောက်တုံးရဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြောပြပေးနိုင်မလား။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာရှိတဲ့ ဖော်ပြချက်က နည်းနည်းလေးဆိုတော့ ဖြစ်ကတတ်ဆန်းဖြစ်နေသလို ခံစားရတယ်။”
ယခင်တုန်းက ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် မဖော်ပြထားသော အရေးကြီးသတင်းအချက်အလက်များကို အမြဲပြောပြလေ့ရှိပြီး လူတိုင်းက အသစ်အဆန်းများကြုံရလျှင် သူ့အား မေးမြန်းရသည်ကို နှစ်သက်လာခဲ့ကြသည်။
ရှောင်းယီက ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်းအထမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ဖော်ပြထားတာတွေအပြင် နောက်ထပ်သုံးချက်ရှိပါတယ်။ ပထမတစ်ချက်က ဒီမြို့ပြန်ကျောက်တုံးကို လူတစ်ယောက်တည်းကသာ အသုံးပြုနိုင်တယ်။ ဒုတိယတစ်ချက်က တစ်ဦးချင်းစီ သယ်ဆောင်နိုင်တဲ့ ပစ္စည်းရဲ့ ထုထည် ဒါမှမဟုတ် အလေးချိန်က သူတို့ကိုယ်တိုင်ထက် မကြီးနိုင်ဘူး။ တတိယတစ်ချက်က ကိုယ့်စိတ်ကြိုက် တည်နေရာသတ်မှတ်နိုင်တယ်။”
“အကြီးအကဲကတော့ အကြီးအကဲပါပဲ။ ကျုပ်တို့ ဘာထုတ်လာလာ အကြီးအကဲက တစ်၊ နှစ်၊ သုံး ဆိုတာနဲ့ ပြောပြနိုင်နေပြီ။”
“ကျုပ် တကယ်ပဲ လေးစားမိပါတယ်။ ကျုပ်တို့က မြို့ပြန်ကျောက်တုံးရလာရုံရှိသေးတယ် သူဌေးကြီးကတော့ အသုံးပြုနည်းကိုတောင် ဖမ်းဆုပ်ပြီးသွားပြီ။”
“သူဌေးကြီးပြောတဲ့အတိုင်းဆိုရင် ဒီပစ္စည်းက အရမ်းအစွမ်းထက်တယ်။ ကျုပ်မှာသာ မြို့ပြန်ကျောက်တုံး အနည်းငယ်ရှိတယ်ဆိုရင် ကျွန်းအမျိုးမျိုးနဲ့ ချိတ်ဆက်နိုင်လောက်မလားပဲ။”
“အဲ့လိုပြောလို့ရတယ်။ ဒါပေမယ့် ဒီပစ္စည်းက လူတစ်ယောက်တည်းကိုပဲ ခေါ်သွားနိုင်တာဆိုတော့ တိုက်ခိုက်ရေးအတွက်တော့ သိပ်အသုံးမဝင်ပုံပဲ။”
“ဒါတော့ မမှန်ဘူး။ ဒီပစ္စည်းက တိုက်ခိုက်ရေးအတွက်လည်း အသုံးဝင်တယ်။ လူတွေက ပစ္စည်းအများကြီး မသယ်နိုင်ဘူးဆိုပေမယ့် ပစ္စည်းတွေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ လဲလှယ်လို့ရတယ်လေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကုန်ကြမ်းတွေ လဲလှယ်ပေးမယ်၊ လူတွေကတော့ တိုက်ရိုက်တည်နေရာကူးပြောင်းမယ်။ ဒါက တိုက်ခိုက်ရေးအတွက် အသုံးမဝင်ဘူးလား။”
“ကျုပ်က တကယ် စိတ်ထားကျဉ်းမြောင်းခဲ့တာပဲ။ ခင်ဗျားစကားကို နားထောင်တာက ဆယ်နှစ်စာဖတ်တာထက် ပိုကောင်းပါတယ်။”
“ဒါပေမယ့် အေးခဲချိန်ကတော့ နည်းနည်းဒုက္ခပေးတယ်။ ၂၄ နာရီဆိုတော့ တစ်ရက်လုံးပဲ။”
“နောက်ထပ်နည်းနည်းလောက် ထပ်ရနိုင်မယ်ဆိုရင်တော့ ဒီအေးခဲချိန်ကို လက်ခံပေးလို့ရပါတယ်။”
“ခင်ဗျားခေါင်းသုံးပြီးစဉ်းစားမယ်ဆိုရင် နောက်ထပ်နည်းနည်းမှ ထပ်ရနိုင်မှာမဟုတ်ဘူးဆိုတာ သိလိမ့်မယ်။ ကျုပ်ကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုစီမှာ တစ်ခုလောက်ပေါ်လာပြီးရင် နောက်ထပ်ဖွင့်နိုင်ဖို့ ခက်ခဲမယ်လို့ သံသယရှိနေတယ်။”
“ဟုတ်တယ်...။ ဒီပစ္စည်းက များပြားလာရင် လူတိုင်းက ကျွန်းတွေကြားမှာ စိတ်ကြိုက်သွားလာနိုင်တော့မှာပေါ့။”
ရှောင်းယီသည် ထိုစကားကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး စဉ်းစားမိလိုက်သည်။
“ကံကောင်းတာက ငါ ဒီပင်လယ်ဓားပြရတနာသေတ္တာကို နှစ်ဆရတဲ့အချိန်မှာ ဖွင့်ခဲ့လို့ပဲ။ မဟုတ်ရင် မြို့ပြန်ကျောက်တုံးရဖို့ တစ်ကြိမ်တည်းသော အခွင့်အရေးကို ဖြုန်းတီးခဲ့မိမှာ။”
ယခုအချိန်တွင် ရှောင်းယီ၏လက်ထဲတွင် မြို့ပြန်ကျောက် သုံးခုရှိပေသည်။ နှစ်ခုကို နှစ်ဆရသည့်အချိန်တွင် ဖွင့်ခဲ့သော ပင်လယ်ဓားပြရတနာသေတ္တာထဲမှ ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ခုကိုမယ စွန်းကုထောင်မှ ပင်လယ်ဓားပြရတနာသေတ္တာဖွင့်ကာ ရရှိခဲ့ခြင်းဖြစ်ပေသည်။
“ဟေ့..ကျုပ် ရုတ်တရက်သတိထားမိသွားပြီ။ သူဌေးကြီးပြောတဲ့ ကျုပ်တို့ကို အပန်းဖြေစခန်းနဲ့ ကိုယ့်ရဲ့ကျွန်းကြားမှာ ဘယ်အချိန်မဆို သွားလာခွင့်ပြုမယ်ဆိုတာ ဒီပစ္စည်းကို အသုံးပြုမှာဖြစ်နိုင်တယ်။”
“မင်းမကောင်းဆိုးဝါးလေး မင်းတကယ်ဉာဏ်ကောင်းတာပဲ။ ဒီလိုဆိုရင်တော့ တကယ်ပဲဖြစ်မယ်ထင်တယ်။ အခြားအရာတွေက အပန်းဖြေစခန်းကို ဘယ်အချိန်မဆို ခရီးအသွားအပြန် ပြီးဆုံးအောင်မလုပ်နိုင်လောက်ဘူး။”
“ဒါပေမယ့် သူဌေးကြီးက ပထမဆုံးနေ့မှာ ခရီးသည် ၅၀ ပဲ လက်ခံမယ်လို့ ပြောထားသလိုပဲ။ သူဌေးကြီးမှာ မြို့ပြန်ကျောက်တုံး ၅၀ ရှိလို့လား။”
“ချီးပဲ...မြို့ပြန်ကျောက်တုံးက တစ်ခုပဲပေါ်လာနိုင်တယ်လို့ ဘယ်သူပြောခဲ့တာလဲ။ ထွက်လာပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်စမ်း။”
“ဘယ်တွေဖြစ်နေလဲဆိုတာ ကျုပ်ကဘယ်လိုလုပ်ပြီးသိမှာလဲ။ သူဌေးကြီးကို သာမန်အသက်ရှင်ကျန်ရစ်သူတွေရဲ့ မျက်လုံးနဲ့ ကြည့်လို့မရဘူး။ ဒါထက်ကို သူဌေးကြီးက မြို့ပြန်ကျောက်တုံးကို အသုံးပြုနေတာဟုတ်၊မဟုတ် မသေချာဘူးလေ။”
“ဒါက မြို့ပြန်ကျောက်တုံးပါ။”
ရှောင်းယီက ပြတ်ပြတ်သားသားပင် အမှန်တရားကို ဖော်ထုတ်လိုက်သည်။ ဤပစ္စည်းသည် နောက်ဆုံးတွင် လူတိုင်းရှေ့၌ ထွကခပေါ်လာမည်ဖြစ်သောကြောင့် ဝန်ခံလိုက်ရုံပင်။
“ဟားဟားဟား...သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ အနှစ် ၃၀ လုံးလုံး ပရော်ဖက်ရှင်နယ် အမှန်တရားဖော်ထုတ်သူပဲ။”
“အဲ့လိုတော့မပြောနဲ့လေ...ကျုပ်ကအခုမဇ ၂၅ နှစ်ပဲရှိသေးတာ။”
ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။
“ဖူး...။ မျက်လုံးတစ်မှိတ်အတွင်းမှာ နောက်ထပ်ဖော်ထုတ်မှုတစ်ခုပဲ။ ဟားဟားဟား...ငါရယ်ရလို့ သေတော့မယ်။”
“သူဌေးကြီးက ဒီလောက်တောင် ငယ်သေးတာလား။”
“ဒါပေမယ့် သူဌေးကြီး...ခင်ဗျားမှာ တကယ်ပဲ မြို့ပြန်ကျောက်တုံး ၅၀ ရှိတာလား။ အဲ့ဒါက ပင်လယ်ဓားပြဘယ်နှစ်ယောက်လောက် တိုက်ရမှာလဲ။”
“အခုချိန်မှာ ပင်လယ်ဓားပြားတွေ အများကြီးမရှိတော့ဘူးလို့ထင်တယ်။”
ရှောင်းယီက ဆက်လက်ပြောကြားလိုက်သည်။
“ကျုပ်မှာ မြို့ပြန်ကျောက်တုံး တစ်ခုပဲရှိတာပါ။ ဒါပေမယ့် ကျုပ်မှာ မြို့ပြန်ကျောက်တုံးကို အားသွင်းနိုင်တဲ့ အားသွင်းကိရိယာရှိတယ်။ မြို့ပြန်ကျောက်တုံးရဲ့ အေးခဲချိန်က အလိုအလျောက် နှေးကွေးစွာ အားသွင်းတာမျိုးလေ။ ကျုပ်က အဲ့ဒီအချိန်ကို အားသွင်းကိရိယာနဲ့ တိုက်ရိုက်ပယ်ဖျက်နိုင်တယ်။”
အားသွင်းကိရိယာရှိကြောင်း တိုက်ရိုက်ဖော်ထုတ်ရခြင်း၏ အကြောင်းရင်းမှာ ပထမဦးစွာ အနာဂတ်တွင် အားသွင်းခကောက်ရန်အတွက်ဖြစ်ပြီး ဒုတိယအားဖြင့် အနာဂတ်တွင် အားသွင်းခြင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအုတ်မြစ်ချပေးရန်ဖြစ်သည်။
ရှောင်းယီ၏ မက်ဆေ့ဂျ်ကို မြင်လိုက်ရသော အဖွဲ့တစ်ခုလုံးသည် စက္ကန့်သုံးဆယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် ပြန်လည်စည်ကားသွားခဲ့သည်။
“ကံမကောင်းစွာနဲ့ပဲ ကျုပ်မှာ ယဉ်ကျေးမှုမရှိဘူး။ ‘ချီးဘဲ’ ဆိုတဲ့ စကားစုကို အသုံးပြုနေရတယ်။ ဘာပြောရမှန်းမသိလို့ ‘ချီးဘဲ’ ဆိုတဲ့ စကားကို အသုံးပြုပြီး ရှက်ရွံ့မှုကို ဖုံးကွယ်နေတယ်။”
“ကျုပ် သူဌေးကြီးကို ဒူးထောက်ပါတယ်။ ဒီအားသွင်းကိရိယာနဲ့ မြို့ပြန်ကျောက်တုံးက တကယ့်ကို ပြီူပြည့်စုံတဲ့စုံတွဲတစ်ခုပဲ။”
“ဒါက အရမ်းပေါက်ကွဲလွယ်သွားပြီ။ ကျုပ်ကို ရှင်းပြခွင့်ပြုပါ။ တကယ်လို့ မဟာမိတ်အဖွဲ့မှာ မြို့ပြန်ကျောက်တုံးရှိပြီး အားသွင်းကိရိယာလည်းရှိတယ်ဆိုရင် ခဏအတွင်းမှာ လူအားလုံးကို ကျွန်းတစ်ကျွန်းပေါ်မှာ စုစည်းနိုင်မှာလား။”
“မင်းက ရှင်းရှင်းလင်းလင်းရှင်းပြပြီးပြီလေ။ မှန်တယ် ဒါပဲ။ ဘယ်လိုလဲ...စိတ်လှုပ်ရှားစရာမကောင်းဘူးလား။”
“စိတ်လှုပ်ရှားလွန်းလို့ ကျုပ် ဆီးတောင်သွားချင်လာပြီ။ ကျွန်တော့်လက်ထဲက မြို့ပြန်ကျောက်တုံးက မဟာမိတ်အဖွဲ့ရဲ့ ကယ်တင်ရှင်ဖြစ်သွားပြီလား။”
“ဒီမှာ နောက်ဆုံးထွက် ဆီးကျိတ်ဆေးပြားရောင်းနေတယ်။ အပေါ်ကလူ စမ်းကြည့်ချင်လား။”
စွန်းယောင်က အခွင့်ကောင်းယူပြီး သူ၏ဆေးပြားများကို ထပ်မံကြော်ငြာလိုက်သည်။
“ချီး ဆေးအတုရောင်းတဲ့သူ ပြန်ရောက်လာပြန်ပြီ။”
“သူဌေးကြီးက ဒီလိုအဆင့်မြင့်ပစ္စည်းတွေ ရနိုင်တယ်ဆိုရင် သူဌေးကြီးကျွန်းပေါ်က အပန်းဖြေစခန်းက တကယ်ကောင်းမယ်ဆိုတာ ကျုပ်ယုံကြည်တယ်။ ကျွန်တော်လည်း စမ်းကြည့်ချင်တယ်။”
“အတူတူပဲ...အုပ်စုလိုက်သွားကြရအောင်။”
“ဈေးနှုန်းက မသိရသေးဘူး။ ကျုပ်တို့လို သာမန်လူတွေ ခံစားခွင့်ရပါ့မလားမသိဘူး။”
“ဟုတ်တယ်...အရမ်းဈေးကြီးနေရင် နည်းလမ်းမရှိဘူး။”
“သူဌေးကြီး အပန်းဖြေစခန်းက အုတ်မြစ်ကျောက်နဲ့ လဲလှယ်မှာလား။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြန်လိုက်သည်။
“ဟုတ်တယ်...ဒါပေမယ့် လုံးဝတော့လည်း မဟုတ်သေးဘူး။ ဒီညမှာ လာကစားတဲ့အခါ သတိပြုရမယ့်အချက်တွေကို ထုတ်ပြန်ပေးမယ်။ လူတိုင်း ကိုယ်တိုင်ကြည့်လို့ရပါတယ်။”
အန်းယွဲ့သည် ထိုသတိပြုရမည့်အချက်များကို မနက်စောစောကတည်းက မူကြမ်းရေးပြီး ရှောင်းယီထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
“ကောင်းပြီ သူဌေးကြီး မြန်မြန်လုပ်ပေးပါ။ ကျုပ်မစောင့်နိုင်တော့ဘူး။ ရာသီဥတုက အရမ်းပူလို့ အရေပြားတောင် ကွာကျနေပြီ။ အဲယားကွန်းရဲ့ နှစ်သိမ့်မှုကို အရေးတကြီးလိုအပ်နေတယ်။”
“ဟုတ်တယ်...အဲယားကွန်းရဲ့ အေးမြတဲ့လေကိုမခံရတာ ဘယ်လောက်တောင်ကြာနေပြီလဲ...အရမ်းလွမ်းနေပြီ။”
“ကျုပ်ကတော့ အဆင်ပြေတယ်ထင်တယ်။ ဒုတိယအပတ်တုန်းကထက်စာရင်တော့ ပိုကောင်းပါတယ်။ အခုချိန်မှာ ပူနေပေမယ့် အိမ်ထဲမှာပုန်းပြီး ဆက်ခုခံနိုင်သေးတယ်။”
“အမှန်ပဲ။ ဒုတိယအပတ်တုန်းကဆိုရင် တကယ့်ငရဲပဲ...တကယ်ပူတယ်။ ဒီအပူချိန်က ထပ်တက်ဦးမှာလားမသိဘူး။”
“မတက်သင့်လောက်တော့ပါဘူး။ ဒီနေ့က မနေ့ကလိုပဲ။ ဆက်ပြီးမြင့်တက်လာတာမျိုးမရှိဘူးလို့ ခံစားရတယ်။”
အခန်း ၄၉၄။ ပန်းထိုးခြင်းလုပ်ငန်းပြီးဆုံးခြင်း၊ မဟာမိတ်အရှေ့ဘက်ကျွန်းကို တိုက်ခိုက်ခံရခြင်း
“ခံစားချက်လား။ ခံစားချက်က အသုံးမဝင်ဘူး။ ၀.၅ ဒီဂရီလောက်ပဲ တက်လာတာဆိုရင် ဘယ်လိုလုပ်မလဲ။”
“ဒီလိုတော့လည်း တရားသေမပြောပါနဲ့။ ခံစားချက်က နည်းနည်းတော့ အသုံးဝင်ပါသေးတယ်။ အနည်းဆုံးတော့ အပူချိန်တက်မှုက သိသိသာသာမရှိဘူးဆိုတာ ဖော်ပြနိုင်တယ်မဟုတ်ဘူးလား။”
“ဟုတ်တယ်။ ဒုတိယအပတ်တုန်းက အပူချိန်က မီးကင်ခံနေရသလိုကို တက်နေခဲ့တာ။”
“ကျုပ်ရဲ့ လေ့လာမှုအရတော့ တိုးတက်မှုမရှိပါဘူး။ ဒီနေ့အပူချိန်က မနေ့ကလိုပါပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ကြည့်ပါလား။ သူဌေးကြီးတောင်ပြောနေပြီ။ ကျုပ်ရဲ့ခံစားချက်က အရမ်းတိကျတယ်။”
“ကျစ်.. မင်းကြွားနေတာကိုကြည့်စမ်း။ အပူချိန်မတက်လာတာ ကောင်းတယ်။”
“အနာဂတ်မှာလည်း ဆက်မတက်လာဖို့ မျှော်လင့်တယ်။ ဒီအပူချိန်နဲ့တောင်မှ ကျုပ်တို့ အပြင်ဘက်မှာအလုပ်မလုပ်နိုင်တော့ဘူး။ တစ်နေကုန် အိမ်ထဲမှာပဲ ပုန်းနေရလိမ့်မယ်။”
“ဟုတ်တယ်...ပစ္စည်းသေတ္တာတောင်ယူဖို့ အပြင်ထွက်ရင်တောင် နေလောင်သွားသေးတယ်။ ဘယ်တော့မှမှ ပြီးမှာလဲပဲ။”
“ကျုပိယ်ကတော့ ဆက်မပြောတော့ဘူး...အခု ပစ္စည်းသေတ္တာယူဖို့ အပြင်ထွက်တော့မယ်။”
ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး အပြင်ဘက်က စူးရှစွာ တောက်ပနေသောနေလုံးကြီးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
“နည်းနည်းတော့ ပူတယ်။”
ထိုသို့ပြောရင်းဖြင့် သူသည် အန်းရန်ယူလာပေးသော ရေခဲသေတ္တာထဲက အုန်းသီးဖျော်ရည်ကို ကောက်သောက်လိုက်၏။
ဒေါက် ဒေါက် ဒေါက်
ရှောင်းယီက ခေါင်းမော့ကြည့်လိုက်သောအခါ လီယန်သည် ဖန်ချင်းလွမ်နှင့်အတူ တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
“ဝင်လာပြီးထိုင်ကြလေ...။”
ရှောင်းယီက ကြိုဆိုလိုက်သည်။
ထို့နောက် လီယန်တို့နှစ်ယောက်သည် အထဲသို့ဝင်လာပြီး အလံတစ်ခုကို ပေးအပ်လိုက်သည်။
“ကျွန်းပိုင်ရှင် ရှင်ကြည့်ကြည့်ပါဦး။ ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ လက်မှုပညာက တကယ်ကိုကွဲပြားတယ်။”
လီယန်က ပြုံးရင်းဖြင့် ပြောလိုက်သည်။
ရှောင်းယီသည် ၎င်းကိုယူလိုက်ပြီး စားပွဲပေါ်သို့တင်ကာ ဖြန့်ကြည့်လိုက်သည်။ အသက်ဝင်လှသော ခြေသည်းငါးချောင်းပါသည့်ရွှေနဂါးတစ်ကောင်က သူ့ဆီကို ပျံသန်းလာနေခဲ့သည်။
အလံပေါ်ရှိ ချုပ်ရိုးချုပ်သားများသည် အသက်ဝင်နေကဲ့သို့ပင်။
ရှောင်းယီက ဖန်ချင်းလွမ်ကို လက်မထောင်ပြပြီး ပြောလိုက်၏။
“တကယ့်ကို အံ့ဖွယ်ပဲ။”
ဖန်ချင်းလွမ်၏ မျက်လုံးအောက်ဘက်တွင် သိသိသာသာ မည်းနက်နေတာကို မြင်လိုက်ရသောအခါ ရှောင်းယီက ထပ်ပြောလိုက်သည်။
“နောက်ထပ် အချိန်ပိုလုပ်ခဲ့တာလား။”
“ဟုတ်တယ်...ကျွန်မ ဒီအရာက အရမ်းအရေးတကြီးလိုအပ်နေတာမဟုတ်ဘူးလို့ သူမကိုပြောခဲ့ပါတယ်။ ဒါပေမယ့် သူမက ဒီအလံကိုပြီးအောင်လုပ်ဖို့ အပြင်းအထန်တောင်းဆိုနေတယ်လေ။”
လီယန်က ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုတယ်။ ဒီလိုကောင်းမွန်တဲ့ ထုတ်ကုန်ကို ပြုလုပ်နိုင်ခဲ့တဲ့အတွက် အဒေါ်လီယန် ဆုချီးမြှင့်ဖို့ စီစဉ်ပေးလိုက်ပါ။”
“ဟုတ်ကဲ့”
လီယန်က ပြန်ဖြေလိုက်သည်။
ဖန်ချင်းလွမ်က ချက်ချင်း ပြောလိုက်သည်။
“အပတ်စဉ်လစာကတင် အရမ်းများနေပါပြီ။ ဒါကလည်း ကျွန်မရဲ့တာဝန်ပါပဲ။ အဲ့ဒါကြောင့် ဆုချီးမြှင့်ဖို့ မလိုပါဘူး။”
“အလုပ်ကောင်းကောင်းလုပ်ရင် ဆုချီးမြှင့်ရမှာပဲ။ ဒါကိုလက်ခံရတာက ရှက်စရာမဟုတ်ပါဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင် ကျွန်မမှာ မေးခွန်းတစ်ခုရှိပါတယ်။”
“ဘာမေးခွန်းလဲ...။”
ရှောင်းယီက မေးမြန်းလိုက်သည်။
“ကျွန်မတို့ကျွန်းပေါ်က အပန်းဖြေစခန်းကို အများပြည်သူအတွက် ဖွင့်တော့မယ်လို့ ကြားတယ်။”
ဖန်ချင်းလွမ်က မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
ဖန်ချင်းလွမ်က ဆက်ပြောသည်။
“ဒါဆို ကျွန်မရဲ့ ချည်ထိုးပန်းဖိုးပညာကို ရောင်းလို့ရမလား။”
“ဒါပေါ့...စက်ရုံထဲက အလုပ်တွေကို အနှောင့်အယှက်မဖြစ်စေသရွေ့ ကျန်တဲ့အချိန်တွေကို မင်းစိတ်ကြိုက်စီမံခန့်ခွဲလို့ရတယ်။”
ရှောင်းယီက ပြန်လည်ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဖန်ချင်းလွမ် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
အပန်းဖြေစခန်း ဖွင့်လှစ်ပြီးနောက် စီးပွားရေးအခွင့်အလမ်းများကို သူမမြင်တွေ့ခဲ့ရပေသည်။ သူမသည် ကုန်သွယ်မှုမှတစ်ဆင့် ဝင်ငွေများ ပိုမိုရရှိလိုပြီး သူမ၏အစ်ကို လာရောက်လည်ပတ်သည့်အခါ သူ့အား အံ့အားသင့်စေလိုနေခဲ့သည်။
လီယန်နှင့်တူ ရှောင်းယီဆီ ထွက်ခွာလာခဲ့ပြီးနောက် ဖန်ချင်းလွမ်သည် ချက်ချင်းပင် အလုပ်သမားဈေးနှုန်းဖြင့် စက်ရုံမှ အင်္ကျီ ၂၀ ခန့် ဝယ်ယူခဲ့သည်။ ပြီးနောက် အရောင်အမျိုးမျိုးရှိ ပိုးချည်မျှင်များနှင့် ပန်းထိုးရေးကိရိယာများ ဝယ်ယူခဲ့ပေသည်။
“ညနက်အောင်မနေနဲ့ဦးနော်...။”
လီယန်က စိတ်လှုပ်ရှားနေသော ဖန်ချင်းလွမ်ကို ကြည့်ကာ သတိပေးလိုက်သည်။
“စိတ်မပူပါနဲ့ အဒေါ်လီ...။ကျွန်မ စက်ရုံထဲက အလုပ်တွေ အနှောင့်အယှက်မဖြစ်စေရပါဘူး။”
ဖန်ချင်းလွမ်က ပြောလိုက်သည်။
လီယန်က အကူညီမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။
ရှောင်းယီက ဝေါ်ကီတော်ကီကို ကောက်ယူကာ ကျန်းယွင်ထျန်းကို ခေါ်ပြီး ဖန်ချင်းလွမ် လုပ်ထားသော အလံကို ပေးကာ ပြောလိုက်သည်
“အပန်းဖြေစခန်းထဲမှာ အလံတိုင်တစ်ခုလုပ်ပြီး ဒီအလံကို လွှင့်ထူထားလိုက်ပါ။”
“ဟုတ်ကဲ့...။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
“ဒီချည်ထိုးပန်းထိုးအတတ်က တကယ်ဖြစ်လာခဲ့ပြီပဲ။”
“ဟုတ်တယ်...ဖန်ချင်းလွမ်က အရမ်းအံ့ဩစရာကောင်းလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး။”
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဦးလေးအန်းဆီကနေ ကြားတာက ဖန်မင်လုံကလည်း သာမန်လူမဟုတ်သလိုပဲ။ သူက ယခင်ကမ္ဘာမှာတုန်းကလည်း စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သေးတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဟုတ်တယ်...ဦးလေးအန်းက ငါ့ကိုလည်း ဒီအကြောင်း ပြောဖူးတယ်။ ဒါပေမယ့် ဒီကောင်က တကယ်ကို စစ်ကွန်းကြီးဖြစ်နေတာပဲ။”
ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။
ထိုအကြောင်းပြောရင်းဖြင့် ကျန်းယွင်ထျန်းက ပြုံးလိုက်မိသည်။
“ကျွန်းပေါ်က လူတိုင်းက သူကစစ်ကွန်းတစ်ယောက်ဆိုတာ သိပုံရတယ်။ ဘယ်သူက သတင်းဖြန့်လိုက်တာလဲ။”
“ဘယ်သူသိမှာလဲ...။”
ရှောင်းယီက ပခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။
“သူက သိပ်သိသာနေလို့နေမှာပေါ့။”
“ဒီဒီ ဖန်မင်လုံက သီးသန့်မက်ဆေ့ဂျ်ပို့လာပါတယ်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရုတ်တရက် အသိပေးလာခဲ့သည်။
“သူ့အကြောင်း ပြောနေတုန်းရှိသေးတယ်... တကယ်ကို မကောင်းဆိုးဝါးပဲ။”
ရှောင်းယီက ပြုံးလိုက်ပြီး ဖန်မင်လုံ၏ သီးသန့်မက်ဆေ့ဂျ်ကို ဖွင့်ကြည့်လိုက်လေသည်။ ထို့နောက် သူ၏မျက်နှာအမူအရာသည် တင်းမာသွားပြီး ပြောလိုက်သည်။
“မဟာမိတ်အရှေ့ဘက်ကျွန်းက ဒေသခံသင်္ဘောလေးစီး လာနေတာကို တွေ့ရတယ်။ ကီလိုမီတာ ၅၀ လောက်ဝေးသေးတယ်။ သွားပြီး ဂရုစိုက်ပေးလိုက်ပါ။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ချက်ချင်းပင် ထရပ်ပြီး အလံကိုယူကာ အပျော်စီးရွက်သင်္ဘောပြန်ရပြီးနောက် စစ်သည် ၁၀ ယောက်နဲ့အတူ မဟာမိတ်အရှေ့ဘက်ကျွန်းဆီသို့ ထွက်ခွာသွားတော့လေသည်။
ကျန်းယွင်ထျန်း၏ တည်ရှိမှုသည် စစ်ကြောင်းကို ကြီးကြပ်ရန်အတွက်သာဖြစ်သည်။ ယခုအခါ မဟာမိတ်ကျွန်းတစ်ခုစီတွင် ရွက်သင်္ဘောကြီး လေးစီးစီရှိပြီး လုံလောက်သော တပ်ဖွဲ့များနှင့် လက်နက်များ ပြည့်စုံစွာတပ်ဆင်ထားသည်။ အကယ်၍ ၎င်းတို့သည် ဒေသခံတိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်ခြင်းမရှိပါက ကျွန်းအုပ်ချုပ်ရေးမှူးကို အစားထိုးရန် လိုအပ်မည်ဖြစ်သည်။
ဖန်မင်လုံသည် မှန်ပြောင်းမှတစ်ဆင့် အဝေးတွင်ရှိနေသော ဒေသခံသင်္ဘောများကို ကြည့်ရှုကာ သူ၏နှုတ်ခမ်းထောင့်များကို အပေါ်သို့ အနည်းငယ်မြှင့်တင်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“သင်္ဘောတွေပေါ်တက်ကြ.. စစ်တိုက်ဖို့ အသင့်ပြင်။”
ဖန်မင်လုံ၏ ကျွန်းပေါ်ရှိ စစ်သည်များသည် ချက်ချင်းပင် ကျွန်း၏အစွန်းတွင် ရပ်နားထားပြီးဖြစ်သော ရွက်သင်္ဘောကြီးများပေါ်သို့ တက်သွားကြပြီး ကမ်းခြေမှ ငါးကီလိုမီတာခန့်အကွာတွင် ရပ်တန့်လိုက်ကြသည်။
“ဒေသခံသင်္ဘောတွေ ချဉ်းကပ်လာရင် သင်္ဘောအမှတ် ၁ နဲ့ ၂ က ဘယ်ဘက်ကသင်္ဘောတွေကို ပစ်မှတ်ထားမယ်၊ သင်္ဘောအမှတ် ၃ နဲ့ ၄ က ညာဘက်ကသင်္ဘောတွေကို ပစ်မှတ်ထားပါ။ ပြီးရင် ချက်ချင်း သူတို့ရဲ့သင်္ဘောတွေပေါ်ကို အဆိပ်ငွေ့ဗုံးများ ပစ်လွှတ်လိုက်။ ပြီးရင် ငါတို့ရဲ့စွမ်းအားအားလုံးကို အလယ်ဗဟိုမှာရှိတဲ့ သင်္ဘောနှစ်စီးကို တိုက်ခိုက်ဖို့ စုစည်းကြမယ်။”
ဖန်မင်လုံက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်းက ပြန်ဖြေလိုက်ကြသည်။
နှစ်နာရီသည် အလျင်အမြန် ကုန်လွန်သွားပြီး ဖန်မင်လုံနှင့် အဖွဲ့သားများသည် ဒေသခံသင်္ဘောများကို မြင်တွေ့နိုင်ပြီဖြစ်သည်။
“ရွက်လွှင့်...ထွက်ခွာမယ်။”
ဖန်မင်လုံက အမိန့်ပေးလိုက်သည်။
ရွက်သင်္ဘောကြီးလေးစီးသည် ဒေသခံသင်္ဘောများဆီသို့ ရွက်လွှင့်ကာ ထွက်ခွာသွားတော့သည်။
“ဒေသခံသင်္ဘောတွေနဲ့ အကွာအဝေးကို သတိထားကြ။”
ဖန်မင်လုံက ညွှန်ကြားလိုက်သည်။
ဒေသခံတိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွကခယ် သင်္ဘောတစ်စီးစီတွင် C-အဆင့် ဝေါ်ကီတော်ကီတစ်ခုစီ တပ်ဆင်ထားပေသည်။
ချဉ်းကပ်လာသော ဒေသခံများသည် ရွက်သင်္ဘောကြီးလေးစီး သူတို့ဆီသို့ ရွက်လွှင့်လာသည်ကို မြင်လိုကခရသောအခါ သတိထားကာ အရှိန်လျှော့လိုက်ကြသည်။
ဖန်မင်လုံနှင့် အဖွဲ့သားများသည် ဒေသခံသင်္ဘောများအနီးသို့ ချဉ်းကပ်လာသောအခါ ဖန်မင်လုံက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ခွဲထွက်ပြီး အတောင်ပံတွေကို တိုက်ခိုက်ကြ။”
ရွက်သင်္ဘောကြီးလေးစီးသည် ချက်ချင်းပင် အုပ်စုနှစ်စုခွဲကာ တစ်စုက ဘယ်ဘက်သို့၊ တစ်စုက ညာဘက်သို့ သွားလိုက်ကြသည်။
“ပထမအသုတ် လောက်လွှဲတွေ တိုက်...”
ဖန်မင်လုံက အော်ဟစ်လိုက်သည်။
သင်္ဘောများကြားအကွာအဝေးသည် လောက်လွှဲ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဖန်မင်လုံ၏ အမိန့်အတိုင်း ကျောက်တုံး ၁၂ တုံးကို သင်္ဘောလေးစီးမှ ချက်ချင်းပင် ပစ်လွှတ်လိုက်လေသည်။
သို့သော် ဖန်မင်လုံကို အံ့အားသင့်စေခဲ့သည်မှာ နှစ်ဖက်စလုံးရှိ ဒေသခံသင်္ဘောများမှလည်း ကျောက်တုံးကြီး ခြောက်တုံး ပျံထွက်လာခြင်းပင်ဖြစ်သည်။
ပျံထွက်လာနေသော ကျောက်တုံးများကို ကြည့်ရှုရင်း ဖန်မင်လုံ ချက်ချင်းအော်ဟစ်လိုက်၏။
“ပုန်းကြ...။ ပျက်စီးသွားတဲ့ သင်္ဘောတွေကို အချိန်မရွေး ပြုပြင်ဖို့ အသင့်ရှိပါစေ...။”
ဝုန်း ဝုန်း ဝုန်း
ခရက် ခရက် ခရက်
ကျောက်တုံးများသည် သင်္ဘောကြမ်းပြင်ပေါ်သို့ ကျရောက်လာကာ သင်္ဘောကြမ်းပြင်ကို တိုက်ရိုက်ခွဲထုတ်လိုက်လေသည်။
ကျောက်တုံးအချို့သည် သုံးချက်ပစ်လောက်လွှဲပေါ်သို့လည်း ကျရောက်သွားကြလေသည်။ အလားတူပင် ပင်မတည်ဆောက်မှုကို သစ်သားဖြင့်ပြုလုပ်ထားသော ထိုလောက်လွှဲများကိုလည်း ပျက်စီးသွားစေခဲ့ပေသည်။
အခန်း ၄၉၅။ ဒေသခံများတွင်လည်း လောက်လွှဲများရှိနေခြင်း
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြပ်နေသော ဒေသခံများသည် သင်္ဘောနှင့် လောက်လွှဲ၏ပျက်စီးမှုကို ဆုဝမ်ထံသို့ ချက်ချင်းသတင်းပို့လိုက်၏။
ဆုဝမ်သည် သူတို့ လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ပို့ပေးခဲ့ပြီး ပျက်စီးသွားသော နေရာအားလုံးကို ချက်ချင်း ပကတိအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေခဲ့သည်။
ထိုစဥ် အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုနေသော ကျန်းယွင်ထျန်းသည်လည်း အံ့အားသင့်စွာ ပြောလိုက်မိ၏။
“သူတို့က ဒါကို ပစ္စည်းသေတ္တာဖွင့်ရာကနေ ရခဲ့တာလား ဒါမှမဟုတ် အထက်လူကြီးတွေက အနောက်ပေါက်ကနေ တိုက်ရိုက်ပေးလိုက်တာလား။”
ယခင်က သူတို့ကြုံတွေ့ခဲ့ရသော ဒေသခံများတွင် လောက်လွှဲများ လုံးဝမရှိခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ ဒေသခံမဟာမိတ်တပ်ထဲတွင် အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့လေသည်။
ပြိုင်ဘက်၏ပထမလှိုင်း တိုက်ခိုက်မှုအပေါ် အခြေခံကြည့်လျှင် သင်္ဘောတစ်စီးစီတွင် လောက်လွှဲခြောက်ခုခန့် ရှိသင့်ပေသည်။
“ရန်သူဘက်မှာ လောက်လွှဲတွေရှိနေပြီဆိုမှတော့ သူတို့မှာ လောက်လွှဲရဲ့တိုက်ခိုက်မှုအတွက် အခြားပြင်ဆင်မှုတွေလည်း ရှိထားသင့်တယ်။”
ကျန်းယွင်ထျန်းက တစ်ကိုယ်တည်း စဉ်းစားလိုက်မိသည်။
ဟုတ်ပါသည်။ ထိုစဉ် ဒေသခံသင်္ဘောများပေါ်တွင် သစ်သားဒိုင်းကြီးများ ထွက်ပေါ်လာခဲ့ပြီး ဒေသခံအချို့သည် အတူတကွပူးပေါင်းကာ ၎င်းတို့ကို ကိုင်ဆောင်ထားခဲ့ကြလေသည်။
“မကြာသေးခင်က ဆက်တိုက်အောင်မြင်ခဲ့တဲ့တိုက်ပွဲတွေက ငါတို့ကို နည်းနည်းစိတ်ကြီးဝင်စေခဲ့တာပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ကျန်းရွှဲ့ကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။
“အမှန်ပဲ...ငါတို့မှာ လောက်လွှဲရှိနေပြီဆိုမှတော့ ဒေသခံတွေမှာလည်း ရှိနိုင်တာပဲ။ ငါတို့ ဘာပြင်ဆင်မှုမှ မလုပ်ထားခဲ့ဘူးလား။”
“ငါတို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောပေါ်ကို မသယ်လာခဲ့မိဘူး။ အခုချက်ချင်း ဆုဝမ်ကို လဲလှယ်ခိုင်းလိုက်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြပ်နေသော စစ်သားတစ်ဦးက တုံ့ပြန်လိုက်သည်။
တိုက်ခိုက်မှုတစ်လှည့်ပြီးသွားပြီးနောက် ဒေသခံများ ရပ်တန့်သွားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုနှုန်းက တော်တော်လေးနိမ့်ကျသည့်ပုံပင်။
ဖန်မင်လုံသည် ဆုဝမ်ဆီမှ ပို့ပေးလိုက်သော သံမဏိဒိုင်းကာများကို ရရှိပြီးဖြစ်သည်။
“မြန်မြန် လူတိုင်း သံမဏိဒိုင်းတွေ မြှောက်ပြီး ရန်သူဘက်က လောက်လွှဲရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ်ကြ။”
ဖန်မင်လုံက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်း ပြန်ဖြေလိုက်ကြ၏။
ဤဒိုင်းများကို ကျန်းယွင်ထျန်းမှ ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအလေးချိန်သည် အထူးလေးလံခြင်းမရှိသော်လည်း လုံလောက်သော ခိုင်ခံ့မှုရှိပြီး ၎င်းတို့ကို A-အဆင့် လောက်လွှဲများ၏ တိုက်ခိုက်မှုများနှင့် စမ်းသပ်ခဲ့ပြီးဖြစ်သည်။
ထို့နောက် လူနှစ်ယောက် အတူတကွလုပ်ဆောင်ရမည်ဖြစ်ပြီး အတော်လေးလည်း ရွေ့လျားနိုင်စွမ်းရှိသည်။
ထိုအကာအကွယ်များနှင့်အတူ ဖန်မင်လုံနှင့် သူ၏သင်္ဘောပေါ်ရှိ သုံးချက်ပစ်လောက်လွှဲများမှာ ပြန်လည်အလုပ်ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် S-အဆင့် လောက်လွှဲများ၏ ကျောက်တုံးများကို ပစ်လွှတ်ရာ၌ ထည့်သွင်းခြင်းနှင့် ပစ်လွှတ်ခြင်း၏ အမြန်နှုန်းနှင့် ထိရောက်မှုသည် သာမန်တစ်ချက်ပစ်လောက်လွှဲများထက် ပိုမိုမြင့်မားသောကြောင့်ပင်။
ဤအချက်ကြောင့် ဒေသခံများသည် တိုက်ခိုက်မှုတစ်လှည့်သာ ပစ်လွှတ်နိုင်စဉ် ဖန်မင်လုံဘက်မှ ငါးလှည့် တိုက်ခိုက်နိုင်ခဲ့ပေသည်။
ထို့ပြင် ဒေသခံများ၏ခံစစ်သည် တစ်ချက်ပစ်လောက်လွှဲများနှင့်အညီ အပြည့်အဝတပ်ဆင်ထားရသောကြောင့် နောက်ဆုံးတွင် သစ်သားဒိုင်းများကိုင်ဆောင်ထားသော ဒေသခံများ၏ လက်မောင်းများမှာ ထုံကျင်နေခဲ့ကြပြီဖြစ်သည်။
သစ်သားဒိုင်းများသည်လည်း အမျိုးမျိုးသော ပျက်စီးမှုများကို ပြသလာခဲ့သည်။
“နောက်တစ်လှည့် ထပ်ပစ်ပြီးရင် အဆိပ်ငွေ့ဗုံးတွေ ပစ်လွှတ်လိုက်တော့။”
ဖန်မင်လုံက အမိန့်ပေးလိုက်သည်။
ဆွစ် ဆွစ် ဆွစ်
နောက်ထပ် ကျောက်တုံးလှိုင်းတစ်ခု ပျံသန်းထွက်သွားပြီး နောက်မှ အဆိပ်ငွေ့ဗုံးများကို ထပ်မံပစ်လွှတ်လိုက်သည်။
နောက်ဆုံးကျောက်တုံးလှိုင်းသည် ဒေသခံများ၏ ခံစစ်ကို လုံးဝချိုးဖျက်ပစ်လိုက်ပြီး နောက်မှလိုက်ပါလာသော အဆိပ်ငွေ့ဗုံးများသည်လည်း ဒေသခံသင်္ဘော၏ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားတော့လေသည်။
ဖူး....
အဆိပ်ငွေ့ဗုံးသည် ချက်ချင်းပင် အဖြူရောင်မီးခိုးများကို ထုတ်လွှတ်လိုက်၏။
ထိုသင်္ဘောပေါ်ရှိ မှော်ဆရာသည် ချက်ချင်း အော်ဟစ်လိုက်သည်။
“မြန်မြန် အဲ့ဒီမီးခိုးတွေကို ခပ်ထုတ်ကြစမ်း။”
သို့သော် ဒိုင်းများကိုင်ဆောင်ထားသော ဒေသခံများသည် လုံးဝကူညီနိုင်ခြင်းမရှိဘဲ သူတို့ကိုင်ဆောင်ထားသော ဒိုင်းများသည်လည်း ကွဲအက်သွားပြီးဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏လက်များနှင့် ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ တိရစ္ဆာန်သားရေများကိုသာ အားကိုးရုံဖြင့် ထိုထူထပ်သောအဖြူရောင်မီးခိုးများကို ခပ်ထုတ်၍မရနိုင်ခဲ့ပေ။
သူတို့အောင်မြင်သွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ ဖန်မင်လုံက ချက်ချင်း အမိန့်ပေးလိုက်တော့လေသည်။
“နောက်ပြန်ဆုတ်ပြီး တစ်ဖက်က ဒေသခံသင်္ဘောနဲ့ အကွာအဝေးတစ်ခုယူထား။”
အကွာအဝေးကို အနည်းငယ်တိုးမြှင့်ပြီးနောက် ဖန်မင်လုံသည် အခြားတစ်ဘက်ရှိ ဒေသခံသင်္ဘောမှလည်း အဖြူရောင်မီးခိုးများ ထွက်လာသည်ကို မြင်တွေ့လိုက်ရပြီး သူတို့သည်လည်း အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
ဘေးနှစ်ဖက်စလုံးရှိ သင်္ဘောနှစ်စီးကို ဖြေရှင်းပြီးနောက် ကျန်ရှိနေသော သင်္ဘောနှစ်စီးသည် ဆင့်လှီးတုံးပေါ်တွင် အပိုင်းခံရန် စောင့်နေရသော အသားတုံးများသာ ဖြစ်သွားကြပြီဖြစ်သည်။
ဖန်မင်လုံ၏ တိုက်ခိုက်မှုများ မည်မျှထက်ရှသည်ကို မြင်တွေ့လိုက်ရသောအခါ အလယ်ဗဟိုရှိ သင်္ဘောနှစ်စီးသည် အမှန်တကယ်ပင် ဦးတည်ချက်ကျောက်တုံးများကို တိုက်ရိုက်အသုံးပြုလိုက်တော့လေသည်။
ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်ပေါ်လာသောအခါ ဖန်မင်လုံသည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်ကျိန်ဆဲလိုက်၏။
“သေစမ်း သူတို့က အရမ်းသူရဲဘောကြောင်မနေဘူးလား။ အခုချက်ချင်းအနားကပ်ပြီး အဆိပ်ငွေ့ဗုံးတွေပစ်ကြစမ်း။”
ဦးတည်ချက်ကျောက်တုံးကို အသုံးပြုရန်အတွက် လူအားလုံးသည် သင်္ဘောခန်းမထဲသို့ ဝင်ရောက်ရမည်ဖြစ်သောကြောင့် အဆိပ်ငွေ့ဗုံးများ ပစ်လွှတ်ခြင်းကို မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် ချက်ချင်း ရှောင်ယောက်အား အပျော်စီးရွက်သင်္ဘောကို ထိုနေရာသို့ မောင်းခိုင်းလိုက်လေသည်။
နောက်ထပ်တစ်ကြိမ် အောင်မြင်ပြီးနောက် ဖန်မင်လုံသည် ယာဉ်မောင်းကို ထိုသင်္ဘောနားသို့ ကပ်ခိုင်းလိုက်လေသည်။
ဖန်မင်လုံသည် သူ၏စွမ်းရည်များကို ပြသချင်သလို သင်္ဘောလေးစီးစလုံးကိုလည်း အလွတ်မပေးလိုချေ။
“ဖန်မင်လုံ သင်္ဘောပေါ်မတက်နဲ့။”
ထိုစဉ် ဖန်မင်လုံသည် ဝေါ်ကီတော်ကီမှထွက်လညသော ကျန်းယွင်ထျန်း၏အသံကို ချက်ချင်းကြားလိုက်ရလေသည်။
ဖန်မင်လုံသည် သူ၏သင်္ဘောပေါ်တက်ရန်ပြင်နေသော လုပ်ဆောင်မှုများကို အနည်းငယ်ရပ်တန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ခင်ဗျားက မှော်ဆရာ လုံးဝအဆိပ်မမိသေးမှာကို စိုးရိမ်နေတာလား။”
“ဟုတ်တယ်...အရင်တစ်ခါတုန်းက မှော်ဆရာကအဆိပ်မမိခဲ့ဘူး။ ငါ သူ့ရဲ့လှည့်ကွက်ထဲကို ကျသွားမိလုနီးပါးပဲ။ ဒါပေမယ့် အဲဒီမှော်ဆရာက A-အဆင့်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခါ ပြိုင်ဘက်မှော်ဆရာရဲ့ အဆင့်က မသေချာသေးဘူး။ အဲ့ဒါကြောင့် သတိထား ငါသွားလိုက်မယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီက သူတို့ကြုံတွေ့ရမည့် မဟာမိတ်များသည် B-အဆင့် ဖြစ်လိမ့်မည်ဟု ပြောခဲ့သော်လည်း မတော်တဆမှုအချို့ ဖြစ်လာနိုင်သောကြောင့် သတိထားခြင်းက ပိုကောင်းပေသည်။
ဖန်မင်လုံက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်... ဒါဆို ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။”
“ရပါတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းသည် သူ၏ပါးစပ်နှင့် နှာခေါင်းကို အုပ်ပြီး သူ၏ဓားမြှောင်ကို ကိုင်ဆောင်ကာ ချက်ချင်းပင် တည်နေရာကူးပြောင်းရန်ပြင်ဆင်နေသော ဒေသခံသင်္ဘောပေါ်သို့ ခုန်တက်လိုက်လေသည်။
သူသည် သင်္ဘောခန်း၏တံခါးနားသို့ သတိထားကာ ချဉ်းကပ်သွားလိုက်၏။ ထိုစဥ် သူ့အပေါ်သို့ စိတ်ဝိဉာည်တိုက်ခိုက်မှုတစ်ခု ကျရောက်လာခဲ့သော်လည်း ကျန်းယွင်ထျန်းသည် ထိုတိုက်ခိုက်မှုက သူ့အတွက် ခြိမ်းခြောက်မှုမရှိကြောင်း ခံစားလိုက်ရလေသည်။ သူ၏စိတ်သည် အနည်းငယ်လေးလံသွားရုံသာဖြစ်ပြီးနောက် ထိုခံစားချက်မှာ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းယွင်ထျန်းသည် ခြေလှမ်းကျဲကျဲဖြင့် အထဲဝင်သွားပြီးနောက် လုံးဝမသတိလစ်သေးသော မှော်ဆရာကို တွေ့ရှိလိုက်ရလေသည်။ သူသည် ထိုလူကို တိုက်ရိုက်သတိလစ်သွားအောင် လုပ်လိုက်ပြီး ဦးတည်ချက်ကျောက်တုံး၏ တည်နေရာကူးပြောင်းမှုကို ရပ်တန့်လိုက်တော့၏။
အရာအားလုံးကို ကိုင်တွယ်ပြီးနောက် ကျန်းယွင်ထျန်းသည် ချက်ချင်းပင် အခြားသင်္ဘောတစ်စီးဆီသို့ ပြေးသွားခဲ့လေသည်။
သူသည် ထိုသင်္ဘောပေါ်ရှိ မှော်ဆရာ၏ စိတ်ဝိဉာည်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသေးသော်လည်း သူ့အတွက် ခြိမ်းခြောက်မှုမရှိခဲ့ပေ။
ထိုမှော်ဆရာကို သတိလစ်အောင် ထိုးပစ်လိုက်ပြီးနောက် ဦးတည်ချက်ကျောက်တုံးကို ရပ်တန့်ကာ လုပ်စရာရှိသည်များကို တစ်ချိန်တည်းဖြင့် အပြီးသတ်လိုက်ပြီး ပြန်လည်ထွက်ခွာလာခဲ့သည်။
“ဖန်မင်လုံ မင်းရဲ့လူတွေကို အဲ့ဒီသင်္ဘောတွေကို ဆွဲလာခိုင်းလိုက်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဖန်မင်လုံက တုံ့ပြန်လိုက်သည်။
နာရီဝက်ကြာပြီးနောက် ရွက်သင်္ဘောကြီးရှစ်စီးသည် မဟာမိတ်အရှေ့ဘက်ကျွန်းပေါ်သို့ ဆိုက်ကပ်လာခဲ့ကြလေသည်။
ကျန်းယွင်ထျန်းသည် ကမ်းခြေပေါ်တွင် သူတို့ကိုစောင့်မျှော်နေခဲ့ပြီး မှော်ဆရာများနှင့် ခေါင်းဆောင်များကို သီးသန့်ခွဲထုတ်ကာ ဘေးဖယ်ထားလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီမှာတိုက်ပွဲပြီးသွားပါပြီ။ ပြိုင်ဘက်အားလုံးကို ဖမ်းမိထားပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ဒေသခံမဟာမိတ်တပ်ထဲမှာ တကယ်ပဲ လောက်လွှဲတွေရှိနေခဲ့တယ်။”
ကျန်းယွင်ထျန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ သတင်းပို့လိုက်သည်။
“အထက်လူကြီးတွေက ဒေသခံတွေအတွက် အနောက်တံခါးကို ထပ်ဖွင့်ပေးလိုက်ပြန်ပြီလား။”
ရှောင်းယီက မျက်မျောင်ကြုတ်ကာ ပြောလိုက်သည်။
“အပျော်စီးရွက်သင်္ဘောနဲ့ ငါ့ကိုလာခေါ်လှည့်။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
ခဏကြာပြီးနောက် ကျန်းယွင်ထျန်းသည် ရှောင်းယီကို မဟာမိတ်၏ အရှေ့ဘက်ကျွန်းသို့ ခေါ်ဆောင်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင် ခင်ဗျား ရောက်လာပြီပဲ။”
ဖန်မင်လုံက ကြိုဆိုကာနှုတ်ဆက်လိုက်၏။
ရှောင်းယီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“မင်း ပင်ပန်းသွားပြီ။”
“မပင်ပန်းပါဘူး...။ နောက်ဆုံးကျန်တဲ့သင်္ဘောနှစ်စီးကို အစ်ကိုကျန်းကသာ ဂရုစိုက်ပေးခဲ့ရတာပါ။”
ဖန်မင်လုံက ပြန်ဖြေလိုက်သည်။
“ငါတို့အားလုံးက မိသားစုတစ်ခုတည်းပါပဲ။ ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ထို့နောက် ရှောင်းယီသည် မှော်ဆရာလေးဦးနှင့် ခေါင်းဆောင်လေးဦးထံသို့ ရောက်ရှိလာခဲ့ပြီး သူနှင့်အတူပါလာသော နာ့နာကို ထိုလူများအား ကုသခိုင်းလိုက်လေသည်။
မကြာမီ သူတို့နိုးလာခဲ့ကြသည်။
ရှောင်းယီသည် အခြားသူများကို စောစောကတည်းက ပထုတ်ထားခဲ့ပြီးဖြစ်ကာ ယခုအချိန်တွင် ကျန်းယွင်ထျန်းနှင့် သူသာရှိတော့သည်။
ဒေသခံမှော်ဆရာလေးဦးသည် သူတို့ရှေ့တွင် အပြင်လူနှစ်ဦးသာရှိသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး ရှောင်းယီနှင့် ကျန်းယွင်ထျန်းကို စိတ်ဝိဉာည်တိုက်ခိုက်မှုများဖြင့် စတင်တိုင်ခိုက်လိုက်ကြတော့လေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် သူတို့၏ဘေးနားတွင်ရှိနေသော ခေါင်းဆောင်များအား ရှောင်းယီနှင့် ကျန်းယွင်ထျန်းကို အတူတကွ တိုက်ခိုက်ရန် အမိန့်ပေးလိုက်ကြသည်။
ခေါင်းဆောင်လေးဦးသည် မှော်ဆရာများ၏အမိန့်ကို မလိုက်နာဘဲမနေဝံ့ဘဲ ချက်ချင်းပင် ရှောင်းယီနှင့် ကျန်းယွင်ထျန်းဆီသို့ ပြေးဝင်သွားကြတော့လေသည်။