← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 47 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 47 Ch. 461-462

အခန်း။ ၄၆၁

ထိုသို့ပြောပြီးနောက် အခြေစိုက်စခန်းအကြီးအကဲက သူ၏လက်နားရှိ လက်ဆောင်သေတ္တာနှစ်လုံးကို သူမထံသို့ တိုးပေးလိုက်သည်။ သေတ္တာတစ်လုံးမှာ စတုရန်းပုံစံ နီညိုရောင်သစ်သားဖြင့် ပြုလုပ်ထားပြီး အပေါ်ဘက်တွင် မှန်ချပ်တစ်ခု တပ်ဆင်ထားသည်။

ကြည်လင်သောမှန်ချပ်မှတစ်ဆင့် အတွင်းရှိ နီရဲတောက်ပနေသော ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုကို မြင်တွေ့ရသည်။ ခန့်ညားထည်ဝါလှသော ထိုတံဆိပ်၏ အောက်ခြေတွင် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားမဟူသော စာလုံးများကို တောက်ပစွာ ထွင်းထုထားသည်။

အခြားရှည်လျားသော သေတ္တာတစ်လုံးမှာမူ သစ်သားသက်သက်ဖြင့် ပြုလုပ်ထားပြီး အတွင်း၌ ဘာရှိသည်ကို မမြင်ရချေ။

ခေတ္တမျှအကြာ အကြီးအကဲ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျောက်လင်းမှာ ခဏမျှ မှင်တက်သွားပြီးမှ အတိုင်းမသိ ဝမ်းသာသွားခဲ့ရသည်။

ပြိုင်ဘက်ကင်း စစ်နတ်ဘုရားမလား။

ကျန်းပြည်နယ်နှင့် နဂါးပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ခွင့်ရရှိခြင်းက သူမကို လူသားမျိုးနွယ်အတွင်း နောက်ထပ်ခြေလှမ်းတစ်လှမ်း ပိုမိုတိုးတက်စေခဲ့ပြီဖြစ်သည်။

အကြီးအကဲ၏ စကားအရ ဤဘွဲ့ထူးဖြင့် သူမသည် နဂါးပြည်နယ်အတွင်းရှိ အဓိကအခြေစိုက်စခန်းအားလုံးကို အမိန့်ပေး၍ စေခိုင်းနိုင်ပြီဖြစ်သည်။ ဤသည်မှာ နဂါးပြည်နယ်အတွင်းရှိ အခြေစိုက်စခန်းများ၏ အင်အားကို ပေါင်းစည်းကာ တစ်ပါးကမ္ဘာမှ ရန်သူများကို ရင်ဆိုင်နိုင်တော့မည်ဟု ဆိုလိုခြင်းပင်။

ဤအချက်ကို တွေးမိသည်နှင့် ကျောက်လင်းမှာ သူမ၏ ပီတိကို မထိန်းနိုင်တော့ချေ။ အကယ်၍ ဤအတိုင်းသာ ဆက်လက်တိုးတက်နေမည်ဆိုပါက အင်ပါယာမြို့တော်သို့ တက်လှမ်းပြီး ထိပ်တန်းရာထူးတစ်ခု ရယူနိုင်ရန်မှာ မဝေးတော့ပေ။

ချီချီလေးကတော့ ငါ့ကို တကယ့်လက်ဆောင်ကြီးတစ်ခု ပေးလိုက်တာပဲ

သူမကို စာအုပ်ပေးခဲ့သော ချီချီလေးကို တွေးမိသည်နှင့် ကျောက်လင်း၏ စိတ်ထဲတွင် ကျေးဇူးတင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ အင်ပါယာမြို့တော်က သူမကို ဘာလို့ ဒီလောက်အထိ ဂုဏ်ပြုတာလဲဆိုသည်မှာ ချီချီလေး၏ စာအုပ်ကြောင့်သာဖြစ်ကြောင်း သူမ မမေ့လျော့ပေ။

မကြာမီမှာပင် ကျောက်လင်းသည် အခြေစိုက်စခန်းအကြီးအကဲကို နှုတ်ဆက်ကာ စစ်စခန်းသို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။

ရုံးခန်းအတွင်း၌ ကျောက်လင်းသည် သူမ၏လက်ထဲမှ နီရဲသောတံဆိပ်ကို စိတ်ဝင်တစားဖြင့် ကိုင်တွယ်ကြည့်ရှုနေသည်။ ယခုမှစ၍ အပြင်ထွက်သည့်အခါ ဤတံဆိပ်ကို ရင်ဘတ်တွင် တပ်ဆင်ထားရုံဖြင့် အခြားသူများ၏ အားကျမှုကို ရရှိမည်မှာ သေချာသည်။

မိနစ်အနည်းငယ်အကြာတွင် ကျောက်လင်းသည် တံဆိပ်ကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး ဘေးရှိ ရှည်လျားသော လက်ဆောင်သေတ္တာကို အာရုံစိုက်လိုက်သည်။

အခြေစိုက်စခန်းအကြီးအကဲ၏ ရှင်းပြချက်ကို ပြန်လည်သတိရကာ ကျောက်လင်းသည် သေတ္တာကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်ပြီး အပြာရောင်ဆေးရည်တစ်ပုလင်းကို ထုတ်ယူလိုက်

သည်။ ဤဆေးရည်မှာ အပြာရောင်သလင်းကျောက်ကဲ့သို့ပင် ကြည်လင်ကာ တောက်ပနေပြီး မှော်ဆန်သော အလင်းတန်းလေးများ ထွက်ပေါ်နေသည်။

ယခုတစ်ခေါက်တွင် အင်ပါယာမြို့တော်သည် တံဆိပ်နှင့် အာဏာအပြင် အဖိုးတန်ဆေးရည်တစ်မျိုးကိုပါ ပေးအပ်ခဲ့ခြင်းပင်။ ကျောက်လင်းသည် ဆေးရည်ပုလင်းကို ကြည့်ကာ လေးနက်သွားသည်။ ဤတစ်ကြိမ်တွင် အင်ပါယာမြို့တော်က တကယ့်ကို အရင်းအနှီးကြီးကြီး ရင်းနှီးလိုက်ခြင်းပင်။

ကြားသိရသလောက်ဆိုလျှင် အင်ပါယာမြို့တော်ရှိ အဆင့် ၅ ဆင့်ကဲပြောင်းလဲသူ အတော်များများမှာ ဤဆေးရည်ကို အသုံးပြု၍ အဆင့်တက်လှမ်းနိုင်ခဲ့ကြသည်ဟု ပြောထားသည်။ အဆင့် ၅ သို့ တက်လှမ်းရန် အထောက်အကူပြုနိုင်သော ဆေးရည်မှာ အလွန်ပင် အဖိုးတန်သည်။

"ဒီဆေးရည်က သတင်းတွေထဲကအတိုင်း တကယ်ပဲ အစွမ်းထက်ရဲ့လားဆိုတာ ကြည့်ရသေးတာပေါ့"

ချက်ချင်းပင် ကျောက်လင်းသည် ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဆေးရည်ပုလင်းကို ဖွင့်၍ သောက်ချလိုက်သည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာပင် ဆေးရည်၏ စွမ်းအင်များမှာ ကျောက်လင်း၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲ၍ ထွက်လာခဲ့သည်။ ပြင်းထန်သော စွမ်းအင်စီးကြောင်းကို ခံစားလိုက်ရသဖြင့် ကျောက်လင်းမှာ ထိတ်လန့်သွားရကာ ဤဆေးရည်မှာ အမှန်တကယ်ပင် ထူးခြားသည်ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ထို့နောက် ကျောက်လင်းသည် မပေါ့ဆရဲဘဲ မျက်လုံးမှိတ်ကာ စိတ်ကို တည်ငြိမ်စေပြီး ကျင့်စဉ်ကို စတင်လည်ပတ်တော့သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို အပြင်းအထန် သန့်စင်ကာ ထွက်ပေါ်လာသော စွမ်းအားများဖြင့် သူမ၏ အသားနှင့် အရိုးများကို အာဟာရဖြည့်တင်းပေးရင်း နောက်ဆုံးတွင် ဖြည်းညှင်းစွာ လည်ပတ်နေသော သူမ၏ ကျင့်စဉ်အနှစ်သာရလုံးဆီသို့ စုစည်းစေလိုက်သည်။

ဆေးရည်၏ အာနိသင်မှာ ပြင်းထန်လှပြီး ထိုကြမ်းတမ်းသော စွမ်းအင်များကို အချိန်တိုအတွင်း အကုန်အစင် သန့်စင်ရန်မှာ မလွယ်ကူပေ။ မသန့်စင်ရသေးသော စွမ်းအင်အမြောက်အမြားမှာ သူမ၏ ခန္ဓာကိုယ်အတွင်း သောင်းကျန်းနေပြီး နာကျင်မှုလှိုင်းများကို ဖြစ်ပေါ်စေသည်။

ကျောက်လင်းသည် အံတင်းတင်းကြိတ်ကာ ထိုနာကျင်မှုကို အောင့်အည်းသည်းခံရင်း စွမ်းအင်များကို မနားတမ်း သန့်စင်နေတော့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျောက်လင်း၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။ သူမ၏ အဆင့် ၆ ကျင့်စဉ်စွမ်းအားမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရသော်လည်း ကျောက်လင်းထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများမှာ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ အရှိန်အဝါများစွာ ပိုမိုတောင့်တင်းလာသော ကျောက်လင်းသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဟူးး…..

သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် ကျောက်လင်းသည် သူမခန္ဓာကိုယ် ပြောင်းလဲသွားမှုကို ခံစားမိကာ ပြုံးလိုက်သည်။

ဤဆေးရည်သည် အဆင့် ၅ သို့ တက်လှမ်းရာတွင် အထောက်အကူပြုနိုင်သည့် ရတနာတစ်ခုဟူသော ဂုဏ်သတင်းနှင့်အညီ အမှန်တကယ်ပင် အံ့ဖွယ်ဆေးတစ်လက်ကဲ့သို့ ထူးခြားသည်။ ဆေးရည်တစ်ပုလင်းတည်းဖြင့် သူမကို အဆင့် ၇ သို့ မပို့ဆောင်ပေးနိုင်သော်လည်း အဆင့် ၆ အတွင်း၌မူ ကြီးမားသော ခြေလှမ်းတစ်လှမ်းကို တက်လှမ်းစေခဲ့ပြီဖြစ်သည်။

နောင်တွင် အဆင့် ၇ သို့ တက်လှမ်းရန် လိုအပ်သော အချိန်မှာလည်း များစွာ တိုတောင်းသွားခဲ့ပြီ ဖြစ်သည်။

ဤအချက်ကို တွေးမိသည်နှင့် ကျောက်လင်းသည် နောက်ထပ် ဆေးရည်အနည်းငယ်လောက်သာ ရှိလျှင် အဆင့် ၇ သို့ တစ်ဟုန်ထိုး တက်လှမ်းပစ်ချင်စိတ် ပေါက်သွားမိသည်။ သို့သော်လည်း ဤကဲ့သို့သော ဆေးရည်မျိုး၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ အလွန်မြင့်မားသဖြင့် အမြောက်အမြား ထုတ်လုပ်ရန် ခဲယဉ်းကြောင်း သူမ ကြားသိထားသည်။ အကယ်၍ သူမဘက်မှ ဤမျှကြီးမားသော စွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ပါက အင်ပါယာမြို့တော်အနေဖြင့် ဤဆေးရည်ကို သူမအား ပေးအပ်လိမ့်မည် မဟုတ်ပေ။

အကြောင်းမှာ ဤဆေးရည်တစ်ပုလင်းသည် အဆင့် ၅ ဆင့်ကဲပြောင်းလဲသူတစ်ဦးကို ကိုယ်စားပြုနေသောကြောင့်ပင်။

သူမ၏ အရှိန်အဝါများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ကျင့်စဉ်စွမ်းအားများ သိသိသာသာ တိုးတက်လာမှုကြောင့် ကျောက်လင်းမှာ အလွန် စိတ်ကြည်နူးနေမိသည်။ သူမသည် ပြိုင်ဘက်ကင်းဟု ကမ္ပည်းထိုးထားသော တံဆိပ်ကို နောက်တစ်ကြိမ် ထုတ်ကြည့်လိုက်သည်။

လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားရင်း သူမ၏ မျက်နှာတွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"လက်ရှိမှာ ငါက လူသားမျိုးနွယ်ထဲမှာ အင်အားအကြီးဆုံးပဲ။ ကျူးကျော်မှုတွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာဆိုတာ ငါ့အတွက်ပဲ ဖြစ်ရမယ်"

ထိုစဉ်မှာပင် တံခါးအပြင်ဘက်မှ အသံတစ်သံ အော်ဟစ်ထွက်ပေါ်လာသည်။

"ခေါင်းဆောင် ကင်းထောက်အဖွဲ့က ချန်ဝမ်မြစ်ဘေး၊ အခြေစိုက်စခန်းရဲ့ အပြင်ဘက် မိုင် ၃၀ အကွာမှာ ပုတ်သင်ညိုစစ်တပ်ကြီးတစ်ခုကို ရှာတွေ့ထားပါတယ်"

ကျောက်လင်း၏ လက်အောက်ငယ်သားတစ်ဦးမှာ အဝေးမှနေ၍ အပြေးအလွှား လာရောက်ကာ ရုံးခန်းဆီသို့ အော်ဟစ်၍ သတင်းပို့လိုက်ခြင်းပင်။

ထိုစကားကို ကြားသည်နှင့် ကျောက်လင်း၏ မျက်နှာမှာ အေးစက်သွားပြီး အပြင်သို့ ချက်ချင်း ထွက်လာခဲ့သည်။ ဤအမင်္ဂလာရှိသော ပုတ်သင်ညိုများမှာ အမှန်တကယ်ပင် ဇွဲကောင်းသည်။ မည်မျှပင် သုတ်သင်သော်လည်း လုံးဝမျိုးမတုံးဘဲ ခဏခဏ ပြန်ပေါ်လာတတ်ခြင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။

"ဒါက ဘယ်တုန်းက ဖြစ်တာလဲ။ ပုတ်သင်ညို ဘယ်လောက်တောင် ရှိတာလဲ။ သူတို့ရဲ့ အင်အားကရော ဘယ်လောက်လဲ"

ကျောက်လင်းက သူမ၏ လက်အောက်ငယ်သားကို အလောတကြီး မေးလိုက်သည်။

"ခေါင်းဆောင်... အခုလေးတင်ပါ။ ဒီပုတ်သင်ညို အုပ်စုက တစ်ပါးကမ္ဘာကနေ ရောက်လာတာ မကြာသေးပုံပဲ။ အရေအတွက် တစ်ထောင်နီးပါး ရှိပြီးတော့ သူတို့ထဲမှာ အဆင့် ၅ အရှိန်အဝါရှိတဲ့ ကောင် သုံးကောင် ပါလာတယ်။ သူတို့က အဆင့် ၅ စွမ်းအားရှင်တွေ ဖြစ်ဖို့ များပါတယ်"

လက်အောက်ငယ်သားက အမြန် ပြန်ဖြေလိုက်သည်။

"မသေမျိုးတပ်ဖွဲ့နဲ့ အမှတ် ၁ ကနေ ၉ အထိ တပ်ခွဲတွေကို ချက်ချင်း စုရုံးဖို့ အမိန့်ပေးလိုက်။ နောက်ထပ် ၁၀ မိနစ်အတွင်း ငါနဲ့အတူ ထွက်ခွာမယ်"

ကျောက်လင်းက အထင်မသေးသော အမူအရာဖြင့် သူမ၏ ရှေ့ရှိ လက်အောက်ငယ်သားကို ညွှန်ကြားလိုက်သည်။ ဤပုတ်သင်ညိုများမှာ ဆင့်ကဲပြောင်းလဲသူ တစ်ဦးစီ၏ အင်အားမျိုး ရှိကြသော်လည်း အဆင့် ၆ ရှိသော ခေါင်းဆောင်တစ်ဦးမျှ မပါဝင်သဖြင့် သူမအတွက်မူ လူအုပ်စုမျှသာ ဖြစ်သည်။

"နားလည်ပါပြီ"

ထို့နောက် လက်အောက်ငယ်သားမှာ ခေါင်းညိတ်ပြလျက် စစ်တန်းလျားများဆီသို့ အပြေးအလွှား သွားကာ အဖွဲ့အသီးသီးသို့ အမိန့်များကို သွားရောက် ပေးပို့လေတော့သည်။

၁၀ မိနစ်အကြာတွင်...

ဝူး... ဝူး... ဝူး...

ရဟတ်ယာဉ် အစီးပေါင်း တစ်ဆယ်ကျော် ပါဝင်သော ပျံသန်းရေးအုပ်စုကြီးမှာ ချောင်ယန်အခြေစိုက်စခန်းမှနေ၍ လျင်မြန်စွာ ပျံတက်သွားခဲ့တော့သည်။

လီမြစ် အခြေစိုက်စခန်း

ဗီလာဝင်းအတွင်းရှိ အိပ်ခန်းထဲတွင် ကျိရုရွှယ်မှာ လေးနက်သော မျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေသည်။ သူမ၏ ရှေ့တွင်တော့ စွမ်းအင်ဆေးရည် အမြောက်အမြားကို အစီအရီ ချထားသည်။

ဤဆေးရည်များမှာ နတ်ဆိုးအမြုတေများမှတစ်ဆင့် ဖော်စပ်ထားခြင်းဖြစ်ပြီး ကျိရုရွှယ်၏ ကျင့်စဉ်တက်လှမ်းမှုအတွက် လိုအပ်သော စွမ်းအင်များကို လျင်မြန်စွာ ထောက်ပံ့ပေးနိုင်သည်။ ဤကာလအတောအတွင်း ကျိရုရွှယ်မှာ စွမ်းအင်ဆေးရည်များကို အဆက်မပြတ် အသုံးပြုကာ ကျင့်ကြံနေခဲ့ခြင်းပင်။

ယခုအခါ သူမ၏ ကျင့်စဉ်မှာ အဆင့် ၆ ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ရှေ့သို့ ဆက်လက်တက်လှမ်းရန်အတွက် အဆင့် ၇ ၏ အတားအဆီးကို ဖြတ်ကျော်ရန်သာ လိုတော့သည်။

သို့သော်လည်း အဆင့် ၇ သို့ တက်လှမ်းရန်မှာ မလွယ်ကူလှပေ။

သူမရှေ့ရှိ ဆေးရည်များကို ကြည့်ကာ ကျိရုရွှယ်သည် စိတ်ထဲမှ တွက်ချက်လိုက်ပြီးနောက် ဆေးရည်သုံးပုလင်းကို လက်ထဲသို့ ယူလိုက်သည်။

ထို့နောက် ကျိရုရွှယ်သည် ဆေးရည်သုံးပုလင်းစလုံးကို တစ်ဆက်တည်း သောက်ချလိုက်ပြီး မျက်လုံးကိုမှိတ်ကာ စိတ်ကို တည်ငြိမ်စေရင်း ခန္ဓာကိုယ်အတွင်းရှိ ကြမ်းတမ်းသော စွမ်းအင်များကို စတင် သန့်စင်တော့သည်။

"ဒီနေ့က ငါ အဆင့် ၇ ကို တက်လှမ်းရမယ့်နေ့ပဲ"

အခန်း။ ၄၆၂

စွမ်းအင်ဆေးရည် သုံးပုလင်းစလုံး၏ အာနိသင်ကြောင့် ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လွန်းသော စွမ်းအင်များ ချက်ချင်းဆိုသလို ပေါက်ကွဲ၍ ထွက်ပေါ်လာခဲ့သည်။

စွမ်းအင်များ၏ ရုန်းကန်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို အောင့်အည်းသည်းခံရင်း ကျိရုရွှယ်သည် ထိုစွမ်းအင်များကို သန့်စင်ရန်အတွက်သာ အာရုံစူးစိုက်ထားလိုက်သည်။

ခဏချင်းမှာပင် များပြားလှသော ဝိညာဉ်အနှစ်သာရများမှာ သန့်စင်ပြီးသားဖြစ်သွားကာ မြစ်ရေစီးကြောင်းသဖွယ် သူမ၏ သွေးကြောများအတွင်း၌ ရူးသွပ်စွာ စီးဆင်းလှုပ်ရှားနေတော့သည်။

ဤအချိန်တွင် ကျိရုရွှယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အဆင့် ၆ ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကြီးမားလှသော ဝိညာဉ်အနှစ်သာရများမှာ ဝိညာဉ်အနှစ်သာရလုံးအတွင်းသို့ တိုးဝင်သွားသည့်အခါ မူလက ဖြည်းညှင်းစွာ လည်ပတ်နေသော အနှစ်သာရလုံးမှာ တုန်ခါလာပြီး ကျိရုရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းရောင်ခြည်များဖြာထွက်လာခဲ့သည်။

တဖြည်းဖြည်းနှင့် ကျိရုရွှယ်၏ အရှိန်အဝါမှာ ပိုမိုအင်အားကြီးမားလာပြီး ထိုပြင်းထန်သော စွမ်းအင်များသည် အဆင့် ၇ ၏ အတားအဆီးဆီသို့ တရွေ့ရွေ့ ချဉ်းကပ်သွားခဲ့သည်။ တစ်ခန်းလုံးတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ဖုံးလွှမ်းသွားခဲ့သည်။

ကျိရုရွှယ်၏ ကျင့်စဉ်မှာ အဆင့် ၇ အတားအဆီးကို ချိုးဖျက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာချိန်မှာပင် အခြေစိုက်စခန်းအထက်ရှိ ကောင်းကင်ယံမှာ အရောင်အသွေး ပြောင်းလဲသွားခဲ့သည်။ ဖြူဖွေးသော တိမ်တိုက်များသည် ကောင်းကင်ပြင်တစ်ခုလုံးတွင် စစ်မြေပြင်ရှိ ထောင်သောင်းချီသော စစ်မြင်းများ ပြေးလွှားနေသကဲ့သို့ အဟုန်ပြင်းစွာ လှုပ်ရှားနေကြပြီး ထစ်ချုန်းသံများမှာလည်း တုန်လှုပ်ဖွယ်ရာ ထွက်ပေါ်နေသည်။

အရပ်မျက်နှာအသီးသီးမှ တိုက်ခတ်လာသော လေပြင်းများမှာလည်း သရဲတစ္ဆေများ ငိုကြွေးနေသကဲ့သို့ အူသံများပေးနေပြီး အခြေစိုက်စခန်းအတွင်းရှိ သစ်ပင်များကို ယိမ်းထိုးစေကာ လမ်းမများပေါ်တွင်လည်း လေတိုးသံများ ပဲ့တင်ထပ်နေသည်။

တစ်ချိန်တည်းမှာပင် အရပ်မျက်နှာအနှံ့မှ စွမ်းအင်များကို အင်အားကြီးမားသော စွမ်းအားတစ်ခုက ဆွဲငင်လိုက်သဖြင့် လီမြစ်အခြေစိုက်စခန်းဆီသို့ ရူးသွပ်စွာ စုပြုံ၍ ရောက်ရှိလာကြကာ ကျိရုရွှယ်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဒါက..."

မြွေနီဇွန်ဘီမွေးမြူရေးစခန်းတွင် အခြေအနေများကို စောင့်ကြည့်နေသော လုချွမ်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် ခံစားမိလိုက်သဖြင့် အခြေစိုက်စခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"မကောင်းတော့ဘူး... ချီချီလေး အခြေစိုက်စခန်းထဲမှာ ရှိနေသေးတာပဲ"

ကောင်းကင်ယံရှိ ထူးခြားဖြစ်စဉ်ကို မြင်လိုက်ရသောအခါ လုချွမ်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။ သူသည် ချက်ချင်းပင် "ပျံသန်းသူ ၁" ကို ဆင့်ခေါ်ကာ အခြေစိုက်စခန်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

လုချွမ်းသည် အေးစက်သော မျက်နှာထားဖြင့် အခြေစိုက်စခန်းအထက်မှ ကောင်းကင်ပြင် အပြောင်းအလဲများကို စိုက်ကြည့်နေသည်။

ဘာတွေပဲဖြစ်နေပါစေ အကယ်၍ တစ်စုံတစ်ယောက်ကသာ ချီချီလေးကို ထိခိုက်အောင်လုပ်ဖို့ ကြံစည်နေရင် ထိုသူကို ငရဲထက်ဆိုးတဲ့ အဆုံးသတ်မျိုး သူ ပေးကိုပေးမည်ဟု သန္နိဋ္ဌာန်ချထားသည်။

ဤအချိန်တွင် လုချွမ်း၏ သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

လုချွမ်း၏ စေခိုင်းမှုကြောင့် "ပျံသန်းသူ ၁" မှာ အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနေသည်။ သူ၏ ဝိညာဉ်အနှစ်သာရများကိုလည်း ရူးသွပ်စွာ အသုံးပြုနေရပြီး ခဏချင်းမှာပင် သူသည် အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဗီလာအနီးသို့ အမြန်ဆုံး ချဉ်းကပ်လိုက်ပြီး စိုးရိမ်တကြီးဖြစ်နေသော လုချွမ်းမှာ "ပျံသန်းသူ ၁" ၏ ကျောပေါ်မှ တိုက်ရိုက်ခုန်ချကာ အခြေအနေကို စစ်ဆေးရန် ဗီလာအတွင်းသို့ ပြေးဝင်တော့မည့် အချိန်မှာပင် ကျိရုရွှယ်၏ အသံမှာ သူ၏စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။

"ဖေဖေ... စိတ်မပူပါနဲ့။ ချီချီ ကျင့်စဉ်အဆင့် တက်လှမ်းနေတာပါ။ အပြင်က ထူးခြားဖြစ်စဉ်တွေက ပုံမှန်ပါပဲ"

သူမဆီသို့ အလျင်အမြန် ချဉ်းကပ်လာသော ဖခင်ဖြစ်သူကို သတိပြုမိသဖြင့် ကျိရုရွှယ်သည် စိတ်အာရုံဖြင့် အသံလွှင့်ခြင်းကို အသုံးပြုကာ ဗီလာအတွင်းမှနေ၍ အလျင်အမြန် ရှင်းပြလိုက်ခြင်းပင်။

ချီချီလေး၏ အသံကို ကြားလိုက်ရမှ လုချွမ်းမှာ ရပ်တန့်သွားခဲ့သည်။ အကြောင်းရင်းကို သိရှိသွားရသဖြင့် သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။

ချီချီလေး ကျင့်စဉ်အဆင့် တက်လှမ်းနေတာကိုး...

သူက တစ်စုံတစ်ခု မမျှော်လင့်ဘဲ ဖြစ်ပျက်နေသည်ဟု ထင်မှတ်နေခဲ့ခြင်းပင်။

"အဆင့် ၇ ကို တက်လှမ်းတာတောင် ဒီလောက်ထိ ထိတ်လန့်စရာကောင်းတဲ့ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တာလား"

တဟူးဟူးတိုက်ခတ်နေသော လေပြင်းများနှင့် မှောင်မည်းနေသော ကောင်းကင်ပြင်ကို မော့ကြည့်ရင်း လုချွမ်းမှာ အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

ဤတက်လှမ်းမှု၏ ရိုက်ခတ်မှုများအရ အဆင့် ၇ သည် အဆင့် ၆ ထက် များစွာ ပိုမိုအင်အားကြီးမားမည်မှာ အမှန်ပင်။

လုံးဝစိတ်အေးသွားရပြီဖြစ်သော လုချွမ်းသည် ဗီလာအနီးသို့ ထပ်မံမချဉ်းကပ်တော့ပေ။ ထိုအစား သူသည် သူ၏ဇွန်ဘီရုပ်သေးများကို ကျိရုရွှယ်အတွက် တရားစောင့်နတ်မင်းများအဖြစ် ဘေးပတ်ပတ်လည်တွင် ဖြန့်ကြက်ချထားလိုက်သည်။

မီးလျှံ ၁ နှင့် အခြားသော အဆင့် ၆ ဇွန်ဘီရုပ်သေးများ၊ အဆင့် ၅ ဇွန်ဘီအုပ်စုများမှာ ပတ်ဝန်းကျင်ကို ဝန်းရံစောင့်ကြပ်နေကြပြီး မည်သည့်စိမ်းသက်သော သက်ရှိကိုမျှ အနီးကပ်မခံတော့ပေ။ ကောင်းကင်ယံတွင်လည်း "ပျံသန်းသူ ၁" က လီမြစ်

အခြေစိုက်စခန်းကို ဝဲပျံကာ ပတ်ကြည့်ရင်း ကင်းထောက်နေသည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်နှင့်အမျှ လုချွမ်းသည် ဗီလာနှင့် ခပ်လှမ်းလှမ်းတွင် တိတ်ဆိတ်စွာရပ်နေရင်း သူ၏ချီချီလေး ယခုတစ်ခေါက် အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းနေမိသည်။

ထိုစဉ်မှာပင် ဗီလာအတွင်းမှ လေပြင်းတစ်ချက် ဝှေ့တိုက်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ ရူးသွပ်စွာ ယိမ်းထိုးသွားခဲ့သည်။

မူလက အိပ်ခန်းအတွင်း တင်ပျဉ်ခွေထိုင်နေသော ကျိရုရွှယ်သည် ဗီလာ၏အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ သူမသည် မျက်လုံးများကိုမှိတ်ကာ အာရုံစူးစိုက်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်နေသည်။ ပြင်းထန်သောလေတိုက်နှုန်းကြောင့် သူမ၏ ဆံပင်များနှင့် ဂါဝန်စလေးများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ခါနေတော့သည်။

ဤအချိန်တွင် စွမ်းအင်မုန်တိုင်း၏ ဗဟိုချက်၌ ရှိနေသော ကျိရုရွှယ်သည် ကောင်းကင်ဘုံစွမ်းအင်၏ ဆေးကြောသန့်စင်မှုကို စတင်လက်ခံရရှိနေပြီဖြစ်သည်။

စုပြုံလာသော စွမ်းအင်များသည် ပေါက်ကွဲထွက်လာသကဲ့သို့ ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်လာပြီး သူမအား အဆက်မပြတ် တိုက်စား၍ ဆေးကြောနေသည်။

ထိုစွမ်းအင်လှိုင်းများကို ရင်ဆိုင်ရာတွင် ကျိရုရွှယ်သည် စိမ်းလန်းသော တောင်ကြီးတစ်တောင်ကဲ့သို့ မတုန်မလှုပ် ပြတ်ပြတ်သားသား ရပ်တည်နေသည်။ စွမ်းအင်ရိုက်ခတ်မှုများကြောင့် သူမ၏ခန္ဓာကိုယ်တွင် သွေးစလေးများ စိမ့်ထွက်လာသော်လည်း သူမသည် တစ်လက်မမျှပင် ရွေ့လျားခြင်းမရှိပေ။

နာရီအနည်းငယ် ထပ်မံကုန်လွန်သွားပြီးနောက် ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းရှိ အဆင့် ၇ အတားအဆီးမှာ စတင်လျော့ရဲလာခဲ့သည်။ ၎င်းမှာ မရေမတွက်နိုင်သော ရေလှိုင်းရိုက်ခတ်မှုများကို ခံထားရသည့် ဆည်တစ်ခုသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ တစ်စစီ ပြိုကျပျက်စီးလာခြင်းနှင့် တူသည်။

ဘုန်း….

နောက်တစ်ခဏ၌ ထိုအရေးကြီးသော အလှည့်အပြောင်းတွင် ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့ရာ နားစည်များပင် အူသွားရလောက်သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုမှာ ကျိရုရွှယ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားခဲ့ရာ ဗီလာကိုကျော်လွန်၍ လီမြစ်အခြေစိုက်စခန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့သည်။

ထိုကြီးမားလှသော ဖိအားကြောင့် လီမြစ်မြို့အတွင်းရှိ ဇွန်ဘီများနှင့် သားရဲရိုင်းများမှာ ထိတ်လန့်တကြား အော်ဟစ်ကုန်ကြသည်။

"သူမ အောင်မြင်သွားပြီ။ အဆင့် ၇ က တကယ်ကို ကြောက်စရာကောင်းတာပဲ"

ကျိရုရွှယ်ကို ကြည့်ရင်း လုချွမ်းသည် ပထမဦးစွာ ဝမ်းသာပီတိဖြစ်သွားသော်လည်း နောက်တစ်ခဏတွင် သူ၏မျက်နှာထား ပြောင်းလဲသွားခဲ့သည်။ ချီချီလေးထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ သူ့အပေါ်သို့ တောင်ကြီးတစ်တောင် ပိကျလာသကဲ့သို့ ခံစားနေရခြင်းကြောင့်ပင်။

ထိုအချိန်တွင် လုချွမ်းသည်လည်း အဆင့် ၇ သို့ တက်လှမ်းလိုစိတ်များ ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့သည်။

လေထဲတွင် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့သော ကျိရုရွှယ်သည် သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ မျက်ဝန်းများမှာ အောင်မြင်မှုပီတိများဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံးတော့ ငါ အဆင့် ၇ ကို ရောက်သွားပြီ။

ဤအဆင့်တက်လှမ်းမှုမှာ အဆင့် ၆ တုန်းကထက် များစွာပို၍ ခက်ခဲပြီး အချိန်ပို၍လည်း ကြာမြင့်ခဲ့သည်။ အထူးသဖြင့် စွမ်းအင်မုန်တိုင်း၏ ဆေးကြောမှုကို ခံယူရခြင်းမှာ အလွန်ပင်ပန်းလှပြီး အကယ်၍သာ သူမ အောင့်အည်းမခံနိုင်ခဲ့ပါက ကျရှုံးသွားနိုင်သလို ပြင်းထန်သော တန်ပြန်ထိခိုက်မှုကိုပင် ခံရနိုင်ချေရှိသည်။

သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အနှစ်သာရများမှာ အလင်းတန်းများ ဖြာထွက်နေသည်ကို ခံစားမိသောအခါ ကျိရုရွှယ်၏ မျက်နှာတွင် ကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ အဆင့် ၇ သို့ ရောက်ပြီးနောက် သူမ၏ ဝိညာဉ်အနှစ်သာရ အရည်အသွေးမှာ အဆင့် ၆ တုန်းကထက် ဆယ်ဆမက ပိုမိုအင်အားကြီးမားလာခဲ့သည်။

၎င်းမှာ တူညီသော တိုက်ကွက်ကို သုံးလျှင်ပင် အဆင့် ၇ ရှိ ကျိရုရွှယ်သည် အဆင့် ၆ တုန်းကထက် သာလွန်ထူးကဲသော စွမ်းအားများကို ထုတ်ဖော်နိုင်မည်ဟု ဆိုလိုခြင်းပင်။

ယခင်က သူမ၏ တိုက်ခိုက်မှုတစ်ခုသည် ကုန်းမြင့်လေးတစ်ခုကိုသာ ဖြိုချနိုင်ခဲ့လျှင် ယခုအခါ ကျိရုရွှယ်သည် ကျောက်တောင်ကြီးတစ်တောင်ကိုပင် တစ်ချက်တည်းဖြင့် အပိုင်းပိုင်းဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

သူမ၏ ကျင့်စဉ်အဆင့်ကို အနည်းငယ် တည်ငြိမ်အောင်လုပ်ပြီးနောက် ကျိရုရွှယ်သည် သူမ၏အရှိန်အဝါကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းတန်းများက ဝန်းရံထားပြီး စိတ်စွမ်းအင်ကို အသုံးမပြုဘဲနှင့်ပင် လေထဲတွင် လွတ်လပ်စွာ ဝဲပျံနေနိုင်သည်။ ၎င်းမှာ အဆင့် ၇ သို့ ရောက်ရှိသွားသော ပညာရှင်တိုင်း ပိုင်ဆိုင်သည့် ပျံသန်းနိုင်စွမ်းပင်။

အောက်ဘက်တွင်ရှိနေသော ဖခင်ဖြစ်သူကို မြင်သောအခါ ကျိရုရွှယ်မှာ ပြုံးရွှင်သွားပြီး အောက်သို့ အလျင်အမြန် ပျံဆင်းလာကာ "ဖေဖေ... ချီချီ့ရဲ့ အခုလက်ရှိ စွမ်းအားကို စမ်းကြည့်ချင်လား" ဟု ရွှင်မြူးစွာ မေးလိုက်သည်။

"စမ်းရတာပေါ့ ဒါဆို ဖေဖေ သမီးနဲ့ ခဏလောက် ကစားပေးမယ်လေ"

လုချွမ်းကလည်း အတိုင်းမသိ ဝမ်းသာနေသဖြင့် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

စကားဆုံးသည်နှင့် လုချွမ်း၏ မျက်နှာမှာ တည်ကြည်သွားပြီး လျှပ်စီးလက်သကဲ့သို့ ကျိရုရွှယ်ဆီသို့ ပြေးဝင်ကာ အားပါသော လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်တော့သည်။

ဘုန်း….

သို့သော် လုချွမ်းကို ဆီးကြိုနေသည်မှာ ကျိရုရွှယ်၏ နောက်ပြောင်လိုသော မျက်ဝန်းများပင်။ လုချွမ်း လှုပ်ရှားလိုက်သည်နှင့် မမြင်ရသော အင်အားတစ်ခုမှာ ကျိရုရွှယ်၏ ထိန်းချုပ်မှုအောက်တွင် ထွက်ပေါ်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော လုချွမ်း၏ မျက်နှာမှာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတော့သည်။

All Chapters