← Chapters

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း။ ၄၆၉

ကိုးဘော့လ်အမြောက်အမြားကို ဝါးမြိုပြီးနောက် တာဖန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သွေးရောင်အလင်းတန်းမှာ ဟေလိုဂျင်မီးသီးတစ်လုံးကဲ့သို့ပင် စူးရှတောက်ပလာခဲ့သည်။ တစ်ချိန်တည်းမှာပင် နက်မှောင်သော သွေးနီရောင်အလင်းတန်းများသည် တာဖန်း၏ ခန္ဓာကိုယ်မျက်နှာပြင်တစ်လျှောက် စီးဆင်းလာတော့သည်။

ဝိန်း... ဝိန်း... ဝိန်း...

တာဖန်းကို အမြဲမပြတ် စောင့်ကြည့်နေသော လုချွမ်းသည် တာဖန်း၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများ စတင်နေပြီဖြစ်ကြောင်း သိသာစွာ အာရုံခံမိနေပြီး ခပ်တိုးတိုး တုန်ခါသံများကိုလည်း ကြားနေရသည်။ သို့သော်လည်း ဝါးမြိုဆင့်ကဲဖြစ်စဉ်စွမ်းရည်၏ အရှင်သခင်ဖြစ်သော လုချွမ်းသည် တာဖန်းမှာ အသွင်ပြောင်းလဲရန် အထွတ်အထိပ်

အမှတ်သို့ မရောက်သေးကြောင်း သိနေသည်။ ထို့ကြောင့် သူသည် တာဖန်းကို ကျန်ရှိနေသော ကိုးဘော့လ်အလောင်းများကို ဆက်လက်ဝါးမြိုရန် ခိုင်းစေလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ တာဖန်း၏ ဖောင်းကားနေသော ဝမ်းဗိုက်မှာ ဆင်တစ်ကောင်ကို မျိုထားသကဲ့သို့ ပိုမိုကြီးမားလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းမှာလည်း ပိုမိုပြင်းထန်လာပြီး မြေအောက်နေရာတစ်ခုလုံးကို သွေးနီရောင်လွှမ်းသွားစေသည့် သွေးရောင်နေမင်းကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

မြေပြင်ပေါ်ရှိ ကိုးဘော့လ်အလောင်း အတော်များများကို ဝါးမြိုပြီးနောက်တွင်မှ လုချွမ်း၏ အမိန့်အရ တာဖန်းမှာ ရပ်တန့်သွားခဲ့သည်။ ဗိုက်ဖောင်းဖောင်းနှင့် ပါးစပ်မှ သွေးများပေကျံနေသော တာဖန်းကို ကြည့်ရင်း လုချွမ်းက ပြုံးလိုက်မိသည်။ အထွတ်အထိပ်

အမှတ်သို့ ရောက်ရှိသွားပြီဖြစ်ရာ နောက်ထပ်လာမည့်အဆင့်မှာ ဝါးမြိုဆင့်ကဲဖြစ်စဉ်ပင်။

ဘုန်း…

လုချွမ်း၏ စိတ်အာရုံတစ်ခုတည်းဖြင့် တာဖန်း၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းများသည် ရုတ်ခြည်းပင် ကျုံ့ဝင်သွားပြီး ခန္ဓာကိုယ်အတွင်းသို့ အကုန်လုံး ပြန်လည်ဝင်ရောက်သွားခဲ့ရာ ပတ်ဝန်းကျင်မှာ မှောင်မိုက်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် တာဖန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ဖောင်းကားနေသော ဝမ်းဗိုက်မှာလည်း လျင်မြန်စွာပင် ပြားချပ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် တာဖန်း၏ အနက်ရောင်အကြေးခွံများအောက်၌ မြွေကြီးများ ရူးသွပ်စွာ တွန့်လိမ်နေသကဲ့သို့ အဖုအထစ်များ လှုပ်ရှားလာခဲ့သည်။

ဖောက်….

ရုတ်တရက် တာဖန်း၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး ထူထဲလှသော အနက်ရောင်အကြေးခွံများမှာ အလိုအလျောက် အက်ကွဲပျက်စီးသွားခဲ့သည်။

"ဝေါး..."

နောက်တစ်ခဏတွင် တာဖန်းမှာ နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး အဟောင်းကိုစွန့်ကာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို ဖြတ်သန်းနေရသည်။ သူ၏ အကြေးခွံများ ပျက်စီးသွားသည်နှင့်အမျှ သူ၏ အသားမျှင်များနှင့် အရိုးအဆစ်များမှာလည်း လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။

တာဖန်း၏ လုံးဝန်းနေသော ဦးခေါင်းမှာ တဖြည်းဖြည်းနှင့် ပုံသဏ္ဌာန်ပြောင်းလာပြီး ခွေးခေါင်းတစ်ခုအဖြစ်သို့ ကူးပြောင်းလာသည်။ သံအပ်များကဲ့သို့ မာကျောပြီး ပျော့ပျောင်းသော အနက်ရောင် အမွှေးအမျှင်များသည် အကြေးခွံများအကြားမှ လျင်မြန်စွာ ပေါက်ထွက်လာပြီး ဦးခေါင်းခွံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ နှာရိုးမှာ မြင့်တက်လာပြီး ပါးစပ်မှာလည်း ဘေးသို့ ပြန့်ကားသွားကာ မူလသွားများကို ထိုးထွက်၍ ချွန်ထက်သော အစွယ်များ ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် တာဖန်း၏ ဇွန်ဘီခန္ဓာကိုယ်မှာ ကိုးဘော့လ်၏ ခန္ဓာကိုယ်ပုံစံသို့ ပြောင်းလဲလာကာ တဖြည်းဖြည်းနှင့် ပိုမိုရှည်လျားပြီး မြင့်မားလာခဲ့သည်။ သံတိုင်များကဲ့သို့ ခိုင်မာလှသော သူ၏ ခြေလက်များသည် ပိန်သွားခြင်းမရှိသော်လည်း ရှည်ထွက်လာသဖြင့် ပို၍သွယ်လျသွားသည်ဟု ထင်ရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် တာဖန်း၏ အသွင်ပြောင်းလဲခြင်းမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ခြုံငုံကြည့်ရလျှင် တာဖန်းသည် ယခုအခါ ကိုးဘော့လ်တစ်ကောင်နှင့် အလွန်တူနေပြီ ဖြစ်သည်။

သို့သော် ယခင်ကတွေ့ခဲ့ရသည့် အဆင့် ၆ ကိုးဘော့လ်နှင့် ယှဉ်လျှင် တာဖန်းမှာ ပိုမိုထွားကြိုင်းပြီး မြင့်မားလှရာ ဧရာမ ကိုးဘော့လ်ကြီးတစ်ကောင်နှင့်ပင် တူနေတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်ရောင် အမွှေးအမျှင်များအောက်၌ ထူထဲလှသော အနက်ရောင် အကြေးခွံများမှာလည်း အလွှာလိုက် ရှိနေသေးသည်ကို တွေ့ရသည်။

တာဖန်း၏ သန်မာထွားကြိုင်းပြီး ရှည်လျားသော ခြေထောက်များကို ကြည့်ကာ လုချွမ်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ ပေါင်းစပ်ဆင့်ကဲဖြစ်စဉ်အပြီးတွင် တာဖန်း၏ အရှိန်နှုန်းမှာ အမှန်တကယ်ပင် မြင့်တက်လာမည်မှာ သေချာလှသည်။

ထို့နောက် လုချွမ်းသည် တာဖန်း၏ အသိစိတ်အတွင်းသို့ ဝင်ရောက်ကာ ဤအသွင်ပြောင်းလဲမှု၏ အသေးစိတ်ကို စူးစမ်းကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် လုချွမ်း၏ မျက်နှာပေါ်၌ ဝမ်းသာအားရဖြစ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် တာဖန်းသည် အရှိန်နှုန်း ပိုမိုမြန်ဆန်လာရုံသာမက ကိုးဘော့လ်တို့၏ စွမ်းရည်၊ သို့မဟုတ် ကိုးဘော့လ်မျိုးနွယ်၏ ပင်ကိုယ်ပါရမီကိုပါ အောင်မြင်စွာ ရရှိသွားခဲ့သည်။

သတ္တုအရည်ဖျော်ခြင်းပါရမီမှာ အလွန်ပင် ထူးခြားလှသည်။ သတ္တုများကို ဝါးမြိုသရွေ့ မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်နိုင်စွမ်းရှိခြင်းပင်။

တစ်ပါးကမ္ဘာတွင်တော့ ကိုးဘော့လ်များသည် မိုင်းတွင်းများထဲ၌ ပင်ပင်ပန်းပန်း တူးဖော်ပြီး အညစ်အကြေးများပါသည့် သတ္တုရိုင်းများကို ခက်ခက်ခဲခဲ စားသုံးရသဖြင့် ဤစွမ်းရည်မှာ ထိရောက်မှု သိပ်မရှိဘူးဟု ဆိုနိုင်သော်လည်း လုချွမ်း၏ ကမ္ဘာတွင်မူ အခြေအနေက လုံးဝကွဲပြားခြားနားသည်။ ကမ္ဘာပျက်ကပ်မတိုင်မီက ခေတ်မီလူ့အဖွဲ့အစည်းတွင် အခြားအရာများထက် သံမဏိများမှာ အပေါများဆုံးဖြစ်ပြီး တစ်နှစ်လျှင် ထုတ်လုပ်မှုမှာ တန်ချိန်သန်းပေါင်း တစ်သောင်းနီးပါး ရှိခဲ့သည်။

မြို့ပြဧရိယာတိုင်းတွင် သံမဏိထွက်ကုန်များစွာ ရှိနေသည်။ ဤပါရမီနှင့်ဆိုလျှင် တာဖန်းအတွက်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းသည့် လှေကားကို ရရှိလိုက်သကဲ့သို့ပင်။ လီမြစ်မြို့ပြဧရိယာအတွင်း၌ အချိန်အတန်ကြာ အမှိုက်ကောက်သကဲ့သို့ သံတိုသံစများကို လိုက်လံစားသုံးနေရုံဖြင့် သူ၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလာမည်ဖြစ်သည်။

"ကောင်းတယ်... အရမ်းကောင်းတယ် တကယ်ကို အစွမ်းထက်တာပဲ"

တိုက်ပွဲများအတွင်း တာဖန်းက အစီအရင် မဖျက်ဆီးနိုင်သော နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး ရန်သူ့တပ်ဖွဲ့များအတွင်းသို့ ပြိုင်ဘက်ကင်းစွာ ထိုးဖောက်ဝင်ရောက်နေမည့် ပုံရိပ်ကို တွေးတောရင်း လုချွမ်းမှာ စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ ရယ်မောလိုက်မိသည်။ အမှန်တကယ်ပင် ထိုကိုးဘော့လ်များမှာ အလွန်အမင်း အစွမ်းမထက်ကြသော်လည်း သူတို့၏ မျိုးနွယ်စုစွမ်းရည်မှာ အမှန်တကယ်ပင် အံ့မခန်းသည်။

ဆက်လက်၍ လုချွမ်းသည် ဇွန်ဘီရုပ်သေးနှင့် မျက်လုံးနီ နတ်ဆိုးမြွေတို့ ပေါင်းစပ်သွားပြီးနောက် ဖြစ်ပေါ်လာမည့် အပြောင်းအလဲကို မြင်တွေ့ရန် မအောင့်နိုင်တော့ပေ။ မျက်လုံးနီ နတ်ဆိုးမြွေ၏ ဝါးမြိုဆင့်ကဲဖြစ်စဉ်အတွက် အသင့်တော်ဆုံးမှာ ရေနေဇွန်ဘီများထဲမှ ရေထိန်းချုပ်သူ ၁ ပင်။

ရေထိန်းချုပ်သူ ၁ တွင် ရေကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိသော်လည်း ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ အနည်းငယ် အားနည်းနေသေးသည်။ ထို့ကြောင့် မျက်လုံးနီ နတ်ဆိုးမြွေကို ဝါးမြိုပြီးနောက် ပိုမိုပြင်းထန်သော တိုက်စစ်စွမ်းရည်ကို ရရှိနိုင်မလားဆိုသည်ကို လုချွမ်း သိလိုနေသည်။

တစ်ညလုံး အမဲလိုက်ခဲ့မှုကြောင့် ရေထိန်းချုပ်သူ ၁ သည် မျက်လုံးနီ နတ်ဆိုးမြွေ အလောင်းပေါင်း ဆယ်ခုကျော်ကို စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်ရာ လုချွမ်းအတွက် လုံလောက်သော ပမာဏပင်။

နောက်တစ်ခဏတွင် လုချွမ်းသည် လေထဲတွင် ပျံသန်းနေသော ပျံသန်းသူ ၁ ၏ အသိစိတ်အတွင်းသို့ ဝင်ရောက်ကာ လီမြစ်ကမ်းဘေးသို့ လျင်မြန်စွာ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် ၁၀ ပေကျော် ရှည်လျားလှသော မျက်လုံးနီ နတ်ဆိုးမြွေ အလောင်း ၁၃ လောင်းမှာ စုပုံလျက် ရှိနေသည်။ ရေထိန်းချုပ်သူ ၁ မှာ အလောင်းများအလယ်တွင် အသင့်အနေအထားဖြင့် ရပ်နေသည်။

လုချွမ်း၏ အမိန့်နှင့်အတူ ရေထိန်းချုပ်သူ ၁ က စတင်စားသုံးတော့သည်။ ရေစီးကြောင်းများကို အသုံးချကာ နတ်ဆိုးမြွေများ၏ မာကျောသော အနက်ရောင် အကြေးခွံများကို ဆွဲဖြဲပြီး ၎င်းတို့၏ အသားနှင့် သွေးများကို အငမ်းမရ ဝါးမြိုလိုက်သည်။ ချက်ချင်းဆိုသလိုပင် တာဖန်းမှာကဲ့သို့ပင် သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စားသုံးမှု များလာသည်နှင့်အမျှ ပိုမိုတောက်ပလာခဲ့သည်။

အချိန်အနည်းငယ်အတွင်းမှာပင် နတ်ဆိုးမြွေ လေးလောင်းမှာ အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရေထိန်းချုပ်သူ ၁ မှာလည်း ဝါးမြိုဆင့်ကဲဖြစ်စဉ်ကို အောင်မြင်စွာ ပြီးမြောက်ကာ အသွင်ပြောင်းလဲသွားခဲ့သည်။

ရေထိန်းချုပ်သူ ၁ ၏ ခြေထောက်များ ပျောက်ကွယ်သွားပြီး အေးစက်သော သံမဏိကြိုးကြီးနှင့်တူသည့် ထူထဲလှသော အနက်ရောင် မြွေအမြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။ တစ်ကိုယ်လုံးကို အနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ လက်မောင်းများမှာ ပိုမိုသန်မာလာပြီး ချွန်ထက်သော လက်သည်းကြီးများမှာ အေးစက်သော အလင်းတန်းများဖြင့် တောက်ပနေသည်။

ထို့အပြင် ၎င်း၏ ဦးခေါင်းမှာလည်း တာဖန်းကဲ့သို့ပင် ပြောင်းလဲသွားကာ မြွေခေါင်းသဖွယ် ပြားသွားပြီး ကျဉ်းမြောင်းသော မျက်ဝန်းများမှ သွေးရောင်အလင်းများ ထွက်ပေါ်နေသည်။ မူလက သေးငယ်သော ပါးစပ်မှာလည်း မြွေ၏ မေးရိုးကဲ့သို့ အလွန်ပင် ကျယ်ပြန့်သွားခဲ့သည်။

ယခုအခါ ရေထိန်းချုပ်သူ ၁ သည် ဝတ္ထုများထဲမှ မြွေလူသားတစ်ဦးနှင့် တူနေပြီး လူသား၏ ခန္ဓာကိုယ်နှင့် လက်မောင်းများကို ထိန်းသိမ်းထားကာ ထူထဲသော မြွေအမြီးနှင့် ကြောက်မက်ဖွယ် ဦးခေါင်းတစ်ခုကို ပိုင်ဆိုင်ထားသည်။

လုချွမ်းသည် ရေထိန်းချုပ်သူ ၁ ၏ အသိစိတ်အတွင်းသို့ ဝင်ရောက်ကာ စူးစမ်းကြည့်လိုက်သောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ဤဆင့်ကဲဖြစ်စဉ်သည် ရေအောက်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးရုံသာမက ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားမှုကြောင့် ရေအောက်တွင် ပျံသန်းသကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းကိုလည်း ရရှိစေခဲ့သည်။

သို့သော် ဤအရာများမှာ တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက်မမြှင့်တင်ပေးနိုင်သဖြင့် ဒုတိယတန်းစားသာ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ရေထိန်းချုပ်သူ ၁ သည် မျက်လုံးနီ နတ်ဆိုးမြွေထံမှ ပြင်းထန်သော တိုက်စစ်စွမ်းရည်တစ်ခုကို ရရှိလိုက်ခြင်းပင်။

၎င်းမှာ "ယိုယွင်းပျက်စီးစေသော အဆိပ်ရေပင်။

အခန်း။ ၄၇၀

ယိုယွင်းပျက်စီးစေသော အဆိပ်ရေဆိုသည်မှာ မျက်လုံးနီနတ်ဆိုးမြွေများ၏ ပါးစပ်မှ မှုတ်ထုတ်လိုက်သည့် အနက်ရောင်ရေများပင်။ ၎င်းသည် ပြင်းထန်သော တိုက်စားနိုင်စွမ်းရှိရုံသာမက ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အတောက်များလည်း ပါရှိသည်။

အကယ်၍ သက်ရှိတစ်ကောင်သည် ထိုအဆိပ်ရေနှင့် ထိမိပါက ၎င်း၏ အသားမျှင်များမှာ လျင်မြန်စွာ ပုပ်ဆွေးသွားမည်ဖြစ်ပြီး အဆိပ်များမှာလည်း ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ ခဏအတွင်းမှာပင် အသက်ဆုံးရှုံးသွားမည်ဖြစ်သည်။

ရေထိန်းချုပ်သူ ၁ သည် ဤစွမ်းရည်ကို ရရှိပြီးနောက်တွင် ထိုပြင်းထန်လှသော အဆိပ်ရေများကို သူ့ဘာသာ စုစည်း၍ ဖန်တီးနိုင်စွမ်း ရှိလာခဲ့သည်။ ထိုအခါ သူ၏ ကာကွယ်ရေးမှာ သန်မာရုံသာမက ရေကိုလည်း ထိန်းချုပ်နိုင်ကာ တိုက်စစ်ဆင်နိုင်သည့် နည်းလမ်းများစွာပါ ရှိလာသဖြင့် သူ၏ အင်အားမှာ အဆမတန် တိုးတက်လာခဲ့ခြင်းပင်။

"မဆိုးဘူးပဲ... ဒီစွမ်းရည်က အသားအရေထူပြီး ဒဏ်ရာပြန်လည်ကုသနိုင်စွမ်း မြင့်မားတဲ့ တစ်ပါးကမ္ဘာသတ္တဝါတွေကို တိုက်ခိုက်ဖို့ အသင့်တော်ဆုံးပဲ။ ရန်သူ့ရဲ့ ကာကွယ်ရေးကို အလွယ်တကူ ဖောက်ထွင်းနိုင်သလို ဒဏ်ရာတွေ ပြန်ကျက်မလာအောင်လည်း မြန်မြန်ဆန်ဆန် တားဆီးပေးနိုင်တယ်"

ရေထိန်းချုပ်သူ ၁ ၏ လက်ချောင်းထိပ်တွင် စုစည်းနေသော မှင်ရောင်အဆိပ်ရေစက်လေးသည် အနီးရှိ သားရဲငါးတစ်ကောင်ပေါ်သို့ ကျသွားသည်နှင့် ထိုငါးမှာ ချက်ချင်းသေဆုံးကာ အနက်ရောင်အရည်များအဖြစ် ပုပ်ဆွေးသွားသည်ကို ကြည့်ရင်း လုချွမ်းက ပြုံးလိုက်မိသည်။

ဤ ယိုယွင်းပျက်စီးစေသော အဆိပ်ရေနည်းပညာမှာ အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ သို့သော် ၎င်းကို သားရဲငါးများ အမဲလိုက်ရာတွင်တော့ အသုံးမပြုသင့်ပေ။ သို့မဟုတ်ပါက ဇွန်ဘီအခြေစိုက်စခန်းရှိ ဇွန်ဘီအားလုံးမှာ အဆိပ်မိပြီး သေကုန်ကြပေလိမ့်မည်။

သို့သော် နောင်တွင် လုချွမ်းအနေဖြင့် အခြားသော မျိုးနွယ်စုများနှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ အလွန်အမင်း ကာကွယ်ရေးကောင်းသော မျိုးနွယ်စုများနှင့် တွေ့ဆုံသောအခါ "

ရေထိန်းချုပ်သူ ၁ ၏ အဆိပ်ရေများမှာ အလွန်ပင် အသုံးဝင်လာမည်ဖြစ်သည်။

ဝါးမြိုဆင့်ကဲဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကို အောင်မြင်စွာ နားလည်သွားပြီးနောက် လုချွမ်းသည် ထိုနေရာ၌ ဆက်မနေတော့ဘဲ သူ၏အသိစိတ်ကို ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပြန်ပို့လိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"ချီချီ... ဒီည သမီး ဘာစားချင်လဲ..."

…..

နောက်တစ်နေ့ လီမြစ်ကမ်းတစ်လျှောက်တွင် မြစ်အတွင်းရှိ သားရဲငါးများကို အမဲလိုက်ခြင်းမှာ ဆက်လက်ဖြစ်ပွားနေပြီး သားရဲငါးအမြောက်အမြားမှာ ကမ်းပေါ်သို့ မောင်းတင်ခံထားရကာ ၎င်းတို့၏ပါးစပ်မှ စူးရှသောအသံများ ထွက်ပေါ်နေသည်။

လုချွမ်းအနေဖြင့် မျက်လုံးနီနတ်ဆိုးမြွေများကို စတင်အမဲလိုက်ပြီး ရှင်းလင်းလိုက်ကတည်းက လီမြစ်အတွင်း၌ သားရဲငါးများ လျော့နည်းသွားသည့် ဖြစ်ရပ်မှာလည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများမှာလည်း မည်သည့်ထိခိုက်မှုမျှ မရှိတော့ပေ။

"ဖေဖေ... ဟိုက ဘာတွေလဲဟင်"

ကျိရုရွှယ်သည် ရှေ့နားတွင် သားရဲငါးများကို အမဲလိုက်နေသည့် ခွေးခေါင်းဇွန်ဘီ (ကိုးဘော့လ်ဇွန်ဘီ) နှင့် မြွေနီဇွန်ဘီများကို လက်ညှိုးထိုးပြရင်း အံ့အားသင့်နေသည့် မျက်နှာထားဖြင့် မေးလိုက်သည်။ သူမ၏ ဝိုင်းစက်လှပသော မျက်လုံးများမှာလည်း အံ့ဩမှုကြောင့် ပြူးကျယ်နေသည်။

သူမ၏ ယခင်ဘဝတစ်လျှောက်လုံးတွင် ဤမျှကြာမြင့်သော အချိန်အထိ မည်ကဲ့သို့သော ဇွန်ဘီမျိုးကိုမဆို မြင်ဖူးခဲ့သည်။ သို့သော် ယခုတွေ့နေရသည့် ခွေးနှင့်မြွေ ရောနှောနေသော ဇွန်ဘီနှစ်မျိုးမှာမူ တကယ့်ကို ထူးဆန်းကြောက်မက်ဖွယ် ကောင်းလှသည်။

၎င်းတို့မှာ မျိုးစိတ်တစ်ခုတည်းနှင့် မတူဘဲ ဇွန်ဘီနှင့် တစ်စုံတစ်ရာသော သတ္တဝါတို့ ပေါင်းစပ်ထားသည့် ပုံစံမျိုး၊ ဓာတ်ခွဲခန်းတစ်ခုခုမှ ထွက်လာသည့် ပုံစံမျိုး ဖြစ်နေသည်။

ဖေဖေက ဒါတွေကို ဘယ်ကနေ ရလာတာပါလိမ့်။

ဤအချိန်တွင် လုချွမ်းမှာ ဘေး၌ တိတ်ဆိတ်စွာ ရပ်နေရင်း ခွေးခေါင်းဇွန်ဘီနှင့် မြွေနီဇွန်ဘီတို့၏ စွမ်းအားပြောင်းလဲမှုများကို အကဲခတ်နေသည်။ အထူးသဖြင့် သတ္တဝါအရည်ဖျော်ခြင်းနှင့် ယိုယွင်းပျက်စီးစေသော အဆိပ်ရေစွမ်းရည်များကို အသုံးပြုပုံကို စောင့်ကြည့်နေခြင်းပင်။

ကျိရုရွှယ်၏ မေးခွန်းကို ကြားသောအခါ လုချွမ်းက သတိပြန်ဝင်လာပြီး ပြုံးလျက် ဖြေလိုက်သည်။

"ချီချီ... ဒါက ဖေဖေ အဆင့် ၇ ကို ရောက်ပြီးနောက်မှာ ရခဲ့တဲ့ စွမ်းရည်သစ်တစ်ခုပဲ။ ဖေဖေကတော့ ဝါးမြိုဆင့်ကဲဖြစ်စဉ်လို့ ခေါ်တယ်။ မျိုးနွယ်တူ သတ္တဝါတွေကို အရေအတွက်တစ်ခုအထိ ဝါးမြိုစေလိုက်ရင် ဇွန်ဘီတွေက အဲဒီသတ္တဝါနဲ့ ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲသွားတာပေါ့။ အဲဒီသတ္တဝါရဲ့ မျိုးနွယ်စုဆိုင်ရာ အားသာချက်တွေ ရလာသလို စွမ်းရည် ဒါမှမဟုတ် ပါရမီတစ်ခုခုကို ရဖို့လည်း အခွင့်အလမ်း အများကြီးရှိတယ်"

ထို့နောက် လုချွမ်းက ရှေ့ဆုံးမှ ခွေးခေါင်းဇွန်ဘီနှင့် မြွေနီဇွန်ဘီများကို ကြည့်ကာ ဆက်ပြောသည်။

"ဒီဇွန်ဘီနှစ်ကောင်ကတော့ ဖေဖေက ကိုးဘော့လ်တွေနဲ့ မျက်လုံးနီနတ်ဆိုးမြွေတွေဆိုတဲ့ တစ်ပါးကမ္ဘာသတ္တဝါတွေကို သုံးပြီး ဝါးမြိုဆင့်ကဲဖြစ်စဉ်နဲ့ ဖန်တီးထားတာပဲ"

"တကယ်တော့ ဒီခွေးခေါင်းဇွန်ဘီက ကိုးဘော့လ်မျိုးနွယ်ရဲ့ ပင်ကိုယ်ပါရမီဖြစ်တဲ့ သတ္တုအရည်ဖျော်ခြင်းစွမ်းရည်ကို ရသွားတာ။ သတ္တုတွေကို ဝါးမြိုပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်နိုင်တာပေါ့။

မြွေနီဇွန်ဘီကတော့ ယိုယွင်းပျက်စီးစေသော အဆိပ်ရေဆိုတဲ့ အတတ်ပညာကို ရထားတယ်။ အဲဒါက တိုက်ခိုက်ရေးစွမ်းအား တကယ်ကို ပြင်းထန်တယ်"

ဤအကြောင်းအရာများကို သိလိုက်ရသောအခါ ကျိရုရွှယ်မှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ သူမ၏ ယခင်ဘဝတွင် ဤကဲ့သို့သောအရာမျိုး လုံးဝမပေါ်ပေါက်ခဲ့ဖူးချေ။ ဖခင်ဖြစ်သူ၏ ဝါးမြိုဆင့်ကဲဖြစ်စဉ်စွမ်းရည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာမရှိအောင် ထူးခြားလွန်းလှသည်။

ဒီလိုသာဆိုရင် နောင်မှာ ငါတို့တွေ ဧရာမနဂါးတွေ ဒါမှမဟုတ် ဟင်းလင်းပြင်ပိုးမွှားမျိုးနွယ်တွေနဲ့ တွေ့ရင်ရော... နဂါးဇွန်ဘီတွေ၊ ပိုးမွှားဇွန်ဘီတွေ ဖန်တီးလို့ မရနိုင်ဘူးလား။

ချက်ချင်းပင် ကျိရုရွှယ်၏ စိတ်ထဲ၌ အတွေးပေါင်းစုံ နယ်ချဲ့လာတော့သည်။ ဧရာမနဂါးများနှင့် ဟင်းလင်းပြင်ပိုးမွှားမျိုးနွယ်များမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများဖြစ်ရာ ၎င်းတို့ကိုသာ ဇွန်ဘီအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် သူမဖခင်၏ အင်အားမှာ ကောင်းကင်ဘုံကိုပင် ဖောက်ထွက်သွားပေလိမ့်မည်။

ထို့အပြင် ဇွန်ဘီများတွင် ဤမျှကြီးမားသော အလားအလာရှိလိမ့်မည်ဟု ကျိရုရွှယ် တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။ သို့သော် ပြန်လည်စဉ်းစားကြည့်သောအခါ သူမ ချက်ချင်းပင် နားလည်သွားခဲ့သည်။

ယခင်ဘဝတွင် လူသားများ၏ အစောပိုင်း အပြင်းအထန် နှိမ်နင်းမှုများကြောင့် ဇွန်ဘီဘုရင်များမှာ ကြီးထွားခွင့်မရခဲ့ကြချေ။ နောက်ပိုင်းတွင် တစ်ပါးကမ္ဘာမျိုးနွယ်များ ကျူးကျော်လာသောအခါ မြို့ပြဒေသအသီးသီး၌ ပိတ်မိနေသော ဇွန်ဘီများသည် ဇွန်ဘီဘုရင်၏ အမိန့်ပေးမှုမရှိဘဲ ဖရိုဖရဲနှင့် အကွဲကွဲအပြားပြားသာ တိုက်ခိုက်ခဲ့ကြရသည်။ ဉာဏ်ပညာလည်းမရှိ၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလည်း မရှိသဖြင့် အခြားမျိုးနွယ်စုများကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပေ။

နောက်ဆုံးတွင် ဇွန်ဘီများသည် အခြားမျိုးနွယ်စုများ၏ သုတ်သင်ခြင်းကို ခံခဲ့ရသည်။

သို့သော် ဤဘဝမှာမူ လုံးဝကွဲပြားခြားနားနေပြီဖြစ်သည်။ အကယ်၍ သူမ၏ဖခင်သည် ဇွန်ဘီအားလုံးကို စုစည်းနိုင်ပြီး ဝါးမြိုဆင့်ကဲဖြစ်စဉ်ကို ကောင်းကောင်းအသုံးချကာ အခြားမျိုးနွယ်စုများ၏ အားသာချက်များကို ရယူနိုင်မည်ဆိုပါက လူသားထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားစုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤသို့တွေးမိသောအခါ ကျိရုရွှယ်၏ မျက်နှာတွင် အပြုံးများ ဝေဆာလာပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

"ဪ... ဒါနဲ့ ချီချီ နောက်ဆိုရင် ငါတို့ လီမြစ်မြို့ကနေ ထွက်သွားရဖို့ ရှိတယ်။ ဒါကို သမီး ကြိုတင်ပြင်ဆင်ထားနိုင်အောင် ဖေဖေ ပြောပြထားတာ"

ထိုအချိန်တွင် လုချွမ်းက တစ်စုံတစ်ခုကို သတိရသွားပြီး ဆက်ပြောလိုက်သည်။ အဆင့် ၇ သို့ ရောက်ရှိပြီးနောက် မူလအစီအစဉ်အတိုင်း လုချွမ်းသည် လီမြစ်မြို့မှ ထွက်ခွာ၍ တစ်ပါးကမ္ဘာမျိုးနွယ်များကို ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် ခပ်လှမ်းလှမ်းရှိ လီမြစ်အခြေစိုက်စခန်းကို လှမ်းကြည့်ရင်း လုချွမ်း၏ မျက်နှာတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ဤနေရာမှာ သူ၏ အမာခံစခန်းဖြစ်သလို လီမြစ်အခြေစိုက်စခန်းတွင် သူ ပင်ပင်ပန်းပန်း စိုက်ပျိုးထားသည့် စိုက်ခင်းနှင့် သစ်သီးခြံများလည်း ရှိနေသည်။ သူ ထွက်ခွာချင်သော်လည်း ဤနေရာကိုတော့ လက်လွှတ်မခံလိုပေ။

"နားလည်ပါပြီ ဖေဖေ ဖေဖေမှာ တစ်ခုခု စိုးရိမ်နေတာ ရှိလို့လား"

ကျိရုရွှယ်မှာ ထိုစကားကို ကြားသောအခါ သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။ သူမလည်း ဤကိစ္စကို ကြိုတင်တွေးဆထားပြီးသားဖြစ်သည်။ သို့သော် ဖခင်ဖြစ်သူ၏ မျက်နှာတွင် တွေ့လိုက်ရသော တွန့်ဆုတ်မှုကို သူမ အမိအရ ဖမ်းဆုပ်မိသွားပြီး ချက်ချင်း မေးမြန်းလိုက်ခြင်းပင်။

"ချီချီ... ငါတို့ ထွက်သွားပြီးရင် လီမြစ်မြို့ကို ဟိုကိုးဘော့လ်တွေ သိမ်းပိုက်သွားကြလိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ရဲ့ အခြေစိုက်စခန်းလည်း အဲဒီတိရစ္ဆာန်တွေလက်ထဲမှာ ပျက်စီးသွားနိုင်တယ်"

လုချွမ်းက အားကိုးရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဟိုကိုးဘော့လ်တွေလား..."

ကျိရုရွှယ်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဖခင်ဖြစ်သူ ပြောသည်မှာ မမှားပေ။ သူတို့သာ ထွက်သွားပါက ထိုကိုးဘော့လ်များသည် လီမြစ်မြို့တစ်ခုလုံးကို ဖျက်ဆီးကြမည်ဖြစ်ပြီး အခြေစိုက်စခန်းမှာလည်း လွတ်မြောက်လိမ့်မည် မဟုတ်ပေ။

အင်း...

ခဏမျှ စဉ်းစားပြီးနောက် ကျိရုရွှယ်၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး ချက်ချင်း ပြောလိုက်သည်။

"ဖေဖေ... ချင်းရွှေလယ်တောမှာတုန်းက သွေးရောင်နွယ်ပင်တွေကို မှတ်မိသေးလား

အဲဒီသွေးရောင်နွယ်ပင်တွေက သွေးကို အရမ်းမက်မောကြတာ။ အဲဒါတွေကို သမီးတို့ ဟင်းလင်းပြင်အက်ကွဲကြောင်း ဘေးပတ်ပတ်လည်မှာ စိုက်ထားလို့ ရတာပဲ..."

သွေးဆာသော နတ်ဆိုးနွယ်ပင်များမှာ အမှန်တကယ်ပင် အသုံးဝင်လှသည်။ ယခင်က နေရာရွှေ့ပြောင်းစဉ်က အချိန်မရခြင်းနှင့် ထိုနွယ်ပင်များမှာ ကြီးမားလွန်းသဖြင့် သယ်ယူရန် မလွယ်ကူခြင်းတို့ကြောင့်သာ လယ်တော၌ ချန်ထားခဲ့ရခြင်းပင်။

ထို့ကြောင့် ကိုးဘော့လ်များ ဟင်းလင်းပြင်အက်ကွဲကြောင်းမှတစ်ဆင့် ဝင်လာပြီး လီမြစ်အခြေစိုက်စခန်းကို မဖျက်ဆီးနိုင်အောင် မည်သို့ကာကွယ်ရမည်ကို စဉ်းစားရာတွင် ကျိရုရွှယ်၏ စိတ်ထဲ၌ ထိုနွယ်ပင်များကို ချက်ချင်း သတိရသွားခြင်းပင်။

All Chapters