← Chapters

အခန်း (၂၄၃၇-၂၄၃၈)

Vol. 175 Ch. 2437-2438

အခန်း (၂၄၃၇-၂၄၃၈)

Vol. 175 Ch. 2437-2438

အပိုင်း(၂၄၃၇)

စက်ဆုပ်ဖွယ်နှင်း အရှင်သခင်၏ ပြိုင်ဘက်ကင်း အဆိပ် စံအိမ်နှင့် ပြိုင်ဘက်ကင်း မူလ စံအိမ်မှ မူလ ကြယ်တာရာ အရှင်သခင်တို့ နှစ်ဦးစလုံးသည် စုရီအတွက် ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်လေသည်။

မူလ ကြယ်တာရာ အရှင်သခင်၏ ထိုလူငယ် ဓားသမားလေး အပေါ် သဘောထားသည် ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်နှင့် တိုက်ခိုက်ခဲ့ချိန်ကတည်းက ထင်ရှားခဲ့သည်။

တစ်ချိန်တည်းမှာပင် စက်ဆုပ်ဖွယ် နှင်း အရှင်သခင်သည် ပုဂ္ဂိုလ်ရေး ရန်ငြိုးတစ်ခုကို အဆုံးသတ်ရန် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သူက စုရီကို သေစေချင်နေသည်။ စုရီသည် သူ၏ ၉၈ ယောက်မြောက် ကိုယ်လုပ်တော်ကို သတ်ဖြတ်ခဲ့သည်မှာ လူတိုင်းသိသော လျှို့ဝှက်ချက်တစ်ခု ဖြစ်လေသည်။ သူမသည် စရိုက်လက္ခဏာနှင့် လုပ်ရပ်များတွင် လွန်ကဲစွာ ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်သူ ဖြစ်သော်လည်း သူ့ ချစ်ဇနီးလေး ဖြစ်နေဆဲ ဖြစ်သည်။

သူမ သေဆုံးသွားခဲ့ခြင်းတော့ မရှိသေးချေ။ အထွတ်အထိပ် သူတော်စင် တစ်ဦး၏ ၉၈ ယောက်မြောက် ကိုယ်လုပ်တော် တစ်ဦးအနေဖြင့် သူမ၏ အစစ်အမှန် ဝိညာဉ် ကို လုံးဝ မဖျက်ဆီးပစ်သရွေ့ သူမ သေဆုံးနေလိမ့်မည်ဟု တွေးတောခြင်းမှာ မိုက်မဲရာကျပေလိမ့်မည်။

ထိုသို့ ဖျက်ဆီးခြင်းမှာ ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်လေသည်။ ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသော်လည်း သူမသည် သူ၏ ကြိုးစားအားထုတ်မှုများကြောင့် ပြန်လည် အသက်ရှင်လာခဲ့သည်။

ထိုကဲ့သို့သော အကြောင်းရင်းများကြောင့်ပင် စပ်ဆုပ်ဖွယ် နှင်း အရှင်သခင်သည် စုရီ ကို အတန်ကြာ ရှာဖွေနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း... မူလ ကြယ်တာရာ အရှင်သခင် ၏ အကာအကွယ်နှင့် သူ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ပေးထားသော ထူးဆန်းသည့် ရတနာများကြောင့် စက်ဆုပ်ဖွယ် နှင်း အရှင်သခင် သည် အခွင့်အရေး မရှာတွေ့နိုင်ခဲ့ချေ။

စုရီသည် သူရဲကောင်း တာအို စံအိမ်၏ ကျူးကျော်ဝင်ရောက်မှု အတွင်း၌သာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ လှုပ်ရှားချင်ခဲ့သော်လည်း ၎င်းမှာ လျှို့ဝှက် ကစားပွဲ တစ်ခု ဖြစ်နေသောကြောင့် သူ၏ ပါဝင်ပတ်သက်မှုကို တိုက်ရိုက် တားမြစ်ထားခဲ့လေသည်။

နောက်ပိုင်းတွင် ဝေ့ဝူယင် ဝင်ရောက်လာပြီး စုရီကို ပွင့်လင်းစွာ ကာကွယ်ပေးခဲ့သည်။ ထိုသို့ဖြစ်လင့်ကစား သူသည် ထိုကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အသစ် အပေါ် မည်သည့် ရန်ငြိုးမျှ မထားခဲ့ချေ။

စံအိမ်သခင် နှစ်ဦးသည် ရှင်းလင်းစွာ ဆန့်ကျင်ဘက် ဖြစ်နေကြလေသည်။ တောက်ပသောကြယ် နန်းတော်သခင် အနေဖြင့်မူ သူသည် ယှဉ်ပြိုင်ပွဲတွင် ပါဝင်ခြင်းနှင့် ကြယ်တာရာ တံတား အစီအရင် ကို အသုံးပြုခြင်း နှစ်ခုစလုံးမှ အကျိုးအမြတ်ရယူရန် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ယင်းအစီအရင်သည် ပေါက်ကွဲမှုအပြီးတွင် သေချာပေါက် အသုံးဝင်လာမည် ဖြစ်လေသည်။ ဂလက်ဆီ အနှံ့ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်သော စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်သင့်ချေ။ သူသည် ဟင်းလင်းပြင် သင်္ဘော ဖြစ်သော ကြယ်တာရာ တောက်ပခြင်း ကို ယူဆောင်လာခဲ့ခြင်းမှာ အကြောင်းရင်း ရှိလေသည်။ ၎င်းတွင် အသက်သွင်းရန် အဆင်သင့်ဖြစ်နေသော အသေးစား ကြယ်တာရာ တံတား အစီအရင် တစ်ခု ရှိနေသည်။ ထို့အပြင် သူသည် ကြယ်တာရာ ဓာတ်ျပြားများ ကို ရောင်းချနိုင်သော ဝေ့ဝူယင် ကို ဤနေရာသို့ ဖိတ်ခေါ်ထားခဲ့လေသည်။

"ဒါကြောင့် မိုးကုပ်စက်ဝိုင်းတွေ ဒါမှမဟုတ် ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ဖြစ်တဲ့ ကျွန်တော်တို့က စည်းမျဉ်းတွေကို ရေးဆွဲရပါတယ်.... အဂ္ဂိရတ် တာအို ရဲ့ သင့်လျော်တဲ့ အရည်အချင်းရှိတဲ့ သူတွေကသာ အဲ့ဒါကို လုပ်ဆောင်ခွင့် ရှိတယ်...."

သစ်ချပင်ဖခင် အရှင်သခင်က ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု မှ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦးစလုံး ဤနေရာတွင် အဘယ်ကြောင့် ရှိနေရကြောင်းကို ရှင်းပြလိုက်လေသည်။

ယှဉ်ပြိုင်ပွဲ၏ စည်းမျဉ်းများကို သတ်မှတ်ရာတွင် အခွင့်အာဏာ အဆင့်ဆင့် ရှိလေသည်။ အကယ်၍ မိုးကုပ်စက်ဝိုင်းများ မဟုတ်ပါက မည်သည့် အဖွဲ့အစည်းမှမဆို ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦး ဖြစ်ပေလိမ့်မည်။ အကယ်၍ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦး မဟုတ်ပါက အထွတ်အထိပ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦး ဖြစ်လာမည် ဖြစ်သည်။ အကယ်၍ အထွတ်အထိပ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦး မဟုတ်ပါက အဆင့်မြင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦးထံသို့ ရောက်ရှိသွားမည် ဖြစ်လေသည်။ ဤကဲ့သို့ အစဉ်လိုက် ဖြစ်လေသည်။

ဤသည်မှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် တာအို နှင့် ပတ်သက်သော 'ယဉ်ကျေးမှု' နှင့် 'ရိုးရာဓလေ့' တို့၏ အရေးပါမှုပင် ဖြစ်သည်။ ၎င်းက အဂ္ဂိရတ်ပညာရှင်များ၏ အခွင့်အာဏာနှင့် စွမ်းအားကို ပိုမို ထင်ရှားစေလေသည်။

လိုရင်းဆိုရသော်... မိုးကုပ်စက်ဝိုင်းများက ပါဝင်ပတ်သက်ရန် မရွေးချယ်ခဲ့ခြင်းကြောင့် ထိုအရာက သူတို့ခေါင်းပေါ် တာဝန် တစ်ခု၊ လုပ်ပိုင်ခွင့် တစ်ခု အနေနှင့် ကျဆင်းလာခြင်း ဖြစ်သည်။

အရိုးပြာနယ်မြေ၏ ပေါက်ကွဲမှုသည် ဂလက်ဆီဇုံ များစွာ ပါဝင်သော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းသည် ဂလက်ဆီဇုံ အားလုံး ပါဝင်ရမည့် အဆင့်တစ်ခုအထိတော့ မရောက်ရှိသေးချေ။ ထို့ကြောင့် ယှဉ်ပြိုင်ပွဲ စည်းမျဉ်းများကို သတ်မှတ်ရန် မိုးကုပ်စက်ဝိုင်းများ မလိုအပ်ခဲ့ခြင်း ဖြစ်လေသည်။

သူတို့ နောက်ဆုံးအကြိမ် လုပ်ဆောင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်သိန်းကျော်က ဖြစ်သည်။ ထိုအချိန်က ကြယ်တာရာ ဝါးမြိုသူ နှစ်ကောင်၏ တိုက်ပွဲအပြီးတွင် ကြယ်တာရာ ဝါးမြိုသူ တစ်ကောင် သေဆုံးမှု ပါဝင်ခဲ့ပြီး ၎င်း၏ ကြွယ်ဝသော ခန္ဓာကိုယ်က လူငယ်များအတွက် ကပ်ဘေးဆိုက်နေသော ရတနာနယ်မြေ တစ်ခုကို ဖန်တီးပေးခဲ့လေသည်။

ထိုအချိန်အတွင်း မိစ္ဆာဆန်သော ပါရမီရှင်များစွာသည် အကြွင်းမဲ့ အရွယ်အစားရှိ လောကချည်နှောင် နေကြယ်များကို မွေးဖွားနိုင်ခဲ့ကြသည်။ ထို့အပြင် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ အနည်းဆုံး နှစ်ဦးခန့်သည်လည်း အဆင့်တက်လှမ်းနိုင်ခဲ့ကြလေသည်။

သူတော်စင် နွေဦးကွင်းပြင်၏ မှတ်ဉာဏ်များမှတစ်ဆင့် ဤအရာကို ဝေ့ဝူယင် သိရှိသွားသောအခါ သူ၏ စိတ်သည် ဂလက်ဆီများအကြားရှိ ဟင်းလင်းပြင် အတွင်း သူတွေ့ရှိခဲ့သော ကြယ်တာရာ ဝါးမြိုသူ ၏ အလောင်းထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့လေသည်။

ထိုအချိန်က ကြယ်တာရာ ဝါးမြိုသူ တစ်ကောင်သည် ဟင်းလင်းပြင် အာကာသ ထဲတွင် အဘယ်ကြောင့် အကြောင်းမဲ့ သေဆုံးနေရသနည်းဆိုသည့် မေးခွန်းများ ပေါ်ထွက်ခဲ့ပြီး ဤအရာက ထိုမေးခွန်းကို အဖြေပေးလိုက်လေသည်။

၎င်းသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အနီးတွင် အခြား ကြယ်တာရာ ဝါးမြိုသူ တစ်ကောင်နှင့် သေသည်အထိ တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာများကြောင့် ပြန်လည် မသက်သာနိုင်တော့ဘဲ ထိုနေရာ၌ပင် သေဆုံးကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။ ၎င်းသည် အနာဂတ် ကောင်းချီးပေးခံရသူ တစ်ဦးအတွက် ကောင်းကင်တာအိုများ က ဖန်တီးပေးထားသော အခွင့်အရေးတစ်ခု ဖြစ်နိုင်ခြေ ရှိလေသည်။ ၎င်းက နှစ်တစ်သန်းနီးပါးအတွင်း အခြားသူများ ရှာမတွေ့ခဲ့ဘဲ သူက အဘယ်ကြောင့် ရှာဖွေတွေ့ရှိနိုင်ခဲ့သနည်းဆိုသည်ကို ရှင်းပြနေလေသည်။

အဘယ်ကြောင့်ဆိုသည့် အခြေခံအကြောင်းရင်းကို သစ်ချပင်ဖခင် အရှင်သခင် က ရှင်းပြပြီးနောက် သူသည် နောက်ဆုံးတွင် အဓိက အကြောင်းအရာဖြစ်သော စည်းမျဉ်းများဆီသို့ စတင် ချဉ်းကပ်လာခဲ့လေသည်။

ပထမ စည်းမျဉ်း- ဂလက်ဆီ အတွင်းရှိ လျှို့ဝှက် အာဏာရှင် အဆင့် ၏ အစစ်အမှန် သူတော်စင် အဆင့် အောက်တွင်ရှိသူ အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသည်။

ဒုတိယ စည်းမျဉ်း- အသက်ကန့်သတ်ချက် မရှိ။

တတိယ စည်းမျဉ်း- မကြာမီ ဖြစ်ပေါ်လာမည့် ပေါက်ကွဲမှု၏ မိုင်သုံးသန်း နယ်နိမိတ် အပြင်ဘက်သို့ ယူဆောင်သွားနိုင်သော မည်သည့် ရတနာကိုမဆို ရယူနိုင်သည့် ကျင့်ကြံသူအား အဂ္ဂိရတ် တာအို ၏ စည်းမျဉ်းများအရ သုံးနှစ်တိတိ 'ကာကွယ်ပေးထားသော အဆင့်အတန်း' ကို ပေးအပ်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ ရတနာကို ရရှိသော ကျင့်ကြံသူနှင့် သူတို့၏ အဖွဲ့အစည်းသည် ၎င်းကို မည်သည့် အဂ္ဂိရတ် အဖွဲ့အစည်းကိုမဆို ရောင်းချရန် သို့မဟုတ် သူတို့ဘာသာ သိမ်းဆည်းထားရန် ရွေးချယ်နိုင်ခွင့် ရှိသည်။

ပထမ စည်းမျဉ်း သုံးခုက ဝေ့ဝူယင်၏ မျက်ခုံးများကို မြင့်တက်သွားစေခဲ့သည်။ ပထမ နှစ်ခုမှာ ရိုးရှင်းပြီး ပဋိပက္ခ၏ အဆင့်ကို သတ်မှတ်ထားခြင်းဖြစ်ရာ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် တတိယ စည်းမျဉ်းမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေလေသည်။

ဘေးကင်းသော နယ်နိမိတ်...

ကာကွယ်ပေးထားသော အဆင့်အတန်း...

၎င်းက ကာကွယ်ခံထားရသူကို အန္တရာယ်ပြုခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ပြုလုပ်ပါက ကျင့်ကြံသူများနှင့် အဂ္ဂိရတ်ပညာရှင်များကို အပြစ်ပေးမည်ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ဤအရာသည် သူတို့၏ အဖွဲ့အစည်းအထိပါ သက်ရောက်မှု ရှိလေသည်။ ဤသည်မှာ သုံးနှစ်စာ သေဆုံးခြင်းမှ ကာကွယ်ပေးသည့် တိုကင်တစ်ခုကို ရယူလိုက်ခြင်းနှင့် တူညီသည်။ ၎င်းက သူတို့ကို ရောင်းချရန်၊ ဖလှယ်ရန် သို့မဟုတ် ကိုယ်တိုင် အသုံးပြုရန် ဆုံးဖြတ်ဖို့ လုံလောက်သော အချိန်ကို ပေးစွမ်းနိုင်လေသည်။

သေချာစွာ စီစဉ်ထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။

သို့သော် ကောင်းကင်လောက တစ်ခု ပေါက်ကွဲမှု၏ မိုင်သုံးသန်း နယ်နိမိတ်မှ လွတ်မြောက်ရန်ဆိုသည်မှာ အလွန် လွယ်ကူပါမည်လော။ ပထမဆုံးအနေဖြင့် ရတနာကို ရယူရန်ဆိုသည်ကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ချေ။

၎င်းက မျှော်လင့်ချက်ကိုတော့ ပေးစွမ်းသည်။ တစ်ခါတစ်ရံတွင် ထိုအရာက လုံလောက်နေတတ်လေသည်။

စတုတ္ထ စည်းမျဉ်း- အစစ်အမှန် သူတော်စင်များ နှင့် ၎င်းအထက်ရှိသူ အားလုံးသည် အရိုးပြာနယ်မြေ ၏ သတ်မှတ်ထားသော ပေါက်ကွဲမှု ဇုန်ဖြစ်သည့် မိုင်သုံးသန်း နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။

ပဉ္စမ စည်းမျဉ်း- တာအိုပညာရှင် စုရီသည် ယှဉ်ပြိုင်ခွင့် မရှိ။ အကယ်၍ ပါဝင်ယှဉ်ပြိုင်ပါက အစစ်အမှန် သူတော်စင်များ၊ ဉာဏ်အလင်းရ သူတော်စင်များ နှင့် အထွတ်အထိပ် သူတော်စင်များ အားလုံးသည် ပြိုင်ဘက်တစ်ဦးအနေဖြင့် သူ့ကို ဖယ်ရှားရန်အတွက် လွတ်လပ်စွာ ပါဝင်ပတ်သက်ခွင့်ရှိပြီး ချက်ချင်း ပြန်လည် ဆုတ်ခွာရမည်။

"...."

မူလ ကြယ်တာရာ အရှင်သခင် ၏ လှပသော ရွှေရောင် မျက်လုံးများသည် အန္တရာယ်ကြီးမားစွာ ကျုံ့ဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် စက်ဆုပ်ဖွယ် နှင်း အရှင်သခင် ၏ နှုတ်ခမ်းစွန်းများတွင် သရော်လှောင်ပြောင်သည့် အပြုံးတစ်ခု ကွေးညွှတ်သွားခဲ့လေသည်။

ဝေ့ဝူယင်ပင်လျှင် အံ့အားသင့်သွားခဲ့သည်။ သူတို့သည် စုရီ အနေဖြင့် သူကိုယ်တိုင် ဖန်တီးခဲ့သော ကောင်းကင် နယ်မြေ ပေါက်ကွဲမှု၏ ကမောက်ကမ အခြေအနေများအတွင်း၌ ပုန်းအောင်းနေ၍ မရနိုင်ကြောင်းကို လူသိရှင်ကြား ကြေညာတော့မည် ဖြစ်သည်။ သူ ထွက်ပြေးရပေလိမ့်မည်။ ထို့အပြင် ရတနာကို ရယူ၍ နယ်နိမိတ်မှ ထွက်ပြေးခြင်း သို့မဟုတ် ရတနာအတွက် တိုက်ခိုက်ပြီး ထိုနေရာ၌ပင် ဆက်နေခြင်း ဟူသော စည်းမျဉ်းများမှလည်း အကျိုးအမြတ် ရရှိနိုင်မည် မဟုတ်ချေ။

သစ်ချပင်ဖခင် အရှင်သခင်သည် ဆဋ္ဌမ စည်းမျဉ်းကို ကြေညာရင်း ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ပြုံးလိုက်လေသည်။

ဆဋ္ဌမ စည်းမျဉ်း- လောကရှန့်ထို တောက်ပသော ရတနာ ကို မည်သူမျှ အန္တရာယ် မပြုရ။ အကယ်၍ ပြုလုပ်ပါက ကျူးလွန်သူနှင့် သူတို့၏ မျိုးဆက်တစ်ခုလုံးကို ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ၏ မျိုးဆက်မှ အဆင့်မြင့် အရည်အသွေးရှိ စိတ်ကြိုက်ရွေးချယ်နိုင်သော လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုဖြင့် ဆုကြေးငွေ ထုတ်ပြန်မည် ဖြစ်သည်။

၎င်းသည် သိပ်ပြီး မသက်ဆိုင်လှသော စည်းမျဉ်းတစ်ခု ဖြစ်သော်လည်း ဝေ့ဝူယင်၏ စဉ်းစားတွေးတောမှုများနှင့် ဆန္ဒများကို ထည့်သွင်းစဉ်းစားပေးထားလေသည်။ ၎င်းက အောက်ခြေလူတန်းစားများ သေလမ်းရှာခြင်းမှ တားဆီးပေးမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် စည်းမျဉ်းသတ်မှတ်သူများသည် သူမကို မည်သည့် အန္တရာယ်မျှ မကျရောက်စေလိုကြောင်းကိုပါ ခိုင်မာစေလေသည်။

နောက်ဆုံး စည်းမျဉ်းဖြစ်သော သတ္တမ စည်းမျဉ်း- အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း ရောက်ရှိနေသူ အားလုံးသည် သူတို့၏ မူလဇာစ်မြစ် မည်သို့ပင်ဖြစ်စေ အခွင့်အရေးများအတွက် လေလံဆွဲခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခွင့် ရှိသည်။ သို့သော်... သူတို့၏ အလုံးစုံ စွမ်းအားသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ မရောက်ရှိမှသာ အကျုံးဝင်မည် ဖြစ်သည်။

ဝေ့ဝူယင်သည် အဆင့်နိမ့် ဂလက်ဆီများမှ အထက်တန်းလွှာ အသီးသီးကို ဖိတ်ကြားခဲ့ပြီးနောက် အများစုမှာ ဤနေရာတွင် ရှိနေကြဆဲ ဖြစ်သည်။ အတော်များများမှာ နက်ပရီ နှင့် နက်ပစ် တို့နှင့်ပင် အတူတူ သွားလာနေကြလေသည်။ ဤအရာက အသိဉာဏ်ရှိသော သားရဲများ၊ မိစ္ဆာများနှင့် အခြား ထူးဆန်းသော သတ္တဝါများကိုလည်း ဤအဖြစ်အပျက်ကြောင့် ဆွဲဆောင်ခံရပြီး ဝင်ရောက်ခွင့် ရရှိစေခဲ့သည်။

ဤအရာက အန္တရာယ်ကို အဆင့်များစွာ ပိုမို မြင့်တက်သွားစေမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဂလက်ဆီဇုံများ ကြားရှိ အမှောင် ဟင်းလင်းပြင် အတွင်း ကျက်စားနေသော ထိုကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် သတ္တဝါများ သို့မဟုတ် တားမြစ်နယ်မြေများမှ မွေးဖွားလာသော ထူးဆန်းသည့် တည်ရှိမှုများကို မည်သူကမျှ တားဆီးလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ၎င်း၏ ဆွဲဆောင်မှုကို ခံနေရပြီဖြစ်သော ကြယ်တာရာ ဝါးမြိုသူများ လည်း ရှိနေသေး၏။ ၎င်းတို့သည် စားသောက်ရန် အဆင်သင့် ဖြစ်နေကြလေသည်။

ဤသို့ ရက်စက်ကြမ်းကြုတ်မှု ပေါင်းထည့်လိုက်ခြင်းမှာ ဝေ့ဝူယင် မနှစ်သက်သော အသေးစိတ် အချက်တစ်ခု မဟုတ်ခဲ့ချေ။ တကယ်တမ်းတွင် ဤအရာက မူလ အာဏာရှင်များအား သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို သွေးတိုးစမ်းရန် အခွင့်အရေး ပေးစွမ်းနိုင်မည် ဖြစ်သည်။ အစစ်အမှန် သူတော်စင် အဆင့်ရှိ ခြိမ်းခြောက်မှုများ ပေါ်ထွက်လာပေလိမ့်မည်။

သူ ၎င်းကို သဘောကျလေသည်။

***

အပိုင်း(၂၄၃၈)

အရိုးပြာနယ်မြေ၊ အရှေ့ဘက်ဒေသ...

မီးတောင်ကျောက် ကဲ့သို့ မည်းနက်နေသော မြေပြင်ပေါ်၌ လူသုံးယောက် ယှဉ်တွဲရပ်နေကြသည်။ ထိုသုံးယောက်၏ အလယ်တွင် လူငယ် ဓားသမားတစ်ယောက် ရှိနေသည်။ သူ၏ တည်ငြိမ်သော အကြည့်များထဲတွင် အသက်အရွယ်၊ အံ့မခန်း အတွေ့အကြုံများနှင့် လောကကြီးအကြောင်း သိမြင်နားလည်မှုများမှ ရရှိလာသော ကြွယ်ဝလှသည့် ဉာဏ်ပညာ အရိပ်အယောင်များ ကိန်းအောင်းနေသည်။ စင်ကြယ်သော အဖြူရောင် ဓားသမားဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ့ထံမှ ဖြောင့်မတ်တည်ကြည်ကာ မည်သူ့ကိုမျှ အရှုံးမပေးတတ်သည့် ပြိုင်ဘက်ကင်း အော်ရာများ ထွက်ပေါ်နေသည်။

ဤသူမှာ အခြားသူ မဟုတ်ပေ။ လက်ရှိအချိန်တွင် နဂါးငွေ့တန်း တစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို ရရှိထားသူ ဖြစ်သည်။ သံသရာ၏ ကြီးမားလှသော လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသူ စုရီ ပင် ဖြစ်သည်။

သူ၏ ခန့်ညားသော မျက်နှာပေါ်တွင် ကျန်းမာရွှင်လန်းသော အရိပ်အယောင်များ ရှိနေသည်။ တောက်ပနေသော မျက်လုံးများထဲတွင် ကြွယ်ဝလှသော စွမ်းအင်စီးကြောင်းများ တည်ငြိမ်စွာ လက်ဖြာနေသည်။ စုရီသည် အထက်ဘက်ရှိ အပြာရောင် တိမ်တိုက်များကို အေးဆေးစွာ ကြည့်ရှုနေသည်။ ထိုတိမ်တိုက်များသည် ဤကောင်းကင်လောက၏ ကြယ်များကင်းမဲ့နေသော ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

စုရီ၏ ညာဘက်တွင် ရပ်နေသော ယွီပေါင်ယွဲ့ မှာမူ အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုများကြောင့် တုန်လှုပ်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေသည်။

မကြာသေးမီကပင် ကမ္ဘာမြေပြင် တစ်ခွင်သို့ နတ်ဘုရားတစ်ပါး၏ အသံတစ်သံ ကျဆင်းလာခဲ့သည်။ ထိုအသံက ကောင်းကင် သူတော်စင်များ မျှော်စင် ခုနစ်ခု မှ သတ်မှတ်ပြဋ္ဌာန်းထားသော ပြိုင်ပွဲ စည်းမျဉ်း ခုနစ်ခုကို ရှင်းပြသွားခဲ့သည်။ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် စည်းမျဉ်းများသည် သူတို့ကို ပစ်မှတ်ထားနေသည်။ ဆဋ္ဌမမြောက် စည်းမျဉ်းက သူမအတွက် အကျိုးရှိစေသော်လည်း၊ ပဉ္စမမြောက် စည်းမျဉ်းကတော့ စုရီအတွက် အငြင်းပွားဖွယ် မရှိလောက်အောင် ဆိုးကျိုး ဖြစ်စေသည်။ သူမ မည်ကဲ့သို့ မကြောက်ဘဲ နေနိုင်မည်နည်း။

"ကျွန်မ... စုရီ၊ ကျွန်မ...."

သူမက ရှင်းပြရန် စကားများ ထစ်အ နေခဲ့သည်။ စုရီက သူမဘက်သို့ လှည့်လာပြီး နွေးထွေးကာ နှစ်သိမ့်မှုပေးသော အပြုံးတစ်ခုကို ပြသလိုက်သည်။ ဆိုးကျိုးဖြစ်စေသော စည်းမျဉ်းများ သို့မဟုတ် ယွီပေါင်ယွဲ့ တစ်ယောက်တည်းအတွက် မျက်နှာလိုက် ပြုလုပ်ပေးထားသော စည်းမျဉ်းများကို သူ လုံးဝ ဂရုမစိုက်သကဲ့သို့ပင်။

"သူက မင်းကို လက်မလွှတ်နိုင်သေးဘူး ထင်တယ်.... ဟား ဟား... ငြင်းပယ်ခံရတာတောင်မှ ဒီလိုလုပ်ရပ်မျိုးတွေနဲ့ ဆက်ပြီး ကြိုးစားနေတဲ့ သူ့ရဲ့ သတ္တိကိုတော့ ငါ ချီးကျူးရလိမ့်မယ်...."

သူ့အကြောင်း ပြောလိုက်သည်နှင့် ယွီပေါင်ယွဲ့၏ ရင်ထဲမှ နှလုံးသားမှာ ခုန်ပေါက်သွားသည်။ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုမှလွဲ၍ အခြား မည်သူ ဖြစ်နိုင်မည်နည်း။ ထိုသူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း ရိုင်းစိုင်းစွာ ပြုမူလှုပ်ရှားခဲ့ပြီး အထွတ်အထိပ် တည်ရှိမှုများကိုပင် ရဲဝံ့စွာ စိန်ခေါ်ခဲ့သော အာဏာရှင်ဆန်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

မကြာသေးမီက ကျင်းပခဲ့သော လျှို့ဝှက် ကစားပွဲ တစ်ခုတွင်လည်း အငြင်းပွားဖွယ်မရှိသော အောင်ပွဲတစ်ခုကို လုယူနိုင်ခဲ့သူ ဖြစ်သည်။ သူမ၏ နှလုံးသားထဲတွင် သူ့ကို ဘယ်သောအခါမျှ မေ့ဖျောက်၍ ရမည် မဟုတ်ပေ။ သူမ ဝတ်ဆင်ထားသော ဝတ်စုံသည်ပင်လျှင် သူ လက်ဆောင်ပေးထားခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ဝေ့ဝူယင်က သူမကို ကာကွယ်ပေးမည့် ရည်ရွယ်ချက်ကို ပွင့်လင်းစွာ ကြေညာလိုက်ခြင်း ဖြစ်သည်။ မည်သူကမျှ သူမကို အန္တရာယ် မပေးနိုင်တော့ပေ။

ဆဋ္ဌမမြောက် စည်းမျဉ်း၏ တိကျပြတ်သားသော စကားလုံးများကြောင့် ကြယ်တာရာ ဝါးမြိုသူများ၊ ဟင်းလင်းပြင် သတ္တဝါများ သို့မဟုတ် ဇာစ်မြစ် မသေချာသော သတ္တဝါများ ကဲ့သို့ ပြင်ပမှ ပြိုင်ဘက်များပင်လျှင် ဤစည်းမျဉ်းကို မချိုးဖောက်နိုင်ကြပေ။

ပေါက်ကွဲမှုကြီး ဖြစ်ပွားလာပါက အထွတ်အထိပ် သူတော်စင် အများအပြား၏ အကာအကွယ်ကို သူမ ရရှိနိုင်ပြီး သူမ၏ ဆံပင်တစ်မျှင်ပင် ထိခိုက်မည် မဟုတ်ပေ။ သူမ အလိုရှိပါက လွတ်လပ်စွာ လမ်းလျှောက်သွားလာနိုင်ပြီး ရတနာများကို ရယူနိုင်ပေသည်။

အမှန်တကယ်တော့ သူမက အခြားသူများကိုတောင် တစ်ဖက်သတ် တိုက်ခိုက်နိုင်သေးသည်။ မည်သည့် ပြိုင်ဘက်မဆို သူမကို အနည်းငယ်မျှ ထိခိုက်မိမည်ကို ကြောက်ရွံ့သဖြင့် မြင်သည်နှင့် ထွက်ပြေးရမည်သာ ဖြစ်သည်။

ဤနေရာတွင် သူမ မည်မျှ မျက်နှာသာပေး ခံရသနည်း ဆိုသည်မှာ ယုတ္တိမတန်လောက်အောင်ပင် ဖြစ်သည်။ ဤဆုံးဖြတ်ချက်က ဝေ့ဝူယင် အတွက် သူမ မည်မျှ အရေးပါကြောင်းကို ပြသနေသည်။

သူမက သူ့ကို ဆန့်ကျင်၍ ဆုံးဖြတ်ချက် ချခဲ့သော်လည်း မည်သည့်အရာကိုမျှ ပြန်လည်မတောင်းဆိုဘဲ ပြုလုပ်ပေးခဲ့သော ဤကဲ့သို့ စွမ်းအားကြီးမားသည့် လုပ်ရပ်ကြောင့် သူမ၏ နှလုံးသား မလှုပ်ရှားဘဲ နေရန် ခက်ခဲလှသည်။ စုရီက သူမ၏ အပြစ်မကင်းသည့် စိတ်ကို သတိထားမိပြီး ပေါ့ပါးလွတ်လပ်သော အပြုံးတစ်ခုဖြင့် နှစ်သိမ့်ပေးခဲ့သည်။

အရိုးပြာနယ်မြေ အတွင်း ပိတ်မိနေခြင်းကြောင့် သူတို့သည် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို မသိရှိခဲ့ကြပေ။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ပါး ပေါ်ထွန်းလာခြင်းလောက်ကို ရိပ်မိရုံလောက်သာ ရှိပေသည်။

'စောစောက မိန်းကလေးက... ပြီးတော့ အခုကိစ္စ.... ကောင်းကင်ဘုံကို တက်လှမ်းတာနဲ့ တူညီတဲ့ အဲဒီ ခက်ခဲတဲ့ ခြေလှမ်းကို လှမ်းခဲ့သူက အာရုဏ်ဦး လောကရှန့်ထို ဖြစ်နေမလားပဲ....'

တစ်ချိန်တည်း၌ အာဖရစ်တူဇာ ကတော့ ဤစည်းမျဉ်းများကို ဂရုမစိုက်ပေ။ ၎သည် ယွီပေါင်ယွဲ့ ၏ ကမောက်ကမ ဖြစ်နေသော စိတ်ခံစားမှု အခြေအနေကိုလည်း လျစ်လျူရှုထားသည်။ ၎င်းသည် ပို၍ အရေးတကြီး လိုအပ်ကာ သက်ဆိုင်မှုရှိသော အခြားအရာတစ်ခု အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားသည်။

အရိုးပြာနယ်မြေ မှ မွေးဖွားလာခဲ့သည့် ထိုမီးနတ်ဆိုးသည် လေးနက်သော မျက်နှာအမူအရာ ရှိနေသည်။ ၎င်းက ညို့ငင်နိုင်သော အသံဖြင့် ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

"စက္ကန့် တစ်ရာ့ နှစ်ဆယ့်ခုနစ် စက္ကန့်ပဲ ကျန်တော့တယ်...."

အာဖရစ်တူဇာက သူ့ အတွက် တစ်ခုတည်းသော အိမ်ဖြစ်သည့် ဤရှေးဟောင်း ကောင်းကင်လောက၏ ပေါက်ကွဲမည့် အချိန်ကို တိကျစွာ ခန့်မှန်းပြောဆိုလိုက်ချိန်တွင် စုရီသည် မည်သည့် အကြောက်တရား သို့မဟုတ် မတည်ငြိမ်သော စိတ်ခံစားမှုမျှ မရှိဘဲ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ရုတ်တရက် သူ၏ အကြည့်များကို အခြား တစ်နေရာသို့ လှည့်ကြည့်ချင်သော စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် အနောက်ဘက် အဝေးရှိ ဒေသတစ်ခုတွင် စုစည်းနေသော လူအနည်းငယ်ကို သူ တွေ့ရှိသွားခဲ့သည်။

တူညီသော စိတ်ဆန္ဒမျိုး ပိုင်ဆိုင်ထားသကဲ့သို့ အာဖရစ်တူဇာ သည်လည်း ထိုအရပ်မျက်နှာသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်သည်။ မကြာသေးမီကမှ ပြန်လည်ကောင်းမွန်လာသော ၎င်း၏ ဘယ်ဘက်လက်မောင်းကို တင်းကျပ်စွာ လက်သီးဆုပ်လိုက်သည်။

သို့သော် ပြန်လည်မွမ်းမံမှုက နုနယ်သေးသဖြင့် ခွန်အားများစွာ မစုစည်းနိုင်သေးပေ။ မြေကြီးရှန့်ထို အဆင့် တစ်ယောက်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် ကြိတ်ချေပစ်ရန်ပင် မနည်း ကြိုးစားရမည့် အနေအထား ဖြစ်သည်။ ၎င်း၏ အစစ်အမှန် စွမ်းအားနှင့် ယှဉ်လျှင် အလွန် ကွာခြားနေဆဲ ဖြစ်သည်။

ထိုနေရာ၊ ထိုအရပ်မျက်နှာတွင် ရှိနေသူမှာ မကြာသေးမီက အာဖရစ်တူဇာ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများ၏ တရားခံမှလွဲ၍ အခြားသူ မဟုတ်ပေ။

ဖန်ဆင်းခြင်း အားလုံးအပေါ် မိုးသောက်အလင်းရောင်၏ အစပြုမှုနှင့် ညနေခင်း အမှောင်ထု၏ နိဂုံးချုပ်မှုတို့ ပါဝင်နေသည်ဟု ခံစားရသော ဆေဘညအလင်းတန်း တစ်ခုကို ကိုင်ဆောင်ထားသည့် လူ့ပုံစံဖြင့် ဘီလူးတစ်ကောင် ဖြစ်သည်။ မီးနတ်ဆိုး၏ နှလုံးသားမှာ အလွန်အမင်း မတည်မငြိမ် ဖြစ်နေခဲ့သည်။

ထိုနေရာ၌ စုစည်း နေကြသူများကြားတွင် သူတော်စင် တစ်ပါးလည်း ပါဝင်သည်။ ယခင်က အမည်မဲ့ ဂလက်ဆီဟု ခေါ်ဆိုခဲ့ပြီး ယခုအခါ ပြတ်သားသော ဆည်းဆာ ဂလက်ဆီဟု ခေါ်တွင်သော နေရာမှ အစစ်အမှန် သူတော်စင် များထဲမှ တစ်ဦးဖြစ်သည့် သူတော်စင် ပါခက်မှန်း စုရီက မှတ်မိသွားသည်။ သူမ၏ အော်ရာမှာ အလွန်တရာ ကြီးမားခမ်းနားပြီး၊ အံ့မခန်း ရုပ်ပိုင်းဆိုင်ရာ အခြေခံကို ပိုင်ဆိုင်ထားသော စစ်မှန်သည့် သိုင်းပညာ ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ထို့အပြင်... သူတော်စင် ပါခက်သည် ဤကောင်းကင်လော အတွင်း ပထမဆုံး ရောက်ရှိလာစဉ်ကလို အစစ်အမှန် သူတော်စင် တစ်ပါး မဟုတ်တော့ပေ။ သူမသည် ယခုအခါ လျှို့ဝှက် အာဏာရှင် အဆင့်၏ နောက်ဆုံး အဆင့်ဖြစ်သော အစစ်အမှန် ဝိညာဉ် အဆင့် သို့ ရောက်ရှိနေသည့် ဉာဏ်အလင်းရ သူတော်စင် တစ်ပါး ဖြစ်နေပြီ ဖြစ်သည်။

'စောစောက သူ့ရဲ့ လုပ်ရပ်တွေထဲမှာ သတ္တုရဲ့ အဓိက အာဏာကို ငါ ခံစားမိတယ်.... အဲဒါသာ မပါရင် မီး နိယာမ တွေ ပြည့်နှက်နေတဲ့ ဒီကောင်းကင်လောကထဲမှာ သူါ အနေနဲ့ ဘယ်လိုမှ အချိတ်အဆက် လုပ်နိုင်မှာ မဟုတ်ဘူး....'

စုရီက သူ၏ ကြွယ်ဝလှသော ဗဟုသုတများကို အပြည့်အဝ အသုံးချကာ ကောက်ချက်ချလိုက်သည်။ သို့သော် သူ့ကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်မှာ သူမ အဆင့်မတက်မီ ရှူရှိုက်ခဲ့သော ကောင်းကင်ဘုံ လှည့်ပတ်ခြင်း ၏ အစစ်အမှန် ဝင်သက်ထွက်သက်များ ပင် ဖြစ်သည်။

စုစုပေါင်း ကိုးကြိမ်....

ကိုးဆင့်မြောက် ဉာဏ်အလင်းရ သူတော်စင်...

ကိုးဆင့်မြောက် အငွေ့အသက်များကို စုစည်းနိုင်မှသာလျှင် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်သည် ကိုးကြိမ်တိုင်တိုင် အသက်ရှူခြင်းကို ခံနိုင်ရည်ရှိမည် ဖြစ်လေသည်။ ထို့အပြင် သူမသည် သူမ၏ အဓိက အာဏာ ကို အသုံးပြု၍ သတ္တု ကောင်းကင် နယ်မြေ မှ အသက်ရှူခြင်း တစ်ခုကို လုယူခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အစပျိုး သန္ဓေတည်နေဆဲ အဆင့်တွင်သာ ရှိနေပုံရ၏။

ဆယ်ဆင့်မြောက် ဉာဏ်အလင်းရ သူတော်စင် ၏ ကောင်းကင် အသက်ရှူခြင်း ပင် ဖြစ်လေသည်။ အပြည့်အဝ ပုံမပေါ်သေးသော်လည်း ထိုအသက်ရှူခြင်းကို ရယူရန် ကြိုးစားမှုကပင်လျှင် အနာဂတ် အလားအလာကို ညွှန်ပြရန် လုံလောက်နေပေသည်။

စုရီ သည် ဤမျှ မယုံနိုင်လောက်အောင် ခိုင်မာသော ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို အလွန် အံ့အားသင့်နေခဲ့သည်။ အထူးသဖြင့် သူတော်စင် ရှစ်ပါး ကျင့်ကြံသော ကျင့်စဉ်တွင် သိသာထင်ရှားသော အားနည်းချက်များ ရှိနေကြောင်းကို သူ သိရှိထားသောကြောင့် ဖြစ်လေသည်။ ထိုကျင့်စဉ်သည် ထူးချွန်သော ပါရမီကို ပြသနိုင်စွမ်းကို ဟန့်တားထားပြီး အခြား ခုနစ်ဦး၏ ကြိုးစားအားထုတ်မှုဖြင့် ယုံကြည်စိတ်ချရသော တိုးတက်မှုကို ရရှိစေရန် ၎င်းကို စတေးထားရခြင်း ဖြစ်၏။

ထိုသို့ဖြစ်လင့်ကစား ထိုပုံရိပ်များ အားလုံးသည် မှန်းဆ၍မရနိုင်လောက်အောင် ထူးကဲကြောင်းကို သူ တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် အာဖရစ် တူဇာကိုယ်တိုင် ကြောက်လန့်တကြား ထွက်ပြေးကာ လူသားပုံစံယူထားသော မိစ္ဆာ ဟု သတ်မှတ်ခဲ့သည့် မိန်းမငယ်ပင် ဖြစ်လေသည်။ ဆံပင်နီနှင့် ကျင့်ကြံသူသည်လည်း အရိုးပြာ နယ်မြေ မှ အဓိက စွမ်းအင်များကို စုပ်ယူခဲ့လေသည်။ ၎င်းမှာ မီး ဥပဒေသ နှင့် သဘာဝလွန် ရင်းနှီးကျွမ်းဝင်မှု လိုအပ်ပေသည်။

သူက အဓိက အာဏာကို ပိုင်ဆိုင်ထားတာပင် ဖြစ်နိုင်သည်။

အဓိက အာဏာ များကို ဆုပ်ကိုင်နိုင်ခြင်းက မည်သည့်အချိန်ကစပြီး ဤမျှလောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရသနည်း။

***

All Chapters