← Chapters

အခန်း (၂၄၃၉-၂၄၄၀)

Vol. 175 Ch. 2439-2440

အခန်း (၂၄၃၉-၂၄၄၀)

Vol. 175 Ch. 2439-2440

အပိုင်း(၂၄၃၉)

အဓိက အာဏာ...

ဤစွမ်းအား အမျိုးအစားသည် အထွတ်အထိပ် သူတော်စင်များ ပင် မနာလိုဖြစ်ရမည့် အရာဖြစ်သည်။ သို့သော် လျှို့ဝှက် အာဏာရှင် နှစ်ဦးက ၎င်းကို ပိုင်ဆိုင်ထားကြပြီး သူတို့ထဲမှ တစ်ဦးမှာ လူငယ်ဖြစ်သည်။ ဆံပင်နီနှင့် ကျင့်ကြံသူသည် မီးလမ်းစဉ်၏ အချစ်တော် ဖြစ်သည်ဟု ဆိုလျှင် ချဲ့ကားရာ မရောက်ချေ။

သူသည် ယခင်က ဤကဲ့သို့သော လူမျိုးနှင့် ကြုံတွေ့ဖူးလေသည်။ သူတို့၏ ဘဝသည် ငြင်းပယ်၍မရနိုင်အောင် အဖြစ်ဆိုးများနှင့် ပြည့်နှက်နေပြီး ငရဲကဲ့သို့သော အဖြစ်အပျက်များက ဖုံးလွှမ်းနေကာ သူတို့နှင့် ထိတွေ့မိသူတိုင်းအတွက် စစ်မှန်သော ကံဆိုးမိုးမှောင်ကျမှု တစ်ခု ဖြစ်လေသည်။

အထွတ်အထိပ် ဟောကိန်းထုတ်သူများ ပင်လျှင် သူတို့၏ ကိစ္စများတွင် ပါဝင်ပတ်သက်လိုခြင်း မရှိကြဘဲ ကပ်ဘေးဆိုက်မည့် ကံကြမ္မာများဆီသို့ မကြာခဏ ပစ်ထားလေ့ရှိကြသည်။ ၎င်းမှာ အဘယ်ကြောင့် ဖြစ်ပျက်နေသည်ကို သိရှိထားသော်လည်း ဤကျင့်ကြံသူသည် မည်သို့များ ကံကောင်းခြင်း၊ ခွန်အားတို့ဖြင့် ပြည့်လျှံနေပြီး သူ့ဘေးရှိ မျက်လုံးကို အဝတ်စည်းထားသော ကျင့်ကြံသူနှင့်အတူ လှိုက်လှဲစွာ ရယ်မောနိုင်ကြောင်းကို သူ နားမလည်နိုင်ဖြစ်နေခဲ့သည်။

"ရှစ်ဆယ့်လေး စက္ကန့်ပဲ ကျန်တော့တယ်...."

အာဖရစ်တူဇာ က သတိပေးလိုက်လေသည်။

ဘုန်း... ဘုန်း...

ရုတ်တရက် ကောင်းကင်လောကသည် စိုးရိမ်ဖွယ်ကောင်းသော နှုန်းဖြင့် ပူပြင်းလာခဲ့သည်။ စက္ကန့်ပိုင်းအတွင်း ၎င်းသည် နေကြယ်တစ်ခု၏ အပူချိန်ဆီသို့ ချဉ်းကပ်သွားလေသည်။

ထိုအခိုက်အတန့်တွင် အဝေးရှိ ပုံရိပ်များသည် ၎င်းကို သူတို့အတွက် အချက်ပြမှုတစ်ခုအဖြစ် မှတ်ယူလိုက်ပုံရသည်။ ထို့နောက် သူတော်စင် ပါခက် သည် မီးခိုးရောင် အချပ်ပြားတစ်ခုကို အသက်သွင်းလိုက်လေသည်။

ကောင်းကင်လောက ထဲမှ ဖြတ်တောက်ဖန်တီးထားသော ဟင်းလင်းပြင် တံခါးပေါက် တစ်ခု ပေါ်ထွက်လာခဲ့၏။

"ဘာလဲ...."

စုရီ သည် ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားခဲ့သည်။ ကြီးမားသော အတက်အကျ အပြောင်းအလဲများကြောင့် အာကာသနှင့် အချိန် ကျင့်စဉ် နည်းလမ်းများ အားလုံးသည် ပြင်းထန်သော ကမောက်ကမဖြစ်မှုကို ခံစားရမည် ဖြစ်သည်။

ကောင်းကင်လောက ပေါက်ကွဲသွားသောအခါ ကမောက်ကမ စွမ်းအင်များသည် မည်သည့် အာကာသ ရွှေ့ပြောင်းမှုကိုမဆို ဟန့်တားပစ်လိမ့်မည် ဖြစ်၏။ ဖြစ်နိုင်ခြေ ရှိသော်ငြား ၎င်းသည် စိတ်ကူးကြည့်၍ရနိုင်သမျှ အပူဆုံး ဒေသတစ်ခုသို့ ဝင်ရောက်သွားခြင်းနှင့် ခြားနားမည် မဟုတ်ပေ။

ဟင်းလင်းပြင် တံခါးပေါက် များအကြောင်းကို သူ သိရှိထားလေသည်။ ၎င်းတို့မှာ ဟင်းလင်းပြင် တံခါးကြီးများ၏ ထုတ်ကုန်များ ဖြစ်ကြသည်။ ၎င်းတို့သည် အခြေခံအားဖြင့် အာကာသ သဘောသဘာဝရှိသော်လည်း အဆုံးမဲ့ ဟင်းလင်းပြင် နှင့် ချိတ်ဆက်ပေးသည့် အချိန်ဆိုင်ရာ သက်ရောက်မှုများ ပါဝင်လေသည်။

အချိန်...

မှန်သည်။ ၎င်းမှာ လိုအပ်သောအရာတစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုဘေးကင်းလုံခြုံမှုသာ မရှိပါက မိမိကိုယ်ကိုယ်နှင့် တည်ရှိမှု၏ အချိန်ဆိုင်ရာ ကွဲလွဲမှု ပုံစံတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၎င်းသည် အထွတ်အထိပ် သူတော်စင်များ အတွက်ပင် သေဒဏ်ချမှတ်ခြင်းနှင့် တူညီသောကြောင့် ဖြစ်လေသည်။

သို့သော်လည်း ယခုမူ...

ဝှစ်... ဝှစ်... ဝှစ်...

အရှေ့ဘက်ရှိ ပုံရိပ်များသည် ဟင်းလင်းပြင် တံခါးပေါက် မှတစ်ဆင့် ထွက်ခွာသွားကြပြီး တံခါးပေါက် အရိပ်အယောင်မကျန် ပိတ်သွားသည်နှင့်အတူ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားကြလေသည်။ အာဖရစ်တူဇာ ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကြောက်ရွံ့မှုကြောင့် နှလုံးခုန် မြန်ဆန်လာခဲ့၏။ သူတို့ ဘယ်သွားကြသည်ကို ၎င်းတစ်ဦးတည်းကသာ သိရှိထားလေသည်။

"သူတို့... သူတို့က နှလုံးသား ထဲကို ဝင်သွားကြပြီ...."

"...."

စုရီ ၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့ဝင်သွားခဲ့လေသည်။

ယွီပေါင်ယွဲ့ မှာမူ ဘာကိုမျှ နားမလည်ခဲ့ချေ။ သူမသည် မှော်သန့်စင် ဆေးအိုး ကို ထုတ်ယူခံလိုက်ရခြင်းမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးပေ။ ထို့ကြောင့် အခြားသူများကို စုံစမ်းရန်အတွက် သူမ၏ ဝိညာဉ်အာရုံ ကို ရမ်းသမ်း မစေလွှတ်ရဲခဲ့ချေ။ ဇဝေဇဝါ ဖြစ်နေသော အခြေအနေဖြင့် သူမက မေးလိုက်သည်။

"ဘာ နှလုံးသားလဲ...."

အာဖရစ်တူဇာ သည် ယွီပေါင်ယွဲ့ ကို လျစ်လျူရှုကာ စုရီ ဘက်သို့ လှည့်လိုက်လေသည်။

"သူတို့က နှလုံးသားကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာ... အဲ့ဒါက ပေါက်ကွဲမှု ဖြစ်ပြီးမှပဲ ပေါ်ထွက်လာမှာ... အကယ်လို့ သူတို့သာ အဲ့ဒါကို ရယူသွားခဲ့ရင်....”

စုရီ သည် သူ၏ ဓားလက်ကိုင်ကို ထိကိုင်လိုက်သည်။ သူ၏ အသက်ရှူသံများ အနည်းငယ် ပြင်းထန်လာခဲ့၏။ ၎င်းမှာ သူ၏ စိတ်က ဖြစ်နိုင်ချေရှိသော အခြေအနေများကို စဉ်းစားတွေးတောနေသည့် လက္ခဏာရပ်တစ်ခုပင် ဖြစ်လေသည်။

အာဖရစ်တူဇာ ပြောနေသည့် နှလုံးသားဆိုသည်မှာ အခြား မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ကောင်းကင်လောက တစ်ခု ဖြစ်သည်။ ၎င်း၏ အခြေခံအုတ်မြစ်မှာ ကျဆုံးသွားခဲ့သော ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ဦး၏ ကောင်းကင်ငယ် ပင် ဖြစ်သည်။ ထို့ဆိုလျှင် ကောင်းကင်ငယ် ဆိုသည်မှာ အဘယ်နည်း။

အခြားသူများက ၎င်းကို ကောင်းကင် နယ်မြေများ ၏ ပဲ့တင်ထပ်မှုဖြင့် ပြောင်းလဲသွားသော အတွင်းပိုင်းကမ္ဘာ တစ်ခုဟု ထင်မှတ်နိုင်ကြသည်။ ကောင်းကင် နယ်မြေများ သုံးထောင်၏ ကြီးမားသော စွမ်းအားမှ အလွန် သေးငယ်သော အပိုင်းအစလေး တစ်ခုကို အတုယူထားခြင်း ဖြစ်သည်ဟု ယူဆနိုင်လေသည်။

ထိုယူဆချက်များ၌ အမှန်တရား အချို့ ပါဝင်နေသော်လည်း ကောင်းကင်ငယ် ဆိုသည်မှာ တကယ်တမ်း၌ ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုပင် ဖြစ်လေသည်။

ကောင်းကင်လောက ဆိုသည်မှာ ၎င်း၏ အလောင်းကောင်ပင် ဖြစ်သည်။ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာလွန် တည်ရှိမှုသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်လေသည်။

ကျင့်ကြံခြင်း ဝိညာဉ် တစ်ခု၏ အသိစိတ် ပင်လယ် နှင့် ဆင်တူသော ထိုရုပ်လွန် ဟင်းလင်းပြင်သည် ကောင်းကင်လောက တစ်ခု၏ အခြေခံအုတ်မြစ်အစစ်အမှန်ပင် ဖြစ်လေသည်။ ထို့ကြောင့် ထိုနှလုံးသား ဆိုသည်မှာ အဆိုပါ ကျင့်ကြံသူ ကျင့်ကြံခြင်း အစပိုင်းကတည်းက ဖွဲ့စည်းခဲ့သော ချီနှလုံးသား မှလွဲ၍ အခြား မည်သည့်အရာ ဖြစ်နိုင်မည်နည်း။

ဤသည်မှာ ကောင်းကင်ငယ် ၏ အမတေ စွမ်းအင် အစစ်အမှန်ပင် ဖြစ်သည်။ ၎င်းမှာ အမြုတေထဲမှ အမြုတေပင် ဖြစ်လေသည်။

သူတို့က ထိုအထဲကို မည်ကဲ့သို့ ရောက်အောင် သွားကြသနည်း။ အကယ်၍ သူတို့သာ ထိုအထဲကို ရောက်ရှိသွားခဲ့မည် ဆိုလျှင် သူတို့...

"ပေါက်ကွဲမှု ဟုတ်လား...."

စုရီ က မေးမြန်းလိုက်လေသည်။ ပေါက်ကွဲမှုဆိုသည်မှာ ၎င်း၏ အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေသော ကောင်းကင်ငယ် မဟုတ်ဘဲ ကောင်းကင်လောက ကိုယ်တိုင် ပေါက်ကွဲခြင်း ဖြစ်သည်။ ၎င်းသည် လျှို့ဝှက် အာဏာရှင်များ မှ သူတို့၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို ထွက်ပြေးလွတ်မြောက်စေရန် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ခြင်းနှင့် မခြားနားပေ။

တကယ်တမ်းတွင် ဤသည်မှာ လုံရှီယာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် တူညီလေသည်။

"ဒါက သေချာပေါက် ဖြစ်လာဦးမှာပဲ...."

အာဖရစ်တူဇာ က လေးနက်စွာ ပြောလိုက်သည်။ ၎င်း၏ အသံမှာ စိုးရိမ်ပူပန်မှုကြောင့် တုန်ယင်နေခဲ့၏။ ပေါက်ကွဲမှုသည် လွှဲရှောင်၍မရနိုင်တော့ချေ။ သူသည် ၎င်းကို ဆက်လက်၍ မတားဆီးနိုင်တော့ပေ။ သို့သော် ထို ကောင်းကင်ငယ်သည် ၎င်းအတွက် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ သွားရာ တံခါးပေါက် ဖြစ်လေသည်။

မီးခိုးရောင် နှင်းဆီသည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ တွင် အခြေခံအုတ်မြစ် တစ်ခုကို လုယူနိုင်ခဲ့သကဲ့သို့ပင် ၎င်းသည် ပေါက်ကွဲမှုအတွင်းမှ စွမ်းအားများကို စုပ်ယူရန် ရည်ရွယ်ထားခဲ့သည်။ ၎င်းက အထွတ်အထိပ် တည်ရှိမှု တစ်ခု၏ အဆင့်သို့ တက်လှမ်းရန် လိုအပ်သော စွမ်းအားကို ရရှိစေမည် ဖြစ်လေသည်။ ထိုအခါ အပြင်ဘက်ရှိ အခြေအနေများကို များစွာ ပိုမို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

အကယ်၍ ၎င်းကို တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင်...။ စုရီ ဤအချက်ကို သိရှိထားသည်။ သူ သိထားလေသည်။

သို့ရာတွင် သူကိုယ်တိုင်ပင်လျှင် ဤ ကောင်းကင်လောက ၏ နှလုံးသားထဲသို့ သာမန်ကာလျှံကာ ဝင်ရောက်၍ မရနိုင်ချေ။ အာဖရစ်တူဇာ တစ်ဦးတည်းကသာ နှလုံးသားကို မထိခိုက်စေဘဲ ရူးသွပ်လောက်စရာ ပင်ကိုယ် ခုခံကာကွယ်မှု ယန္တရားများကို ကျော်ဖြတ်နိုင်စွမ်း ရှိလေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် ဤ ကောင်းကင် နယ်မြေ ၏ အသက်ရှင်နေသော ကောင်းကင် အပိုင်းအစ တစ်ခု ဖြစ်သည် မဟုတ်ပါလော။

ခန္ဓာကိုယ် တစ်ခုသည် မိမိကိုယ်ကိုယ် ပြန်လည် ငြင်းပယ်မည် မဟုတ်ပေ။

"လေး... စက္ကန့်ပဲ လိုတော့တယ်...."

ပေါက်ကွဲမှုအတွက် အသင့်ပြင်ထားသဖြင့် ၎င်း၏ ခန္ဓာကိုယ် ဖောင်းကြွလာစဉ် အာဖရစ်တူဇာ က အော်ဟစ်လိုက်လေသည်။

စုရီသည် တဒင်္ဂ နယ်မြေဓားကို ထုတ်ယူလိုက်ပြီး ယွီပေါင်ယွဲ့ ၏ သွယ်လျသော ခါးလေးကို ဆွဲဖက်လိုက်သည်။ ဓားကို အရှေ့တွင် အလျားလိုက် ကိုင်ဆောင်ထားစဉ် အံ့အားသင့်မှုကြောင့် ထွက်ပေါ်လာသော မိန်းကလေး၏ အာမေဍိတ်သံကို သူ လျစ်လျူရှုလိုက်လေသည်။

"သူတို့ အဲ့ဒါကို ယူသွားနိုင်မှာ မဟုတ်ဘူး... လောလောဆယ်တော့ ပေါက်ကွဲမှုပြီးသွားရင် မင်း စုပ်ယူနိုင်သမျှကို စုပ်ယူလိုက်... အစီအစဉ်ကတော့ အတူတူပဲ... မင်းအတွက် လုံလောက်တဲ့ အချိန်ကို ငါ ယူပေးမယ်...."

ပဉ္စမမြောက် စည်းမျဉ်းလား...။

သူတို့ အလွတ်သဘော သတ်မှတ်ထားသော စည်းမျဉ်းများကို သူ ဂရုမစိုက်ခဲ့ချေ။ သူသည် မိမိ၏ ကိုယ်ပိုင် စည်းမျဉ်းများဖြင့်သာ ရပ်တည်သူ ဖြစ်လေသည်။

သုံးစက္ကန့်...

နှစ်စက္ကန့်...

တစ်စက္ကန့်...

ဘုန်း...

ရုတ်တရက် တောက်ပလောင်ကျွမ်းနေသော အလင်းရောင်တစ်ခုသည် ကောင်းကင်လောက ၏ အတွင်းပိုင်း ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့၏။

***

အပိုင်း(၂၄၄၀)

ဝေ့ဝူယင်သည် အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် ၏ အထက်ရှိ ပြန့်ပြူးသော စင်မြင့်တစ်ခုပေါ်တွင် ရပ်နေခဲ့လေသည်။

‘သူတို့က အားလုံးကို ရယူဖို့ ကြိုးစားနေကြတာပဲ... ငါက သူတို့ အပိုင်းအစလေးတွေအတွက်ပဲ တိုက်ခိုက်ကြလိမ့်မယ်လို့ ထင်ထားခဲ့တာ... ဘယ်လောက်တောင် ကြီးမားတဲ့ ရည်မှန်းချက်လဲ....'

ဝေ့ဝူယင်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်လေသည်။ စုမေ့သည် ဝေ့ဝူယင်လိုမျိုး လုပ်ဆောင်သူ တစ်ဦး ဖြစ်သည်။ သူမသည် ယှဉ်ပြိုင်ပွဲတစ်ခုတွင် အစိတ်အပိုင်း သေးသေးလေး တစ်ခုကိုသာ ယူရန် ငြင်းဆန်ခဲ့သည်။ သူမက အရာအားလုံးကို အလိုရှိနေခဲ့၏။

"ကောင်းပြီလေ... အဲ့ဒါဆိုလည်း မင်းကို ငါ ကူညီပေးရတာပေါ့...."

ဝေ့ဝူယင်ထံမှ ရုတ်တရက် ထွက်ပေါ်လာသော စကားလုံးများကြောင့် သူ့ ဘေးတွင်ရှိသော အထွတ်အထိပ် သူတော်စင်များ အံ့အားသင့်သွားခဲ့ကြလေသည်။

သူသည် တစ်ခဏချင်းပင် အရိပ်ကွယ် အဖွဲ့ ၏ အထွတ်အထိပ် တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူသည် ထိုပုဂ္ဂိုလ်ထံသို့ သတင်းစကား တစ်ခု ပေးပို့လိုက်သည်။ ချက်ချင်းပင် ၎င်းသည် ဒါဇင်နှင့်ချီသော သဝဏ်လွှာများ အဖြစ် ဂလက်ဆီ အနှံ့ရှိ အခြားသူများဆီသို့ ချက်ချင်း ပျံ့နှံ့သွားစေခဲ့သည်။ ထိုအထဲတွင် သူ၏ ဘေးနားရှိ သူများပင် ပါဝင်လေသည်။

သဝဏ်လွှာကား ဤကဲ့သို့ ဖြစ်ပေသည်။

"စုရီ ရဲ့ ဘေးမှာ ကောင်းကင်အပိုင်းအစ တစ်ခု ရှိတယ်... တကယ်လို့ ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် အဲဒီ တည်ရှိမှုသာ ကောင်းကင်လောကရဲ့ စွမ်းအားကို စုပ်ယူနိုင်ခဲ့မယ်ဆိုရင် ကောင်းကင်ငယ် တမန်တော် အဆင့်ထက် များစွာ သာလွန်တဲ့ စွမ်းအားတစ်ခုကို ရရှိသွားလိမ့်မယ်... တကယ်လို့ အဲ့ဒီလို ဖြစ်လာခဲ့ရင်... အကျိုးဆက်တွေက မှန်းဆလို့မရနိုင်တော့ဘူး...."

ချက်ချင်းပင် စက်ဆုပ်ဖွယ် နှင်း အရှင်သခင် နှင့် မူလ ကြယ်တာရာ အရှင်သခင် တို့ နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့လေတော့သည်။

အရိပ်ကွယ် အဖွဲ့၏ ဖောက်သည်ချမှုနှင့် အတူ စုရီ၏ ထွက်ပြေးလွတ်မြောက်မည့် နည်းဗျူဟာကို လူတိုင်း ကောက်ချက်ချ သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် အခြေအနေကို ဖြေရှင်းရန်အတွက် ကောင်းကင် အပိုင်းအစ တစ်ခု၏ စွမ်းအားကို အသုံးချရန် အကြံအစည် ရှိနေခဲ့လေသည်။

ကောင်းကင် အပိုင်းအစ တစ်ခု...

ဝေ့ရှောင်ထျန်း သည်လည်း ကောင်းကင် အပိုင်းအစ တစ်ခု ဖြစ်ခဲ့လေသည်။ ထိုအချိန်က သူ၏ အပြစ်သား ထုံးတမ်းအတွက် ကောင်းကင်တာအိုများ ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေခဲ့သော သခင်လေးရှန့် သည် ဝေ့ဝူယင်အား အသိပေးခဲ့ဖူးလေသည်။ ကောင်းကင်ဘုံ၏ အမွေပေးသနားခြင်းတွင် အဆင့်များစွာ ရှိကြောင်းကို သူက ရှင်းပြခဲ့၏။ ထို့အပြင် ဤကောင်းကင် ဖြစ်စဉ်မှ မွေးဖွားလာသော နတ်ဆိုးများသည် အစစ်အမှန် သူတော်စင် အဆင့်နှင့် ၎င်းအထက်ရှိသူများအတွက် မည်မျှ တန်ဖိုးကြီးမားကြောင်းကိုလည်း ပြောပြခဲ့လေသည်။

သို့သော် သခင်လေးရှန့် ကိုယ်တိုင်ပင်လျှင် မသိရှိခဲ့သောအရာမှာ သေဆုံးသွားသော ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး၏ ကောင်းကင်ငယ် သည် ကောင်းကင် အပိုင်းအစ တစ်ခုကို မွေးဖွားနိုင်စွမ်း ရရှိလာနိုင်သည့် ဖြစ်နိုင်ခြေပင် ဖြစ်လေသည်။ သို့သော်လည်း... ၎င်းသည် မပြည့်စုံသော ကောင်းကင် ဥပဒေသများမှ မွေးဖွားလာသည့် မပြည့်စုံသော ကောင်းကင် အပိုင်းအစ တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းသဏ္ဍာန်တွင် မိစ္ဆာဆန်ကာ ပုံမှန်မဟုတ်ဘဲ ပုံမှန်အားဖြင့် ကောင်းကင်လောက မှ ထွက်ခွာနိုင်စွမ်း မရှိချေ။

အထွတ်အထိပ် သူတော်စင်များ၊ ဉာဏ်အလင်းရ သူတော်စင်များ နှင့် ဗဟုသုတကြွယ်ဝသော လျှို့ဝှက် အာဏာရှင်များ၏ စိတ်ထဲတွင် သံသယဖြစ်မှုသည် ပီကိုစက္ကန့် အနည်းငယ်မျှသာ ကြာမြင့်ခဲ့လေသည်။ ထို့နောက် လောကကြီးကို ကြေမွသွားစေနိုင်သော လျှပ်စီးကြောင်းတစ်ခုကဲ့သို့ နားလည်သဘောပေါက်မှုက သူတို့ထံသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။

အရိုးပြာနယ်မြေ အတွင်း၌ သတ်မှတ်ထားသော ကျင့်ကြံခြင်း အဆင့်တစ်ခုရှိ မည်သည့် သတ္တဝါကိုမဆို သတ်ဖြတ်မည့် သတ္တဝါတစ်ကောင် ရှိနေခဲ့သည်။ ဤတွေ့ရှိမှုက ဖြစ်နိုင်ခြေ ထောင်ပေါင်းများစွာရှိသော ပြဿနာများစွာကို ဖြစ်ပေါ်စေခဲ့လေသည်။ ဟောကိန်းထုတ်ခြင်းများကို ဆန့်ကျင်သည့် ကောင်းကင်လောက ၏ မွေးရာပါ အကာအကွယ်နှင့် ပေါင်းစပ်လိုက်သောအခါ မည်သည့်အကြောင်းကြောင့် ဤသို့ဖြစ်ရသနည်းဆိုသည့် လျှို့ဝှက်ချက်ကို ဖြေရှင်းရန် လုံးဝနီးပါး မဖြစ်နိုင်တော့ချေ။ ဤအကာအကွယ်များသည်ပင်လျှင် စုရီ ကို သူတို့၏ အကြည့်များမှ ကာလကြာရှည်စွာ ဖုံးကွယ်ပေးထားခဲ့ခြင်း ဖြစ်လေသည်။

ထို့အပြင် အရိုးပြာ နယ်မြေသည် အရေးမပါလှချေ။ ၎င်းသည် တန်ဖိုးရှိသော်လည်း ၎င်း၏ ကံကြမ္မာကို လွှမ်းမိုးနိုင်လောက်အောင် သိသာထင်ရှားသော စွမ်းအားရှိသူများက ကူးစက်ရောဂါတစ်ခုကဲ့သို့ ရှောင်ရှားကြသည့် တားမြစ်နယ်မြေတစ်ခု ဖြစ်လေသည်။ ကောင်းကင်လောက မှ ထုတ်လွှတ်နေသော ကောင်းကင် စွမ်းအားများ မြင့်တက်လာမှုကို အပြင်ဘက်မှ ရိုးရှင်းစွာ စောင့်ကြည့်လေ့လာရုံဖြင့် ကောက်ချက်ချနိုင်သည့် ဖြစ်ရပ်တစ်ခုဖြစ်သော အတွင်းပိုင်းမှနေ၍ ဖောက်ခွဲ ဖျက်ဆီးခံရတော့မည့် အချိန်ရောက်မှသာလျှင် ဤအဖြစ်အပျက်မှ အကျိုးအမြတ်ရယူရန် သူတို့ ကိုယ်တိုင် ပါဝင်ပတ်သက်ရန် သင့်လျော်သည်ဟု ယူဆခဲ့ကြခြင်း ဖြစ်လေသည်။

သို့တိုင်အောင် ၎င်း၏ အရေးပါမှု နိမ့်ကျမှုကြောင့် ဤအဖြစ်အပျက်ကို ကြီးကြပ်ကွပ်ကဲခြင်းသည် သူတို့၏ အဆင့်အတန်းနှင့် မထိုက်တန်ဟု မိုးကုပ်စက်ဝိုင်းများ က ခံစားခဲ့ကြလေသည်။

သို့သော်လည်း... ယခုအခါ ၎င်းသည် ကောင်းကင်လောက ၏ ကောင်းကင် ဥပဒေသမှ မွေးဖွားလာသော ကောင်းကင် အပိုင်းအစ တစ်ခုဖြစ်ကြောင်း သိရှိပြီးနောက် အခြေအနေသည် သော့ပေါက်ထဲသို့ သော့ဝင်သွားသကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် ခွဲခြား၍မရနိုင်သော ပင်အပ်တိုင်းကို အတိအကျ ထိမှန်သွားခဲ့လေသည်။

ထို့နောက် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အနှံ့အပြားတွင် ပြန့်ကျဲနေကြသော စုရီ ကို သတ်ဖြတ်ရန်၊ လိုက်လံရှာဖွေရန်၊ ဖမ်းဆီးရန်၊ ကယ်တင်ရန်၊ ကာကွယ်ရန် သို့မဟုတ် ကူညီရန် ဆန္ဒရှိသူ အားလုံး၏ စိတ်များသည် ကမောက်ကမဖြစ်မှု ဝဲဂယက်ထဲတွင် ချာချာလည်သွားခဲ့ကြလေတော့သည်။

အရိပ်ကွယ် အဖွဲ့ ၏ လှုပ်ရှားမှု တစ်ချက်တည်းကပင် လုံလောက်ခဲ့လေသည်။ စုရီ၏ ဗျူဟာများနှင့် အစီအစဉ်များမှာလည်း ရှင်းလင်းသွားခဲ့လေပြီ။ ပေါက်ကွဲမှုကြောင့် ကမောက်ကမ ဖြစ်နေစဉ်၊ ကျင့်ကြံသူများ ရတနာများ အတွက် တိုက်ခိုက်နေစဉ်၊ စုရီသည်လည်း ရန်ငြိုးရှိသူများနှင့် တိုက်ခိုက်ရင်း ဖြစ်စဉ်၏ အဓိက ဇာတ်ကောင် အနေဖြင့် အသုံးတော်ခံမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ကောင်းကင် အပိုင်းအစ ချီနှလုံးသားအား စုပ်ယူဝါးမြိုနိုင်အောင် အချိန်ဆွဲထားပေးခြင်း ဖြစ်သည်။

အရိုးပြာ နယ်မြေ အတွင်း၌ ကောင်းကင် အပိုင်းအစ တစ်ခု ရှိနေကြောင်းကို သူတို့ မည်သို့များ ခန့်မှန်းနိုင်မည်နည်း။ ထို့အပြင် ၎င်းသည် အရိုးပြာ နယ်မြေ ၏ ပေါက်ကွဲမှု နောက်ကွယ်မှ အဓိက တရားခံ ဖြစ်နိုင်ခြေရှိကြောင်းကိုရော။ ဤအချက်က သူတို့ကို အလွန်အမင်း စိတ်ပျက်သွားစေခဲ့လေသည်။

အရာအားလုံးက အဓိပ္ပာယ်ရှိသွားခဲ့ပြီ။

"ဒါအမှန်ပဲလား...."

ဘယ်ဘက် နားထင်တွင် ကွေးညွှတ်နေသည့် ရေပြာရောင် ဦးချိုတစ်ချောင်း ပေါက်နေပြီး ဝဝဖိုင့်ဖိုင့်နှင့် ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် ပင်လယ်ဖခင် အရှင်သခင်က စူးစမ်းလိုသော လေသံဖြင့် မေးလိုက်လေသည်။ သူသည် အခြားသူများ၏ အမြင်ကို ရယူလိုခဲ့သော်လည်း သူ၏ စကားလုံးများကို အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ် လှိုင်းတံပိုးတစ်ခုက တုံ့ပြန်လိုက်လေသည်။

အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်...

မှန်ပေသည်။

ဝေ့ဝူယင်၏ လှုပ်ရှားမှုများသည် ကျော့ရှင်းစွာ လျင်မြန်လှသည်။ သူသည် နောက်သို့ ညင်သာစွာ တွန်းကန် ဆုတ်ခွာလိုက်လေသည်။ သူ၏ ညာဘက်လက်သည် တောက်ပသောကြယ် နန်းတော်သခင် ဆီသို့ လှမ်းသွားပြီး သူ့ဘက်သို့ ပြန်ဆွဲလိုက်သည်။ မန်နာ စွမ်းအင် လေပွေတစ်ခုက အံ့အားသင့်နေသော နန်းတော်သခင်၏ ပုံရိပ်ကို လွှမ်းခြုံသွားပြီး ချက်ချင်း ဆွဲခေါ်ခံလိုက်ရလေသည်။

တစ်ပြိုင်နက်တည်းမှာပင် ဝေ့ဝူယင်သည် သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းများကို ကွေးကာ မြေပြင်ဆီသို့ ချိန်ရွယ်လိုက်လေသည်။ ဟင်းလင်းပြင် နဂါး လျှို့ဝှက် စွမ်းအား လှိုင်းလုံးတစ်ခုသည် မြေပြင်ကို တိတ်ဆိတ်စွာ ရိုက်ခတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ အခန်းတစ်ခွင်သို့ တိုက်ခတ်သွားကာ ကျန်ရှိနေသူအားလုံးကို တိုက်ရိုက် လွှမ်းခြုံသွားလေသည်။ ကျွမ်းကျင်သော တိကျမှု၊ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်တို့ဖြင့် ကောင်းကင်သူတော်စင် မျှော်စင် မှ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦး၊ ကြယ်တာရာ နန်းတော်များ နှင့် ပြိုင်ဘက်ကင်း စံအိမ်များ မှ အထွတ်အထိပ် သူတော်စင်များ အားလုံးသည် အာကာသ ဖြင့် ရွှေ့ပြောင်းခံလိုက်ရလေသည်။

ဝှစ်... တှစ်...

အထွတ်အထိပ် သူတော်စင် တစ်ဦး၏ မျက်တောင်တစ်ခတ်အတွင်း ဝေ့ဝူယင်နှင့် တောက်ပသောကြယ် နန်းတော်သခင်တို့သည် အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် မှ ထွက်ခွာသွားကြပြီး ၎င်း၏ အာကာသ ကာကွယ်ရေး အစီအရင်များ အားလုံးကို မရှိသည့်အလား လျစ်လျူရှုကာ မိုင်ပေါင်း သောင်းနှင့်ချီ၍ ဝေးကွာသော နေရာတစ်ခုတွင် ပေါ်ထွက်လာခဲ့ကြလေသည်။

"ဟမ်...."

တောက်ပသောကြယ် နန်းတော်သခင်သည် အံ့အားသင့် မှင်တက်သွားခဲ့သည်။ ထို့နောက် အခြား ဆယ့်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်ကို သူ အာရုံခံမိလိုက်ပြီး ထိုအထဲမှ ခုနစ်ဦးမှာ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြလေသည်။

"ခုနက ဘာတွေ...."

သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ အခြေအနေကို မမေးမြန်းနိုင်မီမှာပင်

ဘုန်း...

ကောင်းကင်ဘုံကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီး တစ်ခုသည် အမှောင် ဟင်းလင်းပြင် တစ်ခွင်သို့ ပေါက်ကွဲထွက်လာပြီး ဗလာကျင်းနေသော ဟင်းလင်းပြင် အလွှာတစ်ခွင်သို့ ဝိညာဉ်ကို စုတ်ဖြဲပစ်နိုင်သည့် အသံလှိုင်းများကို စေလွှတ်လိုက်လေသည်။

၎င်းသည် မိုင်းတွင်းတစ်ခုအတွင်းမှ ပေါက်ကွဲထွက်လာသည့် ဗုံးတစ်လုံး၏ အသံနှင့် တူညီပြီး ဖြန့်ကားထွက်လာသော အပျက်အစီးများနှင့်အတူ လိုက်ပါလာခဲ့သည်။

အပျက်အစီးများသည် မိုင်ပေါင်း သုံးသန်းအထိ အတိအကျ ပျံ့နှံ့သွားခဲ့လေသည်။ ပေါက်ကွဲမှု၏ တွက်ချက်မှုများသည် အလွန် တိကျလှပေသည်။

ဝေ့ဝူယင်သည် လျှို့ဝှက် စွမ်းအားများကို ကျွမ်းကျင်စွာ ပြောင်းလဲလိုက်ပြီး အယ်ဖာ မူလ လျှို့ဝှက် စွမ်းအား ကို အသုံးပြုလိုက်လေသည်။ အဖြူရောင် အကာအကွယ်တစ်ခုက အုပ်စုတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လောင်ကျွမ်းစေတတ်သော အပူရှိန်ဖြင့် သက်ရှိအားလုံးကို ဖျက်ဆီးပစ်ရန် အမှောင် ဟင်းလင်းပြင် ကို ရေလွှမ်းမိုးသကဲ့သို့ ဝင်ရောက်လာသော မသန့်စင်သည့် ပြင်းထန်သော မီးတောက်စွမ်းအင်များကို စုပ်ယူလိုက်လေသည်။

သူတို့သည် အလွန်ဝေးကွာသော နေရာတွင် ရှိနေသော်လည်း အရိုးပြာနယ်မြေ ၏ ဆွဲငင်အား ပတ်လမ်း အစွန်ဆုံးဖြစ်သည့် မိုင် သုံးသန်း အကွာအဝေးအတွင်း၌ ရှိနေခဲ့သည်။ သူတို့သည် ပြဇာတ်တစ်ခုကို ကြည့်ရှုနေသော မှူးမတ်များကဲ့သို့ အဖြစ်အပျက်ကို ကြီးကြပ်ကွပ်ကဲရန်သာ ထိုနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် ၏ အစီအရင်များ အကာအကွယ်အောက်တွင်သာဆိုလျှင် သူတို့သည် ပေါက်ကွဲမှုဒဏ်မှ လုံးဝ ကာကွယ်ခံရမည် ဖြစ်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် အတွင်း၌ နေထိုင်ခြင်းမှာ အန္တရာယ်ကြီးမားလှပေသည်။

***

All Chapters