← Chapters

အခန်း (၂၄၄၁-၂၄၄၂)

Vol. 175 Ch. 2441-2442

အခန်း (၂၄၄၁-၂၄၄၂)

Vol. 175 Ch. 2441-2442

အပိုင်း(၂၄၄၁)

ကောင်းကင်လောက မှ အပျက်အစီးများသည် အရွယ်အစား အမျိုးမျိုးဖြင့် အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်ထွက်လာပြီး အသေးစား နေကြယ်များနှင့် ဆင်တူသော အရာဝတ္ထုများကို ဖန်တီးလိုက်လေသည်။ အချို့မှာ ကလေးငယ်၏ လက်သီးဆုပ်အရွယ်အစားခန့်မှ တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင် လုံလောက်သော မီးတောက်အော်ရာကို ထုတ်လွှတ်နေလေသည်။ ဤအရာဝတ္ထုများ၏ ဗဟိုချက်မှာ အသန့်စင်ဆုံး ပုံစံရှိ စုစည်းပြီး ရုပ်လုံးပေါ်လာသော အနီရောင် မီး အမတေ သလင်းကျောက်များ လျှို့ဝှက်ကောင်းကင် မီး အမတေကျောက်တုံးများပင် ဖြစ်လေသည်။

၎င်းမှာ အများဆုံး တွေ့ရသော ပစ္စည်းသာ ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ကောင်းကင် ဂုဏ်သတ္တိများ မပါဝင်ဘဲ ကွဲထွက်သွားသော လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံးများ၏ အပိုင်းအစများ ဖြစ်သည့် လျှို့ဝှက်လောက အမတေကျောက်တုံးများသည် စိုးရိမ်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အပြင်ဘက်သို့ ပန်းထွက်နေလေသည်။ ၎င်းတို့အထဲတွင် ရှားပါးသော ရတနာများလည်း ပါဝင်၏။ အကယ်၍ တစ်စုံတစ်ယောက်သည် ထက်မြက်သော အာရုံခံစားမှု ရှိကာ မိုင် သုံးသန်း ကျယ်ဝန်းသော မီးတောက်ကွင်းပြင်ကြီးကို ဖြန့်ကျက် ရှာဖွေနိုင်ပါက ၎င်း၏ နက်ရှိုင်းသော အတွင်းပိုင်း၌ မီး အမိန့်တော် မျိုးစေ့ တစ်ခုကို အာရုံခံမိနိုင်ပေလိမ့်မည်။

သို့သော်လည်း မမြင်ရသော စည်းမျဉ်းတစ်ခုက လမ်းညွှန်ထားသည့်အလား မည်သည့် ပေါက်ကွဲမှုကမျှ မိုင် သုံးသန်း အကွာအဝေးကို ကျော်လွန်သွားခြင်း မရှိခဲ့ချေ။

ချက်ချင်းလိုလိုပင် စုရီ၏ အကြံအစည်ကို မသိရှိသူများသည် လောဘနှင့် လိုချင်တပ်မက်မှုတို့ ပြည့်လျှံလာသည်ကို ခံစားလိုက်ရလေသည်။ သူတို့အားလုံးအတွက် လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး အပိုင်းအစ တစ်ခုတည်းကပင် သူတို့၏ ဘဝလမ်းကြောင်းတစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပြီး ပိုမိုကြီးမားသော စွမ်းအား၊ အဆက်အသွယ်များနှင့် သက်တမ်းတို့ကို ရှာဖွေရန် နှိုင်းယှဉ်၍မရနိုင်လောက်အောင် တန်ဖိုးရှိသော အခွင့်အရေးများကို ပေးစွမ်းနိုင်လေသည်။

သင်္ကေတ ဘုရင်များ၊ လောက ရှန့်ထိုများ၊ မူလ တရားသူကြီးများ နှင့် လျှို့ဝှက် အာဏာရှင်များ သည် အဓိပ္ပာယ်မဲ့သော စျေးနှုန်းတစ်ခုကို ပေးချေပြီးနောက် ကြယ်တာရာ တံတား မှတစ်ဆင့် ဤနေရာသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသူများ ဖြစ်ကြသည်။ သူတို့သည် ထောင်သောင်းချီ၍ သို့မဟုတ် သိန်းနှင့်ချီသော ကျင့်ကြံသူများပင် ပါဝင်နိုင်သည့် ဝင်္ကပါကြီးများကို ဖွဲ့ကာ လှုပ်ရှားကြတော့သည်။

သူတော်စင်များကို သတ်ဖြတ်နိုင်သော ဓားများ၊ ကမ္ဘာကို မျိုချနိုင်သော သားရဲများ၊ သို့မဟုတ် ပုံမှန်မဟုတ်သော မိစ္ဆာ အသွင်အပြင်များကို အတုယူထားသည့် ထိုကြီးမားသော ဝင်္ကပါများ ပုံပေါ်လာပြီးနောက် အချက်ပြချက် ရရှိလိုက်သကဲ့သို့ လှုပ်ရှားလာသောအခါ အခြေအနေသည် သေဆုံးခြင်းနှင့် ရုန်းကန်တိုက်ခိုက်ရသည့် မြင်ကွင်းတစ်ခုအဖြစ်သို့ ချာချာလည် ပြောင်းလဲသွားလေတော့သည်။

ပေါက်ကွဲမှုမှ အဖိုးမဖြတ်နိုင်သည့် ရတနာများစွာ ထွက်ပေါ်လာခဲ့သော်လည်း ဤပစ္စည်းများ၏ လေးလံမှုကြောင့် သေးငယ်၊ အားနည်းပြီး တန်ဖိုးနည်းသော ပစ္စည်းများသာ မိုင် သုံးသန်း ဒေသ၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ကြလေသည်။

ဝေ့ဝူယင်သည် လက်သည်းခွံအရွယ်အစားရှိသော မီးအမျိုးအစား လျှို့ဝှက်လောက အမတေကျောက်တုံး တစ်တုံးကို ဖမ်းယူလိုက်လေသည်။ ထို့နောက် အရိုးပြာ နယ်မြေ၏ အစွန်အဖျား၌ ဖြစ်ပျက်နေသည်ကို လှမ်းကြည့်လိုက်သည်။

ရေခဲစွမ်းအားများ ပေါင်းစပ်ဖွဲ့စည်းထားသော မီတာရှစ်ထောင် အရွယ်အစားရှိ ရေခဲ စာကလေး တစ်ကောင်သည် မီးအရိုးပြာ နယ်မြေကို ဖြတ်သန်း၍ အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့သည်။ ၎င်းသည် ပုံရိပ်ယောင်ဖန်တီးမှုကို မောင်းနှင်ပြီး ဝင်္ကပါ အတွက် စွမ်းအားပေးနေသူများကို အကာအကွယ်ပေးထားလေသည်။

မကြာခင်မှာပင် ၎င်းသည် ကြီးမားသော ရေခဲသလင်းကျောက်ဖြင့် ပြုလုပ်ထားပုံရသည့် လှိုင်းစီးပျဉ်ပြား တစ်ခုကို စီးနင်းလာသော ကောင်းကင်ရှန့်ထို တစ်ဦးနှင့် ဆုံတွေ့သွားခဲ့သည်။ ထိုပျဉ်ပြား၏ အောက်ခြေမှ ထွက်ပေါ်လာသော အေးစက်သည့် မြူခိုးများက သူ့ကို အကာအကွယ် ပေးထားလေသည်။

သင်္ကေတ ဘုရင် သုံးထောင်နှင့် လောကရှန့်ထို ရှစ်ဦးသာ ပါဝင်သော ထိုစာကလေး ပုံသဏ္ဌာန် ဝင်္ကပါကြီးသည် ကောင်းကင်ရှန့်ထို ကို စတင် တိုက်ခိုက်လိုက်လေသည်။ ကောင်းကင်ရှန့်ထိုသည် နောက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာအမူအရာမှာ လုံးဝ ဂရုမစိုက်ဟန် ရှိနေခဲ့သည်။ ထို့နောက် မည်သည့် အားစိုက်ထုတ်မှုမျှ မပါဝင်သကဲ့သို့ လောင်ကျွမ်းနေသော လေထုကို ဖြတ်၍ လက်ကာယမ်းလိုက်လေသည်။

ဘုန်း...

ကောင်းကင် အလင်းတန်းများနှင့် လေစွမ်းအားများ ပေါင်းစပ်သွားကာ ကမ္ဘာကို ဆုတ်ဖြဲပစ်နိုင်သော လေဆင်နှာမောင်း တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ရေခဲစာကလေး သည် နောက်သို့ ဆုတ်ခွာရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ ရုန်းကန်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့၏။ ရေခဲ စာကလေးသည် ဖမ်းဆီးခံလိုက်ရပြီး ၎င်းပေးစွမ်းထားသော အကာအကွယ်များလည်း ပြိုကျပျက်စီးသွားခဲ့လေသည်။ ၎င်းနှင့်အတူ မျှော်လင့်ချက် ကြီးမားသော၊ ရည်မှန်းချက် ကြီးမားသော၊ မိုက်မဲသော ကျင့်ကြံသူ ထောင်ပေါင်းများစွာ၏ အသက်အန္တရာယ်လည်း အဆုံးသတ်သွားခဲ့ရလေသည်။

ထိုသတ်ဖြတ်မှုကြီး မဖြစ်ပေါ်မီမှာပင် ကောင်းကင်ရှန့်ထို သည် ရေခဲ စာကလေး ၏ ခြေသည်းများဖြင့် ဖမ်းဆုပ်ထားသော ပန်းထွက်လာသည့် ရတနာ အပိုင်းအစ တစ်ခုကို ရက်စက်စွာ လုယူခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့်ပင်....

ဝေ့ဝူယင်သည် အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် ဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။ သူ၏ ဘေးရှိ အခြားသော အထွတ်အထိပ် သူတော်စင် ဆယ့်နှစ်ဦးသည်လည်း သူတို့၏ အာရုံစိုက်မှုကို နန်းတော်ဆီသို့သာ ပို့လွှတ်ထားကြ၏။

ကောင်းကင်ကို ဆုတ်ဖြဲပစ်နိုင်လောက်သော ပြင်းထန်သည့် အသံတိတ် ပေါက်ကွဲမှုများသည် အတွင်းပိုင်းမှ အဆက်မပြတ် ထွက်ပေါ်နေခဲ့လေသည်။ ကြီးကျယ်ခမ်းနားပြီး ကြွယ်ဝစွာ တည်ဆောက်ထားသော အဆောက်အအုံသည် အက်ကွဲကြောင်းများ၊ အက်ကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုအချိန်တွင် လောက ဝိညာဉ် သည် နာကျင်စွာဖြင့် အော်ဟစ်နေခဲ့ပြီး ဟင်းလင်းပြင် အတွင်းသို့ သေမင်းတမန် အူသံ လှိုင်းတံပိုးများကို စေလွှတ်နေခဲ့လေသည်။

သို့သော် မည်သူကမျှ ၎င်းကို ကူညီရန် လာရောက်ခြင်း မရှိခဲ့ချေ။

မည်သို့ပင်ဖြစ်စေ အထွတ်အထိပ် သူတော်စင် နှစ်ဦး၏ ပဋိပက္ခတွင် မည်သူကများ ဝင်ရောက်စွက်ဖက်ရဲမည်နည်း။

"ခွေးကောင်တွေ...."

အမှောင်မိခင် အရှင်သခင်က ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ခရက်... ခရက်...

ထို့နောက် ဖိအားပေးခံရသော ကြက်ဥတစ်လုံးကဲ့သို့ပင် အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် သည် ပေါက်ကွဲထွက်သွားလေတော့သည်။

ဝှစ်...

ဝေ့ဝူယင်သည် နောက်ထပ် မိုင်တစ်သောင်းခန့် ဆုတ်ခွာလိုက်လေသည်။ အခြားသူများသည်လည်း တိုက်ပွဲကို လေ့လာစောင့်ကြည့်နေရင်း နောက်သို့ လိုက်ပါ ဆုတ်ခွာလာခဲ့ကြသည်။ ထို့နောက် အပြောင်းအရွှေ့ ကြားကာလအတွင်း ကျေးဇူးတင်စကားများကို ဝိညာဉ် သဝဏ်လွှာများ ဖြင့် ပေးပို့လိုက်ကြလေသည်။

ဝှစ်... ဝှစ်...

ပေါက်ကွဲမှု ဗဟိုချက်မှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာ၏။

"ငါ သူ့ကို သတ်မယ်... နင် ငါ့ကို တားလို့ မရဘူး...."

စက်ဆုပ်ဖွယ်နှင်း အရှင်သခင်၏ အသံသည် ရူးသွပ်ဖွယ် ဒေါသ၊ အစွန်းရောက်သည့် လက်စားချေလိုစိတ်တို့ဖြင့် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။

"ငါ နင့်ကို ခွင့်မပြုနိုင်ဘူး...."

အခြား အသံမှာ မူလ ကြယ်တာရာ အရှင်သခင် ၏ အသံပင် ဖြစ်လေသည်။ ထို့ပြင် သူမသည် နေကြယ်ပု အရွယ်အစားရှိသော နေမင်း ကြယ်တာရာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အလွန်ပြင်းထန်သော ဝိညာဉ်ချီ လှိုင်းလုံးကြီးများသည် ဖျက်ဆီးခြင်း စွမ်းအားများဖြင့် အမှောင် ဟင်းလင်းပြင် တစ်ခွင်သို့ ရိုက်ခတ် စီးဆင်းသွားလေသည်။ အထွတ်အထိပ် သူတော်စင် နှစ်ပါး၏ အသံများတွင် ဝိညာဉ်ချီများ ပြည့်နှက်နေ၏။ သူတို့ပြောဆိုလိုက်သော စကားလုံးတိုင်းသည် ကောင်းကင်၊ မြေကြီးနှင့် ဝိညာဉ်များကို သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပါဝင်နေလေသည်။

လေ့လာစောင့်ကြည့်နေကြသော အထွတ်အထိပ် သူတော်စင်များ ၏ နှလုံးသား၊ ဝိညာဉ်နှင့် စိတ်များသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ ထိုအခြေအနေကြောင့် သူတို့၏ မျက်နှာများတွင် အံ့အားသင့်မှုများ ပေါ်လွင်လာခဲ့၏။ ထိုသတ်ဖြတ်လိုစိတ် အပြည့်နှင့် တိုက်ပွဲက သူတို့အား ထိခိုက်လာမည်ကို ကြောက်ရွံ့လာကြသည်။ အခွင့်အရေးများအတွက် တိုက်ခိုက်ရန် ကြိုးစားနေကြသော သာမန် ကျင့်ကြံသူ လူအုပ်ကြီးအတွက်လည်း စိုးရိမ်ပူပန်လာကြလေသည်။ ထို့နောက် ဒေါသများ ထွက်ပေါ်လာခဲ့သည်။ အထိန်းအကွပ်မရှိ၊ စစ်မှန်ပြီး လွတ်လပ်သော ဒေါသများပင် ဖြစ်လေသည်။

"ရပ်လိုက်ကြစမ်း...."

သွယ်လျသော ပုံရိပ်တစ်ခုသည် ဝေ့ဝူယင်၏ အကာအကွယ်ထဲမှနေ၍ အံ့အားသင့်ဖွယ် အင်အားဖြင့် အပြင်သို့ ထွက်ပေါ်လာခဲ့သည်။

ဟူး...

ဝေ့ဝူယင် တည်ငြိမ်စွာ အသက်ရှူသွင်းလိုက်လေသည်။ ထိုပုံရိပ်၏ ကြမ်းတမ်းသော အရှိန်အဟုန်ကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းထန်နေသော အာကာသ လေပြင်းများကို သူ၏ စုချွန်ထားသော နှုတ်ခမ်းများမှတစ်ဆင့် ပါးစပ်ထဲသို့ စုပ်ယူလိုက်၏။ သူ၏ မျက်လုံးများမှ ခုနစ်ရောင်ခြယ် အလင်းတန်းများသည် ခေတ္တမျှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ငွေရောင်သန်းသော မီးခိုးရောင် မျက်ဝန်းများပါရှိသည့် ဒေါင်လိုက် သူငယ်အိမ် တစ်စုံ ပေါ်ထွက်လာခဲ့ပြီး ၎င်းမှတစ်ဖန် အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားလေတော့သည်။

***

အပိုင်း(၂၄၄၂)

အရပ်ရှည်ရှည်နှင့် မိန်းမဆန်ဆန် ချောမောသော လူငယ်တစ်ဦးသည် တော်တော်လေး ဟိုက်နေသော ရေပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားလေသည်။ ထိုဝတ်ရုံ၏ V ပုံစံ အဟိုက်မှတစ်ဆင့် အမွေးအနည်းငယ်ရှိသော သူ၏ ရင်ဘတ်ကို ဖော်ပြထား၏။ ကြယ်တာရာ ကောင်းကင်ပြင်၏ နောက်ခံတွင် တောက်ပစွာ လင်းလက်နေသော စိမ်းပြာရောင် ဆံပင်များ၊ သူ၏ နူးညံ့သော မေးရိုးအလှကို ပိုမို ပေါ်လွင်စေသည့် ကွေးညွှတ်နေသော မျက်ခုံးတစ်စုံ၊ နှင့် ကောင်းကင်ပြာရောင် မျက်လုံးများဖြင့် သူသည် လုံးဝ မေ့ဖျောက်၍မရနိုင်သော မျက်နှာသွင်ပြင်များဖြင့် ထင်ရှားပေါ်လွင်နေလေသည်။

ယခုအခိုက်အတန့်တွင် ထိုဆွဲဆောင်မှုရှိသော မျက်နှာသွင်ပြင်များသည် အလွန်တရာ ပြင်းထန်လှသော ဒေါသများကြောင့် ပုံပျက်နေခဲ့သည်။

"ဘယ်သူမှ ငါတို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခွင့် မရှိဘူး...."

ဤအမျိုးသားသည် ဂလက်ဆီအတွင်း ဖခင်လေး အရှင်သခင် ဟု လူသိများသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်လေသည်။ သူသည် ဂြိုဟ်တစ်ခုလုံးကိုပင် ပြည့်သွားစေနိုင်သည်ဟု ကောလာဟလ ထွက်ပေါ်နေသော သူ၏ ကျယ်ပြန့်လှသည့် မိသားစု မျိုးဆက်ကြောင့် နာမည်ကျော်ကြား၏။ ယခုအခါ သူသည် အသိဉာဏ်မဲ့သော ဒေါသများဖြင့် ဖြစ်ပွားနေသော တိုက်ပွဲဆီသို့ လမ်းကြောင်းတစ်ခု ဖောက်ကာ ပြေးဝင်သွားသည်ကို ဝေ့ဝူယင် တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

ဘုန်း...

မူလ ကြယ်တာရာ အရှင်သခင်၏ နေကြယ်ပု အရွယ်အစားရှိ နေမင်း ကြယ်တာရာ ပုံစံသည် အဖြူရောင် မြူခိုးများနှင့် နှင်းများ ဖုံးလွှမ်းနေသော မုန်တိုင်းထန်သည့် ကမ္ဘာတစ်ခုနှင့် ဝင်တိုက်မိသွားလေသည်။ ထိုကမ္ဘာသည် ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာများ၊ အလင်းစွမ်းအင်များနှင့် ထိခိုက်ခံရသော အာကာသ ဒိုင်မန်းရှင်း များ၏ အနီးတစ်ဝိုက်ကို ဆုတ်ယုတ်ကျဆင်းသွားစေနိုင်လောက်အောင် ပြင်းထန်သော အဆိပ်များ ပါဝင်နေ၏။

အဝေးမှ ကြည့်လျှင် ဂြိုဟ်များကို မျိုချပစ်နိုင်စွမ်းရှိသည့် နတ်ဘုရားအဆင့် ကပ်ဘေးဆိုက်နေသော နှင်းမုန်တိုင်းကြီး တစ်ခုသည် တောက်ပပြီး ကျန်းမာသော ကြယ်တစ်ပွင့်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသကဲ့သို့ ထင်မှတ်ရလေသည်။ ယင်းမှာ အလွန်တရာ အံ့မခန်း မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

အာကာသနှင့် အချိန်တို့သည် ပိုမို၍ ကမောက်ကမ ဖြစ်လာခဲ့၏။ လေ့လာစောင့်ကြည့်၍ရနိုင်သော လက်တွေ့ကမ္ဘာ၏ တည်ရှိမှုသည် ဖျက်ဆီးခံလိုက်ရသည့်အလား စီးဆင်းမှုများ လုံးဝ ရပ်တန့်သွားခဲ့သည်။ ရပ်တန့် မသွားလျှင်လည်း... ခန့်မှန်း၍မရနိုင်သော အပြောင်းအလဲများနှင့်အတူ ပုံမှန်မဟုတ်သော၊ နားလည်၍မရနိုင်သော ပုံရိပ်များအဖြစ်သို့ ချာချာလည် ပြောင်းလဲသွားခဲ့လေသည်။

သို့သော်လည်း... တိုက်ခိုက်နေသည့် အထွတ်အထိပ် သူတော်စင် နှစ်ပါးကတော့ ဤအပြောင်းအလဲများကို အမှုမထားသည့် အလား ကျွမ်းကျင်စွာ ဖြတ်သန်းသွားလာနေခဲ့ကြသည်။ သူတို့ကို ဤအာကာသနှင့် အချိန်ဆိုင်ရာ လက်တွေ့ကမ္ဘာ၏ အမှတ်နေရာ၌ ခိုင်မြဲစွာ ဆိုက်ကပ်ထားနိုင်ရန်အတွက် ကောင်းကင်ဘုံနှင့် ပဲ့တင်ထပ်စေခဲ့ကြလေသည်။

သူတို့၏ ကောင်းကင်ငယ်များသည် ဗဟိုချက်တစ်ခုအဖြစ် ဆောင်ရွက်ပေးပြီး အာကာသ၊ အချိန်၊ ဟင်းလင်းပြင်၊ လက်တွေ့ကမ္ဘာနှင့် တည်ရှိမှု တစ်ခုလုံး၏ မပြောင်းလဲသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက် တည်ရှိနေစေရန် စွမ်းဆောင်ပေးထားလေသည်။

ဝေ့ဝူယင်သည် အံ့အားသင့်သွားခဲ့သည်။ ဤကဲ့သို့ ပဲ့တင်ထပ် ချီစွမ်းအင်ကို ပြသခြင်းနှင့် ကောင်းကင်ငယ်များ ကို ထိန်းချုပ်ခြင်းက အထွတ်အထိပ် အဆင့် တည်ရှိမှုများသည် အချိန်မြစ် ကဲ့သို့သော အရာများကို မည်သို့ တိုက်ခိုက်နိုင်သည် သို့မဟုတ် ခုခံနိုင်သည်ကို သူ့အား အရိပ်အမြွက် မြင်တွေ့ခွင့် ရစေခဲ့သည်။ ယင်းက ငရဲ၏ ကပ်ဘေးများများကိုပင် တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။

ဤသည်မှာ အထွတ်အထိပ် သူတော်စင် နှစ်ပါးက အခြားတစ်ပါးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေသည်ကို သူ ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်လေသည်။ တကယ်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ပင် ဖြစ်၏။ သူသည် လုံရှီယာ ကို မသတ်ဖြတ်နိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။ ဤနေရာတွင် လုပ်ဆောင်နေသော နည်းလမ်းများသည် တည်ရှိမှုတစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူတို့သည် သူတို့၏ တည်ရှိမှုကိုယ်နှိုက်ကို လောင်းကြေးထပ်၍ တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။

"မင်းတို့ နှစ်ယောက်စလုံး... အခုချက်ချင်း ရပ်လိုက်ကြစမ်း...."

ဖခင်လေး အရှင်သခင် ၏ အော်ဟစ်သံသည် စူပါနိုဗာ တစ်သန်း၏ အင်အားဖြင့် အပြင်ဘက်သို့ ပဲ့တင်ထပ်ထွက်ပေါ်သွားပြီး ကောင်းကင်၊ မြေကြီး၊ ဟင်းလင်းပြင်နှင့် ဝိညာဉ်များကိုပါ တုန်လှုပ်သွားစေခဲ့သည်။ ယင်းမှာ လွန်ကဲစွာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သူသည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်ပြီူ သူ၏ အသက်မွေးဝမ်းကျောင်းမှာ အဂ္ဂိရတ် တာအို ကိုသာ အဓိကထားသည်။ ထို့ကြောင့်ပင် တိုက်ခိုက်‌ရေး လမ်းစဉ်ကို အထူးပြု၍ အဆင့်တက်ခဲ့ကြသူများနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားမျိုး သူ၌ ရှိရန် မဖြစ်နိုင်ချေ။

သို့သော် သူသည် အထွတ်အထိပ် သူတော်စင် တစ်ပါး ဖြစ်နေဆဲပင် ဖြစ်လေသည်။ သူ စကားပြောလိုက်သောအခါ ကောင်းကင်ကြီးက သူ၏ အသံကို အလိုအလျောက်ပင် ချဲ့ပေးသည်။ ထိုအသံသည် ထိုးဖောက်ဝင်ရောက်နိုင်စွမ်းဖြင့် ဂလက်ဆီတစ်ခွင်သို့ ပျံ့နှံ့သွားပြီး ကမောက်ကမ အခြေအနေများကို ဖြတ်ကျော်ကာ သူတို့ထံသို့ သေချာပေါက် ရောက်ရှိသွားခဲ့လေသည်။

သို့သော်....

ဖခင်လေး အရှင်သခင်သည် မိုင်ပေါင်း သောင်းနှင့်ချီ၍ ပိုမို နီးကပ်သွားချိန်တွင် ကောင်းကင် အလင်းတန်းများ တောက်ပနေသော ရွှေရောင် မှင်ဖြင့် ရေးဆွဲထားသည့် ထူထဲသော စတုဂံပုံစံ စက္ကူချပ် တစ်ချပ်ကို အတင်းအကျပ် ထုတ်ယူလိုက်ရလေသည်။ အထိတ်တလန့်ဖြင့် သူသည် ၎င်းအတွင်းသို့ ပဲ့တင်ထပ် ချီစွမ်းအင်များကို လောင်းထည့်လိုက်၏။ ထိုအခါ သေးငယ်သော ကျောက်စိမ်း ပုလဲလုံးများဖြင့် ဖွဲ့စည်းထားသည့် စက်လုံးပုံစံ အကာအကွယ်တစ်ခုက သူ့ကို လုံးဝ ဝန်းရံသွားခဲ့လေသည်။

ဘုန်း...

ရေတံခွန်ကဲ့သို့ အဆက်မပြတ် စီးဆင်းလာသော အဖြူရောင် မြူခိုးများနှင့် အဝါရောင် နေရောင်ခြည် လှိုင်းတံပိုးကြီးတစ်ခုသည် အကာအကွယ်ကို ဝင်တိုက်သွားခဲ့သည်။ အကာအကွယ်မှာ မယုံနိုင်လောက်အောင် ခိုင်ခံ့သော်လည်း ပဲ့တင်ထပ် ချီစွမ်းအင် နှစ်မျိုးကို ဖမ်တိုစက္ကန့် အနည်းငယ်မျှသာ တားဆီးပေးနိုင်ခဲ့ပြီး ချက်ချင်းပင် မျိုချခံလိုက်ရကာ လွတ်မြောက်ရန်အတွက် ဟင်းလင်းပြင် အတွင်းသို့ ပစ်လွှတ်ခံလိုက်ရလေသည်။

အထွတ်အထိပ် သူတော်စင်များ သည် ဖခင်လေး အရှင်သခင် ကမောက်ကမ အခြေအနေများထဲတွင် ပျောက်ကွယ်သွားသည်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုနေခဲ့ကြသည်။ သူ အသက်ရှင်လျက် ရှိ၊ မရှိကို မသိနိုင်တော့ချေ။

"သာလွန် မှင်စစ်ခွက်ရဲ့ သတ္တမ ခေတ် ဟင်းလင်းပြင် ရိုက်ခတ်မှု အဆောင် က တကယ်ကို အံ့မခန်းပဲ... ကောင်းကင်ရှန့်ထို ဖခင်လေး အသက်ရှင်သွားတယ်...."

ဝေ့ဝူယင်က ရေရွတ်လိုက်၏။ တောင်ပံမဲ့ ကောင်းကင်ဂိုဏ်း၏ လက်အောက်ရှိ အထွတ်အထိပ် အဆောင်ပညာရှင် ဖြစ်သော စည်းစိမ် ပျက်စီးခြင်း ဂလက်ဆီ မှ မှင်စစ်ခွက် အရှင်သခင်သည် ၎င်းကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် အသိပညာကို ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်ထံမှ ရရှိထားခဲ့ခြင်း ဖြစ်သည်။

အထွတ်အထိပ် သူတော်စင်များ ထံမှ သက်ပြင်းချသံများ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံးသည် ထိုအဆောင်နှင့် ရင်းနှီးကျွမ်းဝင်ကြလေသည်။ အထူးသဖြင့် ၎င်းမှာ သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တွင် နာမည်ကြီးသော အထွတ်အထိပ် အဆင့်နိမ့် လျှို့ဝှက်ကောင်းကင် အဆင့် အဆောင်တစ်ခု ဖြစ်သောကြောင့် ဖြစ်၏။ ၎င်းသည် အလွန်တရာ အံ့မခန်းဖြစ်သော ကာကွယ်ရေး အဆောင်တစ်ခု ဖြစ်သော်လည်း တစ်ခုတည်းသော ပြဿနာမှာ... သတ်မှတ်ထားသော စျေးနှုန်းမှာ လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး ဆယ့်နှစ်တုံးဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းပင် ဖြစ်လေသည်။

"သူတို့က သူတို့ရဲ့ ပဲ့တင်ထပ် ချီစွမ်းအင်ကို အထိန်းအကွပ်မရှိ အသုံးပြုနေကြတာပဲ...."

ကောင်းကင်ဖခင် အရှင်သခင်က အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာဖြင့် မှတ်ချက်ချလိုက်လေသည်။ သူတို့သည် မည်သည့်အရာကိုမျှ ထိန်းချုပ်မထားခဲ့ဘဲ ဖခင်လေး အရှင်သခင် သည် ထိုကမောက်ကမ အခြေအနေများကြားတွင် ပိတ်မိသွားခဲ့သည်။ မိုးကုပ်စက်ဝိုင်းများ နှင့် ခြားနားစွာပင် ကောင်းကင် သူတော်စင်များသည် များစွာ ပိုမို ညီညွတ်ကြလေသည်။

ဝေ့ဝူယင်သည် ဖခင်လေး အရှင်သခင် ၏ သွားရာလမ်းကြောင်းကို လေ့လာစောင့်ကြည့်ရန် သူ၏ အစစ်အမှန် ဟင်းလင်းပြင် နဂါး ၏ ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း ကို အသုံးပြုလိုက်လေသည်။ ထို့နောက်... သူ၏ မျက်လုံးများတွင် ပျော်ရွှင်ကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။

အခြားသူများမှာမူ တင်းမာနေခဲ့ကြသည်။

"ကျွန်မတို့ မျိုးဆက်သစ်တွေကို ကယ်တင်ဖို့ လှုပ်ရှားသင့်တယ်...."

မိုးမိခင် အရှင်သခင် က ပြောလိုက်သည်။ တိုက်ပွဲကို ကြည့်ရှုနေစဉ် သူမ၏ စစ်မှန်သော နူးညံ့သိမ်မွေ့သည့် အမူအရာက ပေါ်လွင်နေခဲ့၏။ သို့သော် သူမ၏ စိုးရိမ်ပူပန်မှုသည် သူမ၏ အသက်ကို စွန့်စားရန်အတွက်တော့ မလုံလောက်ပုံရပေ။ သူမသည် သူမ၏ တာအိုလက်တွဲဖော် နှင့် ဝေ့ဝူယင် တို့၏ အနီးတွင်သာ နေထိုင်နေခဲ့သည်။

ဝေ့ဝူယင်တွင် မယုံနိုင်လောက်အောင် လျင်မြန်သော တုန့်ပြန်နိုင်စွမ်းနှင့် စွယ်စုံသုံးနိုင်သော စွမ်းအားများ ရှိလေသည်။ ထို့အပြင် သူသည် သူ၏ စွမ်းအားကို လျှို့ဝှက် ကြယ်တာရာ အဆင့်တွင်သာ ကန့်သတ်ထား၏။ ယင်းမှာ ကောင်းကင်ဘုံ၏ ပဲ့တင်ထပ် ချီစွမ်းအင် ကို မဆိုထားနှင့် လျှို့ဝှက် စွမ်းအား ထက်ပင် များစွာ အားနည်းသော စွမ်းအားတစ်ခု ဖြစ်လေသည်။

သို့သော်လည်း... သူမ မသိရှိခဲ့သောအရာကား... သူ၏ တုံ့ပြန်မှု အချိန်ကိုက်ဖြစ်ခြင်းမှာ ဤအခြေအနေကို အတိအကျ ကြိုတင်စီစဉ်ထားခြင်းကြောင့်ပင် ဖြစ်သည်။

"...."

အခြားသူများသည် ဓနဥစ္စာနှင့် အရင်းအမြစ်များ ပြည့်နှက်နေသော အရိုးပြာ နယ်မြေ ၏ ကျန်ရစ်သော မီးတောက်ကွင်းပြင် အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုနေကြလေသည်။ များပြားလှသော ရတနာများအတွက် အပြေးအလွှား ယှဉ်ပြိုင်မှုသည် မျှော်လင့်မထားဘဲ အသက်လု ထွက်ပြေးရသည့် ယှဉ်ပြိုင်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရတနာများကို ရယူရန် မကြိုးစားကြတော့ချေ။ သူတို့၏ မျက်လုံးများရှိ လောဘများသည် ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ် ပင်လယ်ပြင်တစ်ခုအဖြစ်သို့ ပြိုကျပျက်စီးသွားခဲ့လေသည်။

သူတို့ ပြေးကြသည်။

သူတို့ ထွက်ပြေးကြသည်။

သူတို့သည် အထိတ်တလန့်ဖြင့် အော်ဟစ်နေကြလေသည်။

ကံဆိုးသူ အချို့သည် ချီစွမ်းအင် လှိုင်းလုံးများအတွင်းသို့ မျိုချခံလိုက်ရပြီး သူတို့၏ တည်ရှိမှုများ ပျောက်ကွယ်သွားခဲ့ကြလေသည်။

ထိုသို့နှင့်ပင် ပြီးဆုံးသွားခဲ့သည်။

အထွတ်အထိပ် သူတော်စင် နှစ်ပါးကတော့ ဘယ်အရာကိုမှ ဂရုမစိုက်ခဲ့ကြချေ။ မူလ ကြယ်တာရာ အရှင်သခင်သည် စက်ဆုပ်ဖွယ် နှင်း အရှင်သခင် အား နယ်မြေ၏ အလယ်ဗဟိုသို့ ဝင်ရောက်ခွင့် မပေးဘဲ သူ့ကို အဝေးသို့ နှင်ထုတ်ရန် ပြင်းထန်သော တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေခဲ့လေသည်။

ဝင်ရောက်ခြင်းနှင့် အတင်းအကျပ် နှင်ထုတ်ခြင်းတို့၏ လွန်ဆွဲပွဲသည် ဆိုးရွားစွာ ကမောက်ကမ ဖြစ်နေခဲ့သည်။

အရိုးပြာ နယ်မြေလို အလွန် ကျယ်ပြန့်သော ဒေသအတွင်းသို့ တစ်စုံတစ်ယောက် ဝင်ရောက်ခြင်းကို တားဆီးရန်မှာ အလွန် ခက်ခဲလှပေသည်။ လျစ်လျူရှုမှု သို့မဟုတ် အာရုံလွဲမှု တစ်ခဏသည်ပင် စက်ဆုပ်ဖွယ် နှင်း အရှင်သခင်အတွက် အရိုးပြာ နယ်မြေ ၏ နှလုံးသား တည်ရှိရာ အာကာသ ဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် လုံလောက်သော အချိန်ပင် ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် မူလ ကြယ်တာရာ အရှင်သခင်သည် သူမ၏ တာဝန်အပေါ် အမြဲတမ်း အာရုံစိုက်နေခဲ့လေသည်။

***

All Chapters