အခန်း (၂၄၄၅-၂၄၄၆)
Vol. 175 Ch. 2445-2446
အပိုင်း(၂၄၄၅)
"ခင်ဗျား ဘာလိုချင်တာလဲ...."
ယောင်ဟုန်ရီက တည်ငြိမ်စွာ မေးလိုက်သည်။ ဤအမျိုးသမီး၏ ကျင့်ကြံခြင်း အခြေခံသည် သူတို့ထက် သာလွန်နေကြောင်း ရှင်းလင်းစွာ သိသာနေ၏။ သူမသည် သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက် များစွာ ကျော်လွန်နေလေသည်။
"မင်းလည်းပဲလား... ကောင်းပြီလေ၊ ဒါက တစ်ခုခုတော့ ထူးခြားနေပြီ မဟုတ်ဘူးလား... မင်းတို့ နှစ်ယောက်စလုံးက မမြင်ရတဲ့ နတ်ဘုရား တစ်ပါးရဲ့ စိတ်ပိုင်းဆိုင်ရာ မန္တန် တစ်ခုကို ကျင့်ကြံထားကြတာလား...."
ထိုအမျိုးသမီးက စပ်စုလိုစိတ်များဖြင့် မေးလိုက်လေသည်။ သူမသည် အလွန် အစွမ်းထက်သော်လည်း သူတို့ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံများ၏ ရှုပ်ထွေးနက်နဲမှုများကို အလုံးစုံ ကောက်ချက်ချနိုင်စွမ်း မရှိဟန်ပေါ်သည်။ သူမသည် ရေရာမှုမရှိသော အသေးစိတ် အချက်အလက်များကိုသာ စုဆောင်းနိုင်ခဲ့လေသည်။ သို့သော် သူမ၏ ခန့်မှန်းချက်များသည် တိကျသည်ထက်ပင် ကျော်လွန်နေခဲ့၏။
"ဒါမှမဟုတ်ရင်လည်း..."
သူမသည် စုမေ့၏ အနီးတွင် အသံထွက်၍ စဉ်းစားလိုက်သည်။
"မင်းတို့ရဲ့ အသိစိတ် ပင်လယ်က ဝိညာဉ် ဝါးမြိုသူ တစ်ယောက်ရဲ့ မှေးမှိန်တဲ့ အော်ရာနဲ့ သန့်စင်ခံထားရတာများလား... မင်းတို့ နှစ်ယောက်စလုံးက အရမ်း ထူးဆန်းနေပြီး ထူးကဲတဲ့ သဘာဝ အခွင့်အရေး တွေကို ကိုယ်စီ ရရှိထားကြတာ သေချာတယ်... ဘယ်လောက်တောင် မနာလိုဖြစ်စရာ ကောင်းလိုက်လဲ...."
ထိုအမျိုးသမီးသည် ရိုးရှင်းစွာ ခန့်မှန်းလိုက်ခြင်းသာဖြစ်ပြီး အဖြေကို ရှာဖွေရန် သိပ်ပြီး စိတ်ဝင်စားပုံ မရပေ။
"...."
ယောင်ဟုန်ရီ နှင့် စုမေ့ တို့ နှစ်ဦးစလုံးသည် မျက်တောင်မခတ်ဘဲ သူမကိုသာ စိုက်ကြည့်နေခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များသည် တိုက်ခိုက်ရန် အသင့်ပြင်နေဆဲ ဖြစ်လေသည်။
"အဲ့ဒီလောက်အထိ လုပ်နေစရာ မလိုပါဘူး...."
သူမက လက်ကာပြလိုက်၏။ မီးတောက်မြားသည် ယောင်ဟုန်ရီ ထံသို့ ပြန်လည် ရောက်ရှိသွားလေသည်။
"သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် မှာ ဒီလို ပျော်စရာကောင်းတဲ့ အဖြစ်အပျက်မျိုး ရှိနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... ငါက ပျော်စရာကို ကြည့်ဖို့ လမ်းကြုံဝင်လာခဲ့တာပါ... မူလ အညှောက် လေး နှစ်ခုကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ငါ့ရဲ့ စပ်စုချင်စိတ်က ငါ့ကို လွှမ်းမိုးသွားရုံလေးပါ...."
ယောင်ဟုန်ရီ သည် စဉ်းစားတွေးတောစွာဖြင့် သူ၏ 'အကြည့်' ကို အောက်သို့ ချလိုက်ပြီးနောက် အမျိုးသမီးထံသို့ ပြန်လည် မြှင့်တင်လိုက်လေသည်။
"ဒါဆိုရင် ခင်ဗျားကို ဒီအာကာသ နယ်မြေ ထဲကနေ ထွက်သွားပေးဖို့ တောင်းဆိုလို့ရမလား... ကျွန်တော့် သူငယ်ချင်းရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်စေချင်လို့ပါ...."
"စိတ်မပူပါနဲ့... စိတ်မပူပါနဲ့... ဟီးဟီး... အဲ့ဒီ ချို့ယွင်းချက်ရှိနေတဲ့ ပဲ့တင်ထပ် ဝိညာဉ် အပေါ်မှာ ငါ ဘာအကြံအစည်မှ မရှိပါဘူး... မင်းရဲ့ သူငယ်ချင်းက ငါ့ဆီကနေ ဘယ်လို နှောင့်ယှက်မှုမျိုးမှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး...."
သူမ၏ အပြုံးသည် အနည်းငယ် ပို၍ပင် ကျယ်သွားကာ အပြုံးဖျော့ဖျော့တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူမသည် အပြင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
သူမ၏ သစ်အယ်ရောင် မျက်လုံးများထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူငယ် တစ်ဦးသည် အစစ်အမှန် သူတော်စင်များ နှင့် ဉာဏ်အလင်းရ သူတော်စင်များ ပါဝင်သည့် အုပ်စုတစ်စုနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို ရောင်ပြန်ဟပ်နေခဲ့သည်။
"သံသရာ တစ်ကျော့ပြန် ပြန်လည်ဝင်စားသူ တစ်ယောက်လား... နီးစပ်တယ်၊ ဒါပေမယ့် အင်ပီရီယန် တစ်ယောက်တော့ မဟုတ်သေးဘူး... ကောင်းပြီလေ၊ သူ့ကို နည်းနည်းလောက် ထပ်စားခွင့်ပြုလိုက်ပါဦးမယ်...."
ထိုစကားများကို တီးတိုးရေရွတ်ပြီးနောက် အမျိုးသမီးသည် သူမကိုသာ လုံးလုံးလျားလျား အာရုံစိုက်နေသော စုမေ့ထံသို့ အကြည့်ကို ပြန်လှည့်လိုက်လေသည်။
"ငါတို့ နောက်ထပ် ပြန်ဆုံကောင်း ဆုံနိုင်ပါလိမ့်မယ်... မဆုံဖြစ်တာလည်း ဖြစ်နိုင်တာပေါ့... ဟီးဟီး... သွားပြီနော်...."
ထိုကဲ့သို့ ရေရာမှုမရှိ ဖောက်လွဲဖောက်ပြန်နိုင်သော စကားများနှင့်အတူ သူမသည် မျက်တောင်တစ်ခတ်အတွင်း သန့်စင်သော လောကစွမ်းအင်များအဖြစ်သို့ ပျောက်ကွယ်သွားလေတော့သည်။
စုမေ့၏ နှလုံးခုန်နှုန်း တစ်ချက် ရပ်တန့်သွားခဲ့သည်။
ယောင်ဟုန်ရီ က တိုးညှင်းစွာ ရေရွတ်လိုက်၏။
"လူ့အသွင်ယူခြင်း လား...."
ထိုအရာက ပွားယူထားသည့် ကိုယ်ပွားတစ်ခုလော။
"မဟုတ်ဘူး...."
နောက်ဆုံးတွင် စုမေ့ က အသံထွက်၍ ပြောလိုက်လေသည်။ စောစောက သူမ ခံစားခဲ့ရသော သက်တောင့်သက်သာမရှိသည့် ခံစားချက်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ၎င်းမှာ ထိုအမျိုးသမီး တကယ်ပဲ ထွက်သွားပြီဖြစ်ကြောင်း ဆိုလိုသည်ဟု သူမ ခံစားလိုက်ရသည်။
"သူက ဝိညာဉ် ပုံရိပ်ယောင်ဖန်တီးမှု တစ်ခုပဲ...."
ပုံရိပ်ယောင်ဖန်တီးမှု...
ယောင်ဟုန်ရီ တုန်လှုပ်သွားခဲ့သည်။ အကယ်၍ အသွင်ယူခြင်းသည် စွမ်းအင် ကိုယ်ပွားတစ်ခုဖြစ်ပြီး အဗာတာသည် အစစ်အမှန် ခန္ဓာကိုယ်၏ အစားထိုးအဖြစ် အသုံးပြုနိုင်ရန် ကျင့်ကြံထားသော ဒုတိယခန္ဓာကိုယ် တစ်ခုဖြစ်မည်ဆိုပါက ပုံရိပ်ယောင်ဖန်တီးမှု ဆိုသည်မှာ ဝိညာဉ်အင်အား၊ ဝိညာဉ်စွမ်းအား သို့မဟုတ် ဝိညာဉ်ချီ တို့၏ သေးငယ်သော အငွေ့အသက်လေး တစ်ခုမျှသာ ဖြစ်လေသည်။
ထိုအမျိုးသမီးက မည်သူနည်း။
ဝှစ်...
ရုတ်တရက် သတိပေးချက်မရှိဘဲ ဟင်းလင်းပြင် တံခါးပေါက် တစ်ခု ပေါ်လာကာ ပုံရိပ် တစ်ခု ထွက်လာခဲ့၏။ သူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကြည့်လိုက်ကြလေသည်။
ဝေ့ဝူယင်ပင်...။
"အရှင်ဝေ့...."
ယောင်ဟုန်ရီသည် အာရုဏ်ဦး အင်ပါယာ ၏ နှုတ်ခွန်းဆက်သမှု အမူအရာကို ပြုလုပ်ရင်း အော်ဟစ်လိုက်သည်။ စုမေ့သည်လည်း ထိုနှုတ်ခွန်းဆက်သမှု အမူအရာကို တိတ်ဆိတ်စွာ ပြုလုပ်လိုက်လေသည်။ သူတို့ နှစ်ဦးစလုံး၏ အာရုဏ်ဦး ပုံရိပ်ယောင် နည်းလမ်းသည် အပြည့်အဝ အသက်ဝင်လာပြီး သူတို့၏ စိတ်အာရုံများကို လိုလိုလားလား ဖွင့်ဟပေးလိုက်ကြသည်။
ကောင်းကင်ဘုံ နတ်မျက်လုံးများကို အမြင့်ဆုံး ကန့်သတ်ချက်အထိ အသုံးပြုကာ ဝေ့ဝူယင်သည် သူ၏ အာရုံခံနိုင်စွမ်း ခွင့်ပြုသမျှသော အတိုင်းအတာတိုင်းဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်လေသည်။ စိတ်ပိုင်းဆိုင်ရာ အစီအရင် တစ်ခုကို အသုံးပြုကာ ဒုတိယစိတ် သည် သူတို့၏ မကြာသေးမီက ဖြစ်ရပ်များ၏ မှတ်ဉာဏ်များကို လက်ခံရယူလိုက်သည်။ ထို့နောက် သူတို့၏ အတွေ့အကြုံများကို အတုယူကာ ၎င်းတို့ကို သူ၏ ကိုယ်ပိုင်အဖြစ် ပေါင်းစည်းလိုက်လေသည်။
မူလက ထိုအမျိုးသမီးသည် ဝေဝါးနေပြီး ပုံပန်းသဏ္ဍာန်ကို ခွဲခြားသိမြင်ရန် ခက်ခဲလှသည်။ သူမ၏ စကားလုံးများသည် နက်နဲသော စွမ်းအားတစ်ခုဖြင့် ဖုံးကွယ်ထားသောကြောင့် မှတ်သားထားရန် ခက်ခဲနေခဲ့၏။ အကယ်၍ ဝေ့ဝူယင်က ဘာတွေဖြစ်ခဲ့သလဲဟု တစ်ဦးစီကို မေးမြန်းခဲ့လျှင် စုမေ့နှင့် ယောင်ဟုန်ရီတို့သည် ရည်ရွယ်ချက် ကင်းမဲ့စွာ စဉ်းစားတွေးတောသည့် ညည်းတွားသံများဖြင့်သာ ပြန်လည်ဖြေကြားကြပေလိမ့်မည်။
အာရုံခံစားမှုကို ပုံပျက်စေဖို့နှင့် ဝိညာဉ် မှတ်ဉာဏ်များကို ရှုပ်ထွေးသွားစေရန် ထိုအမျိုးသမီး အသုံးပြုသွားခဲ့သော အစီအရင်များသည် အလွန် သိမ်မွေ့ပြီး ထူးကဲစွာ အဆင့်မြင့်မားလှပေသည်။ သို့သော်လည်း... ကံဆိုးစွာပင် ဝေ့ဝူယင်၏ စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များ ပေါင်းစပ်မှုကမူ သူမ၏ မျှော်လင့်ချက်ထက် များစွာ သာလွန်နေခဲ့လေသည်။
ဝေ့ဝူယင်သည် သူတို့ကို မေးခွန်းများ မေးမြန်းရန်လည်း အချိန်မဖြုန်းခဲ့ချေ။ စောစောက သူသည် စုမေ့ကို အာရုံခံစားမှုမှ လွတ်ကင်းသွားခဲ့ရသည်။ ကြယ်တစ်လုံး ဂလက်ဆီ မှ သူတို့ ထွက်ခွာလာကတည်းက ဤကဲ့သို့ ဖြစ်ရပ်မျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးချေ။ ဝေ့ဝူယင်သည် သူ၏ အာရုံခံနိုင်စွမ်း အနည်းငယ်ကို သူမအပေါ် အမြဲတမ်း စူးစိုက်ထားလေ့ရှိသည်။
ပြောရလျှင်... စုမေ့ ရင်ဆိုင်နေရသည့် ပုံမှန်မဟုတ်သော အခြေအနေများကြောင့် ဤအလေ့အကျင့်မှာ ပိုမို ခိုင်မာလာခဲ့ရခြင်း ဖြစ်သည်။ အထူးသဖြင့် လောကကြီးက သူမအား အမှားတစ်ခုအဖြစ် ဖယ်ရှားပစ်ရန် ကြိုးစားနေပုံကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ပို၍ပင် မှန်ကန်လေသည်။ အနည်းငယ်မျှ ပေါ့ဆမှုလေး တစ်ခုက တစ်သက်တာ နောင်တရစရာ ဖြစ်သွားမည်ကို သူ ကြောက်ရွံ့ခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ဝေ့ဝူယင်သည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဤနေရာသို့ ဆင်းသက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်စုံတစ်ခုက သူ၏ ရောက်ရှိလာမှုကို ဟန့်တားထားခဲ့လေသည်။ သူ၏ အာရုံခံနိုင်စွမ်းအရ ၎င်းသည် အာကာသခွဲ နယ်မြေ တစ်ခုလုံးကို ဖုံးအုပ်ထားသော ပူဖောင်းကဲ့သို့သော အမြှေးပါးတစ်ခု ဖြစ်လေသည်။
မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူသည် ဆေဘာဖြင့် ၎င်းကို ခုတ်ပိုင်းလိုက်လေသည်။ အိုမီဂါ ဆေဘာ လျှို့ဝှက် စွမ်းအား၊ အတားအဆီးအားလုံး၏ တည်ရှိမှုကို ဖျက်ဆီးပစ်နိုင်သော ပျက်သုဉ်းခြင်း ဥပဒေသ အပါအဝင် အဓိက ဥပဒေသ သုံးခုတို့ ပြည့်နှက်နေသော ခုတ်ချက်တစ်ချက်ပင်...။
သူ၏ တိုက်ခိုက်မှု အင်အားကြောင့် ၎င်းသည် တစ်ချက်တည်းဖြင့် ပေါက်ကွဲကွဲထွက်သွားခဲ့သည်။ သို့သော်လည်း ဟင်းလင်းပြင်ကို သူ ချက်ချင်း ဖြတ်ကျော်၍ မရပြန်ချေ။ သူ့အတွက် လုံးဝ အသစ်အဆန်းဖြစ်သော ပုံစံဖြင့် စုစည်းထားသည့် ဂျယ်လီကဲ့သို့သော မန်နာ ဇုံတစ်ခုကြောင့် နှောင့်နှေးသွားခဲ့ပုံရသည်။ ဒုတိယ အတားအဆီးတစ်ခုပင်။
မိုးကုပ်စက်ဝိုင်း မူလ အခြေအနေများ လေးခု၏ မန်နာ လွှမ်းမိုးမှု နှင့် ထာဝရ ပဲ့တင်ထပ် နယ်မြေ ကို အသုံးပြု၍ သူသည် မြေကြီးထဲတွင် တွင်းတူးနေသော တူးဖော်သူတစ်ဦးကဲ့သို့ ထိုဇုံအတွင်းသို့ တိုးဝင်သွားခဲ့လေသည်။
နောက်ဆုံးတွင် သူသည် ဟင်းလင်းပြင် ၏ အပြင်ဘက်ရှိ အာကာသခွဲ ၏ နယ်နိမိတ်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း... ထိုနေရာတွင် ကျူးကျော်သူ မည်သူကိုမဆို ဟန့်တားရန်အတွက် တတိယမြောက် အတားအဆီးတစ်ခုကို ဖန်တီးထားကြောင်း ထပ်မံ တွေ့ရှိခဲ့ရလေသည်။ ထိုအတားအဆီးသည် အနီရင့်ရောင် မြူခိုးတစ်ခုဖြစ်ပြီး ၎င်းတွင် ဆွေးမြေ့ပျက်စီးခြင်းနှင့် စုပ်ယူခြင်း ဂုဏ်သတ္တိများ ပါဝင်လေသည်။ ဤမြူခိုးက သူ့ကို ရပ်တန့်သွားစေခဲ့သည်။
၎င်းအတွင်း၌ ယုတ်မာပြီး အပြစ် စွမ်းအင်တစ်ခုကို သူ အာရုံခံမိလိုက်သည်။ ထိုမြူခိုးသည် ငရဲ တွင် သူ အာရုံခံမိခဲ့သော ဝိညာဉ် ဆေးကြောခြင်း မြူခိုး နှင့် တူညီမှုမရှိလျှင်တောင် အလွန် ဆင်တူလေသည်။ တစ်ချိန်တည်းမှာပင် ထိုအပြစ် စွမ်းအင်သည် အပြစ်ကျူးလွန်သူများထံမှ သူ ခံစားခဲ့ရသော အခြားမည်သည့် ပြင်ပ အပြစ်သား အော်ရာများနှင့်မျှ မတူညီခဲ့ချေ။ ၎င်းသည် ပြန့်ကျဲနေသော အော်ရာတစ်ခု မဟုတ်ဘဲ သန့်စင်သော စွမ်းအင်တစ်ခု ဖြစ်လေသည်။ ကောင်းချီးခံများကို သတ်ဖြတ်ခြင်းအတွက် ကောင်းကင်တာအိုများ၏ လက်တုံ့ပြန်မှုကို ကာကွယ်ရန် အပြစ်သား တက်တူး အသက်ဝင်ချိန်တွင်သာ ထိုကဲ့သို့သော စွမ်းအင်မျိုးကို သူ ခံစားခဲ့ရဖူးလေသည်။
"...."
ကံကောင်းထောက်မစွာဖြင့် မြူခိုးများသည် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာလျှင် သူသည် ဝင်ရောက်နိုင်ခဲ့လေသည်။ ပတ်ဝန်းကျင်ကို အကျဉ်းရုံး စစ်ဆေးပြီး စုမေ့၊ ယောင်ဟုန်ရီ၊ ရွှေဖုန်းပေါင် နှင့် ပါခက် တို့ ဘေးကင်းကြောင်း သေချာစေပြီးနောက် သူသည် အတိတ်က ဖြစ်ရပ်များကို ကြည့်ရှုနိုင်ရန် သူ၏ လောကီမျက်လုံး ၏ စွမ်းရည်ကို စမ်းသပ်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ ထို့ကြောင့် သူတို့၏ တိုက်ရိုက် မှတ်ဉာဏ်များကိုသာ ကြည့်ရှုရန် ကျန်ရှိတော့လေသည်။
***
အပိုင်း(၂၄၄၆)
"အဲ့ဒီအမျိုးသမီးက ဘယ်သူများလဲ...."
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ကျဉ်းမြောင်းသွားကာ တီးတိုး ရေရွတ်လိုက်လေသည်။ ထိုအမျိုးသမီးတွင် မယုံနိုင်လောက်အောင် များပြားလှသော စွမ်းအင်များ ရှိပြီး သူမ၏ ဝိညာဉ် ပုံရိပ်ယောင်ဖန်တီးမှု သည်ပင် စုမေ့ ကို ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်နေခဲ့လေသည်။
'အမျိုးသမီး ဟုတ်လား... ကျုပ်တို့ကို ချောင်းမြောင်းနေတဲ့သူ တစ်ယောက်ယောက် ရှိနေတာလား....'
ယောင်ဟုန်ရီသည် ဝေ့ဝူယင်၏ စကားများကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော် ဝေ့ဝူယင် ကိုယ်တိုင် ရောက်ရှိနေပြီဖြစ်ရာ ရွှေဖုန်းပေါင် ၏ ကျင့်ကြံခြင်းကို ဝင်ရောက်စွက်ဖက်ရန် ကြိုးစားနေသည့် အထွတ်အထိပ် သူတော်စင် တစ်ဦး ရှိနေနိုင်ခြေ များလေသည်။ ယခုအခါ အရှင်ဝေ့ ဤနေရာတွင် ရှိနေပြီဖြစ်သဖြင့် မည်သည့် စိုးရိမ်ပူပန်မှုမျှ ခံစားနေရန် မလိုအပ်တော့ချေ။ သူသည် တည်ငြိမ်သွားပြီး သတိထား စောင့်ကြည့်နေလိုက်သည်။
ဝေ့ဝူယင်သည် ယောင်ဟုန်ရီ ၏ ဇဝေဇဝါဖြစ်နေသော အခြေအနေကို ထူးဆန်းသည်ဟု မခံစားရချေ။ ထိုအစား သူသည် စုမေ့ ထံသို့ ကြည့်လိုက်လေသည်။
သူမသည် သူ့ကို စိုးရိမ်ပူပန်မှု အနည်းငယ်ဖြင့် စိုက်ကြည့်နေခဲ့သည်။ စောစောက သူမသည် ထိုအမျိုးသမီးနှင့် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ထိုသို့ ပြုလုပ်ခြင်းက အလွန် ကြီးမားသော ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူမ၏ ပင်ကိုယ်သိစိတ်က သတိပေးနေခဲ့လေသည်။ သူမသည် ထိုအတိုင်း လိုက်နာကာ တိတ်ဆိတ်စွာ နေပြီး ဝေ့ဝူယင် လှုပ်ရှားလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။
ဝေ့ဝူယင်၏ အကြည့်တို့က အနည်းငယ် နူးညံ့သွားခဲ့သည်။
'အားနည်းဟန်ဆောင်တာက ထက်မြက်ပါတယ်....'
သူက စုမေ့ ထံသို့ ဝိညာဉ် သတင်းစကား ပေးပို့လိုက်လေသည်။
စုမေ့ ၏ နှုတ်ခမ်းများသည် အပြုံးဖျော့ဖျော့လေးတစ်ခုအဖြစ်သို့ ကွေးညွှတ်သွားကာ ခေါင်းညိတ်ပြရင်း စိတ်ထဲမှ မေးလိုက်လေသည်။
'သူက ဘယ်သူလဲ....'
'မသိဘူး... ငါ့မှာ အတွေးတစ်ခုတော့ ရှိတယ်၊ ဒါပေမယ့် သေချာ မပြောနိုင်သေးဘူး....'
ဝေ့ဝူယင်သည် ရိုးသားစွာ ဖြေကြားလိုက်ရင်း အမွေခံအပြစ်သားများနှင့် ပတ်သက်သော အတွေးများကို သူ၏ ရင်ထဲ၌သာ သိမ်းဆည်းထားလိုက်လေသည်။ စုမေ့ အတွက်မူ ဤအမျိုးသမီးသည် သူ၏ အသိပညာ နယ်ပယ်အပြင်ဘက်တွင် မရှိကြောင်း သေချာစေခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။ သူမမှာ စိတ်သက်သာရာရသွားခဲ့လေသည်။
'သူက ဝိညာဉ် ပုံရိပ်ယောင်ဖန်တီးမှု တစ်ခုပဲ ဖြစ်တယ်ဆိုတာကို ကျွန်မ အာရုံခံမိခဲ့တယ်... ဒါပေမယ့် သူ့ရဲ့ အကြည့်ထဲမှာ ဘယ်လို ဆိုးရွားတဲ့ ရည်ရွယ်ချက်မှ မရှိခဲ့သလို သူ့ရဲ့ လှုပ်ရှားမှုတွေမှာလည်း သတ်ဖြတ်လိုစိတ် မပါဝင်ခဲ့ဘူး... သူ့ရဲ့ အာရုံစိုက်မှု တစ်ခုလုံးက အရှင်ဝေ့ ဝင်ရောက်လာမှုကို ဟန့်တားဖို့နဲ့ သူ့ရဲ့ အဲ့ဒီ အစီအရင် တွေကို ထိန်းသိမ်းထားဖို့ပဲ ဖြစ်တယ်....'
စုမေ့က တိုတိုတုတ်တုတ် ရှင်းပြလိုက်လေသည်။ အကယ်၍ ထိုအမျိုးသမီးသည် သူမ၏ ရည်ရွယ်ချက်များကို ပွင့်နေသော စာအုပ်တစ်အုပ်ကဲ့သို့ ဖတ်ရှုခံရပြီး သူမ၏ ပုံပျက်စေသော အစီအရင် များကို လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူ တစ်ဦးက ဖော်ထုတ်သွားခဲ့ကြောင်းကို သိရှိပါက သူမ၏ တုံ့ပြန်မှု မည်သို့ ရှိမည်ကို မည်သူ သိနိုင်မည်နည်း။
‘ငါ နားလည်ပြီ....'
ထိုသုံးထပ် အတားအဆီးသည် သူ့ အတွက် ရည်ရွယ်ထားခြင်းလော သို့မဟုတ် အခြား အထွတ်အထိပ် သူတော်စင် တစ်ဦးဦးကို ရည်ရွယ်ထားခြင်းလော ဟူသည်ကို ဝေ့ဝူယင် တွေးတောနေခဲ့သည်။ ထာဝရ ပဲ့တင်ထပ် နယ်မြေ မရှိသော သာမန် ကောင်းကင်ငယ် တမန်တော် တစ်ဦးဆိုလျှင် ဖြတ်ကျော်၍မရနိုင်သော အတားအဆီးတစ်ခုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ နောက်တစ်လှမ်း ဆုတ်၍ စဉ်းစားကြည့်ပါက ပထမ အတားအဆီးကပင် သူတို့ကို လုံးဝ ဟန့်တားထားနိုင်မည် ဖြစ်လေသည်။
စုမေ့ နှင့် ပတ်သက်၍မူ သူမသည် စွမ်းအားကို တမင်တကာ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ စောစောက ထိုအမျိုးသမီးကို သူမ တိုက်ခိုက်ခဲ့ချိန်တွင် သူမ၏ အစစ်အမှန် စွမ်းအား ၁% ကိုပင် အနိုင်နိုင် အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော ထိုအမျိုးသမီးသည် အံ့မခန်း အသိပညာနှင့် မြင့်မားသော ကျင့်ကြံခြင်း အခြေခံ ရှိလင့်ကစား အရာရာကို ရှင်းလင်းစွာ မဆုံးဖြတ်နိုင်ခဲ့ခြင်းက ဝိညာဉ် ပုံရိပ်ယောင်ဖန်တီးမှု မှတစ်ဆင့် သူမ၏ အာရုံခံနိုင်စွမ်းများ လိုအပ်ချက် ရှိနေကြောင်းကို ညွှန်ပြနေလေသည်။ သို့သော်လည်း သူမသည် ကောက်ချက်ချမှု အချို့ကို ပြုလုပ်ခဲ့ပြီး သူမ မှားယွင်းနေခဲ့လျှင်တောင်မှ ထိုအရာများကို နောက်ထပ် စုံစမ်းစစ်ဆေးရန်အတွက် ဝေ့ဝူယင်က မှတ်သားထားလိုက်လေသည်။
အကယ်၍ ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ သဘောထားသာ ပြောင်းလဲသွားခဲ့ပါက စုမေ့ သည် သူမ၏ အစွမ်းကုန် အင်အားဖြင့် ချက်ချင်း တိုက်ခိုက်မည်ဖြစ်သည်။ သူ ရောက်ရှိလာသည် အထိ အချိန်ဆွဲရန် သို့မဟုတ် ပုံရိပ်ယောင်ဖန်တီးမှု ကို ပျောက်ကွယ်သွားစေရန် လုံလောက်သော ပျက်စီးဆုံးရှုံးမှုကို ပေးစွမ်းနိုင်မည်မှာ ဝေ့ဝူယင်အတွက် သံသယဖြစ်စရာ မရှိချေ။
ဝေ့ဝူယင်သည် စုမေ့ထက် မိမိကိုယ်မိမိ နိမ့်ကျသည်ဟု ခံစားရသော အရည်အသွေး တစ်ခုရှိမည်ဆိုလျှင် ၎င်းမှာ သူမ၏ အရှိန်မြှင့်တင်နိုင်စွမ်း မြန်ဆန်မှုပင် ဖြစ်သည်။ ယင်းမှာ ရူးသွပ်လောက်အောင်ပင် ပုံမှန်မဟုတ်ပေ။ တိုက်ရိုက် ပြိုင်ပွဲတစ်ခုတွင် ကျင့်ကြံခြင်း အဆင့်တူညီပါက အကြမ်းထည် အမြန်နှုန်းအရ သူ ရှုံးနိမ့်မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
အရေးပါမည့် တစ်ခုတည်းသော အချက်မှာ အကွာအဝေးပင် ဖြစ်လေသည်။ ပြိုင်ပွဲ၏ အစမှ အဆုံး လမ်းကြောင်း ဝေးကွာလေလေ ပြိုင်ဘက်ကင်းသော ခံနိုင်ရည်နှင့် မြင့်တက်လာသော စွမ်းအင် ထုတ်လွှတ်မှုတို့ကြောင့် သူ အနိုင်ရရန် အခွင့်အလမ်း ပိုများလေလေ ဖြစ်ပြီး အကွာအဝေး တစ်ခုသို့ ရောက်ရှိသွားပါက သူ၏ အောင်ပွဲကို အာမခံနိုင်သလောက် ဖြစ်သွားမည် ဖြစ်လေသည်။
စောစောက သူမ အသုံးပြုခဲ့သော ဘာသာစကားနှင့် ပတ်သက်၍မူ ဝေ့ဝူယင်သည် မက်ဂီ တစ်ဦး ဖြစ်လေသည်။ သိရှိထားသော ဘာသာစကားများ အားလုံးကို အခြေအနေအရ အဓိပ္ပာယ်ဖော်ခြင်း သို့မဟုတ် တိုက်ရိုက် ဘာသာပြန်ဆိုခြင်းဖြင့် နားလည်နိုင်လေသည်။ ဤကိစ္စတွင် ✧✮✧ ၏ တောက်ပမှု ဆိုသည်မှာ "မူလ အပြစ်သား ၏ တောက်ပမှု" ဟု ဘာသာပြန်ဆိုနိုင်လေသည်။
"အရှင်ဝေ့ ဆက်နေမှာလား...."
စုမေ့က အသံထွက်၍ မေးမြန်းလိုက်လေသည်။ ဤအမဲလိုက်မှုသည် သူမ၏ အမဲလိုက်မှု ဖြစ်သည်။ အမြုတေ ဆိုသည်မှာ ကိတ်မုန့်ပေါ်မှ ရေခဲမုန့် အလှဆင်ခြင်း သက်သက်သာ ဖြစ်လေသည်။ သူမက အစစ်အမှန် ရတနာကို လိုချင်နေခဲ့ခြင်း ဖြစ်၏။
"မနေတော့ပါဘူး... မင်းကိုပဲ လွှဲထားခဲ့မယ်... ဒါက မင်းရဲ့ အစီအစဉ်ပဲလေ... အဆုံးထိ အောင်မြင်အောင် လုပ်ဆောင်လိုက်ပါ...."
ဝေ့ဝူယင်က ပြောလိုက်သည်။ အမြုတေ ထဲသို့ ဝင်ရောက်ခြင်းကပင် လွန်ကျူးနေပြီ ဖြစ်သည်။ အကယ်၍ သူသာ သူ့ ဇနီးများ၏ ကိစ္စရပ်များတွင် ဤမျှ တိုက်ရိုက် ပါဝင်စွက်ဖက်မည်ဆိုပါက သူတို့ထံ၌ ကိုယ်ပိုင် စိန်ခေါ်မှုများ သို့မဟုတ် အောင်ပွဲများ ရှိတော့မည် မဟုတ်ချေ။ သူတို့၏ အောင်မြင်မှုများ အားလုံးသည် သူ၏ အောင်မြင်မှုများသာ ဖြစ်သွားပေလိမ့်မည်။
စုမေ့ ခေါင်းညိတ်လိုက်လေသည်။ သူမသည် ဤရတနာ တိုက်ပွဲကို ကိုင်တွယ်ဖြေရှင်းရန် အပြည့်အဝ စွမ်းဆောင်နိုင်လေသည်။ အကယ်၍ မစွမ်းဆောင်နိုင်ခဲ့ပါက သူမ ယုံကြည်ရသော ခင်ပွန်း ရောက်ရှိလာမည့်အချိန်ကို သူမ စောင့်ဆိုင်းမည် ဖြစ်သည်။ ဝေ့ဝူယင် အမြဲတမ်း အဆင်သင့် ရှိနေကြောင်းကို သိရှိရသည့် ခံစားချက်က သူမ၏ နှလုံးသားကို သက်တောင့်သက်သာ နွေးထွေးသွားစေ၏။ နာ့ရှင်းရီသည် ဤခံစားချက်ကို သဘောကျခဲ့သည်မှာ အံ့ဩစရာ မရှိချေ။
ဝေ့ဝူယင်သည် သူမ၏ စိတ်ခံစားမှုနှင့် အတွေးတိုင်းကို အာရုံခံနိုင်စွမ်း ရှိနေဆဲဖြစ်ရာ ရယ်မောလိုက်လေသည်။ သူက သူမကို စနောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သော်လည်း သူမသည် အနည်းငယ်မျှ မျက်နှာပူခြင်းမရှိဘဲ သူ့ကို ပြန်လည် စိုက်ကြည့်နေခဲ့သည်။ သူမသည် အမျိုးမျိုးသော အရာများကို စတင် စိတ်ကူးယဉ်လာခဲ့၏။
"ကောင်းပါပြီ... ကောင်းပါပြီ...."
ဝေ့ဝူယင်သည် ရယ်မောရင်း ယောင်ဟုန်ရီ ထံသို့ နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်လေသည်။ အပြုံးတစ်ခုနှင့်အတူ ဟင်းလင်းပြင် တံခါးပေါက် တစ်ခုကို သူ၏ နောက်တွင် ဖန်တီးလိုက်၏။ ဟင်းလင်းပြင် တံခါးပေါက် အတွင်းသို့ နောက်ပြန် ဝင်ရောက်သွားစဉ် သူက လက်ပြရင်း ပြောလိုက်လေသည်။
"ငါတို့...."
စုမေ့သည် ဟင်းလင်းပြင် တံခါးပေါက် လုံးဝ ပျောက်ကွယ်သွားသည်အထိ သူမ၏ တည်ငြိမ်သော အကြည့်ကို စူးစိုက်ထားခဲ့သည်။ ထိုအချိန်တွင် နတ်ဘုရားများနှင့် မိစ္ဆာများ၏ နှလုံးသားများကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သည့် နှိုင်းယှဉ်၍မရနိုင်အောင် ရှားပါးလှသော၊ အလွန်တရာ လှပသော အပြုံးတစ်ခုသည် လွယ်ကူစွာ လွတ်သွားနိုင်သည့် ခဏတာ အချိန်လေးအတွင်း ပေါ်ထွက်လာခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခုဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
"ငါတို့...."
သူမသည် စုရီ နှင့် အစစ်အမှန် သူတော်စင်များ၊ ဉာဏ်အလင်းရ သူတော်စင်များ အုပ်စုတစ်စု ပါဝင်နေသော အာကာသခွဲ နယ်မြေ ၏ နယ်နိမိတ် အပြင်ဘက်တွင် ဖြစ်ပွားနေသည့် ပြင်းထန်သော တိုက်ပွဲဆီသို့ လှည့်ကြည့်လိုက်လေသည်။
ထိုနေရာတွင်ပဲ ဖြစ်ဖြစ်၊ ကြယ်တာရာ ဝါးမြိုသူ ကြယ်ငါး၊ ကောင်းကင်ငယ် မှ မွေးဖွားလာသော ကောင်းကင် အပိုင်းအစ သို့မဟုတ် အသစ်စက်စက် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ၏ အဂ္ဂိရတ် သူရဲကောင်း တို့ကြား ဖြစ်ပွားနေသော သုံးပွင့်ဆိုင် တိုက်ပွဲ၏ အဆက်မပြတ် အတက်အကျများတွင်ပဲ ဖြစ်ဖြစ် သူမသည် သင့်လျော်သလို တုံ့ပြန်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ထိုအမျိုးသမီးသည် မည်သူပင်ဖြစ်စေ အကယ်၍ သူမသည် မကောင်းသည့် ရည်ရွယ်ချက် တစ်စုံတစ်ရာကို ပြသခဲ့မည်ဆိုပါက သူမသည် လက်တွန့်နေမည် မဟုတ်ချေ။
***