← Chapters

အရင်ကအမှားမျိုးထပ်မလုပ်တော့ဘူး

Vol. 9 Ch. 115

အရင်ကအမှားမျိုးထပ်မလုပ်တော့ဘူး

Vol. 9 Ch. 115

သည်ဒေသမှ မာန်စွမ်းအားရှင် တို့နှင့်တွေ့ဆုံမိချိန်မှ နှစ်လပင် လွန်မြောက်သွားခဲ့ပြီ။ မိမိနေရာတွင် သာနေထိုင်၍ တောင်အရပ်ခွဲခွာ ဆေးလုံးများ ဖော်စပ်ကာ ဒဏ်ရာများအား တဖြည်းဖြည်း သက်သာလာစေသည်။

လက်ရှိတွင် စုမင်သည် ဂူထဲ၌ တင်ပျဉ်ချိတ် ထိုင်လျက်ရှိသည်။ တောင်အရပ်ခွဲခွာ ဆေးအားမျိုချ ပြီးသည်နှင့် အသံမထွက်ဘဲ ထိုင်လျက်ရှိခဲ့သည်။ သူ့ကိုယ်ပေါ်မှ ၂၄၃ ခုသောသွေးကြောများ   အနက် ၁၀ ခုမျှသာ အရောင်မှိုင်းလျက် ရှိတော့သည်။ ကျန်သွေးကြောများမှ အသက်ဝင်လာသည့် အရိပ်အယောင်တို့ ပြသခဲ့ပြီ။

ပြီးခဲ့သည့်နှစ် အတွင်း များပြားသော တောင်အရပ်ခွဲခွာ  တို့က စုမင်အား တဖြည်းဖြည်းသက်သာ လာစေ၍ ပြင်းထန်သော အနာတရများနှင့် ယခင်က ရရှိခဲ့သော အတွင်းဒဏ်ရာများ ကိုပါ တည်ငြိမ်‌စေခဲ့သည်။ အားမွေးနေရင်း တစ်ခါတစ်ရံတွင် မိမိတို့မျိုးနွယ်စု၊ အကြီးအကဲ၊ ရှောင်ဟုန်၊ ပိုင်လင်းတို့အား လွမ်းဆွတ်မိသည်။

နောက်ပြီးတော့ လေ့ချန်ပေါ့။

မျိုးနွယ်စု အဆင်ပြေရဲ့လားလည်း စုမင်မသိရပါ။ ရှောင်ဟုန်ရော နက်မှောင်တောင်စဉ် တွေတစ်လျှောက် ပျော်ပျော်ရွှင်ရွှင် ရှိနေတုန်းလားလည်း မသိပါ။ ကတိမတည် နိုင်ခဲ့တဲ့အတွက် ပိုင်လင်းကရော သူ့ကို စောင့်နေပါ့မလား ဆိုတာကိုလည်း သူမသိပြန်ပါ။

ထိုအကြောင်းအရာ  တို့ကိုတွေးမိလေတိုင်း စုမင်၏ နှလုံးသားတို့ ဖျစ်ညှစ်ခံရသကဲ့သို့ နာကျင်လှသည်။ တစ်စိမ်းပြင်ပြင် နေရာကြီးတွင် သူတစ်ယောက်တည်း ရှိနေခဲ့ရသည်။ ကောင်းကင်ပေါ်က လမင်းကိုကြည့် မိသောအခါ မိမိရဲ့အိမ်၊ မသေ သေးပါဘူးဟု သူ အတင်းငြင်းဆို လိုသော အကြီးအကဲနှ င့်တကွ ရင်းနှီးသည့်အရာ အားလုံးမှန်သမျှကို လွမ်းဆွတ်တမ်းတ မိခဲ့သည်။

သို့သော် သူ့ရဲ့အိမ် ဘယ်မှာတည်ရှိလဲ ဆိုတာကိုတော့ လုံးဝမသိပါ။ သူသိတာဆိုလို့ လေပြည်စီးကြောင်း မျိုးနွယ်စုက အနောက်ဘယ် မဟာမိတ်နယ်မြေရှိ မြောင်မန့်မာန် မျိုးနွယ်စုကြီး၏ အင်အားနည်း မျိုးနွယ်ခွဲ တစ်ခု ဆိုတာပဲ ရှိသည်။

သို့သော်ငြား အနောက်ဘက် မဟာမိတ်နယ်မြေနှင့် တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်တို့ အကြား အင်မတန်ဝေးကွာ လွန်းလှသည်မှာ ထင်ရှားနေခဲ့သည်။ ၎င်းတို့အကြားက သွားလာရေး ခရီးလမ်းကြောင်းကိုလည်း သူမသိပါ။

"ငါ့ကို အနောက်ဘက် မဟာမိတ် နယ်မြေဆီ လမ်းပြပေးနိုင်မဲ့ မြေပုံတစ်ခု လိုတယ်"

"ပြီးတော့ ငါ့ကိုယ်ငါ သန်မာ ကြံ့ခိုင်အောင်လုပ်မှ ငါ့ရဲ့ အိမ်ပြန်လမ်းကိုရှာဖို့ အင်အားရှိလိမ့်မယ်။ ငါ့ကိုယ်ငါ အစွမ်းထက်အောင် လုပ်ပြီးရင် ဝတ်ရုံနက် ပြောသွားတဲ့သူတွေ ဆီက တန်ရာတန်ကြေး ရအောင်လုပ်မယ်!''

ထိုအချိန်ကာလ အတွင်း စုမင် မကြာခဏ ဆိုသလို သူ၏ မျိုးနွယ်စုနှင့် မဟူရာတောင်မျိုးနွယ်စုတို့ကြားကတိုက်ပွဲအကြောင်း စဉ်းစားမိသည်။ တိုက်ပွဲအတွင်း သူလွတ်သွားခဲ့သည့် သဲလွန်စ အမြောက်အမြားပြီး ထိုသဲလွန်စများ အားလုံးက ဝတ်ရုံနက်နှင့် လူကိုသာ ညွှန်ပြနေသည်။

စုမင် မျက်လုံးဖွင့်ကာ တရားရှုမှတ်နေရာမှ ထလိုက်သည်။ ဘေးပတ်လည်မှ အမှောင်ထုကို ကြည့်မိရာ အထီးကျန်မှုက လာရောက်ရိုက်ခတ်သည်။ ယခင်နှစ်ကတည်းက အခုထိ သူနှင့်ကျင့်သား မရသေးသော ခံစားချက်ဖြစ်၏။

သူ သည်ဂူထဲနေ လာခဲ့တာ အတော်ကြာခဲ့ပြီ။

စုမင် တိတ်ဆိတ်စွာ လျှောက်လှမ်း၍ အက်ကွဲကြောင်းမှ ထွက်လာခဲ့သည်။ ကောင်းကင်ထက်မှ လမင်းကိုကြည့်သည်။ သူ့ဘေးနား ပတ်လည်တွင် တိတ်ဆိတ်နေ၏။ ထိုင်ချ၍ စိုထိုင်းစ ရှိသောလေတို့ကို ရှူရှိုက်ကာ လက်သီးဆုပ် အရွယ်ရှိ အရိုးတို့ဖြင့် ပြုလုပ်ထားသည့် ရွှင်းတူရိယာအား ထုတ်ယူကာ မျက်နှာပြင်ကို ထိငိုင်နေမိသည်။

အချိန်အတော် ကြာပြီးနောက် စုမင်ကလွဲ၍ မည်သူမျှ မကြားနိုင်သည့် သီချင်းညည်းသံက ရွှင်းတူရိယာထဲမှ ပျံ့လွင့်လာခဲ့သည်။ သီချင်းနုတ်များက လေထုထဲတွင် ပဲ့တင်ထပ် ပျံ့နှံ့နေသည်။ ညည်းသံတွင် ဝမ်းနည်းကြေကွဲမှု တို့ပါဝင်နေပြီး သီချင်းက အကြာကြီး ဆက်လက်ပျံ့လွင့် နေခဲ့သည်။

စုမင်အနေဖြင့် ဂီတတူရိယာ များကို အတီးအမှုတ် မတတ်ကျွမ်းပါ။ ရွှင်းတွင်လည်း အက်ရာရှိနေသည့် အတွက် အသံမထွက်နိုင်ပါ။ အသံက စုမင်နှလုံးသား ထဲမှာတည်ရှိနေပြီး မျက်လုံးများကို မှိတ်လိုက်သောအခါ စုမင်တစ်ဦးတည်း ကြားနေရသည့် အသံဖြစ်သည်။

သည်နေရာတွင် သူ့ကိုအဖော်ပြုနိုင်သည့် တစ်ခုတည်းသော အသံဖြစ်သည်ပင်။

အထီးကျန်သည်ဟု ခံစားရချိန်တိုင်း ယခင်က လှပခဲ့သော အမှတ်တရများ အကြောင်း ပြန်လည် တွေးတောခဲ့သည်။

အချိန်အတော်ကြာ သွားပြီးနောက် ကောင်းကင်ပေါ်မှ လမင်း အလင်းချင်း‌‌‌ဆုံး တောက်ပချိန်တွင် စုမင်မျက်လုံးများ ကိုမှိတ်၍ ထိုင်ချသည်။ သူ့ကိုယ်ခန္ဓာက လရောင်အောက်တွင် လင်းဖြာနေခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့ကိုယ်ခန္ဓာမှာ ထွက်ပေါ်လာသကဲ့သို့ လရောင်နှင့် ပုံရိပ်ယောင်များက ဘေးနားပတ်လည်တွင် ဝန်းရံထားသည်။

ထိုပုံရိပ်ယောင်များသည် လရဲ့အတောင်ပံ များဖြစ်ကြသည်။ မီးလျှံမာန်မျိုးစု အကြီးအကဲမှ မြင့်မြတ်ခမ်းနားသည့် မာန်အတတ်ပညာ ထုတ်သုံး၍ မီးလျှံမာန် မျိုးနွယ်စုအား ထာဝရရှင်သန်ခြင်း ဆန္ဒအား ပြည့်ဝစေချိန်တွင် ဖြစ်ပေါ်လာခဲ့သော လရဲ့အတောင်ပံ သတ္တဝါများ ဖြစ်ပေသည်။

သို့သော်ငြားလည်း ၎င်းတို့သည် ပိထူနှင့် ဝတ်ရုံနက်တို့အား ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ထိုသူများအား အပြီးသတ် ရှင်းထုတ်ပစ်နိုင်ဖို့ မတတ်နိုင်ခဲ့ပေ။ ခန္ဓာကိုယ်များက ဖျက်ဆီးခံ လိုက်ရသော်လည်း ဝိညာဉ်များကမူ စုမင်အနားတွင် ဝန်းရံ၍ သူ့ကိုယ်ထဲတွင် ပုန်းအောင်းနေကြသည်။ သူတို့က လရောင်အောက်တွင် ပေါ်ပေါက်လာလေ့ ရှိသော်လည်း မာန်စွမ်းအားကျင့်ကြံသူ တို့သာ မြင်တွေ့နိုင်သည်။

စုမင်လည်း ထိုကိစ္စမှ အဖြေ ရှင်းရှင်းလင်းလင်း မရပါ။ ထိုအရာသည် သူနှင့် လရဲ့အတောင်ပံ တို့ကြားက အပြုအမူများမှ တစ်ဆင့် ရရှိလိုက်သော နားလည်မှု ဖြစ်သည်။

ထိုအရာက ယခုတွင် စုမင်၏ အကြီးဆုံးသော အထောက်အပံ့ ဖြစ်နေ၏။ ထို့ကြောင့် လွန်ခဲ့သည့် ၂လက တွေ့ခဲ့သည့် လူငယ်လေး အနေဖြင့် မိမိအကြောင်းအား သူများကို ပြန်ပြောပြော မပြောပြော ဂရုမစိုက်ရသည့် အကြောင်းပြချက် လည်းဖြစ်သည်။

စုမင်သည် အကြောင်းအရင်း မရှိဘဲ လူမသတ်ပါ။ သို့သော် တစ်စုံတစ်ယောက်က ဒုက္ခပေးဖို့ ရောက်လာလျှင်တော့ သူ့တို့တွေ သေခြင်းတရားနဲ့ ရင်ဆိုင်ရဖို့သာ ပြင်ဆင်ထားပေတော့။

ကောင်းကင်ပေါ်က လမင်းလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မနက်ခင်းနေထွက် ပေါ်လာချိန်တွင် ခပ်ဖျဖျအော်သံက တောင်ခြေရှိ မိုးသစ်တောမှ ပျံ့လွင့်လာခဲ့သည်။

"နောင်ကြီး ... နောင်ကြီး …"

"နောင်ကြီး ... ကျွန်တော် တောင်းပန်ပါတယ်။ နောင်ကြီး"

စုမင်မျက်နှာက ပကတိ တည်ငြိမ်သည်။ သည်အသံကို ယခင်နှစ်လ ကတည်းက ရက်အနည်းငယ် တစ်ခါလောက် ကြားခဲ့သည်။ မိုးသစ်တောက လွန်စွာကြီးမားလျက် တောင်တန်းတောင်စဉ် အများအပြား လည်းရှိသည်။ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာသလောက် မခဲယဉ်းသော်လည်း လူတစ်ယောက်ကို ရှာရန်ကြိုးစား လျှင်တော့ နီးစပ်သည်ဟု ဆိုရမည်။

အသံရှင်က ထိုလူငယ်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လက စုမင် ထွက်လာချိန်တွင် ဒါမျိုးဖြစ်လိမ့်မည်ဟု ကြိုတင်မျှော်လင့် ပြီးသားဖြစ်၏။ လူငယ်မှာ စုမင် အကြောင်းပြောမယ်၊ မပြောဘူးဆိုသည့် နှစ်ခုကြားမှာ ရွေးချယ်မှု ပြုလုပ် နေခဲ့ခြင်းသာဖြစ်သည်။

သူသာ ပြောခဲ့လျှင် မျိုးနွယ်စုက စိတ်ဝင်စားလာပြီး အစွမ်းထက် မာန်စွမ်းအားရှင်များလည်း ရောက်လာကြလိမ့်မည်။ သို့သော် မိုးသစ်တောက ကြီးမားလှသည်။ အထဲမှာ လူရှာဖို့ ခက်ခဲလှသည်။ ထို့အပြင် စုမင်ကသာ ပုန်းအောင်းလိုပါက ရှာဖွေမှု အားပို၍ ခက်ခဲစေမည် ဖြစ်သည်။

ထို့ထက်ပို၍ ထိုလူများက စုမင်ထံမှ တစ်စုံတစ်ရာ တောင်းဆိုစရာ ရှိ၍ လာကြခြင်းဖြစ်မည်။ သည်လူငယ်၏ ဉာဏ်ရည်ဖြင့် တွက်ဆရလျှင် ထိုသို့ အခြေအနေက သူ့အတွက် ဘာမှကောင်းကျိုး ဖြစ်စေမှာမဟုတ်၊ စုမင်ကိုပါ စိတ်ပျက်အောင် ပိုလုပ်သကဲ့သို့ ဖြစ်သည်။

လူငယ်က စုမင်စိတ်ပျက်ရမည့် အလုပ်မလုပ်ပါ။ လွန်ခဲ့သည့်နှစ်လ အတွင်း သူတစ်ယောက်တည်း ရောက်ရှိလာ၍ စုမင်အား တကြော်ကြော် အော်ခေါ်လျက်ရှိသည်။

အဝေးမှ သူ့အား ခေါ်နေသည့်အသံကို စုမင်ကြားသည်။ ဂရုစိုက်မနေဘဲ ဂူထဲသို့ပြန်ကာ မိမိဒဏ်ရာများကို ပျောက်ကင်းစေရန် အလို့ငှာ တောင်အရပ်ခွဲခွာ ဆေးများကို ဆက်လက်ဖန်တီး တော့သည်။

ရက်အနည်းငယ် ကြာသော် အသံကပျောက်ကွယ် သွားသည်။

လဝက်ကုန်လွန် သွားသည်။ စုမင်ခန္ဓာကိုယ် ပေါ်၌ သွေးကြော၉ ခုသာ အရောင်မှိုင်းလျက် ရှိတော့သည်။ မိုးသစ်တောထဲမှ သူ့အား ခေါ်တွင်နေသည့် အသံဖျဖျကို ထပ်မံကြားလိုက် ရပြန်သည်။

"နောင်ကြီး ... နောင်ကြီးရေ"

စုမင်ကို ခေါ်ဆိုနေသည်မှာ နှစ်ရက်ကြာမြင့်ပြီး ဖြစ်ကာ ဆက်လက်၍လည်း ခေါ်ဆိုနေလောက်သည်။ စုမင် တရားရှုမှတ်နေရာမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ လေးနက်စွာ စဉ်းစားဆင်ခြင် နေသည့် အရိပ်အယောင် ရှိသည်။

တူညီတဲ့ အမှားမျိုး နောက်ထပ် မကျူးလွန် တော့ဘူး ...

စုမင်ကိုကြည့်ရသည်မှာ တစ်ခုခုကို သတိရသွားသကဲ့သို့ ဖြစ်သည်။ ဂူအပြင်သို့ ထွက်လာခဲ့ပြီး သားရဲအရေထည် ဝတ်ရုံကိုခြုံလွှားကာ မိုးသစ်တာ အတွင်းသို့ ပြေးလွှားသွားခဲ့သည်။

မိုးသစ်တောအတွင်း ပြေးလွှားနေရင်း ဖန်းမုမျက်နှာတွင် နောင်တတရား များစွာ ကိန်းဝပ်‌နေခဲ့သည်။ အရိုးနက်ဓားကို ကိုင်ဆောင်ထားသည့် အားလျော်စွာ သူ့အမူအရာတွင် သတိရှိနိုးကြားမှု တို့လည်း ရှိနေသည်။ ဓားသွားမှ အရိုးစိမ့်လောက်သော ရှိန်ဝါကို လွှင့်ထုတ်နေပြီး ထိုအရာသည် သူ့ကိုယ်သူ ခုခံကာကွယ်ရန် သုံးသည့် လက်နက်ဖြစ်၏။

မျိုးနွယ်စုကို ထားခဲ့၍ မိမိဘာသာ တစ်ယောက်တည်း သည်နေရာကို‌ လာရောက်ခြင်းက အန္တရာယ် များလွန်းသော ကိစ္စပင်ဖြစ်သည်။ သည်နေရာတွင် ရန်သူတစ်ဦး တစ်ယောက်နှင့် တွေ့ဆုံပါက ဓားသွားက သူ့အလုပ်သူ လုပ်ဆောင်လိမ့်မည်။

သူသည် မိုးသစ်တော တစ်ဝိုက်ပြေးလွှားကာ လွန်ခဲ့သော နှစ်လခွဲခန့်က အော်ခဲ့သည့် တူညီသော စကားလုံးများကိုပင် အော်ဟစ်နေခဲ့သည်။

"နောင်ကြီး ... နောင်ကြီး ..."

အတန်ကြာသော် သစ်ပင်ကြီးတစ်ပင် အားမှီ၍ မောဟိုက်စွာ အသက်ရှူရှိုက် နေလေတော့သည်။ သူ့မျက်နှာတွင်မူ ကူကယ်ရာ မဲ့နေသည့် အမူအရာရှိသည်။

"အဲဒီထူးဆန်းတဲ့သူ ထွက်သွားပြီများလား ... ဒီလိုမှ မဟုတ်ရင် ငါသုံးလ‌ နီးပါးလောက် ခေါ်နေတာ သူ ငါ့အသံကို ကြားသင့်တယ်။ အာ ... သူမထွက်သွား သေးရင်တော့ ငါ့ကိုမတွေ့ချင်လို့ ဆိုတဲ့အဓိပ္ပာယ်ပဲ"

ဖန်းမုမှာ သက်ပြင်းချမိကာ သူ့မျက်နှာထားက ခါးသီးသွားသည်။ ဘေးဘီဝဲယာသို့ ကြည့်ကာ အံတင်းတင်းကြိတ်၍ ဆက်လက် လုပ်ဆောင်သည်။

"နောင်ကြီး ... ခင်ဗျားဒီမှာ  ရှိသေးလား"

နေဝင်တော့မည် ဖြစ်ပြီး လရိပ်က ကောင်းကင်ထက် တက်ရောက်လာနေပြီ။ ရှုံးနိမ့်သူ တစ်ယောက်၏ မျက်နှာထားမျိုးဖြင့် ဖန်းမုက ကောင်းကင်ကို မျက်နှာမူကာ ထပ်မံအော်ဟစ် လိုက်ပြန်သည်။

"ငါ ဒီမှာ"

ဖန်းမုအသံ ဆုံးသည်နှင့် အေးစက် တင်းမာသည့် အသံက အနောက်မှ ပေါ်ထွက်လာခဲ့သည်။ အသံက ရုတ်တရက် ထွက်ပေါ်လာသည့် အတွက် ဖန်းမုမှာ အလန့်တကြား ထခုန်မိသည်။ ထရပ်၍ အရှေ့သို့ ခုန်ထွက်ကာ စိုးရိမ်တကြီး မျက်နှာထားဖြင့် လှည့်ကြည့်သည်။ လက်ထဲမှ ဓားကိုမြှောက် လိုက်သော်လည်း သူ့အနောက်က သစ်ကိုင်းတစ်ခု ပေါ်တွင် ရပ်လျက်ရှိသော လူကိုမြင်သောအခါ ပျော်ရွှင်စွာ အံ့ဩသွားလေသည်။

"နောင်ကြီး ကျွန်တော်ခင်ဗျားကို အတော် ကြိုးကြိုးစားစား ရှာခဲ့ရတယ်။ သုံးလနီးပါး ရှိပါပြီ"

ဖန်းမုက ဓားကိုအောက်ချကာ သားရဲ အရေထည် လွှမ်းခြုံလျက် ရှိသေးသည့် စုမင်ကို စိတ်လှုပ်ရှားစွာ ကြည့်သည်။ အရှေ့သို့ခြေလှမ်း အနည်းငယ်တိုး၍ စုမင်အား ဦးညွှတ် အရိုအသေ ပေးသည်။

"နောင်ကြီး ကျွန်တော့်ကိုကယ်ပါ ... ကျွန်တော်က ဖန်းမုပါ။ အရင်က ကျွန်တော် ခင်ဗျားကို အမှန်တရားတွေ ဖုံးကွယ်မိပါတယ်။ ကျွန်တော် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုက ဖြစ်ပြီး ကျွန်တော့်အဖေက ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ခေါင်းဆောင်ပါ။ အကယ်၍ နောင်ကြီးသာ ကျွန်တော့်ကိုယ်ပေါ်က ဒဏ်ရာတွေကို ကုသပေးနိုင်ရင် အဖေနဲ့ကျွန်တော်က နောင်ကြီးကို ဆုလာဘ် ထိုက်ထိုက်တန်တန် ချီးမြှင့်မှာပါ"

"ဒီဓားက ကျွန်တော် နောင်ကြီးကို လိမ်ခဲ့မိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ပေးတာပါ။ လက်ခံပေးပါ"

ဖန်းမုဟု ခေါ်တွင်သော လူငယ်က အရိုးနက်ဓားသွားအား လက်နှစ်ဖက်လုံးဖြင့် ကိုင်၍ ပေးအပ်ကာ မျက်နှာပေါ်မှ စိတ်အားထက်သန်သော အမူအရာဖြင့် ထပ်မံ၍ ဦးညွှတ် လိုက်ပြန်သည်။

အရိုးနက်ဓားသွားက အနက်ရောင် လင်းလျက် သေခြင်းတရား၏ ရှိန်ဝါတို့အား ထုတ်လွှတ်လျက် ရှိသည်။ သာမန်ပစ္စည်း တစ်ခုမဟုတ်သည်မှာ ထင်ရှားသည်။ အမှန်စင်စစ်တော့ ထိုအရာသည် ‌မာန်သွေးကြောမျှင် တစ်ခုနှင့်တူပြီး မာန်သွေးကြောမျှင် ပုံတူပွားဖြစ်သည်။ မျိုးနွယ်စုငယ်လေးများ အတွက်ဆိုလျှင် အလွန်အဖိုးတန် ပေလိမ့်မည်။

စုမင်မျက်လုံးတို့ လက်ဖြာသွားသည်။ လူငယ် လက်ဆောင်ပေးသော ဓားကိုကြည့်ရလျှင် ဟန်တောင်တန်း မြို့တော်အား ထိန်းချုပ်ထားသော မျိုးနွယ်စု သုံးခုမှာ ဘယ်နည်းနှင့်မျှ မျိုးနွယ်စုငယ်များ မဖြစ်နိုင်ဘဲ အလယ်အလတ် တန်းစားမျိုးနွယ်စုများ ဖြစ်လိမ့်မည်ဟု အတပ်သိလိုက်သည်။

စုမင်က ဖန်းမုရှေ့သို့ ပြောင်းရွှေ့ ရပ်လိုက်သည်။ ဖန်းမုအား တစ်ချက်ကြည့်ကာ ဓားသွားနက်ကို ယူငင်လိုက်သည်။ သူ၏ ချီစွမ်းအားများကို အသုံးမပြု လိုက်သော်လည်း သူ့အား ဝန်းရံထားသည့် အကောင်အထည်မဲ့ လရဲ့အတောင်ပံ များအား အသုံးပြုကာ သက်ဝင်နိုးထ စေလိုက်သည်။ ရုတ်တရက် ဓားသွားနက်မှ တောက်ပသော အနက်ရောင်အလင်း ထွက်ပေါ်လာသည်။ ဓား၏ အရိုးစိမ့်အောင်  အေးခဲသောရှိန်ဝါ ပျောက်ဆုံးသွားပြီး လောင်ကျွမ်း‌နေသလို ရဲရဲနီတက် လာတော့သည်။ ပြင်းထန်သော  အပူရှိန်တို့ ထွက်ပေါ်လာခဲ့သည်။

ထိုအခြင်းအရာက အနားတွင်ရှိသည့် အပင်များအား လောင်ကျွမ်းစေကာ သစ်ခြောက်များ အဖြစ်ပြောင်းလဲ သွားစေသည်။

အပူလှိုင်းက ဖန်းမုအားလည်း လာရောက်ရိုက်ခတ်ရာ အနောက်သို့ခြေလှမ်း ဆုတ်သွားရသည်။ မှင်တက်မိနေသော မျက်နှာထားနှင့် နှလုံးသားက ကဆုန်ပေါက် ခုန်လှုပ်နေတော့သည်။ စုမင်၏ ကျင့်ကြံခြင်း အဆင့်အား မဆုံးဖြတ် နိုင်သော်လည်း သူတို့၏ မျိုးနွယ်စုတွင်းမှ အစွမ်းထက် မာန်စွမ်းအားရှင် တို့ပင်လျှင် ဓားသွားနက်အား ဤသို့ခမ်းနားသည့် ရှိန်ဝါထွက်ပေါ်လာအောင် မပြုလုပ်နိုင်ပေ။ တစ်ဉီးတည်းသော ပြုလုပ်နိုင်သူမှာ သူ့အဖေဖြစ်သည်။ အဖေမှ ထိုဓားလက်ခံ ရရှိစဉ်ကလည်း ထိုသို့ ထိတ်လန့်စရာ ရှိန်ဝါမျိုး ထုတ်လွှတ်ခဲ့သော်လည်း ထိုအခါက အပူရှိန်မဟုတ်ဘဲ အအေးလှိုင်းများ ထွက်ပေါ်ခဲ့သည်။

"သူက … သူက .... ရုပ်နယ်လွန် အဆင့်ဖြစ်နေမလား"

ဖန်းမုအာခေါင်ခြောက်သွားသည်။ သည်အကြောင်းကို ဘယ်သူ့ကိုမှ မပြောထားဘဲ တစ်ယောက်တည်း လာဖို့ လုပ်ခဲ့တာ တော်ပါသေးရဲ့ဟု တွေးမိသည်။ ဤသို့ ပုဂ္ဂိုလ်မျိုးအား စိတ်မချမ်းသာအောင် လုပ်မိ‌ပါက အကျိုးဆက်က ဆိုးရွားလိမ့်မည်ဖြစ်သည်။

ဖန်းမုအနေဖြင့် စုမင်မျက်နှာအား မမြင်ရခြင်းက ပို၍ ထူးခြားဆန်းကြယ်မှုအား ထပ်ပေါင်းစေသည်။ ထိုအခိုက်တွင် စုမင်က ဘယ်လက်ကို မြှောက်၍ အသာအယာ လှုပ်ရှားလိုက်ရုံမျှဖြင့် သေချာတောင် မမြင်လိုက်ရဘဲ ဖန်းမုပါးစပ် ထဲသို့ ဆေးနှစ်လုံး ပစ်ထည့်လိုက်သည်။

ထို့နောက် စုမင်သည် ချီကို သက်ဝင်နိုးထ စေကာ ထိုဆေးလုံးများအား အရည်ပျော်စေ၍ ဖန်းမုပင် ဆေးက မည်သို့ ပုံသဏ္ဌာန် ရှိသည်ကို မမှတ်သားနိုင် ဖြစ်စေသည်။ ပူနွေးနွေး အရည်များက လူငယ်၏ခံတွင်းမှ တစ်ဆင့်ခန္ဓာကိုယ် တွင်းသို့စီးဝင် သွားသည်။

"ဒီဆေးပင်ကိုမှတ်ဖို့ ဝင်သက်၁၅ ကြိမ်အချိန်ပေးမယ်။ ဒီကိုနောက် တစ်ခါ လာရင် မင်းကိုကု‌သပေးမှု အတွက် အလဲအလှယ် အနေနဲ့ အဲဒီအပင် ၁၀၀၀ ကိုယူလာခဲ့ပေး။ ပြီးတော့ ငါ့ကိုသူများတွေ နောက်ယောင်ခံ လိုက်တာလည်း မကြိုက်ဘူး။ ဒီတစ်ကြိမ်ပဲ ငါခွင့်လွှတ်လိုက်မယ်"

စုမင်အသံက တည်ကြည်လှသော်လည်း အက်ကွဲရှတသော အသံလှိုင်းတွင် စိတ်လက် မရွှင်ပျမှူများ ပါဝင်နေသည်။ သူ၏ ညာဘက်လက်မှ အရိုးဓားကို လွှဲယမ်းလိုက်သည်တွင် ချက်ချင်း‌ဆိုသလို ဘေးဘက်သစ်ပင်ပေါ်မှ အခေါက်များ သူ့ဘေးသို့ ပြုတ်ကျကုန်၏။ ဆေးပင်ပုံ သဏ္ဌာန်က ထိုမျက်နှာပြင်တွင် ပေါ်ထွက်လာပြီး ထိုဆေးပင်မှာမူ တောင်တန်းဝိညာဉ် ဆေးဖော်စပ်ရန် လိုအပ်နေသည့် တစ်ခုတည်းသော ဆေးပင် တိမ်လွှာမြက်ပင် ဖြစ်လေ၏။

ထို့နောက် ဖန်းမုကို လုံးဝဂရုမစိုက် တော့ပါ။ ထိုအစား ထရပ်၍ မိုးကောင်ကင်ထက် တက်လှမ်းသွားသည်။ အကောင်အထည် ဒြပ်မဲ့သော လရဲ့အတောင်ပံ သတ္တဝါများက သူ့ခြေအောက်တွင် ရှိနေလေရာ တစ်ကောင်ပေါ်တွင် ခြေချ၍ ကောင်းကင်ထက်သို့ လှမ်းလျှောက်သွားတော့သည်။

သူ့‌ခြေဖဝါးအောက်က လရဲ့အတောင်ပံများကို မည်သူမျှ မမြင်နိုင်ရာ ဖန်းမုမျက်လုံး ထဲတွင်တော့ စုမင်မှာ လေပေါ်တွင် လမ်းလျှောက် နေသကဲ့သို့ ဖြစ်သည်။ ထိုအရာက သူ့အား မျက်လုံးများကို ပြူးကျယ်စေလျက် အသက်ပြင်းပြင်း ရှူရှိုက်မိစေသည်။

"သူတကယ်ပဲ ရုပ်နယ်လွန် အဆင့်လား"

အတန်ကြာသောအခါမှ လှုပ်ရှားဖို့ သတိရသည်၊ မကြာမီ စုမင်စကား၏ နောက်ဆုံးပိုင်းကို မှတ်မိလာသည်။ သူ ခေတ္တမှင်တက်သွားကာ အနီးအနားသို့ ချက်ချင်း ရှာဖွေကြည့်ရာ သန်မာထွားကျိုင်းသော ပုဂ္ဂိုလ်တစ်ဦးသည် မိုးသစ်တောထဲမှ ထွက်ခွာလာသည် ကိုမြင်လိုက်ရ တော့သည်။

"အဖေ"

ဖန်းမု မျက်လုံးများကိုပင် ပွတ်သပ်လိုက်သည်။ သူ အံ့မခန်း ထိတ်လန့်သွားခဲ့သည်။

လူသန်ကြီးမှာ အပြာ‌ရောင် ဝတ်ရုံအား ဝတ်ဆင်ထားသည်။ မာထန်သော မျက်နှာထားဖြင့် ဖန်းမုဘေးသို့ လျှောက်လာကာ စုမင်ထွက် သွားခဲ့သည့် အရပ်ဘက်သို့ မျက်မှောင်ကုတ်၍ ကြည့်နေသည်။

"သားရဲ့ဒဏ်ရာတွေ ဘယ်လိုနေလဲ" အသံတိမ်တိမ်ဖြင့်မေးသည်။

ဖန်းမုစိတ်ထင့် နေသည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများအား စစ်ဆေးကြည့်လိုက်သည်။ အနည်းငယ် အခြေအနေ ကောင်းလာသည်ကို တွေ့ရှိရသည်နှင့် ခေါင်းကိုချက်ချင်း ဆတ်သည်။

''အဖေ ... တစ်လျှောက်လုံး ကျွန်တော့်နောက်လိုက် နေခဲ့တာလား။ အဲဒီလူ အဖေ့ကိုတွေ့သွားတယ်၊ သူက တကယ်ပဲ ရုပ်နယ်လွန် အဆင့်ဖြစ်နေ မလား"

"အဲဒီလို မဟုတ်တန်ရာဘူး။ သူ့ကိုယ်ထဲက ချီကတော့ …"

လူကြီးက မျက်မှောင်ကြုတ်သည်။ သူစကားပြော၍ မပြီးခင်မှာ သူ့ဘေးနား သစ်ခေါက်ပေါ်က တိမ်လွှာမြက်ပင်ပုံမှာ သစ်သားစများ အဖြစ်ပြောင်းကာ အောက်ပြုတ်ကျ သွားတော့သည်။ ထိုကား စုမင်၏ ကောင်းမွန်စွာ ထိန်းချုပ်ခြင်း အစွမ်းဖြစ်ချေသည်။ သူ၏ ချီ များအား အမှန်တကယ်ပင် တစ်ဖက်ကမ်းခပ် ထိန်းချုပ်နိုင်ပေသည်။

"ဝင်သက်၁၅ ကြိမ် အတိအကျ ပါပဲလား။ ဒါက ရုပ်နယ်လွန် အဆင့်ရဲ့ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းပဲ"

လူကြီး၏ သူငယ်အိမ်တို့ လှုပ်ခါသွားသည်။

"သွားပြီ ဆေးပင်ရဲ့ပုံစံကို ကျွန်တော် မမှတ်လိုက်ရဘူး" ဖန်းမု ချက်ချင်း စိုးရိမ်ထိတ်ပျာသွားသည်။

လူကြီးက သက်ပြင်းရှိုက်သည်။ သူ အနည်းငယ် မရေမရာ ဖြစ်နေသော်ငြား မြင်လိုက်ရသည့် အရာကိုမူ သေချာစွာ သိရှိ၏။ သူ နောက်လှည့်ကာ ဖန်းမုအား ခက်ထန်စွာ ပြော၏။

"အဲဒါ တိမ်လွှာမြက်ပင်ပဲ။ အဖေ မင်းကိုရအောင် ကူညီပေးမယ်။ သူ့ကို အပြုအမူနဲ့ ဖြစ်ဖြစ် စကားနဲ့ဖြစ်ဖြစ် အပြစ်မပြု မိစေနဲ့။ သူ့ကိုမြင်ရင် မျိုးနွယ်စုထဲက အကြီးတစ်ယောက်လို ဆက်ဆံပါ။ သူကမင်းအတွက် ကံကောင်းမှုကြီး တစ်ခုဖြစ်နိုင်တယ်"

***

All Chapters