← Chapters

အခန်း (၂၁၀)

Vol. 21 Ch. 210

အခန်း (၂၁၀)

Vol. 21 Ch. 210

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၁၀)

" လူကြီးမင်းတို့ " ကျောက်ဖုန်းက အကျဉ်းသားလူအုပ်ကြီးရှေ့တွင် ရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" ခဏနေရက် တစ်ယောက်ယောက်က လူစာရင်းမှတ်တမ်းတင်ပါလိမ့်မယ်။ မင်းတို့အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်ပ နာမည်အမှားပေးတာ ရာထူးနဲ့ပက်သက်ပြီး ခိမ်ညာခဲ့ရင် ချက်ချင်း ကွပ်မျက်ခံမယ်။ လူစာရင်းမှတ်တမ်းတင်ပြီးတာန့ မင်းတို့အတွက် စစားရာတွေ ပို့ပေးမယ်။ "

ထို့နောက် သူက လက်ဝှေ့ရမ်းလိုက်ရာ ကျန်းမင်က ကိုယ်ရံတော်အချို့နှင့် စုဝေးနေသော လူအုပ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

" ကျောက်ဖုန်း " ဝမ်ကျန့်က လျှောက်လာရင်း ခေါ်လိုက်သည်။

" စစ်သေနာပတိချုပ် ဘာကိစ္စရှိလို့လဲ။ " ကျောက်ဖုန်းက လှည့်ပြီး မေးလိုက်သည်။

" အရှင်မင်းကြီး ဒီမှာရှိနေတယ်။ မင်း လာပြီး ဂါရဝပြုလိုက်ဦး။ " ဝမ်ကျန့်က အသိပေးလိုက်သည်။

ကျောက်ဖုန်းက တုန်လှုပ်သွားပြီး သူ၏ အကြည့်က အပေါ်သို့ ရောက်သွားသည်။ လှေကားထိပ်တွင် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ရပ်နေပြီး လွှမ်းမိုးနိုင်သော အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။ သူက ရင်ကျန့်ပင်ဖြစ်သည်။ သူက ခန့်ညားထည်ဝါပြီး အသက်လေးဆယ်ပင် မပြည့်သေးပေ။

သူ့ကို မြင်လိုက်ရသောအခါ ကျောက်ဖုန်းက မှင်သက်သွားပြီး သက်ပြင်းချလိုက်သည်။

" ချင်ရှီဟွမ် ပထမဆုံးဧကရာဇ်လို့ ခေါ်ထိုက်ပါပေတယ်။ အဲ့ဒီအငွေ့အသက်က တကယ်ကို ကြောက်စရာကောင်းတယ်။ ဒါက ငါအမြဲတမ်း စိတ်ကူးခဲ့တဲ့ ဧကရာဇ်တစ်ပါးရဲ့ စစ်မှန်တဲ့ ခန့်ညားမှုပဲ။ "

ကျောက်ဖုန်း၏ နောက်တွင် ကျောက်ယန်က တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ သူက ခေါင်းပင်မမော့ဝံ့ဘဲ သူ ဘယ်တော့မှ မတွေ့ချင်သောလူ ရင်မဆိုင်ချင်သောလူကို သူတွေ့နေရပြီဖြစ်သည်။ ယခုအချိန်တွင် ငျောက်ယန်လုပ်နိုင်သည်မှာ ကောင်းကင်ဘုံက ကာကွယ်ပေးရန် ဆုတောင်းနေရုံသာရှိသည်။

ကျောက်ဖုန်းက သတိဝင်လာပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး ကျောက်ဖုန်းက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "

ရင်ကျန့်၏ အကြည့်က ကျောက်ဖုန်းအပေါ်သို့ ကျရောက်သွားပြီး ကျောက်ဖုန်း၏ ပုံသဏ္ဍန်ကြောင့် အံ့အားသင့်သွားရသည်။

ကျောက်ဖုန်း၏ တစ်ကိုယ်လုံးက သွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ မျက်နှာတွင်လည်း သွေးများပေကျံနေပြီး တောက်ပသော မျက်လုံးများကိုသာ မြင်နိုင်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ကျောက်ဖုန်းက အလောင်းတောင်နှင့် သွေးပင်လယ်ထဲမှ ရုန်းထွက်လာသကဲ့သို့ ခံစားသွားရစေသည်။

" စစ်သူကြီးကျောက် ထပါ။ " ရင်ကျန့်က ပြုံးပြီး လက်ဝှေ့ရမ်းလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စစ်သူကြီးကျောက် ရှေ့ကို လာခဲ့ပါ။ "

" အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ပြန့ပြောလိုက်ပြီးနောက် စိတ်လှုပ်ရှားသွားမိသည်။

ယခု သူ၏ ရှေ့တွင် ရှိနေသော ချင်ရှီဟွမ်က ဟွာရှ(တရုတ်)လူမျိုးများက ဂုဏ်ယူစွာဖြင့် လေးစားကြသော ဘိုးဘေးတစ်ယောက်ဖြစ်သည်။ သူသာမရှိလျှင် ဟွာရှနယ်မြေက နှစ်ပေါင်းထောင်ချီသောင်းချီ တကွဲတပြား ဖြစ်နေမည်ဖြစ်ပြီး မည်သည့်အခါမှ စည်းလုံးညီညွှတ်မည်မဟုတ်ပေ။ ဟွာရှ၏ စည်းလုံးညီညွှတ်မှုက ချင်ရှီဟွမ်၏ ကျေးဇူးများကြောင့် ဖြစ်သည်။

ကျောက်ဖုန်းက လှေကားများအတိုင်း တက်သွားပြီး ချင်ရှီဟွမ်နှင့် မျက်နှာဆိုင်ရပ်လိုက်သည်။ သို့မဟုတ် လက်ရှိချင်ဘုရင်၊ အနာဂတ် ချင်ရှီဟွမ် ဖြစ်သည်။

ကျောက်ဖုန်း၏ သွေးများရွှဲနေသော အခြေအနေကို ကြည့်ပြီး ဝမ်ကျန့်က မပြောဘဲ မနေနိုင်တော့ပေ။

" မင်း မဆင်မခြင်နဲ့။ အရင်ဆုံး ကိုယ့်ကိုကိုယ် သန့်ရှင်းအောင် လုပ်ရမယ်ဆိုတာ မသိဘူးလား။ "

" စစ်သေနာပတိချုပ် " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ " ကျွန်တော်က ထွက်ပြေးသွားတဲ့ ကျောက်ဝန်ကြီးတွေကို လိုက်လံဖမ်းဆီးပြီး အခုလေးတင် ပြန်ရောက်တာပါ။ အချိန်လုံးဝမရလိုက်လို့ပါ။ "

" မင်းကတော့..." ဝမ်ကျန့်က ဘာပြောရမှန်းမသိတော့ပေ။

ကျောက်ဖုန်းက ချင်ဘုရင် ရောက်လာသည်ကို လုံးဝမသိသည်မှာ ရှင်းလင်းနေသည်။ ထို့အပြင် ထိုကဲ့သို့ သွေးများရွှဲနေသော သူ၏ ပုံစံက ငျောက်ဖုန်း၏ စစ်ရေးအောင်မြင်မှုများ သက်သေပင်ဖြစ်သည်။

" စစ်သေနာပတိချုပ် ထားလိုက်ပါတော့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးကျောက်ရဲ့ ပုံစံက ငါတို့ ချင်က စစ်သူကြီးတွေရဲ့ ရဲစွမ်းသတ္တိကို ပိုပြီးထင်ရှားစေတယ်။ ဒါက ရန်သူတွေကို သူ့ရဲ့နာမည်ကြားရုံနဲ့တင် ကြောက်ရွံ့သွားစေဖို့ လုံလောက်ပါတယ်။ "

" နားလည်ပါပြီ။ " ဝမ်ကျန့်က ချက်ချင်း ပြောလိုက်သည်။

" ကျောက်ယန်ဘယ်မှာလဲ။ " ရင်ကျန့်၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး အေးစက်စွာ မေးလိုက်သည်။

ကျောက်ဖုန်းက နောက်လှည့်ပြီး သူ၏ လူများကို လှမ်းအော်လိုက်သည်။ " ကျောက်ဘုရင်ကို ခေါ်လာခဲ့စမ်း။ "

ကိုယ်ရံတော်နှစ်ယောက်က ကျောက်ယန်ကို ဆွဲထူပြီး ​လှေကားထစ်များအတိုင်း တက်လာကြသည်။

" ဒူးထောက်စမ်း " ကျောက်ဖုန်းက သူတို့ရောက်လာသောအခါ ချက်ချင်း အမိန့်ပေးလိုက်သည်။

ကိုယ်ရံတော်တစ်ယောက်က ကျောက်ယန်၏ ခြေထောက်ကို ကန်ကျောက်လိုက်သည်။

" အား...." ကျောက်ယန်က ကြမ်းပြင်တွင် ဒူးထောက်လိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။

" ကျောက်ယန် " ရင်ကျန့်က သူ့ကို ​လှောင်ပြောင်လိုသော အကြည့်များဖြင့် ပြောလိုက်သည်။ " ငါတို့ ပြန်တွေ့ကြပြန်ပြီပေါ့။ မင်းငါ့ကို သတိရနေတာလား။ "

လွန်ခဲ့သော တစ်နှစ်ကျော်က ကျောက်ယန်ကိုယ်တိုင် ရှန်းယန်မြို့သို့ ရောက်လာပြီး ရင်ကျန့်နှင့်အတူ စာချုပ်ချုပ်ဆိုခဲ့သည်။ သို့သော် ထိုစာချုပ်က အစကတည်းက ရင်ကျန့်၏ အစီအစဉ်သာ ဖြစ်သည်။ ယခုအခါ ကျောက်ယန်က သူ၏ ခြေရင်း၌ အကျဉ်းသားတစ်ယောက် ဖြစ်နေပြီဖြစ်သည်။

ရင်ကျန့်၏ စကားများကို ကြားသောအခါ ကျောက်ယန်က စိတ်ထဲတွင် တုန်ယင်သွားပြီး ကရုဏာသက်ရန် တောင်းပန်ခြင်းက အပိုသာဖြစ်ကြောင်းသိလိုက်သည်။ ထို့ကြောင့် သူက ခေါင်းမော့ပြီး နာကျည်းစွာဖြင့် ပြောလိုက်သည်။

" ရင်ကျန့် မင်း သတ္တိရှိရင် ငါ့ကို သတ်လိုက်လေ။ ငါ သေမှာကို မကြောကဘူး။ မင်းကို ယုံခဲ့မိတာ ငါမှားတာပဲ။ အဲ့ဒီစာချုပ်ကို လက်မှတ်ထိုးဖို့ မင်းက လိမ်လည်လှည့်ဖျားခဲ့တာပဲ။ အဲ့ဒီတုန်းက မင်းကို မသတ်ခဲ့မိတာ ငါ့ကိုငါ နောင်တရမိတယ်။ ရှန်ယွဲ့ကို သတ်လိုက်ရုံနဲ့ မလုံလောက်ဘူး။ မင်းရော မင်းကောင်မလေးရော၊ အဲ့ဒီအဖိုးကြီးကိုရော ငါသတ်ခဲ့သင့်တာ။ "

ကျောက်ယန်၏ စကားများကို ကြားသောအခါ ရင်ကျန့်က ခံစားချက်မဲ့စွာ ရယ်လိုက်သည်။

" ကျောက်ယန် ဒီလောက်နှစ်တွေကြာတာတောင် မင်းက အခုထိ ရူးမိုက်နေတုန်းပဲ။ ငါတို့ရဲ့ ရန်ငြိုးတွေနဲ့ မင်းက အလွယ်တကူ သေရမယ်လို့ ထင်နေတာလား။ မင်းရဲ့ စကားတွေက ငါ့အတွက် ဟာသတစ်ခုထက် မပိုဘူး။ မင်းက အသုံးမကျတဲ့သူတစ်ယောက်ပဲ။ မင်းရဲ့ ကျောက်နိုင်ငံကို ငါလက်နဲ့ ဖျက်ဆီးပြမယ်။ "

" ငါမင်းကို ကျဆုံးသွားတဲ့ နိုင်ငံတစ်ခုက ရွံစရာကောင်းတဲ့ ဘုရင်တစ်ပါးဖြစ်အောင်လုပ်ပေးမယ်။ ပြည်သူတွေက နှစ်တစ်ထောင်ကြာအောင် ကျိန်ဆဲနေမယ့် နာမည်တစ်ခုဖြစ်စေရမယ်။ "

ရင်ကျန်၏ အေးစက်သော အမူအရာကို ကြည့်ပြီး ကျောက်ယန်၏ စိတ်ထဲတွင် အေးစက်မှုကို ခံစားလိုက်ရသော်လည်း သူက ဆက်လက်တောင့်ခံထားဆဲ ဖြစ်သည်။

" ငါမင်းကို မကြောက်ဘူး။ သတ်ချင်ရင်သတ်လိုက်။ ဒါပေမယ့် ငါမင်းကို ဘယ်တော့မှ အသနားခံမှာမဟုတ်ဘူး။ ပြီးတော့ ငါမင်းကို ပြောလိုက်မယ်။ " ကျောက်ယန်က တံတွေးထွေးပြီး ပြောလိုက်သည်။

" သိပ်ပျော်မနေနဲ့ဦး။ ငါ့ရဲ့ ကျောက်က ကျဆုံးသွားပေမယ့် မင်းရဲ့ ချင်ကလည်း အနှေးနဲ့အမြန် ကျဆုံးမှာပဲ။ မင်းရဲ့ ကံကောင်းမှုက ထာဝရတည်မြဲနေမယ်ဆိုတာ ငါမယုံဘူး။ "

ရင်ကျန့်က လှောင်ပြုံးပြုံးလိုက်သည်။ သူက ဖြည်းညင်စွာ ထိုင်ပြီး ကျောက်ယန်ကို ကြည့်လိုက်သည်။ " မင်းဘာလို့ရှုံးခဲ့တာလဲသိလား။ နိုင်ငံအင်အားအရဆိုရင် ငါ့ရဲ့ ချင်ထက် နည်းနည်းပဲနိမ့်ကျခဲ့တာ။ စစ့အင်အားမှာလည်း အတူတူပဲ။ စစ်သေနာပတိချုပ်တွေကို ကြည့်မယ်ဆိုရင်လည်း ငါ့ရဲ့ စစ်သေနာပတိချုပ်သုံးယောက်ကို ယှဉ်နိုင်တဲ့လူသုံးယောက် မင်းမှာရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအင်အားတွေ ရှိပါလျက်နဲ့ မင်းရှုံးနိမ့်ခဲ့တယ်။ အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့တယ်။ "

" အဲ့ဒါက မင်း အရမ်းမိုက်မဲခဲ့လို့ပဲ။ မင်းက လျန်ပိုနဲ့ လီမုကို စွန့်ပယ်ပြီး သူတို့ကို သေတွင်းထဲထိ တွန်းပို့ခဲ့တယ်။ ငါ့ရဲ့ စစ်သည်တွေက မင်းရဲ့ မြို့တော်ကို ထိုးဖောက်ပြီး အခု မင်းရဲ့ နန်းတော်ထဲမှာ ရပ်နေနိုင်တာဟာ အားလုံးမင်းကြောင့်ပဲ ကျောက်ယန်။ "

" မင်းသာ လျန်ပိုကို သေတဲ့အထိ ဖိအားမပေးခဲ့ရင် လီမုကို မသုတ်သင်ခဲ့ဘူးဆိုရင် ငါ့အတွက် ဒီလောက်လွယ်ကူမှာမဟုတ်ဘူး။ "

" ကျောက်ယန် " ရင်ကျန့်၏ အသံက ရွှံရှာမှုများဖြင့် ပြည့်နှက်နေသည်။ " မင်းက နိုင်ငံကို ဆုံးရှုံးစေခဲ့တဲ့ ဘုရင်တစ်ပါးတင်မဟုတ်ဘူး။ မင်းက ကျောက်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ အသုံးမကျဆုံးနဲ့ အစွမ်းမရှိဆုံး ဘုရင်ပဲ။ မင်းသေသွားတဲ့အခါ မင်းရဲ့ ဘိုးဘေးတွေကို ဘယ်လိုရှင်းပြမလဲဆိုတာ ငါကြည့်ချင်မိတယ်။ "

ရင်ကျန့်က ကျောက်ယန်၏ ရုပ်ခန္ဓာကိုသာမက စိတ်ဓာတ်ကိုပါ ချိုးနှိမ်ပြီး နောက်ဆုံးချိန်အထိ ခံစားသွားစေရန် လိုလားနေခြင်းဖြစ်သည်။ ၎င်းကို ကြားသောအခါ ကျောက်ယန်၏ မျက်နှာက ဖြူဖျော့သွားပြီး ပြန်လည်ပြောဆိုရန် စကားမရှိခဲ့ပေ။

ထိုအချိန်တွင် ခြေသံများက လျင်မြန်စွာ ထွက်ပေါ်လာသည်။ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော ကောခိုင်က ရင်ကျန့်ထံသို့ ချဉ်းကပ်လာသည်။ သူနီးကပ်လာသောအခါ တော်ဝင်အစောင့်များက သူ့ကို တားမြစ်လိုက်ကြသည်။

" ရပ်စမ်း "

" အရှင်မင်းကြီး " ကောခိုင်က ဖားယားပြီး ပြောလိုက်သည်။ " ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ တွေ့ခွင့်တောင်းပါတယ်။ "

" ဝန်ကြီးချုပ်လား။ " ကျောက်ယန်က မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်သည်။

All Chapters