← Chapters

အခန်း (၂၀၂)

Vol. 21 Ch. 202

အခန်း (၂၀၂)

Vol. 21 Ch. 202

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၂)

ကျောက်ဖုန်းက ဖန်ရွှမ်၏ ဦးခေါင်းကို ခါးတွင် ချိတ်ဆွဲလိုက်ပြီး စစ်ရထားပေါ်မှ ခုန်ဆင်းကာ ကျောက်နန်းတော်ဘက်သို့ ထွက်ပြေးနေသော ကျောက်စစ်သည်များကို ကြည့်လိုက်သည်။

" ညီအကိုတို့....ကျောက်စစ်တပ်က ပြိုကွဲသွားပြီ။ ငါတို့ချင်က ဟန်တန်မြို့ကို သိမ်းပိုက်နိုင်ဖို့ သေချာသွားပြီ။ ငါက ဘုရင်ကို ဖမ်းဆီးတဲ့ စွမ်းဆောင်မှုကို ရယူမယ်။ ငါ့နောက်ကို လိုက်ပြီး တိုက်ကြ။ ကျောက်နန်းတော်ကို ထိုးဖောက်ကြ။ "

ကျောက်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်ပြီး နောက်တစ်ကြိမ် လိုက်လံတိုက်ခိုက်ရန် သူ၏ ဓားကို မြှောက်လိုက်သည်။ အဆင့်တက်လာပြီးနောက် သူ၏ ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း မြင့်တက်လာခဲ့သည်။

" ကျွန်တော်တို့ စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ဖို့ သစ္စာပြုပါတယ်။ ကျောက်နန်းတော်ကို ထိုးဖောက်ကြ။ ကျောက်ဘုရင်ကို ဖမ်းဆီးကြ။ " ချင်စစ်သည်များက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့က ဟန်တန်မြို့ကို သိမ်းပိုက်နိုင်တော့မည်ဖြစ်သည်။

ကျောက်နန်းတော်အတွင်း။

ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့များကို နန်းတော်ဆီသို့ ဦးဆောင်လာသည်နှင့်အမျှ တိုက်ခိုက်သံများက ပိုမိုနီးကပ်လာခဲ့သည်။ လူတိုင်းက တိုက်ခိုက်သံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

သူ၏ ခန်းမအတွင်း၌ ကျောက်ယန်ကလည်း ထိုဆူညံသံများကို ကြားလိုက်ရသည်။

" တစ်ယောက်ယောက် ဒီကိုလာစမ်း။ " ကျောက်ယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

" အရှင်မင်းကြီး " နန်းတွင်းအရာရှိတစ်ယောက်က အပြေးအလွှား ရောက်လာပြီး ဒူးထောက်လိုက်သည်။

" တိုက်ခိုက်သံတွေက ပိုနီးလာတယ်လို့ ဘာလို့ခံစားနေရတာလဲ။ အခုစစ်မြေပြင်က အခြေအနေ ဘယ်လိုလဲ။ " ကျောက်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

" အရှင်မင်းကြီး " နန်းတွင်းအရာရှိက ပြောလိုက်သည်။ " ဝန်ကြီးချုပ်ဆီက သတင်းက လွန်ခဲ့တဲ့ တစ်နာရီကမှ ရောက်လာတာပါ။ စစ်သေနာပတိချုပ်ဖန်ရွှမ်က ချင်စစ်တပ်ကို မြို့ပြင်မှာ အောင်မြင်စွာ တားဆီးထားနိုင်တယ်လို့ ပြောပါတယ်။ "

" ဒါဆို တိုက်ပွဲသံတွေက ဘာလို့ ပိုကျယ်လာတာလဲ။ " ကျောက်ယန်က မျက်မှောင်ကြုတ်သွားပြီး သူ၏ စိတ်ထဲတွင် သံသယများဝင်လာသည်။ သူက ကောခိုင်ကို မယုံကြည်ခြင်းမဟုတ်သော်လည်း သူ၏ နားထဲတွင် ကြားနေရသော တိုက်ခိုက်သံများကြောင့် သူလိမ်ညာခံနေရကြောင်း သိလိုက်သည်။

" ကျွန်တော်မျိုး ဝန်ကြီးချုပ်ကို နောက်တစ်ခါ ထပ်မေးကြည့်လို​က်ရမလား။ " နန်းတွင်းအရာရှိက မေးလိုက်သည်။

" သွား မြန်မြန်သွားစမ်း။ " ကျောက်ယန်က လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " နန်းတွင်းအရာရှိက ဦးညွှတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

" နေဦး။ ဝန်ကြီးတွေ လုံထိုင်နန်းတော်မှာ ရှိနေသေးလား။ "

" အရှင်မင်းကြီး အားလုံး လုံထိုင်နန်းတော်မှာ ရှိနေပါတယ်။ " နန်းတွင်းအရာရှိက ချက်ချင်း ပြန်ပြောလိုက်သည်။

" ကောင်းတယ်။ " ကျောက်ယန်က ခေါင်းညိမ့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသော အရိပ်အယောင် ပေါ်လာသည်။

ဖန်ရွှမ်က မြို့၏ ခုခံရေးကို တည်ငြိမ်စေရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ကျောက်နန်းတွင်းရှိ ဝန်ကြီးများ ဘက်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူက ဝန်ကြီးများက လုံထိုင်နန်းတော်ထဲတွင် အကျယ်ချုပ်ချထားခဲ့သည်။ သူက တိုက်ပွဲပြီးမှ သူတို့ကို လွှတ်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။

သို့သော်လည်း ဖန်ရွှမ်က သူ့ကိုသူ အထင်ကြီးခဲ့ပြီး ချင်စစ်တပ်ကို အထင်သေးကာ ကောခိုင်ကိုလည်း ယုံကြည်ခဲ့သည်။ ကောခိုင်က ချင်နိုင်ငံဘက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း လုံးဝမသိခဲ့ပေ။ အကယ်၍ ကျောက်နန်းတော်မှ ဝန်ကြီးများက ယခုထွက်မပြေးလျှင် သူတို့က အိုးထဲမှ လိပ်များကဲ့သို့ ချင်စစ်တပ်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။

လုံထိုင်နန်းတော်အတွင်း။

" တိုက်ခိုက်သံတွေက ဘာလို့ပိုနီးလာတာလဲ။ "

" ချင်စစ်တပ်က မြို့ကို ဖောက်ဝင်လာပြီလား။ "

" မဖြစ်နိုင်ဘူး။ အစောက ဝန်ကြီးချုပ် လူလွှတ်ပြီး သတင်းပို့တုန်းက စစ်သေနာပတိချုပ်ဖန်ရွှမ်ရဲ့ ခံစစ်က စနစ်တကျရှိပြီး ချင်စစ်တပ်ကို မြို့ပြင်မှာ တားဆီးထားတယ်လို့ ပြောသွားတာပဲ။ "

" ဒါဆို တိုက်ခိုက်သံတွေက ဘာလို့ဒီလောက်နီးလာတာလဲ။ ချင်စစ်တပ်က နန်းတော်တံခါးဝကို ရောက်နေပြီလို့ ငါခံစားနေရတယ်။ "

" ဟုတ်တယ်။ အသံတွေက အပြင်ဘက်က ကြားနေရသလိုပဲ။ "

" သူတို့က တကယ်ကြီး နန်းတော်အထိတော့ ရောက်မလာနိုင်ဘူးမဟုတ်လား။ "

နန်းတွင်းမှ ဝန်ကြီးများက အချင်းချင်း ပြောဆိုလိုက်ကြသည်။

" သတင်းပို့ပါတယ်။ တော်ဝင်အစောင့်တပ်မှူးဆီက သတင်းပါ။ ချင်စစ်တပ်က နန်းတော်အပြင်ဘက်ကို ရောက်နေပါပြီ။ ပြိုကွဲသွားတဲ့ စစ်သည်တွေလည်း ရှိနေပါတယ်။ သူတို့အရှုံးပေးလိုက်တာနဲ့ ချင်စစ်တပ်က နန်းတော်ကို တိုက်ခိုက်ပါလိမ့်မယ်။ " တပ်မှူးက ခန်းမအတွင်းသို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။

" ဘာ.... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ချင်စစ်တပ်က မြို့ပြင်မှာ ရှိနေတာမဟုတ်လား။ ဘာလို့နန်းတော်ကို ရောက်လာတာလဲ။ "

" ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့ ဘာလုပ်ကြမလဲ။ "

" ချင်စစ်တပ်က နန်းတော်ကို ခဏလေးနဲ့ ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စစ်သေနာပတိချုပ်က ဘာလို့ ဒါကို စောစောအစီရင်မခံခဲ့တာလဲ။ "

" ငါတို့ နန်းတော်ထဲမှာ ပိတ်မိနေပြီ။ ငါတို့ သေချာပေါက် သေရတော့မယ်။ "

" မြန်မြန် အရှင်မင်းကြီးကို အစီရင်ခံကြ။ ငါတို့ နန်းတော်ကနေ ချက်ချင်း ထွက်သွားမှဖြစ်မယ်။ "

လုံထိုင်နန်းတော်ထဲမှ ဝန်ကြီးများက ထွက်ပေါက်သို့ လုယက်တိုးဝှေ့နေကြသောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အချို့က ချင်ဘုရင်ကို အသိပေးရန် အော်ဟစ်နေကြသော်လည်း ဘယ်သူမှဂရုမစိုက်ကြတော့ပေ။ သေရေးရှင်ရေးအခိုက်အတန့်တွင် သူတို့အတွက် ကိုယ်တိုင်ရှင်သန်ရေးကသာ အရေးကြီးဆုံးဖြစ်သည်။

သူတို့က သာမန်အရပ်သားများ မဟုတ်ကြဘဲ ကျောက်နိုင်ငံ၏ ဝန်ကြီးများ ဖြစ်ကြသည်။ အကယ်၍ သူတို့က ချင်စစ်၏ ဖမ်းဆီးခြင်းခံရလျှင် သူတို့၏ ကံကြမ္မာက အလွန်ဆိုးရွားပေလိမ့်မည်။

သူတို့ထဲတွင် တည်ငြိမ်စွာ ရှိနေသော တစ်ယောက်တည်းသောသူမှာ ကျောက်ယိပင် ဖြစ်သည်။ သူက ထိတ်လန့်နေကြသော ဝန်ကြီးများကို တစ်ချက်ကြည့်ပြီး ဘေးဘက်ခန်းမမှတစ်ဆင့် ထွက်ခွာသွားသည်။ သူက အခြားအစီအစဉ်များ ရှိနေသည်မှာ ထင်ရှားသည်။

အိပ်ဆောင်အတွင်း နီးကပ်လာသော တိုက်ခိုက်သံများကို နားထောင်ရင်း ကျောက်ယန်က စိုးရိမ်နေခဲ့သည်။

" အစီရင်ခံပါတယ်။ အရှင်မင်းကြီး မကောင်းတော့ဘူး။ " စုံစမ်းရန် ထွက်သွားသော အရာရှိက တုန်ယင်စွာဖြင့် ဒူးထောက်လိုက်သည်။ " ချင်စစ်တပ်က နန်းတော်အပြင်ဘက် ရောက်နေပါပြီ။ "

" ဘာ.... ဘာပြောတယ်။ " ကျောက်ယန်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ " မဟုတ်ဘူး မဖြစ်နိုင်ဘူး။ "

" ချင်စစ်တပ်က ဘယ်လိုလုပ်ပြီး နန်းတော်အထိ ရုတ်တရက် ရောက်လာတာလဲ။ ဘာလို့ဘာသတိပေးချက်မှ မရှိတာလဲ။ "

" အရှင်မင်းကြီး အခုက အဲ့ဒါတွေ စဉ်းစားရမယ့်အချိန်မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ အခု ချက်ချင်း နန်းတော်က ထွက်သွားရပါမယ်။ နန်းတော်မှာ တော်ဝင်အစောင့် တစ်သောင်းပဲရှိပါတယ်။ ချင်စစ်တပ်ကို တားဆီးဖို့က မဖြစ်နိုင်ပါဘူး။ " နန်းတွင်းအရာရှိက ထိတ်လန့်တကြား ပြောလိုက်သည်။

" ဟုတ်တယ် ဟုတ်တယ်။ နန်းတော်က ထွက်သွားရမယ်။ တိုက်နယ်မြေကို ဆုတ်ခွာရမယ်။ မြန်မြန် အားလုံးကို ထွက်ခွာဖို့ ပြောလိုက်။ " ကျောက်ယန်က တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။

နန်းတော်၏ အပြင်ဘက်တွင် ကျောက်စစ်သည်များ၏ အလောင်းများ ပြန့်ကျဲနေသည်။ တော်ဝင်အစောင့်များက နန်းတော်တံတိုင်းပေါ်မှ မြားများ ပစ်ခတ်နေကြသော်လည်း သူတို့၏ စိတ်ဓာတ်များ ပြိုလဲနေသည်မှာ ထင်ရှားသည်။

ကျောက်ဖုန်းက တင်းကျပ်စွာ ပိတ်ထားသော နန်းတော်တံခါးကို ကြည့်ပြီး လုံချွမ်ဓားကို မြှောက်ကာ ပိုင်းချလိုက်သည်။ ဓားချီက ထွက်ပေါ်လာပြီး ရှေ့သို့ ပြေးထွက်သွားသည်။

ဝုန်း....

နန်းတော်တံခါးက ချက်ချင်း ပွင့်ထွက်ပျက်စီးသွားခဲ့သည်။ ကြီးမားခိုင်ခံ့လှသော မြို့တံခါးများပင် ကျောက်ဖုန်း၏ ဓားတစ်ချက်နှင့် ပွင့်ထွက်သွားခဲ့ရာ နန်းတော်တံခါးက ဘာမှမဟုတ်ပေ။

" ညီအကိုတို့..." ကျောက်ဖုန်းက နောက်လှည့်ပြီး အော်ဟစ်လိုက်သည်။ " ငါတို့ နန်းတော်ကို သိမ်းပိုက်ပြီးတာနဲ့ ကျောက်နန်းတော်ရဲ့ ဘဏ္ဍာတိုက်ထဲက အရာတွေကလွဲရင် ကျန်တာ မင်းတို့တွေ့သမျှ အကုန်ယူဖို့ ငါခွင့်ပြုတယ်။ မင်းတို့ သယ်နိုင်သလောက် သယ်သွားကြ။ "

" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ စစ်သည်များအားလုံးက စိတ်လှုပ်ရှားသွားကြသည်။

ကျောက်ဖုန်းက စစ်သည်များကို ကြည့်ပြီး နန်းတော်အတွင်းသို့ တိုးဝင်သွားသည်။ ရန်သူများကို ပိုသတ်နိုင့လေ စွမ်းရည်များကို ပိုမိုစုဆောင်းနိုင်လေဖြစ်ပြီး သက်တမ်းကိုလည်း ပိုတိုးနိုင်လေဖြစ်သည်။ သူက ထိုအလုပ်ကို မည်သည့်အခါမှ ငြီးငွေ့မည်မဟုတ်ပေ။

တိုက်ပွဲဝင်ပစ္စည်းများကို ယူခွင့်ပေးကာ စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းက ကျောက်ဖုန်း ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ ၎င်းက ဤခေတ်ကာလတွင် လုပ်ဆောင်လေ့ရှိသော အလေ့အထတစ်ခုဖြစ်ပြီး နောက်ပိုင်းခေတ်တွင် ပိုမိုဆိုးရွားလာခဲ့သည်။

မြို့တစ်မြို့ကို ထိုးဖောက်နိုင်သည်နှင့် မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းများမှာ နေရာအနှံ့ဖြစ်ပွားလေ့ရှိပြီး အချို့က မြို့တစ်မြို့လုံးကိုပင် ဖျက်ဆီးပစ်ကြသည်။

" သတ်ကြ။ " ချင်စစ်သည်များက နန်းတော်အတွင်းမှ တော်ဝင်အစောင့်များကို ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။ ထိုကဲ့သို့ ပြင်းထန်သော ထိုးစစ်ကို ရင်ဆိုင်ရချိန်တွင် တော်ဝင်အစောင့်များက ခံစစ်ကို မထိန်းနိုင်တော့ဘဲ နောက်သို့ ဆုတ်ခွာခဲ့ရသည်။

အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ချင်စစ်သည်များက နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ကျောက်နိုင်ငံ တည်ထောင်ကတည်းက ပထမဆုံအကြိမ် နန်းတော်အတွင်း သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

All Chapters